အီရန်နိုင်ငံ၏ ပထဝီဝင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အီရန်နိုင်ငံ၏ ပထဝီဝင်
IranOMC.png

LocationIran.svg
တိုက်အာရှတိုက်
ဒေသအနောက်အာရှ[၁][၂][၃]
ကိုဩဒိနိတ်32°00'N, 53°00'E
ဧရိယာအဆင့် 17th
 • စုစုပေါင်း၁,၆၄၈,၁၉၅ km2 (၆၃၆,၃၇၂ sq mi)
 • ကုန်းမြေ99.27%
 • ရေထု0.73%
ကမ်းရိုးတန်း၂,၄၄၀ km (၁,၅၂၀ mi)
နယ်နိမိတ်Total land borders:
၅,၈၉၄ km (၃,၆၆၂ mi)
အာဖဂန်နစ္စတန်နိုင်ငံ:
၉၂၁ km (၅၇၂ mi)
အာမေးနီးယားနိုင်ငံ:
၄၄ km (၂၇ mi)
အဇာဘိုင်ဂျန်နိုင်ငံ (proper):
၄၃၂ km (၂၆၈ mi)
အဇာဘိုင်ဂျန်နိုင်ငံ (Nakhchivan exclave):
၁၇၉ km (၁၁၁ mi)
အီရတ်နိုင်ငံ:
၁,၅၉၉ km (၉၉၄ mi)
ပါကစ္စတန်နိုင်ငံ:
၉၅၉ km (၅၉၆ mi)
တူရကီနိုင်ငံ:
၅၃၄ km (၃၃၂ mi)
တာ့ခ်မင်နစ္စတန်နိုင်ငံ:
၁,၁၄၈ km (၇၁၃ mi)
အမြင့်ဆုံးအမှတ်Mount Damavand
၅,၆၁၀ m (၁၈,၄၀၆ ft)
အနိမ့်ဆုံးအမှတ်Caspian Sea
−၂၈ m (−၉၁.၉ ft)
အရှည်ဆုံးမြစ်Karun
အကြီးဆုံးအိုင်Lake Urmia

ပထဝီအနေအထားအရ အီရန်နိုင်ငံသည် အနောက်အာရှတွင် တည်ရှိသောပြီး ကက်စပီယန်ပင်လယ်၊ ပါရှန်းပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ တို့နှင့် ထိစပ်နေသည်။ ၎င်း၏ တောင်များ အများအပြားသည် ရာစုနှစ်အများအပြားတို့၌ နိုင်ငံရေးနှင့် တိုင်းပြည်များ၏ စီးပွားရေးသမိုင်း နှစ်ဦးစလုံး ပုံဖော်ဖို့ရန် ကူညီပေးခဲ့ကြသည်။ တောင်တန်းကြီးတို့သည် အလွန်ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးများတွင် စိုက်ပျိုးမှုများနှင့် မြို့ပြများတည်ထားမှုကို ဝန်းရံထားလေသည်။ ၂၀ ရာစုထိတိုင် မြို့တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ပေးသော လမ်းများနှင့် မီးရထားလမ်းများအား တစ်ခုနှင့်တစ်ခု ခြားနေသော ထိုတောင်တန်းကြီးများကို အမှီသဟဲပြုကာ တည်ဆောက်ခဲ့ကြသည်။

ရာသီဥတုအလိုက်ခွဲခြားထားသော အီရန်မြေပုံ။
အီရန်နိုင်ငံ တည်နေရာမြေပုံ

ပုံမှန်အားဖြင့် ချိုင့်ဝှမ်းများတိုင်းတွင် မြို့တစ်မြို့စီ ရှိနေပြီး မြို့များနှင့် ရွာများအကြားတွင် အလွန်မှပင် ရှုပ်ထွေးနေသော စီးပွားကူးသန်းမှုများ ရှိနေသည်။ မြင့်မားသောတောင်တန်းကြီးများသည် ကျယ်ပြန့်လှသောချိုင့်ဝှမ်းများကို ဝန်းရံထားလေသည်။ ထိုနေရာဒေသများတွင် ရွာများတည်ရှိနေပြီး မျိုးနွယ်စုများသည် မိမိတို့၏သိုးဆိတ်များကို နွေရာသီနှင့် ဆောင်းရာသီများတွင် ရိုးရာအတိုင်း မွေးမြူကြလေသည်။ နိုင်ငံတွင်း မည်သည့်ကြီးမားသော မြစ်ဟူ၍မရှိပေ။ သမိုင်းတလျှောက်လုံးတွင် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို တောင်ပေါ်နှင့် တောင်ကြားများအကြားမှ လမ်းဖေါက်လုပ်ကာ လုပ်ဆောင်ကြပေသည်။ တောင်တန်းကြီးများသည်လည်း ပါးရှန်းပင်လယ်ကွေ့မှ ကစ်ပီယန်ပင်လယ်ကို အလွယ်တကူသွားလာနိုင်မှုကို တားဆီးပေးထားလေသည်။

အီရန်သည် ၁,၆၄၈,၀၀၀ စတုရန်း ကီလိုမီတာ (၆၃၆,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာ့နိုင်ငံများအကြား ကျယ်ဝန်းမှုအရ အဆင့်(၁၈)တွင် ရှိပေသည်။ အီရန်သည် နိုင်ငံမြောက်ပိုင်းတွင် အာမေးနီးယားနိုင်ငံအဇာဘိုင်ဂျန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများဖြင့် နယ်မြေထိစပ်နေသလို ထိုသို့ထိစပ်နေသောအရှည်သည် ၂,၀၀၀ ကီလိုမီတာ (၁,၂၀၀ မိုင်) ထိ ရှည်လျားမှုရှိသည်။ ထို့ပြင် တောင်ဘက်ပိုင်းတွင် ကက်စပီယန်ပင်လယ်ကမ်းခြေသည် ၆၅၀ ကီလိုမီတာ (၄၀၀ မိုင်) ရှည်လျားသည်။ အီရန်၏အနောက်ဘက်ပိုင်း အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဘက်ပိုင်းတွင် တူရကီနိုင်ငံ၊ တောင်ဘက်ပိုင်းတွင် အီရတ်နိုင်ငံဖြစ်ပြီး အွရ်ဝန်းဒ် ချောင်းထိ ဆက်စပ်မှုရှိပေသည်။

