အိဝခိတောင်
| အိဝခိတောင် | |
|---|---|
| Tsugaru Fuji Okufuji | |
From the north, with apple orchards in Hirosaki in the foreground | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၆၂၄.၆ m (၅,၃၃၀ ft)[၁] |
| ပေါ်လွင်မှု | ၁,၃၆၂.၀ m (၄,၄၆၈.၅ ft)[၂] |
| စာရင်းသွင်းခြင်း | List of mountains and hills of Japan by height List of volcanoes in Japan 100 Famous Japanese Mountains Ribu |
| ကိုဩဒိနိတ် | 40°39′12″N 140°18′24″E / 40.65333°N 140.30667°Eကိုဩဒိနိတ်: 40°39′12″N 140°18′24″E / 40.65333°N 140.30667°E |
| အမည်ပေးခြင်း | |
| ဒေသခေါ်အမည် | တမ်းပလိတ်:Native name list Error {{native name checker}}: parameter value is malformed (help) |
| ပထဝီဝင် | |
| နိုင်ငံ | Japan |
| Prefecture | Aomori Prefecture |
| ဒေသ | Tōhoku |
| ပင်မတောင်တန်း | Ōu Mountains |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Stratovolcano |
| ကျောက်သားအမျိုးအစား | Andesite |
| Volcanic arc | Northeastern Japan Arc |
| နောက်ဆုံး ပေါက်ကွဲမှု | March 1863 |
အိဝခိတောင် (岩木山, Iwaki-san) သည် ဂျပန်နိုင်ငံ၊ တိုးဟိုခုဒေသ၊ အအိုမိုရိစီရင်စုအနောက်ဘက်တွင် တည်ရှိသည့် မီးတောင်တစ်ခု ဖြစ်သည်။ ဖူဂျီတောင်နှင့် ဆင်တူသည့်ပုံစံရှိသဖြင့် "ဆွတ်ဂရုဖုဂျိ" (津軽富士) လည်း ခေါ်ဆိုကြပြီး၊ "အိုခုဖုဂျိ" (奥富士) ဟုလည်း အနည်းငယ် ခေါ်ဆိုကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၂၅ မီတာ (၅၃၃၁ ပေ) မြင့်သည်။ အအိုမိုရိစီရင်စုတွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။
အိဝခိတောင်သည် ၁၉၆၄ ခုနှစ်တွင် တောင်တက်သမားနှင့် စာရေးဆရာဖြစ်သည့် ခယူးယဖုခုဒ ရေးသားခဲ့သည့် "ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀" စာရင်းတွင် ဖော်ပြရေးသားခြင်း ခံခဲ့ရသည်။[၃] တောင်နှင့် ပတ်ဝန်းကျင်ဧရိယာများသည် ဆွတ်ဂရု - ခိုခုတဲအိအမျိုးသားပန်းခြံတွင် ပါဝင်သည်။
အမည်
[ပြင်ဆင်ရန်]"အိဝခိ" ဟူသည့် အမည်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုးရှိသည်။ အအိနုဘာသာစကားမှ ဆင်းသက်လာသည့် အမည်မူလဇာစ်မြစ်သည် နှစ်မျိုး ရှိသည်။ တစ်ခုမှာ カムィ イワキ (ခမုအိအိဝခိ) ဟူသည့် စကားလုံးမှ ဖြစ်ပေါ်လာပြီး၊ အခြားတစ်ခုမှာ အအိနုဘာသာစကားဖြင့် "ကျောက်ဆောင်" ဟု အဓိပ္ပါယ်ရသည့် イワーケ (အိဝါးခဲ) ဟူသည့် စကားလုံးမှ ဖြစ်ပေါ်လာသည်။ အခြားသော နောက်ထပ်သီအိုရီတစ်ခုမှာ "ကျောက်ဆောင်ရဲတိုက်" ဟုအဓိပ္ပါယ်ရသည့် 石の城 (အိရှိနော့ရှိရို, ishi no shiro) မှ ဆင်းသက်ဖြစ်ပေါ်လာသည်ဟုလည်း ဆိုကြသည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]

တောင်ထိပ်သည် ၁၆၂၅ မီတာမြင့်သည်။[၄]< တောင်ထိပ်သို့ တောက်တက်ခြင်းဖြင့်သာ ရောက်ရှိနိုင်ပြီး တက်ရောက်သည့် လမ်ကြောင်းပေါ်မူတည်ကာ ကြာချိန်နှင့် အကွာအဝေးသည် ကွဲပြားသည်။ အိဝခိယာမနတ်ကျောင်း (岩木山神社) မှတဆင့် တက်ရောက်ပါက ခန့်မှန်းခြေ တောင်ထိပ်သို့ ၄ နာရီခန့် ကြာမြင့်သည်။ref>Rowthorne, C. et al.: "Japan (8th edition)", Lonely Planet Publications, 2003</ref> ပိုမို၍ တက်ရလွယ်ကူပြီး လူသုံးများသည့် လမ်ကြောင်းမှာ ဆွတ်ဂရုအိဝခိကောင်းကင်ကေဘယ်ကားလိုင်း ဖြစ်သည်။ ဤကေဘယ်ကားသည် အိဝခိတောင်၏ တောင်ဘက်ခြမ်း အအိုမိုရိခရိုင်လမ်းမအမှတ် (၃) တွင် စတင်သည်။ ကေဘယ်ကားဖြင့်တက်ရောက်ပြီးအဆုံးတွင် ဓာတ်လှေကားစီးနင်းရမည် ဖြစ်သည်။ ထို့နောက်တွင် တောင်ထိပ်သို့ ခြေလျင်သွားရမည်ဖြစ်ပြီး မိနစ် ၃၀ -၄၀ ကြာမြင့်သည်။[၅]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Iwakisan: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Iwakisan - Smithsonian Institution: Global Volcanism Program
ကိုးကား
[ပြင်ဆင်ရန်]- ↑ Iwaki-san, Japan။ 10 July 2020 တွင် ပြန်စစ်ပြီး။
- ↑ https://worldribus.org/japanese-archipelago/ တမ်းပလိတ်:Bare URL inline
- ↑ Hyakumeizan, Hiking Japan!။ Japan Gazetteer။ 9 January 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2008 တွင် ပြန်စစ်ပြီး။
- ↑ "Touring Mapple 2007 (Tohoku region), Simap, 2007 (in Japanese)
- ↑ 岩木山の紅葉が少しづつ始まってます။ City of Hirosaki (10 October 2013)။ 10 July 2020 တွင် ပြန်စစ်ပြီး။