မာတိကာသို့ ခုန်သွားရန်

အာဖရိကရှိ ရေကန်ကြီးများ

ဝီကီပီးဒီးယား မှ
The African Great Lakes system, in blue.
Map of larger region including the East African Rift and the entire so-called Great Rift Valley
Satellite view of the African Great Lakes region and its coastline.

အဖရိကရှိ ရေကန်ကြီးများ သည် အရှေ့အာဖရိကအက်ကြောင်းဒေသ ပတ်ဝန်းကျင်နှင့် အက်ကြောင်းလွင်ပြင်ရှိ အစိတ်အပိုင်းရှိ ကန်များ ဖြစ်သည်။ ၎င်းကန်များတွင် ဗစ်တိုးရီးယားကန်လည်း ပါဝင်သည်။ ဗစ်တိုးရီးယားကန်သည် ကမ္ဘာပေါ်တွင် ထုထည်နှင့် အနက်အားဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးဆုံး သန့်ရှင်းကြည်လင်သည့် ရေကန်တစ်ခု ဖြစ်သည်။ ထို့အပြင် မာလဝီကန်သည်လည်း ဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ရှစ်ခုမြောက်အကြီးဆုံး သန့်ရှင်းကြည်လင်သည့်ရေကန်တစ်ခု ဖြစ်သည်။ []စုပေါင်းလိုက်မည်ဆိုပါက ၎င်းကန်များတွင် ရေသည် 31,000 km3 (7400 cu mi) ပါဝင်သည်။ ၎င်းသည် ဘိုင်ကယ်ကန် သို့မဟုတ် မြောက်အမေရိကရှိ ကန်များထက် ပိုမိုများပြားသည့် ပမာဏ ဖြစ်သည်။ ၎င်းအရေအတွက်သည် ဤကမ္ဘာဂြိုဟ်၏ မအေးခဲသည့် ရေမျက်နှာပြင်၏ ၂၅ ရာခိုင်နှုန်း ရှိသည်။ အာဖရိက၏ အက်ကြောင်းရှိ ကန်ကြီးများသည် ရှေးယခင်ကတည်းက သက်ရှိများ မှီတင်းနေထိုင်ခဲ့ရာ ဖြစ်ပြီး ကမ္ဘာ့ငါးမျိုးစိတ်၏ ၁၀ ရာခိုင်နှုန်းသည် ထိုဒေသတွင် နေထိုင်ကြသည်။

အာဖရိကကန်ကြီးများ တည်ရှိသည့်ကန်များတွင် ကွန်ဂိုနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ကင်ညာနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ၊ မာလဝီနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဇမ်ဘီယာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံ တို့ ဖြစ်သည်။[]

အာဖရိကကန်ကြီးများ ရှိရာဒေသ

[ပြင်ဆင်ရန်]

အာဖရိကတိုက်ရှိ ကန်ကြီးများရှိရာဒေသတွင် အသုံးပြုမှုအများဆုံးဘာသာစကားမှာ Swahiliဘာသာစကား ဖြစ်သည်။ ဤဘာသာစကားကို တန်ဇန်းနီးယား၊ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနှင့် ကွန်ဂိုနိုင်ငံများတွင် နိုင်ငံတော်ဘာသာစကား သို့မဟုတ် တရားဝင်ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ [][]

မြင့်မားသည့် လူဦးရေသည် ခန့်မှန်းခြေ ၁၀၇ သန်းရှိပြီး ထိုဒေသအတွက် စိုက်ပျိုးရေးအသုံးချမှုသည် ထိုဒေသကို နိုင်ငံငယ်များအဖြစ် တစ်စုတစ်စည်းတည်း ဖြစ်စေသည်။ ထိုနိုင်ငံများတွင် အင်အားအရှိဆုံး နိုင်ငံများမှာ ဘူဂန်ဒါ၊ Bunyoro, ရဝမ်ဒါ၊ Burundi တို့ ဖြစ်ကြသည်။[]

ရာသီဥတု

[ပြင်ဆင်ရန်]

ကုန်းမြင့်ဒေသများသည် အတော်အေးသည်။ ထိုဒေသရှိ ပျမ်းမျှအပူချိန်သည် 17 °C (63 °F) နှင့် 19 °C (66 °F) ရှိသည်။ မိုးအသင့်အတင့် ရွာသွန်းသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ~ZAMBIA~။ www.zambiatourism.com။ 2008-03-14 တွင် ပြန်စစ်ပြီး။
  2. International Documentation Network on the Great African Lakes Region။ Princeton University Library။ 22 November 2013 တွင် ပြန်စစ်ပြီး။
  3. တမ်းပလိတ်:M-W "the region of Africa that is bounded by Lakes Victoria, Kyoga, Albert, Edward, and Tanganyika"
  4. Shillington၊ Kevin (2013)။ Encyclopedia of African History။ Routledge။ p. 320။ ISBN 978-1-135-45669-6the fertile corridor of the Great Lakes Region (also called the interlacustrine region)
  5. Shema၊ Rutagengwa Claude။ Great Lakes Region of Africa – Burundi။ Regional Coordinator Great Lakes Peace Initiative (GLPI)။ 22 November 2013 တွင် ပြန်စစ်ပြီး။