ပါးရှန်းပင်လယ်ကွေ့ကမ်းခြေနှင့် အိုမန်ပင်လယ်ကမ်းခြေအရှည်သည်၁,၇၇၀ ကီလိုမီတာ (၁,၁၀၀ မိုင်) ရှည်လျားပြီး နိုင်ငံ၏ တောင်ဘက်ပိုင်း ကမ်းရိုးတန်းဒေသများ ဖြစ်သည်။ နိုင်ငံ၏ အရှေ့ဘက်ပိုင်းမြောက်အရပ်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် တောင်အရပ်တွင် ပါကစ္စတန်နိုင်ငံတို့နှင့် နယ်ချင်းဆက်နေသည်။ အီရန်နိုင်ငံ၏ ထောင့်ဖြတ်အကွာအဝေး ခန့်မှန်းခြေသည် အနောက်မြောက်အရပ် အာဇာဘိုင်ဂျန်မှ အရှေ့တောင်အရပ်ရှိ စစ်သားန်းပြည်နယ်နှင့် ဘလူဂျစ်တန်းပြည်နယ်ထိ  ၂,၃၃၃ ကီလိုမီတာ (၁,၄၅၀ မိုင်) ရှည်လျားသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

အီရန်၏ညဘက်မြင်ကွင်းတရပ်
အီရန်၏မြေမျက်နှာသွင်

အီရန်မြေမျက်နှာသွင်ပြင်သည် ညီညာမှုမရှိသော တောင်တန်းကြီးများနှင့် ချိုင့်ဝှမ်းများကို အနားသဖွယ် ရစ်ပတ်ထားသော တောင်များဖြင့် ပြည့်နက်၍ နေပေသည်။ အီရန်၏ အဓိကအရေးပါဆုံးသော တောင်တန်းကြီး ဇာဂရစ် တောင်တန်းပင် ဖြစ်လေသည်။ မျက်နှာပြင်ညီညာနေသော ချိုင့်ဝှမ်းတို့တွင် လွင်ပြင်များဖြစ်ပေါ်နေပြီး ၎င်းကို အနောက်မြောက်နှင့် အရှေ့တောင်ဟူ၍ နှစ်ပိုင်း ပိုင်းခြားထားသည်။ တောင်ထိပ်အတော်များများသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ထက် အလွန်မြင့်မားမှုရှိပြီး ဇာဂရစ် တောင်အမြင့်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၃,၀၀၀ မီတာ (၉,၈၄၃ ပေ) မြင့်မားပေသည်။ နိုင်ငံ၏ အနောက်တောင်ဘက်တွင် အလွန်မြင့်မားသောတောင်စွန်းများရှိပြီး ၎င်းတို့၏အမြင့်မှာ ၄,၀၀၀ မီတာ (၁၃,၁၂၃ ပေ) ဖြစ်သည်။

ဇာဂရစ်တောင်တန်းသည် အီရန်၏အရှေ့တောင်အရပ်ထိ ရှည်လျားပြီး ၎င်းတောင်တန်းပေါ်ရှိ တောင်စွယ်များ၏အမြင့်သည် ၁,၅၀၀ မီတာ (၄,၉၂၁ ပေ) ထိ မြင့်မားပေသည်။ ကက်စပီယန်ပင်လယ် ကမ်းခြေဒေသကို ရစ်ပတ်ထားသော အခြားတောင်တန်းများမှာ မြင့်မားပါးလွှာသော အလ်ဘိုးရ်ဇ် တောင်တန်းကြီး ဖြစ်သည်။ ဒမာဝန်းတောင်သည် အမြင့် ၅,၆၁၀ မီတာ (၁၈,၄၀၆ ပေ) ရှိပြီး မီးငြိမ်းတောင်ဖြစ်သလို အလ်ဘိုးရ်ဇ် တောင်တန်း၏ အလယ်ဗဟိုတွင် တည်ရှိသည်။ အလ်ဘိုးရ်ဇ်တောင်တန်းသည် အီရန်နိုင်ငံတွင်သာ အမြင့်ဆုံးတောင်တန်းတစ်ခုမဟုတ်ပဲ ယူရေးရှားဒေသ Hindu Kush အနောက်ဘက်တောင်တန်းများထက်ပင် မြင့်မားပေသည်။။

အီရန်နိုင်ငံ အလယ်ဗဟိုတွင် ကြီးမားသော ချိုင့်ဝှမ်းကြီးများရှိနေပြီး ထိုဒေသများကို ဗဟိုကုန်းမြေမြင့်ဟု ခေါ်သည်။ ၎င်း၏အမြင့်သည် အနည်းဆုံး ၉၀၀ မီတာ (၂,၉၅၃ ပေ) မြင့်မားသည်။ သို့သော် ၎င်းပတ်ဝန်းကျင်တွင် ပိုမိုမြင့်မားသော တောင်တန်းကြီးများရှိနေပြီး ၎င်းတောင်တန်းကြီးများ၏အမြင့်မှာ ၃,၀၀၀ မီတာ (၉,၈၄၃ ပေ) ထက်ပင် ပို၏။ ယင်းကုန်မြေမြင့် မြောက်ဘက်ပိုင်းတွင် ဆားလွင်ပြင်ကြီးနှစ်ခုဖြစ်သော ကာဝီးရ်နှင့် လူးသ်တို့ တည်ရှိသည်။ ထိုဒေသများတွင် မုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူတို့နေထိုင်ရန် မသင့်သောဒေသများပင် ဖြစ်လေသည်။

