မာတိကာသို့ ခုန်သွားရန်

အားမာ့ဇ်

ဝီကီပီးဒီးယား မှ
အားမာ့ဇ် နိုင်ငံတကာ အများပိုင်ကုမ္ပဏီလီမိတက်
(Hermès International S.A.)
အမျိုးအစားအများပိုင် (Société Anonyme (S.A.)) ကုမ္ပဏီလီမိတက်
လုပ်ငန်းဇိမ်ခံအသုံးအဆောင်
တည်ထောင်သည့်နှစ်ပါရီမြို့၊ ၁၈၃၇; ၁၈၈ နှစ် အကြာက (၁၈၃၇)
တည်ထောင်သူများသီယာရီ အားမာ့ဇ်
ဌာနချုပ်ပြင်သစ်နိုင်ငံပါရီမြို့၊ 24 Rue du Faubourg Saint-Honoré – 75008
ကိုဩဒိနိတ်: 48°52′08″N 02°19′18″E / 48.86889°N 2.32167°E / 48.86889; 2.32167
အရေးပါ ပုဂ္ဂိုလ်များ
  • အက်ဇဲ ဒူမက်စ် (အမှုဆောင်ဥက္ကဋ္ဌ)
  • အွန်နရီ-လူဝီ ဘောင်ဝါ (အမှုဆောင်မန်နေဂျာနှင့် ဥက္ကဋ္ဌ)
  • အဲရစ် ဒီဆေးနက်စ် (ဥက္ကဋ္ဌ၊ ကြီးကြပ်ရေးဘုတ်အဖွဲ့)
  • ပီယာရာ အဲလက်ဇစ် ဒူမက်စ် (အနုပညာဆိုင်ရာ ဒုတိယအလုပ်အမှုဆောင်ဥက္ကဋ္ဌ)
ထုတ်ကုန်ပစ္စည်းအဝတ်အထည် နှင့် ဖက်ရှင်အသုံးအဆောင်များ
ဝင်ငွေIncrease ၁၃.၄၃ ဘီလီယံ (၂၀၂၃)[]
အခွန်မဆောင်မီ ဝင်ငွေIncrease € ၅.၆၅ ဘီလီယံ (၂၀၂၃)
အသားတင် ဝင်ငွေIncrease € ၄.၃၁ ဘီလီယံ (၂၀၂၃)
ရင်းနှီးမြှုပ်နှံမှုIncrease € ၂၀.၄၅ ဘီလီယံ (၂၀၂၃)
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease € ၁၅.၂၀ ဘီလီယံ (၂၀၂၃)
ပိုင်ရှင်များအားမာ့ဇ် မိသားစုနှင့် အခြားရှယ်ယာရှင်များ
အလုပ်သမားဦးရေ၂၂,၀၃၇ ဦး (၂၀၂၃)
ဝက်ဘ်ဆိုက်hermes.com

အားမာ့ဇ် နိုင်ငံတကာ အများပိုင်ကုမ္ပဏီလီမိတက် (အင်္ဂလိပ်: Hermès International S.A.) (/ɛərˈmɛz/ ( ) er-MEZ, ပြင်သစ်: [ɛʁmɛs] ( )) သည် ပြင်သစ် ဇိမ်ခံဖက်ရှင်ပစ္စည်းနှင့် ဒီဇိုင်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ၁၈၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ သားရေပစ္စည်းများ၊ ပိုးထည်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်များ၊ အိမ်သုံးပရိဘောဂများ၊ ရေမွှေးများ၊ လက်ဝတ်ရတနာများ၊ နာရီများနှင့် ရယ်ဒီမိတ် အဝတ်အထည်များနှင့်ပတ်သက်၍ အထူးပြုထုတ်လုပ်သည်။[] ၁၉၅၀ ပြည့်နှစ်မှစ၍ ၎င်း၏ မြို့စားမင်းနှင့် မြင်းလှည်းပုံ လိုဂိုအမှတ်တံဆိပ်ကို စတင်အသုံးပြုခဲ့သည်။

သမိုင်း

[ပြင်ဆင်ရန်]

၁၉ ရာစုတွင် အစပြုခဲ့ခြင်း

[ပြင်ဆင်ရန်]
အားမာ့ဇ်၏ တည်ထောင်သူ သီယာရီ အားမာ့ဇ် (Thierry Hermès)
အားမာ့ဇ်၏ တည်ထောင်သူ သီယာရီ အားမာ့ဇ် (Thierry Hermès)

