အီမန်ရှင်

ဝီကီပီးဒီးယား မှ

အီမန်ရှင် (အာရပ်: إمام‎ အများကိန်း أئمة‎) သည် အစ္စလာမ်ဘာသာ၌ ခေါင်းဆောင်နေရာတခု ဖြစ်သည်။ ဆွန္နီမူဆလင်များအတွက် အီမန်ရှင်ဟူသော ဝေါဟာရကို ဗလီတခု၏ ဝတ်ပြုခေါင်းဆောင်အတွက် သုံးစွဲသည်။ ဝတ်ပြုခြင်းဆိုင်ရာ အဆောင်အရွက်များ၊ ဝတ်ပြုရန်လာသူများနှင့် အသိုင်းအဝိုင်းဝင်များကို ဦးဆောင်မှုများ၊ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုများ ပြုရ၏။ ရှီယာမူဆလင်များအတွက်မူ အီမန်ရှင်ဟူသည် အစ္စလာမ္မစ်အသိုင်းအဝိုင်း၏ ခေါင်းဆောင် သို့ တမန်တော်မှဆင်းသက်သော အနွယ်တော်အသိုင်းအဝိုင်း၏ ခေါင်းဆောင်ကို ခေါ်သည်။