အီရန်–အစ္စရေး စစ်ပွဲ
အီရန်–အစ္စရေး စစ်ပွဲ | |||||||
---|---|---|---|---|---|---|---|
အရှေ့အလယ်ပိုင်းဒေသ အရေးအခင်း (၂၀၂၃–လက်ရှိ)၊ အီရန်-အစ္စရေး ကြားခံ စစ်ပွဲ နှင့် အီရန်-အမေရိကန် ပဋိပက္ခ၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
စစ်ရင်ဆိုင်သူများ | |||||||
![]() ![]() |
| ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
ပါဝင်သည့် တပ်ဖွဲ့များ | |||||||
| |||||||
အသေအပျောက် | |||||||
အစ္စရေးသတင်းများအရ: |
အီရန် သတင်းများအရ: | ||||||
- အစ္စရေး ၃၈၀၀ ကျော် ဘေးလွတ်ရာသို့ ရွေ့ပြောင်း[၂၉] |
အီရန်–အစ္စရေး စစ်ပွဲသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးနိုင်ငံမှ Operation Rising Lion ဟုအမည်ပေးထားသော စစ်ဆင်ရေးဖြင့် အီရန်နိုင်ငံသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့သည်။[၃၄][၃၅][၃၆] ၎င်းသည် ၂၀၂၄ ခုနှစ်နောက်ပိုင်း ထိုနိုင်ငံနှစ်ဘက်အကြား ထိပ်တိုက်ဖြစ်ပွားသည့် ပထမဦးဆုံး ပဋိပက္ခဖြစ်သော်လည်း အတိုင်းအတာအားဖြင့် ကြီးမား၏။ အီရန်သည် (Operation True Promise III ဟု အမည်ဝှက်ပေးထားသော စစ်ဆင်ရေးဖြင့်) အစ္စရေးနိုင်ငံပေါ်သို့ တိုက်ချင်းပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ လက်တုံ့ပြန်ခဲ့ပြီး အများအားဖြင့် တဲလ်အဗ္ဗစ်မြို့နှင့်ဂျေရုဆလင်မြို့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။[၃၇][၃၈] ဇွန်လ ၂၀ ရက်နေ့အထိ နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိသူနှင့် ထိခိုက်သေဆုံးသူ ဦးရေ ထောင်ဂဏန်းကျော်ရှိလာခဲ့ပြီး အီရန်ဘက်၌ ၂၂၄ ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်၌ ၂၅ ဦး သေဆုံးခဲ့သည်။[၃၉][၄၀]
ဤစစ်ပွဲသည် အီရန်မှ ထောက်ပံ့ပေးထားသော ပါလက်စတိုင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ ဟားမတ်စ်အဖွဲ့များနှင့် အစ္စရေးတို့ဖြစ်ပွားသည့် ဂါဇာစစ်ပွဲတွင် အစ္စရေး စတင်ပါဝင်လာချိန်မှ အစပြုခဲ့ခြင်းဖြစ်သည်။ အီရန်သည် အစ္စရေးအား ပါလက်စတိုင်းလူမျိုး အရပ်သားများအား သတ်ဖြတ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။ နှစ်ဖက်စလုံးအနေဖြင့် ၂၀၂၄ ခုနှစ်၏ ဧပြီလတွင် တစ်ကြိမ်နှင့် အောက်တိုဘာလတွင် တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်မှုများဖြစ်ပွားထားပြီး ၂၀၂၅ ခုနှစ်တွင် ပိုမိုပြင်းထန်လာခဲ့သည်။[၄၁] [၄၂] အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ၏ စစ်ဗိုလ်ချုပ်များနှင့် သိပ္ပံပညာရှင် အများအပြား သေဆုံးခဲ့ရသည်။[၄၃][၄၄][၄၅]
အမေရိကန်ပြည်ထောင်စု ပါဝင်မှု
[ပြင်ဆင်ရန်]အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ် ထရမ့် လက်ထက်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ဖော်ပြခဲ့ဖူးလေသည်။ အမေရိကန်ပြည်ထောင်စုသည် အစ္စရေး၏ အဓိကမဟာမိတ်နိုင်ငံဖြစ်ကာ အစ္စရေးအား ဆယ်စုနှစ်များစွာ ထောက်ပံ့ပေးခဲ့ပြီး၊ အီရန်၏ ဒုံးကျည်များကို ပစ်ချရာ၌လည်း ပါဝင်ခဲ့၏။ အီရန်နှင့် အစ္စရေးတို့၏ စစ်ပွဲတွင် အစ္စရေးဘက်မှ ပါဝင်နေသည်ဟုလည်း ပညာရှင်များက ကြိုတင်သုံးသပ်ထားကြ၏။[၄၆][၄၇][၄၈][၄၉][၅၀] အစ္စရေး၏ တိုက်ခိုက်မှုများ မပြုလုပ်ခင်က အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် နျူကလီးယားဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းထားခဲ့ကြပြီးဖြစ်သော်လည်း[၅၁][၅၂][၅၃][၅၄] တိုက်ခိုက်မှုများ အပြီးနောက် အီရန်နိုင်ငံသည် နုတ်ထွက်သွားခဲ့လေသည်။[၅၅][၅၆]
၂၂ ဇွန်
[ပြင်ဆင်ရန်]ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်-အစ္စရေး စစ်ပွဲတွင် အစ္စရေးဘက်မှ လူသိရှင်ကြား ပါဝင်လာခဲ့သည်။ အမေရိကန်သည် B-2 ဗုံးကြဲလေယာဉ်များစေလွှတ်၍ အီရန်ရှိ နျူကလီးယားစခန်းသုံးခုဖြစ်သော Fordow၊ Natanz နှင့် Isfahan တို့ကို တိုက်ခိုက်ခဲ့သည်။[၅၇][၅၈]
