အိုင်ယွန်ပြုရောင်ခြည်

ဝီကီပီးဒီးယား မှ
အိုင်ယွန်ပြုရောင်ခြည် အန္တရာယ် သတိပေးသင်္ကေတ

အိုင်ယွန်ပြုရောင်ခြည် (အင်္ဂလိပ်: Ionizing radiation) ဆိုသည်မှာ အက်တမ် သို့မဟုတ် မော်လီကျူးများ၏ အီလက်ထရွန်များကို လွတ်မြောက်သွားအောင် အထိစွမ်းဆောင်နိုင်သည့် စွမ်းအင်ကို သယ်ဆောင်သော ရောင်ခြည်ကို ခေါ်သည်။ အိုင်ယွန်ပြုရောင်ခြည် သည် စွမ်းအင်မြင့်မားသည့် အလွန်လျင်မြန်စွာ ရွေ့လျားနေသည့် အက်တမ်အောက်အမှုန်များ၊ အိုင်ယွန်များနှင့် အက်တမ်အမှုန်များ သို့မဟုတ် လျှပ်စစ်သံလိုက် ရောင်စဉ်၏ စွမ်းအင်အမြင့်အပိုင်းတွင်ရှိသော လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်နိုင်သည်။

ဂမ္မာရောင်ခြည်အိတ်စ်ရေးရောင်ခြည်နှင့် အမြင့်ပိုင်း ခရမ်းလွန်ရောင်ခြည် များသည် အိုင်ယွန်ပြုရောင်ခြည် ဖြစ်သော လျှပ်စစ်သံလိုက်လှိုင်း ရောင်စဉ်များ ဖြစ်ကြသည်။ အနိမ့်ပိုင်း ခရမ်းလွန်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်အောက် နိမ့်သော ကြိမ်နှုန်းရှိသည့် အလင်းရောင်အနီအောက်ရောင်ခြည်မိုက်ကရိုဝေ့ဗ်နှင့် ရေဒီယိုလှိုင်းများသည် အိုင်ယွန်ပြုရောင်ခြည်များ မဟုတ်ကြပါ။ ခရမ်းလွန်ရောင်ခြည်များမှာ အိုင်ယွန်ပြုရောင်ခြည် ဟုတ်ခြင်းမဟုတ်ခြင်း ခွဲ့ခြားရာမှာ တိကျတဲ့သတ်မှတ်မှုမရှိပါ။ အဘယ်ကြောင့်ဆိုသည် အဆိုပါကွာခြားမှုသည် ၎င်းသက်ရောက်သည့် အက်တမ်နှင့် မော်လီကျူးများ၏ အခြေအနေပေါ် မူတည်၍ အိုင်ယွန်ပြုနိုင်စွမ်း ကွာခြားသောကြောင့်ဖြစ်သည်။ ရေဒီယိုသတ္တိကြွခြင်းတွင် ပေါ်ထွက်သည့် အယ်လ်ဖာအမှုန်ဘီတာအမှုန်နှင့် နျူထရွန်များသည် အိုင်ယွန်ပြုနိုင်စွမ်းရှိသော အက်တမ်အောက် အမှုန်များ ဖြစ်ကြသည်။ ရေဒီယိုသတ္တိကြွ ရောင်ခြည်အားလုံးသည် အိုင်ယွန်ပြုရောင်ခြည်များ ဖြစ်ကြသည်။ အဘယ်ကြောင်ဆိုသော် ရေဒီယိုသတ္တိကြွခြင်းတွင် ထုတ်လွှတ်သည့် စွမ်းအင်သည် အိုင်ယွန်ပြုရန်အတွက် လိုအပ်သော စွမ်းအင်ထွက် လွန်စွာ ပိုမိုများပြား၍ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]