အိုခုရှိရိကျွန်း
Native name: 奥尻島, Okushiri-tō | |
|---|---|
Relief Map | |
Location of Okushiri off Hokkaido | |
| Geography | |
| တည်နေရာ | East Asia |
| ကိုဩဒိနိတ် | 42°08′57″N 139°28′02″E / 42.14917°N 139.46722°Eကိုဩဒိနိတ်: 42°08′57″N 139°28′02″E / 42.14917°N 139.46722°E |
| Archipelago | Japanese archipelago |
| ဧရိယာ | ၁၄၂.၉၇ km2 (၅၅.၂၀ sq mi) |
| အလျား | ၂၇ km (၁၆.၈ mi) |
| အကျယ် | ၁၁ km (၆.၈ mi) |
| Coastline | ၈၄ km (၅၂.၂ mi) |
| Highest elevation | ၅၈၄ m (၁၉၁၆ ft) |
| အမြင့်ဆုံးအမှတ် | Mount Kamui |
| Administration | |
Japan | |
| Hokkaido | |
| Hiyama Subprefecture | |
| Okushiri District | |
| Okushiri | |
| Demographics | |
| Population | 3343 (2009-03-31) |
| Pop. density | ၂၃.၄ /km၂ (၆၀.၆ /sq mi) |
| Ethnic groups | Japanese |

အိုခုရှိရိကျွန်း (奥尻島, Okushiri-tō) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးရှိ ကျွန်းတစ်ခု ဖြစ်သည်။ ဧရိယာ ၁၄၂.၉၇ စတုရန်းကီလိုမီတာ (၅၅.၂၀ စတုရန်းမိုင်) ရှိသည်။ အိုခုရှိရိမြို့နှင့် ဟိယမခရိုင်အမျိုးသားဥယျာဉ်သည် ကျွန်းတစ်ခုလုံးကို ဝန်းရံတည်ရှိနေသည်။ ကျွန်းတွင် များစွာသော စားကျက်မြေများ၊ ကမ်းခြေသစ်တောများနှင့် ကျောက်ဆောင်ထူထပ်သည့်ကမ်းရိုးတန်းများ ရှိသည်။ မူလတန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းနှင့် အထက်တန်းကျောင်းတစ်ခု ရှိသည်။ အိုခုရှိကိကျွန်းတွင် လက်ရှိအချိန်အထိ တက္ကသိုလ်နှင့် ကောလိပ် မရှိသေးပေ။
အမည်နာမ
[ပြင်ဆင်ရန်]အိုခုရှိရိ ဟူသည့်အမည်သည် အအိနုဘာသာစကား I-kus-un-sir (イクㇱウンシㇼ) မှ ဆင်းသက်လာသည်။[၁][၂]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]အိုခုရှိရိကျွန်းသည် ဟော့ကိုင်းဒိုးကျွန်း၏ အနောက်ဘက် အကြမ်းဖျင်း ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာတွင် တည်ရှိသည်။ ကျွန်းသည် ဘဲဥပုံစံရှိသည်။ ကမ်းရိုးတန်းသည် ၈၄ ကီလိုမီတာ (၅၂.၂ မိုင်) ရှည်သည်။ မြောက်ဘက်မှ တောင်ဘက်သို့ ၂၇ ကီလိုမီတာ (၁၆.၈ မိုင်)၊ အရှေ့ဘက်မှ အနောက်ဘက်သို့ ၁၁ ကီလိုမီတာ (၆.၈ မိုင်) ရှိသည်။ ခမုအိတောင်သည် ကျွန်း၏ အမြင့်ဆုံးနေရာ ဖြစ်ကာ အမြင့် ၅၈၄ မီတာ (၁၉၁၆ ပေ) မြင့်သည်။
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]အိုခုရှိရိကျွန်းတွင် ရှိသည့် "နဘဲဆွတ်ရုကျောက်ဆောင်" သည် ထင်ရှားသည်။ ကျောင်ဆောင်သည် လခြမ်းပုံသဏ္ဌာန်ကွေးနေပြီး အိုခုရှိရိမြို့၏ ကမ်းခြေတွင် တည်ရှိသည်။ အိခုရှိရိမြို့တွင် ရေပူစမ်းများလည်း ရှိသည်။ ငါးဖမ်းခြင်းနှင့် ရေကူးခြင်းကဲ့သို့သော အပန်းဖြေမှုများကိုလည်း လုပ်နိုင်သေးသည်။ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် အိုခုရှိရိလရောင်မာရသွန်သည် ခရီးသွားများအား အိုခုရှိရိကျွန်းကို လာရောက်လည်ပတ်ရန်အတွက် အကြီးမားဆုံး ဆွဲဆောင်ထားနိုင်သည့် ပွဲတော်တစ်ခု ဖြစ်သည်။ ထိုပွဲသို့ နိုင်ငံခြားတိုင်းပြည်နှင့် ဂျပန်ပြည်တွင်းမှ အခြားသော အပြေးသမားများသည် လာရောက်ပါဝင်ဆင်နွဲကြသည်။ ပြိုင်ပွဲသည် ညနေ ၃ နာရီအချိန်တွင် စတင်ပြီး တစ်ခါတရံတွင် မှောင်လာသည့်အချိန်မှ ပြီးဆုံးလေ့ရှိသည်။ အပြေးပြိုင်ပွဲ၏ ပန်းဝင်သည့်နေရာတွင် များစွာသော ပင်လယ်စာများပါဝင်သည့် ပြင်ဆင်မှုများနှင့် ဆုပေးပွဲအခမ်းအနားများကို ကျင်းပသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ アイヌ語地名リスト (in Japanese)။ Hokkaido Prefecture။ 2015-01-28 တွင် ပြန်စစ်ပြီး။
- ↑ About location and geography of Okushiri-cho။ Official Home Page of Okushiri Town။ Okushiri Town။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2015 တွင် ပြန်စစ်ပြီး။
- ↑ Okushiri Moonlight Marathon (27 June 2016)။ 22 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2017 တွင် ပြန်စစ်ပြီး။