မာတိကာသို့ ခုန်သွားရန်

အိုးအိတခရိုင်

ဝီကီပီးဒီးယား မှ
အိုးအိတခရိုင်
大分県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
 • Japanese大分県
 • RōmajiŌita-ken
အိုးအိတခရိုင်၏ အလံတော်
အလံတော်
အိုးအိတခရိုင်၏ တရားဝင်လိုဂို
Symbol
Location of အိုးအိတခရိုင်
အိုးအိတခရိုင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အိုးအိတခရိုင်
အိုးအိတခရိုင်
ကိုဩဒိနိတ်: 33°14′17.47″N 131°36′45.38″E / 33.2381861°N 131.6126056°E / 33.2381861; 131.6126056ကိုဩဒိနိတ်: 33°14′17.47″N 131°36′45.38″E / 33.2381861°N 131.6126056°E / 33.2381861; 131.6126056
Country ဂျပန်
RegionKyushu
IslandKyushu
CapitalŌita
SubdivisionsDistricts: 3, Municipalities: 18
အစိုးရ
 • GovernorKiichiro Satō
ဧရိယာ
 • စုစုပေါင်း၆၃၄၀.၇၃ စတုရန်းကီလိုမီတာ (၂၄၄၈.၁၇ စတုရန်းမိုင်)
ဧရိယာအဆင့်22nd
လူဦးရေ (June 1, 2019)
 • စုစုပေါင်း၁၁၃၆၂၄၅
 • အဆင့်33rd
 • သိပ်သည်းမှု၁၈၀/km၂ (၄၆၀/sq mi)
GDP[၁]
 • TotalJP¥4,901 billion
US$36.2 billion (2022)
ISO 3166 ကုဒ်JP-44
ဝဘ်ဆိုက်pref.oita.jp

အိုးအိတခရိုင် (大分県, Ōita-ken[၂]) သည် ဂျပန်နိုင်ငံ၊ ခယူးရှူးကျွန်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ အိုးအိတခရိုင်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူဦးရေ ၁,၀၈၁,၆၄၆ ဦး ရှိသည်။ ဧရိယာ ၆,၃၄၀ စတုရန်းကီလိုမီတာ (၂,၄၅၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ အိုးအိတခရိုင်သည် အနောက်မြောက်ဘက်တွင် ဖုခုအိုခခရိုင်၊ အနောက်တောင်ဘက်တွင် ခုမမိုတိုခရိုင်၊ တောင်ဘက်တွင် မိယဇခိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။[၃]

အိုးအိတမြို့သည် ခရိုင်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ ဘက်ပုမြို့၊ နခဆွတ်မြို့နှင့် ဆိုင်းခိမြို့တို့ ဖြစ်သည်။ အိုးအိတခရိုင်သည် ခယူးရှူးကျွန်း၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ခရိုင်သည် ရေပူစမ်းများ ရှိသည့်အတွက် ထင်ရှားသည်။ အွန်းဆန်းများ (ရေပူစမ်းများ) နှင့် ရောခန် (ဂျပန်စတိုင် တည်းခိုခန်း) များဖြင့် ခရီးသွားများအကြား ထင်ရှားသည်။ အထူးသဖြင့် ဘက်ပုမြို့ပတ်ဝန်းကျင်သည် ခရီးသွားများအကြား လူကြိုက်များသည်။ ခရိုင်သည် ဂျပန်နိုင်ငံရှိ အခြားသော မည်သည့်ခရိုင်ထက်မဆို အွန်းဆန်းများ ပိုမိုများပြားစွာ တည်ရှိသည်။[၄]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

အိုးအိတခရိုင်သည် ခယူးရှူးကျွန်း၏ မြောက်ဘက်နှင့် အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၁၉ ကီလိုမီတာ (၇၄ မိုင်)၊ မြောက်ဘက်မှ တောင်ဘက်သို့ ၁၀၆ ကီလိုမီတာ (၆၆ မိုင်) ရှည်လျားသည်။ စုစုပေါင်းဧရိယာ ၆,၃၄၀.၇၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

