အိဘရခိခရိုင်
| အိဘရခိခရိုင် 茨城県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 茨城県 | ||
| • Rōmaji | Ibaraki-ken | ||
| |||
| အထိမ်းအမှတ်သီချင်း: Ibaraki kenmin no uta | |||
| Country | |||
| Island | Honshu | ||
| Region | Kantō | ||
| Prefecture | Ibaraki | ||
| Capital | Mito | ||
| Subdivisions | Districts: 7, Municipalities: 44 | ||
| အစိုးရ | |||
| • Governor | Kazuhiko Ōigawa | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၆,၀၉၇.၁၉ စတုရန်းကီလိုမီတာ (၂၃၅၄.၁၄ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 24th | ||
| လူဦးရေ (November 1, 2025) | |||
| • စုစုပေါင်း | ၂၇၉၁၂၃၁ | ||
| • အဆင့် | 11th | ||
| • သိပ်သည်းမှု | ၄၆၀/km၂ (၁၂၀၀/sq mi) | ||
| • Dialect | Ibaraki dialect | ||
| GDP[၂] | |||
| • Total | JP¥ 14,586 billion US$ 107.7 billion (2022) | ||
| ISO 3166 ကုဒ် | JP-08 | ||
| ဝဘ်ဆိုက် | pref.ibaraki.jp | ||
အိဘရခိခရိုင် (茨城県, Ibaraki-ken) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ခန်းတိုးဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ခရိုင်လူဦးရေ ၂,၈၂၈,၀၈၆ ဦး ရှိသည်။ ဧရိယာ ၆,၀၉၇.၁၉ စတုရန်းကီလိုမီတာ (၂,၃၅၄.၁၄ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြောက်ဘက်တွင် ဖုခုရှိမခရိုင်၊ အနောက်မြောက်ဘက်တွင် တိုချိဂိခရိုင်၊ အနောက်တောင်ဘက်တွင် ဆိုင်းတမခရိုင်၊ တောင်ဘက်တွင် ချိဘခရိုင်၊ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
မိတိုမြို့သည် ခရိုင်၏ မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ တွတ်ခုဘမြို့၊ ဟိတချိမြို့၊ ဟိတချိနခမြို့တို့ ဖြစ်သည်။ အိဘရခိခရိုင်သည် ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းအရှေ့ပိုင်းမှ တိုကျိုမြို့ အရှေ့မြောက်ဘက်အထိ တည်ရှိနေသည်။ ခရိုင်သည် "ကြီးမားသည့် တိုကျိုမြို့ပြဧရိယာ" တွင် ပါဝင်သည်။ အိဘရခိခရိုင်တွင် ခဆုမိဂအုရကန် ရှိပြီး ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံးကန် ဖြစ်သည်။ တိုနဲမြစ်သည် ဂျပန်နိုင်ငံ၏ ဒုတိယမြောက်အရှည်ဆုံးမြစ်ဖြစ်ကာ ရေဝေရေလဲဒေသအားဖြင့် အကြီးဆုံး ဖြစ်သည်။ ဆွတ်ခုဘတောင်သည် ဂျပန်နိုင်ငံရှိ တောင်များထဲတွင် ထင်ရှားသည့်တောင်တစ်ခု ဖြစ်သည်။ အိဘရခိခရိုင်တွင် တည်ရှိသည့် ခိုင်းရခုအန်းပန်းဥယျာဉ်သည် "ဂျပန်နိုင်ငံ၏ ကြီးမားသည့် ဥယျာဉ်သုံးခု" တွင် ပါဝင်ပြီး "ခိုင်းခိဒိုး" ကိုယ်ခံပညာ၏ အဓိကအချက်အချာနေရာ ဖြစ်သည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]အိဘရခိခရိုင်သည် ခန်းတိုးဒေသ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ တိုချိဂိခရိုင်နှင့် ပစိဖိတ်သမုဒ္ဒရာအထိ ရှည်လျားကာ မြောက်ဘက်နှင့် တောင်ဘက်တွင် ဖုခုရှိမခရိုင်နှင့် ချိဘခရိုင်တို့ ရှိသည်။ အနောက်တောင်ဘက်တွင် ဆိုင်းတမခရိုင်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ ခရိုင်၏ မြောက်ဘက်ဆုံးအပိုင်းသည် တောင်ထူထပ်သည်။ သို့သော် ခရိုင်၏ ဧရိယာအများစုသည် ကန်များပါရှိသည့် ပြန့်ပြူးသည့် လွင်ပြင်တစ်ခုဖြစ်ပြီး ထိုလွင်ပြင်သည် ခန်းတိုးလွင်ပြင်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