နယူးယောက်တိုင်းမ်သတင်းစာနှင့် ပြောဆိုခဲ့သော အီရန် အရာရှိ သုံးဦး၏ ပြောကြားချက်အရ ၎င်းတိုက်ခိုက်မှုများသည် ဒေသစံတော်ချိန် နံနက် ၂:၃၀ (ယခင်နေ့ UTC ၂၃:၀၀) အချိန်ခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။[၅၉]
၂၃ ဇွန်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ အာရပ်ဒေသစံတော်ချိန် ၁၉:၃၉ နာရီအချိန်ခန့်တွင် အီရန်နိုင်ငံက ကာတာနိုင်ငံ၊ ဒိုဟာမြို့အနီးရှိ အမေရိကန်ပြည်ထောင်စု လေတပ်မှ အသုံးပြုလျှက်ရှိသော Al Udeid လေတပ်စခန်းအား တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ယမန်နေ့က အမေရိကန်ပြည်ထောင်စု၏ အီရန် နျူကလီးယားစခန်းများအား တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်လေသည်။ [၆၀] ၎င်းသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ နေရာတစ်ခုအား အီရန် အနေဖြင့် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းလည်းဖြစ်သည်။[၆၁][၆၂]
တိုက်ခိုက်မှုအပြီးတွင် ကာတာနိုင်ငံသည် ၎င်း၏ လေပိုင်နက်အား ပိတ်ခဲ့ပြီး လေယာဉ်ခရီးစဉ်များလည်း လမ်းကြောင်းပြောင်းခဲ့ကြသည်။[၆၃]
သတင်းရင်းမြစ်များစွာ၏ ဖော်ပြချက်အရ အီရန်နိုင်ငံသည် တိုက်ခိုက်မှုမပြုလုပ်မီ နာရီပိုင်းအလိုကတည်းက ကာတာအစိုးရကို အကြောင်းကြားခဲ့သည်ဟု သိရသည်။ [၆၄][၆၅] တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ ကူဝိတ်နှင့် အီရတ် တို့သည်လည်း ၎င်းတို့၏ လေပိုင်နက်များကို ပိတ်ခဲ့သည်။.[၆၆][၆၇]
ဤတိုက်ခိုက်မှုကို အာရပ်ကမ္ဘာတစ်ဝန်းလုံးမှ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
၂၄ ဇွန်
[ပြင်ဆင်ရန်]ရိုက်တာသတင်း၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး-အီရန် ၁၂ ရက်ကြာ စစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နှစ်ဖက်စလုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမပြုရန် တောင်းဆိုခဲ့သည်။ ဤသို့ဖြင့် နှစ်နိုင်ငံအကြား အသေအပျောက်များပြားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ရေး မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။[၆၈]
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီဟု ပြောကြားခဲ့သည့် နာရီပိုင်းအလိုတွင် အီရန်သည် အစ္စရေးနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ပစ်မှတ်ထား၍ ဒုံးကျည် ၂၀ ခန့်ကို ခြောက်ကြိမ်တိုင်တိုင် ပစ်လွှတ်ခဲ့သည်။ ဘီယာရှီဘာမြို့၌ လူလေးဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံအများအပြားလည်း ပျက်စီးခဲ့သည်။[၆၉]
နောက်ပိုင်းတွင် အစ္စရေးအရာရှိတစ်ဦးက အပစ်အခတ်ရပ်စဲပြီးနောက် အီရန်က ဒုံးကျည်နှစ်စင်း ထပ်မံပစ်လွှတ်ခဲ့သော်လည်း နှစ်စင်းစလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်ကမူ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ [၇၀]
ဇွန်လ ၂၄ ရက် နံနက် ၆:၄၅ နာရီ (အီရန်စံတော်ချိန်) တွင် အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် မြို့တော်အပေါ် အစ္စရေး၏ ဆက်လက်တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ပြီး နံနက် ၇:၀၇ နာရီတွင် ဘီယာရှီဘာမြို့သို့ ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့သည်။ [၇၁] ထိုနေ့နံနက်ပိုင်းတွင် အစ္စရေးက အမေရိကန်နှင့် ကာတာတို့၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး ၎င်း၏ စစ်ဆင်ရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ [၇၂]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိကြေညာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနှင့် အီရန် နှစ်ဖက်စလုံးမှ ချိုးဖောက်ခဲ့သည်ဟု ပြင်းထန်စွာ စွပ်စွဲပြောဆိုခဲ့သည်။[၇၃]
