အိုမာ ခေယမ်

ဝီကီပီးဒီးယား မှ
အိုမာ ခေယမ်
عمر خیام
မွေးဖွား(1048-05-18)မေ ၁၈၊ ၁၀၄၈[၁]
နီရှာပူရ (Nishapur)ခိုရာစန် (Khorasan)
ဆုံးပါးဒီဇင်ဘာ ၄၊ ၁၁၃၁(1131-12-04) (အသက် ၈၃)[၁]
ခိုရာစန်
ဂိုဏ်း သို့ ဓလေ့စုပါးရှန်း သင်္ချာပါးရှန်းကဗျာပါးရှန်း အတွေးအခေါ်
ပင်မစိတ်ဝင်စားမှုများသင်္ချာနက္ခတ္တဗေဒဒဿနိကဗေဒကဗျာ

အိုမာ ခေယမ် (အင်္ဂလိပ်: Omar Khayyámပါရှန်း: ‏عمر خیام‎၊ (1048-05-18)မေ ၁၈၊ ၁၀၄၈–ဒီဇင်ဘာ ၄၊ ၁၁၃၁(1131-12-04)) သည် ပါးရှန်းလူမျိုး သင်္ချာ၊ နက္ခတ္တဗေဒ၊ ဒဿနိကဗေဒနှင့် ကဗျာကဝိတစ်ဦး ဖြစ်သည်။ မက္ကန်းနစ်ပညာရပ်၊ မြေပုံနှင့် ပထဝီဝင်၊ ဓာတ်သတ္တုဗေဒ၊ ဂီတနှင့် အစ္စလာမ်ဘာသာရေး သဘောတရားများနှင့် ပတ်သက်၍လည်း ကျမ်းပြုခဲ့သူ တစ်ဦးဖြစ်သည်။[၁]

ကလေးဘဝကို အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh တွင် နေထိုင်ရင်း ရှိတ်မူဟာမက်မန်ဆူရီ၊ အီမန်မိုဝါပတ် နစ်ရှပူရီတို့ထံတွင် ပညာဆည်းပူးသည်။ Treatise on Demonstration of Problems of Algebra ကျမ်းကို ပြုစုသည်။ အိုမာ ခေယမ်၏ ပြက္ခဒိန်သည် သူ့ထက် အနှစ်ငါးရာ နောက်ကျသော ဂရီဂိုရိယံပြက္ခဒိန်ထက် ပိုတိကျသည် ဟုဆိုသည်။[ကိုးကားချက်လိုသည်] ရှေးဟောင်းဂရိ အတွေးအခေါ်ပညာရှင်များက နေနှစ်တစ်နှစ်တွင် (၃၆၅)ရက်ရှိ ဟုသက်မှတ်ကြသည်။ မိုဟမ္မတ် ဗင် ဂျာဘိရ် အလ်ဘသာနီ ကမိမိရှာဖွေတွေ့ရှိချက်ကိုအခြေခံ၍ဆိုသည်မှာ (၃၆၅)ရက်(၅)နာရီ(၄၆)မိနစ်နှင့်(၂၄)စက္ကန့်ရှိ၏။ အိုမရ် ခေယားမ် ၏ တွေ့ရှိချက်မှာ (၃၆၅)ရက်(၅)နာရီ(၄၉)မိနစ် ဟု ဆို၏။ ယနေ့မျက်မှောက်နည်းပညာထွန်းကားချိန်၌ နေနှစ်တစ်နှစ်တာ မှာ (၃၆၅)ရက်(၅)နာရီ(၄၈)မိနစ်နှင့်(၄၈.၇)စက္ကန့် ဟု မှတ်သားထားကြပေရာ အိုမရ်ခေယားမ် ၏တွက်ချက် ပြောဆိုမှုနှင့် ခေတ်သစ်တွက်ချက်မှု ရလဒ် တို့သည် (၁၁.၃)စက္ကန့်မျှသာ ကွာသည်ဟု တွေ့ရပေသည်။ အီရန် နေနှစ်ပြက္ကဒိန်တွင်လည်း ရက်ပို(၅)ရက်ကို (၁၂)လတွင်ခွဲထည့်ပေးပြီး (၃၀)ရက်လများနှင့်(၃၁)ရက်လများအဖြစ်ပြုပေးခဲ့၏။ နေနှစ်သည် (၃၆၅)ရက်(၆)နာရီနီးပါးရှိရာ အတိအကျခွဲနိုင်ရန် (၄)နှစ်လျင်တစ်ကြိမ် ရက်ထပ်ရက်အဖြစ်ပြုလုပ်ပြီး ထိုနှစ်တွင် လတစ်လ၌ တစ်ရက်တိုးပေးပြီး ထိုနှစ်ကို(၃၆၆)ရက် အဖြစ်သက်မှတ် ကျင့်သုံးစေခဲ့ သူမှာလည်း အုမ်မရ် ခေယားမ်သာလျင်ဖြစ်၏။<<ကိုးကားကျမ်း-သဖ်ဟီးမွလ် ဖလကီယားသ်၊ စာမျက်နှာ(၂၂-၂၃)ကျမ်းရှင်-အစဒုလ္လာဟ်ရှဟ်ဗားစ်(ဂျာမေအာရရှီးဒ်ကျောင်းဆရာ)>>

ကဗျာဘက်တွင်လည်း အိုမာ ခေယမ်၏ Rabiayat of Omar Omar Khayyam အိုမာ ခေယမ်၏ ရူဘီယတ်ကဗျာများသည် ကမ္ဘာကျော်သည်။

အညွှန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  • Tuerkdogan၊ Ibrahim၊ Omar Khayyam and Max Stirner၊ Translated by Ulrike Hirschhäuser၊ Projektmaxstirner.deFebruary 2, 2015 တွင် ပြန်စစ်ပြီး