မာတိကာသို့ ခုန်သွားရန်

အီရန်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး

ဝီကီပီးဒီးယား မှ

အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ဆက်ဆံရေးသည် ကာလတစ်လျောက် မတည်ငြိမ်မှုများ အပြောင်းအလဲများ နှင့် ပြည့်နှက်နေခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး ပဲဟ်လဝီ၏ အုပ်ချုပ်ရေးကာလ၊ ပဲဟ်လဝီ အုပ်ချုပ်ရေးမတိုင်မီကာ ကာလများ နှင့် ၁၉၇၉ ခုနှစ်တော်လှန်ရေးပြီးကာလ ဟူ၍သုံးပိုင်းခွဲ လေ့လာနိုင်သည်။

အီရန်နိုင်ငံ၏ နိုင်ငံခြားရေးဆက်ဆံမှုသည် တော်လှန်ရေးပြီးနောက် အစ္စလာမ်မစ် ပုံစံ ၊ အစ္စလာမ်မီး သွန်သင်ချက်များနှင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့သည်။ တော်လှန်ရေးပြီးဆုံးပြီးနောက် ပထမဆုံးနှစ်မှာပင် သဲဟ်ရာန်မြို့၌စစ်ပွဲ အခြေအနေမှာ ပြင်းထန်လာခဲ့သည်။ အီရတ် နှင့်စစ်ခင်းနေရခြင်းအပေါ်မူတည်၍ တစ်ချိန်က မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးမှာလည်း ခပ်ကျဲကျဲဖြစ်လာတော့သည်။[][]

အီရန် အစ္စလာမ်မစ် တော်လှန်ရေးမတိုင်မီ

[ပြင်ဆင်ရန်]

အီရန် အစ္စလာမ်မစ် တော်လှန်ရေးမတိုင်မီ ကာလက အီရန်သည် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကား နှင့် မဟာမိတ်ဖွဲ့၍ စအူဒီအရဗ် နှင့်လည်း ပူးပေါင်းကာ စစ်ဖက်ဆိုင်ရာ နှင့် စီးပွားရေးကဏ္ဍများတွင် အပြန်အလှန် မဟာမိတ်များအဖြစ် ရှိနေခဲ့ကြသည်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက်

[ပြင်ဆင်ရန်]

အီရန်နိုင်ငံသည် တော်လှန်ရေးပြီးနောက် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ကိုယ်ထူကိုယ်ထရပ်တည်ကာ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များတွင်လည်း လွတ်လပ်စွာရပ်တည်ပြီး အရှေ့တိုင်း အနောက်တိုင်းများနှင့် မိမိတို့သည် ပူးပေါင်းပတ်သက်ခြင်းမရှိကြောင်းကို ပြသခဲ့သည်။ ဤအခြေအနေတွင် နိုင်ငံရေးဆက်နွယ်မှု မဟာမိတ်အနေနှင့် အနောက်တောင်အာရှ နိုင်ငံများနှင့် အတူရှိခဲ့သည်။

