အသုံးပြုသူ ဆွေးနွေးချက်:ThamanaThukha

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

[ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ]

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁၃၄၂-ခုနှစ်၊နယုန်လ၌ကျင်းပသောပထမအကြိမ်ဂိုဏ်း ပေါင်းစုံသံဃာ့အစည်းအဝေးကြီးကချမှတ်ခဲ့သော ပရိယတ္တိပညာသင်ကြားရေးမူ၄-ချက်နှင့်အညီနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကပရိယတ္တိပညာရေးစီမံကိန်းတစ်ရပ်ကိုရေးဆွဲပြီးတစ်နိုင်ငံလုံးရှိစာချစာသင်သံဃာ တော်အရှင်မြတ်များအားရှင်းလင်းလျှောက်ထား၍ သံဃဆန္ဒခံယူခဲ့ရာ၉၈-ရာခိုင်နှုန်းကထောက်ခံချက် ပေးခဲ့ပါသည်။ ၂။ထိုပရိယတ္တိပညာရေးစီမံကိန်းကို၁၃၄၃-ခုနှစ်၊နယုန်လ ၌ကျင်းပခဲ့သောနိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်နှစ်ပတ် လည်အစည်းအဝေးကတတိယ(မူကြမ်း)အဖြစ်တညီ တညွတ်တည်းမှတ်တမ်းတင်အတည်ပြုပေးခဲ့ပြီးနောက်၊ ၎င်းနှစ်တန်ဆောင်မုန်းလ၌ကျင်းပသောနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၅-ပါးစုံညီဆဋ္ဌမအစည်းအဝေးက မူချောအဖြစ်ဖြင့်ဖြည့်စွက်ပြင်ဆင်ချက်များဖြင့်အတည် ပြုခဲ့ပါသည်။ထိုပရိယတ္တိပညာရေးစီမံကိန်းတွင်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်မျိုးစေ့ချမှတ်ပေးထားပါသည်။ ၃။ပစ္စက္ခသာသနာ့အခြေအနေအရကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများလိုအပ်လာပြီဖြစ်ပါသည်။ နိုင်ငံတော်တဝန်းလုံးရှိရပ်ကွက်/ကျေးရွာအသီးသီးတို့တွင်အရည်အချင်းပြည့်ကျောင်းထိုင်ဘုန်းကြီးများပြည့်ပြည့်စုံစုံရရှိရန်အခြေအနေကတောင်းဆိုလျက်ရှိပါသည် ယခုအခါတွင်မူများသောအားဖြင့်ကျေးလက်ကျောင်း ထိုင်ဘုန်းကြီးများစွာတို့၌ခေတ်အလျောက်လိုအပ်သော အရည်အချင်းများနည်းပါးနေသည့်အပြင်ပြင်ပမှလောကဓံအမျိုးမျိုးတို့၏ရိုက်ခတ်မှုတို့ကြောင့်မိမိတို့ရပ်ရွာ၌အရှိန်အဝါကျဆင်းကာကျောင်းသားများပင် ရှားပါးလာသည်ကိုတွေ့ရပါသည်။ ၄။အမှန်စင်စစ်ဘုန်းကြီးကျောင်းများသည်သာသနာ့ ပျိုးပင်များသာသနာ့ရေသောက်မြစ်များပင်ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းများ၌ကျောင်းသားမရှိလျှင်သာသနာ့ ဝန်ထမ်းလိုသောသာမဏေများဖြစ်မလာနိုင်ပါ။ သာမဏေတည်းဟူသောမျိုးစေ့မရှိလျှင်ရဟန်းသံဃာ များဖြစ်လာဖို့အခွင့်အရေးလွန်စွာနည်းပါးသွားမည်ဖြစ်ပါသည်သစ်ပင်တစ်ပင်၌အခြေခံရေသောက်မြစ်ခြောက် သွားလျှင်မရှင်သန်နိုင်သကဲ့သို့သာသနာ့လောကတွင်လည်းဘုန်းကြီးကျောင်းသားများမရှိလျှင်သာသနာတော်တည်းဟူသောပင်စည်ကြီးသည်တာရှည်ဆက်လက်ရှင်သန်ရန်ခဲယဉ်းသွားမည်ဖြစ်ပါသည်။ ၅။သီဟိုဠ်သာသနာပြုပုဂ္ဂိုလ်ကျော်ရှင်မဟိန္ဒထေရ်မြတ်ကဒေသခံတိုင်းရင်းသားများ၏ရင်သွေးများသာသနာ့ဘောင်သို့ဝင်ရောက်လာမှသာသာသနာတည်သည်မည်ကြောင်းကိုဒေဝါနံပိယတိဿမင်းကြီးအားမိန့်ကြားတော်မူခဲ့လေသည်။ ၆။တစ်နည်းဆိုရသော်ဘုန်းကြီးကျောင်းသားများသည် သာသနာ့အမွေကိုဆက်ခံမည့်အမွေခံများပင်ဖြစ်ပါသည် ဘုန်းကြီးကျောင်းသားဘဝမှရှင်ရဟန်းအဖြစ်သို့မရောက်ဘဲကျောင်းထွက်၍လူ့ဘဝလူဝတ်ကြောင်အဖြစ်ဖြင့်နေသွားစေကာမူဘုရားအဆုံးအမသာသနာကိုယ်ဝယ်တည်သောဗုဒ္ဓဘာသာဝင်လူကောင်းသူကောင်းများဖြစ်လာနိုင်ပါသည်။ ၇။ထို့အပြင်အရည်အချင်းပြည့်သောကျောင်းထိုင်ဘုန်းကြီးများသည်သာသနာ့အညွန့်အညှောက်ဖြစ်သော ကလေးသူငယ်များကိုစည်းရုံးသိမ်းသွားနိုင်ရုံမကမိမိတို့သက်ဆိုင်ရာဒါယကာဒါယိကာမများအားလည်း ဆောင်=မကောင်းမြစ်တာ ကောင်းရာညွှန်လစ် ♥♥♥အသစ်ဟောကျူး နားဘူးထပ်မံ ♥♥♥နတ်ထံတင်ရာ မေတ္တာလည်းပြု ♥♥♥ရဟန်းမှု ခြောက်ခု လွန်သေချာ။ ဟူသောရဟန်းဝတ္တရားများနှင့်အညီပစ္စုပ္ပန်သံသရာ စွယ်စုံအကျိုးရှိအောင်ဦးဆောင်ညွှန်ပြဆုံးမသွားနိုင်ကြမည်ဖြစ်ပါသည်။ဤကဲ့သို့အရည်အချင်းပြည့်ကျောင်းထိုင်ဆရာတော်များကရပ်ကွက်/ကျေးရွာများကို ဦးဆောင်လာနိုင်သောအခါနောင်ဘဝကောင်းစားရေး၊ လောကုတ္တရာချမ်းသာသုခရရှိစေရေးသာမကရပ်ရွာငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေး၊စည်ပင်သာယာဝ ပြောရေးတို့သည်လည်း“ကျွဲကူးရေပါ"သဘောကဲ့သို့ အလိုလိုရောက်ရှိလာကြလိမ့်မည်ဖြစ်ပါသည်။ ၈။ဤကဲ့သို့လောကီလောကုတ္တရာပစ္စုပ္ပန်သံသရာနှစ်ဘက်နှစ်လမ်းအကျိုးရှိစေနိုင်သည့်အရည်အချင်းပြည့် ကျောင်းထိုင်ဘုန်းကြီးများပေါက်ပွားလာအောင်ပြုစုပျိုးထောင်ရေးလုပ်ငန်းကိုကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက်ဆောင်ရွက်သင့်သည်မှာကြာပြီဖြစ်ပါသည်။သို့ရာတွင် ဆောင်=လောကဓံအဋ္ဌ သဘာဝကြောင့် ♥♥♥ဂေါတမဘုန်းခေါင် သာသနာရောင်လည်း ♥♥♥မပြောင်မလင်း အမှောင်ချဉ်းခဲ့- ဟူသောဆီးဘန်နီဆရာတော်၏မှတ်ချက်ကဲ့သို့ပင်ယခင် အခါကသာသနာတော်ကြီးအဖို့အခွင့်အလမ်းကောင်းများ မပေါ်ပေါက်သေးသည့်အတွက်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြပါ။ဆုတ်ယုတ်မှေးမှိန်လာခဲ့ရပါသည်။ယခုအခါတွင်မူ “သံဃာကိစ္စများကိုသံဃာတော်များကသာကြိုက်သလို စီစဉ်ဆောင်ရွက်နိုင်သောအခွင့်အရေးများရရှိထားပြီးဖြစ်၍လုပ်သင့်လုပ်ထိုက်သောအရည်အချင်းပြည့်ကျောင်းထိုင်ဘုန်းကြီးများဖော်ထုတ်ရေးလုပ်ငန်းကို အကောင်အထည်ပေါ်လာအောင်စိတ်အားတက်ကြွစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ၉။ထိုသို့ဆောင်ရွက်ခြင်းဖြင့်နောင်အခါတွင်ဘုန်းကြီး ကျောင်းသားများသည်သာသနာ့ပျိုပင်ကောင်းများဖြစ် လာပြီး၎င်းတို့မှတစ်ဆင့်သာမဏေများ၊ရဟန်းတော်များအဖြစ်ဖြင့်အခြေခံစာသင်တိုက်များသို့ဝင်ရောက်သွားကြလိမ့်မည်ဖြစ်ပါသည်။ထိုအခြေခံစာသင်တိုက်များမှ တစ်ဆင့်ပရိယတ္တိပညာရေးတက္ကသိုလ်သို့ရောက်သည် အထိထွန်းပေါက်သောသာသနာပြုသာသနာ့အာဇာနည်များအများအပြားပေါ်ထွန်းလာမည်ဖြစ်ပါသည်။ထိုအခါတွင်မြန်မာနိုင်ငံတော်အတွင်း၌သာမကကမ္ဘာသို့တိုင် အောင်ပင်ဗုဒ္ဓသာသနာတော်၏အရှိန်အဝါသည်ကျယ် ပြန့်ကြီးမားထွန်းကားလာလိမ့်မည်ဖြစ်ပါသည်။ ၁၀။ဖြစ်သောကြောင့်ဗုဒ္ဓသာသနာတော်၏ရေသောက် မြစ်လည်းဖြစ်၊ပရိယတ္တိပညာရေးတက္ကသိုလ်နှင့် ပရိယတ္တိစာသင်တိုက်များ၏အခြေခံလည်းဖြစ်သော ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများကိုတည် ထောင်ဖွင့်လှစ်ရန်အမှန်တကယ်လိုအပ်ကြောင်းထင်ရှား လှပါသည်။ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်သင်ကြားပို့ချသွားရေးနှင့်ပတ်သက် ၍နိုင်ငံတော်သံဃမဟာနာကအဖွဲ့ ၅-ပါးစုံညီဆဋ္ဌမအစည်းအဝေးကစီမံချက်အကျဉ်းချုပ်ကိုချမှတ်ပေးခဲ့ပြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများဖြစ် မြောက်ရေးကော်မတီကိုလည်းဖွဲ့စည်းပေးခဲ့ပါသည်။ ထိုကော်မတီက၁၉၈၂-ခုနှစ်၊မတ်လတွင်စီမံချက်အကျယ်ကိုရေးသားပြုစုပြီးနိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမ)အဖွဲ့ခွဲသို့တင်ပြခဲ့ပါသည်။ ယင်းတင်ပြချက်ကိုအခြေခံလျက်ဤစည်းမျဉ်းကိုပြုစုပြီးနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၅-ပါးစုံညီအဋ္ဌမအစည်းအဝေးသို့တင်ပြခဲ့ပါသည်။ယင်းအစည်းအဝေးကအတည်ပြုလက်ခံ၍နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တတိယအကြိမ်နှစ်ပတ်လည်အစည်းအဝေးကြီးသို့ တင်ပြခဲ့ပါသည်။သို့ဖြစ်၍ဗဟိုဝန်ဆောင်အစည်းအဝေးကြီးကစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အလို့ငှါဤ“ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများဆိုင်ရာစီမံချက်စည်းမျဉ်း”ကို၁၃၄၄-ခုနှစ်၊ နယုန်လဆန်း(၁)ရက်၊၁၉၈၂-ခုနှစ်၊ဇွန်လ (၄)ရက်၊ သောကြာနေ့၌အတည်ပြုပြဌာန်းလိုက်ပါသည်။ (အညွန်း=နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများဆိုင်ရာစီမံချက်စည်းမျဉ်း၊နှာ,င-ဇ) [သင်တန်းကျောင်းနှင့်သင်ကြားသည့်ဘာသာရပ်]

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁၁။ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌သင်တန်း သားများအားသင်ကြားပေးသောဘာသာရပ်မှာ(၁၁)မျိုးထိရှိခဲ့ပါသည်။ကျောင်းအုပ်ဆရာတော်ကမိမိအား အမှတ်စဉ်(၄)မှစ၍“အမ္မာကမ္မဘာသာကိုသင်ကြားပေးရန်တာဝန်တစ်ရပ်အနေဖြင့်ပေးအပ်ခဲ့ပါသည်။ ရှေ့ပိုင်း၌ကမ္မာကမ္မဘာသာနှင့်ဆက်စပ်၍မဟာဝဂ္ဂ စူဠဝဂ္ဂ၊ဝိနယသံခိပ်ကျမ်း၊သီမာဝိနိစ္ဆယကျမ်း၊သိမ်မျိုးစုံဋီကာကျမ်း၊ဝိနယပကိဏ်ဏကဒီပနီကျမ်းတို့မှထုတ်နှုတ် သင်ကြားပေးပါသည်။နောက်ပိုင်း၌အလုပ်တာဝန်များကြောင့်သင်ကြားရေးပိုင်း၌လျော့နည်းလာသည့်အတွက် သင်တန်းသားများလေ့လာနိုင်စေရန်“ကမ္မာကမ္မသိမ်သင် တန်းအကျဉ်းချုပ်စာအုပ်ငယ်”နှင့်“ဥပသမ္ပဒကံစာအုပ်ငယ်"တို့ကိုစီစဉ်ဖြန့်ဝေလှူဒါန်း၍သင်ခန်းစာအဖြစ် လမ်းညွှန်မှုပေးပါသည်။ “ယင်းစာအုပ်ငယ်နှင့်အခြားသောသာသနာတော်အတွက် မရှိမဖြစ်လုပ်ဆောင်ရမည့်ကံကြီးကံငယ်ဆိုင်ရာစာအုပ်များသည်သာသနာတော်အတွက်အကျိုးများလှသည့် အတွက်ဆရာတော်အနေဖြင့်တစ်အုပ်တည်းဖြစ်အောင် ပြန်လည်ပြုစုရေးသားလိုကြောင်း၊စာအုပ်တစ်အုပ်အဖြစ် ရိုက်နှိပ်၍ဖြန့်ဝေလိုကြောင်း”တပည့်ဖြစ်သူဒေါက်တာအရှင်ဥက္ကဋ္ဌကလျှောက်ထားလာသဖြင့်မိမိသည်ယခင် ရေးသားထားပြီးဖြစ်သည့်သိမ်သင်တန်းနှင့်ပတ်သက်သောစာအုပ်များကိုအခြေခံပြီးစာအုပ်ငယ်များ၌လိုအပ်သောသိမှတ်ဖွယ်ရာများကိုညောင်ရမ်းဝိနိစ္ဆယ၊မိုနံကုန်းတိပိဋကပကိဏ္ဏကဒီပနီ၊ဝိမတိစ္ဆေဒနီ၊အရှင်ဇောတာလင်္ကာရမှတ်စု-အစရှိသောကျမ်းစာအုပ်များစွာတို့မှ ဖြည့်စွက်စုစည်းကာအကောင်းဆုံးနှင့်အခြေခံအကျဆုံးလည်းဖြစ်၊တပေါင်းတစ်ခုတည်းလည်းဖြစ်သော ဤကမ္မာကမ္မဘာသာ"ကိုစီစဉ်ထုတ်နှုတ်၍ဓမ္မဒါနအဖြစ် ထုတ်ဝေလှူဒါန်းခြင်းသာဖြစ်ပါသည်။ [သင်ရိုးမာတိကာ,ဘာသာရပ်နှင့်ပြဌာန်းကျမ်းစာများ]

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~

စဉ်/ဘာသာရပ် ၁။ဥဘတောဝိဘင်း ၂။ကမ်မာကမ်မ ၃။ခန္ဓက၀တ်နှင့်အခြားကျင့်ဝတ်ဆိုင်ရာ ၄။ကိုယ်ကျင့်အဘိဓမ္မာ ၅။ပိဋကတ်သမိုင်း ၆။သာသနာ့သမိုင်း ၇။သာသနာပြုနည်းအတတ်ပညာ ၈။စီမံအုပ်ချုပ်မှုပညာ ၉။မြန်မာစာပေအရေးအသား ၁၀။စကားပြောနှင့်တရားဟောအတတ်ပညာ ၁၁။အခြေခံမူလတန်းပညာ

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(၁)ဥဘတောဝိဘင်္ဂ။ဘာသာရပ်=ဥဘတောဝိဘင်း။ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်း။ (က)ဘိက္ခုပါတိမောက် (ခ)ဘိက္ခုနီပါတိမောက်

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၂)ကမ်မာကမ်မဘာသာ။ဘာသာရပျ=ကမှာကမ်မဘာသာ။ သင်ရိုးမာတိကာပြဌာန်းကျမ်းစာ (က) ဝိနယကောသလ္လ(ခ)ဝိနယသံခိပ် (ဂ)မဟာဝါပါဠိတော်မြန်မာပြန် (ဃ)စူဠဝါပါဠိတော်မြန်မာပြန် (င)ပရိဝါရပါဠိတော်မြန်မာပြန်

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၃)ခန္ဓကဝဂ်နှင့်အခြားကျင့်ဝတ်ဆိုင်ရာ။ ဘာသာရပ်=ခန္ဓကဝဂ်နှင့်အခြားကျင့်ဝတ်ဆိုင်ရာ။ သင်ရိုးမာတိကာပြဌာန်းကျမ်းစာ (က)စူဠဝါဝဂ်ဂ၊ဝတ်တက်ခန်ဓက(ခ)ဝိနယသံခိပျ (ဂ)နရသာသန(ဃ)ပရာဘ၀သုတှ (င)ဥတ်တမပုရိသဒီပနီ

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၄)ကိုယ်ကျင့်အဘိဓမ္မာ။ဘာသာရပ်ကိုယ်ကျင့်အဘိဓမ္မာ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်းစာ (က)ပရမတ္တစက္ခုဒီပနီ(ဒီပဲယင်းဆရာတော်) (ခ)အဘိဓမ္မတ္ထသရူပမာလာ(ပွင့်လှသိမ်ကုန်း-ပြည်) (ဂ)ကိုယ်ကျင့်အဘိဓမ္မာ(ဆရာတော်အရှင်ဇနကာဘိဝံသ)

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~

(၅)ပိဋကတ်သမိုင်း။ဘာသာရပ်=ပိဋကတ်သမိုင်းဘာသာ

သင်ရိုးမာတိကာပြဌာန်းကျမ်းစာ
ပိဋကတ်တော်သမိုင်း(ဦးယံ)
၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(၆)သာသနာ့သမိုင်း။ဘာသာရပ်သာသနာ့သမိုင်းဘာသာ သင်ရိုးမာတိကာပြဌာန်းကျမ်းစာ (က)သာသနာလင်္ကာရစာတမ်း(မဟာဓမ္မသင်္ကြန်) (ခ)သာသနာ့ဗဟုသုတပကာသနီ(ဘုရားဖြူဆရာတော်) (ဂ)ဆဋ္ဌသင်္ဂါယနာမှတ်တမ်း(စ-ဆုံး) (ဃ)ကလျာဏီကျောက်စာ(အစ-အဆုံး) (င)ဗုဒ္ဓသာသနိကပထဝီဝင်အထောက်အကူပြု ကောက်နှုတ်ချက်များ

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၇) သာသနာပြုနည်းအတတ်ပညာ။ ဘာသာရပ်=သာသနာပြုနည်းအတတ်ပညာ။ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်းစာ (က)ဇိနတထှပကာသနီကမှး(ခ)တထာဂတဥဒါနဒီပနီ (ဂ)မဟာဗုဒ္ဓဝင်(ဃ)မဟာဝင်ဝတ္ထု

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~

(၈)စီမံအုပ်ချုပ်မှုပညာ။ဘာသာရပ်=စီမံအုပ်ချုပ်မှုပညာ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်းက (က)ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ(အစ-အဆုံး) (ခ)၎င်းလုပ်ထုံးလုပ်နည်းများ(အစ-အဆုံး) (ဂ)ပြည်ထောင်စုမြန်မာနိုင်ငံတော်သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း(အစ-အဆုံး) (ဃ)၎င်းလုပ်ထုံးလုပ်နည်းများ(အစ-အဆုံး) (င)သံဃနာယကလက်စွဲ(အစ-အဆုံး) (စ)ခေါင်းဆောင်မှုပညာ(အစ-အဆုံး)(ဦးမောင်မောင်)

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(၉)မြန်မာစာပေအရေးအသား။ ဘာသာရပ်=မြန်မာစာပေအရေးအသား။ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်း (က)ဂမ္ဘီရကဗျာ(လယ်တီ) (ခ)တေမိယဇာတ်ဝတ္ထုတော်ကြီး(မင်းဘူးဦးဩဘာသ) (ဂ)မြန်မာစကားပြေလက်ရွေးစင်

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)

(၁၀)စကားပြောနှင့်တရားဟောအတတ်ပညာ။ ဘာသာရပ်=စကားပြောနှင့်တရားဟာအတတ်ပညာ။ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်းစာ (က)ခုံတော်မောင်ကျဘမ်းဝတ္ထု (ခ)ဦးပေါ်ဦးလျှောက်ထုံး (ဂ)သင်္ဂဇာစကားပုံပေါင်းချုပ် (ဃ)ဦးပုညဝတ္ထုပေါင်းချုပ်

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~

(၁၁)အခြေခံမူလတန်းပညာ ဘာသာရပ်=အခြေခံမူလတန်းပညာ သင်ရိုးမာတိကာပြဋ္ဌာန်းကျမ်းစာ (က)မြန်မာစာ(ခ)သင်္ချာ(ဂ)အင်္ဂလိပ်စာ

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

[မှတ်ချက်]

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မူလတန်းပညာရပ်များကိုသင်ကြားရာ၌သင်ကြား ပုံနည်းစနစ်ကိုသာသင်ကြားရမည်။မိမိတို့ကိုယ်တိုင် ဆရာလုပ်ပြီးကလေးများကိုသင်ကြားပေးနိုင်ရန်ဖြစ်သည်။ သင်တန်းသားများအတွက်ဆရာကိုင်သင်္ချာ,အင်္ဂလိပ်စာအုပ်များကိုလေ့လာနိုင်သည်အထိသင်ကြားပေးရမည် စည်းမျဉ်းအပိုင်း(၁)၊အခန်း (၄)၊အပိုဒ်-(၁၀-ဃ)အရ ဖွဲ့စည်းထားသောသင်တန်းကျောင်းပညာသင်ကြားရေး အဖွဲ့နှင့်ညှိနှိုင်း၍ပထမနှစ်သင်တန်းအတွက်အနည်းဆုံး (၇)တန်းအထိသင်ကြားရမည်။ အင်္ဂလိပ်စာကိုသင်ကြားရာ၌သဒ္ဒါနည်း(ဂရမ္မာ)ကို ပူးတွဲသင်ကြားပေးရမည်။

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~

[(၂)နှစ်သင်တန်းနေ့စဉ်စာသင်ချိန်အခြေပြဇယား]

၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)

နေ့၁:၀၀မှ၁:၅၀၊၂:၀ဝမှ၂:၅၀၊၃:၀၀မှ၃:၅၀၊၄:၀၀မှ၄:၅၀၊ တနင်္ဂနွေ၊ကမ္မာကမ္မ၊ အင်္ဂလိပ်ဂရမ္မာ၊ ခန္ဒက၊ သင်္ချာ တနင်္လာသာသနာ့သမိုင်း၊အင်္ဂလိပ်ဂရမ္မာ၊မြန်မာစာ၊သင်္ချာ အင်္ဂါ၊သာသနာပြု၊အင်္ဂလိပ်ဖတ်စာ၊၎င်းဖတ်စာ၊သင်္ချာ ဗုဒ္ဓဟူး၊ဥဘတော၊အင်္ဂလိပ်ဂရမ္မာ၊ပိဋကတ်သမိုင်း၊သင်္ချာ ကြာသပတေးသာသမိုင်း၊စီမံအုပ်၊ကိုယ်ကျင့်အဘိ၊သင်္ချာ သောကြာ၊သာ/ပြု၊အင်္ဂလိပ်ဖတ်စာ၊၎င်းဖက်စာ၊သင်္ချာ စနေနေ့၊ဥဘတောဝိဘင်း၊စကားပြော၊သင်္ချာ၊အထွေထွေ

                          ပြီးပါပြီ။
၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၃၇၊ ၁၂ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် ThamanaThukha !

--Welcome-Bot (ဆွေးနွေး) ၁၃:၄၈၊ ၃၀ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့၏ဝိနည်းဓမ်မကံစီရင်ထုံးများ(နိဒါန်း)

နိုင်ငံတော်အဆင့်သံဃဝိနိစ္ဆယအဖွဲ့များ၏ ဝိနည်းဓမ္မကံစီရင်ထုံးများနိဒါန်း

၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင်မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သံဃာတော်ပေါင်း(၂၅၅၈)ပါးတက်ရောက်သည့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးကို (၁၃-၅-၂၀၁၄)ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ ယင်းသံဃာ့အစည်းဝေးပွဲကြီးကသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ညွှန်ကြားလွှာ၊လုပ်ထုံးလုပ်နည်း၊ ဝိနိစ္ဆယလက်စွဲများတွင်ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်နိုင်ရန်တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်(၃၆)ပါး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်(၉)ပါး၊ စုစုပေါင်း(၄၅)ပါးတို့ဖြင့်ပြင်ဆင်ရေးအဖွဲ့ကိုဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများပြင်ဆင်ရေးအဖွဲ့ကတိုင်းဒေသကြီး/ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့များ၏ဆုံးဖြတ်ချက်များကိုကျေနပ်မှုမရှိသဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့၊အယူခံဝင်ရောက်ခဲ့သော မှုခင်းများကိုစစ်ဆေးဆုံးဖြတ်နိုင်ရန်ဖွဲ့စည်းပေးသည့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့တို့၏ဆုံးဖြတ်ချက်စာတမ်းများကိုစိစစ်ထုတ်ယူ၍ ဝိနည်းဓိုရ်ဆရာတော်များနည်းယူနိုင်ရန်စီရင်ထုံးလက်စွဲစာအုပ်ရိုက်နှိပ်နိုင်ရေးအတွက်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များပါဝင်သောစိစစ်ရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်သင့်ပါကြောင်း(၂၉-၁၂-၂၀၁၄)နေ့တွင် ကျင်းပသောသံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၄)က ဆွေးနွေးဆုံးဖြတ်၍အကြံပြုတင်ပြခဲ့ပါသည်။ ထိုသို့အကြံပြုတင်ပြချက်နှင့်စပ်လျဉ်းပြီး၃၁-၁၂-၂၀၁၄ နေ့တွင်ကျင်းပသောသတ္တမအကြိမ်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ)၏ဒုတိယအကြိမ် ဆဌအစည်းအဝေးကသတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီသတ္တမအစည်းအဝေးသို့ တင်ပြရန်ဟုဆုံးဖြတ်ခဲ့ပါသည်။ ပြင်ဆင်ရေးအဖွဲ့ဆရာတော်များက(၁၄-၂-၂၀၁၅)ရက်စွဲဖြင့်ထပ်မံအကြံပြုတင်ပြလာသည်မှာအကြောင်းအမျိုးမျိုးဖြင့်နိုင်ငံတော်အဆင့်သို့တက်ရောက်လာသည့်ဝိနည်းဓမ္မကံမှုခင်းများအမျိုးမျိုးရှိခဲ့ရာ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အသီးသီးဖြင့်စစ်ဆေးဆုံးဖြတ်ခဲ့ကြပါကြောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ ပြင်ပပညာရှင်ကြီးများကြိုးပမ်းဆုံးဖြတ်ထားသည့် တန်ဖိုးမဖြတ်နိုင်သည့်ဖြတ်ထုံးများလည်းသာသနာရေးဦးစီးဌာနဝိနိစ္ဆယဌာန၌များစွာရှိနေပါကြောင်း၊အချို့စီရင်ထုံးများသည်ကာလကြာမြင့်မှုကြောင့်ပျက်စီးမည့် အနေအထားသို့ပင်ရောက်ရှိနေသဖြင့်ယင်းစီရင်ထုံးများ၊ ဖြတ်ထုံးများ၊ပြင်ဆင်တည်းဖြတ်ထုတ်ဝေနိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်(၅)ပါးကိုသီးခြားထုတ်နုတ်တာဝန်ပေးအပ်လိုကြောင်းညှိနှိုင်း၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြမှုကို(၁၅-၂-၂၀၁၅)နေ့တွင်ကျင်းပသော သတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ဒုတိယအကြိမ်တတိယအထူးအစည်းအဝေးသို့တင်ပြခဲ့ရာယင်းအစည်းအဝေးကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီသတ္တမအစည်းအဝေးသို့တင်ပြရန်ဟုဆုံးဖြတ်ခဲ့သဖြင့်ဆက်လက်တင်ပြခဲ့ရာ(၄၇)ပါးစုံညီအစည်းအဝေးကသံဃာ့အစည်းလုပ်ထုံးလုပ်နည်းများပြင်ဆင်ရေးအဖွဲ့မှရွေးချယ်တင်ပြသည့်ရန်ကုန်တိုင်းဒေသကြီးမှနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်(၅)ပါးအားစိစစ်ရေးအဖွဲ့၌ထည့်သွင်းဖွဲ့စည်းရန်၊ယင်းစိစစ်ရေးအဖွဲ့တွင်မန္တလေးတိုင်းဒေသကြီးမှနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် (၂)ပါး၊တိုင်းဒေသကြီး/ပြည်နယ်များမှဂိုဏ်းပေါင်းစုံ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်(၁)ပါးစီပါဝင်စေလျက်ရွေးချယ်ဖွဲ့စည်းရန်နှင့်စိစစ်ရေးအဖွဲ့လျာထားရွေးချယ်ဖွဲ့စည်းထားမှုအားသတ္တမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တတိယအစည်းအဝေးသို့တင်ပြရန်ဟုဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်၍တိုင်းဒေသကြီး/ပြည်နယ်များအလိုက်စံနမူနာပြုစာတမ်းများစိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် ရွေးချယ်လျာထားတင်ပြမှုကိုသတ္တမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တတိယအစည်းအဝေးကအတည်ပြုတာဝန်ပေးခဲ့ပါသည်- စဉ်/ဘွဲ့တော်/ကျောင်းတိုက် ၁။ဘဒ်ဒန်တတဇေိန်ဒ ဇမ္ဗူအေးဓမ္မရိပ်သာ(၁၀)ရပ်ကွက်၊သာကေတမြို့နယ် ၂။ဘဒ်ဒန်တသုစိတ်တ နေနတ်သားစာသင်တိုက်၊စမ်းချောင်းမြို့နယ်၊ ၃။ဘဒ္ဒန္တဣဒ္ဓိဉာဏာဘိဝံသ ရတနာဗိမာန်စာသင်တိုက်၊ဗဟန်းမြို့နယ်၊ (အနောက်ချောင်းဒွါရ) ရန်ကုန်တိုင်းဒေသကြီး ၄။ဘဒ္ဒန္တတေဇောသာရာဘိဝံသ ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်၊ မိုးကုတ်မြို့၊ မန္တလေးတိုင်းဒေသကြီး ၅။ဘဒ်ဒန်တစန်ဒဝံသာဘိဝံသ ပါဠိကာရီတုလွှတ်ကျောင်း၊ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ၆။ဘဒ္ဒန္တသောဘန မဟာဝိသုတာရာမတိုက်၊ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး ၇။ဘဒ္ဒန္တသောဓက စက်ရုံကျောင်းတိုက်၊ပေါက်မြိုင်အုပ်စု၊ လယ်ဝေးမြို့၊နေပြည်တော်။ ၈။ဘဒ္ဒန္တဉာဏိန္ဒာဘိဝံသ ပရိယတ္တိမင်းကျောင်း၊(၃)ရပ်ကွက်၊ မအူပင်မြို့၊ဧရာဝတီတိုင်းဒေသကြီး ၉။ဘဒ်ဒန်တပညာသာမိ ဃောသိတာရာမစာသင်တိုက်၊ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ၁၀။ဘဒ်ဒန်တစန်ဒသိရီ ဘုရားကျောင်း၊နိုင်းပြိုင်ကျေးရွာ၊မုဒုံမြို့၊မွန်ပြည်နယ် ၁၁။ဘဒ္ဒန္တဣန္ဒာစရိယ ဓမ္မိကာရုံကျောင်း၊မင်းပြားမြို့၊ရခိုင်ပြည်နယ် ၁၂။ဘဒ်ဒန်တဓမ်မာနန်ဒါဘိဝံသ မဟာဓမ္မိကာရာမကျောင်း၊တောင်ကြီးမြို့၊ရှမ်းပြည်နယ် ၁၃။ဘဒ်ဓန်တစန်ဒာဝရာဘိဝံသ ခေမာသီဝံပရိယတ္တိစာသင်တိုက်၊မြစ်ကြီးနားမြို့ ကချင်ပြည်နယ် ၁၄။ဘဒ်ဒန္တသောပါက ခေမာရာမကျောင်း၊ဘားအံမြို့၊ကရင်ပြည်နယ် ၁၅။ဘဒ္ဒန္တသိရိန္ဒ(ရွှေကျင်) သာသနာ့မဏ္ဍိုင်ကျောင်း၊ ပဲခူးမြို့၊ပဲခူးတိုင်းဒေသကြီး ၁၆။ဘန္တခေမိန္ဒာစာရ စတုဘုမ္မိကမဟာသတိပဌာန်ကျောင်းတိုက်၊ငှက်တွင်း၊ (၅၃)လမ်း၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၁၇။ဘန်တခမာဓိက နတ်မောက်ကျောင်း၊သွေးဆေးကန်တိုက်၊(မူလဒွါရ) ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၁၈။ဘဒ်ဒန်တဝပေုလ်လ ကျိုက်သီမွန်ကျောင်း၊ဗဟန်းမြို့နယ်၊(မဟာရင်) ရန်ကုန်တိုင်းဒေသကြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တတိယအစည်းအဝေး ၏တာဝန်ပေးချက်အရစာတမ်းပြုစုစစ်ဆေးရေးအဖွဲ့ ဆရာတော်(၁၈)ပါးတို့သည်(၁၄-၁၂-၂၀၁၅)နေ့ရန်ကုန်မြို့၊ကမ္ဘာအေးကုန်းမြေ၊ဥတ္တရကုရုကျောင်းဆောင်တွင် သီတင်းသုံးကာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံဩဝါဒခံ၍ဥတ္တရကုရုကျောင်း ဆောင်မြေညီထပ်အစည်းအဝေးခန်းမ၌၃-ပါးလျှင် တဖွဲ့နှင့်အဖွဲ့၆ဖွဲ့ခွဲကာ နံနက်(၀၈း၀၀)နာရီမှ(၁၀:၀၀)နာရီအထိတစ်ကြိမ်၊နေ့လယ်(၁:ဝဝ)မှညနေ (၃း၀၀)နာရီအထိတစ်နေ့လျှင်နှစ်ကြိမ်ရုံးထိုင်ဆောင်ရွက်ကြလျက် နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများဓမ္မဝိနယနှင့်အညီဆုံးဖြတ်သွားခဲ့သောစီရင်ထုံးဆုံးဖြတ်ချက်စာအုပ်များကိုဖတ်ရှုလေ့လာကြပြီး၎င်းဆုံးဖြတ်ချက်များထဲမှ နောင်လာနောက်သားများနမူနာထားအတုယူရမည့် ဆုံးဖြတ်ချက်များကိုရွေးထုတ်၍ဝိနည်းဓိုရ်ဆရာတော်များလက်ကိုင်ထားရမည့်စာအုပ်ကောင်းများပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်ဆောင်ရွက်ကြခြင်းဖြစ် ပါသည်။ နမူနာစာတမ်းပြုစုရေးအဖွဲ့ဆရာတော်များသည်မိမိတို့နေ့စဉ်ရုံးထိုင်၍စိစစ်ရွေးချယ်ထားသောဆုံးဖြတ်ချက်စာမူများထဲမှကောင်းနိုးရာရာဆုံးဖြတ်ချက်များကိုစိစစ်ပြီး၂၃-၁၂-၂၀၁၅နေ့တွင်ဝိဝါဒါမှု​၊အနုဝါဒါမှုခွဲခြား၍ လည်းကောင်း၊ဝိဝါဒါမှုတွင်လည်းသံယိက၊ဂဏိက၊ ပုဂ္ဂလိက၊စေတိယသန္တကစသည်ဖြင့်လည်းကောင်း၊ အနုဝါဒမှုတွင်လည်းသုဒ္ဓ၊အသုဒ္ဓစသည်ဖြင့်လည်း ကောင်းခွဲခြားထုတ်နုတ်၍ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်၌၁၉၈၆-ခုနှစ်မှ၂၀၀၆ခုနှစ်အတွင်းနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ ရုံးထိုင်စစ်ဆေးဆုံးဖြတ်ခဲ့သောဆုံးဖြတ်ချက်များအနက်မှကောင်းနိုးရာရာအုပ်ရေ(၁၃၀)ခန့်ရွေးထုတ်ခဲ့ကြပြီး၊ ထိုအုပ်ရေ(၁၃၀)ထဲမှတစ်အုပ်လျှင်စာမျက်နှာ(၅၀၀)ကျော်ဖြင့်ပထမဦးစားပေး၊ဒုတိယဦးစားပေး၊တတိယဦးစားပေးအဖြစ်ရွေးချယ်ကာစီရင်ထုံးဝိနိစ္ဆယ(၃)တွဲ ရိုက်နှိပ်ရန်ရည်သန်၍ညှိနှိုင်းကာဆောင်ရွက်ခဲ့ကြပါသည်။ ဝိနိစ္ဆယစီရင်ထုံးများကိုနမူနာအဖြစ်ထားရှိနိုင်ရေးအတွက်စီရင်ထုံးရေးဆွဲရေးအဖွဲ့ဆရာတော်(၁၈)ပါး တို့သည်နမူနာပြုထိုက်သည့်စာအုပ်စာတမ်းများ ဖြစ်လာနိုင်စေရေးအတွက်သံဃိက၊ဂဏိက၊ပုဂ္ဂလိကခွဲခြားခြင်း၊သံဃိကတွင်လည်းမူလသံဃိက၊မတသန္တကသံဃိက၊ဥပနုသံဃိကစသည်ဖြင့်ထပ်ဆင့်ခွဲခြားခြင်း၊ ပုဂ္ဂလိကတွင်လည်းဒွိသန္တက၊တိသန္တကစသည်ဖြင့်ခွဲခြားခြင်း၊အနုဝါဒတွင်လည်းပထမ၊ဒုတိယ၊တတိယစသည်ဖြင့်ခွဲခြားခြင်း၊ထိုတွင်သုဒ္ဓ-အသုဒ္ဓခွဲခြားခြင်းများ ပြုလုပ်ကြလျက်စာတမ်းပြုစုခြင်း၊တို့ပြင်နောင်လာနောက်သားဝိနည်းဓိုရ်ဆရာတော်များအလွယ်တကူ မှီငြမ်းကိုးကားနိုင်ရေးကိုရှေးရှုဦးတည်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ရှေ့ဆုံးတစ်မှုကိုသာနမူနာပုံစံအဖြစ်ဆုံးဖြတ်ချက်စာတမ်းမျက်နှာဖုံး၊မာတိကာ၊ ဩဝါဒကထာ၊ပဏာမ၊ပဋိညာဉ်၊ပုံစံ(၇)တို့ကိုအပြည့် အစုံဖြင့်ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်။ ထိုဝိနိစ္ဆယများ၌ပါဝင်သောစောဒက/စုဒိတကတို့၏ အမည်တို့ကိုနစ်နာစေလိုသောဆန္ဒမရှိကြဘဲမူရင်းမှုခင်း ပြည့်စုံအောင်မလွဲမရှောင်သာထည့်သွင်းဖော်ပြရသည်ကိုလည်းနားလည်စေလိုပါသည်။ ဤသို့ဖြင့်ပြန့်ကျဲလျက်ရှိသောပန်းပွင့်များကိုပန်းကုံးဖြစ်အောင်သီကုံးဘိသကဲ့သို့တိုင်းဒေသကြီးပြည်နယ်အသီးသီးမှနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များ၏သူတစ်မျိုး ငါတစ်ဖုံအသိအမြင်အတွေးအရေးမျိုးစုံဖြင့်သုံးသပ်ဆုံးဖြတ်ထားသောစာတမ်းများကိုတစ်စုတစ်ပေါင်းတည်းလေ့လာကြည့်ရှုခြင်းဖြင့် (က)ဝိနည်းဓမ္မကံဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာတို့၌ ဝိနယဓရပုဂ္ဂိုလ်တို့အားနယဂ္ဂါဟအနေဖြင့်အထောက် အကူရစိမ့်သောငှာလည်းကောင်း၊ (ခ)ရှေးစီရင်ထုံးများကိုနောင်လာနောက်သားတို့ လေ့လာသိရှိခွင့်ရသဖြင့်ဘာသာရေးဆိုင်ရာကိစ္စအဝဝတို့၌သံသယကုက္ကုစ္စကင်းစွာဖြင့်လိုက်နာကျင့်သုံး နိုင်စိမ့်သောငှာလည်းကောင်း၊ (ဂ)သုတိစ်ဆိတသာသနမာမကသုတဂဝေသီတို့အလွယ် တကူလေ့လာဖတ်ရှုခွင့်ရသဖြင့်သုတတိုးပွားအကျိုးများစိမ့်သောငှာလည်းကောင်း၊ ရည်သန်၍ကဝိအမော်ဆရာကျော်တို့၏စီရင်ထုံးများထဲမှ ကောင်းနိုးရာရာတို့ကိုစိစစ်ရွေးထုတ်ကာစုပေါင်းစီစဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။ သုတေသီတို့မှီငြမ်းပြုလျက်သုတတိုးပွားအကျိုးများ အောင်ဆောင်ရွက်နိုင်ကြပါစေဟူ၍ဆုတောင်း ပတ္ထနာပြုအပ်ပါသတည်း။

                                  ပြီးပါပြီ။
၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)
၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၁:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့၏ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးအပ်သောအယူခံစောဒနာဝင် နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့အမှတ် (၂၈/၂၀၀၅)၏၊ ၁၃၆၇၊ခုနှစ်နည်းဓမ္မဝိနည်းကံအဓိကရုဏ်း မှုခင်းအမှတ်(၅၀/၂၀၀၅) [ဆုံးဖြတ်ချက်]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ ၁။ဦးသဋဌှေိလာဘိဝံသ(သဘာပတိ) မင်းကျောင်းစာသင်တိုက်၊လွိုင်ကော်မြို့။ ၂။ဦးနေမိန်ဒရ(အဖွဲ့ဝင်) မြိုင်သာယာကျောင်း၊ရွှေကူမြို့။ ၃။ဦးကလျာဏ(အဖွဲ့ဝင်) ညောင်ပင်သာကျောင်းတိုက်၊ဗန်းမော်မြို့။ ၄။ဦးဂုဏိကာဘိဝံသ(အဖွဲ့ဝင်) ကံသုံးဆင့်စာသင်တိုက်၊မင်္ဂလာဒုံမြို့။ ၅။ဦးသြဘာသာဘိဝံသ(အဖွဲ့ဝင်) အောင်မင်ဂလာကျောင်းတိုက်၊မိုးကောင်းမြို့။ အယူခံစောဒက=ဦးဘကြွယ် ကျောင်းဆိပ်ရွာ၊ကျောင်းဆိပ်အုပ်စု၊စဉ့်ကူးမြို့နယ်၊ မန္တလေးတိုင်း။ အယူခံစုဒိတက=ဦးဝိမလ ပဲ့နင်းကျောင်း၊ချမ်းသာကြီးတောင်တိုက်၊ အောင်မြေသာစံမြို့နယ်၊မန္တလေးတိုင်း။ အကြောင်းအရာ=ဗောဓိကျောင်း၊ဝိဝါဒါဓိကရုဏ်းမှုခင်း စတင်ဖွဲ့စည်းသည့်နေ့=၁၃၆၇၊ခုနှစ်၊ကဆုန်လဆန်း(၁၁) ရက်၊(၁၈-၅-၂၀၀၅) ဗုဒ္ဓဟူးနေ့။ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့ -၁၃၆၇၊ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၅)ရက်၊(၆-၆-၂၀၀၅) တနင်္လာနေ့ အကြောင်းအရာ ၁။သဘာပတိဆရာတော်၏ဩဝါဒကထာ ၂။ပဏာမနှင့်ပဋိညာဉ် ၃။အဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာခြင်း ၄။ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးခြင်း ၅။နိုင်ငံတော်သို့ရောက်ရှိလာခြင်း ၆။အဖွဲ့အမှတ်(၂၈/၂ဝဝ၅)နိုင်ငံတော်ဝိနည်းဓိုရ်ရာတော်များ၏သဘောထား ၇။စုဒိတကသက်သေတို့၏စောဒနာ၊သောဓနာချက်များကိုစိစစ်ဝေဖန်သုံးသပ်ပုံ ၈။ကျောင်းသုံးမျိုးသုံးစား ၉။သံယိကကျောင်းအမျိုးအစား ၁၀။စာချုပ်များကိုသုံးသပ်ခြင်း ၁၁။စောဒကဦးဘကြွယ်၏စာချုပ်ကိုသုံးသပ်ခြင်း ၁၂။စုဒိတကဦးဝိမလ၏စာချုပ်ကိုသုံးသပ်ခြင်း ၁၃။ဒါနလကခွဏာသုံးပါး ၁၄။ဗောဓိကျောင်းသည်မည်သည့်ကျောင်းအမျိုးအစား ဖြစ်သည်ကိုသုံးသပ်ခြင်း ၁၅။စုဒိတကဦးဝိမလ၊ဦးဝိနယတို့အန္တောသီမဋ္ဌက ဖြစ်/မဖြစ်သုံးသပ်ခြင်း ၁၆။မတသန္တကသံဃိကဗောဓိကျောင်း၌ဓုဝဝါသ အနုဋ္ဌာပနီယကျောင်းထိုင်တင်မြှောက်ထိုက်သောပုဂ္ဂိုလ် ၁၇။ပေါင်းရုံးသုံးသပ်ခြင်း ၁၈။ဆုံးဖြတ်ချက် ၁၉။ပုံစံ(၇) [သဘာပတိဆရာတော်၏သြဝါဒကထာ]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မေတ္တာ ဝိဟာရီ ယော ဘိက္ခု၊ပသန္နော ဗုဒ္ဓသာသနေ၊ အဓိဂစ္ဆေ ပဒံ သန္တံ၊သင်္ခါရုပသမံ သုခံ။ ယောဘိက္ခု၊နိဗ္ဗာန်မျှော်မှန်းအကြင်ရဟန်းသည်၊ မေတ္တာဝိဟာရီ၊မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများ မေတ္တာဈာန်ဝင်စား၍နေတတ်၏၊ဗုဒ္ဓသာသနေ၊ သစ္စာလေးပါးပိုင်းခြားသိမြင်ဘုရားရှင်၏ပဲ့ပြင်ကျန ဆုံးမကွပ်ညှပ်ရာသာသနာ၌၊ပသန္နော၊သိက္ခာသုံးပါး ကျင့်သောအားဖြင့်လေးစားမှီခိုသက်ဝင်ကြည်ညို၏၊ သောဘိက္ခု၊သုံးပါးသိက္ခာကျင့်စရာကိုလွန်စွာနှစ်လို ကြည်ညိုကြိုးပမ်းထိုရဟန်းသည်၊သန္တံ ပဒံ၊ငြိမ်အေးချမ်းမှုအဖို့အစုဖြစ်သော၊သင်္ခါရုပသမံ၊ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့၏ငြိမ်းအေးရာဖြစ်သော၊သုခံ၊ချမ်းသာအထွတ် နိဗ္ဗာန်ဓာတ်ကို၊အဓိဂစ္ဆေ၊လက်ရပိုင်ပိုင်ရနိုင်တော့သည်သာတည်း။ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားလျက်ဗုဒ္ဓမြတ်စွာသာသနာတော်၌ကြည်ညိုသောရဟန်းသည်၊ကြည်ညိုသော သူသည်၊ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ငြိမ်းအေးရာချမ်းသာငြိမ်သက်သောနိဗ္ဗာန်သို့ရောက်ရလေ၏။ ယခုအချိန်အခါ၌ဗောဓိကျောင်းပိုင်ဆိုင်မှုအငြင်းပွားနေကြသည့်၊သူနိုင်ကိုယ်နိုင်အပြိုင်အားထုတ်နေကြသည့်၊ မာန်မာနတက်ဒေါသထွက်နေကြသည့်ပုဂ္ဂိုလ်အချင်းချင်း မာန်မာနဒေါသမထွက်ရအောင်မေတ္တာရေဖြန်းပက်လိုက် ပါဟုမြတ်စွာဘုရားကအထက်ပါတရားကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်၊သူတစ်မင်းငါတစ်ဖုံငြင်းခုံနေကြသောကာယကံရှင်အားလုံးသည်မေတ္တာဖြင့်နေ၍ ဗုဒ္ဓမြတ်စွာသာသနာ၌ကြည်ညိုကြလျှင်မာနဒေါသ စသည်အပြီးတိုင်ငြိမ်းအေးပြီးနိဗ္ဗာန်သို့ရောက်ကြရမှာ အမှန်ပါ၊သို့ဖြစ်၍- ဆောင်=မေတ္တာစိတ်ဓါတ် လွန်မြင့်မြတ် ♥♥♥လူနတ်အချစ်ဆုံး။ ♥♥♥မေတ္တာပန်းခိုင် ကိုယ်စီကိုင် ဖက်ပြိုင်သူတိုင်းရှုံး ဟူသောသူတော်ကောင်းတို့၏စကားလိုက်နာပွားလျက် စောဒက၊စုဒိတကတို့သည်တစ်ရွာတည်းနေတစ်ရေတည်းသောက်ပြီးတူဝရီးအရင်းဖြစ်ကြသည့်အားလျော်စွာ အနိုင်အရှုံးပဓာနမထားကြဘဲမိမိတို့၏ရပ်ရွာ၊မိမိတို့၏ ဗောဓိကျောင်းနှင့်သာသနာတော်မြတ်ကြီးတိုးတက်ကြီးပွားရေးကိုပြုလုပ်ဆောင်ရွက်ကြပါဟုမိန့်ကြားရင်း ဩဝါဒကထာကိုနိဂုံးချုပ်လိုက်ပါတယ်။ [ပဏာမနှင့်ပဋိညာဉ်]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

တထာဂတံ နမဿိတှာ၊ သုခဒံ သဗဗှပါဏိနံ။ မယံ သမ်မန်တယိတှာန၊ ဥဇုံ ကဿာမ နိစ်ဆယံ။ မယံ၊အာယမသာသေဋ္ဌိလာစေဝ၊နေမိန္ဓရောစ ကလျာဏာ။ဂုဏိကောစေဝ သြဘာသော၊ ဝိနိစ္ဆကာ ဣမေ ပဉ္စ။ဝတ္တနာမာ၊ မြတ်ဂါထာဖြင့်၊ သညာထုတ်ဖော်၊နိုင်ငံတော်ဝိနည်းဓိုရ်ဖြစ်ငြားတပည့်တော်များသည်။ သဗ္ဗပါဏိနံ၊ခပ်သိမ်းဥဿုံလုံးစုံဖြစ်လတ်၊လူနတ်ဗြဟ္မာ၊ သတ္တဝါတို့အား၊သုခဒံ-လူ့ရွာနတ်ထံ၊နိဗ္ဗာန်ထုတ်လျှောက် အဆုံးရောက်လတ်၊ချမ်းသာမြတ်ကိုပေးတော်မူတတ်သော၊တထာဂတံ၊တထာဂတအမည်ရငြားဘုရားတရား သံဃာရတနာမြတ်သုံးပါးနတ်ကို၊နမဿိတွာ၊ကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပျော့မာန်ကိုလျော့ကာရှိခိုးကြပါကုန်ပြီး၍၊သမ္မန္တယိတွာန၊သင့်မသင့်၊မှန်မမှန်၊ကောင်း မကောင်းကျိုးကြောင်းရည်မျှော်တိုင်ပင်တော်မူကြကုန်ပြီး၍၊နိစ္ဆယ၊အပိုမသွင်းလိုရင်းပြတတ်ဆုံးဖြတ်အပ်သည့်အဆုံးအဖြတ်ကို၊ဥဇုံ၊မချွတ်မယွင်းဖြူစင်းဖြောင့် မတ်စွာ၊ကဿာမ၊အဂတိလေးဝမလိုက်ကြဘဲဝိနယဓမ္မ သဘာဝဖြင့်မျှတညီညာပြုလုပ်ဆုံးဖြတ်ကြပါကုန်အံ့သတည်း။ [ဗောဓိကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ကျောင်းဆိပ်အုပ်စု၊ကျောင်းဆိပ်ရွာ၊ဗောဓိကျောင်းကို၁၃၀၈- ခုနှစ်မှစ၍ဦးဘ၊ဦးခန့်စသောရပ်ရွာဒကာ/ဒကာမအများ စုပေါင်း၍ကျောင်းမြေနှင့်တကွဘုန်းတော်ကြီးကျောင်းအဖြစ်စတင်တည်ထောင်ခဲ့ကြသည်။ ဒကာ/ဒကာမများကဗောဓိကျောင်းကိုပုဂ္ဂလိက လှူဒါန်းကြကာဦးရာဇိန္ဒစသောဘုန်းကြီးများကျောင်းထိုင်ခဲ့ကြသည်။ ၃-ခန်း၊၄-ခန်း၊ဆင်ဝင်၂-ခန်းနှင့်ကျောင်းတော်ကြီး ပြီးစီးသောအခါမှာလည်းဆက်လက်ကျောင်းထိုင်သော ဦးသုဝဏ္ဏအား၁၃၁၂-ခုနှစ်၊ပြာသိုလပြည့်ကျော်(၁၂)ရက်နေ့တွင်ပုဂ္ဂလိကပိုင်အဖြစ်လှူဒါန်းခဲ့ကြပြန်ပါသည်။ ၁၃၂၂-ခုနှစ်၊ကဆုန်လဆုတ်(၅)ရက်၊၁၉၆ဝ-ပြည့်နှစ်၊ မေလ ၁၄-ရက် စနေနေ့တွင်ဦးသုဝဏ္ဏသည်မိမိပုဂ္ဂလိကပိုင်ဆိုင်သောဗောဓိကျောင်းကိုဒါယကာဦးဘကြွယ်အား စွန့်လွှတ်ပေးအပ်သော“ပုဂ္ဂလိကပိုင်ဗောဓိကျောင်းစွန့်ခြင်းကတိစာချုပ်ကိုချုပ်ဆိုခဲ့ပါသည်”ဟုဦးဘကြွယ်ကဆိုသည်။ ၁၃၅၁-ခုနှစ်၊နယုန်လဆန်း (၂)ရက်၊၁၉၈၉-ခုနှစ်၊ ဇွန်လ၅-ရက်၊တနင်္လာနေ့တွင်ဘုန်းကြီးဦးသုဝဏ္ဏသည် မိမိပုဂ္ဂလိကပိုင်ဆိုင်သောဗောဓိကျောင်းကိုမိမိ၏ “တပည့်ကြီးဦးဝိမလအားစွန့်လွှတ်ပေးအပ်သော ကျောင်းအပ်စာချုပ်ကိုချုပ်ဆိုခဲ့ပါသည်'ဟုဦးဝိမလကဆိုသည်။ ဦးဘကြွယ်နှင့်ဦးဝိမလ၏ခမည်းတော်ဦးအောင်တို့သည် ညီအစ်ကိုအရင်းများဖြစ်ကာဦးဘကြွယ်နှင့်ဦးဝိမလ တို့သည်တူဝရီးအရင်းဖြစ်ကြသည်။ သို့ပါသော်ငြားလည်းဗောဓိကျောင်းပုဂ္ဂလိကပိုင်ကတိ စာချုပ်၊ကျောင်းအပ်စာချုပ်ချုပ်ဆိုကြသည့်အကြောင်းကိုတစ်ဦးနှင့်တစ်ဦးပြောကြားခြင်းမရှိကြပါ။ ၁၃၄၇-ခုနှစ်တွင်ဦးဝိမလ၏တပည့်ဦးဝိနယသည် ဘုန်းကြီးဦးသုဝဏ္ဏအားလျှောက်ထား၍ဗောဓိကျောင်း၌ နေထိုင်ကာဘုန်းကြီးဦးသုဝဏ္ဏအားပြုစုစောင့်ရှောက် ခဲ့သည်။ ၁၃၅၄-ခုနှစ်၊တော်သလင်းလဆုတ်(၇)ရက်၊ညနေ(၄)နာရီအချိန်တွင်ဘုန်းကြီးဦးသုဝဏ္ဏပျံလွန်တော်မူခဲ့ပါသည်။ ဦးသုဝဏ္ဏပျံလွန်တော်မူပြီးနောက်ဦးဘကြွယ်သည် မိမိပိုင်သောဗောဓိကျောင်း၌မဟာစည်သာသနာ့ရိပ်သာဖွင့်မည်ဖြစ်သဖြင့်ဦးဝိနယကိုပြန်ခေါ်ရန်ဦးဝိမလအား လျှောက်ထားခဲ့ရာဦးဝိမလကဦးဝိနယကိုပြန်မခေါ်ခဲ့ပေ။ တစ်ဖန်ဦးဝိမလကလည်းမိမိပိုင်သောဗောဓိကျောင်းဝိုင်းအတွင်းသင့်လျော်သောနေရာ၌ဓာတုစေတီတည်ထားကိုးကွယ်ရာဓာတုစေတီတည်မှုကိုဦးဘကြွယ်မှကန့်ကွက်ခဲ့သည်။ ဤသို့ဖြင့်ဗောဓိကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းစတင် ဖြစ်ပေါ်လာသည်။ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျောင်းဆိပ်အုပ်စု၊ ကျောင်းဆိပ်ရွာနေစောဒကဦးဘကြွယ်ကဗောဓိကျောင်း သည်နှုတ်မြွက်၍လည်းကောင်း၊စာချုပ်ပြုလုပ်၍လည်း ကောင်းပုဂ္ဂလိကကျောင်းအဖြစ်လွှဲအပ်သောကြောင့် ဦးဘကြွယ်ပိုင်သောကျောင်းဖြစ်သည်ဟုလည်းကောင်း၊ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်ရပ်ကွက်၊ပဲ့နင်းကျောင်း၊ချမ်းသာကြီးကျောင်း တိုက်၊စုဒိတကဦးဝိမလတို့ကလည်းဘုန်းကြီးဦးသုဝဏ္ဏမှ အသိသက်သေများစုံညီရှေ့တွင်စာချုပ်စာတမ်းဖြင့် အပ်နှံခဲ့သောကြောင့်ဗောဓိကျောင်းသည်စုဒိတက ဦးဝိမလတို့ပိုင်ဆိုင်သောကျောင်းဖြစ်သည်ဟုလည်း ကောင်းဝိဝါဒငြင်းခုံမှုဖြစ်လာသည်။ ထိုသို့ဝိဝါဒငြင်းခုံမှုဖြစ်လာသောအခါမန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ကျောင်းဆိပ်အုပ်စု၊ကျောင်းဆိပ်ရွာနေ ဦးဘကြွယ်ကစောဒကအဖြစ်ဖြင့်၁၃၆၅-ခုနှစ်၊ ဝါခေါင်လဆန်း (၁၁)ရက်၊၂၀၀၃-ခုနှစ်၊သြဂုတ်လ(၈) ရက်နေ့တွင်မြို့နယ်သံဃနာယကအဖွဲ့သို့စောဒနာလွှာ တင်သွင်းသည်။ [ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးခြင်း]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဤမှုခင်းသည်လူဂ္ဂိုလ်နှင့်ရဟန်းသံဃာများဖြစ်ပွားသည့် မှုခင်းဖြစ်သည့်အတွက်မြို့နယ်အဆင့်ဝိနိစ္ဆယအဖွဲ့ဖြင့် မစစ်ဆေးမဆုံးဖြတ်စေဘဲတိုင်းဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေး ဆုံးဖြတ်နိုင်ရန်မန္တလေးတိုင်းသံဃနာယကအဖွဲ့သည် မန္တလေးတိုင်းဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့အမှတ် (မ-က/၂၈)ကိုဖွဲ့စည်းပေးခဲ့သည်။ မန္တလေးတိုင်းဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(မ-က/၂၈)ကအောက်ပါအတိုင်းဆုံးဖြတ်ချက် ချခဲ့ပါသည်- တိုင်း-ဆုံးဖြတ်ချက် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျောင်းဆိပ်ရွာဦးရှိ ဗောဓိကျောင်းနှင့်ဂရုဘဏ်၊လဟုဘဏ်သန္တကအားလုံးကိုစုဒိတကဦးဝိမလသည်သာစီမံချုပ်ကိုင်ပုဂ္ဂလိက အဖြစ်ဖြင့်ပိုင်ဆိုင်ခွင့်ရှိသည်။ [နိုင်ငံတော်သို့ရောက်ရှိလာခြင်း]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မန္တလေးတိုင်း၊ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(မ-က/၂၈)၏ဆုံးဖြတ်ချက်ကိုမူလစောဒက ဦးဘကြွယ်ကကျေနပ်မှုမရှိ၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့နိုင်ငံတော်အယူခံစောဒနာလွှာတင်သွင်းခဲ့သဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၈/၂၀၀၅)ကို ဖွဲ့စည်းပေးလျက်ထိုနိုင်ငံတော်အယူခံမှုခင်းကို စစ်ဆေးဆုံးဖြတ်ရန်မဲစနစ်ဖြင့်တာဝန်ပေးအပ်ခဲ့သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များ၏သဘောထား]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

တရားဓမ္မလမ်းကြောင်းကကြည့်လျှင်လောကကြီး၌ ထမ်းဆောင်ကြရသောဝန်ထုပ်ဝန်ပိုးတို့တွင်ခန္ဓာဝန် ဝန်ထုပ်ဝန်ပိုးသည်အလေးဆုံးဟုသံယုတ်ပါဠိတော် ဒုတိယအုပ်စာမျက်နှာ(၂၁)တွင်ဘုရားရှင်မိန့်မြွက်ဟောကြားတော်မူခဲ့သည်။ အဖွဲ့အမှတ်(၂၈/၂၀၀၅)နိုင်ငံတော်သံဃဝိနိစ္ဆအဖွဲ့ ဆရာတော်များအနေဖြင့်လည်းဤငြင်းခုံမှုအဓိကရုဏ်းမျိုးကိစ္စမျိုးကိုမဆုံးဖြတ်လိုကြပေ၊မထမ်းဆောင်လိုကြပေ၊ဝန်လေးလှပေသည်၊အလေးဆုံးသောဝန်ထုပ်ဝန်ပိုးကြီးဟုဆိုချင်သည်။ သို့သော်လည်းအာဂတော ဘာရော အဝဿံ ဝဟိတဗ်ဗော။ ဆောင်=ရောက်လာမချွတ်၊တာဝန်ဝတ်ကို မချွတ်မှန်စွာ ♥♥♥ဆောင်ရွက်ရာ၏။ ဟု မူလဋီကာ၊တတိယအုပ်စာမျက်နှာ(၁၁၇)ကျမ်းပြု အရှင်၏မိန့်မှာတော်မူချက်ကိုဦးထိပ်ရွက်ပန်ဆင်၍ မြတ်စွာဘုရားတည်ထောင်ထားသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်မလွဲမသွေ ထမ်းဆောင်ကြရမည့်တာဝန်(ဝန်ထုပ်ဝန်ပိုး)ဟု သဘောထားမိကြသည်။ ထိုသို့မလွဲမသွေထမ်းဆောင်ရာ၌-ဝိနယဓရော ဟိ ယသ္မာ စောဒက စုဒိတကာနံ ဝစနံ အနုမိနိတွာ။ (ပါစိတ်၊ယော။၆၈၁)စောဒက၊စုဒိတကတင်ပြလာသော အချက်အလက်အထောက်အထားသက်သေစကားတို့ကို သတိပညာမလစ်လပ်စွာဖြင့်အခါခါအထပ်ထပ်ကြည့်ရှု ကြလျက်ဝိနိစ္ဆယဉာဏ်ဖြင့်ဝေဖန်ကာအဖြေရှာ၍ ဆုံးဖြတ်ကြပါမည်။ [စောဒနာသောဓနာချက်များကိုစိစစ်ဝေဖန်သုံးသပ်ပုံ]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

စောဒကစုဒိတကသက်သေတို့၏စောဒနာသောဓနာ ထွက်ဆိုချက်များတွင်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၈/၂ဝဝ၅)ဝိနည်းဓိုရ်ဆရာတော်များသည် အဓိကမကျ၊ ပဓါန မဟုတ်သော စကားရပ်များကို စိစစ်ဝေဖန် သုံးသပ်မှု မပြုကြတော့ဘဲ အဓိကမကျပဓါနမဟုတ်သောအကြောင်းအရာစကားများကိုသာဓမ္မဝိနယနှင့်လျော်ညီစွာစိစစ်ဝေဖန်သုံးသပ်ကြပါမည်။ စောဒကဦးဘကြွယ်၏စာချုပ်ကိုသုံးသပ်ခြင်း ဗောဓိကျောင်းပိုင်ဆိုင်လိုမှုအငြင်းပွားနေကြသော စောဒကစုဒိတကတို့တွင်စုဒိတက(၁)ဦးဝိမလ၏ မူလသောဓနာ၌- (က)ဆရာတော်ဦးသုဝဏ္ဏပုဂ္ဂလိကပိုင်ကျောင်းကို မူလစောဒကဦးဘကြွယ်အားအပ်နှံခဲ့သည်ဆိုသည်မှာ လုံးဝမမှန်ပါ၊လိမ်ညာတင်ပြထားခြင်းသာဖြစ်ပါသည်ဘုရားဟုလည်းကောင်း။ (ခ)ယင်းသို့ဝိသုံဂါမသိမ်ပြုလုပ်ရာတွင်ဝိနည်းတော်အရ ဆရာတော်ဦးသုဝဏ်ဏမှနိုင်ငံတော်သို့စွန့်လွှတ်သည့် စွန့်လွှတ်စာချုပ်ကိုစာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် စာချုပ်ရပါသည်ဘုရား၊ယင်းသို့စာချုပ်ရာမှကလိမ် ဉာဏ်ဆင်၍ပုဂ္ဂလိကဗောဓိကျောင်းစွန့်လွှတ်ကတိ စာချုပ်ကိုစောဒကသည်ကိုယ်တိုင်ရေးပြီးကိုယ်တိုင်လက်မှတ်ရေးထိုးထားခြင်းသာဖြစ်ပါသည် ဘုရားဟုလည်းကောင်း။ (ဂ)စာချုပ်စာတမ်းအင်္ဂါသို့မဟုတ်၊ထုံးစံအရပေးသူ ယူသူအသိသက်သေလက်မှတ်မပါ၊ယူသူစောဒက တစ်ဦးတည်းသာလက်မှတ်ရေးထိုးထားသည့် ကလိမ်ဆင်စာချုပ်ဖြစ်၍ဟုလည်းကောင်း။ (ဃ)ရွာသူရွာသားအများစုလှူဒါန်းထားသည့်ကျောင်းကို ကျောင်းထိုင်ဆရာတော်ဦးသုဝဏ္ဏကစောဒကအား ပေးစွန့်ပြီး၊၎င်းကျောင်း၌ကျောင်းထိုင်ဘုန်းကြီး ဦးသုဝဏ္ဏကပြန်နေသည်ဆိုခြင်းမှာလူရယ်စရာဖြစ်နေပါသည်ဘုရား၊ယုတ္တိယုတ္တာမရှိကြောင်းဟုလည်းကောင်း (င)၁၃၂၂၊ခုနှစ်၌ဆရာတော်ဦးသုဝဏ္ဏမှစောဒက ဦးဘကြွယ်အားကျောင်းပေးစွန့်ခဲ့ပြီးဆရာတော် ဦးသုဝဏ္ဏမှာ၁၃၅၄၊ခုနှစ်ရောက်မှပျံလွန်တော်မူသဖြင့် မပျံလွန်မီနှစ်(၃၀)ကျော်ကပင်ကျောင်းပေးစွန့်ခဲ့သည် ဆိုခြင်းမှာယုတ္တိရှိ၊မရှိဝိနည်းဓိုရ်ဆရာတော်များ စဉ်းစားတော်မူနိုင်ပါရန်-ဟုလည်းကောင်း။ (စ) ယဆရာတော်ဦးသုဝဏ္ဏပျံလွန်တော်မူပြီးနောက် ကျောင်းနှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်ခြင်း၊ လျှောက်ထားခြင်းလုံးဝမရှိခဲ့ပါဘုရား၊အကယ်၍ ကျောင်းအပ်ထားခြင်းမှန်ပါလျှင်ဆရာတော်ဦးသုဝဏ္ဏ ပျံလွန်တော်မူစဉ်ကပင်စာချုပ်ထုတ်ပြလျက်အားလုံးကို အသိပေးတင်ပြရမည်ဖြစ်ပါသည်ဘုရားဟု၎င်း။ (ဆ)စောဒကတင်ပြထားသောစာချုပ်သည်စာချုပ်အင်္ဂါရပ်နှင့်မညီခြင်း၊ပေးစွန့်သူလက်မှတ်နှင့်အသိသက်သေလက်မှတ်မပါရှိခြင်း၊လွန်ခဲ့သော (၃၂)နှစ်ခန့်က ပေးစွန့်ထားခြင်းဖြစ်၍ယုတ္တိမရှိခြင်းတို့ကြောင့် ယင်းစာချုပ်မှာလုပ်ကြံစာချုပ်သာဖြစ်သည်ဟု၎င်း။ (ဇ)ဗောဓိကျောင်းမြေနေရာကိုတရားဝင်သာသနာ့မြေ ဖြစ်အောင်စောဒကဆောင်ရွက်ခဲ့သည်မှာဆရာတော် ဦးသုဝဏ္ဏ၏စေခိုင်းမှု၊ရပ်ရွာကျောင်းဂေါပကလူကြီးများ တာဝန်ပေးမှုကြောင့်စောဒကဦးဘကြွယ်ကဆောင်ရွက်ခဲ့ခြင်းဖြစ်၍ဟုလည်းကောင်း။ (ဈ)ဆရာတော်ဦးသုဝဏ္ဏကလည်းဦးဘကြွယ်နှင့်ပတ်သက်၍၎င်းကျောင်းနှင့်ပတ်သက်၍၎င်းဦးဘကြွယ်ကိုကျောင်းအပ်မှုနှင့်ပတ်သက်ပြီးတပည့်တော်နှင့်ဒကာ ဒကာမများအားတခါမျှမမိန့်ဖူးပါဟုလည်းကောင်း၊ ထို့ကြောင့်ဦးဘကြွယ်တင်ပြသောစာချုပ်သည် အတုသာဖြစ်ကြောင်းထင်ရှားပါသည်ဟုလည်းကောင်း၊သောဓနာထားသည်ကိုတွေ့ရသည်။ အထက်ပါသောဓနာချက်တို့ကိုကြည့်ရှုသုံးသပ်ပါက- စောဒကဦးဘကြွယ်အားဆရာတော်ဦးသုဝဏ္ဏမှ မိမိပုဂ္ဂလိကပိုင်ဆိုင်သောဗောဓိကျောင်းကိုစာချုပ်ချုပ်၍ မအပ်နှံ၊လိမ်ညာပြထားသည်ကိုတွေ့ရသည်။ ဗဒ္ဓသိမ်သမုတ်ရာတွင်နိုင်ငံတော်သို့စွန့်လွှတ်သည့် စွန့်လွှတ်စာချုပ်ကိုစာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် စာချုပ်ချုပ်ရသည်ကိုပင်ပုံမှားရိုက်လျက်မိမိဦးဘကြွယ်အားဗောဓိကျောင်းကိုစွန့်လွှတ်သည့်စာချုပ် ချုပ်ဆို၍ ပုဂ္ဂလိကအဖြစ်ပေးသယောင်ယောင်ကိုယ်တိုင်လက်မှတ်ထိုးထားတာတွေ့ရပြန်သည်။ ကျောင်းဆိပ်ရွာ၌နေထိုင်ကြသောရွာသူရွာသား ဒကာ ဒကာမအများစုပေါင်း၍လှူဒါန်းထားသော အများစုပေါင်းကိုးကွယ်သောဗောဓိကျောင်းကို ကျောင်းထိုင်ဆရာတော်ဦးသုဝဏ္ဏကစောဒကဦးဘကြွယ်အားပုဂ္ဂလိကအဖြစ်ပေးစွန့်မည်ဆိုလျှင်ကျောင်းဆိပ်ရွာ၌ နေထိုင်ကြသောရွာသူရွာသားဒကာဒကာမများကို အသိပေးပြီးမှကျောင်းဆိပ်ရွာနေဒကာဒကာမများ ကျေနပ်မှသာပုဂ္ဂလိကအဖြစ်ပေးစွန့်နိုင်ပါမည်။ ကျောင်းဆိပ်ရွာနေဒကာဒကာမများစုပေါင်း၍ လှူဒါန်းထားသောဗောဓိကျောင်းကိုလူပုဂ္ဂိုလ်ဖြစ်သော စောဒကဦးဘကြွယ်အားပုဂ္ဂလိကအဖြစ်ပေးစွန့်ခြင်းသည်သဘာဝမကျပါ၊ကျောင်းဆိပ်ရွာနေဒကာဒကာမများစုပေါင်းမလှူဒါန်းဘဲအစမှစ၍မိမိပုဂ္ဂလိကပစ္စည်းများဖြင့်သာတည်ထောင်ထားသောကျောင်းဆိုပါက မိမိနှစ်သက်ယုံကြည်ရာစောဒကဦးဘကြွယ်အား ပုဂ္ဂလိကအဖြစ်ပေးစွန့်မည်ဆိုပါကသဘာဝကျပါသည်။ ထို့ပြင်ဗောဓိကျောင်းကိုစောဒကဦးဘကြွယ်အား ဆရာတော်ဦးသုဝဏ္ဏက၁၃၂၂၊ခုနှစ်တွင်ကတိစာချုပ်ပြုလုပ်၍ပုဂ္ဂလိကအဖြစ်ပေးစွန့်ပြီးသည်မှနှစ်ပေါင်း (၃၀)ကျော်ကြာ၁၃၅၄၊ခုနှစ်တွင်ပျံလွန်တော်မူသည်ကို ထောက်ဆပါကမဖြစ်နိုင်ပါ၊ဖြစ်နိုင်ချေမရှိပါ၊ ဗောဓိကျောင်းသံဃိကမဖြစ်စေရန်ရည်မှန်းသည် ဆိုပါလျှင်လည်းပျံလွန်တော်မူခါနီးမှသာစောဒက ဦးဘကြွယ်အားပုဂ္ဂလိကအဖြစ်ပေးစွန့်ရမည်ဖြစ်ပါသည်။ ခုတော့မပျံလွန်ခင်စောစီးစွာအသက်သိက္ခာငယ်ရွယ်စဉ်ကပင်စောဒကဦးဘကြွယ်အားဆရာတော်ဦးသုဝဏ္ဏက ပုဂ္ဂလိကကတိစာချုပ်ချုပ်ဆိုသည်မှာမဖြစ်နိုင်ပါ။ အကယ်၍အများစုပေါင်းဆောက်လုပ်လှူဒါန်းထားသော ဗောဓိကျောင်းကိုဆရာတော်ဦးသုဝဏ္ဏကစောဒက ဦးဘကြွယ်အားပုဂ္ဂလိကပေးစွန့်၍စာချုပ်ချုပ်ထားသည်မှန်ပါကပုဂ္ဂလိကပေးစွန့်ခံရသောဦးဘကြွယ်မှ ဗောဓိကျောင်းကိုကိုးကွယ်ကြသောကျောင်းဆိပ်ရွာနေ ဒကာဒကာမများကိုအသိပေးပြောကြားရပါမည်၊ စာချုပ်ကိုပြသရပါမည်။ ခုတော့ကျောင်းဆိပ်ရွာနေဒကာဒကာမများကို ပြောကြားတာမတွေ့ရပါ၊မပြောကြားခဲ့ပါစောဒက ချုပ်ဆိုထားသောစာချုပ်ကိုလည်းကျောင်းဆိပ်ရွာနေ ဒကာဒကာမများအားပြသသည်ကိုမတွေ့ရပါ၊ မပြသခဲ့ပါ။ ၁၃၅၄၊ခုနှစ်ဆရာတော်ဦးသုဝဏ္ဏပျံလွန်တော်မူပြီးနောက် ဗောဓိကျောင်းကိစ္စစာချုပ်နှင့်ပတ်သက်၍ကျောင်းဆိပ်ရွာနေဒကာဒကာမများသံဃာတော်များနှင့်ဆွေးနွေးတိုင်ပင်ညှိနှိုင်းလျှောက်ထားမှုပြုလုပ်ရပါမည်၊စောဒက ဦးဘကြွယ်သည်ကျောင်းဆိပ်ရွာနေဒကာဒကာမများ သံဃာတော်များနှင့်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုပြုလုပ် သည်ကိုမတွေ့ရပါ။ ဆရာတော်ဦးသုဝဏ္ဏပျံလွန်တော်မူပြီးသည့်အခါခုရှင်းမှနောင်ရှင်းဆိုသည့်အတိုင်းမိမိစောဒကဦးဘကြွယ်နှင့် ဆရာတော်ဦးသုဝဏ္ဏတို့ကတိစာချုပ်ချုပ်၍ပုဂ္ဂလိက ပေးစွန့်ထားသည်ကိုသိအောင်စာချုပ်ထုတ်ပြရမည် ဖြစ်ပါသည်၊ပြဿနာပေါ်ကာမှကတိစာချုပ်ချုပ်ဆိုထား သည်ဟုဆိုခြင်းသည်သဘာဝမကျ၊မဟုတ်မှန်နိုင်ပါ။ ဆရာတော်ဦးသုဝဏ္ဏကလည်းမိမိဦးသုဝဏ္ဏနှင့်စောဒကဦးဘကြွယ်တို့ဗောဓိကျောင်းပေးစွန့်မှုကတိစာချုပ် ချုပ်ဆိုထားသည်ကိုစာချုပ်ချုပ်ဆိုသည့်၁၃၂၂၊ခုနှစ်မှ ပျံလွန်တော်မူသည့်၁၃၅၄၊ခုနှစ်အထိမိမိအား ကိုးကွယ်ကြသည့်ကျောင်းဆိပ်ရွာဒကာဒကာမများကို တစ်ကြိမ်တစ်ခါမျှမမိန့်ကြားခဲ့၊မပြောကြားခဲ့သည်ကို တွေ့ရသည်။ စောဒကဦးဘကြွယ်ကိုယ်တိုင်ရေးသောစွန့်ခြင်းကတိ စာချုပ်၌-၁၃၁၂ ခု၊ပြာသိုလဆုတ်(၁၂)ရက်နေ့မှစ၍ ပုဂ္ဂလိကပိုင်ဆိုင်မှုရှိသောကျောင်းဆိပ်ရွာဦးရှိ ဗောဓိကျောင်းသည်ဟုရေးသားထားသည်။ စောဒကဦးဘကြွယ်၏ထွက်ဆိုချက်၌-ဗောဓိကျောင်းကို ဦးသုဝဏ္ဏအားမည်သည့်ခုနှစ်၊လ၊ရက်၌အပ်ပါသလဲ၊ ၁၃၁၇၊ခုနှစ်၊ဝါဆိုလ၊ရက်မသိပါဘုရား။ ဗောဓိကျောင်းကိုစွန့်လှူပေးအပ်ချိန်၌နီးစပ်ရာ ဂေါစရဂါမ်သံဃာများနှင့်တာဝန်ရှိအာဏာပိုင်လူကြီးမင်းများပါပါသလား။မပါပါဘုရား။ ထိုကျောင်းအပ်စာချုပ်ကိုမည်သည့်ပုဂ္ဂိုလ်ရေးခဲ့ပါသလဲ တပည့်တော်စောဒကကိုယ်တိုင်ရေးပါသည်ဘုရားဟု ထွက်ဆိုထားသည်။ အထက်ပါစောဒကဦးဘကြွယ်၏ရေးသားချက်၊ထွက်ဆိုချက်တို့ကိုကြည့်ရှုသုံးသပ်ပါကစောဒကဦးဘကြွယ်သည်မိမိကိုယ်တိုင်ရေးသားသောစွန့်ခြင်းကတိစာချုပ်၌ ဦးသုဝဏ္ဏအားဗောဓိကျောင်းကိုပုဂ္ဂလိကအဖြစ် လှူဒါန်းသောခုနှစ်မှာ၁၃၁၂ခု၊ပြာသိုလဆုတ်(၁၂)ရက် အတိအကျရေးမှတ်ထားသည်ဖြစ်ပါလျက်ထွက်ဆိုချက် ၌မူ၁၃၁၇ခုနှစ်၊ဝါဆိုလဟုအလွဲလွဲအချော်ချော်ထွက်ဆိုထားသည်ကိုတွေ့ရသည်၊အမှန်မှာ၊ယခုလိုမဖြစ်သင့် မဖြစ်ထိုက်ပါ၊အဓိကကျသည့်စကားများကိုမှတ်မှတ် သားသားရှိရမည်ဖြစ်သည်၊ရှေ့နောက်မညီညွတ်ပါ။ ဆက်ပါဦးမည်စုဒိတကဦးဝိမလ၏နိုင်ငံတော်အယူခံသောဓနာစာမျက်နှာ(၁)၌မူလစောဒကဖြစ်သူဦးဘကြွယ်သည်ယခုအခါအသက် (၈၅)နှစ်ကျော်ရှိနေပြီဖြစ်ပါသည်ဟုသောဓနာထားသည်။ စောဒကဦးဘကြွယ်၏နောက်ဆုံးစောဒနာ၌-တပည့်တော် စောဒကသည်ပစ္စည်းဥစ္စာချို့ငဲ့သူမဟုတ်ပါ၊တိုက်တာနှင့် နေနိုင်သူဖြစ်ပါသည်၊အသက် (၈၄)နှစ်ရှိပါပြီဘုရား-ဟု စောဒနာထားသည်။ ယခုအချိန်အခါ၌စောဒကဦးဘကြွယ်၏အသက်(၈၄)နှစ် (၈၅)နှစ်မှထောက်၍ဆရာတော်ဦးသုဝဏ္ဏကပုဂ္ဂလိကစွန့်လွှတ်ချိန်ဆိုပါကစောဒကဦးဘကြွယ်၏အသက်သည်(၄၀)ဝန်းကျင်သာလျှင်ဖြစ်ပေလိမ့်မည်၊(၄၀) ဝန်းကျင်ရှိသောစောဒက ဦးဘကြွယ်အားဆရာတော် ဦးသုဝဏ္ဏမှဆရာဒကာအနေဖြင့်အားကိုးအားထားမှု ရှိပါလိမ့်မည်၊စောဒကဦးဘကြွယ်သည်ပစ္စည်းဥစ္စာပြည့်စုံသူလူလတ်ပိုင်းဖျတ်ဖျတ်လတ်လတ်ဆောင်ရွက်စရာကိစ္စကိုမလွဲမသွေကိစ္စပြီးအောင်ဆောင်ရွက်နိုင်သည့် အချိန်အခါဖြစ်နေသည်ကိုတွေ့ရပါသည်။ ဆောင်ရွက်နိုင်စွမ်းရှိသည့်စောဒကဦးဘကြွယ်အား ဆရာတော်ဦးသုဝဏ္ဏမှ“ကံကြီးကံငယ်ပြုလုပ်နိုင်သော ဝိသုံဂါမဗဒ္ဓသိမ်ဖြစ်မြောက်ရန်ဆောင်ရွက်ဖို့တာဝန်ပေးသည်မှာဧကန်ပင်ဖြစ်ပါလိမ့်မည်။ ယင်းသို့ ဆရာတော်ဦးသုဝဏ္ဏမှစောဒကဦးဘကြွယ်အား ဆောင်ရွက်ဖို့တာဝန်ပေးချက်အရဗောဓိကျောင်း၌ ဝိသုံဂါမသိမ်ဖြစ်မြောက်နိုင်ရန်ဦးဘကြွယ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြေစာရင်းဌာနစသည့် လိုအပ်သောဌာနများသို့အကြိမ်ကြိမ်အခါခါသွားရောက်ခဲ့သည်မှာအမှန်ပင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်ကတိစာချုပ်၏အပိုဒ်(၃)တွင် “၎င်းဗောဓိကျောင်းအတွင်း၌ရဟန်းတော်များ ဝိနည်းတော်နှင့်လျော်ညီစွာကံကြီးကံငယ်ပြုလုပ်နိုင်သောဝိသုံဂါမဗဒ္ဓသိမ်သမုတ်ရန်သိမ်ရာမြေကို သိမ်အောင်သည်အထိဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်သည်ကတစ်ကြောင်း”ဟုပါရှိနေခြင်းဖြစ်သည်။ ဆရာတော်ဦးသုဝဏ္ဏသည်စိတ်ကောင်းစေတနာကောင်း ရှိနေ၍ပစ္စည်းအားလူအားနှင့်ပြည့်စုံသောစောဒက ဦးဘကြွယ်အားဝိသုံဂါမဗဒ္ဓသိမ်နှင့်ပတ်သက်၍ ဝိနည်းတရားတော်နှင့်ညီညွတ်စေရန်မိမိပုဂ္ဂလိကပိုင် မြေကိုနိုင်ငံတော်အစိုးရကိုစွန့်လွှတ်သည့်စွန့်လွှတ်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌စာချုပ်ပြုလုပ်ရသည်မှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ စောဒကဦးဘကြွယ်အားပုဂ္ဂလိကပိုင်ဗောဓိကျောင်းကို စွန့်လွှတ်သည့်စွန့်လွှတ်စာချုပ်စာတမ်းကိုတော့ ဆရာတော်ဦးသုဝဏ္ဏသည်ပြုလုပ်မည်မဟုတ်ပါဟု စိစစ်ဝေဖန်သုံးသပ်တော်မူကြသည်။ အထက်ပါတို့ကို ထောက်ဆ၍-စောဒကဦးဘကြွယ်၏ ပုဂ္ဂလိကပိုင်ဗောဓိကျောင်းစွန့်ခြင်းကတိစာချုပ်သည် အသုံးမဝင်အထမမြောက်သောစာချုပ်သာဖြစ်သည်၊ စာချုပ်အစစ်မဟုတ်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ စုဒိတကဦးဝိမလ၏စာချုပ်ကိုသုံးသပ်ခြင်း စောဒကဦးဘကြွယ်၏နောက်ဆုံးစောဒနာ၌- “ကျောင်းဆိပ်ရွာဗောဓိကျောင်းကိုလွှဲအပ်ပေးစွန့်ခဲ့ပါသည်ဘုရား၊ကျောင်းအပ်စာချုပ်ကိုပူးတွဲတင်ပြပါ သည်။အထက်ဖော်ပြပါဆရာတော်များနှင့်ဂေါပက လူကြီးမင်းတို့သည်အသိသက်သေများအဖြစ်သဘော တူညီစွာကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ကျေးရွာရ.ဝ.တဥက္ကဋ္ဌဦးဟန်ငြိမ်းလည်းပါပါသည်ဟူ၍ ဦးဝိမလမှသောဓနာထားသော်လည်း၊ရ.ဝ.တဥက္ကဋ္ဌ၏ အမည်စာချုပ်၌ပါဝင်ခြင်းလုံးဝမရှိပါ၊တရားမဟုတ် အမှားလုပ်သောစာချုပ်ဟုလည်းကောင်း။ တပည့်တော်စောဒကသည်ဦးသုဝဏ္ဏမှဦးဝိမလအား ဗောဓိကျောင်းလွှဲအပ်မှုကိုလုံးဝမသိပါဘုရား။ ထို့ပြင်စာချုပ်(၂)ခုရေးပြီး(၁)ခုကိုတပည့်တော်က ယူသွားသည်ဟုဆိုခြင်းမှာအလွန်ရယ်စရာ ကောင်းလှပါသည်။ စာချုပ်ဆိုသည်မှာ(၁)ခုသာရေးရိုးရှိပါသည်၊ လိုအပ်ပါကမိတ္တူကူးကြပါသည်။ ယခုစာချုပ်(၂)ခုရေးပြီး (၁)ခုကိုတပည့်တော်ယူသွားသည်ဟုဆိုခြင်းမှာမဟုတ်မမှန်လုပ်ကြံဖန်တီးမှုသာ ဖြစ်ပါသည်ဟုလည်းကောင်း။ စောဒကဦးဘကြွယ်၏နောက်ဆုံးစောဒနာ၌ပင်- ညောင်ပင်ပုရွာမဏိရတနာပုံကျောင်းတွင်နေထိုင်သော ဦးနန္ဒာစာရယခုမြို့နယ်နာယကအဖွဲ့ဝင်ကကျောင်းအပ် စာချုပ်ရေးသားခဲ့ပါသည်ဟုသောဓနာထားသော်လည်း၊ အဆိုပါစာချုပ်၌ဦးနန္ဒာစာရ၏လက်မှတ်နှင့်ဘွဲ့အမည် ပါဝင်ခြင်းမရှိပါ၊အမှန်တကယ်တရားဝင်စာချုပ်ပြုလုပ်ခဲ့သည်ဆိုပါကစာချုပ်ရေးသောသူ၏ဘွဲ့နာမည်၊ မှတ်တမ်းတင်သူကိုရေးသားရမည်အမှန်ပင်ဖြစ်ပါသည်။ ဦးဝိမလ၏စာချုပ်၌ဗောဓိကျောင်းအတွင်းနေထိုင်သော ဦးဝိနယ၏လက်မှတ်မပါခြင်းကပင်မဟုတ်မမှန် လုပ်ကြံပြုလုပ်ထားသောစာချုပ်ဖြစ်ကြောင်းအလွန်ပင် ထင်ရှားပါသည်ဘုရားဟုလည်းကောင်း။ စာချုပ်၌လည်းဦးနန္ဒာစာရပါဝင်ခြင်းမရှိပါ၊ဦးနန္ဒာစာရသည်ညောင်ပင်ပုရွာ၊မဏိရတနာပုံကျောင်းမှလာရောက်ရသောပုဂ္ဂိုလ်ဖြစ်၍အမှန်တကယ်ဦးအောင်နေအိမ်အပေါ်ထပ်၌စာချုပ်ရေးသားသည်ဆိုပါကဆွမ်းစားစာရင်း(၅)ပါး၌ပါဝင်ရမည်အမှန်ဖြစ်ပါသည်ဟုလည်းကောင်းစောဒနာထားသည်။ စုဒိတကဦးဝိမလ၏မူလသောဓနာ၌ဘယ်မှာဘဲကပ်ကပ်ကွာမိမိတို့ကျောင်းအပ်နှံတဲ့လုပ်ငန်းကိစ္စပြီးဖို့ပဲအရေး ကြီးပါတယ်ဟုမိန့်ကြားခဲ့သည့်အတိုင်း၁၃၅၁ခုနှစ်ဉ နယုန်လဆန်း (၂)ရက်(၅-၆-၈၉)နေ့တွင်ကျောင်းဆိပ်ရွာ တပည့်တော်ဝိမလ၏ခမည်းတော်ဦးအောင်+မယ်တော် ဒေါ်ရွှေဆက်တို့၏နေအိမ်၌ဆွမ်းကပ်ပါသည်ဟု သောဓနာထားသည်။ စုဒိတကပြသက်သေဦးနန္ဒာစာရ၏ထွက်ဆိုချက်၌- ဦးသုဝဏ္ဏမှစုဒိတကဦးဝိမလအားကျောင်းအပ်ရာနေရာဌာနသိပါသလားဟုမေးရာ-ဘိုးအောင်တို့အိမ်အပေါ်ထပ် ဖြစ်ပါသည်ဘုရားဟုထွက်ဆိုထားသည်။ အထက်ပါစောဒနာသောဓနာထွက်ဆိုချက်တို့ကို ကြည့်ရှုသုံးသပ်ပါကစုဒိတကဦးဝိမလကမိမိတို့ ယတင်ပြသောစာချုပ်သည်ဆရာတော်များ၊ဂေါပကများ၊ ရ.ဝ.တဥက္ကဋ္ဌအစုံအလင်ပါရှိ၍တရားဝင်စာချုပ်၊ အမှန်အကန်စာချုပ်ပါဘုရားဟုဆိုလိုသော်လည်း ရ.ဝ.တဥက္ကဌဦးဟန်ငြိမ်းပါရှိသည်ကိုမတွေ့ရသဖြင့် စုဒိတကတင်ပြသောစာချုပ်သည်တရားဝင်သောစာချုပ်၊အမှန်အကန်စာချုပ်ဟုမဆိုနိုင်၊အာဏာပိုင်အဖွဲ့အစည်းတွေပါရှိ၍ ခိုင်မာသည်မှန်ကန်သည်ဟု ဆိုချင်သော်လည်းအာဏာပိုင်အဖွဲ့အစည်းဥက္ကဌ ဦးဟန်ငြိမ်းမပါရှိသည်ကိုတွေ့နေရသည်။ နောက်ပြီးစုဒိတကဦးဝိမလနှင့်တူဝရီးအရင်းလည်း တော်စပ်ဆရာတော်ဦးသုဝဏ္ဏအလွန်အားကိုးယုံကြည်သည့်စောဒကဦးဘကြွယ်သည်ဆရာတော်ဦးသုဝဏ္ဏက ဦးဝိမလအားဗောဓိကျောင်းလွှဲအပ်သည်ကိုအမှန်ပင် သိရမှာဖြစ်သည်၊ခုတော့ဦးဘကြွယ်မသိဟုဆိုသဖြင့် စာချုပ်ချုပ်၍လွှဲအပ်သည်ဆိုခြင်းမှာယုံကြည်ရန် ခဲယဉ်းလှသည်။ စုဒိတကဦးဝိမလကကျောင်းအပ်စာချုပ်ခိုင်မာအောင် (၂)ခုရေးပါတယ်၊စာချုပ်(၁)ခုကဘဒွေးဖြစ်သူစောဒက ဦးဘကြွယ်ယူသွားသဖြင့်စုဒိတကထံတွင်စာချုပ်(၁)ခုသာကျန်တော့သည်ဟုဆိုခြင်းသည်ယုတ္တိမရှိယုတ္တိ မတန်ပေ၊စာချုပ်မည်သည်(၁)ခုသာချုပ်ဆိုရပြီး မိမိတို့အလိုရှိမှသာ(၂)ခုစသည်မိတ္တူကူးယူရမှာ ဖြစ်ပေသည်။ စာချုပ်ရေးသားသည်ဟုစုဒိတကဦးဝိမလကဆိုသော်လဲ စာချုပ်ကိုကြည့်ရှုသည့်အခါလက်ရေးမူမဟုတ်ဘဲ လက်နှိပ်စက်နှင့်ရိုက်နှိပ်ထားသောကျောင်းအပ်စာချုပ်သာလျှင်တွေ့ရသည်။နောက်မှကြုံသလိုဖြစ်သလို ပြုလုပ်ထားသောစာချုပ်ဖြစ်တန်ရာ၏။ “ကျောင်းအပ်စာချုပ်ကိုမည်သူရေးခဲ့ပါသလဲဟုမေးရာ ဦးနန္ဒာစာရရေးပါသည်ဘုရားဟု”စုဒိတက၏ထွက်ဆိုချက်၌ပါရှိလေရာကျောင်းအပ်စာချုပ်လက်ရေးမူနှင့်သာ ရှိရပါမည်၊လက်နှိပ်စက်နှင့်မရှိရပါဟုသုံးသပ်မိပါသည်။ တစ်ဖန်ဆက်ရပြန်သော်-ကျောင်းအပ်စာချုပ်ကို ဦးနန္ဒာစာရရေးသားသည်ဆိုပါကစာချုပ်တွင် ဦးနန္ဒာစာရ၏လက်မှတ်တစ်နေရာရာ၌ပါရှိရမည်၊ ဦးနန္ဒာစာရလက်မှတ်မပါရှိပါ။စာချုပ်ရေးပြီးစုဒိတက ဦးဝိမလ၏ခမည်းတော်ဦးအောင်+ မယ်တော်ဒေါ်ရွှေ ဆက်တို့အိမ်၌သံဃာ(၅)ပါးဆွမ်းဆက်ကပ်ကြသည်ဟု ဆိုထားပြန်ရာသံဃာ(၅)ပါးဆိုသည်မှာစာချုပ်ထဲပါ သံဃာ(၅)ပါးသာဖြစ်တန်ရာ၏။စာချုပ်ရေးဦးနန္ဒာစာရ ဆွမ်းကပ်ရာမပါဟုယူဆရပါမည်။ အမှန်မှာဦးနန္ဒာစာရသည်ညောင်ပင်ပုရွာ၊မဏိရတနာပုံကျောင်းမှကြွလာ၍စာချုပ်ရေးသောပုဂ္ဂိုလ်ဆိုပါက အမှန်ပင်ဆွမ်းကပ်သံဃာ(၅)ပါးထဲတွင်ပါဝင်ရပါမည်၊ ခုတော့ဆွမ်းကပ်သည့်သံဃာထဲမပါဝင်၊ဆွမ်းကပ်သည့် သံဃာထဲမပါဝင်ပါဘဲလျက်“ဦးသုဝဏ္ဏမှစုဒိတက ဦးဝိမလအားကျောင်းအပ်ရာနေရာဌာနသိပါသလား”ဟုမေးရာဘိုးအောင်တို့အိမ်အပေါ်ထပ်ဖြစ်ပါသည်ဘုရား” ဟုစုဒိတကသက်သေဦးနန္ဒာစာရထွက်ဆိုခြင်းသည် အမှန်တကယ်မဟုတ်ဘဲမှန်းရမ်းပြီးထွက်ဆိုခြင်းသာဖြစ်သည်။ စုဒိတကဦးဝိမလ၏မူလသောဓနာလွှာ၌-၁၃၄၅ခုနှစ်က ရောက်လာသောယခုကျောင်းထိုင်ဘုန်းကြီးဦးဝိနယ စုဒိတက-၂သည်ဘုန်းကြီးဦးသုဝဏ္ဏထံနေထိုင်ခွင့်လျှောက်ထားရာဦးသုဝဏ္ဏကျောင်းကကျဉ်း၍ ဇရပ်ပေါ်တွင်လောလောဆယ်နေထိုင်တော့ဟု ခွင့်ပေးသဖြင့်ဦးဝိမလ၏ကျောင်းအပ်စာချုပ်၌ အသိသက်သေများစုံလင်သည်ထက်စုံလင်အောင် ဗောဓိကျောင်းအတွင်းအသိသက်သေပါရှိအောင်၊ ဗောဓိကျောင်းသို့၁၃၄၅ခုနှစ်ကပင်ရောက်ရှိသီတင်းသုံးနေသောစုဒိတက(၂)ဦးဝိနယပါဝင်ရမှာဖြစ်ပါသည်။ သို့ပါသော်လည်းသက်သေစာရင်းတွင်ပါဝင်မှုမရှိသည်ကိုတွေ့ရ၍လုပ်ကြံ၍ချုပ်ဆိုထားသောစာချုပ်ဖြစ်သည်ဟုသုံးသပ်မိသည်။ အထက်ပါတို့ကိုထောက်ဆ၍စုဒိတကဦးဝိမလ၏ ကျောင်းအပ်စာချုပ်သည်မမြောက်၊အသုံးမဝင်၊ အထမမြောက်သောစာချုပ်သာဖြစ်သည်၊စာချုပ်အစစ် မဟုတ်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ [ဒါနလက်ခဏာသုံးပါး]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဆက်လက်၍-စောဒကစုဒိတကတို့တင်ပြသောစာချုပ်တို့သည်အဋ္ဌကထာဋီကာတို့နှင့်ညီညွတ်မှုရှိ/မရှိကြည့်ရှုဝေဖန်သုံးသပ်ပါမည်။ ထိုထိုစာချုပ်တို့၌ပေးစွန့်သောပုဂ္ဂိုလ် (ကတ္တား)ပေးစွန့်အပ်သောပစ္စည်း(ကံ)ခံယူသောပုဂ္ဂိုလ်(သမ္ပဒါန်)ဟု ဒါနလက္ခဏာသုံးပါးပါရှိရပါမည်။ ကတ္တား၊ကံ၊သမ်ပဒါန်ဟူသောသုံးပါးပါရှိကဒါနလက္ခဏာ ပြည့်စုံ၍သုဒိန္နသုဂ္ဂဟိတအပေးအယူမြောက်သည့်စာချုပ်အစစ်ဖြစ်သည်။ ထို့ကြောင့်- ဣမံ တုယှံ ဒေမိ(ပ)သုဒိန်နံ သုဂ္ဂဟိတဥ်စ။ (ဝိ၊ဋ္ဌ၊၂ ။၂၃၁ ။) တတှိဒံ ဒါနလကခှဏံ- ဣဒံ တုယှံ ဒမေိ (ပ) သုဒိနနှံ သုဂ္ဂဟိတဥ်စ။ (ဝိ၊သင်္ဂဟ။၇၀။) ဣဒံ တုယှံ ဒေမိ ဝဒတီတိ ဣဒံ တိဝင်္ဂသမ်ပန်နံ ဒါနလက္ခဏံ ဟောတီတိ ယောဇနာ၊ တတ္ထ ဣဒန်တိ ဒေယျဓမ္မနိဒဿနံ၊ တုယှန္တိ ပဋိဂ်ဂါဟကနိဒဿနံ၊ ဒေမီတိ ဒါယကနိဒဿနံ။(ဝိ၊လင်၊ဋီ၊ပ။၁၅၆။)တို့၌ ဆိုထားသည်။ စောဒကဦးဘကြွယ်တင်ပြသောစာချုပ်၌- ပေးစွန့်သူဆရာတော်ဦးသုဝဏ္ဏသည်ဟူသော(ကတ္တား) ခံယူသူဦးဘကြွယ်အားဟူသော(သမ္ပဒါန်)တို့မပါရှိ။ ပေးစွန့်အပ်သောဗောဓိကျောင်းကိုဟူသော(ကံ)သာ ပါရှိသည်။ စုဒိတကဦးဝိမလတင်ပြသောစာချုပ်၌ - ပေးစွန့်သူဘဒ္ဒန္တသုဝဏ္ဏမထေရ်မြတ်သည်ဟူသော (ကတ္တား)ပေးစွန့်အပ်သောဗောဓိကျောင်း၊သာသနိကပစ္စည်းအဆောက်အအုံများကိုဟူသော(ကံ)တို့သာ ပါရှိသည်။ ခံယူသူဦးဝိမလအားဟူသော (သမ္ပဒါန်)မပါရှိပါ။ သို့ဖြစ်၍စောဒကဦးဘကြွယ်၊စုဒိတကဦးဝိမလတို့၏ စာချုပ်တို့သည်ဒါနလက္ခဏာနှင့်မပြည့်စုံ၊ သုဒိန္န သုဂ္ဂဟိတအပေးအယူမမြောက်၊စာချုပ် အစစ်မဟုတ်၊ အဋ္ဌကထာ ဋီကာတို့နှင့်မညီညွတ်ကြဟု နိုင်ငံတော်ဝိနည်းဓိုရ် lဆရာတော်များက သုံးသပ်တော်မူကြသည်။ [ကျောင်းအမျိုးအစားကိုသုံးသပ်ခြင်း]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စောဒကဦးဘကြွယ်၏မူလစောဒနာ၌- ၁၃၅၅ခုနှစ်တော်သလင်းလတွင်ဗောဓိကျောင်းဘုန်းကြီး ဦးသုဝဏ္ဏသည်လူကြီးရောဂါဖြင့်ဘဝနတ်ထံပျံလွန်တော်မူသွားပါသည်ဘုရားဟုစောဒနာထားသည်။ စုဒိတက ဦးဝိမလ၏မူလသောဓနာ၌- ဆရာတော်ဦးသုဝဏ္ဏသည်၁၃၅၄ ခုနှစ်တော်သလင်း လဆုတ်၇-ရက်နေ့၊ညနေ(၄)နာရီအချိန်ပျံလွန်တော်မူ သည်ဟုသောဓနာထားသည်။ (ပုဂ္ဂလိကပေးစွန့်မှုစာချုပ်များပယ်ပြီးဖြစ်သည်) အထက်ပါစောဒနာသောဓနာများကိုကြည့်ရှုသုံးသပ်ပါက ကျောင်းဆိပ်ရွာ၊ဗောဓိကျောင်းဆရာတော်ဦးသုဝဏ္ဏသည်မိမိပုဂ္ဂလိကပိုင်ဗောဓိကျောင်းကိုမည်သည့်ပုဂ္ဂိုလ်အားမျှအပ်မသွားပါ၊မည်သည့်ပုဂ္ဂိုလ်အားမျှမပေးအပ်ဘဲ၊အပ်နှံမှုမရှိဘဲဆရာတော်ဦးသုဝဏ္ဏသည်ပျံလွန်တော် မူသွားသည်။ သို့ဖြစ်၍ -ယဒိ ကဿစိ ပန အဒတွာဝ ကာလံကရောတိ၊ တဒါ သံဃောဝ တဿ ဝိဟာရဿ သာမိကာ ဟောတိ၊ န ဒါယကော ဝါ န ပုဂ္ဂလော ဝါ။ ပုဂ္ဂလိကကျောင်းပင်ဖြစ်စေကာမူတစ်စုံတစ်ယောက်သောသူအားမပေးစွန့်ဘဲပျံလွန်တော်မူသွားခဲ့သော် ယင်းကျောင်း/ကျောင်းတိုက်သည်မတသန္တက သံဃိကကျောင်းဖြစ်၏ဟုဝိနယာလင်္ကာရဋီကာ၊ ဒုတိယအုပ်၊စာမျက်နှာ၆၇၌ဆုံးဖြတ်ချက်ချထားသည်။ အထက်ပါအကြောင်းအရာတို့ကြောင့်-မှုခင်းဖြစ် ဗောဓိကျောင်းဝိဟာရ၊ဝိဟာရဝတ္ထု၊အာရာမ၊ အာရာမဝတ္ထု၊ဂရုဘဏ်၊လဟုဘဏ်ဟူသမျှတို့သည် မတသန္တကသံယိကများသာဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ [အန္တောသီမဋ္ဌကဖြစ်/မဖြစ်သုံးသပ်ခြင်း]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စုဒိတကဦးဝိမလ၏မူလသောဓနာ၌-တပည့်တော် ဦးဝိမလသည်ကျောင်းဆိပ်ရွာ၊ဦးအောင်+ဒေါ်ရွှေဆက်တို့၏သားဖြစ်ပြီးဗောဓိကျောင်း၌၁၃၁၁ခုနှစ်တွင် ဦးရာဇိန္ဒနှင့်လည်းကောင်း၊၁၃၁၂ခုနှစ်တွင်ဦးသုဝဏ္ဏ၏ တပည့်သာမဏေအဖြစ်ဖြင့်လည်းကောင်းစတင်နေထိုင်ခဲ့ပါသည်ဘုရား၊၁၃၁၆ ခုနှစ် နတ်တော်လပြည့်ကျော် ၅-ရက်နေ့တွင်ရဟန်းအဖြစ်သို့ရောက်ခဲ့ပါသည်ဘုရား။ ဆရာတော်ဦးသုဝဏ္ဏသည်ကျောင်းဆိပ်ရွာ ဗောဓိကျောင်း၌သီတင်းသုံးနေထိုင်လာခဲ့ရာ(၃၉)နှစ် အကြာ၁၃၅ဝခုနှစ်သက်တော်(၇၀)အရတွင်ကျန်းမာရေး ချို့တဲ့လာသဖြင့်တပည့်ဝိမလပရိယတ္တိစာပေသင်ကြားနေထိုင်ခဲ့ရာမန္တလေးမြို့သို့ကျေးရွာဥက္ကဋ္ဌမောင်ငြိမ်းကို လွှတ်၍အပင့်ခိုင်းသဖြင့်တပည့်တော်ဝိမလ ဗောဓိကျောင်းသို့ပြန်လာပြီးမိမိဆရာဦးသုဝဏ္ဏအား ဂိလာနုပဋ္ဌာကအဖြစ်စောင့်ရှောက်ခဲ့ပါသည်ဟု၎င်း။ ၁၃၅၃ခုနှစ်ရောက်မှလူအိုနာကျန်းမာရေးဖောက်ပြန်လာသဖြင့်တပည့်တော်ဝိမလမှလိုအပ်သည့်ဆေးဝါးများကို ဝယ်ပေးလှူဒါန်းခဲ့ပါသည်ဘုရား၊ယခုကျောင်းထိုင်နေသောဘုန်းကြီးဦးဝိနယမှအနီးကပ်ပြုစုခဲ့ပါသည်ဟုလည်းကောင်း။ ယခုလက်ရှိဗောဓိကျောင်း၇-ခန်း၊၄-ခန်းကျောင်းကြီးကိုလည်းတပည့်တော်ဝိမလ(စုဒိတက-၁)ကပင်ဦးစီး၍ ဒကာ၊ဒကာမများနှင့်လုပ်ဆောင်ဆဲဖြစ်ပါသည်ဘုရားဟု လည်းကောင်းစောဒနာထားသည်။ ဦးဘကြွယ်၏မူလစောဒနာ၌ဦးဝိမလသည်တပည့်တော်ဦးဘကြွယ်နှင့်တူဝရီးတော်စပ်ပါသည်။ တပည့်တော်ဦးဘကြွယ်နှင့်ဦးဝိမလ၏ဖခင်ဦးအောင် ညီအစ်ကိုရင်းတော်စပ်ကြပါသည်ဘုရားဟု စောဒနာထားသည်။ အထက်ပါစောဒနာသောဓနာချက်တို့ကိုကြည့်ရှုသုံးသပ်ပါကစုဒိတကဦးဝိမလသည်မှုခင်းဖြစ်ကျောင်းဆိပ်ရွာသားဖြစ်ပြီးဗောဓိကျောင်းဆရာတော်ဦးရာဇိန္ဒ၊ ဦးသုဝဏ္ဏတို့၏အထံမှာပင်ကျောင်းသား၊ကိုရင်၊ ရဟန်းဖြစ်လာသည်ကိုတွေ့ရသည်၊စောဒကဦးဘကြွယ်နှင့်တူဝရီးအရင်းဖြစ်နေသည်၊မိမိမန္တလေးနေသော်လည်း ငယ်ဆရာဦးသုဝဏ္ဏအားအမြဲမပြတ်စောင့်ရှောက်နေသည်ပျံလွန်တော်မူခါနီးဦးသုဝဏ္ဏကျန်းမာရေး မကောင်းသဖြင့်စုဒိတကဦးဝိမလမှဆေးပစ္စည်းစသည် လိုအပ်ရာရာတို့ကိုလှူဒါန်းခဲ့သည်၊ဗောဓိကျောင်းသို့ လာရောက်ပြုစုသည်၊မိမိမလာရောက်နိုင်သည့်အခါ စုဒိတကဦးဝိနယကိုဆရာတော်ဦးသုဝဏ္ဏအားအနီးကပ်လုပ်ကျွေးစောင့်ရှောက်ပြုစုဖို့ရန်ညွှန်ကြားခဲ့သည်ကို တွေ့ရသည်။ ဗောဓိကျောင်းနှင့်စုဒိတကဦးဝိမလတို့အမြဲမပြတ်ဆက်စပ်တွေ့ထိနေသည်၊ယခုလက်ရှိဗောဓိကျောင်းအတွင်း၇-ခန်း ၄-ခန်းကျောင်းတော်ကြီးပြီးမြောက်ရန် ဒကာ/ဒကာမများနှင့်အတူဦးဝိမလဆောင်ရွက်နေသည်ကိုတွေ့ရသည်၊ဆရာတော်ဦးသုဝဏ္ဏမပျံလွန်မီကာလ၊ ပျံလွန်တော်မူပြီးကာလတို့၌စုဒိတကဦးဝိမလသည် ဗောဓိကျောင်းနှင့်ပတ်သက်ဆက်နွယ်နေသည်ကို တွေ့ရသည်ဟုသုံးသပ်သည်။ စုဒိတက(၂)ဦးဝိနယသို့ဆက်ပြန်ရသော်-စုဒိတက ဦးဝိမလ၏မူလသောဓနာ၌-၁၃၅၃ခုနှစ်ရောက်မှ လူအိုနာကျန်းမာရေးဖောက်ပြန်လာသဖြင့်တပည့်တော် ဝိမလမှလိုအပ်သည့်ဆေးဝါးများကိုဝယ်ပေးလှူဒါန်းခဲ့ပါသည်ဘုရား။ ယခုကျောင်းထိုင်နေသည့်ဘုန်းကြီးဦးဝိနယမှအနီးကပ် ပြုစုခဲ့ပါသည်။လူအိုနာဖြစ်၍ကျင်ကြီးကျင်ငယ်များ မစွန့်နိုင်လျှင်ဦးဝိနယကလက်ဖြင့်မရွံမရှာကိုင်နှုတ်၍ ပေးခဲ့သည်။ ဆရာတော်ဦးသုဝဏ္ဏသည်၁၃၅၄ခုနှစ်၊တော်သလင်း လပြည့်ကျော်၇-ရက်ညနေ၄-နာရီအချိန်တွင်ပျံလွန်တော် မူခဲ့သည်ဟုသောဓနာထားသည်။ စောဒကဦးဘကြွယ်၏မူလစောဒနာ၌-ဘုန်းကြီး ဦးသုဝဏ္ဏပျံလွန်တော်မမူမီ(၅)ရက်ခန့်အလိုတွင် ဦးသုဝဏ္ဏအားပြုစုရန်အကြောင်းပြ၍ကျောင်းပေါ်သို့ တက်နေခြင်းဖြစ်ကြောင်းဟုစောဒနာထားသည်။ အထက်ပါစောဒနာသောဓနာချက်တို့ကိုကြည့်ရှုသုံးသပ်ပါက-ဦးဝိနယသည်၁၃၄၇ခုနှစ်ခန့်ကဗောဓိကျောင်းသို့ ရောက်ရှိသောအချိန်မှစ၍ပျံလွန်တော်မူသည့်အထိ ဆရာတော်ဦးသုဝဏ္ဏအားပြုစုစောင့်ရှောက်နေသည်ကို တွေ့ရသည်။ကျင်ကြီးကျင်ငယ်ကစအစစအရာရာ ဆောင်ရွက်သည့်ဂိလာနုပဋ္ဌာကတစ်ပါးဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့်စုဒိတက(၁)ဦးဝိမလ၊စုဒိတက (၂)ဦးဝိနယတို့သည် ဂိလာနုပဌာကသမ္မုခီဘူတများဖြစ်ကြ၍ ဗောဓိကျောင်း၏ အန္တောသီမဋ္ဌက ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ [ကျောင်းထိုင်တင်မြှောက်ထိုက်သောပုဂ္ဂိုလ်]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဗဟုပကာရဂုဏ်၊ဂုဏဝိသိဌဂုဏ်အင်္ဂါ(၂)ပါးသို့မဟုတ် ယင်းအင်္ဂါ(၂)ပါးတို့တွင်တစ်ပါးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကိုရက္ခိတဂေါပိတအဖြစ်စီမံဆောင်ရွက် စောင့်ရှောက်ထိန်းသိမ်းနိုင်ဓုဝဝါသ၊အနုဌာပနီယ ကျောင်းထိုင်နာယကပုဂ္ဂိုလ်တင်မြှောက်ပေးရမည်။ (ဝိနယာလင်္ကာရဋီကာ၊ဒု၊နှာ။၅၄) ဤဗောဓိကျောင်း၌အန္တောသီမဋ္ဌကစုဒိတကဦးဝိမလသည်အထက်ပါအင်္ဂါတို့နဲ့ပြည့်စုံသည်ဖြစ်သောကြောင့် စုဒိတကဦးဝိမလကိုသာမတသန္တကသံယိက ဗောဓိကျောင်းဓ၀ဝါသအနုဌာပနိယကျောင်းထိုင် နာယကပုဂ္ဂိုလ်အဖြစ်တင်မြှောက်ထိုက်သည်၊ ဂရုဘက်လဟုဘဏ်နှင့်တကွသောဗောဓိကျောင်းတိုက်ကိုစောင့်ရှောက်ထိန်းသိမ်းထိုက်သည်ဟုနိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ခြင်း]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စောဒကဦးဘကြွယ်က၁၃၂၂ခုနှစ်၊ကဆုန်လဆုတ် (၅)ရက်၊၁၉၆၀ပြည့်နှစ်၊မေလ၁၄ရက်၊စနေနေ့တွင် ဆရာတော်ဦးသုဝဏ္ဏကဗောဓိကျောင်းကိုပုဂ္ဂလိကပိုင် စွန့်သောစာချုပ်တင်ပြသည်။ စုဒိတကဦးဝိမလတို့ကလည်း၁၃၅၁ ခုနှစ်၊နယုန်လဆန်း (၂)ရက်၁၉၈၉ခုနှစ်၊ဇွန်လ၅-ရက်၊တနင်္လာနေ့တွင် ဆရာတော်ဦးသုဝဏ္ဏကဗောဓိကျောင်းကိုပုဂ္ဂလိကပိုင် စွန့်သောစာချုပ်တင်ပြသည်။ ၎င်းတို့တင်ပြသောစာချုပ်များသည်စောဒကစုဒိတကအချင်းချင်းအကြောင်းအကျိုးပြကာစာချုပ်အစစ်မဟုတ်၊စာချုပ်အတုများသာဖြစ်သည်ဟုတစ်ဖက်နှင့်တစ်ဖက်စောဒနာသောဓနာများတင်ကြ၍ယင်းစောဒနာ သောဓနာများကိုကြည့်ရှုဝေဖန်သောအခါစာချုပ်အစစ်မဟုတ်စာချုပ်အတုဖြစ်နေသည်ကိုတွေ့ရသည်။ ၂။ထို့ပြင်၎င်းတို့တင်ပြသောစာချုပ်၌ဣမံ တုယှံ ဒေမိ ပါဠိတော်အရကတ္တား၊ကံ၊သမ္ပဒါန်ဟူသောဒါနလက္ခဏာ ၃-ပါးနှင့်မပြည့်စုံ၍သုဒိန္ဒသုဂ္ဂဟိတမဖြစ်အပေးအယူ မမြောက်၊စာချုပ်အစစ်မဟုတ်၊စာချုပ်အတုသာဖြစ်သည်။ ၃။ဗောဓိကျောင်းသည်၁၃၁၂ခုနှစ်၊ပြာသိုလပြည့်ကျော် (၁၅)ရက်နေ့မှစ၍ဆရာတော်ဦးသုဝဏ္ဏပုဂ္ဂလိကပိုင်ဆိုင် ခဲ့သော်လည်းဆရာတော်ဦးသုဝဏ္ဏပျံလွန်တော်မူသည့် အခါမည်သူ့အားမျှအပ်မသွား။ ၄။ဆရာတော်ဦးသုဝဏ္ဏသည်ပုဂ္ဂလိကပိုင်ဗောဓိကျောင်းကိုမည်သူအားမျှအပ်မသွားသဖြင့်ဗောဓိကျောင်းဝိဟာရ ဝိဟာရဝတ္ထု၊အာရာမ၊အာရာမဝတ္ထု၊ဂရုဘဏ်လဟဘဏ် ဟူသမျှတို့သည်မတသန္တကသံယိကများသာဖြစ်သည်။ ၅။စုဒိတက(၁)ဦးဝိမလစုဒိတက(၂)ဦးဝိနယတို့သည် ဆရာတော်ဦးသုဝဏ္ဏ၏တပည့်ရင်းဂိလာနုပဌာက သမ္မမီဘူတများဖြစ်၍ဗောဓိကျောင်း၏အန္တောသီမဋ္ဌက ပုဂ္ဂိုလ်တို့ဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ သို့ဖြစ်၍- နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၂၈/၂၀၀၅) ဝိနည်းဓိုရ်ဆရာတော်များသည်ကိုယ်တိုင်လက်မှတ် ထိုးကြလျက်အောက်ပါအတိုင်းတညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်သည်- [ဆုံးဖြတ်ချက်]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စောဒက၊စုဒိတကတို့၏ပုဂ္ဂလိကတောင်းဆိုမှုကို ပယ်ချလိုက်သည်။ ၂။မှုခင်းဖြစ်ဗောဓိကျောင်းဝိဟာရ၊ဝိဟာရဝတ္ထု အာရာမ၊အာရာမဝတ္ထု၊ဂရုဘဏ်၊လဟုဘဏ်ဟူသမျှတို့သည်မတသန္တကသံယိကများသာဖြစ်သည်။ ၃။စုဒိတကဦးဝိမလသည်မကသန္တကသံဃိကဖြစ်သော ဤဗောဓိကျောင်းကိုတိုးတက်စည်ပင်ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်၊စီမံ၊အုပ်ချုပ်ရမည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဉ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့ ၁။ ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ၊မင်းကျောင်းစာသင်တိုက် လွိုင်ကော်မြို့။ ၂။ ဘဒ္ဒန္တနေမိန္ဓရ၊မြိုင်သာယာကျောင်း၊ရွှေကူမြို့။ ၃။ဘဒ္ဒန္တကလျာဏ၊ညောင်ပင်သာကျောင်း၊ဗန်းမော်မြို့။ ၄။ဘဒ္ဒန္တဂုဏိကာဘိဝံသ၊ကံသုံးဆင့်စာသင်တိုက် မင်္ဂလာဒုံမြို့။ ၅။ဘဒ္ဒန္တဩဘာသ၊အောင်မင်္ဂလာကျောင်းတိုက် မိုးကောင်းမြို့။ [ပုံစံ (၇)]

၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းအပ်သော နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၈/၂၀၀၅)၏ ဆုံးဖြတ်ချက် လုပ်ထုံးလုပ်နည်းများ၊အပိုဒ်(၄၂-၈၊၄၃) ၁၃၆၇-ခုနှစ်၊ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း အမှတ် (၅၀/၂၀၀၅) စောဒကဦးဘကြွယ်နှင့်စုဒိတကဦးဝိမလပါ(၂)ဦးတို့၏ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကျောင်းဆိပ်ကျေးရွာ အုပ်စု၊ဗောဓိကျောင်း၌ဖြစ်ပွားသောဝိဝါဒါဓိကရုဏ်းမှုခင်းကိုနိုင်ငံတော်သံဃမနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းအပ်သည့်ဝိနည်းဓိုရ်ဆရာတော်များ ပါဝင်သောနိုင်ငံတော်သံဃဝိနိစ္စအဖွဲ့ အမှတ်(၂၈/၂၀၀၅)ကကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဝိနည်းတရားတော်နှင့်အညီဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ ဆုံးဖြတ်ချက် ၁။စောဒက၊စုဒိတကတို့၏ပုဂ္ဂလိကတောင်းဆိုမှုကို ပယ်ချလိုက်သည်။ ၂။မှုခင်းဖြစ်ဗောဓိကျောင်း၊ဝိဟာရ၊ဝိဟာရဝတ္ထု၊ အာရာမ၊အာရာမဝတ္ထု၊ဂရုဘဏ်၊လဟုဘက်ဟူသမျှတို့သည်၊မတသန္တကသံယိကများသာဖြစ်သည်။ ၃။စုဒိတကဦးဝိမလသည်မတသန္တကသံယိကဖြစ်သော ဤဗောဓိကျောင်းကိုတိုးတက်စည်ပင်ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်၊စီမံ၊အုပ်ချုပ်ရမည်။ နိုင်ငံတော်နည်းဓိုရ် ဆရာတော်ကြီးများ စဉ်/ ဘွဲ့တော်/ကျောင်း/ကျောင်းတိုက် /လက်မှတ် ၁။ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ မင်းကျောင်းစာသင်တိုက် ၂။ဘဒ္ဒန္တခေမိန္ဒရ မြိုင်သာယာကျောင်း ၃။ဘဒ္ဒန္တကလျာဏ ညောင်ပင်သာကျောင်းတိုက် ၄။ ဘဒ္ဒန္တဂုဏိကာဘိဝံသ ကံသုံးဆင့်စာသင်တိုက် ၅။ဘဒ္ဒန္တဩဘာသ အောင်မင်္ဂလာကျောင်းတိုက် စာအမှတ် . ရက်စွဲ၊၆-၆-၂၀၀၅ 'ဝိနိစ္ဆယဆုံးဖြတ်ချက်ဖတ်ကြားကြေငြာရာသို့ လာရောက်ကြားနာသူများ စဉ်/အမည်/တာဝန်/လက်မှတ် စောဒကလာမလာ၊စုဒိတကလာမလာ။ (သဘာပတိဆရာတော်မှရေးမှတ်ရန်)

                             ပြီးပါပြီ။
၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂)

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊သရက်တောတိုက်၌ ဖြစ်ပွါးသောဦးနန္ဒိယနှင့်ဦးတေဇောဘာသပါ(၃)ပါးတို့၏ ♥မဟာမှန်ကင်းကျောင်း-ဝိဝါဒါဓိကရုဏ်းမှုခင်း♥ [မဟာမှန်ကင်းကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မဟာမှန်ကင်းကျောင်းကိုသရက်တောကျောင်းတိုက်၌ မြိတ်ဆရာတော်စတင်တည်ထောင်တော်မူခဲ့သည်။ ထို့နောက်ဆရာတော်ဦးဒီပဆက်ခံခဲ့သည်၊ဆရာတော် ဦးဒီပလက်ထက်တွင်စစ်အတွင်းဗုံးဒဏ်ကြောင့် မဟာမှန်ကင်းကျောင်းလည်းမီးလောင်ပျက်စီးပြီး ဆရာတော်ဦးဒီပလည်းဗုံးဆန်ထိမှန်ပျံလွန်တော်မူခဲ့သည်၎င်းနောက်ဆရာတော်ဦးနန္ဒိယကကျောင်းကိုပြန်လည်တည်ထောင်ပြီးဦးကောသလ္လ၊ဦးပဏ္ဍိတတို့နှင့်တိသန္တက ပြုလုပ်ခဲ့သည်၊ဆရာတော်ဦးနန္ဒိယပျံလွန်တော်မူပြီးနောက်ဆရာတော်ဦးဉာဏိန္ဒဆက်ခံခဲ့သည်။ ဆရာတော်ဦးဉာဏိန္ဒမပျံလွန်မီမဟာမှန်ကင်းကျောင်းကို မိမိအပါအဝင်တပည့်(၅)ပါးနှင့်ဆသန္တကစာချုပ် ပြုလုပ်ခဲ့သည်။ ဆရာတော်ဦးဉာဏိန္ဒပျံလွန်တော်မူသောအခါစောဒက ဦးနန္ဒိယက“မဟာမှန်ကင်းကျောင်းကိုမူလပြန်လည် တည်ထောင်တော်မူသောဆရာတော်ဦးနန္ဒိယ၊ဦးပဏ္ဍိတတို့ပျံလွန်တော်မူကြပြီးနောက်တိသန္တကဝင်ဆရာတော်ဦးကောသလ္လကမလှိုင်မြို့နယ်၊လေးရွာပဝါရဏာဂိုဏ်းဝင်ဆရာတော်(၈)ပါးအားဂဏသန္တကအဖြစ်လှူဒါန်းခဲ့သည်။လေးရွာပဝါရဏာဂိုဏ်းဝင်ဆရာတော်များက ဦးဉာဏိန္ဒကိုအစောင့်အရှောက်ကျောင်းထိုင်ထားခြင်းဖြစ်သည်။ဦးဉာဏိန္ဒသည်မိမိပုဂ္ဂလိကမပိုင်သော မဟာမှန်ကင်းကျောင်းကိုဆသန္တကပြုလုပ်သဖြင့် “ဆသန္တကစာချုပ်တရားမဝင်ကြောင်းမြို့နယ်သံဃနာယကအဖွဲ့သို့ကန့်ကွက်စာတင်ခဲ့ရာမှဤဝိဝါဒါဓိကရုဏ်းမှုခင်းစတင်ဖြစ်ပွားလာသည်။ ယင်းဝိဝါဒါဓိကရုဏ်းမှုကိုလမ်းမတော်မြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ကဖွဲ့စည်းပေးသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၃/၂ဝဝဝ)က စစ်ဆေးပြီးဆုံးဖြတ်ချက်ချခဲ့ရာဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ကြောင်းစောဒက ဦးနန္ဒိယ၏ကန့်ကွက်တင်ပြချက်ကြောင့်ပျက်ပြယ်ခဲ့ရပြီး အသစ်တစ်ဖန်ထပ်မံ၍မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁/၂၀၀၁)ကိုမြို့နယ်သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးခဲ့ပါသည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)က စောဒကဒက/စုဒိတကတို့နှင့်နှစ်ဖက်သက်သေတို့ကို စစ်ဆေးပြီး၊စိစစ်သုံးသပ်ကာအောက်ဖော်ပြပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ မြို့နယ်ဆုံးဖြတ်ချက် ၁။မဟာမှန်ကင်းကျောင်းအာရာမ်မြေကိုသံယိကဟုဆုံးဖြတ်သည်။ ၂။မဟာမှန်ကင်းကျောင်းမျက်နှာစာရှိ (၂)ထပ်ကျောင်း တိုက်ငယ်ကိုဥပဎ်ဍသံယိက၊ဥပဎ်ဍပုဂ္ဂလိက၊သံယိကကုဋီရေချိုးခန်းများကိုသေနာသနပရိဘောဂဟု ဆုံးဖြတ်သည်။ ၃။စောဒကပုဂ္ဂိုလ်ဦးနန္ဒိယ၏ရက္ခကဂေါပက၊ဓုဝဝါသအနုဌာပနီယကျောင်းပိုင်ပဓာနနာယကအဖြစ် တောင်းဆိုမှုကိုပယ်ချသည်။ ၄။စုဒိတကပုဂ္ဂိုလ်ဦးတေဇောဘာသပါ(၅)ပါးတို့သည် မဟာမှန်ကင်းကျောင်း၊ပုဂ္ဂလိကအဖို့အစုကိုပုဂ္ဂလိက ပိုင်စေ၊သံယိကအဖို့အစုနှင့်သံဃိကဂရုဘဏ်လဟုဘဏ်တို့ကိုသံယိကအဖြစ်သုံးဆောင်၍ကျောင်း၌ရှိပြီးဖြစ်သောကတိကဝတ်များစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဒ္ဒန္တဉာဏိန္ဒကဲ့သို့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်စေ။ ၅။စောဒကပုဂ္ဂိုလ်ဦးနန္ဒိယသည်ဝိနိစ္ဆယလက်စွဲ နောက်ဆက်တွဲများအပိုဒ်ကြီး (ခ)ဓုဝဝါသအနုဌာပနီယကျောင်းထိုင်နာယက တင်မြှောက်ရေးမူအပိုဒ်ခွဲ (ဇ)ကြိုတင်ကတိအရလက်မှတ်ထိုးသည့်အတိုင်း မှုခင်းဖြစ်ပွားရာမဟာမှန်ကင်းကျောင်းအာရာမ်အတွင်းမှ ထွက်ခွာပေးစေ။ မူလစောဒကဦးနန္ဒိယသည်လမ်းမတော်မြို့နယ်၊ သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)၏ဖြတ်ချက်ကို မကျေနပ်သဖြင့်ရန်ကုန်တိုင်းသံဃနာယအဖွဲ့သို့အယူခံစောဒနာဝင်လွှာတင်သွင်းခဲ့ပါည်။ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သည်အယူခံစောဒနာ ဝင်လွှာကိုလက်ခံပြီးရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၄/၂၀၀၁)ကိုဖွဲ့စည်း၍ အမှုတွဲကို လွှဲအပ်ခဲ့ပါသည်။ ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)က အမှုတွဲကိုစိစစ်သုံးသပ်ပြီးအောက်ပါအတိုင်းဆုံးဖြတ် ချက်ချမှတ်ခဲ့ပါသည်။ တိုင်း-ဆုံးဖြတ်ချက် (က)အယူခံစောဒကဦးနန္ဒိယ၏တိုင်းအယူခံစောဒနာ လွှာကိုပလပ်ပယ်ချလိုက်သည်။ (ခ)မဟာမှန်ကင်းကျောင်းအာရာမ်မြေကိုသံယိကဟုဆုံးဖြတ်သည်။ (ဂ)မဟာမှန်ကင်းကျောင်း၊နှစ်ထပ်ကျောင်းမကြီးနှင့် မျက်နှာစာရှိနှစ်ထပ်တိုက်ကျောင်းငယ်ကိုဥပဎ်ဍသံဃိက ဥပဎ်ဍပုဂ္ဂလိက၊ကျန်ကုဋီနှင့်ရေကန်များကိုသေနာသန ပရိဘောဂဟုဆုံးဖြတ်သည်။ (ဃ)စောဒကဦးနန္ဒိယ၏ရက္ခကဂေါပက၊ဓုဝဝါသ အနုဌာပနီယကျောင်းထိုင်ပဓာနနာယကအဖြစ် တောင်းဆိုမှုကိုပယ်ချလိုက်သည်။ (င)စုဒိတကပုဂ္ဂိုလ်ဦးတေဇောဘာသပါ(၃)ပါးတို့သည် ပုဂ္ဂလိကအဖို့အစုကိုပုဂ္ဂလိကပိုင်စေ၊သံယိကအဖို့အစုနှင့်သံဃိကဂရုဘဏ်လဟုဘဏ်တို့ကိုသံယိကအဖြစ် သုံးဆောင်၍ကျောင်း၌ရှိပြီးဖြစ်သောကတိကဝတ်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီဘဒ္ဒန္တဉာဏိန္ဒကဲ့သို့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စီမံအုပ်ချုပ်စေ။ (စ)စောဒကပုဂ္ဂိုလ်ဦးနန္ဒိယသည်ဝိနိစ္ဆယလက်စွဲ နောက်ဆက်တွဲများအပိုဒ်ကြီး (ခ)ဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင်နာယကတင်မြှောက်ရေးမူအပိုဒ်ခွဲ (ဇ)ကြိုတင်ကတိအရလက်မှတ်ရေးထိုးထားသည့်အတိုင်းမှုခင်းဖြစ်ပွားရာမဟာမှန်ကင်းကျောင်း အာရာမ်အတွင်းမှထွက်ခွာပေးစေ။ အယူခံစောဒကဦးနန္ဒိယသည်အထက်ပါရန်ကုန်တိုင်း သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ၁၃၆၃-ခုနှစ်၊တပို့တွဲလဆန်း(၁၃)ရက်၊ (၂၅-၂-၂၀၀၂) ရက်စွဲဖြင့်အယူခံစောဒနာတင်သွင်းခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်အယူခံစောဒနာဝင်လွှာကိုလက်ခံပြီးနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁၄/၂၀၀၂)ကို၁၃၆၄-ခုနှစ်၊နတ်တော်လဆန်း (၅)ရက်၊(၉-၁၂-၂၀၀၂)နေ့တွင်ဖွဲ့စည်း၍သုံးသပ်ဆုံးဖြတ်ပေးရန်အမှုတွဲကိုလွှဲအပ်ခဲ့သဖြင့်ဤဝိနိစ္ဆယအဖွဲ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ [နိုင်ငံတော်နည်းဓိုရ်ဆရာတော်ကြီးများ၏ခံယူချက်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၄/၂၀၀၂) အဖွဲ့ဝင်ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီဖွဲ့စည်းတာဝန်ပေး အပ်လာသည်ဖြစ်၍“အာဂတော ဘာရော အာဝဟိတဗ်ဗော”ဟူသောပရိဘာသာအရမိမိတို့အပေါ် ကျရောက်လာသောတာဝန်ကိုအကောင်းဆုံးအမှန်ကန်ဆုံးဖြစ်အောင်ဆောင်ရွက်ရပေတော့မည်။ ထိုသို့ဆောင်ရွက်ရာ၌ - န စ အာမိသံ နိဿယ၊ န စ နိဿာယ ပုဂ္ဂလံ၊ ဥဘော ဧတေ ဝိဝဇ္ဇေတွာ၊ ယထာ ဓမ္မာ တထာ ကရေ။ (ဝိ-၅၊ ၂၈၄)ဟူသောဒေသနာတော်ကိုဦးထိပ်ရွက် ပန်ဆင်ကာစိတ်၌စွဲမှတ်သတိချပ်လျက်ပုဂ္ဂလ၊အာမိသနှစ်ဌာနတို့၌ငဲ့ကွက်ခြင်းအမှုအလျဉ်းမပြုကြဘဲဓမ္မဝိနယ လမ်းကြောင်းအတိုင်းသာဝေဖန်စိစစ်သုံးသပ်လျက် ဆုံးဖြတ်ကြမည်ဖြစ်ပေသည်။ [စော/စုနှစ်ဖြာတင်လွှာ]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

သရက်တောကျောင်းတိုက်အာရာမ်မြေသည်သံဃကအဖြစ်ဖြင့်အစဉ်အဆက်လက်ခံယုံကြည်ခဲ့ကြ၍သံဃိကမြေဖြစ်သည်။ဆရာတော်ဦးဒီပဗုံးဒဏ်ဖြင့်ပျံလွန်တော်မူသောအခါတစ်ဦးတစ်ယောက်အားမပေးအပ်နိုင်သည့်အတွက်အလုံးစုံပင်သံဃိကဖြစ်သွားတော့သည်။ သို့ရာတွင်အဆောက်အဦများပါမီးလောင်ပျက်စီးသွားရာ ဆရာတော်ဦးနန္ဒိယလက်ထက်ဆက်လက်၍အသစ်ဆောက်လုပ်ရာ၌သံဃိကပုဂ္ဂလိကဟုမဖော်ပြနိုင်သော်လဲ ဦးပဏ္ဍိတ၊ဦးကောသလ္လတို့နှင့်တိသန္တကပြုလုပ်ထားသောကြောင့်ပုဂ္ဂလိကဟုယူဆရပေသည်။ သို့သော်သံဃိကမြေပေါ်၌ဆောက်လုပ်သဖြင့်ဥပဎ်ဍ ပုဂ္ဂလိကသာရနိုင်ပေသည်၊သံယိကကားပိုမို၍ အားကောင်းအားသာလျက်ရှိပေသည်။ စောဒကဘက်ကတင်ပြထားရာတွင်တိသန္တကဆရာတော် (၃)ပါးတို့တွင်ဦးကျောင်းထိုင်အဖြစ်စောင့်ရှောက်လာရာ ဆရာတော်ဦးနန္ဒိယနှင့်ဦးပဏ္ဍိတတို့နှစ်ပါးပျံလွန်မူသောအခါ - (က)“ကျန်ဆရာတော်ဦးကောသလ္လကမိမိပိုင်ဆိုင်ခွင့်ရှိသမျှသောမဟာမှန်ကင်းကျောင်းကို(ပ)လေးရွာပဝါရဏာဂိုဏ်းပိုင်ဂဏသန္တကအဖြစ်ဖြင့်ဂိုဏ်းဝငဆရာတော်(၈)ပါးအား၁၃၃၅-ခုနှစ်၊ပြာသိုလဆန်း (၉)ရက်၊ (၁-၁-၇၄)နေ့တွင်သုဒိန်န္သုဂ္ဂဟိတမြောက်လှူဒါန်းခဲ့သောကြောင့်မဟာမှန်ကင်းကျောင်းထက်ဝက်ဥပဎ်ဍခွဲတမ်းသည်ဂဏိကအဖြစ်သို့ရောက်ရှိပါသည်”။ (ခ)“လေးရွာပဝါရဏာဂိုဏ်းဆရာတော်များက၁၃၃၅-ခု၊ ပြာသိုလဆန်း(၉)ရက်(၁-၁-၇၄)နေ့တွင်ပင်မိမိတို့ ပိုင်ဆိုင်ဆက်စပ်ပတ်သက်သောမဟာမှန်ကင်းကျောင်းကိုထိန်းသိမ်းစောင့်ရှောက်အုပ်ချုပ်ရန်အတွက် ဆရာတော်ဦးဉာဏိန္ဒအားကျောင်းထိုင်ဦးစီးပဓာနနာယကအဖြစ်တာဝန်ပေးခဲ့ပါသည်”။ ဂဏသန္တကလှူဒါန်းစာ“သက္ကရာဇ်၁၃၃၅လခုနှစ်၊ ပြာသိုလဆန်း (၉)ရက်(၁-၁-၇၄) အင်္ဂါနေ့အရ တင်ပြထားခြင်းဖြစ်သည်။ဂဏသန္တကလှူဒါန်းစာကိုလဲသက်သေခံအဖြစ်တင်ပြထားသည်။ စုဒိတကတို့ဘက်ကမူ“စောဒက၏တင်ပြချက်သည် ယတစ်ခုနှင့်တစ်ခုညီညွတ်ခြင်းမရှိ၊ယင်းဂဏသန္တကလှူဒါန်းစာသည်လည်းယခုမှလုပ်ကြံရေးသားခြင်းဖြစ်သည်”ဟု သောဓနာထားသည်။ အထူးအားဖြင့်ဆရာတော်ဦးနန္ဒိယပျံလွန်ခုနှစ်ကွဲလွဲချက်မှာ၁၃၃၅-ခု၊ပြာသိုလဆန်း (၁)ရက်(စောဒနာ)နှင့် ၁၃၃၃-ခု၊ ပြာသိုလဆုတ်(၁၅)ရက်(သောဓနာ)ဟုကွဲပြားလျက်ရှိသည်၊ထိုတွင်သောဓနာဘက်ကတင်ပြသော ဦးနန္ဒိယနာရေးသတင်းစာအရမှန်ကန်သည်၊အမှုတွဲပါ စောဒနာ၊သောဓနာရေးသားချက်တို့သည်ရှည်လျားစွာ ထပ်ခါထပ်ခါပါရှိနေ၍အကျဉ်းချုံးကာရှင်းလင်းဖော်ပြ မည်ဖြစ်ပါသည်။ [ဂဏသန္တကဟုတ်/မဟုတ်စိစစ်ခြင်း]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

“ဦးကောသလ္လသည်၁၃၃၅-ခု၊ပြာသိုလဆန်း(၉)ရက်၊ (၁-၁-၇၄)နေ့တွင်မလှိုင်လေးရွာဂိုဏ်းဆရာတော်များအား ဂဏသန္တကအဖြစ်လှူဒါန်းသည်။လှူဒါန်းစာကိုလည်း တင်ပြထားသည်။ ထိုနေ့မှာပင်ဂိုဏ်းဝင်ဆရာတော်များကဦးဉာဏိန္ဒအား လွှဲအပ်သည်”ဟုစောဒကကဆိုထားသည်။ ယင်းဂဏသန္တကလှူဒါန်းစာသည်နောက်မှပေါ်ထွက်လာခြင်းဖြစ်သည်။အကြောင်းပြချက်ကားဦးပညာစက္ကခေါ် ဦးမင်းမာ၏စာမှာဆရာတော်ဦးနန္ဒိယသည် ၁၃၃၃-ခု၊ ပြာသိုလဆုတ်(၁၅)ရက်နေ့တွင်ပျံလွန်တော်မူကြောင်းပြော၍သတင်းစာနာရေးကြော်ငြာမှာလည်း၎င်းခုနှစ်နှင့်ပင်ပါရှိပါသည်။ “ဦးနန္ဒိယဈာပနကိစ္စပြီးစီး၍တစ်နှစ်ကြာနှစ်ပတ်လည်မှာ ဦးကောသလ္လကဦးဉာဏိန္ဒအားကျောင်းအပ်ကြောင်း”ဦးမင်းမာကဆိုထားပါသည်။ ၁၃၃၅-ခုနှစ်၊(၇၃/၇၄)ဝါဆိုသံဃာစာရင်းနှင့်(၈-၁-၇၃) မြိတ်မြို့မီးဘေးအလှူခံဖြတ်ပိုင်းတို့ကိုသက်သေပြပါသည်။ဖော်ပြပါအချိန်များကပင်ဦးဉာဏိန္ဒကျောင်းထိုင်ဖြစ်နေပြီးဖြစ်ပါသောကြောင့်ဂဏသန္တကလှူဒါန်းစာနှင့်ဂိုဏ်းဆရာတော်များကဦးဉာဏိန္ဒအားကျောင်းအပ်ခြင်းသည်နောက်ကျနေသည်ဟုစုဒိတကတင်ပြခြင်းဖြစ်သည်။ ဦးမင်းမာ၏စာမှာဆရာတော်ဦးနန္ဒိယမပျံလွန်မီကပင် ဦးကောသလ္လကဦးဉာဏိန္ဒကိုမမှန်ကင်းကျောင်းမှာ သွားနေရန်ပြောဆိုသဖြင့်ဦးနန္ဒိယနှင့်အတူရောက်ရှိနေပြီး ဖြစ်သည်။ထို့ကြောင့်စောဒက၏ဦးကောသလ္လက ဂိုဏ်းသံဃာအားလှူဒါန်းစာဖြင့်ဂဏသန္တကအဖြစ် လှူဒါန်းပြီးတစ်ဖန်ဂိုဏ်းကဦးဉာဏိန္ဒအားကျောင်းအပ်သည်ဟုဆိုခြင်းမှာစုဒိတက၏တင်ပြချက်တို့နှင့်ဆန့်ကျင်ခြင်းမရှိပေ၊၁၃၃၅-ခု၊ပြာသိုလဆန်း(၉)ရက် မတိုင်မီကပင်ဦးဉာဏိန္ဒမှန်ကင်းကျောင်း၌ရောက်ရှိနေပြီး ဖြစ်ပါသည်။ သို့သော်ဦးဉာဏိန္ဒကိုကျောင်းထိုင်ဟူ၍ဦးကောသလ္လက အတိအကျမသတ်မှတ်သေးပါ။တစ်ဖန်ဦးမင်းမာ၏ စာမှာပင်“ဦးနန္ဒိယပျံလွန်တော်မူပြီးတစ်ပတ်အတွင်းမှ တစ်နှစ်နီးပါးအချိန်တွင်ဦးရာဇိန္ဒကမှန်ကင်းကျောင်းဟာ မတသန္တကဟုလေသံထွက်လာ၍ဦးကောသလ္လကဦးဉာဏိန္ဒအားကြွရောက်တော်မူလာကြသောဆရာတော်များနှင့်တိုက်တာအတွင်းရှိအချို့သောသံဃာတော်များ ပင့်လျှောက်၍ဆွမ်းကပ်ပြီးကျောင်းအပ်သည်”ဟု ဆိုထားရာ၎င်းစကားနှင့်အထက်က“ဈာပနကိစ္စပြီး၍ တစ်နှစ်ကြာနှစ်ပတ်လည်မှာ“ဆိုသောစကားနှစ်ရပ်မှာ အချိန်အတိအကျမဖေါ်ပြပေ၊ကြံခင်းဆရာတော်၏ စာမှာလည်း“ဈာပနပြီးအတော်ကြီးကြာမှ”ဟုဆိုထားရာ ဦးမင်းမာစာနှင့်ကြံခင်းဆရာတော်၏စာတို့မှာမှန်းဆချက်များသာဖြစ်သည်။ခုနှစ်အချိန်အတိအကျမပြဆိုပေ။ ဦးမင်းမာစာထဲမှာပင်ဂိုဏ်းဝင်ဆရာတော်များ ဦးကောသလ္လနှင့်အတူပါလာသည်ကိုဖော်ပြနေသည် “ဦးနန္ဒိယပျံလွန်ပြီးဦးရာဇိန္ဒ၏နှောင့်ယှက်မှုကြောင့် မလှိုင်မှဦးကောသလ္လကြွလာပြီးဦးဉာဏိန္ဒအားပုဂ္ဂလိက သံဃာရှေ့မှောက်မှာအပ်သည်၊ပျံလွန်တော်မူပြီး အတော်ကြာမှဖြစ်သည်၊ရက်အတိအကျမသိ” (ကြံခင်းဆရာတော်စာ)နှိုင်းယှဉ်ကြည့်ပါကထိုအချိန် ထိုခုနှစ်များမှာဦးကောသလ္လအပါအဝင်ဂိုဏ်းဆရာတော်များကဦးဉာဏိန္ဒအားမဟာမှန်ကင်းကျောင်းထိုင်အပ်ခြင်းဖြစ်ပါတော့သည်။ကျောင်းကိုစောင့်ရှောက်ရန်တာဝန်ပေးခြင်းဖြစ်ပေသည်။ သူ့ဘက်ကိုယ့်ဘက်သို့လိုရာဆွဲယူ၍စောဒကဘက်မှ ဦးစန္ဒိမာ၊ဦးဥတ္တမနှင့်ဒေါ်ခင်မြစသည်တို့က “ဦးကောသလ္လကဂိုဏ်းသံဃာအပ်ပြီးမှဂိုဏ်းသံဃာကတစ်ဆင့်ဦးဉာဏိန္ဒအားဂဏသန္တကအစောင့်အရှောက်အပ်သည်”စုဒိတကဘက်မှဦးမင်းမာ၊ကြံခင်းဆရာတော် စသူတို့က“ဦးကောသလ္လကဦးဉာဏိန္ဒအားပုဂ္ဂလိကအပ်သည်”ဟုကွဲပြားနေခြင်းသာဖြစ်သည်။ ဦးကောသလ္လကဦးဉာဏိန္ဒအားကျောင်းလွှဲအပ်သောအချိန်မှာအတူတူပင်ဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကယူဆကြသည်။ သောဓနာမှာဖော်ပြသကဲ့သို့“ဂဏသန္တကလှူဒါန်းစာ”သည် ယခုအငြင်းပွားချိန်မှရေးသားခြင်းမဖြစ်နိုင်အကြောင်းမှာယခုအအခါဘော့ပင်များဖြင့်ရေးသားကြသည်၊၎င်းစာမှာဖောင်တိန်မင်ဖြင့်ရေးသားထားခြင်းကိုတွေ့ရပေသည်။အချိန်ကြာသောပုံအသွင်ကိုဖော်ဆောင်နေသည်။ ထို့ကြောင့်ယင်းဂဏသန္တကလှူဒါန်းစာသည်ထိုဖော်ပြပါခုနှစ်အချိန်ကရေးသားထားသည်မှာထင်ရှားတော့သည်။ ဂဏသန္တကလှူဒါန်းမှုအတွက်သက်သေခံတရားဝင်နေပေသည်။ သက်တော်ရှည်ဆရာတော်ကြီးများဖြစ်ကြသောဆရာတော်ဦးစန္ဒိမာနှင့်ဦးဥတ္တမဆိုသည်မှာ၊ မဟာမှန်ကင်းကျောင်း၌ဂဏသန္ထကဟူသောအဆက်အစပ်မရှိပါဘဲလျက်စောဒကဦးနန္ဒိယ၏မဟုတ်မမှန်သက်သေခံခိုင်းချက်သက်သက်ဖြင့်မူကိုယ်စိတ်နှစ်ပါးအဆင်းရဲအပင်ပန်းခံပြီးမိမိတို့၏ဂုဏ်သိက္ခာအပျက်ခံကာမဟုတ်မမှန်ဘဲကြွရောက်လျက်အစစ်ခံထွက်ဆိုတော်မူကြလိမ့်မည်မဟုတ်ပါပေ။မှန်ကန်ပြီးအဆက်အစပ်မူလက ရှိခဲ့၍သာဒုက္ခခံကာကြွရောက်လာခြင်းဖြစ်ပေသည်။သက်တော်ရွယ်တော်ကြီးရင့်အိုမင်းတော်မူကြ၍မှားယွင်း ချွတ်ချော်မှုသတိမေ့မှုများကားရှိနိုင်လိမ့်မည်။ (၂)ထပ်(မြေထပ်နှင့်သုံးထပ်)တိုက်ကျောင်းအလူရှင် ဒေါ်ခင်မြ၏“ဂိုဏ်းကိုခွင့်တောင်း၍ဂိုဏ်း၏သဘောတူညီချက်အရအိမ်မှာဘဲဂိုဏ်းအားလှူဒါန်းလိုက်ပါသည်” ဟူသောထွက်ဆိုချက်သည်သောဓနာများမှာပါသလို လှူဒါန်းရန်ခွင့်တောင်းခြင်းမဟုတ်ဘဲဆောက်လုပ်ရန် ခွင့်တောင်းခြင်းဖြစ်သည်။ သို့ရာတွင်သရက်တောတိုက်မှာဆောက်လုပ်ရမည်ဖြစ်၍ ဂိုဏ်းကိုခွင့်တောင်းနေဖွယ်ရာမလိုဟုယူဆစရာရှိသော်လဲဆရာတော်ဦးဉာဏိန္ဒနှင့်အတူသွား၍ကျောင်းဆောက်လိုကြောင်းလျှောက်ထားခြင်းသာဖြစ်သည်။ အထူးအားဖြင့်ကျောင်းဒကာမဒေါ်ခင်မြကိုယ်တိုင်က “ဂိုဏ်းအားလှူဒါန်းပါသည်”ဟုထွက်ဆိုထားခြင်းကြောင့် ဆင်ကောင်ကြီးတွေ့နေမှဆင်ခြေရာရှာနေစရာမလိုတော့ပါပေ။ “ယထာ ဒါယကာ ၀ဒန္တိ၊ ၊ တထာ ပဋိပဇိတဗ္ဗံ”(ဝိ၊ဋ္ဌ၊၄၉၇) အရလေးရွာပဝါရဏာဂိုဏ်းပိုင်ဂဏသန္တကအဖြစ်မုချဧကန်လက်ခံပေတော့မည်။စောဒကဦးနန္ဒိယသည်ယခင်ကအောင်မင်္ဂလာစသင်တိုက်၌နေခဲ့ပါသည်။ ဆရာတော်ဦးမုဒိတ၏လျှောက်ထားချက်အရမလှိုင်မြို့နယ်အဆက်အနွယ်ရရှိရေးအတွက်ဆရာတော် ဦးဉာဏိန္ဒစာချရန်ဦးနန္ဒိယအားခေါ်ပါသည်။ မလာပါဟုသောဓနာဆိုထားရာဦးဉာဏိန္ဒကိုယ်တိုင် ဦးမုဒိတပါမလှိုင်ဂိုဏ်းအဆက်ညွတ်လျက်ရှိနေကြသည်မှာသိသာလှပေတော့သည်။ သို့ဖြစ်၍မဟာမှန်ကင်းကျောင်းအဆောက်အအုံများသည်သံယိကနှင့်ဂဏသန္တကဖြစ်သည်ကား ထင်ရှားနေပေသည်။ [သုံးသပ်ချက်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဦးကောသလ္လသည်ဦးဉာဏိန္ဒဇီးပင်ကန်ရွာကျောင်းကို လက်ခံထားသည်ကိုပယ်ဖျက်စေ၍မဟာမှန်ကင်ကျောင်း၌ဦးနန္ဒိယနှင့်အတူနေထိုင်စေခဲ့သည်။ တိသန်တကဝင်ဦးပဏ္ဍိတနှင့်ဦးနန်ဒိယတို့ပျံလွန်တော်မူကြသောအခါမိမိဦးကောသလ္လတစ်ပါးတည်းသာ ကျန်သည့်အပြင်မဟာမှန်ကင်းကျောင်းနှင့်ဝေးရာ မလှိုင်မြို့နယ်မှာနေရသည်ဖြစ်၍မိမိဘက်မှာအားနည်းနေခြင်း၊မဟာမှန်ကင်းကျောင်းသည်သရက်တောတိုက် သံဃိကမြေပေါ်မှာတည်ရှိ၍သံဃိကအားကောင်းနေခြင်း၊ထိုအချိန်မှာဦးရာဇိန္ဒကပင်မတသန္တကသံယိကဟု ပြောဆိုလာခြင်းတို့ကြောင့်စောင့်ရှောက်ထိန်းသိမ်းရန်အားဖြည့်သောအနေအားဖြင့်မလှိုင်လေးရွာပဝါရဏာဂိုဏ်းဝင်ဆရာတော်များနှင့်အတူလာရောက်၍ဆရာတော်ဦးနန္ဒိယအတွက်ကုသိုလ်ကောင်းမှုပြုရာတွင် လေးရွာဂိုဏ်းဝင်ဆရာတော်များအားကျောင်းထိုင်အဖြစ် အစောင့်အရှောက်ထားခြင်းသည်အမှန်ဟုယူဆရပေတော့မည်။ အဘယ့်ကြောင့်ဆိုသော်မိမိကကျောင်းထိုင်အဖြစ်ထားသောဦးဉာဏိန္ဒအပေါ်မှာရောဦးရာဇိန္ဒကဲ့သို့တစ်ခြား အနှောက်အယှက်ပေါ်လာရာများမိမိတစ်ပါးတည်းထက် ဂိုဏ်းဝင်ဆရာတော်များ၏အင်အားဖြင့်ဖိအားပေးကာ ထိန်းသိမ်းဖြေရှင်းပေးရန်လွယ်ကူခြင်းတို့ကြောင့်ဖြစ်ပေသည်။သို့ဖြစ်၍မဟာမှန်ကင်းကျောင်းအာရာမ်နှင့် ကျောင်းအဆောက်အအုံများသည်ဥပဎဍသံဃိက ဥပဎ်ဍဂဏသန္တကများဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ [၂-ထပ်(မြေထပ်နှင့်တကွသုံးထပ်)တိုက်ကျောင်း]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)ကျောင်းဒါယိကာမဒေါ်ခင်မြကသုံးထပ်တိုက်ကျောင်းကိုဆောက်လုပ်ပြီးစီးသောအခါရေစက်မချမီ အချိန်တွင်ဦးဉာဏိန္ဒအားတပည့်တော်တို့ဆောက်လုပ် လှူဒါန်းထားသောတိုက်ကျောင်းကိုအောက်ထပ်မှာ တပည့်တော်တို့မလှိုင်နယ်သားများရန်ကုန်လာသောအခါ တည်းခိုဖို့ဇရပ်အဖြစ်ထားရှိပြီးကျန်အထပ်များကို မလှိုင်မြို့နယ်၊လေးရွာပဝါရဏာဂိုဏ်းသံဃာအမှူးထား၍ သံယိကအဖြစ်လှူဒါန်းပါသည်ဟုလျှောက်ထားခဲ့ပါသည် (မူလစောဒနာ) (ခ)အလှူရှင်ဒေါ်ခင်မြကိုယ်တိုင်သုံးထပ်ကျောင်းကို ၁၃၃၅-ခု၊ကဆုန်လပြည့်ကျော်(၅)ရက်၁၉၉၁-ခု၊ မေလ(၂၀) ရက်၊ကြာသပတေးနေ့တွင်လေးရွာပဝါရဏာဂိုဏ်းသံဃာများကိုမိမိအိမ်သို့ပင့်၍လေးရွာပဝါရဏာဂိုဏ်းသံဃာအားလှူဒါန်းပါသည်။ “ကျောင်းတက်ပွဲကို၁၃၃၅-ခု၊ဒုတိယဝါဆိုဆန်း(၉)ရက်၊ ၁၉၉၁-ခုနှစ်၊ဇူလိုင်လ(၂၀)ရက်နေ့တွင်မဟာမှန်ကင်းကျောင်း၌ပြုလုပ်ခဲ့ပါသည်။ (စောဒနာ) (ဂ)အလှူရှင်ဒေါ်ခင်မြမိသားစုသည်သုံးထပ်တိုက်ကျောင်းကို၁၉၉၁-ခု၊မေလ(၂)ရက်၊ကြာသပတေးနေ့တွင် ဦးဉာဏိန္ဒကိုယ်တိုင်ကြွရောက်လာပြီး၎င်း၏ကမကထ ပြုလုပ်စီစဉ်ပေးမှုအရလေးရွာပဝါရဏာဂိုဏ်းသံဃာကို မလှိုင်မြို့ဒေါ်ခင်မြနေအိမ်သို့ပင့်ဆောင်ပြီးဂိုဏ်းအား လှူဒါန်းခဲ့ပါသည်။ (ဦးဥတ္တမထွက်ဆိုချက်) (ဃ)ကျောင်းဒကာကြီးဦးစံခင်နှင့်ဒေါ်ခင်မြတို့သည် အချင်းဖြစ်မဟာမှန်ကင်း၂-ထပ်တိုက် (၃-တပ်တိုက်၊စော-အဆို)ကျောင်းကိုဆောက်လုပ်ပြီးရေစက်ချလှူဒါန်းရာ၌ပုဂ္ဂလိကအဖြစ်ဆရာတော် ဦးဉာဏိန္ဒအားလှူဒါန်းခဲ့ခြင်းသာဖြစ်ပါသည်။ ဗွီဒီယိုတိတ်ခွေရှိပါသည်။(မူလ၊သော-၃၁) ဖော်ပြပါ(ခ)(ဂ)(ဃ)တို့တွင်(က)၌ဒေါ်ခင်မြက ရေစက်မချမီပင်ကြိုတင်၍ဦးဉာဏိန္ဒလေးရွာပဝါရဏာဂိုဏ်းအမှူးထား၍သံဃာအားလှူဒါန်းရန်လျှောက်ထားခြင်းဖြစ်သည်။ (ခ)နှင့်(ဂ)တို့၌ဒေါ်ခင်မြက(ဦးဉာဏိန္ဒစီစဉ်ပေး၍) အိမ်မှာပင့်ပြီးဂိုဏ်းသံဃာအားလှူဒါန်းကြောင်းဖော်ပြထွက်ဆိုထားသည်။တစ်ဖန်(ခ)၌နောက်(၂)လကျော်သောအခါကျောင်းတက်ပွဲမဟာမှန်ကင်းကျောင်း၌ ပြုလုပ်ကြောင်း ဖော်ပြသည်။ (ဃ)၌တိုက်ကျောင်းကိုမဟာမှန်ကင်းကျောင်း၌ပုဂ္ဂလိက ရေစက်ချလှူကြောင်းဖော်ပြထားသည်။ ဗွီဒီယိုဓါတ်ပုံကိုလည်းတင်ပြထားသည်။ [သုံးသပ်ချက်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အထက်တွင်ဖော်ပြသည့်အတိုင်း(က)(ခ)(ဂ)တို့၌ စောဒကဘက်ကလေးရွာပဝါရဏာဂိုဏ်းအား ဂဏသန္တကလှူဒါန်းကြောင်းပြဆိုပြီး(ခ)၌နောက်မှ ကျောင်းတက်ပွဲအလှူပြုလုပ်ခြင်းကိုပြသည်။ (ဃ)၌စုဒိတကဘက်ကရန်ကုန်မှာကျောင်းရေစက်ချဟု ဖော်ပြခြင်းဖြစ်သည်။ (က)(ခ)(ဂ)တို့အရတိုက်ကျောင်းကိုဂဏသန္တကအဖြစ်ဖြင့်လှူဒါန်းပြီးဖြစ်သောကြောင့်(ဃ)၌ဖော်ပြသလိုတိုက်ကျောင်းကိုနောက်ထပ်ကျောင်းရေစက်ချခြင်း မဖြစ်နိုင်၊ကျောင်းရေစက်ချပွဲလုပ်ပြီးရေစက်ချ ဆရာတော်ကကျောင်းရေစက်ချဆိုပေး၍ ကျောင်းဒါယကာကျောင်းဒါယိကာမတို့ကလိုက်ဆိုကြ သော်လည်းပဌမမူလဂဏသန္တကဂိုဏ်းပိုင်ကျောင်း ဖြစ်နေပြီးရကားဒါယကာပိုင်မဟုတ်သဖြင့်နောက်ထပ် ပြန်၍ပုဂ္ဂလိကကျောင်းအလှူမဖြစ်မြောက်နိုင်၊ပုဂ္ဂလိကကျောင်းအဖြစ်သို့ပြောင်းလဲမသွားနိုင်တော့ပေ။ ကျောင်းရေစက်ချခြင်းမှာအများကြည်ညိုဖွယ်ဖြစ်အောင်ရုပ်ပြလုပ်ဆောင်ရုံမျှဖြစ်တော့သည်။ သာဓကကား ••• (က)သံဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါ ဒိန်နကာလတော ပဋ္ဌာယ သံဃာဒယော ပဋိဂ္ဂါဟကာ ဧဝ ဝိစာရေတုံ ဣဿရာ န ဒါယကော။(ဝိ၊ လင်-၂၊ ၅၈) (ခ)ယဒါ ဒါယကော ဝိဟာရံ ပတိဌာပေတွာ ဒေတိ။ တဿ မုဉ္စစေတနံ ပတွာ ဒိန္နကာလတော ပဌာယ သော ဝါ တဿ ဝံသေ ဥပ္ပန္နော ဝါ ဇနပဒသာမိက ရာဇာဒယာ ဝါ ဣဿရာ ဘဝိတုံဝါ ဝိစာရတေုံ ဝါ လဘတီတိ ဒဌဗဗှံ။(ဝိလငှ၊၂-၆၁)။အဓိပပှါယကှား (က)သံဃာအားသော်လည်းကောင်း၊ဂိုဏ်းအားသော်၎င်း၊ ပုဂ္ဂိုလ်အားသော်လည်းကောင်း၊ပေးလှူပြီးရာအခါမှစ၍ အလှူခံဖြစ်ကုန်သောသံဃာစသည်တို့ကသာလျှင်(ဝါ) သံဃာဂိုဏ်းပုဂ္ဂိုလ်တို့ကသာလျှင်စီမံပိုင်ခွင့်ရှိကုန်၏။ စီမံခြင်းငှာအစိုးရကုန်၏၊ဒါယကာကစီမံခွင့်မရှိတော့ပါ။ (ခ)အကြင်အခါဒါယကာသည်ကျောင်းကိုတည်ဆောက်စေ၍ပေးလှူ၏၊ထိုကျောင်းဒါယကာ၏မုဉ္စစေတနာသို့ ရောက်၍ပေးလှူပြီးရာအခါမှစ၍ထိုဒါယကာကသော်၎င်းထိုဒါယကာ၏အဆက်အနွယ်ဖြစ်သောပုဂ္ဂိုလ်ကသော်လည်းကောင်း၊ဇနပုဒ်နယ်မြေကိုပိုင်သောမင်းစသောသူတို့ကသော်လည်းကောင်းအစိုးတရဖြစ်ခြင်းငှာ သော်လည်းကောင်း၊စီမံခြင်းငှာသော်လည်းကောင်း မရနိုင်ကုန်။ ခံယူသူဖြစ်၍ဖြစ်သောသံဃာကဖြစ်စေ၊ဂိုဏ်းကဖြစ်စေ၊ ပုဂ္ဂိုလ်ကဖြစ်စေထိုခံယူရရှိသူကသာလျှင်အစိုးတရ ဖြစ်ခြင်းငှာသော်လည်းကောင်း၊စီမံခြင်းငှာသော်၎င်း ရနိုင်တော့၏ဟုမှတ်သားအပ်၏။ ထို့ကြောင့်ပဌမတိုက်ကျောင်းကိုဒေါ်ခင်မြနေအိမ်၌ ဂိုဏ်းသံဃာအားဂဏသန္တကအဖြစ်ဖြင့်ပေးလှူထားပြီးဖြစ်ရာသရက်တောတိုက်မဟာမှန်ကင်းကျောင်း၌ တိုက်ကျောင်းကိုနောက်ထပ်ပုဂ္ဂလိကရေစက်ချသော်လဲ ပုဂ္ဂလိကမဖြစ်နိုင်၊သံယိကနှင့်ဂဏိက(ဝါ)ဥပဎဍသံဃိက ဥပဎ်ဍဂဏိကသာဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ [ဆသန္တကမြောက်/မမြောက်စိစစ်ခြင်း]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)မဟာမှန်ကင်းကျောင်းဆရာတော်ဘဒ္ဒန္တဉာဏိန္ဒ၏ ပုဂ္ဂလိကပိုင်ဖြစ်သော(၁)မဟာမှန်ကင်းကျောင်းမကြီး ၂-ထပ်တိုက်ကျောင်းနှင့်ဂရုဘဏ်လဟုဘဏ်ပစ္စည်းများကို(ပ)ဆရာတော်နှင့်အတူဆသန္တကခြောက်ပါးဆိုင်အဖြစ်၁၃၆၁-ခု၊သီတင်းကျွတ်လဆန်း(၁၂)ရက် (၂၁-၁၀-၉၉) ကြာသပတေးနေ့ ပြုလုပ်ကြပါသည်။ (ဆသန္တက စာချုပ်) (ခ)မူလမဟာမှန်ကင်းကျောင်းကြီးအပါအဝင်အဆောက်အအုံများကိုပိုင်ဆိုင်ခွင့်ရှိသောမည်သည့်ပုဂ္ဂိုလ်သံဃာကမျှပိုင်ဆိုင်ခွင့်ရှိသောအစိတ်အပိုင်းကိုဆရာတော်ဦးဉာဏိန္ဒအားပုဂ္ဂလိကလှူဒါန်းမှုမျိုးမရှိခဲ့ခြင်းကြောင့် ဆရာတော်ဦးဉာဏိန္ဒပုဂ္ဂလိကပိုင်အာရာမ်မြေကျောင်း အဆောက်အအုံမဖြစ်ပါ။ ဦးဉာဏိန္ဒပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိဘဲဆရာတော် ဦးဉာဏိန္ဒပျံလွန်တော်မူခါနီးဆေးရုံပေါ်တွင်ဆသန္တကစာချုပ်ကိုလျှို့ဝှက်ပြုလုပ်ပါသည်။(မူလစောဒနာ) (ဂ)ဦးဉာဏိန္ဒပုဂ္ဂလိကမပိုင်သောမဟာမှန်ကင်းကျောင်းကိုမည်သူအားမျှပုဂ္ဂလိကအဖြစ်ပေးပိုင်ခွင့်မရှိပါ။ ပေးသော်လည်း ပေးရာမရောက်ပါ။ (နေက်ဆုံးစောဒနာ) (ဃ)ဆရာတော်ဦးနန္ဒိယသည်မဟာမှန်ကင်းကျောင်း ပြန်လည်တည်ဆောက်ရာတွင်ကျောင်းမှာခပ်နိမ့်နိမ့် ဆောက်ထားသောအဆောင်ငယ်တစ်ဆောင်သာ ဖြစ်ပါသည်။ ဆရာတော်ဦးဉာဏိန္ဒသည်မူလကျောင်းငယ်ကိုနိမ့်ရာမှ မြှင့်ပြီးလက်ရှိအနေအထားကျောင်းဆောင်ဖြစ်လာအောင်တိုးချဲ့တည်ဆောက်ခဲ့ပါသည်။(မူလသောဓနာ) (က)(ခ)(ဂ)တို့၌စောဒကကမဟာမှန်ကင်းကျောင်းနှင့် အဆောက်အအုံများကိုပိုင်ဆိုင်သောပုဂ္ဂိုလ်သံဃာက ပိုင်ဆိုင်ခွင့်ရှိသောအစိတ်အပိုင်းကိုဦးဉာဏိန္ဒအား ပုဂ္ဂလိကပေးအပ်ခြင်းမရှိသောကြောင့်ဦးဉာဏိန္ဒက မဟာမှန်ကင်းကျောင်းကိုမည်သူ့အားမျှပေးပိုင်ခွင့်မရှိ၊ ပေးသော်လည်းပေးရာမရောက်ဟုဆိုထားသည်။ (ဃ)၌စုဒိတကကဦးနန္ဒိယလက်ထက်ကတည်ဆောက်ထားသောမဟာမှန်ကင်းကျောင်းကိုဦးဉာဏိန္ဒကနိမ့်ရာမှမြှင့်ပြီးလက်ရှိအနေအထားရောက်အောင်တိုးချဲ့တည် ဆောက်ခဲ့ပါသည်ဆိုထားသည်၊သို့ဖြစ်ရာဦးဉာဏိန္ဒ လက်ထက်မှတိုးချဲ့တည်ဆောက်ထားသောမဟမှန်ကင်းကျောင်းကြီးအစိတ်အပိုင်းမှာပုဂ္ဂလိကအဖြစ်ဆောက်လုပ်ပါကသံဃိကအဖို့မှကြွင်းသောပုဂ္ဂလိကအဖို့ဖြစ်သည်။ဦးနန္ဒိယလက်ထက်တည်ဆောက်သော မဟာမှန်ကင်းကျောင်းအစိတ်အပိုင်းကားဥပဎဍသံဃိကဥပဎ်ဍဂဏိကတည်း၊ပုဂ္ဂလိကမဖြစ်ပေ။ (က)စာချုပ်၌ဘဒ္ဒန္တဉာဏိန္ဒ၏ပုဂ္ဂလိကပိုင်ဖြစ်သော (၁)မဟာမှန်ကင်းကျောင်းမကြီး (၂)ထပ်ကျောင်းတိုက်ကျောင်းနှင့်ဂရုဘဏ်လဟုဘဏ်ပစ္စည်းများဟုဖော်ပြထားရာ၊ထိုတွင်(၁)၌အထက်ကအတိုင်း (က)ဦးနန္ဒိယလက်ထက်ကတည်ဆောက်ထားသော အဖို့အစိတ်ပိုင်းသည်ဥပဎ်ဍသံဃိက၊ဥပဎ်ဍဂဏိက၊ (ခ)ဦးဉာဏိန္ဒလက်ထက်မှတည်ဆောက်သောအဖို့အစိတ်အပိုင်းသည်ဥပဎ်ဍသံဃိက၊ဥပဎ်ဍပုဂ္ဂလိကဖြစ်သည်၊ (၂)ထပ်တိုက်ကျောင်းသည်ဥပဎ်ဍသံယိက၊ ဥပဎ်ဍဂဏိကဖြစ်သည်၊ဦးဉာဏိန်ဒလက်ထက်မှ ဖြစ်သောကျန်အဆောက်အဦနှင့်ဂရုဘဏ်လဟုဘဏ်ပစ္စည်းများသည်ဥပဎ်ဍသံဃိက၊ဥပဎ်ဍပုဂ္ဂလိကများ ဖြစ်ကြသည်။ တစ်ဖန်စာချုပ်၌“ဘဒ္ဒန္တဉာဏိန္ဒ၏ပုဂ္ဂလိကပိုင်ဖြစ်သော” ဟုဆိုထားသောကြောင့်(၁)ကျောင်းမကြီး၏ထက်ဝက် ဥပဎ်ဍသည်သံဃိကဖြစ်သည်။ကျန်တစ်ဝက်ဥပဎ်ဍတွင် ဦးနန္ဒိယလက်ထက်တည်ဆောက်သောအစိတ်အပိုင်း တစ်စိတ်သည်သာပုဂ္ဂလိကဖြစ်သည်။ (၂)၌နှစ်ထပ်တိုက်ကျောင်းသည်သံဃိကနှင့်ဂဏိက ဖြစ်သည်၊ကျန်အဆောက်အဦများနှင့်ဂရုဘဏ်လဟုဘဏ်များသည်သံဃိကပုဂ္ဂလိကတစ်ဝက်စီသာဖြစ်သည် ထိုတွင်ပုဂ္ဂလိကအဆောက်အဦအစိတ်အပိုင်းများနှင့် ဂရုဘဏ်လဟုဘဏ်များသာဆသန္တကစာချုပ်၌ အကျုံးဝင်တော့သည်။အများစုသံဃိကနှင့်ဂဏိကတို့ကားဤစာချုပ်၌ အကျုံးမဝင်တော့ပေ၊ ဤကားစာချုပ်၌ဆိုထားသောစကားအရသုံးသပ်ခြင်း​ဖြစ်သည်။ ဖော်ပြပါ(က)စာချုပ်တွင်(၁)(၂)တို့၌ပါဝင်သည့်သံဃိကအဖို့ဖြစ်သောကျောင်းအဆောက်အဦဂရုဘဏ်တို့ကို ဆသန္တကစာချုပ်ပြုလုပ်၍ပုဂ္ဂလိကမပေးကောင်း၊ ပေးသော်လည်း ပေးမရောက်ကုန်။သာဓကမှာ ပဥ်စိမာနိ ဘိက္ခဝေ အဝိဿဇ်ဇိယာနိ န ဝိဿဇ္ဇေတဗ္ဗာနိ သံဃေန ဝါ ပုဂ္ဂလေန ဝါ ဝိဿဇိတာနိပိ အဝိဿဇ်ဇိတာနိ ဟောန္တိ၊ကတမာနိ ပဉ္စ အာရာမော အာရာမဝတ္ထု (ပ) ဝိဟာရော ဝိဟာရဝတ္ထု စသည် (စူဠဝါ-ပါ)။ ဣဒံ ဟိ သဗဗွမမွိ ဂရုဘဏဍှံ ဣဓ အဝိဿဇဈွိယံ ကီဋာဂိရိဝတ်ထုသမိံ အဝဘေငျဂိယန်တိ ဝုတ်တံ။ [ဝိဋ်ဌ/၄/၇၆] သံဃိကေ ဝိဟာရဿ ဂရုဘဏ္ဍတ္တာ အဝိဿဇ္ဈိယံ အဝေဘင်္ဂိကံ ဟောတိ န ကဿစိ ဒါတဗ်ဗံ။ ဝိလင်၂၊၆၅ ဂဏသန္တကအဖို့သောကျောင်းအဆောက်အဦဂရုဘဏ်တို့ကိုလည်းဆသန္တကစာချုပ်ပြုလုပ်၍မပေးရ၊မပေးနိုင်ပေ၊ပေးသော်လည်းပေးရာမရောက်။ ဤ၌ဂဏဟူသည်ဂဏသန္တကလှူဒါန်းစာပါဆရာတော်ကြီး (၈)ပါးတည်း၊သန္တကဝင်များခွဲဝေ၍ဖြစ်စေ၊အားလုံး သဘောတူ၍ဖြစ်စေ၊ပေးနိုင်သည်၊အပေးမြောက်သည်။ သာဓကမှာ .. ဒွိန်နံ သန္တကံ ဟောတိ အဝိဘတ္တံ ဧကသ္မိံ ကာလင်္ကတေ ဣတရော သာမိ၊ဗဟူနမ်ပိ သန္တကေ ဧသေဝ နယော၊ သဗ္ဗေသု မတေသု သံဃိကံ ဟောတိ၊သစေပိ အဝိဘဇိတွာ သဒ္ဓိဝိဟာရိကာဒီနံ ဒေန္တိ၊ အဒိန္ဒမေဝ ဟောတိ၊ ဝိဘဇိတွာ ဒိန္နံ ပန သုဒိန္နံ။(ဝိ-ဋ္ဌ-၃၊၄၁၅) ဂဏသန်တကေ ပန တသ်မိံ ဂဏေ ယာဝ ဧကော ပိ အတ်ထိ၊ တာဝ ဂဏသန်တကောဝ တနေ အဝသိဋ်ဌနေ ဘိက်ခုနာ ဝိစာရေတ​ေဗ္ဗာ။(ဝိလင်-၂/၆၄) ဆရာတော်ဦးဉာဏိန္ဒလက်ထက်တည်ဆောက်ဖြစ်ပေါ်လာသောပုဂ္ဂလိကအဖို့အစုကိုမူပေးနိုင်ပေသည်။ သို့ရာတွင်ဂဏသန္တကတို့နှင့် းရောနှောသော ကျောင်းအဆောက်အဦများမှာခွဲထုတ်၍ မရနိုင်ခြင်းကြောင့်အစောင့်အရှောက်မှတစ်ပါး သီးခြားပုဂ္ဂလိကအဖြစ်သို့မရောက်နိုင်ဟု သုံးသပ်တော်မူကြသည်။ မှတ်ချက်။ ။ဂဏသန္တဝင်ဆရာတော်(၈)ပါးသည် တစ်ချို့ပျံလွန်တော်မူကြပြီးအချို့မှာသက်တော်ထင်ရှား ရှိတော်မူကြသေးသည်။ ထိုကျန်ရှိသောဆရာတော်များကလည်းမူလကပင် မှန်ကင်းကျောင်းကိုမိမိပိုင်လို၍မဟုတ်ဘဲ၊စောင့်ရှောက်ထိန်းသိမ်းရန်လွယ်ကူစေဖို့ဂဏသန္တကပြုလုပ်ထားခြင်းကြောင့်လက်ရှိပုဂ္ဂိုလ်များကိုကျေနပ်စွာခွင့်ပြုမှာ ဖြစ်ပါသည်၊လျှောက်ထားခွင့်ပန်ရုံသာလိုပါတော့သည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)သရက်တောတိုက်အာရာမ်မြေသည်သံဃိကဖြစ်၍ ၎င်းမြေပေါ်၌တည်ဆောက်ထားသောကျောင်းအဆောက်အဦများသည်အများစုသံဃိကဖြစ်သည်။ (ခ)တိသန္တကဝင်ဆရာတော်သုံးပါးတွင်ဦးနန္ဒိယနှင့် ဦးပဏ္ဍိတတို့ပျံလွန်တော်မူကြသောအခါမဟာမှန်ကင်း ကျောင်းရှိဦးရာဇိန္ဒကမဟာမှန်ကင်းကျောင်းသည် မတသန္တကသံယိကဖြစ်သည်ဟုပြောဆိုလာသည်။ (ဂ)တိသန်တကဝင်ကျန် ဆရာတော်ဦးကောသလ္လသည် မဟာမှန်ကင်းကျောင်း၌မိမိတစ်ပါးတည်းကျန်နေသဖြင့် မဟာမှန်ကင်းကျောင်းကိုစောင့်ရှောက်ထိန်းသိမ်းရန် အားနည်းနေသည်ကိုပါသိရှိလာသည်။ (ဃ)မဟာမှန်ကင်းကျောင်းကိုစောင့်ရှောက်ထိန်းသိမ်းရာ၌အင်အားကောင်းလာစေရန်မိမိအပါအဝင်မလှိုင်မြို့၊ လေးရွာပဝါရဏာဂိုဏ်းဝင်ဆရာတော် (၈)ပါးအား လှူဒါန်းစာရေး၍ဂဏသန္တကအဖြစ်ပြုလုပ် လှူဒါန်းခဲ့ပါသည်။ (င)ထိုဂိုဏ်းမှတဆင့်ဦးဉာဏိန္ဒအားအစောင့်အရှောက်ကျောင်းထိုင်လွှဲအပ်ခဲ့ပါသည်။ (စ)ယင်းဂဏသန္တကလှူဒါန်းစာသည်ယခုအချင်းများချိန်ကျမှရေးသားသောစာမဟုတ်ဘဲအချိန်အတော်ကြာကပင် ရေးသားထားသည့်စာဖြစ်သောကြောင့်အမှု၌သက်သေခံအဖြစ်တရားဝင်သည်ဟုဤဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်များကယုံကြည်ကြသည်။ (ဆ)မဟာမှန်ကင်းကျောင်းကြီးကိုဦးဉာဏိန္ဒလက်ထက် တိုးချဲ့တည်ဆောက်သော်လည်းဆရာတော်ဦးနန္ဒိယ လက်ထက်ကကျောင်းကိုအခြေခံ၍တည်ဆောက်ထားသဖြင့်သံဃိကဂဏသန္တကရောနှောပါဝင်လျက်ရှိသည်။ (ဇ)၂-ထပ်တိုက်ကျောင်းသည်အလှူရှင်ကျောင်းအမကိုယ်တိုင်ကဂိုဏ်းအားလှူဒါန်းပါသည်ဟုဆိုခြင်းကြောင့် ဥပဎ်ဍသံယိက၊ဥပဎ်ဍဂဏိကဖြစ်သည်။ (ဈ)ဆသန္တကစာချုပ်ကိုစဉ်းစားပါကမရိုးမသားလျှို့ဝှက်ပြုလုပ်ထားသည်မှာသိသာထင်ရှားနေပါသည်။ (ည)ယင်းစာချုပ်မှာဦးဉာဏိန္ဒလက်မှတ်ပါရှိနေ၍ တရားဝင်သည့်တိုင်အောင်“ဘဒ္ဒန္တဉာဏိန္ဒ၏ပုဂ္ဂလိကပိုင်ဖြစ်သော”ဟုဆိုခြင်းကြောင့်သံဃိက၊ဂဏသန္တက လွှမ်းမိုးလျက်ပုဂ္ဂလိကအနည်းစုသာပါဝင်ရကား ဆသန္တကအစစ်မဖြစ်နိုင်၊အစောင့်အရှောက်မျှသာ ဖြစ်နိုင်တော့သည်။ (ဋ)မဟာမှန်ကင်းကျောင်းအာရာမ်မြေနှင့်တကွကျောင်းအဆောက်အအုံဂရုဘဏ်၊လဟုဘဏ်တို့သည်သံဃိကအများစုနှင့်ဂဏသန္တကအဖို့အစုပုဂ္ဂလိကအဖို့အစုတို့လည်းပါရှိနေသည်။ (ဌ)စောဒက/စုဒိတကပုဂ္ဂိုလ်တို့သည်သံဃိကအများစုကို သံဃိကအသုံးပြု၍လည်းကောင်း၊ဂဏသန္တကအဖို့အစုကိုသက်တော်ထင်ရှားကျန်ရှိနေသောလေးရွာပဝါရဏာဂိုဏ်းဝင်ဆရာတော်များအားပန်ကြား၍လည်းကောင်း၊ ပုဂ္ဂလိကအဖို့အစုကိုပုဂ္ဂလိကအဖြစ်အသုံးပြု၍သော်လည်းကောင်းစောင့်ရှောက်နေထိုင်ခွင့်ရှိကြသည်။ သို့ဖြစ်၍အယူခံဝင်စောဝကဦးနန္ဒိယနှင့်အယူခံဝင် စုဒိတကဦးတေဇောဘာသပါ(၃)ပါးတို့ဖြစ်ပွားသော ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊သရက်တောတိုက်၊ မဟာမှန်ကင်းကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းကို နိုင်ငံတော်ဝိနည်းမိုရ်ဆရာတော်ကြီးများက ဝိနည်းတရားတော်နှင့်အညီတစ်ညီတစ်ညွတ်တည်း လက်မှတ်ရေးထိုး၍အောက်ပါအတိုင်းဆုံးဖြတ်ချက် ချမှတ်တော်မူပါသည်- [ဆုံးဖြတ်ချက်]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)မဟာမှန်ကင်းကျောင်းအရံ(အာရာမ်)သည် သံယိကဖြစ်သည်။ (၂)မဟာမှန်ကင်းကျောင်းအရံအာရာမ်)အတွင်းရှိ အဆောက်အအုံ(ကျောင်းတိုက်တာစသည်)များမှာမူ အများစုသံဃိက၊အချို့ဥပဎ်ဍသံယိက၊ဥပဎ်ဍဂဏိက များဖြစ်ကြပါသည်။ (၃)သာသနာဓဇဓမ္မာစရိယဘွဲ့တံဆိပ်ရပြီးဖြစ်သော စောဒကဦးနန္ဒိယနှင့်စုဒိတကဦးတေဇောဘာသ (၂)ပါးတို့သည်ဖော်ပြပါ(အများစုသံဃိကဖြစ်၍အနည်းစု ဥပဎ်ဍဂဏိကဖြစ်သော)မဟာမှန်ကင်းကျောင်း၌ သမာနဂုဏိက၊ဓုဝဝါသ၊အနုဌာပနိယ၊ရက္ခကဂေါပက ကျောင်းထိုင်ဆရာတော်များအဖြစ်ဖြင့်ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ(သမဂ္ဂသမောဒါန)ဖြစ်အောင်ညီညွတ်စွာ သီတင်းသုံးနေထိုင်ကြလျက်မဟာမှန်ကင်းကျောင်းတိုက် သာသနာတိုးတက်ကြီးပွားအောင်ဆောင်ရွက်ကြရမည်။ (၄)မဟာမှန်ကင်းကျောင်းတိုက်၌သီတင်းသုံးဆဲ၊ သီတင်းသုံးလတ္တံ့ဖြစ်ကုန်သောရဟန်းသာမဏေ စသူတို့သည်လည်း ကျောင်းထိုင်ဆရာတော်များဖြစ်ကြသောဦးနန္ဒိယ၊ဦးတေဇောဘာသတို့၏အဆုံးအမသြဝါဒကိုခံယူ၍ဆရာတော်(၂)ပါးတို့တိုင်ပင်ညှိနှိုင်း ရေးဆွဲသောကျောင်းတိုက်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင်ကြရမည်။ [ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက်/မြို့ ၁။ဘဒ်ဒန်တဉာဏဒီပ(သဘာပတိ) သိုက်ကုန်းကျောင်း၊မအူပင်မြို့။ ၂။ဘဒ္ဒန္တဣန္ဒာစာရ (အဖွဲ့ဝင်) သီရိမင်္ဂလာကျောင်း၊ဘိုကလေးမြို့။ ၃။ဘဒ္ဒန္တနန္ဒမာလာ(အဖွဲ့ဝင်) ရတနာအုဋ်ကျောင်းတိုက်၊ပုသိမ်မြို့။ ၄။ဘဒ္ဒန္တပညာစက္က(အဖွဲ့ဝင်) မဟာဗောဓိကျောင်း၊သာပေါင်းမြို့။ ၅။ဘဒ္ဒန္တစိန္တိတာလင်္ကာရ(အဖွဲ့ဝင်) ပစ္ဆိမာရုံစာသင်တိုက်၊မော်လမြိုင်ကျွန်းမြို့။

                                 ပြီးပါပြီ။
၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၁၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့၏ဝိနည်းဓမ်မကံစီရင်ထုံးအမှတ်(၃)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊(၈)ရပ်ကွက်၌ ဖြစ်ပွားသောဦးညွှန့်မောင်ပါ(၈)ဦးနှင့်ဦးပညာဇောတ၏ သီးပင်ကျောင်း(ဝတ္ထုကံမြေ)ဝိဝါဒါဓိကရုဏ်းမှုခင်း [ဝတ္ထုကံမြေသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့၊ဦးပိုင်အမှတ် (၁၈)၊ဧရိယာ(၂- ၁၂)ဧကရှိမြေကွက်သည် ဦးကျော်ခေါင်+ဒေါ်ကြည်မိသားစုတို့၏ဘိုးဘွားပိုင် မြေဖြစ်သည်။ ထိုမြေကိုပိုင်ရှင်ဦးကျော်ခေါင်+ဒေါ်ကြည်တို့က ဘုရားကျောင်းဝတ္ထုကံမြေအဖြစ်သီးပင်ကျောင်း ဆရာတော်ဦးကုသလအားစာချုပ်နှင့်တကွ လှူဒါန်းခဲ့ကြသည်။ ဒုတိယအကြိမ်မူလအလှူရှင်၏သားသမီးများ ဖြစ်ကြသောဦးရွှေလုံး၊ဦးရွှေဇံ၊ဦးကျော်သူ ဒေါ်ဂျမ်းဘောတို့ကဆရာတော်ဦးကုသလသို့ပင် ၁၂၉၈-ခုနှစ်ကသံဃဝတ္ထုကံမြေအဖြစ်ရေစက်ချ လှူဒါန်းခဲ့ကြပါသည်။ တတိယအကြိမ်ထပ်မံ၍မူလအလှူရှင်၏မြေးသားများဖြစ်ကြသောဦးသာအေး၊ဦးမောင်နှင့်ဒေါ်တုတ်၊ ဦးညိုလုံးနှင့်ဦးလွန်းမောင်တို့ကသီးပင်ကျောင်း ဆရာတော်ဦးပဏ္ဍိစ္စသို့၁၃၅၂-ခုနှစ်တွင် မြို့နယ်သံဃနာယကဆရာတော်များရှေ့မှောက်တွင် သီးပင်ကျောင်းဝတ္ထုကံမြေအဖြစ် လှူဒါန်းခဲ့ကြပြန်ပါသည်။ စတုတ္ထအကြိမ်ဒေါ်တုတ်၊ဦးလွန်းမောင်၊ဦးစိုးမြင့်တို့က သီးပင်ကျောင်းတို့ကိုဆက်ခံသောဆရာတော် ဦးပညာဇောတသို့၁၃၅၆-ခုနှစ်တွင်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့်မြို့နယ်တရားသူကြီးတို့ရှေ့မှောက်တွင်ကျမ်းသစ္စာကျိန်ဆို၍သီးပင်ကျောင်းဝတ္ထုကံမြေအဖြစ်ဆက်လက်လှူဒါန်းခဲ့ကြပါသည်။ ထိုကဲ့သို့မိသားစုအဆက်ဆက်တို့အဆင့်ဆင့်လှူဒါန်း ခဲ့သောအချင်းဖြစ်မြေပေါ်သို့၁၃၁၇-ခုနှစ်၊ယင်းမာပင်မြို့ကိုမီးလောင်သည့်အချိန်မှစ၍လူနေအိမ်များရောက်ရှိ လာခဲ့ပေသည်။ ထိုမှတစ်ဆင့်တက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)နှင့်မိုးကုတ်ဝိပဿနာမင်္ဂလာဓမ္မရိပ်သာတို့ရောက်ရှိလာခဲ့ကြပေသည်။ ထိုအချိန်မှစ၍အချင်းဖြစ်မြေသည်တစ်လိမ်နှစ်လိမ် လိမ်ကာရှုပ်အမယ်ဘုတ်ရဲ့သူ့ချည်ခင်ဘဝသို့ရောက်ရှိ ခဲ့ရပေသည်။ ဤသည့်အရှုပ်အထွေးကိုပြေလည်ငြိမ်းအေးစေရန် ဆရာတော်ဦးပညာဇောတသည်ဝိနည်းဓမ္မကံအဓိက ရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီစောဒကပုဂ္ဂိုလ်ပြုလုပ်၍ မြို့နယ်သံဃနာယကအဖွဲ့သို့ ၂၈-၆-၉၄နေ့တွင် စောဒနာလွှာတင်သွင်းသွားခဲ့ပေသည်။ မြို့နယ်သံဃနာယကအဖွဲ့သည်စောဒနာလွှာရရှိသော အခါဦးဘမောင်ပါ(၁၀)ဦးအားသောဓနာလွှာ တောင်းပြီးလျှင်ဝိ/လုပ်ထုံးလုပ်နည်းအခန်း(၂)အပိုဒ် (၅) အပိုဒ်ခွဲ(ခ)၁-အရနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အမှုတွဲနှင့်တကွလွှဲပြောင်းပေးအပ်လိုက်ပေသည်။ ဤသည်ပင်မှုခင်းဖြစ်ပေါ်ရခြင်းအကြောင်းရင်း ဖြစ်ပေသည်။ နိုင်ငံတော်သံဃနာယကအဖွဲ့သည်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးထွန်းကားရေးအတွက် တစ်သာသနာလုံး၏လုပ်ငန်းကိစ္စများဖြစ်ကြသည့် (၁)ဝိနိစ္ဆယရေးရာ(၂)သာသနာရေးရာ (၃)ပညာရေးရာဟုဆိုအပ်သောသာသနာ့တာဝန်ကြီးအရေးသုံးပါးကိုဦးဇောက်ချလုပ်ကိုင်ဆောင်ရွက်နေ ရသည်အားလျော်စွာမိမိတို့ထံမှောက်သို့အမှန်ရောက် လာသောအချင်းဖြစ်အမှုတွဲကိုဝိလုပ်ထုံးအခန်း(၄)၊ အပိုဒ်-၂၄(ခ)အရအငြင်းပွားပစ္စည်းဘဏ္ဍာများရှိရာ စစ်ကိုင်းတိုင်း၊သံဃနာယကအဖွဲ့သို့ဝိနည်းဓမ္မကံအဓိက ရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ညွှန်ကြားစာနှင့်အတူပေးပို့လိုက်ကြပေသည်။ စစ်ကိုင်းတိုင်းသံဃနာယကအဖွဲ့သည်နိုင်ငံတော် သံဃနာယကအဖွဲ့မှချမှတ်ပေးလိုက်သော ဝိဝါဒါဓိကရုဏ်းမှုခင်းကိုစစ်ဆေးနိုင်ရန်ဂိုဏ်းပေါင်းစုံ တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၆)ကိုဖွဲ့စည်း၍ စစ်ဆေးစေခဲ့ပါသည်။ ဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၆) ဝိနည်းဓိုရ်ဆရာတော်များသည်ယင်းမာပင်မြို့၊ (၈)ရပ်ကွက်၊သီးပင်ကျောင်းတိုက်၌ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်းမှုခင်းကိုဝိနည်းတရားတော်နှင့်အညီ ကြားနာစစ်ဆေးသုံးသပ်ဆုံးဖြတ်၍မူလစောဒက ဦးပညာဇောတအားအနိုင်ပေးလိုက်ပါသည်။ စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၆)၏ ဆုံးဖြတ်ချက်ကိုမကျေနပ်သောမူလစုဒိတက ဦးညွန့်မောင်ပါ(၈)ဦးတို့ကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်သောကြောင့် ပယ်ဖျက်ပေးပါရန်နိုင်ငံတော်အယူခံစောဒနာလွှာ တင်သွင်းလာကြပါသည်။ [နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဖွဲ့စည်းခြင်း]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်အယူခံစောဒနာဝင်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၉၇)ကို ဖွဲ့စည်းပြီးလျှင်အမှုတွဲကိုလွှဲပြောင်းပေးအပ်လိုက် ပေသည်။ [နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၏ခံယူချက်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဤသို့အားဖြင့်ယင်းမာပင်မြို့၊သီးပင်ကျောင်း၌ ဖြစ်ပွားသောဝိဝါဒါဓိကရုဏ်မှုခင်းသည်မိမိတို့လက်ထဲသို့ကောင်းစွာရောက်ရှိလာခဲ့ပေသည်။ အမှုနှင့်ပတ်သက်သည့်ပစ္စည်းများမှာဖိုင်တွဲ(၆)ခု၊ စာရွက်(၄၅၉)ရွက်၊အသံဖမ်းတိတ်ခွေ(၂)ခွေ၊ ဓာတ်ပုံ(၉)ပုံတို့ဖြစ်သည်။ ဤကဲ့သို့များပြားလှစွာသောစာရွက်စာတမ်း အသံဖမ်းတိတ်ခွေနှင့်ဓာတ်ပုံတို့ကိုအပြန်ပြန်အလှန်လှန် အဖန်ဖန်အထပ်ထပ်ကြည့်ရှုသုံးသပ်ကြရာမှာ ချစ်,ကြောက်,မုန်း,တွေ,လေးထွေအဂတိ ကင်းစင်ဘိ၍ ဓမ္မဝိနယနှင့်အညီစိတ်တူကိုယ်မျှဆုံးဖြတ်ကြပေမည်။ [မူလစောဒနာ,သောဓနာသုံးသပ်လွှာ]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အမှုတွဲလက်ခံရရှိသောမိမိတို့နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များသည်ဝိ/လုပ်ထုံးဝိနိစ်ဆယလက်စွဲတို့နှင့် ညီညွတ်စွာကြည့်ရှုသုံးသပ်ရမည်ဖြစ်ရာမူလစောဒနာ၌ စောဒကပုဂ္ဂိုလ်တင်ပြထားသည်မှာ-ယင်းမာပင်မြို့၊ (၈)ရပ်ကွက်၊(၂.၀၂)ဧကရှိမြေသည်အစဉ်အလာအရ ဘိုးဘွားပိုင်မြေဖြစ်၍ဦးကျော်ခေါင်+ဒေါ်ကြည်တို့မှစ၍ သားသမီးမြေးမြစ်တို့ကျအောင်လေးကြိမ်တိုင်တိုင် လှူဒါန်းခဲ့သောဘုရားကျောင်းဝတ္ထုကံမြေဖြစ်သည်ကို မြေစာရင်း၊မြေပုံကျမ်းသစ္စာပြုစာလွှာများနှင့် မြို့နယ်သံဃနာယကစသောရဟန်းတော်များ၊လူပုဂ္ဂိုလ် များတို့ကိုအသိသက်သေအဖြစ်တင်ပြကာ ရယူလိုသောအဆုံးအဖြတ်ဆိုလိုရင်းမှာ- ၁။အချင်းဖြစ်မြေကိုဘုရားကျောင်းသံဃဝတ္တုကံမြေအဖြစ်သတ်မှတ်ပေးရန်။ ၂။ယင်းသံဃဝတ္ထုကံမြေပေါ်ရှိပုဂ္ဂိုလ်များအားလုံးကို ဖယ်ရှားပေးရန်။ ၃။ယင်းမြေကိုဦးပညာဇောတလက်ရောက်ပေးအပ်ရန် တို့ဖြစ်သည်။ မူလစုဒိတကဘက်မှသောဓနာလွှာတင်ရာတွင်မိုးကုတ်ဝိပဿနာဓမ္မာရုံဆောက်လုပ်ရေးနှင့်ပတ်သက်၍ (မဝတ)မှကန့်ကွက်ရန်မရှိကြောင်းစာလွှာ၊(တဝတ) စည်းဝေးဆုံးဖြတ်ချက်အမှတ်(၉၃)အရ(၀.၈၄)ဧကမြေကိုလယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးနည်းဥပဒေ(၈၄)အရ ခွင့်ပြုထားပြီးဖြစ်ကြောင်း(တဝတ)(မဝတ)တို့၏ ညွှန်ကြားချက်နှင့်အညီမြေစာရင်းဦးစီးဌာနမှလည်း အခွန်လွတ်ဂရံလျှောက်ထားခိုင်းချက်အရလျှောက်ထားပြီးဖြစ်ကြောင်းရှိခိုးလျှောက်ထားအပ်ပါသည်ဘုရားဟု ဖော်ပြပြီးခိုင်လုံသောသက်သေအထောက်အထားတို့ဖြင့် တင်ပြထားပါသည်။ ပြန်/ဆက်ရုံးဒု-ဦးစီးမှူးမှလည်းတိုင်းဝိနည်းဓိုရ်စစ်ဆေးမေးဖြေရာ၌ဌာနဆိုင်ရာအသီးသီးတို့၏ထောက်ခံချက်များအထောက်အထားပြုမိတ္တူနောက်ဆက်တွဲ(က)မှ (ည)အထိသက်သေခံများနှင့်အတူခိုင်လုံစွာပြည့်ပြည့်စုံစုံ ပူးတွဲတင်ပြထားပေသည်။ ထို့ကြောင့်ပင်မူလစောဒနာလွှာ,သောဓနာလွှာတို့ကို တိုင်းတာကြည့်မည်ဆိုလျှင်မူလစုဒိတဘက်မှ အားသာနေပေသည်။ အကြောင်းကား (မဝတ)(တဝတ)နှင့်ဌာနဆိုင်ရာအသီးသီးတို့ထောက်ခံချက်ပေးထားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့မှလည်းဖိအားပေးထားခြင်း တို့ကြောင့်ဖြစ်သည်။ သို့သော်အချို့သောအထောက်အထားပြုလွှာများသည် မိမိတို့အတွက်မဖြစ်ဘဲတစ်ဘက်စောဒကတို့အား အထောက်အကူပြုနေသည်ကိုပင်တွေ့ရပေသည်။ မိမိတို့ထွက်ဆိုတင်ပြထားသောအချို့စကားလုံများသည် မိမိတို့ကိုယ်တိုင်ထွက်ဆိုတင်ပြသည့်စကားသည်ပင် မိမိတို့အတွက်မဖြစ်ဘဲတစ်ဖက်ပုဂ္ဂိုလ်အားအထောက် အကူပြုဖြစ်သွားခဲ့ရပေသည်။ ဤသည်တို့ကိုကျွန်ုပ်တို့ဦးစားပေးကိုင်တွယ်သုံးသပ်ရမည့်နိုင်ငံတော်စောဒနာသောဓနာများကျမှအပြန်ပြန် အလှန်လှန်အဖန်ဖန်အထပ်ထပ်ကြည့်ရှုသုံးသပ်ကြကာ အတွင်းရှုပ်အပြင်ရှုပ်အလွန်ရှုပ်လှသောအမယ်ဘုတ်ရဲ့ သူချည်ခင်ကိုတစ်မျှင်ချင်းတစ်မျှင်ချင်းအမြင်ရှင်းအောင်ထင်လင်းစွာသုံးသပ်ဆုံးဖြတ်သွားမည် ဖြစ်ပေသည်။ [စောဒနာ,သောဓနာအဖြေရှာ]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၉၇)ဝိနည်းဓိုရ်ဆရာတော်တို့သည်နိုင်ငံတော်အယူခံဝင်စောဒနာလွှာ တို့ကိုကြည့်ရှုသောအခါဦးညွန့်မောင်ပါ(၈)ဦးတို့၏ စောဒနာလွှာများတူနေခြင်း၊ဒေါ်မြဝင်းကြည်၊ဒုဦးစီးမှူး၊ ပြန်/ဆက်ဦးစီးဌာနမှသီးခြားစောဒနာတင်သွင်းသော်လည်းဆိုလိုရင်းအချက်အလက်တို့မှာကွာခြားမှုမရှိသောကြောင့်ကြည့်ရှုသုံးသပ်ရာ၌လိုအပ်ရာရာတို့ကို တူရာပေါင်းရုံး၍သုံးသပ်သွားကြမည် ဖြစ်ပါသည်။ နိုင်ငံတော်အယူခံစောဒနာလွှာ၌စောဒကပုဂ္ဂိုလ်များတင်ပြကြသည်မှာအချင်းဖြစ်မြေကို ဦးကျော်ခေါင်+ဒေါ်ကြည်တို့ကပထမအကြိမ်ဦးကုသလအားလှူဒါန်းမှုသည်လည်းကောင်း၊သားသမီးများဖြစ်ကြသောဦးရွှေထုံးပါ(၄)ဦးတို့ကဦးကုသလသို့ပင်ဒုတိယအကြိမ်လှူဒါန်းမှုသည်လည်းကောင်း၊တဖန်ဦးသာအေးပါ (၅)ဦးတို့ကတတိယအကြိမ်ဦးပဏ္ဍိစ္စအားလှူဒါန်းမှုသည်လည်းကောင်း၊နောက်ဆုံးဒေါ်တုတ်၊ဦးလွန်းမောင်၊ ဦးစိုးမြင့်တို့ကစတုတ္ထအကြိမ်ဦးပညာဇောတအား လှူဒါန်းမှုသည်လည်းကောင်းလေးကြိမ်စလုံးလှူဒါန်းမှု မမြောက်ဟုတင်ပြထားသည်။ နောက်တစ်ဖန်နိုင်ငံတော်သောဓနာလွှာ၌စုဒိတကပုဂ္ဂိုလ်ဆရာတော်ဦးပညာဇောတကတင်ပြသည်မှာ ပထမအကြိမ်ဦးကျော်ခေါင်+ဒေါ်ကြည်တို့ကဦးကုသလအားစာချုပ်စာတမ်းနှင့်တကွရေစက်ချလှူဒါန်းသည်၊ ဒု-အကြိမ်ဦးရွှေထုံး၊ ဦးရွှေဇံ၊ ဦးကျော်သာ၊ဒေါ်ဂျမ်းဘောတို့ကဦးကုသလအားလှူဒါန်းခဲ့သည်။ တတိယအကြိမ်ဦးသာအေး၊ဦးအောင်ခင်၊ဒေါ်တုတ်၊ ဦးညိုထုံး၊ဦးလွန်းမောင်တို့ကဦးပဏ္ဍိစ္စအားလှူဒါန်းသည်၊ တဖန်စတုတ္ထအကြိမ်ဒေါ်တုတ်၊ဦးလွန်းမောင်၊ဦးစိုးမြင့် တို့ကဦးပညာဇောတလှူဒါန်းသည်။ ယင်းလေးကြိမ်စလုံးလှူဒါန်းမှုမြောက်သည်ဟု တင်ပြထားသည်။ [မြေလှူဒါန်းမှုမြောက်/မမြောက် သုံးသပ်ချက်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

လှူဒါန်းမှုမြောက်/မမြောက် စိစစ်သုံးသပ်ရာ၌ ပထမအလှူပေးအလှူခံ၊လှူဖွယ်ပစ္စည်းဝတ္ထုတို့ကို စိစစ်ရပေမည်။ နောက်အထောက်အထားသက်သေခိုင်မာမှုရှိ-မရှိ စိစစ်ရပေမည်။ ယခုမှုခင်း၌အလှူပေးအလှူခံ,လှူဖွယ်ဝတ္ထုတို့ကို ကြည့်ရှုရာတွင်အလှူပေးပုဂ္ဂိုလ်ဦးကျော်ခေါင်+ ဒေါ်ကြည်သားသမီးမြေးမြစ်များ၊မိသားစုအစဉ်အဆက် ယခုတိုင်အဆက်မပြတ်တည်ရှိနေခြင်း၊အလှူခံပုဂ္ဂိုလ် ဦးကုသလ၊ဦးပဏ္ဍိစ္စနှင့်ဦးပညာဇောတတို့က ဆရာတပည့်အဆက်မပြတ်တည်ရှိနေခြင်းတို့ကြောင့် အလှူပေးအလှူခံတို့ကိုအထူးစစ်တမ်းထုတ်စရာ လိုမည်မဟုတ်ပေ။ ဝတ္ထုကိုစိစစ်ရပေမည်။အချင်းဖြစ်မြေကိုအလှူရှင်များမြေဟုတ်-မဟုတ်၊ပိုင်,မပိုင်၊လှူခွင့်ရှိမရှိစိစစ်သုံးသပ် ရပေမည်။ ဤသည်တို့ကိုကျွန်ုပ်တို့ပြန်လှန်သုံးသပ်ရာတွင် မြေစာရင်းပုံစံအမှတ်(၁၀၅)စာတိုင်၊(၄)၌အခွန်စည်းကြပ်ခံရသူဦးရွှေထုံးပါ(၄)ဟုပါရှိသည်။ စာရင်းပုံစံ(၁)စာတိုင်(၉)၌ပိုင်ရှင်အမည်ဦးရွှေထုံးပါ (၄)ဟုပါရှိသည်။ မြေစာရင်းပုံစံအမှတ်(၁၀၉)စာတိုင်(၃)၌ပိုင်ရှင်အမည် ဦးရွှေလုံးပါ(၄)ဟုပင်ပါရှိပြန်ပါသည်။ ဤသည်တို့ကိုထောက်ရှုသောအားဖြင့်အချင်းဖြစ် မြေသည်ဦးရွှေလုံးပါ(၄)ဦးတို့၏ဘိုးဘွားပိုင်မြေဖြစ်ကြောင်းခိုင်မာထင်ရှားလှပေသည်။ မိမိတို့ဘိုးဘွားပိုင်မြေကိုမိမိတို့ကြည်ညိုရာအလှူခံပုဂ္ဂိုလ်အားလှူဒါန်းပိုင်ခွင့်ရှိသည်။ ထို့ကြောင့်ပင်မြေစာရင်းပါပုဂ္ဂိုလ်များ၏မိဘများ ဖြစ်ကြသောဦးကျော်ခေါင်+၁၂၉၀ခုနှစ်တွင် သီးပင်ကျောင်းဆရာတော်ဦးကုသလအား ပထမအကြိမ်လှူဒါန်းခဲ့သည်။ ဒုတိယအကြိမ်သားသမီးများဖြစ်ကြသောဦးရွှေထုံးပါ (၄)ဦးတို့ကဆရာတော်ဦးကုသလသို့ပင်၁၂၉၈-ခုနှစ်က လှူခဲ့ကြပေသည်။ တဖန်ဦးသာအေးဦးအောင်ခင်ပါသော (၅)ဦးတို့က ဆရာတော်ဦးပဏ္ဍိစ္စအား၁၃၅၂-ခုနှစ်တွင်တတိယအကြိမ် လှူဒါန်းခဲ့ပေသည်။ နောက်ဆုံးဒေါ်တုတ်၊ဦးလွန်းဦးစိုးမြင့်တို့က၁၃၅၆-ခုနှစ်တွင်ဆရာတော်ဦးပညာဇောတသို့လှူဒါန်းခဲ့ကြပါသည်။ ဖော်ပြပါမိသားစုအစဉ်အဆက်တို့(၄)ကြိမ်တိုင်တိုင် လှူဒါန်းမှုသည် - တတှိဒံ ဒါနလကခှဏံ ဣဒံ တုယှံ ဒမေိ ဒဒါမိ ဒဇဇှာမိ ဩဏာဇမေိ ပရိစ်စဇာမိ ဝိဿဇ်ဇာမိ တဝ ဣဒန်တိ ဒေယျဓမ္မနိဒဿနံ တုယှန္တိ ပဋိဂ္ဂါဟကနိဒဿနံ၊ (ဝိ-သင်္ဂဟ-၇၀)ဒါနအင်္ဂါလက္ခဏာနှင့်ညီပေသည်။ ညီပုံကားဣဒံ၏အရဖြစ်သော(၂.၀၂)ဧကရှိမြေကို တုယှံအရဖြစ်သောဆရာတော် ဦးကုသလ၊ဦးပဏ္ဍိစ္စ၊ ဦးပညာဇောတဆရာတပည့်အစဉ်အဆက်အား၊ ဒေမိ၏အရဖြစ်သောဦးကျော်ခေါင်+ဒေါ်ကြည်နှင့်သားသမီးမြေးမြစ်များကဒါနအင်္ဂါလက္ခဏာပြည့်စုံစွာ လှူဒါန်းထားသောကြောင့်တည်း။ ထိုသို့လှူဒါန်းရာ၌အလှူခံပုဂ္ဂိုလ်များအားပုဂ္ဂလိကမလှူပါ၊ သံဃဝတ္ထုကံမြေအဖြစ်သံဃိကလှူသည်၊သံဃာလှူက ဘုရားကိုလည်းလှူရာရောက်ကြောင်းကို

“သံဃေ ဂေါတမီ ဒေဟိ,သံဃေ တေ ဒိန်နေ အဟ​ေဉ္စဝ 

ပူဇိတော ဘဝိဿာမိ၊ သံဃောစာတိ”။(မ-၃၊ ၂၉၆) မြတ်စွာဘုရားကိုယ်တော်တိုင်မိဒွေးတော်ဂေါတမီအား မိန့်ကြားတော်မူခဲ့ပေသည်။ သံယိကအလှူသည်(၇)မျိုးရှိကြောင်းကို သတ်တ ခေါ ပနိမာနန္ဒ သံဃဂတာ ဒက္ခိဏာ”(မ-၃၊၂၉၈) ဟုရှင်အာနန္ဒာအားဘုရားကိုယ်တိုင်မိန့်တော်မူခဲ့ပါသည်။ ယခုအချင်းဖြစ်မြေကိုဦးကျော်ခေါင်+ဒေါ်ကြည် မိသားစုတို့လှူဒါန်းမှုသည်ဘုရားမိန့်ဖော်သံယိကအလှူ (၇)မျိုးတို့တွင်ဗုဒ္ဓပ္ပမုခသံယိကအလှူသာတည်း။ ထိုကဲ့သို့ဗုဒ္ဓပ္ပမုခသံယိကအလှူမျိုးကိုဘုရားပွင့်တော် မူစကရာဇဂြိုဟ်ပြည်ကြီးရှင်ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားနှင့်သံဃာတော်မြတ်များအား ကြည်ညိုလှသည့်အတွက်ဧကာဟံ ဘန္တေ ဝေဠုဝန ဥယှာနံ ဗုဒဓြပပြမုခဘိကခြုသံဃဿ ဒမမြိ။(ဝိ-၃၊ ၅၀) ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ဤဝေဠုဝန်ဥယျာဉ်ကြီးကိုဘုရားအမှူးရှိသောသံဃာတော်အပေါင်းအားလှူဒါန်းပါ၏ဟုလျှောက်ထားပြီးဗုဒ္ဓပ္ပမုခသံယိကလှူဒါန်းတော်မူခဲ့သည်။ ဤကဲ့သို့ပင်အနာထပိဏ်သူဌေးကြီးသည်(၅၄)ကုဋေအသပြာငွေတို့ကိုစွန့်လွှတ်၍လှူဒါန်းခဲ့သော ဇေတဝန်ကျောင်းတော်ကြီးနှင့်တကွဇေတဝန်ဥယျာဉ် မြေကိုလည်းကောင်း၊ဝိသာခါကျောင်းအမကြီးသည် (၂၇)ကုဋေသောအသပြာငွေတို့ကိုအကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းအပ်သောပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်ကျောင်းအာရာမ်ကိုလည်းကောင်းဗုဒ္ဓပ္ပမုခသံဃိက လှူဒါန်းခဲ့ကြပါသည်။ ဤသာဓကများကားဗုဒ္ဓဘာသာနယ်ပယ်၌လူသိများသောသာဓကတို့သာတည်း။ ဤကဲ့သို့သောသံယိကအလှူသည်သံဃာ့လက်သို့ မရောက်မီကပင်ပရိယာယ်တစ်မျိုးအားဖြင့်သံဃိကပစ္စည်းဖြစ်သွားခဲ့ပြီ။ သံယိကန်တိ သံဃဿ သန်တကံ၊သော ဟိ သံဃဿ ပရိဏတတ်တာဟတ်ထ အနာရုဠာပိ ဧကနေ ပရိယာယနေ သံဃဿ သန္တကော ဟောတိ။(ဝိ-ဋ္ဌ-၂၊၃၁၀) ဖော်ပြပါအာဂမယုတ္တိသာဓကယုတ္တိတို့အရမြေလှူဒါန်းမှုအထမြောက်အောင်မြင်ခဲ့ပေသည်။ အလှူပေး,အလှူခံ,လှူဖွယ်ပစ္စည်းဝတ္ထုပြည့်စုံ၍ “ဣဒံ တုယှံ ဒေမိ”အရဒါနအင်္ဂါလက္ခဏာနှင့်ပြည့်စုံပြီးဖြစ်ကာလှူဒါန်းမှုအောင်မြင်ပြီးဖြစ်ငြားသော်လည်း ပိုမို၍အမြင်ရှင်းစေရန်(သို့)ခိုင်မြဲစေရန်အထောက် အထားသက်သေခိုင်မာမှုရှိမရှိကိုစိစစ်ပြပါဦးမည်။ တိုင်းသံဃနာယကစုံစမ်းစစ်ဆေးရေးအဖွဲ့မေးမြန်းချက် ဖြေဆိုချက်တို့ကိုမှတ်တမ်းတင်အသံဖမ်းကြိုးခွေဖြင့် တင်ပြချက်အရဆရာတော်ဦးပဏ္ဍိစ္စပြောပြသည်မှာ အချင်းဖြစ်မြေကိုအလှူရှင်များကနယ်မြေ(၄)ရပ် သတ်မှတ်၍လှူဒါန်းခဲ့ကြောင်း၊ယင်းလှူဒါန်းသောမြေကို မသမာသောနည်းဖြင့်ပြုလုပ်သူများအားအိုးကွဲပြာလွင့်သလိုလွင့်ပျောက်ပျက်စီးပါစေသားဟုကျိန်စာဆိုလှူဒါန်းခဲ့ကြောင်းထွက်ဆိုသည်။ ဆရာတော်ဦးသူရိယ,သက်တော်ရကျောင်းကလည်း ဘုရားမြေကျောင်းမြေအဖြစ်မှန်ကန်ကြောင်းထွက်ဆို သည်၊ဦးသာအေး၊ဒေါ်တုတ်၊ဒေါ်သန်းတို့ကလည်း သာသနာ့မြေမှန်ကန်ကြောင်း၊မိမိတို့မိဘဘိုးဘွားများ လှူထားခဲ့ကြောင်း၊မိမိတို့ကိုယ်တိုင်ပင်ထပ်မံလှူဒါန်း ပါကြောင်းကိုထွက်ဆိုကြသည်။ ဦးအောင်သန်း(ရလကအတွင်းရေးမှူးဟောင်း)ပြောပြ သည်မှာလယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရန်ညွှန်ကြားချိန်က အချင်းဖြစ်မြေနှင့်ပတ်သက်၍ခေါင်းခဲခဲ့ရကြောင်း၊ မိမိအနေနှင့်ဘုရားမြေကျောင်းမြေအဖြစ်အခိုင်အမာ သိထားကြောင်း၊သို့သော်ညွှန်ကြားလွှာရဲ့ဘောင်အတွင်း မဝင်သည့်အတွက်ပလပ်မြေအဖြစ်ဖော်ပြခဲ့ရကြောင်း တို့ကိုထွက်ဆိုသည်။ ဦးဘဖေ(ယင်းမာပင်အမတ်ဟောင်း)ပြောပြသည်မှာ ရှေ့မီနောက်မီယင်းမာပင်သားတိုင်းဘုရားမြေ, ကျောင်းမြေသာသနာ့မြေဖြစ်ကြောင်းသိကြသည်ဟု ထွက်ဆိုသွားပါသည်။ ဦးအုံးမောင်(မြေတိုင်းစာရေးကြီး)ပြောပြချက်အရ ဘုရားမြေကျောင်းမြေသာသနာ့မြေဖြစ်၍အခွန်စည်း ကြပ်မှုမရှိကြောင်းတို့ကိုအကျယ်တဝင့်ပြောကြားထွက် ဆိုသွားကြပါသည်။ တိုင်းဝိနည်းဓိုရ်မေးစစ်ရာ၌ထွက်ဆိုကြသော ဦးကဝိသာရ၊ဦးဇေယျ၊ဦးညိုထုံး၊ဦးစိုးမြင့်၊မောင်နု၊ မောင်လွန်းမောင်၊မောင်သိန်း၊ဒေါ်ပြည့်နှင့်ဦးကောင်းကင်တို့ကလည်းဘုရားမြေကျောင်းမြေသံဃဝတ္ထုကံမြေဖြစ်ကြောင်းတစ်သံတည်းထွက်ဆိုကြပါသည်။ ဆရာတော်ဦးပညာဇောတကပထမလှူစဉ်ကစာချုပ် စာတမ်းနှင့်လှူပါသည်။ကိုယ်တိုင်ဖတ်ဖူးပါသည်။ သို့သော်မီးထဲပါသွား၍မတင်ပြနိုင်ပါဟုဆိုသည်။ တတိယ,စတုတ္ထလှူစဉ်ကအသိသက်သေများနှင့်မြို့နယ် တရားသူကြီးရှေ့၌ကျမ်းကျိန်လှူဒါန်းသည့်၂၅ိ/-တန် စာချုပ်တံဆိပ်ခေါင်းပါစာချုပ်များဖြင့်တင်ပြသည်။ အသံဖမ်းကြိုးခွေနှင့်တိုင်းဝိနည်းဓိုရ်မေး/ဖြေတို့အရ အစဉ်အလာကဘုရားမြေကျောင်းမြေသာသနာ့မြေဖြစ် နေသည်မှာထင်ရှားလှပေသည်။ ပို၍ထင်ရှားသည်မှာအစဉ်အဆက်မပြတ်သေးသော အလှူရှင်များကမိမိတို့အပါအဝင်(၄)ကြိမ်တိုင်တိုင်လှူဒါန်းခဲ့သည်မှာမှန်ကန်ကြောင်းထွက်ဆိုချက်များက ခိုင်လုံသောထွက်ဆိုချက်များသာဖြစ်ပါသည်။ ကာယကံရှင်များကကိုယ်တိုင်လှူဒါန်းပါသည်ဆိုပါလျက် တစ်ခြားအကြောင်းပြချက်တို့ကိုရှာနေခြင်းသည် ဆင်ကောင်ကြီးတွေ့ပါလျက်ဆင်ခြေခံနေခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့်အထက်ဖော်ပြပါအာဂမယုတ္တိ,သာဓကယုတ္တိ နှင့်သက်သေခံထွက်ဆိုချက်ယုတ္တိတို့ကိုကြည့်ရှုသုံးသပ်ဝေဖန်သောအားဖြင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၉၇)ဝိနည်းဓိုရ်ဆရာတော်များက (ပန ဒု, တ, စ)လေးကြိမ်စလုံးလှူဒါန်းမှုသည်အထမြောက် အောင်မြင်သည်ဟုအခိုင်အမာယူဆတော်မူကြသည်။ [သာသနာ့မြေဖြစ်-မဖြစ်စိစစ်ချက်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

လှူဒါန်းမှုအထမြောက်ကသာသနာ့မြေဖြစ်သွားပေပြီ။ သို့သော်နိုင်/စောများကဝိနိစ္ဆယလက်စွဲနောက်ဆက်တွဲ (ဃ)အရသာသနာ့မြေမဖြစ်နိုင်သည်ကိုဖြစ်နိုင်သည်ဟု သုံးသပ်၍ဆုံးဖြတ်ပုံအပြစ်ပြ၍တင်သည်။ တိုင်းဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်ဝိ-ဥပဒေ၊ ဝိလုပ်ထုံးအခန်း(၁)အပိုဒ်-၂ပိုဒ်ခွဲ(ဆ)၂-၃အရလည်းကောင်း၊မိသားစုအလှူရှင်အဆက်ဆက်တို့ လှူဒါန်းမှုမြောက်သည့်အချက် အလက်တို့ကိုလည်းကောင်း၊မူလစောဒကပြသက်သေထွက်ဆိုချက်များမှန်ကန်မှုရှိသည်တို့ကိုလည်းကောင်းသုံးသပ်ကာ ဆုံးဖြတ်ချက်ချသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များယူဆကြသည်။ တစ်ဖန်၁၉၅၈/၅၉ခုနှစ်ကဦးဘသော်၏အိမ်လ/န(၃၉) လျှောက်ထားမှုကိုလက်ခံကြောင်းသက်သေခံ(၁)ကို တင်ပြသည်။ဤအထောက်အထားပြုသက်သေခံ(၁)ကို ကြည့်ရှုရခြင်းအားဖြင့်မောင်ရွှေထုံးပါ(၄)ဟူသော အမှတ်အသားကအလှူရှင်တို့လှူဒါန်းခဲ့သည်မှာ မှန်ကန်ကြောင်းမီးမောင်းထိုးပြနေပေသည်။ အခြားအထောက်အထားပြုလွှာများကိုနောက်နားကျမှ ပေါင်းရုံးသုံးသပ်ပြပါမည်။ [ပြေလည်အေးငြိမ်းမှုကိုစိစစ်ခြင်း]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်အယူခံစောဒနာ၌(၁၃၄၅-ခု၊၁၉၈၃-ခု)နှစ်ကပင် ပြေလည်အေးငြိမ်းမှုရရှိခဲ့ခြင်းဖြစ်သည်၊ပြေလည်အေးငြိမ်းမှုအပေးအယူမှာ-ဆရာတော်ဦးပဏ္ဍိစ္စက မြေကိုခွင့်ပြုပြီးမြို့နယ်ပြည့်သူ့ကောင်စီမှမှန်စေတီဂေါပကဖွဲ့ပြီးလျှင်၎င်းမြေထဲ၌ယခုလက်ရှိနေသော အိမ်များမှသင့်လျော်သောလခကောက်ခံပြီးမှန်စေတီဘုရားကိုပြုပြင်စောင့်ရှောက်ရမည်ဖြစ်ပါသည်။ ထိုပြေလည်အေးငြိမ်းမှုသည်မြို့နယ်ပြည်သူ့ကောင်စီနှင့် ဆရာတော်ဦးပဏ္ဍိစ္စတို့အပေးအယူသဘောတူကြကာ နှစ်ဦးနှစ်ဝပြေလည်မှုရယူကြသောကြောင့်လည်းကောင်း မြို့နယ်သံဃနာယကအဖွဲ့မှတိုင်းသံဃနာယကအဖွဲ့သို့ တရားဝင်လျှောက်ထားပြီးဖြစ်သောကြောင့်လည်း ကောင်းအောင်မြင်သောပြေလည်အေးငြိမ်းမှုဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကပြေလည်အေးငြိမ်းမှုကိုအကောင်အထည်ဖော်ကာဆောင်ရွက်ပေးမည်ဆိုပါကယင်းဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာဖွယ်ရာအကြောင်းမရှိပေ။ ယခုတော့ထိုသို့မဟုတ်၊အာဏာပိုင်အဖွဲ့များက၁၉၅၃- ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ(၃၉)ဖြင့်အပ်နှင်းထားသည့်အာဏာများကို အသုံးပြုကာနိုင်ငံပိုင်မြေဖြစ်သည်ဟုယခင်ကအလှူရှင် မိသားစုတို့လှူဒါန်းခဲ့သည်ကိုမသိဟန်ပြုကာမိမိတို့ပြုလုပ်ခဲ့သောပြေလည်အေးငြိမ်းမှုကိုလည်းမျက်ကွယ်ပြုလျက်အမျိုးမျိုးအဖုံဖုံစီရင်ပြုလုပ်ခဲ့ကြပေသည်။ [သာသနာ့မြေကိုမည်သူမျှမသိမ်းယူနိုင်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

