အာရပ်-အစ္စရေး ပဋိပက္ခ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အာရပ်-အစ္စရေး ပဋိပက္ခ
Arab-Israeli Conflict Key Players.svg
အာရပ်-အစ္စရေး ပဋိပက္ခ၌ ပါဝင်သော အဓိကအုပ်စုများ
ရက်စွဲc. ၁၉၄၈ မေ ၁၅ – လက်ရှိအချိန်ထိ
(72 years, 6 months, 1 week and 2 days)
အဓိက ဖြစ်ပွားသည့် ကာလ: ၁၉၄၈–၁၉၈၂[၂]
နေရာအရှေ့အလယ်ပိုင်းဒေသ
ရလဒ်

နိမ့်ပါးသော အနေထားဖြင့် ဆက်လက်ဖြစ်နေခြင်း :

  • အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး သဘောတူစာချုပ် (၁၉၇၉)
  • အစ္စရေး-လက်ဘနွန် ငြိမ်းချမ်ရေး သဘောတူစာချုပ် ကြိုးပမ်းမှု (၁၉၈၃)
  • အော့စလို သဘောတူညီချက် (၁၉၉၃)
  • အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်ရေး သဘောတူစာချုပ် (၁၉၉၄)
  • ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၀၁ (အစ္စရေး-လက်ဘနွန် စစ်ပြေငြိမ်းရေး သဘောတူစာချုပ်) (၂၀၀၆)
  • အီရန်ကို အပြန်အလှန်သဘော ရပ်တည်ချက်ဖြင့် ဆန့်ကျင်ရန် အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ ချဉ်ကပ်မှု (၂၀၁၀ နှစ်များ)
နယ်နမိတ်
ပြောင်းလဲမှုများ
  • ပါလက်စတိုင်း အထိန်းသိမ်းခံနယ်မြေများအားလုံးနှင့် အစ္စရေးအခြေချမှုများ (၁၉၄၈) ; ဂျော်ဒန် အနောက်ဖက် ကမ်းပါးဒေသကို ကျူးကျော်ခြင်း;
  • ပါလက်စတိုင်း အစိုးရဖျက်သိမ်းခြင်းနှင့် အီဂျစ်တို့ ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ခြင်း
  • ဆိုင်းနိုင်းကျွန်းဆွယ်၊ အနောက်ဖက်ကမ်းပါးဒေသ၊ ဂါဇာကမ်းမြောင်၊ ဂိုလန်ကုန်းပြင်မြင့်များအား အစ္စရေးတို့ သိမ်းပိုက်ခြင်း (၁၉၆၇-၈၂)
  • အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးနှင့် အစ္စရေး အရပ်သားအုပ်ချုပ်မှု စတင်ဖွဲ့စည်းခြင်း (၁၉၈၂)
  • အော့စလို သဘောတူညီချက်နှင့် ဂါဇာကမ်းမြောင်နှင့် အနောက်ဖက်ကမ်းပါးဒေသ A ၊ B နယ်မြေများအား ပါလက်စတိုင်း အမျိုးသားအုပ်ချုပ်မှု ဖွဲ့စည်းခြင်း (၁၉၉၄)
  • အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်းရေး သဘောတူစာချုပ် (၁၉၉၄)
  • စစ်ရင်ဆိုင်သည့် နိုင်ငံများ

     အစ္စရေး

    • မော့ဟယ်လ် ဆန္ဒအရ တိုက်ပွဲဝင်သူများ (၁၉၄၇–၄၉)

     ယူနိုက်တက်ကင်းဒမ်း
    (၁၉၅၆ ဆူးအက်အရေးအခင်း)
    ပြင်သစ်နိုင်ငံ စတုတ္ထမြောက် ပြင်သစ် သမ္မတနိုင်ငံ
    (၁၉၅၆ ဆူးအက်အရေးအခင်း)

    လက်ဘနွန် အမျိုးသားပါတီများ ညွန့်ပေါင်းအဖွဲ့ (၁၉၇၈–၈၄)