အီရန်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းတွင် အာမေးနီးယားနိုင်ငံ၏ တောင်တန်းများ ရှိနေပြီး အခြားတစ်ဘက်တွင်လည်း တူရကီ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဂျော်ဂျီယာတို့နှင့် မြေချင်းထိဆက်နေပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်နေသည်။[၄]

အီရန်နိုင်ငံ၏ မြေနိမ့်ပိုင်းနေရာနှစ်ခုတွင်သာ လွင်ပြင်များရှိသည်။ အနောက်တောင်ဘက်တွင် ခူဇီစ်တန်လွင်ပြင်နှင့် မြောက်ဘက်ပိုင်း ကက်စပီယန်ပင်လယ်ကမ်းခြေဒေသတွင် ကမ်းခြေလွင်ပြင်များ တည်ရှိသည်။ ယခင်က ပင်လယ်နှစ်ခုအကြား တည်ရှိသော တြိဂံပုံသဏ္ဍန် လွင်ပြင်ကြီးဖြစ်ပြီး ၎င်း၏အနံအားဖြင့် အကျယ်အဝန်းသည် ၁၆၀ ကီလိုမီတာ (၉၉ မိုင်) ခန့်ကျယ်ဝန်းပြီး ၎င်းသည် နိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသကို ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့် ပိုမိုချဲ့ထွင်ပေးခဲ့သည်။ ၎င်းသည် ရေမျက်နှာပြင်ထက် မီတာအနည်းငယ်မြင့်နေပြီး ဇာဂရာစ် တောင်ခြေနှင့်နှင့် တဆက်တည်းဖြစ်သွားခဲ့သည်။ ခူဇီစ်တန်လွင်ပြင်သည် တောများဖြင့် ဖုံးအုပ်လျက်ရှိသည်။

ကက်စပီယန်ပင်လယ်ကမ်းခြေလွင်ပြင် နှစ်ခုစလုံးသည် ပိုမိုရှည်လျားပြီး ကျဉ်းမြောင်းပေသည်။ ၎င်းသည် ၆၄၀ ကီလိုမီတာ (၄၀၀ မိုင်) ခန့် ရှည်လျားပြီး ကက်စပီယန်ပင်လယ်ကမ်းခြေတစ်ခုလုံးကို ပိုမိုချဲ့ထွင်လာခဲ့သည်။ သို့သော် ၎င်းကမ်းခြေလွင်ပြင်၏ အကျယ်ဆုံးနေရာသည် ၅၀ ကီလိုမီတာ (၃၁ မိုင်) ခန့် ကျယ်ဝန်းပြီး အချို့နေရာများသည် ၂ ကီလိုမီတာ (၁.၂ မိုင်) ခန့် သာရှိပြီး ကက်စပီယန်ကမ်းခြေကို အလ်ဘိုးလ်ဇ် ကမ်းခြေနှင့် ခြားနားပေးလိုက်သည်။ ခူဇီစ်တန်ပြည်နယ်တောင်ပိုင်း ပါးရှန်းပင်လယ်ကွေ့ ကမ်းခြေနှင့် အိုမန်ပင်လယ်ကမ်းခြေတို့တွင်မူ သဘာဝလွင်ပြင်များ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုဒေသများတွင် ဇာဂရာစ်တောင်တန်းသည် ကမ်းခြေဘက်သို့ ဆင်းနေသည့်အတွက်ကြောင့်ပင် ဖြစ်သည်။

အီရန်နိုင်ငံအတွင်း၌ မည်သည့်ကြီးမားသော မြစ်များမရှိပေ။ သို့သော် နိုင်ငံအတွင်း၌ သေးငယ်သော မြစ်များ ရှိပေသည်။ ဘိုလန်ကာရွန်းမြစ်သည် ၈၃၀ ကီလိုမီတာ (၅၂၀ မိုင်) ရှည်လျားသည်။ ၎င်း၏ရေတိမ်ပိုင်းတွင်သာ လှေများသည် ခိုရမ်ရှဲဟ်ရ်မြို့မှ အာဟ်ဝါးဇ်မြို့သို့ ၁၈၀ ကီလိုမီတာ (၁၁၀ မိုင်) ခန့်သာ သွားလာနိုင်သည်။ ကျန်အရေးပါသော မြစ်ငယ်များမှာ ကရ်ခဲဟ်ချောင်းသည် ၇၀၀ ကီလိုမီတာ (၄၃၀ မိုင်) ရှည်လျားပြီး အဆုံးတွင် တိုက်ဂရစ်မြစ်နှင့် လာရောက်ဆုံဆည်းလေသည်။ ၎င်းအပြင် ဇာယန်ဒဲဟ်မြစ်သည် ၃၀၀ ကီလိုမီတာ (၁၉၀ မိုင်) ရှည်လျားသည်။ ပါးရှန်းပင်လယ်ကွေ့တွင်းသို့ စီးဆင်းသော အခြားမြစ်များလည်းရှိသလို ဇာဂရစ်နှင့် အလ်ဘိုးရ်ဇ် အနောက်မြောက်ဘက်မှနေ၍ ကက်စပီယန်ပင်လယ်တွင်းသို့ စီးဆင်းသော မြစ်များလည်း ရှိသေးသည်။ 

