မာတိကာသို့ ခုန်သွားရန်

အိရှိဇုချိတောင်

ဝီကီပီးဒီးယား မှ
အိရှိဇုချိတောင်
石鎚山
အိရှိဇုခိုတောင်၏ အမြင့်ဆုံးတောင်ထိပ်နေရာ
အမြင့်ဆုံးအမှတ်
အမြင့်၁,၉၈၂ m (၆,၅၀၃ ft)[]
ပေါ်လွင်မှု၁,၉၈၂ m (၆,၅၀၃ ft)[]
စာရင်းသွင်းခြင်းUltra, Ribu
ကိုဩဒိနိတ်33°46′03″N 133°06′54″E / 33.76750°N 133.11500°E / 33.76750; 133.11500ကိုဩဒိနိတ်: 33°46′03″N 133°06′54″E / 33.76750°N 133.11500°E / 33.76750; 133.11500[]
ပထဝီဝင်
အိရှိဇုချိတောင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အိရှိဇုချိတောင်
အိရှိဇုချိတောင်
Japan
တည်နေရာOn the border of Saijō and Kumakōgen, Ehime, Japan
ပင်မတောင်တန်းShikoku Mountains
ဘူမိဗေဒ
တောင်အမျိုးအစားRuins of old volcano(extinct)
နောက်ဆုံး ပေါက်ကွဲမှု15,000,000 years ago

အိရှိဇုချိတောင် (石鎚山, Ishizuchi-san) သည် ဂျပန်နိုင်ငံ၊ အဲဟိမဲစီရင်စု၊ ခုမခိုးဂန်းမြို့နှင့် ဆိုင်းဂျောမြို့ နယ်နိမိတ်ပေါ်တွင် တည်ရှိနေသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။ ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် ရှိခိုခုကျွန်းပေါ်တွင် အမြင့်ဆုံးသော တောင်လည်း ဖြစ်သည်။

အကြောင်းအရာ

[ပြင်ဆင်ရန်]

အိရှိဇုချိတောင်သည် ရှိခိုခုကျွန်းတါင် အမြင့်ဆုံးတောင် ဖြစ်သည်။ ထို့အပြင် ဟခုတောင်တန်း၏ အနောက်ဘက်ရှိ အမြင့်ဆုံးတောင်လည်း ဖြစ်သည်။ ဤတောင်ကို "ရှိခိုခု၏ ခေါင်မိုး" ဟု သိကြသည်။ ချွန်ထက်ပြီး ကျောက်များထူထပ်သည့်တောင်တစ်ခု ဖြစ်သည်။

အိရှိဇုချိတောင်သည် ဘာသာရေးဆိုင်ရာဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရာနေရာတစ်ခုလည်းဖြစ်သည်။ ရှင်းတိုဘာသာနှင့် ဗုဒ္ဓဘာသာကို ပေါင်းစပ်ကာဖြစ်ပေါ်လာသည့် ဘာသာတစ်ခုဖြစ်သည့် ရှုဂန်းဒိုးဘာသာ၏ အဓိကျသည့် နေရာတစ်လု ဖြစ်သည်။ တောင်၏ ထိပ်တွင် "အိရှိဇုချိနတ်ကျောင်း" ဟု အမည်ရသည့် သေးငယ်သည့် နတ်ကျောင်းတစ်ခု ရှိသည်။ ထို့အပြင် ဤတောင်သည် မြင့်မြတ်သည့်တောင်ခုနစ်ခု (နနရဲအိဇန်, 七霊山, nana reizan) တွင် ပါဝင်သည်။

တောင်တက်ရာသီကာလကို နှစ်စဉ် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ထိုနေ့တွင် အမျိုးသမီးများ တက်ရောက်ခြင်းကို တားမြစ်ထားသည်။ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အကြားကာလတွင် လူအများသည် ဆောင်းဦးရာသီကာလ သစ်ရွက်များအရောင်ပြောင်းခြင်းကို ကြည့်ရှုရန် လာရောက်လေ့ရှိကြသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 Japan Ultra-Prominences Peaklist.org။ 2015-01-01 တွင် ပြန်စစ်ပြီး။