    • လက်ဘနွန် ကုတပါတီ (Kataeb Party) (၁၉၇၈–၈၂)

    လက်ဘနွန် စစ်တပ် (၁၉၇၈–၈၄)
    လွတ်လပ်သော လဘနွန်နိုင်ငံ (Free Lebanon State) (၁၉၇၈–၈၄)
    တောင်လဘနွန် စစ်တပ် (၁၉၈၄–၂၀၀၀)
    အားပေးထောက်ပံ့သူမှာ:

     အမေရိကန် (၁၉၇၃–)

     Arab League

    တမ်းပလိတ်:နိုင်ငံ စာရင်းအင်း PLO (၁၉၆၄–၁၉၉၃)
    တမ်းပလိတ်:နိုင်ငံ စာရင်းအင်း Palestinian Authority (၂၀၀၀–၀၅)
    အားပေးထောက်ပံ့သူမှာ:
     ဆိုဗီယက်ယူနီယံ (၁၉၆၇–၉၁)[၁]


    ဂါဇာကမ်းမြောင်ဒေသ (၂၀၀၆–) 'အားပေးထောက်ပံ့သူမှာ:

     အီရန် (၂၀၀၆–၁၂)
    တပ်မှူးများနှင့် ခေါင်းဆောင်များ
    အသေအပျောက်

    စစ်ဖက် ၂၂,၅၇၀ ခန့်[၃]

    အရပ်သား ၁,၇၂၃ ခန့်[၄] SLA တပ်သား ၁,၀၅၀ ခန့်[၅]
    အာရပ်လူမျိုး ၉၁,၁၀၅ ခန့် [၆]
    နှစ်ဖက်:
    စစ်တပ်သား ၇၄,၀၀၀ ခန့်
    အရပ်သား ၁၈,၀၀၀ ခန့်
    (1945–1995)[၇]

    အာရပ်-အစ္စရေး ပဋိပက္ခ (အင်္ဂလိပ်: The Arab–Israeli conflict) ဆိုသည်မှာ အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ကြား ၂၀ ရာစုအစောပိုင်းကာလတွင် မြင့်တက်လာသော နိုင်ငံရေးတင်းမာမှု၊ စစ်ရေး ပဋိပက္ခများနှင့် အငြင်းပွားမှုများကို ရည်ညွှန်း၍ ၂၁ ရာစု အစောပိုင်းကာလတွင် ယင်းပဋိပက္ခများသည် အများအားဖြင့် မှေးမှိန်သွားခဲ့ပြီးဖြစ်သည်။ အာရပ်-အစ္စရေး ပဋိပက္ခ၏ ရင်းမြစ်အခြေခံများမှာ 'ယခုထိ ဆက်လက် ဖြစ်ပွားနေသော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ'တွင် အာရပ်အဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော ပါလက်စတိုင်းများကို အဖွဲ့ချုပ်က ထောက်ခံကာ အပြန်အလှန်အားဖြင့် ၁၉ ရာစု အကုန်ပိုင်းတွင် ဂျူးလူမျိုးတို့၏ မျိုးချစ်ဝါဒနှင့် သဘောတရားရေးရာများဖြစ်သော ဇိုင်ယန်ဝါဒ (Zionism) နှင့် အာရပ်အမျိုးသားဝါဒများ တမဟုတ်ခြင်း မြင့်တက်လာမှုတို့က ဖြစ်စေသည်ဟု မှတ်ယူနိုင်သည်။ သို့သော်လည်း ယင်းနှစ်နိုင်ငံတို့၏ အမျိုးသားရေး လှုပ်ရှားမှုများသည် ၁၉၂၀ နှစ်ကာလများအထိ ပဋိပက္ခ မဆန်ခဲ့၊ မဖြစ်ခဲ့ပေ။

