အိုင်းယွန်း ဘရစ်ချ် ချောက်ကမ်းပါး
| အိုင်းယွန်း ဘရစ်ချ် ချောက်ကမ်းပါး* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| ချောက်ကမ်းပါးတွင်း ဖြတ်ထိုးထားသော သံတံတား (အိုင်းယွန်း ဘရစ်ချ်) | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | i, ii, iv, vi |
| ကိုးကား | ၃၇၁ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၆ (ဒသမအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |

အိုင်းယွန်း ဘရစ်ချ် ချောက်ကမ်းပါး သည် အင်္ဂလန်နိုင်ငံ ရှယော့ပ်ရှိုင်းယားတွင် တည်ရှိပြီး ဆဲဗင်းမြစ် ဖြတ်သန်းစီးဆင်းလျှက်ရှိသော နက်ရှိုင်းသော ချောက်ကမ်းပါး တစ်ခု ဖြစ်သည်။ ၎င်းသည် ရေခဲခေတ်၏ အဆုံးတွင် တဖြည်းဖြည်းချင်း ခမ်းခြောက်သွားသော လက်ဝေါ့ပ်ကန် မှ ရေခဲစီးကြောင်းများ လျှံကျခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ချောက်ကမ်းပါးမှ နက်ရှိုင်းစွာ ထိုးခွဲထားသော ကျောက်သားများမှ စီးပွားဖြစ်ထုတ်လုပ်နိုင်သော ကျောက်မီးသွေးများ၊ သံများ၊ ထုံးကျောက်များနှင့် မီးခံမြေစေးများကို ပေါ်ထွက်စေခဲ့သဖြင့် စက်မှုတော်လှန်ရေး အစောပိုင်းကာလအတွင်း၌ ဒေသအတွင်း အလျှင်အမြန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
မူလက ဆဲဗင်း ချောက်ကမ်းပါးဟု ခေါ်ဆိုခဲ့ကြသော်လည်း ယခုအခါ ချောက်ကမ်းပါးတွင်ရှိသော ထင်ရှားသည့် ကမ္ဘာပေါ်တွင် ပထမဆုံး တည်ဆောက်ခဲ့သည့် အမျိုးအစား သံတံတား (အိုင်းယွန်း ဘရစ်ချ်) ကို အစွဲပြု၍ အိုင်းယွန်း ဘရစ်ချ် ချောက်ကမ်းပါးဟု ခေါ်ကြသည်။ တံတားကို ၁၇၇၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး စက်မှုမြို့ဖြစ်သော ဘရာဆလီမြို့ကို ပိုမိုသေးငယ်သော သတ္တုတွင်းမြို့ဖြစ်သည့် မိတ်ဒလေမြို့ နှင့် တိုးတက်လာနေသာ စက်မှုမြို့ ဖြစ်သည့် ကိုးလ်ဘရွတ်ဒေးလ်မြို့တို့နှင့် ဆက်သွယ်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။