ခရိုသည် မြောက်ဘက်တွင် ဆုအိုရေကြောင်းနှင့် ဟွန်းရှူးကျွန်း၊ အရှေ့ဘက်တွင် အိယောရေကြောင်းနှင့် ရှိခိုခုကျွန်း၊ တောင်ဘက်တွင် မိယဇခခရိုင်၊ အနောက်ဘက်တွင် ဖုခုအိုခခရိုင်နှင့် ခုမမိုတိုခရိုင်တို့ ဝန်းရံတည်ရှိသည်။ ခရိုင်၏ မြောက်ဘက်နှင့် တောင်ဘက်ခြမ်းကို အိုးအိတခရိုင်၊ အဆုခိမြို့မှ ခုမမိုတိုခရိုင်၊ ယဆွတ်ရှိရိုမြို့အထိ ရှည်လျားစွာတည်ရှိနေသည့် ပြတ်ရွေ့ကြောလိုင်းဖြင့် ပိုင်းခြားထားသည်။ ၎င်းပြတ်ရွေ့ကြောလိုင်းသည် အိုးအိတမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ခရိုင်ကို အရှေ့မှ အနောက်သို့ ဖြတ်သန်းတည်ရှိနေသည့် အခြားပြတ်ရွေ့ကြောလိုင်းများ များစွာ ရှိသည်။ ခရိုင်၏ မြောက်ဘက်ပိုင်းသည် granite နှင့် metamorphic ကျောက်ဆောင်များဖြစ်ပြီး၊ တောင်ဘက်ပိုင်းဧရိယာသည် ထုံးကျောက်အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် ခရိုင်တောင်ဘက်ခြမ်းတွင် ဆွတ်ခုမိဘိလပ်မြေစက်ရုံနှင့် များစွာသော ထုံးကျောက်ဂူများ တည်ရှိသည်။ ခိရိရှိမတောင်တန်းသည် မီးတောင်ကြောတစ်ခုဖြစ်ပြီး ခရိုင်ကို ထောင်လိုက်အနေအထားဖြင့် ဖြတ်သန်းတည်ရှိသည်။ ဤတောင်ကြောတွင် များစွာသော ရေပူစမ်းရင်းမြစ်များနှင့် ဂူများ တည်ရှိသည်။ ရေပူစမ်းများစွာတည်ရှိသဖြင့် ခရီးသွားများအကြား ထင်ရှားသည့်နေရာဖြစ်သည်။ ရေပူစမ်းအရေအတွက်သည် ဂျပန်တစ်နိုင်ငံလုံးတွင် အများဆုံး ဖြစ်သည်။[၅]

ခရိုင်အတွင်းတွင် ယုဖုတောင်၊ ဆွတ်ရုမိတောင်၊ ဆိုဘိုတောင်နှင့် ခုဂျူးတောင်တို့ တည်ရှိသည်။ တောင်တန်းများတည်ရှိသဖြင့် ခရိုင်၏ ၇၀ ရာခိုင်နှုန်းသည် တောများဖြင့် လွှမ်းနေသည်။ ထိုတောင်တန်းများမှ စီးဆင်းဖြစ်တည်လာသည့် မြစ်များနှင့် ချောင်းများမှတဆင့် ခရိုင်တွင် သုံးစွဲရန်ရေများကို ပေါကြွယ်ဝစွာ ရရှိသည်။ ခရိုင်၏ အဓိကရေအရင်းအမြစ်များမှာ ယမခုနိမြစ် (ဟဲဆဲအိုဇဲခိဆည်နှင့် ယဘခဲဆည်)၊ ယက်ခန်းမြစ်၊ အိုးအိတမြစ်၊ အိုးနိုမြစ် (ဟခုဆုအိဆည်)နှင့် ဘန်းဂျောမြစ်တို့ ဖြစ်သည်။ ပင်လယ်ကမ်းခြေဘက်ခြမ်းတွင် ဘက်ပုပင်လယ်အော်နှင့် ဘွန်းဂိုရေကြောင်းလမ်းများ တည်ရှိသည်။