သဘာဝဥယျာဉ်များ
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့အချက်အလက်အရ ခရိုင်ကုန်းမြေဧရိယာ၏ ၁၅ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ၎င်းတို့တွင် ဆုအိဂေါ့ - ဆွတ်ခုဘအမျိုးသားဥယျာဉ်၊ ခရိုင်သဘာဝဥယျာဉ်ကိုးခုတို့ ပါဝင်သည်။ အိဘရခိခရိုင်တွင် ခရိုင်ဘူမိဥယျာဉ်တစ်ခုလည်း ရှိသည်။ ဆုအိဂေါ့ - ဆွတ်ခုဘအမျိုးသားဥယျာဉ်သည် ချိဘခရိုင်၏ အရှေ့မြောက်ဘက်ဧရိယာအတွင်းတွင်လည်း ပါဝင်လျက်ရှိသည်။
တောင်တန်းများ
[ပြင်ဆင်ရန်]ခရိုင်၏ မြောက်ဘက်ပိုင်းသည် ထောင်ထူထပ်ပြီး အလယ်ဗဟိုတွင် ဆွတ်ခုဘတောင်တန်း (筑波 山地) တည်ရှိသည်။ အဓိကတောင်များမှာ ယမိဇိုတောင် (၁၀၂၂ မီတာ) ဖြစ်ပြီး ဖုခုရှိမခရိုင်၊ တိုချိဂိခရိုင်တို့၏ နယ်နိမိတ်ပေါ် ခရိုင်သုံးခုဆုံရာနေရာ ဖြစ်သည်။ တခဆဆတောင် (၉၂၂ မီတာ) မြင့်သည်။ ဆွတ်ခုဘတောင်သည် တောင်ထိပ်နှစ်ခု ပါရှိကာ နယောတိုင်းတောင်ထိပ်သည် ၈၇၇ မီတာ ရှိပြီး နန်းတိုင်းတောင်ထိပ်သည် ၈၇၁ မီတာ မြင့်သည်။ အခြားသော အဓိကတောင်များမှာ အိုရှောတောင် (၈၀၄ မီတာ)၊ ဟနဇိုနိုတောင် (၇၉၈ မီတာ)၊ ခဘတောင် (၇၀၉ မီတာ) တို့ ဖြစ်သည်။
ရေစီးဆင်းမှု
[ပြင်ဆင်ရန်]ခရိုင်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်များမှာ တိုနဲမြစ်၊ နခမြစ် (အိဘရခိ)၊ ခုဂျိမြစ်တို့ ဖြစ်ကြသည်။ ထိုမြစ်များအားလုံးသည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သွားကြသည်။ ၁၇ ရာစုမတိုင်မီကာလတွင် တိုနဲမြစ်၏ အောက်ဘက်ပိုင်းသည် လက်ရှိကာလ မြစ်ပုသဏ္ဌာန်နှင့် ကွာခြားမှုရှိခဲ့သည်။ ထိုအချိန်ကာလက တိုနဲမြစ်သည် တောင်ဘက်သို့ စီးဆင်းသွားကာ တိုကျိုပင်လယ်အော်အတွင်းသို့ စီးဝင်သည်။
တိုနဲမြစ်၏ မြစ်လက်တက်များမှာ ခိနုမြစ်နှင့် ခိုခိုင်းမြစ်တို့ ဖြစ်သည်။ ထိုမြစ်လက်တက်များသည် ခရိုင်အနောက်ဘက်ပိုင်းတွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိသည်။ ရှင်းတိုနဲမြစ်နှင့် ဆခုရမြစ်တို့သည် နိရှိအုရကန်အတွင်းသို့ စီးဝင်သည်။
မြို့များ
[ပြင်ဆင်ရန်]အိဘရခိခရိုင်တွင် မြို့ပေါင်း ၃၂ ခု ရှိသည်။ ၎င်းတို့မှာ -
| အမည် | ဧရိယာ (km2) | လူဦးရေ | မြေပုံ | |
|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | |||
| 坂東市 | 123.03 | 51,577 | ||
| 筑西市 | 205.30 | 98,031 | ||
| 日立市 | 225.71 | 165,822 | ||
| ひたちなか市 | 99.96 | 154,631 | ||
| 常陸大宮市 | 348.45 | 39,176 | ||
| 常陸太田市 | 371.99 | 47,922 | ||
| 鉾田市 | 207.61 | 45,886 | ||