အီရန်တွင် ဗဟိုကုန်းမြင့်များ၌ မြစ်ငယ်များစွာရှိပြီး ၎င်းတို့သည် များသောအားဖြင့် ရေခမ်းခြောက်နေ၍ နွေဦးရာသီတွင် (တောင်ပေါ်ရှိ)ရေခဲနှင်းများသည် ၎င်းအတွင်းသို့ အမြဲပျော်ကျလျက်ရှိပြီး ထိုမှတဆင့် ဆားပင်လယ်များဆီသို့ စီးဆင်းသွားလေသည်။ နွေရာသီကာလများတွင်မူ ထိုမှစီးဆင်းလာသောရေတို့သည် ခမ်းခြောက်သွားကြလေသည်။ အူရူမီယာဆားပင်လယ်သည် ယခင်ကတည်းမှ ထိုအမည်အတိုင်း တွင်လာခဲ့ပြီး အီရန်ဘုရင် မိုဟမ္မဒ်ရေဇာရှား လက်ထက်တွင် ထိုဆားပင်လယ်အား ရဇီယာ ဆားပင်လယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့လေသည်။ အနောက်မြောက်ပိုင်းဘက်တွင် ဆားငန်ဓာတ်သည် ပင်လယ်ငါးများနှင့် အခြားရေသတ္တဝါများကို အကျိုးဖြစ်ထွန်းစေသည်။ စီစ်တာန်ပြည်နယ်၊ ဘလူဂျစ်တာန်ပြည်နယ်အပြင် အီရန်နှင့် အဖ်ဂါန်နိစ်တာန်နယ်စပ်ဒေသများတွင်လည်း ဆားပင်လယ်အချို့ကို တွေ့မြင်နိုင်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

အီရန်တွင်ဥတုရာသီအပြောင်းအလဲရှိပေသည်။အနောက်မြောက်ဘက်ပိုင်းတွင် အေးမြသောဆောင်းရာသီတွင် နှင်းဖတ်များသည်းထန်စွာကျတတ်ပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလများအတွင်း အပူချိန်သည် ၀ အမှတ်အောက်၌ရှိနေပေသည်။ဆောင်းဦးရာသီနှင့်နွေဦးရာသီ တို့တွင် အအေးလျှော့နည်းသည်။သို့သော် နွေရာသီ၌မူ အလွန်ပင်ခြောက်သွေ့ပြီးပူပြင်းပေသည်။ဆောင်းရာသီတွင်တောင်ပိုင်း၌အအေးပေါ့၍ နွေရာသီ၌မူအလွန်ပင်ပူပြင်းပေသည်။ယင်းဒေသတွင် ဇူလိုင်လ၌ ပုံမှန်အားဖြင့် နေ့စဉ်အပူချိန် အနည်းဆုံး ၃၈ဒီဂရီစင်တီဂရိတ်(၁၀၀.၄)ဖါရင်ဟိုက်ရှိပေသည်။နွေရာသီကာလများတွင် ခူဇီစ်တန်လွင်ပြင်များတွင် ပူပြင်းပြီး စိုစွတ်မှုလည်းရှိပေသည်။

ချုံ၍ပြောရမည်ဆိုပါက အီရန်၏ရာသီဥတုသည် ခြောက်သွေ့ပြီး ဧပြီလမှအောက်တိုဘာလအထိနှစ်စဉ် မိုးရွာသွန်းမှုနည်းပါးပြီး နိုင်ငံအတော်များများတွင် နှစ်စဉ်မိုးရေချိန်ရမှတ်အနည်းဆုံး ၂၅၀ မီလီမီတာ(၉.၈ လက်မ) အထိရှိပေသည်။သို့မဟုတ် ၎င်းထက်အနည်းငယ်နည်းပါးသည်။အီရန်သည်ချွင်းချက်အနေဖြင့် ဇာဂရစ်တောင်တန်းဒေသတလျှောက်လုံးနှင့် ကစ်ပီယန်ပင်လယ် ကမ်းခြေလွင်ပြင်များတွင် မိုးများစွာရွာသွန်းပြီး မိုးရေချိန်ရမှတ် နှစ်စဉ် အနည်းဆုံး ၅၀၀ မီလီမီတာ(၁၉.၇ ပေ)ရှိသည်။ကစ်ပီယန်ပင်လယ်အနောက်ပိုင်းတွင် မိုးရေချိန်ရမှတ်သည် (၁၀၀၀)မီလီမီတာ(၃၉.၄ ပေ) ဖြစ်၍ တစ်နှစ်ပတ်လုံးတွင် အညီအမျှ ဖြန့်ဝေပေးနိုင်သည် ဟုဆိုနိုင်ပေသည်။ ထိုသို့အနေအထားသည် အချို့ဗဟိုကုန်းမြင့်ပိုင်းတို့နှင့်ဆန့်ကျင်မှုရှိပြီး ထိုနေရာများတွင် မိုးရေချိန်ရမှတ်သည် (၁၀)စင်တီမီတာ(သို့)၎င်းထက်ပင်နည်းပါးသောအနေအထားဖြစ်ပေသည်။။

အီသီဥတုပြမြေပုံနေရာဒေသပြည်နယ်၏မြို့တော်
  Caspian mild and wet
  Caspian mild
  Mediterranean with spring rains
  Mediterranean
  Cold mountains
  Very cold mountains
  Cold semi-desert
  Hot semi-desert
  Dry desert
  Hot dry desert
  Hot coastal dry
  Coastal dry

သစ်ပင်နှင့်သတ္တဝါ[ပြင်ဆင်ရန်]

မြေပုံ၏biotopes၏
  Forest steppe
  Forests and woodlands
  Semi-desert
  Desert lowlands
  Steppe
  Salted alluvial marshes