ခုဂျူးတောင်တန်း

ခုဂျူးတောင်သည် ခုဂျူးကုန်းမြင့်ဒေသနှင့် ဟန်းဒကုန်းမြင့်ဒေသတို့က ဝန်းရံထားသည့် မီးတောင်တစ်ခု ဖြစ်သည်။ ခုဂျူးတောင်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ မြက်ခင်းပြင်များတွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ခရိုင်တစ်ခုလုံးတွင် လွင်ပြင်ဒေသများစွာ ရှိပြီး မြောက်ဘက်တွင် နခဆွတ်လွင်ပြင်၊ အလယ်တွင် အိုးအိတလွင်ပြင်နှင့် တောင်ဘက်တွင် ဆိုင်းခိလွင်ပြင်တို့ တည်ရှိသည်။ ခရိုင်၏ ကုန်းတွင်းပိုင်းဧရိယာတွင် ဟိတ၊ ခုဆု၊ ယုဖုအင်းနှင့် တခဲတမြို့များ တည်ရှိသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အချက်အလက်များအရ ခရိုင်ကုန်းမြေဧရိယာ၏ ၂၈ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့တွင် အဆိုခုဂျူးနှင့် ဆဲတိုနိုင်းခိုင်းအမျိုးသားဥယျာဉ်၊ နစ်ပိုးခိုင်းဂန်း၊ ဆိုဘို - ခတမုခိနှင့် ယဘ - ဟိတ - ဟိခိုဆန်အမျိုးသားဥယျာဉ်၊ ဘွန်းဂိုဆုအိဒိုး၊ ဂျင်းခုခုဂျိဆဲရိခဝ၊ ခနိဆခိဟန်းတိုး၊ ဆိုဘိခတမုခိနှင့် ဆွတ်အဲဆန်းခဲစီရင်စုအမျိုးသားဥယျာဉ်များတို့ ပါဝင်သည်။[၆]

လက်ရှိကာလမြို့ပြနှင့် ဒေသများ

[ပြင်ဆင်ရန်]
အိုးအိတမြို့
ဟိတမြို့
ဘက်ပုမြို့
ယုဖုမြို့
ဆိုင်းခိမြို့

လက်ရှိအချိန်တွင် အိုးအိတခရိုင်တွင် မြို့ ၁၄ ခု၊ မြို့ငယ် ၃ ခုနှင့် ရွာတစ်ရွာ ရှိသည်။

အိုးအိတခရိုင် သည် Oita Prefecture တွင် တည်ရှိသည်
Beppu別府市
Beppu別府市
Bungo-Ōno豊後大野市
Bungo-Ōno豊後大野市
Bungotakada豊後高田市
Bungotakada豊後高田市
Hita日田市
Hita日田市
Kitsuki杵築市
Kitsuki杵築市
Kunisaki国東市
Kunisaki国東市
Nakatsu中津市
Nakatsu中津市
Ōita (capital)大分市
Ōita (capital)大分市
Saiki佐伯市
Saiki佐伯市
Taketa竹田市
Taketa竹田市
Tsukumi津久見市
Tsukumi津久見市
Usa宇佐市
Usa宇佐市
Usuki臼杵市
Usuki臼杵市
Yufu由布市
Yufu由布市
Hiji日出町
Hiji日出町
Himeshima姫島村
Himeshima姫島村
Kokonoe九重町
Kokonoe九重町
Kusu玖珠町
Kusu玖珠町
Municipalities in Ōita Prefecture      City      Town

မြို့ပြများ

[ပြင်ဆင်ရန်]

