မာတိကာသို့ ခုန်သွားရန်

အအိချိခရိုင်

ဝီကီပီးဒီးယား မှ
အအိချိခရိုင်
愛知県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese愛知県
  RōmajiAichi-ken
အအိချိခရိုင်၏ အလံတော်
အလံတော်
အအိချိခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Warera ga Aichi
ကိုဩဒိနိတ်: 35°10′43″N 136°54′50″E / 35.17861°N 136.91389°E / 35.17861; 136.91389ကိုဩဒိနိတ်: 35°10′43″N 136°54′50″E / 35.17861°N 136.91389°E / 35.17861; 136.91389
Country ဂျပန်
RegionChūbu (Tōkai)
IslandHonshu
CapitalNagoya
SubdivisionsDistricts: 7, Municipalities: 54
အစိုးရ
  GovernorHideaki Ōmura (since February 2011)
ဧရိယာ
  စုစုပေါင်း၅၁၇၂.၉၂ စတုရန်းကီလိုမီတာ (၁၉၉၇.၂၈ စတုရန်းမိုင်)
ဧရိယာအဆင့်27th
လူဦးရေ (1 October 2019)
  စုစုပေါင်း၇၅၅၂၈၇၃
  အဆင့်4th
  သိပ်သည်းမှု၁၅၀၀/km (၃၈၀၀/sq mi)
GDP (2022)[]
  TotalJP¥ 43,083 billion
US$ 318.2 billion
ISO 3166 ကုဒ်JP-23
ဝဘ်ဆိုက်pref.aichi.jp/global/en/index.html

အအိချိခရိုင် (愛知県, အအိချိခန်း) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းချူးဘုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ လူဦးရေ ၇,၄၆၁,၁၁၁ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အရ) ရှိသည်။ မြေမျက်နှာပြင်ဧရိယာ ၅,၁၇၂.၉၂ စတုရန်းကီလိုမီတာ (၁၉၉၇.၂၈ စတုရန်းမိုင်) ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၁၄၄၂ ဦး (တစ်စတုရန်းမိုင်လျှင် ၃၇၃၀ ဦး) နေထိုင်ကြသည်။ အအိချိခရိုင်သည် အနောက်ဘက်တွင် မိအဲခရိုင်၊ မြောက်ဘက်တွင် ဂိဖုခရိုင်နှင့် နဂနိုခရိုင်၊ အရှေ့ဘက်တွင် ရှိဇုအိုခခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နဂိုယမြို့သည် ခရိုင်တွင် အကြီးဆုံးဖြစ်ကာ ခရိုင်၏ မြို့တော်လည်း ဖြစ်သည်။[]

အကြောင်းအရာ

[ပြင်ဆင်ရန်]

နဂိုယမြို့သည် ခရိုင်မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ တိုယောတမြို့၊ အိုခဇခိမြို့နှင့် အိချိနိုမိယမြို့တို့ ပါဝင်သည်။ အအိချိခရိုင်နှင့် နဂိုယမြို့တို့သည် ချူးခယောမြို့ပြဧရိယာကို ဖြစ်ပေါ်စေသည်။ ဤမြို့ပြဧရိယာသည် ဂျပန်နိုင်ငံတွင် တတိယမြောက်အကြီးဆုံး မြို့ပြဧရိယာ ဖြစ်သည်။ ခရိုင်သည် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းပေါ်တွင် တည်ရှိကာ တိုးခိုင်းဒေသ၏ အစိတ်အပိုင်းများကို ဖြစ်ပေါ်စေသည်။ တိုးခိုင်းဒေသသည် ချူးဘုဒေသနှင့် ခန်းဆိုင်းဒေသ၏ အစိတ်အပိုင်းဒေသတစ်ခု ဖြစ်သည်။ ခရိုင်သည် တိုယိုတာကားကော်ပိုရေးရင်း၏ ထုတ်လုပ်ရာနေရာ ဖြစ်သည်။ ခရိုင်အတွင်း ဟိဂရှိယမတိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်များ၊ ချူးဘုဗဟိုအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Legoland Japan Resort တို့ ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ဟွန်းရှူးကျွန်း၏ အလယ်ဗဟိုအနီးအနားတွင် တည်ရှိသည်။ အအိချိခရိုင်သည် တောင်ဘက်တွင် အိဆဲပင်လယ်အော်နှင့် မိခဝပင်လယ်အော် စသည်တို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှိဇုအိုခခရိုင်၊ အရှေ့မြောက်ဘက်တွင် နဂနိုခရိုင်၊ မြောက်ဘက်တွင် ဂိဖုခရိုင်နှင့် အနောက်ဘက်တွင် မိအဲခရိုင်တို့ ရှိသည်။ ခရိုင်သည် အရှေ့ဘက်မှ အနောက်ဘက်သို့ ၁၀၆ ကီလိုမီတာ (၆၆ မိုင်)၊ တောင်ဘက်မှ မြောက်ဘက်သို့ ၉၄ ကီလိုမီတာ (၅၈ မိုင်) ကျယ်ဝန်းသည်။ ထိုဧရိယာသည် နိုးဘိလွင်ပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခရိုင်၏ ဧရိယာမှာ ၅,၁၇၂.၄၈ စတုရန်းကီလိုမီတာ (၁၉၉၇.၁၁ စတုရန်းမိုင်) ရှိသည်။ ၎င်းသည် ဂျပန်နိုင်ငံ၏ စုစုပေါင်းဧရိယာ၏ ၁.၃၆ ရာခိုင်နှုန်းရှိသည်။ အမြင့်ဆုံးအမှတ်မှာ ချအုဆုတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၁၅ မီတာ (၄၆၄၂ ပေ) မြင့်မားသည်။