နိုင်ငံ၏ ၇ရာခိုင်နှုန်းသည် တောအုပ်များဖြစ်သည်။အကြီးမားဆုံးသောတောအုပ်များကို ကစ်ပီယန်ပင်လယ်အနီးတစ်ဝိုက်ရှိတောင်ခြေများတွင်တွေ့ရှိနိုင်ပေသည်။ယင်းတောအုပ်များသည် ဝက်သစ်ချပင်၊ပြာပင်၊အဲမ်ပင်နှင့် အမြဲစိမ်းလန်းနေသောထင်းရှုးပင်များအပြင် အခြားတန်ဖိုးကြီးသောအပင်များဖြင့် ပြည့်နက်နေပေသည်။၎င်းတောအုပ်များသည် ရေအများဆုံးရရှိသောဒေသများတွင် ပိုမိုထူထပ်ပေသည်။ရွာသားများသည်စိုက်ပျိုးမြေများနှင့်ဥယျာဉ်များကို ဖြစ်ထွန်းအောင်ပြုလုပ်ကြပြီး ညောင်ပင်အမျိုးအစား၊ပေါ်ပလာပင်၊မိုးမခပင်၊သေးငယသောအသီးများသီးသည့် အပင်ကြီးများ(ဘီးခ်ျအပင်)၊သကြားသီးပင်နှင့်ပိုးစာပင် တို့ကိုစိုက်ပျိုးကြသည်။မြုံနေသောအပင်ရိုင်းများနှင့် ခြုံဘုတ်ပင်များသည်နွေဦးရာသီတွင် ကျွဲနွားတိရိစ္ဆာန်များအတွက် စားကျက်များဖြစ်သော်လည်း နွေရာသီ၏နေသည် အပင်များကိုကျွမ်လောင်စေသည်။(FOA)ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစီရင်ခံချက်အရ အီရန်နိုင်ငံတွင် တောအုပ်များထူထပ်ရာဒေသနှင့် ၎င်းနှင့်စပ်ဆက်နေသောဒေသများမှာ-

  1. ကစ်ပီယန် သစ်တောများမြောက်ပိုင်းခရိုင် – ၁၉,၀၀၀ စတုရန်း ကီလိုမီတာ (၇,၃၀၀ စတုရန်းမိုင်)
  2. ထုံးကျောက် တောင်ထူထပ်သစ်တောအရှေ့မြောက်ပိုင်းခရိုင်(Juniperus သစ်တော)– ၁၃,၀၀၀ စတုရန်း ကီလိုမီတာ (၅,၀၀၀ စတုရန်းမိုင်)
  3. Pistachio(စားကောင်းသည့်အခွံမာသီးအစိမ်းရောင်) သစ်တောများ၌အရှေ့ပိုင်း၊တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းခရိုင်– ၂၆,၀၀၀ စတုရန်း ကီလိုမီတာ (၁၀,၀၀၀ စတုရန်းမိုင်)
  4. သစ်ချပင် သစ်တောများအတွက်ဗဟိုနှင့်အနောက်ပိုင်းခရိုင်– ၃၅,၀၀၀ စတုရန်း ကီလိုမီတာ (၁၄,၀၀၀ စတုရန်းမိုင်)
  5. ခြုံဘုတ်  Kavir(တော)ခရိုင်အတွက်ဗဟိုနှင့်အရှေ့မြောက်၏အစိတ်အပိုင်းနိုင်ငံ– ၁၀,၀၀၀ စတုရန်း ကီလိုမီတာ (၃,၉၀၀ စတုရန်းမိုင်)
  6. တောင်ပိုင်းပင်လယ်ကမ်းခြေအပူပိုင်း သစ်တောများ ၊ဥပမာ Hara သစ်တော – ၅,၀၀၀ စတုရန်း ကီလိုမီတာ (၁,၉၀၀ စတုရန်းမိုင်)

အီရန်နိုင်ငံတွင် တောရိုင်းတိရိစ္ဆာန်အမျိုးမျိုးရှိသည်။၎င်းတို့မှာ ဝက်ဝံများ၊ သမင်ဒရယ်များ၊တောဝက်များ၊ဝံပလွေများ၊မြေခွေးများ၊ကျားနက်များ၊ဥရောပနှင့်အာရှစပ်ထားသော လင့်ကြောင်မြီးတိုများနှင့် အခြားတိရိစ္ဆာန်အမျိုးအစားများဖြစ်သည်။အိမ်မွေးတိရိစ္ဆာန်များမှာ သိုး၊ဆိတ်၊နွား၊မြင်း၊ ကျွဲ၊လား၊ မြည်းနှင့် ကုလားအုပ်တို့ ပါဝင်သည်။ အဆိုပါ ရစ်ငှက် တောငန်း ရွှေလင်းတနှင့်သိမ်းငှက်မှာလည်းအီရန်ဇာတိဖြစ်ကြသည်။

၂၀၀၁ခုနှစ်တွင် နို့တိုက်သတ္တဝါအမျိုး၂၀နှင့် ငှက်၁၄မျိုးတို့အတွက် အန္တရာယ်များဖြစ်စေခဲ့သည်။ထိုသို့ အန္တရာယ်တွင်းသို့ကျရောက်ခဲ့ရသော တိရိစ္ဆာန်အမျိုးအစားများမှာ ဘလူဂျီစ်တန်ပြည်နယ်မှဝက်ဝံ၊ (Ursus thibetanus gedrosianus) အာရှအနက်ရောင်ဝက်ဝံ subspecies ဆိုက်ဘေးရီးယားကြိုးကြာ၊အီရန်သမင်၊လိပ်၊ အစိမ်းရောင်လိပ်၊ Oxus မြွေဟောက်၊Latifi ရဲ့မြွေပွေး၊ dugong(အာရှတိုက်ရှိပင်လယ်နို့တိုက်သတ္တဝါတစ်မျိုး) နှင့်လင်းပိုင်ဖြစ်ကြသည်။အာရှကျားသစ်သည်ပြင်းထန်စွာမျိုးသုဉ်းရန်အန္တရာယ်ရှိနေ၍တခြားနေရာများတွင်မျိုးသုဉ်းသွားခဲ့ပြီးယခုမှသာအီရန်၏အရှေ့မြောက်ပိုင်းဒေသများတွင်တွေ့နိုင်ပါသည်။