အိုးအိတခရိုင်တွင် မြို့ ၁၄ ခု ရှိသည်။ ၎င်းတို့မှာ -

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Beppu 別府市 125.34 113,045
Bungo-Ōno 豊後大野市 603.14 32,846
Bungotakada 豊後高田市 206.24 21,980
Hita 日田市 666.03 61,148
Kitsuki 杵築市 280.08 26,761
Kunisaki 国東市 318.10 25,721
Nakatsu 中津市 491.53 82,301
Ōita (capital) 大分市 502.38 474,804
Saiki 佐伯市 903.11 65,870
Taketa 竹田市 477.53 19,456
Tsukumi 津久見市 79.48 15,492
Usa 宇佐市 439.05 52,808
Usuki 臼杵市 291.20 34,155
Yufu 由布市 319.32 33,556

မြို့ငယ်နှင့် ရွာများ

[ပြင်ဆင်ရန်]

ခရိုင်အတွင်းရှိ ဒေသများတွင် အောက်ပါမြို့ငယ်နှင့် ရွာများလည်း တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ ဒေသ မြေပုံ
ရိုမဂျိ ခန်းဂျိ
Hiji 日出町 73.32 28,025 Hayami District
Himeshima 姫島村 6.98 1,930 Higashikunisaki District
Kokonoe 九重町 271.37 8,536 Kusu District
Kusu 玖珠町 286.51 14,085 Kusu District

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

အိုးအိတခရိုင်၏ စီးပွားရေးသည် စိုက်ပျိုးရေးပေါ်တွင် အခြေခံထားသည်။ ငါးလုပ်ငန်းနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတို့သည် ခရိုင်စီးပွားရေးလုပ်ငန်း၏ ဒုတိယနှင့် တတိယမြောက်လုပ်ငန်းများ ဖြစ်ကြသည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
Oita prefecture population pyramid in 2020

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ခရိုင်၏ စုစုပေါင်းလူဦးရေသည် ၁,၂၀၁,၇၁၅ ဦး ရှိသည်။ အသက်အုပ်စုခွဲခြားကြည့်ပါက လူဦးရေ၏ ၁၃.၃ ရာခိုင်နှုန်းသည် မွေးဖွားစအသက်အရွယ်မှ အသက် ၁၄ နှစ်ကြား ဖြစ်သည်။ ၆၀.၆ ရာခိုင်နှုန်းသည် အသက် ၁၅ နှင့် ၆၄ နှစ်ကြား ဖြစ်သည်။ ၂၅.၈ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့်အထက် ဖြစ်ကြသည်။

၂၀၀၈ ခုနှစ်တွင် အိုးအိတခရိုင်တွင် ဂျပန်လူမျိုးမဟုတ်သည့်နေထိုင်သူသည် ၁၁,၀၃၄ ဦး ရှိသည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလအချက်အလက်အရ အိုးအိတခရိုင်သည် ဂျပန်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားကျောင်းသားအရေအတွက် အမြင့်ဆုံးရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ အိုးအိတခရိုင်တွင် လူဦးရေ တစ်သိန်းတွင် နိုင်ငံခြားသားကျောင်းသားအရေအတွက်သည် ၃၃၉.၈ ဦး ရှိသည်။[၇] တိုကျိုမြို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တိုကျိုတွင် လူဦးရေ တစ်သိန်းလျှင် နိုင်ငံခြားသားကျောင်းသားအရေအတွက်သည် ၃၂၉.၄ ဦး ရှိသည်။ ရိဆွတ်မဲခန်အာရှပစိဖိတ်တက္ကသိုလ် (APU) သည် နိုင်ငံခြားသားကျောင်းသားများစွာ လက်ခံလျက်ရှိသည်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အိုးအိတခရိုင်တွင် နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ ကျောင်းသားပေါင်း ၄၁၆၀ ဦး ပညာသင်ကြားလျက်ရှိသည်။ အဓိကအနေဖြင့် တရုတ်နှင့် ကိုရီးယားကဲ့သို့သော အာရှနိုင်ငံများမှ ကျောင်းသားများ တက်ရောက်လျက်ရှိသည်။[၈]

