မာတိကာသို့ ခုန်သွားရန်

အိုယခိုဒွန်း

ဝီကီပီးဒီးယား မှ
အိုယခိုဒွန်း
Oyakodon
အမျိုးအစားDonburi
မူရင်းနိုင်ငံJapan
တီထွင်ခြင်း1891
အဓိက ပါဝင်ပစ္စည်းChicken, egg, and sliced scallion
Ingredients generally usedSoy sauce and stock
  Media: အိုယခိုဒွန်း

အိုယခိုဒွန်း (親子丼) သည် ဂျပန်လူမျိုးတို့၏ "ဒွန်းဘုရိ" ဟင်းပုံထမင်းတစ်မျိုးဖြစ်သည်။ အိုယခို၏ အဓိပ္ပါယ်မှာ "မိဘနှင့် ကလေး" ဟု အဓိပ္ပါယ်ရသည်။ ဤဟင်းတွင် အဓိကပါဝင်သည့်ပစ္စည်းမှာ ကြက်သားနှင့် ကြက်ဥ ဖြစ်သည့်အတွက် ဤအမည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ပါဝင်သည့်ပစ္စည်းများတွင် ကြက်သွန်မြိတ် (တစ်ခါတစ်ရံ ကြက်သွန်နီ)၊ ကြက်သား၊ ကြက်ဦ၊ ပဲငံပြာရည်တို့ ဖြစ်သည်။ ချက်ပြုတ်ပြီးစီးသည့် ဟင်းကို ထမင်းပေါ်တွင် ပုံပေးခြင်းအားဖြင့် စားသုံးရန်အသင့်အနေအထား ရရှိပြီ ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အိုယခိုဒွန်း၏ မူလရင်းမြစ်ကို မသိရှိရပေ။ ၁၈၈၄ ခုနှစ်တွင် ခိုးဘေးမြို့ရှိ စားသောက်ဆိုင်တစ်ခုအတွက် သတင်းစာတွင် ပါရှိသည့် ကြော်ငြာသည် အစောဆုံးသော အိုယခိုဒွန်းနှင့်ပတ်သက်သည့် ရေးသားဖော်ပြမှု ဖြစ်သည်။ ၎င်းကြော်ငြာတွင် "အိုယခို" နှင့် "ဒွန်း" ကို ပေါင်းစပ်ဖော်ပြသည့် အသုံးအနှုန်းကို သုံးနှုန်းထားသည်။ ကြော်ငြာများတွင် "အိုယခိုဂျောဒွန်း", "အိုယခိုနမိဒွန်း" နှင့် "အိုယခိုချူးဒွန်း" ဟူ၍ အရွယ်အစားပေါ်မူတည်ကာ ခေါ်ဝေါ်ကြသည်။[]

အမျိုးအမယ်များ

[ပြင်ဆင်ရန်]

အခြားသော ဂျပန်ဟင်းလျာများကိုလည်း "အိုယခိုဒွန်း" နှင့်အတူတွဲဖက်ကာ ထမင်းပေါ်တွင် ပုံပေးခြင်းမျိုးလည်း ရှိသည်။ ဥပမာအားဖြင့် ဝက်သား၊ အမဲသား စသည့်ဟင်းလျာများ ဖြစ်သည်။ ၎င်းကို "တနင်းဒွန်း" ဟု ခေါ်သည်။ တနင်းဒွန်း၏ အဓိပ္ပါယ်သည် "သူစိမ်းထမင်း" ဟု အဓိပ္ပါယ်ရသည်။[] ဆာမွန်ငါးနှင့် ဆာမွန်ငါးဥများကို အိုယခိုနှင့်အတူ ထမင်းပေါ်တွင် ပုံပေးသည် ထမင်းကို "ဆခဲအိုယခိုဒွန်း" (鮭親子丼) ဟု ခေါ်သည်။[ကိုးကားချက်လိုသည်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 親子丼(オヤコドンブリ)とは - Definition of "Oyakodon" (In Japanese)
  2. 明治36年(1903)、第五回内国勧業博覧会開催時に、親子丼が販売提供されていたか知りたい。 (in Japanese) (8 March 2011)။
  3. 関西の他人丼を知っていますか?地方の丼紹介! (in ja-JP)။ 2015-12-06 တွင် ပြန်စစ်ပြီး။
    Pamela Goyan Kittler; Kathryn P. Sucher; Marcia Nelms (22 August 2011)။ Food and Culture။ Cengage Learning။ p. 327။ ISBN 978-1-285-22561-6