အီရန်သည်၂၀ရာအတွင်းပိုင်းတွင် အာရှခြင်္သေ့များနှင့်ကစ်ပီယန်ကျားများနှင့်များကို အဆုံးရှုံးခံခဲ့ရသည်။ ဆီးရီးယားရိုင်းသောမြည်းမျိုးသုဉ်းဖြစ်လာသည်။တောင်ပေါ်များတွင် ဆီးရီးယားအညိုရောင်ဝက်ဝံများ၊သိုးရိုင်းများ၊တောင်ဆိတ်များ၊ပါးရှန်းမြောက်ပိုင်းဒေသမှ မြည်းရိုင်းများ၊တောဝက်များနှင့် မြေခွေးများစုံလင်စွာတွေ့နိုင်ပေသည်။အိမ်မွေးတိရိစ္ဆာန်များဖြစ်သော သိုး၊ဆိတ်၊မြင်း၊နွား၊ကျွဲ၊လားနှင့်ကုလားအုပ်များလည်းရှိသည်။ရစ်ငှက်၊ခါငှက်၊တောငန်းများနှင့်သိန်းငှက်တို့သည် အီရန်ဇာတိများဖြစ်ကြသည်။

အီရန်ကျားသစ်သည် ကမ္ဘာ့ကျားသစ်အမျိုးအစားများအတွင်း အကြီးမားဆုံးသောကျားသစ်ဖြစ်သည်ဟု ဆိုထားကြပေသည်။အီရန်၌ဤသို့အခြားကျားသစ်များထက်ကြီးမားမှုသည် အနီးစပ်ဆုံးပမာပေး၍ ပြောရမည်ဆိုလျှင် bezoar ibex တောင်ဆိတ်ကြီးများနည်းပါးလောက်ရှိသည်။ယင်းကျားသစ်များကို အလ်ဘိုးရ်ဇ်နှင့်ဇာဂရာဇ်တောင်တန်းဒေသများနှင့်အီရန်နိုင်ငံကုန်းမြေမြင့်ပိုင်းများတွင်တွေ့မြင်နိုင်ပါသည်။ထိုကျားစ်အစုအရည်အတွက်သည် စားကျက်များမရှိသည့်အတွက်လည်းကောင်းသားကောင်ကိုအမဲလိုက်ရာတွင် ဆုံးရှုံးသွားရခြင်းများကြောင့်အကောင်အရေအတွက်သည် အလွန်ကျဲ၏။အီရန်ကျားသစ်၏အစားအစာများမှာ တောင်ဆိတ်များအပြင် တောတွင်းသိုးများ၊သမင်များ၊(ကစ်ပီယန်သမင်များ)၊နှင့်အိမ်မွေးတိရိစ္ဆာန်များဖြစ်သည်။ 

သက်ရှိပတ်ဝန်းကျင်စနစ်နှင့်ဇီဝထု[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ဇီဝမတူကွဲပြားမှုသည် ကမ္ဘာပေါ်တွင် အဆင့်၁၃ရှိပေသည် ။ ဒေသစုစုပေါင်း၂၇၂ ခုတွင်ကာကွယ်စောင့်ရှောက်ရေးများပြုလုပ်နိုင်ခဲ့ပြီး ဧကပေါင်း ၁၇ သန်းသည် အီရန်နိုင်ငံအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဦးစီးဌာန၏ကြီးကြပ်မှုအောက်တွင်ရှိသည်။ ၎င်းတို့မှာအမည်အမျိုးမျိုးရှိအမျိုးသားဥယျာဉ်များ၊ကာကွယ်မှုပြုထားသောဒေသများနှင့်သဘာဝတောရိုင်းတိရစ္ဆာန်ခိုလှုံရာအတွက်ဒေသများအားလုံးသည်မျိုးဗီဇအရင်းအမြစ်များကိုကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်၍သာဖြစ်သည်။အီရန်တွင် ထိုသို့ကြီးမားကျယ်ပြန့်သောဒေသများကို စောင့်ရှောက်ဖို့ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်း၂၆၁၇ ဦးနှင့် ဌာနပေါင်း ၄၃၀ သာလျှင်ရှိပြီး တစ်ဦးလျှင်ဧကပေါင်း ၆၅၀၀ စီ စောင့်ရှောက်ထားရသည်။[၅]

Ramsar ဒေသများ (၂၃/၀၆/၇၅) ဧရိယာ(ကီလိုမီတာ)
Anzali ညွှန်ရှုပ်ထွေးသော၊ ဂီလာန်းပြည်နယ် ၁၅၀
Arjan အး၊ ဖါးရ်စ် ပြည်နယ် ၂၂
ဂိုရီအိုင် ၊ အရှေ့အာဇာဘိုင်ဂျန်ပြည်နယ် ၁။၂
ကိုဘီအိုင်၊ အနောက်ဘက်အာဇာဘိုင်ဂျန်ပြည်နယ် ၁၂
ပါးရှန်းအိုင်၊ ဖါးရ်စ်ပြည်နယ် ၄၀
Miankaleh ကျွန်းဆွယ်၊ Gorgan ဘင်္ဂလားပင်လယ်အော်၊ Lapoo-Zaghmarz အာ-bandan Mazandaran ပြည်နယ် ၁၀၀၀