ထို့နောက် တစ်နာရီကျော်အကြာတွင် အစ္စရေးအစိုးရက အပစ်အခတ်ရပ်စဲရန် အမေရိကန်၏ အဆိုပြုချက်ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။[၇၄][၇၅]အီရန်အစိုးရကလည်း အစ္စရေးဘက်မှ တိုက်ခိုက်မှုများ ရပ်တန့်ပါက ၎င်းတို့ဘက်မှလည်း အလားတူ ရပ်တန့်မည်ဟု ယခင်က ပြောကြားထားသည်။[၇၅]
နိုင်ငံတကာ၏ တုံ့ပြန်မှု
[ပြင်ဆင်ရန်]နိုင်ငံအများစုမှ အစ္စရေး၏ စတင်တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချခဲ့ကြပြီး နှစ်နိုင်ငံစလုံးမှ နိုင်ငံသားများအား ဘေးလွတ်ရာသို့ ထွက်ခွာကြရန် ပြောကြားထားသည်။ နိုင်ငံသားအားလုံး နိုင်ငံတွင်းမှ ထွက်ခွါခြင်းမပြုကြရန်နှင့် နိုင်ငံအတွင်း၌သာ နေထိုင်ကြရန် အစ္စရေးအစိုးရက သတိပေးထားသည်။[၇၆][၇၇] လူအများစုက ဤစစ်ပွဲအား တတိယကမ္ဘာစစ်၏ ပထမအဆင့်ဟုလည်း ပြောဆိုလျက်ရှိကြသည်။[၇၈][၇၉][၈၀]
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တရုတ်၊ ရုရှား၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက နှစ်ဖက်တင်းမာမှုများကို လျှော့ချရန် တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ၎င်းတို့၏ နိုင်ငံသားများကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အခြေအနေ ပိုမိုဆိုးရွားမလာစေရန် အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။[၈၁]
အာဆီယံနိုင်ငံများ၏ တုံ့ပြန်မှု
[ပြင်ဆင်ရန်]ဘရူနိုင်း - ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ယင်းလုပ်ရပ်များသည် အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၅၁ အရ အီရန်နိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ခွင့်ကိုလည်း ပြန်လည် အတည်ပြုခဲ့ပါသည်။.[၈၂]
အင်ဒိုနီးရှား - အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီဟီရန်မြို့အပေါ် အစ္စရေး၏ အကြီးစားတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ဤတိုက်ခိုက်မှုသည် ဒေသတွင်းတင်းမာမှုများကို မြင့်တက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ [၈၃]ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရိုလီယန်ရှား ဆူမီရတ် (Rolliansyah Soemirat) က နိုင်ငံအားလုံးသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာနှင့် နိုင်ငံတကာဥပဒေနှင့်အညီ ဖြေရှင်းရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ [၈၄] အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ၂၀၂၅ ခုနှစ် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ပဋိပက္ခ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ရှိကြလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။[၈၅]
မလေးရှား - မလေးရှားနိုင်ငံက အဆိုပါတိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်သာမက နိုင်ငံတကာဥပဒေ၊ အထူးသဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ရှင်းလင်းစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြေအနေပိုမိုဆိုးရွားမလာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျယ်ပြန့်သော သက်ရောက်မှုများ ရှိလာနိုင်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။[၈၆]
ဖိလစ်ပိုင် - နိုင်ငံခြားရေးဝန်ကြီးဌာနသည် တိုက်ခိုက်မှုများအပေါ် "အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိကြောင်း" ထုတ်ဖော်ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ တီရီစီတာ ဒါဇာ (Maria Teresita Daza) က ပတ်သက်ရာနိုင်ငံများအား တင်းမာမှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေးကို ရှာဖွေရန် တိုက်တွန်းခဲ့သည်။ ဖိလစ်ပိုင်သံရုံးများဖြစ်သော အီရန်၊ အီရတ်နှင့် အစ္စရေးနိုင်ငံတို့ရှိ ဖိလစ်ပိုင်သံရုံးများက ဖိလစ်ပိုင်နိုင်ငံသားများအား သတိရှိရန်နှင့် လူထုစုဝေးရာနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးချက်အသစ်များ ထုတ်ပြန်ခဲ့သည်။[၈၇]
