အိအိဒဲတောင်
| အိအိဒဲတောင် | |
|---|---|
Mount Iide seen from Iboiwayama | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၁၀၅ m (၆,၉၀၆ ft) |
| ကိုဩဒိနိတ် | 37°51′17″N 139°42′26″E / 37.85472°N 139.70722°E |
| ပထဝီဝင် | |
| တည်နေရာ | Fukushima, Tōhoku region, Japan |
| ပင်မတောင်တန်း | Iide mountain range |
အိအိဒဲတောင် (飯豊山, Iide-san) သည် ဂျပန်နိုင်ငံ၊ ယာမဂတစီရင်စု၊ နီးဂတစီရင်စုနှင့် ဖုခုရှီးမားစီရင်စုတို့တွင် ဖြန့်ကျက်တည်ရှိနေသည့် တတောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် အိအိဒဲတောင်တန်းများထဲမှ တောင်တစ်ခု ဖြစ်သည်။ တောင်ထိပ်တွင် အိအိဒဲတောင်နတ်ကျောင်း (飯豊山神社) တည်ရှိသည်။ အိအိဒဲတောင်သည် တောင်တန်းတွင်ပါဝင်သည့် အခြားသောတောင်များနည်းတူ ခယူးယဖုခုဒ၏ ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။[၁]
ပင်လယ်ရေမျက်နှာပြင်အထက် ၂၁၀၅ မီတာတွင်တည်ရှိသော်လည်း[၂] အိအိဒဲတောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်မဟုတ်ပေ။ အမြင့်ဆုံးတောင်သည် ဒနိခိတောင် (大日岳, Dainichi-dake) ဖြစ်ပြီး ၂၁၂၈ မီတာ မြင့်သည်။ ဤတောင်သည် နီးဂတစီရင်စုနှင့် ယာမဂတစီရင်စုတို့၏ နယ်နိမိတ်အကြားတွင် တည်ရှိနေသည်။ သို့သော် တောင်ထိပ်နှင့် အိအိဒဲတောင်နတ်ကျောင်း၊ တောင်ထိပ်သို့သွားရာလမ်ဖြစ်သည့် တစ်မီတာခန့်ကျယ်သည့် လမ်းတို့မှာမူ ဖုခုရှီးမားစီရင်စု၊ ခိတခတမြို့တွင် တည်ရှိသည်။ [၃]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- 大朝日岳から飯豊本山と大日岳を望む
- 疣岩山から大日岳と御西岳を望む
- 厳冬の飯豊連峰
- 右が飯豊本山、中央左が御西岳、左が大日岳
- 梅花皮岳から見た北股岳(手前は梅花皮小屋)
- 安達太良山から見た厳冬の飯豊連峰
ကိုးကား
[ပြင်ဆင်ရန်]- ↑ Fukada၊ Kyūya (1978)။ 日本百名山 (Nihon hyaku meizan) (Kaihan. ed.)။ Tōkyō: Shinchōsha။ pp. 108–112။ ISBN 978-4-10-122002-4။
- ↑ You must specify title = and url = when using {{cite web}}. (in Japanese)။ Kitakata-shi, Fukushima official webpage။ 19 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 August 2011 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in Japanese)။ Kitakata Sightseeing Association။ Kitakata City။ March 30, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 15, 2011 တွင် ပြန်စစ်ပြီး။