မာတိကာသို့ ခုန်သွားရန်

အိန်ဂျယ်လမုန်

ဝီကီပီးဒီးယား မှ
အိန်ဂျယ်လမုန်
မွေးဖွားLamung Jaseng Tsawm
(1997-06-25) ၂၅ ဇွန်၊ ၁၉၉၇ (အသက် ၂၈)
မန္တလေး, မြန်မာ
ပညာရေးရတနာပုံတက္ကသိုလ်
အလုပ်အကိုင်
  • မင်းသမီး
  • မော်ဒယ်
  • အလှမယ်
တက်ကြွလှုပ်ရှားနှစ်များ2014–present
အရပ်၁.၇၃ m (၅ ft ၈ in)
ဘွဲ့Miss Intercontinental Myanmar 2014
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အမည်းရောင်
မျက်လုံးအရောင်အမည်းရောင်
အဓိက ပြိုင်ပွဲ(များ)Miss Intercontinental Myanmar 2014 (Winner)
Miss Intercontinental 2014 (Top 16)

အိန်ဂျယ်လမုန် (အင်္ဂလိပ်: Angel Lamung; မွေးဖွား ၁၉၉၇ ခုနှစ် ဇွန်လ ၂၅ ရက်) သည် ကချင် မျိုးနွယ် မျိုးဖွား မင်းသမီး၊ မော်ဒယ်နှင့် အလှမယ်ပြိုင်ပွဲ ခေါင်းစဉ်ပိုင်ရှင်တစ်ဦးဖြစ်သည်။[][] သူမသည် Miss Intercontinental Myanmar 2014 သရဖူကို ရရှိခဲ့ပြီး၊ ထိုနှစ်တွင် ကျင်းပသော Miss Intercontinental 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[][]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

အိန်ဂျယ် လမုန် ကို ၁၉၉၇ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ သူမသည် ကချင်မျိုးနွယ်ဖြစ်ပြီး မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသမီးတစ်ဦး ဖြစ်သည်။ အကိုကြီးတစ်ဦးရှိပြီး၊ သူမ၏အဖေမှာ နှစ်ခြင်းဆရာတစ်ဦး ဖြစ်သည်။ အိန်ဂျယ်သည် မြင့်မြတ်ပညာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သင်ကြားခဲ့ပြီး၊ ရတနာပုံတက္ကသိုလ်တွင် အင်္ဂလိပ်စာကို အဓိကဘာသာရပ်အဖြစ် အဝေးသင်ဖြင့် သင်ယူခဲ့သည်။ []

အလှမယ်

[ပြင်ဆင်ရန်]

ပြည်တွင်းပြိုင်ပွဲ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်တွင် အိန်ဂျယ် လမုန် သည် High School Queen Oramin-F 2014 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပထမအမျိုးသမီးဒုတိယ (1st runner-up) အဖြစ် ရပ်တည်ခဲ့သည်။

Miss Golden Land Myanmar 2014

[ပြင်ဆင်ရန်]

High School Queen Oramin-F ပြိုင်ပွဲအပြီး၊ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Myanmar Convention Center တွင်ကျင်းပသော Miss Golden Land Myanmar 2014 (ဒုတိယအကြိမ်မြောက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် Miss Intercontinental Myanmar 2014 ချီးမြှင့်ခံရသည်။

Miss Intercontinental 2014

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ Magdeburg မြို့၌ ကျင်းပသော Miss Intercontinental 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တခြားနိုင်ငံပေါင်း ၈၀ ခန့်မှ အလှမယ်များနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ထိပ်တန်း ၁၆ ဦးအနက်မှ တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့သည်။[][][]

အသက်မွေးဝမ်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၅–၂၀၁၇: မော်ဒယ်ဘဝ

[ပြင်ဆင်ရန်]

Miss Intercontinental 2014 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် ပါဝင်ခဲ့သောအဖြစ်အပျက်ကြောင့် အိန်ဂျယ် သည် Miss Intercontinental Myanmar အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးနောက် ကြော်ငြာရိုက်ကူးမှုများအတွက် တောင်းဆိုမှုများစွာကို လက်ခံခဲ့ရသည်။ ထို့နောက် မော်ဒယ်အဖြစ် စီးပွားဖြစ်လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ပြီး မဂ္ဂဇင်းကာဗာဓာတ်ပုံများနှင့် ကြော်ငြာဓာတ်ပုံများတွင် ပါဝင်ခဲ့သည်။[]

၂၀၁၇–လက်ရှိ: သရုပ်ဆောင်ဘဝ

[ပြင်ဆင်ရန်]