| 稲敷市 | 205.81 | 38,353 | ||
| 石岡市 | 215.53 | 70,124 | ||
| 潮来市 | 71.40 | 27,512 | ||
| 常総市 | 123.64 | 59,314 | ||
| 神栖市 | 146.94 | 95,396 | ||
| 笠間市 | 240.40 | 73,664 | ||
| 鹿嶋市 | 106.02 | 66,098 | ||
| かすみがうら市 | 156.60 | 40,254 | ||
| 北茨城市 | 186.80 | 41,750 | ||
| 古河市 | 123.58 | 137,512 | ||
| 水戸市 | 217.32 | 268,036 | ||
| 守谷市 | 35.71 | 69,827 | ||
| 那珂市 | 97.82 | 53,137 | ||
| 行方市 | 222.48 | 31,960 | ||
| 小美玉市 | 144.74 | 48,754 | ||
| 龍ケ崎市 | 78.55 | 75,212 | ||
| 桜川市 | 180.06 | 38,905 | ||
| 下妻市 | 80.88 | 41,621 | ||
| 高萩市 | 193.58 | 27,522 | ||
| 取手市 | 69.94 | 103,717 | ||
| 土浦市 | 122.89 | 142,181 | ||
| つくば市 | 283.72 | 256,526 | ||
| つくばみらい市 | 79.16 | 51,035 | ||
| 牛久市 | 58.92 | 83,826 | ||
| 結城市 | 65.76 | 49,252 | ||
မြို့ငယ်နှင့် ရွာများ
[ပြင်ဆင်ရန်]အိဘရခိခရိုင်တွင် ဒေသ ၇ ခု ပါဝင်သည်။ ထိုဒေသတို့တွင် မြို့ငယ် ၁၀ ခု၊ ရွာ ၂ ရွာ ပါဝင်သည်။
| အမည် | ဧရိယာ (km2) | လူဦးရေ | ဒေသ | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||
| 阿見町 | 71.40 | 47,927 | Inashiki District | ||
| 大子町 | 325.76 | 15,725 | Kuji District | ||
| 五霞町 | 23.11 | 8,162 | Sashima District | ||
| 茨城町 | 121.58 | 31,412 | Higashiibaraki District | ||
| 河内町 | 44.30 | 8,298 | Inashiki District | ||
| 美浦村 | 66.61 | 14,504 | Inashiki District | ||
| 大洗町 | 23.74 | 15,787 | Higashiibaraki District | ||
| 境町 | 46.59 | 24,061 | Sashima District | ||
| 城里町 | 161.80 | 18,044 | Higashiibaraki District | ||
| 東海村 | 37.98 | 37,641 | Naka District | ||
| 利根町 | 24.90 | 15,073 | Kitasōma District | ||
| 八千代町 | 58.99 | 20,882 | Yūki District | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]အိဘရခိခရိုင်၏ စီးပွားရေးသည် စွမ်းအင်ထုတ်လုပ်မှု (အထူးသဖြင့် နျူကလီးယားစွမ်းအင်)၊ ဓာတုဗေဒနှင့် တိုင်းတာရေးကိရိယာထုတ်လုပ်ခြင်း၊ သုတေသနလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းတို့ပေါ်တွင် တည်ဆောက်ထားသည်။ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတို့သည်လည်း ခရိုင်စီးပွားရေး၏ အဓိကကျသည့် အစိတ်အပိုင်းများ ဖြစ်သည်။[၃]
အိဘရခိခရိုင်၏ ကြီးမားကျယ်ပြန်သည့် မြေပြင်အနေအထားသည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိသည်။ ခရိုင်ရှိ ဆွတ်ခုဘမြို့သည် ဂျပန်နိုင်ငံ၏ သုတေသနနှင့် ပညာရေးမြို့တော် ဖြစ်သည်။ ဆွတ်ခုဘမြို့သည် ဟိတချိကုမ္ပဏီ၏ မွေးဖွားရာနေရာလည်း ဖြစ်သည်။[၄]


စိုက်ပျိုးရေး