    နိုင်ငံပေါင်းချုပ် အသင်းကြီးက ဥပဒေထုတ်ကာ ဗြိတိသျှတို့အတွက် အုပ်ချုပ်ရန် သတ်မှတ်ပေးခဲ့သော ပါလက်စတိုင်းနယ်မြေ (Mandatory Palestine) ကို ယင်းအမျိုးသားရေးလှုပ်ရှားမှုများက ပိုင်ဆိုင်ရယူခွင့်တောင်းဆိုခြင်းမှ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ တစ်စိတ်ပိုင်း ပြဿနာများပေါ်ပေါက်လာခဲ့ရသည်။ ထိုနယ်မြေကို ဂျူးများက ဘိုးဘွားပိုင် ဇာတိချင်ကြွေမြေအဖြစ်တောင်းဆိုခဲ့၍ တစ်ချိန်တည်းမှာပင် 'ပန်-အာရပ်'ဝါဒ လှုပ်ရှားမှုအရွေ့က ယင်းနယ်မြေသည် သမိုင်းကြောင်းအရ၊ လက်ရှိအနေအထားအရ အာရပ် ပါလက်စတိုင်းလူမျိုးများသာ ပိုင်ဆိုင်သည်ဟု သတ်မှတ်ကြပြီး[၈] 'ပန်-အစ္စလာမ်'နိုင်ငံရေးအယူအဆ သဘောတရားတွင်လည်း အစ္စလာမ်နယ်မြေများ ဟူ၍ သတ်မှတ်သည်။ ဗြိတိသျှ အုပ်ချုပ်ပိုင်နက်နယ်မြေအတွင်း ပါလက်စတိုင်းရှိ ဂျူးများနှင့် အာရပ်တို့၏ ကွဲပြားမှု၊ ပဋိပက္ခများမှာ ၁၉၄၇ တွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့၍ ပါလက်စတိုင်းပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် အစ္စရေးတို့၏ လွတ်လပ်ရေး ကြေငြာချက်အပြီး ပါလက်စတိုင်းအာရပ်တို့၏ဖက်က အိမ်နီးချင်း အာရပ်တိုင်းပြည်များက ယင်းဗြိတိသျှ ထိန်းချုပ်နယ်မြေကို ကျူးကျော်တိုက်ခိုက်ခဲ့ရာ ၁၉၄၈ မေတွင် ပထမ အာရပ်-အစ္စရေးစစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ တစ်ဖက်နှင့် တစ်ဖက် အကြီးအကျယ် ရန်လိုမှုများသည် ၁၉၇၃ ယောမ်ကစ်ပါ စစ်ပွဲအပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိခဲ့၍ အဆုံးသတ်ခဲ့သည်။

    အစ္စရေးနှင့် အီဂျစ်နိုင်ငံကြား ငြိမ်းချမ်ရေး သဘောတူညီမှုစာချုပ်ကို ၁၉၇၉ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်း၌ ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးတပ်များ ရုပ်သိမ်းခြင်း၊ အစ္စရေးမြို့ပြအုပ်ချုပ်ရေးစနစ်ကို အားပေးရန် အစ္စရေးသိမ်းပိုက်နယ်မြေဖြစ်သော 'အနောက်ဖက် ကမ်းပါး' နှင့် ဂါဇာကမ်းမြောင် နယ်မြေများတွင် အစ္စရေး စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းခြင်းများဖြစ်စေခဲ့ပြီး နောက်ဆက်တွဲ ဂိုလန်ကုန်းပြင်မြင့်နှင့် အရှေ့ဂျေရုစလင် တို့ကို တစ်ဖက်သတ်ကျူးကျော်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