ခရိုင်၏ အနောက်ဘက်အပိုင်းတွင် နဂိုယမြို့ တည်ရှိနေသည်။ ခရိုင်မြို့တော်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။ ခရိုင်၏ အရှေ့ဘက်ပိုင်းသည် လူဦးရေနေသိပ်သည်းမှုနည်းပါးသော်လည်း များစွာသော အဓိကစက်မှုလုပ်ငန်းများ တည်ရှိသည်။ ခိုင်မာသည့် စီးပွားရေးရှိသည့်အတွက် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလအထိ အအိချိခရိုင်သည် လူဦးရေအလိုက် ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးခရိုင် ဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အထိ ခရိုင်၏ စုစုပေါင်းမြေဧရိယာ၏ ၂၃ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်မြေများ ဖြစ်ကြသည်။ ၎င်းတို့တွင် အအိချိခိုးဂန်း၊ ဟိဒခိဆိုဂဝ၊ မိခဝပင်လယ်အော်နှင့် တန်းရူးအိုခုမိခဝအမျိုးသားဥယျာဉ်၊ အခြား ခရိုင်အမျိုးသားဥယျာဉ် ၇ ခု တို့ ပါဝင်သည်။[]

မြို့ပြဒေသများ

[ပြင်ဆင်ရန်]

မြို့ပြများ

[ပြင်ဆင်ရန်]

အအိချိခရိုင်တွင်း မြို့ကြီး ၃၈ ခု ရှိသည်။ ၎င်းတို့မှာ -

အမည် ဧရိယာ(km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်ဂျိ
Aisai 愛西市 66.70 61,320
Ama あま市 27.49 87,651
Anjō 安城市 86.05 188,693
Chiryū 知立市 16.31 71,992
Chita 知多市 45.90 83,891
Gamagōri 蒲郡市 56.92 80,063
Handa 半田市 47.42 118,259
Hekinan 碧南市 36.68 72,864
Ichinomiya 一宮市 113.82 380,073
Inazawa 稲沢市 79.35 135,580
Inuyama 犬山市 74.90 73,420
Iwakura 岩倉市 10.47 47,929
Kariya 刈谷市 50.39 153,162
Kasugai 春日井市 92.78 306,764
Kitanagoya 北名古屋市 18.37 86,068
Kiyosu 清須市 17.35 69,687
Komaki 小牧市 62.81 148,872
Kōnan 江南市 30.20 97,903
Miyoshi みよし市 32.19 62,782
Nagakute 長久手市 21.55 61,503
Nagoya (capital) 名古屋市 326.45 2,337,864
Nishio 西尾市 161.22 169,984
Nisshin 日進市 34.91 91,795
Ōbu 大府市 33.66 92,179
Okazaki 岡崎市 387.20 386,999
Owariasahi 尾張旭市 21.03 81,954
Seto 瀬戸市 111.40 127,659
Shinshiro 新城市 499.23 44,581
Tahara 田原市 191.12 60,206
Takahama 高浜市 13.11 48,736
Tōkai 東海市 43.43 113,698
Tokoname 常滑市 55.90 57,872
Toyoake 豊明市 23.22 69,525
Toyohashi 豊橋市 261.86 377,453
Toyokawa 豊川市 161.14 183,930
Toyota 豊田市 918.32 426,162
Tsushima 津島市 25.09 61,647
Yatomi 弥富市 49.00 44,589

မြို့ငယ်နှင့် ရွာများ

[ပြင်ဆင်ရန်]