၁၃၅၇ ခုနှစ်တွင် အမေရိကန် နှင့်သံတမန်အဆက်အသွယ်များဖြစ်လာခြင်း ၊ အီရန် အီ၇တ် စစ်ပွဲ ၊ ၁၃၆၇ ခု နှစ်တွင် အီရန် ခရီးသည်တင်လေယဉ်အား (စစ်လေယဉ်နှင့်မှားပြီးပြစ်ခတ်မိပါသည်ဟူသည့်လျှောက်လွှဲချက် ဖြင့်) အမေရိကား မှပစ်ချခြင်း ၊ စလ်မါန်ရွတ်ရှ်ဒီ ၏ (တမန်တော်မြတ် (ဆွ) အပေါ်မတော်မတရားရေးသားခြင်း နှင့် ၎င်းကိုသတ်ဖြတ်ရန်ဆုငွေထုတ်ကြေညာခြင်း ) ၊ မီကူနူးစ် ၏လုပ်ကြံမှု ၊ အာမယာ ဗုံးထောင်ခြင်း စသည်တို့ သည် ၁၃၅၇ ခုနှစ် တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးကိုများ စွာထိခိုက်စေသည့်အကြောင်း ရင်းများဖြစ်သည်။ အမေရိကား ၊ အစ္စရေး နှင့်ဆက်ဆံရေးသည်အမြဲဆိုသလိုတင်းမာမှုရှိနေခဲ့သည်ကတော့ ထူး ဆန်းသည့်ကိစ္စမဟုတ်သော်လည်း အစ္စလာမ်မစ် မဟာမိတ်နိုင်ငံများ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးသည်မ တည်မငြိမ်ဖြစ်ခဲ့ရသည်။ ၁၃၆၆ ဟဂျ် အဖြစ်အပျက်ပြီးနောက် စအူဒီအရဗ် နှင့်ဆက်ဆံရေးတင်းမာခဲ့ပြီးယာယီ အဆက်အသွယ်ဖြတ်ခဲ့ကြသည်။ ပါးရှန်း ပင်လယ်ကွေ့ရှိကျွန်းသုံးခုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရဗိစ္စ်သာန် နှင့် ပဋိပက္ခဖြစ်ခြင်း ၊ ဘဟ်ရိုင်းန် နိုင်ငံအား အီရန် ဘက်မှကာကွယ်ပံ့ပိုးသည်ဆိုသည့် စွပ်စွဲချက်နောက်ပိုင်းတွင် ၎င်းနိုင်ငံနှင့်မဟာမိတ်ဖြစ်ခြင်း ၊ ခါလစ်ဒ်အစ္စလာမ်ဘူလီ က အီရန် ဘက်မှရပ်တည်မှုကြောင့် အီဂျိဘ် နှင့်အဆ က်အသွယ်ပြတ်ခဲ့ခြင်း ၊ အီရန် အီရတ် စစ်ပွဲကြောင့် ကူဝိတ် နှင့်မဟာမိတ်ဖြစ်လာခြင်း ၊ ဂျော်ဒန် နှင့်မဟာမိတ် ဖြစ်လာခြင်း ၊ ယီမင်န် အစိုးရမှ ယီမင်န် နိုင်ငံရှိ ရှီအာများအားနှိပ်ကွပ်သည့်အပေါ် ဝေဖန်ပြောဆိုရာမှ ယီမင်န် အစိုးရနှင့်တင်းမာမှုများဖြစ်လာခြင်း စသည့်အဖြစ်အပျက်များတောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။ .

အီရန် သည် ရုရှား ၊ တရုတ်၊ ဆီးရီးယား ၊ နယူးဇီလန် တို့အား မိမိ၏အရေးပါသော မဟာမိတ်နိုင်ငံများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုနည်းတူစွာ အီရန် သည် လက်ဘနွန် မှ ဟိဇ်ဘွလ္လာ ၊ ဟာမားစ် ၊ မိုဘာရေဇါးန် ဟူစီး အဖွဲ့အစည်းများနှင့်လည်း သင့်မြတ်သောဆက်ဆံရေးများရှိသည်။

အီရန် ၏အကြီးမားဆုံးရန်သူဖြစ်သည့် သွာလေဘာန် နှင့် အီရတ်စစ်တပ်များ ရှုံးနိမ့်ပြီးနောက် ရန်သူတပ်များ ရှင်းသွားသည့်အတွက် ထိုအိမ်နီးချင်းနှစ်နိုင်ငံအတွင်း ဝင်ရောက်ထိုးဖောက်မှုများ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။ သို့ပါ၍ အာဖဂန်နစ္စတန် နှင့် အီရတ်၌ ကာလရှည်ကြာစွာ တပ်စွဲခဲ့သော အမေရိကန်စစ်တပ်များ နိုင်ငံခြားစစ်တပ်များ မဖြစ်မနေတပ်ဆုတ်ခဲ့ရသည်။ အီရန် သည်အမြဲဆိုသလို ထိုနိုင်ငံများ ကို စောင့်ကြပ်အကူအညီ ပေးနိုင်ခဲ့သည်။

