အိအိသက်

ဝီကီပီးဒီးယား မှ
Ei Ei Thet
ကိုယ်ရေးအချက်အလက်
အမည် အပြည့်အစုံMagdalena Ei Ei Thet
အမည်ပြောင်(များ)Pinky Ei
နိုင်ငံသားမြန်မာ
မွေးဖွား (1992-12-13) ၁၃ ဒီဇင်ဘာ၊ ၁၉၉၂ (အသက် ၃၁)
Yangon
အရပ်5'4"
ကိုယ်အလေးချိန်137bls
အားကစား
အားကစားရေကူးအားကစား
StrokesButterfly, Backstroke, Breaststroke and Freestyle
ကလပ်Myanmar Swimming Federation

Ei Ei Thet (၁၃ ဒီဇင်ဘာ ၁၉၉၂ ဖွား) သည် မြန်မာလူမျိုး ရေကူးအားကစားမား ဖြစ်သည်။ သူမသည် ၂၀၁၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ မီတာ ၅၀ အလွတ်ကူးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အချိန် ၂၈.၂၅ စက္ကန့်ဖြင့် ၇၀ မြောက်နေရာ၌ ရပ်တည်နိုင်ခဲ့သည်။[၁] သူမသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့မှု မရှိပေ။


သူမသည် (၅) နှစ် သမီးအရွယ်မှ စပြီး ရေကူးခြင်း အတတ်ပညာကို မိမိ၏ ဖခင်ဖြစ်သူ ရေကူးနည်းပြထံမှ စတင်လေ့လာခဲ့သည်။ ထိုအချိန်မှ စပြီး အသက်အရွယ်လိုက် ပြိုင်ပွဲ ဖြစ်သည့် (၈) နှစ်အောက် ရေကူးပြိုင်ပွဲ များတွင် ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆုများ Golden Medals ၊ အကောင်းဆုံး အမျိုးသမီးဆုများ The Best Women's Swimming Prizes ရရှိခဲ့သည်။ သူမသည် ငယ်ရွယ်စဉ်ကတည်းက ရေကူးခြင်း၌ ထူးချွန်ခဲ့သောကြောင့် တိုင်းနှင့် ပြည်နယ် ရေးကူးပြိုင်ပွဲများကို ဝင်ခွင့်ရရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အကောင်းဆုံး ဆုတံဆိပ်၊ Best Player of the Year များစွာကို ဆွတ်ခူးခဲ့သည်။

Myanmar National Open ပြိုင်ပွဲ တိုင်းတွင်လည်း ရွှေတံဆိပ်များ ထပ်မံ ရရှိခဲ့သည်။ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်း၊ မြန်မာ ချစ်ကြည်ရေး ရေကူးပြိုင်ပွဲတွင်လည်း ဆုတံဆိပ် ရရှိခဲ့သည်။ ပြည်ပနိုင်ငံများစွာတွင်လည်း သက်တမ်းအလိုက် ရေကူးယှဉ်ပြိုင်ခဲ့သည်။

တရုတ်နိုင်ငံတွင် နှစ်ကြိမ်၊ စင်ကာပူနိုင်ငံတွင် တစ်ကြိမ် သွားရောက် လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲများလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ သူမသည် မြန်မာပြည်တွင် အမျိုးသမီး ရေကူးပညာရှင်တစ်ဦးဖြစ်သည့် အလျောက် အရှေ့တောင်အာရှ SEA Games နှင် Olympics ရေကူးပြိုင်ပွဲများတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်၌ မြန်မာပြည်၊ နေပြည်တော်တွင် ကျင်းပသည့်၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် တူရကီ နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ချန်ပီယံ World Championship တွင်လည်းကောင်း ထိုင်းနိုင်ငံတွင်ကျင်းပသည့် Triathlon ဖြစ်သည့် အားကစားနည်း (၃) မျိုး ပေါင်းစပ်ထားသော ရေကူး၊ စက်ဘီးစီး၊ အပြေး ပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခဲ့သည်။

သူမသည် စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် SAE AGE GROUP ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်များကို ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဘရာဇီးနိုင်ငံ 2016 Rio Olympics အိုလံပစ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကာ နိုင်ငံတကာ အမျိုးသမီး (၅၀) မီတာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။ ထိုင်းနိုင်ငံဖူးခက် ကမ်းခြေတွင် ကျင်းပသည့် အားကစားနည်းများအားလုံးထဲတွင် (Triathlon) ခေါ် (Iron Man) ဟုတင်စားခံရသော အားကစားနည်း (၃) မျိုး ပေါင်းစပ်ထားသော (ရေကူး၊ စက်ဘီးစီး၊ အပြေး) ပြိုင်ပွဲကိုလည်း မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Ei Ei ThetRio 2016။ 24 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2016 တွင် ပြန်စစ်ပြီး။