    ဤပဋိပက္ခ၏ သဘောသဘာဝသည် နှစ်ကာလကြာလာသည်နှင့် အလွန်ကြီးမားသော ဒေသဆိုင်ရာ အာရပ်-အစ္စရေး ပဋိပက္ခမှသည် ပို၍ ကျဉ်းမြောင်းသော ဒေသဆိုင်ရာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသို့ ရွေ့လျားသွားခဲ့ပြီး လက်ဘနွန်မှ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်မတော် (PLO) ကို တိုက်ထုတ်ရန် လက်ဘနွန်ပြည်တွင်းစစ်ကို အစ္စရေးတို့ ဝင်ရောက်စွက်ဖက်သည့် '၁၉၈၂ လက်ဘနွန် စစ်ပွဲ' တွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခဲ့သည်။ ၁၉၈၃ တွင် အစ္စရေးက ခရစ်ယာန် လွှမ်းမိုးသော လက်ဘနွန်အစိုးရနှင့် (ယင်းဖက်ကို ထောက်ပံ့ရန်) သဘောတူညီမှု ရရှိခဲ့လေသည်။ သို့သော် မွတ်ဆလင်နှင့် ဒရူးဇ် အဖွဲ့တို့ ဘေရွတ်မြို့ကို သိမ်းယူလိုက်သောအခါ ယင်းသဘောတူညီချက်မှာ အရာမထင်ခဲ့ချေ။

    ပထမ ပါလက်စတိုင်းတော်လှန်ရေး (Intifada) (၁၉၈၇-၁၉၉၃) အရှိန်ကျဆင်းလာမှုနှင့်အတူ ထိုကြားကာလ၌ အော့စလိုသဘောတူညီမှုများကြောင့် ၁၉၉၄တွင် 'အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်များအတွင်း' ပါလက်စတိုင်း အမျိုးသား အုပ်ချုပ်မှုကို ဖန်တီးတည်ထောင်နိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် အစ္စရေးနှင့် ဂျော်ဒန်တို့ ငြိမ်းချမ်ရေး ရရှိခဲ့သည်။ ၂၀၀၂ တွင် အာရပ်အဖွဲ့ချုပ်က '၎င်းတို့၏ ငြိမ်းချမ်းရေး ပမဏခြေလှမ်း' တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခပြေလည်စေခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်နိုင်ငံများက အစ္စရေးကို အသိအမှတ်ပြုခဲ့သည်။[၉] ထိုငြိမ်းချမ်းရေးပမာဏခြေလှမ်း အစီအစဉ်များကို ယင်းစတင်ကာလမှ ယခုအထိ ထပ်မံအတည်ပြုခဲ့ကြပြီး အာရပ်အဖွဲ့ချုပ်နှင့် အစ္စရေးနိုင်ငံတို့ ပုံမှန် ဆက်ဆံရေးရရှိရန် တောင်းဆိုမှုများလည်း ပုံမှန်ဆိုသလို ရှိကြသည်။ အပြန်အလှန်အားဖြင့် အရှေ့ဂျေရုစလင်အပါအဝင် အစ္စရေးသိမ်းပိုက်နယ်မြေများမှ အစ္စရေးတို့၏ (တပ်များ) အပြည့်အဝ ရုပ်သိမ်းပေးရေး၊ ကုလဆုံးဖြတ်ချက် ၁၉၄ အရ ပါလက်စတိုင်း ဒုက္ခသည်များကို သင့်တင့်မျှတသော နေရာချထားပေးရေးများ စသည့် တောင်းဆိုမှုများ ပါဝင်သည်။ ၁၉၉၀ နှစ်များနှင့် သက္ကရာဇ် ၂၀၀၀ အစောပိုင်းကာလများတွင် လက်ဘနွန်၊ ဘားသ်ဝါဒီ ဆီးရီးယားနှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် သဘောတူထိန်းသိမ်းနိုင်ခဲ့ကြသည်။ အီဂျစ်၊ ဂျော်ဒန်တို့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ၊ ပါလက်စတိုင်း အစိုးရအဖွဲ့နှင့် ကြားကာလ ငြိမ်းချမ်းရေး၊ ယေဘုယျအားဖြင့် လက်ရှိ အပတ်အခတ် ရပ်စဲရေးများ ရှိသော်လည်းပဲ ၂၀၁၅ နှစ်ဝန်းကျင်ကာလများအထိ အာရပ်အဖွဲ့ချုပ်နှင့် အစ္စရေးနိုင်ငံတို့ကြား တစ်ဖက်နှင့် တစ်ဖက် ပြဿနာများစွာ အပေါ်၌ သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။ အာရပ်ဘက်က ဤပဋိပက္ခ၌ စစ်ဆင်နွှဲသော နိုင်ငံများမှ အီရတ် နှင့် ဆီးရီးယားတို့ နှစ်နိုင်ငံသာ အစ္စရေးနှင့် တရားဝင် ငြိမ်းချမ်းရေး သဘောတူညီမှု (သို့) စာချုပ်များ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယင်းနှစ်နိုင်ငံက အီရန်ကို ထောက်ခံသည့် နိုင်ငံများ ဖြစ်သွားကြသည်။