သီယာရီ အားမာ့ဇ် (Thierry Hermès) အား ဂျာမနီနိုင်ငံ၊ ကရီဖက်မြို့တွင် ပြင်သစ်လူမျိုး ဖခင်နှင့် ဂျာမန်လူမျိုး မိခင်တို့မှ မွေးဖွားခဲ့သည်။ ၁၈၂၈ ခုနှစ်တွင် ပြင်သစ်သို့ တစ်မိသားစုလုံး ပြောင်းရွှေ့နေထိုင်ခဲ့သည်။[] ၁၈၃၇ ခုနှစ်တွင် အားမာ့ဇ်သည် ပါရီမြို့ ဂရန်းဘိုးဗာ့ဒ်ရပ်ကွက်တွင် မြင်းကုန်းနှီး တပ်ဆင်ထုတ်လုပ်သည့် အလုပ်ရုံအား ကနဦးစတင်တည်ထောင်ခဲ့သည်။[][] သူသည် မြင်းလှည်းနှင့် ရထားလုံးများအတွက် အရည်အသွေးမြင့် ကုန်းနှီးနှင့် ဇက်ကြိုးများ[] ဖန်တီးခဲ့ပြီး ကုန်သွယ်ရေးပြပွဲများတွင်လည်း ဆုအများအပြားကို ဆွတ်ခူးခဲ့သည်။[][]

အားမာ့ဇ်၏သား Charles-Émile သည်[] ကုမ္ပဏီသည် ဥရောပ၊ မြောက်အာဖရိက၊ ရုရှား၊ အာရှနှင့် အမေရိကရှိ အထက်တန်းလွှာများအတွက် မြင်းစီးကိရိယာတန်ဆာပလားများကို ထုတ်လုပ်ရောင်းချခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် ကုမ္ပဏီသည် မြင်းစီးနင်းသူများအတွက် ၎င်းတို့၏ မြင်းကုန်းနှီးများထည့်သွင်းသယ်ဆောင်နိုင်မည့် ယနေ့ခေတ်တွင် ကယ်လီအိတ် (Kelly Bag) ဟု လူသိများသော အထူးထုတ်လုပ်ထားသည့် Haut à Courroies အိတ်များအား စတင်မိတ်ဆက်၍ ထုတ်လုပ်ရောင်းချခဲ့သည်။

အားမာ့ဇ် ဖဲယားခေတ်

[ပြင်ဆင်ရန်]
Hermès Frères ကြော်ငြာ၊ ၁၉၂၃ ခုနှစ်

Charles-Émile Hermès အနားယူပြီးနောက်၊ Adolphe နှင့် Émile-Maurice တို့၏သားများမှ ဦးဆောင်ခဲ့ကြပြီး Hermès Frères ကုမ္ပဏီဟု အမည်ပြောင်းခဲ့သည်။ များမကြာမီပင် Émile-Maurice သည် ရုရှားဘုရင်၏ မြင်းများတွင် ကုန်းနှီးများဖြင့် အလှဆင်ပေးခဲ့ရသည်။[] ၁၉၁၄ ခုနှစ်တွင် ကုန်းနှီးထုတ်လုပ်ရေးအတွက် ဝန်ထမ်း ၈၀ ဦးအထိ အလုပ်ခန့်ခဲ့သည်။ နောက်ပိုင်းတွင် Émile-Maurice သည် သားရေပစ္စည်းများနှင့် အဝတ်အထည်များအတွက် ဇစ်ကိုအသုံးပြုရန် သီးသန့်မူပိုင်ခွင့်ကို ရရှိခဲ့ပြီး ပြင်သစ်တွင် ပထမဆုံးသော စက်ပစ္စည်းကို မိတ်ဆက်သူဖြစ်လာခဲ့သည်။[] ၁၉၁၈ ခုနှစ်တွင် Hermès သည် ဝေလမင်းသားအတွက် ဇစ်ပါသည့် ပထမဆုံးသော ဂေါက်သီးရိုက်အားကစားသုံး သားရေဂျက်ကက်ကို မိတ်ဆက်ခဲ့သည်။[] ၎င်း၏သီးသန့်မူပိုင်ခွင့်ဖြစ်သည့် ဇစ် အား ပြင်သစ်တွင် fermeture Hermès (Hermès fastener) အဖြစ် လူသိများလာခဲ့သည်။[]

