အိုမိခုဂျိ
အိုမိခုဂျိ (御御籤/御神籤/おみくじ[၁]) သည် ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းများ၊ နတ်ကျောင်းများတွင် ရရှိနိုင်သည့် အနာဂတ်ဟောကိန်းများကို ရေးသားထားသည့် ကံစမ်းမဲစာရွက်များ ဖြစ်သည်။ ၎င်းစာရွက်များတွင် မိမိတို့၏ အနာဂတ်ဖြစ်ပျက်မည့် ကံကြမ္မာများကို ရေးသားထားသည်။ အိုမိခုဂျိကို သေတ္တာတစ်ခုထဲမှ နှိုက်ယူကာ မိမိ၏ အနာဂတ်ကံကြမ္မာကို ကြည့်ရှုကြသည်။ ၂၀၂၄ ခုနှစ်တွင် ဖော်ပြထားချက်အရ အလိုအလျောက်ရောင်းချပေးသည့်စက်များဖြင့်လည်း အိုမိခုဂျိကို ဝယ်ယူကံစမ်းနိုင်ကြသည်။[၂]
အိုမိခုဂျိတွင် အနာဂတ်မျှော်လင့်ချက်များ လက်တွေ့ဖြစ်လာနိုင်သည့်အခွင့်အလမ်းနှင့်ပတ်သက်သည်များ၊ ချစ်သူ သို့မဟုတ် မိတ်ဆွေများ ရရှိနိုင်မှု၊ ကောင်းမွန်သည့်အနာဂတ်ဘဝ ရရှိနိုင်မှု စသည်ဖြင့် အမျိုးမျိုးဟောကိန်းထုတ်ထားသည်များ ပါဝင်သည်။ ဟောကိန်းထုတ်ထားသည်များသည် ဆိုးရွားသောရလဒ်များဖြစ်ပါက ၎င်းစာရွက်ကို ခေါက်ကာ နတ်ကျောင်း သို့မဟုတ် ဗုဒ္ဓဘာသာကျောင်းရှိ ထင်းရှူးသစ်ပင်၊ နံရံရှိ ကြေးနန်းကြိုးများတွင် ချည်ထားခဲ့ကြသည်။ ထိုသို့ ချည်ထားခဲ့ခြင်းဖြင့် မကောင်းသည့် ကံဆိုးများသည် မိမိတို့နှင့်အတူပါမလာဘဲ ကျောင်းတော်တွင်သာအတူ ကျန်ရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်ရခြင်းသည် ဂျပန်ဘာသာစကားဖြင့် ထင်းရှူးပင်ကို "မဆွတ်" (松)ဟု ခေါ်ပြီး၊ "စောင့်သည်" ကိုလည်း "မဆွတ်" (待つ)ဟုပင် ခေါ်သည်။ ထို့ကြောင့် အသံထွက်ခြင်းတူသည့် ထင်းရှူးပင်တွင် ချည်ထားခဲ့ခြင်းဖြင့် မိမိတို့ မကောင်းသည့်ကံများသည် သစ်ပင်တွင် စောင့်ဆိုင်းနေကြကာ မိမိလက်ထဲတွင် ကိုင်ဆိုင်သွားကြသည်ထက် ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ကြသည်။ ကောင်းမွန်သည့်ဟောကိန်း ရရှိကြသူများသည် မိမိနှင့်အတူ အိုမိခုဂျိကို ယူဆောင်သွားကြသူများ ရှိသကဲ့သို့ ချည်ထားခဲ့ခြင်းဖြင့် ကောင်းမွန်သည့် ကံများသည် ပိုမိုကြီးများသည့် ကောင်းမွန်သည့်သက်ရောက်မှုများ ရှိမည်ဟု ယုံကြည်ကာ သစ်ပင် သို့မဟုတ် ကြေးနန်းကြိုးတွင် ချည်ထားခဲ့ကြသည်လည်း ရှိသည်။
အိုမိခုဂျိနှင့် ဆင်တူသည့် အဲမ (ema) ဟူသည့် ဓလေ့ထုံးတမ်းတစ်ခုလည်း ရှိသည်။ ဆုတောင်းသူသည် မိမိ၏ ဖြစ်လိုသောဆန္ဒကို ပြင်ဆင်ထားသည့်သစ်သားပြားပေါ်တွင် ရေးသားကာ သတ်မှတ်ထားသည့်စင်တွင် ချိတ်ဆွဲကြသည်။
ကံကြမ္မာများ
[ပြင်ဆင်ရန်]
Ganzan Daishi Hyakusen အစီအစဉ်အရ လူတစ်ယောက်၏ ကံကြမ္မာကို အနိမ့်အမြင့်ကို ဖော်ပြသည့် စကားလုံးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ကံအလွန်ကောင်း (大吉, dai-kichi)
- ကံကောင်း(吉, kichi)
- ကံအနည်းငယ်ကောင်း (小吉, shō-kichi)
- ကံထက်ဝက်ကောင်း (半吉, han-kichi)