သံဃဝတ္ထုကံသာသနာ့မြေကိုမည်သည့်ပုဂ္ဂိုလ်မည်သည့်အာဏာရှင်မှဥပဒေအရဖြစ်စေ၊နည်းဥပဒေအရဖြစ်စေ၊ အက်ဥပဒေအရဖြစ်စေ-မည်သည့်နည်းနှင့်မျှသိမ်းယူနိုင်မည်မဟုတ်ပေ။ အကယ်၍သိမ်းယူမည်ဆိုလျှင်လည်း- “ယော ပန ပရေ ပသယှ ဗလသာ အဘိဘုယျ အထ ဝါ ပန သန္တဇေတွာ ဘယံ ဒဿတွာ တေသံ သန်တကံ ဂဏှာတိ၊ ပန်တယာတဂါမဃာတာဒီနိ ကရောန်တာဒါမရိကစောရာဝိယ(ပ)ပသဿာဝဟရောတိ ဝေဒိတဗျော”။(ဝိ-ဌ-၁-ပ-၃၃ဝ)အရ နိုင်ထက်စီးနင်းပြုလုပ်၍ကြောက်လောက်အောင်ခြိမ်းခြောက်ပြီးလျှင် လက်နက်အားကိုးဖြင့်ရွာနိဂုံးစသည်တို့ကိုလုယူသော သူပုန်သူကန်သူခိုးကြီးများကဲ့သို့မတရားလုယူခြင်းသာဖြစ်ပေမည်။သာသနာ့မြေအဖြစ်မှမရွေ့လျောနိုင်။ ထို့ကြောင့်ပင်ဗိမ္ဗိသာရမင်းကြီးလှူဒါန်းခဲ့သောဝေဠုဝန် ဥယျာဉ်တော်မြေသည်လည်းကောင်း၊အနာထပိဏ်သူဌေးကြီးလှူဒါန်းခဲ့သောဇေတဝန်၊အာရာမ်မြေသည်လည်းကောင်း၊ဝိသာခါ ဒါယိကာမကြီးလှူဒါန်းခဲ့သော ပုဗ္ဗာရုံကျောင်းအာရာမကိုလည်းကောင်းမည်မျှပင်ကြာညောင်း၍ခေတ်အခါခါပြောင်းသော်လည်းဘုရားကျောင်းမြေအဖြစ်ကတစ်ဆံချည်မျှရွေ့လျောယုတ် လျော့သွားမည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင်လည်းပုဂံအနော်ရထာမင်းစောမှစ၍ ပဉ္စမသံဂါယနာတင်ဘဝရှင်မင်းမင်းတုန်းမင်တရားကြီး တိုင်အောင်မင်းနှင့်ပြည်သူပြည်သားတို့သည်ခေတ် အဆက်ဆက်ဝတ်မိုးဝတ်မြေလှူဒါန်းခဲ့သည်မှာသမိုင်း အစဉ်အလာအရပေါ်လွင်ထင်ရှားလှပေသည်။ ဤသို့ဓမ္မဝိနယနှင့်အစဉ်အလာအရလှူဒါန်းခဲ့ကြသည် တို့ကိုပြန်လည်ကြည့်ရှုသောအားဖြင့်ဦးကျော်ခေါင်+ ဒေါ်ကြည်မိသားစုအဆက်ဆက်တို့လှူဒါန်းခဲ့သော (၂.၀၂)ဧကရှိအချင်းဖြစ်မြေကိုလ/န (၃၉)အရ နိုင်ငံပိုင်သိမ်းယူမည်ဆိုပါကနိုင်ထက်စီးနင်းပြုလုပ်သိမ်းယူသောပသယာဝဟာရသိမ်းယူခြင်းသာဖြစ်ပေ မည်၊ထိုသို့ယူခြင်းအားဖြင့်ဘုရားကျောင်းဝတ္ထုကံမြေအဖြစ်မှရွေ့လျောသွားမည်မဟုတ်ပေ။ ထို့ကြောင့်ယင်းမာပင်မြို့၊(၈)ရပ်ကွက်၊ဦးပိုင်အမှတ်(၁၈) ဧရိယာ(၂- ၀၂)ဧကရှိမြေသည်ဗုဒ္ဓပ္ပမုခသံယိက ဘုရားကျောင်းဝတ္ထုကံမြေသာသနာ့မြေဖြစ်သည်ဟု နိုင်ငံတော်သံဃဝိနိစ္ဆယအမှတ်(၁၇/၉၇)ဝိနည်းဓိုရ်ဆရာတော်များကတညီတညွတ်တည်းသုံးသပ်တော် မူကြသည်။ [အစဉ်အလာစောင့်ရှောက်မှုရှိခဲ့ခြင်း]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်စောဒကပုဂ္ဂိုလ်များက“အချင်းဖြစ်မြေသည် အစဉ်အဆက်ကစောင့်ရှောက်မှုအထောက်အထား မရှိဘဲလျက်အတည်ပြုသည်”ဟုဖော်ပြထားသည်ကို ကြည့်ရှုသုံးသပ်ရာတွင်လှူဒါန်းမှုသက်တမ်းနှင့်အလှူရှင်မိသားစုများ,အလှူခံပုဂ္ဂိုလ်သိသာနုသိဿများကို စိစစ်သောအခါမူလစောဒကနှင့်သက်သေများထွက်ဆိုချက်၊ဦးကောင်းကင်၏ထွက်ဆိုချက်များအရ အချင်းဖြစ်မြေကို၁၂၉၀-ပြည့်နှစ်က(ပထမ)အကြိမ်၊ ၁၂၉၈-ခုနှစ်က(ဒုတိယ)အကြိမ်၊လှူဒါန်းသည်ဟုသိရ သည်၊အလှူရှင်များကဘုရားကျောင်းဝတ္ထုကံမြေအဖြစ် ဗုဒ္ဓပ္ပမုခသံယိကလှူသည်။ ယင်းမြေကိုမည်သူတွေကစောင့်ရှောက်ခဲ့သနည်း၊ ပထမ,ဒုတိယအကြိမ်သံဃာ့ကိုယ်စားအလှူခံခဲ့သော ဆရာတော်ဦးကုသလ၊တတိယအကြိမ်အလှူခံခဲ့သော ဦးပဏ္ဍိစ္စနှင့်စတုတ္ထအလှူခံခဲ့သောဦးပညာဇောတတို့ ဆရာတပည့်အစဉ်အဆက်စောင့်ရှောက်ခဲ့သည်မှာပေါ် လွင်ထင်ရှားလှပေသည်။ အကယ်၍နောင်တစ်ချိန်ထိုဆရာတော်များမရှိသည့်တိုင် သံဃဝတ္ထုကံမြေကိုတစ်သာသနာလုံးမှာရှိသော သံဃာတော်များစောင့်ရှောက်ရပေမည်။ သံဃိကဝိဟာရေ တာဝ “အာဂတာနာဂတဿ စာတုဒ်ဒိသဿ သံဃဿ ဒမ်မိ”တိဒိန္နတ်တာ ပဋိဂ်ဂါဟကေသု ကာလကတေသုပိ တဒညော စာတုဒ်ဒိသသွဃောစ အနာဂတသံဃော စ ဣဿရော၊ တဿ သန္တကော တေန ဝိစာရေတဗ်ဗော။(ဝိလင်ဋီဒု၆၄) ဤသည်တို့ကိုထောက်ရှုသောအားဖြင့်အစဉ်အဆက်က စောင့်ရှောက်မှုမရှိဟုဆိုသောစောဒကတို့၏တင်ပြချက် သည်လွဲမှားသောတင်ပြချက်သာဖြစ်ပေသည်ဟု နိုင်ငံတော်ဝိနည်းဓိုင်ဆရာတော်များကယူဆတော် မူကြသည်။ [မှန်စီဘုရားရှိ-မရှိစိစစ်သုံးသပ်ချက်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်အယူခံစောဒကများကဆရာတော်ဦးဇောတ၏ အရိုးဂူကိုမှန်စီဘုရားပြုလုပ်ထားကြောင်း၊မှန်စီဘုရားမရှိကြောင်းတင်ပြကြသည်။ မူလစောဒကဆရာတော်ဦးပညာဇောတကမှန်စီဘုရားရှိကြောင်း၊ဆရာတော်ဦးပဏ္ဍိစ္စကဦးဇောတ၏အရိုးကို မှန်စီဘုရားတွင်မြုပ်နှံခိုင်းသဖြင့်မှန်စီဘုရားဟုခေါ်ရာမှ အရိုးဂူဘုရားဟုခေါ်ကြောင်းတင်ပြထားသည်။ မူလစောဒကပြသက်သေများကလည်းမှန်စီဘုရားရှိကြောင်းထွက်ဆိုကြသည်မည်သို့ပင်ဖြစ်စေနှစ်ဘက်တင်ပြချက်အရဘုရားစေတီရှိသည်မှာထင်ရှားပေသည်။ ဦးကောင်းကင်က“၁၂၉၀-ပြည့်နှစ်ကဦးကျော်ခေါင်+ ဒေါ်ကြည်ဇနီးမောင်နှံတို့မှန်စီဘုရားတည်၍နယ်မြေ လေးရပ်သတ်မှတ်ကာဤနယ်မြေအတွင်းရှိမြေကို မှန်စီဘုရား၏အာရာမ်အဖြစ်လှူဒါန်းခဲ့ကြောင်း၊ ဤမြေအားမသမာမှုပြုသူများသည်အိုးကွဲပြာလွှင့်သကဲ့သို့လွှင့်ပါဟုအိုးတွင်ပြာထည့်ကာခွဲ၍ကျိန်စာပြုလှူဒါန်းခဲ့ကြောင်းဆရာတော်ဦးပဏ္ဍိစ္စပြောပြချက်အရ သိပါသည်ဟုထွက်ဆိုသည်။ ဆရာတော်ဦးပဏ္ဍိစ္စအသံဖမ်းကြိုးခွေဖြင့်ပြောကြား သည်ကိုလည်းမိမိတို့ဝိနည်းဓိုရ်ဆရာတော်များ ကြားသိရသည်။ ဦးပညာဇောတတင်ပြချက်အရဦးပဏ္ဍိစ္စခိုင်း၍မှန်စီဘုရားအတွင်း၌ဆရာတော်ဦးဇောတအရိုးကိုထည့်သည်ဆိုရာ၌ဆရာတော်ဦးပဏ္ဍိစ္စသည်- ပုထုဇ္ဇနသီလဝတော ပန ပရိနိဗ္ဗတဘိက္ခုနောဝိယ မဟန္တမ္ပိ သက်ကာရံ ကာ​တုံ ဝဋ်ဋတိယေ-ဟုဆိုအပ်သော မဟာပရိနိဗ္ဗာနသုတ်၊အဋ္ဌကထာအရတပည့်ဒါယကာ, ဒါယိကာမတို့အားကုသိုလ်ပွား၍အကျိုးများစေခြင်းငှာ ယခုကဲ့သို့ပြုလုပ်ခိုင်းသည်ဟုယူဆရပေသည်။ မူလကစေတီရှိနေပြီးဖြစ်၍မှန်စီဘုရားရှိသည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ [ကျန်ရှိစောဒနာ,သောဓနာသုံးသပ်လွှာ]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စောဒနာ,သောဓနာဆိုသည်မှာနိုင်/စောနှင့်မူလသောဓနာတို့ကိုဆိုသည်။ မူလသောဓနာ၌မိုးကုတ်နေရာကိုဦးပဏ္ဍိစ္စ ခွင့်ပြုချက်အရဦးပညာဇောတကိုယ်တိုင်နေရာချပေးခဲ့သည်ကို လည်းကောင်း၊ပြန်/ဆက်ဆောက်လုပ်စဉ်ကလည်း ဦးပညာဇောတကပင်နေရာချပေးကြောင်းကိုလည်း ကောင်းတင်ပြထားပေသည်။ ပြန်/ဆက် ဒု-ဦးစီးမှူးကဦးခင်မောင်မြင့်ယခင်မြို့နယ် ပြည်သူ့ကောင်စီအတွင်းရေးမှူးပြောပြချက်အရ သိရသည်မှာဦးပဏ္ဍိစ္စကစာကြည့်တိုက်ပိဋကတ်တိုက် ဖြစ်တဲ့အတွက်ခွင့်ပြုကြောင်း၊ဦးပညာဇောတကမြေနေရာချထားပေးရန်မိန့်ကြားကြောင်း၊ဦးပညာကလဲ ပင်ကိုဗဟိုပြုပြီးပေတစ်ရာ(၁ဝဝပေx၁၀ဝပေ)ပတ်လည် သတ်မှတ်ပေးကြောင်းသိရပါသည်ဘုရားဟု ထွက်ဆိုသည်။ ဤထွက်ဆိုချက်များအရအချင်းဖြစ်မြေသည်မူလကပင် ဘုရားမြေ၊ကျောင်းမြေ၊သာသနာ့မြေဖြစ်နေသည့် အတွက်အစောင့်အရှောက်ဖြစ်သောဆရာတော်ဦးပဏ္ဍိစ္စ, ဦးပညာဇောတတို့၏ခွင့်​ပြုချက်ကိုရပေသည်ဟု သုံးသပ်တော်မူကြသည်။ ယာမြေဖြစ်နေသည့်အတွက်လှူဒါန်းမှုမမြောက်ဟု ဖော်ပြထားရာဤနေရာ၌ရှင်ဘုရင်မြေလှူဒါန်းမှုနှင်သူဌေး သူကြွယ်ကုန်သည်ဆင်းရဲသားတိုင်းသူပြည်သားတို့၏ လှူဒါန်းမှုကွာခြားချက်ကိုအနည်းငယ်ဖော်ပြရသော် ရှင်ဘုရင်များသာသနာ့ဝတ္ထုကံမြေလှူဒါန်းရာ၌မြေနှင့်ပတ်သက်သမျှအားလုံးလှူဒါန်းနိုင်သည်။ တိုင်းသူပြည်သားများဝတ်မိုးဝတ်လှူဒါန်းရာ၌မြေကိုသာလှူဒါန်းနိုင်၍အခွန်အတုတ်ကိုမလှူဒါန်းနိုင်ပါ။ အခွန်အတုတ်ကိုရှင်ဘုရင်ပိုင်သောကြောင့်ဆယ်ခိုင်တစ် (ဒဿမေဓအခွန်)ရှင်ဘုရင်သို့ပေးသွင်းရသည်။ ယခုအချင်းဖြစ်မြေသည်လည်းအလှူရှင်များမိမိတို့ပိုင်မြေကိုသာလှူဒါန်း၍အခွန်အတုတ်ကိုမလှူဒါန်းနိုင်သော ကြောင့်မြေစာရင်းမြေပုံမှပိုင်ရှင်နှင့်အခွန်စည်းကြပ်ခံရသူနေရာတွင်မောင်ရွှေထုံးပါ(၄)ဟုတွေ့မြင်နေရပေသည် ဤသည်တို့ပင်လှူဒါန်းမှုသမိုင်းကြောင်းမှတ်တိုင် တို့ပေတည်း။ မဟာသမ္မတမင်းမှစ၍ယနေ့ကျွန်ုပ်တို့ခေတ်(နဝတ) အစိုးရလက်ထက်တိုင်အောင်သာသနာပြုမင်းကောင်း မင်းမြတ်များသည်ဘုရားကျောင်းဝတ္ထုကံမြေသာသနာ့ မြေများနှင့်စပ်လျဉ်း၍အခွန်အတုတ်ကောက်ယူခြင်း မရှိကြပါ။ ထို့ကြောင့်ယခင်(ရလက)အတွင်းရေးမှူးဦးအောင်သန်း နှင့်မြေတိုင်းစာရေးကြီးဦးအုံးမောင်တို့ကအချင်းဖြစ် မြေကိုအခွန်ကောက်ယူခြင်းမရှိပါဟုထွက်ဆိုခဲ့ကြပေ သည်။ တစ်ဖန်နိုင်/စောကဦးပဏ္ဍိစ္စစောင့်ရှောက်သည်ဆိုရာတွင် အချင်းဖြစ်မြေအားအားဏာပိုင်အဖွဲ့အစည်းများကတစ်ခုခုဆောင်ရွက်ရန်ကြံရွယ်တိုင်းနှောက်ယှက်ဖျက်ဆီးခြင်းဟန့်တားခြင်းပြုလုပ်သည်မှလွဲ၍တစ်ခြားဘာတစ်ခုမျှလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါဟုဖော်ပြထားသည်။ ဤသည်မှာလည်းမိမိပိုင်ဆိုင်သောအရာကိုပိုင်စိုးပိုင်နင်းပြုလုပ်လာလျှင်လူတိုင်းဟန့်တားကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိသလိုဆရာတော်ဦးပဏ္ဍိစ္စသည်လည်းသူအစဉ်စောင့်ရှောက်နေသောသာသနာ့မြေကိုပပျောက်မသွား စေရန်ဟန့်တားပိုင်ခွင့်ကန့်ကွက်ပိုင်ခွင့်ရှိပေသည်။ ဆက်လက်၍တပည့်တော်တို့ သာသနာရေးကိစ်စဆောင် ရွက်လာခဲ့သည်မှာလုပ်ငန်းပြီးစီးမှု(၇၀%)အဆင့်သို့ပင် ရောက်ရှိနေခဲ့ပါပြီ၊တပည့်တော်တို့ဘာသာကိုဘာသာခြား လူမျိုးများအထင်အမြင်အသေးမခံလိုကြပါ၊ဘာသာရေးအဆောက်အဦးများကိုမြင်သောအားဖြင့်ဘာသာရေးကို တကယ်ကိုင်းရှိုင်းသူတွေပါလားဟုအချီးအမွမ်း ခံလိုကြပါသည်။ ထို့ကြောင့်လည်းအားသွန်ခွန်စိုက်ဖြင့်ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။ ထိုကဲ့သို့အားသွန်ခွန်စိုက်ဆောင်ရွက်နေသောအချိန်အတောအတွင်းမှာယခုကဲ့သို့အမိန့်ချမှတ်ခြင်းခံလိုက်ရသည့်အတွက်“ခဲလေသမျှသဲရေကျ”ဆိုသကဲ့သို့စိတ် ဓာတ်များကျကြရပါသည်ဘုရားဟုတင်ပြလျှောက် ထားပေသည်။ ဤသည်တို့ကိုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များ အနေနှင့်ဝေဖန်သုံးသပ်ကြသောအခါ“အရင်းစစ်အမြစ်မြေက”ဟူဘိသကဲ့သို့အာဏာပိုင်အဖွဲ့အစည်းများ၏ ဟာကွက်ကိုတွေ့ရှိရပေသည်။ အချင်းဖြစ်မြေသည်သာသနာ့မြေဖြစ်တဲ့အတွက် ယင်းမြေပေါ်သို့အခြားသူများကတစ်ခုခုပြုလုပ်တိုင်း ပါတီကောင်စီခေတ်မှစ၍ဦးအာဒိစ္စ၊ဦးပဏ္ဍိစ္စ၊ ဦးပညာဇောတတို့ကကန့်ကွက်စာများဖြင့်လည်းကောင်း၊ လူကိုယ်တိုင်ကြွသွား၍လည်းကောင်းကန့်ကွက် ခဲ့ကြပေသည်။ မူလအလှူရှင်၏မြေသားများကလည်းမိဘဘိုးဘွားမှစ၍ မိမိအထိ(၄)ကြိမ်တိုင်တိုင်လှူဒါန်းခဲ့သောသာသနာ့မြေဖြစ်ကြောင်းဦးဘဖေ၊ဦးအောင်သန်း၊ဦးအုံးမောင်စသောလူပုဂ္ဂိုလ်များနှင့်ဦးသူရိယ၊ဦးဇေယျာစသောရဟန်းတော်များကလည်းအချင်းဖြစ်မြေသည်သာသနာ့မြေဖြစ် ကြောင်းပြောပြခဲ့ကြပေသည်။ ဤသို့အစဉ်အလာအရသာသနာ့မြေဖြစ်နေသည်ကို ဦးစားပေးလေ့လာမှုမပြုဘဲမြေပုံအစိမ်းရောင်ချယ်ကာ မျှဖြင့်ပင်သာသနာ့မြေမဖြစ်နိုင်ဟုအခိုင်အမာပြုကာ အမိန့်ကြော်ငြာထုတ်၍ရွာမြေလုပ်ခဲ့သောကြောင့် “ခဲလေသမျှသဲရေကျ”ဖြစ်ကာဒါယကာတို့စိတ်ဓာတ်များကျကြပေသည်ဟုယူဆတော်မူကြပါသည်။ အကယ်၍သာအာဏာပိုင်အဖွဲ့များအနေနှင့်၁၃၄၅-ခု၊ ၁၉၈၃-ခုနှစ်ကမိမိတို့ ပြုလုပ်ခဲ့သောပြေလည်အေးငြိမ်းမှုကိုလက်တွေ့အကောင်အထည်ဖော်ကာ“သာဂါရာ အနာဂါရာစ ဥဘောအညောည နိဿိတာ” ဟူသောဒေသနာနှင့်အညီကျွန်းကိုကိုင်းမှီကိုင်းကျွန်းမှီသို့ ဆရာဒကာညီညာဖျဖျ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုလျှင်ဤမှုခင်းပြဿနာပေါ်လာရန်အကောင်းမရှိပေ။ ယခုတော့မိမိတို့ပြုလုပ်ခဲ့သောပြေလည်အေးငြိမ်းမှုကို လက်တွေ့အကောင်အထည်မဖော်သောကြောင့် ဤဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာခဲ့ရပေသည်ဟု နိုင်ငံတော်သံဃဝိနိစ္ဆအဖွဲ့ အမှဘ်(၁၇/၉၇) ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ခြင်း]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ပထမ,ဒုတိယ,တတိယ,စတုတ္ထ လေးကြိမ်တိုင်တိုင် မိသားစုများအစဉ်အဆက်လှူဒါန်းမှုတို့သည် “သုဒိနန်န သုဂ္ဂဟိတ”ဖြစ်၍အထမြောက်အောင်မြင်သော အလှူပွဲများဖြစ်သည်။ ၂။အစဉ်အလာအရအများကသာသနာ့မြေဟုအသိအမှတ်ပြုခြင်းသာသနိကအဆောက်အဦများ ရှိခြင်းတို့ကြောင့်ဝိ-ဥပဒေ၊ဝိလုပ်ထုံးအပိုဒ်(၂)၊ ပိုဒ်ခွဲ(ဆ)၂-၃ တို့အရသာသနာ့မြေဖြစ်ကြောင်း မှန်ကန်သည်။ ၃။ဆရာတော်ဦးကုသလမှဦးပညာဇောတအထိ ဆရာတပည့်အစဉ်အဆက်တို့ဆက်လက်စောင့်ရှောက် လာခဲ့သောသံဃရက္ခိတဘုရားကျောင်းဝတ္ထုကံမြေဖြစ်သည်။ ၄။မှန်စီစေတီဘုရားထင်ရှားရှိသည်။ ၅။ဤပေါင်းရုံးသုံးသပ်ချက်(၁၊ ၂၊ ၃)တို့အရ နိုင်/စောဒကများ-တင်ပြထားသောအထောက်အထား သက်သေခံစာရွက်များအမှတ်စဉ်(၁)မှ(၁၁)အထိတို့သည်လည်းကောင်း၊နောက်ဆင့်အမှတ်စဉ်(က)မှ(ဆ)အထိတို့သည်လည်းကောင်းတရားမဝင်သောသက်သေခံ စာရွက်စာတမ်းများသာဖြစ်သည်။ ၆။အပါယဒုက္ခ၊သံသာရဒုက္ခ,ဘေးဘယတို့မှ အေးမြစေရန်(ဝါ)သံသရာဝဋ်ဘေးအပြစ်မလေးစေရန် ၁၃၄၅-ခု၊၁၉၈၃-ခုနှစ်ပြေလည်အေးငြိမ်းမှုကိုအကောင် အထည်ဖော်ဆောင်ရွက်သင့်သည်။ [ဝိနိစ္ဆယချမှတ်ခြင်း]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၉၇) ဝိနည်းဓိုရ်ဆရာတော်များသည်အမှုသွားအမှုလာတို့ကို အခါခါအထပ်ထပ်ကြည့်ရှုသုံးသပ်ဝေဖန်တော်မူကြ၍ ဝိလုပ်ထုံးခန်း(၇) အပိုဒ်-၅၅(က)စစ်ကိုင်းတိုင်း သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၆)၏ဆုံးဖြတ်ချက်ကို အတည်ပြုကာဖြည့်စွက်အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည်- [ဆုံးဖြတ်ချက်]

၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)ယင်းမာပင်မြို့၊(၈)ရပ်ကွက်၊ဧရိယာ(၂-၀၂)ဧကရှိ မြေသည်လေးကြိမ်တိုင်တိုင်အဆင့်ဆင့်လှူဒါန်းမှု သုဒိန္န-သုဂ္ဂဟိကမြောက်သည့်အတွက်ဗုဒ္ဓပ္ပမုခသံဃိက ဘုရားကျောင်းဝတ္တုကံမြေဖြစ်သည်။ (ခ)ယင်း(၂.၀၂)ဧကရှိမြေကိုသီးပင်ကျောင်းဆရာတော် ဦးပညာဇောတကရက္ခိကဂေါပိက-အဖြစ်အစောင့် အရှောက်ပိုင်ဆိုင်သည်။ (ဂ)နိုင်ငံတော်အယူခံဝင်စောဒနာလွှာကိုပလပ် ပယ်ချလိုက်သည်။ စဉ်/ဘွဲ့တော်/ကေျာင်း/ကေျာင်းတိုက်/မြို့။ ၁။ ဘဒ္ဒန္တသူရိယ(သဘာပတိ) ဇေယျဝတီကျောင်းတိုက်၊ထားဝယ်မြို့။ ၂။ ဘဒ္ဒန္တဉာဏိန္ဒသာရ (အဖွဲ့ဝင်) မဇ်ဈိမာရုံကျောင်းတိုက်၊ရေစကြိုမြို့။ ၃။ ဘဒ္ဒန္တဝန္ဒိယ (အဖွဲ့ဝင်) မြို့ခင်သာကျောင်းတိုက်၊ဂန်ဂေါမြို့။ ၄။ ဘဒ္ဒန္တသုဇန (အဖွဲ့ဝင်) ရေရှင်ကျောင်းတိုက်၊ဆောမြို့။ ၅။ဘဒ်ဒန်တသောဘဏ (အဖွဲ့ဝင်) အနောက်တိုက်၊ပခုက်ကူမြို့။

                              ပြီးပါပြီ။
၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၄)

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊(၅)ရပ်ကွက်၊ ပါရမီကျောင်းတိုက်၊(၃)ဝိုင်း၌ဖြစ်ပွားသော ဦးသီလာစာရနှင့်ဦးဉာဏဝံသတို့၏ဇောတိကာရုံကျောင်း ဝိဝါဒါဓိကရုဏ်းမှုခင်း [ဇောတိကာရုံကျောင်းသမိုင်းအကျဉ်းနှင့် မှုခင်းဖြစ်စဉ်]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်၏အရှေ့တောင်ဘက်၊ ထရန်စပို့လမ်း၊ရွှေတိဂုံစေတီတော်ဝတ္ထုမြေအတွင်း၌ ရေနံချောင်းကျောင်းဟူသောကျောင်းတစ်ကျောင်းရှိသည်။ထိုကျောင်း၌ဆရာတော်ဦးဥက်ကံသစတင် ကျောင်းထိုင်သည်၊ကျောင်းစတင်တည်ထောင်သည့် နှစ်ကိုမသိရပေ၊ကျောင်းဒါယကာမှာမြိုင်ရာဇာဦးဖိုးစော +ဒေါ်ဖွားစိန်မိသားစုဖြစ်သည်။ ကျောင်းဒါယကာများသည်ရေနံချောင်းကျောင်းကို သံယိက/ဂဏိက/ပုဂ္ဂလိကရေစက်ချလှူသည်ဟုသဲသဲ ကွဲကွဲမသိရပေ၊ထိုရေနံချောင်းကျောင်းဆရာတော် ဦးဥက္ကံသနှင့်အတူဦးဇောတိက၊ဦးစန္ဒော၊ဦးတေဇိန္ဒ၊ ရှင်ကေလာသတို့သီတင်းသုံးနေထိုင်ခဲ့ဖူးသည်ဟု အဆိုရှိသည်။ ၁၉၅၉-ခုနှစ်၊အိမ်စောင့်အစိုးရလက်ထက်တွင်ဘုရား ဝတ္တကမြေပေါ်ရှိကျူးကျော်ကျောင်းများပြောင်းရွှေ့နေရာချပေးသည့်အခါတောင်ဥက္ကလာပမြို့(၃)ဝိုင်း ယခုလက်ရှိနေရာသို့ပြောင်းရွှေ့ခဲ့ရသည်ကျောင်းကိုလဲ ကျောင်းထိုင်ဆရာတော်ဦးဇောတိက၏ဘွဲ့ကိုစွဲ၍ “ဇောတိကာရုံကျောင်း'ဟုအမည်ပေးခဲ့သည်။ ရေနံချောင်းကျောင်းမှဇောတိကာရုံကျောင်းသို့ပြောင်းရွှေ့လာသည့်အခါ၌ဆရာတော်ဦးဥက်ကံသ၊ ဦးဇောတိက၊ဦးကေလာသတို့(၃)ပါးလိုက်ပါပြောင်းရွှေ့ ခဲ့သည်ဟုဆိုသည်။အသစ်ပြောင်းရွှေ့လာရသည့် အမှတ်(၃)ဝိုင်းကျောင်းကိုလည်း(၅-၂-၅၉)ရက်စွဲဖြင့် မြူနီစပယ်မင်းကြီးရုံးမှမြေချပါမစ်ကိုဆရာတော် ဦးဥက္ကံသဘွဲ့အမည်ဖြင့်ရရှိခြင်းဖြစ်ပေသည်။ ဆရာတော်ဦးဥက္ကံသသည်ရွှေတိဂုံစေတီဝတ္တကမြေတွင် တည်ရှိသည့်ရေနံချောင်းကျောင်းယခုလက်ရှိ တောင်ဥက္ကလာပအဝိုင်း(၃)မြေသို့ပြောင်းရွှေ့ပြီး မကြာမီပင်ယင်းကျောင်းမှအရပ်တစ်ပါးသို့ပြောင်းရွှေ့သွားရာဆရာတော်ဦးဥက္ကံသမရှိသည့်နောက်ဆရာတော်ဦးဇောတိကကျောင်းထိုင်ခဲ့သည်ထိုဇောတိကာရုံကျောင်း ၌မင်္ဂလာတောင်ညွန့်မှဦးသံချောင်း၊ဦးကြည်အေးတို့ ဦးဆောင်၍ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရာ၌ မူလရေနံချောင်းကျောင်းမှဖျက်သိမ်းသယ်လာသည့် ပစ္စည်းများပါဝင်ခဲ့ပြီးဦးဇောတိကအား၄င်းကျောင်း ဆောင်ကိုပုဂ္ဂလိကရေစက်ချလှူဒါန်းသည်ဟုဆိုသည်။ (၁၃၅၃)ခုနှစ်တွင်ကျောင်းထိုင်ဆရာတော်ဦးဇောတိက ပျံလွန်တော်မူခဲ့၍တပည့်များဖြစ်ကြသည့်ဦးသီလာစာရ၊ ဦးဉာဏဝံသ၊ရှင်မာနိတတို့ (၃)ပါးကျန်ခဲ့သည်။ ဆရာတော်ဦးဇောတိကသည်ဇောတိကရုံကျောင်း၊ ဂရုဘဏ်၊လဟုဘဏ်ပစ္စည်းများကိုတစ်စုံတစ်ယောက်အားပေးခြင်း၊တစ်စုံတစ်ယောက်ကဝိသာသဂ္ဂဟဖြင့် ယူခြင်းမရှိဘဲပျံလွန်ခဲ့ခြင်းဖြစ်ပြီးတပည့်ဦးသီလာစာရကဆက်လက်ကျောင်းထိုင်ခဲ့သည်။ (၄)နှစ်တာကာလမျှအေးအေးချမ်းချမ်းနေထိုင်သီတင်း သုံးလာကြရာမှ(၁၃၅၇)ခုနှစ်၊တပို့လပြည့်ကျော်(၆)ရက် (၉-၂-၉၆)ရက်နေ့တွင်ညောင်လေးပင်မြို့၊ပါဠိသိပ္ပံ ကျောင်း၊ကျောင်းထိုင်ဆရာတော်ဦးတေဇိန္ဒသည် ဇောတိကာရုံကျောင်းမှဦးဉာဏဝံသအားကျောင်း လွှဲအပ်ခဲ့သည်။ မှတ်ချက်။ဦးတေဇိန္ဒသည်ဇောတိကာရုံကျောင်းမြေ၊ မြေချပါမစ်အရမိမိဦးတေဇိန္ဒလည်းဇောတိကာရုံကျောင်းကိုပိုင်ဆိုင်သည်။ထိုမိမိပိုင်ဇောတိကာရုံကျောင်းကိုဦးဉာဏဝံသအားလွှဲအပ်ခြင်းဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤသို့ဖြင့်မူလကျောင်းထိုင်ဖြစ်သည့်ဦးသီလာစာရနှင့် ကျောင်းအလွှဲခံရသည့်ဦးဉာဏဝံသတို့သည် ဇောတိကာရုံကျောင်းပိုင်ဆိုင်မှုအငြင်ပွားသဖြင့် ယခုမှုခင်းစတင်ဖြစ်ပေါ်လာရပေသည်။ ကျောင်းထိုင်ဆရာတော်ဦးသီလာစာရသည် တောင်ဥက္ကလာပမြို့နယ်သံဃနာယကအဖွဲ့သို့ အမှုဖွင့်ခဲ့သည်။တောင်ဥက္ကလာပမြို့နယ်သံဃနာယကအဖွဲ့ကဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်း၍စစ်ဆေးဆုံးဖြတ်စေခဲ့ရာ၊ ယင်းဝိနိစ္ဆယအဖွဲ့၏အဖွဲ့ဝင်ဝိနည်းဓိုရ်ဆရာတော်(၁)ပါး ပါဝင်ခြင်းမရှိသဖြင့်လုပ်ထုံးလုပ်နည်း၊ဝိနိစ္ဆယလက်စွဲ တို့နှင့်မညီညွတ်သဖြင့်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၄/၉၉)၏ဆောင်ရွက်ဆုံးဖြတ်ချက်များ တရားမဝင်ပျက်ပြယ်ခဲ့သည်။ တစ်ဖန်နှစ်ဖက်အမှုသည်များကိုစောဒနာသောဓနာလွှာများတင်သွင်းစေ၍မြို့နယ်သံဃနာယကအဖွဲ့က အသစ်ဖွဲ့စည်းပေးသည့်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ် (၅/၂ဝဝဝ)ကဆက်လက်စစ်ဆေးခဲ့ရသည်။ ယင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂ဝဝဝ)က- (က)စောဒကဦးသီလာစာရ၏မူလစောဒနာလွှာကို ပလပ်ပယ်ချလိုက်သည်။ (ခ)ဇောတိကာရုံကျောင်းကိုစုဒိတကဦးဉာဏဝံသအား ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပေးလိုက်သည်။ (ဂ)မည်သူမဆိုစုဒိတကဦးဉာဏဝံသ၏ခွင့်ပြုချက်ဖြင့်သာဇောတိကာရုံကျောင်း၌နေထိုင်ကြရန်၊ ဟုစုဒိတကဦးဉာဏဝံသအားအနိုင်ပေး၍ဆုံးဖြတ်ခဲ့သည် စောဒကဦးသီလာစာရသည်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့်တိုင်းသို့အယူခံဝင် စောဒနာတင်ခဲ့သည်။ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကဖွဲ့စည်းပေးသည့် ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၈/၂၀၀၀)က အယူခံစောဒကဦးသီလာစာရ၏အယူခံစောဒနာလွှာကို ပလပ်ပယ်ချ၍တောင်ဥက္ကလာပမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂ဝဝဝ)၏ဆုံးဖြတ်ချက်ကိုထပ်မံ အတည်ပြုဆုံးဖြတ်ခဲ့သည်။ ထိုတိုင်းဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့် ဦးသီလာစာရကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့ အယူခံစောဒနာလွှာတင်သွင်းခဲ့သည်၊နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၅/၂ဝဝ၁)ကိုဖွဲ့စည်း၍အပြီးသတ်ဆုံးဖြတ်ချက်ချရန်တာဝန်ပေးအပ်ခဲ့လေသည်။ ထို့ကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဝိနည်းစိုရ်ဆရာတော်များသည်အသာဟသေန ဓမ်မေန သမေန နယတီပရေ၊ဓမ္မဿ ဂုတ္တော မေဓာဝီ “ဓမ်မဋ္ဌော”တိပဝုစ္စတိ။(ဓမ္မပဒ) မချွတ်မယွင်းတရားနှင့်အညီသူတစ်ပါးတို့ကိုနိုင်ခြင်း/ရှုံးခြင်းသို့ရောက်စေသောပညာရှိကိုတရားစောင့်သော တရား၌တည်သူတရားသူကြီးဟုဆိုအပ်၏- ဟူသော ဘုရားရှင်၏အဆုံးအမနှင့်အညီဤဝိဝါဒါဓိကရုဏ်းမှုခင်းကိုသုံးသပ်ဆုံးဖြတ်တော်မူကြပေမည်ဖြစ်သတည်း ၁။ဤဝိဝါဒါဓိကရုဏ်းမှုခင်း၌စောဒကဦးသီလာစာရ၏ ရယူလိုသောအဆုံးအဖြတ် ၁။ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်၊ အမှတ်(၃)ဝိုင်းပါရမီကျောင်းတိုက်၊ဇောတိကာရုံကျောင်းမြေနှင့်အဆောက်အဦကို“မတသန္တကသံယိက”ဟု အဆုံးအဖြတ်ပေးတော်မူပါရန်၊ ၂။ဝိနည်းဒေသနာတော်နှင့်အညီအန္တောသီမဋ္ဌက သံဃာများထဲတွင်သိက္ခာအကြီးဆုံးဖြစ်ဦးသီလာစာရသည်သာမတသန္တကသံဃိကဖြစ်သောဇောတိကာရုံကျောင်း၏ဓုဝဝါသ၊အနုဌာပနီယ၊ရက္ခိတ၊ဂေါပိတကျောင်းထိုင်ပဓာနနာယကဖြစ်ထိုက်သည်ဟု အဆုံးအဖြတ်ပေးတော်မူပါရန်၊ ၃။အန္တောသီမဋ္ဌကရဟန်းသာမဏေများသည် ပဓာနနာယကဆရာတော်ဦးသီလာစာရဆုံးမဩဝါဒနှင့်အညီနေထိုင်ရန်၊ဗဟိသီမဋ္ဌကရဟန်းသာမဏေများ ပဓာနနာယဆရာတော်ဦးသီလာစာရ၏နေထိုင်ရန် ခွင့်ပြုချက်မရရှိပါကဇောတိကာရုံကျောင်းမှချက်ချင်း ထွက်ခွာပေးရမည်ဟုဆုံးဖြတ်ပေးရန်၊ [စုဒိတကဦးဉာဏဝံသ၏ရယူလိုသောအဆုံးအဖြတ်]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁။အယူခံစောဒကဦးသီလာစာရ၏အယူခံစောဒနာ လွှာကိုထပ်ဆင့်ပလပ်ပယ်ချတော်မူပြီး ၂။မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)နှင့် တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၈/၂၀၀၁)တို့၏ဝိနိစ္ဆယဆုံးဖြတ်ချက်ကိုအတည်ပြုဆုံးဖြတ်ပေးတော်မူပါရန်၊ ၂။ဤဝိဝါဒါဓိကရုဏ်းမှုခင်းကိုလေ့လာသည့်အခါ စောဒကသည်မူလရေနံချောင်းကျောင်းပုဂ္ဂလိကကျောင်းသို့မဟုတ်သံဃိကကျောင်းဖြစ်သည်၊ဇောတိကာရုံကျောင်းကိုမတသန္တကသံဃိကကျောင်းဖြစ်သည်ဟူ၍ လည်းကောင်း၊စုဒိတကသည်မူလရေနံချောင်းကျောင်းကိုတိသန္တကကျောင်းဖြစ်ဇောတိကာရုံကျောင်းကို ပုဂ္ဂလိကကျောင်းဖြစ်သည်ဟူ၍လည်းကောင်း အငြင်းပွါးကြပြီးမိမိတို့ရယူလိုက်အဆုံးအဖြတ်ကို တောင်းခံနေကြခြင်းဖြစ်သည်ကိုတွေ့ရပေသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဆရာတော်များသည်အထက်ဖော်ပြပါစောဒက၊စုဒိတက တို့၏အငြင်းပွါးမှုနှင့်တောင်းခံထားသည့်ရယူလိုသောအဆုံးအဖြတ်များကိုမှန်ကန်စွာသုံးဆုံးဖြတ်နိုင်ရေးအတွက်စောဒက/စုဒိတကတို့၏စောဒနာသောဓနာလွှာများ၊သက်သေအထောက်အထားများ၊မြို့နယ်နှင့်တိုင်း ဝိနိစ္ဆယတို့၏သုံးသပ်ဆုံးဖြတ်ချက်များကိုစေ့စပ် သေချာစွာညှိနိုင်း၍အောက်ဖော်ပြလတ္တံ့ဖြစ်သည့် အဓိကအချက်များဖြင့်သုံးသပ်ဆုံးဖြတ်တော်မူကြမည် ဖြစ်ပေသည်။ [အဓိကကျသည့်အချက်များ]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(က)မူလရေနံချောင်းကျောင်းသည်မည်သည့်ကျောင်းအမျိုးအစားဖြစ်သည်။ (ခ)အမှုဖြစ်ဇောတိကာရုံကျောင်းသည်ပုဂ္ဂလိကကျောင်း ဖြစ်/မဖြစ်။ (ဂ)ဆရာတော်ဦးတေဇိန္ဒသည်ဦးဉာဏဝံသကား ဇောတိကာရုံကျောင်းကိုလှူဒါန်းခြင်းသည်ဓမ္မဝိနယနှင့် ညီမညီစသောအချက်များဖြစ်သည်။ (က)မူလရေနံချောင်းကျောင်းသည်မည်သည့် ကျောင်းအမျိုးအစားဖြစ်သည်ကိုသုံးသပ်ချက် ၁။မူလရေနံချောင်းကျောင်းကိုကျောင်းဒါယကာများ ဖြစ်ကြသောမြိုင်ရာဇာဦးဖိုးစော+ဒေါ်ဖွားစိန်မိသားစုသည်မိမိတို့ကြည်ညိုဆည်းကပ်ကိုးကွယ်သော ဆရာတော်ဦးဥက္ကံသအားသာလျှင်လှူမည်သို့မဟုတ်၊ သံဃာလှူရခြင်း၏အကျိုးကြီးပုံကိုဆရာတော်ဦးဥက္ကံသကဟောပြသည့်အတွက်သံဃာအားလှူမည်၊ဤသို့ ပုဂ္ဂလိက/သံဃာကနှစ်မျိုးတို့တွင်တစ်မျိုးမျိုးအဖြစ် လှူဒါန်းခဲ့သည်မှာသေချာသည်”ဟူ၍စောဒက ဦးသီလာစာရကမူလရေနံချောင်းကျောင်းသည် ဆရာတော်ဦးဥက္ကံသပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည် သို့မဟုတ်သံဃိကကျောင်းဖြစ်မည်ဟုစောဒနာထားသည် စောဒကဦးသီလာစာရ၏ယင်းစောဒနာကိုလေ့လာလျှင် မူလရေနံချောင်းကျောင်းသည်ပုဂ္ဂလိကကျောင်းဖြစ်သည်ဟုဧကန်ကောက်ချက်ချမရသကဲ့သို့သံဃိကကျောင်းဟူ၍လည်းကောက်ချက်ချ၍မရသောမသေချာမရေရာသည့်စောဒနာလွှာဖြစ်သည်။ ၂။စုဒိတကဦးဉာဏဝံသကမူ၊မူလရေနံချောင်းကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍တိုင်းအယူခံသောဓနာလွှာ၌ မူလရေနံချောင်းချောင်းကိုဦးဥက္ကံသနှင့်တပည့်ငါးပါးပိုင် ပဉ္စသန္တကဖြစ်သည်၊၂-ပါးလူဝတ်လဲသွားသည့်အခါ ၃-ပါးပိုင်တိသန္တကကျောင်းဖြစ်သည်”ဟုမိမိ၏သက်သေ ဆရာတော်ဦးတေဇိန္ဒ၏ထွက်ဆိုချက်ကိုအားပြ၍ သောဓနာထားသည်ကိုတွေ့ရသည်။ စုဒိတက၏သက်သေဆရာတော်ဦးတေဇိန္ဒကလည်း ရေနံချောင်းကျောင်းကို“ဦးဥက္ကံသ၊ ဦးစန္ဒော၊ဦးဇောတိက ဦးတေဇိန္ဒ၊ရှင်ကေလာသတို့ငါးပါးပိုင်ဖြစ်သည်”ဟု မြို့နယ်ဝိနည်းဓိုရ်ဆရာတော်များ၏အမေးကို ဖြေထားသည်။ မူလရေနံချောင်းကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်သည့်စုဒိတက၏သောဓနာလွှာနှင့်စု/ပြသက်သေဆရာတော်ဦးတေဇိန္ဒတို့၏ထွက်ဆိုချက်ကို ဆက်စပ်ယူလျှင်‘မူလရေနံချောင်းကြောင်းသည် ဦးဥက္ကံသ၊ဦးစန္ဒော၊ဦးဇောတိက၊ဦးတေဇိန္ဒ၊ ရှင်ကေလာသတို့ငါးပါးပိုင်ပဉ္စသန္တကကျောင်းဖြစ်ရာမှ ဦးစန္ဒောနှင့်ရှင်ကေလာသတို့လူထွက်သွားကြသဖြင့် ကျန်သည့်သုံးပါးပိုင်တိသန္တကကျောင်းဖြစ်သည်”ဟူ၍ သောဓနာလိုခြင်းဖြစ်သည်။ စုဒိတကဦးဉာဏဝံသသည်ယခုအမှုနှင့်ပတ်သက်၍ မိမိဦးဉာဏဝံသ၏သက်သေဦးတေဇိန္ဒကိုအားကိုး အားထားပြုပြီးဦးတေဇိန္ဒ၏ထွက်ဆိုဖြေကြားချက် တို့ကိုသာအခိုင်အမာယူ၍သောဓနာနေခြင်းဖြစ်သည်ကို တွေ့ရသည်။မူလရေနံချောင်းကျောင်းပိုင်ဆိုင်မှုနှင့် ပတ်သက်၍စုဒိတက၏တင်ပြချက်နှင့်စု/ပြသက်သေ ဦးတေဇိန္ဒ၏ထွက်ဆိုချက်တို့ကိုစိစစ်ကြည့်လျှင် - (က)ပဉ္စသန္တကပိုင်ဆိုင်ရာနှစ်ပါးလူထွက်သဖြင့် တိသန္တကပိုင်ဖြစ်သည်ဟုသောဓနာချက်၌နှစ်ပါးလူထွက် သွားရုံဖြင့်တိသန္တကအဖြစ်သို့မရောက်နိုင်သည်ကို၎င်း၊ (ခ)(၁၃၁၁)ခုနှစ်မတိုင်မီကတည်ဆောက်ခဲ့သော မူလရေနံချောင်းကျောင်းသို့၁၃၁၁ခုနှစ်မှရောက်ရှိလာသောသုံးဝါမျှသာရှိသေးသည့်ရဟန်းငယ်ဦးတေဇိန္ဒသည် ကျောင်းကိုမည်သို့လှူဒါန်းခဲ့သည်ဟုတိကျစွာသိနိုင်မည်မဟုတ်သည်ကိုလည်းကောင်း (ဂ)စု/ပြသက်သေဆရာတော်ဦးတေဇိန္ဒသည်လည်းကောင်း၊စုဒိတကဦးဥာဏဝံသသည်လည်းကောင်း မူလရေနံချောင်းကျောင်း“ပဉ္စသန္တက”လှူခဲ့သည်ကိုခိုင်လုံ သောအထောက်အထားပြနိုင်ခြင်းမရှိသည်ကို၎င်း၊ (ဃ)ပဉ္စသန္တကကျောင်းလှူရာ၌ပဉ္စသန္တကဝင်အဖြစ် ကိုရင်လေးပါဝင်နေသည်ကိုလည်းကောင်း၊ (င)ရေနံချောင်းကျောင်းကိုဦးတေဇိန္ဒမရောက်မီကပင် ရေစက်ချလှူဒါန်းပြီးဖြစ်နိုင်သည်ကိုလည်းကောင်း တွေ့ရှိရပေသည်။ ထို့ကြောင့်မူလရေနံချောင်းကျောင်းသည်ဆရာတော် ဦးဥက္ကံသ၊ဦးတေဇိန္ဒ၊ဦးနန္ဒမာသုံးပါးပိုင်သည့် “တိသန်တကကျောင်းဖြစ်သည်”ဟူ၍တင်ပြသော စုဒိတကဦးဉာဏဝံသ၏သောဓနာမှုသည်တိကျသေချာသည့်သောဓနာမဟုတ်သည်ကိုတွေ့ရပေသည်။ ၃။ထို့ပြင်“ရေနံချောင်းကျောင်းသည်မူလငါးပါးပိုင်ကျောင်းဖြစ်သည်၊ဦးစ​ေန္ဒာနှင့်ရှင်ကေလာသတို့လူ့ဘဝ သို့ပြောင်းရွှေ့သွားကြသဖြင့်ဦးဥက္ကံသ၊ဦးဇောတိက၊ ဦးတေဇိန္ဒတို့သုံးပါးပိုင်ကျောင်းဟူ၍မြို့နယ်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)၏သုံးသပ်ချက်သည် အကြောင်းယုတ္တိစဉ်းစားဆင်ခြင်မှုကင်းစွာစုဒိတက သောဓနာလွှာနှင့်စု/ပြသက်သေထွက်ဆိုချက်တို့အတိုင်း သုံးသပ်သကဲ့သို့ဖြစ်နေသည်ကိုတွေ့ရသဖြင့် - “သူတစ်ပါးဆိုသောစကားအပိုင်းအခြားကိုယူဆနိုင်စွမ်းရှိခြင်း၊မိမိဆိုသောစကားအပိုင်းအခြားကိုယူဆနိုင်စွမ်း ရှိခြင်း”ဟူသောဝိနည်းဓိုရ်များဂုဏ်အင်္ဂါပျက်ယွင်းနေ သဖြင့်လည်းကောင်း၊ “စောဒက/စုဒိတကတို့၏ထွက်ဆိုချက်တို့သည် ယုတ္တိရှိ/မရှိအထောက်အထားခိုင်မာခြင်း ရှိ/မရှိကို ဝေဖန်သုံးသပ်ရမည်”ဟူသောဝိနည်းဓိုရ်သင်တန်းမှာကြားချက်များနှင့်ညီညွတ်မှုမရှိသဖြင့်လည်းကောင်း။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏သုံးသပ်မှုသည်အားကိုးထိုက်သည့်သုံးသပ်ချက်မဟုတ်ပေ။ ၄။တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၈/၂၀၀၀)ကလည်း - “ရေနံချောင်းကျောင်းဟူသောအမည်ဖြင့်မြိုင်ရာဇာ ဦးဖိုးစော+ဒေါ်ဖွားစိန်တို့ကဆရာတော်ဦးဥက္ကံသအား ဆောက်လုပ်လှူဒါန်းခဲ့သောကျောင်းဖြစ်သည် ရေနံချောင်းကျောင်းကိုဆရာတော်ဦးဥက္ကံသပုဂ္ဂလိကပိုင်အဖြစ်ဖော်ပြထားသည်ကိုသာတွေ့ရသည်။ ထိုသို့ဖော်ပြထားသော်လည်းပုဂ္ဂလိကပိုင်ဖြစ်ကြောင်း အထောက်အထားဖြင့်ဖော်ပြခြင်းမဟုတ်သဖြင့် တိကျခိုင်မာမှုမရှိသည့်ဖော်ပြချက်ပင်ဖြစ်သည်။ ၅။အထက်တွင်အကျယ်တဝင့်စိစစ်ဝေဖန်ချက်များအရ မူလရေနံချောင်းကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စောဒကတင်ပြသည့်ပုဂ္ဂလိကကျောင်းဖြစ်သည် (သို့)သံဃိကကျောင်းဖြစ်သည်ဟူသောစောဒနာသည် မတိကျမသေချာသည့်စောဒနာဖြစ်သည်။ စုဒိတကတင်ပြသည့်တိသန္တကကျောင်းဖြစ်သည်ဟူ သောသောဓနာသည်လည်းခိုင်မာသည့်အထောက် အထားမရှိသဖြင့်မတိကျမသေချာသည့်သောဓနာ ပင်ဖြစ်သည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့နှင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့တို့၏ သုံးသပ်ဖော်ပြမှုသည်လည်းအားကိုးအားထားပြုလောက်သည့်သုံးသပ်ဖော်ပြချက်များမဟုတ်ပေ။ အမှုတွဲပါအမှုသွားအမှုလာနှင့်အကြောင်းအရာတို့ကလဲ မည်သည့်ကျောင်းအမျိုးအစားဖြစ်သည်ဟုပြဆိုနိုင်သည့်အထောက်အထားအကြောင်းအရာတို့ကိုမတွေ့ရပေ ထိုသို့ကွဲကွဲပြားပြားမသိရသည့်အငြင်းပွားမှုများကို ဆုံးဖြတ်ရာ၌ -- ဝိနယဝိနိစ္ဆယေ ဟိ အာဂတေ ဂရုကေ ဌာတံ၊ဧသာ ဝိနယဓမမှတာ။(ဝိ-ဋဌှ- ၁-၂၇၆) ဝိနယဓမမှတာတိ ဝိနယဂရုကာနံ ဓမမှတာ၊ ဝိနယဂရုကာဟိ ဝိနယ ဝိနိစ်ဆယအာဂတေ ဂရုကေ တိဋ်ဌန်တိ၊ (သာရတ်ထ ဋီ- ၂၊ ၁၃၆)ဂရုက လဟုကသေု ဂရုကေ ဌာတဗ္ဗန္တိ ဧတံ ဝိနယ လက္ခဏံ။(ဝိ-ဋ္ဌ- ၃- ၂၉)ဟူသော အဋ္ဌကထာ၊ဋီကာဆရာအရှင်များမိန့်မှာကြားချက်နှင့်အညီဝိနယဓမ္မတာသဘောအရလဟုက၊ဂရုကတို့တွင် ဂရုကအရာ၌တည်၍ဆုံးဖြတ်ရမည်သာဖြစ်သည်။ ထို့ကြောင့်မူလရေနံချောင်းကျောင်းသည် “သံယိကကျောင်း” ဖြစ်သည်ဟုနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်များက တစ်ညီတစ်ညွတ်တည်း သုံးသပ်တော်မူကြသည်။ (ခ)အခင်းဖြစ်ဇောတိကာရုံကျောင်းသည်ပုဂ္ဂလိကကျောင်းဖြစ်/မဖြစ်သုံးသပ်ချက် ၁။ဇောတိကာရုံကျောင်းအဆောက်အဦသည်ဦးဆောင်ကျောင်းဒါယကာများဖြစ်ကြသည့်ဦးသံချောင်း +ဒေါ်ကြည်အေးတို့ကဆရာတော်ဦးဇောတိကအား ပုဂ္ဂလိကလှူဒါန်းသည့်ကျောင်းဖြစ်သည်၊ဆရာတော် ဦးဇောတိကပျံလွန်သည်အထိမည်သူ့ကိုမျှသုဒိန္န သုဂ္ဂဟိတမြောက်ပေးခြင်းယူခြင်းမပြုနိုင်ခဲ့သဖြင့် “မတသန္တကသံယိကကျောင်း”ဖြစ်သည်။ စု/ပြသက်သေဦးတေဇိန္ဒသည်ရေနံချောင်းကျောင်း မဖျက်သိမ်းမီကပင်ညောင်လေးပင်သို့ပြောင်းရွှေ့သွားပြီးဖြစ်သည်။ ဇောတိကာကျောင်း၌လုံးဝနေထိုင်မှုမရှိခဲ့ပေ၊မြေချပါမစ်ထုတ်ပေးသော(၁၃၂၁)ခုနှစ်တွင်ညောင်လေးပင်မြို့၊ ပါဠိသိပ္ပံကျောင်းတွင်နေထိုင်ပြီးဖြစ်၍မြေချပါမစ်စာ တိုင်(၁၀)တွင်ဦးတေဇိန္ဒ(၁၀)ဝါဟူသောစကားရပ်နှင့် စာတိုင်(၁၃)တွင်ဦးဇောတိက(ကိုယ်စား)ဟူသော လက်မှတ်တို့သည်နောက်မှအကြံအဖန်လုပ်၍ထည့်ထားခြင်းဖြစ်သည်၊ထို့ကြောင့်ဇောတိကာရုံကျောင်းမြေကို ပိုင်ဆိုင်မှုတွင်ဦးဇောတိက၊ဦးတေဇိန္ဒတို့ပါဝင်မှုမရှိ၊ ဆရာတော်ဦးဥက္ကံသတစ်ပါးတည်းသာပိုင်ဆိုင်သည်၊ ဆရာတော်ဦးဥက္ကံသသည်ယင်းမြေကိုဦးဇောတိက၊ ဦးတေဇိန္ဒတို့နှင့်“တိသန္တကပြုခဲ့ခြင်းမရှိခဲ့သဖြင့်ဆရာတော်ဦးဥက္ကံသပျံလွန်သည့်အခါ“ဇောတိကာရုံ ကျောင်းဆောင်နှင့်ကျောင်းမြေနှစ်ခုလုံးကို “မတသန္တကသံယိက”ဖြစ်သည်ဟူ၍စောဒက ဦးသီလာစာရကတင်ပြစောဒနာထားသည်ကိုတွေ့ရသည် ၂။ဇောတိကာရုံကျောင်း(ဆောင်)ကိုမြိုင်ရာဇာဦးဖိုးစော+ ဒေါ်ဖွားစိန်မိသားစုတို့ကဦးဥက္ကံသ၊ဦးဇောတိက၊ ဦးတေဇိန္ဒတို့ (၃)ပါးအားရေစက်ချလှူဒါန်းသည့် တိသန္တကကျောင်းဖြစ်ဖြစ်သည်၊ဆရာတော်ဦးဥက္ကံသနှင့် ဦးဇောတိကတို့ပျံလွန်သည့်အခါဦးတေဇိန္ဒ “ပုဂ္ဂလိကပိုင်ကျောင်း”ဖြစ်သည်၊ဦးတေဇိန္ဒကလွှဲအပ်သောကြောင့်မိမိဦးဉာဏဝံသပုဂ္ဂလိကပိုင်ဖြစ်သည်။ လက်ရှိဇောတိကာရုံကျောင်းနေရာသည်အစိုးရကအစား ပေးထားသည့်မြေဖြစ်သည်။ ဆရာတော်ဦးဥက္ကံသအမည်ဖြင့်လက်ခံ၍ဦးဇောတိက သည်ဆရာတော်ဦးဥက္ကံသ၏ကိုယ်စားလှယ်အဖြစ်ဖြင့် လည်းကောင်း၊ဦးတေဇိန္ဒသည်ဆက်ခံမည့်ပုဂ္ဂိုလ် အဖြစ်ဖြင့်လည်းကောင်းမှတ်တမ်းတင်ရယူခဲ့မြေနေရာဖြစ်သည်။ တစ်ဖန်မှတ်ပုံတင်လက်မှတ်စာတိုင်(၈)တွင်သံဃာဦးရေ (၃)ဟုရေးသွင်းထားချက်အရဦးဥက္ကံသ၊ဦးဇောတိက၊ ဦးတေဇိန္ဒဆရာတော်(၃)ပါးအားအစားပေးထားခြင်းဖြစ်သည်၊ထိုဆရာ(၃)ပါးတို့တွင်ဦးဥက္ကံသနှင့် ဦးဇောတိကတို့ပျံလွန်သဖြင့်ဦးတေဇိန္ဒတစ်ပါးတည်း “ပုဂ္ဂလိကဖြစ်သည်၊ဦးတေဇိန္ဒသည်မိမိဦးဉာဏဝံသအား လှူဒါန်းသဖြင့်မိမိ(ဦးဉာဏဝံသ)ပိုင်သည့်“ပုဂ္ဂလိကပိုင် ဖြစ်သည်ဟူ၍ဇောတိကာရုံကျောင်းအဆောက်အဦနှင့် ကျောင်းမြေနှစ်ခုလုံးကိုမိမိဦးဉာဏဝံသပုဂ္ဂလိကပိုင် ဖြစ်သည်ဟုစုဒိတကဦးဉာဏဝံသကတင်ပြသောဓနာထားသည်ကိုတွေ့ရသည်။ ထိုသို့အငြင်းပွါးနေသည့်ဇောတိကာရုံကျောင်းအဆောက် အဦနှင့်ကျောင်းကိုတစ်ခုချင်းစိစစ်သုံးသပ်သွားမည် ဖြစ်ပေသည်။ [ဇောတိကာရုံကျောင်းအဆောက်အဦကိုသုံးသပ်ခြင်း]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁။ဇောတိကာရုံကျောင်း(အဆောက်အဦ)ကိုဦးဖိုးစော+ ဒေါ်ဖွားစိန်မိသားစုတို့ကဆရာတော်ဦးဥက္ကံသ၊ ဦးဇောတိက၊ဦးတေဇိန္ဒတို့(၃)ပါးအားရေစက်ချလှူဒါန်း ခဲ့သည်ဟုစုဒိတကဦးဉာဏဝံသတွက်ဆိုသောဓနာ ထားသော်လည်းကာယကံရှင်ဦးတေဇိန္ဒကမူ ရေနံချောင်းကျောင်းမှာ(၁၃၁၁)ခုနှစ်၊(၁၃၁၃)ခုနှစ် ဝါဆိုဖူးပါသည်၊ညောင်လေးပင်(၁၃၁၄)ခုနှစ် ဝါဆိုလဆန်း(၁၄)ရက်နေ့ကပြောင်းရွှေ့ပါသည်။ ရေနံချောင်းကျောင်းမှတောင်ဥက္ကလာပသို့ပြောင်းရွှေ့သောအခါမရှိပါ၊ညောင်လေးပင်မြို့၊စာသင်ရောက်ရှိ နေပါသည်၊တောင်ဥက္ကလာပသို့ပြောင်းရွှေ့စဉ်က ဦးဇောတိကနှင့်ဦးကေလာသတို့(၂)ပါးပါပါသည်ဟူ၍ ဖြေကြားထွက်ဆိုထားသောကြောင့်လည်းကောင်း၊ ဦးတေဇိန္ဒသည်(၁၃၁၄)ခုနှစ်၊ရေနံချောင်းကျောင်းမှ ထွက်ခွာသွားသည့်အချိန်မှစ၍ရေနံချောင်းကျောင်းနှင့်ဇောတိကာရုံကျောင်းမှာပါနေထိုင်ခဲ့ဖူးခြင်းမရှိပါဟူသော စောဒကဦးသီလာစာရ၏စောဒနာကိုစုဒိတက ဦးဉာဏဝံသနှင့်စု/ပြသက်သေဦးတေဇိန္ဒတို့နှစ်ပါးစလုံးကငြင်းဆိုခြင်းမရှိသဖြင့်ဝန်ခံထားသကဲ့သို့ဖြစ်သော ကြောင့်လည်းကောင်း၊ ဦးတေဇိန္ဒသည်ဇောတိကာရုံကျောင်းဆောင်ရေစက်ချလှူဒါန်းသည့်အချိန်၌ဇောတိကာရုံကျောင်း၌မရှိခြင်း၊ ထို့ပြင်ယင်းဇောတိကာရုံကျောင်း၌လုံးဝနေထိုင်ခဲ့မှု မရှိသည်ကိုလည်းဝန်ခံသကဲ့သို့ဖြစ်ခြင်းတို့မှာ ထင်ရှားသဖြင့်၊ဇောတိကာရုံကျောင်းရေစက်ချအလှူခံပုဂ္ဂိုလ်ထဲတွင်ဦးတေဇိန္ဒပါဝင်သယောင် - “ဇောတိကာရုံကျောင်း(အဆောက်အဦ)ကိုဆရာတော် ဦးဥက္ကံသ၊ဦးဇောတိက၊ဦးတေဇိန္ဒတို့(၃)ပါးအား ရေစက်ချလှူဒါန်းခဲ့သည်”ဟူသောစုဒိတကဦးဉာဏဝံသ ၏သောဓနာသည်ယုတ္တိမရှိသည့်သောဓနာလွှာဖြစ်သည်။ ၂။အမှန်မှာ“မြေချပါမစ်ထုတ်ယူသည့်နေ့၌ဆရာတော် ဦးဥက္ကံသရေနံချောင်းကြောင်းမှာမရှိတော့ပါ၊ဘယ်သို့ ကြွသွားသည်ကိုမသိပါ”ဟူ၍စု/ပြသက်သေဦးတေဇိန္ဒက မြို့နယ်ဝိနည်းင်ဆရာတော်များအမေးကို ဖြေကြားခဲ့ပေသည်။ မြေချပါမစ်ထုတ်ပေးသည့်ရက်စွဲ(၅-၂-၅၉)နေ့ဖြစ်သဖြင့် မြန်မာလို(၁၃၂၀)ပြည့်နှစ်ပြာသိုလ်လဆုတ် (၁၃)ရက်ဖြစ်သည်။ရေနံချောင်းကျောင်းကိုဖျက်သိမ်း၍ တောင်ဥက္ကလာပသို့ပြောင်းရွှေ့သည်မှာလည်း(၁၃၂၀) ပြည့်နှစ်ဖြစ်သည်၊ဤသို့ဦးတေဇိန္ဒ၏ဖြေကြားထွက်ဆိုချက်အရဆရာတော်ဦးဥက္ကံသသည်ရေနံချောင်းကျောင်းကိုတောင်ဥက္ကလာပသို့ပြောင်းရွှေ့သည့်(၁၃၂၀)ပြည့်နှစ် ကပင်ဇောတိကာရုံကျောင်းမှထွက်ခွာသွားပြီးဘယ်ရောက်နေသည်ကိုပင်မသိရှိသည်မှာငြင်း၍မရသော အချက်ပင်ဖြစ်သည်။ ရေနံချောင်းကျောင်းကိုဖျက်သိမ်းခြင်း၊ဖျက်သိမ်းရသည့် ပစ္စည်းများကိုတောင်ဥက္ကလာပသို့သယ်ယူခြင်း၊ ကျောင်းမြေရှင်းလင်းခြင်း၊လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အလှူရှင်များရှာဖွေခြင်း၊လိုအပ်သောပစ္စည်းများဝယ်ယူခြင်း၊ကျောင်းဆောင်ဆောက်လုပ်ခြင်း စသည့်ဆောင်ရွက်စရာများပြီးစီးသည့်အချိန်မှ ကျောင်းရေစက်ချပွဲပြုလုပ်ချိန်၌ဆရာတော်ဦးဇောတိက တစ်ပါးတည်းသာဇောတိကာရုံကျောင်းတွင်ရှိနေမည်မှာ သေချာသည်၊ကျောင်းကိုလည်းဆရာတော်ဦးဇောတိက တစ်ပါးတည်းအားပုဂ္ဂလိကရေစက်ချလှူဒါန်းမည်သာ ဖြစ်သည်၊ဘယ်ရောက်နေမှန်းမသိရသောဆရာတော် ဦးဥက္ကံသနေဖူးခြင်းလုံးဝမရှိသောဦးတေဇိန္ဒတို့ကျောင်းအလှူခံအဖြစ်ပါဝင်ခြင်းမရှိသည်မှာထင်ရှားပေသည်။ သို့ဖြစ်၍ဇောတိကာရုံကျောင်းကိုဆရာတော်ဦးဇောတိကတစ်ပါးတည်းပုဂ္ဂလိကအဖြစ်လှူဒါန်းခဲ့သည်သာ ဖြစ်ပေသည်ဟုသုံးသပ်ကြပါသည်။ ထိုသို့ဆရာတော်ဦးဇောတိကတစ်ပါးတည်းအားပုဂ္ဂလိက လှူဒါန်းခဲ့သည်ကိုကျောင်းအမဒေါ်ကြည်အေးက ဦးဇောတိကတစ်ပါးတည်းပုဂ္ဂလိကလှူဒါန်းသည်ဟူသော ဆိုချက်ဒေါ်ကြည်အေး၏ယင်းထွက်ဆိုချက်ကိုစုဒိတက သည်ငြင်းဆိုမှုမရှိ၊ဦးဇောတိက၏ဘွဲ့ကို(သာ)စွဲ၍ ဇောတိကာရုံကျောင်းဟုအမည်ပေးထားသည့်အချက် တို့ကိုထောက်ထား၍သိသာထင်ရှားလှပေသည်။ အထက်ပါစိစစ်ချက်များအရဇောတိကာရုံကျောင်းကို ဆရာတော်ဦးဇောတိကတစ်ပါးတည်းအားရေစက်ချလှူဒါန်းခဲ့သော်လည်းဇောတိကာရုံကျောင်းဆောင်ကို သံဃိကဖြစ်သောရေနံချောင်းကျောင်းမှပစ္စည်းများ ထည့်ထားပါဝင်လျက်ဆောက်လုပ်ထားခြင်း၊ဆရာတော်ဦးဇောတိကပျံလွန်တော်မူသည်အထိတစ်စုံတစ်ဦးကိုမျှသုဒိန္နသုဂ္ဂဟိတမြောက်အပေးအယူမရှိခြင်းတို့ကြောင့် ဝိနယဂရုကသို့လိုက်၍ဇောတိကာရုံကျောင်းအဆောက် အဦသည်“သံဃိက”ဖြစ်သည်ဟုနိုင်ငံတော်ဝိနိစ်ဆယ အဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်များကတစ်ညီတစ်ညွတ်တည်းသုံးသပ်တော်မူကြသည်။ [ဇောတိကာရုံကျောင်းမြေကိုသုံးသပ်ခြင်း]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။ဤဇောတိကာရုံကျောင်းမြေနှင့်ပတ်သက်၍ စောဒက/စုဒိတကတို့သည်ကျူးကျော်ဘုန်းတော်ကြီး ကျောင်းများဖျက်သိမ်းပြောင်းရွှေ့စဉ်ကနိုင်ငံတော်အစိုးရမြူနီစပယ်မင်းကြီးရုံးမှချပေးသည့်မြေချပါမစ်ကို ကြည့်၍သူမှန်သည်၊ငါမှန်သည်ဟုအငြင်းပွါးနေကြခြင်း ဖြစ်သည်။ ဤအငြင်းပွါးရာ၌စုဒိတကဦးဉာဏဝံသ၏သောဓနာ တို့တွင်မြေချပါမစ်အရဦးဇောတိကဆရာတော်ဦးဥက္ကံသ ၏ကိုယ်စာလှယ်အဖြစ်ဦးတေဇိန္ဒသည်ဆက်ခံမည့် ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊စာတိုင်(၈)တွင်ဖော်ပြသည့် ဦးရေ(၃)ပါးအရဦးဥက္ကံသ၊ဦးဇောတိက၊ဦးတေဇိန္ဒတို့ သုံးပါးပိုင်သည်ဟုလည်းကောင်း၊မြို့နယ်မှတိုင်းအထိ သောဓနာထားပါလျက် - နိုင်ငံတော်အယူခံသောဓနာလွှာ၌မြေချပါမစ်သည် ဆရာတော်ဦးဥက္ကံသ၊ဦးဇောတိက၊ဦးတေဇန်ဒတို့သုံးပါး ၏ပုဂ္ဂလိကပဋိညာဉ်(ကတိကဝတ်)ထားရှိမှုကို ဖော်ပြသည့်ခွင့်ပြုချက်လက်မှတ်ဖြစ်သည်ဟုသောဓနာထားသည်ကိုတွေ့ရပြန်သဖြင့်စုဒိတကဦးဉာဏဝံသသည် ရှေ့စကားနှင့်နောက်စကားညီညွတ်မှုမရှိသောကြောင့် ဦးဉာဏဝံသ၏သောဓနာလွှာသည်ဖြောင့်မတ်မှုမရှိသည့် မရိုးသားသောဓနာလွှာဖြစ်သည်ကိုတွေ့ရသည်။ မြို့နယ်နှင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့တို့သည်ဤအမှုနှင့်ပတ်သက်၍သုံးသပ်ဆုံးဖြတ်ရာတွင် ဝိနည်းတရားတော်နှင့်ပတ်သက်၍သံသယကုက္ကုစ္စအနှိပ် စက်ခံနေရသောရဟန်းရှင်လူအပေါင်းတို့၏ကိုးကွယ်အားထားရာဖြစ်ခြင်း၊နှစ်ဘက်သောအမှုသည်အချင်း ချင်းတို့ကိုအကြောင်းနှင့်တကွကောင်းစွာနှိမ်ဆုံးမနိုင်သောသတ္တိရှိခြင်းစသောဝိနည်းဓိုရ်အင်္ဂါများနှင့်ပြည့်စုံခြင်းမရှိသည်ကိုတွေ့ရပေသည်။ ပမာအားဖြင့်ယခုဇောတိကာရုံကျောင်းအာရာမ်မြေ ပိုင်ဆိုင်မှု၌အဓိကကျသည့်မြေချပါမစ်အဓိပ္ပါယ်များကို မိမိတို့ကိုယ်တိုင်မှန်ကန်တိကျအောင်ဝေဖန်သုံးသပ်နိုင်မှုမရှိခြင်း၊မိမိတို့ကိုယ်တိုင်ဝေဖန်သုံးသပ်နိုင်စွမ်းမရှိလျှင်လည်းသက်ဆိုင်ရာမှသက်သေအထောက်အထားရရှိ အောင်ဆောင်ရွက်ရမည်ကိုမစွမ်းနိုင်ခြင်းတို့ဖြစ်သည်။ တိုင်းဝိနိစ္ဆယကား“မြေချပါမစ်(ရုံးချုပ်လက်ခံ)မူရင်းကို ကြည့်ရှုစစ်ဆေးခွင့်ရရန်ကြိုးစားသော်လည်းမအောင် မြင်ခဲ့ပါ”ဟုမြို့နယ်ဝိနိစ္ဆယအဖွဲ့ကဆိုထားပါလျက်၊ “မြို့နယ်ဆရာတော်တို့လည်းမြို့တော်စည်ပင်နှင့်အိုးအိမ်ဦးစီးဌာနရုံးချုပ်သို့ကြွရောက်ကြည့်ရှုပြီးဖြစ်သည်ကို ဖိုင်(၂)၌တွေ့ရသဖြင့်တိုင်းမှတကူးတကအားထုတ်ဖွယ် မလိုတော့”ဟူ၍ပင်ဖော်ပြထားသည်မှာတိုင်းဝိနိစ္ဆယအဖွဲ့၏ပေါ့ပေါ့တန်တန်ဆောင်ရွက်ထားမှုကို ထင်ရှားစေသည်။ အမှန်ကားမြို့နယ်ဝိနိစ္ဆယအဖွဲ့သဘာပတိမှတ်တမ်းတွင် (၉-၈-၂၀၀၀)ရက်နေ့ကအိုးအိမ်ဦးစီးဌာနရုံးချုပ်သို့ ဝိနည်းဓိုရ်ဆရာတော်များကမြေချပါမစ်သွားရောက်ကြည့်သည်ကိုမှတ်တမ်းတင်ထားခြင်းဖြစ်သည်၊ထိုသို့ သွားရောက်ကြည့်ရှုသော်လည်းမအောင်မြင်ကြောင်းကို မြို့နယ်ဝိနိစ္ဆယ၌အတိအလင်းဖော်ပြထားပေသည်၊ ထိုသို့ဖော်ပြထားသည်ကိုပင်မတွေ့ရှိခြင်းသည် တိုင်းဝိနည်းဓိုရ်များ၏ပေါ့ပေါ့တန်တန်နိုင်လှသည်မှာ သိသာထင်ရှားပေတော့သည်။ ၂။ထိုအငြင်းပွါးနေသည့်မြေချပါမစ်၏သဘောအဓိပ္ပါယ် အမှန်မှာ (က)လှူဒါန်းသူသည်နိုင်ငံတော်အစိုးရမြူနီစပယ်ဌာနဖြစ်သည်။(စာချုပ်ပါမြူနီစပယ်မဟာမင်းကြီးရုံး) (ခ)အလှူခံပုဂ္ဂိုလ်မှာဆရာတော်ဦးဥက္ကံသဖြစ်သည်။ (စာတိုင် ၃) (ဂ)အလှူဝတ္ထုမှာမြေကွက်အမှတ်(၅၃)သာသနာ့မြေ ဖြစ်သည်။(စာတိုင် ၁၂) ဟူ၍နိုင်ငံတော်မှတိတိကျကျရိုးရိုးရှင်းရှင်းပြဆိုထားပြီးဖြစ်သည်ကိုတွေ့ရပေသည်း ဝိနည်းဒေသနာတော်နှင့်ကြည့်လျှင်လည်း ဣဒံ၊ဤမြေကွက်အမှတ်(၅၃)သာသနာ့မြေကို တုယှံ၊ဆရာတော်ဦးဥက္ကံသအရှင်အား၊ ဒမ္မိ၊နိုင်ငံတော်အစိုးရကလှူဒါန်းပါ၏ဟူ၍ဖြစ်သည်။ ဣဒန္တိ ဒေယျဓမ္မနိဒဿနံ၊တုယှန္တိ ပဋိဂ္ဂါဟကနိဒဿနံ၊ ဒေမီတိ ဒါယကနိဒဿနံ၊ဤဝိနယာလင်္ကာရဋီကာ ပထမအုပ်၊စာမျက်နှာ(၁၅၆)လာသည့်ဒါနလက္ခဏာ (၃)ပါးနှင့်အညီနိုင်ငံတော်ကလှူဒါန်းသည်မှာရှင်းနေသည်ကိုရှုပ်အောင်လုပ်ချင်၍မရပေ။ စာတိုင်(၈)သံဃာဦးရေ(၃)ပါးသည်ရေနံချောင်းကျောင်းမှမြေကွက်အမှတ်(၅၃)သာသနာ့မြေသို့ပြောင်းရွှေ့ သီတင်းသုံးမည့်ဦးရေကိုဖော်ပြခြင်းဖြစ်သည်။ စာတိုင်အမှတ်(၁၃)ဦးဇောတိကသည်ဆရာတော် ဦးဥက္ကံသကိုယ်စားလက်ခံသူ (ဝါ)ဆရာတော်ဦးဥက္ကံသအားမျက်ကွယ်လှူခဲ့ခြင်းဖြစ်သည်ကိုဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့်စာတိုင်(၈)တွင်ဖော်ပြသည့်သံဃာ(၃)ပါးအနက်မြေအလှူခံသူဦးဥက္ကံသတစ်ပါးတည်းသာလျှင် မြေကွက်အမှတ်(၅၃)သာသနာ့မြေကိုပိုင်ဆိုင်ပြီး ကျန်(၂)ပါးနှင့်ကိုယ်စားဖြစ်သူဦးဇောတိကတို့သည် မြေကွက်အမှတ်(၅၃)သာသနာ့မြေဇောတိကာရုံကျောင်းမြေကိုလုံးဝလုံးဝပိုင်ဆိုင်ခွင့်ရှိသူများမဟုတ်ပေ။ စာတိုင်အမှတ်(၁၀)ပါဆက်ခံရမည့်ရဟန်းတော်ဦးတေဇိန္ဒ ၃ဝ/၁ဝသည်ဇောတိကာရုံကျောင်းမြေပိုင်ရှင်ဆရာတော်ဦးဥက္ကံသမရှိသည့်အခါ(ဝါ)ပျံလွန်တော်မူသည့်အခါမှသာယင်းဇောတိကာရုံကျောင်းမြေကိုပိုင်ဆိုင်ရမည်ဟု ဆရာတော်ဦးဥက္ကံသကပေးလှူခြင်းခံရသူဖြစ်သည်။ အထက်ပါစိစစ်ဝေဖန်ချက်များအရဇောတိကာရုံကျောင်းမြေသည်ဆရာတော်ဦးဥက်ကံသပုဂ္ဂလိကပိုင်ဖြစ်သည်။ မြေပိုင်ရှင်ဆရာတော်ဦးဥက္ကံသသည်မိမိ ဦးဥက္ကံသပျံလွန်မူလျှင်ဦးတေဇိန်ဒအားဇောတိကာရုံကျောင်းမြေပိုင်ဆိုင် ခွင့်ပေးခဲ့သည်ဟူ၍ဖြစ်သည်။ ဆရာတော်ဦးဥက္ကံသကမိမိပျံလွန်တော်မူမှဦးတေဇိန္ဒအား ဇောတိကာရုံကျောင်းမြေကို(ပိုင်ဆိုင်ခွင့်)ပေးခဲ့ခြင်းသည် “အစ္စယဒါန”ဖြစ်သည်ဟုနိုင်/ဝိ(၅/၂ဝဝ၁)ဆရာတော်များကသုံးသပ်တော်မူကြသည်။ [ရုံးခေါ်သက်သေခေါ်ယူခြင်း]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်/ဝိ(၅/၂၀၀၁)ဆရာတော်များသည်မြေချပါမစ်၏ ဆိုလိုချက်အဓိပ္ပါယ်များကိုအထက်ပါအတိုင်းသိရှိနားလည်ပြီးဖြစ်သည်၊သို့သော်နှစ်ဖက်အမှုသည်များ သည်မြေချပါမစ်နှင့်ပတ်၍သက်ဆိုင်ရာရုံးမှမြေချပါမစ်လက်ခံနှင့်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ထွက်ဆိုချက်ရရှိရန်သူ့မှာတာဝန်ရှိသည်ကိုယ့်မှာတာဝန်ရှိသည် ဟုတာဝန်လွှဲချငြင်းဆိုကြခြင်းကြောင့်လည်းကောင်း၊ မြို့နှင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့များ၏ဆောင်ရွက်ရန် ကျန်နေသည်ကိုဆောင်ရွက်ရန်တာဝန်ရှိသောကြောင့် လည်းကောင်း၊နှစ်ဖက်အမှုသည်များပိုမိုသံသယရှင်း လင်းသွားစေလိုသောကြောင့်လည်းကောင်း၊နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့“မြို့တော်စည်ပင် အိုးအိမ်ဦးစီးဌာနမှတာဝန်ရှိဒကာကြီးတစ်ယောက်အား ​ ရုံးခေါ်သက်သေအဖြစ်စစ်ဆေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပါရန်”(၁၆-၁၀-၂၀၀၁)ရက်စွဲပါ စာဖြင့်တင်ပြလျှောက်ထားခဲ့သည်၊၎င်းစာအရနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကသာသနာရေးဌာနသို့တာဝန်လွှဲအပ်ပေးခဲ့သည်၊ထိုတာဝန်ပေးချက်အရသာသနာရေးဦးစီးဌာန၏စီစဉ်ပေးမှုဖြင့်ဦးလှမြင့်၊ဦးစီးအရာရှိအိုးအိမ် ဦးစီးဌာန(မြေနှင့်အခွန်ဌာနခွဲ)သည်(၁၉-၁၀-၂၀၀၁)ရက်နေ့တွင်ဤရုံးတော်သို့လာရောက်၍ဝိနည်းဓိုရ်ဆရာတော်များ၏မေးမြန်းချက်များကိုဖြေကြားခဲ့ပေသည်၊၎င်း၏ အဓိကျသောထွက်ဆိုဖြေကြားချက်များကိုဖော်ပြပါမည် ရုံးတော်အမှုတွဲမှာပါတဲ့မြေချပါမစ်သည်အစစ်အမှန် ဖြစ်ပါသည်ဘုရား။ ရုံးလက်ခံမှတ်တမ်းများသည်(၁၉၈၈)ခုနှစ်တွင်မီးလောင် သွားသဖြင့်မရှိတော့ပါအတွေ့အကြုံအရစာတိုင်ပါ စာများသည်မှန်ပါသည်ဘုရား။ ကျောင်းများဖျက်သိမ်းခံရသဖြင့်မြေကွက်များ လှူဒါန်းရာ၌ကျောင်းထိုင်ဘုန်းကြီးအားလှူဒါန်းခြင်းဖြစ် ပါသည်၊ကျောင်းရှိသံဃာအားလုံးကိုလှူဒါန်းတာ မဟုတ်ပါ၊စာတိုင်(၁၀)ပါဆက်ခံမည့်ရဟန်းတော်၏ ဘွဲ့နှင့်သက်တော်နေရာတွင်ကျောင်းထိုင်ဆရာတော်၏ သဘောအရရေးသွင်းရခြင်းဖြစ်ပါတယ်ဘုရား။ စာတိုင်(၁၀)ပါဆက်ခံခွင့်အဓိပ္ပါယ်မှာကျောင်းထိုင် ဆရာတော်ပျံလွန်တော်မူမှဆက်ခံခွင့်ရှိပါသည်ဘုရား။ ဟူ၍ဖြေကြားထွက်ဆိုသွားပါသည်။ ၂။၎င်းဒကာကြီး၏ထွက်ဆိုချက်များအရမြေချပါမစ်နှင့် စာတိုင်ပါစာများမှန်ပါသည်အကြံအဖန်လုပ်ကြံထားတာမဟုတ်ပါ၊မြေကွက်အမှတ်(၅၃)ဇောတိကာရုံကျောင်းမြေကိုကျောင်းထိုင်ဆရာတော်ဦးဥက္ကံသအားလှူခြင်းဖြစ် သည်စာတိုင်(၈)ပါသံဃာအားလုံးကိုလှူဒါန်းတာ မဟုတ်ပါ၊ဇောတိကာရုံကျောင်းမြေကိုပိုင်ရှင်ဖြစ်သူ ဆရာတော်ဦးဥက္ကံသက(အစိုးရကမဟုတ်၊ရုံးတော်ကမဟုတ်၊အစိုးရနှင့်ရုံးကပိုင်ရှင်မဟုတ်တော့၍ပေးပိုင်ခွင့် မရှိတော့ပါ)မိမိ၏သဘောဖြင့်မိမိ(ဦးဥက္ကံသ)ပျံလွန်တော်မူသည့်အခါဦးတေဇိန္ဒအားပိုင်ဆိုင်ခွင့်ပေးခြင်းဖြစ်သည် ဟူ၍အဓိပ္ပါယ်ထွက်သဖြင့်နိုင်/ဝိ(၅/၂၀၀၁)ဆရာတော် များ၏“အစ္စယဒါန”ကိုထောက်ခံလျက်ရှိသည်မှာ ထင်ရှားပေသည်။ [အစ္စယဒါနဟူသည်]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။မမစ္စယေန မယှံ ပရိက္ခာရော ဥပဇ္ဈာယဿ ဟောတု၊ အာစရိယဿ ဟောတု၊သဒ္ဓိဝိဟာရိကဿ ဟောတု၊ အ​ေန္တဝါသိကဿ ဟောတု (ပ) ယဿ ကဿစိ ဟောတူတိ ဝဒတိ၊ တေသံ န ဟောတိ၊ သံဃဿဝ ဟောတိ၊ န ဟိ ပဉ္စန်နံ သဟဓမ္မိကာနံ အစ္စယဒါနံ ရုဟတိ၊ ဂီဟိနံ ပန ရုဟတိ။ (ဝိ-ဌ- ၃-၁၃၀)မမစ္စယေန အသုကဿ ဟောတိ ဒါနံ အစ္စယဒါနတ္တာ န ရုဟတိ။(ဝိလင်ဋီ- ၂/၆၅) ဤအဋ္ဌကထာ၊ဋီကာများအရငါသေလွန်(ပျံလွန်)သည့်အခါငါ၏ပရိက္ခရာသည်ဥပဇ္ဈာယ်အား၊ဆရာအား၊ သဒ္ဓိဝိဟာရိကတပည့်အား၊အန္တဝါသိကတပည့်အား ဖြစ်ပါစေ၊(ဝါ)ခံစားရမည့်ဥစ္စာဖြစ်ပါစေစသည်ဖြင့် ပြောဆိုခြင်းသည်အစ္စယဒါနဖြစ်သောကြောင့်ထိုအပေးခံပုဂ္ဂိုလ်၏ဥစ္စာအဖြစ်သို့မရောက်၊သံဃာ၏ဥစ္စာအဖြစ်သို့သာလျှင်ရောက်သည်၊မှန်သည်၊သဟဓမ္မိကငါးဦးတို့၏ “အစ္စယဒါန”သည်အပေးမမြောက်၊လူတို့၏အစ္စယဒါနကားအပေးမြောက်သည်ဟူ၍အတိအလင်းသိရပေသည် ၂။ဤမှုခင်း၌မြေချပါမစ်အရဆရာတော်ဦးဥက္ကံသသည် ဦးတေဇိန္ဒအားဇောတိကာရုံကျောင်းမြေကိုပေးခြင်းသည် “အစ္စယဒါန”ဖြစ်ခြင်းကြောင့်အပေးမမြောက်၍ ဦးတေဇိန္ဒပိုင်ဆိုင်ခွင့်မရှိသောကြောင့်လည်းကောင်း၊ ဆရာတော်ဦးဥက္ကံသသက်ရှိထင်ရှားရှိစဉ်ကသုဒိန္န သုဂ္ဂဟိတမြောက်ရယူထားခြင်းမရှိသောကြောင့်လည်း ကောင်း၊အငြင်းပွါးဇောတိကာရုံကျောင်းမြေသည် “မတသန္တကသံဃိက”ဖြစ်သည်ဟုနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်များက သုံးသပ်တော်မူကြသည်။ အထက်ပါစိစစ်ဝေဖန်ချက်များအရဇောတိကာရုံကျောင်း ဆောင်သည်“သံဃိက”ကျောင်းဆောင်ဖြစ်၍ကျောင်းအာရာမ်မြေသည်“မတသန္တကသံယိက”ဖြစ်သည်ကို တွေ့ရှိရသဖြင့်ဇောတိကာရုံကျောင်းနှင့်ကျောင်းအာရာမ်မြေသည်“ပုဂ္ဂလိကမဖြစ်”ဟုသုံးသပ်တော်မူကြသည်။ (ဂ)ဆရာတော်ဦးတေဇိန္ဒသည်ဦးဉာဏဝံသအား ဇောတိကာရုံကျောင်းလှူဒါန်းခြင်းသည်ဓမ္မဝိနယနှင့် ညီ/မညီ သုံးသပ်ချက် ဆိုခဲ့ပြီးအကျယ်ဝေဘန်ခဲ့သည့်အတိုင်းဇောတိကာရုံကျောင်းအဆောက်အဦးသည်သံဃိကဖြစ်၍ကျောင်းအာရာမ်မြေသည်“မတသန္တကသံယိက”ဖြစ်ခြင်းကြောင့် ယင်းဇောတိကာရုံကျောင်းသည်ဆရာတော်ဦးတေဇိန္ဒ ပိုင်ဆိုင်သည့်ကျောင်းမဟုတ်ပေ၊ဆရာတော်ဦးတေဇိန္ဒသည်မိမိမပိုင်သောဇောတိကာရုံကျောင်းကိုဦးဉာဏဝံသအားပေးလှူခြင်းသည် - (က)ဣဒံ (ခ)တုယှံ(ဂ)ဒမ္မိဟူသောဒါနအင်္ဂါ(၃)ပါးတို့တွင် ဣဒံဟူသောအင်ဂါနှင့်ဒမ္မိဟူသောအင်္ဂါများချို့ယွင်းနေသောကြောင့်ဆရာတော်ဦးတေဇိန္ဒသည်ဦးဥာဏဝံသအားဇောတိကာရုံကျောင်းလှူဒါန်းခြင်းသည်ဓမ္မဝိနယနှင့်မညီဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဆရာတော်များကသုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။မူလရေနံချောင်းကျောင်းနှင့်ဇောတိကာရုံကျောင်း အဆောက်အဦသည်သံဃိကဖြစ်ခြင်း။ ၂။မြေချပါမစ်အရဆရာတော်ဦးဥက္ကံသသည် ဇောတိကာရုံကျောင်းမြေကိုဦးတေဇိန္ဒအားခံစားခွင့် ပေးခြင်းသည်အစ္စယဒါနဖြစ်၍အပေးမမြောက်ခြင်း။ ၃။ဦးတေဇိန္ဒသည်ဆရာတော်ဦးဥက္ကံသအသက်ထင်ရှား ရှိစဉ်ကသုဒိန်နသုဂ္ဂဟိတအဖြစ်ရယူထားမှုမရှိခြင်း။ ၄။ထိုသို့အပေးလည်းမမြောက်၊သုဒိန္ဒသုဂ္ဂဟိတအဖြစ် ရယူထားခြင်းလည်းမရှိသောဇောတိကာရုံကျောင်း မြေသည်“မတသန္တကသံယိက”ဖြစ်ခြင်း။ ၅။ဦးတေဇိန္ဒသည်မိမိပိုင်မဟုတ်သောဇောတိကာရုံကျောင်းကိုဦးဉာဏဝံသအားပေးခြင်းသည် ဓမ္မဝိနယနှင့်မညီခြင်း။ ၆။ဦးသီလာစာရသည်ဇောတိကာရုံကျောင်းတိုက်၌ အန္တောသီမဋ္ဌကလည်းဖြစ်၊ဝုဎ်ဍတရလည်းဖြစ်ခြင်း၊ စသောအကြောင်းတို့ကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်များသည်ရန်ကုန်တိုင်း သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၈/၂၀၀၀)၏ဝိနိစ္ဆယကို ပယ်ဖျက်၍အောက်ပါအတိုင်းဆုံးဖြတ်တော်မူကြသည် [ဆုံးဖြတ်ချက်]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။တောင်ဥက္ကလာပမြို့၊(၅)ရပ်ကွက်၊(၃)ဝိုင်းပါရမီကျောင်းတိုက်၊ဇောတိကာရုံကျောင်းတိုက်အာရာမ်မြေသည်မတသန္တကသံဃိကဖြစ်၍ဇောတိကာရုံကျောင်း အဆောက်အဦသည်သံဃိကဖြစ်သည်။ ၂။အန္တောသီမဋ္ဌကဝုဎ်ဍတရဖြစ်သောဦးသီလာစာရသည် ဇောတိကာရုံကျောင်း၌ဓုဝဝါသ၊အနုပဌာပနီယ၊ရက္ခိတ ဂေါပိတကျောင်းထိုင်အဖြစ်သီတင်းသုံးနေထိုင်ရမည်။ ၃။ဇောတိကာရုံကျောင်းအာရာမ်မြေအတွင်းရှိအယူခံ စုဒိတကဦးဉာဏဝံသနှင့်ရဟန်းသာမဏေများသည် ဦးသီလာစာရ၏ဩဝါဒကိုလိုက်နာ၍ကောင်းစွာ နေထိုင်ရမည်။ ၄။ဦးသီလာစာရ၏ဩဝါဒကိုလိုက်နာနေထိုင်ခြင်း မရှိပါကဇောတိကာရုံကျောင်းအာရာမ်မြေအတွင်းမှ ထွက်ခွာသွားရမည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်ကျောင်း/ကျောင်းတိုက်/မြို့ ၁။ဘဒ္ဒန္တပဏ္ဍဝံသ(သဘာပတိ) မြစည်းခုံစာသင်တိုက်၊တောင်ငူမြို့။ ၂။ဘဒ္ဒန္တဝဇီရဉာဏ(အဖွဲ့ဝင်) မင်းကျောင်းစာသင်တိုက်၊ဖြူးမြို့။ ၃။ဘဒ္ဒန္တပဏ္ဍိတ(အဖွဲ့ဝင်) မဟာသုဒဿနာရာမတိုက်၊ပြည်မြို့။ ၄။ဘဒ္ဒန္တသီရိန္ဒ(အဖွဲ့ဝင်) သာသနာ့မဏ္ဍိုင်စာသင်တိုက်၊ပဲခူးမြို့။ ၅။ဘဒ္ဒန္တလက္ခဏ(အဖွဲ့ဝင်) မဟာပညာဗိမာန်စာသင်တိုက်၊ရွှေကျင်မြို့။

                             ပြီးပါပြီ။
၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၂၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၅)

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဘိုကလေးကျေးရွာ၌ ဖြစ်ပွားသောဦးပဏ္ဍိတနှင့်ဦးသုမနတို့၏ ဘိုကလေးကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်း။ [ဘိုကလေးကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဘိုကလေးရွာတွင် ဘိုကလေးကျောင်း၌စတင်ကျောင်းထိုင်သည့် ဆရာတော်မှာဆရာတော်ဦးဝိလာသဖြစ်သည်။ ကျောင်းစတင်သည့်နှစ်ကိုမသိရပေသံဃိကကျောင်း/ပုဂ္ဂလိကကျောင်းဟူ၍လည်းတိကျစွာမသိရပေ။ ၁၃ဝဝ-ပြည့်နှစ်တွင်ဆရာတော်ဦးဝိလာသပျံလွန်တော် မူသဖြင့်တပည့်ဖြစ်သူဆရာတော်ဦးပညာဝံဆက်လက်ကျောင်းထိုင်သည်။ ဆရာတော်ဦးပညာဝံသကမူဘိုကလေးကျောင်းသည် သံယိကကျောင်းဖြစ်သည်ဟုမိန့်တော်မူသည်ဟုဆိုသည် ၁၃၅၁-ခုနှစ်တွင်ပင်လယ်ရေတိုက်စားမှုကြောင့် မူလကျောင်းဟောင်းနေရာမှယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ လက်ရှိကျောင်းမြေသည်(၃)ဧကကျယ်ဝန်းသည်။ ဘိုကလေးရွာသူဒေါ်ခင်စိုးရီကလှူဒါန်းခြင်းဖြစ်သည်။ ထိုကျောင်းနေရာသစ်တွင်ပင်မကျောင်းမကြီးနှင့် သိမ်ကျောင်းအပါအဝင်အဆောက်အဦပေါင်း(၅)ခုကို ဒါယကာအသီးသီးတို့ဆောက်လုပ်လှူဒါန်းကြသည်။ ၁၃၆၀-ပြည့်နှစ်၊ကဆုန်လဆန်း(၅)ရက်နေ့တွင် ဆရာတော်ဦးပညာဝံသပျံလွန်တော်မူသည်၊ဆရာတော် ဦးပညာဝံသသည်ဘိုကလေးကျောင်းကိုမည်သူ့ကိုမျှ လှူဒါန်းခြင်းမရှိဘဲပျံလွန်တော်မူခြင်းဖြစ်သည်။ ပျံလွန်တော်မူသည့်အချိန်၌ဘိုကလေးကျောင်းတွင် ဦးတိလောက၊ဦးပဏ္ဍိတ(ယခုစောဒက)နှင့်ရှင်ကုဏ္ဍလ တို့ကျန်ရှိသည်။ (စောဒကဦးပဏ္ဍိတကမူဦးတိလောကမရှိဟုဆို၏) ဆရာတော်ဦးပညာဝံသပျံလွန်တော်မူပြီးနောက် (ရ.ယ.က)ဥက္ကဋ္ဌနှင့်ရပ်မိရပ်ဖတို့သည်ဘိုကလေးကျောင်း၊ကျောင်းထိုင်ပဓာနနာယကဆရာတော်တစ်ပါး စီစဉ်ဆောင်ရွက်ပေးရန် ရပ်/ကျေးသံဃနာယကထံ လျှောက်ထားသည်။ ထိုလျှောက်ထားချက်အရရပ်/ကျေးသံဃနာယကအဖွဲ့သည်ဒေသရှိဘိုကလေးပဝါရဏာဂိုဏ်းချုပ်ဆရာတော်အပါအဝင်ဂိုဏ်းဝင်သံဃာတော်များ၊ဂေါစရဂါမ်ဆရာတော်များ၊ရ.ယ.ကအဖွဲ့ဝင်များ၊ကျေးရွာပြည်ခိုင်ဖြိုး၊ဂေါပကအဖွဲ့ဝင်များ၊ကျောင်းဒကာ/ဒကာမများကို ပင့်ဖိတ်၍၁၃၆၀-ပြည့်နှစ်၊နယုန်လဆုတ်(၁၂)ရက်နေ့တွင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ကြသည်။ ယင်းအစည်းအဝေး၌ဦးတိလောကနှင့်ဦးပဏ္ဍိတတို့က ကျောင်းထိုင်ဘုန်းကြီးတင်မြှောက်မှုကိုသဘောတူကြောင်းစာရေး၍ကိုယ်ကိုလက်မှတ်ရေးထိုးပေး ခဲ့ကြပါသည်။ ယင်းညှိနှိုင်းအစည်းအဝေးကအောင်ချမ်းသာကျောင်းမှ အခန်းနေဦးသုမန၊၃၄-နှစ်၊၁၄-ဝါ၊ပထမငယ်တန်းအောင်အားကျောင်းထိုင်ပဓာနနာယကအဖြစ်တင်မြှောက်ရန် ရွေးချယ်အတည်ပြုလိုက်သည်။ ၁၃၆၀-ပြည့်နှစ်၊ဝါဆိုလဆန်း(၅)ရက်တွင်အခမ်းအနားကျင်းပ၍ဦးသုမနအားဘိုကလေးကျောင်း၊ကျောင်းထိုင်တင်မြှောက်ကြသည်။ ရပ်/ကျေးသံဃနာယကအဖွဲ့က(၂၇-၉၈)ရက်စွဲပါစာဖြင့် ခရမ်းမြို့နယ်၊သံဃနာယကအဖွဲ့သို့ဘိုကလေးကျောင်းထိုင်ဘုန်းကြီးတင်မြှောက်မှုကိုအတည်ပြုပေးရန် တင်ပြလျှောက်ထားသည်။ ၁၃၆ဝ-ပြည့်နှစ်၊ဝါဆိုလဆန်း (၁၀)ရက်၊၁၉၉၈-ခုနှစ်၊ ဇူလိုင်လ ၃-ရက်နေ့တွင်ခရမ်းမြို့နယ်သံဃနာယကအဖွဲ့ (ဆဋ္ဌမ)အစည်းအဝေးကဘိုကလေးကျောင်းကို သံဃိကကျောင်းဖြစ်သည့်အတွက်သီတင်းသုံးနေထိုင်သောဆရာတော်သည်သံဃိကကျောင်းအမှတ်သညာဖြင့် ဂေါပက၊ရက္ခက၊ဓုဝဝါသအဖြစ်သီတင်းသုံးနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးသုမနသည်ကျောင်းထိုင်တင်မြောက်ပြီးသည့်၁၃၆၀- ပြည့်နှစ်၌ဘိုကလေးကျောင်းတွင်ဝါဆိုနေထိုင်ခဲ့သည်။ ဦးပဏ္ဍိတသည်လည်းထိုနှစ်တွင်ဘိုကလေးကျောင်း၌ ဝါဆိုသော်လည်းကျောင်းတွင်မနေဘဲထွက်ခွာသည်။ (စောဒကအဆိုအရဦးသုမနအားခေတ္တ/ကျောင်းစောင့်ထားခဲ့ပြီးရန်ကုန်သို့ပညာသင်သွားသည်ဟုဆို၏။) ထိုသို့ထွက်ခွာသွားပြီးနောက်ထိုနှစ်တပေါင်းလတွင် ဦးပဏ္ဍိတသည်ဘိုကလေးကျောင်းမှစောစောစီးစီး ထွက်ခွာသည့်ဦးတိလောကနှင့်အတူဘိုကလေးကျောင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုသို့ရောက်ရှိလာသည့်အချိန်မှစ၍ဤဝိဝါဒါဓိကရုဏ်းဖြစ်ရန်စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ ဦးပဏ္ဍိတ၊ဦးတိလောကတို့ပြန်ရောက်သည်မှစ၍ ဦးသုမနနှင့်မသင့်မမြတ်ဖြစ်ကာအပြန်အလှန်တိုင်ကြား ခဲ့ရာရပ်/ကျေးသံဃနာယကအဖွဲ့အစနိုင်ငံတော်သံဃမဟာနာယကအဖွဲ့အဆုံးသံဃနာယကအဖွဲ့အစည်း အဆင့်ဆင့်ကအမျိုးမျိုးအဖုံဖုံဖြေရှင်းခဲ့ရသည်အထိ ရောက်ရှိခဲ့ရပေ၏။ နောက်ဆုံးတွင်နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်စာအမှတ်၃၀၀/၁၅(သာ-ဝိ)သာ.မ.ဟ.န (၁၂-၁၁-၉၉)ရက်စွဲပါစာအရတိုင်းသံဃနာယကအဖွဲ့ သက်ဆိုင်ရာရပ်/ကျေးမြို့နယ်၊အာဏာပိုင်အဖွဲ့အစည်းများ၊မြို့နယ်/တိုင်းသာသနာရေးမှူးများနှင့်ဦးပဏ္ဍိတ၊ ဦးသုမနတို့ကိုပင့်ဖိတ်၍၁၃၆၁-ခုနှစ်၊တပို့တွဲလဆုတ် (၆)ရက်(၂၅-၂-၂ဝဝဝ)နေ့တွင်ကျောင်းဒကာ/ဒကာမများနှင့်တကွရပ်/ကျေး၊မြို့နယ်သံဃနာယကအဖွဲ့များက ဘိုကလေးကျောင်း၊ကျောင်းထိုင်ပဓာနနာယကအဖြစ် တင်မြှောက်ထားသောဦးသုမနအားဘိုကလေးကျောင်း၊ ကျောင်းထိုင်ပဓာနနာယကအဖြစ်အတည်ပြုကြောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာတက်ရောက် လာသူအားလုံးကအသိအမှတ်ပြုသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့်အပြင်နှစ်ဖက်အငြင်းပွားပုဂ္ဂိုလ်များဖြစ်ကြသည့်ဦးသုမနဦးပဏ္ဍိတတို့ကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးကြသည်။ ထိုသို့အကောင်အထည်ဖော်သဖြင့်ပြေလည်အေးငြိမ်းမှု ရရှိကြောင်းကိုတိုင်းသံဃနာယကအဖွဲ့သည်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံသို့တင်ပြအစီရင်ခံခဲ့သည်။ ဤသို့နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ညွှန်ကြား ချက်ဖြင့်တိုင်းသံဃနာယကအဖွဲ့ကပြေလည်အေးငြိမ်းမှုရရှိအောင်အကောင်အထည်ဖော်ခဲ့သဖြင့်ပြဿနာတစ်ရပ်စခန်းရပ်သွားပြီဟုထင်ရသော်လည်းတစ်ဖန် ဦးပဏ္ဍိတသည်မိမိအားဘိုကလေးကျောင်း၏ ကျောင်းထိုင်ပဓာနနာယကအဖြစ်အသိအမှတ်ပြုပေး ပါရန်(၁၄-၃-၂၀၀၀)နေ့စွဲပါစာဖြင့်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သို့တင်သွင်းဆက်ကပ်လာပြန်သည်။ ထို့ကြောင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် စာအမှတ်၁၀၀/၁၂/ဝိ-ထွေမဟန-၂၀၀၀(၇-၄-၂၀၀၀) ရက်စွဲပါစာဖြင့်တိုင်းသံဃနာယကအဖွဲ့ထံယင်းကိစ္စကို လိုအပ်သလိုဆောင်ရွက်သွားပါရန်ညွှန်ကြားခဲ့ရပြန်သည် ထိုညွှန်ကြားချက်ကိုရရှိသောတိုင်းသံဃနာယကအဖွဲ့သည်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စာအမှတ်၊ ၃၁၆၂/တနက/သာ/၂၀၀၀။(၂၀၁၀)ပြည့်နှစ်၊ဧပြီလ(၁၉) ရက်စွဲပါစာဖြင့်တင်ပြအစီရင်ခံလျှောက်ထားရပြန်သည်။ ဤသို့တိုင်းသံဃနာယကအဖွဲ့၏တင်ပြအစီရင်ခံလျှောက် ထားပြီးသည့်နောက်(၁၄-၆-၂၀၀၀)နေ့တွင်ကျင်းပသော စတုတ္ထအကြိမ်နိုင်ငံတော်သံဃမဟာနယကအဖွဲ့(ပထမ) အဖွဲ့ခွဲ၏ပဉ္စမအကြိမ်ဒွါဒသမအစည်းအဝေးက ပိုင်ဆိုင်လိုသူကစောဒကပြုလုပ်လာပါကဝိနည်းဓမ္မကံ လုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ရန်ဆုံးဖြတ် ညွှန်ကြားခဲ့ရတော့သည်။ ထို့ကြောင့်ဦးပဏ်ဍိတသည်စောဒကပြုလုပ်၍ ခရမ်းမြို့နယ်၊သံဃနာယကအဖွဲ့ထံစောဒနာတင်သွင်းသဖြင့်ဤဝိဝါဒါဓိကမှုခင်းဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါသည်။ ယင်းဝိဝါဒါဓိကရုဏ်းကိုခရမ်းမြို့နယ်၊သံဃနာယကအဖွဲ့ကဖွဲ့စည်းပေးသည့်မြို့နယ်သံဃဝိန်စ်ဆယအဖွဲ့အမှတ် (၁/၂၀၀၀)ကဦးသုမနအားအနိုင်ဒီဂရီပေး၍ဝိနိစ္ဆယဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ [မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

(က)ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဘိုကလေးကျေးရွာ၊ ဘိုကလေးကျောင်းသည်မတသန္တကသံဃိကကျောင်းဖြစ်သည်။ (ခ)မတသန္တကသံဃိကကျောင်းကိုစုဒိတကဦးသုမနသည်သာလျှင်ဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင် နာယကအဖြစ်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိသည်။ (ဂ)စောဒကဦးပဏ္ဍိတသည်ဘဏ္ဍနကာရက-ကလဟ ကာရကပုဂ်ဂိုလ်ဖြစ်ကြောင်းပေါ်ထင်ရှားနေသောကြောင့် သံဃိကဘိုကလေးကျောင်း၌နေထိုင်ခွင့်မရှိ။ ထိုဆုံးဖြတ်ချက်ကိုမကျေနပ်သောဦးပဏ္ဍိတသည် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သို့အယူခံစောဒနာလွှာ တင်သွင်းခဲ့သည်။ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သည်ယင်းစောဒနာလွှာကို လက်ခံပြီးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၉/၂ဝဝဝ)ကို ဖွဲ့စည်း၍အမှုကိုစစ်ဆေးစေခဲ့သည်။ တိုင်းသံဃဝိနိဝိနိစ်ဆယအဖွဲ့(၄၉/၂ဝဝဝ)ကအယူခံစောဒကဦးပဏ္ဍိတ၏တိုင်းစောဒနာလွှာကိုပလပ်ပယ်ချ၍ မြို့နယ်သံဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၀)၏ဆုံးဖြတ်ချက်ကိုအတည်ပြုလျက်ဝိနိစ္ဆယချခဲ့သည်။ ဦးပဏ္ဍိတသည်တိုင်းဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်ပြန်သဖြင့်နိုင်ငံတော်သံမဟာနာယကအဖွဲ့ကထံသို့အယူခံစောဒနာလွှာတင်သွင်းခဲ့သည်။ နိုင်ငံတော်သံဃမဟာနာကအဖွဲ့သည်နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/ ၂ဝ၁ဝ)ကိုဖွဲ့စည်း၍ အပြီးသတ်ဆုံးဖြတ်ချက်ရန်တာဝန်ပေးအပ်ခဲ့လေသည်။ ထို့ကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဝိနည်းဓိုရ်ဆရာတော်များသည်ဤဝိဝါဒါဓိကရုဏ်းမှုခင်းကိုဓမ္မဝိနယလုပ်ထုံးလုပ်နည်းများနှင့်သုံးသပ်/ဆုံးဖြတ်တော်မူကြရပေမည်။ [ဖြစ်ပျက်ခဲ့ပုံအဖုံဖုံ]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁) ဝိနည်းဓိုရ်ဆရာတော်များသည်ဤဝိဝါဒါဓိကရုဏ်းအမှု တွဲကိုအသေးစိတ်လေ့လာကြည့်ကြသည့်အခါဒေသရှိ ပဝါရဏာဂိုဏ်းမှသည်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့တိုင်အောင်နှစ်ဘက်အပြန်အလှန်တိုင်တန်းမှုများစွာကို တွေ့ရပေသည်။ အတိုင်ခံပဝါရဏာဂိုဏ်းအပါအဝင်သံဃာ့အဖွဲ့အစည်းအသီးသီး၏ဖြေရှင်းမှု၊အကောင်အထည်ဖော်မှုညွှန်ကြားမှုများကိုလည်းတွေ့ရပေသည်။ မယ်ဘုတ်ရဲ့သူ့ချည်ခင်ကဲ့သို့အလွန်ရှုတ်ထွေးလှသည့် မှုခင်းတစ်ရပ်ဖြစ်ပေသည်။ ထိုညှိနှိုင်းဖြေရှင်းအကောင်အထည်ဖော်မှု၊ညွှန်ကြားမှုများအနက်အဓိကအချက်များကိုဖော်ပြရလျှင်- (က)ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သည်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏စာအမှတ်၊၃၀၀/၁၅/(သာ-ဝိ) သာ-မဟန၊(၂-၉-၉၉)ရက်စွဲပါစာဖြင့်ညွှန်ကြားချက်အရ (၂၈-၉-၁၉၉၉)ရက်နေ့တွင်ညှိနှိုင်းပေးခဲ့သည်ဦးပဏ္ဍိတကလိုက်နာမှုမရှိသဖြင့်ပြေလည်အေးငြိမ်းမှုမရရှိခဲ့ပေ။ (ခ)တစ်ဖန်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏စာအမှတ်၊၃၀၀/၁၅ (သာ-ဝိ)သာ-မဟန၊(၁၂-၁၁-၉၉ ရက်စွဲပါစာဖြင့်ညွှန်ကြား ချက်အရ(၂၅-၂-၂ဝဝဝ)ရက်နေ့တွင်ဒုတိယအကြိမ်အဖြစ်ညှိနှိုင်းပေးခဲ့သည်။ ထိုညှိနှိုင်းမှု၌နှစ်ဘက်သောကာယကံရှင်များကိုယ်တိုင်လက်မှတ်ရေးထိုးလျက်ပြေလည်အေးငြိမ်းမှုရရှိခဲ့သည်။ ထိုသို့ပြေလည်အေးငြိမ်းမှုရရှိကြောင်းကိုနိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ပြန်လည်တင်ပြအစီရင်ခံလျှောက်ထားခဲ့သည်။ ဖော်ပြခဲ့ပြီးမှတ်တမ်းများအရနိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ညွှန်ကြားမှုဖြင့်တိုင်းသံဃနာယကအဖွဲ့၏ညှိနှိုင်းအကောင်အထည်ဖော်မှုကြောင့် ယင်းကျောင်းမှုခင်းသည်ပြေလည်အေးငြိမ်းမှုရရှိပြီးဖြစ်သည်ကိုတွေ့ရပေသည်။ ၂။ထို့နောက်(၂)လခန့်အကြာတွင်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သည်(၇-၄-၂ဝဝဝ)ရက်စွဲပါစာဖြင့် တိုင်းသံဃနာယကအဖွဲ့သို့ဘိုကလေးကျောင်း ကျောင်းထိုင်ဘုန်းကြီးတင်မြှောက်မှုကိုလိုအပ်သလို ဆောင်ရွက်သွားပါရန်ညွှန်ကြားလာပြန်ပါသည်။ ထိုအခါတိုင်းသံဃနာယကအဖွဲ့သည်(၁၉-၄-၂၀၀၀) ရက်စွဲပါစာဖြင့်ဘိုကလေးကျောင်းအငြင်းပွားမှုသည် ပြေလည်အေးငြိမ်းမှုရရှိပြီးကြောင်း၊ယင်းသို့ရရှိပြီးသည်ကိုတင်ပြအစီရင်ခံလျှောက်ထားပြီးဖြစ်သည်။ ညွှန်ကြားမှုအားဆောင်ရွက်ပြီးဖြစ်၍ဆောင်ရွက်ရန်မလိုပါကြောင်းနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့တင်ပြ အစီရင်ခံလေသည်။ ထို့နောက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် (၂၀-၆-၂၀ဝ၀)ရက်စွဲပါစာဖြင့်တိုင်းသံဃနာယကအဖွဲ့သို့ ပိုင်ဆိုင်လိုသူကစောဒကပြုလုပ်လာပါကဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်အတွက် ဆက်လက်ညွှန်ကြားဆောင်ရွက်သွားပါရန်ညွှန်ကြား ခဲ့လေသည်။ ဤသို့ဖြင့်ပြေလည်ငြိမ်းအေးပြီးသောဘိုကလေးကျောင်းအငြင်းပွားမှုသည်ပြန်လည်နိုးထလှုပ်ရှားလာခဲ့ရပေသည် ၃။ရှေ့နှင့်နောက်၊အထက်နှင့်အောက်သံဃာ့အဖွဲ့အစည်းတို့သည်မိမိတို့လုပ်ငန်းတာဝန်များဆောင်ရွက်ရာ၌ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများအခန်း(၁၃၊၁၄၊ ၁၅၊၁၇)တို့ကို၎င်း၊ဝိ/လုပ်ထုံးလုပ်နည်းအခန်း (၄)ကို၎င်း ညွှန်ကြားလွှာအမှတ်(၁၀၊ ၄၈၊ ၃၄၊ ၄၉)တို့ကို၎င်းဆင်ခြင် နှလုံးသွင်းပြီးဆောင်ရွက်တော်မူသင့်ပေသည်။ ယခုသော်ကားနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁)သည်မလွဲသာမရှောင်သာကျရောက်လာသည့် ဝိနိစ္ဆယတာဝန်ကြီးကို န တေန ဟောတိ ဓမ္မော ၊ ယေနတ္ထံ သာဟသာ နယေ။ ယော စ အတ္ထံ အနတ္တဉ္စ၊ ဥဘော နိစ္ဆေယျပဏ္ဍိတော။ (ဓမ္မပဒ)ဆုံးဖြတ်အပ်သော(အမှု)သဘောကိုနိုင်ထက်စီးနင်းဆုံးဖြတ်ခြင်းကြောင့်တရား၌တည်သူတရားသူကြီးမဟုတ်၊ပညာရှိသည်ဟုတ်မှန်သောအကြောင်း၊မဟုတ်မှန်သောအကြောင်းနှစ်ပါးတို့ကိုစုံစမ်းမေးမြန်း၍ဆုံးဖြတ်ရာ၏။ဟူသောဘုရားရှင်၏ ဒေသနာတော်ဩဝါဒအဆုံးအမနှင့်အညီရှောင်ရန် ဆောင်ရန်ထိုနှစ်တန်ကိုရှောင်ရန်ကိုရှောင်၊ဆောင်ရန်ကိုဆောင်လျှင်၊အမှားမဖက်၊တရားလက်ဖြင့်ချိန်စက်ညှိနှိုင်းဆစ်ပိုင်းခုတ်ထွင်၊စီရင်သုံးသပ်၊အဆုံးအဖြတ်ပေးကြရမည်သာဖြစ်ပေသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁) ဆရာတော်များ၏သုံးသပ်မှု ၁။ဤဝိဝါဒါဓိကရုဏ်း၌စောဒကဦးပဏ္ဍိတ၏ရယူလိုသည့်အဆုံးအဖြတ် (၁)ဘိုကလေးကျောင်း၊အာရာမ်မြေကိုဆရာတော် ဦးပညာဝံသအမှူးရှိသောဘိုကလေးကျောင်းသံဃာပိုင်မြေအဖြစ်ဘိုကလေးကျောင်းကိုသံဃသန္တကသံဃိကကျောင်းအဖြစ်ဆုံးဖြတ်ပေးရန်။ (၂)အန္တောသီမဋ္ဌကအင်္ဂယုတ္တ၊အာဒိဝါသီလည်းဖြစ်၊ မူလကျောင်းမြေပိုင်ရှင်တစ်ပါးလည်းဖြစ်သောစောဒက ဦးပဏ္ဍိတကိုဘိုကလေးကျောင်း၏ဓုဝဝါသအနုဌာပနီယကျောင်းထိုင်ဆရာတော်အဖြစ်ဆုံးဖြတ်ပေးရန်။ (၃)ခေတ္တကျောင်းစောင့်အဖြစ်ပို့ထားနေထိုင်လျက်ရှိသူ ပရဝါသိက၊ဗဟိသီမဋ္ဌကသားဖြစ်သောစုဒိတက ဦးသုမနနှင့်အပေါင်းပါတို့အားဘိုကလေးကျောင်းမှ အပပြုဖယ်ရှားပေးရန်၊ စုဒိတကဦးသုမန၏ရယူလိုသည့်အဆုံးအဖြတ် စောဒကဦးပဏ္ဍိတ၏စောဒနာလွှာကိုပလပ်ပယ်ချ၍ တပည့်တော်ဦးသုမနသာလျှင်သံဃိကဘိုကလေးကျောင်းကိုထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိကြောင်း၊ ကျောင်းထိုင်ပဓာနနာယကဖြစ်ကြောင်းထပ်မံအတည်ပြု အဆုံးအဖြတ်ပေးတော်မူပါရန်။ ယခုကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းကိုလေ့လာသုံးသပ်တော်မူကြသည့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁)ဝိနည်းဓိုရ်ဆရာတော်များသည်ဤဝိဝါဒါ ဓိကရုဏ်းအမှုမှန်ဆုံးဖြတ်ရာ၌အဓိကကျသည့်အချက်အလက်များကိုသာရွေးထုတ်၍သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ပေသည်။ [အဓိကကျသောအချက်များ]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(က)မှုခင်းဖြစ်ဘိုကလေးကျောင်းသည်မည်သည့်ကျောင်းအမျိုးအစားဖြစ်သည်။ (ခ)အမှုဖြစ်ဘိုကလေးကျောင်းကိုဗဟိသီမဋ္ဌက ရဟန်းများကဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင် တင်မြောက်မှုစီရင်ဆောင်ရွက်ခွင့်ရှိ/မရှိ။ (ဂ)ဦးသုမနအားဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင်တင်မြှောက်ခြင်းသည်ဓမ္မဝိနယနှင့်ညီ-မညီစသောအချက်များဖြစ်သည်။ (က)မှုခင်းဖြစ်ဘိုကလေးကျောင်းသည်မည်သည့်ကျောင်းအမျိုးအစားဖြစ်သည်ကိုသုံးသပ်ခြင်း ၁။ဤဝိဝါဒါဓိကရုဏ်းမှုခင်း၌စောဒကဦးပဏ္ဍိတသည် (က)ဘိုကလေးကျောင်းအာရာမ်ကိုဆရာတော် ဦးပညာဝံသအမှူးရှိသောဘိုကလေးကျောင်းသံဃာပိုင်မြေအဖြစ်ဘိုကလေးကျောင်းကိုသံဃသန္တကသံဃိကကျောင်းအဖြစ်စောဒနာတင်အဆုံးအဖြတ်တောင်းခံ သည်။ (ခ)မြို့နယ်နှင့်တိုင်းဝိနိစ္ဆယကမတသန္တကသံယိကကျောင်းဟုဆုံးဖြတ်ထားသည်။ ယင်းအယူအဆနှစ်ရပ်ကိုနိုင်ငံတော်ဝိနည်းဓိုရ်သည် ဒေါ်ခင်စိုးရီမြေလှူရာ၌အလှူခံပုဂ္ဂိုလ်ထဲတွင်မိမိလည်းပါဝင်နေသည်ဟုယူဆကာဘိုကလေးကျောင်းအာရာမ်မြေကို(မိမိအပါအဝင်)ဆရာတော်ဦးပညာဝံသအမှူးရှိသောဘိုကလေးကျောင်းသံဃာပိုင်မြေဟုတောင်းခံနေခြင်းသည်ဆရာတော်ဦးပညာဝံသပျံလွန်တော်မူသွားသဖြင့်မိမိပုဂ္ဂလိကပိုင်ဟုယူဆဟန်ရှိသည်။ ဒေါ်ခင်စိုးရီ၏ကျောင်းလှူဒါန်းစာချုပ်၏ဆိုလိုချက်မှာ- (က)လှူဒါန်းသူဒေါ်ခင်စိုးရီက (ခ)အလှူခံသူဘဒ်ဒန်တပညာဝံသအား (ဂ)ကျောင်းမြေကိုလှူဒါန်းပါသည်ဟုရိုးရိုးရှင်းရှင်းလေးပင်ဖြစ်သည်။ ပင်လယ်ရေဘေးဒဏ်ကြောင့်ကျောင်းရွှေ့ပြောင်းရ၍ ကိုယ်စိတ်ညှိုးနွမ်းမချမ်းမသာဖြစ်နေရသောဆရာတော်ဦးပညာဝံသနှင့်သံဃာတော်များကိုယ်စိတ်မနွမ်းချမ်းသာစွာဖြင့်သာသနာပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြေပိုင်ရှင်ဒေါ်ခင်စိုးရီကဆရာတော်ဦးပညာဝံသအားကျောင်းကိုလှူဒါန်းခြင်းဖြစ်သောကြောင့်ယင်းကျောင်းမြေသည်ဆရာတော်ဦးပညာဝံသ၏ပုဂ္ဂလိကပိုင်ဖြစ် သည်မှာထင်ရှားပေသည်။ ဆရာတော်ဦးပညာဝံသပျံလွန်သည့်အခါတစ်စုံတစ် ယောက်အားဆရာတော်ဦးပညာဝံသကပေးခဲ့ခြင်း တစ်စုံတစ်ယောက်ကဝိသာသဂ္ဂါဟဖြင့်ယူခြင်းမရှိသော ကြောင့်ထိုကျောင်းမြေသည်မတသန္တကသံဃိကဖြစ်ရ ပေသည်။ စောဒကဦးပဏ္ဍိတပိုင်ဆိုင်သောကျောင်းမြေမဟုတ်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ ၂။နိုင်ငံတော်အယူခံဝင်စောဒကဦးပဏ္ဍိတသည် ဘိုကလေးကျောင်းမြေပေါ်ရှိကျောင်းများကိုသံဃသန္တက သံဃိကကျောင်းအဖြစ်တောင်းဆိုစောဒနာထားပါသည်။ သံဃိကကျောင်းသည်(၁)မူလသံဃိက(၂)မတသန္တက သံဃိက(၃)ဥပဎဍှသံဃိက(၄)မိဿကသံဃိကဟု(၄)မှိုး သာရှိပါလျက်ဝေါဟာရအသစ်ထွင်ကာသံဃသန္တက သံယိကဟုသုံးနှုန်းထားသည်မှာအထူးအဆန်းဖြစ်နေ သည်။ သံဃိကဟုဆိုလျှင်ပြီးပါလျက်အဘယ်ကြောင့် သံဃသနတှကသံဃိကဟုဝိသသနအပေိုထညှ့၍သုံးထား ပါသနည်း။ သံဃသန္တကဟူသည်သံဃာ၏ဥစ္စာဟုအဓိပ္ပါယ်ထွက်သည်။သံဃိကဟူသည်သံဃာ၏ဥစ္စာဟူ၍ပင်ဖြစ်သည်။ (သံဃဿ သန္တကံ သံယိကံ) သံဃိကောနာမ ဝိဟာရော သံဃဿ ဒိန်နော ဟောတိ

ပရိစ်စတ်ေတာ၊ (ဝိ-ပါ-၂၊၆၁၊၆၂၊၆၅)