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

အိုးအိတခရိုင်သည် အွန်းဆန်း (ရေပူစမ်း) များရှိသဖြင့် ခရီးသွားများအကြား ထင်ရှားသည်။ အထူးသဖြင့် ဘက်ပုမြို့ ပတ်ဝန်းကျင်ရှိ အွန်းဆန်းများ ဖြစ်သည်။ ဘက်ပုမြို့ရှိ အထင်ရှားဆုံးရေပူစမ်းမှာ "ဘက်ပုငရဲတွင်းများ" ဟု သိကြသည့် ရေပူစမ်း ဖြစ်သည်။ ထိုရေပူစမ်းများသည် ကြည်ရှုခြင်းသာပြုလုပ်နိုင်ပြီး ရေချိုးရေစိမ်ခြင်း ပြုလုပ်၍ မရပေ။[၉] ဘက်ပုမြို့တွင်ပင် ဘက်ပုဟက်တိုး (別府八湯) ဟု ခေါ်သည့် အွန်းဆန်းရှစ်ခု ရှိသည်။ ဘက်ပုမြို့အတွင်းတွင် အွန်းဆန်းအဆောက်အဦနေရာ ၁၅၀ ကျော် ရှိသည်။[၁၀][၁၁]

အုမိဂျိခိုခု (ပင်လယ်ငရဲ)၊ ဘက်ပုငရဲတွင်းများထဲမှ တစ်ခု

မြို့ရှိ တည်းခိုခန်းများနှင့် အများပြည်သူသုံးအွန်းဆန်းများသည် တူညီသည့်မီးတောင်များမှ ဖြစ်ပေါ်လာသည့် ရေအရင်းအမြစ်ကို အသုံးပြုထားသည်။ ချိဘတက္ကသိုလ်နှင့် တိုကျိုမြို့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အင်စတီကျုတို့သည် ပြန်လည်အသုံးပြုနိုင်မည့်စွမ်းအင်အတွက် ခရိုင်တွင် အစီရင်ခံစာ ပြုလုပ်ခဲ့ကြသည်။ အိုးအိတခရိုင်သည် မြေအောက်အပူစွမ်းအင်နှင့် ရေပူစမ်းများမှ ရရှိသည့်အပူဖြင့် စွမ်းအင်လုံလောက်မှု ၂၅.၂ ရာခိုင်နှုန်း ရှိသည်။ ဤနှုန်းသည် ဂျပန်နိုင်ငံတွင် ပထမအဆင့် ဖြစ်သည်။[၁၂]

ဘက်ပုမြို့သည် ခရီးသွားများစွာဖြင့် စည်ကားသည့် ဆိပ်ကမ်းမြို့တစ်ခုလည်း ဖြစ်သည်။ ဘက်ပုမြို့မှ ဖယ်ရီများဖြင့် ကုန်းတွင်းပိုင်းပင်လယ်ကို ဖြတ်ကာ အိုဆာကာနှင့် အခြားသော ဒေသများသို့ သွားရောက်နိုင်သည်။ ထို့အပြင် ဘက်ပုမြို့တွင် ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံအမျိုးမျိုးကိုလည်း လက်တွေ့စမ်းသပ်နိုင်သည်။

ဘက်ပုမြို့တွင် ခိဂျိမခိုးဂန်းဖျော်ဖြေရေးပန်းခြံ (城島高原パーク) ရှိသည်။ ဟိဂျိမြို့တွင် "ဟာမိုနီလန့်" (ハーモニーランド) ဟုခေါ်သည့် ဆန်းရိအိုဖျော်ဖြေရေးပန်းခြံ ရှိသည်။