ခရိုင်အတွင်းရှိ ဒေသတစ်ခုချင်းစီတွင် တည်ရှိသည့် မြို့ငယ်များနှင့် ရွာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် ဧရိယာ(km2) လူဦးရေ ဒေသ မြေပုံ
ရိုမဂျိ ခန်းဂျိ
Agui 阿久比町 23.80 28,291 Chita District
Fusō 扶桑町 11.19 34,144 Niwa District
Higashiura 東浦町 31.14 50,182 Chita District
Kanie 蟹江町 11.09 37,082 Ama District
Kōta 幸田町 56.72 42,200 Nukata District
Mihama 美浜町 46.20 22,701 Chita District
Minamichita 南知多町 38.37 17,393 Chita District
Ōguchi 大口町 13.61 24,160 Niwa District
Ōharu 大治町 6.59 32,318 Ama District
Shitara 設楽町 273.94 4,531 Kitashitara District
Taketoyo 武豊町 26.38 43,147 Chita District
Tobishima 飛島村 22.42 4,609 Ama District
Tōei 東栄町 123.38 3,033 Kitashitara District
Tōgō 東郷町 18.03 44,109 Aichi District
Toyone 豊根村 155.88 1,031 Kitashitara District
Toyoyama 豊山町 6.18 15,630 Nishikasugai District

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်တွင် အအိချိခရိုင်လူဦးရေ၏ ၅၀.၀၃ ရာခိုင်နှုန်းသည် အမျိုးသားများ ဖြစ်ပြီး ၄၉.၉၇ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ ခရိုင်အတွင်းနေထိုင်သူ ၁၃၉,၅၄၀ ဦး (လူဦးရေ၏ ၂ ရာခိုင်နှုန်းနီးပါး) သည် နိုင်ငံခြားသားများ ဖြစ်ကြသည်။

အရွယ်အလိုက် လူဦးရေ (၂၀၀၁ ခုနှစ်)

[ပြင်ဆင်ရန်]
အသက် % (လူဦးရေ) % (ကျား) % (မ)
0–9 10.2110.459.96
10–19 10.7511.0210.48
20–29 15.2315.7114.75
30–39 14.8115.3114.30
40–49 12.2112.4112.01
50–59 15.2215.3115.12
60–69 11.3111.2211.41
70–79 6.766.017.52
Over 80 3.122.014.23
Unknown 0.380.540.23

စီးပွားရေး

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် ခရိုင်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးသည် ဂျပန်နိုင်ငံတွင် ဒုတိယမြောက်အကြီးဆုံး ဖြစ်သည်။ ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင်ပင် ဂျပန်နိုင်ငံတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် နှစ်ပတ်လည်ထုတ်ကုန်ရောင်းချရမှုသည် ဂျပန်တစ်နိုင်ငံလုံးတွင် တတိယမြောက်အကြီးဆုံး ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်မှုသည် ဂျပန်နိုင်ငံတွင် ၈ ခုမြောက် အမြင့်ဆုံး ဖြစ်ခဲ့သည်။ အအိချိခရိုင်၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများသည် ဂျပန်နိုင်ငံတွင် အဆင့်အတန်းမြင့်မားသည့်အထဲတွင် ပါဝင်သည်။ ခရိုင်၏ စီးပွားရေးလုပ်ငန်းတည်ဆောက်ပုံသည် မျှတစွာ လည်ပတ်လျက်ရှိသည်။

အဓိကလုပ်ငန်းများ

  • လေကြောင်းဆိုင်ရာလုပ်ငန်း
  • မော်တော်ယာဉ်လုပ်ငန်း
  • ကြွေထည်မြေထည်လုပ်ငန်း
  • စတီး၊ သတ္တုစပ်စတီးလုပ်ငန်း

အအိချိခရိုင်တွင် အောက်ပါကုမ္ပဏီများသည် ရုံးချုပ်များကို ဖွင့်လှစ်ထားရှိသည်။

Aichi Steel Tōkai
Aisin SeikiKariya
Brother Industries, Ltd.Nagoya
Central Japan Railway CompanyNagoya
Denso CorporationKariya
Eisaku Noro CompanyIchinomiya
Kanesue Corporation Ichinomiya
Makita CorporationAnjō
MatsuzakayaNagoya
Mizkan Corporation Handa
Nagoya RailroadNagoya
Nippon SharyoNagoya
NoritakeNagoya
Okuma Corporation Ōguchi
Sumitomo RikoKomaki[]
Toyota Motor CorporationToyota

ဖုဂျိအကြီးစားစက်မှုလုပ်ငန်း၊ မိဆုဘိရှိမော်တာ၊ Pfizer, ဆုဇုခိ၊ Bodycote နှင့် Volkswagen Group တို့သည်လည်း အအိချိခရိုင်တွင် စက်ရုံများလည်ပတ်ခြင်းနှင့် ရုံးခွဲများဖွင့်လှစ်ခြင်းများ လုပ်ဆောင်ထားသည်။

နိုင်ငံတကာဆက်ဆံရေး

[ပြင်ဆင်ရန်]