သံယိကန်တိ သံဃဿသန်တကံ (ဝိ-ဋ်ဌ-၂၊ ၃၀၀) သံဃသန်တက မဝေါတိ ဝါ သတျထာယ ကတံ သံဃိကသေနာသနံ သန်ဓာယ ဝဒတိ။ (သာရတ်ထဋီ၊၃၊၃၂၈) သံယိကန်တိ စာတုဒိသံ သံယံ ဥဒ်ဒိဿ ဘိက်ခူနံ ဒိန်နတ်တာ သံဃသန်တကံ။ (ဝိနယ ဝိနိစ်ဆယဋီ၁၊၉၈) စသည်ဖြင့်သံဃသန္တကနှင့်သံယိကဟူသည်အတူတူပင်ဖြစ်ပါလျက်အဓိပ္ပါယ်တူစကားနှစ်ရပ်ထပ်လျက် သံဃသန္တက သံယိကဟုသုံးနှုန်းထားခြင်းသည် ပါဠိအဋ္ဌကထာဋီကာတို့၌မပာမရှိသဖြင့်အဓိပ္ပါယ်မဲ့သော အသစ်အဆန်းထွင်မှုပင်ဖြစ်ပေသည်။မည်သို့ပင် ဆိုသည်ဖြစ်စေဦးပဏ္ဍိတ၏မူလစောဒနာလွှာ၌ (က)မူလဘိုကလေးကျောင်းကိုဆရာတော်ဦးဝိလာသ(ခ) ဘုန်းကြီးရှည်ကြီးဦးရေချမ်းစတင်တည်ထောင်ပိုင်ဆိုင် ခဲ့သည်ဟုမူလဘိုကလေးကျောင်းသည်ဆရာတော် ဦးဝိလာသပိုင်ဆိုင်သည့်ပုဂ္ဂလိကကျောင်းဟုဆိုထားပြီးတစ်ဆက်တည်းပင် (ခ)ဆရာတော်ဦးဝိလာသလက်ထက်တွင်ကျောင်းပိုင် ဆိုင်ခွင့်မှာပုဂ္ဂလိကသံဃိကအတိအကျတပည့်တော် မသိခဲ့ရပါဟုဆိုပြန်သည်။ (ဂ)ဆရာတော်ဦးဝိလာသပျံလွန်တော်မူပြီးနောက် တပည့်တော်စောဒက၏မူလဆရာဖြစ်သောဆရာတော် ဘဒ္ဒန္တပညာဝံသသည်သံဃိကပိုင်ဆိုင်မှုဖြင့်ဆက်ခံ အုပ်ချုပ်၍ကျောင်းထိုင်တော်မူခဲ့သည်ဟုဖြစ်ပြန်၏။ စောဒကဦးပဏ္ဍိတစကားများအနက်(ခ)စကားသည် သူဘာကိုမှမသိသည်ကိုပြဆိုသောစကားဖြစ်သည်။ (သို့မဟုတ်)မတိကျသည့်စကားဖြစ်သည်။ (က)နှင့်(ဂ)စကားသည်ဧကန်စကားဖြစ်သည်။ ထိုစကားနှစ်ရပ်ကိုပေါင်းစပ်လျှင် မူလဘိုကလေးကျောင်းသည်ဆရာတော်ဦးဝိလာသ၏ ပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည်၊ဆရာတော်ဦးဝိလာသပျံလွန်သည့်အခါဦးပညာဝံသသည်သံဃိကပိုင်ဆိုင်မှုဖြင့်ကျောင်းထိုင်တော်မူသည်ဟုစောဒကဦးပဏ္ဍိတ စကားဖြင့်ပင်လက်ရှိဘိုကလေးကျောင်းမတသန္တက သံဃိကကျောင်းဖြစ်သည်ဟုသိသာထင်ရှားလှပေသည်။ ၃။ထို့ကြောင့်အခင်းဖြစ်ဘိုကလေးကျောင်း၊ကျောင်းမြေသည်ပုဂ္ဂလိက၊သံဃိကကျောင်းမျိုးတို့တွင်သံဃိကကျောင်းဖြစ်သည်။ သံဃိကကျောင်း (၄)မျိုးတို့တွင် မတသန္တကသံဃိကကျောင်းမျိုးဖြစ်သည်။ထိုကြောင့် ခရမ်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့နှင့်ရန်ကုန်တိုင်းသံဃ ဝိနိစ္ဆယအဖွဲ့တို့၏(က)အပိုဒ်ဆုံးဖြတ်ချက်သည် ဓမ္မဝိနယနှင့်အညီဖြစ်သည်ဟုနိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်များက သုံးသပ်တော်မူကြသည်။ (ခ)အမှုဖြစ်ဘိုကလေးကျောင်းတိုက်ဗဟိသီမဋ္ဌက ရဟန်းများကဓု၀ဝါသ၊အနုဌာပနီယကျောင်းထိုင်တင်မြှောက်မှုစီရင်ဆောင်ရွက်ခွင့်ရှိ-မရှိသုံးသပ်ခြင်း (၁)အထက်၌အခင်းဖြစ်ဘိုကလေးကျောင်းသည် မတသန္တကသံဃိကကျောင်းဖြစ်သည်ကိုစိစစ်သုံးသပ် ပြီးခဲ့ပြီးယခုအခါထိုမတသန္တကသံယိကကျောင်း၌ ဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင်တင်မြှောက်မှုကို ပြဆိုမည်ဖြစ်သည်။ထိုကျောင်းမျိုး၌ (၁)အန္တောသီမဋ္ဌကသမဂ္ဂသံဃာသည်အပလောကနကံဖြင့်ဗဟုပကာရဂုဏဝိသိဋ္ဌအင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော အန္တောသီမဋ္ဌကရဟန်းကိုဓုဝဝါသ၊အနုပဌာနိယ ကျောင်းထိုင်အဖြစ်တင်မြှောက်ရမည်။ (၂)အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသောရဟန်းမရှိကအင်္ဂါတစ်ပါးနှင့်ပြည့်စုံသောရဟန်းကိုဓုဝဝါသအနုဌာပနိယ ကျောင်းထိုင်တင်မြှောက်ရမည်။ (၃)အန္တောသီမဋ္ဌကရဟန်းအားလုံးအင်္ဂါနှစ်ပါး(သို့) အင်္ဂါတစ်ပါးနှင့်ပြည့်စုံသည့်ရဟန်းမရှိဘဲဗာလအဗျတ္တချည်းဖြစ်နေလျှင်ထိုကျောင်းသို့ရောက်လာသည့် လဇ္ဇီပေသလဗဟုသုတသိက္ခာကာမအာဂန္တကရဟန်းကို အန္တောသီမဋ္ဌကရဟန်းများကဓုဝဝါသအနုဋ္ဌာပနီယကျောင်းထိုင်အဖြစ်တင်မြှောက်ရမည်။ (၄)ထိုသို့သောအာဂန္တုကရဟန်းမျိုးရောက်မလာလျှင် ဗဟိသီမဋ္ဌမှအဆိုပါအင်္ဂါနှင့်ပြည့်စုံသောရဟန်းမျိုးကို ရွေးချယ်၍အန္တာသီမသို့သွင်းပြီးလျှင်အန္တောသီမဋ္ဌက ရဟန်းများကထိုရဟန်းကိုဓုဝဝါသ,အနုပနီယ ကျောင်းထိုင်အဖြစ်တင်မြှောက်ရမည်။ (၅)အထက်ပါမူ(၄)ချက်ဖြင့်ဓုဝဝါသ၊အနုဋ္ဌာပနီယကျောင်းထိုင်တင်မြှောက်မှုဆောင်ရွက်ခြင်းမရှိသော ကျောင်းမျိုးကိုသာသနာကြီးပွားခြင်းလိုလားသည့် ဒေသခံဆရာတော်တစ်ပါးပါးကအန္တောသီမဋ္ဌက ရဟန်းတို့အားတိုက်တွန်းပြီးအန္တောသီမဋ္ဌကအင်္ဂယုတ္တ ရဟန်းရှိလျှင်ထိုရဟန်းအား၊မရှိလျှင်ဗဟိသီမဋ္ဌက အင်္ဂယုတ္တရဟန်းအားဓုဝဝါသကျောင်းထိုင်တင်မြှောက် ရမည်ဟူ၍ဝိနယာလင်္ကာရဋီကာ၌-သံဃိကကျောင်း ကျောင်းထိုင်တင်မြှောက်နည်း(၅)မျိုးကိုပြဆိုသည်။ ၂။အခင်းဖြစ်ကျောင်း၌ကျောင်းထိုင်တင်မြှောက်ရာတွင် ထိုငါးမျိုးအတွင်းမှသူမှန်သည်ငါမှန်သည်ဟုအငြင်းပွားနေကြခြင်းဖြစ်သည်။စင်စစ်မူကားဦးသုမနကိုဘိုကလေးကျောင်း၌ကျောင်းထိုင်တင်မြှောက်ခြင်းသည်အထက်ပါ နံပါတ်(၅)လာနည်းမျိုး၌ပါဝင်သည်။ ထိုသို့ပါဝင်သော်လည်းဘုရားရှင်လက်ထက်အခါက ကိဂီရိရွာသားဥပသကာတစ်ယောက်သည်မိမိရွာ၌ နေကြသည့်ကုလဒူသကအနေသန၊အဿဇိပုနဗ္ဗသုက ရဟန်းတို့၏အရှက်မရှိပုံ၊ယုတ်မာပုံကိုလျှောက်ထားသဖြင့်ဘုရားရှင်၏ခိုင်းစေချက်အရအရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်အမှူးရှိသည့်ရဟန်းတော်များ ကီဋာဂိရိရွာသို့သွားရောက်ဆောင်ရွက်ရပုံနှင့်အခြေခံအကြောင်းရင်းတူနေသည်ကိုတွေ့ရသည်။ ၁၃၆ဝ-ပြည့်နှစ်ကာလဆီကဘိုကလေးကျေးရွာ၊ ဘိုကလေးကျောင်းအခြေအနေကိုကြည့်လျှင်ရပ်ရွာ၏ ကြည်ညိုအားထားရာလည်းဖြစ်စောဒကဦးပဏ္ဍိတ၊ ဦးတိလောကတို့၏ဆရာလည်းဖြစ်သည့်ဆရာတော် ဦးပညာဝံသသည်ဇရာ၊ဗျာဓိ,ဖိစီးနှိပ်စက်မှုကိုခံနေရရှာသည်။ဘဝ၏နောက်ဆုံးမိမိ၏ဘဝသံသရာရေးအတွက်ရော၊တပည့်ဒကာ/ဒကာမများ၏ရှေ့ရေးအတွက်ပါအလွန်အမင်းအရေးကြီးသည့်အချိန်ပင်ဖြစ်သည်။ ဆရာတော်ကြီးအတွက်လိုလေသေးမရှိရအောင် ဆောင်ရွက်ရမည်မှာတပည့်ကြီးများဖြစ်ကြသည့် ဦးပဏ္ဍိတတို့၏တာဝန်ဖြစ်သည်။ ဆရာတော်မျက်စိမှိတ်၍ပျံလွန်တော်မူသွားသည့်အခါ ဆရာတော်ကြီးကိုယ်စားဦးပဏ္ဍိတတို့ကိုရပ်ရွာကအားကိုးအားထားပြုကြရမည်သာဖြစ်သည်။ ထိုအချိန်အခါမျိုးမှာမှဦးပဏ္ဍိတသည်ဦးတိလောကအား ကာမလွန်ကျူးမှု,ပစ္စည်းခိုးမှုဖြင့်ဦးတိလောကသည် ဦးပဏ္ဍိတအားပစ္စည်းခိုးယူမှုတို့ဖြင့်၊အပြန်အလှန်စွပ်စွဲတိုင်ကြားလျက်ခိုက်များဖြစ်နေကြသည်။ ဒကာ,ဒကာမများ၏မျှော်လင့်စောင့်စားအားထားမှုအတိုင်းဖြစ်ရမည့်အစား၎င်းတို့ကအဿဇိပုနဗ္ဗသုက တို့၏ကုလဒုသနအမှုထက်လွန်ကဲဆိုးဝါးဒုဿီလ ပါရာဇိကအမှုကြီးဖြင့်အချင်းချင်းစွပ်စွဲပုတ်ခတ် ရန်ဖြစ်နေကြသည်။ ထိုသို့ဖြစ်နေခြင်းကိုစုဒိတကဦးသုမနတင်ပြသည့် သောဓနာလွှာအားစောဒကဦးပဏ္ဍိတကပြန်လည်ငြင်းဆိုမှုမရှိခြင်းကြောင့်လည်းကောင်း၊စုဒိတကကတင်ပြသည့် ဦးပဏ္ဍိတကိုယ်ပိုင်လက်မှတ်ထိုးပါပူးတွဲ (က)(ခ)စာများအရလည်းကောင်းသိသာထင်ရှားလှပေသည်။ ၃။ဆရာတော်ဦးပညာဝံသပျံလွန်တော်မူသည့်အခါဒုဿီလပါရာဇိကအမှုကြီးများဖြင့်အချင်း၊စွပ်စွဲပုတ်ခတ်ခိုက်ရန်ဖြစ်ကွဲပြဲနေသောဦးပဏ္ဍိတနှင့်ဦးတိလောကတို့ကို ရွာဦးကျောင်း၌ကျောင်းထိုင်မထေရ်ကြီးအဖြစ်တင်ထား ၍မည်သည့်ဗုဒ္ဓဘာသာဒကာ/ဒကာမများကမှကိုးကွယ်ကြည်ညိုလိုကြမည်မဟုတ်ပေ။ ထိုသို့မကိုးကွယ်လိုကြောင်းကိုလည်း သဘာပတိဆရာတော်ကဦးတိလောကနှင့်ဦးပဏ္ဍိတတို့ ရှိပါလျက်အဘယ်ကြောင့်ကျောင်းထိုင်ရရှိရေးဆောင် ရွက်ပါသနည်းဟုမေးရာတွင်စုပြသက်သေ(၆)က ဦးတိလောကမှာမုဒိန်းမှုနှင့်စွပ်စွဲခံရပါသည်။ ဦးပဏ်ဍိတကလည်းဖောက်ထွင်းမှုဖြင့်အတိုင်အကြား ခံနေရပါသည်။ထို့ကြောင့်ကျောင်းထိုင်းတစ်ပါးရရှိရေး လျှောက်ထားပါသည်ဟုဖြေကြားထားသည်။ အခြားစု/ပြသက်သေ(၆)ဦးတို့ကလည်းအလားတူ ထွက်ဆိုထားသည်ကိုတွေ့ရသဖြင့်လည်းကောင်း၊ ယင်းဖြစ်ပျက်ထွက်ဆိုချက်များကိုစောဒကဦးပဏ္ဍိတက ကန့်ကွက်ငြင်းဆိုမှုမရှိသောကြောင့်လည်းကောင်း သိရပေသည်။ ကိဠာဂီရိရွာကအဿဇိပုနဗ္ဗသုကရဟန်းတို့၏ကုလဒူသန အနေသနအပြုအမူများကိုမကြည်ညိုနိုင်သောသာသနာ့စိတ်ဓာတ်ရှိသူဥပါသကာတစ်ယောက်သည်တစ်ရွာလုံးနှင့်ဆန့်ကျင်ပြီးဘုရားရှင်ထံသို့ရဟန်းကောင်းရဟန်းမြတ်များလွှတ်ပေးတော်မူရန်လျှောက်ထားသကဲ့သို့ ဘိုကလေးရွာခေါင်းဆောင်များကလည်း ရပ်/ကျေး သံဃနာယကအဖွဲ့ထံကျောင်းထိုင်ဘုန်းကြီးရဟန်းတပါး တောင်းခံလာခြင်းဖြစ်သည်ကိုတွေ့ရသည်။ ၄။ဘုရားရှင်သည်ဒကာတစ်ယောက်တည်းကလျှောက် ထားသည်ဟုဥပေက္ခာပြုတော်မမူခဲ့ပေ။ အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်တို့ကိုစေလွှတ်၍ ကီဋာဂီရိရွာ၏သာသနာအတွက်ဆောင်ရွက်တော်မူ ခဲ့သည်။ထို့အတူပင်ရပ်/ကျေးသံဃနာယကအဖွဲ့သည် ဒေသခံပဝါရဏာဂိုဏ်းချုပ်ဆရာမှတော်နှင့်ဂိုဏ်းဝင်ဆရာတော်များ၊ဂေါစရဂါမ်ဆရာတော်များ၊သက်ဆိုင်ရာဒကာ၊ဒကာမများ၊အန္တောသီမဋ္ဌကရဟန်းတော်များ၏ ဆန္ဒကိုရယူပြီးကျောင်းထိုင်ဘုန်းကြီးတင်မြှောက်ခဲ့ကြသည်ဖြစ်၍ဘိုကလေးရွာ၊ဘိုကလေးကျောင်းသာသနာအတွက်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ထိုဖြစ်ပျက်ပုံအဖုံဖုံကိုကြည့်ရှုဆင်ခြင်လျက်ဘိုကလေးကျောင်း၌ဗဟိသီမဋ္ဌကရဟန်းများကဓုဝဝါသ၊ အနုဋ္ဌာပနိယကျောင်းထိုင်တင်မြှောက်မှုကိစ္စ ဆောင်ရွက်ခြင်းသည်- (က)သံဃိကကျောင်း၊ကျောင်းထိုင်တင်မြှောက်နည်း (၅)မျိုးတွင်နံပါတ်(၅)နည်း၌သက်ဝင်ခြင်း၊ (ခ)ကီဋာဂီရိရွာ၏သာသနာ့အခြေအနေကိုဘုရားရှင်ကိုယ်တော်တိုင်ဆောင်ရွက်ခဲ့သည့်နည်းနှင့်အလျော်ဖြစ် ခြင်းစသောအကြောင်းတို့ကြောင့်စီမံပိုင်ခွင့်ရှိသောကျောင်းထိုင်တင်မြှောက်ခြင်းဖြစ်သည်ဟုနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁)ဝိနည်းဓိုရ်ဆရာတော်များကတစ်ညီတစ်ညွတ်တည်း သုံးသပ်တော်မူကြသည်။ (ဂ)ဦးသုမနအားဓုဝါသ၊အနုဌာပနီယကျောင်းထိုင်တင် မြှောက်မှုဓမ္မဝိနယနှင့်ညီမညီသုံးသပ်ခြင်း ၁။ရှေ့တွင်ဘိုကလေးကျောင်း၌ဗဟိသီမဋ္ဌကရဟန်းများကဓုဝဝါသ၊အနုဌာပနီယကျောင်းထိုင်တင်မြှောက်မှုကိစ္စဆောင်ရွက်ခြင်းကိုစီမံပိုင်ခွင့်ရှိကြောင်းသုံးသပ်ခဲ့ပေသည်။ယခုအခါဦးသုမနအား၎င်းကျောင်း၌ကျောင်းထိုင်တင်မြှောက်မှုသည်ဓမ္မဝိနယနှင့်ညီ-မညီသုံးသပ်မည်ဖြစ်သည်။ထိုသို့သုံးသပ်ရာ၌- (က)အန္တာသီမ၌အင်္ဂယုတ္တရဟန်းရှိ-မရှိ၊ (ခ)အန္တောသီမဋ္ဌကရဟန်းများကသဘောတူမှုရှိ-မရှိ၊ (ဂ)ကျောင်းထိုင်တင်မြှောက်မျှအထမြောက်-မမြောက် ဟူသောအချက်များကိုစိစစ်သုံးသပ်မည်ဖြစ်သည်။ (က)အန်​တောသီမ၌အင်္ဂယုတ္တရဟန်းရှိ-မရှိကို သုံးသပ်ချက် ဆရာတော်ကြီးဦးပညာဝံသပျံလွန်စဉ်ကမိမိ(ဦးပဏ္ဍိတ) နှင့်ရှင်ကုဏ္ဍလတို့နှစ်ပါးသာရှိသည်။ ဦးပဏ္ဍိတသည်ဆရာတော်ဦးပညာဝံသကိုယ်တိုင် သမ်မုတိပေးထားသည့်ဘဏ္ဍာဂါရိကဖြစ်သည်။ ဘဏ္ဍာဂါရိကဗဟုပကာရဂုဏ်နှင့်ပြည့်စုံသည့် အန္တောသီမဋ္ဌကတပည့်တော်(ဦးပဏ္ဍိတ)သာလျင် ဘိုကလေးကျောင်း၌ဓုဝဝါသ၊အနုဌာပနိယကျောင်းထိုင်ဖြစ်သင့်သည်ဟုစောဒနာထားသည်။ စုဒိတကဦးသုမနကယင်းစောဒနာကိုအကျယ်တဝင့်ချေပထားသည်။မြို့နယ်နှင့်တိုင်းဝိနိစ်ဆယတို့ကလည်း အထောက်အထားများစွာဖြင့်ယင်းစောဒနာကိုမဖြစ် နိုင်ကြောင်းသုံးသပ်ထားကြသည်။နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကဆက်လက်လေ့လာတော်မူကြပါသည်။ ဆရာတော်ဦးပညာဝံသပျံလွန်တော်မူစဉ်ကမိမိဦးပဏ္ဍိတနှင့်ရှင်ကုဏ္ဍလတို့သာရှိသည်ဟုဆိုသော်လည်း သဘာပတိဆရာတော်မေး၍ဖြေကြသည့်ဦးပဏ္ဍိတ၏ သက်သေ(၉-၁၃)တို့ကဦးတိလောကရှိကြောင်းထွက်ဆိုကြသည်။ သက်သေ(၆-၈-၁၄)တို့က(၆)ပါးရှိသည်ဟု ထွက်ဆိုကြသည်။သို့ဖြစ်၍ဦးပဏ္ဍိတ၏- ဆရာတော်ဦးပညာဝံသပျံလွန်တော်မူစဉ်ကမိမိဦးပဏ္ဍိတ နှင့်ရှင်ကုဏ္ဍလ(၂)ပါးသာဟူသောစောဒနာသည်ခိုင်လုံမှုမရှိသောစောဒနာဖြစ်သည်။ဤ၌ထူးခြားသည်ကား ဦးတိလောကရှိသည်ဟုဖြေကြားထွက်ဆိုသူများသည်အမှန်အတိုင်းပြောဆိုတတ်သည့်လူငယ်လူရွယ်ဖြစ်နေ ခြင်းပင်ဖြစ်သည်။တဖန်ဦးပဏ္ဍိတသည်- ဆရာတော်ဦးပညာသဝံသကိုယ်တိုင်သမ်မုတိပေးထားသည့်ဘဏ္ဍာဂါရိကဖြစ်သည်-ဟုစောဒနာခြင်း၌ဦးပဏ္ဍိတသည်“ဘဏ္ဍာဂါရိကဗဟုပကာရဂုဏ်”နှင့်ပြည့်စုံသည်။ မိမိ(ဦးပညာဝံသ)ပျံလွန်တော်မူလျှင်“ဧကင်္ဂသုတ္တ”နှင့်ပြည့်စုံသည့်အန္တောသီမဋ္ဌကဦးပဏ္ဍိတသည်ဓုဝဝါသ အနုဋ္ဌာပနိယကျောင်းထိုင်ဖြစ်သင့်သည်ဟုဆရာတော်ကြီးဦးပညာဝံသကိုယ်တိုင်ကသတ်မှတ်ထားခဲ့သည်ဟု ယူဆဟန်ရှိသည်။မိမိ(ဦးပဏ္ဍိတ)တင်ထားသည့် သက်သေခံပူးတွဲ(ခ)ကိုလည်းအားကိုးအားထားပြုထားသည်။ စုဒိတကဦးသုမနသည်ထိုအချက်ကိုမိမိ၏သက်သေ ဦးဇာဂရသိဒ္ဓိ၏ဦးပဏ္ဍိတနှင့်ဦးတိလောကမှအပအခြားသံဃာကိုတင်မြှောက်ရန်ဆရာတော်ကြီးဦးပညာဝံသမှ မိန့်မှာတော်မူခဲ့သည်ဟူသောဖြေကြားထွက်ဆိုချက်ဖြင့် ပယ်ဖျက်သောဓနာထားသည်ကိုတွေ့ရသည်။ ထို့ကြောင့်အခင်းဖြစ်ဘိုကလေးကျောင်း၌ဓုဝဝါသ အနုဋ္ဌာပနီယကျောင်းထိုင်ဖြစ်သင့်သည့်အင်္ဂယုတ္တရဟန်း မရှိဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ (ခ)အန္တောသီမဋ္ဌကရဟန်းများကသဘောတူမျှရှိ-မရှိသုံးသပ်ချက် ၁။သံဃိကကျောင်း၌ဓုဝဝါသ၊အနုဋ္ဌာပနိယကျောင်းထိုင်ဘုန်းကြီးတင်မြှောက်ရာ၌အ​ေန္တာသီမဋ္ဌကရဟန်းများ၏ ဓမ္မဝိနယနှင့်အညီသဘောတူညီမှုမရှိလျှင်တင်၍ မရသဖြင့်ဤဘိုကလေးဗဟိသီမဋ္ဌကရဟန်းကို ကျောင်းထိုင်တင်ထားသောကြောင့်အန္တောသီမဋ္ဌကဖြစ်သည့်ရဟန်းများကသဘောတူမှုရှိ-မရှိကိုစိစစ်ရပေမည်။ တစ်နှစ်တစ်ဝါကျောင်းစောင့်ဖြစ်သည်။ မိမိ(ဦးပဏ္ဍိတ)ပညာသင်ပြီးပြန်လာသည့်အခါမိမိ ကျောင်းထိုင်ရမည်ဆို၍သဘောတူပါသည်။ အောင်ချမ်းသာဆရာတော်ဦးပညာသီရိဝံသကအသင့် ပါလာသည့်စာရွက်လွတ်ယူလာပြီးစေခိုင်းသဖြင့်အခန်းအတွင်းမှာသဘောတူကြောင်းလက်မှတ်ထိုးလိုက်ရသည် ဦးသုမနကိုကျောင်းထိုင်တင်စဉ်ကကန့်ကွက်ခဲ့သည် စသည်ဖြင့်စောဒနာထားပါသည်။ ၂။ဦးသုမနအားကျောင်းထိုင်တင်မြှောက်ခြင်းသည် တစ်နှစ်တစ်ဝါခတ္တသာတင်ခြင်းဖြစ်သည်ဟုဦးပဏ္ဍိတ ကထပ်ပြန်တလဲလဲဆိုသော်လည်းတစ်နှစ်တစ်ဝါခေတ္တသာတင်ခြင်းကိုခိုင်လုံသောအထောက်အထားပြနိုင်ခြင်းမရှိပေ။ဦးပဏ္ဍိတသက်သေထွက်ဆိုသူ(၁၅)ဦးရှိသည့်အနက်(၇)ဦးကခေတ္တယာယီ၊တစ်နှစ်တစ်ဝါသာ ကျောင်းထိုင်တင်ပါသည်ဟုထွက်ဆိုသော်လည်း ဦးပဏ္ဍိတ၏အဓိကသက်သေ(၁)ဦးအောင်ညွန့်ကမူ မပျော်လျှင်ပြန်ခေါ် မည်ဟုကြားပါသည်ဟူ၍ထွက်ဆိုထားသည်ကိုတွေ့ရသည်၊မပျော်လျှင်ပြန်ခေါ်မည်ဟူ သည်ခေတ္တယာယီ,တစ်နှစ်တစ်ဝါသာကျောင်းထိုင် တင်မြှောက်ခြင်းမဟုတ်ဟုသိသာပေသည်။ ဦးပဏ္ဍိတသည်ဘိုကလေးကျောင်း၌ကျောင်းထိုင်တင်ခြင်းကိုသဘောတူကြောင်းလက်မှတ်ထိုးပေးရသည့်စာနှင့်ပတ်သက်၍ဦးပညာသီရိဝံသသည်တပည့်တော်သဘောတူကြောင်းရေးသား၍လက်မှတ်ထိုးရန်ခိုင်းစေခဲ့ပါသည်(မူ/စော)၎င်းပြောပြသည့်အတိုင်းလိုက်လံရေးသားခိုင်းပြီးလက်မှတ်ရေးထိုးစေခဲ့ပါသည်။ (နိုင် စော)စာရေးတာမှန်ပါသည်။တစ်နှစ်တစ်ဝါထားခြင်းသာဖြစ်ပါသည်(သဘာပတိမေးဦးပဏ္ဍိတဖြေ)ဟု သောဓနာထားသည်ကိုတွေ့ရသဖြင့်ဦးပညာသီရိဝံသက ရေးပေးသည်ဟူ၍လည်းကောင်း၊ဦးပညာသီရိဝံသ ပြောပြသည်ကိုရေးရသည်ဟူ၍လည်းကောင်း၊မိမိ သဘောအရကိုယ်တိုင်ရေးရသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးအဖုံဖုံကွဲပြားနေသည်၊မနုဓမ္မသတ်ကျမ်းအရ နှစ်ခွပြောသောစကားသည်မယုံကြည်အပ်ဟုဆိုသဖြင့် ဦးပဏ္ဍိတစကားသည်သုံးခွပြောသောစကားဖြစ်သော ကြောင့်ပို၍ပင်မယုံကြည်အပ်သည့်စကားမျိုးဖြစ်သည်။ မိမိကိုယ်တိုင်ရေးသည်ဖြစ်စေ၊သူတစ်ပါးခိုင်း၍ရေးသည်ဖြစ်စေ၊သူတစ်ပါးရေးပေးသည်ပင်ဖြစ်စေ ဦးပဏ္ဍိတကိုယ်တိုင်လက်မှတ်ထိုးထားသဖြင့်ဦးပဏ္ဍိတ ၏တရားဝင်သဘောတူပြီးဖြစ်သည့်စာပင်ဖြစ်သည်။ အရှင်အာနန္ဒာအရှင်သာရိပုတ္တရာစသည့်မထေရ်မြတ်များ ဟောသောတရားများပင်ဖြစ်သော်လည်း ဘုရားရှင်ကလက်ခံသဖြင့်ဗုဒ္ဓဘာသိတဖြစ်သကဲ့သို့၎င်း၊တစ်ခြားသူတစ်ဦးဦးကရေးပေးသည့်စောဒနာသောဓနာလွှာများပင်ဖြစ်သော်လည်းသက်ဆိုင်ရာစောဒက၊စုဒိတကတို့က လက်မှတ်ထိုးလိုက်လျှင်ထိုစောဒက/စုဒိတကတို့၏ တရားဝင်စောဒနာသောဓနာလွှာများဖြစ်သကဲ့သို့ပင်ဖြစ်သည်။ ၃။ဘိုကလေးကျောင်း၊ကျောင်းထိုင်တင်ရာ၌ဦးပဏ္ဍိတသည်အဓိကပုဂ္ဂိုလ်ပင်ဖြစ်သည်၊မိမိကဓမ္မဝိနယနှင့်အညီ သဘောမတူကြောင်းကန့်ကွက်ပိုင်ခွင့်ရှိသလိုတစ်နှစ်တစ်ဝါ၊ခေတ္တယာယီတင်မြှောက်ခွင့်စသည်ဖြင့်ကတိပြု/ ရယူပိုင်ခွင့်လည်းရှိပါသည်။ မိမိလိုချင်သည့်အချက်များမရလျှင်လက်မှတ်မထိုးဘဲ နေရန်ပင်ဖြစ်သည်။သို့သော်ဦးပဏ္ဍိတ၏သဘောတူကြောင်းလက်မှတ်ထိုးစာ၌ကားတပည့်တော်ပဏ္ဍိတအနေဖြင့်ကျေကျေနပ်နပ်သဘောတူကြောင်းကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်ကိုကြည့်လျှင်ထိုစဉ်ကကျေနပ်ခဲ့ပြီးဖြစ်သည်မှာထင်ရှားလှပေသည်။ ထို့အပြင်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က၂၅-၂-၂၀ဝဝ ရက်နေ့ညှိနှိုင်းသည့်ပွဲတွင်ဦးပဏ်ဍိတကိုယ်တိုင်လက် မှတ်ထိုးပြီးအတည်ပြုခဲ့သည့်တိုင်းသံဃနာယက၏ မှတ်တမ်းအရလည်းဦးသုမန၏ဓုဝဝါသ၊အနုဌာပနီယ ကျောင်းထိုင်မှုကိုသဘောတူကျေနပ်ခဲ့သည်မှာထင်ရှားလျှက်ရှိပေသည်၊ယခုအမှုဖြစ်မှသာသဘောမတူကြောင်း ဟိုလူရေးတာဖြစ်ကြောင်း၊ဒီလူရေးတာဖြစ်ကြောင်း စသည်ဆိုနေခြင်းမှာသဘောမှန်မနောမှန်မဟုတ်ပေ။ “ဝတ္တဘေဒက”သဘောသို့သက်ရောက်နေပေသည်။ ၄။တစ်ဖန်ဦးပဏ္ဍိတသည်ကျောင်းထိုင်တင်ပွဲကျင်းပစဉ်ကမိမိကန့်ကွက်ခဲ့သည်ဟုစောဒနာထားသော်လည်း ကျောင်းထိုင်တင်ပွဲသို့တက်ရောက်သည့်ဦးပဏ္ဍိတ၏ သက်သေ(၆)ဦးတို့ကမကန့်ကွက်ပါဟူ၍တစ်ညီတစ်ညွတ်တည်းထွက်ဆိုထားပေသည်။ ထို့ပြင်စောဒကဦးပဏ္ဍိတကိုယ်တိုင်ပင်မေးသည်ကို ဖြေရာ၌ကျောင်းထိုင်တင်မြှောက်သည့်အချိန်တွင် တပည့်တော်မည်သို့မှဝင်ရောက်၍မတားမြစ်ပါဟုအတိအလင်းရှင်းရှင်းကြီးပင်ဖြေဆိုထားခဲ့ပေသည်။ အထက်ပါစိစစ်ချက်များအရဦးပဏ္ဍိတသည်ဘိုကလေးကျောင်း၌ဦးသုမန၏ဓုဝဝါသ၊အနုဌာပနိယကျောင်းထိုင်တင်ခြင်းကိုကျေကျေနပ်နပ်လက်မှတ်ထိုးသဘောတူခဲ့ သောကြောင့်လည်းကောင်း၊တိုင်းသံဃနာယကအဖွဲ့၏ ညှိနှိုင်းဖြေရှင်းပွဲ၌လည်းသက်ဆိုင်ရာရဟန်းလူဒါယကာ တို့၏ရှေ့မှောက်၌သဘောတူလက်မှတ်ရေးထိုးထားသောကြောင့်လည်းကောင်းကျောင်းထိုင်တင်ပွဲကျင်းပစဉ်ကလည်းကန့်ကွက်မှုမရှိသဘောတူခဲ့သောကြောင့်လည်းကောင်း၊အန္တောသီမဋ္ဌကရဟန်းသည်မိမိတစ်ပါးတည်းသာဟုဦးပဏ္ဍိတကိုယ်တိုင်ဆိုထားသောသော လည်းကောင်း၊ဦးတိလောကသည်အန္တောသီမဋ္ဌက ဖြစ်လျှင်လည်းလက်မှတ်ရေးထိုး၍သဘောတူသော ကြောင့်လည်းကောင်း၊ဦးသုမနအားဘိုကလေးကျောင်း၌ ဓုဝဝါသ၊အနုဋ္ဌာပနီယကျောင်းထိုင်တင်ခြင်းကို အန္တောသီမဋ္ဌကရဟန်း(များ)ကသဘောတူသည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်အဖွဲ့(၅/၂၀၀၁)ဆရာတော်များက သုံးသပ်တော်မူကြသည်။ (ဂ)ကျောင်းထိုင်တင်မြှောက်မှုအထမြောက်/မမြောက် သုံးသပ်ချက် အခင်းဖြစ်ဘိုကလေးကျောင်း၊ကျောင်းထိုင်တင်မြှောက်မှုသည်အထက်၌အကျယ်သုံးသပ်ပြီးခဲ့သည့်အတိုင်း အ​ေန္တာသီမ၌ဓုဝဝါသ၊အနုဋ္ဌာပနိယကျောင်းထိုင်အင်္ဂါနှင့်ပြည့်စုံသည့်ရဟန်းမရှိခြင်း၊သံဃိကကျောင်း ကျောင်းထိုင်တင်မြှောက်နည်းနံပါတ် (၅)နှင့်အညီဖြစ်ခြင်း၊အန်တောသီမဋ္ဌကရဟန်းများကကန့်ကွက်မှုမရှိ သဘောတူညီမှုရှိခြင်း၊ရပ်/ကျေးသံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံတိုင်အောင် ယင်းကျောင်းထိုင်မှုကိုအဆင့်ဆင့်တင်ပြလျှောက် အသိအမှတ်ပြုခဲ့ခြင်းတို့ကြောင့်ဓမ္မဝိနယနှင့်လည်းကောင်း၊လုပ်ထုံးလုပ်နည်းများ၊ညွှန်ကြားလွှာများ နှင့်လည်းကောင်းညီညွတ်သဖြင့်ကျောင်းထိုင်တင် မြှောက်မှုအထမြောက်သည်။ ဤသို့ဓမ္မဝိနယလုပ်ထုံးလုပ်နည်း၊ညွှန်ကြားလွှာများနှင့်အညီကျောင်းထိုင်တင်မြောက်သောကြောင့်ဘိုကလေးကျောင်း၌ဦးသုမနအားဓုဝဝါသအနုဌာပနိယကျောင်းထိုင်တင်မြောက်ခြင်းသည်ဓမ္မဝိနယနှင့်ညီညွတ်သည်ဟု နိုင်/ဝိ(၅/ ၂၀၀၁)ဆရာတော်များကတစ်ညီတစ်ညွှတ် တည်းသုံးသပ်တော်မူကြသည်။ [ဘဏ္ဍနကာရက,ကဟလကာရကစိစစ်ခြင်း]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ခရမ်းမြို့နယ်၊ဘိုကလေးကျေးရွာ၊ဘိုကလေးကျောင်းအငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သည်(၂၅-၂-၂ဝဝဝ)တွင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ ထိုအကောင်အထည်ဖော်ညှိနှိုင်းဆောင်ရွက်ပွဲ၌ ဦးသုမနအားကျောင်းထိုင်ဘုန်းကြီးတင်မြှောက်သည် ကိုသိရှိကြောင်းဦးပဏ္ဍိတကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ တိုင်း/မြို့နယ်/ရပ်ကျေးအဆင့်ရှိဆရာတော်သံဃာတော်များ၊လူပုဂ္ဂိုလ်များနှင့်စုဒိတကဦးသုမနတို့လည်း လက်မှတ်ထိုးခဲ့သဖြင့်တိုင်းသံဃနာယကအဖွဲ့က ထိုဘိုကလေးကျောင်းအငြင်းပွားမှုသည်ပြေလည်ငြိမ်းအေးမှုရရှိပြီးဖြစ်သည်ဟုအတိအလင်းဆုံးဖြတ်သည့်အပြင်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့လည်း “ပြေလည်အေးငြိမ်းမှုရရှိကြောင်း”အစီရင်ခံခဲ့ပေသည်။ ထိုသို့ပြေလည်ငြိမ်းအေးပြီးသောအမှုကိုဦးပဏ္ဍိတသည် (၁၄-၃-၂၀၀၀)ရက်စွဲပါစာဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့တိုင်ကြားပြီးဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့ ဥက္ကုဋေယျအုတ်အော်သောင်းနင်းတဖန်အမှုအခင်း ဖြစ်ရန်ဆောင်ရွက်ခဲ့ခြင်းသည်သာသနာတော်၌အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။ အထက်ပါဝေဖန်စိစစ်ခဲ့သည်ကိုဆင်ခြင်၍ဦးပဏ္ဍိတသည်မိမိကသံဃနာယကအဖွဲ့လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားလွှာတို့ကိုချိုးဖောက်ဖျက်ဆီးထားပါလျက် သံဃနာယကအဖွဲ့အစည်းအသီးသီး၏တရားဝင် ဓမ္မဝိနယနှင့်အညီဆောင်ရွက်ထားသည်တို့ကိုအဓမ္မဝါဒဆန်ဆန်တွန်းလှန်ပယ်ဖျက်ခြင်း၊ပြေလည်ငြိမ်းအေးပြီးသောအဓိကရုဏ်းမှုခင်းကိုတစ်ဖန်အဓိကရုဏ်းမှုခင်းဖြစ်ပွားရန်လှုံ့ဆော်ခြင်းတို့သည်အဓိကရုဏ်းဖြစ်အောင် ခိုက်ရန်ဖြစ်အောင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုကြောင့် ဥ​ေက္ကာဋေန္တီတိ တဿ တဿ ဘိက္ခုနာ သန်တိကံ ဂနျတှာ အကတံ ကမ်မန်တိအာဒီနိ ဝဒန်တာ ဥစ်စာလန်ေတိ ယထာ ပတိဋ်ဌိတဘာဝနေ ပတိဌာတုံ နဒနျတေိ(ဝိ-ဌ-၃၊၁၃၄) ဘဏ်ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန်နာနံ ပသေုညံ ဥပသံဟရန်တိ အဓိကရဏဇာတာနံ၊(ဝိ-၂၊၂၀) ဘဏ္ဍနန္တိ ကလဟဿ ပုဗ္ဗဘာဂေါ(ပ)သကသက​ပ​ေက္ခ သမ္မန္တနံ၊ကလဟောတိ အာပတ္တိဂါမိကော ကာယဝါစာဝီတိက္ကမော၊(ဝိ-ဋ္ဌ၊ ၃၊ ၆)ဟူ၍ဟောဖော် မိန့်ကြားတော်မူခဲ့ပေသည်။ ထိုဘဏ္ဍနကာရက၊ကလဟကာရကပုဂ္ဂိုလ်မျိုးသည် အသင်းအပင်းကိုရလျှင်သံဃာကွဲပြားခြင်းကိုပင် ပြုတတ်သောကြောင့်အလဇ္ဇီထက်ပို၍ကြောက်စရာကောင်းလှသည်။ သံဃာ့အာရာမ်တစ်ခုလုံးမှနှင်ထုတ်ပစ်ရမည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်ဟုနိုင်/ဝိ(၅/၂ဝဝဝ)ဆရာတော်များက တစ်ညီတစ်ညွတ်တည်းသုံးသပ်တော်မူကြသည်။ ဘဏ္ဍနကာရကကလဟကာရကမေ၀ သကလ သံဃာရာမတော နိက်ကဎ်ဍိတုံ လဘတိ၊သော ဟိ ပက္ခံ လဘိတွာ သံဃမ္ပိ ဘိန်​ဒေယျ။(ဝိ-၄ ၊ ၃၊ ၄၇) [ပေါင်းရုံးသုံးသပ်ခြင်း]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။အမှုဖြစ်ဘိုကလေးကျောင်းသည်မတသန္တက သံဃိကဖြစ်ခြင်း။ ၂။မတသန္တကသံဃိကဘိုကလေးကျောင်း၌ဓုဝဝါသ အနုဌာပနိယကျောင်းထိုင်အင်ဂါနှင့်ပြည့်စုံသည့် အင်္ဂယုတ္တအန္တောသီမဋ္ဌကရဟန်းမရှိခြင်း။ ၃။အင်ဂယုတ္တအန္တောသီမဋ္ဌကရဟန်းမရှိသော မတသန္တကသံဃိကကျောင်း၌ဗဟိသီမဋ္ဌကရဟန်းများကဓမ္မဝိနယနှင့်အညီကျောင်းထိုင်တင်မြောက်မှု စီစဉ်ဆောင်ရွက်ဆောင်ရွက်ခွင့်ရှိခြင်း။ ၄။ဗဟိသီမဋ္ဌကဦးသုမနအားဓုဝဝါသ၊အနုဌာပနိယကျောင်းထိုင်တင်ခြင်းကိုအန်တောသီမဋ္ဌကရဟန်းများကသဘောတူခြင်း၊ ၅။ဗဟိသီမဋ္ဌကဆရာတော်များကဓမ္မဝိနယနှင့်အညီ ကျောင်းထိုင်တင်မြှောက်ထားသည်၊ဦးသုမနသည် ဘိုကလေးကျောင်း၏ဓုဝဝါသ၊အနုဌာပနိယကျောင်းထိုင်ဖြစ်ခြင်း။ ၆။စောဒကဦးပဏ္ဍိတသည်ဘဏ္ဍနကာရက, ကလဟကာရကပုဂ္ဂိုလ်ဖြစ်ခြင်း။ စသောအကြောင်းများကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၀)ဆရာတော်များသည်ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၉/၂၀၀၀)၏ဆုံးဖြတ်ချက်ကို အတည်ပြုလျက်အောက်ပါအတိုင်းဆုံးဖြတ်တော် မူကြသည်။ [ဆုံးဖြတ်ချက်]

၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံတော်အယူခံဝင်စောဒကဦးပဏ္ဍိတ၏စောဒနာလွှာကိုပလပ်ပယ်ချလိုက်သည်။ ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၉/၂ဝဝဝ)၏ ဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြုလိုက်သည်။ စဉ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့ ၁။ဘဒ္ဒန္တပဏ္ဍဝံသ(သဘာပတိ) မြစည်းခုံစာသင်တိုက်၊တောင်ငူမြို့။ ၂။ဘဒ္ဒန္တဝဇီရဉာဏ(အဖွဲ့ဝင်) မင်းကျောင်းစာသင်တိုက်၊ဖြူးမြို့။ ၃။ဘဒ္ဒန္တပဏ္ဍိတ( အဖွဲ့ဝင်) မဟာသုဒဿနာရာမတိုက်၊ပြည်မြို့။ ၄။ဘဒ္ဒန္တသီရိန္ဒ(အဖွဲ့ဝင်) သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ပဲခူးမြို့။ ၅။ဘဒ္ဒန္တလက္ခဏ( အဖွဲ့ဝင်) မဟာပညာဗိမာန်စာသင်တိုက်၊ရွှေကျင်မြို့။

                             ပြီးပါပြီ။
၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၆)

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မှန်တန်းရပ်၌ ဖြစ်ပွားသောဦးကောဝိဒနှင့် ဦးသာသနတို့၏ ဗားကရာကျောင်းတိုက်-ဝိဝါဒါဓိကရုဏ်းမှုခင်း [ဗားကရာကျောင်းတိုက်သမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မန္တလေးတိုင်း၊အမရပူရမြို့၊မှန်တန်းရပ်၊မဟာဝေယံ ဘုံသာဗားကရာကျောင်းတိုက်ကြီးသည်ဘိုးတော်မင်း တရားလက်ထက်တွင်တည်ထောင်သောကျောင်းတိုက်ကြီးဖြစ်ပါသည်။ ပထမဗားကရာဆရာတော်ဘုရားကြီး၊ဒုတိယဗားကရာဆရာတော်ကြီးတို့သီတင်းသုံးတော်မူခဲ့ကြရာမဟာဌာန အလွန်စည်ကားလှသောကျောင်းတိုက်ကြီးဖြစ်ပါသည်။ အမရပူရမှမန္တလေးသို့နေပြည်တော်ပြောင်းရွှေ့ပြီးနောက် အမရပူရမြို့သည်မြို့သိမ်မြို့ငယ်ကလေးဖြစ်သွားပါ သည်။ဗားကရာတိုက်ကြီးသည်လည်းတရွေ့ရွေ့တိမ် ကောသွားခဲ့ရလေသည်။ ထို့နောက်ဗားကရာတိုက်ကြီးမီးဘေးအသင့်ခံရသဖြင့် လှေကားကြီး(၈)စင်းသာကျန်ရှိကာပျက်စီးသွားပါသည်။ နောင်တွင်နေထိုင်သူမရှိဘဲခြုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်း နေသည်မှာလွတ်လပ်ရေးခေတ်ဦးကာလအထိဖြစ်သည် ဟုဆိုကြပါသည်။ ၁၃၀၈-၁၃၀၉ခုနှစ်လောက်မှာမှယင်းပျက်စီးနေသော ဗားကရာကျောင်းတိုက်ကြီးကိုစကုတိုက်၊မြသိန်းတန်ကျောင်းဆရာတော်ဘဒ္ဒန္တဉာဏုတ္တရကပြန်လည်ပြုပြင် ခဲ့ရာကျောင်းကန်များစည်ကားတိုးတက်လာပြီး၁၃၃၁-ခုနှစ်မှစ၍စာသင်တိုက်ကြီးဖြစ်လာခဲ့ပါသည်။ မြသိန်းတန်ဆရာတော်ဘဒ္ဒန္တဉာဏုတ္တရနှင့်အတူဦးပဝရ၊ ဦးပဏ္ဍိတတို့ပါလာခဲ့ရာဦးပဝရကိုတိုက်အုပ်၊ဦးပဏ္ဍိတကိုတိုက်ကြပ်ခန့်ထား၍ပရိယတ္တိစာပေပို့ချသင်ကြားခြင်း ဘုရားကျောင်းကန်များပြုပြင်ခြင်း၊ရှေးဟောင်းဗုဒ္ဓရုပ် ပွားတော်များကိုရှာဖွေစုဆောင်းခြင်း၊ပေစာ၊ပုရပိုဒ်တို့ကို ရှာဖွေစုဆောင်းခြင်းစသည်ဖြင့်သာသနာပြုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။တတိယဗားကရာဆရာတော်ဟု နာမည်ကျော်ကြားခဲ့ပါသည်။ [ကျောင်းလွှဲအပ်ခြင်း]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မြသိန်းတန်ဆရာတော်ကြီးသည်၁၃၃၄-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄)ရက်နေ့တွင်ဗားကရာ ကျောင်းတိုက်နှင့်တကွဂရုဘဏ်လဟုဘဏ်ကျောင်းအသုံးအဆောင်စသည်များကိုအန္တဝါသိကတပည့်တို့အား ဆရာတော်ဘုရားကိုယ်တိုင်အောက်ပါဆရာတော်ကြီးများမျက်မှောက်ပြု၍လွှဲအပ်လှူဒါန်းခဲ့သည်- [လွှဲအပ်လှူဒါန်းပုံ]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁။အန္တဝါသိကတပည့်တို့တွင်သိက္ခာဝါအကြီးဆုံးဖြစ်သောဦးပဝရအားတိုက်အုပ်နာယကအဖြစ်လွှဲအပ် တော်မူသည်။ ၂။ကျောင်းအသုံးအဆောင်ပရိဘောဂများကိုလည်း ဦးပဝရကသင့်တော်သလိုကြည့်ရှုစီမံသုံးစွဲနိုင်သည်။ ၃။သီးခြားအနေဖြင့်အမေမဆွမ်းစားကျောင်းကိုဦးပဝရ ကရက်ခိတဂေါပိကအဖြစ်စောင့်ရှောက်နေထိုင်ရမည်။ ၄။ဗိမာန်ရတနာကျောင်းကိုဦးပဏ္ဍိတကရက္ခိတဂေါပိတ အဖြစ်စောင့်ရှောက်နေထိုင်ရမည်။ ၅။ရွှေဘုန်းပွင့်အုတ်ကျောင်းကိုဦးပဏ္ဍိစ္စကရက္ခိတ/ ဂေါပိတအဖြစ်စောင့်ရှောက်နေထိုင်ရမည်။ ၆။ ပိဋကတ်တိုက်ကြီးကိုဦးဇဋိလနှင့်သာမဏေ ရှင်သောဘဏတို့ကရက္ခိတဂေါပိတအဖြစ်စောင့်ရှောက်နေထိုင်ရမည်။ ၇။ဆရာတော်သက်တော်ထင်ရှားရှိနေသမျှကာလပတ် လုံးဆရာတော်အလိုရှိသမျှသုံးစွဲတော်မူရန်ဆရာတော် အားတပည့်တော်များက(တာဝကာလိက)အဖြစ်ပြန်လည် လှူဒါန်းကြသည်။ စာရေးသူ၊ဦးရေ၀တ အဂ္ဂမဟာပဏ္ဍိတမြသိန်းတန်ဆရာတော်ဦးဉာဏုတ္တရ သက်သေ-ဟံသာဝတီဆရာတော်စသည်။ ထို့နောက်မြသိန်းတန်ဆရာတော်ကြီးသည်(၁၃၄၇)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၉)ရက်ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ပျံလွန်တော်မူပြီးနောက်တွင်ဦးဇဋိလက ဦးပဏ္ဍိတအားပိဋကတ်တိုက်ကျောင်းကြီးကိုစာချုပ်ဖြင့်လွှဲအပ်ခဲ့ပါသည်။စာချုပ်ပါလိုရင်းမှာ- တစ်ဦးလျှင်တစ်ကျောင်းစီခွဲဝေပိုင်းခြား၍ပေးထားခဲ့ပါ သည်။ မိမိပိုင်ဆရာတော်ထင်ရှားရှိစဉ်ကအပ်နှင်းထားသည့် ပိဋကတ်တိုက်ကျောင်းကိုနောင်တော်ကြီးဦးပဏ္ဍိတအား ဂရုဘဏ်လဟုဘဏ်ပစ္စည်းများအားလုံးကိုနောင်အခါ မည်သူမျှအနှောင့်အယှက်အကန့်အကွက်အတားအဆီး မပြုလုပ်နိုင်ရန်အားလုံးသောရဟန်းရှင်လူတို့ရှေ့မှောက်တွင်ပိဋကတ်တိုက်ပိုင်ဆိုင်သောဦးဇဋိလကိုယ်တိုင်အောက်တွင်သဘောတူလက်မှတ်ရေးထိုး၍လှူဒါန်းခဲ့ပါ သည်။ အလှူခံပုဂ္ဂိုလ်၊ဦးပဏ္ဍိတ။လွှဲအပ်လှူဒါန်းသူ၊ဦးဇဋိလ ပိဋကတ်တိုက်ကျောင်း အသိသက်သေ-ဦးပဝရ၊ဦးရေဝတ(ပုသိမ်ဆရာတော်) ထို့ကြောင့်- (၁)ပိဋကတ်တိုက်ကျောင်း (၂)၄င်းနှင့်ဆက်စပ်သောဆွမ်းစားကျောင်း (၃)ဗိမာန်ရတနာကျောင်း (၄)ဦးပဏ္ဍိတလက်ထက်မှဆောက်လုပ်သော မြရတနာအု​တ်ကျောင်း (၅)တည်ဆောက်ဆဲဘုရားတိုက်ကြီးအားဖြင့် ကျောင်း(၅)ကျောင်းကိုဦးပဏ္ဍိတကရက္ခကဂေါပကအဖြစ်စောင့်ရှောက်ထိန်းသိမ်းခဲ့သည်။ ဆရာတော်ဦးပဏ္ဍိတသည်ယင်းသို့စောင့်ရှောက်ထိန်းသိမ်းလာရာအသက်အရွယ်ကြီးရင့်လာသည့် အလျှောက်သွေးကြောပိတ်ရောဂါဖြစ်ပေါ်လာသဖြင့် ၁၃၄၉-ခုနှစ်၊တန်ခူးလတွင်ရန်ကုန်သို့ဆေးကုသရန် ပြင်ဆင်ချိန်ဦးဇဋိလ(လူထွက်ဦးစိုးသိန်း)ကဆရာတော် ဦးပဏ္ဍိတကိုကျောင်းလွှဲအပ်သွားရန်လျှောက်ထားသဖြင့် ဆရာတော်ဦးပဏ္ဍိတကဦးသာသနအားနှုတ်ဖြင့် ကျောင်းလွှဲအပ်ခဲ့သည်။ တစ်ဖန်ဦးပဏ္ဍိတသည်ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူနေရာမိမိ၏ကျန်းမာရေးအတွက် စိတ်မချ၍စာချုပ်ပြုလုပ်၍မိမိထိန်းသိမ်းစောင့်ရှောက်ထားသောကျောင်းများကိုဦးသာသနအားလွှဲအပ်ခဲ့သည်။ [အဓိကရုဏ်းဖြစ်ပေါ်လာပုံ]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဆရာတော်ဦးပဏ္ဍိတသည်လေရောဂါဖြင့်၁၃၅၆-ခု၊ တပို့တွဲလဆန်း(၂)ရက်နေ့၊နံနက်(၉ -၂၅)နာရီအချိန်တွင် ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ဦးပဏ္ဍိတပျံလွန်တော်မူပြီး(၁)နှစ်ကျော် ကြာသော၁၃၅၈-ခုနှစ်၊ပထမဝါဆိုလဆုတ်(၇)ရက်နေ့တွင်ဦးကောဝိဒ၊ဦးပညာဝံသ၊ဦးဇာဂရတို့ကဦးသာသန ကိုပိဋကတ်တိုက်ကျောင်းမှနှင်ထုတ်သည်မှစ၍ ဤကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာပါသည်။ ယင်းမှုခင်းအကြောင်းအရာများကိုအမရပူရမြို့နယ် သံဃနာယကအဖွဲ့သို့ဦးသာသနကတိုင်ကြားခဲ့သော်လဲ အရေးမယူခြင်း၊လုပ်ထုံးလုပ်နည်းနှင့်မညီလုပ်ပိုင်ခွင့်ကိုကျော်လွန်၍ဆုံးဖြတ်ချက်ချမတ်ခြင်းများပြုလုပ်သည်ဟုဆိုကာမန္တလေးတိုင်းသံဃနာယကအဖွဲ့သို့(၂)ကြိမ် တိုင်ကြားခဲ့သည်။ ထို့ကြောင့်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ဖွဲ့စည်းစေလျက် စစ်ဆေးဆုံးဖြတ်စေခဲ့သည်၊အမရပူရမြို့နယ်သံဃ ဝိနိစ်ဆယအဖွဲ့အမှတ်(၁၂/၂၀၀၁)ကအောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။ [ဆုံးဖြတ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဗားကရာကျောင်းတိုက်၌စောဒကဦးသာသနသည် (၁)ပိဋကတ်တိုက်ကျောင်း (၂)ဆွမ်းစားကျောင်း (၃)တည်ဆောက်ဆဲဘုရားကျောင်း (၄)ဗိမာန်ရာနာကျောင်း(၅)မြရတနာကျောင်းနှင့်တကွ ရေစက်၊ဒေါ်ကြည်ဇရပ်နှင့်တကွဂရုဘဏ်၊လဟုဘဏ်ပစ္စည်းတို့ကိုရက္ခကဂေါပကအဖြစ်စောင့်ရှောက်စီမံ စိုးပိုင်ခွင့်ရှိသည်။ စုဒိတကဦးကောဝိဒကမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ (၀၂/၂၀၁၁)၏ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့် မန္တလေးတိုင်းသံဃနာယကအဖွဲ့သို့အယူခံဝင်စောဒနာလွှာတင်သွင်းခဲ့သည်။ မန္တလေးတိုင်းသံဃနာယကအဖွဲ့သည်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(မ-တ-၁၁)ကိုဖွဲ့စည်းပေးပြီးအမှုကိုဆုံးဖြတ်စေခဲ့သည်။မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (မ-တ-သ)ကအောက်ပါအတိုင်းဆုံးဖြတ်ခဲ့သည်။ [ဆုံးဖြတ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တိုင်းစောဒကဦးကောဝိဒတောင်းဆိုချက်ကိုပလပ်၍ အမရပူရမြို့နယ်အဖွဲ့ အမှတ်(၁၂/၂၀၀၁)၏ ဆုံးဖြတ်ချက်ကိုအတည်ပြုသည်။ အယူခံဝင်စောဒကဦးကောဝိဒက မန္တလေးတိုင်း သံဃဝိနိစ္ဆယအဖွဲ့အမှတ်(မ-တ-၁၁)၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံဝင်သေညဒနာလွှာတင်သွင်းခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်၁၃၆၄-ခုနှစ်၊ တပို့တွဲလဆန်း၂-ရက်(၂-၂-၀၂)နေ့တွင် ဤဝိဝါဒါဓိကရုဏ်းမှုခင်းအမှုတွဲကိုနိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၁၄/၂၀၀၃)သို့လွှဲအပ်၍ဆုံးဖြတ် စေခဲ့သည်။ထို့ကြောင့်- အသမ္ပတ္တံ န ဗျာဟာတဗ္ဗံ၊သမ္ပတ္တံ ဓမ္မတော ဝိနယတော န ပရိဟာပတေဗျဗ၊အသမ်ပတ်တံ န ဗြာဟာတဗ်ဗန်တိ အနောကိဏ္ဏ ဘာရံ နဩတာရေတဗ်ဗံ၊(ဝိ၊၅၊၂၉၀) မရောက်သေးသောအဓိကရုဏ်း(တာဝန်)ကိုမပြောဆို မထမ်းဆောင်ထိုက်၊ဆိုက်ရောက်လာသောအဓိကရုဏ်း (တာဝန်)ကိုဓမ္မဝိနယမှမယုတ်မလျော့စေထိုက်ဟူသော ပရိဝါ၊မဟာသင်ဂါမပါဠိတော်ပဒဘာဇနီ၌မြတ်စွာဘုရား ၏အမိန့်တော်အတိုင်းမလွဲမသွေဆောင်ရွက်ကြရတော့ မည်ဖြစ်ပါသည်။ [သံဃိကပုဂ္ဂလိကသုံးသပ်ခြင်း]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မူလစုဒိတကအယူခံဝင်စောဒကဦးကောဝိဒက မူလစောဒကအယူခံဝင်စုဒိတကဦးသာသနတင်ပြထားသောမူလစောဒနာလွှာပါမြသိန်းတန်ဆရာတော်ကြီးက ကျောင်းအစောင့်အရှောက်လွှဲအပ်ခဲ့ပုံကိုယူ၍ သံဃိကကျောင်းများဖြစ်ကြောင်းကိုတင်ပြထားသည်။ ထိုမှတပါးစောဒက/စုဒိတကတို့ကသံဃိကကျောင်း/ပုဂ္ဂလိကကျောင်းဟုခွဲခြား၍တင်ပြချက်များကိုမတွေ့ရ ပေ၊ထို့ကြောင့်ဤနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်တို့သည်မြသိန်းတန်ဆရာတော်ကျောင်းလွှဲအပ်လှူဒါန်းသောစာချုပ်ပါစကားရပ်တို့ဖြင့်ပင် ရှင်းလင်း၍သုံးသပ်ကြပါကုန်အံ့။ ဗားကရာကျောင်းတိုက်ကြီးကိုဘိုးတော်မင်းတရားလက်ထက်မှစ၍တည်ထောင်လာခဲ့သည်ဖြစ်ရကား ကျောင်းတိုက်ကြီးအာရာမ်မြေမှာသံဃိကဖြစ်သည်ကား ထင်ရှားပါသည်၊ကျောင်းတိုက်အတွင်းရှိကျောင်းအဆောက်အအုံတို့သည်ကားမူလအကြွင်းအကျန်မရှိတော့ဘဲအာရာမ်မြေမျှသာရှိနေတော့ရာယခုလက်ရှိ ကျောင်းအဆောက်အအုံတို့သည်မြသိန်းတန်ဆရာတော်ကြီးလက်ထက်တွင်မှဖြစ်ပေါ်လာသောကျောင်းများ ဖြစ်ကြသည်။ ဆရာတော်ကြီးကသံဃိကကျောင်းပုဂ္ဂလိကကျောင်းဟု ခွဲခြား၍အလှူခံဆောက်လုပ်ထားသည်ကိုမူထင်ရှားစွာ မသိရပေ။သို့ရာတွင်ဆရာတော်ကြီးအဖို့မှာမူသ​ဃိကအလှူခံထားသည်ဖြစ်စေ/ပုဂ္ဂလိကအလှူခံထားသည် ဖြစ်စေစီမံပိုင်ခွင့်ပိုင်ဆိုင်ခွင့်ရှိနေပေသည်။ သာဓက-ဒွေ ဘိက္ခူ သံဃိကံ ဘူမိံ ဂဟေတွာ သောဓေတွာ သံဃိကံသနောသနံ ကရောန်တိ၊ယနေ သာ ဘူမိ ပဌမံ ဂဟိတာ၊သော သာမီ။ဥဘောပိ ပုဂ္ဂလိကံ ကရောန္တိ၊ သောယေဝ သာမိ။(ဝိ-ဋ္ဌ-၄-၈၅) မြသိန်းတန်ဆရာတော်ကြီးလွှဲအပ်လှူဒါန်းစာချုပ်၌ လွှဲအပ်လှူဒါန်းပုံအရမူ-အ​ေန္တဝါသိကတပည့်အသီးသီးအားကျောင်းအသီးသီးခွဲဝေပိုင်းခြား၍ပေးထားခြင်း၊ ဆရာတော်အားတပည့်များကတာဝကာလိကပြန်လည်လှူဒါန်းကြခြင်းတို့ဖြင့်ပုဂ္ဂလိကဆောက်လုပ်၊အလှူခံထားသောကျောင်းများဟုယူဆစရာဖြစ်ပါသည်။ ပိုမို၍ထင်ရှားသည်ကားဦးဇဋိလကဆရာတော်ဦးပဏ္ဍိတအားလှူဒါန်းစာတွင်-“တစ်ဦးလျှင်တစ်ကျောင်းစီ”ခွဲဝေပိုင်းခြား၍ပေးထားခဲ့ပါသည်ဟူ၍လည်းကောင်း၊ “မိမိ(ကျောင်း)ပိုင်ဆရာတော်ထင်ရှားရှိစဉ်က”ဟူ၍ လည်းကောင်း၊ပိဋကတ်တိုက်ကျောင်းပိုင်ဆိုင်သော ဦးဇဋိလဟူ၍လည်းကောင်းပါရှိနေသဖြင့်ဆရာတော်ကြီးသည်ကျောင်းများကိုဆောက်လုပ်၍ပုဂ္ဂလိကအလှူခံထား ကြောင်းမှာသိသာထင်ရှားနေပေသည်။ စာချုပ်မှာ“ရက္ခိတဂေါပိတစောင့်ရှောက်နေထိုင်ရမည်” ဟုပါရှိသည်ကားဝိဟာရဝတ္ထုကျောင်းနေရာကိုရည်ညွှန်းထားခြင်းဖြစ်သည်။ [သုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဗားကရာတိုက်ကျောင်းအဆောက်အဦများသည်ပုဂ္ဂလိကဖြစ်သင့်သော်လည်းအာရာမ်မြေမှာသံဃိက ဖြစ်ခြင်းကြောင့်ဥပဎ်ဍပုဂ္ဂလိကကျောင်းများဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ မြသိန်းတန်ဆရာတော်ကြီး၏ကျောင်းလွှဲအပ် လှူဒါန်းသောစာချုပ်စာတမ်းကို သုးသပ်ခြင်း ဗားကရာကျောင်းတိုက်အတွင်းရှိကျောင်းအဆောက်အဦများသည်အယူခံဝင်စောဒကဦးကောဝိဒတင်ပြသကဲ့သို့ စာတုဒိသသံဃိကဖြစ်ပါကမြသိန်းတန်ဆရာတော်ကြီးသည်စာချုပ်ပါလွှဲအပ်လှူဒါန်းပုံအရ-အ​ေန္တဝါသိက တပည့်အသီးသီးအားကျောင်းအသီးသီးကိုခွဲဝေပေး အပ်ခြင်း၊တပည့်များကလည်းဆရာတော်အား တာဝတာလိကအဖြစ်ပြန်လည်လှူဒါန်းခြင်းပြုလုပ်မည် မဟုတ်ပါပေ၊အဘယ်ကြောင့်ဆိုသော်- သံဃိကေ ဝိဟာရဿ ဂရုဘဏ္ဍတ္တာ အဝိဿဇ္ဈိယံ အဝေဘင်္ဂကံ ဟောတိ၊ ကဿစိ ဒါတဗွံ၊ (ဝိနယာလင်္ကာရ-ဋီ-၂-၆၅)အရတစ်စုံတစ်ယောက်အား ခွဲဝေမပေးအပ်-မပေးနိုင်ပါ။ ဆရာတော်ကြီးပုဂ္ဂလိကကျောင်းများဖြစ်၍သာ ထိုသို့လွှဲအပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စာချုပ်ရေးသားသောဆရာတော်နှင့်အညီ သက်သေကျော်စောထင်ရှားသောဆရာတော်ကြီး များ၏ခွင့်ပြုချက်ကထောက်ခံလျက်ရှိပေသည်။ ထို့ကြောင့်နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက အထက်ပါအတိုင်းဥပဎဍသံဃိက -ဥပဎ်ဍပုဂ္ဂလိကဟု အခိုင်အမာသုံးသပ်ထားကြပါသည်။ ယင်းသို့ဥပဎ်ဍသံဃိက၊ဥပဎ်ဍပုဂ္ဂလိကဖြစ်သောကြောင့်လည်းကောင်း၊အထက်ဖော်ပြခဲ့သောမြသိန်းတန် ဆရာတော်သည်သံဃိကမြေကိုရှင်းလင်း၍သံဃိက ကျောင်းဖြစ်စေ၊ပုဂ္ဂလိကကျောင်းဖြစ်စေဆောက်လုပ်ထားပြီးဣဿရိယပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ ဆရာတော်၏စာချုပ်၍တပည့်များအားခွဲဝေပေးခြင်းသည်သုဒိန္နဖြစ်ပါသည်။လက်ခံရယူသောတပည့်များ၏ ရယူခြင်းမှာလည်းသုဂ္ဂဟိတ ဖြစ်ပါသည်။ သို့ဖြစ်၍နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များသည် မြသိန်းတန်ဆရာတော်ကြီး၏ကျောင်းလွှဲအပ်လှူဒါန်းစာချုပ်စာတမ်းဖြင့်လွှဲအပ်လှူဒါန်းပုံမှာသံဃိကအဖို့ကို ရက္ခကဂေါပကအဖြစ်၎င်း၊ပုဂ္ဂလိကအဖို့ကိုပုဂ္ဂလသန္တကအဖြစ်လည်းကောင်းခွဲဝေပေးခြင်းရယူခြင်းဖြစ်ရကား သုဒိန်နသုဂ်ဂဟိတမြောက်သည်ဟုသုံးသပ်တော်မူကြ သည်။ ဦးဇဋိလကဦးပဏ္ဍိတအားပိဋကတ်ကျောင်းကို လွှဲအပ်လှူဒါန်းစာကိုသုံးသပ်ခြင်း “စာချုပ်ပါမူရင်းစကားရပ်များသည်လည်းကောင်း ဦးဇဋိလနှင့်လွှဲပြောင်းအလှူခံရသူဆရာတော်ဦးပဏ္ဍိတတို့အတွက်ပြီးပြည့်စုံခိုင်လုံမှုရှိပြီးဖြစ်သည်”ဟု ဦးကောဝိဒကမူလစောဒနာထားပြီးဖြစ်သဖြင့်လည်း ကောင်း၊ယင်းလှူဒါန်းစာမှာလည်းဖော်ပြခဲ့သည့်အတိုင်း ပုဂ္ဂလိကအသုံးစကားများပိုမိုထင်ရှားစွာပါရှိသဖြင့်လည်းကောင်း၊ဦးဇဋိလ၏ပိဋကတ်တိုက်ကျောင်းကို ပေးလှူခြင်း၊ဦးပဏ္ဍိတ၏အလှူခံခြင်း၊သုဒိန္ဒသုဂ္ဂဟိတ ဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက တော်မူကြသည်။ သို့ဖြစ်၍ဆရာတော်ဦးပဏ္ဍိတသည် (၁)ဗိမာန်ရတနာကျောင်း(၂)ပိဋကတ်တိုက်ကျောင်း (၃)၎င်းနှင့်စပ်သောဆွမ်းစားကျောင်း(၄)မိမိ(ဦးပဏ္ဍိတ) လက်ထက်ပွားမြရတနာကျောင်း၊ဇောတိကာရုံကျောင်း (၅)ဆောက်လုပ်ဆဲဘုရားတိုက်ကျောင်းကြီးနှင့်ရေတွင်း ရေစုပ်စက်၊စက်ရုံစသည်တို့ကိုပိုင်ဆိုင်သောဆရာတော်ဖြစ်နေသည်၊ပိုင်ဆိုင်ဟူသည်ဥပဎ်ဍသည်သံဃိက ရက္ခကဂေါပကရှောက်ထိန်းသိမ်းပိုင်ဖြစ်၍ဥပဎ်ဍမှာ ပုဂ္ဂလိကမိမိကိုယ်ပိုင်ဖြစ်သည်။ ဆရာတော်ဦးပဏ္ဍိတကဦးသာသနအား နှုတ်ဖြင့်လည်းကောင်း၊စာချုပ်ဖြင့်လည်းကောင်း ကျောင်းအပ်တော်မူခြင်း ဦးဇဋိလ(လူထွက်)ဦးစိုးသိန်းကမြသိန်းတန်ဆရာတော်ကြီးလမ်းစဉ်အတိုင်း(ဘကြီးသာ)ဦးသာသနအား ကျောင်းလွှဲအပ်ရန်ဆရာတော်ဦးပဏ္ဍိတကိုလျှောက်ထားသည်။(မူလစောဒနာ) ၁၃၄၉-ခုနှစ်၊တန်ခူးလပြည့်ကျော်(၁၄)ရက်(၂၇-၄-၈၇) နေ့၌ဆရာတော်ဦးပဦးပဏ်ဍိတကဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ကျောင်းများနှင့်မိမိပိုင်ပစ္စည်းများကို ပိဋကတ်တိုက်ကျောင်းကြီးနေ(ဘကြီးသာ)ခေါ် ဦးသာသနကြီးအား(ရက္ခက-ဂေါပက)စောင့်ရှောက်မှုလွှဲအပ်ခြင်းနှင့်သန်တကပိုင်ဆိုင်မှုပေးခြင်းများကိုခွဲခြား၍လွှဲအပ်ပါကြောင်း(၃)ကြိမ်ပြောကြား၍ တပည့်တော်ကလွဲအပ်မှုကိုခံယူပါကြောင်း(၃)ကြိမ်ပြော ၍တပည့်တော်ကလွဲအပ်မှုကိုခံယူပါကြောင်း(၃)ကြိမ် ပြန်ကြားလျှောက်ထားစေပါသည်။ မျက်မှောက်ကြွရောက်သောဆရာတော်များ- တိုက်အုပ်ဆရာတော်ဦးပဝရ(ဆန္ဒပေး) ရွှေဘုန်းပွင့်ကျောင်းဘုန်းကြီးဦးဇာဂရ၊ဦးသူရိယ၊ ဦးသုနန္ဒ၊ပိဋကတ်ကျောင်းဆရာတော်ဦးပဏ္ဍိတ၊ ဦးသာသန၊ မျက်မှောက်လူပုဂ္ဂိုလ်များဦးစိုးသိန်း၊ဦးသက်ဝေ၊ ဒေါ်ပုစိန်၊ဒေါ်ကြည်၊ဒေါ်ခင်သိန်း၊ဒေါ်ခင်ဦးစသည့် လူပရိသတ်များ၊ အထက်ဖော်ပြပါတို့ကမူလစောဒကဦးသာသန၏ နှုတ်ဖြင့်ကျောင်းအပ်ပုံကိုတင်ပြထားခြင်းဖြစ်သည်၊ စာချုပ်ဖြင့်လွှဲအပ်ခြင်းကိုမူသီးခြားစာချုပ်တင်ပြထားသည်။ ဆရာတော်ဦးပဏ္ဍိတကဦးသာသနအားနှုတ်ဖြင့် ကျောင်းအပ်ခြင်းမှန်/မမှန်သုံးသပ်ခြင်း ကျောင်းများကိုသိဿာနုသိဿစာချုပ်စာတမ်းများဖြင့် လွှဲအပ်ခဲ့ပါသဖြင့်ပိုင်ဆိုင်ပါသည်။ ဦးပဏ္ဍိတကလွှဲအပ်ခဲ့ပါသည်၊ကျောင်းများကိုဦးပဏ္ဍိတ ပိုင်ဆိုင်ပါသည်၊၁၃၄၉-ခု၊ကဆုန်လဆန်း(၈)ရက် ရန်ကုန်ဆေးရုံကြီး၌စာချုပ်ပါသည်။ (စောဒကဦးသာသနထွက်ဆိုချက်) ဆေးရုံတက်မည့်ဆဲဆဲဦးသာသနကိုဦးပဏ္ဍိတပိုင်ကျောင်းများကိုလွှဲအပ်ရန်အတွက်ပြောပါသည်။ ဦးပဏ္ဍိတမှမင်းစိတ်ချမ်းသာအောင်(ဟု)နုတ်ဖြင့် လွှဲအပ်ခဲ့ပါသည်။(ဦးစိုးသိမ်းထွက်ဆိုချက်) ဆရာတော်ဦးပဏ္ဍိတပျံတော်မမူခင်ဦးသာသနအား လွှဲအပ်မည်ဟုပြောသောစကားကိုကြားပါသည်။ လွှဲတာကိုသိပါသည်။ဗားကရာကျောင်း၊ပိဋကကျောင်း အလယ်ခန်းမှာနှုတ်ဖြင့်လွှဲသည်ကိုသိပါသည်။ (ဦးအေးရွှေထွက်ဆိုချက်) ယင်းသို့ထွက်ဆိုသက်သေခံထားသောကြောင့်လည်းကောင်း၊လူပရိသတ်ရှေ့မှောက်၌ကျောင်းလွှဲအပ် မှုပြုလုပ်သောကြောင့်လည်းကောင်း၊မူလစုဒိတကပုဂ္ဂိုလ်ကနှုတ်ဖြင့်ကျောင်းလွှဲအပ်ခြင်းမရှိပါဟု အထောက်အထားသက်သေမတင်ပြနိုင်သောကြောင့်လည်းကောင်း၊ဆရာတော်ဦးပဏ္ဍိတကဦးသာသနအား နှုတ်ဖြင့်ကျောင်းလွှဲအပ်သည်မှာမှန်ကန်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ အယူခံစောဒကသည်ဦးပဏ္ဍိတကဦးသာသနအား ကျောင်းလွှဲအပ်ခြင်းကိုမငြင်းဆိုသော်လည်း- “ဆရာတော်ဦးပဏ္ဍိတကဦးသာသနအားနှုတ်ဖြင့်လွှဲအပ်ခဲ့သည်ဟူသောတင်ပြချက်နှင့်ဦးသာသနအားလွှဲအပ်စာချုပ်တို့ဝိနယာနုလောမမဖြစ်”ဟုစောဒနာထားသည်။ အထက်ပါစောဒနာတင်ပြချက်သည်မြို့နယ်ဝိနိစ္ဆယ တိုင်းဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်တို့၏သုံးသပ်ချက် ဝိနယာနုလောမမဖြစ်သည်ကိုတင်ပြလိုရင်းဖြစ်သည်။ [ရှင်းလင်းချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ကျောင်းလွှဲအပ်ခြင်းသည်- (၁)ပုဂ္ဂလိကျောင်းကိုအပိုင်ပေးခြင်းစွန့်ခြင်း၊ (၂)သံဃိကကျောင်းကိုဓု၀ဝါသ၊အနုဌာပနိယ၊ ရက္ခက၊ဂေါပကကျောင်းထိုင်အဖြစ်တင်မြှောက်ခြင်း ဟူ၍ဖြစ်သည်။ (၁)ပုဂ္ဂလိကပေးစွန့်ခြင်း (က)ဣမံ တုယှံ ဒေမိ ၀ဒါမိ ဒဇ္ဇာမိ ဩ​ေဏာဇေမိ ပရိစ်စဇာမိ ဝိဿဇ်ဇာမိ နိဿဇျဇာမီတိ ဣတ်ထန်ဒာမဿ ဒမေိ(ပ)နိဿဇဇှာတိ ဝါ ဝဒတိ၊ သမ္မုခါ ပရမ်မုခါပိ ဒိန္နံယေဝ ဟောတိ။(ဝိ-ဋ္ဌ-၂၊ ၂၃၁) (ခ)“တုယုံ ဂဏှာဟိ ”တိ ဝုတ်တေ“မယုံ ဂဏှာမိ”တိ ဝဒတိ၊သုဒိန်နံ သုဂ်ဂဟိတဥျစ၊ (ဂ)သာမိကနေ ပန“ဣမဿ ဒဟေီ”တိ ဒါပိတံ ဝါ သယံဒိနျနံ ဝါ သုဒိန်နန်တိ အယံ သဗ်ဗဋ်ဌကထာ ဝိနိစ္ဆယတော သာရော။(ဝိ-သင်္ဂဟ-ဋ္ဌ -၂၉၆) (က)ဤကျောင်းကိုသင့်အားသို့မဟုတ်ဤမည်သောသူအားပေးပါ၏စွန့်ပါ၏ဟုမျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်မှာဖြစ်စေပေးအပ်သည်သာဖြစ်၏။ (ခ)သင့်အားပေးပါ၏ဟုပြောဆိုအပ်သော်ငါ့အား ယူပါ၏ဟုပြောဆို၏။သုဒိန္နသုဂ်ဂဟိတဖြစ်သည်။ (ဂ)ပိုင်ရှင်ကဤသူအားပေးပါဟုပေးခိုင်းအပ်သည် ဖြစ်စေ၊ကိုယ်တိုင်ပေးအပ်သည်ဖြစ်စေသုဒိန်န (အပေးမြောက်သည်)ဟုအလုံးစုံသောအဋ္ဌကထာ အဆုံးအဖြတ်အနှစ်ချုပ်တည်း။ ဖော်ပြပါ(က)(ခ)(ဂ)တို့မှာပုဂ္ဂလိကပိုင်ပေးနည်းဖြစ်ပါသည်။ သို့ရာတွင်ယခုအချင်းဖြစ်ကျောင်းများကိုဆရာတော် ဦးပဏ္ဍိတကဦးသာသနအားနှုတ်ဖြင့်ပေးအပ်ခြင်း ယူခြင်းသည်သုဒိန္နသုဂ္ဂဟိတဖြစ်၍ဝိနည်းနှင့်မဆန့်ကျင်ပါ၊အဘယ့်ကြောင့်ဆိုသော်ပိဋကတ်ကျောင်း၊ ကျောင်းများသည်ဥပဎ်ဍပုဂ္ဂလိကကျောင်းများဖြစ်၍ ဆရာတော်ဦးပဏ္ဍိတသည်လည်းမြန်သိန်းတန်ဆရာတော် ကြီးပေးပိုင်ခွင့်လွှဲအပ်ပိုင်ခွင့်ရှိသကဲ့သို့ပေးပိုင်ခွင့်လွှဲအပ်ပိုင်ခွင့်ရှိပေသည်။ ပေးခြင်းဟူသည်ဥပဎ်ဍဖြစ်သောသံဃိကအဖို့ကို ရက္ခကဂေါပကအစောင့်အရှောက်ပေးခြင်း၊ဥပဎ်ဍဖြစ်သောပုဂ်ဂလိကအဖို့ကိုပုဂ္ဂလသန္တကအပိုင် ပေးခြင်းပင်တည်း။ [သုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဆရာတော်ဦးပဏ္ဍိတကမိမိပိုင်စောင့်ရှောက်ပိုင်ကျောင်းများကိုဦးသာသနအားသံဃိက(ဥပဒေ)အဖို့ကို ရက္ခကဂေါပကအစောင့်အရှောက်ပေး၍ပုဂ္ဂလိက(ဥပဒေ) အဖို့ကိုပုဂ္ဂလိကအပိုင်ပေးခြင်း၊ခံယူသောသူကလည်း သံဃိက(ဥပဎ်ဍ)အဖို့ကိုရက္ခကဂေါပကအစောင့် အရှောက်ခံယူ၍ပုဂ္ဂလိက(ဥပဎ်ဍ)အဖို့ကိုပုဂ္ဂလိကပိုင် ခံယူခြင်းဖြစ်သောကြောင့်ဦးပဏ္ဍိတကဦးသာသနအား နှုတ်ဖြင့်ကျောင်းပေးအပ်ခြင်း-ခံယူခြင်းသည် ဝိနည်းတရားတော်နှင့်မဆန့်ကျင်ဝိနယာနုလောမဖြစ် သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်တို့က သုံးသပ်တော်မူကြပါသည်။ (၂)သံဃိကကျောင်းလွှဲအပ်ခြင်း ဗဟုသုတ[ပ]အပလောကနကမ္မန ဒါတုံ ဝဋတိ၊ (ဝိ၊ဋ္ဌ-၄၊၂၅၃) အပလောကနကမ္မံနာမ[ပ]ကတ္တဗ်ဗံ ကမ္မံ၊(ဝိ၊ ဋ္ဌ၊ ၄-၂၄၃) အပလောကနကမ္မဿပိ ဗဒ္ဓသီမာယမေဝ ကတ္တဗ္ဗဘာဝေါ ဝုတ္တော န ဥပစာရသီမာယံ။(ဝိ-လင်၊ ဋီ -၂၂၈) အထက်ပါ၊ပါဠိ၊အဋ္ဌကထာ၊ဋီကာတို့အရအယူခံစောဒကပုဂ္ဂိုလ်က“လွှဲအပ်ရာဌာနသည်ဗဒ္ဓသိမ်တွင်း၌သံဃာစုဝေး၍လွှဲအပ်ခြင်းမဟုတ်ဘဲဗားကရာကျောင်းတိုက်အတွင်းရှိပိဋကတ်ကျောင်း၌လွှဲအပ်ခြင်းဖြစ်သော ကြောင့်လည်းကောင်း၊အပလောကနမမြောက် ဝိနည်းတရားတော်နှင့်မညီတရားမဝင်”ဟုတင်ပြထားသည်။ အောက်ပါအဋ္ဌကထာဋီကာတို့ဖြင့်ရှင်းလင်းပါအံ့- ဧဝံ အဝန္ဒိယကမ္မံ[ပ]ဥပဿယေ နိသိန္နာဟေဝ ဘိက္ခုနီဟိ ကတ္တဗ်ဗံ၊အဝန္ဒိယကံကို(ပ)ဘိက္ခုနီကျောင်း၌နေကုန် လျက်သာဘိက္ခုနီတို့ပြုအပ်၏။အဝန္ဒိယကံကို ကမ္မလက္ခဏာဟုဆိုသည်။ ဣဒဉ်စ ကမ်မလက်ခဏံ နာမ ဘိက်ခုနိမူလကံ ပညတ်တိ၊ အပိစ ဘိက်ခုနမ်ပိ လတိ၊ တသမာ ဘိက်ခုဟိ အစ်ဆိန်နစီဝရကာဒီနံ စီဝရာဒီနိ ဝါ ဒေန္တေဟိ(ပ) တိက္ခတ္တုံ၊သာဝေတွာ အပလောကနကမ္မံ ကာတဗ်ဗံ၊ သဗ္ဗဥ်စ တံ ကမ္မလက္ခဏမေဝ ပဝိသတိ။ကင်ခါ-ဋ္ဌ-၂၅၆ အစျဆိနျနစီဝရကာဒီနန်တိ အန်တိန်ဒစီဝရ ဇိဏ်ဏစီဝရ နဌစီဝရ ဂိလာန ဗဟုသုတ သံဃဘာနိတ်တာကာဒီနံ၊ စီဝရာဒီနီတိ စီဝရ ဘသေဇ်ဇ သနောသနာနိ။ (ကင်ခါ-ဋီသစ်၊၄၁၉) အထက်ပါအဋ္ဌကထာ၊ဋီကာတို့အရဦးပဏ္ဍိတက ဦးသာသနအားကျောင်းလွှဲအပ်သောအပလောကနကံသည်ကမမ်မလက္ခဏာ၌ပါဝင်၍ဗဒ္ဓသိမ်တွင်း၌ မဟုတ်ဘဲပိဋကတ်ကျောင်း၌ပြုလုပ်သော်လည်း ဝိနည်းတရားတော်နှင့်ညီ၍ကံမြောက်ပါသည်။ ဗဒ်ဓသိမ်အတွင်း၌ပြုရမည့်အပလောကနကံတို့ကား နိဿရဏစသောကံတို့သာဖြစ်ပါသည်။ တစ်ဖန်အယူခံစောဒကဦးကောဝိဒကဦးသာသနသည် ၁၃၄၉-ခုနှစ်မှ၁၃၆၁ခုနှစ်အထိ(၁၄)နှစ်ခန့်ဗားကရာ ကျောင်းတိုက်အတွင်း၌ဝါဆိုနေထိုင်ခြင်းမရှိခဲ့ပါကြောင်း ထို့ကြောင့်ယော ပန ဧကသမိံ ဝိဟာရေ သေနာသနံ ဂဟေတွာ အညတရသမိံ ဝိဟာရေ ဝသိဿာမီတိ ဂစဆွတိ၊တဿ ဥပစာရသီမာတိကကြမေ သေနာသနဂ္ဂါဟော ပဋိပသမ္ဘတိ။ (ဝိ-ဋ္ဌ-၄-၇၆) အထက်ပါလွှဲအပ်မှုခံယူမှုချုပ်ငြိမ်းသွားပြီးဟု စောဒနာထားပြန်ပါသည်။ (က)သာသနသည်၁၃၅၁-ခုနှစ်တွင်ဗားကရာကျောင်းတိုက်၌ပြန်လည်ဝါဆိုပြီးဦးပဏ္ဍိတနှင့်အတူနေပြီး ပြန်လည်ထိန်းသိမ်းခဲ့ပါသည်။ ခေါင်းရင်းကတိုက်ကြီးကလည်းတစ်ဝက်တစ်ပြက်နဲ့ တန်းလန်းကြီးဖြစ်နေတယ်ဘကြီးသာရန်ကုန်ပြန်ဦးမှ ဖြစ်မယ်၊စီမံဆောင်ရွက်စရာများကိုလည်းဖုန်းနဲ့ အကြောင်းကြားမယ်၊ယခုတစ်ရက်နှစ်ရက်အတွင်း ရန်ကုန်ပြန်ကြွပါအုံးဟုဆရာတော်ကအမိန့်ရှိသည်ဖြစ်၍ ရန်ကုန်သို့ ပြန်ခဲ့ပါသည်။(နိုင်၊သော) (ခ)ရန်ကုန်မြို့မှာနေ၍ဗားကရာဆရာတော်(၂)ပါး၏ အမိန့်ဖြင့်-ဗားကရာတိုက်၏တာဝန်ကိုဆောင်ရွက်နေ ရသောတပည့်တစ်ပါးသည်ဗဟိသီမဋ္ဌကမဟုတ် အန်တောသီမဋ္ဌကတစ်ပါးသာဖြစ်ပါသည်။(သောဓနာ) အထက်ပါစောဒနာတွင်၁၃၄၉-ခုနှစ်မှ၁၃၆၁-ခုနှစ်အထိ (၁၄)နှစ်ခန့်ဦးသာသနဗားကရာတိုက်တွင်ဝါဆိုနေထိုင်ခြင်းမရှိကြောင်းဖော်ပြထားသော်လည်း၁၃၅၁-ခုမှ ၁၃၅၆-ခုနှစ်အထိ(၅)နှစ်သာတွေ့ရှိရသည်။ ၎င်း(၅)နှစ်တာကာလသည်ကား(၈၈)ခုအရေးအခင်းတွင် နိုင်ငံရေးအရဦးသာသနအဖမ်းခံရပြီးထောင်ကျ ခံနေရခြင်းသာဖြစ်သည်။ စောဒကတင်ပြသကဲ့သို့ဗားကရာတိုက်မှအာလပြတ် ထွက်ခွာ၍တပါးတခြားကျောင်း၌အပြီးအပိုင်သွားနေထိုင်ခြင်းမဟုတ်ပေ။ အယူခံစုဒိတကတင်ပြသော(က)(ခ)တို့အရဆရာတော် ဦးပဏ္ဍိတ၏အမိန့်အရဗားကရာတိုက်၏တာဝန်ကို ဆောင်ရွက်နေခြင်းဖြစ်၍ဗားကရာတိုက်၌အာလယ မပြတ်သောကြောင့်ဦးသာသနသည်ဗဟိသီမဋ္ဌက မဟုတ်၊အန္တောသီမဋ္ဌကပုဂ္ဂိုလ်သာဖြစ်သည်။ သာဓကမှာယဒိ ပန တတ္ထ ဖာသု ဘဝိဿတိ၊ ဝသိဿာမိ၊ နော စေ အာဂမိဿာမီတိ ဂန်တွာ အဖာသု ဘာဝံ ဥတွာ ပစစှာဂစဆှတိ၊ဝဋဋှတိ။(ဝိ-ဋဌှ၊ ၄၊ ၇၆) ပန၊ကျောင်းခံယူမှုချုပ်ငြိမ်းသည်မှတစ်ပါးမချုပ်ငြိမ်း သည်ကိုဆိုဦးအံ့၊တတ္ထ၊ထိုကျောင်း၌၊ဖာသု၊ချမ်းသာခြင်း သည်၊စေဝိဿတိ၊အံ့(ဧဝံ သတိသော်)ဝသိဿာမိ၊နေအံ့၊ ဖာသု၊သည်၊နောစေဘဝိဿတိ၊အံ့(ဧဝံသတိ) အာဂမိဿာမိ၊ပြန်လာအံ့၊ဣတိ၊ဤသို့ နှလုံးသွင်း၍၊ ဂန်တွာ၊၍၊အဖာသုဘာဝံ၊မချမ်းသာသည်၏အဖြစ်ကို၊

ဉတွာ၊သိ၍၊ယဒိပစ်စာ ဂစ္ဆတိ၊အကယ်၍ပြန်လာအံ့၊

ဧဝံသတိ၊ဤသို့ပြန်လာသည်ရှိသော်၊ဝဋတိ၊အပ်၏။ (ကျောင်းခံယူမှုမချုပ်ငြိမ်းသေးဟူလို) [သုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဆရာတော်ဦးပဏ္ဍိတကဦးသာသနအားသံဃိကအဖို့ ဖြစ်သောကျောင်းကိုရက္ခကဂေါပကအစောင့်အရှောက်အဖြစ်ပိဋကတ်ကျောင်း၌လွှဲအပ်ခြင်းသည် ဝိနယာနုလောမဖြစ်၍အပလောကနကံမြောက်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ [စာချုပ်ဖြင့်လွှဲအပ်ခြင်း]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စာချုပ်ဖြင့်လွှဲအပ်ခြင်းသည်ကား“နှုတ်ဖြင့်လွှဲအပ်ခြင်း” ကိုခိုင်မာအောင်ပြုခြင်းဖြစ်၍အထူးသုံးသပ်စရာမလိုတော့ပါ၊အဓိပ္ပာယ်မှာအတူတူသာဖြစ်ပါသည်။ စောဒက/စုဒိတကပုဂ္ဂိုလ်တို့ကိုစိစစ်သုံးသပ်ခြင်း အယူခံစောဒကဦးကောဝိဒကိုစိစစ်ချက် အယူခံဝင်စောဒကဦးကောဝိဒသည်အယူခံဝင်စောဒနာများတွင်လည်းကောင်း၊မူလသောဓနာများတွင်လည်း ကောင်း၊ဗားကရာတိုက်ပိဋကတ်တိုက်ကျောင်းစသည့်တို့ကိုမိမိပိုင်ဆိုင်ခွင့်စောင့်ရှောက်ခွင့်ရရှိနိုင်လောက်အောင်တင်ပြချက်များ-သက်သေခံများတစ်စုံတစ်ရာမတွေ့ရပါ။ မြို့နယ်ဝိနိစ္ဆယဌာန၌- ဦးကောဝိဒ၏ထွက်ဆိုချက်များတွင်ဂိလာနုပဋ္ဌာကဖြစ်ကြောင်းထွက်ဆိုထားသည်။ ယင်းအချက်ကိုဦးပညာဝံသ၊ဦးစန္ဒာသိရီ၊ မောင်မောင်ကြီး၊မောင်မျိုးနိုင်တို့ကထောက်ခံထွက်ဆို ထားကြသည်၊ထို့ကြောင့်အယူခံစောဒကဦးကောဝိဒ သည်ဆရာတော်ဦးပဏ္ဍိတအားပြုစုစောင့်ရှောက်သော ဂိလာနုပဋ္ဌာကပုဂ္ဂိုလ်ဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကအတည်ပြုသုံးသပ်တော်မူကြသည်။ မူလစုဒိတကပြသက်သေဦးသောဘဏကသပိတ် သင်္ကန်းစသောအသုံးအဆောင်တို့ကိုဂိလာနုပဋ္ဌာက ရဟန်းသာမဏေများအားခွဲခြားဝေဖန်၍ပေးခဲ့ပါသည်ဟု ထွက်ဆိုထားပြီးဦးပညာဝံသကဂီလာနုပဋ္ဌာကတို့တွင် ဦးကောဝိဒပါဝင်၍၎င်းတို့အားဦးပဏ္ဍိတပိုင်သင်္ကန်း သပိတ်စသည့်ပစ္စည်းများကိုဝေဖန်၍ပေးခဲ့သည်မှာ မှန်ပါသည်ဟုထောက်ခံထွက်ဆိုထားရကား- အပိစ ဂိလာနုပဋ္ဌာကာ ဗဟုပကာရာ၊ အနုဇာနာမိ ဘိက္ခဝေ သံဃေန တိစိဝရာ ပတ်တဥ်စ ဂိလာနုပဌာကာနံ ဒါတုံ။ဟူသော မြတ်စွာဘုရား၏ အမိန့်တော်နှင့်အညီခွဲဝေပေးထားပြီးဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်၊ကျောင်းနှင့်ပတ်သက်၍ မူကား(က)(ခ)တို့မှာသာပါရှိပြီး(က)ဖြင့်ဗားကရာတိုက် ပိဋကတ်ကျောင်းသို့ရောက်ရှိနေထိုင်ခြင်းကိုသာပြသည်၊ (ခ)၌လာရောက်နေထိုင်စေခဲ့ပါသည်ဖြင့်ဦးပဏ္ဍိတက နေခွင့်ပြုသည်ကိုပြသည်။ဦးပညာဝံသကမူဦးပဏ္ဍိတက သူ့ကျောင်းနေဖို့ခေါ်ပါသည်ဟုထောက်ခံထွက်ဆိုထား သည်၊ကျန်မူလစုဒိတကပြသက်သေများကမူထောက်ခံထွက်ဆိုထားခြင်းမရှိပါ။ မူလစောဒကအယူခံဝင်စုဒိတကဦးသာသနကမူ မူလစုဒိတကအယူခံစောဒကဦးကောဝိဒနှင့်အပေါင်းပါ တို့သည်ဆင်ဖြူမယ်ကျောင်းမှနှင်ထုတ်ခြင်းခံရ၍ နေထိုင်ရာမဲ့ဖြစ်ပြီးနေထိုင်ခွင့်တောင်းခံသောကြောင့် ဦးပဏ္ဍိတကခွင့်ပြု၍ဗားကရာတိုက်တွင်းသို့ရောက်လာ ခဲ့ပါဟုတင်ပြထားသည်။ ယင်းသို့ဖြစ်ရာဤနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက ဦးကောဝိဒ၏ဗားကရာတိုက်ပိဋကတ်ကျောင်းပိုင်ဆိုင်စောင့်ရှောက်ခွင့်ရရှိနိုင်သောတင်ပြထွက်ဆိုချက်နှင့်သက်သေအထောက်အထားများကိုကြည့်ရှုရှာဖွေပါသော်လည်းတစ်စုံတစ်ရာမတွေ့ရှိပါ။ ထိုမျှမကမိမိဦးကောဝိဒကိုယ်တိုင်ကပင်(ဃ)၌ ဆရာတော်ဦးပဏ္ဍိတနှုတ်ဖြင့်လည်းကောင်း၊စာဖြင့်လည်းကောင်းမပေးခဲ့ပါဟုဝန်ခံထွက်ဆိုထားပြီး (င)၌သူ့ကျောင်းနှင့်သူကျောင်းထိုင်ဘုန်းကြီးများရှိပြီးဖြစ်၍တခြားကျောင်းများနှင့်သက်ဆိုင်စရာအကြောင်း မရှိပါဟုထွက်ဆိုထားသောကြောင့်အောက်တွင်ဖော်ပြ သောအနုလောမပါဠိတော်အတိုင်းသာဆုံးဖြတ်ရတော့မည်ဖြစ်ပေသည်။ ဥဘော အနုက္ခိပ​ေန္တာ၊ ပဋိညာနုသန္ဒိတေန ကာရယေ။ (ပရိဝါပါဠိတော်-၂၇၉) ပဋိညာနုသနျဓိတနေ ကာရယတေိ ဧတ်ထ အနုသန်တိတန်တိ ကထာနုသန်ဓိ ဝုစ္စတိ၊တသမာ ပဋိညာနုသန်ဓိနာ ကာရယေ၊ ကထာနုသန်ဓိံ သလ္လ​ေက္ခတွာ ပဋိညာကာရယေတိ အတ္တော။ အထဝါ ပဋိညာယစ အနုသန်ဓိ တေန စ ကာရယေ။(ဝိ-9-၄၊၂၀၁) [အဓိပ်ပာယျ]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နှစ်ဦးလုံးကိုမချီးမြှောက်ဘဲလျက်ဝန်ခံချက်စကား အဆက်အစပ်ဖြင့်စကားအဆက်အစပ်ကိုမှတ်လျက် ဝန်ခံချက်ဖြင့်၊ဝါ၊ထွက်ဆိုတင်ပြသောစကားအားလျော် စွာစကားနှင့်လိုက်လျောညီထွေဖြစ်သောဝန်ခံချက်ဖြင့် ဆုံးဖြတ်ရမည်။ တစ်နည်းကားဝန်ခံချက်ဖြင့်လည်းကောင်း၊ စကားအဆက်အစပ်ဖြင့်လည်းကောင်းဆုံးဖြတ်ရမည်။ ဖော်ပြပါမြတ်စွာဘုရားအမိန့်တော်အရ(က)၌ ဗားကရာတိုက်ပိဋကတ်ကျောင်း၌နေထိုင်ခြင်း၊ (ခ)၌ဆရာတော်ဦးပဏ္ဍိတကနေထိုင်ခွင့်ပြုခြင်း၊ (ဂ)၌ဂိလာနုပဌာကဖြစ်ခြင်း(ဃ)၌ပိဋကကျောင်းကို နုတ်ဖြင့်၎င်း၊စာဖြင့်၎င်းမပေးခဲ့ခြင်း၊(င)တခြားကျောင်း တို့နှင့်မသက်ဆိုင်ခြင်းဟူသောစကားအဆက်အစပ်နှင့် ဝန်ခံချက်တို့ဖြင့်ဆုံးဖြတ်ရပေမည်။ ထိုမှတစ်ပါးမူလစောဒကအယူခံစုဒိတကဦးသာသနက မူလစုဒိတကအယူခံစောဒကဦးကောဝိဒသည်သန္တကပစ္စည်းများကိုရောင်းချခြင်း၊ဗုဒ္ဓပမုခ၊ဓမ္မပမုခ၊သံဃိက ဗီရိုကြီးများကိုရွှေပေါ်ကျွန်းသို့ရောင်းချခြင်း၊အလဇ်ဇီ ပက္ခအသင်းအပင်းရယူ၍ဗားကရာကျောင်းတိုက်အတွင်း အခွံချည်းသာကျန်စေရန်ပစ္စည်းများကိုအလွဲသုံးစားပြု၍ရောင်းစားနေသူများဖြစ်ကြပါသည်ဟုသောဓနာ တင်ပြထားသည်။ [ဝိနည်းဓိုရ်ဆရာတော်များ၏သုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဖော်ပြပါစကားအဆက်ဝန်ခံချက်တို့နှင့်အညီအယူခံဝင်သောဓနာအရဗားကရာကျောင်းနှင့်တိုက်တာတိုးတက်အောင်မလုပ်ဆောင်ဆုတ်ယုတ်အောင်သာပြုလုပ်ရာရောက်သောကြောင့်ဗားကရာတိုက်ပိဋကတ်ကျောင်း စသည်တို့ကိုပိုင်ဆိုင်ခွင့်စောင့်ရှောက်ပိုင်ခွင့်မရရှိနိုင်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ [အယူခံစုဒိတကဦးသာသနကိုစိစစ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဦးသာသနသည်သာမဏေဘဝငယ်စဉ်ကပင်ဗားကရာ ကျောင်းတိုက်မှာနေ၍မြသိန်းတန်ဆရာတော်ကြီးနှင့် ဆရာတော်ဦးပဏ္ဍိတတို့၏စေခိုင်းချက်ဖြင့်ကျောင်းတိုက် ကိစ္စများကိုဆောင်ရွက်ခြင်း၊ဆရာတော်(၂)ပါးတို့၏ အမိန့်အရပင်ရန်ကုန်မြို့မှာနေ၍လိုအပ်သောပစ္စည်းများအတွက်အစိုးရထံလျှောက်လွှာတင်၍စောင့်ကာထုတ်ယူ ဝယ်ယူရခြင်းစသောတာဝန်များကိုဗားကရာကျောင်း တိုက်အတွက်ဆောင်ရွက်ပေးခြင်းတို့ဖြင့်ဗဟုပကာရကျေးဇူးများသောပုဂ္ဂိုလ်ဖြစ်သည်။ ယင်းသို့ကျေးဇူးများသောသူဖြစ်ခြင်းကြောင့်ပင် မြသိန်းတန်ဆရာတော်ကြီးပေးပိုင်ခွင့်လွှဲအပ်ပိုင်ခွင့်ရှိသကဲ့သို့ပေးပိုင်ခွင့်လွှဲအပ်ပိုင်ခွင့်ရှိသောဆရာတော် ဦးပဏ္ဍိတကိုယ်တိုင်ကမိမိပိုင်စောင့်ရှောက်ပိုင်သောကျောင်းစသည်တို့ကိုနှုတ်ဖြင့်လည်းကောင်း၊စာချုပ်ဖြင့်လည်းကောင်းအခိုင်အမာပြုလုပ်ကာလွှဲအပ်ခဲ့သည်။ မြသိန်းတန်ဆရာတော်ကြီးထံမှဦးပဝရ၊ဦးပဏ္ဍိတ၊ ဦးဇဋိလစသောပုဂ္ဂိုလ်တို့သည်ကျောင်းစသည်တို့ကို အသီးအသီးတရားဝင်လက်ခံရရှိသကဲ့သို့လည်းကောင်း၊ ဦးဇဋိလထံမှပိဋကတ်ကျောင်းစသည်တို့ကိုဆရာတော် ဦးပဏ္ဍိတလက်ခံရရှိသကဲ့သို့လည်းကောင်း၊ထို့အတူ ဆရာတော်ဦးပဏ္ဍိတထံမှဦးသာသနသည်ပိဋကတ်တိုက်ကျောင်းစသည်တို့ကိုလက်ခံရရှိထားသူဖြစ်သည်။ [ဝိနည်းဓိုရ်ဆရာတော်များ၏သုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ပြဆိုခဲ့ပြီးသည့်အတိုင်းဗားကရာကျောင်းတိုက်အတွက် ကျေးဇူးများခြင်း၊ဆရာတော်ဦးပဏ္ဍိတထံမှပိဋကတ်ကျောင်းစသည်တို့၏သံဃိက(ဥပဎ်ဍ)ထက်ဝက်ကို ရက်ခကဂေါပကစောင့်ရှောက်ထိန်းသိမ်းပိုင်ခွင့်ပုဂ္ဂလိက (ဥပဎ်ဍ)ထက်ဝက်ကိုသန္တကပိုင်ဆိုင်ခွင့်ရရှိထားသူဖြစ်ခြင်းကြောင့်မူလစောဒကအယူခံစုဒိတကဦးသာသန သည်စာချုပ်ပါသမျှပိဋကတ်ကျောင်းစသောဂရုဘဏ် လဟုဘဏ်ပစ်စည်းတို့ကိုပိုင်ဆိုင်စောင့်ရှောက်ထိန်းသိမ်း ခွင့်ရှိသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)မန္တလေးတိုင်း၊အမရပူရမြို့၊မှန်တန်းရပ်မဟာဝေယံဘုံသာကျောင်းတိုက်အတွင်းရှိကျောင်းအဆောက်အဦများသည်မြသိန်းတန်ဆရာတော်ကြီးကသံဃိကမြေပေါ် တွင်ပုဂ်ဂလိကကျောင်းများကိုတည်ဆောက်ထားသဖြင့် ဥပဎ်ဍသံဃိက-ဥပဎ်ဍပုဂ္ဂလိကကျောင်းများဖြစ်သည်။ (ခ)မြသိန်းတန်ဆရာတော်ကြီးသည်သံဃိကမြေလွတ်ပေါ်၌ဦးစွာတည်ထောင်သောပါဂ်ဂိုလ်ဖြစ်၍ဗားကရာ ကျောင်းတိုက်ကြီး၏ဣဿရိယပိုင်ပုဂ္ဂိုလ်ဖြစ်သည်။ (ဂ)မြသိန်းတန်ဆရာတော်ကြီးကဦးပ၀ရ၊ဦးပဏ္ဍိတ၊ ဦးဇဋိလစသောတပည့်တို့အားကျောင်းများကိုစာချုပ် စာတမ်းဖြင့်အသီးအသီးခွဲဝေ၍လွှဲအပ်ခြင်းသည် ကျောင်းစသည်တို့၌ပုဂ်ဂလိကအဖို့ကိုခွဲဝေပေးခြင်း၊ သံဃိကအဖို့ကိုရက္ခကဂေါပကအစောင့်အရှောက်ပေး ခြင်းဖြစ်သောကြောင့်၎င်းဣဿရိယပိုင်ဖြစ်သော ကြောင့်လည်းကောင်းတရားဝင်အပေးမြောက်သည် (သုဒိန်န)ဖြစ်သည်။ (ဃ)လက်ခံရယူသောပုဂ္ဂိုလ်များသည်ဥပဎ်ဍသံဃိက- ဥပဎ်ဍပုဂ္ဂလိကကျောင်းများ၏သံဃိကအဖို့ကိုရက္ခက ဂေါပကအဖြစ်၊ပုဂ္ဂလိကအဖို့ကိုသန္တကအဖြစ်ရရှိ၍ သုဂ္ဂဟိတဖြစ်သည်။ (င)ထိုနည်းတူစွာမြသိန်းတန်ဆရာတော်ထံမှတရားဝင် ရရှိထားသူဦးဇဋိလကဆရာတော်ဦးပဏ္ဍိတအားစာဖြင့် လှူဒါန်းခြင်း၊ဆရာတော်ဦးပဏ္ဍိတ၏အလှူခံခြင်းသည်လည်းသုဒိန်နသုဂ္ဂဟိတဖြစ်သည်။ (စ)တစ်ဖန်ဆရာတော်ဦးပဏ္ဍိတကဦးသာသနအား နှုတ်ဖြင့်လည်းကောင်း၊စာချုပ်ဖြင့်လည်းကောင်း၊ (ဥပဎ်ဍ)မိမိပိုင်နှင့်သံဃိကကျောင်းများလွှဲအပ်ခြင်း ပေးခြင်းသည်သုဒိန္န၊ဦးသာသနကလက်ခံရယူခြင်းသည် သုဂ္ဂဟိတဖြစ်ပါသည်။ (ဆ)ဆရာတော်ဦးပဏ္ဍိတကနှုတ်ဖြင့်လည်းကောင်း စာချုပ်ဖြင့်လည်းကောင်း၊ပုဂ္ဂလိကပေးနည်းသံဃိက အပလောကနကံဖြင့်ပေးနည်းနှစ်မျိုးလုံးပင်ဝိနည်းတရားတော်နှင့်မဆန့်ကျင်ပါ၊ဝိနယာနုလောမဖြစ်ပါသည်။ (ဇ)အယူခံစောဒကဦးကောဝိဒသည်ဗားကရာတိုက် ပိဋကတ်ကျောင်းစသည်တို့ကိုပိုင်ဆိုင်ခွင့်စောင့်ရှောက်ခွင့်ရရှိနိုင်လောက်သောတင်ပြချက်များ၊သက်သေခံများကိုမတင်ပြနိုင်ပါ။ (ဈ)ဦးပဏ္ဍိတကဦးကောဝိဒအားပိဋကတ်ကျောင်းကို နှုတ်ဖြင့်လည်းကောင်း၊စာဖြင့်လည်းကောင်းပေးခဲ့ပါ သလားဟူသောမြို့နယ်ဝိနည်းဓိုရ်ဆရာတော်များ၏ အမေးကို“မပေးခဲ့ပါ”ဟုကိုယ်တိုင်ဝန်ခံဖြေဆိုထားသည်။ (ည)သို့ဖြစ်၍ဦးကောဝိဒသည်ပိဋကတ်ကျောင်းစသည်ကိုပိုင်ဆိုင်ခွင့်စောင့်ရှောက်ခွင့်မရရှိနိုင်။ (ဋ)ဦးသာသနသည်သာမဏေဘဝငယ်စဥ်မှစ၍ဗားကရာ ကျောင်းတိုက်အတွက်ဆရာတော်ကြီး(၂)ပါး၏စေခိုင်းချက်ဖြင့်ဆောင်ရွက်လာသူဖြစ်၍ဗဟုပကာရကျေးဇူးများသောပုဂ္ဂိုလ်ဖြစ်သည်။ (ဌ)ဦးသာသနသည်ဆရာတော်ဦးပဏ္ဍိတကမိမိပိုင်စောင့် ရှောက်ပိုင်ကျောင်းစသည်တို့ကိုနှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်းပုဂ္ဂလိက၊ရက္ခက၊ဂေါပကအဖြစ် လွှဲအပ်ထားမှုကိုလက်ခံရရှိထားသူဖြစ်သည်။ (ဍ)ဦးသာသနသည်ဦးကောဝိဒထက်ဝုဎဍတရအသက်သိက္ခာကြီးသောပုဂ္ဂိုလ်ဖြစ်သည်။ထို့ကြောင့်ဗားကရာ ကျောင်းတိုက်အတွင်းရှိဆရာတော်ဦးပဏ္ဍိတပိုင်ဆိုင်စောင့်ရှောက်သောပိဋကတ်တိုက်ကျောင်းအစရှိသော ဂရုဘဏ်လဟုဘဏ်ပစ္စည်းတို့ကိုပိုင်ဆိုင်ထိုက်စောင့် ရှောက်ထိန်းသိမ်းပိုင်ခွင့်ရထိုက်သောပဓာနနာယက ဖြစ်ထိုက်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။ သို့ဖြစ်၍အယူခံဝင်စောဒကဦးကောဝိဒနှင့်အယူခံဝင် စုဒိတကဦးသာသနတို့ဖြစ်ပွားသောမန္တလေးတိုင်း၊ အမရပူရမြို့၊မှန်တန်းရပ်၊ဗားကရာကျောင်းတိုက် ဝိဝါဒါဓိကရုဏ်းမှုခင်းကိုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၄/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်ကြီးများက ဝိနည်းတရားတော်များနှင့်အညီတညီတညွတ်တည်း လက်မှတ်ရေးထိုး၍အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်တော်မူကြသည်- [ဆုံးဖြတ်ချက်]

၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။နိုင်ငံတော်အယူခံစောဒကဦးကောဝိဒ၏အယူခံလွှာကို ပလပ်ပယ်ချလိုက်သည်။ ၂။မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(မ-က-၁၁)၏ ဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြုလိုက်သည်။ ၃။အချင်းဖြစ်ကြောင်းများသည်ဥပဎ်ဍသံဃိက၊ဥပဎဍ ပုဂ္ဂလိကဖြစ်ရကား၎င်းကျောင်းများရှိရဟန်းသာမဏေ များသည်ဦးသာသန၏အဆုံးအမဩဝါဒအတိုင်းသာ လိုက်နာနေထိုင်ကြရမည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက်/ မြို့ ၁။ဘဒ်ဒန်တဉာဏဒီပ သိုက်ကုန်းကျောင်း၊မအူပင်မြို့။ ၂။ဘဒ္ဒန္တဣန္ဒာစာရ သိရီမင်္ဂလာကျောင်း၊ဘိုကလေးမြို့။ ၃။ဘဒ်ဒန်တန်ဒမာလာ ရတနာအုဋ်ကျောင်း၊ပုသိမ်မြို့။ ၄။ဘဒ်ဒန်တပညာစက်က မဟာဗောဓိကျောင်း၊သာပေါင်းမြို့နယ်။ ၅။ဘဒ္ဒန္တစိန္တိတာလင်္ကာရ ပစ္ဆိမာရုံစာသင်တိုက်၊မော်လမြိုင်ကျွန်းမြို့။

                               ပြီးပါပြီ။
၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၇)