စင်ကာပူ - နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းအပေါ် များစွာစိုးရိမ်မိကြောင်း ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အီရန်နှင့် အစ္စရေးအကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် ပါဝင်ပတ်သက်သူအားလုံးအား ထိန်းထိန်းသိမ်းသိမ်းရှိရန်နှင့် အခြေအနေကို လျှော့ချရန် တောင်းဆိုခဲ့သည်။[၈၈]
ထိုင်း - နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘလန်ကူရာ (Nikorndej Balankura) က ပဋိပက္ခ၏ အတိုင်းအတာနှင့် အကျိုးဆက်များ ကြီးထွားလာနေခြင်းအပေါ် ထိုင်းနိုင်ငံ၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။ "အခြေအနေ ပိုမိုဆိုးရွားလာပြီး အပြစ်မဲ့ အရပ်သားများကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပါရန် ထိုင်းနိုင်ငံက တိုက်တွန်းပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။[၈၉]
ဗီယက်နမ် - နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန် (Pham Thu Hang) က ဗီယက်နမ်နိုင်ငံအနေဖြင့် တိုက်ခိုက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်းနှင့် အခြေအနေကို ပိုမိုဆိုးရွားစေသည့် အန္တရာယ်ရှိသော လုပ်ရပ်များ၊ အင်အားအသုံးပြုမှုများ၊ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ဘေးကင်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နိုင်ရန် အခြေအနေကောင်းများ ဖန်တီးပေးရေးကို ထောက်ခံအားပေးရန် လိုအပ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။[၉၀]
၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အရှေ့အလယ်ပိုင်း အခြေအနေနှင့် ပတ်သက်ပြီး "၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစ၍ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်မကင်းဖြစ်မိပါကြောင်း ဖော်ပြအပ်ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် အစ္စရေးနှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုပါသည်။ ပဋိပက္ခ ပိုမိုမပြင်းထန်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။" ဟု ထုတ်ပြန်ခဲ့သည်။ [၉၁]
မှတ်စုများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ US helps Israel shoot down barrage of Iranian missiles။ Associated Press (13 June 2025)။ 17 June 2025 တွင် ပြန်စစ်ပြီး။
- ↑ US air defense systems, naval destroyer help down Iranian missiles fired at Israel (14 June 2025)။ 17 June 2025 တွင် ပြန်စစ်ပြီး။
- ↑ Iran Update Special Report, June 16, 2025, Evening Edition။ Institute for the Study of War (16 June 2025)။ 17 June 2025 တွင် ပြန်စစ်ပြီး။
- ↑ Are Jordan and Saudi Arabia defending Israel?။ Government of Germany (21 June 2025)။ 23 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “Jordan shot down Iranian missiles and drones crossing overhead and Saudi Arabia likely allowed Israel to use its airspace to do so...As with any other sovereign state, missiles or other unauthorized objects crossing a country's airspace are often deemed violations of either domestic or international law.”
- ↑ Iran confirms missile attack on U.S. military base in Qatar။ Cox Enterprises (23 June 2025)။ 23 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “The Foreign Ministry of Qatar issued a statement saying Qatari air defenses 'thwarted the attack and successfully intercepted the Iranian missiles,' with no injuries or deaths reported.”
