အာရန်ကျောင်းတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Wat Arun Ratchawararam
Temple of Dawn
0000140 - Wat Arun Ratchawararam 005.jpg
၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အာရန်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ
အာရန်ကျောင်းတော် သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
အာရန်ကျောင်းတော်
ဘန်ကောက်မြို့ရှိ တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ် 13°44′37″N 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889ကိုဩဒိနိတ်: 13°44′37″N 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ Thailand
ဝက်ဘ်ဆိုဒ် watarun.org
ဗိသုကာ
ပြီးစီး before 1656 CE

အာရန်ကျောင်းတော် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ Bangkok Yai အရပ်တွင် ရှိသည်။ Chao Phraya မြစ်၏ အနောက်ဘက်ကမ်းရှိ Thonburi တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[၁] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အာရန်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[၂] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။

ခရီးသွားခြင်း[ပြင်ဆင်ရန်]

Chao Phraya မြစ်မှ ကျောင်းတော်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ဖယ်ရီရေယာဉ်တို့ဖြင့် မြစ်ကို ဖြတ်သန်း၍ မာဟာရတ်(ဂျ်) ဆိပ်ကမ်း (Maharaj) သို့ သွားနိုင်သည်။ နိုင်ငံခြားမှလာရောက်သူများအတွက် ကျောင်းတော်သို့ ဝင်ကြေးသည် ၅၀ ဘတ် ကျသင့်သည် (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ကျသင့်ငွေ ဖြစ်သည်)။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Angova၊ Aneta။ Wat Arun - The Temple of Dawn။ watarun.net။
  2. Liedtke 2011, p. 57