မကွေးတိုင်း၊စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြောက်၊ ရှားတောအုပ်စု၌ဖြစ်ပွါးသောဦးဓမ်မိကနှင့်ဦးသုဘောဂ တို့၏မြေရှည်ကြောင်း-ဝိဝါဒါဓိကရုဏ်းမှုခင်း [မြေရှည်ကျောင်းတိုက်သမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စလင်းမြို့နယ်၊ဆင်ဖြူကျွန်း၊မြောက်ရှားတောရပ်ကွက်၌ ၁၂၈၁-ခုနှစ်တွင်ဆင်ဖြူကျွန်းနေဦးထွန်းအေး+ ဒေါ်မယ်မင်းမြို့မိသားစုတို့မှကျောင်းအာရာမ်နှင့်တကွ ကျောင်းအသီးသီးကိုဆောက်လုပ်၍ဆရာတော်ကြီး ဦးဉာဏုတ္တရအားလှူဒါန်းခဲ့ကြလေသည်။ ထို့ပြင်ဒေးဒရဲမြို့နေဦးဆယ်ခိုင်+ဒေါ်ရွှေမိတို့မှ သိမ်ကျောင်းတော်ကြီးကိုလည်းကောင်း၊မြောက်ဇီးကုန်း ကျေးရွာမှဦးလှ+မယ်ထွားအိတို့ကကျောင်းတစ်ဆောင်ကိုလည်းကောင်းဆရာတော်ကြီးဦးဉာဏုတ္တရအား လှူဒါန်းခဲ့လေသည်။ တစ်ဖန်ဦးလှ+မယ်ထွားအိတို့မှမိဘများဆောက်လုပ်ခဲ့သောကျောင်းကိုပြုပြင်၍ဆရာတော်ဦးသုဝဏ္ဏအား လှူဒါန်းခဲ့လေသည်။ ဆရာတော်ကြီးဦးဉာဏုတ္တရသည်သက်တော်ကြီးရင့်သဖြင့်ဘဝနတ်နန်းစံမြန်းတော်မူခဲ့လေသည်။ ဆရာတော်ကြီးဦးဉာဏုတ္တရအသက်ထင်ရှားရှိစဉ် မည်သူ့ကိုမျှကျောင်းတိုက်အာရာမ်နှင့်ကျောင်းကိုအပ်နှံ သည်ဟုမတွေ့ရ။ ဆရာတော်ကြီးဦးဉာဏုတ္တရ၌တပည့်(၈)ပါး/(၆)ပါး ရှိကြောင်းစောဒက၊စုဒိတကတို့၏စောဒနာသောဓနာတို့၌ အရေအတွက်မတူဘဲဖော်ပြကြ၏။ ထိုတွင်စုဒိတကဖော်ပြသောတပည့် (၆)ပါးမှာ- ဦးပညာ၊ဦးသုန္ဒရ၊ဦးကေသရ၊ဦးဝိသုဒ္ဓ၊ဦးပဏ္ဍိတ၊ ဦးသုဝဏ္ဏတို့ဖြစ်ကြသည်။ ၄င်း (၆)ပါးတို့တွင်ဦးပညာ၊ဦးပဏ္ဍိတ၊ဦးသုဝဏ္ဏတို့မှာ မြေရှည်ကျောင်းတိုက်၌ကျောင်းထိုင်ဖြစ်ကြ၍၄င်းတိုက်မှာပျံလွန်တော်မူကြသည်။ ဦးသုန္ဒရမှာကန်လည်ကျောင်း၌ကျောင်းထိုင်ဖြစ်သည်။ ဦးကေသရ(လူထွက်)၊ဦးဝိသုဒ္ဓသည်ခန်းနေအဖြစ်ဖြင့် ပျံလွန်သည်။ ဆရာတော်ကြီးဦးဉာဏုတ္တရ၏တပည့် (၆)ပါးတို့တွင် နောက်ဆုံးဆရာတော်ဦးသုဝဏ္ဏလက်ထက်တွင်ဦးဓမ္မက၊ ဦးဣဿရိယ၊ဦးပညောဘာသဟူ၍တပည့်(၃)ပါးရှိခဲ့ရာ ဆရာတော်ဦးသုဝဏ္ဏမကျန်းမမာဖြစ်နေစဉ်၁၃၅၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊သောကြာနေ့၌ဆရာတော်ဦးသုဝဏ္ဏကအငယ်ဆုံးတပည့်ဖြစ်သူဦးပညောဘာသနှင့် ဒွိသန္တကစာချုပ်ပြုလုပ်မှုနှင့်ပတ်သက်၍ဦးဓမ်မိမိကနှင့် ဦးဣဿရိယတို့ကသဘောမတူသဖြင့်လက်မှတ်မထိုးကြသောကြောင့်နောက်မှအကြောင်းအမျိုးမျိုးပြ၍ ဦးပညာဘာသနှင့်ဒါယကာ၊ဒါယကာမများကပြောဆိုတောင်းပန်ကြသဖြင့်လက်မှတ်ထိုးပေးလိုက်၏။ ထို့နောက်ဆရာတော်ဦးသုဝဏ္ဏနှင့်ဦးဣဿရိယတို့ ပျံလွန်တော်မူကြသည်။ ဆရာတော်ဦးသုဝဏ္ဏပျံလွန်တော်မူသောအခါ ဦးပညောဘာသသည်မြေရှည်ကျောင်းတိုက်ကြီးကို ပုဂ္ဂလိကသဘောမျိုးဖြင့်စီမံအုပ်ချုပ်တော့သည်။ ထိုစဉ်ဦးဓမ္မိကသည်အစစအရာရာသည်းခံပြီး နေခဲ့ရသည်။ ၁၃၆၂-ခုနှစ်၌ခရီးသွား၍ပြန်မလာခင်ယခုစုဒိတက ဖြစ်သူဦးသုဘောဂလာရောက်နေထိုင်ခဲ့သည်။ ရောက်စတွင်အာဂန္တဟုထင်ခဲ့ကသော်လည်းတစ်နှစ်နီးပါးကြာမှဦးပညောဘာသကိုယ်စားလာနေသူဖြစ်ကြောင်း၊ ဦးပညာဘာသမှာလူထွက်သွားကြောင်းတစ်စတစ်စကြား သိလာကြသဖြင့်မိမိတို့ကျောင်းတိုက်ကြီးကိုအခြားမှ လာရောက်အုပ်ချုပ်နေထိုင်သည်ကိုမကျေနပ်ကြသော ကြောင့်ဤဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ ဦးဓမ္မိကမှစောဒကပြုလုပ်၍ဗဟိသီမဋ္ဌကအာဂန္တုက ဦးသုဘောဂအားမြေရှည်ကျောင်းတိုက်မှနှင်ထုတ်ပေးပါရန်မြို့နယ်သံဃနာယကအဖွဲ့သို့စောဒနာတင်သွင်းလျှောက်ထားခဲ့၍မကွေးတိုင်း၊စလင်းမြို့နယ်သံဃနာယကအဖွဲ့မှလုပ်ထုံးလုပ်နည်းနှင့်အညီအဆုံးအဖြတ်ပေးနိုင်ရန်မြို့နယ်သံဃဝိနိစ်ဆယအမှတ်(၁)ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့လေသည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁)ကအောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့ကြသည်- [မြို့နယ်-ဝိနိစ္ဆယ]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(၁)ဤမြေရှည်ကျောင်းတိုက်ကြီးသည်မူလဆရာတော်ကြီးဦးဉာဏုတ္တရပုဂ်ဂလိကဖြစ်ပြီးမည်သည့်ပုဂ္ဂိုလ်အားမျှပေးစွန့်လွှဲပြောင်းလှူဒါန်းခြင်းမပြုခဲ့ဘဲပျံလွန်တော်မူ သွားသည်ဖြစ်၍မတသန္တကကျောင်းတိုက်ကြီးဖြစ်သည် (၂)၄င်းမတသန္တကသံဃိကမြေရှည်ကျောင်းတိုက်ကြီးကို အန္တောသီမဋ္ဌက၊ဝုဎ်ဍတရဖြစ်သောဦးဓမ္မိကသည် အနုဌာပနီယဖြစ်၍ရက္ခက၊ဂေါပကအဖြစ်ဖြင့်စီမန်ခန့်ခွဲ နိုင်သောစိုးပိုင်ခွင့်ကိုရရှိစေရမည်။ (၃)ဗဟိသီမဋ္ဌက၊ဝိသဘာဂဖြစ်သောဦးသုဘောဂသည် အနုဝတ္တကများပါဤမြေရှည်ကျောင်းတိုက်အာရာမ်မှ ထွက်ခွာသွားကြရမည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုမကျေနပ်၍ စုဒိတကဖြစ်သူဦးသုဘောဂသည်မကွေးတိုင်းသံဃနာယကအဖွဲ့သို့အယူခံစောဒနာလွှာတင်ခဲ့သဖြင့် တိုင်းသံဃနာယကအဖွဲ့မှတိုင်းဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၄)ကိုဖွဲ့စည်းပေးခဲ့ပါသည်။ ၄င်းတိုင်းသံဃဝိနိစ္ဆအဖွဲ့ အမှတ်(၁/၂၀၀၄)က အောက်ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့လေသည်။ [ဆုံးဖြတ်ချက်] (၁)မကွေးတိုင်း၊စလင်းမြို့နယ်၊ဆင်ဖြူကျွန်း သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁)၏ဆုံးဖြတ်ချက်အားလုံးကို ပလပ်ပယ်ချလိုက်သည်။ (၂)မကွေးတိုင်း၊စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြောက်၊ ရှားတောကျေးရွာမြေရှည်ကျောင်းတိုက်ကိုပုဂ္ဂလိကအဖြစ်ဆုံးဖြတ်လိုက်သည်။ (၃)၎င်းမြေရှည်ကျောင်းတိုက်ကိုပုဂ္ဂလိကပိုင်ဆိုင်သော ပဓာနနာယကဦးသုဘောဂ၏ဆန္ဒအလျောက် ကျင့်သုံးနိုင်သည်ဟုဆုံးဖြတ်ချက်ချလိုက်ပါသည်။ [နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့သို့ရောက်]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၄)၏ဆုံးဖြတ် ချက်ကိုမူလစောဒကဦးဓမ္မိကကမကျေနပ်သဖြင့် တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်များကိုပယ်ဖျက်ပေးပါရန်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အယူခံ စောဒနာလွှာတင်သွင်းခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ၎င်းမြေရှည်ကျောင်း တိုက်ဝိဝါဒါဓိကရုဏ်းမှုခင်းငြိမ်းအေးစေရန်အတွက် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၂၀၀၄)ကို ဖွဲ့စည်းပေးခဲ့ပါသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၂၀၀၄)၏ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်များသည် - အာဂတောဘာရော အဝဿံ အာဝဟိတဗ်ဗော

(ဝိ၊ ဋီ- ၄၁၃၊ သံ- ၂၁၈)မိမိတို့အပေါ်ကျရောက်လာသော တာဝန်ကိုကျေပွန်စွာဆောင်ရွက်ကြမည်ဟုသန္နိဋ္ဌာန်ချမှတ်ကြလျက်မြေရှည်ကျောင်းတိုက်အမှုတွဲများ၌ 

ပါရှိသည့်စောဒက၊စုဒိတကနှင့်နှစ်ဘက်သက်သေတို့၏ ထွက်ဆိုချက်များ၊မြို့နယ်/တိုင်းသံဃဝိနိစ္ဆယအဖွဲ့တို့၏ စိစစ်သုံးသပ်ဆုံးဖြတ်ချက်တို့ကိုပါအပြည့်ဝစုံလင် အကုန်အစင်၊အဖန်ဖန်အထပ်ထပ်လေ့လာသုံးသပ်ပြီးလျှင်အဂတိလေးပါးသို့မလိုက်မှားကြဘဲပုဂ္ဂလအာမိသကိုလည်းမငဲ့၊တရားတော်ကိုငဲ့၍စတုဗဗဗိဓဝိနယဌာန၊ လက္ခဏာသုံးပါး၊ဌာန(၆)ပါးဝိနည်းတရားတော်များနှင့်အညီအကျဉ်းချုံးပြီးစိစစ်သုံးသပ်ဆုံးဖြတ်ကြမည် ဖြစ်ပေသည်။ [သံယိကဖြစ်/မဖြစ် စိစစ်ခြင်း]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အခင်းဖြစ်ဤမြေရှည်ကျောင်းတိုက်ကြီးကို၁၂၈၁-ခုနှစ်တွင်ကျောင်းဒါယကာဦးထွန်းအေး+ဒေါ်မယ်မင်းမြို့နှင့် မိသားစုတို့မှကျောင်းအာရာမ်(၁၆)ဧကကျော်နှင့်တကွ ကြီးမားသောကျောင်းများကိုဆောက်လုပ်၍လည်း ကောင်း၊အခြားမြို့နယ်ဖြစ်သောဒေးဒရဲမြို့မှဒါယကာများကသိမ်ကျောင်းတော်ကြီးကိုလည်းကောင်း၊အခြားသောအလှူရှင်များမှကျောင်း,ဘုရားစေတီ,တန်ဆောင်းစသည်တို့ကိုလည်းကောင်းဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရလေသည်။ ဤကဲ့သို့ကျယ်ဝန်းသောကျောင်းအာရာမ်ဥယျာဉ်နှင့်တကွကြီးမားသောသာသနိကအဆောက်အဦများကို အလှူခံယူရတော်မူသောကျောင်းတိုက်တည်ပထမဆရာတော်ကြီးဦးဉာဏုတ္တရသည်အပါကဋမထင်မရှားသောဆရာတော်ကြီးမဟုတ်၊သီလဂုဏ်,သမာဓိဂုဏ်, ပညာဂုဏ်စွယ်စုံပြည့်ဝပြီးဒါယကာ/ဒါယိကာမတို့အား တရားဓမ္မဟောပြောပြသရာ၌စေတနာပသန္နဗလဝဖြစ်အောင်ဟောပြောနိုင်သောနယ်ကျော်၊ပြည်ကျော်ဆရာတော်ကြီးတစ်ပါးဖြစ်နိုင်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကမျှော်မှန်းတမ်းတကြည်ညိုမှု ဖြစ်ကြပါသည်။ သို့အတွက်ဆရာတော်ကြီးသည်ဒါယကာ/ဒါယိကာမများမှကျောင်းအာရာမ်၊သာသနိကအဆောက်အဦများကို အလှူခံယူတော်မူရာ၌မြတ်စွာဘုရားရှင်၏အလှူခံယူတော်မူပုံကိုလည်းကောင်း၊ရှေးရှေးဆရာတော်ကြီးများ သည်ဒါယကာ/ဒါယိကာမများသာသနိကအဆောက်အဦများကိုလှူဒါန်းကြရာ၌လှူဒါန်းသူဒါယကာ/ဒါယိကာမများအကျိုးရှိသထက်ရှိအောင်အလှူခံယူရေစက်ချတော် မူပုံကိုလည်းကောင်းသိရှိနားလည်ပြီးဖြစ်သည်။ ထို့ကြောင့်ဆရာတော်ဦးဉာဏုတ္တရသည်သာသနိကအဆောက်အဦများကိုအလှူခံရာတွင်ရေစက်ချပေးရာတို့၌စောဒကထွက်ဆိုတင်ပြသကဲ့သို့အာရာမိကသံဃိကရေစက်ချအလှူခံမည်မဟုတ်၊ဘုရားရှင်လက်ထက်တော်အခါကအနာထပိဏ်သူဌေး၊ရာဇဂြိုဟ်သူဌေးစသူတို့ ကျောင်းတိုက်တာအာရာမ်လှူဒါန်းကြသောအခါမြတ်စွာ ဘုရားရှင်ကအလှူရှင်ဒါယကာ/ဒါယိကာမများ၏မဟပ် ဖလမဟာနိသံသအကျိုးတရားပို၍များပြားစေရန်၊ အာဂတာနာဂတစာတုဒ်ဒိသသံဃာတော်ကိုရည်မှန်း၍ လှူဒါန်းရန်ဟောကြားတော်မူပြီးလှူဒါန်းရေစက်ချခိုင်းသကဲ့သို့လည်းကောင်း။ မိထွေးတော်ဂေါတမီသည်မြတ်စွာဘုရားအားလှူဒါန်းရန် ရည်ရွယ်၍သင်္ကန်းကိုကိုယ်တိုင်ကောင်းသထက်ကောင်းအောင်ယက်လုပ်စေပြီးဘုရားရှင်ထံသွားရောက်လှူဒါန်းသောအခါ-သံဃေတွံ ဂေါတမီ ဒေဟိစသည်ဖြင့်အကျိုးတရားကြီးမားသည်ထက်ကြီးမားစေရန်ရည်ရွယ်၍ သံဃာတော်ကိုလှူဒါန်းခိုင်းသကဲ့သို့လည်းကောင်း၊ ပိဋကတ်သုံးအင်စုံလင်တတ်မြောက်၊တစ်ဘက်ကမ်း ရောက်သောရှေးဆရာတော်ကြီးများသည်သံဃာတော်ကို လှူဒါန်းခိုင်းသကဲ့သို့လည်းကောင်း၊ဆရာတော် ဦးဉာဏုတ္တရသည်လည်းမိမိ၏ဆရာ့ဆရာတို့၏ နယဂ်ဂါဟ(နည်းယူ၍)ဒါယကာ,ဒါယိကာမများကမိမိ အားသာသနိကကျောင်းတိုက်တာအာရာမ်လှူဒါန်းမှု ပြုကြရာ၌ဒါယကာ,ဒါယိကာမများအားမဟပ္ပလ, မဟာနိသံသအကျိုးတရားပို၍ရရှိစေရန်သံဃိကအနေ ဖြင့်ရေစက်ချအလှူခံတော်မူခဲ့သည်ဟုသုံးသပ်တော်မူကြသည်။ ဦးကေသရလူထွက်ပြီးကျောင်းရောင်းခဲ့သဖြင့်ပိုင်ဆိုင်မှု အရှုပ်အရှင်းပဋိပက္ခဖြစ်ခဲ့ရာတွင်လေးစားကြည်ညိုထိုက်သောဝိနယဂရုကပရိယတ္တိဝိသာရဒဂုဏ်နှင့်ပြည့်စုံတော်မူကြသောဆင်ဖြူကျွန်းမြို့၊တောင်တိုက်,မြောက်တိုက်ဆရာတော်ကြီးများကိုယ်တိုင်ဤမြေရှည်ကျောင်း သည်သံဃိကကျောင်းဖြစ်သည်ဟုဆုံးမဩဝါဒပေး ဖျန်ဖြေတော်မူခဲ့ကြသဖြင့်ပြေငြိမ်းညီညွတ်မှုရရှိခဲ့သည် ဟုသိရှိရပါသည်။ ထို့ကြောင့်ဤအခင်းဖြစ်မြေရှည်ကျောင်းတိုက်အာရာမ်အားလုံးတို့သည်မူလသံဃိကတိုက်ကြီးဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကတညီတညွတ်တည်းသုံးသပ်တော်မူကြသည်။ ဝိနယဝိနိစ္ဆယ ဟိ အာဂတေ ဂရုကေ ဌာတတ္တံ ဧသာ ဝိနယဓမ္မတာ၊ (ဝိ၊ဋ္ဌ-၁-၂၇၆) အပိ စ လဟုကဂရုကသေု ဂရုကေ ဌာတဗ်ဗန်တိ ဧတံ ဝိနယလက်ခဏံ။(ဝိ၊ဋ်ဌ၊၃၊၂၉) တစ်နည်းတစ်ဖုံတစ်မျိုးအားဖြင့်-မူလတိုက်တည် ဆရာတော်ကြီးဦးဉာဏုတ္တရသည်သာသနိကမြေကျောင်း တိုက်တာအဆောက်အဦများကိုဒါယကာ/ဒါယိကာမများကလှူဒါန်းရာ၌၎င်းတို့၏စေတနာသဒ္ဓါတရားကိုရှုငဲ့၍ ပုဂ္ဂလိကအဖြစ်ရေစက်ချအလှူခံခဲ့ပါကလည်းဆရာတော် ဦးဉာဏုတ္တရအသက်ထင်ရှားရှိစဉ်မည်သူ့အားလှူဒါန်းအပ်နှံခဲ့ကြောင်းကိုလည်းကောင်း၊မည်သူဝိသာသဂ္ဂါဟ ယူထားခဲ့ကြောင်းကို လည်းကောင်း၊စောဒက,စုဒိတက နှစ်ဘက်လုံးကအထောက်အထားခိုင်လုံစွာဖြင့်မည်သူကမျှမတင်ပြနိုင်ကြသဖြင့်ဆရာတော်ကြီးဦးဉာဏုတ်တရ အားပုဂ္ဂလိကလှူဒါန်းခဲ့သောကျောင်းတိုက်တာအာရာမ် စသည်တို့သည်- ကဿစိ အဒတွာ ကာလံကတေ သံဃိကေ ဟောတိ။ (ဝိ၊လင်၊ဒု-၇၅) တဒါ သံဃောဝ တဿ ဝိဟာရဿ သာမိကော ဟောတိ န ဒါယကော ဝါ ပုဂ္ဂလော ဝါ(ဝိ၊လင်၊ ဒု-၆၇) တသမိံ ဇီဝန်တေ ပုဂ္ဂလိကော ဟောတိ၊မတေ သံဃိကောယေ၀။(ဝိ၊ဋ္ဌ-၄/၈၅) ဤအဋ္ဌကထာ၊ဋီကာတို့အရမတသန္တကသံဃိကဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကတညီတညွတ်တည်းသုံးသပ်တော်မူကြသည်။ [ပုဂ္ဂလိကဖြစ်/မဖြစ်စိစစ်သုံးသပ်ခြင်း]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စုဒိတကဦးသုဘောဂသည်သဘာပတိဆရာတော်က မေးရာတွင်လည်းကောင်း၊သောဓနာရာတွင်လည်း ကောင်းဆရာတော်ကြီးဦးဉာဏုတ္တရပုဂ္ဂလိကပိုင်ဆိုင်ကြောင်းကိုမြသီတာဆရာတော်ဦးပဏ္ဍ၀နှင့်ဆရာတော် ဦးဝိဇယပျံလွန်တို့၏ဦးဇနိန္ဒအားပြောပြခြင်းကိုဦးဇနိန္ဒမှတစ်ဆင့်မိမိကိုပြောပြ၍သိရပါသည်ဟုဖြေဆိုသည်။ စုဒိတကပြသက်သေမြသီတာဆရာတော်ကမူမမီ၍မသိပါဟုဖြေဆိုပြန်၏။ စုဒိတကပြသက်သေတစ်ဦးဦးဇနိန္ဒကမူဆရာတော် ဦးသုဝဏ္ဏ(ပျံလွန်)မိန့်ကြားခဲ့၍သိရပါသည်ဟုဆိုသည်။ ဤသို့စုဒိတကနှင့်စုဒိတကပြသက်သေတို့သည် ဆရာတော်ကြီးပုဂ္ဂလိကပိုင်ဆိုင်ကြောင်းကိုခိုင်ခိုင်မာမာ မပြောဆိုမတင်ပြနိုင်ကြ၊တဆင့်စကားများဖြင့်ပင် ဆရာတော်ဦးဉာဏုတ္တရပုဂ္ဂလိကပိုင်ဆိုင်ကြောင်းကို ပြောဆိုကြသဖြင့် ဆောင်=နှစ်ခွ-မျက်ကွယ် သူ့ဝယ်မှာလိုက် ♥♥♥မျက်ဆိုက်ဆိုငြား စကားလေးရပ် ♥♥♥မယုံအပ်ဟူသောသံခိပ်လင်္ကာအရမယုံကြည်ထိုက်သောစကားတွင်ပါဝင်နေရကား၎င်းတို့၏ ဆရာတော်ကြီးဦးဉာဏုတ္တရပုဂ္ဂလိကပိုင်ဆိုင်ပါသည်ဟု ပြောဆိုခြင်းသည်မဖြစ်နိုင်ဟုသုံးသပ်တော်မူကြသည်။ [ဆသန္တကဖြစ်သင့်/မသင့် စိစစ်ခြင်း]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စုဒိတကဦးသုဘောဂ၏သောဓနာတွင်ဆရာတော် ဦးဉာဏုတ္တရသည်မိမိပိုင်မြေရှည်ကျောင်းတိုက်ကို တပည့်(၆)ပါးအားဆသန္တကအဖြစ်လွှဲအပ်ခဲ့ပါသည်ဟု သောဓနာထားသည်၊၎င်းသောဓနာထားခြင်းသည်လည်း တဆင့်စကားဖြင့်သောဓနာခြင်းဖြစ်၍လည်းကောင်း၊ အချို့ဆရာတော်များသည်ပျံလွန်ပြီးဖြစ်၍လည်း ကောင်း၊စုဒိတကပြသက်သေဦးဇနိန္ဒသည်ဆရာတော် ဦးသုဝဏ္ဏ(ပျံလွန်)၏မိန့်ကြားချက်အရတဆင့်စကားဖြင့်ထွက်ဆိုခြင်းဖြစ်၍လည်းကောင်းယုံကြည်ထိုက်သောစကားများမဟုတ်ကြပေ။ ထို့ပြင်ဆသန္တကအဖြစ်လွှဲအပ်ခြင်းကိုအထောက်အထားခိုင်မာစွာမပြနိုင်ခြင်းကြောင့်လည်းကောင်း၊ဆရာတော် ဦးဉာဏုတ္တရအသက်ထင်ရှားရှိစဉ်ပေးအပ်လှူဒါန်းခြင်း၊ ဝိဿာသဂ်ဂါဟယူထားခြင်းကိုအထောက်အထား မပြနိုင်ခြင်းကြောင့်လည်းကောင်း၊ဆရာတော် ဦးဉာဏုတ္တရပျံလွန်ပြီးနောက်မတသန္တကသံဃိကဖြစ်၍ ဆသန္တကလုံးဝမဖြစ်သင့်ဟုသုံးသပ်တော်မူကြသည်။ [ဒွိသန္တကစာချုပ်ကိုစိစစ်ခြင်း]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဆရာတော်ဦးသုဝဏ္ဏမကျန်းမမာဖြစ်နေစဉ်၁၃၅၈-ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်၊သောကြာနေ့တွင်ဆရာတော် ဦးသုဝဏ္ဏနှင့်ဦးပညောဘာသတို့၏ဒွိသန္တကပြုလုပ်ခြင်းသည်မြေရှည်ကျောင်းတိုက်ကြီးသည်ဆရာတော် ဦးဉာဏုတ္တရလက်ထက်မှာပင်မူလသံဃိကအနေဖြင့် ရေစက်ချအလှူခံတာဖြစ်နိုင်သည်ဟုသုံးသပ်ပြီးဖြစ်၍ လည်းကောင်း၊အကယ်၍ပုဂ္ဂလိကအနေဖြင့်ရေစက်ချ စေကာမူဆရာတော်ဦးဉာဏုတ္တရမပျံလွန်မီပေးအပ်လှူဒါန်းမှုဝိဿာသဂ္ဂါဟယူမှုမရှိခဲ့သည်ဖြစ်၍ မတသန္တကသံဃိကဖြစ်သည်ဟူ၍သုံးသပ်ပြီးဖြစ်သော ကြောင့်လည်းကောင်း။ ၎င်းဒွိသန္တကစာချုပ်တွင်အသိသက်သေအဖြစ်လက်မှတ် ထိုးသောစလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နယ်ဥက္ကဋ္ဌဆရာတော်ဦးကုမာရာဘိဝံသကမြေရှည်ကျောင်း ဆရာတော်ဦးသုဝဏ္ဏနှင့်ဦးပညောဘာသတို့၏ ဒွိသန္တကစာချုပ်၍လက်မှတ်ထိုးခြင်းမှာသံဃိကကျောင်းဟုကြားသိဘူးပါသော်လည်းမြေရှည်တိုက်နေသံဃာ တော်များအားနားလည်မှုယူထားပြီးဖြစ်ပါသည်ဟု လျှောက်ထားခြင်း၊ဒကာ/ဒကါမများကလည်းဦးသုဝဏ္ဏ ပျံလွန်တော်မူခါနီးဘဝကူးကောင်း၊စိတ်ချမ်းသာရေးအတွက်ပါဟုလျှောက်ထားခြင်းတို့ကြောင့်သာမိမိလက် မှတ်ထိုးခဲ့ခြင်းဖြစ်ပါကြောင်း၊ထို့ပြင်ဦးပညောဘာသအနေဖြင့်လူဘဝကူးပြောင်းခြင်း၊ကျောင်းအရှုပ်အရှင်းဖြစ်အောင်အခြားတစ်ပါးသောသံဃာအားလွှဲပြောင်း ပြုလုပ်လိမ့်မည်ဟုမထင်မှတ်ခြင်းကြောင့်သာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်ဟုသံဃိကပျောင်းဖြစ်ကြောင်း သက်သေသဘောမျိုးတင်ပြထားသောကြောင့်လည်း ကောင်း၊အခြားအခြားသောစာချုပ်၌လက်မှတ်ထိုးသော ဆရာတော်ကြီးများသည်လည်းဤသဘောမျိုးသာ လက်မှတ်ထိုးကြခြင်းဖြစ်သည်ဟုယူဆနိုင်သောကြောင့်လည်းကောင်း၊ မူလစောဒကဦးဓမ္မိက၏ဒွိသန္တကစာချုပ်၌လက်မှတ်ထိုးရခြင်းသည်ဦးပညောဘာသဒါယကာ/ဒါယိကာမများက အကြောင်းအမျိုးမျိုးပြောဆိုပြီးလက်မှတ်ထိုးပေးရန် တောင်းပန်ကြသောကြောင့်လက်မှတ်ထိုးပေးခဲ့ရခြင်းဖြစ်ကြောင်းရှင်းလင်းထားသည်ကိုတွေ့ရှိရခြင်းကြောင့်လည်းကောင်း၊မူလစောဒကသက်သေဦးမျိုးခိုင်၏ ထွက်ဆိုချက်တွင်မြေရှည်ကျောင်းတိုက်ကိုဘိုးစဉ်ဘောင် ဆက်သံဃိကကျောင်းဖြစ်ကြောင်းပြောကြားခဲ့၍ သံဃိကကျောင်းဖြစ်ကြောင်းသိရပါသည်ဟုပြောကြားသောကြောင့်လည်းကောင်း၊မြေရှည်ကျောင်းသည် သံဃိကကျောင်းဖြစ်၍ဒွိသန္တကပြုလုပ်၍မရနိုင်သော ကြောင့်လည်းကောင်း၊ဒွိသန္တကပြုလုပ်စာချုပ်ခြင်းသည် ဝိနယဓမ္မအရထမြောက်အောင်မြင်မှုမရှိသောဒွိသန္တကစာချုပ်ဖြစ်သည်ဟုသုံးသပ်တော်မူကြသည်။ [ဦးပညာဘာသမှဦးသုဘောဂအားပေးအပ်ခြင်းကိုစိစစ်]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးပညာဘာသမှဦးသုဘောဂအားပေးအပ်လှူဒါန်းခြင်းသည်လည်းအရင်းလှဲကအဖျားထင်းဖြစ်ဆိုသည့် စကားလိုဦးပညာဘာသအနေဖြင့်မိမိမပိုင်သောကျောင်းကိုပေးအပ်လှူဒါန်းခြင်းဖြစ်၍အထူးစိစစ်သုံးသပ်ဖွယ် မလိုတော့ဟုဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ မူလသံဃိက၊မတသန္တကသံဃိကမြေရှည်ကျောင်းတိုက်ကြီးကိုမည်သူကဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းစိစစ်သုံးသပ်ခြင်း အထက်ပါအကြောင်းအရာကိုစိစစ်သုံးသပ်သော် - ပုဂ္ဂိုလ်/ သံဃာသည် - (၁)အန္တောသီမဋ္ဌကပုဂ္ဂိုလ်/သံဃာ (၂)ဗဟိသီမဋ္ဌကပုဂ္ဂိုလ်/သံဃာဟူ၍ (၂)မျိုးရှိသည်။ ထိုတွင်မိမိတို့၏နေထိုင်သီတင်းသုံးရာဖြစ်သော ကျောင်းတိုက်၏ပဓာနနာယကဆရာတော်ပျံလွန်တော် မူချိန်တွင်ကျောင်းတိုက်အာရာမ်အတွင်း၌အမြဲနေသောပုဂ္ဂိုလ်/သံဃာကိုအန္တောသီမဋ္ဌကပုဂ္ဂိုလ်/သံဃာဟုခေါ်၏ မိမိတို့၏နေထိုင်သီတင်းသုံးရာဖြစ်သောကျောင်းတိုက် ပဓာနနာယကဆရာတော်ပျံလွန်တော်မူချိန်တွင် ကျောင်းတိုက်အာရာမ်၏အပြင်ပ၌နေထိုင်သော ပုဂ္ဂိုလ်/သံဃာကိုဗဟိသီမဋ္ဌကပုဂ္ဂိုလ်/သံဃာဟုခေါ်၏။ ထို(၂)မျိုးသောပုဂ္ဂိုလ်/သံဃာတို့တွင်မူလသံဃိက၊ မတသန္တကသံဃိကကျောင်းများ၌အန္တောသီမဋ္ဌကပုဂ္ဂိုလ်၊သံဃာသည်သာဆက်လက်ထိန်းသိမ်းစောင့် ရှောက်နိုင်သည်၊ဗဟိသီမဋ္ဌကပုဂ္ဂိုလ်/သံဃာသည်ထိန်းသိမ်းစောင့်ရှောက်ခွင့်မရ။ မူလစောဒကပုဂ္ဂိုလ်ဦးဓမ်မိကနှင့်မူလစုဒိတက ဦးသုဘောဂတို့တွင်၎င်းတို့၏ထွက်ဆိုချက်များ စောဒနာလွှာ,သောဓနာလွှာများကိုကြည့်ရှုခြင်းအားဖြင့် မူလစောဒကပုဂ္ဂိုလ်ဦးဓမ္မိကသည်အ​ေန္တာသီမဋ္ဌကပုဂ္ဂိုလ်သံဃာဖြစ်၍မူလစုဒိတကပုဂ္ဂိုလ်ဦးသုဘောဂသည်ဗဟိသီမဋ္ဌကပုဂ္ဂိုလ်/သံဃာဖြစ်ကြောင်း ထင်ရှား သိသာလှပေသည်။ ထို့ကြောင့်အန္တောသီမဋ္ဌကပုဂ္ဂိုလ်ဖြစ်သောဦးဓမ္မိကသည် တတ္တ ဝုဎ်ဍကရော ဘိက္ခု တသ္မိံ ဝိဟာရေ အန္တောသီမဋ္ဌကဘိက္ခုသု အတ္တနော ဝုဎ်ဍတရဿ အညဿ အဘာဝါ ယထာဝုဎ်ဍံ ကေနစိ အနုဌာပနီယော (ဝိလင်၊ဋီ၊ဒု-၇၂)ဟူသောဋီကာအရဝုဎ်ဍတရ၊အနုပနီယပုဂ္ဂိုလ်ဖြစ်၍မူလသံဃိက၊မတသန္တကသံဃိကမြေရှည်ကျောင်းတိုက်ကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထိုက်သည်။ဗဟိသီမဋ္ဌကပုဂ္ဂိုလ်ဦးသုဘောဂသည် - န ဘိက်ခဝေ နိဿီမေ ဌိတဿ သနောသနံ ဂါဟတေဗျဗံ၊ ယော ဂါဟေယျ အာပတ္တိဒုက္ကဋဿာတိ ၀စနတော ဥပစာရသီမတော ဗဟိ ဌိတဿ န ဂါဟေတဗ်ဗံ။ (ဝိနယသင်္ဂဟ)ဤအဋ္ဌကထာအရမူလသံဃိက မတသန္တကမြေရှည်ကျောင်းတိုက်ကိုမထိန်းသိမ်းမစောင့် ရှောက်နိုင်၊စောင့်ရှောက်ထိန်းသိမ်းခွင့်မရှိဟုဝိနည်းဓိုရ် ဆရာတော်များကသုံးသပ်တော်မူကြသည်။ ကျောင်းချိပ်ပိတ်စဉ်ကဦးဓမ္မိကနှင့်ဦးသုဘောဂတို့ အချင်းချင်းတစ်ဦးနှင့်တစ်ဦးဒေါသဖြစ်ခြင်းမရှိခဲ့ကြပါ၊ ညီညွတ်စွာနေထိုင်ခြင်းရှိကြပါသည်ဟုတင်ပြသဖြင့် သက်ဆိုင်ရာမှချိပ်ဖွင့်ပေးခဲ့သဖြင့်အချင်းချင်းနားလည် မှုဖြင့်သင့်တင့်စွာနေထိုင်ကြသည်ဟုယူဆသုံးသပ်တော် မူကြသည်။ [ပေါင်းရုံးသုံးသပ်ခြင်း]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။အခင်းဖြစ်မြေရှည်ကျောင်းသည်လွန်ခဲ့သောအနှစ်(၈၀)ကျော်ကတည်ရှိခဲ့သောတိုက်ကြီးဖြစ်၍ ကျောင်းသမိုင်းအတ္ထုပ္ပတ္တိနှင့်တကွပိုင်ဆိုင်မှုအဆက် ဆက်တို့ကိုတိကျခိုင်လုံပြည့်ပြည့်စုံစုံပြောဆိုနိုင်သူ မရှိခြင်း။ ၂။ရှေးဆရာတော်ကြီးများသည်ကျောင်းတိုက်တာအာရာမ်ရေစက်ချအလှူခံရာတို့၌များသောအားဖြင့် သံဃိကရေစက်ချအလှူခံလေ့ရှိခြင်း။ ၃။မူလတိုက်တည်ဆရာတော်ကြီးဦးဉာဏုတ္တရ အသက်ထင်ရှားရှိစဉ်တစ်စုံတစ်ယောက်အားမျှ လှူဒါန်းပေးကမ်းမှုမရှိခဲ့ခြင်း။ ၄။စုဒိတကဦးသုဘောဂသည်ဆရာတော်ကြီး ဦးဉာဏုတ္တရမှတပည့်(၆)ပါးတို့အားဆသန်တကပြုခဲ့ ပါသည်ဟုဆိုသော်လည်းသက်သေသာဓကတို့ဖြင့် ခိုင်ခိုင်မာမာတင်ပြနိုင်မှုမရှိခြင်း။ ၅။ဦးသုဘောဂသည်ဗဟိသီမဋ္ဌကပုဂ္ဂိုလ်ဖြစ်သည့်ပြင် အဓိကရုဏ်းဖြစ်ပေါ်လာအောင်ပြုလုပ်၍ ဘဏ္ဍနကာရကံ ပန ဝိဟာရတောပိ နိက္ကဎ်ဍိတဗ်ဗံ (ဝိလင်ဋီ -၂၊၈၅)အလဇ်ဇိံ နိက္ကဎ်ဍတိဝါတိအာဒီသု ဘဏ္ဍနကာရက ကလဟကာရကမေဝ သကလသံဃာရာမတော နိက္ကဎ်ဍိတုံ လဘတိ၊ သော ဟိ ပက္ခ လဘိတွာ သံဃမ်ပိ ဘိန္တေယျ (ပါစိတှာဒိ-နိကကြမနသိကခြာပုဒွ-၄၇)ဤဋီကာ,အဌကထာ ပါဠိတို့အရကျောင်းတိုက်အာရာမ်မှနှင်ထုတ်လိုက်သည့်ပုဂ္ဂိုလ်ဖြစ်ခြင်း။ ၆။ဤအခင်းဖြစ်မြေရှည်ကျောင်းတိုက်အာရာမ်အားလုံးတို့သည်မူလသံဃိက၊မတသန်တကသံဃိကဖြစ်နိုင်ခြင်း ၇။မူလစောဒကဦးဓမ္မိကသည်အန္တောသီမဋ္ဌကဝုဎ်ဍတရပုဂ္ဂိုလ်ဖြစ်၍မြေရှည်ကျောင်းတိုက်တာအာရာမ်တို့ကို ရက္ခက-ဂေါပကအဖြစ်ဖြင့်ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သင့်သောပုဂ္ဂိုလ်ဖြစ်သင့်သည်ဟု သုံးသပ်တော်မူကြ၍ဖော်ပြပါအတိုင်း ဆုံးဖြတ်ကြပါသည်။ [ဆုံးဖြတ်ချက်]

၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။မြေရှည်ကျောင်းတိုက်ကြီးသည်မတသန္တကသံဃိကဖြစ်သည်။ ၂။၎င်းကျောင်းတိုက်ကြီးကိုအန္တောသီမဋ္ဌက၊ဝုဎ်ဍတရဖြစ်သောဦးဓမ္မိကသည်ရက္ခက-ဂေါပကအဖြစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နေထိုင်ရမည်။ ၃။ ဦးသုဘောဂနှင့်အပေါင်းပါတို့သည်ဦးဓမ္မိက၏ ခွင့်ပြုချက်ရပါကဩဝါဒခံယူ၍နေစေ၊ဦးဓမ္မိက၏ ခွင့်ပြုချက်မရပါကမြေရှည်ကျောင်းတိုက်အာရာမ်အတွင်းမှထွက်ခွာသွားကြရမည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဉ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့ ၁။ဘဒ်ဒန်တကုသလ(သဘာပတိ) မနောဟရီကျောင်းတိုက်၊ထန်းတပင်မြို့။ ၂။ဘဒ္ဒန္တဓမ္မာနန္ဒ(အဖွဲ့ဝင်) စစ်ကိုင်းစာသင်တိုက်၊သင်္ကန်းကျွန်းမြို့။ ၃။ဘဒ္ဒန္တဣန္ဒက(အဖွဲ့ဝင်) ပိန္နဲကွင်းကျောင်းတိုက်၊ကြံခင်းမြို့။ ၄။ဘဒ္ဒန္တခေမိန္ဒ(အဖွဲ့ဝင်) မြို့မနိမ္မိတာရုံကျောင်းတိုက်၊ကော့မှူးမြို့။ ၅။ဘန္တအာဒိစ္စ(အဖွဲ့ဝင်) ကိုးလုံးကွင်းကျောင်းတိုက်၊မှော်ဘီမြို့။

                             ပြီးပါပြီ။
၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၈)

ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်၊အမှတ်(၂) ရပ်ကွက်၌ဖြစ်ပွါးသောဦးချစ်စိန်ပါ(၃)ဦးနှင့် ဦးဂုဏာနန်ဒတို့၏သုခိတာရာမသုံးထပ်ကျောင်း ဝိဝါဒါဓိကရုဏ်းမှုခင်း။သုခိတာရာမသုံးထပ်ကျောင်း [သမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဓနုဖြူမြို့တွင်လယ်ပိုင်ရှင်များဖြစ်ကြသောဦးကျော်တိုး +ဒေါ်သစ်တို့ဇနီးမောင်နှံသည်၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေအချို့ကိုသာသနာ့မြေအဖြစ်ခွဲခြားသတ် မှတ်ပြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ကြ၍ မြေနှင့်တကွကျောင်းအဆောက်အဦကိုဆရာတော် ဦးမဟိန္ဒဝံသအားပုဂ်ဂလိက လှူဒါန်း၍ကိုးကွယ်ခဲ့ကြသည်။သုခိတာရာမသုံးထပ်ကျောင်းဟုခေါ်တွင်ခဲ့သည်။ ကျောင်း၏သက်တမ်းမှာနှစ်ပေါင်း(၁၀၀)ခန့်တည်ရှိခဲ့ပြီးဖြစ်သည်။ ယခုအခါဓနုဖြူမြို့၊အမှတ် (၂)ရပ်ကွက်အတွင်း၌တည် ၁၂၇၁ခုနှစ်၊ဝါဆိုလဆန်း(၁၀)ရက်၊ခရစ်နှစ်(၁၉၀၈)ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင်သိမ်သမုတ်ခွင့်ဝိသုံဂါမမြေ အပိုင်စားရရှိခဲ့၍သိမ်သမုတ်လှူဒါန်းခဲ့ကြသည်။ ဦးထွန်းဝင်း+ဒေါ်သက်တို့ကသိမ်အဆောက်အဦကိုလည်းကောင်း၊ဦးဘစိန်+ဒေါ်သွဲ့တို့ကတိုက်ကျောင်းနှင့် နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းကိုလည်းကောင်း၊ဦးထွန်းအေး +ဒေါ်ငယ်တို့ကမှန်ကျောင်းကိုလည်းကောင်း၊ဤသို့ စသည်ဖြင့်အသီးသီးဆွေမျိုးသားချင်းတစ်စုတို့ကပင် ဆောက်လုပ်လှူဒါန်း၍ကိုးကွယ်ခဲ့ကြသည်။ ဆရာတော်ဦးမဟိန္ဒဝံသပျံလွန်တော်မူသောအခါ ဦးဘစိန်+ဒေါ်သွဲ့တို့ကဆရာတော်ဦးပဏ္ဍဝံသကိုသိမ်ထပ်ရဟန်းခံ၍သုခိတာရာမသုံးထပ်ကျောင်းကိုလည်း ပုဂ္ဂလိကလှူဒါန်းခဲ့ကြပြန်ပေသည်။ ၁၉၇၀-ခုနှစ်၊ဧပြီလတွင်ဆရာတော်ဦးပဏ္ဍဝံသပျံလွန်တော်မူသဖြင့်ဆရာတော်ဦးအဂ်ဂဓမ်မကျောင်းထိုင်ဖြစ်လာသည်။ထိုစဉ်ကဦးနန္ဒိယ၊ဦးမာလာတို့နှင့် မသင့်ကြ၍ခရိုင်သာသနာရေးရှုံးသို့တိုင်ကြားခဲ့၍ ဖြေရှင်းခဲ့ရသေးသည်။ ဆရာတော်ဦးအဂ္ဂဓမ္မပျံလွန်တော်မူရာဆရာတော်ဦးဉာဏ ကျောင်းထိုင်ဖြစ်၍(၁၉၉၆)ခုနှစ်၊ပျံလွန်တော်မူခဲ့ပြီးနောက်ပိုင်းဦးနန္ဒိယကျောင်းထိုင်ဖြစ်လာသည်။ ၂၀၀၀-ခုနှစ်၊ဇွန်လတွင်ဦးနန္ဒိယပရိသုဒ္ဓပြုသွား၍ ဆရာတော်ဦးမာလာသည်ဇကာကြီးကျောင်းမှ သုခိတာရာမသုံးထပ်ကျောင်းသို့ရောက်ရှိ၍ထိန်းသိမ်းစောင့်ရှောက်နေထိုင်ခဲ့သည်။ ဆရာတော်ဦးမာလာကရန်ကုန်မြို့၊ဒဂုံပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်ဦးဂုဏာနန္ဒထံတိုက်အုပ်စာချဆရာတော်တစ်ပါးပေးရန်လျှောက်ထားခဲ့၍ ဦးရေဝတဓမ္မကိုပေးအပ်ခဲ့ရာတိုက်အုပ်စာချအဖြစ် တင်မြှောက်ခဲ့ကြသည်။ ထိုအခါဆရာတော်ဦးဂုဏာနန္ဒကဦးရေ၀တဓမ်မကို ဒွိသန္တကပြုပေးမှထားနိုင်မည်၊မပြုပေးကပြန်ခေါ်သွားမည်ဟုပြောဆိုလာသဖြင့်ပရိယတ္တိစာသင်တိုက်ဖြစ် အောင်အားထုတ်လိုကြသောဆရာတော်ဦးမာလာနှင့် ဒကာများကလိုက်လျောကာဒွိသန်တကပြုလုပ် ပေးခဲ့ကြသည်။(၂၈-၁၁-၂၀ဝ၀)နေ့ကဖြစ်၏။ ဦးရေဝတဓမ္မသည်ပရိယတ္တိကိုအားစိုက်လုပ်ဆောင်မှု မရှိဘဲသာသနာနှင့်မလျော်သောအနနုလောမိကကိစ္စများ ပြုလာဖန်များသောအခါဆရာတော်ဦးဂုဏာနန္ဒထံ ပြန်လည်ခေါ်ယူပါရန်ဆရာတော်ဦးမာလာနှင့်ဂေါပကများကတိုင်တန်း၍အပ်နှံခဲ့ကြသည်။ (၁၁-၆-၂၀၀၂)နေ့တွင်ဆရာတော်ဦးမာလာပျံလွန်တော် မူသည်။(၈-၆-၂၀၀၃)နေ့တွင်သုခိတာရာမသုံးထပ်ကျောင်း၌နေထိုင်၍မဖြစ်တော့သဖြင့်ဦးရေဝတဓမ္မက ဆရာတော်ဦးဂုဏာနန္ဒအားသုခိတာရာမသုံးထပ်ကျောင်းကိုသုဒိန္နသုဂ္ဂဟိတအဖြစ်ဖြင့်ရန်ကုန်မြို့၊ဒဂုံပရိယတ္တိကျောင်း၌လှူဒါန်းခဲ့သည်မှစ၍ဆရာတော်ဦးဂုဏာနန္ဒနှင့် ကျောင်းဒကာဦးချစ်စိန်၊ဦးနန္ဒိယ(ခ) ဦးထွန်းဝင်း၊ ဦးမင်းနိုင်ဟူသောဒကာ၊ဒကာမများသုခိတာရာမ သုံးထပ်ကျောင်းကိုပိုင်ဆိုင်မှုအငြင်းပွားလာသော ဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ မူလကျောင်းဒါယကာများ၏ကိုယ်စားဦးချစ်စိန်၊ ဦးနန္ဒိယ(ခ)ဦးထွန်းဝင်း၊ဂေါပကအဖွဲ့မှဦးမင်းနိုင်တို့က တရားစွဲဆိုတိုင်ကြားခဲ့ကြသဖြင့်ဆရာတော်ဦးဂုဏာနန္ဒထံသောဓနာလွှာတောင်းခဲ့ပြီးနိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကရဟန်းတော်နှင့်လူပုဂ္ဂိုလ်များဖြစ်ပွားသောမှုခင်းဖြစ်၍ဝိ/လုပ်ထုံးအပိုဒ်-၂၄၊ပိုဒ်ခွဲ(ခ) အရဝိနည်းဓိုရ်ဆရာတော်များလျာထားပေးပြီး ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးဆုံး ဖြတ်ရန်ညွှန်ကြားခဲ့သဖြင့်လုပ်ထုံးအခန်း(၆)အပိုဒ် (၄၂-ဂ၊၄၃)အရ(၁/၂၀၀၅)ကိုဖွဲ့စည်း၍အမှုတွဲကို ပေးအပ်ခဲ့ပါသည်။ ယင်းဧရာဝတီတိုင်းဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၅)ကအောက်ပါအတိုင်းဆုံးဖြတ်ချက် ချမှတ်ပေးလိုက်သည်- [ဆုံးဖြတ်ချက်]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်၊အမှတ် (၂)ရပ်ကွက်၊သုခိတာရာမသုံးထပ်ကျောင်းတိုက် မြေနှင့်ကျောင်းတိုက်အငြင်းပွားဝိဝါဒါဓိကရုဏ်းမှုခင်းနှင့်စပ်လျဉ်း၍မိမိတို့အားအနိုင်ဝိနိစ္ဆယချမှတ်ပေးပါရန် ဦးချစ်စိန်ပါစောဒက(၃)ဦးတို့၏စောဒနာလွှာကို ပလပ်(ပယ်)လိုက်သည်။ ယင်းဧရာဝတီတိုင်းဒေသကြီး၊ဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၀၅)၏ဆုံးဖြတ်ချက်ကိုမကျေနပ်ကြ၍ မူလစောဒကများဖြစ်ကြသောဦးချစ်စိန်ပါ(၃)ဦးတို့ကပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒနာလွှာ တင်သွင်းခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃၁/၂၀၀၆)ကိုဖွဲ့စည်းပေးပြီး ဝိဝါဒါဓိကရုဏ်းမှုခင်းကိုဓမ္မဝိနယနှင့်အညီစစ်ဆေးဆုံး ဖြတ်ရန်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များသည်ဤမှုခင်းနှင့်ပတ်သက်၍စိစစ်သုံးသပ်ရမည့်ပဓာနအချက်အလက်များမှာအောက်ပါအတိုင်းစိစစ်သုံးသပ်ရမည်ကို တွေ့ရှိရသည် [အဓိကအချက်အလက်များမှာ]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။မြေယာလှူဒါန်းမှုကိုစိစစ်ခြင်း၊ ၂။ကျောင်းဒါယကာအဆက်ဆက်ကိုစီမံပိုင်ခွင့်ရှိ/မရှိ စိစစ်ခြင်း၊ ၃။ပုဂ္ဂလိက/သံဃိကခွဲခြားစိစစ်ခြင်း၊ ၄။ဒွိသန္တကပြုပေးခြင်း၊သုဒိန္နဒုဂ္ဂတိတမြောက်ပေးခြင်း/ယူခြင်းတို့ပေးမှု၊ယူမှုမြောက်မမြောက်စိစစ်ခြင်း၊ ၅။ရက္ခကဂေါပကစောင့်ရှောက်ထိုက်သူစိစစ်ခြင်း၊ ဤ(၅)ချက်ကိုပဓာနအချက်အလက်များသတ်မှတ်၍ စိစစ်သုံးသပ်ပြီးလျှင်ဓမ္မဝိနယနှင့်အညီဆုံးဖြတ်ချက်ချမှတ်ပေးသွားမည်ဖြစ်ပါသည်။ [အာရာမ်လှူဒါန်းမှုကိုစိစစ်ပြခြင်း]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဦးကျော်တိုး+ဒေါ်သစ်တို့ကျောင်းလှူစဉ်ကအာရာမ်မြေသည်သာသနာ့မြေမဖြစ်နောင်အခါဦးဘစိန်+ဒေါ်သွဲ့တို့ လက်ထက်ရောက်မှ(၁၉၅၈)ခုနှစ်တွင်သာသနာ့မြေမိန့် ကျ၍ပုဂ္ဂလိကထပ်မံလှူဒါန်းခဲ့သည်ဆိုသောဆက်စပ်စကားရပ်အရစောဒကပုဂ္ဂိုလ်တို့သည်မြေကိုဦးပဏ္ဍဝံသ လက်ထက်ရောက်မှပုဂ္ဂလိကလှူဒါန်းမှုမြောက်သည်ဟု ယူဆထားဟန်ရှိပေသည်။ အမရပူရမြို့တော်ဘိုးတော်မင်းတရားမေးလျှောက်၍ ဗားကရာဆရာတော်ဖြေကြားပေးမူသောဝတ်မိုး+ဝတ် မြေမြေလှူဒါန်းမှုနှင့်ပတ်သက်၍ကောက်နှုတ်ဖော်ပြ ရလျှင်-မင်းလှူသောဝတ်မိုး+ဝတ်မြေမြေမှာဆင်းရဲသားတို့ကဲ့သို့အသီးသီးပိုင်၍ဖြစ်စေ၊ငွေကြေးနှင့်ဝယ်၍ ဖြစ်စေလှူသောအရာလည်းရှိသည်။ ဆင်းရဲသားတို့အသီးသီးပိုင်သောမြေပေါ်၌အခွန်အတုတ်ကိုလှူသောအရာလည်းရှိသည်။ ဆင်းရဲသားတို့လှူသော ဝတ်မိုးဝတ်မြေမှာမိမိတို့ပိုင်ထိုက်သောမြေအရကိုသာ လှူထိုက်သည်။ အခွန်အတုတ်ကိုမလှူထိုက်၊အခွန်အတုတ်ကိုမလှူထိုက်သော်ထိုဆင်းရဲသားတို့လှူသောဝတ်မိုးဝတ်မြေ၌ အခွန်အထုတ်ကိုအဘယ်သူယူထိုက်သနည်းဟူမူ ကမ္ဘာဦးမဟာသမ္မလက်ထက်မှပင်မင်းဟူသရွေ့ ဆယ်ခိုင်တခိုင်အခွန်အတုတ်ကိုပိုင်လေသောကြောင့် မင်းယူထိုက်၏၊ထိုသို့ယူထိုက်သော်လည်းကျောင်းဘုရားနှင့်စပ်သည်ဟူ၍ရှေးမင်းအဆက်ဆက်တို့မယူမသိမ်းကုန်(ဝိနယသမူဟ-၂၂၂) သံဃာ,ကျောင်း,ဘုရားဝတ်မိုးဝတ်မြေသည်အနာထပိဏ်သူဌေးဗိမ္ဗိသာရမင်းတို့လှူအပ်သောဇေတဝန်ဥယျာဉ်၊ ဝေဠုဝန်ဥယျာဉ်တို့ကဲ့သို့ကြေးငွေနှင့်ဝယ်၍ဖြစ်စေ၊ မိမိပိုင်၍ဖြစ်စေလှူအပ်သောမြေအရပ်လည်းရှိသည်။ ဆင်းရဲသားတို့အသီးသီးပိုင်သည့်မြေအရပ်ကိုအခွန်ပိုင်မင်းကပယ်နယ်သတ်မှတ်၍အခွန်ကိုသာလှူအပ်သော မြေအရပ်လည်းရှိသည်။ ထိုနှစ်ပါးတွင်ဇေတဝန်ဥယျာဉ်၊ဝေဠုဝန်ဥယျာဉ်ကဲ့သို့ ကြေးငွေနှင့်ဝယ်၍ဖြစ်စေ၊မိမိပိုင်၍ဖြစ်စေလှူအပ်သော မြေအရပ်ဖြစ်အံ့။သာသနာတော်(၅ဝဝဝ)ဆုံးသည့်တိုင် အောင်ထိုမြေအရပ်သည်သံဃာ,ကျောင်းဘုရားဥစ္စာသာဖြစ်သည်။ ဆင်းရဲသားတို့အသီးသီးပိုင်သည့်မြေအရပ်ကိုအခွန်ပိုင်မင်းကပယ်နယ်သတ်မှတ်၍အခွန်ကိုသာလှူအပ်သော မြေအရပ်ဖြစ်အံ့။အခွန်သည်သာသံဃာ,ကျောင်း၊ဘုရားဥစ္စာဖြစ်သည်။(ဝိနယသမူဟ၊နှာ- ၂၃၁)ဆိုခဲ့သော ဝိနယဝိနိစ္ဆယတို့ကိုထောက်ဆ၍ဦးကျော်တိုး+ဒေါ်သစ်တို့ကမိမိတို့ပိုင်သောလယ်မြေကိုလှူဒါန်းခြင်းဖြစ်သည်။ ယင်းသည်ဦးကျော်တိုး+ဒေါ်သစ်တို့လှူစဉ်ကပင်သံဃာ ပိုင်ဝတ်မြေဖြစ်ခဲ့ပြီးဖြစ်သည်။သာသနာ(၅ဝဝဝ)ပတ်လုံး တည်တံ့မည့်သာသနာ့မြေအဖြစ်သို့ရောက်ရှိသွားပြီဖြစ် သည်။(၁၉၅၈)ခုနှစ်တွင်မှသာသနာ့မြေဖြစ်၏-ဆိုသည်မှာအခွန်အတုပ်ကင်းလွတ်သောမြေအဖြစ်အသိအမှတ် ပြုပေးလိုက်ခြင်းဖြစ်ပေသည်။ ဝိနယ ပရိယာယံ ပတွာဟိ“ဒဿာမိ ကရိဿာ”တိ ဝါစာ ဘိန္နာ ဟောတီတိ။ဣမိနာ လက္ခဏေန ဒါနံ နာမ ဟောတိ၊ အဘိဓမ္မပရိယာယံ ပတွာ ပန ဝိဇ္ဇမာနကဝတ်ထုံ အာရဗ္ဗ “ဒဿာမီ”တိ မနသာ စိန္တိကာလတော ပဌာယ ကုသလံ ဟောတိ။(အဋ္ဌသာလိနီ၊ဌ-၁၊ ၁၁၉)ဟူသောအဋ္ဌကထာစကားအတိုင်းဦးကျော်တိုး+ဒေါ်သစ်တို့လှူစဉ်အခိုက်မှာပင်အလှူဒါနပြီးမြောက်ခဲ့သည်။ ထို့ကြောင့်သုခိတာရာမသုံးထပ်ကျောင်းအာရာမ်မြေသည်ဦးကျော်တိုး+ဒေါ်သစ်တို့ကဆရာတော်ဦးမဟိန္ဒဝံသအားလှူဒါန်းစဉ်ကပင်အလှူမြောက်၍သာသနာ့မြေဖြစ်ခဲ့ ပြီးဖြစ်သည်။ ပုဂ္ဂလိကလှူဒါန်းခဲ့ခြင်းဖြစ်၍ဆရာတော်ဦးမဟိန္ဒဝံသ တစ်ပါးတည်းပိုင်ဆိုင်သောဝတ်မိုးဝတ်မြေဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော် မူကြသည်။ သုခိတာရာမသုံးထပ်ကျောင်းကိုကျောင်းဒကာပုဂ္ဂိုလ်တို့ စီမံပိုင်ခွင့်ရှိ/မရှိစိစစ်ပြခြင်း အပရေ ပန အာစရိယာ၊ပ၊ ဝိဟာရသာမိဘူတော ဒါယကော ဝါ တဿ ဝံသေ ဥပ်ပန်နာ ဝါ ဝိစာရတေုံ ဣဿရော။ဟူသော(ဝိ၊လင်၊ဋီ၊ဒု-၅၇)ပါဠိရပ်ကိုထောက် ၍ကျောင်းဒါယကာအဆက်ဆက်တို့ကသုခိတာရာမ သုံးထပ်ကျောင်းကိုစီမံပိုင်ခွင့်ရှိပါသည်ဟုနိုင်ငံတော်အယူခံစောဒနာ၌စောဒနာထားပေသည်။ ယင်းပါဠိစကားရပ်သည်အပရေဆရာတို့၏ယူဆချက် ဝါဒန္တရသာဖြစ်သည်။လဇီသူတော်ပညာကျော်ပုဂ္ဂိုလ်တို့ မနှစ်သက်ကြပေဟု၎င်းစာပိုဒ်အဆုံး၌ပင် “တမ္ပိ အညေ ပဏ္ဍိတာ နာနုဇာနန္တိ”ဟုဝိနယာလင်္ကာရဋီကာကျမ်းပြုဆရာတော်ကိုယ်တိုင်ပယ်မြစ်တော် မူထားပေသည်။ကျမ်းပြုဆရာတော်ကိုယ်တိုင်ပင် ဆက်လက်၍ - ကထံ“ယေန ဝိဟာရော ကာရိတော၊သော ဝိဟာရ သာမိကော”တိ ဝစနံပုဗ္ဗဝေါဟာရဝသေန ဝုတ္တံ၊န ဣဒါနိ ဣဿရဝသေန ယထာဇေတဝနံ ပတ္တဿာမိကောတျာဒိ (ဝိ၊လင်-ဋီ၊ဒု-နှာ-၅၇)ယဒိပိ ဘိက္ခုဿ ဒိန်နကာလတော ပဋ္ဌာယ ဒါယကာ ဝိဟာရသ ဣဿရော၊န ဟောတိ ဝတ်ထုပရိစ်စာဂလက်ခဏတ်တာ ဒါနဿ၊တထာပိ ဒါန ကလတော ပုဗ်ဗေ ဣဿရဘူတပုဗ္ဗက္ကာ ပုဗ္ဗဝေါဟာရ ဝသေန ဝိဟာရသာမိကောတွေဝ ဝေါဟရီယတိ န မုချသော ဣဿရဘာဝတောတိ ဝိညာယကိ၊တသမာ သံဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါ ဒိန်နကာလတော ပဋ္ဌာယ သံဃာဒယော ပဋိဂ္ဂါဟကာ ဧဝ ဝိစာရေတုံ ဣဿရာ န ဒါယကော။(ဝိ-လင်၊ဋီ-ဒု-၅၈)ဟုပြဆိုထား ပေသည်။ အဓိပ္ပါယ်မှာကျောင်းကိုမလှူမီရှေးအဖို့၌ကျောင်းဒါယကာတို့ပိုင်ဆိုင်၍ကျောင်းဒါယကာတို့ကို “ဝိဟာရသာမိ”ဟုခေါ်ဆိုခြင်းဖြစ်သည်။လှူဒါန်းပြီးပါက ကျောင်းဒါယကာအစိုးတရစီမံပိုင်ခွင့်မရှိတော့ပေ။ မလှူမီရှေးအဖို့ကပိုင်ဆိုင်ခဲ့ဖူးသည်ကိုထောက်ဆ၍ ဘူတပုဗ္ဗနည်းအားဖြင့်“ဝိဟာရသာမိ”ဟုခေါ်ဆိုသုံးနှုန်းခြင်းဖြစ်ပေသည်။ လှူဒါန်းပြီးသောအခါမှစ၍ဒါယကာတို့စီမံပိုင်ခွင့်မရှိတော့ပေ။သံဃာ၊ဂိုဏ်း၊ပုဂ္ဂိုလ်တို့သာစီမံပိုင်ခွင့်ရှိကြပေသည်။ ဤသုခိတာရာသုံးထပ်ကျောင်းသည်လည်းဦးကျော်တိုး +ဒေါ်သစ်တို့ကဆရာတော်ဦးမဟိန္ဒအားပုဂ္ဂလိကရေစက် ချ၍လှူဒါန်းပြီးချိန်မှစ၍ဆရာတော်ဦးမဟိန္ဒသာလျှင် စီမံပိုင်ခွင့်ရှိသည်။ ကျောင်းဒါယကာအဆက်ဆက်စီမံပိုင်ခွင့်မရှိတော့ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ [မူလပုဂ္ဂလိကမှသံဃိကဖြစ်လာပုံ]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

သုခိတာရာမသုံးထပ်တိုက်ကျောင်းနှင့်အာရာမ်မြေသည် ကျောင်းဒါယကာဦးကျော်တိုး+ဒေါ်သစ်တို့ကဆရာတော်ဦးမဟိန္ဒဝံသအားပုဂ္ဂလိကလှူဒါန်းခဲ့ပြီးချိန်မှစ၍အာရာမ်မြေနှင့်တကွအဆောက်အဦတို့သည်ဆရာတော် ဦးမဟိန္ဒဝံသပိုင်ဆိုင်သောပုဂ္ဂလိကကျောင်းနှင့်အာရာမ် မြေဖြစ်ခဲ့သည်။ သော ပုဂ္ဂလော အတ္တနော ဇီဝမာနက္ခဏေယေဝ သဒ္ဓိဝိဟာရိကာဒီနံ နိဿဇ္ဇိတွာ ဒေတိ၊တဒါ တေ သဒ္ဓိဝိဟာရိကာယော သာမိကာ ဟောန္တိ၊ပရိဘုဉ္စတုံဝ အညဿ ဝါ ဒါတုံ ဣဿရာ။ယဒိ ပန ကဿစိ အဒတွာ ကာလံ ကရောတိ တဒါ သံဃောဝ တဿ ဝိဟာရဿ သာမိကော ဟောတိ။(ဝိ-လင်၊ဋီ-ဒု-၆၇) ပုဂ္ဂလိကကျောင်းပိုင်ရှင်သည်အသက်ထင်ရှားရှိစဉ် လွှဲအပ်၍သုဒိန္နသုဂ္ဂဟိတမြောက်ပေးခဲ့ပါမူအပေးခံရသူ (ဝါ)ခံယူသူရရှိနိုင်သည်။စီမံပိုင်ခွင့်ရှိသည်။ တစ်စုံတစ်ယောက်ကိုမျှမပေးအပ်ဘဲပျံလွန်ခဲ့သော် ကျောင်းနှင့်အာရာမ်မြေသည်သံဃာပိုင်စိုးထိုက်သည်။ မတသန္တကသံဃိကဖြစ်ပေသည်။ ယခုအမှု၌ဆရာတော်ဦးမဟိန္ဒဝံသမှဆရာတော် ဦးပဏ္ဍဝံသတို့လွှဲအပ်ပေးခဲ့သောအထောက်အထား၊ စောဒနာ၊ထွက်ဆိုချက်တို့ကိုခိုင်ခိုင်မာမာမတွေ့ရပေ။ ထို့ကြောင့်ဆရာတော်ဦးမဟိန္ဒဝံသပျံလွန်တော်မူသည်မှစ၍သုခိတာရာမသုံးထပ်ကျောင်းနှင့်အာရာမ်မြေသည် “မတသန္တကသံဃိက”ဖြစ်ခဲ့ပြီးဖြစ်ပေသည်။ မတသန္တကသံဃိကကျောင်းဟုလက်ခံခဲ့ကြ၍သာ ဆရာတော်ဦးပဏ္ဍဝံသ၊ဦးအဂ္ဂဓမ္မ၊ဦးဉာဏ၊ဦးနန္ဒိယတို့သည်အစဉ်အဆက်အာစရိယပရမ္ပရအဖြစ်ထိန်းသိမ်းစောင့်ရှောက်နေထိုင်ခဲ့ကြခြင်းဖြစ်ပေသည်။ ထို့ကြောင့်သုခိတာရာမသုံးထပ်ကျောင်းတိုက်နှင့် အာရာမ်မြေသည်မူလပုဂ္ဂလိကမှပြောင်းလဲလာသော “မတသန္တကသံဃိက”သာဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်တော်မူကြသည်။ [သံဃိကကျောင်းအမျိုးအစား]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

နဝဝိဟာရပေိ ပတိဌာနကာလပေိ ဒါနကာလပေိ ဧကစ်စေ သံဃံ ဥဒ္ဒိဿ ကရောန္တိ၊ဧကစ်စေ ပုဂ္ဂလံ။ ပုဗ္ဗေဝ ပုဂ္ဂလံ ဥဒ္ဒိဿကကေပိ အတ်ထကာမာနံ ပဏ္ဍိတာနံ ဝစနံ သုတွာ ပုဂ္ဂလိကဒါနတော သံဃိက ဒါနမဝေ မဟပ်ဖလတရန်တိ သဒ်ဒဟိတှာ သံဃိကေ ကရောန္တာပိ ဒါယကာ သန္တိ၊ပုဂ္ဂလိကဝသေန ပဋိဂ္ဂဟိတေ ပေါရာဏကဝိဟာရေပိ ကေစိဘိက္ခု မရဏကာလေ သံဃဿ နိယျာတေန္တိ။ ကေစိ ကဿစိ အဒတွာ မရန္တိ၊ တဒါသော ဝိဟာရော သံဃိကော ဟောတိ။ (ဝိ၊လင်၊ဋီ-ဒု-၅၆) ၁။အာဂတာနာဂတစာတုဒ်ဒိသသံဃာကိုရည်မှန်း၍ လှူအပ်သောကျောင်း၊ ၂။မူလကပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုရည်မှန်း၍ ဆောက်လုပ်ခဲ့ပြီးပညာရှိတို့၏ပုဂ္ဂလိကထက်သံဃိကဒါနကပို၍အကျိုးကြီး၏ဟူသောစကားကိုယုံကြည်၍ သံဃိကလှူဒါန်းသောကျောင်း၊ ၃။မူလပုဂ္ဂလိကအဖြစ်အလှူခံခဲ့ပြီးသံဃာကိုအပ်နှံခဲ့၍ သံဃိကဖြစ်သောကျောင်း၊ ၄။မူလပုဂ္ဂလိကအဖြစ်အလှူခံခဲ့ပြီးတစ်စုံတစ်ယောက်ကိုမျှပေးအပ်ခြင်းမရှိဘဲသေလွန်သွားသဖြင့်သံဃိက ဖြစ်သွားသောမတသန္တကသံဃိကကျောင်းဟု(၄)မျိုး ပြဆိုထားပေသည်။ ယခုအငြင်းပွားသောဓနုဖြူမြို့၊သုခိတာရာမသုံးထပ်ကျောင်းနှင့်အာရာမ်မြေသည်ဆရာတော်ဦးမဟိန္ဒဝံသက ပုဂ္ဂလိကအလှူခံခဲ့ပြီးတစ်စုံတစ်ယောက်ကိုမျှလွှဲအပ်သွားခြင်းမရှိသဖြင့်သံဃိကဖြစ်သွားသောမတသန္တကကျောင်းဖြစ်ပေသည်။ ဝိနယဝိနိစ်ဆယ ဟိ အာဂတေ ဂရုကေ ဌာတဗျဗံ၊ဧသာ ဝိနယဓမ်မတာ။(ဝိ၊ဋ္ဌ၊၁၊၂၇၆) ဝိနည်းအဆုံးအဖြတ်ပြုရာ၌ပုဂ္ဂလိကထက်သံဃိကအရာ ဌာနကပို၍အလေးဂရုပြုအပ်၏ဟုအလေးဂရုသို့သာလိုက်ရမည်ဟုပြဆိုထားသောအဋ္ဌကထာစကားနှင့်အညီ ဤသုဓိကာရာမသုံးထပ်ကျောင်းတိုက်ကိုပုဂ္ဂလိက, ဂဏိကဖြစ်သည်ဟုပြောဆိုသုံးသပ်ခြင်းထက်သံဃိကဖြစ်သည်ဟုပြောဆိုသုံးသပ်ဆုံးဖြတ်ခြင်းသည်သာ ဂရုကအရာရောက်ပေသည်၊ထို့ကြောင့်သုခိတာရာမသုံးထပ်ကျောင်းသည်မတသန္တကသံဃိကသာဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကတညီ တညွတ်တည်းသုံးသပ်တော်မူခဲ့ကြခြင်းဖြစ်ပေသည်။ [သံဃိကကျောင်းကိုစီမံသုံးစွဲရပုံ]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

သံဃိကေန ဘန္တေ ကတံ သံဃိကပရိဘောဂေန ဝလဥျဇထာတိ ဝတ်တဗျဗံ။(ဝိ-ဋ်ဌ-၁-၃၄၂) ယောပန ပုဂ္ဂလိကပရိဘောဂေန ပရိဘုဉ္ဇတိ၊ အာဂတာနာဂတာနံဝုဎ်ဍတရာနံ န ဒေတိ၊တသ္မိံ နဋ္ဌေ တဿ ဂီဝါ ဟောတိ။(ဝိ၊ဋ္ဌ၊၁၊၃၄၂) သံဃာနုမတိယာ ဧဝ ပုဂ္ဂလော ပရိဘုဉ္စိတုံ လဘတိ၊ န အတ္တနော ဣဿရဝတာယာတိ ဒဋ္ဌဗ္ဗာ။ (ဝိ-လင်-ဋီ-ဒု၊ ၆၇) သံဃိကကျောင်းကိုသံဃိကသုံးဆောင်ခြင်းဖြင့်သာ သုံးဆောင်အပ်၏။ပုဂ္ဂလိကအဖြစ်အစိုးတရမသုံးဆောင် အပ်၊သံဃာ၏ဆန္ဒအတိုင်းသာရက္ခက,ဂေါပကအဖြစ် သုံးဆောင်ထိုက်သည်။ မိမိပိုင်သောပုဂ္ဂလိကကျောင်းကဲ့သို့တစ်စုံတစ်ယောက်အားပေးလှူခြင်း၊ဒွိသန္တကပြု၍ပေးခြင်း၊သုဒိန္န သုဂ်ဂဟိတအထမြောက်အပိုင်ပေးခြင်းများမပြုအပ်ဟု ထင်ရှားစွာမိန့်ဆိုထားပေသည်။ သုခိတာရာမသုံးထပ်ကျောင်းသည်ဆရာတော် ဦးမဟိန္ဒဝံသပျံလွန်တော်မူသည်မှစ၍သံဃိကသံဃာပိုင် ဖြစ်သည်။ဦးဘစိန်+ဒေါ်သွဲ့တို့ကဦးပဏ္ဍဝံသကိုရဟန်းခံပြီးထပ်မံ၍ကျောင်းတိုက်ကိုပုဂ္ဂလိကလှူသော်လည်း အချည်းအနှီးသာဖြစ်ပေတော့သည်။ အန္တောသီမဋ္ဌကဖြစ်သောဆရာတော်ဦးပဏ္ဍဝံသ၊ ဦးအဂ္ဂဓမ္မ၊ဦးဉာဏတို့သည်ရက္ခက၊ဂေါပကအဖြစ် သံဃိကကျောင်းထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းသာဖြစ်ပေသည်။ ဆရာတော်ဦးမာလာလက်ထက်တွင်မှစာသင်တိုက် တည်ထောင်၍သာသနာပြုလိုသောဆရာ,ဒကာအများ၏ စေတနာထက်သန်မှုကိုအခွင့်ကောင်းယူဆရာတော် ဦးဂုဏာနန္ဒမှဒွိသန္တကပြုပေးရန်တောင်းဆိုသဖြင့် ဆရာတော်ဦးမာလာကဦးရေ၀တဓမ်မကိုဒွိသန္တကစာချုပ်ပြုလုပ်၍ပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ပေးသော်လည်းဣဿရအနေဖြင့်ပေးပိုင်ခွင့်မရှိ သောသံဃိကကျောင်းတိုက်ဖြစ်၍“ပေးကားပေး၏ မရနိုင်”သည်သာဖြစ်သည်။ မိမိကိုယ်တိုင်အပိုင်မရနိုင်သောသံဃိကကျောင်းကို ဒဂုံပရိယတ္တိကျောင်း၊ရန်ကုန်မြို့၌ဆရာတော်ဦးဂုဏာနန္ဒ သုဒိန်န၊သုဂ္ဂဟိတအပိုင်ပေးခြင်းသည်ဦးဂုဏာနန္ဒ မရနိုင်ရုံသာမကဘဲ - ဗဟိ ဥပစာရသီလ နိသီဒိတွာ ဣဿရဂတာလ ပရိဘုဉ္စတော ဝီဝါ။(ဝိ-ဋ္ဌ၊၁၊၃၃၆) ဣဿရသဘောဖြင့်ပေးခဲ့သောဦးရေဝတမ္မသည် ဘဏ္ဍာစားပင်ထိုက်၏ဟုအဋ္ဌကထာဆရာမိန့်မှာထား ပေသည်။ထိုစကားရပ်တို့ကိုထောက်ဆ၍ဒွိသန္တက ယူခဲ့သောဦးရေ၀တဓမ်မသည်လည်းကောင်း၊ ဦးရေဝတဓမ်မထံမှတစ်ဆင့်အလှူခံရယူထားသော ဦးဂုဏာနန္ဒသည်လည်းကောင်း၊ထပ်ဆင့်၍ဒွိသန္တကပြ၍ အပေးခံရသောဦးပရမသည်လည်းကောင်းသုခိတာရာမသုံးထပ်ကြောင်းနှင့်အရာအားလုံးကိုမရနိုင်ကြသည်သာဖြစ်ပေသည်။ [သံဃိကကျောင်းမှနှင်ထုတ်ထိုက်ခြင်း]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဘဏဍွနကာရကကလဟကာရကမဝေ သကလသံဃာရာမတော နိက်ကဎ်ဍိတုံ လဘတိ၊ သောဟိ ပက်ခံ လဘိတွာ သံဃမ္ပိ ဘိန်​ဒေယျ၊ (ဝိ-ဋ္ဌ၊၃၊၄၇၊၄၈) ပိုင်ခွင့်အစိုးတရစီမံပိုင်ခွင့်မရှိသောသံဃိကကျောင်းကိုဆရာတော်ဦးမာလာကပေးသော်လည်းမရနိုင်သည်သာဖြစ်သောကြောင့်ဦးရေဝတမ္မသည်လည်းကောင်း၊ ဦးရေဝတဓမ်မထံမှတဆင့်သုဒိန်န၊သုဂ်ဂဟိတပုဂ္ဂလိကအနေဖြင့်ရယူထားသောဗဟိသီမဋ္ဌကရန်ကုန်မြို့၊ ဒဂုံပရိယတ္တိဆရာတော်ဦးဂုဏာနန္ဒသည်လည်းကောင်း၊ ဦးဂုဏာနန္ဒနှင့်ဒွိသန္တတပြုထားသောဦးပရမသည်လည်းကောင်းအဓမ်မပက်ခပုဂ်ဂိုလ်များဖြစ်၍ ဘဏ္ဍနကာရက၊ကလဟကာရကအကြောင်းတို့ကြောင့် မတသန္တကသံဃိကဖြစ်သောဓနုဖြူမြို့၊အမှတ်(၂) ရပ်ကွက်ရှိသုခိတာရာမသုံးထပ်ကျောင်းတိုက်မှလည်းကောင်း၊ကျောင်းတိုက်အာရာမ်တွင်းမှလည်း ကောင်း၊နှင်ထုတ်ထိုက်သူများဖြစ်ကြသည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်ယူဆ တော်မူကြသည်။ [ရက်ခက၊ဂေါပကအပ်နှံသင့်ပုံကိုပြဆိုခြင်း]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

သံဃိကကျောင်းဖြစ်သဖြင့်သံဃာကစီမံခန့်ခွဲ၍ အစောင့်အရှောက်ပုဂ္ဂိုလ်ကိုအပလောကနကံဖြင့် ထားရမည်ဖြစ်သည်။ယခုခေတ်အခါသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည်သံဃာ့ကိစ္စမှာသာသနာရေးရာကိစ္စများကိုတာဝန်ယူဆောင်ရွက်နေကြသောသံဃသမ္ပုတိရပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ကြောင့်ဓနုဖြူမြို့နယ်သံဃနာယကအဖွဲ့က ရပ်/ကျေးသံဃနာယကအဖွဲ့နှင့်မဆန့်ကျင်ဘဲရပ်/ကျေး သံဃနာယကအဖွဲ့ဝင်များ၏ဆန္ဒကိုရယူပြီး - ဝိဟာရေ ကာ​​ရယေ ရမ်မေ၊ဝါသယေတ္တ ဗဟုဿုတေ၊ တေသံ အန်နဥ်စ ပါနဉ္စ၊ဝတ္ထသေနာသနာနိစ။(ဝိ-၄၊ ၂၉၂) ဟူ၍မြတ်စွာဘုရားဟောတော်မူအပ်သည်နှင့်အညီ ကျောင်း၌အစဉ်အဆက်ကပစ္စည်းလေးပါးလှူဒါန်းပြီး လှူဒါန်းဆဲ၊လှူဒါန်းလတ္တံ့ဖြစ်သောဒါယကာ၊ဒါယိကာမများ၏အလိုနှင့်လျော်ညီလောက်သောပုဂ္ဂိုလ်ကို ရွေးချယ်၍ရပ်/သံဃနာယကအဖွဲ့ဝင်အားလုံးတို့ရှေ့ မှောက်ဝယ်ဓနုဖြူမြို့အမှတ်(၂)ရပ်ကွက်၊သုခိတာရာမသုံးထပ်ကျောင်းတိုက်ကိုရက္ခက,ဂေါပကဓုဝဝါသ၊ အနုပဋ္ဌာနီယကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ်အပလောကနကံဖြင့်တင်မြှောက်အပ်နှံပေးရမည်ဖြစ်ပေသည်။ [ခြုံငုံသုံးသပ်ချက်]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။ဓနုဖြူမြို့၊အမှတ် (၂)ရပ်ကွက်ရှိသုခိတာရာမသုံးထပ်ကျောင်းတိုက်နှင့်အာရာမ်၊ဝိဟာရ၊ဝိဟာရဝတ္ထုများသည် ဆရာတော်ဦးမဟိန္ဒဝံသအားဦးကျော်တိုး+ဒေါ်သစ်တို့မှ လှူဒါန်းမှုမြောက်၍ဆရာတော်ဦးမဟိန္ဒဝံသပုဂ္ဂလိကပိုင်ဖြစ်ခြင်း၊ ၂။ဆရာတော်ဦးမဟိန္ဒဝံသကိုရေစက်ချလှူဒါန်းပြီးသည်မှနောက်ကာလ၌ကျောင်းဒါယကာလူပုဂ္ဂိုလ်တို့ စီမံပိုင်ခွင့်မရှိတော့ခြင်း၊ ၃။ကျောင်းဒါယကာများမပိုင်ဆိုင်တော့၍ရယူလိုကြောင်းစောဒနာထားသောထွက်ဆိုချက်တို့ကို သုံးသပ်ရန်မလိုအပ်တော့ခြင်း၊ ၄။ဆရာတော်ဦးမဟိန္ဒဝံသကမည်သူတစ်စုံတစ်ယောက်ကိုမျှပေးစွန့်ခဲ့ခြင်းမရှိသည့်ဝိဟာရ၊ဝိဟာရဝတ္ထုများ သည်“မတသန္တကသံဃိက”သာဖြစ်ခြင်း၊ ၅။မတသန္တကသံဃိကဖြစ်၍ဆရာတော်ဦးမာလာက ပေးသော်လည်းဦးရေဝတဓမ်မမရရှိခြင်း၊ဦးရေဝတဓမ္မမှ ပေးခဲ့သောဦးဂုဏာနန္ဒ၊ဦးပရမတို့သည်မရရှိနိုင်သည့သာ ဖြစ်ခြင်း၊ ၆။ဘဏ္ဍနကာရက,ကလဟကာရကအကြောင်းများကြောင့်အသင်းအဖွဲ့ပက္ခဖြစ်သောဦးရေဝတဓမ္မ၊ ဦးဂုဏာနန္ဒ၊ဦးပရမတို့ကိုသုခိတာရာမသုံးထပ်ကျောင်း တိုက်အတွင်းမှဖယ်ရှားစေသင့်ခြင်း၊ ၇။မတသန္တကသံဃိကကျောင်းကိုထိန်းသိမ်းစောင့် ရှောက်ရန်ဓနုဖြူမြို့နယ်သံဃနာယကအဖွဲ့ကသံဃာ့ကိုယ်စားပြု၍အင်္ဂယုတ္တပုဂ္ဂိုလ်ကိုရှာဖွေပြီးရက္ခက, ဂေါပက၊ဓုဝဝါသ၊အနုဋ္ဌာပနိယအဖြစ်တင်မြှောက်ပေးသင့်ခြင်း၊ ဤအကြောင်းများကြောင့်အယူခံစောဒကဦးချစ်စိန်ပါ (၃)ဦးနှင့်ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်၊ဒဂုံပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်အယူခံစုဒိတက ဦးဂုဏာနန္ဒတို့ဖြစ်ပွားသောဧရာဝတီတိုင်း၊ဓနုဖြူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိသုခိတာရာမသုံးထပ်ကျောင်းတိုက် ပိုင်ဆိုင်အငြင်းပွားသောဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်းကို နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃၁/၀၆)ဝိနည်းဓိုရ် ဆရာတော်များကဝိနည်းတရားတော်နှင့်အညီ အောက်ပါအတိုင်းဆုံးဖြတ်ချက်ချလိုက် [ဆုံးဖြတ်ချက်]

၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့၊အမှတ်(၂) ရပ်ကွက်ရှိသုခိတာရာမသုံးထပ်ကျောင်းတိုက်သည် မတသန္တကသံဃိကဖြစ်သည်။ ၂။ဦးရေဝတဓမ္မ၊ဦးဂုဏာနန္ဒ၊ဦးပရမတို့နှင့်အပေါင်းပါများသည်ဝိနည်းဓမ္မကံအရပိုင်ဆိုင်မှုမရှိ၍သုခိတာရာမသုံးထပ်ကျောင်းတိုက်အတွင်းမှထွက်ခွာဖယ်ရှားပေးရမည်။ ၃။ဓနုဖြူမြို့နယ်သံဃနာယကအဖွဲ့ကအင်ဂယုတ္တပုဂ္ဂိုလ်ကိုစိစစ်ရွေးချယ်၍ရက္ခကဂေါပကဓုဝဝါသ၊အနုဌာပနီယအဖြစ်တင်မြှောက်ရမည်။ ၄။အင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်ရာ၌သုခိတာရာမသုံးထပ်ကျောင်းတိုက်၏သိဿာနုသိဿများမှဦးစားပေး ရွေးချယ်တင်မြှောက်ရမည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဉ်/ဘွဲ့တော်/တာဝန်/ကျောင်း/ကျောင်းတိုက်/မြို့ ၁။ဘဒ်ဒန်တကဝိန်ဒာစာရ(သဘာပတိ)

ဓမ္မာလင်္ကာရလျှပ်စစ်ကျောင်း၊သာစည်မြို့။

၂။ဘဒ္ဒန္တသီလာစာရ(အဖွဲ့ဝင်) ပထမကျော်ဓမ္မာစရိယတိုက်သစ်၊မိတ္ထီလာမြို့။ ၃။ဘဒ္ဒန္တသီလာစာရာဘိဝံသ(အဖွဲ့ဝင်) မိုးကောင်းတိုက်၊မန္တလေးမြို့။ ၄။ဘဒ္ဒန္တပဏ္ဍိတ(အဖွဲ့ဝင်) တန့်ကြည်တောင်၊ပုဂံတိုက်၊မန္တလေးမြို့။ ၅။ဘဒ္ဒန္တကဝိဓဇ(အဖွဲ့ဝင်) တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ရန်ကုန်မြို့။

                             ပြီးပါပြီ။
၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၃၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၉)

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊မြို့မ(၄)ရပ်ကွက်၌ဖြစ်ပွါးသော ဦးဝိစက္ကနှင့်ဦးနန္ဒောဘာသပါ(၃)ဦးတို့၏ အောင်အေးကျောင်း-ဝိဝါဒါဓိကရုဏ်းမှုခင်း [အောင်အေးကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မွန်ပြည်နယ်၊မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ကန်ကြီးပတ် လမ်းဘေးတွင်တည်ထားသောအောင်အေးစေတီကို ၁၃၂၄-ခုနှစ်၊တပေါင်းလဆန်းပိုင်းတွင်အလံတစ်ရာအဖွဲ့၊ မုဒုံဇာတိသားဖြစ်သောဦးစောမြိုင်သည်အလံတစ်ရာကျောင်းမှမုဒုံမြို့သို့ရသေ့ကြီးအဝတ်ဖြင့်ရောက်ရှိလာပြီး တရုတ်သူဌေး(လျှောင်အလုံ)ပိုင်ဦးပိုင်အမှတ်(၁၄/ခ) ဟူသောမြေကိုအလှူခံလျက်တည်ထားကိုးကွယ်ခဲ့သည်။ ယင်းစေတီကိုအုတ်မြစ်ချခြင်း၊ထီးတော်တင်ခြင်းတို့ကို ပြုသောနေ့တို့၌တနင်္ဂနွေနေ့ချည်းဖြစ်၍အောင်အေး စေတီဟုရသေ့ကြီးကပင်ဘွဲ့အမည်မှည့်ခေါ်ခဲ့သည်။ ဤသို့စေတီတည်ပြီးနောက်ရသေ့ကြီးသည်အလံတစ်ရာသို့ပြန်သွားပြီးရဟန်းပြုကာဦးဇောတိပါလဘွဲ့အမည်ဖြင့် အောင်အေးစေတီသို့တစ်ဖန်ပြန်လာရာ၄င်း၏သူငယ် ချင်းဦးစိတ်တုတ်ကဦးဇောတိပါလသီတင်းသုံးနေထိုင်ရန် စေတီအနီးတွင်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ၁၃၂၇-ခုနှစ်အတွက်ဦးဇောတိပါလကကန်ကြီးဓမ္မရာဇိန်ကျောင်းဆရာတော်ကိုကျောင်းစာရင်းဝင်အဖြစ်အသိ အမှတ်ပြုပေးပါရန်လျှောက်ထားခဲ့ရာ၄င်းဆရာတော်က စေတီအမည်ဖြင့်လည်းကောင်း၊ဘေးမဲ့ဘောဇဉ်သုံး ဆောင်ခြင်းကိုအကြောင်းပြု၍လည်းကောင်းအောင်အေးဘေးမဲ့ကျောင်းဟူသောအမည်နာမဖြင့်ကျောင်းစာရင်း ဝင်အဖြစ်အသိအမှတ်ပြုပေးခဲ့လေသည်။ ထိုသို့အောင်အေးကျောင်း၊ကျောင်းစာရင်းဝင်ဖြစ်လာပြီးနောက်၁၃၃ဝ-ခုနှစ်၊နယုန်လဆန်း(၇)ရက်(၂-၆-၆၈)နေ့တွင်ဆွမ်းစားပင့်လျှောက်သဖြင့်ကြွရောက်လာကြသော ရေတောင်၊ကော့လှုံစသောဘေးမဲ့ကျောင်းများမှ ဆရာတော်များနေ့ဆွမ်းဘုဉ်းပေးကြပြီးနောက်ရေတောင်ဆရာတော်ကပင်ဘေးမဲ့ကျောင်းအချင်းချင်းညီညီညွတ်ညွတ်နေထိုင်ကြပြီးလိုအပ်သည့်ကိစ္စအဝဝတို့ကိုဝိုင်းဝန်း အထောက်အကူပြုကြစေရန်အလို့ငှာအဘယနိကာယပဝါရဏာပြုအုပ်စုတစ်ခုဖွဲ့စည်းရန်​သြဝါဒချီးမြှင့်ရာမှ ကြွရောက်လာကြသောဆရာတော်များ၏သဘောတူညီမှုဖြင့်အဘယနိကာယပဝါရဏာအုပ်စုစတင်ဖြစ်ပေါ်လာခဲ့သည်။ဤသို့ဖြင့်အဘယနိကာယပဝါရဏာပြုအုပ်စုဝင်ကျောင်းများမှာရေတောင်၊ကော့လှုံ၊လှိုင်ကမိန်၊ ထီးပေါက်ခလို၊ရွှေဂူ၊ဓမ္မသာသနာနှင့်အောင်အေးကျောင်းတို့ဖြစ်ကြပြီးစုစုပေါင်း(၈)ကျောင်းရှိပါသည်။ ယင်းသို့၁၃၃၀-ခုနှစ်တွင်အဘယနိကာယပဝါရဏာပြု အုပ်စုဖွဲ့စည်းထားပြီးဖြစ်သော်လည်းအုပ်စုဂိုဏ်းဝင်ကျောင်းများလိုက်နာရန်စည်းမျဉ်းကိုမူအောင်အေးကျောင်း၏ပဉ္စမမြောက်ဆရာတော်ဦးကေတုမာလာလက်ထက်၁၃၅၇-ခုနှစ်၊သီတင်းကျွတ်လပြည့်ကျော် (၂)ရက်(၁၀-၁၀-၉၅)နေ့တွင်မှရေးဆွဲခဲ့ကြခြင်းဖြစ်သည် ၄င်းအောင်အေးကျောင်း၌မူလပဌမဦးဇောတိပါသီတင်း သုံးနေထိုင်၍ဒုတိယဦးကောဏ္ဍညတတိယတရုတ်ဘုန်း ကွီး၊စတုတ်ထဦးပညာသာမိ၊ပဉ်စမဦးကတေုမာလာ (ကော့လုံဆရာတော်)တို့သီတင်းသုံးနေထိုင်ပြီးကျောင်းကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ၁၃၄၇-ခုနှစ်တွင်ဦးကေတုမာလာကိုအဘယနိကာယပဝါရဏာပြုအုပ်စုကသထုံမြို့နယ်မြသပိတ်တောင်မှ ပင့်ခဲ့ပြီးအောင်အေးကျောင်း၌ကျောင်းထိုင်အဖြစ်တင် မြှောက်ခဲ့ခြင်းဖြစ်သည်။ ကော့လုံဆရာတော်ဦးကေတုမာလာသည်၁၃၅၈-ခုနှစ်၊ နယုန်လတွင်မော်လမြိုင်တောင်ပိုင်း၊စုပေါင်းခြံကျောင်းသို့ပြောင်းရွှေ့သီတင်းသုံးနေထိုင်သည်။ ထိုသို့နေထိုင်စဉ်ကျန်းမာရေးမကောင်းသဖြင့်ဝါခေါင်လပြည့်ကျော်(၁)ရက်နေ့တွင်အောင်အေးကျောင်းသို့ ပြန်ကြွလာပြီးမကြာမီ၄င်းလပြည့်ကျော်(၄)ရက်နေ့တွင် ပျံလွန်တော်မူသည်။ ကော့လုံဆရာတော်ပျံလွန်တော်မူပြီးနောက်အဘယနိကာယပဝါရဏာပြုဂိုဏ်းကဦးဝိစက္ကအားကျောင်းထိုင်အင်္ဂါနှင့်မပြည့်စုံဟုဆိုကာယာယီကျောင်းစောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ထိုသို့ယာယီကျောင်းစောင့်အဖြစ်နေထိုင်စဉ်ဦးဝိစက္ကသည်ဂျုံးဂျုံးကျပဝါရဏာဂိုဏ်းသို့ပြောင်း၍ပဝါရဏာပြုခဲ့သည်။ ထိုသို့ဂိုဏ်းပြောင်း၍ပဝါရဏာပြုသည်ကိုအဘယနိကာယပဝါရဏာပြုဂိုဏ်းအကြီးအကဲဆရာတော်များ သိရှိကြသောအခါဦးဝိစက္ကအားယာယီကျောင်းစောင့်အဖြစ်မှဖျက်သိမ်း၍အခြားတစ်ပါးအားကျောင်းထိုင်တင်မြှောက်ရန်စီစဉ်ကြလေသည်။ ယင်းသို့စီစဉ်ကြပြီးလျှင်ကျောင်းထိုင်တင်မည့်ရက်ကို ရွေးချယ်သတ်မှတ်၍ပင့်သံဃာများကိုလည်းပင့်လျှောက် ထားကြလေသည်။ဦးဝိစက္ကအားလည်းပင့်သံဃာတစ်ပါးအဖြစ်ဖြင့်ပင့်လျှောက်ခဲ့ကြသည်။ပင့်စာရပြီးနောက် ဦးဝိစက္ကသည်ကျောင်းထိုင်တင်ပွဲပြုလုပ်သောနေ့၌ အောင်အေးကျောင်းအဆောက်အဦများကိုသော့ပိတ်၍ ရှောင်ထွက်သွားခဲ့သည်။ ထိုအခါဂိုဏ်းအကြီးအကဲဆရာတော်များကကျောင်းတင်ပွဲပြုလုပ်နိုင်ရန်ဦးဝိစက္ကပိတ်ထားသောသော့များကိုဖျက်၍ကျောင်းတင်ပွဲပြုလုပ်ခဲ့ကြသည်။ဦးဝိစက္ကသည် ယင်းသို့သော့ဖျက်၍ကျောင်းတင်ပွဲပြုလုပ်နေထိုင်သည်ကိုပြန်ရောက်လာသောအခါသိရှိရသဖြင့်(၂၁-၂-၂၀၀၀) နှင့်(၂၄-၂-၂၀၀၀)ရက်စွဲပါစာဖြင့်မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီထံသို့ရေတောင်ဆရာတော်အမှူးရှိသောသံဃာများအောင်အေးကျောင်းသို့အတင်းအဓမ္မဖျက်ဆီးဝင်ရောက်နေထိုင်ခြင်းကို အရေးယူဆောင်ရွက်ပေးပါရန်တိုင်ကြားခဲ့သည်။ ထို့နောက်ဦးဝိစက္ကသည်ရေတောင်ဆရာတော်ဦးပညာဝရပါ(၃)ပါးတို့အားအနုဝါဒါဓိကရုဏ်းမှုခင်းဖြင့်မြို့နယ် သံဃနာယကအဖွဲ့ထံစောဒနာလွှာတင်သွင်းခဲ့သည်။ မြို့နယ်သံဃနာယကအဖွဲ့ သည်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ကိုဖွဲ့စည်းပေး၍အနုဝါဒါဓိကရုဏ်းမှုခင်းကို ဆုံးဖြတ်စေသည်။မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁/၂၀၀၁)ကအောက်ပါအတိုင်းဆုံးဖြတ်ချက် ချခဲ့ပါသည်။ [ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(၁)ပြန်လည်အပ်နှံပေးပါကသုဒ္ဓ၊ (၂)ပြန်လည်အပ်နှံမပေးခဲ့သော်အသုဒ်ဓဖြစ်သည်။ မူလစုဒိတကဦးပညာဝရပါ(၃)ပါးတို့သည်ယင်းသို့မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)၏ဆုံးဖြတ် ချက်ကိုကျေနပ်မှုမရှိ၍ပြည်နယ်သံဃနာယကအဖွဲ့ထံသို့ အယူခံဝင်လွှာတင်သွင်းခဲ့ကြသည်၊ပြည်နယ်သံဃနာယကအဖွဲ့ကလည်းပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းပေး၍ဆုံးဖြတ်စေခဲ့ပြန်ရာပြည်နယ်သံဃဝိနိစ္ဆယ အဖွဲ့အမှတ်(၁/၂၀၀၁)ကအောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်ခဲ့လေသည်။ [ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အချင်းဖြစ်အောင်အေးဘေးမဲ့ကျောင်းသည်သံဃိကကျောင်းဖြစ်၍သံဃာအားလုံး၏ဓုရနိက်ခေပမဖြစ်နိုင်သောကြောင့်ဦးပညာဝရပါ(၃)ပါးသည်သုဒ္ဓဖြစ်သည်။ ယင်းအနုဝါဒါဓိကရုဏ်းမှုခင်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့အယူခံမတက်ရောက်ဘဲနေခဲ့သဖြင့် ဦးဝိစက္ကသည်ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့(၁/၂၀၀၁)၏ ဆုံးဖြတ်ချက်ကိုကျေနပ်မှုမရှိသော်လည်း ယင်းအနုဝါဒါဓိကရုဏ်းမှုခင်းနှင့်ပတ်သက်၍နိုင်ငံတော် သို့အယူခံမတက်ရောက်ဘဲနေခဲ့သဖြင့်ဝိ/လုပ်ထုံးအခန်း(၇)၊အပိုဒ်(၅၆)အရပြည်နယ်အဆင့်ပြီးငြိမ်းပြီးသောမှုခင်းအဖြစ်သတ်မှတ်ခဲ့သည်။ ယင်းသို့ပြီးငြိမ်းပြီးသောအနုဝါဒါဓိကရုဏ်းမှုခင်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏လမ်းညွှန်ချက်အရ ပြည်နယ်သံဃနာယကအဖွဲ့မှတစ်ဆင့်ပြည်နယ်သာသနာရေးမှူးအားအကောင်အထည်ဖော်ဆောင်ရွက်စေခဲ့သည်။ [ဝိဝါဒါဓိကရုဏ်းသို့ပြောင်းလဲခဲ့ခြင်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မူလစောဒကဦးဝိစက္ကသည်ယင်းသို့ပြီးငြိမ်းပြီးသော အနုဝါဒါဓိကရုဏ်းမှုခင်းဖြင့်ကျေနပ်မှုမရှိ၍နောက်ထပ်တစ်ဖန်အောင်အေးကျောင်းပိုင်ဆိုင်ခွင့်ဝိဝါဒါဓိကရုဏ်းမှုခင်းဖြင့်မြို့နယ်သံဃနာယကထံမူလစောဒနာတင်သွင်းခဲ့ပြန်သည်၊မြို့နယ်သံဃနာယကအဖွဲ့သည် ဦးဝိစက္က၏ယင်းမူလစောဒနာလွှာကိုအကြောင်းပြချက် (၆)ချက်ဖြင့်(၂)ကြိမ်တိုင်တိုင်ပယ်ချခဲ့ပါသည်။ ဦးဝိစက္ကသည်ထိုပယ်ချခဲ့သည်စောဒနာလွှာကိုပြည်နယ်သံဃနာယကအဖွဲ့သို့တင်သွင်းပြန်ပါသည်၊ပြည်နယ် သံဃနာယကအဖွဲ့ကလည်းယင်းစောဒနာလွှာကို အကြောင်းပြချက် (၃)မျိုးပယ်ချခဲ့ပြန်ပါသည်။ ယင်းသို့ပယ်ချခံရပြီးနောက်ဦးဝိစက္ကသည်ဝိနိစ္ဆယဖွဲ့စည်း ၍စစ်ဆေးပေးပါရန်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ တင်ပြလျှောက်ထားခဲ့ပြန်ပါသည်။ နိုင်ငံတော်သံဃမဟာနာယက၏ခွင့်ပြုချက်ဖြင့်မြို့နယ်သံဃနာယကအဖွဲ့သည်ဦးဝိစက်က၏စောဒနာလွှာကိုလက်ခံရရှိခဲ့ပြီးယင်းဝါဒါဓိကရုဏ်းမှုခင်းကိုစစ်ဆေးဆုံးဖြတ်နိုင်ရန်မြို့နယ်သံဃဝိနိစ်ဆယအဖွဲ့အမှတ် (၂/၂၀၀၂)ကိုဖွဲ့စည်းပေးခဲ့သည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂၀၀၂)သည် စောဒနာလွှာတင်သွင်းပြီးသောယင်းဝိဝါဒါဓိကရုဏ်းကို စစ်ဆေး၍အောက်ပါအတိုင်းဆုံးဖြတ်ချခဲ့ပါသည်- [ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဤအောင်အေးကျောင်းသည်အဘယပဝါရဏာပြုအုပ်စု၏ရက္ခကဂေါပကသံဃိကကျောင်းဖြစ်သည်။ မူလစောဒကဦးဝိစက္ကသည်မြို့နယ်သံဃဝိနိစ္ဆယ (၂/၂၀၀၂)၏ဆုံးဖြတ်ချက်ကိုကျေနပ်မှုမရှိ၍ ပြည်နယ်သံဃနာယကအဖွဲ့ထံသို့အယူခံစောဒနာလွှာ တင်သွင်းခဲ့ပြန်သည်။ ပြည်နယ်သံဃနာယကအဖွဲ့သည်ဦးဝိစက္က၏အယူခံစောဒနာလွှာကိုလက်ခံ၍ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂၀၀၃)ကိုကို ဖွဲ့စည်းပေး၍ဆုံးဖြတ်စေခဲ့သည်။ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂၀၀၃) သည်အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်ခဲ့ပေသည်။ [ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ပြည်နယ်အယူခံစောဒက၏ပုဂ္ဂလိကတောင်းဆိုချက်ကိုပလပ်ပယ်ချ၍မုဒုံမြို့နယ်ဝိနိစ္ဆယအဖွဲ့ကဆုံးဖြတ် ချက်ချမှတ်ထားသောအဘယပဝါရဏာပြုအုပ်စု၏ ရက္ခက-ဂေါပကဟူသောစကားရပ်ကိုပယ်ဖျက်၍ ဤအောင်အေးကျောင်းသည်မတသန္တကသံဃိကဖြစ် သည်။ ၂။ဤအခင်းဖြစ်သံဃိကအောင်အေးကျောင်းကို အာရာမ်မြေနှင့်တကွကျောင်းအဆောက်အဦဂရုဘဏ်လဟုဘဏ်ဟူသမျှအရပ်ရပ်တို့ကိုဝိနည်းတော်နှင့်အညီ ရက္ခက-ဂေါပကအဖြစ်ဖြင့်စီမံအုပ်ချုပ်ထိန်းသိမ်းနိုင်ရန် အင်္ဂယုတ္တဖြစ်၍ကျောင်းထိုင်အင်္ဂါရပ်နှင့်ညီညွတ်သော သံဃာတစ်ပါးပါးကိုမြို့နယ်သံဃနာယကအဖွဲ့က စီမံဆောင်ရွက်ပေးရမည်။ ၃။ဦးနန္ဒောဘာသပါ (၃)ပါးနှင့်အပေါင်းပါအားလုံးတို့သည်ဤအခင်းဖြစ်ကြောင်းမှထွက်ခွာပေးရမည်။ [နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ပြည်နယ်အယူခံစောဒကဦးဝိစက္ကသည်ပြည်နယ် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂ဝဝ၃)၏ဆုံးဖြတ်ချက်မှာ ဝိနည်းတရားတော်၊လုပ်ထုံးလုပ်နည်းစသည်တို့နှင့် ညီညွတ်ခြင်းမရှိသောကြောင့်ယင်းဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ဝိနည်းတရားတော်,လုပ်ထုံးလုပ်နည်းစသည်တို့နှင့်အညီဆုံးဖြတ်ချက်ချမှတ်ပေးတော်မူနိုင်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့စောဒနာဝင်လွှာ တင်သွင်းခဲ့ပြန်သည်။ နိုင်ငံတော်အယူခံဒစာဒနာဝင်လွှာတွင်ပါရှိသောဝိနည်းတရားတော်လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်သော အချက်များမှာ ၁။အောင်အေးကျောင်းကို“မတသန္တကသံဃိကကျောင်းအဖြစ်ဆုံးဖြတ်ထားခြင်း၊ ၂။ယင်းမတသန္တကသံဃိကကျောင်းကိုမြို့နယ်သံဃနာယကအဖွဲ့အားစီမံဆောင်ရွက်စေခြင်း၊ ၃။ ဝိ/လက်စွဲအပိုဒ်(၆၁/၆၂/၆၃/၆၄)တို့နှင့်ဆန့်ကျင် နေခြင်းတို့ဟူ၍ဖော်ပြပါရှိသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်နိုင်ငံတော်အယူခံဝင်စောဒနာပါဝိဝါဒါဓိကရုဏ်းမှုခင်းကိုဖြေရှင်းဆုံးဖြတ်နိုင်ရန်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၀/၂၀၀၃)ကို ဖွဲ့စည်း၍ဝိနိစ္ဆယတာဝန်ကိုပေးအပ်ခဲ့သည်။ [အယူခံစောဒက၏ရယူလိုသောအဆုံးအဖြတ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁။ဝိနည်းတရားတော်ဝိ/လုပ်ထုံးတို့နှင့်ညီညွတ်ခြင်း မရှိသောပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၃)၏ ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးတော်မူပါရန်၊ ၂။ကော့လုံဆရာတော်ဦးကေတုမာလာသက်တော် ထင်ရှားရှိစဉ်ကပင်အချင်းဖြစ်ကျောင်းကိုတပည့်တော် ဝိစက္ကအားပရိစ္စတ္တ၊အာလယပြတ်စွန့်လွှတ်အပ်နှံလှူဒါန်းခဲ့ပြီးဖြစ်သောကြောင့်တပည့်တော်ဝိစက္က၏ပုဂ္ဂလိကပိုင်ကျောင်းအဖြစ်ဆုံးဖြတ်ချက်ချမှတ်ပေးတော်မူပါ ၃။အချင်းဖြစ်ကြောင်းနှင့်လုံးဝသက်ဆိုင်ခြင်းမရှိသော ဗဟိသီမဋ္ဌကများဖြစ်သောအချင်းကျောင်း၏ပုဂ္ဂလိကကျောင်းအဖြစ်ကိုကာကွယ်ခြင်းမရှိသောဝိဝါဒကိုစတင်လုပ်ဆောင်သောဦးနန္ဒောဘာသစသောအပေါင်းပါ သံဃာများနှင့်အချင်းဖြစ်ကျောင်းဝင်းအတွင်းနေထိုင်သူများအားကလဟကာရက,ဘဏ္ဍနကာရကဘေးမှ ကင်းဝေးစေရေးအတွက်အချင်းဖြစ်ကြောင်းမှအပြီး သတ်ဖယ်ရှားပေးရန်ဟုဆုံးဖြတ်ချက်ချမှတ်ပေးတော် မူပါရန်ဖော်ပြပါရှိသည်။ [အယူခံစုဒိတကများ၏ရယူလိုသောအဆုံးအဖြတ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နိုင်ငံတော်အယူခံစောဒကဦးဝိစက္က၏နိုင်ငံတော်အယူခံစောဒနာဝင်လွှာကိုပလပ်ပယ်ချ၍ဤမှုခင်းကိုမူလစစ်ဆေးသုံးသပ်ဆုံးဖြတ်သောမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၂/၂၀၀၃)နှင့်မွန်ပြည်နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂၀၀၃)၏ဆုံးဖြတ်ချက်များသည်သဒ်ဒယုတ္တိ, အတ္တယုတ္တိ,သဘာဝယုတ္တိတို့နှင့်ပြည့်စုံပြီးဝိနည်းမှန်တရားမှန်ဓမ်မကံကျနမှန်ကန်မှုရှိသဖြင့်ယင်းအဆုံး အဖြတ်ကိုထပ်မံအတည်ပြုပေးတော်မူပါရန်၊ ၂။(သို့မဟုတ်ပါက)အချင်းဖြစ်သံဃိကကျောင်း၌ သိက္ခာဝါအကြီးဆုံးဖြစ်၍အင်္ဂယုတ္တဖြစ်သော တပည့်တော်နန္ဒောဘာသအားအချင်းဖြစ်အောင်အေးကျောင်း၏ပဓာနနာယကကျောင်းထိုင်ဘုန်းကြီးအဖြစ် အန္တောသီမဋ္ဌကသံဃာများ၏သဘောတူညီချက်ဖြင့် အပလောကနကံဖြင့်တင်မြှောက်ခွင့်ရှိကြောင်းဆုံးဖြတ်ပေးတော်မူပါရန်ဟုဖော်ပြပါရှိပါသည်။ [စောဒကဦးဝိစက္က၏မူလစောဒနာပါတင်ပြချက်များ]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

အပိုဒ်(၁၇)ဆရာတော်ဦးကေတုမာလာသည်သက်တော်ထင်ရှားရှိစဉ်ဝိသာသဂ္ဂါဟအဖြစ်ဖြင့်အပြီးအပိုင်ပေးစွန့်ပြီးဖြစ်သောကြောင့်ဆရာတော်ဦးကေတုမာလာပျံလွန်သည့်အခါအချင်းဖြစ်ကြောင်းကိုတပည့်တော်သာလျှင် ပုဂ္ဂလိကအဖြစ်ဆက်လက်ပိုင်ဆိုင်လျက်ရှိနေပါသည်။ (အစ္စယဒါနနှင့်မတသန္တကသံဃိကမဖြစ်ထိုက်ပါဘုရား)။ အပိုဒ်(၁၈)ဤနေရာ၌ကားဆရာတော်ဦးကေတုမာလာနှင့်တပည့်တော်ဝိစက္ကသည်သန္ဒိဋ္ဌ၊သမ္ဘတ္တ၊အာလပိတအပြင် အချင်းဖြစ်ကျောင်းကိုတပည့်တော်အားပေးအပ်စဉ်၌ ဆရာတော်ဦးကေတုမလာသက်တော်ထင်ရှားရှိနေခြင်း၊ ပေးစဉ်အခါ၌ဝမ်းမြောက်ဝမ်းသာရှိနေခြင်း၊ဤအင်္ဂါ နှစ်ပါးနှင့်ပြည့်စုံနေသည်ဖြစ်သောကြောင့်ဝိဿာသဂ္ဂါဟ မြောက်လျက်ရှိနေပါသည်။ (အစ္စယဒါနနှင့်မတသန္တကမဖြစ်ပါဘုရား)။ အပိုဒ်(၁၉)အချင်းဖြစ်ကျောင်းကိုဆရာတော်ဦးကေတုမာလာသက်တော်ထင်ရှားရှိစဉ်ကပင်တပည့်တော်အား ဝိဿာသဂ္ဂါဟအဖြစ်၊ပရိစ္စတ္တအာလယပြတ်ပေးခဲ့ပြီး တပည့်တော်ကလည်းဝိဿာသဂ္ဂါဟအဖြစ်ယူပြီးဖြစ်သောကြောင့်အချင်းဖြစ်ကျောင်းသည်တပည့်တော်၏ “ပုဂ္ဂလိကကျောင်း”သာဖြစ်ပါသည်။ အပိုဒ်(၂၀)မပြောင်းရွေ့မီအချင်းဖြစ်ကြောင်းကို တပည့်တော်အားဝိဿာသဂ်ဂါဟကအဖြစ်ပရိစ္စတ္တ အာလယပြတ်စွန့်လွှတ်လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့်တပည့်တော်သည်အချင်းဖြစ်ကျောင်း၏ ကျောင်းထိုင်ကျောင်းပိုင်ဖြစ်သည့်အပြင်အန္တောသီမဋ္ဌက စစ်စစ်လည်းဖြစ်ပါသည်။ အပိုဒ်(၂၁)အကယ်၍ဆရာတော်များအနေဖြင့်ပေးအပ်မှု မခိုင်လုံ၍မတသန္တကဟုယူဆခဲ့သော်တပည့်တော်သည် အချင်းဖြစ်ကျောင်း၏အန္တောသီမဋ္ဌကသံဃာစစ်စစ်ဖြစ်သောကြောင့်တပည့်တော်သာလျှင်အချင်းဖြစ်ကျောင်းကိုရက္ခက၊ဂေါပကပဓာနနာယကအဖြစ်စောင့်ရှောက်ရမည့်သူဖြစ်ပါသည်ဟူ၍မူလစောဒနာလွှာတွင်ဖော်ပြပါရှိသည်။ [စိစစ်သုံးသပ်ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၀/၂၀၀၃)သည် မွန်ပြည်နယ်၊မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊အောင်အေးကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းကိုဖြေရှင်းသုံးသပ်ဆုံးဖြတ်ရာ၌နိုင်ငံတော်အယူခံစောဒနာဝင်လွှာတွင် ပါရှိသောဝိနည်းတရားတော်၊လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သောအချက်များပါဝင်သည့် - (၁)အောင်အေးကျောင်းကိုမတသန္တကသံဃိကကျောင်းအဖြစ်ဆုံးဖြတ်ထားခြင်း၊ (၂)ယင်းမတသန္တကသံဃိကကျောင်းကိုမြို့နယ်သံဃနာယကအဖွဲ့အားစီမံဆောင်ရွက်စေခြင်းစသောအချက်တို့ကိုအခြေခံပြု၍ဝေဖန်သုံးသပ်ဆုံးဖြတ်ကြမည် ဖြစ်ပေသည်။ [အာလယပြတ်ပေးစွန့်ခြင်းအတွက်သုံးသပ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကော့လုံဆရာတော်ဦးကေတုမာလာသည်၁၃၅၈-ခုနှစ်၊ နယုန်လတွင်မော်လမြိုင်တောင်ဝိုင်းစုပေါင်းခြံကျောင်းသို့အပြီးအပိုင်ပြောင်းရွှေ့သွားရာ၎င်းမပြောင်းရွှေ့မီ အချင်းဖြစ်ကျောင်းကိုတပည့်တော်ဝိစက္ကအားပရိစ္စတ္တ, အာလယပြတ်ပေးစွန့်သွားပါသည်ဟုနိုင်ငံတော်အယူခံစောဒနာတွင်ဖော်ပြပါရှိသည်။ ယင်းသို့ပရိစ္စတ္တ၊အာလယပြတ်ပေးစွန့်ခြင်းရယူခြင်း ဝိနည်းကံအရာ၌“ပတ္တစီဝရပရိဝေဏာဒိ အတ်ထာယ ပန ပတိရူပံ သက်ခိံ လဘိတွာ ကာတဗ္ဗာ”ဟူသော (ဝိ၊ဋ္ဌ-၂/၁၇၇)လာဝိနယနယူပဒေနှင့်အညီသပိတ်၊သင်္ကန်း ပရိဝုဏ်စသည်အတွက်သင့်တင့်လျောက်ပတ်ကောင်းမြတ်ခိုင်လုံသောသက်သေအထောက်အထား ရရှိရန်လိုအပ်လှပေသည်။ထိုသို့ရရှိမှသာလျှင်ပုဂ္ဂလိကအတွက်ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ပေသည်။ ခိုင်လုံသောသက်သေဟူရာ၌သက်သေသည်သက်ရှိ/ သက်မဲ့သက်သေဟူ၍နှစ်မျိုးနှစ်စားရှိပေသည်။ ယင်းနှစ်မျိုးတို့တွင်စွန့်လှူကြောင်းစာချုပ်စာတမ်းမပြု လုပ်ခဲ့၍စာချုပ်စာတမ်းများမတင်ပြနိုင်ဟုဆိုရကား သက်မဲ့သက်သေအနေဖြင့်မတင်ပြနိုင်သည်မှာထင်ရှားလှပေသည်။ သက်ရှိသက်သေအဖြစ်တင်ပြထားသောစော/ပြ သက်သေတို့သည်လည်းပေးစွန့်ခြင်း၊ရယူခြင်းဝိနည်းကံ အတွက်ဘောင်ဝင်သောသက်သေများမဟုတ်ကြပေ။ ဆောင်=ထို့ပြင်တ၀-နှစ်ခွ မျက်ကွယ် သူ့ဝယ်မှာလိုက် ♥♥♥မျက်ဆိုက်ဆိုငြား စကားလေးရပ် မယုံအပ် ဟူသောမနုသာရဓမ္မသတ်ကျမ်းလာတရားသူကြီးတို့ မယုံကြည်အပ်သောနှစ်မျိုးနှစ်ခွပြောသောစကား၊ မျက်ကွယ်ဆိုသောစကား၊တစ်ဆင့်မှာသောစကား၊ အမျက်ဒေါသနှင့်တကွဆိုသောစကားလေးခွန်းတို့တွင် အပါအဝင်ဖြစ်သောနှစ်မျိုးနှစ်ခွပြောသောစကားဖြစ်၍ ယုံကြည်အပ်သောစကားမဟုတ်ပေ။မှန်၏။နိုင်ငံတော်အယူခံစောဒကသည်ပုဂ္ဂလိကဖြင့်တစ်မျိုး၊ ဝိဿာသဂ္ဂါဟဖြင့်တစ်သွယ်နှစ်မယ်သောစကားတို့ကို ပြောဆိုလျက်တင်ပြထားပေသည်။ အချုပ်အားဖြင့်ဆိုသော်အသက်ခိက ဝစနံ နိရတ်ထကံ၊ ဆောင်=သက်သေ-သက္ခိ မရှိစကား တရားမဝင်ဟူသော မဟောသဓဇာတ်အဋ္ဌကထာမိန့်မှာစကားနှင့်အညီ သင့်တင့်လျောက်ပတ်ကောင်းမြတ်ခိုင်လုံသောသက်သေ အထောက်အထားမရှိပါဘဲ“ပေးစွန့်ခြင်း”ကို“ရယူခြင်း” ဖြစ်သောကြောင့်နိုင်ငံတော်အယူခံစောဒက၏ရယူခြင်းသည်တရားမဝင်သောရယူခြင်းဖြစ်သည်ဟုနိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်မှတ်ယူတော်မူကြသည်။ [အောင်အေးကျောင်းအမျိုးအစား]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နိုင်ငံတော်အယူခံစောဒနာတို့တွင်အချင်းဖြစ်ကျောင်းကို စတင်တည်ထောင်သူမှာကော့လုံဆရာတော် ဦးကေတုမာလာဖြစ်ပြီး၊စဉ်ဆက်ပိုင်ဆိုင်ကျောင်းထိုင်ခဲ့သူမှာတပည့်တော်ဝိစက္ကသာဖြစ်၍ကျောင်းထိုင်စဉ်ဆက်မှာ(၂)ဆက်မျှသာရှိခဲ့ပါသည်။ ပုဂ္ဂလိကအဆက်မပြတ်၍အချင်းဖြစ်ကျောင်းနှင့်မြေသည်လှူဒါန်းသူအလှူခံသူအထောက်အထားများအရ မည်သည့်နည်းနှင့်မျှသံဃသန္တက၊မတသန္တကသံဃိက ဖြစ်မသွားနိုင်ပါဟုဖော်ပြပါရှိသည်။ ကျောင်းလှူဒါန်းသူအလှူခံယူသူနှင့်ပတ်သက်၍ခိုင်လုံ သောသက်သေအထောက်အထားမရှိသောကြောင့် တရားမဝင်သောခံယူမှုဖြစ်ကြောင်းအထက်တွင် သုံးသပ်ခဲ့ပြီး ဖြစ်သည်။ စဉ်ဆက်ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍နိုင်ငံတော်အယူခံစောဒကသည်ဆရာဖြစ်သောကော့လုံဆရာတော်ပျံလွန် တော်မူပါကတပည့်ဖြစ်သောမိမိသာလျှင်ပိုင်ဆိုင်ခွင့်ရှိသည်ဟုယူဆချက်ရှိသည့်အလျောက်စဉ်ဆက်ပိုင်ဆိုင် သောကျောင်းထိုင်ခဲ့သူဟူ၍တင်ပြခဲ့ခြင်းဖြစ်ပေသည်။ လူ့ဘောင်လောက၌မိဘများကွယ်လွန်လျှင်သားသမီးများစိုးပိုင်ခွင့်ရှိကြသကဲ့သို့ဆရာဘုန်းကြီးပျံလွန်လျှင် တပည့်ဖြစ်သူရထိုက်သည်ဟုမယူဆထိုက်ပေ၊ရဟန်းတို့၏သာသနာရေးလောကသည်လူတို့ထုံးထမ်းစဉ်လာနှင့်မတူကြပေ။ သာသနာရေးလောက၌ဆရာတပည့်ဖြစ်သူအားကျောင်း စသည်ပေးလိုရာ၌အပေးမြောက်အောင်ပြု၍ပေးခြင်း၊ တပည့်ကလည်းအယူမြောက်အောင်ပြုလုပ်၍ယူခြင်း၊ ဤသို့အပေးအယူမြောက်အောင်ယူခြင်းပေးခြင်း ပြုလုပ်ရာ၌လည်း(ခေတ်အလျောက်)ပေးမှုယူမှုသိသာစေရန်ခိုင်လုံသောသက်သေအထောက်အထားဖြင့်သာ ပေးခြင်းယူခြင်းပြုလုပ်သင့်ပေသည်။ ယခုအချင်းဖြစ်အောင်အေးကျောင်းပေးမှု၊ယူမှုပြုရာ၌ ပရိစ္စတ္တ၊အာလယပြတ်စွန့်လှူခဲ့ပါသည်ဟုဇွတ်အတင်း အကြိမ်ကြိမ်ပြောနေသော်လည်းခိုင်လုံသောသက်သေ အထောက်အထားကိုကားမပြနိုင်ပေ။ဤသို့ခိုင်လုံသော သက်သေအထောက်အထားမရှိခြင်းကြောင့်အချင်းဖြစ် အောင်အေးကျောင်းပုဂ္ဂလိကပေးခြင်းယူခြင်းအထ မမြောက်၊မအောင်မြင်၊ဤသို့ပေးမှုယူမှုမအောင်မြင်သောကြောင့်အချင်းဖြစ်အောင်အေးကျောင်းသည် မတသန္တကသံဃိကကျောင်းအမျိုးအစားတွင်ပါဝင်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများသုံးသပ် မှတ်ယူတော်မူကြသည်။ [မသုံးသပ်သင့်သည်ကိုမသုံးသပ်ခြင်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