ယုဖုအင်းမြို့သည် ခရီးသွားများအကြား ထင်ရှားသည့် အခြားသောရွေးချယ်စရာနေရာဖြစ်သည်။ မြို့တွင် အွန်းဆန်းများ၊ ဈေးဝယ်ရန်လမ်းများ၊ တည်းခိုခန်းများ၊ ယုဖုတောင် (由布岳, Yufudake) နှင့် ခင်ရင်းကန် (金鱗湖, Kinrin-ko) တို့ ရှိသည်။[၁၃]

ခုနိဆခိကျွန်းဆွယ်ဒေသသည် တောင်တက်ခြင်းအတွက် ထင်ရှားသည်။ ၎င်းတွင် များစွာသော တောင်ကြားမြစ်ဝှမ်းများ၊ ကျောင်းတော်များနှင့် ဗုဒ္ဓရုပ်ပွားတော်များ တည်ရှိသည်။[၁၄]

တခဆခိယမအမျိုးသားတိရစ္ဆာန်ဥယျာဉ်တွင် မျောက်များကို အစာကျွေးနေပုံ

အခြားသော ထင်ရှားသည့်နေရာတစ်ခုမှာ "တခဆခိမျောက်ပန်းခြံ" ဖြစ်သည်။ ဤမျောက်ပန်းခြံတွင် တောရိုင်းဂျပန်မျောက်များထားရှိရာနေရာနှင့် မျောက်များကို အစာကျွေးရာနေရာတို့ ပါရှိသည်။ ဤပန်းခြံသည် မူလအစက မျောက်များကို ဒေသရှိ သီးနှံများကို ဆွတ်ယူခြင်းမှ ကာကွယ်ရန်အတွက် ထိန်းသိမ်းထားရှိရန် စတင်ခဲ့သည်။ အစာကျွေးသည့်နေရာတွင် မျောက်များကို အနီးကပ် ကြည့်ရှုနိုင်သည်။

နခဆွတ်မြို့ရှိ ဟချိမန်းတောင်သည် "ကျောက်ဆောင်ပေါ်ရှိ ဖျော်ဖြေပွဲ" ကျင်းပရာမူလအစ ဖြစ်ခဲ့သည်။ ဤပွဲတော်တွင် နိုင်ငံပေါင်း ၃၀ ကျော်မှ အနုပညာတင်ပြမှုများကို ၂၀၀၄ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည်။ ပွဲတော်ကို ၂၀၀၅ ခုနှစ်တွင် နောက်တစ်ကြိမ် ကျင်းပခဲ့သည်။ ထို့နောက်တွင် ပွဲတော်ကို ဆက်လက်မကျင်းပတော့ပေ။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ကားလမ်း

[ပြင်ဆင်ရန်]

အဝေးပြေးလမ်းနှင့် တိုးဂိတ်လမ်းများ

[ပြင်ဆင်ရန်]

နိုင်ငံအဆင့်အဝေးပြေးလမ်းများ

[ပြင်ဆင်ရန်]
  • National Highway 10
  • National Highway 57
  • National Highway 197
  • National Highway 210 (Kurume-Hita-Oita)
  • National Highway 211 (Hita-Iizuka-Kitakyushu)
  • National Highway 212 (Nakatsu-Hita-Aso)
  • National Highway 213
  • National Highway 217
  • National Highway 326
  • National Highway 386 (Hita-Asakura-Chikushino)
  • National Highway 387
  • National Highway 388
  • National Highway 442
  • National Highway 496
  • National Highway 500
  • National Highway 502

မီးရထားလမ်း

[ပြင်ဆင်ရန်]

လေဆိပ်

[ပြင်ဆင်ရန်]

