မာတိကာသို့ ခုန်သွားရန်

အိဝရှိမိဇု ဟချိမန်း နတ်ကွန်း

ဝီကီပီးဒီးယား မှ
Main gate of the Iwashimizu Hachimangū

ဝရှိမိဇု ဟချိမန်းနတ်ကွန်း (石清水八幡宮?) သည် ဂျပန်ကျိုတိုစီရင်စုယဝတမြို့ရှိ ရှင်တိုနတ်ကွန်း ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]

နတ်ကွန်း၏ ဟေးအန်းခေတ်က ကျိုတိုမြို့တော်နှင့် တော်ဝင်မိသားစုတို့နှင့် ဆက်နွယ်မှုမှာ အစောဆုံး တည်ဆောက်မှုများ စတင်သည့် အခါ ၈၅၉ (ဂျောငန်း ၁ နှစ်)တွင် စတင်ခဲ့သည်။ [][]နတ်ကွန်းယဉ်ကျေးမှုအရ ဟချိမန်းနတ်ဘုရားက မြို့တော်နှင့် ဂျပန်တော်ဝင်အဆောင်တော်ကို စီးမိုး ကြည့်နိုင်ရန် ကျိုတိုမြို့အနီးတွင် တည်ရှိလိုသည်ဟု ပြောသော နတ်ဝင်သည်တဦး၏ စကားကို လိုက်နာသည့်အနေဖြင့် ဧကရာဇ် ဆေးဝက နတ်ကွန်းဆောက်ရန် အမိန့်ချခဲ့ကြောင်း ရှင်းပြနိုင်သည်။[] ထိုဓာတ်စီးခြင်းကို ဗုဒ္ဓဘာသာဘုန်းကြီး ဂယောခယောက တင်ပြခဲ့ပြီး၊ ယခု နတ်ကွန်း တည်ရှိရာ အိုတိုကိုယာမ နေရာကို ရွေးချယ်လိုသည်ဟုသော ဒုတိယအမြင်အာရုံကိုလည်း ရရှိခဲ့သူ ဖြစ်သည်။[] အခြားသော ဟချိမန်းနတ်ကွန်းများကဲ့သို့ပင် အိဝရှိမိဇုသည် ၁၈၆၈ မတိုင်မီက ဗုဒ္ဓဘာသာနှင့် နှီးနွယ်သော အစောင့်အရှောက် နတ်များ (kami) ကို ရည်စူး ကိုးကွယ်သော အိဝရှိမိဇု ဟချိမန်းနတ်ကွန်းကျောင်းဟု သမုတ်ပြီး နတ်ကွန်းလည်း ဟုတ်၊ ဘုရားကျောင်းလည်း ဖြစ်သော နတ်ကွန်းကျောင်း သာ ဖြစ်သည်။[]

နတ်ကွန်းသည် ဟေးအန်းခေတ်အစောပိုင်းတွင် တော်ဝင်မျိုးနွယ်၏ အစောင့်အရှောက် အပြုအစုကို ခံရသည်။[] ၉၆၅ ခုတွင်၊ ဧကရာဇ် မူရခမိက ဂျပန်ပြည်၏ အစောင့်အရှောက်နတ်ဆီသို့ အရေးကြီး ဖြစ်ရပ်များကို သံတော်ဦး တင်ရန် နန်းတွင်းဆက်သားများကို စေလွှတ်ခဲ့သည်။  ထိုသို့ သတင်းစေခြင်းကို ကနဦးတွင် အိုးဟာရနို နတ်ကွန်းအပါအဝင် နတ်ကွန်း ၁၆ ကျောင်းသို့ စေလွှတ်ခြင်း ပြုခဲ့သည်။[]

ရာစုနှစ်များစွာ၌ နတ်ကွန်း၏ အရေးပါ အရာရောက်မှု လွမ်းမိုးနိုင်မှုသည် ကြီးထွားလာပြီး၊ မြေယာဧကများစွာ ပိုင်ဆိုင်ထားသောကြောင့်  ကာမကုရ ရှိုးဂန်းစစ်ဗိုလ်အဖွဲ့ကို ထူထောင်လိုက်သည့် နှစ်များအတွင်း မိနမိုတို နော ယိုရိတိုမိုနှင့် ပဋိပက္ခ ဖြစ်လေသည်။ စစ်စရိတ်များကို ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက် ရရှိနိုင်ရန် နတ်ကွန်းဘက်မှ ကြိုးစားရသည်။[] အချိန်မီပင် အာဏာရှင်များ အုပ်စု ချည့်နဲ့သွားရာမှ နတ်ကွန်းလည်း ဆက်လက် တောင့်ခံနိုင်ခဲ့သည်။

အိဝရှိမိဇု ဟချိမန်းနတ်ကွန်းနှင့် အိဆဲနတ်ကွန်းတို့သည် အလယ်ခေတ်တွင် ဘိုးဘေးများပြတိုက် အဖြစ် အထူးရည်ညွှန်းခံရသည်။

  • ၁၄၅၆ (ကိုးရှော ၂ နှစ်၊ သုံးလပိုင်း)၊ မူရိုမချိခေတ်အတွင်း နန်းတက်သော ရှစ်ယောက်မြောက် ရှိုးဂန်း ဖြစ်သူ အရှိခင ယိုရှိမဆသည် အိဝရှိမိဇု နတ်ကွန်းသို့ ကြွရောက်ရာ၊ ဒိုင်းဂျောကန်းမှ အရာရှိများလည်း အတူတကွ လိုက်ပါသည်။
    []