နိုင်ငံတော်အယူခံစောဒကဦးဝိစက္က၏မူလစောဒနာလွှာတွင်တင်ပြထားသောအချင်းဖြစ်ကျောင်း၏မြေနှင့်ပတ်သက်၍အထောက်အထားအဖြစ် (က)ဒေါ်တင်တင်ထွေး(ခ) ဦးမြမောင်+ဒေါ်ပန်းရှိန် (ဂ)ဦးအောင်ငြိမ်း+ဒေါ်ခင်အေးနွဲ့တို့ကမိမိတို့ပိုင်ဥယျာဉ်ခြံမြေများကိုရောင်းချလှူဒါန်းခြင်း ပြုလုပ်ရာတွင် သက်သေအထောက်အထားအဖြစ်တင်ပြထားရာ၌ ယခုအချင်းဖြစ်အောင်အေးကျောင်းဝိဝါဒါဓိကရုဏ်းသည်ဝိဟာရဝတ္ထု၊ဝိဝါဒါဓိကရုဏ်းမှုခင်းအငြင်းပွားမှု မဟုတ်ဘဲဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်းအငြင်းပွားမှု ဖြစ်၍သာစိစစ်သုံးသပ်မှုပြုဖွယ်မလိုသောကြောင့် မသုံးသပ်ခြင်းဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာ တော်ကြီးများကယူဆတော်မူကြသည်။ [သုံးသပ်သင့်သည်ကိုသုံးသပ်ခြင်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်အယူခံစုဒိတကတို့အဆိုအရအချင်းဖြစ် အောင်ကျောင်းကို၁၃၂၇-ခုနှစ်၊ဆရာတော်ဦးဇောတိပါလ စတင်တည်ထောင်ခဲ့ပြီး၎င်းဦးဇောတိပါလပျံလွန်တော် မူစဉ်ကပင်မတသန္တကသံဃိကကျောင်းဖြစ်သည်ဟုဖော် ပြပါရှိသည်။ နိုင်ငံတော်အယူခံစောဒကအဆိုအရအချင်းဖြစ်ကျောင်းကိုဆရာတော်ဦးကေတုမာလာက၁၃၄၇-ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးဆရာတော်ဦးကေတုမာလာ၏ပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည်ဟုဖော်ပြပါရှိသည်။ စုဒိတကတို့အနေဖြင့်အချင်းဖြစ်ကျောင်းသည် ဦးဇောတိပါလပျံလွန်တော်မူစဉ်ကပင်မတသန္တတသံဃိကကျောင်းဖြစ်ခဲ့သည်ဟုဆိုသောကြောင့်ထပ်မံ၍ သုံးသပ်ဖွယ်မလိုတော့ပေ။ စောဒကအနေဖြင့်ပုဂ္ဂလိကဖြစ်သောအချင်းဖြစ်ကျောင်းကိုဆရာတော်ဦးကေတုမာလာမိမိအားပရိစ္စတ္တ၊အာလယ ပြတ်ပေးစွန့်ခြင်း၌ခိုင်လုံမှုမရှိ၍မသတန္တကသံဃိကဟု ယူဆခဲ့သော်ဟူ၍တင်ပြစောဒနာသည့်အတိုင်းခိုင်လုံ သောသက်သေအထောက်အထားမရှိသည့်အတွက် မတသန္တကသံဃိကဟုသုံးသပ်ဆုံးဖြတ်ထားကြပေသည် ထို့ပြင်တစ်ဝစောဒကကိုယ်တိုင်ပင်မြို့နယ်ဝိနည်းဓိုရ်ဆရာတော်များကမေးစိစစ်ရာ၌စောဒက၏ထွက်ဆိုချက်တွင်ဆရာတော်ဦးကေတုမာလာမှာဘေးမဲ့စားပါတယ်၊ မရောက်ခင်ကစားတာ/မစားတာ မသိပါဟူသောထွက်ဆိုချက်ကိုထောက်၍အချင်းဖြစ်ကျောင်းသည်ဆရာတော်ဦးကေတုမလာမရောက်ခင်ကပင်တည်ရှိနေသောကျောင်းဖြစ်သည်မှာပေါ်လွင်ထင်ရှားနေသောကြောင့် ဆရာတော်ဦးကေတုမာလာမရောက်လာမှီကပင်မတ သန္တကသံဃိကကျောင်းဖြစ်နေသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကသည်။ [အောင်အေးကျောင်းနှင့်ဂိုဏ်းစည်းမျဉ်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အဘယနိကာယပဝါရဏာပြုအုပ်စု၏ဂိုဏ်းဝင်ကျောင်းများလိုက်နာရန်စည်းမျဉ်းများတွင်အပါအဝင်ဖြစ်သော - အုပ်စုဝင်ထားသောကျောင်းများသည်အုပ်စုဝင်သံဃိကကျောင်းများဖြစ်ရမည်ဟုဆုံးဖြတ်ချက်ချထားပါသည်ဟူ၍ရေးဆွဲဖော်ပြထားသည်။ အုပ်စုဝင်သံယိကကျောင်းဟူသောစကားရပ်သည် - ဂဏသန္ထကကျောင်းဟုဆိုလို၍အဘယနိကာယပဝါရဏာပြုအုပ်စု၏ဂိုဏ်းပိုင်ကျောင်း(သို့မဟုတ်) ဂိုဏ်းသံဃာပိုင်ကျောင်းဟုအဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်ပေသည်။ ဤသို့အုပ်စုဝင်သံဃိကကျောင်းများသာဖြစ်ရမည်ဟု ဂိုဏ်းစည်းမျဉ်းရေးဆွဲရုံမျှဖြင့်ဂိုဏ်းပိုင်ကျောင်းမဖြစ်နိုင်ပေ။ဝိနည်းတရားတော်အရပိုင်ဆိုင်မှုဟူသည်မူလပိုင်ရှင်ကမိမိပိုင်ပစ္စည်းကိုအာလယပြတ်ပေးလှူမှသာပိုင်ဆိုင် ခွင့်ရှိ၍စည်းမျဉ်းရေးဆွဲရုံမျှဖြင့်ပိုင်ဆိုင်ခြင်းမဖြစ်နိုင် အဘယ်ကြောင့်ဆိုသော်ဂိုဏ်းဝင်ကျောင်းအားလုံး၏ ကျောင်းပိုင်ရှင်များကအာလယပြတ်ပေးလှူခြင်းမရှိ သောကြောင့်ဖြစ်ပေသည်။ နိုင်ငံတော်အယူခံစုဒိတကတို့သည်ဂိုဏ်းစည်းမျဉ်းတွင် ပါဝင်သောအုပ်စုဝင်ကျောင်းများမှကျောင်းထိုင်တစ်ပါးပါးလစ်လပ်ခဲ့ပါကအုပ်စုဝင်ဆရာတော်များတို့၏ သဘောတူညီချက်ဖြင့်ကျောင်းထိုင်အင်္ဂါနှင့်ပြည့်စုံသော ရဟန်းတော်ကိုကျောင်းထိုင်အဖြစ်တင်မြှောက်ရန်ဟူ၍ ရေးဆွဲဖော်ပြထားရာ၎င်းစည်းမျဉ်းကိုအမြွက်ထောင်၍ မတသန္တကသံဃိကကျောင်းကိုကျောင်းထိုင်တင်မြှောက်ရန်သော့ဖျက်ခြင်းစသည်ပြုလုပ်၍အတင်းအဓမ္မဝင်ရောက်နေထိုင်ခြင်းဖြစ်၍မသင့်တော်/မလျောက်ပတ်သောပြုမူနေထိုင်ခြင်းဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ [အန္တောသီမဋ္ဌကအရဝါဒအမျိုးမျိုး]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁။ဆရာတော်တစ်ပါးပါးပျံလွန်တော်မူစဉ်ထိုကျောင်း တိုက်အတွင်း၌ကျန်ရှိခဲ့၍ထင်ရှားရှိနေသောပုဂ္ဂိုလ်သည် သာ“အန္တောသီမဋ္ဌက”ဖြစ်သည်ဟူသောဝါဒ ၂။ဤကျောင်းတိုက်၌ဝါဆိုဝါကပ်သောပုဂ္ဂိုလ်သည်သာ “အန္တောသီမဋ္ဌက”ဖြစ်သည်ဟူသောဝါဒ။ ၃။ဤကျောင်းတိုက်၌အစဉ်အဆက်ဝါဆိုဝါကပ်သော ပုဂ္ဂိုလ်သည်သာ“အန္တောသီမဋ္ဌက”ဖြစ်သည်ဟူသောဝါဒ ဤဝါဒသုံးမျိုး၌အကျုံးဝင်သောပုဂ္ဂိုလ်သည်သာလျှင် အန္တောသီမဋ္ဌက(အစစ်)ဖြစ်သည်ဟုယေဘုယျအားဖြင့် မှတ်ယူသုံးစွဲနေကြသည်။ ပါဠိ၊အဋ္ဌကထာ၊ဋီကာတို့၌အန္တောသီမဋ္ဌက(အစစ်/အတု) ဟူ၍မလာရှိချေ။ထို့အတူအန္တောသီမဋ္ဌက(အစစ်)ကိုသာကျောင်းထိုင်တင်မြှောက်ရမည်ဟုလည်းမလာမရှိချေ။ အမှန်မှာဥပစာရသိမ်ကျောင်းဝိုင်းအတွင်း၌တည်ရှိနေဆဲ ဖြစ်လျှင်အန္တောသီမဋ္ဌကဖြစ်၍ဥပစာရသိမ်ကျောင်းဝိုင်းအပြင်ရောက်ရှိနေလျှင်ကားဗဟိသီမဋ္ဌကဖြစ်သည်ဟု သုံးသပ်တော်မူကြသည်။ သမ္မမီဘူတေနာတိ ဥပစာရသီမာယ ဌ်တေ။ နဿီမေ ဌိတဿာတိ ဣဒံ အနာဒရေ သာမိဝစနံ။ တသမာ နိဿီမေ ဌိတံယေဝ သေနာသနံ န ဂါဟေတဗ္ဗန္တိ အတ္တော ဒဋ္ဌဗ်ဗော။ န နိဿီမေ ဌိတဿ တဿ ဘိက်ခုဿ အန်တောသီမံ ပဝိဋ္ဌဿပိ သေနာသနံ န ဂါဟေတဗ်ဗန်တိ အတ်ထော။ (ဝိနယာလင်္ကာရဋီကာ-ဒု-၈၃) [အောင်အေးကျောင်းကိုထိန်းသိမ်းစောင့်ရှောက်ထိုက်သူ]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အောင်အေးကျောင်းသည်မတသန္တကသံဃိကကျောင်းဖြစ်ကြောင်းအထက်တွင်သုံးသပ်ခဲ့ပြီးဖြစ်သည်။ ထိုမတသန္တကသံဃိကကျောင်းသည်သံဃာပိုင်သံဃာ၏ ဥစ္စာဖြစ်၍ဓုဝဝါသ၊အနုပဋ္ဌာနီယကျောင်းထိုင်တင် မြှောက်ခြင်းကိစ္စကိုသံဃာကသာလျှင်စီမံခန့်ခွဲရမည် ဖြစ်သည်၊ထိုသို့စီမံခန့်ခွဲရာ၌ဖော်ပြလတ္တံ့ပါအစီအစဉ်အတိုင်းစီမံခန့်ခွဲရမည်ဖြစ်သည် (၁)အင်္ဂယုတ္တပုဂ္ဂိုလ်ကိုစိစစ်ရွေးချယ်ရန်၊ (၂)ထိုပုဂ္ဂိုလ်သည်ပရိသုပဌာက(ကျောင်းထိုင်ပုဂ္ဂိုလ်) အင်္ဂါရပ်နှင့်ညီညွတ်မှုရှိ-မရှိစိစစ်ရန် (၃)ထိုသို့အင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်ပြီးနောက်ညီညွတ်သောသံဃာကဓုဝဝါသ၊အနုပဋ္ဌာနီယအဖြစ် အပလောကနကံဖြင့်တင်မြှောက်ရန်တို့ဖြစ်သည်။ [အင်္ဂယုတ်တပုဂ္ဂိုလ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အင်္ဂယုတ္တပုဂ္ဂိုလ်ဟူသည်ဗဟုပကာရဂုဏ်၊ဂုဏဝိသိဋ္ဌဂုဏ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်ဖြစ်သည်၊သံဃာတော်သည် ဗဟုပကာရ(သံဃာတော်အားကျေးဇူးများခြင်း)ဂုဏ်၊ ဂုဏဝိသိဋ္ဌ(ဂဏဝါစက-ဝိနယဓရစသည်ဖြင့်)ဂုဏ်ထူးဝိသေသရှိခြင်းဟူသောအင်္ဂါနှစ်ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကိုရွေးချယ်ရမည်ဖြစ်သည်။ တတိဟင်ဂေဟိ ယုတ်တဿ ဓုဝဝါသာယ ဒီယတေတိ ဥက်ကဌပရိစ်ဆဒေနေ ဒွီဟိအင်ဂေဟိ ယုတ်တဿ ဓုဝဝါသတ်ထာယ ဝိဟာရော ဒီယတေ၊ကတမဟေိ ဒှီဟိ ဗဟုပကာရတာယ ဂုဏဝိသိဋဌှတာယ စတေိ၊ (ဝိနယလင်္ကာရ ဋီကာ၊ဒု-၅၄) [ဂုဏ်နှင့်ဆိုင်ရာပုဂ္ဂိုလ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဗဟူပကာရဂုဏ်သည်ဘဏ္ဍာဂါရိကပုဂ္ဂိုလ်နှင့်သက်ဆိုင် ၍ဂုဏဝိသိဋ္ဌဂုဏ်သည်ဓမ္မကထိက၊ဝိနယဓရ၊ ဂဏဝါစကပုဂ္ဂိုလ်များနှင့်သက်ဆိုင်ကြောင်းသာရတ္တ ဒီပနီဋီကာတွင်ခွဲခြားဖွင့်ဆိုထားသည်။ ဗဟူပကာရတံ ဂုဏဝိသိဌတဉ်စ သလ်လက်ခန်တောတိ ဘဏ်ဍာဂါရိကဿ ဗဟူပကာရတံ ဓမ်မကထိကာဒီနံ ဂုဏဝိသိဌတဉ်စ သလ်လက်ခန်တောတိ သာရတ္ထဒီပနိယံ ၀စနတော။(ဝိနယာလင်္ကာရဋီကာ၊ ဒု-၅၄) [အန်တောသီမဋ္ဌ၌မရှိခဲ့သော်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အင်ဂယုတ္တပုဂ္ဂိုလ်သည်အကယ်၍အန္တာသီမဋ္ဌ၌ မရှိခဲ့သော်ဗဟိသီမဋ္ဌကအင်ဂယုတ္တပုဂ္ဂိုလ်ကို အန္တောသီမဋ္ဌပြု၍ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ “အန္တောသီမဋ္ဌော ဧကင်္ဂသမန္နာဂတောပိ နတ္တိ၊ ဗဟိသီမဋ္ဌောဝ အတ်ထီတိ ဝုတ်တေ အာဂန်တွာ အန္တောသီမေ ဌိတဿ ဒါတဗ်ဗောတိ ဝတ္တဗ်ဗော။ (ဝိနယာလင်္ကာရဋီကာ၊ဒု-၈၁)ဧဝံ ဗဟိသီမတော အာဂတဿ သံဃဿ ဥပကာရံ ကာတုံ သက်ကောန်တဿ ဝိသိဋ္ဌဂုဏယုတ္တဿ ဒါတဗ္ဗဘာဝေါ ဝိညာယတိ။(ဝိနယလင်္ကာဋီကာ၊ဒု-၈၅) [အန္တောသီမဋ္ဌပြုနည်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဧဝံ ဒုဝင်္ဂသမ္ပန္နော ပုဂ္ဂလော အန္တောသီမဋ္ဌာ ဝါ ဗဟိသီမဋ္ဌော ဝါတိ ပုစ်ဆိတွာ အန္တောသီမဋ္ဌောတိ ဝုတ္တေ “သာဓု သုဋ္ဌု တဿ ဒါတဗောတိ”သမ္မဋိစ္ဆိတဗ်ဗံ။ ဗဟိသီမဋ္ဌောတိ ဝု​ေတ္တ န ဒါတဗ်ဗောတိ ပဋိက္ခိပိတံ၊ ကသမာတိ စေ န ဘိက္ခဝေ နိဿီမေ ဌိတဿ သေနာသနံ ဂါဟေတဗ်ဗံ၊သော ဂါဟေယျ၊အာပတ္တိ ဒုက္ကဋဿာတိ ဝစနတောတိ။(ဝိနယာလင်္ကာရဋီကာ၊ ဒု-၈၁) ဤဋီကာ၌အန္တောသီမဋ္ဌကိုသာပေးရမည်။ ဗဟိသီမဋ္ဌကိုမပေးရဟု ဖွင့်ဆိုထားရာ၌ အဓိပ္ပါယ်ရှင်းလင်းချက်- ဗဟုပကာရဂုဏ်,ဂုဏဝိသိဋ္ဌဂုဏ်ဤဂုဏ်နှစ်ပါးနှင့်ပြည့်စုံသောရဟန်းကိုကျောင်းတင်မည်ရှိရာ၎င်းရဟန်းသည် ယခုကံပြုဆဲခဏ၌ဥပစာရသိမ်ကျောင်းဝင်းအတွင်းမှာ ရှိနေဆဲအန္တောသီမဋ္ဌပုဂ္ဂိုလ်ဟုတ်ပါရဲ့လား၊ကျောင်းဝင်း ပြင်ပရောက်နေသောဗဟိသီမဋ္ဌပုဂ္ဂိုလ်ဖြစ်နေပါသလား ဟုမေးမြန်းရာ၎င်းရဟန်းသည်အန္တောသီမဋ္ဌပုဂ္ဂိုလ်ဖြစ်ပါသည်ဟုဖြေကြားသည်။ ယင်းသို့အန္တောသီမဋ္ဌဖြစ်လျှင်ကောင်းပေစွ၊ထိုရဟန်းအားပေးပါဟုသံဃာကဆုံးဖြတ်သည်။ အကယ်၍ကျောင်းလက်ခံမည့်ရဟန်းကဗဟိသီမဋ္ဌ ပုဂ္ဂိုလ်ဖြစ်နေလျှင်ကားမပေးရ၊မပေးကောင်းဟု ဆိုလိုသည်။ ဋီကာဆရာက၎င်း၏ဆုံးဖြတ်ချက်ကိုစူဠဝါပါဠိတော်ကို ကိုးကားပြသည်။၎င်းစူဠဝါပါဠိတော်၌ဌိတဿဝယ်(သ) ဝိဘက်သည်အနာဒရအနက်၌သက်သည်၊ထို့ကြောင့် နိဿီမေဌိတဿဥပစာရသိမ်ကျောင်းဝင်းပြင်ပ၌ရောက်နေစဉ်အခိုက်အတန့်သာ၎င်းပုဂ္ဂိုလ်အားကျောင်းမတင်ရ၊ ကျောင်းမအပ်ရ၊ကျောင်းဝင်းအတွင်းပင့်ခေါ်၍ကျောင်းဝိုင်းအတွင်းရောက်လာချိန်၌ကားကျောင်းတင်ကောင်းသည်။ကျောင်းအပ်ကောင်းသည်သာဟုမှတ်ယူရမည်ဖြစ်ပေသည်။ နိဿီမေ ဌိတံယေ၀ သေနာသနံ န ဂါဟေတဗ္ဗန္တိ အတ္တော ဒဋ္ဌဗ္ဗာ။ န နိဿီမေ ဌိတဿ တဿ ဘိက္ခုဿ အန္တောသီမံ ပဝိဋ်ဌဿပိ သနောသနံ န ဂါဟတေဗ်ဗန်တိ အတ်ေတာ၊ တသ္မာ ပုဗ္ဗေ ဗဟိသီမာယံ ဌိတေပိ ဣဒါနိ အန္တောသီမံ ပဝိဋ္ဌကာလတော ပဌာယ စတုပစ္စယဘာဂေါ လဗ်ဘတိ၊ (ဝိနယာလင်ကာရဋီကာ-ဒု-၈၃) [မရွေးချယ်သင့်သောပုဂ္ဂိုလ်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

သံဃာတော်ကစိစစ်ရွေးချယ်ရာ၌အင်္ဂယုတ္တပုဂ္ဂိုလ်ကိုသာ စိစစ်ရွေးချယ်ရမည်ဖြစ်သည်လက်သင့်ရာစားတော်ခေါ် သဘောမျိုးဖြင့်မိမိတို့နှင့်နီးစပ်ရာအင်္ဂဝိယုတ္တပုဂ္ဂိုလ်ကို မရွေးချယ်သင့်ပေ၊အင်္ဂဝိယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်ပါက သံဃာတော်သည်အဂတိတရားလိုက်စား၊ဂတိလိုက်သည် ဟုအများပြောစမှတ်ဖြစ်ကျန်ရစ်မည်ဖြစ်ပေသည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ အတ္တနော ဘာရဘူတံ ဝုတ္တပ္ပကာရအင်္ဂဝိယုတ္တံ ပုဂ္ဂလံ ဒါတုကာမော ဟောတိ၊ဧ၀ံ သန္တေ သံဃော ဆန္ဒာဒိအဂတိံ န ဂစ္ဆတိ၊ပုဂ္ဂလောဝ ဂစ္ဆတိ၊တသာ သံဃသေဝ အနုမေတိယာ ဝိဟာရော ဒါတ​ေဗ္ဗာ။ (ဝိနယာလင်္ကာရဋီကာ၊ဒု-၈၆) [ပရိသုဋ္ဌာပက(ကျောင်းထိုင်)အင်္ဂါ]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

သံဃာတော်ကအင်္ဂယုတ္တပုဂ္ဂိုလ်ကိုဓုဝဝါသ၊အနုဋ္ဌာပနိယ အဖြစ်တင်မြှောက်ရာ၌ကျောင်းထိုင်အင်္ဂါကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ကျောင်းထိုင်အင်္ဂါဟူသည် ဆောင်=ဆယ်ဝါပြည့်တင်း ဝိဘင်းနှစ်ဖြာ ကမ္မာကမ္မ ♥♥♥ ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင် ♥♥♥ကျောင်းထိုင်ငါးအင်္ဂါ ဟူသည်နှင့်အညီ - (၁)အနည်းဆုံးဆယ်ဝါရှိသူဖြစ်ခြင်း၊ (၂)ဘိက္ခုဝိဘင်း၊ဘိက္ခုနီဝိဘင်းနှစ်ပါးကို တတ်သိနားလည်ခြင်း၊ (၃)ရဟန်းခံ,သိမ်သမုတ်စသောကံကြီးကံငယ်တို့ကို ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ (၄)ခန္ဓကဝတ်ဝတ်ကြီး (၁၄)၊ဝတ်ငယ်(၈၀)တို့ကို သင်ယူကျင့်သုံးဆုံးမနိုင်ခြင်း၊ (၅)ပရိသတ်အားနာမ်တရား,ရုပ်တရားတို့ကိုဟောပြနိုင်စွမ်းရှိခြင်းတို့ဖြစ်သည်။ ပရိသုပဌာပကေန ဥပသမ္ပဒါယ ဒဿဝဿန သဗ္ဗန္တိမေန ပရိစ္ဆေဒေန စ ပရိသံ အဘိဝိနယေ ဝိနေတုံ၊ဒွေ ဝိဘင်္ဂါ ပဂုဏာ ဝါစုဂဂွတာ ကာတဗဗှာ၊ကမမှာကမမှဥစှ ခန်ဓကဝတ်တဥျစ ဥဂ်ဂဟတေဗျဗံ၊ပရိသာယ ပန အဘိဓမမှေ ဝိနယနတထှံ။ပ။ပရိသံ ဥပဌာပတေုံ လဘတိ။(ပါစိတျာဒိအဋ္ဌကထာ-၅၅) [ကျောင်းထိုင်တင်မြောက်ခြင်း]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းအင်္ဂယုတ္တပုဂ္ဂိုလ်ကို ရွေးချယ်ပြီးနောက်အန္တောသီမဋ္ဌကဖြစ်၍ညီညွတ်သော (သမဂ္ဂ)သံဃာကအန္တောသီမဋ္ဌကဖြစ်သောအင်္ဂယုတ္တပုဂ္ဂိုလ်ကိုဓုဝဝါသ၊အနုဌာပနီယ၊ပရိသုပဌာက (ကျောင်းထိုင်)အဖြစ်အပလောကနကံဖြင့်တင်မြှောက်ရမည်ဖြစ်သည်။ ထိုသို့တင်မြှောက်ခံရသောပုဂ္ဂိုလ်သည်အချင်းဖြစ် အောင်အေးကျောင်းကိုမပျက်မစီးအောင်ရက္ခကဂေါပက အဖြစ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည် သမဂ္ဂန သံဃေန အပလောကနကမ္မဝသေန ဒုဂင်္ဂ သမန္နာဂတဿ ဘိက္ခုဿ အနုဌာပနီယံ ကတွာ ဒါနမေဝအပလောကနကမ်မံနာမ သီမဋ္ဌကံ သံဃံ သေဓေတွာ ဆန္ဒာရဟာနံ ဆန္ဒံ အာဟရိတွာ သမဂ္ဂဿ သံဃဿ အနုမတိဟာ တိက်ခတ်တုံ သာဝတှော ကတ်တဗျဗံ ကမ်မံ၊ (ဝိနယာလင်္ကာရဋီကာ၊ဒု-၇၀၊၇၁) အယံ အန္တောသီမဋ္ဌေန သံဃေန ဗဟုပကရတာ ဂုဏဝိသိဋ္ဌတာသင်္ခါတေဟိ ဂုဏေတိ ယုတ္တဿ သံဃဘာရနိတ္ထာရကဿ ဘိက္ခုနော ဖာသုကံ အာဝါသံ အနုဋ္ဌာပနီယံ ကတွာ ဒါနေ ဝိနိစ္ဆယော ။ (ဝိနယာလင်္ကာရဋီကာ၊ဒု-၈၆) မြို့နယ်သံဃနာယကအဖွဲ့အားစီမံဆောင်ရွက်ခြင်းသည် [အခြေခံစည်းမျဉ်းနှင့်ညီညွတ်မရှိ]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နိုင်ငံတော်အယူခံစောဒနာဝင်လွှာတွင်ဝိနည်းတရားတော်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်သောအချက်များတွင် ပါဝင်သောမတသန္တကသံဃိကကျောင်းကိုမြို့နယ်သံဃနာယကအဖွဲ့အားစီမံဆောင်ရွက်စေခြင်းဟူသော စောဒနာနှင့်ပတ်သက်၍ယင်းစောဒနာဝင်လွှာ၌ပြည်နယ်ဝိနည်းဓိုရ်ဆရာတော်များ၏အာဘောဂအရအချင်းဖြစ်ကျောင်းသည်သံဃိကကျောင်းဖြစ်ခဲ့ပါမူမြို့နယ်သံဃ နာယကအဖွဲ့အနေဖြင့်စီမံပိုင်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော်သံဃိကကျောင်းကိုသံဃာကသာစီမံပိုင်ခွင့်ရှိသောကြောင့်ဖြစ်ပါသည်ဟုဖော်ပြပါရှိသည်။ ယင်းစောဒနာလွှာကိုသုံးသပ်ရသော်မတသန္တကသံဃိကကျောင်းဖြစ်သောအချင်းဖြစ်ကျောင်းကိုမြို့နယ်သံဃနာယကအဖွဲ့အစည်းသည်စီမံပိုင်ခွင့်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော်မြို့နယ်သံဃနာယကအဖွဲ့သည် သံဃာများဖြင့်ဖွဲ့စည်းထားသောသံဃာ့အဖွဲ့အစည်းဖြစ်သောကြောင့်လည်းကောင်း၊နိုင်ငံတော်အယူခံစောဒကသည်အချင်းဖြစ်ကျောင်းပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ (မူလစောဒကအဖြစ်ဖြင့်)အနုဝါဒါဓိကရုဏ်းဖြင့် တစ်မျိုး၊ဝိဝါဒါဓိကရုဏ်းဖြင့်တစ်ဖုံမြို့နယ်သံဃနာယကအဖွဲ့သို့အမျိုးမျိုးအဖုံဖုံဖြင့်တိုင်တန်းစောဒနာခဲ့သည်။ မြို့နယ်သံဃနာယကအဖွဲ့သည်မိမိထံတင်သွင်းလာ သောစောဒနာလွှာကိုလက်ခံပြီးလျှင်မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းတာဝန်များကိုမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းပေးခြင်း စသည်ဖြင့်ကျေပွန်စွာဆောင်ရွက်တော် မူခဲ့ကြသည်။ ယင်းသို့ဆောင်ရွက်ခဲ့သဖြင့်နိုင်ငံတော်အယူခံစောဒကသည်မိမိရယူလိုသောဆုံးဖြတ်ချက်ကိုရသည်ဖြစ်စေ မရသည်ဖြစ်စေနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တိုင်အောင်အဆင့်ဆင့်သောစောဒနာဝင်လွှာများ တင်သွင်းနိုင်ခဲ့သည်ဖြစ်ရာ-ဝိနိစ္ဆယလက်စွဲအခန်း(၁) ဝိနည်းဓမ္မကံဓိကရုဏ်းဖြစ်ပွားခြင်းခေါင်းစဉ်ဖြင့် (၁)ဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်စေ၊အနုဝါဒါဓိကရုဏ်းမှုခင်းဖြစ်စေ။ပ။စောဒနာလွှာကိုရရှိသည့်နေ့မှစ၍ ဝိနည်းဓမ္မကံအဓိကရုဏ်းစတင်ဖြစ်ပွားသည်ဟုမှတ်ယူ ရမည်။ ဟူ၍ဖော်ပြပါရှိသည့်အတိုင်းမြို့နယ်သံဃနာယကအဖွဲ့သည်ဤအချင်းဖြစ်ကျောင်း၏ဝိဝါဒဓိကရုဏ်းမှုခင်းကို လက်ခံရရှိသည်မှစ၍ဤမှုခင်းစတင်ဖြစ်ပွားရာမိခင်ဌာနကြီးဖြစ်ပေသည်။ယင်းသို့မှုခင်းစတင်ဖြစ်ပွားရာမိခင်ဌာနဖြစ်သောမြို့နယ်သံဃနာယကအဖွဲ့ထံသို့အချင်းဖြစ်မတသန္တကသံဃိကကျောင်းအတွက်စီမံဆောင်ရွက်နိုင်ရန်အပ်နှံခြင်းဖြစ်သောကြောင့်လည်းကောင်း၊သံဃအဖွဲ့ အစည်းအခြေခံစည်းမျဉ်းအခန်း(၁၄)တွင်ပါရှိသော မြို့နယ်သံဃနာယကအဖွဲ့၏လုပ်ငန်းတာဝန်များခေါင်းစဉ်ဖြင့်အဖွဲ့၏လုပ်ငန်းတာဝန်များကိုဖော်ပြရာ၌ (က)ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကအတည် ပြုပြဌာန်းထားသောသံဃာ့အဖွဲ့အစည်းအခြေခံစည်း မျဉ်းနှင့်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်း အဝေးကအတည်ပြုပြဌာန်းထားသောသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ၊ဝိနည်းအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ အခြားဆုံးဖြတ်ချက်များ၊ညွှန်ကြားချက်များအရမိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ဟူ၍ပြဋ္ဌာန်းချက်ဖော်ပြပါရှိသောကြောင့်လည်းကောင်း၊ ယင်းပြဋ္ဌာန်းချက်နှင့်အညီမတသန္တကသံဃိကဖြစ်သော အချင်းဖြစ်ကြောင်းကိုမြို့နယ်သံဃနာယကအဖွဲ့အား စီမံဆောင်ရွက်စေခြင်းသည်ဝိနည်းတရားတော်သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိသည့်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်မှတ်ယူတော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။အချင်းဖြစ်ကျောင်းသည်၁၃၄၇-ခုနှစ်မတိုင်မီကပင် တည်ရှိနေပြီးဖြစ်ခြင်း။ ၂။ကျောင်းထိုင်ဆရာတော်အဆက်ဆက်၏အဆင့်ဆင့် လွှဲပြောင်းပေးအပ်ခဲ့မှုမထင်ရှားခြင်း။ ၃။ဆရာတော်ဦးကေတုမာလာ၏ပုဂ္ဂလိကပိုင်ဆိုင်မှု မထင်ရှားခြင်း။ ၄။စောဒက၏ထွက်ဆိုချက်သည်၎င်းစောဒနာလွှာကို ထောက်ခံမှုမပြုနိုင်ခြင်း။ ၅။စောဒက၏သက်သေများသည်စောဒက၏ပုဂ္ဂလိကပိုင်ဆိုင်မှုကိုထောက်ခံမှုမပြုခြင်း။ ၆။စောဒကသည်အချင်းဖြစ်ကျောင်းကိုပုဂ်ဂလိကကျောင်းဆိုသော်လည်းအချင်းဖြစ်ကျောင်းသည် ဆရာတော်ဦးကေတုမာလာလက်ထက်မတိုင်မီကပင် မတသန်တကသံဃိကကျောင်းဖြစ်ခဲ့ခြင်း။ ၇။အချင်းဖြစ်ကျောင်းသည်ဆရာတေည်ဦးကုကေတု မာလာမရောက်လာမှီကပင်ဘေးမဲ့စားနေသည်မှာ ထင်ရှားခြင်း။ ၈။အခင်းဖြစ်အောင်အေးကျောင်းသည်အဘယနိကာယပဝါရဏာပြုအုပ်စုဂိုဏ်းအား(ဂဏသန်တက)အဖြစ် လှူဒါန်းခဲ့သောခိုင်လုံသောသက်သေအထောက်အထား မရှိခြင်းကြောင့်အဘယနိကာယပဝါရဏာပြုအုပ်စုဂိုဏ်းဝင်ကျောင်းသာဖြစ်၍ဂိုဏ်းပိုင်သန်တကကျောင်း မဖြစ်ခြင်း။ ၉။ဦးန​ေန္ဒာဘာသစသောသံဃာများ၏အောင်အေး ကျောင်းသော့များဖျက်ဆီး၍ဝင်ရောက်နေထိုင်ခြင်းသည်မှားယွင်းသောလုပ်ရပ်များဖြစ်ခြင်း။ ၁၀။မုဒုံနဂရသည်အမုဒုံနဂရမဖြစ်သကဲ့သို့အဘယဏသည်လည်းဘယဂဏမဖြစ်သင့်ခြင်း။ ၁၁။အခင်းဖြစ်အောင်အေးကျောင်းသည်မတသန်တကသံဃိကဖြစ်၍အင်ဂယုတ်တဖြစ်သောပုဂ္ဂိုလ်ကိုသာ ဓုဝဝါသ၊အနုပနီယ(ကျောင်းထိုင်)အဖြစ်ရွေးချယ်တင်မြှောက်ထိုက်ခြင်း။ ၁၂။ယင်းသို့တင်မြှောက်ခံရသောပုဂ္ဂိုလ်သည်အခင်းဖြစ် အောင်အေးကျောင်းကိုမပျက်မစီးရအောင်ရက္ခက ဂေါပကအဖြစ်ထိန်းသိမ်းစောင့်ရှောက်ထိုက်ခြင်း။ [ဆုံးဖြတ်ချက်]

၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၀/၂၀၀၃) ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်အထက်ပါဝေဖန် သုံးသပ်ဖော်ပြအပ်သောအကြောင်းအချက်တို့ကို နှိုင်းချိန်လျက်ဝိနည်းဓမ္မကံဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(ပြင်ဆင်ဖြည့်စွက်ချက်)အခန်း(၇)၊ အပိုဒ်-၅၅၊အပိုဒ်ခွဲ-(က)အရအောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်တော်မူကြသည် - ၁။နိုင်ငံတော်အယူခံစောဒက၏“ပုဂ္ဂလိက”တောင်းဆို ချက်ကိုပလပ်ပယ်ချလိုက်သည်။ ၂။မွန်ပြည်နယ်၊မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊အောင်အေးကျောင်းသည်“မနသန်တကသံဃိက”ကျောင်းဖြစ်သည်။ ၃။ဤ(သံဃိက)အောင်အေးကျောင်းကိုဝိနည်းတရားတော်နှင့်အညီရက်ခက-ဂေါပကအဖြစ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အင်ဂယုတ္တဖြစ်၍ကျောင်းထိုင်အင်္ဂါရပ်နှင့်ညီညွတ်သောသံဃာတစ်ပါးပါးကို မြို့နယ်သံဃနာယကအဖွဲ့ကစီမံဆောင်ရွက်ပေးရမည်။ ၄။ဦးနန္ဒောဘာသပါ(၃)ပါးနှင့်အပေါင်းပါအားလုံးတို့သည်ဤခင်းဖြစ်ကျောင်းမှထွက်ခွာပေးရမည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဉ်/ဘွဲ့တော်/အသက်/သိက္ခာ/ကျောင်းတိုက်/မြို့။ ၁။ဘဒ္ဒန္တဝဏ္ဍိတာဘိဝံသ(သဘာပတိ)၆၈/၄၈ ဆင်ရှင်ကျောင်းတိုက်၊မြောင်မြို့။ ၂။ဘဒ္ဒန္တအဂ္ဂဓမ္မ (အဖွဲ့ဝင်)၆၅/၄၅ သီရိဓဇကျောင်းတိုက်၊မင်းကွန်း၊စစ်ကိုင်းမြို့။ ၃။ဘဒ္ဒန္တဣဒ္ဓိဉာဏာဘိဝံသ(အဖွဲ့ဝင်)၅၈/၃၈ ဝေဠုဝန်ကျောင်းတိုက်၊ကျုံပျော်မြို့။ ၄။ဘဒ္ဒန္တ​ညေယျာနန်ဒ(အဖွဲ့ဝင်)၅၆/ ၃၆ ဇေယျာရန်နိုင်ကျောင်း၊ချောင်းဦးမြို့။ ၅။ ဘဒ္ဒန္တကုမာရသိရီ(အဖွဲ့ဝင်)၄၆/၂၆ ဇောင်းကြမ်းပင်တိုက်၊မုံရွာမြို့။

                              ပြီးပါပြီ။
၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၀)

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊စမ်းချောင်းရပ်ကွက်၊ စမ်းချောင်းလမ်း၌ဖြစ်ပွားသောဦးဝိသုတနှင့်ဒေါ်တင် တို့၏အမှတ်(၂၀)အိမ်နှင့်မြေဝိဝါဒါဓိကရုဏ်းမှုခင်း။ [အိမ်နှင့်မြေသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး၍၁၉၄၈-ခုနှစ်မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်မြို့ရွာ၊ရပ်ကွက်အသီးသီးတို့ကိုပြန်လည်တည်ဆောက်လာကြရာတွင်ကြည့်မြင်တိုင်မြို့နယ်၊စမ်းချောင်းရပ်ကွက်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ထိုရပ်ကွက်အမှတ် (၂၀)တွင်ဦးဘိုးမှီ+ဒေါ်ရီတို့ဇနီးမောင်နှံနေထိုင်ကြ၏။ ဦးဘိုးမှီသည်၁၉၅၄ခုနှစ်၌ကွယ်လွန်ခဲ့၏။ဒေါ်ရီသည် ဦးသိန်းထွန်း၊ဒေါ်တင်တင်အေးတို့၏သမီးဒေါ်နွဲ့နွဲ့ရီအား သက်သေစုံလင်စွာဖြင့်မွေးစားခဲ့၏။ တစ်ဖန်၂၈-၂-၁၉၉၁နေ့တွင်မွေးစားသမီးဖြစ်သူ ဒေါ်နွဲ့နွဲ့ရီအားမိမိပိုင်အိမ်နှင့်မြေစသည်တို့ကိုစာချုပ် ချုပ်ဆိုပြီးမှတ်ပုံတင်ပေးအပ်လိုက်ပြန်၏။ ၂၈-၇-၁၉၉၁နေ့တွင်ဒေါ်ရီသေဆုံးပြီးနောက်အသုဘရက်လည်နေ့တွင်ထုံးစံအတိုင်းအမွေစကားပြောကြား ရာမှဦးသိန်းထွန်းမိဘပိုင်ပစ္စည်းများကိုဒေါ်နွဲ့နွဲ့ရီအား အပိုင်ပေးစာချုပ်ဖြင့်ပေးအပ်ပြီးသည်ကိုသားရင်းဖြစ်သူ ဦးသိန်းထွန်းသိရတော့ဟုဆို၏။ ယင်းအမွေကိစ္စကိုရပ်ကွက်/မြို့နယ်တို့၌အမွေပုံပစ်စည်း ကိုမနွဲ့နွဲ့ရီနှင့်တစ်ယောက်တဝက်ရလိုကြောင်းတိုင်တန်း ရာ၊မနွဲ့နွဲ့ရီမှအဖေနှင့်သမီးလူမှုကိစ္စမပါ၊ဦးဘိုး-ဒေါ်ရီ တို့တွင်လည်းသားအရင်းမရှိပါကြောင်းချေပခဲ့၏။ ယင်းချေပလွှာကိုမကျေနပ်သည့်အတွက်၂၈-၂-၁၉၉၁ နေ့တွင်လူတရားသို့ဦးသိန်းထွန်းမှအမွေမှုကိုဦးတိုက် လျှောက်ထားခဲ့၏။ လူတရားအဆင့်ဆင့်မှာငြင်းခုံကြရင်း၂၆-၉-၉၃နေ့တွင် ဦးသိန်းထွန်းကွယ်လွန်ခဲ့၏။၎င်းနောက်ဇနီးဖြစ်သူ ဒေါ်တင်မှကိုယ်စားလှယ်လွှဲစာဖြင့်တရားလိုပြုလုပ်ကာ ဆက်လက်၍တရားစွဲဆိုပြုလုပ်ခဲ့သည်။ ယင်းအမှုကိုတိုင်းတရားမှ၂၀-၅-၉၆နေ့တွင်အမွေပုံပစ္စည်း(နှစ်ပုံတစ်ပုံ)ကိုရထိုက်ကြောင်းအမိန့်ချမှတ်ခဲ့၏။ ၂၁-၃-၉၇ နေ့တွင်တရားရုံးမှယင်းအမှုကိုထပ်မံအတည် ပြုလိုက်၏။ ထို့ကြောင့်အမွေဆိုင်ပစ္စည်းကို၁၃-၁-၉၉နေ့တွင် သတင်းစာ၌ကြော်ငြာလိုက်၏။၁၅-၂-၉၉နေ့တွင် ရောင်းချရာသို့သီရိဝေလာကျောင်းမှ ဦးပဏ္ဍိတ ဦးဆောင်သောသံဃာအပါး(၂၀)ကျော်မျှလာရောက်ကန့်ကွက်တားမြစ်၍ရပ်ဆိုင်းပေးခဲ့ရ၏။ ၃၁-၃-၉၉နေ့တွင်ဦးဝိသုတကလူခုံရုံးသို့လှူဒါန်းထားသည့်စာချုပ်များကိုလက်ကိုင်ပြုကာတရားရုံး၌အမှုဖြစ်သည်နေ့ကိုမသိပါဟုတင်ပြခဲ့၏။လူတရားရုံး၌ ၂-၂-၂၀၀၀ပြည့်နှစ်တွင်ဦးဝိသုတမှတရားလိုဒေါ်နွဲ့နွဲ့ရီ၊ဒေါ်တင်တို့မှတရားပြိုင်အဖြစ်ရင်ဆိုင်ခဲ့ကြ၏။ အထက်ဖော်ပြပါ(၃၁-၃-၉၉)နေ့တွင်ဦးဝိသုတကမြို့နယ်/တိုင်း/နိုင်ငံတော်ထိ၄င်းအငြင်းပွားဒေါ်ရီပိုင်အိမ်ကို ၁၉၈၄ခုနှစ်ကပင်သီရိဝေလာကျောင်းအားစာချုပ် စာတမ်းဖြင့်လှူဒါန်းပြီးဖြစ်ကြောင်းကိုတင်ပြခဲ့၏။ ၄င်းတင်ပြလျှောက်ထားချက်ပျက်ပြယ်စေရန်အတွက် ဒေါ်တင်မှ(မဟန)သို့ဝိနည်းဓမ်မကံပြဋ္ဌာန်းချက်ကို လျှောက်ထားခဲ့၏။ (မဟန)မှဆုံးဖြတ်ချက်ဖြင့်ပိုင်ဆိုင်လိုသူကစောဒကပြုလုပ်စွဲဆိုစေရန်ဟုအမိန့်ချမှတ်ပေး၏။ ထို့ကြောင့်သံဃဝိနိစ္ဆယဖြင့်ဆုံးဖြတ်ရန်ဤမှုခင်း ပေါ်ပေါက်လာခြင်းဖြစ်၏။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှလျာထား၍ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကဖွဲ့စည်းပေးအပ်သော ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၀) ၏ဆုံးဖြတ်ချက်မှာအောက်ပါအတိုင်းဖြစ်သည်။ [ဆုံးဖြတ်ချက်]

၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊စမ်းချောင်းလမ်း၊ အမှတ်(၂၀)၊ဒေါ်ရီဂရန်အမည်ပေါက်အိမ်နှင့်မြေသည် ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဗားကရာတိုက်၊ သီရိဝေလာပရိယတ္တိစာသင်တိုက်ပိုင်“ဝိဟာရသန္တက” ဖြစ်၏။ [နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၏သုံးသပ်ချက်]

၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။(က)ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊စမ်းချောင်းလမ်း၊အမှတ်(၂၀)နေ၊ဒေါ်ရီက(၁၃၅၁)ခုနှစ်၊နယုန်လဆန်း(၉)ရက်(၁၂-၆-၈၉)တနင်္လာနေ့တွင်မိမိပိုင်မြေကွက် နှင့်နေအိမ်အားသီရိဝေလာပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော်ဦးဝိသုတအားလှူဒါန်း၏။ ယင်းစာချုပ်၌သက်သေ(၁)ဦးကောသလ္လ (၂)ဦးပညာသာရတို့ပါ၏။ (ခ)ဒေါ်ရီကပင်၁၃၄၆ခုနှစ်၊ဝါဆိုလပြည့်နေ့(၁၂-၇-၈၄) နေ့ကလည်း၎င်းမြေနှင့်အိမ်ကိုသီရိဝေလာကျောင်းအား လှူဒါန်းခဲ့၏။အလှူခံသူမှာဦးကောသလ္လဖြစ်၏။ သက်သေ(၁)ဦးပညာသာရ (၂)ဦးဝိသုတ (၃)ဦးထွန်းကြည်(၄)ဒေါ်သောင်းသောင်းပါ၏။ (ဂ) ဒေါ်ရီကအတူနေမြေးဖြစ်သူဒေါ်နွဲ့နွဲ့ရီအား (၂၃-၁၁-၁၉၈၃)ခုနှစ်တွင်ကိတ်တိမသမီးအဖြစ်စာချုပ်ချုပ်ဆိုမွေးစားခဲ့ပြီးဒေါ်နွဲ့နွဲ့ရီ၏ခင်ပွန်းဖြစ်သူစီစဉ် ပေးမှုအရ၁၉၉၁ခုနှစ်ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ဒေါ်ရီက မိမိပိုင်ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်အရှေ့တိုက်နယ်၊ လူနေရပ်ကွက်အမှတ်(၉)မြေတိုင်းရပ်ကွက်အမှတ် -၂၇(စီ)၂မြေကွက်အမှတ်(၄၅)၊အလျား-အနံ၈၄×၄၆ပေရှိ နှစ်(၆၀)မြေငှားဂရန်မြေနှင့်မြေပေါ်ရှိပျဉ်ကာပျဉ်ခင်း တစ်ထပ်အိမ်အဆောက်အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်ကိုမွေးစားသမီးဒေါ်နွဲ့နွဲ့ရီအားမေတ္တာဖြင့် အပိုင်ပေးစာချုပ်ချုပ်ဆိုပေးအပ်ပြန်၏။ ၂။ဒေါ်ရီသည်၂၈-၃-၉၁နေ့တွင်ကွယ်လွန်၍ကျန်ရှိသည့်မြေနှင့်အိမ်ကိုဒေါ်နွဲ့နွဲ့ရီ၏ဖခင်ဦးသိန်းထွန်းနှင့်သမီးဖြစ်သူဒေါ်နွဲ့နွဲ့ရီတို့တစ်ယောက်တစ်ဝက်အမွေခွဲရန်ကိစ္စနှင့် ပတ်သက်၍၁၉၉၁ခုနှစ်မှစ၍(၁၁၊၉၊၁၉၉၈)နေ့အထိ ရန်ကုန်တိုင်းတရားရုံးမှစ၍တရားရုံးချုပ်အထိနှစ်ပေါင်း များစွာအမှုရင်ဆိုင်နေစဥ်ကာလတလျှောက်လုံး ဥိးကောသလ်လကသော်၎င်း၊ဦဝိသုတကသော်လည်း ကောင်း(က-ခ)စာချုပ်တို့ဖြင့်ဒေါ်ရီကိုယ်တိုင်မိမိတို့ကျောင်းတိုက်အားလှူဒါန်းပြီးဖြစ်ကြောင်းကိုမေတ္တာရှေ့သွားသောစိတ်ထားဖြင့်အချိန်ကုန်အလုပ်ပျက် ငွေကုန်လူပင်ပန်းဖြစ်ကာဆင်းရဲရောက်ကြရတော့မည်ကို သနားကရုဏာငဲ့ညာသောစိတ်ထားဖြင့်သက်ဆိုင်ရာပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊တရားရုံးတော်ကိုလည်းကောင်းနှုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေစာချုပ်များကိုတင်ပြ၍တစ်ကြိမ်တစ်ခါမျှကန့်ကွက်မှုပြုသည်ကို မတွေ့ရပေ။ဤအချက်ကားစဉ်းစားဖွယ်သံသယဖြစ်ဖွယ် အချက်တည်း။ ၃။အမှုပြီးဆုံး၍တရားရုံးကလေလံတင်ရောင်းချရန် သတင်းစာတွင်ကြော်ငြာထည့်သွင်းကြေငြာပြီးလေလံ တင်ရောင်းချသည့်အချိန်တွင်ဦးပဏ္ဍိတဦးဆောင်သော သံဃာအပါး(၂၀)ကျော်ခန့်ရောက်ရှိလာပြီးဦးဝိသုတ ကိုယ်တိုင်ယင်းမြေနှင့်အိမ်မှာသီရိဝေလာကျောင်းတိုက်သို့လှူဒါန်းထားပြီးဖြစ်ကြောင်း၊သို့ပါ၍လေလံတင်မှုအမှတ်(၂/၉၈)အားရပ်ဆိုင်းပေးပါရန်(၃၁-၃-၉၉)ရက်စွဲပါစာဖြင့်ရန်ကုန်တိုင်းတရားရုံး(တရားမ)သို့ (မဟန) ဆရာတော်ကြီးများ၏ထောက်ခံစာများပါပူးတွဲတင်ပြပြီး ကန့်ကွက်မှုပြုခဲ့သဖြင့်လေလံတင်ရောင်းချမှုကိုရပ်ဆိုင်း ထားခဲ့ရသည်။ ၄။ရန်ကုန်တိုင်းတရားရုံး(တရားမ)အနောက်ပိုင်းခရိုင်က အကျဉ်းနည်းစစ်ဆေးသင့်ကြောင်းယူဆသဖြင့် အမိန့်-၂၁၊နည်း-၅၈(၁+၂)တို့အရကန့်ကွက်မှုကိုစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းအမိန့်ချမှတ်ခဲ့ပါသည်။ ၅။ထိုအမိန့်နှင့်အညီ(၁၉၉၉)ခုနှစ်၊တရားမအထွေထွေအမျှအမှတ်(၈၀)ကို(၁၉၉၉)ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့တွင် ဖွင့်လှစ်ပြီးဦးဝိသုတအားစွဲဆိုခွင့်ပြုပြီးလက်ခံစစ်ဆေးခဲ့ပါသည်။ထိုအမှုတွင်တရားလိုတရားပြိုင်တို့ကအသီးသီးရှေ့နေများငှား၍လူတရားရုံး၌(၄)ကြိမ်ခန့်ရင်ဆိုင်ကြပြီး ဖြစ်ပါသည်ဟုသိရသည့်အတွက်ဝိနိစ္ဆယလက်စွဲအခန်း(၃)၊အပိုဒ်( ၇၅+ ၇၆+၇၇+၇၈)တို့နှင့်အညီ မပြုလုပ်ဘဲဆောင်ရွက်ခဲ့ကြသည့်အတွက်ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊စမ်းချောင်းလမ်း၊အမှတ်(၂၀) မြေနှင့်အိမ်ပိုင်ဆိုင်မှုအငြင်းပွားမှုခင်းဆောင်ရွက်ချက်အားလုံးသည်မူလအစကပင်တရားမဝင်အလို အလျောက်ပျက်ပြယ်ပြီးမှုခင်းသာဖြစ်သည်ဟု နိုင်ငံတော်သံဃဝိနိစ္ဆအဖွဲ့အမှတ်(၇)ဆရာတော်များက တစ်ညီတစ်ညွတ်တည်းသုံးသပ်ကြသည်။ ၆။ဝိ/လက်စွဲ အခန်း(၃)၊အပိုဒ်(၇၉)အရစာချုပ်စာတမ်းချုပ်ဆို၍မှတ်ပုံတင်ခြင်း၊ဦးပိုင်အမည်ပြောင်းခြင်းတို့ကို ပြုလုပ်ထားမှုမရှိသေးကြောင်းဦးဝိသုတကိုယ်တိုင်ကဝန်ခံထားသည့်အတွက်သံဃဝိနိစ္ဆယအဖွဲ့အဆင့်ဆင့်၏ ဖွဲ့စည်းဆောင်ရွက်မှုသည်တရားဝင်ပါ၏လောဟု ဆင်ခြင်မှုပြုမိသည့်အပြင် ဝိ/လက်စွဲအခန်း(၄)၊ အပိုဒ်(၉၀)၊ပိုဒ်ခွဲ(၈)နှင့်ငြိစွန်းနေသည့်အတွက်ဤအမှုကို ဝိနည်းဓိုရ်ဆရာတော်များလက်ခံစစ်ဆေးမှုပြုလုပ်ရာ၌ တရားဝင်မှုမှန်ကန်မှု၊တရားမျှတမှု၊ဓမ္မဝိနယေလုပ်ထုံး လုပ်နည်းများနှင့်ညီညွှတ်မှုရှိမရှိကိုလည်းသတိပြုရမည်ဖြစ်ပေသည်။ ၇။ညီညွတ်မှုမရှိဘဲအမှုကိုလက်ခံဆောင်ရွက်ဆုံးဖြတ်မှုပြုခဲ့အံ့၊ဝိနည်းပါရာဇိကဏ်ဒုတိယပါရာဇိကလာ ထေယျာဝဟာရ၊ပသယှာဝဟာရစသောနည်းတို့မှ လွတ်နိုင်၊မလွတ်နိုင်တို့ကိုစဉ်းစားဆင်ခြင်ရမည် ဖြစ်ပေသည်။ အကြောင်းကားဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ထံ စုဒိတက(၂)ဒေါ်တင်က၅-၅-၂၀၀၁နေ့စွဲပါစာဖြင့် ဒေါ်တင်၊ဒေါ်နွဲ့နွဲ့ရီတို့နှစ်ဦးပိုင်အိမ်ကိစ္စကိုဦးဝိသုတမှ (၅)ကြိမ်ခေါ်ယူညှိနှိုင်းပေးခြင်း(ဦးဝိသုတ-ဝိနည်းဓိုရ် မေးထွက်ဆိုချက်၌မိမိမပါဟုသာထွက်ဆို၍မဟုတ်ပါဟုမပြောပေ)ဟုဖော်ပြခါညှိနှိုင်းပေးသည့်ရက်စွဲများနှင့်တကွအတိအကျတင်ပြထား၏။ ထို့အတူ ဒေါ်နွဲ့နွဲ့ရီကလည်းလက်ဘက်ရည်ဆိုင်၌ (၃)ကြိမ်၊တယ်လီဖုန်းဖြင့်(၂)ကြိမ်ညှိနှိုင်းဖူးကြောင်း တင်ပြထား၏။ ၈။အထက်ပါတင်ပြချက်တို့ကိုထောက်ရှုပါကလည်း စောဒက၊စုဒိတကများအနေဖြင့်ဝိနိစ္ဆယအဖွဲ့အဆင့်ဆင့် ၏ဆုံးဖြတ်မှုသည်မိမိနစ်နာပါကလူတရားရုံးသို့တစ်ဖန်ပြန်၍ဦးတိုက်လျှောက်ထားခြင်းမပြုဟု၊မည်သည့်ပုဂ္ဂိုလ်ကမှတာဝန်ယူခြင်းမပြုနိုင်သည့်အတွက်ဝိ/လက်စွဲအခန်း(၃)အပိုဒ် (၃၅+၇၆+၇၇+၇၈)တို့နှင့်အညီဆောင် ရွက်မှုမပြုဘဲဆောင်ရွက်သောဂိုဏ်းပေါင်းစုံတိုင်းသံဃ ဝိနိစ္ဆယအဖွဲ့၏ဆောင်ရွက်ချက်အားလုံးသည်တရားမဝင် အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟုမှတ်ယူခြင်းငှာသင့်ပေ၏ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈) ဆရာတော်ကြီးများကတစ်ညီတစ်ညွတ်တည်း သုံးသပ်တော်မူကြသည်။ ၉။နိုင်ငံတော်အယူခံစောဒက(၂)ဒေါ်တင်၏နိုင်ငံတော်သို့ တင်သွင်းသောအယူခံစောဒနာလွှာဝိနည်းဓမ္မကံလုပ်ထုံး လုပ်နည်းများ ၊ဝိနိစ္ဆယလက်စွဲတို့နှင့်မညီညွတ်သော အချက်တို့ကိုဖော်ပြရာ၌ (က)ဝိ/လုပ်ထုံးအခန်း(၄)၊အပိုဒ်(၂၃)ပိုဒ်ခွဲ(၈)ပါတရားရုံးများကစစ်ဆေးဆုံးဖြတ်ခဲ့၍ယခင်တရားလွှတ်တော်ချုပ်နှင့်ယခုဗဟိုတရားရုံးအဆင့်ဆင့်၌ပြီးပြတ်ပြီးမှုခင်းများကိုပြီးငြိမ်းပြီးသောမှုခင်းအဖြစ်သတ်မှတ်ထားပြီးဖြစ်၍ မည်သည့်သံဃဝိနိစ္ဆယအဖွဲကမျှလက်ခံစစ်ဆေးဆုံး ဖြတ်ခြင်းမပြုရဟုပြဋ္ဌာန်းထားပြီးဖြစ်ရကားဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့(၂/၂၀၀၀)၏ဆုံးဖြတ်ချက်သည်အလိုအလျောက်ပျက်ပြယ်ပြီးသောအဆုံးအဖြတ်ဖြစ်၍ယင်းဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးပါရန်ဟူ၍ လည်းကောင်း၊ (ခ)ဝိ/လက်စွဲအပိုဒ်(၉၀)၊ပိုဒ်ခွဲ(၈)၌အမွေရလိုမှုကို ဝိနည်းဓိုရ်များသည်လက်ခံစစ်ဆေးဆုံးဖြတ်ခြင်းမပြုရဟုတားမြစ်ထားပါလျက်ယခုအမွေရလိုမှုတရားရုံး၌ စွဲဆိုပြီးသောအမှုကိုလက်ခံ၍စစ်ဆေးဆုံးဖြတ်ခြင်းသည်ယင်းပြဋ္ဌာန်းချက်ကိုကျော်လွန်၍သုံးသပ်ဆုံးဖြတ်ထားခြင်းဖြစ်သောကြောင့်အထက်ပါဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ပယ်ဖျက်ပေးပါရန်ဟူ၍လည်းကောင်း၊ (ဂ)ဝိ/လုပ်ထုံးအခန်း(၉)၊အပိုဒ်(၆၀)၌သာသနာ့မြေအပ ၌ရှိသောမရွေ့မပြောင်းနိုင်သည့်ဘဏ္ဍာများကိုလှူဒါန်းရာ၌တည်ဆဲဥပဒေပြဌာန်းချက်များနှင့်အညီစာချုပ် စာတမ်းချုပ်ဆို၍မှတ်ပုံတင်ခြင်း၊ဦးပိုင်အမည်ပြောင်းခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ရမည်။ ယင်းသို့ဆောင်ရွက်ထားသည့်သာသနာ့မြေအပရှိမရွေ့ မလျားပြောင်းနိုင်သည့်ပစ္စည်းဘဏ္ဍာများကိုသာ ပိုင်ဆိုင်ခွင့်အငြင်းပွားလျှင်သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ခွင့်ရှိသည်ဟုအတိအကျဖော်ပြ ထားပါလျက်ဦးပိုင်အမည်ပြောင်းခြင်းစသည်တို့ကို မပြုလုပ်ရသေးဘဲအမှုကိုလက်ခံ၍စစ်ဆေးဆုံးဖြတ်ခြင်းသည်ယင်းပြဋ္ဌာန်းချက်ကိုကျော်လွန်၍သုံးသပ်ဆုံးဖြတ်ထားခြင်းဖြစ်သောကြောင့်အထက်ပါဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးရန်ဟု၎င်း။ တင်ပြထားချက်တို့မှာဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များ၊ဝိနိစ္ဆယလက်စွဲပါသာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးကြီးကအတည်ပြုပြီးရိုက်နှိပ်ထုတ်ဝေထားသည့်စာအုပ်များပါအချက်အလက်များနှင့်ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိနေရပါသည်။ ၁၀။ဝိ-လုပ်ထုံး/လက်စွဲပါ အားနည်းချက်၊ပျော့ကွက်၊ ဟာကွက်များပါရှိနေသောအချက်အလက်များကို ထောက်ပြ၍တင်ပြထားသောမှုခင်းတစ်ခုကိုလက်ခံစစ်ဆေးရမည့်သံဃဝိနိစ္ဆယအဖွဲ့တစ်ဖွဲ့အနေဖြင့် “ပရူပဝါဒ၊ပရဝမ္ဘန”အစရှိသောဘေးဆိုးတို့မှကင်းလွတ်စေရန်နှင့်မိမိတို့၏ဆောင်ရွက်ချက်များသည်မည်သည့်နည်းနှင့်မျှစောဒက၊စုဒိတက(၂)ဦးလုံးတို့ကပျက်ပြားအောင်မပြုလုပ်နိုင်စေရန်ဝိ/လက်စွဲအခန်း(၃)၊ အပိုဒ်(၇၅+၇၆+၇၇+၇၈)တို့အရနစ်နာသူကိုယ်တိုင်က တရားရုံးသို့ ဦးတိုက်လျှောက်ထားစွဲဆိုခြင်း ရှိ/မရှိမေးမြန်းရမည်ကိုမမေးမြန်းခဲ့သည့်အပြင်ပြစ်မှုဆိုင်ရာဥပဒေအရတရားစွဲဆိုခြင်းမပြုတော့ပါကြောင်း သတ်မှတ်သည့်နောက်ဆက်တွဲပုံစံ(၃)ဖြင့်ဝန်ခံကတိပြုသောစောဒက၏ဝန်ခံကတိပြုလွှာမိတ္တူမှန်ကိုစုဒိတကထံသို့စောဒနာလွှာနှင့်အတူပေးပို့ရမည်ကိုစုဒိတကအား မပေးဘဲဆောင်ရွက်သောသံဃနာယကအဖွဲ့အဆင့်ဆင့် ၏ဆောင်ရွက်ချက်များနှင့်သံဃဝိနိစ္ဆယအဖွဲ့အဆင့်ဆင့်တို့၏ဆောင်ရွက်ချက်အားလုံးသည်တရားမဝင်အလို အလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟုမှတ်ယူရမည်- ပြဋ္ဌာန်းချက်များရှိပါလျက်ယင်းပြဋ္ဌာန်းချက်တို့ကို လိုက်နာဆောင်ရွက်မှုမပြုလုပ်ခဲ့သဖြင့် ရန်ကုန်တိုင်း ဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၁)၏ စမ်းချောင်းမြို့နယ်၊ဗားကရာကျောင်းတိုက်၊သီရိဝေလာကျောင်း၌သီတင်းသုံးနေထိုင်သောဦးဝိသုတနှင့် ကြည့်မြင်တိုင်မြို့နယ်၊ဌာနလမ်း၊အမှတ်(၉၉)နေ စုဒိတက(၂)ဒေါ်တင်တို့၏စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊အမှတ်(၂၀)၌ဖြစ်ပွားသော “မြေနှင့်အိမ်ပိုင်ဆိုင်လိုမှု”အငြင်းပွားဝိဝါဒိကရုဏ်းမှုခင်း ဆုံးဖြတ်ချက်ကားတရားမဝင်အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟုသုံးသပ်ဆုံးဖြတ်ရန်မှတပါး အခြားမရှိတော့ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၈/၂၀၀၂)ဆရာတော်များကတစ်ညီတစ်ညွှတ်တည်း သုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊စမ်းချောင်းလမ်း အမှတ်(၂ဝ)မြေနှင့်အိမ်(ဂိုဒေါင်အပါအဝင်)ပိုင်ဆိုင်မှုအတွက်အငြင်းပွားမှုခင်းသည်၁၉၉၁ခုနှစ်မှ၁၉၉၉ခုနှစ် အထိလူတရားရုံး၌အချိန်ကြာမြင့်စွာရင်ဆိုင် ဖြေရှင်းခဲ့ခြင်း။ ၂။ဆရာတော်ဦးကောသလ္လသည်၂၅-၃-၉၇နေ့ကျမှ ပျံလွန်တော်မူကြောင်းသိရ၍အမှုစတင်ဖြစ်ပွားသည့် ၁၉၉၁ခုနှစ်အချိန်ကသက်တော်ထင်ရှားရှိတော်မူ၏။ ရန်ကုန်နိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်စသောသာသနညတော်၌အရေးပါအရာရောက်သည့်တာဝန်ကြီးများကိုကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့ပြီးလောကဓမ္မဆိုင်ရာကိစ္စအားလုံး၌ဆောင်ရွက် နိုင်သောအစွမ်းနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ရကားမိမိတို့ကျောင်းတိုက်အားမြေနှင့်အိမ်ကိုလှူဒါန်းပြီး စာချုပ်ရှိပါကစောဒနာသင့်သောအချိန်တွင်စာချုပ်ကိုတင်ပြပြီးမေတ်တာရပ်ခံကန့်ကွက်ခဲ့ပါကအလွယ်တကူပြီးနိုင်သောအမှုဖြစ်ပါလျက်တင်ပြတားမြစ်မှုမပြုခဲ့ခြင်း ၃။တန်ဖိုးကြီးမားသောမိမိပိုင်မြေနှင့်အိမ်လှူဒါန်းသည့် စာချုပ်(၂)မျိုးလုံး၌ဒေါ်ရီကမိမိကိုယ်ပွားမိမိသွားရာ အမြဲပါသောမွေးစားသမီးဒေါ်နွဲ့နွဲ့ရီအားအသိသက်သေအဖြစ်လက်မှတ်ထိုးသေမှုမပြုခဲ့ခြင်း၊ ၄။အိမ်နှင့်မြေကို၁၉၉၁ခုနှစ်၊ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်ရန်ကုန်မြို့စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ဒေါ်ရီကမနွဲ့နွဲ့ရီအားမေတ္တာဖြင့်အပိုင်ပေးကမ်းခြင်း စာချုပ်ကိုချုပ်ဆိုစဉ်ကလည်းတရားရုံးသို့ဦးကောသလ္လ ဦးဝိသုတ(၂)ပါးလုံးကကျောင်းပိုင်သန္တကပစ္စည်းဖြစ်၍ စာချုပ်ချုပ်ဆိုမှုမပြုပါရန်တစ်စုံတစ်ရာတားမြစ်မှု ပြုသည်ကိုမတွေ့ရခြင်း၊ ၅။ဒေါ်နွဲ့နွဲ့ရီကိုယ်တိုင်ဖခင်ဦးသိန်းထွန်းနှင့်ပိုင်ဆိုင်မှုအငြင်းပွားမှုစတင်ဖြစ်ချိန်မှစ၍ဖခင်ကြီးကွယ်လွန်သည့် ၂၆-၉-၉၃နေ့အထိသီရိဝေလာကျောင်းအားလှူဒါန်းပြီး ပစ်စည်းဖြစ်၍မိမိပိုင်ပစ္စည်းမဟုတ်သည့်အတွက် တစ်စုံတစ်ရာမိမိအားပြောဆိုမှုမပြုဘဲအမှန်တကယ် ပိုင်ဆိုင်ကြသောဆရာတော်များနှင့်သာပိုင်ဆိုင်မှုအငြင်း ပွားမှုပြုပါဟုမိမိဖခင်ကြီးအားပြောဆိုခဲ့မှုမရှိသည့်အပြင် တရားရုံး၌တရားရင်ဆိုင်မှပြုနေသည့်အချိန်ကာလ တစ်လျှောက်လုံးတရားရုံးကိုလည်းကျောင်းပိုင်ပစ္စည်းဖြစ်ကြောင်းကိုထွက်ဆိုမှုမပြုခဲ့ဘူးခြင်း။ ၆။လူတရားရုံး၌မတင်ပြခဲ့ပါဘဲလျက်သံဃာ့အဖွဲ့အစည်းထံတင်ပြသောစာ၌ဒေါ်နွဲ့နွဲ့ရီကိုယ်တိုင်ကသီရိဝေလာကျောင်းသို့လှူဒါန်းပြီးဖြစ်သော်လည်းအပေးအယူစာချုပ်ရှိပြီးဖြစ်သောကြောင့်လည်းကောင်းလှူဒါန်းသည့်စာချုပ်အတိုင်းဆောင်ရွက်ရန်သဘောတူပြီးဖြစ်သော ကြောင့်လည်းကောင်း၊လူတရားရုံးသို့သီရိဝေလာကျောင်းဆရာတော်အားမကြွရောက်စေလိုသောကြောင့်လည်းကောင်း၊ဒေါ်နွဲ့နွဲ့ရီကပင်အမှုကိုရင်ဆိုင်ခဲ့ခြင်းဖြစ် သည်ဟုဖော်ပြသည့်အပြင်ယင်းအမှုရင်ဆိုင်နေစဉ်ကာလအတွင်းဒေါ်နွဲ့နွဲ့ရီနှင့်ဒေါ်တင်တို့လဘက်ရည်ဆိုင်၌(၃)ကြိမ်၊တယ်လီဖုန်းဖြင့်(၂)ကြိမ်(ဒေါ်တင်ကမူ(၅) ကြိမ်လုံးသီရိဝေလာကျောင်း၌ညှိနှိုင်းဟုတင်ပြ) အပေးအယူပြုလုပ်ရန်ညှိနှိုင်းဖူးကြောင်းတင်ပြချက်ကိုထောက်ခံ၍တရားရုံး၌အမှုဖြစ်နေသည်ကိုမသိပါဟု ဦးဝိသုတ၏လူတရားရုံး၌တင်ပြချက်မှာသံသယ ဖြစ်ဖွယ်ရှိနေခြင်း။ ၇။ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့သို့စုဒိတက(၂) ဒေါ်တင်၏နောက်ဆုံးတင်သွင်းသောသောဓနာလွှာ၌ တရားရုံးက(၁၃-၁-၉၉)နေ့စွဲဖြင့်ကြေးမုံသတင်းစာတွင် ကြော်ငြာထည့်ပြီးနောက်တစ်လအကြာ(၁၅-၂-၉၉)နေ့ ကျမှသာရောင်းချခြင်းဖြစ်၏။ ဦးဝိသုတသည်တရားရုံး၏အိမ်အရောင်းကိုသံဃာအင်အားနှင့်ဖျက်ဆီးပြီးတစ်လခွဲအကြာ(၃-၃-၉၉)နေ့ကျမှသာစာချုပ်အတုများဖြင့်(ဆရာတော်ကြီးများ၏ ထောက်ခံချက်ကိုရယူပြီး)လှူဒါန်းထားသောမြေနှင့် အဆောက်အဦဖြစ်ပါသည်။ တရားရုံးတွင်အမှုဖြစ်နေသည်ကိုမသိပါဟုတင်ပြချက်သည်ဟုတ်မှန်ပါကဤပိုင်ဆိုင်ခွင့်အငြင်းပွားမှုသည် သံသယကုက္ကုစ္စဖြစ်ဖွယ်အမှုဖြစ်နေခြင်းသံသယဖြစ်ဖွယ်မသေချာမရေရာမှုများကိုတွေ့မြင်နေရ ပါသောကြောင့်ဝိနယဝိနိစ်ဆယဉ်စပတ်တာ၊ ဂရုကယေဝေ ဌာတဗ်ဗန်တိ ဝုတ်တံ၊ တသမာ ဥပပရိက်ခိတ်တာ၊ယုတ်တတရံ ဂဟတေဗျဗံ။ (သာရတ္ထ-ဋီ(၂)၊ နှာ-၃၄၉) ဝိနည်းအဆုံးအဖြတ်သို့ရောက်ခဲ့လျှင်အလေးသာတဲ့ဘက်ကရပ်တည်ပါ။ထို့ကြောင့်စဉ်းစားဆင်ခြင်၍ ယုတ္တိရှိသည်ကိုသာယူပါ-ဟူသောဋီကာဆရာ၏ လမ်းညွှန်ချက်အတိုင်း - နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈/၂၀၀၂)ဝိနည်းဓိုရ်ဆရာတော်ကြီးများကကိုယ်တိုင်လက်မှတ်ရေးထိုးကြ၍ မူလစောဒက-ဦးဝိသုတနှင့်မူလစုဒိတက-ဒေါ်တင်ပါ (၂)ဦးတို့၏ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊စမ်းချောင်းလမ်း၊အမှတ်(၂၀)မြေနှင့်အိမ်(ဂိုဒေါင် အပါအဝင်) ပိုင်ဆိုင်မှုအငြင်းပွားမှုခင်းကိုတစ်ညီတစ်ညွတ်တည်း အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်တော်မူကြပါ သည်။ [ဆုံးဖြတ်ချက်]

၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

လုပ်ထုံးလုပ်နည်းများအခန်း(၄)၊အပိုဒ်-၂၁(ဂ)နှင့် ဝိ/လက်စွဲအခန်း(၃)၊အပိုဒ်(၇၅+၇၆+၇၇+၇၈)တို့အရ ရန်ကုန်တိုင်းဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၂၁/၂ဝဝဝ) ၏ဆုံးဖြတ်ချက်အားလုံးသည်တရားမဝင် အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ စဥ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့ ၁။ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ (သဘာပတိ) မဟာဂန္ဓာရုံ၊အမရပူရမြို့။ ၂။ဘဒ္ဒန္တဝန္ဒိယ(အဖွဲ့ဝင်) မြို့ခင်းသာ၊ဂန့်ဂေါမြို့။ ၃။ ဘဒ္ဒန္တဝိသုတ(အဖွဲ့ဝင်) အင်တောင်ပေါ်၊မြို့သစ်မြို့။ ၄။ ဘဒ္ဒန္တကေတု(အဖွဲ့ဝင်) မဟာဝိသုတာရာမ၊စလင်းမြို့။ ၅။ ဘဒ္ဒန္တကုဏ္ဍလ(အဖွဲ့ဝင်) ရွှေစေတီ၊ပွင့်ဖြူမြို့။

                                       ပြီးပါပြီ။
၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၃၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၁)

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊သိမ်ဖြူကျောင်းတိုက်၌ဖြစ်ပွါးဦးနာဂိန္ဒနှင့်ဦးသုနန္ဒတို့၏ လိပ်ပြာကန်ကျောင်း-ဝိဝါဒါဓိကရုဏ်းမှုခင်း [လိပ်ပြာကန်ကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူမီးရထားရပ်ကွက်၊သိမ်ဖြူကျောင်းတိုက်အတွင်းရှိလိပ်ပြာကန်ကျောင်းသည်ရန်ကုန်မြို့အရှေ့တောရကြီးကျောင်းတိုက် ဆရာတော်ဦးသီရိကမူလစတင်တည်ထောင်၍ ပိုင်ဆိုင်ခဲ့သည်။ ဆရာတော်ဦးသီရိမှတစ်ဆင့်တပည့်ဖြစ်သူဦးစန္ဒိမာ၊ ဦးစန္ဒိမာမှတစ်ဆင့်၄င်း၏ညီဖြစ်သူဦးဂန္ဒ၊ဦးဂန္ဓမှတစ်ဆင့်၄င်း၏ဥပဇ္ဈာယ်ဆရာတော်ဦးစန္ဒောဘာသ၊ ဦးစန္ဒောဘာသမှတစ်ဆင့်၄င်း၏တပည့်ဦးဣဿရိယ တို့ကပုဂ္ဂလိကအဖြစ်ဖြင့်အဆင့်ဆင့်ပိုင်ဆိုင်ခဲ့ကြသည်။ ဆရာတော်ဦးဣဿရိယလက်ထက်တွင်ဆရာတော် ဦးဣဿရိယ၊ဦးနာဂဝိန်ဒ၊ဦးပညောဘာသတို့ တိသန်တကပြုလုပ်၍ပိုင်ဆိုင်ခဲ့သည်။ ဦးဣဿရိယပျံလွန်ပြီးနောက်ကျန်(၂)ပါးသန္တက အဖြစ်ဖြင့်ပိုင်ဆိုင်ခဲ့သည်။ ဦးနာဂဝိန္ဒသည်မြေးတပည့်ဖြစ်သူဦးပညောဘာသအား လိပ်ပြာကန်ကျောင်းကိုထိန်းသိမ်းစောင့်ရှောက်သာသနာ ပြုရန်စာတမ်းပြုလုပ်ကာလက်မှတ်ထိုး၍ လွှဲအပ်ခဲ့ပါသည်။ လိပ်ပြာကန်ကျောင်းသည်၁၃၅၇-ခုနှစ်၊နတ်တော်လဆန်း (၃)ရက်၊(၂၄-၁၁-၉၃)နေ့တွင်ဒွိသန္တကမှဦးသုနန္ဒပါဝင်သောတိသန်တကအဖြစ်သို့ရောက်ရှိလာသည်။ တိသန္တကစာချုပ်ချုပ်ဆိုပြီးတစ်နှစ်နီးပါးအကြာစောဒက ဦးနာဂဝိန္ဒက(၂၈-၁၀-၉၆)ရက်စွဲဖြင့်ဦးသုနန္ဒနှင့်ဦးပညာတို့ကိုကျောင်းအရောင်းအဝယ်ပြုလုပ်မှုကြောင့် တိသန္တကဝင်အဖြစ်မှထုတ်ပယ်ပြီးကျောင်းရောင်းစားသူ ဦးပညာကိုအရေးယူဆုံးမပေးပါရန်တိုင်းသံဃနာယကအဖွဲ့သို့တိုင်ကြားခဲ့သည်။ ယင်းတိုင်ကြားချက်အရတိုင်းသံဃနာယကအဖွဲ့က (၇-၁၁-၉၆)နေ့တွင်သဘောတူညီမှု(၅)ရပ်ဖြင့်ညှိနှိုင်းပေး၍ပြေငြိမ်းခဲ့ကြသည်။ယင်းပြေငြိမ်းပြီးနောက် လိပ်ပြာကန်ကျောင်း၌ဆက်လက်နေထိုင်ကြသည်။ ဆရာတော်ဦးနာဂဝိန္ဒသည်၁၃၅၈-ခုနှစ်၊တန်ဆောင်မုန်း လဆုတ်(၁၄)ရက်၊(၉-၁၂-၉၆)နေ့တွင်လိပ်ပြာကန်ကျောင်းနေရဟန်းသာမဏေများလိုက်နာရန်ကျောင်းစည်းမျဉ်း(၁၈)ချက်ကိုရေးဆွဲထုတ်ပြန်သည်။ ယင်းစည်းမျဉ်းများကိုဦးသုနန္ဒနှင့်တပည့်များက မနာယူကြဘဲနှောင့်ယှက်နေသည်ဟုဆိုသည်။ ထိုသို့ဖြစ်၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လိပ်ပြာကန်ကျောင်းကိုသင့်လျော်သလိုပိုင်းခြားသတ်မှတ်ပေးပါရန် (၂၇-၁၂-၉၆)နေ့ရက်စွဲပါစာဖြင့် လျှောက်ထားခဲ့ပါသည်။တိုင်းသံဃနာယကအဖွဲ့သို့လဲ လျှောက်ထားခဲ့ပါသည်။ နောက်တစ်ဖန်ဦးသုနန္ဒနှင့်အပေါင်းအပါများက အနှောင့်အယှက်ပြုနေမှုများကြောင့်စကားနည်းရန်စဲ သဘောဖြင့်လိပ်ပြာကန်ကျောင်းကိုသင့်လျော်သလို ပိုင်းခြားသတ်မှတ်ပေးပါရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့တင်ပြလျှောက်ထားခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကသံဃနာယကအဖွဲ့သို့ယင်းကိစ္စကိုဆောင်ရွက်ပေးရန်(၁၄-၁-၉၇)နေ့စွဲပါစာဖြင့်ညွှန်ကြားခဲ့ရာတိုင်းသံဃနာယကအဖွဲ့၊မြို့နယ်သံဃနာယကအဖွဲ့၊မြို့နယ်အာဏာပိုင်အဖွဲ့နှင့်သာသနာရေးမှူးများအပါအဝင်ဦးနာဂဝိန္ဒနှင့်ဦးသုနန္ဒ(၂)ပါးတို့ကို (၂၈-၁-၉၇)နေ့တွင်ညှိနှိုင်းပေးရန်ခေါ်သည်။ ယင်းညှိနှိုင်းပွဲတွင်ဦးသုနန္ဒကကျောင်းခွဲဝေမှုနှင့် ဦးနာဂဝိန္ဒကျောင်းထိုင်ပဓာနအဖြစ်ကိုလက်မခံနိုင်ကြောင်းငြင်းဆန်နေသဖြင့်ညှိနှိုင်းမှုမအောင်မြင်ခဲ့ပါ။ ဤသို့ညှိနှိုင်းမရသောကြောင့်ဦးနာဂဝိန္ဒကဦးသုနန္ဒကို ညှိနှိုင်းပွဲတွင်ဦးသုနန္ဒကကျောင်းခွဲဝေမှုနှင့်ဦးနာဂဝိန္ဒကျောင်းထိုင်ပဓာနအဖြစ်ကိုလက်မခံနိုင်ကြောင်း ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီသံဃဝိနိစ္ဆယဖွဲ့၍စစ်ဆေးပေးပါရန်လျှောက်ထားသည်။ယင်းလျှောက် ထားချက်အရတိုင်းသံဃနာယကအဖွဲ့ကပိုင်ဆိုင်လိုသူက စောဒကပြုလုပ်၍စွဲဆိုရန်ညွှန်ကြားခဲ့သည်။ ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးရန်မြို့နယ်သံဃနာယကအဖွဲ့ကိုလဲ(၂၀-၁၀-၉၈) ရက်စွဲပါစာဖြင့်ညွှန်ကြားခဲ့ပါသည်။ ဦးနာဂဝိန္ဒကစောဒကပြုလုပ်၍(၁၂-၁၂-၉၈)စောဒနာလွှာ တင်သွင်းခဲ့သော်လည်းသက်ဆိုင်ရာကနှောင့်နှေးနေသဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အလျင် အမြန်ဝိနိစ္ဆယဖွဲ့၍စစ်ဆေးပေးနိုင်ရေးအတွက်ဆောင် ရွက်ပေးပါရန်လျှောက်ထားသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်းအကြိမ်ကြိမ် ညွှန်ကြားပေးသည်မြို့နယ်ကဖွဲ့စည်းပေးသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃/၉၉)ပျက်သဖြင့် ဦးနာဂဝိန္ဒသည်ဒုတိယအကြိမ်စောဒနာလွှာတင်သွင်း ခဲ့ပါသည်။ယင်းစောဒနာလွှာကိုမြို့နယ်သံဃနာယက အဖွဲ့ကဖွဲ့စည်းပေးသောမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁/၂၀၀၀)ကအောက်ဖော်ပြပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်- [ဆုံးဖြတ်ချက်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)အချင်းဖြစ်လိပ်ပြာကန်ကျောင်းကိုစောဒက ဦးနာဂဝိန္ဒနှင့်စုဒိတကဦးသုနန္ဒတို့(၂)ပါးဒွိသန္တက ပိုင်ဆိုင်ကြပြီးစုဒိတကဦးသုနန္ဒသည်ပဓာနနာယက ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ (ခ)ဦးသုနန္ဒသည်လိပ်ပြာကန်ကျောင်း၌ဦးနာဂဝိန္ဒ သီတင်းသုံးနေထိုင်ပါကမိဘဆရာသမားအရင်းသဖွယ် ပြုစုစောင့်ရှောက်ရမည်။ (ဂ)(၇-၁၁-၉၆)နေ့တိုင်းသံဃနာယကအဖွဲ့ရုံး၌ညှိနှိုင်း ရရှိထားသောသဘောတူဝန်ခံကတိ(၅)ရပ်ကို အတည်ပြုသည်။ (ဃ)လိပ်ပြာကန်ကျောင်းအုပ်ချုပ်ရေးသည်ပဓာနနာယကကျောင်းထိုင်ဆရာတော်၏စီမံခန့်ခွဲမှု အတိုင်းသာဖြစ်သည်။ မူလစောဒကဦးနာဂဝိန္ဒသည်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၀)၏အဆုံးအဖြတ်ကိုမကျေနပ်သဖြင့် တိုင်းသံဃနာယကအဖွဲ့သို့(၂၀၀၀)ပြည့်နှစ်၊အောက်တို ဘာလ(၁၀)ရက်နေ့တွင်အယူခံစောဒနာလွှာတင်သွင်းပါသည်။ယင်းအယူခံစောဒနာလွှာကိုဝိနည်းတရားတော်နှင့်အညီစစ်ဆေးသုံးသပ်ဆုံးဖြတ်နိုင်ရန်တိုင်းသံဃနာယကအဖွဲ့ကတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၇/ ၂၀၀၀)ကိုဖွဲ့၍ဝိနိစ္ဆယတာဝန်ပေးအပ်တော်မူကြသည်။တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၇/၂၀၀၀)က မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၀)၏ အဆုံးအဖြတ်ကိုထပ်မံအတည်ပြုလိုက်သည်ဟု ဆုံးဖြတ်ချမှတ်ခဲ့သည်။ မူလစောဒကဦးနာဂဝိန္ဒသည်တိုင်းသံဃဝိနိစ္ဆယအမှတ် (၄၇/၂၀၀ဝ)၏ဆုံးဖြတ်ချက်ကိုလည်းမကျေနပ်သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့နိုင်ငံတော်အယူခံ စောဒနာလွှာတင်သွင်းခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်ယင်းဝိဝါဒါ ဓိကရုဏ်းမှုခင်းကိုဝိနည်းဓမ္မကံအဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီဆုံးဖြတ်နိုင်ရန်၁၃၆၃-ခုနှစ်၊တော်သလင်းလဆန်း (၈)ရက်၊(၂၅-၉-၂၀၀၁)အင်္ဂါနေ့တွင်နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)ကိုဖွဲ့စည်း၍စစ်ဆေးဆုံးဖြတ်စေခဲ့သောဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်သည်။ နိုင်ငံတော်သံဃမိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)ဝိနည်းဓိုရ်ဆရာတော်များ၏သဘောထားနှင့်ခံယူချက် ထိုသို့လွှဲအပ်ခဲ့သောဝိဝါဒါဓိကရုဏ်းမှုခင်းသည် နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)ထံသို့တာဝန်ကျရောက်ခဲ့ရာ-အာဂတောဘာရော အဝေဿံ အာဝဟိတဗ်ဗောဟူသောဋီကာမိန့်မှာချက်နှင့်အညီ ရောက်လာတာဝန်ဒို့တာဝန်ဟုနှလုံးပိုက်ကာဧကန်ထမ်းဆောင်ရမည်ဖြစ်ပေသည်။ ယင်းသို့ထမ်းဆောင်ရာ၌-သာသနံ ဂါရဝံကတွာ သဒ္ဓမ္မဿနုလောမကောဟူသောဝိနယလင်္ကာရဋီကာ မိန့်မှာချက်ကိုရှုဆင်ခြင်၍လည်းကောင်း၊ယင်းနောက် ဥဘိန္နံဝစနံ ပရိသံ ​ဂါဟာပေတွာ-တေသံ ၀စနဉ္စ ကိရိယဉ္စ ပရိဂ္ဂဟေတွာ သစ္စဉ္စ ဝိထကဉ္စ ဥတွာဝ ဝိနိစ္ဆန္တိဟူ၍ ဝိနယလင်္ကာရဋီကာလာသည်နှင့်လျော်ညီစွာ စောဒကပက္ခ၊စုဒိတကပက္ခတို့၏လျှောက်ထားချက်၊ ထွက်ဆိုချက်စကားအရပ်ရပ်တို့ကိုအထပ်ထပ်ကွဲပြားခြားနားမှတ်သားကာကိုယ်တိုင်မြင်သိမှန်/မမှန်ရှေ့နောက် ညှိ၍လည်းကောင်း၊ထို့ပြင်-ပါဠိံ အဋ္ဌကထဥ်​စေဝ၊ သာဓိပ္ပါယမသေသတော၊ဩဂယှ အပ္ပမတ္တေန၊ ကရဏီယော ဝိနိစ္ဆယောဟူသော(ဝိ-ဋ္ဌ-၁၊ ၃၄၆) ဝိနယအဋ္ဌကထာဆရာမိန့်မှာတော်မူသည်နှင့်အညီ ပါဠိ၊အဋဌွကထာ၊ဋီကာအသီးသီးလာအဓိပပွါယမှားကို ကြည့်ရှု၍သဘာဝ-ယုတ္တိယုတ္တာ-အာဂမ-သာဓက ဉာပကတို့ဖြင့်ပေါင်းစပ်ကာသုံးသပ်ဆုံးဖြတ်ပါတော့အံ့။ [လိုရင်းအချက်မျှသုံးသပ်ပြအံ့]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဤမှုခင်းပါစောဒနာလွှာ၊သောဓနာလွှာ(၂)နှစ်ဖက်သက်သေတို့၏ထွက်ဆိုချက်များကို မြို့နယ် တိုင်းသံဃဝိနိစ္ဆယဆရာတော်များကပြည့်ပြည့်စုံစုံအကျယ်တဝင့်ဝေဖန်သုံးသပ်ထားပြီးဖြစ်၍ နိုင်ငံတော်သံဃဝိနိစ္ဆယဆရာတော်များအနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက်နှင့်ဆက်စပ်ပတ်သက်သည့် လိုရင်းအချက်မျှကိုသာခြုံငုံမိရုံမျှဝေဖန်သုံးသပ်ပေအံ့။ တိသန်တကအတုဖြစ်သောကြောင့်တရားမဝင်အထ မမြောက်ဝိနည်းတရားတော်နှင့်မညီပျက်ပြယ်၏ဟူသော [သောစောဒနာကိုသုံးသပ်ခြင်း]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးနာဂဝိန္ဒ၊ဦးပညောဘာသနှင့်ဦးသုနန္ဒတို့ချုပ်ဆိုထား ကြသောတိသန္တကစာချုပ်နှင့်ပတ်သက်၍စောဒက ဦးနာဂဝိန်ဒကတ်သန်တကအတုဖြစ်သောကြောင့်၎င်း၊ လိမ်လည်လှည့်ဖြားပြီးသန္တကဝင်ဖြစ်အောင်လုပ်ကြံ ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊နှုတ်မြွက်ပြုလုပ်ခြင်းမဟုတ်သောကြောင့်လည်းကောင်းတရား မဝင်၊အထမမြောက်၊ဝိနည်းတရားတော်နှင့်မညီ ပျက်ပြယ်၏ဟုစောဒနာထားသည်ကိုတွေ့ရ၏။ ဒွိသန္တက၊တိသန္တကစသည်ပြုလုပ်နည်းကိုဝိနည်းပါဠိတော်အဋ္ဌကထာ၊သာရတ္ထဋီကာ၊ဝိမတိဋီကာတို့၌ တိုက်ရိုက်ဖော်ပြထားခြင်းမရှိပေ။ဝဇိရဗုဒ္ဓိဋီကာလာ သမာနပရိက်ခါရပြုနည်းကိုမှီ၍ရှေးဆရာတော်ကြီးများ အစဉ်အဆက်လက်ခံသုံးစွဲကျင့်သုံးလာခဲ့ကြသော နည်းများသာရှိ၏၊ဝဇိရဗုဒ္ဓိဋီကာ၌သမာနပရိက်ခါရ ပြုနည်း(၂)နည်းကိုဖော်ပြထားရာစော/စုတို့အသုံးပြု ခဲ့ကြသောတိသန္တကပြုနည်းမှာပထမနည်းဖြစ်၏။ ယင်းနည်းကိုစောဒကဦးနာဂဝိန္ဒကတိသန္တကအတုဟု ဆိုသော်လည်းသာသနာတော်တစ်ရပ်လုံးရှိဆရာတော်၊ သံဃာတော်များအစဉ်အဆက်လက်ခံကျင့်သုံးခဲ့ကြ၊ လက်ခံကျင့်သုံးနေဆဲ၊လက်ခံကျင့်သုံးနေကြဦးမည့် နည်းဖြစ်၍ဝိနည်းတရားတော်နှင့်လည်းမဆန့်ကျင်သော ကြောင့်နည်းကောင်း၊နည်းမှန်တစ်ရပ်သာဖြစ်ပေသည်။ မှန်၏။စော/စုတို့အသုံးပြုကြသော “မမ သန္တကံ တဝစ မမစ ဟောတု”ဟူသောတိသန္တက ပြုနည်းသည်ဝိနည်းတရားတော်နှင့်မဆန့်ကျင်ပေ။ ပါရာဇိကဏ်ပထမကထိနသိက္ခာပုဒ်အဖွင့်အဋ္ဌကထာ၌ ဝတ္ထုပဋိဂ္ဂါဟက၊ကြိယာပဋိဂ်ဂါဟကလက္ခဏာမရှိသော အကာရကသဗ္ဗန္ဓဆဋ္ဌီဖြင့်“တဝ သန္တကံ ဟောတု”ဟူသော ပေးခြင်းကိုသာဒုဒိန္နဖြစ်၍အပေးမမြောက်ကြောင်း အဋ္ဌကထာဆရာပယ်မြစ်တော်မူပြီးဝတ္ထုပဋိဂ္ဂါဟက ကြိယာပဋိဂ္ဂါဟကလက္ခဏာရှိသောသမ္ပဒါနကာရက စတုတ္ထဝိဘတ်ဖြင့်“ဣဒံ သန္တကံ တဝ ဟောတု”ဟူသော ပေးခြင်းကိုမူကားသုဒိန္နအဖြစ်၌အဋ္ဌကထာဆရာ ခွင့်ပြုတော်မူသည်။(ဝိနယသမူဟ-၁၊၉၃) သစေ ပန“ဧကောဂဏှာဟိ”တိ ဝဒတိ၊ဣတရော “န ဂဏှာမိ”တိ။ပုသော“ဒိန်နံ မယာ၊တုယှံ ဂဏှာဟိ”တိ ဝဒတိ၊ဣတရောပိ န မယှံ ဣမိနာ အတ်ထော”တိ ၀ဒတိ၊ တတော ပုရိမောမိ “မယာ ဒိန်န”န္တိ ဒသာဟံ အတိက္ကာမေတိ၊ပစ္ဆိမော ပိ“မယာ ပဋိက်ခိတ်တ”န်တိ၊ တဿ အာပတ်တီတိ န ကဿစိ အာပတ်တိ။ယဿ ပန ရုစ်စတိ တေန အဓိဋ္ဌဟိတွာ ပရိဘုဉ္ဇတဗ်ဗံ၊(ဝိ-ဋ္ဌ-၁-၂၃၁) ဟူသောအဋ္ဌအထာစကားရပ်၌“တုယုံ ဂဏှာဟိ”ဟူ၍ “ဟောတု”သဒ္ဒါနှင့်အာဏတ်တိကအဖြစ်ဖြင့်တူသော “ဂဏှာဟိ”သဒ္ဒါဖြင့်ပေးရာ၌ပေးခြင်းမြောက်သော ကြောင့်သင်္ကန်းကိုပေးစွန့်သောပုရိမရဟန်းအားထိုသင်္ကန်းသည်ဆယ်ရက်လွန်သော်လည်းအာပတ်မသင့်။ ပစ္ဆိမရဟန်းအားလည်းထိုသင်သန်းသည်ဆယ်ရက်လွန်သော်လည်းအာပတ်မသင့်။ပစ္ဆိမရဟန်းအားလည်း ပယ်ပြီးဖြစ်သောကြောင့်အာပတ်မသင့်ဟုပြဆိုတော် မူခြင်းသည်“တုယုံ ဂဏှာဟိ”သဒ္ဓါနှင့်“တဝစ မမစ ဟောတု”သဒ္ဓါတို့တူသောကြောင့်လည်းကောင်း ဥပနိက်ခိတ်တံ ဝါ သာဒိယယြောတိ“ဣဒံ အယြဿ ဟောတု”တိ ဧဝံ သမ္မုခါ ဝါ အသုကသမိံ နာမ ဌာနေ မမ ဟိရညသုဝဏ္ဏံ၊တံ တုယှံ ဟောတူ”တိ ဧဝံ ပရမ်မုခါ ဌိတံ ဝါ ကဝေလံ ဝါစာယ ဝါ ဟတ်ထမုဒ်ဒါယ ဝါ တုယှန်တိ”ဝတွာ ပရိစ္စတ္တံ့။(ကင်ခါ-ဋ္ဌ၊၁၇၅)ဟူသော ကင်္ခါဝိတရဏီအဋ္ဌကထာ၌ပေးလှူသောအခြင်းအရာကို “အယျဿဟောတု၊တုယှံ ဟောတု”ဟုပြဆိုသောကြောင့် လည်းကောင်း၊“မမ သန္တကံ တဝစ မမစ ဟောတု”ဟူ၍ သမျပဒါနဝစနအာဏတ်တိကသဒ်ဒါဖွငျ့ သမာနပရိက်ခာရ တိသန္တကပြုခြင်းသည် ဝိနည်းတရားတော်နှင့်ညီညွတ်၍ တိသန္တကအထမြောက်၏ဟုမှတ်ယူရပေမည်။ (ညောင်ရမ်းဝိနိစ္ဆယ-၂၄၄၊၂၄၅) နာမည်ကျော်ဗန်းမော်ဆရာတော်ဘုရားကြီးကလည်း ဝဇိရဗုဒ္ဓိဋီကာလာပထမနည်းဒွိ/တိသန္တကပြုခြင်း၏ ဓမ္မကံလမ်းရိုးကျသောဝါဒဖြစ်ကြောင်းကိုအောက်ပါအတိုင်းမိန့်ဆိုတော်မူခဲ့ပေသည်-ထို့ကြောင့် မမ သန္တကံ တဝစ မမစ ဟောတူတိ ဧဝမာဒိဝစနေန သမာနပရိက္ခာရံ ကာတုံ ဝတီတိ အာစရိယာတိ လိဒိတံ-ဟုဝဇိရဗုဒ္ဓိဋီကာ၌ မိန့်လေသည်။ ဤသို့မှတ်အပ်ကြောင်းကိုလက္ခဏာ၊အာဂုံယုတ္တိရှိသော ကြောင့်ဒွိသန္တကဖြစ်သင့်၏ဟူသောအယူဝါဒစကားကို တရားအမှန်ဓမ္မကံလမ်းရိုးကျသောဝါဒမြတ်ဟုမှတ်။ မဖြစ်သင့်ဟူသောအယူဝါဒကိုကားတရားမမှန်ဓမ္မကံလမ်းရိုးမကျဝါဒလွဲဝါဒမှားဖယ်ရှားစွန့်ပစ်မနှစ်သက် မနာယူအပ်တွန်းလှန်အပ်သောဝါဒဟုမှတ်” (ဝိနယသမူဟ-၁၊၈၉) လိမ်လည်လှည့်ဖြားပြီးသန်တကဝင်ဖြစ်အောင်လုပ်ပြီး ဆောင်ရွက်ခဲ့ခြင်းကြောင့်တိသန္တကစာချုပ်တရားမဝင် အထမမြောက်အလိုအလျောက်ပျက်ပြယ်ဟူသော [စောဒနာကိုသုံးသပ်ချက်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဤ၌စောဒကဦးနာဂဝိန္ဒဆိုလိုသောလိမ်လည်လှည့်ဖြားခြင်းဟူသည်ဦးသုနန္ဒနှင့်ဦးပညောဘာသတို့ (၂)ဦး လိပ်ပြာကန်ကျောင်းကိုငွေ (၁၃)သိန်းဖြင့်တိတ်တဆိတ်အရောင်းအဝယ်ပြုလုပ်ထားပြီးမိမိစောဒကဦးနာဂဝိန္ဒကိုမူစာသင်တိုက်ဖွင့်ရန်ဟုအကြောင်းပြုလျက်တိသန်တကစာချုပ်ကိုချုပ်ဆိုဖြစ်အောင်လုပ်ကြံအောင်ဆောင်ရွက်ခြင်းကိုဆိုလိုသည်။ ဦးသုနန္ဒနှင့်ဦးပညောဘာသတို့၏လိမ်လည်လှည့်ဖြားမှုကိုခံခဲ့ရ၍မိမိ(ဦးနာဂဝိန္ဒ)အနေဖြင့်တိသန်တကစာချုပ် ၌လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ပြီးကြည်ဖြူကျေနပ်စွာဖြင့် လက်မှတ်ထိုးခဲ့ခြင်းမဟုတ်သောကြောင့်တိသန္တကစာချုပ်တရားမဝင်ဟုစောဒနာလိုရင်းဖြစ်သည်။ ယင်းစောဒနာချက်သည်တိသန္တကစာချုပ်ပါ “ဤသို့တိသန္တကပြုလုပ်ခြင်းသည်မည်သူတစ်ဦး တစ်ယောက်၏ခြိမ်းခြောက်ခြင်း၊ဖြားယောင်းသွေး ဆောင်ခြင်း၊အတင်းအဓမ္မစေခိုင်းတိုက်တွန်းခြင်း၊ နှိုးဆော်ခြင်းစသည်တို့ကြောင့်ပြုလုပ်သည်မဟုတ်ပါ” ဟူသောစကားရပ်နှင့်လုံးဝဆန့်ကျင်သွေဖည်နေလျက်ရှိ၏။စောဒကဦးနာဂဝိန္ဒသည်မိမိကိုယ်တိုင်ပါဝင်ရေးသားခဲ့သောတိသန်တကစာချုပ်ပါယင်းစာသား (စကားရပ်)များကိုသတိပြုမိဟန်မတူချေ။ ဦးပညာဘာသ၏နောက်ဆုံး(ဃ)အဖြစ်လျှောက်ထားလွှာ၌“၎င်းနေ့(၁)နာရီ၊ဦးနာဂဝိန်ဒနှင့်တပည့်တော် ဦးပညောဘာသတို့သွားရောက်ပြီးဝါဆိုကျောင်း ဦးစန္ဒောဘာသထံသန္တကပြုလုပ်ပေးပါရန်လျှောက်ထားလို့တပည့်တော်တို့(၃)ပါးတိသန္တကစာချုပ်စာမူကြမ်းရေးကြပြီးနောက်နတ်တော်လပြန်လာကြ၊မှာကြားချက်အရ တတိယအခေါက်၊ကနောင်မြို့ရောက်တော့ဦးပဏ္ဍိတ တိုင်ကြားချက်အရကြောင့်တပည့်တော်ကိုစစ်မေးသည့်အဖြစ်ကြုံခဲ့ရပါသည်။ ဦးသုနန္ဒကလည်းသူ့ကိုသန်တကထဲမထည့်ပါတော့နှင့် လို့မှာပြီးဦးနာဂဝိန္ဒ၊ဦးစန္ဒောဘာသနှင့်တပည့်တော် ပညောဘာသာတို့ကိုအကြိမ်ကြိမ်လျှောက်ထားပြီး မြန်အောင်ကိုဦးသုနန္ဒပြန်သွားပါတယ်။နောက်တစ်နေ့ ဆရာတော်ဦးနာဂဝိန်ဒနှင့်တပည့်တော်ပညောဘာသ ဆန္ဒအရသန္တကပြုလုပ်ရန်ဦးသုနန္ဒကိုလိုက်ပင့်ပါတယ်” ဟုရေးသားဖော်ပြထားချက်အရတိသန္တကစာချုပ်ကို ရေးသားသူများမှာစောဒကဦးနာဂဝိန္ဒ၊ဦးစန္ဒောဘာသာနှင့်ဦးပညော ဘာသတို့(၃)ပါးဖြစ်ကြောင်း၊ဦးသုနန္ဒက မိမိကိုသန္တကထဲသို့မထည့်ရန်ပြောဆိုကြောင်း၊နောက်မှ စောဒကဦးနာဂဝိန္ဒ၊ဦးပညောဘာသတို့ဆန္ဒအရ လိုက်ပင့်ပြီး“သန္တကမပြုလုပ်လိုပါဟုအတန်တန်ငြင်းဆို နေသည့်ကြားမှ ဦးနာဂဝိန္ဒ၊ဦးစန္ဒောဘာသနှင့် ဦးပညောဘာသတို့၏တိုက်တွန်းချက်ကြောင့်ဦးသုနန်ဒ လက်ခံခဲ့ရကြောင်းကောင်းစွာပေါ်လွင်ထင်ရှားလျက် ရှိပေတော့၏။ ဤဖြစ်စဉ်အရစုဒိတကဦးသုနန္ဒသည်စောဒကဦးနာဂဝိန္ဒပြောသကဲ့သို့နဂိုမူလအစကတည်းကလိမ်လည်လှည့်ဖြားပြီးတိသန်တကစာချုပ်ချုပ်ဆိုရန်ရည်မှန်းချက်ရှိလျှင် (သို့မဟုတ်)ဦးပညောဘာသနှင့်အရောင်းအဝယ်ကိစ္စပြုလုပ်ခဲ့ရိုးမှန်လျှင်လက်ရှိအခြေအနေသည်မိမိလိုချင်သောအကွက်ဆိုက်ရောက်နေပြီးဖြစ်ရာမိမိကိုတိသန္တကထဲမထည့်ပါနဲ့တော့ဟုပြောဆိုကာအခွင့်အရေးကို ယလက်လွတ်ဆုံးရှုံးခံပြီးထွက်ခွာသွားရန်အကြောင်းမရှိပေအရောင်းအဝယ်သဘောအရမိမိဖက်မှအရှုံးပေါ်မည့် အရေးကိုမတွေးမိဘဲနေမည်မဟုတ်။တွေးမိလျှင်လည်း လက်ချည်းသက်သက်ထွက်ခွာသွားလိမ့်မည်မဟုတ်ပေ လူဆိုသည်မှာမိမိအတွက်တစ်ကွက်အသာရရှိရေးကို ရှေးတန်းတင်ပြီးပြောဆိုပြုလုပ်ကြံစည်လုပ်ဆောင် တတ်စမြဲဖြစ်ရာမိမိအသာစီးမရရှိသည့်တိုင်မနစ်နာအောင်တော့ဆောင်ရွက်လုပ်ကိုင်ရပေလိမ့်မည်။ ထိုကဲ့သို့မပြုလုပ်ဘဲသန္တကထဲမပါဝင်ရအောင်၊ကနောင်သို့ထွက်ခွာသွားခဲ့ခြင်း၊စောဒကဦးနာဂဝိန္ဒ၊ဦးပညောဘာသတို့ကပြန်ခေါ်ခိုင်းပြီးတိသန်တကစာချုပ်ချုပ်ဆိုမှုကို လက်ခံရန်တိုက်တွန်းခြင်းတို့ကြောင့်လက်ခံခဲ့ရခြင်း ဖြစ်ရာယင်းတိသန္တကစာချုပ်ကိုလိမ်လည်လှည့်ဖြားပြီး ချုပ်ဆိုခဲ့ခြင်းမဟုတ်ကြောင်းထင်ရှားနေပါသည်။ ဦးပညောဘာသကလည်းမိမိ၏နောက်ဆုံး(ဃ)အဖြစ် လျှောက်ထားလွှာ၌ မိမိနှင့်ဦးသုနန္ဒတို့တောင်ပေါ်ကျောင်းသန္တကပြုလုပ်ရေးကိစ္စ၊ကျောင်းအရောင်းအဝယ်ငွေရေး ကြေးရေးကိစ္စလုံးဝမရှိကြောင်းတင်ပြလျှောက်ထားခဲ့ပြီးဖြစ်၏။အမှန်စင်စစ်တိသန္တကစာချုပ်သည်စုဒိတက ဦးသုနန္ဒ၏လိမ်လည်လှည့်ဖြားမှုကြောင့်ချုပ်ဆိုခဲ့သော စာချုပ်မဟုတ်ဘဲစောဒကဦးနာဂဝိန်ဒ၊ဦးပညောဘာသတို့၏ပြင်းထန်သောဆန္ဒကြောင့်သာချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပေသည်။ ထို့ကြောင့်လိမ်လည်လှည့်ဖြားပြီးသန္တကဝင်ဖြစ်အောင် လုပ်ကြံဆောင်ရွက်ခဲ့သည်ဟူသောစောဒကဦးနာဂဝိန္ဒ၏ စောဒနာချက်မှာအဖြစ်မှန်နှင့်ဆန့်ကျင်၍မမှန်မကန်စောဒနာချက်သာဖြစ်ကြောင်းထင်ရှားပေါ်လွင်လျက် ရှိနေပေတော့၏။ နှုတ်မြွက်ပြုလုပ်ခြင်းမဟုတ်သောကြောင့်တိသန္တကစာချုပ်တရားမဝင်အထမမြောက်၊ဝိနည်းတရားတော်နှင့်မညီပျက်ပြယ်၏ဟူသောစောဒနာကိုသုံးသပ်ခြင်း စောဒကဦးနာဂဝိန္ဒ၏နှုတ်မြွတ်ပြုလုပ်ခြင်းမဟုတ်ဟူသောစောဒနာစကားသည်တိသန္တကစာချုပ်ပါ နှုတ်ဖြင့်အသီးသီးမြွတ်ဆိုကာ“နှုတ်ဖြင့်မြွတ်ဆိုကာ”ဆိုသည့်စကားရပ်များကိုတမင်မျက်ကွယ်ပြုမသိယောင်မူ၍စောဒနာထားခြင်းသာဖြစ်၏။ တိသန္တကစာချုပ်ချုပ်ဆိုပုံနှင့်ပတ်သက်၍၁၃၅၇-ခုနှစ်၊ နတ်တော်လဆန်း(၃)က်၊(၂၄-၁၁-၉၅)နေ့တွင်ဧရာဝတီ တိုင်း၊မြန်အောင်မြို့နယ်၊ကနောင်မြို့၊အမှတ်(၁)မြောက်ပိုင်းရပ်ကွက်၊သံဃနာယကအဖွဲ့ရုံးတည်ရာဝါဆိုကျောင်း ဘုရားခန်းရှေ့၌တိသန္တကပြုလုပ်သူဆရာတော်(၃)ပါးကို ထိုင်ကြစေလျက်လိပ်ပြာကန်ကျောင်း၊ပိုင်ရှင်ဖြစ်သော ဦးနာဂဝိန္ဒ၊ဦးပညောဘာသတို့နှင့်ရပ်ကွက်သံဃနာယကဥက္ကဌဝါဆိုကျောင်းဆရာတော်ဦးစန္ဒောဘာသတို့ကြိုတင်စီမံရေးသားထားသောစာချုပ်ကိုဦးစန္ဒောဘာသကဖတ်ကြားပြီးတိသန္တကပြုလုပ်မည့်ဆရာတော်တို့အား “မမသန္တကံ”စသောစကားရပ်တို့ကိုတစ်ပါးစီရွတ်ဆိုစေပြီးမှစာချုပ်တွင်လက်မှတ်ရေးထိုးချုပ်ဆိုကြသည်” ဟူသောဦးစန္ဒောဘာသ၏ထွက်ဆိုချက်ကိုအားလုံးက ငြင်းဆိုခြင်းမပြုဘဲသဘောတူလက်ခံထားကြပြီးဖြစ်ရာ စောဒကဦးနာဂဝိန္ဒ၏စောဒနာချက်သည်ယင်းထွက်ဆိုချက်ကိုကျေပျက်အောင်ချေဖျက်နိုင်ခြင်းမရှိပေ။ နိုင်ငံတော်အယူခံစောဒနာလွှာပါဝိနည်းတရားတော်၌ အပေးအယူပြုလုပ်ခြင်းသည်နှုတ်မြွတ်ပေးမှု၊နှုတ်မြွတ်လက်ခံမူပြုမှအထမြောက်ပါသည်ဟူသောစောဒက ဦးနာဂဝိန္ဒ၏စောဒနာစကားမှာ၎င်း၏အတ္တနောမတိ မျှသာဖြစ်ပြီးတစ်ထစ်ချမှတ်ယူအပ်သောစကားမဟုတ်ပေ။ပုံစံအားဖြင့်စောဒကဦးနာဂဝိန္ဒဥပမာပြုထားသော ဉတ္တိဒုတိယကံဆောင်ရွက်သည့်ကိစ္စတွင်ကထိန်ခံ, ကထိန်ခင်းမည့်ရဟန်းအားကထိန်လျာသင်္ကန်းကို ပေးရာ၌သံဃာ့ကိုယ်စားကမ္မဝါစာဖတ်သောရဟန်းတစ်ပါးက“သုဏာတု မေ ဘန္တေ သံဃော”စသည်ဖြင့် ကမ္မဝါစာဖတ်ပြီးပေးခြင်းမျှသာရှိပြီးကထိန်လျာသင်္ကန်း ခံယူမည့်ရဟန်းက“ဂဏှာမိ- ခံယူပါ၏”ဟုနှုတ်မြွတ်မဆိုသော်လည်းအပေးအယူမြောက်သည်ကိုထောက်ဆလျှင် စောဒကဦးနာဂဝိန္ဒ၏စကားကိုပုံသေကားချမမှတ်ယူသင့်ကြောင်းထင်ရှားသည်။ “တုယံ ဂဏှာဟီ”တိ ​ဝုတ္တေ“မယံ ဂဏှာမီ”တိ ဝဒတိ၊ သုဒိန်နံ သုဂ္ဂဟိတဥ်စာတိ ဧတ္ထ ယထာ ပရတော တဝ သန္တကံ။ကရောဟီတိ ဝုတ်တေ ဒုဒ်ဒိန်နမ်ပိ သာဓု ဘန္တေ မယှံ ဂဏှာမီတိ ၀စနေန သုဂ္ဂဟိတံ ဟောတီတိ ဝုတ္တံ၊ ဧ၀မိဓာပိ“တုယှံ ဂဏှာမီတိ ဝုတ်တေ သုဒိန္နတ္တာ “မယံ ဂဏှာမီတိ အဝုတ်တပေိ“သုဒိန်ဒမဝေါတိ”၀ဒန်တိ၊ “ဂဏှာဟီ”တိ စ အာဏတ်တိယာ ဂဟဏဿ တပ်ပဋိဗဒ်ဓတာကရဏဝသနေ ပဝတ်တတ်တာ တဒါ“ဂဏှာမီ”တိ စိတ္တေ အနုပ္ပါဒိတေ ပစ္ဆာ ဂဟေတုံ န လဘတီတိ ၀ဒန်တိ၊(သာရတ်ထ-ဋီ၊၂/၃၉၂/၃)ဟူသော ဋီကာအဆိုအမိန့်များနှင့်အညီစိတ်၌လက်ခံသာယာရုံ မျှဖြင့်သုဂ္ဂဟိအယူမြောက်သောကြောင့်လည်းကောင်း၊ ယူလော့-ဟုစေခိုင်းခြင်းအာဏတ္တိကဖြင့်ပေးသောခဏ၌ နောက်မှယူလည်းရ၏ဟုဆိုသဖြင့်နှုတ်မြွတ်ဆိုရန်မလိုသောကြောင့်လည်းကောင်းစောဒက၏နှုတ်မြွတ်ဆိုမှ အပေးအယူမြောက်သည်ဆိုသောစကားမှာသဘာဝ၊ အာဂမယုတ္တိများနှင့်ဆန့်ကျင်သောစကားသာဖြစ် ကြောင်းထင်ရှားနေပြန်သည်။ ထို့ကြောင့်နှစ်ဦးနှစ်ဖက်နှုတ်မြွတ်ဆိုမှုပြုခြင်းဖြင့်သာ လက်ခံသာယာစိတ်ဖြစ်ပေါ်လာခြင်း၊ခေတ်အားလျော်စွာ စာချုပ်စာတမ်းပြုလုပ်၍နှစ်သက်ကျေနပ်သဘောတူလက်မှတ်ရေးထိုးခြင်းတို့ဖြင့်လည်းအပေးအယူမြောက် သည်ဟုနိုင်ငံတော်ဝိနည်းဆရာတော်များသုံးသပ်တော် မူကြသည်။ [သဘောတူကတိဝန်ခံချက်(၅)ရပ်ကိုသုံးသပ်ခြင်း]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

