အားဗင်း၊ ဝါရှင်တန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Washington Irving
Irving-Washington-LOC.jpg
မွေးဖွား (1783-04-03)ဧပြီ ၃၊ ၁၇၈၃
နယူးယောက်မြို့နယူးယောက်ပြည်နယ်
ကွယ်လွန် နိုဝင်ဘာ ၂၈၊ ၁၈၅၉(1859-11-28) (အသက် ၇၆)
Sunnyside, Tarrytown, New York
အလုပ်အကိုင် Short story writer, essayist, biographer, magazine editor, diplomat
စာပေလှုပ်ရှားမှု Romanticism

လက်မှတ်

ဝါရှင်တန် အားဗင်း (အင်္ဂလိပ်: Washington Irving; ဧပြီ ၃၊ ၁၇၈၃ – နိုဝင်ဘာ ၂၈၊ ၁၈၅၉) သည် ၁၉ ရာစုအစောပိုင်းတွင် ထင်ရှားခဲ့သော အမေရိကန် စာရေးဆရာ၊ အက်ဆေးရေးသားသူ၊ အတ္ထုပ္ပတ္တိစာရေးဆရာ၊ သမိုင်းပညာရှင်နှင့် သံတမန်တစ်ဦးဖြစ်သည်။

ဝါရှင်တန် အားဗင်းကား ၁၇၈၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် နယူးယောက်မြို့၌ ဖွားမြင်လေသည်။ ဖခင် ကား စကော့လူမျိုး ကုန်သည်တစ်ဦး ဖြစ်သည်။ သားသမီး ၁၁ ယောက်အနက် အထွေးဆုံးဖြစ်သည့် အလျောက် ငယ်စဉ်ကပင် အစ်ကိုကြီးများ၏ အားပေးမှုဖြင့် စာရေးစာဖတ် ဝါသနာထုံခဲ့ လေသည်။ အထူးသဖြင့် ခရီးသွားလာခြင်းနှင့်ဆိုင်သော စာအုပ် များကို နှစ်သက်လေသည်။ ကျောင်းနေရန် အလွန်ပျင်းသူ ဖြစ် သည့်အလျောက် အသက် ၁၆ နှစ်တွင် ကျောင်းမှထွက်၍ ဥပဒေပညာကို ဆည်းပူး၏။ သို့ရာတွင် စိတ်အား ထက်သန်စွာ ဆည်းပူးခြင်းမပြုပဲ၊ သေနတ် တစ်လက်၊ ခွေးတစ်ကောင်ကို အဖြော်ပုကာ ကြိုကြိုကြားကြား ခရီးသွားခြင်းကိုသာ ဝါသနာ အလျောက် ပြုလျက် ရှိလေသည်။ သူမရောက်ဘူးသည့် နေရာ ဟူ၍ မရှိသလောက် ရှားတော့၏။ အားဗင်းသည် သွားဖန်များ ခရီးရောက်ရုံမက ပါးစပ် အအားမနေ မေးမြန်းတတ်သဖြင့် နယူး ယော့မြို့တွင် နေထိုင်သော ဒပ်ချလူမျိုးများ၏ အဆက် အနွယ်များထံမှ ကြားသိရသော ပုံတိုပါဌ်စများကို နောင်အခါ တွင် ပါးစပ်ရာဇဝင်တစ်စောင်ဖြစ်အောင် ပြုစုရေးသားခဲ့သဖြင့် နာမည်ထင်ရှား ကျော်ကြားလာ လေသည်။