- ↑ France says it intercepted drones targeting Israel prior to Iran ceasefire။ Reuters (26 June 2025)။
- ↑ IRAN'S BASIJ INCREASES SECURITY, SETS UP MORE CHECKPOINTS (16 June 2025)။ 17 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "IDF: 80-90% of Iranian missiles intercepted, but 24 Israelis killed in attacks"၊ The Jerusalem Post၊ 16 June 2025။
- ↑ 271 people treated in hospitals this morning due to Iranian missile attack, says Health Ministry (in en-US)။ 19 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Injuries from Iranian attacks on Israel grow"၊ Al Jazeera English၊ 20 June 2025။
- ↑ Israel says drone downed in Iran (18 June 2025)။
- ↑ Iran shoots down Israeli drone, F-35 jet: Reports (18 June 2025)။
- ↑ "Iran claims to have shot down fifth Israeli F-35"၊ Newz.az၊ 18 June 2025။
- ↑ "Iran will reportedly share images of captured Israeli fighter jet pilots 'soon'"၊ Arab News၊ 18 June 2025။
- ↑ "Air Defense HQ: Over 60 Israeli UAVs, Missiles Destroyed by Iran"၊ Iran Front Page၊ 18 June 2025။
- ↑ "How many alleged Mossad agents has Iran arrested and where?"၊ The National၊ 19 June 2025။
- ↑ "Iran executes Mossad agent for spying, 2 others arrested"၊ The Siasat Daily၊ 16 June 2025။
- ↑ "Third F-35 fighter jet downed in Iranian territory, two Israeli pilots now in custody"၊ Tehran Times၊ 14 June 2025။
- ↑ "Israel-Iran live updates: IDF says it killed Iran's new wartime chief of staff"၊ NBC News၊ 17 June 2025။
- ↑ Iran launches new strikes on Israel as Israeli attack widens (15 June 2025)။ 15 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ၂၁.၀ ၂၁.၁ Israeli attacks on Iran kill at least 639, injure more than 1,320: Rights group (19 June 2025)။ 19 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Israel has shot down 480 drones from Iran since Friday, says IDF"၊ The Times of Israel၊ 19 June 2025။
- ↑ Fabian၊ Emanuel။ "Israel will achieve its objectives against Iran within a week or two, say IDF officials"၊ The Times of Israel၊ 17 June 2025။
- ↑ Israeli army claims it destroyed 30% of Iran's missile launchers (16 June 2025)။
- ↑ Fabian၊ Emanuel။ "IDF says it bombed 5 Iranian AH-1 helicopters at Kermanshah airbase"၊ The Times of Israel၊ 18 June 2025။
- ↑ Fabian၊ Emanuel။ "IDF says it destroyed three more Iranian military helicopters"၊ The Times of Israel၊ 18 June 2025။
- ↑ Iran Update Special Report, June 18, 2025, Evening Edition။ Institute for the Study of War (18 June 2025)။
- ↑ Rogoway၊ Tyler။ "Iranian F-14 'Persian Tomcats' obliterated in Israeli airstrike"၊ TWZ၊ 16 June 2025။
- ↑ "Iranian missiles force evacuation of 3,800 people in Israel"၊ Anadolu Agency၊ 18 June 2025။
- ↑ "More than 8,000 Israelis left homeless due to conflict with Iran: Report"၊ Al Jazeera English၊ 20 June 2025။
- ↑ "Rights group says woman killed in western Syria, likely by Iranian drone"၊ The Times of Israel၊ 16 June 2025။