သဘောတူညီမှုကတိဝန်ခံချက်(၅)ရပ်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ပတ်သက်၍နိုင်/အယူခံစောဒနာလွှာ၌ တင်ပြထားမှုသည်မူလစောဒနာလွှာ၌တင်ပြထားမှုနှင့် မတူညီဘဲတစ်မျိုးတစ်ဖုံကွဲပြားပြီးဝေ့လည်ကြောင်ပတ် ရှင်းမရှင်းဖြစ်နေသည်ကိုတွေ့ရ၏။ မူလစောဒနာလွှာ၌ဦးပညောဘာသသည်ဦးတိက္ခတအား လိပ်ပြာကန်ကြောင်းကိုကျပ်ငွေ(၆)သိန်းဖြင့်ရောင်းချပြီးနောက်ဦးသုနန္ဒအားကျပ်ငွေ(၁၃)သိန်းဖြင့်သန္တကဝင် ဖြစ်အောင်ဆောင်ရွက်ခြင်းကြောင့်၎င်းတို့အချင်းချင်း ငွေရေးကြေးရေးကိစ္စအချင်းများနေကြကြောင်း၊ ရဟန်းတုဦးပညောဘာသအားအရေးယူပေးပါမည် အကြောင်း(၂၈-၁၀-၉၆)ရက်စွဲပါစာဖြင့်မိမိ(စောဒက) ဦးနာဂဝိန္ဒကိုယ်တိုင်တိုင်းသံဃနာယကအဖွဲ့သို့ တိုင်ကြားခဲ့သည်။ ယင်းတိုင်ကြားစာကြောင့်တိုင်းသံဃနာယကအဖွဲ့သည် မိမိ(စောဒက)နှင့်တကွဦးတိက္ခစာရ၊ဦးသုနန္ဒ၊ ဦးပညောဘာသတို့ကိုခေါ်ယူပြီးသဘောတူညီမှု(၅)ရပ်ဖြင့်ညှိနှိုင်းပေးခဲ့သည်ဟုဖော်ထား၏။ နိုင်ငံတော်အယူခံစောဒနာလွှာ၌ဦးဓမ္မိဿရ၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့်ဦးသုနန္ဒကဦးပညာဘာသထံမှ လိပ်ပြာကန်ကျောင်းကိုငွေ(၁၃)သိန်းဖြင့်ဝယ်ယူခဲ့သည်။ ယခင်ကျောင်းဝယ်ထားသူဦးတိက္ခာစာရအားရောင်းဝယ်ငွေ(၆)သိန်းကိုပြန်လည်ပေးရန်စာချုပ်ချုပ်ဆို၍ ဝန်ခံကတိသည်။ ဝန်ခံကတိပြုခဲ့သော်လည်းစီစဉ်ဆောင်ရွက်သူ ဦးဓမ္မိဿရကဦးတိက္ခမာရအားငွေမပေး၊ယင်းသို့ငွေ မပေးသဖြင့်ဦးပညောဘာသမှဦးသုနန္ဒကငွေမပေးသဖြင့် (မူရင်းအတိုင်းဖော်ပြချက်။ဤ၌ငွေမပေးသူနှင့်အတိုင် ခံရသူတစ်ခြားစီဖြစ်နေ)မြို့နယ်သံဃနာယကအဖွဲ့သို့ တိုင်ကြားခဲ့သည်။ ထိုအခါဦးတိက္ခတရကစီစဉ်ဆောင်ရွက်ပေးသူ ဦးဓမ္မိဿရအားငွေရေးကြေးရေးကိစ္စပြီးပြတ်အောင် လုပ်ပေးလျှင်လုပ်ပေး၊အရှင်ဘုရား၏အစစ်အဆေး ကိုတော့မခံနိုင်ဘူး။တိုင်းကိုတင်ပေးဟုလျှောက်ထား ခဲ့သည်။တိုင်းသံဃနာယကအဖွဲ့ကခေါ်ယူ၍ညှိနှိုင်း ပေးခဲ့သည်ဟူ၍ဖော်ပြထား၏။ မူလစောဒနာ၌တိုင်းသံဃနာယကအဖွဲ့သို့တိုင်ကြားသူမှာ စောဒကဦးနာဂဝိန္ဒကိုယ်တိုင်ဖြစ်ပြီး၊နိုင်/အယူခံစောဒနာလွှာ၌ဦးတိက္ခစာရ၏လျှောက်ထားချက်အရဦးဓမ္မိဿရကတိုင်ကြားပေးသယောင်ဖြစ်နေ၏။စာအရေးအသား ရှုပ်ထွေးသဖြင့်နားလည်လည်ရခက်နေသည်။ထို့ပြင် တိုင်းကိုတင်ပေးဆိုသည်မှာငွေ(၁၃)သိန်းကိစ္စလော၊ ငွေ (၆)သိန်းကိစ္စလော၊မကွဲပြားချေ။ နိုင်/အယူခံစောဒနာလွှာ၌တိသန္တကပြဿနာနှင့်ကျောင်းမြေရောင်းဝယ်မှုပြဿနာဟုယေဘုယျအားဖြင့်သိမ်းကျုံး၍ဆိုထားသော်လည်းတိုင်းသံဃနာယက၌ အဓိကဖြေရှင်းလိုက်သည့်ပြဿနာမှာဦးတိက္ခစာရ၏ ငွေ(၆)သိန်းကိစ္စသာဖြစ်၏။ သဘောတူညီမှုကတိဝန်ခံချက်(၅)ရပ်၌ဦးသုနန္ဒနှင့် ဦးပညောဘာသတို့၏ငွေ(၁၃)သိန်းကိစ္စပါဝင်သည်ကို မတွေ့ရပေ။မြို့နယ်သံဃဝိနိစ္ဆယရုံး၌စစ်ဆေးမေးမြန်းစဉ်ကလည်းတိုင်းသံဃနာယကရုံးတွင်ဦးတိက္ခာစာရနှင့် ဦးပညောဘာသတို့၏ကျောင်းမြေရောင်းဝယ်မှုပြဿနာကိုသာဖြေရှင်းခဲ့ကြကြောင်းစောဒကဦးနာဂဝိန္ဒကိုယ်တိုင် ဝန်ခံထားပြီးဖြစ်၏။ သဘာပတိအမေး။ ။ဦးပညောဘာသနှင့်ဦးတိက္ခရတို့၏ ကျောင်းမြေရောင်းဝယ်မှုပြဿနာမပြေလည်မှုကို တိုင်းသံဃနာယကအဖွဲ့မှ(၇-၁၁-၉၆)နေ့၌ဖြေရှင်းပေးရာ သဘောတူညီချက်(၅)ရပ်ဖြင့်ပြေလည်မှုရရာ၌ အရှင်ဘုရားလက်မှတ်ထိုးခဲ့ပါသလား။ စောဒက-ဖြေ။ ။ထိုးခဲ့ပါတယ်ဘုရား။ [သဘောတူညီမှုကတိဝန်ခံချက်(၅)ရပ်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

(က)သန္တကပိုင်ကျောင်းကိုဦးပညောဘာသက ရောင်းစားမိသဖြင့်သန္တကအဖြစ်မှနုတ်ထွက်၍ ကျောင်းမှ(၃)ရက်အတွင်းထွက်ခွာသွားပါမည်။ (ခ)သန္တကဝင်ဦးသုနန္ဒကဦးတိက္ခာစာရကို၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့၌ပထမအရစ်(၃)သိန်းကို တိုင်းသံဃနာယကအဖွဲ့ရုံးသို့ပေးအပ်ပါမည်။ (ဂ)ကျန်ရှိသောငွေ(၃)သိန်းကိုပေးချေသောနေ့၌ ဦးတိက္ခာစာရကမိမိပရိသတ်နှင့်အတူလိပ်ပြာကန်ကျောင်းမှထွက်ခွာပေးပါမည်။ (ဃ)သန္တကဝင်အဖြစ်ဦးသုနန္ဒကိုဦးနာဂဝိန္ဒက ဆက်လက်အသိအမှတ်ပြုပါမည်။ (င)အငြင်းပွားမှုပြေလည်ငြိမ်းအေးမှုမရမီအချိန်အတွင်း၌(၂)ဦးနှစ်ဘက်ငြိမ်းအေးစွာနေထိုင်ကြပါမည်။ တိုင်းသံဃနာယကအဖွဲ့၏ညှိနှိုင်းပေးချက်အရဦးသုနန္ဒကဦးတိက္ခာစာရအားငွေ(၆)သိန်းပေးအပ်လိုက်ရခြင်းနှင့်ပတ်သက်၍မြို့နယ်/တိုင်းသံဃဝိနိစ္ဆယဆရာတော်များက(၇-၁၁-၉၆)နေ့ညှိနှိုင်းသဘောတူညီချက်အရ ဦးနာဂဝိန္ဒနှင့်ဦးသုနန္ဒတို့သည်လိပ်ပြာကန်ကျောင်းကို ဒွိသန္တက(၂)ပါးပိုင်ဆိုင်ကြပြီးဦးသုနန္ဒသည်ငွေကျပ် (၆)သိန်းပေး၍ဝယ်ယူရရှိသည့်နည်းအားဖြင့်လည်း ပိုင်ဆိုင်သည်ဟုသုံးသပ်ဖော်ပြထားရာယင်းသုံးသပ်ချက်ကိုထောက်ပြလျက်“အချင်းဖြစ်ကျောင်းကိုမူလစုဒိတက ဦးသုနန္ဒအရောင်းအဝယ်ပြုလုပ်ခဲ့သည်”ဟူ၍နိုင်/အယူခံ စောဒနာလွှာ၌ဖော်ပြထားပြန်၏။ စောဒကသည်ညှိနှိုင်းပွဲ၌မိမိကိုယ်တိုင်ပါဝင်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးကျောင်းမြေ ရောင်းဝယ်မှုပြုလုပ်ခြင်းမဟုတ်မှန်းသိပါလျက်ယခုကဲ့သို့“ကျားကျား မီးယပ်”ငါ့စကားနွားရကမောက် ကမစောဒနာခြင်းငှာမသင့်လျော်ပေ။ မြို့နယ်/တိုင်းဝိနည်းဓိုရ်ဆရာတော်များကလည်း ဦးသုနန်ဒကလိပ်ပြာကန်ကျောင်းကိုငွေ(၆)သိန်းဖြင့် အမှန်တကယ်ဝယ်ယူပိုင်ဆိုင်သွားသည်ဟုဆိုလိုရင်း မဟုတ်ပေ။ တိုင်းသံဃနာယကအဖွဲ့၏ညှိနှိုင်းပေးချက်အရ ကျောင်းဝယ်ထားသူဦးတက်ခါစာရအားငွေ(၆)သိန်း စိုက်ထုတ်ပေးလိုက်ခြင်းသည်ကုန်သည်အရောင်းအဝယ် သမားတို့၏ရှု့ထောင့်မှကြည့်လျင်လိပ်ပြာကန်ကျောင်း ကိုဦးသုနန္ဒက​ေ (၆)သိန်းဖြင့်ဝယ်ယူပိုင်ဆိုင်လိုက်ရသည့်သဘောမျိုးသက်ရောက်သွားသည်ဟုသာ ဆိုလိုခြင်းဖြစ်၏။ အကယ်၍ဦးသုနန္ဒကလိပ်ပြာကန်ကျောင်းကိုငွေ(၆)သိန်း ဖြင့်အပြီးအပြတ်ဝယ်ယူလိုက်သည်ဟုဆိုလျှင်စောဒက ဦးနာဂဝိန္ဒပင်လိပ်ပြာကန်ကျောင်း၌သီတင်းသုံးနေထိုင်ခွင့်သန္တကဝင်အဖြစ်ဆက်လက်ပိုင်ဆိုင်ခွင့်ရှိတော့မည်မဟုတ်ပေ။ စင်စစ်ဦးပညောဘာသနှင့်ဦးတိက္ခာစာရတို့၏ငွေရေး ကြေးရေးကိစ္စသည်စုဒိတကဦးသုနန္ဒနှင့်လုံးဝပတ်သက်ခြင်းမရှိသောကိစ္စသာဖြစ်၏။ ယင်းငွေရေးကြေးရေးပြဿနာကြောင့်ပင်ဦးသုနန္ဒက မိမိကိုသန္တကထဲမထည့်ပါရန်ငြင်းဆန်ပြောဆိုခဲ့ပြီးဖြစ်၏ ထိုသို့မပတ်သက်ပါဘဲလျက်ငွေ(၆)သိန်းကိုစိုက်ထုတ်ပေးလိုက်ခြင်းသည်လိပ်ပြာကန်ကျောင်းကိုအပြီးအပြတ် ဝယ်ယူခြင်းမဟုတ်၊သန္တကဝင်အချင်းချင်းဖြစ်၍ ကူညီရိုင်းပင်းအခက်အခဲကိုလက်တွဲဖြေရှင်းပေးသည့် သဘောဖြစ်ကြောင်းထင်ရှား၏။ ယင်းအချက်ကိုဖော်ပြလတ္တံ့ပါသက်သေတို့၏ထွက်ဆိုချက်များကလည်းထောက်ခံထားပြီးဖြစ်၏။ “တိုင်းသံဃနာယကရုံးမှဦးပညောကိုဖမ်းဆီးအရေးယူမယ်လုပ်တော့ဦးသုနန်ဒမှငွေ(၆)သိန်းကိုဦးပညောဘာသ မဖမ်းဆီးရေးအတွက်စိုက်ထုတ်ပေးသည်ကိုသိရပါသည် (ဦးမဏ္ဍလ၏ထွက်ဆိုချက်) “ဦးပညောဘာသဒုက္ခမရောက်ရေးအတွက်နှင့်ဦးနာဂဝိန္ဒမှလည်းငွေမပေးနိုင်သည့်အတွက်ဦးပညောနှင့်ဦးနာဂဝိန္ဒတို့အစားဦးသုနန္ဒမှငွေ(၆)သိန်းကိုစိုက်ထုတ်ပေးခြင်း ဖြစ်ပါသည်။(ဦးဓမ္မိဿရ၏ထွက်ဆိုချက်) “သန္တကသုံးပါးတစ်ပါးလျှင်(၂)သိန်းကျပ်ပေးဆောင် ရမည်ကိုတပည့်တော်တို့မြေးအဖိုး(၂)ပါးလုံးမပေးနိုင်သည့်အတွက်မြေးအဖိုး(၂)ပါးလုံးဒုက္ခရောက်မည်စိုးသောကြောင့်ဦးသုနန္ဒမှစိုက်ထုတ်ပေးပါမည်ဘုရား။ (ဦးပညောဘာသ၏ထွက်ဆိုချက်) စုဒိတကဦးသုနန္ဒအားစေတနာအကျိုးပေးသည်ဟု ဆိုရပေမည်။စေတနာအရင်းခံ၍ငွေအသပြာ(၆)သိန်းစိုက်ထုတ်ပေးလိုက်ခြင်းကြောင့်လိပ်ပြာကန်ကျောင်းကို ပိုင်ဆိုင်သူသန္တကအဖြစ်တစ်ရစ်ပြီးတစ်ရစ်ပို၍ကျစ် လျစ်ခိုင်မြဲလာခဲ့ပြန်၏။မှန်၏။ဦးသုနန္ဒသည်တိသန္တကစာချုပ်ဖြင့်လိပ်ပြာကန်ကျောင်းကိုပိုင်ဆိုင်ခွင့်ရှိရုံသာမကသဘောတူဝန်ခံကတိပြုချက်(၅)ရပ်ဖြင့်လည်း ထပ်ဆင့်ပိုင်ဆိုင်ခွင့်ရှိသူဖြစ်လာရပြန်၏။ စင်စစ်သဘောတူဝန်ခံကတိပြုခြင်းဟူသည်ကတိကဝတ် ထားခြင်းပင်ဖြစ်ရာကတိကဝတ်ထားခြင်းဆိုသည်မှာလဲ ဒွိသန္တကစသည်ပြုခြင်းနှင့်အလားတူသောကြောင့် ဦးသုနန္ဒအတွက်“မြဲရာသံပတ်၊ကြပ်ရာသည်ပင်း”လိုက်သကဲ့သို့ပင်ဖြစ်ပေတော့၏။ ထို့ကြောင့်တိပိဋကဝိနိစ္ဆယကျမ်းပြုအကျော်မိုင်းခိုင်းဆရာတော်ဘုရားကြီးက“မမ သန္တကံ တဝစ မမစ ဟောတု” ဟူသောဤဒွိသန္တကပြုပုံသည်။ “တံ ဝိဟာရံ ဣမိနာ ဝိဟာရေန သဒ်ဓိံ ဧကလာဘံ ကာတုံ သံဃဿ ရုစ္စတိ”ဟူသောစီဝရက္ခန္ဓကအဋ္ဌကထာ၌ ကျောင်းတိုက်ချင်းလာဘ်တူပြုပုံနှင့်လည်းကောင်း “တနေ ခေါ ပန သမယနေ သမ်ဗဟုလာ ဘိက်ခု ကောသလေသု ဇနပဒေသု အဒ္ဓါနမဂ္ဂပဋိပန္နော ဟောတိ၊ တေ ကတိကံ ကတွာ(လ)အနုဇာနာမိ ဘိက္ခဝေ ကတိကံ ကတွာ သြက္ကန္တာနံ အကာမာ ဘာဂံ ဒါတုန္တိ” ဟူသောစီဝရက္ခန္ဓကပါဠိတော်၊ “တေ ကတိကံ ကတွာတိ လဒ်ဓံ ပံသုကူလံ သဗ္ဗေသံ ဘာဇေတွာ ဂဏှိဿာမာတိ ဗဟိမေဝ ကတိကံ ကတွာ” ဤပါဠိ၊အဋ္ဌအထာတို့၌လာသောကတိကဝတ်ပြုထား ကြပုံနှင့်လည်းကောင်းအလားတူသည်ဖြစ်၍ “မမ သန္တကံ တဝစ မမစ ဟောတု”ဟူသောဤဒိသန္တကပြုပုံကိုယုံကြည်စွာမှတ်ယူအပ်၏ဟူ၍ရှင်းလင်းပြတ် သားစွာမိန့်ဆိုတော်မူခဲ့ပေသည်။ ဖော်ပြခဲ့ပြီးသောအချက်များအရစုဒိတကဦးသုနန္ဒသည် ဝိနည်းတရားတော်နှင့်အညီချုပ်ဆိုထားသောတိသန္တကစာချုပ်ဖြင့်လည်းကောင်း၊သဘောတူဝန်ခံကတိပြုချက် (၅)ရပ်ဖြင့်လည်းကောင်းအချင်းဖြစ်လိပ်ပြာကန်ကျောင်းကိုပိုင်ဆိုင်ခွင့်ရှိသူသန္တကဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်းထင်ရှားပေါ်လွင်နေပေသည်။ [ပဓာနနာယကတင်မြောက်မှုကိုသုံးသပ်ခြင်း]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ကျောင်းတိုက်တစ်တိုက်၌ပဓာနနာယကတင်မြှောက်မှုသည်မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်၏။ “အနာယကာ ဝိနဿန္တိ”ဟူသောနီတိစကားအရ ပဓာနနာယကဆရာတော်မရှိလျှင်ကျောင်းတိုက်စည်ပင် တိုးတက်ဖို့မဆိုထားဘိဆုတ်ယုတ်ပျက်ပြားမလိုလား အပ်သောအဖြစ်သို့ရောက်ရှိသွားနိုင်၏။ ပဓာနနာယကတင်မြှောက်ရာ၌“ဆရာများ သားသေ” “ငါးသိုင်းများ ဟင်းဟုန်” လူများပြီး ပွဲမစည်”ဟူသောစကားပုံအဆိုအမိန့်များနှင့်“အနာယကာ ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကာ”စသည့်နီတိစကားတို့ကိုအထူးသတိပြုရန်လိုအပ်လှ၏။ ယင်းအဆိုအမိန့်များနီတိစကားတို့ကိုသတိပြုမိပါက မူလရည်ရွယ်ချက်များပျက်ပြားနိုင်သည့်အပြင်မလိုလားအပ်သောထိပ်တိုက်ရင်ဆိုင်မှုများဆိုးကျိုးများပင် ဖြစ်ပေါ်နိုင်၏။သို့ဖြစ်၍ရည်ရွယ်ချက်နှင့်လုပ်ဆောင် ချက်အံဝင်ခွင်ကျဖြစ်စေရန်တိသန္တကစာချုပ်ပါရည်ရွယ် ချက်များကိုအလေးထားပြီးရွေးချယ်တင်မြှောက် သင့်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ ယူဆတော်မူကြ၏။ သာသနာတော်တိုးတက်စည်ပင်ဖွံ့ဖြိုးရေးအတွက် စာသင်တိုက်ဖွင့်လှစ်ရန်ဟူသောရည်ရွယ်ဖြင့် တိသန်တကစာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ရာယင်းရည် ရွယ်ချက်ကိုမျက်ခြေမပြတ်သင့်ပေ။ရည်ရွယ်ကိုမျက်ခြေမပြတ်သင့်သကဲ့သို့စာသင်တိုက်တစ်တိုက်၏မလွဲ မရှောင်သာသောအခက်အခဲနှင့်အရပ်ရပ်တို့ကိုအောင် မြင်စွာကျော်လွှားရွက်ဆောင်နိုင်ရန်လည်းလိုအပ်သေး၏ စင်စစ်သာသနာတော်၏ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိစာသင်တိုက်တည်ထောင်ဖွင့်လှစ်ခြင်းသည် ပေါ့တန်လွယ်ကူသောကိစ္စမဟုတ်။အလွန်တရာတာဝန်ကြီးလေးလှ၏။မတစ်ထောင်ဖွားစာသင်သားများ၏ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး၊စည်းကမ်းထိန်း သိမ်းရေးစသည့်အရေးကိစ္စများရှုပ်ထွေးပွေလီလှ၏။ ကိုယ်စိတ်နှစ်ပါးကြံ့ခိုင်မှုအားနည်းလျှင်စာသင်တိုက် တစ်တိုက်သိုက်ထွန်းပေါက်ဖြစ်မြောက်အောင်မြင်လာရန် စီမံအုပ်ချုပ်ဦးဆောင်နိုင်မည့်မဟုတ်၊ကိုယ်စိတ်နှစ်ပါး စွမ်းအားပြည့်ဝဗျတ္တပဋိဗလပုဂ္ဂိုလ်ဖြစ်မှသာဘက်စုံဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ပေမည်။ ထို့ကြောင့်လိပ်ပြာကန်ကျောင်း၏ပဓာနနာယကတင် မြှောက်ရာ၌အရည်အသွေးရှိသူကိုဦးစားပေးရမည်ဖြစ်ကြောင်းထင်ရှားလှတော့၏။ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလည်းထိုထိုသာသနာရေးကိစ္စ၊သံဃာ့ကိစ္စများကိုဆောင်ရွက်ရာ၌အရည်အသွေး ရှိသူ(ဗျတ္တပဋိဗလပုဂ္ဂိုလ်)ကိုသာဦးစားပေးဆောင်ရွက်စေတော်မူခဲ့ကြောင်း“ဗျတ်တေန ဘိက္ခုနာ ပဋိဗလေန” စသောဝိနည်းပါဠိတော်များအရကောင်းစွာသိရှိနိုင်၏။ ဗုဒ္ဓမြတ်စွာ၏ဝိနယူပဒေသကိုဦးထိပ်ရွက်ပန်ဆင်၍ အဖြစ်သင့်ဆုံးအနေအထားကိုဦးစားပေးဆောင်ရွက် ကြစတမ်းဆိုလျှင်သံဃိကကျောင်းများ၏ပဓာနနာယကရွေးချယ်တင်မြှောက်ရာ၌ဝိနည်းတော်တရားတော်အရ ဗဟုပကာရ၊ဂုဏဝိသိဋ္ဌဂုဏ်အင်္ဂါနှင့်ပြည့်စုံသော အင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်တင်မြှောက်ရသည့်နည်းတူ လိပ်ပြာကန်ကျောင်းကဲ့သို့သောသန္တကပိုင်ကျောင်းများ၌လည်းသာသနာတော်ကြီးပွားတိုးတက်မှုကိုရှေ့ရှု၍ ဝိနည်းတရားတော်နှင့်အညီဗျတ္တပဋိဗလဂုဏ်အင်္ဂါနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်ကိုသာပဓာနနာယကအဖြစ်ရွေးချယ်တင်မြှောက်ရပေမည်။ စောဒက၊စုဒိတကဆရာတော်(၂)ပါးတို့အနက်စောဒကဆရာတော်သည်ဇရာဒုဗ္ဗ၊ရောဂပီဠိတဖြစ်၍မူလရည်ရွယ် ချက်ကိုအကောင်အထည်ဖော်ဆောင်နိုင်စွမ်းမရှိပေ။ ယင်းသို့မရှိသောကြောင့်မိမိ(စောဒက)ကိုယ်တိုင်ပင် စုဒိတကဆရာတော်အား(၂)ကြိမ်တိတိအသိသက်သေ ရှေ့မှောက်၌လိပ်ပြာကန်ကျောင်း၏ပဓာနနာယကဆရာတော်အဖြစ်ကျေနပ်ကြည်ဖြူစွာရွေးချယ်တင် မြှောက်ပေးခဲ့၏။ စောဒကဆရာတော်၏လုပ်ဆောင်ချက်သည်သာသနာတော်ကြီးပွားတိုးတက်မှုကိုရှေ့ရှု၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရာမူလရည်ရွယ်ချက်နှင့်အံဝင်ခွင်ကျဖြစ်သည့်အပြင်ဝိနည်းတရားတော်နှင့်ညီညွတ်သောလုပ်ဆောင် ချက်လည်းဖြစ်၏။ အမှန်အားဖြင့်စောဒကဆရာတော်သည်ဇရာဒုဗ်ဗလ၊ ရောဂပီဠိတဖြစ်နေသောလက်ရှိအချိန်အခါ၌တာဝန် ကြီးလေး၊ကိစ္စရှုပ်ထွေးလှသည့်စာသင်တိုက်တစ်တိုက် ၏တာဝန်ကိုမယူတော့ဘဲစိတ်အေးချမ်းသာစွာဝိပဿနာ ဓုရကိုသာကြိုးပမ်းအားထုတ်သင့်ပေတော့၏။ အချုပ်မှာအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းစုဒိတကဆရာတော်သာလျှင်မူလရည်ရွယ်ချက်ကိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော ဗျတ္တပဋိဗလ၊ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောကြောင့်လည်းကောင်း၊စောဒကဆရာတော်ကိုယ်တိုင်(၂)ကြိမ်တိတိသဘောတူကျေနပ်ကြည်ဖြူစွာပဓာနနာယကအဖြစ်လွှဲအပ်တင်မြှောက်ခဲ့ပြီးဖြစ်သောကြောင့်လည်း ကောင်း၊စုဒိတကဆရာတော်ဦးသုနန္ဒသာလိပ်ပြာကန်ကျောင်းတိုက်၏ပဓာနနာယကဖြစ်သင့်သည်ဟု နိုင်ငံတော်ဝိနည်းဓုရ်ဆရာတော်ကြီးများသုံးသပ်တော် မူကြသည်။ [ပေါင်းရှုံးသုံးသပ်ချက်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။တိသန္တကစာချုပ်သည်ဝိနည်းတရားတော်နှင့်အညီ ချုပ်ဆိုထားသောစာချုပ်ဖြစ်၍အထမြောက်အောင်မြင် အသက်ဝင်လျက်ရှိခြင်း။ ၂။တိုင်းသံဃနာယကအဖွဲ့၏ညှိနှိုင်းပေးချက်အရ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသောဝန်ခံကတိပြုချက် (၅)ရပ်(ဝါ)နှစ်ဦးနှစ်ဖက်စိတ်တူကိုယ်မျှကတိက ဝတ်ပြုလုပ်မှုသည်ဒွိသန္တကပြုခြင်းနှင့်အလားတူ၍ မပျက်မစဲတည်တံ့ခိုင်မြဲလျက်ရှိခြင်း။ ၃။စောဒကဆရာတော်၏သဘောတူကျေနပ်ခွင့်ပြုချက်ဖြင့်စုဒိတကအားလိပ်ပြာကန်ကျောင်း၏ပဓာနနာယကဆရာတော်အဖြစ်(၂)ကြိမ်တိုင်တိုင်ရွေးချယ်တင်မြှောက်ခဲ့ပြီးဖြစ်ခြင်း။ ၄။စုဒိတကဆရာတော်သာလျှင်မူလရည်ရွယ်ချက်ကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သောဗျတ္တပဋိဗလဂုဏ်အင်္ဂါနှင့်ပြည့်စုံခြင်း။ ဤသို့စသောအကြောင်းများကြောင့်စုဒိတကဆရာတော်ဦးသုနန္ဒသည်သာလိပ်ပြာကန်ကျောင်း၏ပဓာနနာယကဖြစ်သင့်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ ဝေဖန်သုံးသပ်တော်မူကြပြီးလျှင်တညီတညွတ်တည်း သဘောတူလက်မှတ်ရေးထိုးလျက်အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည် - [ဆုံးဖြတ်ချက်]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။နိုင်/အယူခံစောဒကဦးနာဂဝိန္ဒ၏နိုင်/အယူခံစောဒနာလွှာကိုပလပ်ပယ်ချလိုက်သည်။ ၂။ရန်ကုန်တိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၇/၂၀၀၁)၏ဆုံးဖြတ်ချက်ကိုထပ်မံအတည် ပြုလိုက်သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/တာဝန်/အသက်/သိက္ခာ/ကျောင်းတိုက်၊မြို့ ၁။ဘဒ်ဒန်တဉာဏာသူရိယ(သဘာပတိ)၇၀/၅၀ ဓမ်မမေဒနီတိုက်၊သထုံမြို့။ ၂။ဘဒ္ဒန္တသုနန္ဒ(အဖွဲ့ဝင်)၆၉/၄၈ ပန်းတောပရိာတ်တိစာသင်တိုက်၊ပေါင်မြို့။ ၃။ဘဒ္ဒန္တကောသိယ(အဖွဲ့ဝင်)၆၃/၄၃ မဏ္ဍလာဇေယျကျောင်း၊ကျိုက်မရောမြို့။ ၄။ဘဒ္ဒန္တနန္ဒမာလာ(အဖွဲ့ဝင်) ၅၅/၃၅ ညောင်ကျောင်း၊ပေါင်မြို့။ ၅။ဘဒ္ဒန္တသုမန(အဖွဲ့ဝင်)၄၈/၂၉ သဒ္ဓမ္မဇောတိကာရာမတိုက်၊သထုံမြို့။

                               ပြီးပါပြီ။
၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၅၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်းထုံး၊အမှတ်စဥ်(၁၂)

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်၊လက်ပံကျိုးကျေးရွာအုပ်စု၊ မုဒိတာရွာ၌ဖြစ်ပွါးသောဦးပညိန္ဒနှင့်ဦးလင်္ကာဒီပတို့၏ သဒ္ဓမ္မရံသီကျောင်း-ဝိဝါဒါဓိကရုဏ်းမှုခင်း [သဒ္ဓမ္မရံသီကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်၊လက်ပံကျိုးကျေးရွာအုပ်စု၊ အိမ်ခြေ(၂၀၀)ကျော်ရှိမုဒိတာရွာတွင်ဘုန်းတော်ကြီးကျောင်းမရှိသဖြင့်ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်နာယကဆရာတော် (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဌ (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တအာဒိစ္စရံသီကြွလာတော်မူခိုက် မုဒိတာရွာ၌ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးကို ကျူတောဝရွာဆရာတော်ကြီးကကျူတောဝကျောင်း၌ ပင်တိုက်တွန်းတော်မူကြသည်။ ခြောက်ထပ်ကြီးဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီကလည်း ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးဆောင်ရွက်ပေးပါမည်ဟုဝန်ခံလျှောက်ထား၍မုဒိတာကျေးရွာဒကာဒကာမများ နှင့်တိုင်ပင်ဆွေးနွေးပြီးမုဒိတာရွာ၏အနောက်ဘက်၌ စေတီတစ်ဆူ၏မြောက်ဘက်(၁.၂၆)ဧကရှိမြေကွက်ကို ဒကာဒကာမများစုပေါင်းဝယ်ကာကျောင်းမြေအဖြစ် ခြောက်ထပ်ကြီးဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီအား လှူဒါန်းကြပါသည်။ ကျောင်းမဆောက်ရသေးမီမုဒိတာရွာ၊ဒကာဒကာမများ ခရီးဝေးသောကျူးတောဝရွာ၊ကျူးတောဝကျောင်းသို့ သွားရာတွင် ဆင်းရဲပင်ပန်းမှုကင်းရန်စေတီတော်၏ တန်ဆောင်းအတွင်း၌ခေတ္တယာယီကျောင်းအဖြစ် စီမံပေးတော်မူပါသည်။ ကျောင်းစောင့်အဖြစ်ဆရာတော်၏သာသနာ့ဂုဏ်ရည်ကျောင်း၌ရှိသောတပည့်ဦးကုဏ္ဍလအားစေတီတော်မြတ် ၏တန်ဆောင်းအတွင်းယာယီကျောင်း၌၁၃၄၇-ခုနှစ်တွင် ဝါဆိုသီတင်းသုံးနေစေခဲ့ပါသည်။ ဦးကုဏ္ဍလတစ်ဝါဆိုပြီးမရှိသည့်နောက်တွင်တပည့်ကြီးဖြစ်သူဦးသောဘိတအားစေလွှတ်၍ဝါဆိုသီတင်းသုံး နေစေခဲ့ပြန်ပါသည်။ ဦးသောဘိတသည်၁၃၄၈-ခု၊၁၃၄၉-ခုနှစ်များတွင် စေတီတော်၏တန်ဆောင်းအတွင်းဝါဆိုသီတင်းသုံးနေထိုင်လျက်ဝယ်ယူလှူဒါန်းပြီးမြေကွက်ပေါ်၌(၄)ခန်း (၃)ခန်းနှစ်ထပ်သွပ်မိုးကျောင်းကိုဆောက်လုပ်ပြီးစီးသဖြင့်ခြောက်ထပ်ကြီးဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စရံသီကိုယ်တိုင်ရေစက်ချပေးကာသဒ္ဓမ္မရံသီကျောင်းဟုနာမည်ပေးခဲ့သည့်ပြင်မုဆိုးဆိပ်ရွာကိုလည်း မုဒိတာရွာဟုနာမည်သစ်ပေးခဲ့ပါသည်။ ဦးသောဘိတသည်၁၃၅ဝ၊၁၃၅၁-ခုနှစ်များ၌ဝါဆိုပြီး ကျောင်းထိုင်လိုစိတ်မရှိသဖြင့်ခြောက်ထပ်ကြီးဆရာတော်အားသဒ္ဓမ္မရံသီကျောင်းကိုပြန်အပ်ကာ ကျောက်တန်းမြို့၊တံတားရွာကျောင်းတွင်ကြွရောက်သီတင်းသုံးနေထိုင်သည်။ တစ်ဖန်ဦးသောဘိတမရှိသည့်နောက်မုဒိတာရွာဂေါပကအဖွဲ့ဦးတင်မောင်၊ဦးမောင်ဟန်(ကျောင်း ဆရာ)၊ ဦးဆင်ထွန်းစသောဒါယကာတို့ကရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီထံသို့ မုဒိတာရွာ၊ကျောင်းထိုင်ပုဂ္ဂိုလ်တစ်ပါးအပ်နှံပေးပါရန် လျှောက်ထားကြသဖြင့်ဆရာတော်၏သာသနာ့ဂုဏ်ရည်ကျောင်းတွင်ရှိသောဂဏဝါစကဦးပညိန္ဒအားမုဒိတာ ကျေးရွာ၊သဒ္ဓမ္မရံသီကျောင်း၌သီတင်းသုံးနေထိုင်ရန် ၁၃၅၁-ခုနှစ်(၁၉၉၀)ခုနှစ်၊ဝါဆိုလပဌာန်းပွဲတွင် ဆရာတော်ကိုယ်တိုင်ကျောင်းထိုင်ဆရာတော်အဖြစ် လွှဲအပ်နေထိုင်စေခဲ့ပါသည်။ ၁၃၅၄-ခုနှစ်၊သီတင်းကျွတ်လဆုတ်(၅)ရက်(၁၆-၁၀-၉၂) သောကြာနေ့ကထိန်ပွဲတွင်ယခင်သဒ္ဓမ္မရံသီဘုန်းကြီးဖြစ်သောတံတားရွာ၊မှန်ကျောင်းဆရာတော်ဦးသောဘိတနှင့် ပဝါရဏာဂိုဏ်းဝင်သံဃာတော်များကိုအသိသက်သေပြုလျက်မုဒိတာရွာဦးတင်မောင်စသောဂေါပကအဖွဲ့ကျောင်းဒကာဒကာမတို့ကသဒ္ဓမ္မရံသီကျောင်းကို ဦးပညိန္ဒအားစာချုပ်စာတမ်းဖြင့်လှူဒါန်းခဲ့ကြပါသည်။ ဦးပညိန္ဒသည်သဒ္ဓမ္မရံသီကျောင်း၌(၇)နှစ်၊(၈)နှစ်ကာလတိုင်တိုင်ဆရာ-ဒကာလက်တွဲသီတင်းသုံးနေထိုင်ပြီးနောက်(၇)ပင်(၄)ပင်ကျောင်းသစ်ဆောက်လုပ်နေစဉ် ဂေါစရဂါမ်ရပ်ရွာအတွင်းတွင်အလှူခံမှု၊အလှူမခံမှုကိစ္စ ဂေါပကအဖွဲ့နှင့်ညှိနှိုင်းမှုမပြေလည်ကြ၍ဆရာဒကာ စိတ်ဝမ်းကွဲလာသဖြင့်ဆရာတော်ဦးပညိန္ဒသည်၁၃၅၈-ခုနှစ်၊ပြာသိုလဆုတ်(၁၁)ရက်(၃-၂-၉၇)နေ့တွင်သဒ္ဓမ္မရံသီ ကျောင်းမှရန်ကုန်မြို့၊ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းသို့ခေတ္တပြန်လာခဲ့ပါသည်။ ဆရာတော်ဦးပညိန္ဒသဒ္ဓမ္မရံသီကျောင်းမှထွက်ခွာသွားပြီးနောက်၁၃၅၈-ခုနှစ်၊တပို့တွဲလဆုတ်(၇)ရက် (၁-၃-၉၇)နေ့တွင်ပဝါရဏာဂိုဏ်းသံဃာများကဦးလင်္ကာဒီပကို သဒ္ဓမ္မရံသီကျောင်း၏ကျောင်းထိုင်အဖြစ်တင်မြှောက်မှုကိုကြားသိရသဖြင့်ဦးပညိန္ဒကဦးပညာစက္ကနှင့် ဦးလင်္ကာဒီပတို့ထံကျောင်းကိုစောင့်ရှောက်ပေးသည့် အတွက်ကျေးဇူးတင်ရှိကြောင်း၊မိမိ၏တပည့်ဖြစ်သူ ဦးဥတ္တမ၊ဦးစန္ဒိမာတို့က(၆-၇-၉၇)နေ့မှစ၍ဆက်လက်စောင့်ရှောက်မည်ဖြစ်ကြောင်း(၅-၄-၉၇)ရက်စွဲဖြင့် စာရေးသားပေးပို့ခဲ့သည်။ ယင်းစာကိုရရှိသောအခါ၁၃၅၈-ခုနှစ်၊တပေါင်းလဆုတ် (၁၄)ရက်(၆-၄-၉၇)နေ့တွင်ပဝါရဏာဂိုဏ်းသံဃာတို့က ဦးလင်္ကာဒီပကိုကျောင်းထိုင်အဖြစ်မှပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။သို့သော်ဂေါပကအဖွဲ့၏လျှောက်ထားချက်အရရုပ်သိမ်းသည့်နေ့မှာပင်ဦးလင်္ကာဒီပကိုကျောင်းထိုင်အဖြစ်ပြန်လည်တင်မြှောက်ပေးခဲ့ပြန်သည်။ ဦးပညိန္ဒစေလွှတ်လိုက်သောဦးစန္ဒိမာသည်(ရဝတ)ဥက္ကဋ္ဌ ဦးစိုးမြင့်ကနေထိုင်ခွင့်မပြုကြောင်း(၇-၄-၉၇)ရက်စွဲပါ စာထုတ်သဖြင့်ရန်ကုန်သို့ပြန်ကြွခဲ့ရသည်။ယင်းနောက် ဆရာတော်ဦးပညိန္ဒကိုယ်တိုင်တပည့်များနှင့်တကွ သဒ္ဓမ္မရံသီကျောင်းသို့ပြန်လည်ရောက်ရှိလာပြီး သီတင်းသုံးနေထိုင်စဉ်ပဝါရဏာဂိုဏ်းက(၇-၅-၉၇)နေ့ အစည်းအဝေးဆုံးဖြတ်ချက်(၄)ချက်အရလည်းကောင်း၊ ဂေါပကအဖွဲ့က(၈-၆-၉၇)ရက်စွဲဖြင့်လည်းကောင်း ဦးပညိန္ဒအားလက်မခံနိုင်ကြောင်းစာထုတ်ပြီး ဦးလင်္ကာဒီပကိုပင်ကျောင်းထိုင်အဖြစ်ပြန်လည်တင် မြှောက်ရာမှအစပြု၍ဤဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်း ဖြစ်ပေါ်လာခဲ့ရသည်။ ဤမှုခင်းပါနှစ်ဖက်ပုဂ္ဂိုလ်များကိုစောဒနာသောဓနာလွှာကိုမတင်သွင်းမီတိုင်းသံဃနာယကအဖွဲ့၏လမ်းညွှန်ချက်အရသုံးခွမြို့နယ်၊သံဃနာယကအဖွဲ့ကနှစ်ဖက်ခေါ်ယူပြီး ညှိနှိုင်းပေးခဲ့သည်။သို့သော်ပြေလည်မှုမရခဲ့။ ထို့အတူရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကဒုတိယအကြိမ် နှစ်ဖက်ခေါ်ယူညှိနှိုင်းပေးရာ၌လည်းပြေလည်မှုမရခဲ့ကြပေ။ထိုသို့ပြေလည်မှုမရသောကြောင့်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အစီရင်ခံစာတင်သွင်းခဲ့ရာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ပိုင်ဆိုင်လိုသူကစောဒနာလွှာတင်သွင်းစွဲဆိုရန် လမ်းညွှန်မှုကြောင့်ဆရာတော်ဦးပညိန္ဒသည် (၁၉-၁၀-၉၆)ရက်စွဲဖြင့်သုံးခွမြို့နယ်၊သံဃနာယကအဖွဲ့သို့စောဒနာလွှာတင်သွင်းခဲ့သည်။ သုံးခွမြို့နယ်သံဃနာယကအဖွဲ့ကမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆)၊အမှတ်(၇)တို့ကိုဖွဲ့စည်းပေးပြီးနှစ်ကြိမ်တိုင်တိုင်စစ်ဆေးဆုံးဖြတ်စေခဲ့ရာလုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်၍တိုင်းသံဃနာယကအဖွဲ့ကနှစ်ကြိမ်လုံးပယ်ဖျက်ခဲ့ရသည်။ ထို့နောက်သုံးခွမြို့နယ်သံဃနာယကအဖွဲ့သည်မြို့နယ် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈)ကိုဖွဲ့စည်းပေးပြီး၊လက်ပံကျိုးကျေးရွာအုပ်စု၊မုဒိတာကျေးရွာ၊သဒ္ဓမ္မရံသီကျောင်း ၌ဖြစ်ပွားသောပိုင်ဆိုင်မှုဝိဝါဒါဓိကရုဏ်းမှုခင်းကို ဝိနည်းဒေသနာတော်နှင့်အညီစစ်ဆေးဆုံးဖြတ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈)သည်ဖော်ပြလတ္တံ့ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့ပါသည်။ [ဆုံးဖြတ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)သဒ္ဓမ္မရံသီကျောင်းသည်သံဃိကဖြစ်သည်။ (၂)ဦးပညိန္ဒသည်သံဃိကကျောင်းဖြစ်၍နေထိုင်ခွင့်ရှိသော်လည်းအပြီးပြန်ကြွတော့မည်ဟုကိုယ်တိုင်ကိုယ်ကျ စာရေးသားကာပြန်ကြွပြီးဖြစ်၍အာလယကင်းပြတ် နေသည်မှာထင်ရှားသောကြောင့်သဒ္ဓမ္မရံသီကျောင်း၌ နေထိုင်ခွင့်မရှိတော့ဘဲမိမိနှင့်သင့်လျော်ရာ၌ သီတင်းသုံးနေထိုင်ရမည်။ (၃)ပတ်ဝန်းကျင်ပဝါရဏာဂိုဏ်းမှသမဂ္ဂသံဃာများ၊ ဒါယကာဒါယိကာမများကနှစ်သက်သဘောတူတင် မြှောက်ထားသောလက်ရှိသီတင်းသုံးနေသော ဦးလင်္ကာဒီပသည်သာသဒ္ဓမ္မရံသီကျောင်းကိုရက္ခကဂေါပကအဖြစ်စီမံဆောင်ရွက်ထိန်းသိမ်းရမည်။ ထိုဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့်မူလစောဒက ဦးပညိန္ဒသည်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သို့ အယူခံစောဒနာလွှာတင်သွင်းခဲ့ပါသည်။ ယင်းအယူခံစောဒနာတင်လွှာကိုဝိနည်းတရားတော်နှင့် အညီစစ်ဆေးသုံးသပ်ဆုံးဖြတ်နိုင်ရန်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကလည်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၃/၂ဝဝဝ)ကိုဖွဲ့စည်း၍ဝိနိစ္ဆယတာဝန်များကို ပေးအပ်တော်မူခဲ့ကြပါသည်။ ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄၃/၂ဝဝဝ)က အောက်ဖော်ပြပါအတိုင်းဆုံးဖြတ်ချက်ချခဲ့ပါသည်။ [ဆုံးဖြတ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈)၏ဆုံးဖြတ်ချက် (၃)ရပ်တို့ကိုပလပ်ပယ်ချကြောင်းဆုံးဖြတ်တော် မူကြသည်။ (၂)အချင်းဖြစ်ပွားသောသုံးခွမြို့နယ်၊မုဒိတာကျေးရွာ၊ သဒ္ဓမ္မရံသီကျောင်းသည်ပုဂ္ဂလိကထင်ရှားသဖြင့်၄င်း သဒ္ဓမ္မရံသီကျောင်းကိုအယူခံစောဒနာဝင်ဦးပညိန္ဒ ပိုင်ဆိုင်သည်ဟုတိုင်းအယူခံသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၃/၂၀၀၀)ဝိနည်းဓိုရ်ဆရာတော်များကတစ်ညီ တစ်ညွတ်တည်းသုံးသပ်၍ဆုံးဖြတ်ချက်ချတော် မူကြသည်။ ယင်းရန်ကုန်တိုင်းဝိနိစ္ဆယအဖွဲ့အမှတ်(၄၃/၂၀၀၀)၏ အဆုံးအဖြတ်ကိုမကျေနပ်သဖြင့်မူလစုဒိတက ဦးလင်္ကာဒီပသည်၁၃၆၂-ခုနှစ်၊တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့တွင်နိုင်ငံတော်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့(က)ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၃/၂၀၀၀)၏ဆုံးဖြတ်ချက်ကိုပလပ်ပယ်ဖျက်ပေးပါရန် (ခ)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၈)၏ဆုံးဖြတ်ချက်ကိုအတည်ပြုပေးပါရန်ဟုအယူခံစောဒနာဝင်လွှာ တင်သွင်းခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်ယင်းအဓိ ကရုဏ်းမှုခင်းကိုဝိနည်းဓမ်မကံအဓိကရုဏ်းမှုခင်းများ ၁၃၆၁ခုနှစ်၊ဒုတိယဝါဆိုလဆုတ်(၂)ရက်(၆-၈-၂၀၀၁)၊ တနင်္လာနေ့တွင်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အဖွဲ့အမှတ် (၄/၂ဝဝ၁)ကိုဝိနည်းဓမ္မကံမှုခင်းများလုပ်ထုံးလုပ်နည်းအခန်း(၇)၊အပိုဒ်(၅၄)အရပုံစံ(၁၄)ဖြင့်ဖွဲ့စည်း၍ပေးအပ်သောဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပါသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄/၂၀၀၁)ဝိနည်းဓိုရ် [ဆရာတော်များ၏သဘောထားနှင့်ခံယူချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မိမိတို့ထံကျရောက်လာသောတာဝန်ကိုအာဂတော ဘာရော အဝဿံ အာဝဟိတဗ်ဗော(မူ၊ဋီ၊ဝိသုဒ္ဓိမဂ်ဋီ) စကားတော်နှင့်အညီမလွဲမသွေဧကန်ထမ်းဆောင်ရပေမည်။ယင်းသို့ထမ်းဆောင်ရာ၌ န ဆန္ဒာဂတိံ ဂန္တဗ်ဗံ စသောဝိနယဒေသနာတော်ကိုရှုဆင်ခြင်၍လည်းကောင်း န စ အာမိသံ နိဿာယ၊န စ နိဿာယ ပုဂ္ဂလံ၊ဥဘော ဧတေ ဝိဝဇ္ဇေတွာ၊ယထာ ​ေဓမ္မာ တထာ ကရေ (ဝိ-၅၊၂၄၈)ဟူသောဝိနည်းတော်ပါဠိတော်အရပုဂ္ဂလ အာမိသနှစ်ဌာနတို့ကိုမငဲ့ကွက်မူ၍လည်းကောင်း၊ စောဒက၊စုဒိတကနှစ်ပက္ခတို့မှအသီးသီးတင်ပြထွက်ဆိုကြသောစောဒနာလွှာ၊သောဓနာလွှာတို့ကိုဝေဖန်ထောက်ဆလေ့လာဖတ်ရှုကြပြီးလျှင်စောဒကစုဒိတကတို့အပေါ်၌ တစ်ဖက်ဖတ်တွင်နာစေ-သာစေသဘောမထား၊မေတ္တာကရုဏာတရားတို့ဖြင့်ဓမ္မဝိနယနှင့်လျော်ညီစွာသုံးသပ် ဆုံးဖြတ်ပေတော့အံ့။ [သဒ္ဓမ္မရံသီကျောင်းအမျိုးအစားသုံးသပ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းကိုမူလစောဒကဦးပညိန္ဒနှင့်စောဒကပြသက်သေတို့ကပုဂ္ဂလိကဟူ၍လည်း ကောင်း၊မူလစုဒိတကဦးလင်္ကာဒီပနှင့်စုဒိတ​ကပြသက် သေတို့ကသာသနာပိုင်သံဃိကဟူ၍လည်းကောင်း အသီးသီးထွက်ဆိုထားကြ၏။ ဤမှုခင်း၌အဓိကသော့ချက်သည်ပုဂ္ဂလိက၊သံဃိကကွဲပြားခွဲခြားမှုပင်ဖြစ်ရာစောဒက၊စုဒိတကနှစ်ပက္ခတို့၏ စောဒနာလွှာ၊သောဓနာလွှာတို့နှင့်သက်သေထွက်ဆိုချက်များကိုစိစစ်ဝေဖန်သုံးသပ်ခြင်းဖြင့်မှုခင်း၏အသွား အလာအမှားအမှန်ကိုဧကန်သိရှိနိုင်ကြမည်သာဖြစ်၏။ ထို့ကြောင့်အချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းသည်သံဃိကလော၊ပုဂ္ဂလိကလောစောကြောဝေဖန်မှန်ကန်စွာစိစစ်သုံးသပ်ပြပေအံ့။ အချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းကိုသာသနာပိုင်သံယိကကျောင်းဟုထွက်ဆိုတင်ပြကြသောမူလစုဒိတကနှင့် စုဒိတကပြသက်သေတို့၏အဓိကသက်သေအထောက် အထားသည်အလှူမင်္ဂလာတရားတော်နာဖိတ်စာဖြစ်ပြီး “ပုဂ္ဂလိကကျောင်း”ဟုထွက်ဆိုတင်ပြသောမူလစောဒကနှင့်စောဒကပြသက်သေတို့၏ပဓာနသက်သေအထောက် အထားသည်စာချုပ်စာတမ်းများဖြစ်၏။မှန်၏။ မူလစုဒိတကနှင့်စုဒိတကပြသက်သေတို့သည် အလှူမင်္ဂလာတရားတော်နာဖိတ်စာအရလည်းကောင်း၊ ဆရာသမားလူကြီးသူမများထံမှတစ်ဆင့်ပြီးစကားအရလည်းကောင်းသာသနာပိုင်သံဃိကကျောင်းဟူ၍တစ်ညီတစ်ညွတ်တည်း(ဝါ)တစ်လေတည်းတစ်သံတည်း ထွက်ဆိုတင်ပြကြပြီးမူလစောဒကနှင့်စောဒကပြသက် သေတို့ကမူအသိအမှတ်ပြုစာချုပ်၊ကျောင်းအရံမြေ လှူဒါန်းစာချုပ်ကိုအကိုးအကားပြု၍ပုဂ္ဂလိကကျောင်းဟု ထွက်ဆိုတင်ပြကြ၏။ သို့ဖြစ်ရာစောဒက၊စုဒိတကလှူဒါန်းစာချုပ်တို့အနက် မည်သည်ကဝိနယာနုလောမဖြစ်၍ပို၍ယုတ္တိရှိပို၍ ခိုင်မာကြောင်းစိစစ်သုံးသပ်ရပေမည်။ မူလစုဒိတကနှင့်စုဒိတကပြသက်သေတို့၏ရပ်တည်ရာ အလှူမင်္ဂလာဖိတ်စာ၌သာသနာတော်အားလှူဒါန်းမည် ဖြစ်ပါသဖြင့်ဟူသောစကားရပ်ပါရှိရာ၊ယင်းစကားရပ်ဖြင့်အချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းကိုသာသနာတော်အား လှူဒါန်းရန်ရည်မှန်ထားသည်၊ညွတ်ထားသည်။ အမှန်တကယ်မလှူဒါန်းရသေးဟူသောအဓိပ္ပါယ်ကို ဖော်ပြ၏။ယင်းအဓိပ္ပါယ်ဖော်ပြချက်အရအချင်းဖြစ် သဒ္ဓမ္မရံသီကျောင်းသည်သာသနာပိုင်သံဃိကမဟုတ်သေးဟူသောဆင့်ပွားအဓိပ္ပါယ်သက်ရောက်လျက်ရှိ၏။ ထို့ကြောင့်အလှူမင်္ဂလာဖိတ်စာအရအချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းကိုသာသနာပိုင်သံဃိကဟုသုံးသပ်ဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်းပေါ်လွင်ထင်ရှား၍နေ၏။ ဘိကခြူနံ ဝါ သတထွာယ ကတမပြိ ယာဝ န ဒနတြေိ၊တာဝ တသေံ သန်တကံ ယဝေ ဘဝိဿတိ။ (ဝိမတိ-၂၊၁၉၀)ယဿာ ပန တံ“အညဿ ဒဿာမီ”တိစိတ်တုပ်ပါဒမတ်တနေ ပရသန်တကံ နာမ န ဟောတိ၊တသမာ တဿ အဒတှာပိ ပဋိဂ္ဂဟေတွာ ပရိဘုဉ္စိတုံ ဝဋတိ။(သာရတ်ထ-၃၊ ၇၁) တစ်ခုသောကျောင်းတိုက်၌ရဟန်းတို့နေရာကျောင်းကို ဆောက်လုပ်၍ထားသည်၊ရေစက်ချ၍အနုမောဒနာမပြု ရသေး။အရှင်ဘုရားအားဤကျောင်းကိုလှူပါ၏ဟူ၍လဲ နှုတ်မြွက်မဆိုဘူးသေး၊ထိုပုဂ္ဂိုလ်အားလှူမည်ဟုဆို၍ ဖြစ်စေ၊ကြံ၍ဖြစ်စေ၊ဆောက်လုပ်ထားကာမျှသာရှိသေးသည်။ထိုသို့ညွတ်ရုံမျှသာဖြစ်သောကျောင်းသည် ဒါယကာတို့၏ဥစ္စာ၊ဒါယကာပိုင်ကျောင်းသာဖြစ်၏။ “သူတစ်ပါးအားပေးအံ့”ဟုစိတ်ဖြစ်ကာမျှဖြင့်ထိုပစ္စည်းသည်သူတစ်ပါး၏ဥစ္စာမဟုတ်သေး။ထို့ကြောင့်ထိုသူတစ်ပါးအားမပေးဘဲခံယူသုံးဆောင်ကောင်း၏။ “မုဉ္စစေတနုပ္ပတ္တိတော ပဋ္ဌာယ န ဒါယကော ဣဿရော၊ သံဃောဝ ဣဿရော။ မုဉ္စစေတနာဖြစ်ပေါ်သောကာလမှစ၍ဒါယကာမပိုင်တော့ သံဃာသာပိုင်သည်။ ဖော်ပြပါဝိနယဒေသနာနှင့်မူလဋီကာတို့အရအခင်းဖြစ်သဒ္ဓမ္မရံသီကျောင်းသည်သံဃာအား၊ဝါ၊သာသနာတော်အားဒါနလက္ခဏာမြောက်အောင်မလှူဒါန်းရသေးသော ကြောင့်သံဃိကသာသနာပိုင်မဟုတ်သေးဒါယကာပိုင် ကျောင်းဖြစ်နေသည်မှာထင်ရှားလှပေ၏။ မူလစုဒိတကဦးလင်္ကာဒီပမူလသောဓနာ၌လည်းအချင်း ဖြစ်သဒ္ဓမ္မရံသီကျောင်းကိုဒါနလက္ခဏာမြောက်မလှူရ သေးကြောင်းညွတ်ရုံမျှသာရှိသေးကြောင်းဖော်ပြထား သည်ကိုတွေ့ရ၏။ “ပါစိတ်ပါဠိပရိဏတသိက္ခာပုဒ်အဖွင့်ပဒဘာဇနီနှင့် ၎င်းအဌကထာတို့အဖွင့်ဝိနယာလင်္ကာရဋီကာ(ဒု)၌ (၁)သံဃဿ ပရိဏတံ အညသံဃဿ ဝါ စတေိယဿ ဝါ ပုဂဂှလဿ ဝါ ပရိဏာမတေိ၊တံ ဒါနံ အဓမမှိကဒါနံ ဟောတိ။ (၂)ပဋိဂ္ဂါဟာ စ ပရိဘောဂါ စ အဓမ္မိက ပဋိဂ္ဂါဟ အဓမ္မိက ပရိဘောဂါနို ဟောန္တိ၊ဟူ၍ဖွင့်ဆိုတော် မူအပ်သောနဝအဓမ္မိကဒါန၌သံဃာနှင့်သာသနာအား ညွတ်ပြီးလှူဒါန်းပြီးသဒ္ဓမ္မရံသီကျောင်းအလုံးစုံကို နောက်တစ်ဖန်တတိယဦးပညိန္ဒအားပုဂ္ဂလိကအဖြစ် လွဲအပ်လှူဒါန်းသည်ဟူ၍စာချုပ်ပြုလုပ်ထားရာထိုအလှူ ဒါနသည်အဓမ္မိကဒါနတရားမဝင်အလှူဒါနဖြစ်၍ လုံးဝအလှူမမြောက်ပါဘုရား၊ခံယူခြင်းသည်လည်း အဓမ္မိကပဋိဂ္ဂါဟဖြစ်၍ခံယူမှုလုံးဝမမြောက်ပါဘုရား။ ထိုကျောင်းကိုခံယူသုံးစွဲခြင်းသည်လည်းအဓမ္မိက ပရိဘောဂဖြစ်၍လုံးဝသုံးစွဲပိုင်ခွင့်မရှိပါကြောင်း သောဓနာဝင်လျှောက်ထားအပ်ပါသည်ဘုရား။ ဖော်ပြပါသောဓနာလွှာအရမူလစုဒိတကဦးလင်္ကာဒီပ ကိုယ်တိုင်ပင်ဒါယကာ၊ဒါယိကာများကမူလစောဒက ဦးပညိန္ဒအားသဒ္ဓမ္မရံသီကျောင်းကိုစာချုပ်စာတမ်းဖြင့် ပုဂ္ဂလိကလွှဲအပ်လှူဒါန်းခြင်းနှင့်အချင်းဖြစ်သဒ္ဓမ္မရံသီကျောင်းသည်သာသနာတော်အားလှူဒါန်းရန်ညွတ်ရုံသာ ရှိသေးသည်။ဒါနလက္ခဏာမြောက်အောင်မလှူရသေး ဟူသောအချက်ကိုဝန်ခံရာရောက်နေ၏။ မူလသောဓနာလွှာ၌အဋ္ဌကထာ၊ဋီကာတို့အရအမှန်တကယ်မလှူဒါန်းရသေးကြောင်း၊ဒါနလက္ခဏာမမြောက် သေးကြောင်းထင်ရှားလျက်ရှိ၏။အဘယ့်ကြောင့်ဆိုသော်-သံဃာနှင့်သာသနာတော်ကိုအမှန်တကယ်ဒါနလက္ခဏာမြောက်အောင်လှူဒါန်းပြီးဖြစ်ပါကသံဃာပိုင် သာသနာပိုင်ဖြစ်၍ဒါယကာများမပိုင်ဆိုင်ထပ်မံလှူဒါန်းနိုင်ခွင့်မရှိသောကြောင့်တည်း။ ဤအရာ၌မူလစုဒိတကဦးလင်္ကာဒီပသည်သံဃာနှင့်သာသနာတော်အားလှူဒါန်းရန်ညွတ်ထားရုံမျှသာရှိသေးသောသဒ္ဓမ္မရံသီကျောင်းကိုဒါနမြောက်အောင်လှူဒါန်းပြီးဖြစ်သည်ဟုမှတ်ယူနေဟန်ရှိ၏။ ဝိနည်းဒေသနာတော်အရဝိနယာနုလောမအားဖြင့်ဆိုမူ ညွှတ်ထားရုံမျှဖြင့်ဒါနမမြောက်သေးပေ။ သံဃိကန်တိ သံဃဿ သန်တကံ။သော ဟိ သံဃဿ ပရိဏတတ်တာ ဟတ်တဥ်စ အနာရုဠော ပိ ဧကနေ ပရိယာယနေ သံဃဿ သန်တကော ဟောတိ။ ပဘာဇနေ ပန“သံယိကံ နာမ သံဃဿ ဒိန်နံ ဟောတိ ပရိစ်စတ်တ”န်တိ ဧဝံ အတ်ထုဒ်ဓါရ ၀သနေ နိပ်ပရိယာယတောဝ သံဃိကံ ဒဿိတံ။ (ဝိ၊ဋ္ဌ-၂၊ ၃၁၀)သစေ ပန သော “တုမှာကံ သပ္ပိအာဒီနိ အာဘဋာနိ အတ္တီ”တိ ပုစ္ဆိတွာ ”အာမ အတ်ထီ”တိ ဝုတ်တေ“မယှမျပိ ဒထော”တိ ၀ဒတိ၊ ဝဋတိ။အထာပိ နံ ကုကျကုစျစာယနျတံ ဥပါသကာ ၀ဒန်တိ”သံ​ဃောပိ အမှေဟိ ဒိန္နမေဝ လဘတိ၊ဂဏှထ ဘန္တေတိ။ဧဝမ္ပိ ၀ဋတိ(ဝိ၊ဋ္ဌ-၂၊၃၁၁)ဖော်ပြပါဝိနယဒေသနာလာအဋ္ဌကထာစကားကိုထောက်ဆ၍ပရိဏတသိက္ခာပုဒ်အရာ၌သံဃိကအရမှာသံဃာအားဒါနလက္ခဏာမြောက်အောင်လှူအပ်သောဥစ္စာမဟုတ်သေး။ဒါယကာတို့၏ဥစ္စာသာဖြစ်သေးသည်။ ထို့ကြောင့်ဒါယကာတို့သည်မိမိတို့ပစ္စည်းကိုလှူအံ့ဟုညွတ်သောသံဃာမှတပါးသံဃာ၊စေတီ၊ပုဂ္ဂိုလ်တို့အားလှူဒါန်းနိုင်သည်။လှူသော်လည်းအပ်သည်။အပြစ်မရှိ၊အကြောင်းမှာမိမိတို့ပိုင်ဆိုင်သောပစ္စည်းကိုမိမိတို့ လှူလိုရာ၌လှူပိုင်ခွင့်ရှိသောကြောင့်တည်း။ အထက်ပါကောက်နုတ်ဖော်ပြချက်များအရပရိဏတသိက္ခာပုဒ်လာသံဃိကဟူသည်မုချသံဃိကမဟုတ်၊ သံဃာအားညွတ်ရုံသာညွတ်၍ဒါနလက္ခဏာမြောက်အောင်မလှူဒါန်းရသေးသောကြောင့်သံဃာမပိုင်သော လာဘ်ဖြစ်ရကားမူလစုဒိတကဦးလင်္ကာဒီပထင်မှတ်သကဲ့သို့ပိုင်ရှင်ဒါယကာတို့ကမိမိညွတ်ရင်းသံဃာမှ တစ်ပါးသောသံဃာ၊စေတီ၊ပုဂ္ဂိုလ်တို့အားလှူဒါန်းသော် လည်းအဓမ္မိကဒါနမဖြစ်၊ခံယူသုံးစွဲသူတို့မှာလည်း အဓမ္မိကပဋိဂ္ဂါဟ၊အဓမ္မိကပရိဘောဂမဖြစ်ပါပေ။ တစ်ဖန်မူလစုဒိတကနှင့်စုဒိတကပြသက်သေတို့၏ “သာသနာတော်ကိုရည်စူး၍ရေစက်ချပါသည်”ဆိုသော ထွက်ဆိုချက်များသည်အလှူမင်္ဂလာဖိတ်စာ၌ပါရှိသည့်အတိုင်းသာထွက်ဆိုကြခြင်းဖြစ်ပြီးရေစက်ချရာ၌ သံဃိကပုဂ္ဂလိကခွဲခြားကွဲပြားစွာနားလည်၍ထွက်ဆို ကြခြင်းမဟုတ်ပေ။ယင်းတို့၏ထွက်ဆိုချက်များခိုင်လုံမှု ရှိ/မရှိယုံကြည်လောက်သောထွက်ဆိုချက်များဟုတ်/မဟုတ်စစ်တမ်းထုတ်သုံးသပ်ကြည့်သော်- စုဒိတကပြသက်သေဦးတင်ဦး၊ဦးမြသန်းတို့က “တိုးချဲ့ကျောင်းလှူဒါန်းရာ၌စာချုပ်စာတမ်းမပါ၊ နှုတ်ကတိဖြင့်လှူဒါန်းသည်။ပုဂ္ဂလိကမဟုတ်ပါ”ဟု ထွက်ဆိုကြ၏။သို့သော်မူလစုဒိတကဦးလင်္ကာဒီပတင်ပြသောကျောင်းမြေလှူဒါန်းစာချုပ်(သက်သေခံအမှတ်ဈ)၌ ၎င်းတို့နှစ်ဦးလုံးအသိသက်သေအဖြစ်လက်မှတ်ရေးထိုးထားကြပြီး(သက်သေခံအမှတ်-ည)၌အသိသက်သေအဖြစ်ဦးတင်ကြီးကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်ကိုတွေ့ရ၏။ အလားတူဦးကျော်ရှိန်ကလည်းဦးကျော်အေး+ဒေါ်ခင်မြင့် တိုးချဲ့လှူဒါန်းခြင်းမှာဦးသောဘိတလက်ထက်ကျောင်းမြေအတွက်အဆင်ပြေရန်သာသနာတော်အားရည်မှန်း၍ လှူဒါန်းခဲ့သည်”ဟုထွက်ဆိုထား၏။သို့သော်စာချုပ်ပါ နေ့စွဲအရဦးသောဘိတလက်ထက်မဟုတ်သကဲ့သို့ သာသနာတော်အားလှူဒါန်းကြောင်းအရိပ်အမြွက်မျှ မပါရှိပေ။ မူလစောဒကဦးပညိန္ဒကရုံးခေါ် သက်သေဦးထွန်းကြည်အားဦးတင်စိန်နှင့်ဦးကျော်အေးတို့မြေလှူဒါန်းစာချုပ်၌ အသိသက်သေအဖြစ်လက်မှတ်ရေးထိုးထားခြင်းရှိပါသလား”ဟုမေးရာဦးထွန်းကြည်က“မရှိပါဘုရား”ဟု ဖြေဆိုခဲ့၏။သို့သော်စာချုပ်(၂)ခုလုံး၌ဦးထွန်းကြည်၏ များကိုတွေ့ရှိရ၏။ ထို့ပြင်စုဒိတကတင်ပြသောကျောင်းလှူဒါန်းစာချုပ် (သက်သေခံ-၂)၌ကိုယ်တိုင်လက်မှတ်ရေးထိုးကာအသိသက်သေအဖြစ်ပါဝင်ခဲ့သောဦးမြသန်းသည်တိုင်းသံဃဝိနိစ္ဆယဆရာတော်များက“သီတင်းကျွတ်လကထိန်ပွဲနေ့တွင်ကျေးရွာဂေါပကဦးတင်မောင်စသောဒကာဒကာမ တို့ကသဒ်ဓမ်မရံသီကျောင်းကိုဦးပညိန္ဒအားလှူဒါန်းစဉ်ကအသိသက်သေဆရာတော်များနှင့်လူပုဂ္ဂိုလ်တို့ကို မှတ်မိသမျှလျှောက်ထားပြပါ”ဟုမေးရာ“လွှဲအပ်မှုဆိုတာ ရှိကိုမရှိပါဘုရား”ဟု(လုံးဝ)ဘူးကွယ်လျက်ဖြေဆိုသော် လည်းမြို့နယ်သံဃဝိနိစ္ဆယရုံး၌မူ“သာသနာတော်အားလှူဒါန်းထားသည်ဆိုသဖြင့်နေရထိုင်ရကျဉ်းကြပ်လှ၍ ပုဂ္ဂလိကလှူဒါန်းရန်အကျဉ်းအကြပ်ပြောသဖြင့်ဦးပညိန္ဒအားနှုတ်ကတိဖြင့်ပုဂ္ဂလိကလှူဒါန်းခဲ့ပါသည်။ တပည့်တော်လည်းပါပါသည်”ဟုထွက်ဆိုခဲ့သည်ကို တွေ့ရ၏။ယင်းထွက်ဆိုချက်(၂)ရပ်သည်အရှေ့နှင့်အနောက်တောင်နှင့်မြောက်ပမာပြဒါးတစ်လမ်းသံတ လမ်းဖြစ်နေကြောင်း ထင်ရှားပေါ်လွင်လှ၏။ စုဒိတကပြသက်သေတို့၏ထွက်ဆိုချက်များကိုကောက် ချက်ချကြည့်ပါကစုဒိတကပြသက်သေများသည် မြင်လျက်နှင့်မမြင်၊သိလျက်နှင့်မသိ၊ကြားလျက်နှင့် မကြား၊အမှန်တရားကိုဖုံးကွယ်ထားတတ်သူများလိမ်ညာဆိုးညစ်ကောက်ကျစ်သောသက်သေများဖြစ်ကြောင်း ထင်ဟပ်ဖော်ပြ၍နေ၏။ထို့ကြောင့်စုဒိတကပြသက်သေတို့ကိုကူဋသက်ခိလိမ်ညာကောက်ကျစ်သောသက်သေများဟူ၍လည်းကောင်း၊ယင်းတို့၏ထွက်ဆိုချက်များကိုလည်းအခြေအမြစ်မခိုင်မာ၊ယုတ္တိယုတ်တာကင်းပျောက် ရှေ့နောက်မညီမယုံကြည်ထိုက်သောထွက်ဆိုချက်များဟူ၍လည်းကောင်းနိုင်ငံတော်ဝိနိစ္ဆယဆရာတော်များ သုံးသပ်တော်မူကြသည်။ မူလစုဒိတကနှင့်စုဒိတကပြသက်သေတို့သည်အလှူမင်္ဂလာဖိတ်စာကိုအခိုင်အမာယူဆလျက်သာသနာပိုင် သံဃိကဟုအသီးသီးထွက်ဆိုကြသော်လည်းအလှူမင်္ဂလာဖိတ်စာ၌ပါရှိသည့်အတိုင်းတစ်ထစ်ချမှက်ယူ၍ မရနိုင်ပေ။အလှူမင်္ဂလာဖိတ်စာသည်တစ်ဖက်စုဒိတကပြ သက်သေဦးမောင်ဟန်ထံမှထွက်ပေါ်လာသောဖိတ်စာ ဖြစ်၏။မူလစုဒိတကဦးလင်္ကာဒီပကိုယ်တိုင်ကလည်း “အလှူမင်္ဂလာဖိတ်စာကိုဦးမောင်ဟန်ထံမှရရှိပါသည်”ဟု ဝန်ခံထွက်ဆိုထား၏။ ဖိတ်စာကိုဆရာတော်ကြီးဘဒ္ဒန္တအာဒိစ္စရံသီကစီစဉ်ပြီး မူချပေးသည့်အတိုင်းရိုက်နှိပ်ထားသည်ဟုဆိုသော်လည်း မူလစောဒကဦးပညိန္ဒကပြန်လှန်မေးခွန်းမေးသောအခါ ဖိတ်စာရွက်ရေမည်မျှရှိသည်ကိုမသိပါဟုဖြေဆိုထားရာ ရှေ့နောက်မညီမညွတ်ဖြစ်နေ၏။ ဦးမောင်ဟန်သည်ရှေ့၌ဖော်ပြခဲ့သည့်အတိုင်းသိလျက် နှင့်မသိ၊မြင်လျက်နှင့်မမြင်၊ကြားလျက်နှင့်မကြားအမှန်တရားကိုဖုံးကွယ်ထားလျက်မတရားထွက်ဆိုသောအဓမ္မသက်သေတစ်ဦးလည်းဖြစ်၏။ ထို့ပြင်ယင်းဖိတ်စာသည်ပထမအကြိမ်မြို့နယ် ၊ သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆)စစ်ဆေးရာ၌မတင်နိုင်ဘဲ ဒုတိယအကြိမ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၇)ကစစ်ဆေး သောအခါမှသာထွက်ပေါ်လာခဲ့ခြင်းဖြစ်ရာစုဒိတကပြသက်သေဦးမောင်ဟန်၏ဉာဏ်စနစ်ကြောင့်ဖြစ်ပေါ်လာသောတရားမဝင်အမှန်အကန်မဟုတ်သည့်အကြံအဖန် ဖိတ်စာသာဖြစ်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယဆရာတော်များသုံးသပ်တော်မူကြသည်။ အမှန်စင်စစ်အလှူမင်္ဂလာဖိတ်စာသည်ကျောင်းလှူဒါန်းစာချုပ်မဟုတ်သဖြင့်မုချဧကန်အမှန်ဟုမယူဆအပ်ပေ၊ စုဒိကသက်သေတို့သည်ဖိတ်စာပါစာသားအရအသီးသီး ထွက်ဆိုနေကြသော်လည်းအမှန်တကယ်ရေစက်ချသော အခါသာသနာပိုင်သံဃိကအဖြစ်ရေစက်ချသည်ဟု တစ်ထစ်ချမှတ်ယူရန်မဖြစ်ပေရေစက်ချလှူဒါန်းရာ၌ ဝစီဘေဒနှုတ်မြွက်ရွတ်ဆိုမှုထက်အလှူရှင်၏နှလုံးသွင်း အာရုံပြုမှုသည်ပို၍ပဓာနကျ၏။ “မလှူမီရှေးအဖို့၌ပုဂ္ဂိုလ်ကိုရည်သန်လျက်၊ပုဂ္ဂလိက လှူဒါန်းလိုသည်ဖြစ်လျက်၊လှူဆဲကာလနှုတ်ယောင်၍ ဖြစ်စေ၊သံဃိကပုဂ္ဂလိကရေစက်ချနည်းကွဲသည်ကိုမသိ၊ သံဃဿဒေမဆို၍ရေစက်ချလျှင်မိမိလှူလိုသောရဟန်း ရ၏ဟုမှတ်ထင်ကြ၍ဖြစ်စေ၊သံဃဿဒေမရေစက်ချ လှူမိသောအခါဒါယကာကပြုလုပ်ဆဲကာလလှူဆဲကာလတို့၌မိမိကြည်ညိုရင်းပုဂ္ဂိုလ်ကိုသာအာရုံပြ၍ပြုလုပ် စွန့်လှူသည်။ ဆရာကမူကားသံဃိကလှူစေလို၍သံဃဿဒေမရေစက် ချသည်ကိုဒါယကာသည်အလိုမရှိဘဲလျက်ရေစက်ချ ဆရာဆိုတိုင်းနှုတ်မြွက်ရွတ်ဆိုသည့်အရာတို့၌သံဃိက မဖြစ်၊ပုဂ္ဂလိကသာဖြစ်သည်။(တိပိဋကဝိနိစ္ဆယ-၁၊၄၇) ဖော်ပြပါမိုင်းခိုင်းဆရာတော်ဘုရားကြီး၏မိန့်ဆိုချက်အရ ရေစက်ချလှူဒါန်းရာ၌ဝစီဘေဒနှုတ်မြွက်ရွတ်ဆိုမှုထက် နှလုံးသွင်းအာရုံပြုမှုကပို၍ပဓာနကျကြောင်းထင်ရှား၏။ ဤသဒ္ဓမ္မရံသီကျောင်းကိုဒကာ/ဒကာမများကကျောင်းပြီး၍ရေစက်ချသောအခါ၌လည်းရေစက်ချဆရာတော်ကတိုင်ပေး၍သံဃဿဒေမဟုမည်သို့ပင်ရွတ်ဆိုစေကာမူဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီကိုသာအာရုံပြုရွတ်ဆိုလှူဒါန်းကြခြင်းဖြင့်သဒ္ဓမ္မရံသီကျောင်းသည်ဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီ၏ပုဂ္ဂလိကကျောင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ ထိုကဲ့သို့မိမိ၏ပုဂ္ဂလိကပိုင်ကျောင်းဖြစ်၍သာလျှင် ဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီသည်အစိုးတရစီမံခန့်ခွဲလျက်မိမိ၏တပည့်များအားကျောင်းထိုင်အဖြစ်စိတ် တိုင်းကျလွှဲအပ်နိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင်ဆရာတော်ဘဒ္ဒန္တအာဒိစ္စရံသီက ဦးသောဘိတအားလည်းကောင်း၊ဦးသောဘိတနှင့် ဒကာ/မများကမူလစောဒကဦးပညိန္ဒအားလည်းကောင်း၊ ပုဂ္ဂလိကအဖြစ်အဆင့်ဆင့်လွှဲအပ်လှူဒါန်းခဲ့ကြောင်း၊ ကျောင်းလှူဒါန်းမှုအသိအမှတ်ပြုစာချုပ်(သက်သေခံ အမှတ်-ခ)ကျောင်းအရံမြေလှူဒါန်းစာချုပ်(သက်သေခံအမှတ်-ဈ)(သက်သေအမှတ်-ည)တို့အရထင်ရှားပေါ်လွင် ၍နေပေသည်။ အသိအမှတ်ပြုမှတ်တမ်းစာချုပ်(သက်သေခံအမှတ်-ခ) ကျောင်းမြေလှူဒါန်းကြောင်းအသိအမှတ်ပြုမှတ်တမ်း စာချုပ်(သက်သေခံ-ဈ)နှင့်ကျောင်းအရံမြေလှူဒါန်းခြင်းစာချုပ်(သက်သေခံ-ည)တို့သည်မူလစောဒကဦးပညိန္ဒက ဦးစွာတင်ပြသောစာချုပ်များမဟုတ်ပေ။ သဒ္ဓမ္မရံသီကျောင်း၌စာချုပ်များကျန်ရစ်ခဲ့သည်ဟု မူလစောဒကဦးပညိန္ဒပြောဆိုချက်အရမူလစုဒိတက ဦးလင်္ကာဒီပကိုယ်တိုင်သဒ္ဓမ္မရံသီကျောင်းဘီရိုထဲ၌ရှာဖွေတွေ့ရှိ၍တင်ပြထားသောစာချုပ်များဖြစ်ရာအလှူ မင်ဂလာဖိတ်စာကဲ့သို့လုပ်ကြံဖန်တီးထားသောစာချုပ်များမဟုတ်၊အမှန်အကန်စာချုပ်ချုပ်ဆိုခဲ့သောစာချုပ်များဖြစ်သည်။ ဦးထွန်းကြည်၊ဦးတင်မောင်၊ဦးမောင်ဟန်၊ဦးမြသန်း စသည့်မူလစုဒိတကဦးလင်္ကာဒီပ၏အဓိကသက်သေကြီးများပါဝင်လက်မှတ်ရေးထိုးထားသောစာချုပ်များဖြစ်သောကြောင့်ဤမှုခင်းအတွက်အလွန်တရာအရေးပါအရာရောက်ပြီးလွန်စွာခိုင်မာလှသောသက်မဲ့အထောက် အထားများဖြစ်၏။ “၁၃၅၇-ခု၊သီတင်းကျွတ်လဆုတ်၅-ရက်၊ကထိန်အလှူပွဲတော်တွင်ဤသဒ္ဓမ္မရံသီကျောင်းအလုံးစုံကိုတတိယမြောက်ဘုန်းကြီးဦးပညိန္ဒသို့ပုဂ္ဂလိကအဖြစ်လှူဒါန်းကြောင်းစာချုပ်တစ်ခုပြုလုပ်၍နောက်ထပ်ဦးပညိန္ဒသည် ဤကျောင်း၌မနေသော်ဤကျောင်းသည်မုဒိတာကျေးရွာ ဒါယကာ၊ဒါယိကာမများကမိမိတို့ကြည်ညိုရာဘုန်းကြီးကိုတင်လှူကိုးကွယ်နိုင်ကြောင်းပြန်လည်လွှဲအပ်သော စာချုပ်တခုပေါင်းစာချုပ်နှစ်ခုကိုပြုလုပ်ခဲ့ကြပါသည်ဘုရား။ဟူ၍မူလစုဒိတကဦးလင်္ကာဒီပကိုယ်တိုင်မိမိ၏ မူလသောဓနာလွှာ၌ယင်းစာချုပ်များနှင့်ပတ်သက်၍ ဝန်ခံဖော်ပြထားပြီးဖြစ်ရာဖျောက်ပယ်၍မရအောင် အသက်ဝင်ရပ်တည်လျက်ရှိသောစာချုပ်များဖြစ် ကြောင်းထင်ရှားနေပေသည်။ သို့ဖြစ်ရာမူလစုဒိတက၏မူလသောဓနာလွှာနှင့်စာချုပ် စာတမ်းများအရသဒ္ဓမ္မရံသီကျောင်းသည်မူလစောဒက ဦးပညိန္ဒ၏ပုဂ္ဂလိကပိုင်မဟုတ်ဟုမည်သို့မျှငြင်းကွယ်၍ မရနိုင်တော့ပေ။ထို့ကြောင့်သဒ္ဓမ္မရံသီကျောင်းသည် မူလစောဒကဦးပညိန္ဒ၏ပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယဆရာတော်များကသုံးသပ်တော်မူကြသည်။ [အာလယပြတ်/မပြတ်သုံးသပ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မူလစုဒိတကဦးလင်္ကာဒီပကဦးပညိန္ဒသည်သဒ္ဓမ္မရံသီကျောင်းမှအာလယပြတ်ထွက်ခွာလာခဲ့ပြီးဖြစ်သော ကြောင့်ဗဟိသီမဋ္ဌကဖြစ်ကြောင်းထွက်ဆိုတင်ပြထားပြီး ဦးပညိန္ဒကဒကာ/မများသတိသံဝေဂရစေရန်သဒ္ဓမ္မရံသီကျောင်းမှထွက်ခွာလာခြင်းသာဖြစ်ပြီးအာလယပြတ် ထွက်ခွာလာခဲ့မဟုတ်ဟုဆို၏။ ထိုအဆိုနှစ်ခုအနက်မည်သည့်အဆိုကမှန်ကန်သည်ဟု သိနိုင်ရန်မူလစောဒကဦးပညိန်ဒသဒ္ဓမ္မရံသီကျောင်းမှ ထွက်လာခဲ့ရခြင်းသည်အလိုအလျောက်အကြောင်းမဲ့ ထွက်ခွာလာခဲ့ခြင်းလော၊တစ်စုံတစ်ခုသောအကြောင်းကြောင့်ထွက်ခွာလာခဲ့ခြင်းလော၊စောကြောဝေဖန်စိစစ် သုံးသပ်ပြပေဦးအံ့။ မူလစုဒိတကဦးလင်္ကာဒီပ၏မူလသောနာလွှာ၌ “ထိုကဲ့သို့ကျောင်းကြီးဆောက်လုပ်ရာ၌မုဒိတာကျေးရွာတစ်ရွာတည်းဖြင့်အပြီးသတ်အောင်ဆောက်ခြင်းပြုနိုင်မည်မဟုတ်သောကြောင့်ကျေးရွာလူထုမှကားလမ်းဘေးတွင်အလှူခံမဏ္ဍပ်ဆောက်လုပ်၍အလှူခံရန်စီမံကိန်း ပြုလုပ်ခဲ့ကြပါသည်။ထိုသို့အလှူခံခြင်းကိုဦးပညိန္ဒ မကြိုက်၍အလှူခံခြင်းမပြုရန်ကန့်ကွက်သဖြင့် ဆောက်လုပ်ပြီးသောမဏ္ဍပ်များကိုဖျက်၍အလှူခံမှုကိစ္စ ရုပ်သိမ်းခဲ့ရပါသည်ဟူ၍ဖော်ပြထားသည်ကိုတွေ့ရ၏။ “အရင်းစစ်တော့အမြစ်မြေက”ဆိုသကဲ့သို့မူလစုဒိတက ဦးလင်္ကာဒီပ၏မူလသောဓနာလွှာ၌ပါရှိသောကျောင်းသစ်ဆောက်လုပ်ရာ၌အလှူခံခြင်းမပြုရန်ကန့်ကွက်သဖြင့်ဆောက်လုပ်ပြီးသောမဏ္ဍပ်များကိုလည်းဖျက်ဆီးပစ်လိုက်ရသည်သဒ္ဓမ္မရံသီကျောင်းဂေါပကအဖွဲ့၊(ရဝတ) အဖွဲ့လူကြီးများသည်အလှူခံခွင့်မရဘဲဆောက်လုပ်ပြီးသောမဏ္ဍပ်များလည်းဖျက်ဆီးပစ်လိုက်ရသောကြောင့်ဆရာ၊ဒကာဆိုသည့်အမြင်မျိုးမထားနိုင်တော့သည့်အပြင်ဆရာဖြစ်သောဦးပညိန္ဒအပေါ်၌မကျေနပ်မှုများဖြစ်ပွားလာတော့၏။ ယင်းသို့မကျေနပ်မှုများဖြစ်ပွားလာသောကြောင့်ဆရာ၊ ဒကာအဖြစ်မှဒကာ၊ဆရာအဖြစ်သို့ပြောင်းလဲရန်အကြံ ပေါ်လာကြပြီးဦးပညိန္ဒထံ၌ရှိနေသောစာရင်းအင်းနှင့်တကွငွေလက်ကျန်များကိုပါပြောင်ပြောင်တင်းတင်း တောင်းခံလာကြတော့၏။ ကျေးရွာ(ရဝတ)အဖွဲ့၊ဂေါပကအဖွဲ့၊ကျေးရွာလူကြီးများ သည်၁၃၅၈-ခုနှစ်၊ပြာသိုလဆုတ်(၉)ရက်နေ့ကတတိယဘုန်းကြီးဦးပညိန္ဒထံသွား၍အရှင်ဘုရားအနေဖြင့်ကျောင်းဆောက်လုပ်မှုကိစ္စကိုကြီးမှူးဆောင်ရွက်နေရသည်မှာဒုက္ခများလှပါသည်။တပည့်တော်များကျေးရွာလူထုမှဆက်လက်၍အပြီးသတ်အောင်ဆောက်လုပ်ပါတော့မည်ဟုလျှောက်ထားကြရာမှဦးပညိန္ဒသည်၎င်းအထံ၌ရှိနေသောစာရင်းအင်းနှင့်တကွငွေလက်ကျန်များကိုပါရှင်းပြီးကျေးရွာလူကြီးများသို့လွှဲအပ်ပေးလိုက်ပါသည်ဘုရားဟုမူလစုဒိတကဦးလင်္ကာဒီပ၏မူလ သောဓနာလွှာ၌ဖော်ပြထားချက်အရကျေးရွာ(ရဝတ)အဖွဲ့ ဂေါပကအဖွဲ့ကလူကြီးများသည်ဦးပညိန္ဒအပေါ်၌ဆရာဒကာဟူ၍သဘောမထားနိုင်တော့ဘဲဆရာဘုန်းကြီးကို ဘေးချိတ်ပြီးမိမိတို့၏စိတ်ကြိုက်ချယ်လှယ်လုပ်ဆောင်နိုင်ရန်စာရင်းအင်းနှင့်တကွလက်ကျန်ငွေများကိုရဲရဲတင်း တင်းတောင်းခံလာသည်အထိမကျေနပ်မှုများကြီးထွား လာခဲ့ကြောင်း၊ဦးပညိန္ဒကလည်းကန့်ကွက်တားမြစ်နေ ပါလျက်နှင့်အလေးထားနားမထောင်ကြဘဲဆက်လက် ဖန်တီးအားထုတ်လာကြသောကြောင့်မကျေမနပ်ဖြစ်ကာ လုပ်ချင်ရာလုပ်ဆိုသည့်သဘောဖြင့်စာရင်းအင်းနှင့်ငွေလက်ကျန်များကိုပေးလိုက်ရကြောင်းပေါ်လွင်ထင်ရှား၍ နေပေသည်။ ဤသို့လျှင်ဆရာဒကာနှစ်ဦးနှစ်ဖက်မကျေနပ်မှုများ ကြီးထွားလာခဲ့ရကားဦးပညိန္ဒသည်ယင်းမကျေနပ်ချက် ၏တွန်းကန်လှုံ့ဆော်မှုကြောင့်သဒ္ဓမ္မရံသီကျောင်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟုနိုင်ငံတော်ဝိနိစ္ဆယဆရာတော်များ၏သုံးသပ်ချက်မှန်ကန်ကြောင်းကို ဖော်ပြလတ္တံ့ပါစုဒိတက၏မူလသောဓနာလွှာနှင့်သက် သေတို့၏ထွက်ဆိုချက်များကလည်းထောက်ခံလျက် ရှိပေသည်။ မူလစုဒိတက၏မူလသောနာလွှာ၌သာသနာ့ဂုဏ်ရည် ကျောင်းဆရာတော်ဦးဇဝန၏အခန်းထဲ၌ဆရာတော် ဦးဇဝန၊ဦးသောဘိတဦးပညိန္ဒ(၃)ပါးတို့တွေ့ဆုံဆွေးနွေးကြရာတွင်ဦးပညိန်ဒမှကျောင်းသစ်ဆောက်လုပ်ရာ၌ အလှူခံခြင်းမပြုရန်ကိစ္စအငြင်းပွားပြီးမကျေနပ်၍ပြန် လာကြောင်းစသည်ပြောကြားရာဟူ၍ဖော်ပြထား၏။ “သဒ္ဓမ္မရံသီကျောင်းမှဦးပညိန္ဒထွက်ခွာသွားခြင်းမှာ ကျောင်းသစ်ဆောက်လုပ်မှုနှင့်ပတ်သက်၍အလှူခံရေး မခံရေးနှင့်စပ်လျဉ်း၍မချေမငံဖြစ်ရာမှထွက်ခွာသွားသည်ကိုတော့သိပါသည်။ ဂေါပကအဖွဲ့ရဝတအဖွဲ့အပါအဝင်ဒကာ(၁၂)ဦးနှင့်ညှိနှိုင်းမှုအဆင်မပြေဖြစ်ရာမှထွက်ခွာသွားသည် (စု/သက်သေဦးမောင်ဟန်ထွက်ဆိုချက်) “ဆရာဒကာကျောင်းသစ်ဆောက်လုပ်မှုနှင့်ပတ်သက်၍ အဆင်မပြေ၍သွားခြင်းဖြစ်ပါဒကာမကြီးနေမကောင်း၍ သွားခြင်းမျိုးမဟုတ်ပါ (စု/သက်သေ ဦးကျော်ရှိန်ထွက်ဆိုချက်) “ဦးပညိန္ဒကျောင်းမှထွက်ခွာသွားသည်ကိုသိပါသည်။ ဆရာဒကာအလှူခံကိစ္စနှင့်အငြင်းပွား၍အဆင်မပြေ၍ ထွက်သွားသည်ဟု သိပါသည်” (သက်သေ ဦးသောင်းထွက်ဆိုချက်) “ရဝတအဖွဲ့မှကျောင်းသို့မည်သူတစ်ဦးတစ်ယောက်မှ မဝင်ရ၊ပုဒ်မ-၁၈၈ဖြင့်ဝင်လျင်အရေးယူမည်ဟုအသံချဲ့ စက်ဖြင့်ဟစ်အော်သောကြောင့်ပြဿနာကြီးထွားမည်စိုး၍ကျောင်းထွက်ခွာသွားခြင်းဖြစ်သည်ဟုသိရပါသည် (ကေ/သက်သေဦးခင်ထွန်းထွက်ဆိုချက်) ဖော်ပြပါသက်သေအသီးသီးတို့၏ထွက်ဆိုချက်များကို ထောက်ရှုပါကမူလစောဒကဦးပညိန်ဒသည်သဒ္ဓမ္မရံသီကျောင်း၌မွေ့လျော်ပျော်ပိုက်ခြင်းမရှိမနေနိုင်တော့၍ အေးအေးဆေးဆေးထွက်ခွာလာခြင်းမဟုတ်ဆရာ့စကားကိုမလိုက်နာဘဲ“မိချောင်းမင်းရေကင်းပြ၊ဘုန်းကြီးစာချ လုပ်နေကြသောဒကာများအပေါ်မကျေနပ်မှုအလိုမကျမှုများကြောင့်မလွှဲသာ၍ထွက်ခွာလာခဲ့ရခြင်းဖြစ်ကြောင်း လွန်စွာထင်ရှားလျက်ရှိပေသည်။ လေ့လာစိစစ်သုံးသပ်ပြခဲ့သောအထက်ပါအချက်များကို ဆင်ခြင်ကြည့်ရှုပါကမူလစောဒကဦးပညိန္ဒအနေဖြင့် သဒ္ဓမ္မရံသီကြောင်းအပေါ် အာလယပြတ်/မပြတ်ဆိုသည် မှာပေါ်လွင်ထင်ရှားနေပြီဖြစ်၏။ သို့သော်အာလယပြတ်/မပြတ်ဆုံးဖြတ်ချက်မချမီ အာလယဆိုသောဝေါဟာရ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖော်ပြရန်လိုပေမည်။ အာလယ (ပု၊န)အာ+လယ+အ။ဓာန်ဋီ၊၁၆၃။ အာ+လိ+အ၊ရု၊၃၅၁)။ အဋ်ဌသတတဏှာဝိစရိတာနီ အာလယန်တိ၊တသမာ အာလယာတိ ဝုစ်စန်တိ၊(ဒီ၊ဋ်ဌ၊၂။ ၅၅) အာလယန်တိ အဘိရမကာဝသနေ သဝေန်တိတိ အာလယာ။ (ဒီ၊ဋီ-၂၊၅၈) မွေ့လျော်သည်၏အစွမ်းဖြင့်ငြိကပ်တွယ်တာမှီဝဲတတ်သောသဘောသည်အာလယမည်၏။သဒ္ဒါကျမ်းနှင့် အဋ္ဌကထာဋီကာတို့၏ဖွင့်ဆိုချက်အရအာလယဟူသည် ပကတိမျက်စေ့ဖြင့်မြင်တွေ့နိုင်သောအရာမျိုးမဟုတ်ပေ။ အသိဉာဏ်ဖြင့်ဆင်ခြင်၍သိနိုင်ကောင်းသောအရာမျိုးသာဖြစ်၏။ အာလယသည်ဌာနဖြစ်သည့်ပုဂ္ဂိုလ်သန္တာန်၌တည်ရှိသောဌာနီတရားဖြစ်၍ဌာနပုဂ္ဂိုလ်၏ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတို့ကိုကြည့်ရှုမှသာသိနိုင်သောအရာဖြစ်သောကြောင့် ပုဂ္ဂိုလ်၏အပြုအမူတို့ကိုကြည့်ရှုသုံးသပ်တတ်မှ အာလယပြတ်/မပြတ်ဆုံးဖြတ်ချက်ချရမည်ဟုဆိုလို၏။ ဤမှုခင်း၌မူလစောဒကဦးပညိန္ဒသည်သဒ္ဓမ္မရံသီကျောင်းမှအာလယပြတ်ထွက်ခွာလာခဲ့သည်ဟုစကားအရပြောဆိုသော်လည်း(၇)နှစ်(၈)နှစ်ကြာမျှနေထိုင်လာ ခဲ့သောယင်းသဒ္ဓမ္မရံသီကျောင်းအပေါ်၌မျက်နှာလွှဲခဲပစ်၊ ဘာဖြစ်ဖြစ်ဆိုသည့်သဘောမျိုးထားနိုင်ခဲ့သည်မဟုတ်ပေ။သုံးခွမြို့နယ်သံဃနာယကအဖွဲ့သို့သဒ္ဓမ္မရံသီကျောင်းကိစ္စ၊ဘုရားစေတီကိစ္စများနှင့်ပတ်သက်၍ မိမိလာရောက်လျှောက်ထားခြင်းမရှိဘဲခွင့်မပြုရန် ကန့်ကွက်စာတင်သွင်းခြင်း၊ကျောင်းစောင့်ရှောက်ရန် တပည့်ဖြစ်သူဦးစန္ဒိမာကိုစေလွှတ်ခြင်း၊မိမိကိုယ်တိုင် တပည့်များနှင့်အတူသဒ္ဓမ္မရံသီကျောင်း၌ပြန်လည်တက်ရောက်နေထိုင်ခြင်း၊မည်သူမျှအခွင့်မရှိမဝင်ရဟူ၍

သင်ပုန်းကြီးပေါ်တွင်စာရေးပြီးသဒ္ဓမ္မရံသီကျောင်းပေါက်ဝ၌ထောင်ထားခြင်း၊မည်သို့မျှညှိနှိုင်း၍မရသည့်

အဆုံးပိုင်ဆိုင်လိုမှုစောဒနာလွှာတင်သွင်းခြင်းလုပ်ရပ်များကိုတစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ပေသည်။ ယင်းလုပ်ဆောင်ချက်များကိုကြည့်ရှုခြင်းဖြင့်သဒ္ဓမ္မရံသီကျောင်းအပေါ်၌မူလစောဒကဦးပညိန္ဒအာလယမပြတ်သည်မှာထင်ရှားပါသည်။ ဗုဒ္ဓမြတ်စွာကလည်း-ဒွေ မေ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊ ကတမာ ဒွေ၊လာဘာသာစ ဇီဝိတာသာစ၊ရဟန်းတို့ လာဘ်လာဘနှင့်အသက်ဇီဝိတနှစ်မျိုးတို့၌ကပ်ငြိတွယ် တာမှုအာသာဆန္ဒတဏှာလောဘကိုပယ်ဖျောက်နိုင်ခဲ၏။ ပယ်ဖျောက်ရန်မလွယ်ဟူ၍ဟောတော်မူခဲ့၏။ ဦးပညိန္ဒကဦးသောဘိတအား“အာလယပြတ်သည်”ဟု ပြောခဲ့သောစကားမှာလည်းမကျေနပ်မှုဒေါသအလျောက်ပြောသောစကားဖြစ်သောကြောင့် ဆောင်=နှစ်ခွ-မျက်ကွယ် သူ့ဝယ်မှာလိုက် ♥♥♥မျက်ဆိုက်ဆိုငြား စကားလေးရပ် မယုံအပ်ရှင့် ဟူသောဓမ္မသတ်လင်္ကာနှင့်အညီဝိနည်းဓိုရ်များ မယုံကြည်အပ်လက်မခံထိုက်သောစကားသာဖြစ်၏။ ထို့ကြောင့်မူလစောဒကဦးပညိန္ဒသည်သဒ္ဓမ္မရံသီကျောင်းအပေါ်၌အာလယမပြတ်ဟုနိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်များကသုံးသပ်တော်မူကြသည်။ [သဒ္ဓမ္မရံသီကျောင်းသည်ဆဍ်ဍိဝိဟာရဟုတ်/မဟုတ်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မူလစုဒိတကဦးလင်္ကာဒီပက“အထက်ပါသမိုင်းကြောင်းတွင်တင်ပြလျှောက်ထားခဲ့သည့်အတိုင်းဦးပညိန္ဒသည် သဒ္ဓမ္မရံသီကျောင်းကိုစွန့်ခွာသွားခြင်း၊အာလယပြတ်သည်ဟု(၂)ကြိမ်တိုင်အောင်ဦးပညိန္ဒကိုယ်တိုင်ဝန်ခံပြော ဆိုခြင်းအစရှိသောသမိုင်းကြောင်းအရဤသဒ္ဓမ္မရံသီကျောင်းသည်ဆဍ်ဍိတဝိဟာရ၊အဘိက္ခုကဝိဟာရမုချဖြစ်ခဲ့ပါသည်ဘုရားဟုစောဒနာထားသည်ကိုတွေ့ရ၏။ မူလစုဒိတကဦးလင်္ကာဒီပ၏သောဓနာချက်အတိုင်း သဒ္ဓမ္မရံသီကျောင်း၏ဆဍ်ဍိတဝိဟာရဟုတ်/မဟုကိုလဲ စိစစ်သုံးသပ်ရပေမည်။ အလှူပေးအလှူခံမှုကိစ္စတွင်(၁)ငါ၏ပစ္စည်းကိုတစ်ဖန် ပြန်ယူဦးမည်ဟူသောစွဲလမ်းငြိကပ်မှုအာလယကိုဖြတ် တောက်ပြီးစွန့်လွတ်ပေးကမ်းတကိသောဒါယကာ၊ (၂)စွန့်လွတ်ပေးကမ်းအပ်သောပစ္စည်းဝတ္ထု၊ (၃)ရဟန်းစသောအလှူခံပုဂ္ဂိုလ်ဟူ၍အပိုင်း(၃)ပိုင်းရှိရာ ဒါယကာကအလှူခံအားသင်္ကန်းစသောပစ္စည်းဝတ္ထုကို ဒါယကာဘက်မှနေ၍အမည်ပေးလျှင်နိရာလယ နိရာပေက္ခ၊ပရိစ္စတ္တပစ္စည်းဟုအမည်ပေးရပေသည်။ ထို့နောက်သင်္ကန်းသစ်ကိုဝတ်ရုံလိုက်သဖြင့်ရဟန်းတော်ကသင်္ကန်းဟောင်းကိုမည်သူ့ကိုမျှမရည်စူးဘဲစွန့်ပစ်ထားလိုက်ရာယင်းသင်္ကန်းဟောင်းကိုဆဍ်ဍိတပစ္စည်းဟု အမည်ပေးရပေသည်။ ဤသို့နိရာလယ၊နိရာပေက္ခ၊ပရိစ္စတ္တ၊သာမိကဖြစ်သော ဝတ္ထုပစ္စည်း၊ဆဍ်ဍိတ၊ဆိန္ဒမူလက၊အသာမိကဖြစ်သော ဝတ္ထုပစ္စည်းဟုနှစ်မျိုးနှစ်စားခွဲခြားရပေမည်။ ဆဍျဍိတံ နာမ အနတ်ထိကဘာဝနေ အတိရကေမတ်တာဒိနာ သာမိကနေ ဆဍျဍိတံ၊နဋ်ဌံ ပရိယသေိတှာ ဆိနျနာလယတ်တာ ဆိနျနမူလကံ(၀ဇိရ-၁၃၆)ဟူသောဝဇိရဗုဒ်ဓိဋီကာအရ ပစ္စည်းရှင်(ဝါ)ပိုင်ရှင်ကမလိုချင်တော့၍မည်သူ့ကိုမျှ မပေးဘဲပစ္စည်းပေါ် ငြိကပ်တွယ်တာမှုအာလယကိုဖြတ်တောက်ကာစွန့်ပစ်လိုက်သောပစ္စည်းမျိုးကိုသာဆဍ်ဍိတပစ္စည်းဟုဆိုရာမူလစောဒကဦးပညိန္ဒသည်မိမိပိုင် သဒ္ဓမ္မရံသီကျောင်းအပေါ်၌ငြိကပ်တွယ်တာမှုအာလယ မပြတ်ဘဲလိုချင်မှုရှိနေသောကြောင့်ကျောင်းမှထွက်ခွာသွားခဲ့သော်လည်းယင်းသဒ္ဓမ္မရံသီကျောင်းကိုဆဍ်ဍိတဝိဟာရဟုမဆိုသင့်ပေ။ ယင်းသဒ္ဓမ္မရံသီကျောင်းသည်ပိုင်ရှင်မဲ့မဟုတ်။စာချုပ် စာတမ်းဖြင့်ပုဂ္ဂလိကအလှူခံထားသောပိုင်ရှင်ရှိနေသော ကြောင့်အသာမိကလည်းမဆိုနိုင်ပေ။ထို့အပြင်ပိုင်ရှင် မလိုချင်၍စွန့်ပစ်သောပစ္စည်းမျိုးကိုသာဆဍ်ဍိတပစ္စည်းဟုဆိုသောဋီကာနှင့်အညီမူလစုဒိတကဦးလင်္ကာဒီပသည် ပိုင်ရှင်ဦးပညိန္ဒကမလိုချင်၍စွန့်ပစ်လိုက်သောကြောင့် သဒ္ဓမ္မရံသီကျောင်းကိုဆဍ်ဋိတဝိဟာရဟုဆိုခြင်းဖြင့် သဒ္ဓမ္မရံသီကျောင်းသည်ဦးပညိန္ဒ၏ပုဂ္ဂလိကပိုင်ဖြစ် ကြောင်းဝန်ခံရာရောက်နေ၏။ အဘယ်ကြောင့်ဆိုသော်စုဒိတကဦးလင်္ကာဒီပဆိုသကဲ့သို့ သာသနာပိုင်သံဃိကကျောင်းဖြစ်လျှင်သာသနာတော်တစ်ရပ်လုံးရှိသံဃာများသဒ္ဓမ္မရံသီကျောင်းကိုမလိုချင်၍ စွန့်ပစ်ခြင်းမဖြစ်နိုင်သောကြောင့်တည်း။ ထိုသို့မဟုတ်မူ၍ဆဍ်ဍိတဝိဟာရတော မဉ္စပီဌာဒီနိ ထေယျစိတ္တေန ဂဏှန်တော ဥဒ္ဓါရေယေ၀ ဘဏ္ဍဂ်ဃေန ကာရေတဗ်ဗောဟူသောအဋ္ဌကထာနှင့်အညီတစ်စုံတစ်ခု သောအကြောင်းကြောင့်ယာယီအခိုက်အတန့်အားဖြင့် ရဟန်းအစောင့်အရှောက်မရှိသည့်အတွက်ဆဍ်ဍိတဝိဟာရဟုဆိုပါကလည်းမူလထိန်းသိမ်းစောင့်ရှောက်သူ၏ခွင့်ပြုချက်ကိုရယူပြီးမိမိကိုယ်တိုင်က ဆောင်=ဆယ်ပြည့်တင်း ဝိဘင်းနှစ်ဖြာ ကမ္မာကမ္မ ♥♥♥ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင်ဟောပြနိုင် ♥♥♥ကျောင်းထိုင်ငါးအင်္ဂါဟူသည်နှင့်အညီ ကျောင်းထိုင်အင်္ဂါနှင့်ပြည့်စုံ၍အင်္ဂယုတ္တဖြစ်မှသာ တက်ရောက်နေထိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိသည်။ သို့သော်ထိုစဉ်အချိန်ကမူလစုဒိတကဦးလင်္ကာဒီပသည် သက်တော်၊ဝါတော်၊ငယ်ရွယ်သေးသည့်အပြင် ဗဟုပကာရဂုဏဝိသိဋ္ဌဂုဏ်အင်္ဂါတို့နှင့်မပြည့်စုံသော ကြောင့်အင်ဂယုတ္တပုဂ္ဂိုလ်မဖြစ်ပေ။ ဤကဲ့သို့အင်္ဂယုတ္တမဖြစ်သောပုဂ္ဂိုလ်ကိုကျောင်းထိုင် အဖြစ်တင်မြှောက်ခြင်းသည်တရားဝင်သံဃာ့အဖွဲ့အစည်းမဟုတ်သောပဝါရဏာဂိုဏ်းသံဃာများ၏ မှားယွင်းသောဆောင်ရွက်ချက်ဟူ၍နိုင်ငံတော်သံဃ ဝိနိစ္ဆယဆရာတော်များသုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။မူလစုဒိတကဦးလင်္ကာဒီပ၏အလှူမင်္ဂလာတရားတော်နာဖိတ်စာသည်မှုခင်းဖြစ်စကာလ၌တင်ပြထားသော ဖိတ်စာမဟုတ်ဘဲနောက်မှထွက်ပေါ်လာသည့်အပြင် ကျောင်းလွှဲအပ်လှူဒါန်းစာချုပ်မဟုတ်ခြင်း။ ၂။ယင်းဖိတ်စာ၌သာသနာတော်အားလှူဒါန်းမည်ဖြစ်ပါသဖြင့်ဟုပါရှိရာပစ္စုပ္ပန်ကြိယာဖြင့်သာသနာတော်အား ဒါနလက္ခဏာမြောက်အောင်လွှဲအပ်လှူဒါန်းရာ မရောက်ခြင်း။ ၃။စုဒိတကသက်သေတို့၏ထွက်ဆိုချက်များ၌မိမိတို့ အနိုင်ရလိုမှုကိုသာရှေ့ရှု၍မမှန်မကန်လိမ်ညာထွက်ဆိုမှုများကိုတွေ့ရှိရခြင်း။ ၄။မူလစုဒိတကတင်ပြထားသောစောဒကဦးပညိန္ဒအား ပုဂ္ဂလိကအဖြစ်ကျောင်း/ကျောင်းအရံမြေလှူဒါန်းစာချုပ်များအထင်အရှားအခိုင်အမာရှိခြင်း။ ၅။မူလစောဒကဦးပညိန္ဒသည်မကျေနပ်မှုဒေါသကြောင့်သာသဒ္ဓမ္မရံသီကျောင်းမှထွက်ခွာလာခြင်းဖြစ်၍ သဒ္ဓမ္မရံသီကျောင်း၌အာလယမပြတ်ခြင်း။ ၆။မူလစောဒကဦးပညိန္ဒသည်မိမိပိုင်သဒ္ဓမ္မရံသီကျောင်းကိုမည်သူ့အားမျှလွှဲအပ်လှူဒါန်းမှုမပြုရသေးခြင်း။ ဤသို့ဤနှယ်အသွယ်သွယ်သောအကြောင်းတို့ကြောင့် ရန်ကုန်တိုင်း၊သုံးခွမြို့နယ်၊မုဒိတာရွာ၊သဒ္ဓမ္မရံသီကျောင်း သည်မူလစောဒကဦးပညိန္ဒ၏ပုဂ္ဂလိကပိုင်ကျောင်းဖြစ် သည်ဟုသုံးသပ်တော်မူကြပြီးလျှင်နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၄/ ၂၀၀၁)ဆရာတော်ကြီးများက အောက်ပါအတိုင်းတစ်ညီတစ်ညွတ်တည်းလက်မှတ်ရေးထိုး၍ဆုံးဖြတ်ချက်ချမှတ်လိုက်သည် - [ဆုံးဖြတ်ချက်]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။နိုင်ငံတော်အယူခံစောဒကဦးလင်္ကာဒီပ၏အယူခံစောဒနာလွှာကိုပလပ်ပယ်ချလိုက်သည်။ ၂။ရန်ကုန်တိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄၃/၂ဝဝဝ)၏ဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြု လိုက်သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့။ ၁။ဘဒ်ဒန်တဉာဏာသူရိယ(သဘာပတိ) ဓမ္မမေဒနီကျောင်းတိုက်၊သထုံမြို့။ ၂။ဘဒ္ဒန္တသုနန္ဒ(အဖွဲ့ဝင်) ပန်းတောပရိယတ္တိစာသင်တိုက်၊ပေါင်မြို့။ ၃။ဘဒ္ဒန္တကောသိယ(အဖွဲ့ဝင်) မဏ္ဍလာဇေယျကျောင်းတိုက်၊ကျိုက်မရောမြို့။ ၄။ဘဒ္ဒန္တနန္ဒမာလာ(အဖွဲ့ဝင်) ညောင်ကျောင်း၊ပေါင်မြို့။ ၅။ဘဒ္ဒန္တသုမန(အဖွဲ့ဝင်) သဒ္ဓမ္မဇောတိကာရာမတိုက်၊သထုံမြို့။

                              ပြီးပါပြီ။
၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၃)