အားဗင်းသည် အလွန်ချူချာသူဖြစ်သည်သာမက စာရေး ဆရာအဖြစ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းရန် မဖြစ်နိုင်သော ကြောင့် ဆင်းရဲငြိုငြင်စွာ နေခဲ့ရသည်။ ဥပဒေပညာဆည်းပူး နေယင်း ထိမ်းမြားရန် စေ့စပ်ထား သည့် ချစ်သူ မတီလဒါ ဟော့ဖမန်း ကွယ်လွန်သဖြင့် စိတ်နှလုံးကို ပိုမိုထိခိုက်ကာ မကျန်းမာပဲရှိသဖြင့် အင်္ဂလန်၊ ဟော်ဟန်၊ ပြင်သစ်၊ အီတလီ နိုင်ငံများသို့ အလည်အပတ် ထွက်လာခဲ့လေသည်။ ဤသို့ လှည့်လည်သွားလာယင်း ဥရောပလူမျိုးတို့၏ စာပေနှင့်ဓလေ့ ထုံးစံတို့ကို လေ့လာခွင့်ရခဲ့လေသည်။ ၁၈ဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်ပြီးနောက် ၁၈ဝ၇ ခု၊ ၁၈ဝ၈ ခုနှစ်များတွင် သူ၏အစ်ကို များနှင့်အတူ ဆာလမဂန် ဒီခေါ် စာစောင်ကို အပတ်စဉ်ထုတ်ဝေလိုက်ရာ အထူးပင် နာမည်ထွက်လာလေသည်။ စာရေးဆရာအဖြစ် ကနစ်ကား ဗော့ကား ဟူသော အမည်ကို ၁၈၁ဝ ပြည့်နှစ်တွင် အားဗင်း သည် အစ်ကို များနှင့်အတူ သံကိရိယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ သော်လည်း အလုပ်အကိုင် ရှုံးသဖြင့် ယခင်ကစာရေးခြင်းဖြင့် ရရှိထားသော ငွေရင်းကလေးပင် ပြုတ်ရရှာလေသည်။ အလုပ်အကိုင် ပျက်စီးသော်လည်း အင်္ဂလန်ပြည်နှင့် အိမ်ဦး ကြမ်းပြင်ပမာ ကူးသန်းသွားလာနေခဲ့မှုကြောင့် အားဗင်းသည် အင်္ဂလိပ်စာရေးဆရာကြီးများနှင့် အထူး အကျွမ်းဝင်ကာ စိတ်ကူးဉာဏ်ဗဟုသုတ ပို၍ရွှင်လန်းလာလေသည်။ စာရေး ဆရာကြီး ဆာဝေါ်လတာ စကော့၏ အားပေးကူညီမှုဖြင့် အမေရိကန် ပုံတိုပတ်စကလေးများကို စာတိုပေစအမည်နှင့် ထုတ်ဝေ လိုက်ရာ အထူးပင်နာမည်ရ၍ အရောင်းရသွက်သော ကြောင့် အားဗင်းသည် အသုံးအစွဲ ချောင်လည်၍ အစ်ကိုများ ကိုပင် ထောက်ပံ့နိုင်သည့်အခြေသို့ ရောက်လာပြန်သည်။ စာတိုပေစ စာအုပ်မှာ အားဗင်း၏ အကောင်းဆုံးစာအုပ် ဖြစ်လေသည်။ ထိုစာအုပ်တွင် ရစ်ဗန်ဝင်းကယ်နှင့် ငိုက်မျည်း နေသော သစ်ခေါင်းကြီး ပုံဝတ္ထုများ ပါရှိလေသည်။ ထိုဝတ္ထုမှာ ငယ်စဉ်က ဒပ်ချလူမျိုးတို့၏ အဆက်အနွယ်များထံမှ ကြား သိရသော ဒဏ္ဍာရီများကို ရေးသားခြင်း ဖြစ်၏။ ဟင်းဒရစ် ဟဒ်ဆန်နှင့် အပေါင်းပါများ ဝတ္ထုတိုမှာ အားဗင်း ငယ်စဉ် အခါက အမေးအမြန်းထူကာ စုဆောင်းရရှိသော ပုံပြင်များ ဖြစ် ကြသည်။


အားဗင်းသည် မိမိ၏မိတ်ဆွေဖြစ်သူ စပိန်နိုင်ငံရှိ အမေရိ ကန် သံအမတ်၏ ဖိတ်ခေါ်ချက်အရ ခြောက်နှစ်မျှ သွားရောက် နေထိုင်သောအခါ သူ၏အသက်မှာ လေးဆဲ့သုံးနှစ် ရှိလေပြီ။ ထိုအခါတွင် သူသည် စပိန်နိုင်ငံ၏သမိုင်းကို လေ့လာ၍ ကိုလံဗပ်အတ္ထုပ္ပတ္တိ၊ အယ်လမ်ဗရာ ဝတ္ထုနှင့် ဂရန်နဒါကို အောင်မြင်ခြင်း ဟူသော စာအုပ်တို့ကို ရေးသားထုတ်ဝေ ပြန်သည်။ ၁၈၂၉ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပြန်လာကာ အမေရိကန်ဥပဒေအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေ လေသည်။ တော်ဝင်စာပေအသင်းက ရွှေတံဆိပ် ချီးမြှင့်ခြင်း ခံရရုံသာမက၊ အောက်စဖို့တက္ကသိုလ်ကြီးမှ စာပေပါရဂူဘွဲ့ ချီးမြှင့်ခြင်းကိုလည်း ခံရလေသည်။ ၁၈၃၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာပြီးနောက် ဟဒ်ဆန် မြစ်ပေါ်ရှိ ငိုက်မျည်းနေသော သစ်ခေါင်းကြီးအကွက်နားတွင် မြေဝယ်ကာ တူမများနှင့်အတူ နေထိုင်လျက် စာပေရေးသား နေလေသည်။ အမေရိကန်အစိုးရက သူ့အား ရာထူးကြီးများ ပေး၍ ချီးမြှင့်သော်လည်း ၁ဝ နှစ်လုံးလုံး ငြင်းပယ်ခဲ့၏။ ၁၈၄၂ ခုနှစ်ကျမှ စပိန်သံအမတ်ရာထူးကို လက်ခံကာ လေးနှစ်ကြာမျှ အမှုထမ်းလေသည်။ ၁၈၅၉ ခုနှစ် အသက် ၇၆ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)