၁၈၇၁ မှ ၁၉၄၆ ထိ၊ အိဝရှိမိဇု ဟချိမန်းနတ်ကွန်းကို ကန်းပေးအဖွဲ့အစည်းအတွင်းရှိ နတ်ကွန်းတလုံးအဖြစ် ပြန်လည် ပြုပြင်ပြီး၊ အစိုးရအထောက်အပံ့ရ နတ်ကွန်းများထဲမှ ပထမတန်းစား နေရာတွင် ရပ်တည်ခဲ့သည်။ အလားတူ ဂုဏ်ပြုခံရသော အခြားနတ်ကွန်းများမှာ အိုးအိတစီရင်စုရှိ၊ အုဆမြို့မှ အုဆနတ်ကွန်းနှင့် ဖူကူအိုကစီရင်စုရှိ ဖူကူအိုကမြို့မှ ဟကိုဇကိနတ်ကွန်းတို့ ဖြစ်သည်။[၁၀]

နတ်ကွန်းသို့ အဖူးကြွခြင်း

[ပြင်ဆင်ရန်]

၉၇၉ (တဲင်းငဲင်း ၂ နှစ်)တွင်၊ ဧကရာဇ် အဲင်းယူး နတ်ကွန်းကို ကြွချီသည်မှ အစပြု၍ ဧကရာဇ်တိုင်းနီးပါး နတ်ကွန်းသို့ သွားရောက် လည်ပတ်လာကြပြီး၊ ဧကရာဇ် ဂိုဒိုင်းငေါ့လက်ထက်မှစ၍ အာဏာပိုင်များသည် အရောဝင်ခြင်း မပြုဘဲ တသီးတခြား စတင်နေထိုင်လာကြသည်။ [၁၁]

ရှောဟေးခေတ် (၁၃၄၆ - ၁၃၇၀) တွင်၊ ဧကရာဇ် မူရာခမိသည် အိဝရှိမိဇုသို့ ကိုယ်တော်တိုင် ကြွရောက် လည်ပတ်သည်။ [၁၂]

အိုးနင်းစစ်ပွဲ (၁၄၆၇ - ၁၄၇၇) ပြီးနောက်၊ နန်းတွင်းသည် နှစ် ၂၀၀ ဝေးကွာသွားမိသည့် အထိမ်းအမှတ်အဖြစ် ကြွရောက်ကြသည်။ [၁၃]

ရှင်တိုယုံကြည်မှု

[ပြင်ဆင်ရန်]

နတ်ကွန်းကို နန်းတွင်းအသိုင်းအဝိုင်း၏ ရှင်တိုနတ်ဘုရားတပါး ဖြစ်သော ကိုယ်စောင့်နတ် ဟချိမန်းကို ရည်စူးတည်ဆောက်ထားကြသည်။ ၈၅၉ ၎င်းတည်ဆောက်သည့် အချိန်ကာလကတည်းကပင် ဟချိမန်းကို ဧကရာဇ် အိုးဂျင်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။[၁၄]

၂၀၀၅ ရတနာစစ်တမ်းအရ အိဝရှိမိဇုနတ်ကွန်းတွင် အခြားသော အရာများထက် အင်ဒိုနီးရှား ကျောက်စီ ဓားမြှောင့် ခရစ် (Kris) တချောင်း ရှိနေကြောင်း ဖော်ထုတ်ရရှိပြီး၊ "ကျိုတို၏ ဘုရားကျောင်းနှင့် နတ်ကွန်းများမှ ကျော်ကြားသော ဓားများ"ဟု ခေါင်းစီးဖြင့် ပြပွဲ တစိတ်တပိုင်းအဖြစ် ကျိုတိုအမျိုးသားပြတိုက်ထဲ၌ ပြသထားသည်။[၁၅]

ဆက်စပ်

[ပြင်ဆင်ရန်]

မှတ်စု

[ပြင်ဆင်ရန်]
  1. Kanda, Christine Guth. (1985). Shinzō: Hachiman Imagery and Its Development, p. 41.
  2. Brown, Delmer et al. (1979). Gukanshō, p. 288.
  3. Ponsonby-Fane, Richard. (1962). Studies in Shinto and Shrines, p. 78.
  4. Kanda, p. 42.
  5. တမ်းပလိတ်:EOS
  6. Breen, John et al. (2000). Shinto in History: Ways of the Kami, pp. 74-75.
  7. Ponsonby-Fane, Studies, pp. 116-117.
  8. Maas, Jeffrey P. (1999). Yoritomo and the Founding of the First Bakufu: The Origins of Dual Government in Japan, p. 202.
  9. Titsingh, p. 348.
  10. Ponsonby-Fane, Richard Arthur Brabazon. (1959). The Imperial House of Japan, pp. 124-126.
  11. Ponsonby-Fane, Studies, p. 116.
  12. Ponsonby-Fane, Studies, p. 218.
  13. Ponsonby-Fane, Studies,, p. 244.
  14. Ponsbonby-Fane, Studies, pp. 78, 196.
  15. Kyoto National Museum: 2006 exhibition, treasures Archived 2008-04-23 at the Wayback Machine.

ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပလင့်

[ပြင်ဆင်ရန်]