အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီး၏ ရုပ်ထု

ဝီကီပီးဒီးယား မှ
၁၅၇၂ ခုနှစ် ဖိလစ်ဂေါလ်မှ ပုံထွင်းထားသော ဖီးဒီးယပ်စ်၏ ဇုစ်ရုပ်တု၊ ပုံဆွဲထားသူမှာ မာတင် ဗန် ဟမ်းစကက် ဖြစ်သည်။

အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီး၏ ရုပ်တုမှာ ထိုင်နေသော ပုံစံ ဧရာမ ရုပ်တုကြီး တစ်ခုဖြစ်ပြီး ၄၃ပေ (၁၃ မီတာ) ခန့်မျှ မြင့်သည်။[၁] ဂရိလူမျိုး ပန်းပု ဆရာ ဖီးဒီးယပ်စ်မှ ဘီစီ ၄၃၅ ခုနှစ်တွင် ဂရိနိုင်ငံ အိုလမ်ပီယာရှိ သန့်စင်သော မြေနေရာတွင် ထုလုပ်ခဲ့ပြီး ဇုစ်ဘုရားကျောင်း အတွင်း စိုက်ထူထားခဲ့သည်။ သစ်သားပေါ်တွင် ဆင်စွယ်ပြား များနှင့် ရွှေပြားများဖြင့် ကပ်ထားသော ဂရိနတ်ဘုရား ဇုစ်နတ်မင်းကြီး၏ ရုပ်တုမှာ သစ်ကတိုးသားဖြင့် ပြုလုပ်ထားကာ ရင်းတိုက်သား၊ ဆင်စွယ်၊ ရွှေနှင့် အဖိုးတန်ကျောက်တုံးများဖြင့် အလှဆင်ထားသော ကြီးကျယ်သော ပုလ္လင်ပေါ်တွင် ထိုင်နေသည့် ပုံစံ ဖြစ်သည်။ ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါး တွင် တစ်ခု အပါအဝင်ဖြစ်ပြီး[၂] အေဒီ ၅ ရာစု အတွင်း ပျောက်ဆုံး ပျက်စီးခဲ့ကာ အစအနပင် ရှာမရဘဲ ၎င်းနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဂရိခေတ်သုံး ဒင်္ဂါးပြားများမှ တဆင့်သာ သိရသည်။

ဂရိတောင်ပိုင်း အဲလစ်ခရိုင်မှ အိုလံပီယာ ဇုစ်နတ်မင်းကြီး၏ ရုပ်တုပါဝင်သော ဒင်္ဂါးပြား

ကိုးကား[ပြင်ဆင်ရန်]

  1. Phidias from encyclopædiabritannica.com. Retrieved 3 September 2014
  2. Statue of Zeus from encyclopædiabritannica.com. Retrieved 22 November 2006