ကိုးကြိမ်မြောက် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကာလဖြစ်သည့် သမ္မတ မဟ်မူဒ်အဟ်မဒ်ဒီနေဂျားဒ် ၏ခေတ်တွင် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ နိုင်ငံတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဟစန်ရူဟာနီ ၊အလီလာယီရ်ဂျာနီ၊ စအီးဒ်ဂျလီလီ တို့သည် ထိုပြောင်းလဲမှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများဖြစ်သည်။ ထိုပြောင်းလဲမှုများတွင် အမေရိကား ၊ လက်တင် ၊ အရှေ့အာရှနိုင်ငံများနှင့်ပုံမှန်ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း အာရပ်များ ဆူပူသောင်းကျန်းလာချိန်၊ ထိုနိုင်ငံများအတွင်းရှိ အမေရိကန် မဟာမိတ် စစ်ဖက်ဆိုင်ရာများ အင်အားလျော့နည်းလာချိန်တွင် အီရန်သည် အခွင့်အရေးကို အကောင်းဆုံး အသုံးချခြင်းအားဖြင့် မိမိ၏ မဟာမိတ်နိုင်ငံများဖြစ်သော အာရှအနောက်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းဒေသနိုင်ငံများကို အင်အားတောင့်တင်းစေရန် ကောင်းစွာကူညီပံ့ပိုးနိုင်ခဲ့သည်။ ထိုအခြေအနေလုပ်ရပ်တို့ဖြင့် ထကြွတော်လှန်သူတို့အကြား အတွေးအမြင် အကွက်အကွင်းများကို ချပြနိုင်ခြင်းသည် အီရန် ၏အောင်မြင်မှုတစ်ခုဟု ဆိုရပေမည်။

အီရန်အစ္စလာမ်မစ် နိုင်ငံတော်၏နိုင်ငံခြားရေးမူဝါဒ

[ပြင်ဆင်ရန်]

အီရန်အစ္စလာမ်မစ် စည်းမျဉ်းအရနိုင်ငံခြားရေးမူဝါဒ၏ အခြေခံများကို အောက်ဖော်ပြပါ အချက်များတွင်သိရှိနိုင်သည်။

  • အခြေခံဖွဲ့စည်းပုံနှင့် နိုင်ငံရေးမူဝါဒတွင် ကိုယ်ထူကိုယ်ထ မိမိကိုယ်မိမိအကောင်းဆုံးရပ်တည်မှု
  • နိုင်ငံတကာဆက်ဆံရေးတွင် လူမျိုးရေး နိုင်ငံရေးများကို ဦးစားပေးအလေးထားဆက်ဆံခြင်း
  • အီရန် ၏ နိုင်ငံခြားကုန်သွယ်ရေးကိစ္စများကို သီးသီးသန့်သန့်ဆောင်ရွက်ခြင်း
  • အစ္စရေး နှင့် ဆန့်ကျင်ပြီး ပါလက်စတိုင်းပြည်သူတို့ဘက်မှ ရပ်တည်ခြင်း
  • နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒတွင် တရားမျှတစွာဆက်ဆံရေးကိုဦးစားပေးခြင်း
  • စူပါ ပါဝါနိုင်ငံရေးအကျိုးအမြတ်ထုတ်မှု လှည့်ကွက်များနှင့် ကင်းဝေးစွာရပ်တည်ခြင်း
  • ကုလသမဂ္ဂ ၏ခွဲခြားကန့်သတ်သည့်စည်းမဉ်းများကိုဆန့်ကျင်ခြင်း
  • အီရန် ၏အင်အားနှင့်နိုင်ငံရေးမူဝါဒသည် သက်ဝင်ယုံကြည်မှုပိုင်းဆိုင်ရာကိုအခြေခံသည့်အတွက် ရလဒ်မှာ နိုင်ငံခြားရေးမူဝါဒ၌လည်း ယုံကြည်မှုပိုင်းကိုသာအခြေခံထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. by Graham E. Fuller (1991)။ The "Center of the Universe": The Geopolitics of Iran Unknown parameter |pulbisher= ignored (|publisher= suggested) (အကူအညီ)
  2. Haidar, J.I. , 2015."Sanctions and Exports Deflection: Evidence from Iran," Paris School of Economics, University of Paris 1 Pantheon Sorbonne, Mimeo