မာတိကာသို့ ခုန်သွားရန်

အီဂျယ်မျောင်း

ဝီကီပီးဒီးယား မှ
အီဂျယ်မျောင်း
이재명
李在明
အီဂျယ်မျောင်း (၂၀၂၅)
ကိုရီးယားသမ္မတနိုင်ငံ တောင်ကိုရီးယားနိုင်ငံ
၁၄ ဦးမြောက် သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ ဇွန် ၂၀၂၅
ဝန်ကြီးချုပ်
ယခင်လူယွန်းဆော့ယော (သမ္မတ)
ရီဂျူဟို (ယာယီသမ္မတ)
ကိုရီးယားသမ္မတနိုင်ငံ တောင်ကိုရီးယားနိုင်ငံ
အမျိုးသားလွှတ်တော် အဖွဲ့ဝင်
တာဝန်သက်တမ်း
၂ ဇွန် ၂၀၂၂ – ၄ ဇွန် ၂၀၂၅
ယခင်လူဆွံ ယောင်း-ဂီလ်
ဆက်ခံသူလစ်လပ်
မဲဆန္ဒနယ်ဂယယ်ယံ (ခ) (အင်ချောန်း)
ဒီမိုကရက်တစ်ပါတီ
ဆဋ္ဌမကြိမ်မြောက် အတိုက်အခံ ခေါင်းဆောင်
တာဝန်သက်တမ်း
၂၈ ဩဂုတ် ၂၀၂၂ – ၉ ဧပြီ ၂၀၂၅
ယခင်လူအူ-ဆံဟို
ဆက်ခံသူဘတ်ဂ် ချန်း-ဒယ် (ယာယီ)
ဂယောင်းဂီတိုင်း
၃၅ ကြိမ်မြောက် အုပ်ချုပ်ရေးမှူး
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၈ – ၂၅ အောက်တိုဘာ ၂၀၂၁
ယခင်လူနမ် ဂယောင်း-ဖီးလ်
ဆက်ခံသူ
  • အို ‌ဗျောင်း-ဂွန်း (ယာယီ)
  • ဂင် ဒွံ-ယောန်း
ဆောင်းနမ်မြို့၏
၁၉・၂၀ ကြိမ်မြောက် မြို့တော်ဝန်
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၀ – ၁၅ မတ် ၂၀၁၈
ယခင်လူအီ ဒယ်-ယူ့ပ်
ဆက်ခံသူအုန်း ဆူ-မီ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1963-12-08) ၈ ဒီဇင်ဘာ၊ ၁၉၆၃ (အသက် ၆၁)
 တောင်ကိုရီးယား တောင်ကိုရီးယားနိုင်ငံ၊ အန်ဒုံမြို့
နိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • အူရီပါတီ (၂၀၀၅~၂၀၀၇)
  • GUDNP (၂၀၀၇~၂၀၀၈)
  • UDP (၂၀၀၈~၂၀၁၁)
  • DUP (၂၀၁၁~၂၀၁၄)
ကြင်ဖော်ဂင် ဟျဲ-ဂယောင်း
သားသမီး၂ ဦး
အလုပ်အကိုင်နိုင်ငံရေးသမား၊စာရေးဆရာ
ကျွမ်းကျင်မှုရှေ့နေ
လက်မှတ်

အီဂျယ်မျောင်း(ကိုရီးယား: 이재명 李在明, ၈ ဒီဇင်ဘာ ၁၉၆၃ ~ )သည် ကိုရီးယားသမ္မတနိုင်ငံ၁၄ ဦးမြောက် သမ္မတဖြစ်သည်။ ယခင်သမ္မတ ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖရိုဖရဲဖြစ်ခဲ့ရသော အခြေအနေအောက် တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအသစ်၌ မဲအနိုင်ရပြီး သမ္မတအဖြစ် တာဝန်ယူခဲ့သည်။[][] ယင်းမတိုင်မီက တောင်ကိုရီးယားနိုင်ငံ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

အီဂျယ်မျောင်းသည် ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ အန်ဒုံမြို့၌ မွေးဖွားခဲ့သည်။ မိသားစုမှ ဆင်းရဲနွမ်းပါး၍ ငယ်စဉ်ကတည်းက လုပ်ငန်းခွင်အတွင်း၌ ရှင်သန် ဖြတ်သန်းခဲ့ရသည်။ အလုပ်လုပ်စဉ် ကာလအတွင်း လက်တစ်ဖက်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့၍ မသန်စွမ်းမှု တစ်ရပ်ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော် သူသည် ကိုယ်ပိုင်ကြိုးစားမှုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ဗဟိုတက္ကသိုလ်တွင် ဥပဒေရေးရာပညာရပ်ကို လေ့လာသင်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများအတွက် တရားရေးဆိုင်ရာ ရှေ့နေတစ်ဦး အဖြစ် လှုပ်ရှားခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

အီဂျယ်မျောင်းသည် ၂၀၁၀ ပြည့် နှစ်တွင် ဆောင်းနမ်မြို့၏ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ဂယောင်းဂီတိုင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

၂၀၂၅ ခုနှစ်တွင် ယခင်သမ္မတ ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအကြပ်အတည်းအပြီးတွင် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် မဲရလဒ် ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "DP's Lee taps top campaign aide Kim Min-seok as prime minister"၊ Yonhap News Agency၊ 4 June 2025။ 4 June 2025 တွင် ပြန်စစ်ပြီး 
  2. South Korea's new president has a Trump-shaped crisis to avertBBC (4 June 2025)။ 4 June 2025 တွင် ပြန်စစ်ပြီး။
  3. He Survived a Knife to the Neck. Now He’ll Lead a Divided South Korea.The New York Times (3 June 2025)။ 4 June 2025 တွင် ပြန်စစ်ပြီး။