    ဆီးရီးယားပြည်တွင်းစစ်တစ်လျောက် ဖြစ်ပေါ်လာမှုများက အစ္စရေးမြောက်ပိုင်းနယ်စပ်ရှိ အခြေနေများကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေကာ ဆီးရီးယားနိုင်ငံ၊ ဟက်ဇ်ဘိုလာအဖွဲ့နှင့် ဆီးရီးယား အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက် သဘောထား ကွဲလွဲ တင်းမားခြင်းများ၊ ပေါ်ပေါက်လာသောအီရန်နှင့် အချင်းများခြင်းအပေါ် အစ္စရေးနှင့် ယင်းတို့၏ ဆက်ဆံရေးများ ရှုပ်ထွေးလာခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ အစ္စရေးနှင့် ဟားမက်စ်တို့အုပ်ချုပ်သော ဂါဇာ တို့အကြား ပဋိပက္ခသည် ဒေသတွင်း 'အီရန်-အစ္စရေး စစ်အေးတိုက်ပွဲ' မှဖြစ်စေသည်ဟုလည်း မှတ်ယူနိုင်သည်။ ၂၀၁၇ တွင် အစ္စရေးနှင့် ဆော်ဒီဦးဆောင်သော ဆွန်နီမွတ်ဆလင် နိုင်ငံအချို့တို့က အီရန်ကို ထိပ်တိုက်ရင်ဆိုင်ရန် 'အစ္စရေး-ဆွန်နီမဟာမိတ်' (သို့) တရားမဝင်တဝင် မဟာမိတ် ဖွဲ့စည်းကြပြီး ယင်းအရွေ့တစ်ခုသည် အာရပ်-အစ္စရေး ပဋိပက္ခကို ညိုးမှိန်စေသည့် လက္ခဏာအဖြစ် အချို့က ဆိုကြသည်။



    ကိုးကား[ပြင်ဆင်ရန်]

    1. Pollack, Kenneth, M., Arabs at War: Military Effectiveness, University of Nebraska Press, (2002), pp. 93–94, 96.
    2. "Arab-Israeli wars". Encyclopædia Britannica. 
    3. Memorial Day / 24,293 fallen soldiers, terror victims since Israel was born. Haaretz. Retrieved on 28 July 2014.
    4. Memorial Day / 24,293 fallen soldiers, terror victims since Israel was born. Haaretz Retrieved on 28 July 2014.
    5. Hamzeh, Ahmad Nizar (1 January 2004). In The Path Of Hizbullah. Syracuse University Press. ISBN 9780815630531 
    6. Total Casualties, Arab-Israeli Conflict. Jewish Virtual Library.
    7. Buzan, Barry (2003). Regions and powers. Cambridge University Press. ISBN 978-0-521-89111-0 
    8. The Palestinian National Charter – Article 6။ Mfa.gov.il။ 19 January 2013 တွင် ပြန်စစ်ပြီး။
    9. Time to Test the Arab Peace Offer. By Scott MacLeod. Time. January 8, 2009.