- ↑ Husseini၊ Rana (14 June 2025)။ Five people injured from falling object in Irbid — PSD (in en)။ 15 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Israel says missile launched from Yemen fell in Hebron; at least 5 Palestinians hurt"၊ The Straits Times၊ 14 June 2025။
- ↑ Powell၊ Oren Liebermann, Jeremy Diamond, Helen Regan, Nectar Gan, Chris Lau, Lauren Izso, Tamar Michaelis, Piper Hudspeth Blackburn, Rhea Mogul, Jessie Yeung, Nadeen Ebrahim, Mostafa Salem, Aditi Sangal, Tori B. (2025-06-13)။ Live updates: Israel attacks Iran, explosions in Tel Aviv and Tehran, US position (in en)။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ Graham-Harrison၊ Emma။ "Israel and Iran broaden strikes during third day of escalating war" (in en-GB)၊ The Guardian၊ 2025-06-15။
- ↑ Adil၊ Ted Regencia,Alastair McCready,Ali Harb,Erin Hale,Tim Hume,Umut Uras,Virginia Pietromarchi,Nils Adler,Caolán Magee,Abby Seiff,Usaid Siddiqui,Jillian Kestler-D'Amours,Hafsa။ Updates: Iran hits Israel with air strikes after nuclear site attacks (in en)။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ Cornwell၊ Alexander။ "Iran strikes back at Israel with missiles over Jerusalem, Tel Aviv" (in en)၊ Reuters၊ 2025-06-13။
- ↑ Israel strikes Iran's nuclear sites and kills top generals. Iran retaliates with missile barrages (in en) (2025-06-13)။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ Sangal၊ Eugenia Yosef, Lex Harvey, Jessie Yeung, Antoinette Radford, Christian Edwards, Mostafa Salem, Maureen Chowdhury, Elise Hammond, Aditi (2025-06-16)။ Israel-Iran attacks, missile strikes on Tehran, Tel Aviv, Haifa, rising death tolls: Live updates (in en)။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ Israel strikes Iranian state TV in new attack on Tehran – DW – 06/17/2025 (in en)။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ How effective was Iran’s attack? The Israeli public doesn’t have the full picture (in en-US)။ www.timesofisrael.com။ 2025-06-17 တွင် ပြန်စစ်ပြီး။
- ↑ Boxerman၊ Aaron။ "Israel Reports Light Damage After Iran Launches Large Strike" (in en-US)၊ The New York Times၊ 2024-04-13။
- ↑ Regalado၊ Francesca။ "These Are Iranian Generals and Scientists Killed by Israel" (in en-US)၊ The New York Times၊ 2025-06-13။
- ↑ Sutherland၊ Callum (2025-06-13)။ Israel Kills Top Iranian General Days After Appointment to War Command (in en)။ TIME။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Ebrahim၊ Ross Adkin, Tamar Michaelis, Nadeen (2025-06-13)။ Hossein Salami, Mohammad Bagheri, Ali Shamkhani killed as Israel targets Iranian military and nuclear leadership (in en)။ CNN။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Israel-Iran Live Updates: Trump Privately Approved of Attack Plans for Iran but Has Withheld Final Order (in en-US)။ WSJ။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Trump approves Iran attack plan but has not made final decision, reports say (in en-GB)။ www.bbc.com (2025-06-19)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Sangal၊ Lex Harvey, Chris