အိန်ဂျယ်သည် ၂၀၁၇ ခုနှစ်တွင် သရုပ်ဆောင်ဘဝကို စတင်ခဲ့ပြီး၊ ဒါရိုက်တာ အဂ္ဂ ရိုက်ကူးသော ရိုမန်းတစ်ဒရာမာဇာတ်လမ်း တားဆီးမရနိုင်သော တွင် သရုပ်ဆောင် ခါရာ နှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည်။[] ၂၀၁၈ ခုနှစ်တွင် ဒါရိုက်တာ ဒဿကျော်စွာ ရိုက်ကူးသော ဇာတ်ကား သမန်ကျားတွင် သရုပ်ဆောင် ပိုင်တံခွန် နှင့်အတူ ပါဝင်ခဲ့သည်။[၁၀][၁၀][၁၁] ထိုနှစ်တည်းက ထိုင်း–မြန်မာ ပူးပေါင်းအက်ရှင်ဇာတ်ကားဖြစ်သော Sleeping Awake တွင် နိုင်နိုင်၊ အေးမြတ်သူ၊ ထိုင်းဒါရိုက်တာ Sammy တို့နှင့်အတူ အမျိုးသမီးဦးဆောင်ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့သည်။[၁၂] ထို့ပြင်၊ ဒါရိုက်တာ မျိုးမြင့်ရွှေ ရိုက်ကူးသော ဇာတ်ကား လေဆန်ကကြိုး တွင် ဒေါင်း၊ အောင်လေး၊ အဲလစ်အုန်း တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ဇာတ်ကားကို JATAKA Film Production မှ ထုတ်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၉ ရက်တွင် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့သည်။[၁၃][၁၄][၁၅]

၂၀၁၉ ခုနှစ် မတ်လ၌ Kamayut Media ၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သော ရုပ်ရှင်ဒရာမာဇာတ်ကား အချစ်ဖြင့်လွမ်းစေ တွင် အိန်ဂျယ်သည် ဒေါင်း နှင့် ပိုင်ဖြိုးသု တို့နှင့်အတူ အဓိကဇာတ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁၆] ထို့နောက် ၂၀၂၀ ခုနှစ်တွင် ယင်းဇာတ်လမ်းကို နာမည်တူ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး၊ ၎င်းကို ဒါရိုက်တာ နေသန်မောင် သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။[၁၇][၁၈][၁၉]

နိုင်ငံရေးလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်၊ အိန်ဂျယ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သူမသည် လူမှုမီဒီယာများမှတစ်ဆင့် စစ်အာဏာကို ရှုတ်ချကာ “We Want Justice” ဟုဆိုသော လက်သုံးချောင်းအလေးပြုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုတွင် နိုင်ငံအတွင်း အနုပညာရှင်များစွာကလည်း ပါဝင်ခဲ့ကြသည်။[၂၀][၂၁][၂၂][၂၃] ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီက ၎င်းအား ဖမ်းဆီးရန် ရာဇသတ်ကြီးပုဒ်မ 505 (က) အရ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ ၎င်း သည် မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုခြင်း၊ ပြည်သူများအား စစ်ရေးအုပ်ချုပ်မှုအား ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်း၊ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) ကို ထောက်ခံခြင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံသည်ဟုဆိုလျက် တရားစွဲဆိုခံရခြင်း ဖြစ်သည်။ [၂၄]

ရုပ်ရှင်ဇာတ်ကားများ

[ပြင်ဆင်ရန်]

ရုပ်ရှင် (ဗီဒီယို)

[ပြင်ဆင်ရန်]
နှစ် ဇာတ်ကားအမည် မြန်မာအမည်
၂၀၁၇ Unstoppable တားဆီးမရနိုင်သော
၂၀၁၈ Thaman Kyar (Weretiger) သမန်းကျား

ရုပ်ရှင်

[ပြင်ဆင်ရန်]
နှစ် ဇာတ်ကားအမည် မြန်မာအမည်
၂၀၁၉ Wind Up Dancer လေဆန်ကကြိုး
၂၀၂၀ Longing with Love အချစ်ဖြင့်လွမ်းစေ
ထုတ်မည့်နေ့မသိ Sleeping Awake နှလုံးသားအိပ်မက်

တီဗီဇာတ်လမ်းတွဲများ

[ပြင်ဆင်ရန်]
နှစ် ဇာတ်လမ်းတွဲအမည် မြန်မာအမည်
၂၀၁၉ Longing with Love အချစ်ဖြင့်လွမ်းစေ

