အီတလီခေါက်ဆွဲ Spaghetti

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အီတလီခေါက်ဆွဲ

အီတလီ ခေါက်ဆွဲ (Spaghetti) ကိုဘယ်အချိန်ဘယ်နေရာတွင် တီထွင်ခဲ့သည်နှင့် ပတ်သက်၍ နည်းလမ်းပေါင်းများစွာပေါ်ထွက်ခဲ့သည်။ ၁၁၅၄ ခုနှစ်ကဒုတိယမြောကက် ရော်ဂျာဘုရင်သည် ပထဝီနှင့်သမိုင်းသုတေသီဖြစ်သူ အဘူအဗ္ဗဒူလာ မိုဟာမက် အယ်လ်အက်ဒရစ်ဆီကို စစ္စလီနိုင်ငံနှင့် စပိန်၊ ပါဘာမိုစသောနယ်မြေများသို့ ခရီးထွက်ကာလေ့လာစေခဲ့သည်။ The Book of Roger အမည်ဖြင့် သူ၏ စွန့်စွန့်စားစားခရီးအကြောင်း စာအုပ်ထုတ်ခဲ့ပြီး ထိုအထဲတွင် အီတလီခေါက်ဆွဲနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။ စစ္စလီနိုင်ငံရှိ ထရာဘီယာမြို့တွင် တခြားဒေသများသို့ သင်္ဘောနှင့်တင်ပို့ရန် အီတလီ ဂျုံခေါက်ဆွဲအလုံးကြီးများကို တီထွင်ခဲ့ကြပြီး၊ ခေါက်ဆွဲအသေးများကိုပါ တီထွင်စားသောက်ခဲ့ကြသည်။ အစောပိုင်းကာလ အီတလီ ခေါက်ဆွဲများတွင် အသားနှင့် ဟင်းခတ်အမွှေးအကြိုင်ထည့်ကာ အရသာစုံဖြစ်အောင် ပြုလုပ်စားသောက်ကြပြီးအထက်တန်းလွှာများသာ စားသောက်လေ့ကြသည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  • 7 Day News ဂျာနယ်၊ ၂၀၀၈။