အသုံးပြုသူ ဆွေးနွေးချက်:Yoe Mauk Kye

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အသံအမြောက်[ပြင်ဆင်ရန်]

            ၁၉၆၄ခုနှစ်တွင် ပါမောက္ခ ဗလာဒီမီယာဂါဗရီအော နှင့် အဖွဲ့ဝင်များသည် အသံဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေချိန် ဖြစ်သည်။ တစ်ခါသော် ပါမောက္ခ နှင့် အဖွဲ့ဝင်များသည် မူလစမ်းသပ်ရာနေရာမှ အဆောက်အအုံအသစ်တစ်ခုသို့ စမ်းသပ်ခန်းကို ပြောင်းရွေ့ခဲ့ကြသည်။ အဆောက်အအုံအသစ်သို့ ရောက်ပြီး မကြာမီပင် ပါမောက္ခ နှင့် အပေါင်းအဖော်များသည် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်းတို့ ဖြစ်လာကြတော့သည်။ အချို့မှာ တစ်ကိုယ်လုံးပြင်းထန်စွာ တုန်လှုပ်ခြင်းတို့ပါ ဖြစ်လာတော့သည်။ ယင်း အဖြစ်အပျက်အား ပါမောက္ခမှ အခန်းအတွင်းတွင် ထိန်းချုပ်မထားနိုင်သော ဖြာထွက်မှု စွမ်းအင်တစ်ခုကြောင့်သော်လည်းကောင်း၊ လျှပ်စစ်လှိုင်း များကြောင့်သော်လည်းကောင်း ဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။ ထို့နောက် အလွန်ပင် ထောက်လှမ်းအားကောင်းလှသော ကိရိယာများကို အသုံးပြုကာ အခန်းတစ်ခုလုံးကို ရှာဖွေရာတွင် ဖြာထွက်မှုစွမ်းအင် များ၊ လျှပ်စစ်တုန်နှုန်း များကြောင့် မဟုတ်ဘဲ နိမ့်သော တုန်နှုန်းကို ထုတ်လွှတ်လျက်ရှိသော လေထုတ် ပန်ကာ ကြောင့် ဖြစ်ကြောင်း တွေ့ရှိရတော့သည်။ ထို့နောက်တွင်ကား အသံအောက်အသံ များ၏ အစွမ်းကို သိရှိလာခဲ့သော ပါမောက္ခသည် ပထမဆုံး အသံပြွန် ပေါင်း (၆၁) ခု ပါဝင်သော အသံအမြောက်ကြီးအား တီထွင်ခဲ့တော့သည်။ ယင်း အမြောက် ကြီးမှ (196 Hz) တုန်နှုန်းရှိသော အသံ ကို ထွက်စေလျက် စမ်းသပ်သောအခါတွင် အခန်းတွင်းရှိ စမ်းသပ်သူအားလုံး၏ အစာအိမ် များ၊ အူ များသည် အပြင်းအထန် တုန်လှုပ်လျက် နာကျင်မှုများ ဖြစ်လာတော့သည်။ အသစ်ပြောင်းရွေ့လိုက်သော အခန်းနံရံများသည်လည်း ကွဲအက်လာခဲ့သည့်အတွက် စမ်းသပ်ချက်ကို အလျှင်အမြန် ရပ်တန့် ပစ်ခဲ့ရလေသည်။ 
                             နောက်ပိုင်းတွင် အကာအကွယ် တန်ဆာပလာများကို တီထွင်ဝတ်ဆင်စေလျက် မူလတုန်နှုန်းအောက်နိမ့်သော (37Hz) စမ်းသပ်ကြည့်သောအခါတွင်ကား မိုင်ပေါင်းမြောက်များစွာ ကျယ်ပြန့်သော အဝန်းအဝိုင်းအတွင်းကြီးမားသော ပျက်ဆီးမှုများကို တွေ့ခဲ့ရလေသည်။ ဆက်လက်စမ်းသပ်မှုများအရ (3.5Hz) အထိ လူများမကြားနိုင်သော အသံအောက်အသံကို အသုံးပြုပါက လူများအား ရုတ်ခြည်း သေဆုံးစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းအချက်ကို သိသော နာဇီတို့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အသံအမြောက်များကို အသုံးပြုခဲ့ကြသည်။ ထို့ပြင် ယနေ့ ခေတ်အခါတွင်လည်း အမေရိကန်တပ်များ အီရတ်စစ်မြေပြင်တွင် အသံအမြောက်တို့အား တွင်တွင်ကျယ်ကျယ်ပင် အသုံးပြုခဲ့ကြသည်။ ဤကား လူသားတို့၏ နား ဖြင့် မကြားနိုင်သော အသံများ ဖြစ်သော်လည်း စွမ်းရည်ထူးများ ပိုင်ဆိုင်လျက်ရှိကြောင်း ဥပမာများပင် ဖြစ်သည်။ ထို့ပြင် အသံအောက်အသံ များသည် လူသားတို့အား အမြင်မှားမှုများကို ဖြစ်စေလျက် သရဲခြောက်သည့် အဖြစ်အပျက်တို့ကိုလည်း ဖြစ်စေနိုင်သည်။

Thank Yoe ၁၆:၂၉၊ ၁၆ ဇူလိုင် ၂၀၁၆ (UTC)