ဆိပ်ကမ်း

[ပြင်ဆင်ရန်]
  • ဘက်ပုဆိပ်ကမ်း - အိုဆာကာ၊ ဟီရိုရှီးမား၊ ယဝတဟမမြို့များသို့ ဖယ်ရီပြေးဆွဲပေးလျက်ရှိသည်။
  • အိုးအိတဆိပ်ကမ်း - ခိုးဘဲမြို့သို့ ဖယ်ရီပြေးဆွဲပေးလျက်ရှိသည်။
  • ဆိုင်းခိဆိပ်ကမ်း - ခုဆုမိုမြို့သို့ ဖယ်ရီပြေးဆွဲပေးသည်။

ရေပေါ်လျှပ်ပြေးယာဉ်များ

[ပြင်ဆင်ရန်]

အိုးအိတမြို့သည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ရေပေါ်လျှပ်ပြေးယာဉ်ဝန်ဆောင်မှု ရှိသဖြင့်လည်း ထင်ရှားသည်။ အိုးအိတရေပေါ်လျှပ်ပြေးယာဉ်သည် အိုးအိတမြို့နှင့် အိုးအိတလေဆိပ်အကြား ပြေးဆွဲပေးလျက်ရှိသည်။[၁၅][၁၆]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

https://www.discover-oita.com February 9, 2019, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. ↑ Nussbaum, Louis-Frédéric. (2005). "Ōita-ken" in Japan Encyclopedia, p. 742, p. 742, at Google Books.
  4. ↑ 日本一のおんせん県おおいた (in ja)။ 2024-07-24 တွင် ပြန်စစ်ပြီး။
  5. ↑ Ōita Prefectural Government. (2009). Reassurance, Vitality & Growth of Ōita Prefecture, p. 5.
  6. ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment (April 1, 2014)။ February 8, 2015 တွင် ပြန်စစ်ပြီး။
  7. ↑ "大分県全国一位人口10万人当たりの留学生" Oita Godo Shinbun. December 1, 2009. Morning Edition (Japanese) Translation from Japanese source, original text as follows:人口10万人に対する留学生の数が大分県は339・8人となり、東京都(329・4人)を抜いて初めて全国1位になった。
  8. ↑ "県内の留学生4千人を突発" Ōita Godo Shinbun. November 24, 2009. Morning Edition (Japanese)
  9. ↑ Beppu Hell Tour Course (January 24, 2023)။ 13 June 2024 တွင် ပြန်စစ်ပြီး။
  10. ↑ Beppu Hatto Information။ 12 June 2024 တွင် ပြန်စစ်ပြီး။
  11. ↑ 別府八湯温泉道とは?温泉愛が試されるスタンプラリーで目指せ"温泉名人"! (June 25, 2021)။ 13 June 2024 တွင် ပြန်စစ်ပြီး။
  12. ↑ "自然エネルギー自給率:大分県トップ" Mainichi Shinbun. January 4, 2010. Evening Edition (Japanese) Partial translation from Japanese source. Original text as follows:太陽光や風力、地熱など再生可能エネルギーでエネルギー需要をどの程度まかなっているかを示す都道府県別の自給率ランキングを、千葉大と環境エネルギー政策研究所(東京都)が推計した。トップは地熱発電や温泉熱利用が多い大分県で自給率は約25%。最下位は消費量が多い東京都で約0・2%だった。
  13. ↑ Yufuin။ 13 June 2024 တွင် ပြန်စစ်ပြီး။
  14. ↑ Organization၊ Japan National Tourism။ Kunisaki Peninsula | Oita | Kyushu | Destinations | Travel Japan - Japan National Tourism Organization (Official Site) (in en-us)။ 2024-07-29 တွင် ပြန်စစ်ပြီး။
  15. ↑ Hoverdrive။ 2024-07-04 တွင် ပြန်စစ်ပြီး။
  16. ↑ 国内唯一の「ホーバークラフト」就航 大分空港~大分市が約30分に 大分では16年ぶりの復活 (in ja)။ 2025-07-28 တွင် ပြန်စစ်ပြီး။