- အနာဂတ်အတွက်ကံကောင်း (末吉, sue-kichi)
- အနာဂတ်အတွက် ကံအနည်းငယ်ကောင်းg (末小吉, sue-shō-kichi)
- ကံဆိုးခြင်း(凶, kyō)
ထို့အပြင် အခြားသော ကံအနိမ့်အမြင့်ကို ဖော်ပြသည့် စကားလုံးများလည်း ရှိသေးသည်။ အလယ်အလတ်ကံကောင်းခြင်း (中吉, chū-kichi)၊ အလွန်အမင်းကံဆိုးခြင်း (大凶, dai-kyō) နှင့် ကံဆိုးကံကောင်းမဆုံးဖြတ်နိုင်သေးခြင်း (吉凶未分, kikkyō imada wakarazu) တို့ ဖြစ်သည်။ 吉凶未分 သည် လူတစ်ယောက်၏ ကံဆိုးခြင်းကံကောင်းခြင်းသည် ထိုသူ၏ လုပ်ဆောင်မှုများအပေါ်တွင်မူတည်သည်ဟု အဓိပ္ပါယ်ရသည်။
ကံကြမ္မာများကို ဖော်ပြရာတွင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဖော်ပြကြသည်လည်း ရှိသည်။
- hōgaku (方角) – ကံကောင်းခြင်း/ ကံဆိုးခြင်းဦးတည်ရာ
- negaigoto (願事) – လူတစ်ယောက်၏ ဆန္ဒ
- machibito (待人) – မိမိအားစောင့်မျှော်နေသူ
- usemono (失せ物) – ပျောက်ဆုံးပစ္စည်း
- tabidachi (旅立ち) – ခရီး
- akinai (商い) – စီးပွားရေး
- gakumon (学問) – စာလေ့လာမှု
- sōba (相場) – ဈေးကွက်မှန်းဆမှု
- arasoigoto (争事) – အငြင်းပွားမှု
- ren'ai (恋愛) – အချစ်ရေးပတ်သက်မှု
- tenkyo (転居) – နေရပ်ပြောင်းခြင်း
- shussan (出産) – ကလေးဖွားမြင်ခြင်း
- byōki (病気) – ဖျားနာမှု
- endan (縁談) – လက်ထပ်ခြင်းနှင့် စေ့စပ်ခြင်း
Fortune Cookies နှင့်ဆက်စပ်နေမှု
[ပြင်ဆင်ရန်]Fortune cookies များသည်လည်း အိုမိခုဂျိယဉ်ကျေးမှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အမေရိကန် fortune cookies များသည် ကျိုတိုရှိ မုန့်ကြွပ်ဖြစ်သည့် tsujiura senbei မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။[၃][၄]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- Young people in Osaka comparing omikuji on New Year's Eve
- An omikuji vending machine at Tsurugaoka Hachiman-gū
- Pocket omikuji
- Decorative pocket omikuji
- Children drawing omikuji fortune sticks from a metal cylinder at Asakusa Temple (Sensoji) in Tokyo, Japan.
ကိုးကား
[ပြင်ဆင်ရန်]- ↑ Basic Terms of Shinto, Kokugakuin University, Institute for Japanese Culture and Classics, Tokyo 1984
- ↑ Basic Terms of Shinto, Kokugakuin University, Institute for Japanese Culture and Classics, Tokyo 1984
- ↑ A History of Fugetsu-Do, www.fugetsu-do.com
- ↑ Lee, Jennifer 8. (January 16, 2008). "Solving a Riddle Wrapped in a Mystery Inside a Cookie" "feb 24 2004 how to see your fortune the fortune cookie" The New York Times. Retrieved on January 16, 2008.