အိုင်ဒါ ဟာရီကိန်း

ဝီကီပီးဒီးယား မှ
Hurricane Ida
အဆင့် ၄ ကြီးမားသော ဟာရီကိန်း (SSHWS/NWS)
ဩဂုတ်လ ၂၉ ရက်နေ့ လူဝီစီယားနားပြည်နယ် ကုန်းမြေတွင်းသို့ ဝင်ရောက်ခါနီး အပြင်းဆုံးအနေအထားသို့ ရောက်ရှိလာသော အိုင်ဒါဟာရီကိန်း
ဖြစ်ပေါ်ခြင်း၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်
ကွယ်ပျောက်ခြင်းလက်ရှိတိုက်ခတ်နေ
အမြင့်ဆုံးလေတိုက်နှုန်း1-minute sustained: တစ်နာရီ ၁၅၀ မိုင်နှုန်း (တစ်နာရီ ၂၄၀ ကီလိုမီတာနှုန်း)
အနိမ့်ဆုံး လေဖိအား၉၂၉ mbar (hPa)၊ ၂၇.၄၃ inHg
အသေအပျောက်2 total
ပျက်စီးမှု≥15000
သက်ရောက်သည့် ဧရိယာကိုလံဘီယာနိုင်ငံပနားမားနိုင်ငံဂျမေကာနိုင်ငံကျူးဘားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ပင်လယ်ကွေ့ကမ်းရိုးတန်းဒေသ(အထူးသဖြင့် လူဝီစီယားနားပြည်နယ်)
၂၀၂၁ အတ္တလန္တိတ်ဟာရီကိန်းရာသီ ၏ အစိတ်အပိုင်း

အိုင်ဒါ ဟာရီကိန်းသည် အားပျော့သော အပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပြီး အမေရိကန်ပြည်နယ်တစ်ခုဖြစ်သည့် လူဝီစီယားနားပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းများတွင် ကတ်ထရီနာ ဟာရီကိန်းပြီးပါက ဒုတိယမြောက် အပြင်းဆုံး ဟာရီကိန်းမုန်းတိုင်းဖြစ်ခဲ့သည်။ ကိုးခုမြောက် အမည်ပေးထားသော မုန်တိုင်းနှင့် စတုတ္ထမြောက်ဟာရီကိန်းမုန်တိုင်းဖြစ်ပြီး ၂၀၂၁ အတ္တလန္တိတ် ဟာရီကိန်းရာသီတွင် ဒုတိယမြောက် အားကောင်းသော ဟာရီကိန်းဖြစ်သည့် အိုင်ဒါသည် အပူလှိုင်းများမှ ဖြစ်ပေါ်လာခဲ့ပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် အမျိုးသားဟာရီကိန်းဗဟိုဌာနမှ ထောက်လှမ်းမိပြီး ကာရစ်ဘီယံပင်လယ်အတွင်းသို့ ရွေ့လျားသွားသည်ဟု ဆိုသည်။ အနောက်မြောက်အရပ်သို့ ရွေ့လျားပြီး ဂျာမေကာနှင့် ကျူးဘားကမ်းခြေသို့ ဦးတည်သွားသောအခါ အားကောင်းသော အခြေအနေများသည် လှိုင်းများအား ဩဂုတ်လ ၂၆ ရက်နေ့တွင် ၉ ခုမြောက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဖြစ်လာစေခဲ့သည်။ ဂျာမေကာအနောက်ပိုင်းအား ဖြတ်သန်းသွားနေစဉ် လေဖိအားနည်းရပ်ဝန်းသည် အပူပိုင်းမုန်တိုင်းအိုင်ဒါအဖြစ် အားကောင်းလာခဲ့သည်။ မြောက်-အနောက်မြောက်သို့ ဖြတ်သန်းနေစဉ် အားပျော့သွားကာ Light wind shear များ ရှိနေပြီး ကျူးဘားနိုင်ငံ၏ အနောက်ဘက်ကို ဖြတ်သန်းသွားစဉ် ဩဂုတ် ၂၇ ရက် 18:00 UTC တွင် အိုင်ဒါသည် အားကောင်းသော ဟာရီကိန်းအဖြစ်သို့ စုစည်းသွားသည်။


ဩဂုတ်လ ၂၈ ရက်နေ့တွင် မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ ရွေ့လျားနေစဉ်အတွင်း အိုင်ဒါသည် Light wind shear နှင့် အလွန်ပူနွေးသော ပင်လယ်မျက်နှာပြင်အပူချိန်များကြောင့် အလျင်အမြန်အားကောင်းလာခြင်း (rapid intensification) ဖြစ်ပေါ်လာခဲ့ပြီး နောက်တနေ့ အစောပိုင်းတွင် အလွန်အားကောင်းသော မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ မုန်တိုင်းသည် လူဝီစီယားနားကမ်းရိုးတန်းသို့ ချဉ်းကပ်လာခဲ့ပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် အိုင်ဒါသည် အမြင့်ဆုံးတိုက်ခတ်သော လေပြင်းအား ၁၅၀ mph (၂၄၀ km/h)နှင့် အနိမ့်ဆုံး လေဖိအား ၉၂၉ mbar (၂၇.၄ inHg) တွင်ရှိနေပြီး ၎င်း၏ အမြင့်ဆုံးသောပြင်းအားအခြေအနေတွင် ရှိနေသည်။

အိုင်ဒါသည် ကုန်တွင်းပိုင်းသို့ ကနဦးဝင်ရောက်ချိန်တွင် ၎င်း၏ ပြင်းအားကို ထိန်းသိမ်းနိုင်ခဲ့ပြီး လူဝီစီးယားနားကုန်းတွင်းပိုင်းတွင်းသို့ ရောက်ချိန် ဩဂုတ် ၃၀ ရက်တွင် အပူပိုင်းမုန်းတိုင်းတစ်ခုအဖြစ်သို့ လျော့ကျသွားသည်။ အိုင်ဒါသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေးလျားပြီး အမေရိကန် အရှေ့တောင်ပိုင်းအား ဖြတ်သန်းစဉ် အားလျော့သည်လက္ခဏာများ ထွက်ပေါ်လာခဲ့ပြီး ထိုနေ့၏ 21:00 UTC တွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းဖြစ်၍လာခဲ့သည်။


ဩဂုတ်လ ၃၀ ရက်နေ့ထိ စာရင်းများအရ လူဝီစီးယားနားပြည်နယ်တွင် အိုင်ဒါဟာရီကိန်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။[၁][၂]


ကိုးကား[ပြင်ဆင်ရန်]

  1. Mitchell, David။ "Hurricane Ida's first confirmed death: Man killed in Ascension Parish after tree falls on home"၊ The Advocate (Louisiana)၊ August 29, 2021။ August 29, 2021 တွင် ပြန်စစ်ပြီး 
  2. Macaya, Melissa (2021-08-30)။ Live updates: Ida path, Louisiana landfall and news coverage (in en)။ 2021-08-30 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]