ညီအစ်မဒေသများ

[ပြင်ဆင်ရန်]
  • ဩစတြေးလျနိုင်ငံ Victoria, Australia – မေ ၂၊ ၁၉၈၀ (၁၉၈၀-၀၅-၀၂)
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ Jiangsu, China – ဇူလိုင် ၂၈၊ ၁၉၈၀ (၁၉၈၀-၀၇-၂၈)
  • ထိုင်းနိုင်ငံ Bangkok, Thailand – ဇူလိုင် ၉၊ ၂၀၁၂ (၂၀၁၂-၀၇-၀၉)
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong, China – နိုဝင်ဘာ ၂၅၊ ၂၀၁၃ (၂၀၁၃-၁၁-၂၅)
  • ကိုရီးယားသမ္မတနိုင်ငံ Gyeonggi Province, South Korea – နိုဝင်ဘာ ၁၀၊ ၂၀၁၅ (၂၀၁၅-၁၁-၁၀)
  • အမေရိကန်ပြည်ထောင်စု Texas, United States – ဧပြီ ၂၂၊ ၂၀၁၆ (၂၀၁၆-၀၄-၂၂)
  • ဗီယက်နမ်နိုင်ငံ Ho Chi Minh City, Vietnam – စက်တင်ဘာ ၁၃၊ ၂၀၁၆ (၂၀၁၆-၀၉-၁၃)
  • အမေရိကန်ပြည်ထောင်စု Washington, United States – အောက်တိုဘာ ၁၈၊ ၂၀၁၆ (၂၀၁၆-၁၀-၁၈)
  • ဘယ်လ်ဂျီယမ်နိုင်ငံ Brussels, Flemish Region, Wallonia, Belgium – မေ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၅-၁၅)
  • အမေရိကန်ပြည်ထောင်စု Indiana, United States – စက်တင်ဘာ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၉-၁၅)
  • အမေရိကန်ပြည်ထောင်စု Kentucky, United States – အောက်တိုဘာ ၂၃၊ ၂၀၁၇ (၂၀၁၇-၁၀-၂၃)
  • ပြင်သစ်နိုင်ငံ Occitanie, France – ဇွန် ၅၊ ၂၀၁၈ (၂၀၁၈-၀၆-၀၅)
  • ဘရာဇီးနိုင်ငံ São Paulo, Brazil – စက်တင်ဘာ ၁၀၊ ၂၀၁၈ (၂၀၁၈-၀၉-၁၀)

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

မီးရထားလမ်း

[ပြင်ဆင်ရန်]
Nagoya Station and Nagoya Station building
Toyohashi Station and Toyohashi Railroad
Komaki Junction
Nagoya Expressway
Chubu Centrair International Airport, constructed on an artificial island
Nagoya Airfield
Port of Nagoya
Port of Mikawa
JR Central
Tokaido Shinkansen
Tokaido Line
Chūō Main Line
Kansai Line
Taketoyo Line
Iida Line
Meitetsu
 NH Nagoya Line
 IY Inuyama Line
 KM Komaki Line
 TA Centrair Line
 TA Tokoname Line
 ST Seto Line
 TK Toyokawa Line
 GN Gamagori Line
 TT Toyota Line
 KC Chita Line
 MU  MY Mikawa Line
 TB Bisai Line
 CH Chikko Line
 TB Tsushima Line
Kintetsu
 E Nagoya Line
Aonami Line
Nagoya Municipal Subway
Higashiyama Line
Meijo Line
Tsurumai Line (connecting to Meitetsu Toyota and Inuyama Line)
Sakura-dori Line
Meiko Line
Kamiiida Line (connecting to Meitetsu Komaki Line)
Toyohashi Railroad
Aichi Loop Line

People movers and tramways

[ပြင်ဆင်ရန်]
  • Linimo
  • Nagoya Guideway Bus
  • Toyohashi Railroad

ကားလမ်းများ

[ပြင်ဆင်ရန်]

အဝေးပြေးလမ်းများ

National highways

လေဆိပ်များ

[ပြင်ဆင်ရန်]

ဆိပ်ကမ်းများ

[ပြင်ဆင်ရန်]
  • Kinuura Port – Handa and Hekinan
  • Mikawa Port – mainly automobile and car parts export and part of inport base
  • Nagoya Port – International Container hub and ferry route to Sendai and Tomakomai, Hokkaido

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

နိုင်ငံပိုင်တက္ကသိုလ်များ

အများပိုင်တက္ကသိုလ်

ပုဂ္ဂလိကပိုင်တက္ကသိုလ်

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ပွဲတော်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 24 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2023 တွင် ပြန်စစ်ပြီး။
  2. NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "NationalPark".
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "SumitomoRiko".