Lau, Laura Sharman, Aditi (2025-06-19)။ Live updates: Israel-Iran conflict, ballistic missile attacks, Trump weighs US involvement (in en)။ CNN။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Trump says no decision yet on U.S. joining Israel's attacks on Iran, after Iran warns it would risk "all-out war" - CBS News (in en-US)။ www.cbsnews.com (2025-06-18)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Iran warns US intervention in conflict with Israel risks ‘all out war’ (in en)။ Al Jazeera။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Analysis: An outline is emerging of the US offer to Iran in their high-stakes nuclear negotiations (in en)။ AP News (2025-06-03)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Iran-US nuclear talks: Is a new deal imminent? – DW – 05/27/2025 (in en)။ dw.com။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Wintour၊ Patrick။ "Iran-US nuclear talks end with no agreement but ‘possibility of progress’" (in en-GB)၊ The Guardian၊ 2025-05-23။
- ↑ Swan၊ Jonathan။ "How Trump Shifted on Iran Under Pressure From Israel" (in en-US)၊ The New York Times၊ 2025-06-17။
- ↑ MacFarquhar၊ Neil။ "Next Round of Nuclear Talks Between U.S. and Iran Is Off" (in en-US)၊ The New York Times၊ 2025-06-14။
- ↑ Iran cancels US nuclear talks next round amid ‘barbarous’ Israeli attacks (in en)။ Al Jazeera။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ null။ "Update from David E. Sanger" (in en-US)၊ The New York Times၊ 21 June 2025။
- ↑ Trump says US has bombed Fordo nuclear plant in attack on Iran (in en-GB) (21 June 2025)။ 22 June 2025 တွင် ပြန်စစ်ပြီး။
- ↑ Fassihi၊ Farnaz။ "Live Updates: U.S. Enters War With Iran, Bombing Key Nuclear Sites"၊ The New York Times၊ 21 June 2025။
- ↑ "Axios: Iran launches six missiles toward US bases in Qatar" (in en)၊ Reuters၊ 23 June 2025။
- ↑ Iran retaliates, fires missiles at US bases in Qatar, Iraq - AL-Monitor: The Middle Eastʼs leading independent news source since 2012 (in en)။ 2025-06-24 တွင် ပြန်စစ်ပြီး။
- ↑ Iran launches Ops 'Glad Tidings of Victory' against US: Tehran fires missiles at US base in Qatar, explosions heard in Doha (in en)။ 2025-06-24 တွင် ပြန်စစ်ပြီး။
- ↑ "Qatar closes airspace amid threats of Iranian retaliation against US; Diverts incoming flights"၊ The Economic Times၊ 23 June 2025။
- ↑ Mills၊ Andrew။ "Iran fires missiles at US airbase in Qatar, Doha says attack intercepted, no casualties" (in en)၊ Reuters၊ 23 June 2025။
- ↑ "Iran gave Qatar advance notice of pending attack on US bases" (in en-US)၊ CNN၊ 23 June 2025။
- ↑ Qatar Unites with UAE, Bahrain, Kuwait, Saudi Arabia, Jordan in Shutting Down Airspace Amid Regional Tensions, New Travel Chaos is Here, Latest Update Now (in en-US)။ Travel and Tour World (23 June 2025)။ 23 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Update from Anushka Patil" (in en-US)၊ The New York Times၊ 23 June 2025။
- ↑ အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲ အပစ်အခတ် ရပ်စဲရေး စတင် အသက်ဝင်။ Mizzima။ 2025-6-24 တွင် ပြန်စစ်ပြီး။
