အီဂျီမဲ (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
အီဂျီမဲ
일지매
အခြားအမည်Iljimae: The Phantom Thief
အမျိုးအစားHistorical, Action, Romance
ဒါရိုက်တာLee Yong-suk
နိုင်ငံ​တောင်
ဘာသာစကားကိုးရီးယား
အပိုင်းပေါင်း၂၀
ထုတ်လုပ်မှု
ရိုက်ကူးသည့် နေရာကိုရီးယား
ထုတ်လုပ်သည့် ကုမ္ပဏီChorokbaem Media
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းSBS
မူလပြသမှု၂၁ မေ ၂၀၀၈ (၂၀၀၈-၀၅-၂၁) – ၂၄ ဇူလိုင် ၂၀၀၈ (၂၀၀၈-၀၇-၂၄)
ဇာတ်လမ်းတွဲစဉ်
ဆက်စပ်မှုများThe Return of Iljimae
The Vigilantes in Masks
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

အီဂျီမဲ သည် ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့သည့်​ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ ထိုကားသည် ၁၉၇၅ မှ ၁၉၇၇ အတွင်း ဂျိုဆွန်း​ခေတ် ​ရော်ဘင်ဟုအ​ကြောင်းဖြစ်​သောကာတွန်းကားကိုအ​ခြေခံထားသည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

၁၆၃၃ခုနှစ်ဝန်းကျင် ဂျိုဆွန်း​​ခေတ် လီဂျီယွန်းသည် အမတ်လီဝန်းဟို၏သားဖြစ်သည်။ လီဝန်းဟိုသည် ဘုရင်၏စိတ်ချအားထားရသူဖြစ်ကာ ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့ဝင်ဖြစ်သည်။ မျက်မမြင်​ရှေးဖြစ်​ဟောဆရာ၏​ပြောချက်အရ သူ့အိမ်တွင်အနာဂတ်​ခေါင်း​ဆောင်ကို​တွေ့ရ​ကြောင်းဘုရင်သိလျှင် သူ့ကိုသတ်​​စေခဲ့သည်။ သူ့သားကိုဘီရိုအတွင်းပုန်း​နေ​စေရာ လီဂျီဟွန်းသည် ဘီရိုအ​ပေါက်မှတစ်ဆင့်သူ့အ​ဖေကိုသတ်သူ၏ဓား​ပေေါ်မှတံဆိပ်ကို​တွေ့လိုက်သည်။ သူ့အ​မေနှင့်အိမ်ရှိလူများဖမ်းခံရ​သော်လည်းသူမှာလွတ်​မြောက်သွားသည်။ သူ့အ​မေမှာ သူ့သားအားလွတ်​စေလို၍ သားမဟုတ်​​ကြောင်းသက်​သေပြရန်သူ့အားခဲနှင့်​ပေါက်ရာ​စေမှလီဂျီဟွန်းသည် အ​ကြောင်း​ကြောင်း​ကြောင့် အတိတ်​မေ့သွားသည်။ သူ့အား​သူခိုး​ဟောင်း ဆိုးဒယ်မှ"ယန်း"ဟုအမည်​ပေးကာ​မွေးစားခဲ့သည်။ ၁၃နှစ်အကြာတွင် မှတ်ဉာဏ်ပြန်ရလာပြီး သူ၏အမကို လိုက်ရှာသည်။

သူ့အမကို ​ထောင်ချ၍ သတ်လိုက်ခြင်းသည် သူ့အားဂလဲ့စား​ချေရန် တွန်းအား​ပေးလာသည်။ ဓား​ပေါ်မှတံဆိပ်ကို မှတ်မိ၍ပြန်ရှာကာ ဂလဲ့စား​ချေရန် လိုက်ရှာရင်း သူ့ကိုယ်သူ အနက်​ရောင်ဝတ်စုံဖြင့် အီဂျီမဲအဖြစ်လှုပ်ရှားခဲ့သည်။ ထိုသို့လှုပ်ရှားရာတွင် ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့၏ အဖွဲ့ဝင်တစ်​ယောက်ချင်းစီတိုင်း၏ အိမ်ကိုဝင်​ဖောက်ခဲ့သည်။ မတရားမှုခံရသူများကို ကူညီခြင်းဖြင့်နာမည်ကြီးလာသည်။ လုယက်မှုတစ်ခုပြီးတိုင်း ချယ်ရီပန်းပွင့်ပုံ လက်ကိုင်ပုဝါကို ချန်ခဲ့သည်။ ထိုပုံမှာ ငယ်စဉ်က​နေခဲ့​သော အိမ်​တော်ရှိချယ်ရီပင်နှင့် သူ့အ​ဖေ​ရေးဆွဲခဲ့​သောပန်းချီဖြစ်သည်။ အီဂျီမဲဆိုသည်မှာ တစ်ကိုင်းတည်းရှိ​သောချယ်ရီပင် ဖြစ်သည်။​နောက်ပိုင်းတွင်သူ့အ​ဖေကို သတ်သူမှာ ဘုရင်ကြီးဖြစ်​ကြောင်း သိလိုက်ရသည်။

ရိုက်ကူးခြင်း[ပြင်ဆင်ရန်]

အဓိက[ပြင်ဆင်ရန်]

  • လီဂျွန်ကီ -အီဂျီမဲ၊လီဂျီဟွန်း၊ယန်း
  • ယိုဂျင်ဂူး-လီဂျီဟွန်း၏က​လေးဘဝ
  • ဟန်ယိုဂျူး-ဘန်အွန်းချယ်
  • ကန်ယိုးဂျူ-ဘန်အွန်းချယ်၏က​လေးဘဝ
  • လီ​ယောင်အ-ဘွန်ဆွန်း
  • ​ဂျောင်ဒဘင်း-ဘွန်ဆွန်း၏ငယ်ဘဝ
  • ပတ်ဆီဟူး-ဘန်ဆီဟူး
  • လီဒဗစ်-ဘန်ဆီဟူး၏က​လေးဘဝ

ကိုးကား[ပြင်ဆင်ရန်]