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ[ပြင်ဆင်ရန်]

သဘာဝဘေးအန္တရာယ်-ရံဖံရံခါမိုးခေါင်မှု၊ ရေကြီးမှု၊ဖုန်မှုန့်မုန်တိုင်းများ၊ သဲမုန်တိုင်း၊ မြေငလျင်လှုပ်ခြင်းတို့သည်အနောက်ပိုင်းနယ်စပ်တလျှောက်နှင့်အရှေ့မြောက်ဘက်ပိုင်းတွင်ဖြစ်ပေါ်လေ့ရှိသည်။

လူထုပတ်ဝန်းကျင်တွင်လက်ရှိဖြစ်ပေါ်လျက်ရှိသောပြဿနာများ- လေထုညစ်ညမ်းမှု၊ အထူးသဖြင့်မြို့ပြဒေသများအတွင်းမော်တော်ယာဉ်များမှဓာတ်ငွေ့ထုတ်လွှတ်မှု၊ သန့်စင်စက်ရုံကိုစစ်ဆင်ရေး၊ နှင့်စက်မှု လုပ်ငန်းဆိုင်ရာစက်ရုံးများမှစွန့်ပစ်အမှိုက်များ၊ သစ်တောပြုန်းတီးမှု၊ သဲကန္တာရများဖြစ်ပေါ်လာမှု၊ ပါရှန်ပင်လယ်ကွေ့အတွင်းရေနံညစ်ညမ်းမှု၊ မိုးခေါင်မှုမှတစ်ဆင့်စိုစွတ်ဒေသများဆုံးရှုံးမှု၊ မြေဆီလွှာညံ့ဖျင်းမှုနှင့် မြေကြီးသည်ဆားဓာတ်များလာမှု အချို့သောဒေသများရှိသောက်သုံးရေမလုံလောက်မှုကြောင့်ထောက်ပံ့ရေးပစ္စည်းများထောက်ပံ့နေရမှု မြို့ပြများတွင်မိလ္လာနှင့်စက်မှုစွန့်ပစ်ရာမှရေညစ်ညမ်းမှု များပင်ဖြစ်သည်။

အရင်းအမြစ်များနှင့်မြေယာအသုံးပြုမှု[ပြင်ဆင်ရန်]

အီပြည်နယ်များ'GDPသို့ပေးလှူခြင်း၊အီရန်စက်မှုလုပ်ငန်း၄၅ရာခိုင်နှုန်းသည် တီဟီရန်တွင်ရှိသည် ။

သဘာဝသယံဇာတအရင်းအမြစ်- ရေနံ, သဘာဝဓာတ်ငွေ့, ကျောက်မီးသွေး, ခရိုမီယမ်, ကြေးနီ, သံသတ္တုရိုင်း, ခဲ, မန်းဂနိစ်, သွပ်, ဆာလဖာ စိုက်ပျိုးမြေယာ- ၁၀.၈၇% ကောက်ပဲသီးနှံ: ၁.၁၉% အခြား: ၈၇.၉၃% (၂၀၁၂ခုနှစ် )

ရေသွင်းစိုက်ပျိုးခြင်းမြေယာ- ၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၃၄,၀၀၀ စတုရန်းမိုင်) (၂၀၀၉)

ပြန်လည်ပြည့်ဖြိုးဆဲရေအရင်းအမြစ်များစုစုပေါင်း-၁၇၃ km3 (၂၀၁၁)

ရေချိုဆုတ်မှု (ပြည်တွင်း/စက်မှုလုပ်ငန်း/လယ်ယာစိုက်ပျိုးရေး): စုစုပေါင်း ၉၃.၃ km3/yr (၇%/၁%/၉၂%) လူတစ်ဦးချင်းစီ: ၁၃၀၆ m3/yr (၂၀၀၄)

ဧရိယာနှင့်နယ်နိမိတ်[ပြင်ဆင်ရန်]

[၆]ဧရိယာ: စုစုပေါင်း ၁,၆၄၈,၁၉၅ စတုရန်း ကီလိုမီတာ (၆၃၆,၃၇၂ စတုရန်းမိုင်) မြေပြင် ၁,၅၃၁,၅၉၅ စတုရန်း ကီလိုမီတာ (၅၉၁,၃၅၂ စတုရန်းမိုင်)

ရေ ၁၁၆၆၀၀ km2 (၄၅၀၀၀ sq mi)

မြေယာနယ်နိမိတ်-စုစုပေါင်း ၅,၈၉၄ ကီလိုမီတာ (၃,၆၆၂ မိုင်)

နယ်စပ်များ:

Afghanistan ၉၂၁ ကီလိုမီတာ (၅၇၂ မိုင်), Armenia ၄၄ ကီလိုမီတာ (၂၇ မိုင်), Azerbaijan-proper ၁,၆၄၈,၁၉၅ စတုရန်း ကီလိုမီတာ (၆၃၆,၃၇၂ စတုရန်းမိုင်), Azerbaijan-Nakhchivan exclave ၁,၅၃၁,၅၉၅ စတုရန်း ကီလိုမီတာ (၅၉၁,၃၅၂ စတုရန်းမိုင်), Iraq ၁၁၆,၆၀၀ စတုရန်း ကီလိုမီတာ (၄၅,၀၀၀ စတုရန်းမိုင်), Pakistan ၅,၈၉၄ ကီလိုမီတာ (၃,၆၆၂ မိုင်), Turkey ၉၂၁ ကီလိုမီတာ (၅၇၂ မိုင်), Turkmenistan ၄၄ ကီလိုမီတာ (၂၇ မိုင်).