[ပြင်ဆင်ရန်]ခရိုင်သည် မြေပြန့်များပြားခြင်း၊ ရေပေါကြွယ်ဝခြင်းနှင့် သင့်လျော်သည့် ရာသီဥတုရှိခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏ ခရိုင်နှင့် စီရင်စုများအကြားတွင် စိုက်ပျိုးရေးထုတ်လုပ်မှု အမြင့်ဆုံး ဖြစ်သည်။ ခရိုင်သည် တိုကျိုမြို့ပြဧရိယာအတွက် စားစရာများကို အဓိကထောက်ပံ့ပေးလျက်ရှိသည်။ အဓိကထုတ်ကုန်များတွင် ဖရုံသီး၊ သစ်တော်သီး၊ ငရုတ်သီး၊ ဆန်၊ သကြားနှင့် ပန်းများ စသည်တို့ ပါဝင်သည်။
ခရိုင်သည် နိုင်ငံ၏ အခြားသောဒေသများသို့လည်း စိုက်ပျိုးသီးနှံများကို ထောက်ပံ့ပေးလျက်ရှိသည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ဂျပန်တစ်နိုင်ငံလုံး၏ ငရုတ်ကောင်းနှင့် တရုတ်ကော်ဖီထုပ်ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့သည်။
ငါးဖမ်းလုပ်ငန်း
[ပြင်ဆင်ရန်]ပစိဖိတ်သမုဒ္ဒရာနှင့် ခဆုမိဂအုရကန်နှင့် အခြားသော မြစ်ချောင်းများတို့တွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အိဘရခိခရိုင်သည် ဂျပန်ရှိ ငါးထုတ်လုပ်မှုအများဆုံး ခရိုင်များထဲမှ တစ်ခု ဖြစ်သည်။
နွားမွေးမြူရေး
[ပြင်ဆင်ရန်]ဟိတချိဂယူးနွား (常 陸 牛 - ひたちぎゅう - Hitachi-gyū, Hitachi-ushi) သည် ခရိုင်မှ ထွက်ရှိသည့် ထင်ရှားသည့် အမဲသားတစ်မျိုး ဖြစ်သည်။ ဤနွား၏ အမည်သည် ရှေးခေတ်ပြည်နယ်၏ အမည်ဖြစ်သည့် "ဟိတချိပြည်နယ်" မှ ဆင်းသက်လာသည်။
စက်မှုလုပ်ငန်းစင်တာများ
[ပြင်ဆင်ရန်]- ဟိတချိဧရိယာ - လျှပ်စစ်နှင့်စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ တည်ရှိသည်။ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်တည်ရှိသည်။ ၎င်းတို့ထဲမှ အများစုကို ဟိတချိကုမ္ပဏီသည် ငှားရမ်းထားသည်။ ဤဧရိယာကို ၁၉၁၀ ခုနှစ်တွင် ဆုခဲဂဝ (ဟိတချိမြို့) တွင် တည်ထောင်ခဲ့သည်။
- တိုးခိုင်းဧရိယာ - အက်တမ်စွမ်းအင်သုတေသနအဖွဲ့အစည်း J-PARC နှင့် ပရိုတွန်သုတေသနအဆောက်အဦတို့ တည်ရှိသည်။
- ဆွတ်ခုဘဧရိယာ - ပညာရေးနှင့် သုတေသနဆိုင်ရာ အဆောက်အဦ ၃၂ ခု ရှိသည်။
- ခရှိမဧရိယာ - ကုန်ပစ္စည်းစက်ရုံများ တည်ရှိသည်။ စတီးနှင့် ရေနံဓာတုနှင့်ဆိုင်သည့် ကုမ္ပဏီပေါင်း ၁၆၀ ခန့် ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]တက္ကသိုလ်များ
[ပြင်ဆင်ရန်]
ခရီးသွားနေရာများ
[ပြင်ဆင်ရန်]- Hobikibune (Sailboat) on Lake Kasumigaura
- Fukuroda Falls in Daigo
- A view of Mount Tsukuba, from Tsukuba City
- A view of Suigō Itako Iris Garden
- A view of Rokkakudō and Pacific Ocean in Kitaibaraki
- Nemophila in spring in Hitachi Seaside Park
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရထားပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]- အရှေ့ဂျပန်မီးရထားကုမ္ပဏီ
- Hitachinaka Seaside Railway
- Kantō Railway
- Kashima Rinkai Railway
- Metropolitan Intercity Railway Company
- Mooka Railway
ကေဘယ်ကား
[ပြင်ဆင်ရန်]- Tsukuba Kankō Railway
ဘတ်စကား
[ပြင်ဆင်ရန်]ကားလမ်းများ
[ပြင်ဆင်ရန်]အဝေးပြေးလမ်းများ