- ↑ 4 killed in Beersheba as Iran fires multiple missile salvos just before agreed-upon ceasefire (2025-06-24)။ 2025-06-24 တွင် ပြန်စစ်ပြီး။
- ↑ Jeyaretnam၊ Miranda (2025-06-24)။ Ceasefire Collapses as Israel Accuses Iran of Missile Attack။ 2025-06-24 တွင် ပြန်စစ်ပြီး။
- ↑ 3 people killed in missile strike in southern Israel, Israel's emergency services says (24 June 2025)။ 24 June 2025 တွင် ပြန်စစ်ပြီး။
- ↑ Coughlan၊ Joe။ "Israel-Iran war live: Israeli government confirms it has agreed to ceasefire deal brokered by US"၊ The Guardian၊ 24 June 2025။
- ↑ "Trump: Israel and Iran violated ceasefire"၊ Associated Press၊ 24 June 2025။
- ↑ "Trump called Netanyahu and asked him not to attack Iran: Report"၊ Al Jazeera English၊ 24 June 2025။
- ↑ ၇၅.၀ ၇၅.၁ အပစ်ရပ်သဘောတူမှု အီရန်-အစ္စရေး နှစ်ဖက်လုံး ချိုးဖောက်တယ်ဆိုပြီး ထရမ့်ဒေါသထွက်။ BBC Burmese။ 2025-6-25 တွင် ပြန်စစ်ပြီး။
- ↑ Israel has barred its citizens from leaving the country – Middle East Monitor (in en-GB)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ With Israel’s Major Airport Shut Down, Citizens and Tourists Scramble to Get Home (in en-US)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Some US diplomats leave Israel; embassy prepares to evacuate citizens who want to go | The Times of Israel။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ world war III: A list of 'safest' countries to seek shelter as World War III fear looms - The Economic Times။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Is World War Three coming? (in en)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Peled၊ Summer Said, Benoit Faucon and Anat။ Exclusive | A Battered Iran Signals It Wants to De-Escalate Hostilities With Israel and Negotiate (in en-US)။ 2025-06-19 တွင် ပြန်စစ်ပြီး။
- ↑ Brunei Darussalam's Statement on the Recent Developments in the Middle East (14 June 2025)။ 18 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Indonesia Condemns Israel's Attack on Iran, Warns of Broader Conflict"၊ Jakarta Globe၊ 13 June 2025။
- ↑ Iyabu၊ Ahmad Fauzi။ "Israel Attacks Iran, Indonesia Reminds Obligation To Settle Differences Peacefully"၊ VOI၊ 13 June 2025။
- ↑ Iyabu၊ Ahmad Fauzi။ "Israel Attacks Iran, Indonesia Reminds Obligation To Settle Differences Peacefully"၊ VOI၊ 13 June 2025။
- ↑ Malaysia Strongly Condemns Israel's Attacks on the Islamic Republic of Iran (13 June 2025)။ 14 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "PH urges Israel, Iran to 'deescalate, follow path of peace'"၊ Philippine News Agency၊ 13 June 2025။
- ↑ "Singapore urges all parties in Iran-Israel conflict to exercise restraint"၊ The Straits Times၊ 13 June 2025။
- ↑ "Foreign Ministry urges Thais to return immediately if Iran-Israel airspace reopens"၊ The Nation၊ 14 June 2025။
- ↑ "Vietnam calls for restraint amid escalating tensions in the Middle East"၊ Voice of Vietnam၊ 13 June 2025။
- ↑ ASEAN Foreign Ministers’ Statement on the Situation in the Middle East။ ASEAN။ 2025-6-27 တွင် ပြန်စစ်ပြီး။