ကိုးကား

[ပြင်ဆင်ရန်]
  1. May Thet။ "ကိုယ့်ရဲ့စပွန်ဆာက ကိုယ့်မိဘပါပဲ~ အိန်ဂျယ်လမုန်" (in my)၊ 8days Journal၊ 3 August 2017 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  2. "ကိတ်မစ်ဒယ်တန်ရဲ့ Fashion တွေကို ကြိုက်တယ်ဆိုတဲ့ အိန်ဂျယ်လမုန်" (in my)၊ Sunday Journal၊ 15 June 2017 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  3. 1 2 "性感克钦美女 Angel Lamung" (in zh)၊ 缅甸在线 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  4. Pan Myat Zaw။ "အလှမယ် အိန်ဂျယ်လမုန်၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို တိုင်းရင်းသား များ၏ ရိုးရာ ဓလေ့ များနှင့် ပေါင်းစပ်ထား" (in my)၊ Mizzima၊ 24 November 2014 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  5. "NPO法人PEACE「ミャンマー(少数民族) 衣の祭典 - 奨学金創設のためのチャリティ・ミュージック&ファッションショー -」を3月31日に北区赤羽会館にて開催" (in ja)၊ PR Times၊ 2 March 2018။
  6. Pan Myat Zaw။ "အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental 2014 ပြိုင်ပွဲတွင် ဆုများဖြင့် လွဲချော်ခဲ့" (in my)၊ Mizzima၊ 5 December 2014 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 9 September 2018။
  7. Pan Myat Zaw။ "အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental 2014 ယှဉ်ပြိုင်ရန် ဂျာမနီသို့ ဩားမည်" (in my)၊ Mizzima၊ 21 November 2014 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 9 September 2018။
  8. "Rise and Shine"၊ Lush Magazine၊ 18 May 2018။
  9. "သရုပ်ဆောင်ဘက်ကို ခြေဦးလှည့်လာတဲ့ အလှမယ် အိန်ဂျယ်လမုန်"၊ Kamayut Media၊ 17 March 2018 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  10. 1 2 Dagon Wai Lin။ "စစ်ပွဲတွေ ငြိမ်းချမ်းစေချင်ပါတယ်ဆိုတဲ့ ကချင်မလေး အိန်ဂျယ်လမုန်း" (in my)၊ The Union Daily၊ 4 June 2018 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 8 September 2018။
  11. "သမန်းကျားဝိညာဉ် ဇာတ်ကားမှာသရုပ်ဆောင်သွားမယ့် အိန်ဂျယ်လမုန် ရဲ့ Instagram ပေါ်မှအလှပုံလေးများ" (in my)၊ Akhayar၊ 30 May 2018။
  12. Thae Su Hlaing။ "နိုင်းနိုင်းနဲ့အတူ သရုပ်ဆောင်ရမှာမို့ စိတ်လှုပ်ရှားနေတဲ့ အိန်ဂျယ်လမုန်" (in my)၊ Popular News Journal 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 18 April 2019။
  13. "အလန်းစားအကတွေနဲ့ ရုံတင်လာတဲ့ 'လေဆန်ကကြိုး'" (in my)၊ The Myanmar Times၊ 16 May 2019။
  14. "Wind Up Dancer (Myanmar)"၊ Myanmore Magazine၊ 9 May 2019။
  15. "လေဆန်ကကြိုးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ အိန်ဂျယ်လမုန်" (in my)၊ Kumudra၊ 14 May 2019။[လင့်ခ်သေ]
  16. "မကြာခင်မှာ ပရိသတ်တွေရင်ခုန်စောင့်မျှော်နေရမယ့် အချစ်ဖြင့်လွမ်းစေ ရုပ်သံဇာတ်လမ်းတွဲ" (in en)၊ We Media၊ 15 February 2019 29 May 2025 တွင် ပြန်စစ်ပြီး Archived from the original on 15 January 2020။
  17. "ဇာတ်လမ်းတွဲအဖြစ် ပိုနှစ်ခြိုက်မိတဲ့ "အချစ်ဖြင့်လွမ်းစေ"" (in my)၊ The Myanmar Times၊ 19 February 2020။
  18. "ဖေဖော်ဝါရီမှာ ရုံတင်ပြသမယ့် ဇာတ်လမ်းတွဲတစ်ဖြစ်လဲ 'အချစ်ဖြင့်လွမ်းစေ'" (in my)၊ The Myanmar Times၊ 23 January 2020။
  19. "အချစ်ဖြင့်လွမ်းရတဲ့ အချစ်ဖြစ်လွမ်းစေ" (in my)၊ Yangon Life၊ 4 March 2019။[လင့်ခ်သေ]
  20. "တရားမျှတမှု We Want Justice ကန်ပိန်းတွင် အနုပညာရှင်များပါဝင် ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)" (in my)၊ DVB၊ 4 February 2021။
  21. "ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များက We Want Justice လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုတွင်ပါဝင်" (in my)၊ Eleven Media Group၊ 6 February 2021။
  22. "ကလေးငယ်များအား သေနတ်နဲ့ ပစ်ခတ်ခြင်းကို အနုပညာရှင်များ ရှုတ်ချ" (in my)၊ The Irrawaddy၊ 28 March 2021။
  23. "စစ်တပ်ပိုင် လုပ်ငန်းများကို ကြော်ငြာပေးမှာ မဟုတ်တော့တဲ့ အနုပညာရှင်များ" (in my)၊ The Irrawaddy၊ 17 February 2021။
  24. "သက်မွန်မြင့်၊ ဖွေးဖွေး၊ ကော်နီနှင့် ကျားပေါက် အပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်" (in my)၊ DVB၊ 4 April 2021။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]