၁,၁၄၈ ကီလိုမီတာ (၇၁၃ မိုင်)

ရေကြောင်းနယ်နိမိတ် ကာတာ၊ ​ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုဘာရိန်းကူဝိတ်အိုမန်

ပင်လယ်ကမ်းရိုး: ၄၃၂ ကီလိုမီတာ (၂၆၈ မိုင်) မှတ်ချက်: အီရန်နယ်စပ်အမစ္၊ ၁၇၉ ကီလိုမီတာ (၁၁၁ မိုင်)

ရေကြောင်းတောင်းဆိုမှုများနယ်မြေပင်လယ်: ၁,၅၉၉ ကီလိုမီတာ (၉၉၄ မိုင်) နယ်စပ်ဇုန်: ၉၅၉ ကီလိုမီတာ (၅၉၆ မိုင်) သီးသန့်စီးပွားရေးဇုန်: နှစ်နိုင်ငံသဘောတူညီချက်များ၊သို့မဟုတ် ပါရှန်ပင်လယ်ကွေ့ အတွင်းပျမ်းမျှလိုင်းများတိုက်ကြီးကမ်းလွန်ရေတိမ်ပိုင်း သဘာဝအရှည်

အစွန်းဆုံးမြင့်တက်ခြင်းအနိမ့်ဆုံးအမှတ်: ကစ်ပီယန်ပင်လယ် ၅၃၄ ကီလိုမီတာ (၃၃၂ မိုင်) အမြင့်ဆုံးအမှတ်: ဒမာဝန်းတောင် ၁,၁၄၈ ကီလိုမီတာ (၇၁၃ မိုင်)

နိုင်ငံတကာရေပိုင်နက်အငြင်းပွားမှုများ[ပြင်ဆင်ရန်]

အီရန်သည်လက်ရှိအများအပြားအိမ်နီးချင်းနိုင်ငံများနှင့်အပြည်ပြည်ဆိုင်ရာရေပိုင်နက်အငြင်းပွားမှုများတွင်ပါဝင်နေသည်။

အာဖ်ဂန်နစ်တန်နိုင်ငံသည် အီရန်နိုင်ငံအတွင်း မိုးခေါင်သည့်ကာလများ၌ မိမိတို့ဘက်သို့စီးဆင်းလျှက်ရှိသော ဟလ်မန် မြစ်တွင် ဆည်တည်ဆောက်ခဲ့သည့်အပေါ် အီရန်နိုင်ငံအတွင်းဆန္ဒထုတ်ဖေါ်ပြသမှုများရှိခဲ့သည်။ထို့အပြင်ပါးရှန်းပင်လယ်ကွေ့အတွင်းအီရတ်နိုင်ငံနှင့် ရေနယ်နမိတ်မရှိသည့်အတွက် Aravnd Rudနှုတ်မှအငြင်းပွားမှုများဖြစ်လာစေရန် လှုံစော်ပေးခဲ့သည်။ထို့အပြင် အာရဗ်စော်ဘွားများနိုင်ငံနှင့်အီရန်သည် မိမိတို့အုပ်ချုပ်လျှက်ရှိသော Tunbs နှင့် Abu Musa ကျွန်းများ၊ကျွန်းကြီးကျွန်းငယ်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများလည်းရှိသည်။အီရန်သည်လက်ရှိကာလတွင် ကစ်ပီယန်ပင်လယ်အကျိုးခံစားခွင့်ကို ဆိုဗီယက်ခွဲထွက်(၅)နိုင်ငံအကြားတွင် ညီတူမျှတူခွဲဝေထားလေသည်။ထို့နောက် အီရန်သည်ကမ်းရိုးတန်းနှင့်ရေပြင်(၅)ခုရှိပြည်နယ်များတို့တွင်ကက်စပီယန်ပင်လယ်သယံဇာတအရင်းအမြစ်အညီအမျှခွဲဝေအပေါ်အလေးအနက်ဆိုသည်။ သို့သော်

ရုရှားကကျောထောက်နောက်ခံပေးထားတဲ့ယခင်ဆိုဗီယက်ခွဲထွက်သမ္မတနိုင်ငံတို့သည်(မိမိတို့၏အပြည်ပြည်ဆိုင်ရာတာဝန်ရှိနေသော်လည်း) အီရန်နှင့်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများအကြား ၅၀-၅၀ သဘောတူညီချက်များကိုလေးစားရန်ငြင်းဆန်ခဲ့ကြသည်။ ရုရှား၊အဇာဘိုင်ဂျန်၊ကာဇက်စတန်နှင့်တွရ်ကမန်နစ္စတန်တို့သည်ကက်စပီယန်ပင်လယ်ရေပိုင်နက်ကိုအပြည်ပြည်ဆိုင်ရာရေပိုင်နက်များအဖြစ်သတ်မှတ်ရန်တောင်းဆိုနေပြီး၎င်းတို့၏ပထဝီဒေသအတွင်း ပင်လယ်တွင်းမှ သဘာဝသယံဇာတများကိုများထုတ်ယူလိုကြသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Iran Country Profile။ BBC NEWS။ 26 November 2014 တွင် ပြန်စစ်ပြီး။
  2. "CESWW" – Definition of Central Eurasia။ Cesww.fas.harvard.edu။ 26 November 2014 တွင် ပြန်စစ်ပြီး။
  3. Iran Guide။ National Geographic (14 June 2013)။ 26 November 2014 တွင် ပြန်စစ်ပြီး။
  4. Armenian Highland။ Archived from the original on 3 May 2015။ 28 February 2015 တွင် ပြန်စစ်ပြီး။
  5. 74 Iranian wildlife species red-listed by Environment Department. (February 28, 2014) Radio Zamaneh via Payvand Iran News. Retrieved April 04, 2014
  6. http://data.worldbank.org/indicator/AG.LND.TOTL.K2
  7. CIA – The World Factbook – Iran