အသုံးအဆောင်များနှင့် ထုတ်ကုန်များ

[ပြင်ဆင်ရန်]
လိုဂိုပါရှိသော Hermès ဆပ်ပြာ

ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍ လူသိများကျော်ကြားသော အားမာ့ဇ်တွင် သားရေ၊ ပုဝါ၊ လည်စည်း၊ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ရေမွှေး၊ လက်ပတ်နာရီ၊ စာရေးကိရိယာ၊ ဖိနပ်၊ လက်အိတ်၊ ကြွေထည်၊ အလှဆင် အနုပညာလက်ရာများ၊ ပန်းကန်ခွက်ယောက်နှင့် လက်ဝတ်ရတနာ စသည့် ထုတ်လုပ်ရေးဌာနကြီး ၁၄ ခု ရှိသည်ဟု ၂၀၀၈ ခုနှစ် အချက်အလက်များအရ သိရသည်။[]

အားမာ့ဇ်၏ ရောင်းချရမှုများတွင် သားရေပစ္စည်း ၃၀%၊ အဝတ်အထည် ၁၅%၊ ပဝါ ၁၂% နှင့် အခြားပစ္စည်းများ ၄၃% ခန့်ပါဝင်သည်။[] ကုမ္ပဏီသည် ထုတ်ကုန်များကို လိုင်စင်မပေးဘဲ ၎င်း၏များပြားလှသော ဒီဇိုင်းနှင့် ထုတ်လုပ်မှုများအပေါ် တင်းကျပ်စွာထိန်းချုပ်ထားသည်။[]

ကုမ္ပဏီသည် ၎င်း၏ မိရိုးဖလာ ထုတ်လုပ်မှုပုံစံအတိုင်း အလွန်လိုက်နာကျင့်သုံးပြီး အများအပြား ထုတ်လုပ်ခြင်းနှင့် စက်များအသုံးပြု၍ ထုတ်လုပ်ခြင်း မရှိပေ။ အားမာ့ဇ် ၏ ကုန်ပစ္စည်းများသည် အရည်အသွေးမြင့် ထုတ်လုပ်မှုကို အလေးထားသောကြောင့် ပြင်သစ်နိုင်ငံရှိ Les Ateliers Hermès ဟု လူသိများသော ၎င်း၏ တပိုင်တနိုင် အလုပ်ရုံများတွင် လက်ဖြင့်ပြုလုပ်၍သာ ထုတ်လုပ်သည်။ အမှန်စင်စစ်တွင် အားမာ့ဇ်၏ ပစ္စည်းအများစုသည် အစမှအဆုံးအထိ လူတစ်ဦးတည်းကသာ ဖန်တီးထားခြင်းဖြစ်သောကြောင့် ၎င်း၏ထုတ်ကုန်များနှင့်ပတ်သက်၍ အရည်အသွေးနှင့် ထူးခြားမှုကို အာမခံသည် ယူဆနိုင်သည်။

သားရေပစ္စည်း အသုံးအဆောင်များ

[ပြင်ဆင်ရန်]

အားမာ့ဇ်သည် ၎င်း၏ လက်လုပ် ခရီးဆောင်အိတ်များနှင့် လက်ကိုင်အိတ်များကြောင့် လူသိများသည်။ ၎င်းပစ္စည်းများကို ပြုလုပ်ရန် အချိန် ၁၈ နာရီမှ ၂၄ နာရီအထိ လိုအပ်သည်။ ၎င်း၏ ကမ္ဘာကျော် ကယ်လီအိတ် (Kelly Bag) တစ်လုံးအား အစမှ အဆုံးထိ ထုတ်လုပ်ချိန် ၁၈ နာရီရှိသည်။[] အားမာ့ဇ်၏ အထင်ကရထုတ်ကုန်ဖြစ်သော ၎င်း ကယ်လီအိတ်ကို ဝယ်ယူနိုင်ရန် အချိန် ခြောက်လမှ တစ်နှစ်အထိ စောင့်ဆိုင်းရတတ်သည်။ အားမာ့ဇ်၏ နောက်ထပ်နာမည်ကျော် လက်ကိုင်အိတ်တစ်မျိုးမှာ "ဘာကင်အိတ် (Birkin Bag)" ဖြစ်သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Regulated information
  2. Activity Report 2023။ Paris။ 16 April 2024။ p. 14။
  3. 1 2 3 4 View the Profilepage of Designer: Hermes Fashion Model Directory။
  4. 1 2 3 Hermès Watches WorldTempus။
  5. 1 2 Hermès
  6. 1 2 3 4 Contemporary Fashion။ London။ 1995။ p. 750။
  7. 1 2 History of Hermès History of Fashion။
  8. THE BIRKIN RULES (5 September 2006)။
  9. Scarlet Conlon, "Birkin 'Satisfied" by Hermès Investigation," Vogue, 15 September 2015

ပြင်ပလင့်များ

[ပြင်ဆင်ရန်]