[ပြင်ဆင်ရန်]နိုင်ငံအဆင့်အဝေးပြေးလမ်းများ
[ပြင်ဆင်ရန်]
Ibaraki Prefecture with the following national routes:
- National Route 4 (around Koga area)
- National Route 6 (Nihonbashi of Tokyo-Toride-Tsuchiura-Mito-Hitachi-Iwaki-Sendai)
- National Route 50
- National Route 51 (Mito-Kashima-Itako-Narita-Chiba)
- National Route 118
- National Route 123
- National Route 124
- National Route 125 (Katori-Tsuchiura-Tsukuba-Koga-Gyōda-Kumagaya)
- National Route 245
- National Route 293
- National Route 294
- National Route 349
- National Route 354
- National Route 355
- National Route 400 (Mito-Nakagawa-Nikko-Minamiaizu-Nishiaizu
- National Route 408
- National Route 461
စီရင်စုလမ်းမများ
[ပြင်ဆင်ရန်]ဆိပ်ကမ်းများ
[ပြင်ဆင်ရန်]လေဆိပ်များ
[ပြင်ဆင်ရန်]- Ibaraki Airport
- Ōtone Airstrip 大利根飛行場 (おおとねひこうじょう Ōtone Hikōjō) is an airfield located on the Tone River in Kawachi.
- Ryūgasaki Airfield
- Tsukuba Heliport
အိဘရခိခရိုင်ရှိ လေကြောင်းဖြင့် ခရီးသွားလာသူများသည် ဟနဲဒလေဆိပ်နှင့် နရိတအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကိုလည်း အသုံးပြုကြသည်။
ခရိုင်အမည်၏ အသံထွက်
[ပြင်ဆင်ရန်]ခရိုင်၏ အမည်ကို "အိဘရဂိ" ဟူ၍လည်း အသံထွက်ကြသေးသည်။ ဤအသံထွက်သည် ဒေသအသံထွက်ဖြစ်သည့် "အိဘရခိ-ဘန်း" ကို အသုံးပြုကာ ထွက်ဆိုခြင်း ဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံး စံနှုန်းအနေဖြင့် အသုံးပြုသည့် ဂျပန်အသံထွက်ဖြင့် "အိဘရခိ" ဟု အသံထွက်သည်။[၅]
ညီအစ်မမြို့များ
[ပြင်ဆင်ရန်]အိဘရခိခရိုင်သည် အောက်ပါမြို့များနှင့် အမွှာညီအစ်မဆက်ဆံရေးကို ထူထောင်ထားသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Ibaraki Prefecture Official Website (in ဂျပန်)
- Ibaraki Prefecture Official Website 2 November 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (in အင်္ဂလိပ်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Natto: Japanese History of a Modern-Day Superfood။ NYrture, 2020-01-14 (14 January 2020)။ 2024-09-08 တွင် ပြန်စစ်ပြီး။
- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ About Ibaraki။ November 14, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 12, 2021 တွင် ပြန်စစ်ပြီး။
- ↑ data | Attractive Local Regions in Japan - Investing in Japan - Japan External Trade Organization (in en)။ 2022-06-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-07-04 တွင် ပြန်စစ်ပြီး။
- ↑ いばらぎじゃなくていばらき 2017-06-29 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . [Ibaragi ja Nakute Ibaraki]