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အမှတ်(၃)ရပ်ကွက်၌ ဖြစ်ပွားသောဦးဆင်နှင့်ဦးအဂ္ဂဝံသတို့၏မဟာစည် ဝိဝေကရိပ်သာဝိဝါဒါဓိကရုဏ်းမှုခင်း [ဝိဝေကရိပ်သာသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့၊အမှတ်(၃)ရပ်ကွက်၊ မဟာစည်ဝိဝေကရိပ်သာကိုဆရာတော်ဦးအာဒိစ္စက ၁၃၁၁၊ခုနှစ်၊ဝါဆိုလဆန်း(၆)ရက်နေ့တွင်စတင်တည် ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင်မဟာစည်သြဝါဒခံကမ်မဌာန်းဌာနဖွင့်၍အုပ်ချုပ်နေထိုင်ခဲ့သည်။ ကျောင်းမြေကိုသိမ်သမုတ်ခွင့်ရ၍သာသနာမြေဖြစ် အောင်ဦးဘထိန်ဦးဆောင်သောကျောင်းဒကာများက ဆောင်ရွက်ခဲ့ကြသည်။ထိုကျောင်းတိုက်အတွင်း၌ ၁၃၁၃၊ခုနှစ်တွင်သိမ်သမုတ်ပြီးစီးအောင်မြင်သည်။ မြေအင်စပတ်တော်ဦးဘထိန်၊ဒေါ်လှစိန်တို့က(၁၃၁၄) ခုနှစ်တွင်သိမ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ (၁၃၂၉)ခုနှစ်တွင်ဆရာတော်ဦးအာဒိစ္စသည်မြေးလည်း ဖြစ်တပည့်လည်းဖြစ်သောဦးကောဝိဒအားဝိဝေကရိပ် သာကျောင်းကန်ပရိဘောဂအားလုံးကိုအပ်နှံခဲ့သည်။ ဆရာတော်ဦးကောဝိဒသည်ဆက်လက်အုပ်ချုပ်နေထိုင်သီတင်းသုံးလာခဲ့ရာသာသနာတော်၌မပျော်မွေ့သဖြင့် မိမိစောင့်ရှောက်လာသောကျောင်းကန်ပရိဘောဂအား လုံးကိုကျောင်းဒကာဦးဘထိန်ကျောင်းအမကြီးဒေါ်လှစိန်မိသားစုအား(၁၃၄၂)ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၅)ရက်၊ (၁၇-၇-၈၁)နေ့တွင်စွန့်လွှတ်လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒေါ်လှစိန်မိသားစုတို့သည်ထိုရိပ်သာ၌တရားပြတရား ဟောသီတင်းသုံးရန်ရန်ကုန်မြို့၊မဟာစည်သာသနာ့ရိပ် သာသို့သွားရောက်၍ကမ္မဌာနာစရိယဆရာတော်တစ်ပါး ချီးမြှောက်ပါရန်မဟာစည်ဆရာတော်အားလျှောက်ထားကြရာဦးအဂ္ဂဝံသအားကြွရောက်ရန်တာဝန်ပေးချက်အရ ဦးအဂ္ဂဝံသသည်(၁၃၄၂)ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၁၃) ရက်(၂၅-၇-၈၁)နေ့တွင်ကန့်ဘလူမြို့၊မဟာစည်ဝိဝေက ရိပ်သာသို့ရောက်ရှိသီတင်းသုံးနေထိုင်ခဲ့သည်။ (၁၃၄၂)ခုနှစ်၊ဒုတိယဝါဆိုလဆုတ်(၃)ရက်နေ့တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ခွဲကိုဖွဲ့စည်းကြသည်။မဟာစည် ဆရာတော်ဘုရားကြီးသည်ပြည်တွင်းခရီးစဉ်အတိုင်း ကြွတော်မူစဉ်ကန့်ဘလူမြို့၊ဝိဝေကရိပ်သာသို့(၁၃၄၃) ခုနှစ်၊ကဆုန်လဆုတ်(၆/၇)ရက်(၂၄/ ၂၅-၅-၈၁)နေ့တွင် ရောက်ရှိလာပါသည်။ ကဆုန်လဆုတ်(၇)ရက်နေ့တွင်ဒေါ်လှစိန်မိသားစုဦးဆောင်သောဒကာမများသည်ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးအားတောရကျောင်းဝိဝေကရိပ်သာကိုပူဇော်လှူဒါန်းပေးအပ်ကြောင်းလျှောက်ထားသည်။ မူလပိုင်ရှင်ဆရာတော်ဦးအာဒိစ္စကလည်းပါဝင်လှူဒါန်းပါသည်။ဆရာတော်ဘုရားကြီးကကျောင်းအနုမောဒနာတရားဟောကြားပြီးကျောင်းတိုက်ကိုရေစက်ချအလှူခံ ခဲ့ပါသည်။ကမ်မဌာနာစရိယဦးအဂ္ဂဝံသအားဆက်လက်နေထိုင်၍သာသနာပြုသွားရန်ဩဝါဒစကားမိန့်ကြား ခဲ့ပါသည်။ (၁၃၄၃)ခုနှစ်တွင်ကျန်းမာရေးအကြောင်းပြကာဥက္ကဌ ဦးသွင်အမှူးပြုသောပုဂ္ဂိုလ်(၄)ဦးတို့သည်ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ခွဲတာဝန်မှနုတ်ထွက်သွားကြသည်။ (၁၃၄၄)ခုနှစ်ဝါခေါင်လဆုတ်(၁)ရက် (၁၂-၈-၈၄)နေ့တွင် ဒုတိယအကြိမ်ဗုဒ္ဓသာသနာနုဂ်ဂဟအဖွဲ့ခွဲကိုထပ်မံဖွဲ့စည်းကြပါသည်။ထိုအဖွဲ့ခွဲ၌ဦးဆင်သည်ဥက္ကဋ္ဌအဖြစ် ပါဝင်လာပါသည်။ (၁၃၄၇)ခုနှစ်အထိဆရာဒကာနှစ်ဖြာတွဲဖက်၍သာသနာအကျိုးကိုတိုးတက်အောင်ဆောင်လာခဲ့ပါသည်။(၂)နှစ်လောက်ကြာသောအခါအကြောင်းကြောင်းကြောင့်ကွဲပြားလာခဲ့ကြသည်။ထိုအခါဒါယကာတို့ကရန်ကုန်မြို့၊ မဟာစည်ဌာနချုပ်ထံလျှောက်ထားတိုင်တန်းကြသည်။ (၁၃၄၇)ခုနှစ်နတ်တော်လတွင်ကျင်းပမြဲဖြစ်သော မဟာစည်သြဝါဒခံယူပွဲသို့ဦးအဂ္ဂဝံသကြွရောက်ခဲ့ပါ သည်။မဟာစည်ရိပ်သာတွင်နာယကဆရာတော် ဦးပဏ္ဍိတကမေးမြန်းသင့်သည်များကိုမေးမြန်း၍ ကန့်ဘလူရိပ်သာတွင်ဦးအဂ္ဂဝံသသည်ဆက်လက်၍ နေ/မနေမေးမြန်းရာဦးအဂ္ဂဝံသကဆက်နေမည်ဟု လျှောက်ထားသည်။ ယင်းကိစ္စကိုဆရာတော်ဦးပဏ္ဍိတကမဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့သို့တင်ပြရာယင်းနာယကအဖွဲ့မှ စုံစမ်းစစ်ဆေးပြီးဆုံးဖြတ်အတည်ပြုရန်သဘောတူ လက်ခံကြသည်။မဟာစည်ရိပ်သာများဥသျှောင်နာယကဆရာတော်ဘုရားကြီးကကန့်ဘလူမြို့မဟာစည်ဝိဝေက ရိပ်သာအခြေအနေစုံစမ်းစစ်ဆေးပေးရန်ဆရာတော်(၃) ပါးအားတာဝန်ပေးအပ်သည်။ ဆရာတော်ဦးအဂ္ဂဝံသသို့မဟာစည်ရိပ်သာများနာယကအဖွဲ့၏ညွှန်ကြားချက်အရကန့်ဘလူမြို့တွင်မဟာစည် ပဋိပတ္တိသာသနာပြုဆရာဒကာညီညွတ်၍အရှည်တည်တံ့ပြန့်ပွားအောင်ဆောင်ရွက်ရန် ၁။ဝက်လက်မစိုးရိမ်ဆရာတော် ၂။မန္တလေးနန်းရှေ့ရွှေစည်ဆရာတော် ၃။ရန်ကုန်ညောင်ကန်အေးဆရာတော်ယင်း (၃)ပါး အဖွဲ့သည်(၁၃၄၇)ခုနှစ်၊နတ်တော်လဆုတ်(၇)ရက်နေ့၊ ကန့်ဘလူမြို့သို့အရောက်ကြွမည်ဖြစ်ကြောင်း၊အဖွဲ့ကိုယ်စားညောင်ကန်အရှင်ဣန္ဒကက(၁၃၄၇)ခုနှစ်၊ နတ်တော်လဆန်း(၈)ရက်(၂၀-၁၂-၈၅)နေ့စွဲပါစာဖြင့် အကြောင်းကြားသည်။ စစ်ဆေးရေးအဖွဲ့ ဆရာတော်များကကြွရောက်လေ့လာစုံစမ်းပြီးနောက်ဆရာနှင့်ဒကာနှစ်ဦးနှစ်ဖက်တွင်အပြစ် ရှိသည်ဟုသုံးသပ်လျက်ဆရာဒကာအပြစ်မှခွင့်လွှတ် ကြကာအပြန်အလှန်ဝန်ချတောင်းပန်ကြ၍ဆရာတော် ဦးအဂ္ဂဝံသသည်ဤရိပ်သာ၌(၁၃၄၇)ခုနှစ်သင်္ကြန်ရက်ကုန်ဆုံးသည်ထိနေထိုင်ပြီး အနာဂါတ်သာသနာရေးအတွက်ဆောင်ရွက်ရန်ရန်ကုန် မြို့သို့ပြန်ကြွရန်ကတိကဝတ်ထားပြီးပြေလည်ငြိမ်းအေးကြောင်းစာတမ်းတွင်သဘောတူလက်မှတ်ရေးထိုးသည်။ လက်မှတ်ရေးထိုးပြီးနောက်ဦးအဂ္ဂဝံသသည်ငြိမ်းအေး ကြောင်းလက်မှတ်ထိုးစာလွှာရက်မတိုင်မှီ၁၃၄၇ခုနှစ် ပြာသိုလ်လဆုတ်၆ရက်နေ့တွင်မဟာစည်ဝိဝေကရိပ်သာမှထွက်၍အခြားအရပ်သို့ကြွသွားသည်။ သင်္ကြန်ရက်ကုန်သည်တိုင်အောင်ပြန်ရောက်မလာသဖြင့် ဒကာများကမဟာစည်ရိပ်သာများနာယယကအဖွဲ့ ဩဝါဒါစရိယဆရာတော်ဦးတိဿထံခွင့်ပန်၍ဆရာတော် ၏ခွင့်ပြုချက်အရ(၃-၅-၈၆)နေ့တွင်ကျောင်းကိုစောင့် ရှောက်ပေးရန်ဦးသဒ္ဓမ္မနှင့်အဖွဲ့အားပင့်ဆောင်၍စောင့် ရှောက်စေသည်။ ၎င်းနောက်ကမ်မဌာနာစရိယဆရာတော်အဖြစ်ကိုးကွယ်ရန်ရန်ကုန်မြို့၊မဟာစည်ရိပ်သာသို့လျှောက်ထားတောင်း ပန်သဖြင့်(၂၂-၅-၈၆)နေ့တွင်မဟာစည်ရိပ်သာများဆိုင် ရာနာယကအဖွဲ့မှမြဝတီဆရာတော်ဦးပဏ္ဍဝံသအား ကန့်ဘလူမြို့မဟာစည်ဝိဝေကရိပ်သာအတွက်ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ်တာဝန်ပေးအပ်ကြောင်း အကြောင်းကြားသည်။ ကန့်ဘလူမြို့ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ခွဲမှဆရာတော် ဦးပဏ္ဍဝံသအားပင့်ဆောင်ရန်အတွက်ရန်ကုန်မြို့သို့သွား ရောက်နေစဉ်(၂၀-၆-၈၆)နေ့ညဉ့်၌ဆရာတော်ဦးအဂ္ဂဝံသသည်ဝိဝေကရိပ်သာသို့ပြန်ရောက်လာသည်။ထိုအခါ ကျောင်းစောင့်ဦးသဒ္ဓမ္မပါလနှင့်အဖွဲ့သည်ရိပ်သာမှ ပြန်ခဲ့သည်။ ကန့်ဘလူမြို့မဟာစည်ဝိဝေကရိပ်သာဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ခွဲကအချင်းဖြစ်ပွားပုံအကြောင်းအရာအပြည့်အစုံကို မဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့နှင့်ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ်တို့အားလျှောက်ထားတင်ပြခဲ့ရာမဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့ မှဆရာတော်ဦးအဂ္ဂဝံသအားမူလချုပ်ဆိုထားသောပြေလည်ငြိမ်းအေးကြောင်း စာတမ်းပါအတိုင်းလိုက်နာဆောင်ရွက်ရန်မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ ဦးအဂ္ဂဝံသသည်မဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့၏မေတ္တာရပ်ခံချက်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့်မဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့နှင့် ဗုဒ္ဓသာသာနာနုဂ္ဂဟအဖွဲ့ချုပ်သို့ထပ်မံလျှောက်ထားတင် ပြရာမဟာစည်ရိပ်သာများဆိုင်ရာနာယကအဖွဲ့ချုပ်မှလည်းကောင်း၊ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှလည်း ကောင်းကန့်ဘလူမြို့မဟာစည်ဝိဝေကရိပ်သာသန့်ရှင်း၊ ရှင်းလင်းသွားရေးအတွက်ကန့်ဘလူမြို့မဟာစည် ဝိဝေကရိပ်သာဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ခွဲမှလိုအပ်သလို အရေးယူဆောင်ရွက်ရန်မဟာစည်သာသနာ့ရိပ်သာ နာယကအဖွဲ့ကိုယ်စားဘဒ္ဒန္တအာစိက္ခဏဩဝါဒါစရိယဆရာတော်မဟာစည်သာသနာ့ရိပ်သာများနာယကအဖွဲ့ ဥက္ကဋ္ဌကလည်းကောင်း၊မဟာစည်သာသနာ့ရိပ်သာဗုဒ္ဓ သာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပွင့်ကောင်းကလည်း ကောင်းညွှန်ကြားအကြောင်းကြားကြသည်။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့၊အမှတ် (၃)ရပ်ကွက် မဟာစည်ဝိဝေကရိပ်သာကိုဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ခွဲသို့ သက်ရောက်စေရန်ကမ္မဋ္ဌာနာစရိယဦးအဂ္ဂဝံသအား မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာစည်းမျဉ်းအရ အမြန်ထွက်ခွာသွားစေရေးအတွက်ဖယ်ရှားပေးရန် ကန့်ဘလူမြို့၊ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဥက္ကဌဦးဆင်ပါ (--)ဦးစောဒကပုဂ္ဂိုလ်တို့၏တောင်းဆိုတိုင်တန်းချက်အဆင့်ဆင့်ကြောင့်စစ်ကိုင်းတိုင်း၊တိုင်းဝိနိစ္ဆယအဖွဲ့အမှတ်(၃/၈၉)ကသုံးသပ်၍အောက်ပါအတိုင်း ဝိနိစ္ဆယဆုံးဖြတ်ချက်ချထားသည်- [ဆုံးဖြတ်ချက်]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကန့်ဘလူမြို့၊ဝိဝေကရိပ်သာတောရကျောင်းတိုက်နေ စုဒိတကဦးအဂ်ဂဝံသည်စစ်ကိုင်းတိုင်း၊သဃဝိနိစ္ဆယအဖွဲ့အမှတ်(၃/၈၉)ကဤဝိဝေကရိပ်သာတောရကျောင်းတိုက် သည်အာရာမိကသံဃိကဖြစ်၍နေသောကြောင့်လည်းကောင်း၊မည်သည့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်မျှ ကိုယ်နှုတ်အားဖြင့်မပေးမစွန့်သေးသည်ဖြစ်၍လည်း ကောင်းစုဒိတကဦးအဂ္ဂဝံသသည်ဤဝိဝေကရိပ်သာတောရကျောင်းတိုက်၌ပင်ဆက်လက်၍သီတင်သုံးနေ ထိုင်ရန်ဝိနည်းဓိုရ်ဆရာတော်များကတညီတညွတ်တည်း ကိုယ်တိုင်လက်မှတ်ရေးထိုး၍ဆုံးဖြတ်ချက်ချလိုက်သည် [“နိုင်ငံတော်အယူခံ”]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ယင်းဆုံးဖြတ်ချက်မှာဝိနည်းတရားတော်နှင့်မညီညွတ်သဖြင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃)၏ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးပါရန်ရန်ကုန်မြို့၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌထံသို့(၈/၁/၉ဝ)နေ့စွဲဖြင့်အယူခံစောဒနာတင်သွင်းပါသည်။နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကို ဖွဲ့စည်း၍သုံးသပ်ဆုံးဖြတ်စေခဲ့သောမှုခင်းဖြစ်သည်။ [ကျောင်းနှင့်မြေသုံးသပ်ချက်]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စောဒကဦးဆင်၏တိုင်းအဆင့်နောက်ဆုံးစောဒနာလွှာပါ (ရွာဓလေ့)သည်လည်းကောင်း၊စုဒိတကဦးအဂ္ဂဝံသ၏ နိုင်ငံတော်အဆင့်နောက်ဆုံးသောဓနာလွှာ၌ဦးတိုက်ကြီး၊ ဒေါ်ထွေးတို့ကျောင်းမြေလှူသူဖြစ်ပုံတင်ပြချက်သည်လည်းကောင်း၊လွန်စွာယုတ္တိရှိလှပါသည်။သို့သော် သံဃိကလှူဒါန်းသည်ဆိုခြင်းကိုကားဆက်လက်စဉ်းစားဖွယ်သုံးသပ်ဖွယ်ရှိနေပါသည်။ ဆရာတော်ဦးအာဒိစ္စသည်ဦးကောဝိဒအားမြို့ပေါ်ရှိ ဆရာတော်ကြီး(၃)ပါးသက်သေပြကာမိမိပိုင်သောကျောင်းအာရာမ်အားလုံးကိုအပိုင်ပေးအပ်ကြောင်း၊ ခြွင်းချက်(၂)ရပ်ထားရှိကြောင်းကျောင်းအာရာမ်ပေးအပ်သည့်မှတ်တမ်းကိုတွေ့ရှိရသည်။ပုဂ္ဂလိကပစ္စည်းကိုသာ ဤသို့ပေးခွင့်ရှိသည်။ သံဃိကဖြစ်သောကျောင်းမြေအာရာမ်ပစ္စည်းကိုပုဂ္ဂိုလ်တစ်ဦးဦးအားပေးနိုင်ခွင့်မရှိကြောင်းရဟန်းပညာလူပညာ ရှိတို့သည်အသိများလှပါသည်။ထိုမှတ်တမ်းဝယ် ဆရာတော်ဘုရားကြီး(၃)ပါးတို့ရှေ့မှောက်ဝယ်ကန့်ကွက်သူမရှိအသိသက်သေလက်မှတ်၊ပေးအပ်သူဦးအာဒိစ္စ၊လက်ခံသူဦးကောဝိဒလက်မှတ်များကိုတွေ့ရှိရသည်။ သို့ဖြစ်၍ကျောင်းမြေကာဦးတိုက်ကြီးဒေါ်ထွေးတို့၏ ကျောင်းမြေလှူစဉ်ကသံဃိကအဖြစ်လှူဒါန်းပါသည်။ ကိုယ်တိုင်သိပါသည်။တစ်ဆင့်သိပါသည်။လေ့လာသိရှိပါသည်။ဟူသောစုဒိတကဘက်ကထွက်ဆိုတင်ပြချက်များသည်ယုံကြည်ဖွယ်မရှိသောထွက်ဆိုတင်ပြချက်များ ဖြစ်သည်ဟုနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)က သုံးသပ်သည်။ [ကျောင်းလွှဲအပ်သူဦးကောဝိဒ]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးကောဝိဒ၏ကျောင်းစွန့်လွှတ်ခြင်းစာအုပ်အရ တိုင်းဝိနည်းဓိုရ်ဆရာတော်များ၏သုံးသပ်ချက်နံပါတ် (၆)၌ဦးကောဝိဒသည်မိမိဆန္ဒအရကျောင်းတိုက်တာအားလုံးကိုစွန့်လွှတ်သည်ဟုဆိုရာမှာမည်သည့်သံဃာ တော်များရှေ့မှောက်၌စွန့်လွှတ်ခြင်းလည်းမတွေ့ရ၊ မည်သည့်ပုဂ္ဂိုလ်များကခံယူသိမ်းပိုက်သည်ဟူ၍၊ သုဒိန္နသုဂ္ဂဟိတအရကျောင်းအပ်နှံခြင်းမမြောက်သော ကြောင့်လည်းကောင်း၊ဦးကောဝိဒ၏ကိုယ်ပိုင်လက်မှတ် ရေးထိုးခြင်းမပါရှိခြင်းကြောင့်လည်းကောင်း၊စွန့်လွှတ် သည်မမည်ဟုဝိနည်းဓိုရ်ဆရာတော်များကထင်မြင်ယူဆကြသည်။ထို့နောက်သံဃိကဟုသုံးသပ်ဆုံးဖြတ်ထား သည်။ စုဒိတကဦးအဂ္ဂဝံသ၏နိုင်ငံတော်သောဓနာလွှာ၌ ဦးကောဝိဒ၏ပေးစွန့်မှုသည်သုဒိန်နသုဂ္ဂဟိတမမြောက်ကြောင်း၊ဆဍ်ဍိတဝိဟာရသာဖြစ်၍ပေးပိုင်ခွင့်မရှိကြောင်းစသည်ဖြင့်တင်ပြထားသည်။ [“နိုင်ငံတော်ဝိနည်းဓိုရ်ဝိနိစ္ဆယအဖွဲ့”]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ယင်းတို့ကို(က)လွှဲအပ်စဉ်ကသိမ်ကျောင်းဆရာတော် ဦးမေဓာ၊ညောင်အိုင်ဆရာတော်ဦးပဏ္ဍိတ၊မြိုရှေကျောင်း ဆရာတော်ဦးဇဝနတို့ရှေ့မှောက်တွင်စိတ်တိုင်းကျ မေးဖြေပြီးမှကျောင်းအမမိသားစုအားစွန့်လွှတ်ခဲ့ခြင်းဖြစ်ပါသည်ဟုစောဒကပြသက်သေ(၂)ဦးသောင်း ထွက်ဆိုချက်ရှိသောကြောင့်လည်းကောင်း။ (ခ)ကျောင်းအမမိသားစုကလက်ခံယူထားသောကြောင့်လည်းကောင်း။ (ဂ)ဦးအာဒိစ္စမှဦးကောဝိဒသို့ကျောင်းအာရာမ်ပေးအပ်သည့်မှတ်တမ်းခြွင်းချက်(၂)အရဦးအာဒိစ္စသို့ပြန်လည် သက်ရောက်စေရမည်ဟုပါရှိသောကြောင့်လည်းကောင်း၊ (ဃ)ဝိဝေကရိပ်သာပူဇော်လှူဒါန်းပေးအပ်ခြင်းစာလွှာနှင့် သဘောတူခွင့်ပြုချက်စာလွှာ(၂)စောင်ကိုဦးအာဒိစ္စမှ မဟာစည်ဆရာတော်ထံသို့ဆက်ကပ်ထားသည်ကို တွေ့ရှိရသောကြောင့်လည်းကောင်း၊ ဝိဝေကရိပ်သာသည်သုဒိန္နသုဂ္ဂဟိတမြောက်၍ပုဂ္ဂလိကမှ သံဃိကကျောင်းအဖြစ်သို့မသက်လျောပဲပုဂ္ဂလိက သဘောသာဟုနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ) ကသုံးသပ်သည်။ “သံဃိကအဖြစ်ထင်ရှားနေသောယင်းကျောင်းမြေကို ဦးကောဝိဒပေးပိုင်ခွင့်ရှိပါသလားဒေါ်လှစိန်မိသားစု ရယူပိုင်ခွင့်ကောရှိပါသလားဟူသောစုဒိတက၏ မေးမြန်းချက်ကို”(က)ဦးအာဒိစ္စမှဦးကောဝိဒသို့ ကျောင်းအာရာမ်ပေးအပ်သည့်မှတ်တမ်းဖြင့်လည်း ကောင်း၊(ခ)ပထမဦးအာဒိစ္စအိုးကုန်းကျောင်းဆရာတော် ကျွန်းလှမြို့လှူဒါန်းသည်တဲ့(အရင်ကသူကဒီမှာနေသွားတာသူတည်ထောင်သွားတာသူနှင့်ဆိုင်တဲ့ကျောင်းပါတဲ့) စသည်ဖြင့်ဝိနယဂရုကမဟာစည်ဆရာတော်ကြီး၏ စစ်စစ်ဆေးဆေးရေစကချပေးသောတရားတော်ဖြင့်၎င်း ဂ။ကျောင်းအာရာမ်ပေးအပ်သည့်မှတ်တမ်း၌သာသနာတော်ကိုအစဉ်စောင့်ရှောက်နိုင်မည့်ပုဂ္ဂိုလ်သာလျှင် မြို့ပေါ်ရှိသံဃာများနှင့်ကျောင်းဒကာကျောင်းအမတို့ တိုင်ပင်၍အများဆန္ဒတူညီမှလွှဲအပ်ရမည်(ရဟန်းသံဃာဟုမဆို)ပုဂ္ဂိုလ်သာမညဆိုထားဖြင့်လည်းကောင်း။ ပုဂ္ဂလိကဖြစ်ကြောင်းပေးပိုင်ခွင့်ရှိကြောင်းဖြေကြားမှုလုံလောက်နေသည်ဖြစ်၍မမေးအပ်သောမေးခွန်းဟု နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကသုံးသပ်သည်။ အလှူပေးအလှူခံမူအမှန်ရန်ကုန်မြို့မဟာစည် [သာသနရိပ်သာဌာနခွဲ]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့ဝိဝေကရိပ်သာကျောင်း အလှူရေစက်ချပွဲ၌မဟာစည်ဆရာဘုရားကြီးဟောကြားတော်မူအပ်သောကျောင်းအနုမောဒနာတရားတော်မှ ကောက်နုတ်ချက်ဒီပြင်ဌာနတွေမှာလဲဘဲထိုက်သည့်အား လျော်စွာတစ်ချို့နေရာမှာသံဃိက၊တစ်ချို့နေရာတွေမှာ ပုဂ္ဂိုလ်များအတွက်ရေစက်ချခဲ့ပါတယ်။ ဒီမှာလှူဖို့ရာဖော်ပြထားတာကတော့ဘုန်းကြီးရည်ရွယ် ချက်နဲ့ကိုက်ပါတယ်၊ဒီမှာလှူမယ်ဘာတွေတုံးလို့ဆိုလို့ ရှိယင်တပည့်အဆက်ဆက်ဆောင်ရွက်အားထုတ်နိုင်ရန်အလို့ငှါဘုန်းကြီးညွှန်ပြထားတဲ့အတိုင်းဒီမှာတရား ဟောတဲ့သာသနာပြုကမ္မဋ္ဌာန်းဆရာကနေပြီးတော့တရား ကမ္မဋ္ဌာန်းပြဖို့နောက်ပြီးတော့တရားပြတဲ့အတိုင်း လာရောက်ပြီးတော့တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ နေသင့်နေရာသူတို့နေဖို့ဤဝိဝေကရိပ်သာကျောင်းမြေ သစ်ပင်ဥယျာဉ်အာရာမ်နှင့်တကွကျောင်းမြေရော၊ သစ်ပင်ရော၊ဥယျာဉ်ရော၊အာရာမ်ဌာနတွေရောအကုန် လုံးလှူဒါန်းပါတယ်။ “မဟာစည်ဆရာတော်ကြီးအားဦးထိပ်ထား”၍ဆိုထားတော့၊မဟာစည်ဆရာတော်အမှူးရှိကမ္မဋ္ဌာန်းဆရာ၊ ရဟန်းတော်များမဟာစည်ဆရာတော်၏အဆုံးအမ သြဝါဒအတိုင်းလိုက်နာပြီးကျင်ကြံအားထုတ်တဲ့အမျိုး သား၊အမျိုးသမီးယောဂီပုဂ္ဂိုလ်များ၊ရဟန်းရောအမျိုး သားအမျိုးသမီးများပါအဲဒါတွေကိုလှူဒါန်းတယ်၊ အဲဒီလိုပဲရေစက်ချရမှာပဲအင်မတန်ကောင်းပါတယ် ရှင်းလည်းရှင်းပါတယ်။ တစ်ဖန်ရေစက်ချခန်း၌ရှေးရှေးသောအခါကာလက ဆောက်လုပ်ပြုပြင်ထားသောဤကျောင်းဆိုင်ရာ အဆောက်အဦဟူသမျှတို့ကိုလည်းကောင်း၊ကျောင်းခန်းဌာနတို့ကိုလည်းကောင်းမဟာစည်ဆရာတော်အမှူးရှိသောကမ္မဋ္ဌာန်းဆရာရဟန်းတော်များအားလည်းကောင်း၊ တရားအားထုတ်မည့်ရဟန်းရှင်လူယောဂီအပေါင်း သူတော်ကောင်းတို့အားလည်းကောင်းရည်ရွယ်ရင်း ရှိသည့်အတိုင်းရေစက်ချ၍လှူဒါန်းပါကုန်၏။ ဤကောက်နှုတ်ချက်အတွင်း၌အလှူခံပုဂ္ဂိုလ်၊အလှူပစ္စည်းနေထိုင်ခွင့်ရသောပုဂ္ဂိုလ်လိုက်နာကျင့်ကြံရမည့် ဝတ္တရားများစုံလင်လှပါ၏။ သံဃိကမဟုတ်အဖွဲ့အစည်းပိုင်ဂဏိကဖြစ်ကြောင်း ခိုင်ခိုင်မာမာတွေ့ရှိသည်ဖြစ်၍သံဃိကဟုအခိုင်အမာပြောဆိုသူများ၏ထွက်ဆိုချက်များကို(ဆင်ပြောင်ကိုပင်ကွယ်ဝှက်၍မမြင်ကွယ်ဘိမန်းဖိသို့)ဟူသောကဗျာစကားကဲ့သို့ဆင်ပြောင်ကြီးကိုကွယ်ဝှက်၍ဖန်း(ဇကော)နှင့် ကာကွယ်ဖုံးဖိပုံနှင့်တူလှသည်၊မှားယွင်းလှသည်ဟုလည်းကောင်း၊အခြေခံမူလကျောင်းမြေလှူဒါန်းပုံထွက်ဆိုရာ၌လည်းဤအတိုင်းပင်နေမည်ဟုလည်းကောင်း နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကသုံးသပ်သည်။ [ဝိဝေကရိပ်သာနှင့်ဦးအဂ္ဂဝံသ]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

တိုင်းဝိနိစ္ဆယသည်အပြည့်အစုံအခိုင်အမာတို့ကိုမသုံး သပ်ဘဲ(အာရာမိကသံဃိက)ဟုဆုံးဖြတ်ခါသီမဋ္ဌကသံဃာကျောင်းတွင်းရှိသံဃာကိုဆက်လက်နေထိုင်ခွင့်ပေး၍ဦးအဂ္ဂဝံသသည်ကတိကဝတ်ကိုဖျက်သော်လည်း အာလယမပြတ်စဲရကားဆက်လက်နေသွားခွင့်ရှိသည်ဟုဆုံးဖြတ်သည်။ သံဃိကအမှန်ဖြစ်ကမှန်လှပါပေသည်။ယခုမှာမူ (အပေါင်းအဖွဲ့ပိုင်ဂဏိက)ဖြစ်ကြောင်းထင်ရှားလှသဖြင့် ဦးအဂ္ဂဝံသသည်ကတိကဝတ်သတ်မှတ်ရက်ကျော်လွန်သည်မှစ၍ဤရိပ်သာ၌နေထိုင်ခွင့်စီမံခွင့်မရှိနိုင်တော့ပါ၊ မဟာစည်ဌာနချုပ်မှတာဝန်အရကြွလာရသူပီပီမဟာစည်ဌာနချုပ်စည်းကမ်းနှင့်အညီသာလိုက်နာထိုက်သည်။ အဖွဲ့ကလည်းမဟာစည်ရိပ်သာများစည်မျဉ်းအတိုင်း ဆောင်ရွက်လိုက်သည်။ ဦးအဂ္ဂဝံသ၏(သံဃိက)ကိုကိုင်၍တင်ပြထွက်ဆိုချက်မှန်သမျှသည်မသင့်လျော်ဟုလည်းကောင်းတိုင်းဝိနိစ္ဆယတို့၏နိက္ကဍ်ဍနနှင်ထုတ်ထင်မြင်ယူဆချက်နှင့်အဓမ္မိက ကတိကဝတ်သုံးသပ်ချက်များသည်သံဃိကဖြစ်စေရန် ကြံဖန်သုံးသပ်ချက်များဟုလည်းကောင်းနိုင်ငံတော် ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကထပ်မံသုံးသပ်ကြသည်။ [ကတိကဝတ်-ဓမ္မိက၊အဓမ္မိက]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ပဋိပက္ခငြိမ်းချမ်းရေးသာသနာတိုးတက်ရေးများကို အမြော်အမြင်ကြီးမားစွာသဘောထား၍ပြုခွင့်ရှိသူများကနှစ်ဖက်ဆန္ဒယူကာပြုအပ်သောကတိကဝတ်ဖြစ်၍ ဓမ္မိကကတိကဝတ်သာလျှင်စင်စစ်ဖြစ်သည်ဟု နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကယူဆသည်။ အဓမ္မိကကတိကဝတ်မှာဤသို့မဟုတ်။ (ဝိ၊၁၊၁၄၄၊ဝိ၊ဌ၊၂၊၉၅-၉၆) [အကျဉ်းပေါင်းရုံးသုံးသပ်ချက်]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဤသို့(၁)မူလဦးအာဒိစ္စမှ(၂) ဦးကောဝိဒ၊ (၃) ကျောင်းအမကြီးမိသားစု(၄)ဦးအာဒိစ္စထိုသို့တိုင် အောင်ပုဂ္ဂလိကအစဉ်မပြတ်ဆင်းသက်၍ထိုမှတစ်ဆင့် (၅)(မဟာစည်ဆရာတော်ဘုရားကြီးအမှူးပြုသော ဩဝါဒခံရဟန်း၊အမျိုးသား၊အမျိုးသမီးအားလုံးပါဝင်သောအဖွဲ့အစည်းအား)လှူဒါန်းကြ၍(ဂဏိက)သာဖြစ် သည်၊မည်သည့်သံဃိကမျိုးသို့မျှမသက်ဝင်ဟုအဆင့် ဆင့်သုံးသပ်ပြီးကိုအကျဉ်းချုပ်၍ယထာ ဒါယကာ ဝဒန်တိ တထာ ပဋိပဇ်ဇိတဗ်ဗံ(ဝိလင်ဋီ/၉၇)အရ အလှူပစ်စည်းအားလုံးကိုအလှူခံ၌ပါဝင်သင့်သောပုဂ္ဂိုလ်အားလုံးသည်အလှူရှင်များဆိုစကားအတိုင်းသုံးစွဲခွင့်ပြုလုပ်ခွင့်ရှိသည်။ပြုထိုက်သည်ဟူသောဖြတ်ထုံးဥပဒေအရနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉ဝ)ကကိုယ်တိုင် လက်မှတ်ရေးထိုး၍ဝိနည်းတရားတော်နှင့်အညီဆုံးဖြတ် ချက်ချမှတ်လိုက်သည်။ [ဆုံးဖြတ်ချက်]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စစ်ကိုင်းတိုင်း၊တိုင်းဝိနိစ္ဆယအဖွဲ့အမှတ်(၃/၈၉)၏ ဆုံးဖြတ်ချက်ကိုပယ်ဖျက်လိုက်သည်။ ၂။(က)မဟာစည်ဝိဝေကရိပ်သာမြေနှင့်သာသနာရေးဆိုင်ရာပစ္စည်းများသည်သံဃိကမဟုတ်မဟာစည် ဩဝါဒခံအဖွဲ့အစည်းပိုင်(ဂဏိက)သာဖြစ်သည်။ (ခ)မဟာစည်ဩဝါဒခံအဖွဲ့အစည်းကစည်းမျဉ်းအတိုင်း စီမံပိုင်ခွင့်ရှိသည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်၊ဘွဲ့တော်၊ကျောင်း/ကျောင်းတိုက်၊မြို့။ ၁။ဘဒ်ဒန်တသာဂရ(သဘာပတိ) အောင်မင်္ဂလာကျောင်း၊မင်းပြားမြို့နယ်။ ၂။ဘဒ္ဒန္တဇောတိဿရ(အဖွဲ့ဝင်) ခေမာသီဝံကျောင်း၊အင်္ဂပူမြို့နယ်။ ၃။ဘဒ္ဒန္တပဏ္ဏဝ(အဖွဲ့ဝင်) ဘုရားကြီးကျောင်း၊ကျောက်ဖြူမြို့။ ၄။ဘဒ္ဒန္တကဝိန္ဒ(အဖွဲ့ဝင်) အမ်ဗာရာမကျောင်း၊အမ်းမြို့နယ်။ ၅။ဘဒ္ဒန္တရေဝတ(အဖွဲ့ဝင်) မြို့မရွှေကျောင်း၊ကျောက်တော်မြို့။

                            ပြီးပါပြီ။
၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~
၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၀၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၄)

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ပြည်တော်သာရပ်ကွက်၌ ဖြစ်ပွါးသောဦးကောဝိဒနှင့်ဦးတေဇသီရိပါ(၂)ပါးတို့၏ သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်း

ဝိဝါဒါဓိကရုဏ်းမှုခင်း။သာသနပဇ်ဇောတာရုံ

[ကျောင်းတိုက်သမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ပြည်တော်သာရပ်၊ သာသနပဇ္ဇောတာရုံကျောင်းသစ်ကျောင်းကိုမြန်မာနှစ် ၁၂၉၁-ခုနှစ်တွင်ကျောင်းဒါယကာဦးဘိုးဝန်+ကျောင်းဒါယိကာမဒေါ်ဝါးတို့ကဆောက်လုပ်ပြီးဆရာတော် ဦးပညာအားလှူဒါန်းခဲ့သည်။ ဆရာတော်ဦးပညာမှဦးဓမ္မသာမိ(ခေါ်)ဦးဘစံသို့၊ ဦးဓမ္မသာမိမှဦးရာမ(ခေါ်)ဦးဘလှိုင်သို့၊ဦးရာမမှ ဦးပညာဇောတသို့အဆင့်ဆင့်လွှဲပြောင်းလှူဒါန်းခဲ့ကြသည်။ ဆရာတော်ဦးပညာဇောတသည်ရန်ကုန်မြို့၊ကမ္ဘာအေး၊ ရေကူးကျောင်းသို့ပြောင်းရွှေ့သွားသောအခါကျောင်းကို ဒကာများအားစွန့်လွှတ်လွှဲအပ်ခဲ့သည်။၁၃၀၁-ခုနှစ်တွင် ဒကာများကရန်ကုန်မြို့၊ကုက္ကိုင်းဓမ္မာရုံကျောင်းမှ ဆရာတော်ဦးနန္ဒဝံသကိုပင့်ဆောင်၍ယင်းကျောင်းကို လှူဒါန်းခဲ့သည်။ ဆရာတော်ဦးနန္ဒဝံသသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းသို့ရောက်စကလေးပင်ကျောင်းတစ်ကျောင်းသာရှိသည်။ကျောင်းဝင်းကလည်းကျဉ်းသည်။ ဆရာတော်ဦးနန္ဒဝံသကျောင်းထိုင်ပြီးနောက်ဆရာတော် ၏ရဟန်းဒါယကာဦးဘိုးငွေ+ရဟန်းဒါယိကာမဒေါ်အေးမတို့ကမူလကျောင်းနှင့်ဆက်စပ်နေသောအနောက်ဘက်မြေအချို့ကိုဝယ်ယူလှူဒါန်းသည်။မူလကျောင်းနှင့်ဆက် စပ်နေသောအရှေ့ဘက်ခြမ်းမြေနှင့်အရှေ့ဘက်ကျောင်းအဝင်လမ်းမြေကိုဦးချမ်းသောက်+ဒေါ်ထားတို့ကဝယ်ယူလှူဒါန်းပြီးကျောင်းဝင်းအာရာမ်ကိုတိုးချဲ့ခဲ့ကြသည်။ ဆရာတော်ဦးနန္ဒဝံသလက်ထက်တွင်ပင်မူလရှိခဲ့သော လေးပင်ကျောင်းကိုဖျက်၍အလယ်ကျောင်းဆောင်ကို စုပေါင်းအလှူငွေဖြင့် ဆောက်ခဲ့သည်။အရှေ့ဆုံးကျောင်း ဆောင်ကိုဦးချင်းယောက်+ဒေါ်ထားတို့ကဆောက်လုပ်ပြီး ဆရာတော်ဦးနန္ဒဝံသအားလှူဒါန်းခဲ့သည်။ ၁၃၀၁-ခုနှစ်မှစ၍ဆရာတော်ဦးနန္ဒဝံသသီတင်းသုံးလာရာ ၁၃၁၅-ခုနှစ်တွင်ဆရာတော်ဦးနန္ဒဝံသကတူဖြစ်သူ ဦးဇဝနအားသာသနပဇောတာရုံကျောင်းကိုလွှဲအပ်ပြီး သမထလုပ်ငန်းများကိုကြိုးစားအားထုတ်နေထိုင်ခဲ့သည် ၁၃၁၆-ခုနှစ်၊တပေါင်းလတွင်ဆရာတော်ဦးနန္ဒဝံသသည် ဇာတိရပ်ရွာဖြစ်သောစစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာမှတူများဖြစ်ကြသည့်ဦးဉာဏာဘာသ၊ ရှင်ဥယျ၊ရှင်ဝရသမ္ဗောဓိတို့ကိုခေါ်လာခဲ့ပြီးဦးဇဝနနှင့်အတူနေစေသည်။ဦးဉာဏာဘာသ၊ရှင်ဥယျ၊ရှင်ဝရ သမ္ဗောဓိတို့သည်ဦးဇဝနနှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်ကြသည်။ ရှင်ဝရသမ္ဗောဓိသည်၁၃၂၁-ခုနှစ်၊ကဆုန်လဆန်း(၁၃) ရက်နေ့တွင်သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်း ခဏ္ဍသိမ်၌ရဟန်းဖြစ်ခဲ့သည်။ရှင်ညေယျမှာသာသန ဇောတာရုံကျောင်းတွင်နှစ်ဝါမျှနေပြီးမန္တလေးသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဦးဉာဏာဘာသနှင့်ဦးဝရသမ္ဗောဓိတို့သည်ခရမ်းမြို့၊ ကိုင်းကုန်းစာသင်တိုက်၌ပညာသင်ခဲ့ရာဦးဉာဏာဘာသကဓမ္မာစရိယတန်းအောင်ပြီးဦးဝရသမ်ဗောဓိကပထမကြီးတန်းအောင်မြင်ခဲ့ကြသည်။ထို့နောက်သာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်းသို့ပြန်ခဲ့ကြသည်။၁၃၂၇ခုနှစ်၊ဝါခေါင်လပြည့်နေ့ညဘုရားဝတ်ပြုအပြီးတွင်ဦးဇဝနကဦးဉာဏာဘာသဦးဝရသမ်ဗောဓိတို့ကို ခေါ်၍စာသင်တိုက်ဖွင့်ရန်ကိစ္စတိုင်ပင်ပြောပြပြီးကျောင်းကိုတိသန္တကသုံးပါးပိုင်ပြုလုပ်ကြသည်။ ဆရာတော်ဦးနန္ဒဝံသသည်၁၃၄၆-ခုနှစ်၊တော်သလင်းလပြည့်ကျော်၁၄-ရက်နေ့တွင်ပျံလွန်ခဲ့ပြီး၊ဆရာတော်ဦးဇဝနသည်၁၃၅၀-ပြည့်နှစ်တွင်ပျံလွန်ခဲ့သဖြင့်၁၃၅၀-ပြည့်နှစ် ဦးဇဝနပျံလွန်ချိန်မှစ၍ဦးဉာဏာဘာသသည်သာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၏ကျောင်းထိုင် ဆရာတော်ဖြစ်လာခဲ့သည်။တိသန္တဝင်ဦးဝရသမ္ဗောဓိမှာ (၁၃၄၁)ခုနှစ်တွင်ချောင်းဦးမြို့၊မဟာဓမ္မာရုံတိုက် ပဓာနနာယကဆရာတော်အဖြစ်သို့ရောက်ရှိခဲ့သည်။ ဦးဉာဏာဘာသသည်၁၃၆၁-ခုနှစ်၊နတ်လပြည့်ကျော် ၂-ရက်(၂၄-၁၂-၉၉)နေ့တွင်ရန်ကုန်ဆေးရုံကြီး၌ပျံလွန်ခဲ့သည်။ ၁၃၆၁-ခုနှစ်၊နတ်တော်လဆုတ် (၈)ရက်(၃၀-၁၂-၉၉)နေ့ညတွင်ဦးဝရသမ္ဗောဓိကဒကာဒကာမများ၊ကျောင်းနေသံဃာများ၏ဆန္ဒနှင့်အညီဦးကောဝိဒါစာရအားသာသနပဇ်ဇောတာရုံကျောင်းကျောင်းကိုလွှဲအပ်ခဲ့သည်။ ဆိုခဲ့ပြီးအတိုင်းသာသနပဇောတာရုံကျောင်းသစ်ကျောင်းကိုတိသန္တကဝင်ပုဂ္ဂိုလ်သုံးပါးအနက်နောက်ဆုံးလက် ကျန်ဖြစ်သောဦးဝရသမ္ဗောမိကဦးကောဝိဒါစာရအား လွှဲအပ်ပြီးနောက်တစ်လကြာသောအခါယင်းကျောင်းနေ ဦးကဉ္စနကအချင်းဖြစ်ကြောင်းကိုမတသန္တကကျောင်းအဖြစ်စွဲယူကာဦးကောဝိဒါစာရအားကျောင်းထိုင်ပဓာနနာယကအဖြစ်တင်မြှောက်ထားမှုကိုကန့်ကွက်ကြောင်း မြို့သံဃနာယကအဖွဲ့သို့စာတင်ခဲ့သည်။ မြို့နယ်သံဃနာယကအဖွဲ့ကနှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းပေးသော်လည်းမရသဖြင့်၂၅-၄-၂၀၀၁နေ့တွင်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကနှစ်ဘက်ခေါ်ယူညှိနှိုင်းပေးပြန်သည်။ညှိနှိုင်း၍မရပေ။ ထို့ကြောင့်တိုင်းသံဃနာယကအဖွဲ့ကမြို့နယ် သံဃနာယကအဖွဲ့သို့ (က)သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းရှိ အန္တောသီမဋ္ဌသံဃဆန္ဒဖြင့်အင်္ဂယုတ္တနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကိုကျောင်းထိုင်တင်မြှောက်ရန်၊ (ခ)သာသနပဇ္ဇောတာရုံကျောင်းသစ်ကျောင်းကိုပိုင်ဆိုင်စောင့်ရှောက်လိုသူကစောဒကပြုလုပ်စွဲဆိုလာပါက ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးရန်(၂၈-၄-၂၀၀၀)နေ့စွဲပါစာဖြင့်ညွှန်ကြားခဲ့သည်။ ယင်းညွှန်ကြားချက်အရလှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က၁၃၆၂-ခုနှစ်၊နယုန်လဆန်း(၁၄)ရက်၁၅-၆-၂၀၀၀ ကြာသပတေးနေ့တွင်သာသနပဇ္ဇောတာရုံကျောင်းသစ်ကျောင်းရှိအန်တောသီမဌသံဃာ(၄)ပါးကိုမြို့နယ် သံဃနာယကအဖွဲ့တည်ရာနိဗ္ဗာန်ဆိပ်ဦးဓမ္မာရုံသို့ပင့် ဆောင်၍မယက၊မြို့နယ်သာသနာရေး၊ပြည်တော်သာရပ်ကွက်ရယက၊ကျောင်းဒါယကာဒါယိကာမများရှေ့ မှောက်ဝယ်သိက်ခါဝါအကြီးဆုံးဖြစ်သောဦးတေဇသီရိ ၈၅-နှစ်-၁၇ဝါကိုကျောင်းထိုင်ဘုန်းကြီးအဖြစ်တင် မြှောက်ခဲ့သည်။ (ထိုတင်မြှောက်ပွဲသို့ဦးကဉ္စနမတက်ရောက်ခဲ့) ယင်းသို့တင်မြှောက်ပြီးကြောင်းထိုနေ့တွင်ပင်တိုင်းသံဃနာယကအဖွဲ့သို့အကြောင်းကြားခဲ့သည်။ တစ်ဖန်၁၃၆၂-ခုနှစ်ဝါခေါင်လပြည့်ကျော်(၁၂)ရက် (၂၇၊၇၊၂၀၀၀)နေ့တွင်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သို့ သာသနပဇ်ဇောတာရုံကျောင်းအန္တောသီမဋ္ဌ၁၃၆၁ခုနှစ် ထိုကျောင်း၌ဝါဆိုခဲ့သောရဟန်းလေးပါးနှင့်ယခု စောဒကဦးကောဝိဒါစာရတို့ကိုပင့်ခေါ်ကာ၁၅-၆-၂၀၀၀ နေ့တွင်မြို့နယ်သံဃနာယကအဖွဲ့ကကျောင်းထိုင်ဘုန်းကြီးအဖြစ်ဦးတေဇသီရိတင်မြှောက်ထားမှုကိုအသိ မှတ်ပြုကြရန်လက်မှတ်ထိုးစေခဲ့သည်။ နိဗ္ဗာန်ဆိပ်ဦး၌ကျောင်းဘုန်းကြီးခန့်အပ်ပွဲတွင် ဦးကောဝိဒါစာရကိုမပင့်ခဲ့၊ယခုလက်မှတ်ထိုးပွဲ၌မူ ဦးကောဝိဒါစာကိုပင့်ပြီးလက်မှတ်ထိုးစေခဲ့သည်။ ယင်းသို့ဆောင်ရွက်သော်လည်းပြီးပြတ်သွားခြင်းမရှိဘဲ ဦးကောဝိဒါစာရကမြို့နယ်သံဃနာယကအဖွဲ့သို့ပိုင်ဆိုင်လိုမှုစွဲဆိုလာသောကြောင့်ဤဝိဝါဒါဓိကဏ်းမှုခင်းဖြစ်ခဲ့ ပေသည်။ မှတ်ချက်။ပထမအကြိမ်ဖွဲ့စည်းပေးသောမြို့နယ် သံဃဝိနိစ္ဆယအဖွဲ့ကစုဒိတကကိုခေါ်ယူစစ်ဆေးမှုမပြု သဖြင့်ဝိနိစ္ဆယလက်စွဲအပိုဒ်( ၁၅၅ )နှင့်မညီညွတ်၍ ပယ်ဖျက်ပေးရန်စောဒကကတောင်းဆိုသောကြောင့် ပထမအကြိမ်ဖွဲ့စည်းသောမြို့နယ်သံဃိယအဖွဲ့ကို ပယ်ဖျက်ကာဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။ လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့၏တာဝန်ပေးမှုအရ လှည်းကူးမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၁)က စစ်ဆေးပြီးလျှင်ဖော်ပြလတ္တံ့ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့သည်။ [ဆုံးဖြတ်ချက်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းသည် သူတစ်ပါးအားပေးကမ်းစွန့်လွှတ်၍မရသော အဝိဿဇ္ဈိယ၊အဝေဘင်ဂိက၊ဂရုကပစ္စည်းဖြစ်သည်။ ၂။ဝိနည်းနှင့်မညီသောတိသန္တကပြုလုပ်ထားခြင်းသာ ဖြစ်သည်။ “တိသန္တက”အထမမြောက်၊“တိသန္တက”မဖြစ်။ ၃။မတသန္တကသံဃိကကျောင်းဖြစ်သည်။ ၄။မတသန္တကသံဃိကဖြစ်သောသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းကိုပျံလွန်တော်မူသွားသော ဦးဉာဏာဘာသနှင့်အတူသီတင်းသုံးနေထိုင်လာကြသည့် “ဦးတေဇသီရိ”အပါအဝင်“မူလအန္တောသီမဋ္ဌက” သံဃာ(၄)ပါးတို့ကသာကျောင်းတိုက်မပျက်စီးရအောင် “ရက္ခက၊ဂေါပကအဖြစ်စောင့်ရှောက်နေထိုင်ရမည်ဟု ဆုံးဖြတ်ခဲ့ပေသည်။ ယင်းကိုဦးကောဝိဒါစာရကမကျေနပ်သဖြင့်ရန်ကုန်တိုင်းသံနာယကအဖွဲ့သို့အယူခံစောဒနာဝင်လွှာင်သွင်းခဲ့ရာ တိုင်းသံဃနာယကအဖွဲ့ကရန်ကုန်တိုင်းသံဃဝိနိစ္ဆယ အဖွဲ့အမှတ်(၂/၂၀၀၁)ကိုဖွဲ့စည်း၍ယင်းမှုခင်းကို စစ်ဆေးစေခဲ့သည်။ တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၁)ကယင်းမှုခင်း ကိုစစ်ဆေးပြီးဖော်ပြလတ္တံ့ပါအတိုင်းဆုံးဖြတ်ချက် ချခဲ့သည်- [ဆုံးဖြတ်ချက်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)စုဒိတက(၁)ဦးတေဇသိရီ၊စုဒိတက(၂)ဦးကဉ္စနတို့ သည်မတသန်တကသံဃကဝိဟာရဖြစ်သောသာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၌ကျောင်း၊ကျောင်း အာရာမ်၊ကျောင်းအာရာမ်အတွင်းရှိသာသနိကအဆောက်အုံ၊ဂရုဘက်၊လဟုဘဏ်ပစ္စည်းအရပ်ရပ်နှင့်တကွ သာသနပဇ်ဇောတာရုံကျောင်း၏အကျိုးခံစားခွင့်အား လုံးတို့ကိုသံဃာ့ထေရ်ကြီးများ၏ဩဝါဒတော်နှင့်အညီ စောင့်ရှောက်ရန်၊ (၂)စုဒိတက(၁)ဦးတေဇသိရီ၊စုဒိတက(၂)ဦးကဉ္စနတို့သည်မတသန္တကသံဃိကဝိဟာရဖြစ်သောသာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၌သံဃဘာရနိတ္တာရကတာဝန်ကိုထမ်းဆောင်၍သံဃာထေရ်ကြီးများ၏ ဩဝါဒနှင့်အညီနေထိုင်သီတင်းသုံးရန်၊ (၃)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)၏ ဆုံးဖြတ်ချက်ကိုရန်ကုန်တိုင်းအယူခံသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၂/၂၀၀၁)ဝိနည်းဓိုရ်ဆရာတော်များကထပ်ဆင့် အခိုင်အမာအတည်ပြုသည်။ [နိုင်ငံတော်နည်းဓိုရ်ဆရာတော်တို့၏သဘောထား]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ယင်းဆုံးဖြတ်ချက်ကိုအယူခံစောဒကဦးကောဝိဒါစာရက မကျေနပ်၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံစောဒနာဝင်လွှာတင်သွင်းလာပြန်ရာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁၀/၂၀၀၂)ကိုဖွဲ့စည်း၍စစ်ဆေးရန်တာဝန်ပေးအပ်ခဲ့ပေသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၂၀၀၂)ဝင် ဝိနည်းဓိုရ်ဆရာတော်တို့သည် - အနုဝိဇ်ဇကနေ ယနေ ဓမ်မနေ ယနေ ဝိနယနေ ယနေ သတ်ထုသာသနေ တံ အဓိကရဏံ ဝူပသမ်မတိ၊တထာ တံ အဓိကရဏံ ဝူပသမတေဗျဗံ။(ဝိ၊ ၅။၂၈၃) သင်္ဂါမာဝစရေန ဘိက္ခုနာ သံဃေ ဝေါဟရန္တေန ၀တ္ထု ဇာနိတဗျဗံ၊ဝိပတ်တိ ဇာနိတဗျဗာ၊အာပတ်တိ ဇာနိတဗ်ဗာ၊ နိဒါနံ ဇာနိတဗ်ဗံ။သမထော ဇာနိတဗ်ဗော န ဆန်ဒာဂတိ ဂန်တဗျဗာ၊ န ဒေါသာဂတိ ဂန်တဗျဗာ၊ န မောဟာဂတိ ဂန္တဗ္ဗာ၊ န ဘယာ ဂတိဂန်တဗ်ဗာ။ (ဝိ၊၅၊၂၉၀) ဟူသောမြတ်ဗုဒ္ဓ၏မိန့်ခွန်းတော်ကိုဦးထိပ်ထက်ပန်ဆင်လျှက်အဂတိလေးပါးရှောင်ရှားကာစော/စုတို့၏တင်လွှာ ချေပလွှာများ၊နှစ်ဘက်သက်သေတို့၏ထွက်ဆိုချက်များ၊ တင်ပြထားသည့်အထောက်အထားများနှင့်မြို့နယ် ဝိနိစ္ဆယ၊တိုင်းဝိနိစ္ဆယတို့၏သုံးသပ်ချက်ဆုံးဖြတ်ချက်များကိုလေ့လာစိစစ်၍ဆုံးဖြတ်သွားကြမည်ဖြစ်ပေသည် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)နှင့် တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၁၀၁)တို့၏သုံးသပ်ချက်တွင်အချင်းဖြစ်သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းကိုမတသန္တကသံဃိကကျောင်းဟုဆုံးဖြတ်ခဲ့၏ သို့ဖြစ်၍ယင်း“မတသန္တက”၏အဓိပ္ပါယ်ကိုစိစစ်သင့်ပေသည်။မတသန္တကဟူသည်မတသောသူပျံလွန်သူ၏။ သန္တကဥစ္စာဟု အဓိပ္ပါယ်ရ၏။သေသွားသောပုဂ္ဂိုလ်၏ ဥစ္စာဟုဆိုသဖြင့်သေသွားသောပုဂ္ဂိုလ်၏ပုဂ္ဂလိကပိုင်ပစ္စည်းဟုဆိုရာရောက်၏။ယင်းသို့ဖြစ်လျှင်သေသွားသောပုဂ္ဂိုလ်(ဝါ)ပျံလွန်သွားသောဆရာတော်ဟူသည် ဤမှုခင်း၌မည်သူနည်း။ သက်သေ ထွက်ဆိုချက်အရ သံဃိကကျောင်းအဖြစ် တည်ရှိနေပြီ ဖြစ်ရကား " ဟူသော မသန္တကသံဃကအဖြစ်ကို စိစစ်ခြင်း ယင်းကိုစိစစ်သော်-မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်၌ဦးဉာဏာဘာသမပျံလွန်မီကျောင်းအား မည်သူ့ကိုမျှမပေးအပ်ခဲ့သောကြောင့်၊တေ/စုတို့မှဝန်ခံပြီးဖြစ်သောကြောင့်မတသန္တကသံဃိကကျောင်းဖြစ်၍ အန္တောသီမဋ္ဌကသံဃာကသာစောင့်ရှောက်ထိုက်ကြောင်း အဆုံးအဖြတ်သည်မလွန်ပေ၊စောဒက၏ကျောင်းအာလယရှိမှုသည်သံသရာအတွက်ဝန်လေးဖွယ်ပေ။ ဤဝိနိစ္ဆယဆရာတော်များမှလည်းတိုင်း/မြို့နယ် ဆရာတော်တို့၏အဆုံးအဖြတ်ကိုနှစ်သက်တော်မူကြသည်ဟုသုံးသပ်ထားသည်ကိုတွေ့ရှိရပေသည်။ ဤ၌တိုင်း/မြို့နယ်ဆရာတော်တို့၏အဆုံးအဖြတ်ဟူသည်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့မဖွဲ့ညှိနှိုင်းအဆင့်၌ ညှိနှိုင်းပေးခဲ့ကြသောမြို့နယ်သံဃနာယကဆရာတော်များနှင့်တိုင်းသံဃနာယကဆရာတော်များကိုဆိုလိုပေသည်။ ဤသုံးသပ်ချက်ကိုထောက်ပါလျှင်သေသွားပျံလွန်သွားသောပုဂ္ဂိုလ်ဟူသည်ဦးဉာဏာဘာသဖြစ်၏။သို့ဆိုလျှင် သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းသည် ဆရာတော်ဦးဉာဏာဘာသမပျံလွန်မီကဆရာတော် ဦးဉာဏာဘာသပိုင်ဆိုင်ခဲ့သည့်ပုဂ္ဂလိကပိုင်ပစ္စည်းဟု ဆိုလိုပေသည်။ တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၁)၏ဆုံးဖြတ် ချက်ကိုသုံးသပ်ပြန်သောအခါတိုင်းသံဃဝိနိစ္ဆယအဖွဲ့ ဆုံးဖြတ်ချက်၌ - “ဆရာတော်ဦးနန္ဒဝံသလက်ထက်မရောက်မီကပင် စောဒကစုဒိတကနှင့်ယင်းတို့၏​သက်သေထွက်ဆိုချက်အရသံဃိကကျောင်းအဖြစ်တည်ရှိနေပြီဖြစ်ရကားဟူ သောသုံးသပ်ချက်ကိုတွေ့ရပေသည်။ ယင်းသို့သုံးသပ်ထားသော်လည်းဦးနန္ဒဝံသလက်ထက် မရောက်မီကပင်သံဃိကကျောင်းဖြစ်နေပြီဟုစော/စုနှင့် ယင်းတို့၏သက်သေများကထွက်ဆိုထားသည်ကိုအမှုတွဲ ၌ရှာမတွေ့ရပေ။ ယင်းသုံးသပ်ချက်ကိုကြည့်လျှင်ဆရာတော်ဦးနန္ဒဝံသ မရောက်မီကကျောင်းထိုင်ဖြစ်ခဲ့သောဆရာတော် ဦးပညာဇောတသည်သေသူ(ပျံလွန်သူ)ဟုဆိုရာရောက်၍ ယင်းကျောင်းသည်ဦးပညာဇောတမပျံလွန်မီက ဦးပညာဇောတပိုင်ဆိုင်ခဲ့သောပုဂ္ဂလိကကျောင်းဟု ကောက်ချက်ရမည်ဖြစ်သည်။ အမှန်စင်စစ်အားဖြင့်ဦးပညာဇောတသည်သာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၌နေထိုင်ရင်းမပျော် ပိုက်၍ထိုကျောင်းကိုကျောင်းဒကာများကိုအပ်နှံကာ ကမ္ဘာအေး၊ရေကူးကျောင်းသို့ပြောင်းရွေ့သွားခြင်းသာဖြစ်သည်။ပျံလွန်တော်မူသွားခြင်းမဟုတ်ပေ။ဦးပညာ၊ ဦးဓမ္မသာမိ၊ဦးရာမတို့သည်လည်းပျံလွန်သွားကြသူများ မဟုတ်၊မပျော်၍ထွက်ခွာသွားကြသူများသာဖြစ်သည်။ ထို့ကြောင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏သုံးသပ်ချက်သည် မှားယွင်းနေကြောင်းထင်ရှားနေပေသည်။ထို့ပြင် တိုင်းဝိနိစ္ဆယတွင် - “အလှူရှင်ဒါယကာဒါယိကာမတို့၏ပိုင်ဆိုင်မှုမှစွန့်လွတ်ပြီးဖြစ်နေရကားသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းကိုမလှူမီကာလအတွင်း၌သာအလှူရှင်ဒါယကာ ဒါယိကာမများပိုင်ဆိုင်ခွင့်ရပြီး၊လှူဒါန်းပြီးသည့်နောက် ဒါယကာဒါယိကာမပိုင်မဟုတ်တော့ဘဲ၊ဒါယကာပင့် လျှောက်၍ရောက်လာသောဘုန်းကြီးသည်ဤသာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်းကိုပုဂ္ဂလိကပိုင်ဆိုင် ခွင့်မရတော့ပေဟုလည်းကောင်း။ ကုလူပကဘိက္ခုဿ ဒေတိ၊တဿ မုဉ္စစေတနုပ္ပတ္တိတော ပုဗ္ဗကာလေ ဒါယာကော ဝိဟာရဿမိကော ဟောတိ၊ ဒါတုံ ဝါ ဝိစာရေတုံ ဝါ ဣဿရော၊မုဉ္စစေတနုပ္ပတ္တိတော ပဌာယ ပဋိဂ္ဂါဟကဘိက္ခု သာမီကော ဟောတိ၊ ပရိဘုဉ္စိတုံ ဝါ အညေသံ ဒါတုံ ဝါ ဣဿရော၊သော ပုဂ္ဂလော၊အတ္တနော ဇီဝမာနက္ခဏေယေဝ သဒ္ဓိဝိဟာရိကာဒီနံ နိဿဇ္ဈိတွာ ဒေတိ၊တဒါ တေ သဒ်ဓိဝိဟာရိကာဒယော သာမိကာ ဟောန္တိ၊ ပရိဘုဉ်ဇိတုံ ဝါ အညဿ ဝါ ဒါတုံ ဣဿရာ။ (ဝိ၊လင်-ဋီ-ဒု-၆၇)ယင်းပါဠိကိုမြန်မာပြန်ရာ၌ - ကျောင်းသည်အစိုးရသောသူ၏ဥစ္စာဖြစ်သည်၊အစိုးရသောသူစီရင်ရမည်၊သံဃာလှူအပ်သောကျောင်းသည် သံဃာ၏ဥစ္စာဖြစ်သည်။ထို့ကြောင့်သံဃာသည်သာ နေထိုင်ရန် /ကျောင်းကိုနေထိုင်ရမည့်ရဟန်းအားပေးရမည်။ဒါယကာဒါယိကာမများကမပေးရချေ။ အဘယ့်ကြောင့်ဆိုသော်ပေးလှူသောအခါမှစ၍ကျောင်း သည်ဒါယကာ၏ဥစ္စာမဟုတ်တော့ပြီ၊သံဃာ၏ဥစ္စာဖြစ်သောကြောင့်တည်းဟုလည်းကောင်းဖော်ပြထားရာ ကိုးပြသောပါဠိနှင့်မြန်မာပြန်သည်တလွဲတချော်ဖြစ်နေသောကြောင့်တိုင်းဝိနိသ်ဆယဆရာတော်တို့၏အားနည်း ချက်မည်မျှရှိသည်ကိုအလွယ်တကူတွေ့မြင်နိုင်ပေသည် ဆိုခဲ့ပြီးသောမတသန္တကစိစစ်ချက်ကိုအကျဉ်းချုပ်လိုက်လျှင်မြို့နယ်နိစ္ဆယအလိုအချင်းဖြစ်ကျောင်းသည် ဆရာတော်ဦးဉာဏောဘာသပိုင်ပုဂ္ဂလိကကျောင်းဖြစ်၍ တိုင်းဝိနိစ်ဆယအလိုဦးပညာဇောတ၏ပုဂ္ဂလိကပိုင် ကျောင်းဖြစ်သည်ဟုကောက်ချက်ချ၍ရပေသည်၊ထို့ပြင် မြို့နယ်ဝိနိစ္ဆယအလိုဦးဉာဏာဘာသ၏မတသန္တကဖြစ် ၍တိုင်းဝိနိစ္ဆယအလိုဦးပညာဇောတ၏မတသန္တကဟု ကောက်ချက်ချရမည်ဖြစ်ပေသည်။ [တိသန္တကကိုစိစစ်ခြင်း]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကျောင်းသမိုင်း၌ဖော်ပြခဲ့သည့်အတိုင်း၁၃၀၁-ခုနှစ်တွင် သာသနပဇ္ဇောတာရုံကျောင်းသစ်ကျောင်း၏စတုတ္ထမြောက်ကျောင်းထိုင်ဖြစ်သောဦးပညာဇောတသည် (ပျံလွန်ခြင်းမဟုတ်ဘဲ)ရန်ကုန်၊ကမ္ဘာအေးရေကူးကျောင်းသို့ပြောင်းရွှေ့သွားခဲ့သည်။မပြောင်းမီဒကာဒကာမများအားထိုကျောင်းကိုလွှဲအပ်ခဲ့သဖြင့်ရန်ကုန်မြို့၊ကုက္ကိုင်းဓမ္မာရုံကျောင်း၌သီတင်းသုံးသော ချောင်းဦးမြို့၊ မဟာဓမ္မာရုံကျောင်းအဆက်အနွယ်ဖြစ်သည့်ဦးနန္ဒဝံသကိုသွားရောက်ပင့်ဆောင်ပြီးသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းကိုတင်လှူပူဇော်ကြသည်။ ဆရာတော်ဦးနန္ဒဝံသရောက်သည့်အချိန်၌အဆိုပါကျောင်းသည်လေးပင်ကျောင်းသာဖြစ်ပြီးကျောင်းဝင်းမှာလည်းကျဉ်းမြောင်းနေသဖြင့်ဦးဘိုငွေ+ဒေါ်အေးမ၊ ဦးချင်းယောက်+ဒေါ်ထားတို့ကမြေများဝယ်ယူလှူဒါန်းသဖြင့်ယခုမြင်တွေ့နေရသောကျောင်းဝင်းအကျယ် အဝန်းဖြစ်လာသည်။ မူလ၄-ပင်ကျောင်းကိုဖျက်သိမ်းပြီးအလယ်ကျောင်းကို စုပေါင်းကုသိုလ်ဖြင့်ဆောက်လုပ်၍အရှေ့ဘက်ကျောင်းကိုဦးချင်းယောက်+ဒေါ်ထားတို့ကဆောက်လုပ်လှူဒါန်းခဲ့သည်။ဦးနန္ဒဝံသလက်ထက်တွင်ကျောင်းဝင်းလည်းကျယ်၊ကျောင်းအဆောက်အအုံများလည်းတိုးပွားလာခဲ့သည်၊ဆရာတော်ဦးနန္ဒဝံသသည်ကြည်ညိုသူဒါယကာ ဒါယိကာများပေါများသောဆရာတော်ဖြစ်သည်ဟု သိရသည်။ ဤသို့ဖြင့်ကျယ်ဝန်းသောကျောင်းအာရာမ်နှင့်အာရာမဝတ္ထုတို့သည်လည်းကောင်း၊တိုးပွားလာသောဝိဟာရ ဝိဟာရဝတ္ထုတို့သည်လည်းကောင်းဆရာတော်ဦးနန္ဒဝံသ ၏ပုဂ္ဂလိကပိုင်များသာဖြစ်သည်ဟုဆိုသည်။ ပုဂ္ဂလိကမဟုတ်ကြောင်းစုဒိတကနှင့်စုဒိတကပြသက် သေတို့အနေဖြင့်ငြင်းဆိုခြင်းမရှိသည်ကိုတွေ့ရပါသည်။ ဤသို့တစ်စတစ်စကျယ်ပြန့်တိုးပွားလာသောကျောင်း တိုက်ကိုစာသင်တိုက်ဖြစ်စေလိုသောဆန္ဒဖြင့်၁၃၁၅-ခုနှစ်တွင်ဆရာတော်ဦးနန္ဒဝံသကဆရာတော်ဦးဇဝနညီအစ်ကိုဝမ်းကွဲတော်စပ်ကိုလွှဲအပ်ခဲ့သည်။ မိမိကမူဇရပ်ပေါ်တွင်သာနေထိုင်၍သမထတရားအလုပ်တို့ကိုကြိုးစားအားထုတ်ခဲ့သည်စောဒက၏နောက်ဆုံး စောဒနာလွှာတွင်ဂန္ဓာရီကျင့်စဉ်များဆိုရာ၌ထိုသမထလုပ်ငန်းများဖြစ်နိုင်သည်ဟုယူဆပေသည်။ ၁၃၁၆-ခုနှစ်တွင်ဦးဉာဏောဘာသ၊ရှင်ညေယျ၊ရှင်ဝရ သမ္ဗောဓိတို့သည်ဦးနန္ဒဝံသ၊ခေါ်ဆောင်မှုကြောင့် အဆိုပါကျောင်းသို့ရောက်ရှိလာကြသည်၊ရှင်ဉယျက ၁၃၁၉-ခုနှစ်လောက်တွင်မန္တလေးသို့ပြောင်းရွေ့သွားပြီး ရှင်ဝရသမ္ဗောဓိသည်၁၃၂၁-ခုနှစ်တွင်သာသန ပဇ်ဇောတာသစ်ကျောင်းခဏ္ဍသိမ်၌ရဟန်းဖြစ်ခဲ့သည်၊ ဦးဉာဏောဘာသနှင့်ဦးဝရသမ္ဗောဓိတို့ခရမ်းမြို့ ကိုင်းကုန်းစာသင်တိုက်၌ပညာသင်ကြားရာ ဦးဉာဏောဘာသကဓမ္မာစရိယတန်းအောင်၊ ဦးဝရသမ်ဗောဓိကပထမကြီးတန်းအောင်ပြီး ကျန်းမာရေးအရသာသနာပဇောတာရုံကျောင်းတိုက်သို့ ပြန်လည်နေထိုင်ကြသည်။ ထိုသို့နေထိုင်စဉ်၁၃၂၇-ခုနှစ်၊ဝါခေါင်လပြည့်နေ့ည ဘုရားဝတ်ပြုအပြီးဦးဇ၀နဦးဉာဏာဘာသနှင့် ဦးဝရသမ်ဗောဓိတို့ကိုခေါ်၍မိမိပိုင်သာသနပဇောတာရုံကျောင်းသစ်ကျောင်းဂရုဘဏ်၊လဟုဘဏ်များနှင့်တကွ သုံးပါးပိုင်တိသန္တကပြုခဲ့ကြသည်။ စာချုပ်စာတမ်းပြုလုပ်ခြင်းမရှိညီအစ်ကိုဝမ်းကွဲများဖြစ်၍တစ်ဦးနှင့်တစ်ဦးယုံကြည်မှုရှိသောကြောင့် နှုတ်ဖြင့်သာတိသန္တကပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။ တိသန္တကပြုလုပ်ကြောင်းကိုနောက်တစ်နေ့တွင် ပြည်တော်သာရပ်ကွက်မှဦးကျန်သိမ်းကိုဦးဇဝနက ပြောပြခဲ့သည်။ ထိုနှစ်သီတင်းကျွတ်ချိန်ဒေသဓလေ့ထုံးတမ်းအားလျော် စွာထေကြီးဝါကြီးဖြစ်သောဆရာတော်ဦးပဒုမကိုသွား ရောက်ကန်တော့သောအခါ၌လည်းမိမိတို့သုံးပါးပိုင် တိသန်တကပြုထားကြောင်းဦးဇဝနတို့ကဆရာတော် ဦးပဒုမအားလျှောက်ထားခဲ့သည်။ဆရာတော်ဦးပဒုမ သည်ယခုတိုင်သက်ရှိထင်ရှားရှိသေးသည်၊သက်တော် ၉၃-နှစ်ရှိပြီးအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးဖြစ်သည်၊ ဦးဇဝနတို့ကထိုသို့ပြောဆိုခဲ့သည်မှာမှန်ကန်ကြောင်း မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁)၌ကိုယ်တိုင်ထွက်ဆိုခဲ့သောဆရာတော်ကြီးဖြစ်သည်။ [တိသန္တကပြုလုပ်နည်းကျ-မကျစိစစ်ခြင်း]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

တိသန္တက(သုံးပါးပိုင်)ပြုပုံသည်ပါဠိတော်၌တိုက်ရိုက် မလာပေ။ဒွိန်နံ သန္တကံ အဝိဘတ်တံ ဟောတိ၊ဧကသ္မိံ ကာလင်​ကတေ ဣတရော သာမိ။ဗဟူနမ္မိ သန်တကေ ဧသေဝ နယောဟုအဋ္ဌကထာ(၁၄၅)စကား၌ “ဗဟူနမ္မိ သန္တော ဧသေဝနယော”ကိုထောက်၍တိသန္တက စသည့်အများပိုင်ပစ္စည်းများလည်းရှိနိုင်ကြောင်းသိကြရသည်။ ထိုတိသန္တကသည်(က)မူလကပင်ပေးလှူသည့်ပုဂ္ဂိုလ်က မိမိကြည်ညိုရာပုဂ္ဂိုလ်သုံးပါးအားသုံးပါးပိုင်လှူဒါန်းသောကြောင့်ဖြစ်ရသောတိသန္တက။ (ခ)ပုဂ္ဂိုလ်တစ်ပါးကမိမိတစ်ဦးတည်းပိုင်ပစ္စည်းကို မိမိကြည်ညိုရာအခြားပုဂ္ဂိုလ်နှစ်ပါးနှင့်သမာနပရိက္ခာရ ပြုခြင်းကြောင့်ဖြစ်ရသောတိသန္တက။ (ဂ)လေးပါး၊ငါးပါးစသည်ပိုင်အဖြစ်မှသန္တကဝင်ပုဂ္ဂိုလ်တို့တစ်ဖြည်းဖြည်းပျံလွန်သွားသဖြင့်ပိုင်ဆိုင်သူသုံးပါး သာကျန်ရှိတော့၍ဖြစ်ရသောတိသန္တကဟုသုံးမျိုးရှိနိုင်ပေသည်။(ဒွိသန္တက၊စတုသန်တကစသည်တို့လည်း ဤကဲ့သို့သုံးမျိုးရှိနိုင်ပေသည်) ထို့ကြောင့်ဦးဇဝနမှဦးဉာဏောဘာသ၊ဦးဝရသမ္ဗောဓိတို့ ပြုခဲ့ကြသောတိသန္တကပြုနည်းသည်ဝိနည်းတော်နှင့် မဆန့်ကျင်၍တိသန္တကမြောက်သည်ဟုဝိနည်းဓိုရ်ဆရာတော်များကယူဆတော်မူကြသည်။ ဤသို့တိသန္တကမြောက်သောကြောင့်ဦးဉာဏောဘာသ မပျံလွန်မီအချင်းဖြစ်ကြောင်းသည်ဦးဉာဏာဘာသ, ဦးဝရသမ္ဗောဓိတို့ နှစ်ပါးပိုင်သည်၊ဦးဉာဏောဘာသ ပျံလွန်သွားသောအခါဒွိန်နံ သန္တကံ အဝိဘတ္တံ ဟောတိ၊ ဧကသ္မိံ ကာလင်​ကတေ ဣတရော သာမိ။ ဗဟူနမ်ပိ သ​န်တကေ ဧသေဝနယော။ဟူသည်နှင့်အညီ သက်ရှိထင်ရှားရှိနေသေးသောဦးဝရသမ္ဗောဓိတစ်ပါးတည်းပိုင်ပုဂ္ဂလိကကျောင်းဖြစ်သည်။ [အချင်းဖြစ်ကျောင်းပိုင်ဆိုင်ခွင့်ကိုစိစစ်ခြင်း]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဆိုခဲ့ပြီးအတိုင်း၁၃၂၇-ခုနှစ်မှစ၍သုံးပါးပိုင်(တိသန္တက) ဖြစ်ခဲ့သောသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်း သည်ဦးဇဝနပျံလွန်သော၁၃၅၀-ပြည့်နှစ်မှစ၍ ဦးဉာဏောဘာသ၊ဦးဝရသမ္ဗောဓိနှစ်ပါးပိုင်(ဒိသန္တက) ဖြစ်လာသည်။၁၃၆၁-ခုနှစ်၊နတ်တော်လဆုတ်(၂)ရက်နေ့၊ ဦးဉာဏောဘာသပျံလွန်သောအခါဦးဝရသမ္ဗောဓိတစ်ပါးတည်းပိုင်ဖြစ်ခဲ့သည်။ ဦးဉာဏောဘာသမပျံလွန်မီ(မကျန်းမာ၍ဆေးရုံမတက်သေးမီ)၁၃၆၁-ခုနှစ်၊နတ်တော်လဆန်း (၄)ရက် (၁၁-၁၂-၉၉)နေ့ ည၇-နာရီအချိန်ဒကာကြီးဦးခွန်းပါက ကျောင်းဆက်ခံရေးနှင့်စပ်လျဉ်း၍မေးလျှောက်ရာဆရာ တော်ဦးဉာဏောဘာသကချောင်းဦးမှဦးဝရသမ္ဗောဓိစီမံခန့်ခွဲလိမ့်မည်၊အရေးကြီးကဦးဝရသမ္ဗောဓိကိုပင့်၍ အပ်နှံကြရန်ဆရာတော်ဝရသမ္ဗောဓိ၏စီမံမှုကိုခံယူကြရန်မိန့်ကြားခဲ့သည်။(မူလစောဒနာလွှာ။) ဤသို့မိန့်ကြားခြင်းကိုထောက်၍တိသန္တကအကယ်ပြုခဲ့ ရိုးမှန်ပါလျှင်ဦးဝရသမ္ဗောဓိကိုပင့်၍အပ်နှံရန်မလိုပါ၊ ဦးဝရသမ္ဗောဓိအလိုအလျောက်ပိုင်မည်ဖြစ်ပါ၍ ဦးဝရသမ္ဗောဓိအားအပ်နှံရန်မလိုအပ်ခြင်းဖြစ်ပါသည်၊ သို့ဖြစ်၍ဦးဇဝန၊ဦးဉာဏောဘာသ၊ဦးဝရသမ္ဗောဓိတို့ တိသန္တချုပ်ဆိုထားသည်မှာမှန်ကန်မှုမရှိကြောင်း စုဒိတကမူလသောဓနာလွှာ၌သောဓနာထားပေသည်။ ယင်းသို့ချေပသောဓနာရာ၌စုဒိတကသည်ဒွိန္န သန္တကံ အဝိဘတ္တံ ဟောတိ၊ဧကသမိံ ကာလင်က တေ ဣတရော သာမိ။ဗဟူနမ္ပိ သန္တကေ ဧသေဝနယောဟူသောမဟာဝါ အဋ္ဌကထာကိုပင်အကိုးအကားပြု၍ချေပခြင်းဖြစ်လေသည်။အမှန်စင်စစ်စုဒိတက၏ချေပချက်သည်ချေပရာ မရောက်ဘဲစောဒက၏အဆိုကိုသာထောက်ခံပေးနေလေသည်။ ရှင်းပါမည်-ဆိုခဲ့ပြီးအတိုင်းအချင်းဖြစ်ကျောင်းသည် ဆရာတော်ဦးဉာဏောဘာသမပျံလွန်မီကဦးဉာဏော ဘာသနှင့်ဦးဝရသမ္ဗောဓိတို့နှစ်ပါးပိုင်ဖြစ်နေသောကြောင့် (ဒိန္နံ သန်တကံ အဝိဘတ်တံ)ဟူသည်နှင့်အညီဦးဉာဏော ဘာသတစ်ပါးတည်း၏သဘောဆန္ဒဖြင့်မဝေဘန်ကောင်း တစုံတစ်ယောက်အားမပေး၊မစွန့်ကောင်း၊ထို့ကြောင့် အကယ်၍မိမိပျံလွန်သွားခဲ့သော်(ဧကသ္မိံ ကာလင်ကတေ ဣတရော သာမိ)အရဦးဝရသမ္ဗောဓိတစ်ပါးတည်းပိုင်ဖြစ်၍ဦးဝရသမ္ဗောဓိသဘောဆန္ဒအတိုင်းစီမံခွင့်ရှိသည့် အတွက်ဦးဝရသမ္ဗောဓိစီမံရာကိုနာခံကြရန်မိန့်ကြားခြင်းဖြစ်သည်။ထို့ကြောင့်စုဒိတက၏ချေပချက်(သောဓနာ) သည်ကိုယ့်ဂိုးကိုယ်သွင်းမိသည့်ဘောလုံးသမားသဖွယ်ဖြစ်သွားပေသည်။ထို့ပြင်တိသန္တကချုပ်ဆိုထားသည်မှာ မမှန်ကန်ကြောင်းစုဒိတက၏ငြင်းဆိုချက်သည်လည်း မတသန္တကသံယိကဖြစ်ပါသည်ဟူသောမိမိ၏စကားနှင့် ဆန့်ကျင်နေသည်ကိုသတိမမူမိချေ။ အဘယ့်ကြောင့်ဟူမူ-တိသန္တကမဟုတ်လျှင်ဦးဉာဏော ဘာသပိုင်မဟုတ်ဟုဆိုရာရောက်သည်၊ဦးဉာဏောဘာသပိုင်မဟုတ်ခဲ့လျှင်လည်း(ဦးဉာဏာဘာသမပျံလွန်မီမည်သူ့အားမျှပေးလှူဒါန်းမသွားသဖြင့်)ဦးဉာဏာဘာသ၏ မတသန္တကမဖြစ်နိုင်သောကြောင့်တည်း။ ဦးဉာဏောဘာသမပိုင်ပါဟုဆိုခြင်းသည်တိသန္တကပစ္စည်းဟုဆိုရာရောက်သောကြောင့်စုဒိတက၏ငြင်းဆိုချက်သည်မိမိ၏ဆိုစကားကိုမိမိဘာသာချေဖျက်ပြီးသားဖြစ်၍ကိုယ့်ရှူးကိုယ့်ပတ်ဟူသောစကားကဲ့သို့မိမိအတွက် အကျိုးမပြီးစေဘဲစောဒက၏အဆိုကိုသာထပ်ဆင့် ထောက်ခံသကဲ့သို့ ဖြစ်နေပေသည်။ (ဦးဉာဏာဘာသမပိုင်ဟုဆိုမှစုဒိတကတို့လိုချင်သည့် မတသန္တကဖြစ်မည်ဦးဉာဏောဘာသပိုင်ပါဟုဆိုပြန်ပါကလည်းတိသန္တကအဖြစ်ကိုထောက်ခံပြီးဖြစ်နေသည်။ တိသန္တကမဟုတ်ဟုဆိုခြင်းသည်ဉာဏောဘာသမပိုင်ပါဟုဆိုရာရောက်သည်။ဦးဉာဏောဘာသမပိုင်ပါဟုဆိုပြန်လျှင်လည်းမိမိလိုချင်သောမတသန္တကအဖြစ်သို့မရောက်နိုင်)။ဤသို့ဦးဉာဏောဘာသပျံလွန်သွားချိန်မှစ၍ အချင်းဖြစ်ကျောင်းသည်ဦးဝရသမ္ဗောဓိတစ်ပါးတည်းပိုင်ဖြစ်သည်။ ဦးဝရသမ္ဗောဓိပိုင်ပုဂ္ဂလိကကျောင်းဖြစ်သောကြောင့် - “မုဉ္စစေတနုပ္ပတ္တိတော ပဌာယ ပဋိဂ္ဂါဟကဘိက္ခု သာမိကော ဟောတိ၊ပရိဘုဉ္စိတုံ ဝါအညသံ ဒါတုံ ဝါ ဣဿရော။သော ပုဂ္ဂလော အတ္တနော ဇိဝမာနက်ခဏယေဝေ၊သဒ်ဓိဝိဟာရိကာဒီနံ နိဿဇ်ဈိတှာ ဒေတိ၊တဒါ တေ သဒ်ဓိဝိဟာရိကာဒယော သာမိကာ ဟောန္တိ၊ပရိဘုဉ္စိတုံ ဝါ အညဿ ဝါ ဒါတုံ ဣဿရော။(ဝိ၊လင်၊ဋီ၊၂၆၇)ဟူသည်နှင့်အညီမိမိ ပေးလိုသောပုဂ္ဂိုလ်ကိုပေးနိုင်စွန့်နိုင်လှူဒါန်းနိုင်သည်။ ဆရာတော်ဦးဉာဏောဘာသပျံလွန်တော်မူပြီးနောက် ရက်လည်သည့်နေ့ဖြစ်သည့်၁၃၆၁ခုနှစ်၊နတ်တော်လပြည့်ကျော်(၈)ရက်(၃၀-၁၂-၉၉)နေ့ ညတွင်ဆရာတော် ဦးဝရသမ္ဗောဓိကသာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်းရှိသံဃာအားလုံးနှင့်ကျောင်းနှင့်ဆိုင်ရာဒါယကာ ဒါယိကာမများတို့ကိုခေါ်ယူ၍ကျောင်းထိုင်ဘုန်းကြီး ရွေးချယ်ရေးအတွက်ညှိနှိုင်းကြသည်။ ဆရာတော်ဦးဝရသမ္ဗောဓိကမိမိမှာကျောင်းရှိနေပြီဖြစ်၍ ဤကျောင်းတွင်မနေနိုင်ကြောင်း၊ကျောင်းထိုင်တစ်ပါး တင်မြှောက်ရန်လိုကြောင်း၊မိမိသဘောဖြင့်ကျောင်းထိုင်တစ်ပါးတင်ပါကပြဿနာမဖြစ်လျှင်ကောင်းပါကြောင်း၊ ပြဿနာဖြစ်လာလျှင်မိမိလည်းတာဝန်မကင်းနိုင်ကြောင်း ထို့ကြောင့်ဆရာတော်ဦးဇဝန၏တူဖြစ်သူဦးကောသလ္လ၊ ဆရာတော်ဦးနန္ဒဝံသ၊ဦးဇဝန၊ဦးဉာဏောဘာသတို့၊ တပည့်ဖြစ်သူဦးကောဝိဒါစာရ(ဓမ္မာစရိယ၂-ကျမ်းစွဲ)နှင့် ကျောင်းရှိဦးကဉ္စနတို့သုံးပါးတွင်ကြိုက်ရာပုဂ္ဂိုလ်ကို ရွေးချယ်တင်မြှောက်ကြရန်မိန့်ကြားသည်။ ထိုအခါဒေါ်ထွေးစိန်ကဦးကောဝိဒါစာရကိုသဘောကျပါကြောင်းအဆိုပြုရာအားလုံးကထောက်ခံကြသဖြင့် ဦးကောဝိဒါစာရကိုကျောင်းထိုင်အဖြစ်တင်မြှောက် ခဲ့ကြသည်။ ဦးကောဝိဒါစာရကိုကျောင်းထိုင်အဖြစ်တင်မြှောက်ခြင်းကိုသဘောတူကြပါရဲ့လားဟုဆရာတော်ဦးဝရသမ္ဗောဓိကထပ်မံမေးမြန်းရာမည်သူကမျှမကန့်ကွက်ဘဲအားလုံး သဘောတူကြောင်းလျှောက်ထားသဖြင့်ဦးကောဝိဒါစာရကိုကျောင်းထိုင်အဖြစ်ရွေးချယ်ခဲ့ပေသည်။ ထိုသို့ရွေးချယ်တင်မြှောက်ခြင်းကိုဦးကဉ္စန၊ဦးတေဇသိရီတို့ကမကန့်ကွက်ကြောင်း၊အချင်းဖြစ်ကျောင်းတွင် နေထိုင်ကြသည့်ဦးရေဝတ၊ဦးစန္ဒောဘာသတို့ကစာဖြင့် ထောက်ခံတင်ပြခဲ့ကြသည်။ ၁၃၆၁-ခုနှစ်၊ပြာသိုလဆုတ်(၂)ရက်စနေနေ့တွင် ဦးကောဝိဒါစာရကိုအချင်းဖြစ်ကျောင်းထိုင်ကျောင်းပိုင်အဖြစ်တင်မြှောက်ခြင်းမှတ်တမ်း၌လည်းစုဒိတက(၁) ဦးတေဇသိရီကိုယ်တိုင်သက်သေအဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ထို့ကြောင့်ဦးကောဝိဒါစာရသည်ကျောင်း ပိုင်ဖြစ်သောဆရာတော်ဦးဝရသမ္ဗောဓိကိုယ်တိုင်အချင်း ဖြစ်ကြောင်းကိုလွှဲအပ်လှူဒါန်းခြင်းခံရသူဖြစ်သော ကြောင့်အချင်းဖြစ်ကြောင်းကိုဦးကောဝိဒါစာရသာ ကျောင်းထိုင်ကျောင်းပိုင်အဖြစ်ထိန်းသိမ်းစောင့်ရှောက်သင့်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သဘောတူကြသည်။ [အန္တောသီမဋ္ဌအဖြစ်ကိုစိစစ်ခြင်း]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဆရာတော်ဦးဉာဏောဘာသပျံလွန်သည့်၁၃၆၁-ခုနှစ်၌ အချင်းဖြစ်ကျောင်းတွင်ဆရာတော်ဦးဉာဏောဘာသနှင့် အတူဦးတေဇသိရီ၊ဦးကဉ္စန၊ဦးရေဝတ၊ဦးစန္ဒောဘာသတို့ ဝါဆိုကြသည်၊ဦးကောဝိဒါစာရမော်လမြိုင်မဟာစည်သာသနာ့ရိပ်သာ၌ဝါဆိုသည်။ ဆရာတော်ဦးဉာဏောဘာသမကျန်းမာ၍အမြန်ပြန်လာရန်ဒေါ်ကြင်စိန်ကသံကြိုးရိုက်အကြောင်းကြားသဖြင့် ဦးကောဝိဒါစာရသည်(၂၀-၁၂-၉၉)နေ့တွင်သာသန ပဇ်ဇောတာရုံကျောင်းသစ်ကျောင်းသို့ရောက်ရှိခဲ့သည်။ (၂၄-၁၂-၉၉)နေ့တွင်ဆရာတော်ဦးဉာဏောဘာသ ရန်ကုန်ဆေးရုံကြီးတွင်ပျံလွန်သည်။ ဦးကောဝိဒါစာရသည်ဆရာတော်ဦးဉာဏောဘာသပျံ လွန်ပြီးသည့်နောက်တစ်ရက်မှစ၍သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၌သာနေခဲ့သည်။ ထို့ကြောင့်အန္တောသီမဋ္ဌပုဂ္ဂိုလ်ဖြစ်သည်အန္တောသီမဋ္ဌပုဂ္ဂိုလ်ဟူသည်ဥပစာရသိမ်(ကျောင်းတိုက်)အာရာမ်အတွင်းတည်နေသူကိုဆိုလိုသည်၊အာဝါသိကဖြစ်စေ၊ အာဂ​န်တုကဖြစ်စေ၊ဝါဆိုသူဖြစ်စေ၊ဝါမဆိုသူဖြစ်စေ ကျောင်းဝင်းအတွင်းရောက်ရှိနေလျှင်အန္တောသီမဋ္ဌပုဂ္ဂိုလ် ဖြစ်သည်။အကျယ်ကိုမဟာဝါပါဠိတော်၁၆၀၊၁စသည် ဝိနယာလင်္ကာရဋီကာ၊ဒုတိယတွဲ၊၈၀-စသည်တို့၌ကြည့်နိုင်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကအတည် ပြုထားသောအန္တောသီမဋ္ဌဗဟိသီမဋ္ဌမူကိုဝိနိစ္ဆယလက်စွဲ၊နှာ-၉၇ တို့၌လည်းကြည့်နိုင်သည်။ဤ၌အကျယ်မပြ သည်မှာဤမှုခင်းဝယ်အန္တောသီမဋ္ဌဖြစ်မှုမဖြစ်မှုသည် လိုရင်းမဟုတ်သောကြောင့်တည်း။ [အထူးမှတ်ချက်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဤမှုခင်းမဖြစ်ပွားမီညှိနှိုင်းအဆင့်၌ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကလှည်းကူးမြို့နယ်သံဃနာယကအဖွဲ့သို့ သာသနပဇ်ဇောတာရုံကျောင်းသစ်ကျောင်း၊ကျောင်းဘုန်းကြီးတင်ရေးနှင့်စပ်လျဉ်း၍(၂၈-၄-၂၀၀၀)ရက်စွဲပါစာဖြင့်-(က)သာသနပဇ်ဇောတာရုံကျောင်းတစ်ကျောင်းရှိ အန်တောသီမဋ္ဌသံဃာ့ဆန္ဒဖြင့်အင်္ဂယုတ္တနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုကျောင်းထိုင်တင်မြှောက်ပေးရန်ညွှန်ကြားလာသဖြင့်လှည်းကူးမြို့နယ်သံဃနာယကအဖွဲ့က၁၃၆၂- ခုနှစ်၊နယုန်လဆန်း၁၄-ရက်(၁၅-၆-၂၀၀၀)နေ့တွင် သာသနပဇ်ဇောတာရုံကျောင်းမှဝဿံဝုဋ္ဌအန္တောသီမဋ္ဌဖြစ်သောသံဃာ(၄)ပါး၊မယက၊မြို့နယ်သာသနာရေးမှူး၊ ပြည်တော်သာရပ်ကွက်၊ရယက၊ကျောင်းဒါယကာ ဒါယိကာမများကိုမြို့နယ်သံဃနာယကအဖွဲ့တည်ရာ နိဗ္ဗာန်ဆိပ်ဦးကျောင်းတိုက်နိဗ္ဗာန်ဆိပ်ဦးဓမ္မာရုံသို့ပင့်ဖိတ်ကာအန္တောသီမဋ္ဌကသံဃာဆန္ဒဖြင့်ဦးတေဇသိရိ (အသက် ၈၅၊သိက္ခာ ၁၇-ဝါ)ကိုကျောင်းထိုင်ဘုန်းကြီး တင်မြှောက်ခဲ့သည်။ ယင်းသို့တင်မြှောက်ခြင်းသည်မတသန္တကသံဃိကကျောင်းဟုအယူအစွဲရှိနေသော(အငြင်းပွားနေသည့်) သာသနပဇ္ဇောတာရုံကျောင်းသစ်ကျောင်းအတွင်း၌ ဆောင်ရွက်ခြင်းမဟုတ်ဘဲဗဟိသိမဋ္ဌဖြစ်သောနိဗ္ဗာန် ဆိပ်ဦးကျောင်းတိုက်၌တင်မြှောက်ခြင်းဖြစ်၍ “န ဘိက်ခဝေ နိဿီမေ ဌိတဿ သနောသနံ ဂါဟာပေတဗ်ဗံ၊ယော ဂါဟာပေယျ၊အာပတ္တိ ဒုက္ကဋဿ ဟူသောဝိနည်းတော်(ဝိ၊၄၊၃၁၈)နှင့်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကအတည်ပြုထားသောဝိနိစ္ဆယလက်စွဲတို့၌လာရှိသည့်ဓုဝဝါသ အနုဌာပနီယကျောင်းထိုင်နာယကတင်မြှောက်နည်းနှင့် လည်းကောင်း၊လုံးဝဆန့်ကျင်လျက်ရှိပေသည်။ ထို့ကြောင့်မြို့နယ်သံဃနာယကအဖွဲ့၏ယင်းတင်မြှောက်မှုသည်သဲထဲရေသွန်သကဲ့သို့အထမမြောက်ဘဲအချည်းနှီးသာဖြစ်ပေတော့သည်။ ထိုမှတစ်ပါးဦးကောဝိဒါစာရသည်ပျံလွန်သွားသော ဦးဉာဏောဘာသ၏တပည့်မဟုတ်ကြောင်းစုဒိတကတို့ကအကြိမ်ကြိမ်တင်ပြခဲ့ကြသည်။ထိုတင်ပြချက်သည်လဲ စောဒကဦးကောဝိဒါစာရတင်ပြထားသောရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအောင်လက်မှတ်တွင်ဦးဉာဏောဘာသ၏တပည့်ဟူသောအချက်ဖြင့်ပင် ချေဖျက်ပြီးဖြစ်သောကြောင့်စုဒိတကတို့၏တင်ပြချက် သည်အချည်းနှီးအလဟဿသာဖြစ်တော့၏။ ထို့ပြင်နိဗ္ဗာန်ဆိပ်ဦးဓမ္မာရုံ၌ကျောင်းထိုင်နာယကတင် မြှောက်ပွဲသို့စောဒကဦးကောဝိဒါစာရကိုမပင့်ဘဲကျန်လေးပါးကိုသာပင့်ခြင်း၊ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ရုံး၌ပြုလုပ်သောကျောင်းထိုင်ဘုန်းကြီးတင်မြှောက်ပြီး ဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်ထိုးပွဲသို့စောဒက ဦးကောဝိဒါစာရကိုပါတက်ရောက်စေပြီးလက်မှတ်ထိုးစေခြင်းတို့သည်လည်းသဘောရိုးမှဟုတ်ပါလေစဟု ဝိနည်းဓိုရ်ဆရာတော်များကသံသယဖြစ်မိကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဆိုခဲ့ပြီးသောစိစစ်ချက်တို့ကိုအခြေခံ၍အကျဉ်းချုံးပေါင်းရုံးသုံးသပ်ရလျှင်- ၁။မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏တိသန္တကအထမမြောက်၊ တိသန္တကမဖြစ်၊မတသန္တကသံဃိကကျောင်းဖြစ်သည် ဟူသောဆုံးဖြတ်ချက်သည်မှားယွင်းသည်။ ၂။မတသန္တကသံဃိကကျောင်းကိုထိန်းသိမ်းစောင့် ရှောက်ရမည့်ဓုဝဝါသ၊အနုဌာပနီယ၊ရက္ခကဂေါပကပုဂ္ဂိုလ်ကိုရွေးချယ်ရာဝယ်ထိုကျောင်း၌အင်္ဂယုတ္တပုဂ္ဂိုလ်တစ်ပါးတည်းရှိကထိုပုဂ္ဂိုလ်ကိုရွေးချယ်ရမည်။ နှစ်ပါးသုံးပါးစသည်အများရှိကဝဎ်ဍတရပုဂ္ဂိုလ်ကို ရွေးချယ်ရမည်ဟူသောဝိနည်းတော်လာစည်းကမ်းကို ကျော်လွန်၍ဦးတေဇသိရီအပါအဝင်မူလအန္တောသီမဋ္ဌကသံဃာ(၄)ပါးတို့ကသာကျောင်းတိုက်မပျက်စီးရအောင် ရက္ခကအဖြစ်စောင့်ရှောက်နေထိုင်ကြရမည်ဟုဆုံးဖြတ်သောမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်သည် ဝိနည်းတော်ကိုမျက်ကွယ်ပြုထားသောကြောင့်လက်မခံထိုက်သောဆုံးဖြတ်ချက်ဖြစ်သည်။ ထိုပုဂ္ဂိုလ်၄-ပါးတွင်အင်္ဂယုတ္တပုဂ္ဂိုလ်တစ်ပါးသာပါသည်။ ၃။တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်အမှတ်(၁) အမှတ်(၂)တို့၌ဦးတေဇသိရီ၊ဦးကဉ္စနတို့ နှစ်ပါးထိန်း သိမ်းစောင့်ရှောက်ရမည်ဟုဆုံးဖြတ်ပြီးဖြစ်ပါလျက် (၄)ပါးလုံးရက္ခကဂေါပကအဖြစ်ပေးထားသော မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုထပ်ဆင့်၍ အခိုင်အမာအတည်ပြုသည်ဟုဆုံးဖြတ်ပြန်ခြင်းသည် ရှေ့+နောက်မညီညွတ်သောဆုံးဖြတ်ချက်များဖြစ်၍ အလေးပြုထိုက်သောဆုံးဖြတ်ချက်မဟုတ်။ ထို့ပြင်မိမိကိုးကားထားသောဝိနယာလင်္ကာရဋီကာလာ စကားရပ်ကိုပင်တလွဲတချော်မြန်မာပြန်ထားခြင်းသည်လည်းတိုင်းဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်တို့၏အားနည်း ချက်ကိုဖော်ပြနေပေသည်။ ၄။ဦးကောဝိဒါစာရကိုအန္တောသီမဋ္ဌမဟုတ်ဟုသုံးသပ်ခြင်းသည်လည်းဝိနည်းတော်နှင့်ညီညွတ်ခြင်းမရှိ။ ၅။တိုင်းသံဃနာယကအဖွဲ့၏ညွှန်ကြားချက်အရ ၁၃၆၂-ခုနှစ်၊နယုန်လဆန်း၁၄-ရက်(၁၅- ၆-၂၀၀၀)နေ့တွင်နိဗ္ဗာန်ဆိပ်ဦးဓမ္မာရုံ၌ဦးတေဇသိရီကိုကျောင်းထိုင်ဘုန်းကြီးတင်ခြင်းသည်ဝိနည်းတော်ဝိနိစ္ဆယလက်စွဲတို့နှင့် ဆန့်ကျင်နေသောကြောင့်အထမမြောက်။ ၆။ဒေသခံရဟန်းရှင်လူအများကကျောက်ထီးတန္တု အလေးအမြတ်ပြုအပ်သောနိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပဒုမာလင်္ကာရနှင့် စုဒိတကသက်(၇)ဦးတို့၏တိသန္တကဖြစ်ကြောင်း သက်သေခံထွက်ဆိုချက်များသည်သဒ်ဓေယျဝါစာဖြစ်၍မှန်ကန်သည်ဟုယူဆသည်။ ၇။ဦးဇဝန၊ဦးဉာဏောဘာသ၊ဦးဝရသမ္ဗောဓိတို့တစ်ပါးနှင့်တစ်ပါးအပြန်အလှန်မမ သန်တကံ တဝ စ မမ စ ဟောတုဟုတိသန္တကပြုခြင်းသည်ဝိနည်းတော်နှင့် မဆန့်ကျင်သဖြင့်အထမြောက်အောင်မြင်သည်။ မှန်ကန်သည်ဟုယူဆသည်။ ၈။တိသန္တကဝင်နောက်ဆုံးပုဂ္ဂိုလ်ဖြစ်သော ဦးဝရသမ္ဗောဓိကမိမိပိုင်အချင်းဖြစ်ကျောင်းကိုစောဒက ဦးကောဝိဒါစာရအားပေးအပ်လှူဒါန်းခြင်းသည်ဝိနည်းတော်နှင့်ညီညွတ်၍အောင်မြင်ထမြောက်သည်။ ၉။ဦးကောဝိဒါစာရသည်ဓမ္မာစရိယနှစ်ကျမ်းအောင်ပုဂ္ဂိုလ်ဖြစ်ခြင်း၊ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းဆင်းလက်မှတ်ရပုဂ္ဂိုလ်ဖြစ်ခြင်း၊မဟာစည်ရိပ်သာ၌ဝိပဿနာတရားတို့ကိုကိုယ်တိုင်အားထုတ်ပွား များထားသူဖြစ်ခြင်း၊ ဆောင်=ဆယ်ဝါပြည့်တင်း ဝိဘင်းနှစ်ဖြာ ကမ္မာကမ္မ ♥♥♥ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင် ♥♥♥ကျောင်းထိုင်ငါးအင်္ဂါဟူသောကျောင်းထိုင် ဘုန်းကြီး(ပရိသပဌာပက)အင်္ဂါနှင့်ညီညွတ်ခြင်း၊ပိုင်ရှင်ဖြစ်သောဦးဝရသမ္ဗောဓိ၏ကိုယ်တိုင်လွှဲအပ်လှူဒါန်းမှုကို ခံယူရရှိသူဖြစ်ခြင်းတို့ကြောင့်စောဒကဦးကောဝိဒါစာရသည်သာအချင်းဖြစ်ကြောင်းကိုကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်ထိုက်သည်။ ဤသို့သောသုံးသပ်ချက်တို့ကိုအခြေခံ၍နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၂၀၀၂)အဖွဲ့ဝင် ဝိနည်းဓိုရ်ဆရာတော်များသည်ဖော်ပြလတ္တံပါအတိုင်း တစ်ညီတစ်ညွတ်တည်းဆုံးဖြစ်လိုက်သည်- [ဆုံးဖြတ်ချက်]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။လှည်းကူးမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၁) နှင့်ရန်ကုန်တိုင်းဝိနိစ္ဆယအဖွဲ့အမှတ်(၂/ ၂၀၀၁)တို့၏ ဆုံးဖြတ်ချက်တို့ကိုပယ်ဖျက်သည်။ ၂။အချင်းဖြစ်ကျောင်းသည်ဦးဝရသမ္ဗောဓိပိုင် (ပုဂ္ဂလိက)ကျောင်းဖြစ်သည်။ ၃။ဦးဝရသမ္ဗောဓိကိုယ်တိုင်လွှဲပြောင်းအပ်နှံခြင်းခံရသော (အန္တောသီမဋ္ဌက၊အင်္ဂယုတ္တ၊ဂုဏဝိသိဌဖြစ်သော) ဦးကောဝိဒါစာရသည်ယင်းကျောင်းကိုပဓာနနာယက ကျောင်းထိုင်ဘုန်းကြီးအဖြစ်ထိန်းသိမ်းစောင့်ရှောက် ရမည်။ ၄။စုဒိတကဦးတေဇသိရီ၊ဦးကဉ္စနနှင့်အပေါင်းပါပုဂ္ဂိုလ်တို့သည်အချင်းဖြစ်ကျောင်းတိုက်မှထွက်ခွာပေးရမည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့။ ၁။ဘဒ္ဒန္တနေမိန္ဒရ(သဘာပတိ) မြိုင်သာယာကျောင်းတိုက်၊ရွှေကူမြို့။ ၂။ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ(အဖွဲ့ဝင်) မင်းကျောင်းစာသင်တိုက်၊လွိုင်ကော်မြို့။ ၃။ဘဒ္ဒန္တကလျာဏ(အဖွဲ့ဝင်) ညောင်ပင်သာကျောင်းတိုက်၊ဗန်းမော်မြို့။ ၄။ဘဒ္ဒန္တဩဒါတသိရီဘိဝံသ(အဖွဲ့ဝင်) အဝေရာရာမရန်ကင်းကျောင်းတိုက်၊မန္တလေးမြို့။ ၅။ဘဒ္ဒန္တဩဘာသ(အဖွဲ့ဝင်) အောင်မင်္ဂလာကျောင်းတိုက်၊မိုးကောင်းမြို့။

                               ပြီးပါပြီ။
၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)
၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဂိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၅)

တောင်ငူမြို့၊၁၆-ရပ်ကွက်၊ကန်လမ်း၊တိုက်အမှတ်-၃၆၆ရှိ မြေညီထပ်၌ဖြစ်ပွားသောစည်ပင်ဂိုဏ်းအုပ်ကျောင်း ဆရာတော်ဦးဉာဏိန္ဒာလင်္ကာရနှင့်ဦးခင်မောင်ဆွေတို့၏ မြေညီထပ်တိုက်ခန်း၂-ခန်း-ဝိဝါဒါဓိကရုဏ်းမှုခင်း [တိုက်ခန်းအကြောင်းအရာနှင့်မှုခင်းဖြစ်စဉ်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

အချင်းဖြစ်တိုက်ခန်း၂-ခန်းသည်တောင်ငူမြို့၊၁၆-ရပ် ကွက်၊အရှေ့အနောက်ဖောက်လုပ်ထားသောကန်လမ်း၏ တောင်ဘက်တွင်မြောက်အရပ်သို့မျက်နှာမူ၍ဆောက် လုပ်ထားသော၂-ထပ်တိုက်၏အရှေ့ဘက်အစွန်မြေညီ ထပ်အခန်း၂-ခန်းဖြစ်သည်။အကျယ်(၁၈ပေx၃၆ပေ) ကျယ်ဝန်းသည်။ မြေစာရင်းအကွက်အမှတ်-၆၊ဦးပိုင်အမှတ်၁/၁၂ဧရိယာ (၀.၁၈၁)ဧကရှိဦးကျော်ထွန်းအမည်ပေါက်ပိုင်ဆိုင်သည့် ဂရမ်မြေကွက်ပေါ်တွင်တည်ရှိသည်။ အချင်းဖြစ်တိုက်ခန်း၂-ခန်းကိုပိုင်ရှင်ဒါယကာ ဦးကျော်ထွန်းကသက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်ဌာနတွင်မှတ်ပုံတင် လှူဒါန်းစာချုပ်ချုပ်၍တောင်ငူမြို့၊၇-ရပ်ကွက်စည်ပင်ဂိုဏ်းအုပ်ကျောင်းဆရာတော်ဦးဥာဏိန္ဒာလင်္ကာရအား ကျမ်းစာအုပ်များပုံနှိပ်ရေးအတွက်လိုအပ်သလိုအသုံးပြုရန်(၂၀-၁၁-၂၀၀၀)နေ့တွင်ဆွမ်းကျွေးတရားနာအလှူပွဲပြုလုပ်၍သံဃာတော်များ၊(ရယက)အဖွဲ့ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များရှေ့မှောက်၌ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ မှတ်ပုံတင်၍လှူဒါန်းပြီးနောက်၁-လကျော်၂-လနီးပါး အကြာတွင်(၈-၃-၀၂)ရက်နေ့ရက်ဖြင့်အလှူရှင်၏ရည် ရွယ်ချက်အတိုင်းသာသနာရေးဆိုင်ရာကိစ္စအဝဝကို ဆောင်ရွက်မည်ဖြစ်၍ပြောင်းရွှေ့ဖယ်ရှားပေးရန်(သို့) ဝယ်ယူပြီးနေထိုင်ပါရန်ဆရာတော်ဦးဉာဏိန္ဒာလင်္ကာရက ဦးခင်မောင်ဆွေကအားအသိပေးအကြောင်းကြားခဲ့သည် သို့သော်လည်းမူလစုဒိတကဦးခင်မောင်ဆွေသည်တုံ့ပြန်အကြောင်းကြားခြင်း၊ဆောင်ရွက်သင့်သည်ကိုဆောင် ရွက်ခြင်းမပြုဘဲနေထိုင်ခဲ့သည်။ နောက်ထပ်၅-လကျော်အကြာတွင်ဝိနည်းဓမ္မကံအဓိက ရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံး လုပ်နည်းများဥပဒေတို့အရတရားစွဲဆိုတော့မည်ဖြစ် ကြောင်း၂၀-၈-၂၀ဝဝရက်စွဲပါစာဖြင့်ထပ်မံအကြောင်း ကြားပါသော်လည်းမထူးခြားသဖြင့်မူလစောဒက ဦးဉာဏိန္ဒာလင်္ကာရကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့စောဒနာလွှာတင်သွင်းခဲ့ခြင်းကြောင့် ဤဝိဝါဒါဓိက ရုဏ်းမှုခင်းဖြစ်ပေါ်လာရပေသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ညွှန်ကြားချက်ဖြင့် ပဲခူးတိုင်း၊တိုင်းသံဃနာယကအဖွဲ့ဂိုဏ်းပေါင်းစုံ တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃/၀၃)ကိုဖွဲ့စည်းပေးအပ်ခဲ့သည်။ တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃/၀၃)ကဖော်ပြလတ္တံ့ပါအတိုင်းဆုံးဖြတ်တော်မူကြသည်။ [ဆုံးဖြတ်ချက်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)အငြင်းပွားဝတ္ထုဖြစ်သောတိုက်ခန်း (၂)ခန်းကို အလှူရှင်ဦးကျော်ထွန်း၏လှူဒါန်ခြင်း၊အလှူခံ- ဦးဉာဏိန္ဒာလင်္ကာရ၏အလှူခံခြင်းသည်သုဒိန္ဒ သုဂ်ဂဟိတမြောက်သည်။ တပည့်တော်၏ ဖခင်က ခွင့်မပြုဘဲ အိမ်လခပေး၍ အိမ်ရှင် အိမ်ငှားအဖြစ် နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ (၂)အငြင်းပွားဝတ္ထုတိုက်ခန်း၂-ခန်း၌နေထိုင်လျက်ရှိကြသောစုဒိတကဦးခင်မောင်ဆွေ(ပါ)ပုဂ္ဂိုလ်အားလုံးတို့ သည်ပိုင်ရှင်ဦးဉာဏိန္ဒာလင်္ကာရ၏ခွင့်ပြုချက်မရရှိပါက ပြောင်းရွှေ့ဖယ်ရှားပေးရမည်။ ယင်းဆုံးဖြတ်ချက်ကိုမူလစုဒိတကဦးခင်မောင်ဆွေက မကျေနပ်၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒနာလွှာတင်သွင်းခဲ့သည်။နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၂၂/၂၀၀၃)ကိုဖွဲ့စည်း၍စစ်ဆေးဆုံးဖြတ်စေခဲ့သော မှုခင်းဖြစ်သည်။ ထိုမှုခင်းတွင်မူလစောဒကဦးဉာဏိန္ဒာလင်္ကာရလိုချင်သောဆုံးဖြတ်ချက်မှာ- (က)တောင်ငူမြို့၊၁၆-ရပ်ကွက်၊ကန်လမ်း၊အကွက်အမှတ် (၆)၊ဦးပိုင်အမှတ်(ခ/၁၂)၊ဧရိယာ(၀. ၁၈၁)ဧကရှိ ဦးကျော်ထွန်းအမည်ပေါက် ဂရမ်မြေပေါ်မှတိုက်အမှတ် (၃၆၆)၏အရှေ့ဘက်အစွန်းမြေညီထပ်တိုက်ခန်း(၂)ခန်းသည်စောဒကဦးဉာဏိန္ဒာလင်္ကာရပိုင်တိုက်ခန်းများဖြစ်သည်။ (ခ)စုဒိတကဦးခင်မောင်ဆွေနှင့်အပေါင်းအပါတို့သည် အဆိုပါဦးဉာဏိန္ဒာလင်္ကာရပိုင်တိုက်ခန်း(၂)ခန်းမှ ရွှေ့ပြောင်းဖယ်ရှားကြရမည်ဟူသောအဆုံးအဖြတ်ကိုပေးပါရန်တောင်းခံခဲ့သည်။ ဦးကျော်ထွန်းကမြေကွက်နေရာရရှိသည့်အတွက်မူလကတိစကားအတိုင်းအပိုင်ပေးသည်ကိုဖခင်ကခွင့်မပြုဘဲ အိမ်လခပေး၍အိမ်ရှင်အိမ်ငြားအဖြစ်နေထိုင်ခဲ့ခြင်းဖြစ် ပါသည်။ တပည့်တော်တို့မှာစတင်ငှားရမ်းနေထိုင်စဉ်ကတည်းက အချင်းဖြစ်တိုက်ခန်း၌ပင်တစ်သက်လုံးနေထိုင်ရန် ရည်ရွယ်ခဲ့သည်ဟူသောဖော်ပြပါမူလစုဒိတက ဦးခင်မောင်ဆွေ၏စကားများအရသူ၏ဆန္ဒထုတ်ဖော် ရပါလျှင်အချင်းဖြစ်တိုက်ခန်း(၂)ခန်းကိုမူလကတိစကားအတိုင်းအပိုင်ပေးပါသည်။ သို့သော်လည်းဖခင်ကြီးဦးခင်စိန်ကအခမဲ့နေခွင့်မပြုသောကြောင့်အိမ်လခပေး၍တစ်သက်လုံးအချင်းဖြစ်အခန်းမှာနေထိုင်ရန်ရည်ရွယ်ပါသည်၊ထိုရည်ရွယ်ချက်အတိုင်းအချင်းဖြစ်အခန်း၌နေထိုင်ခွင့်ရှိသည်ဟူသော အဆုံးအဖြတ်ကိုပေးပါဟုတောင်းဆိုလိုခြင်းဖြစ်သည်။ ဖော်ပြပါမူလစောဒကနှင့်မူလစုဒိတကတို့သည်တောင်း ဆိုချက်တို့ကိုအသီးသီးတောင်းဆိုခဲ့ကြသည်။သို့သော် တောင်းဆိုတိုင်းနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကအဆုံးအဖြတ်ကိုပေးနိုင်ကြမည်မဟုတ်ပေ။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်- အသမ်ပတ်တံ န ဗြာဟာတဗျဗံ၊သမ်ပတ်တံ ဓမ်မတော ဝိနယတော န ပရိဟာပတေဗျဗံ၊ယနေ ဓမျမနေ ယနေ ဝိနယနေ ယနေ သတ်ထုသာသနနေ တံ အဓိကရဏံ ဝူပသမမြတိ၊တထာ တံ အဓိကရဏံ ဝူပသမတေံ။ (ဝိ-၅၊ ၂၉၀)ဟူသောပါဠိတော်နှင့်အညီသံဃာ့မျက် မှောက်မရောက်သေးသည့်တာဝန်ကိုမထမ်းဆောင်အပ်၊မထမ်းဆောင်သင့်၊ကောင်းစွာဆိုက်ရောက်လာသည့်တာဝန်များကိုလည်းဓမ္မဝိနယသတ္ထုသာသနမှမယုတ် လျော့စေအပ်၊မယုတ်လျော့စေသင့်၊စင်စစ်အားဖြင့် ဓမ်မဝိနယသတ်ထုသာသနာဖွငျ့သာဝိနညျးဓမ်မကံအဓိက ရုဏ်းမှုခင်းကိုငြိမ်းစေခြင်းငှာထိုက်တန်သောကြောင့် - ဝိနည်းဓမ်ကံအဓိကရုဏ်းမှုခင်းကိုသုံးသပ်ဆုံးဖြတ်ရာ၌ ဝိနည်းဓိုရ်ဆရာတော်များလိုက်နာဆောင်ရွက်ရန်နည်းလမ်းညွှန်ပြဆိုဆုံးမတော်မူသောမြတ်စွာဘုရား၏အဆုံး အမဩဝါဒဝိနယနယူပဒေသတို့ကိုအဖန်ဖန်အထပ်ထပ် ကြည့်ရှုဆင်ခြင်လျက်ပဲခူးတိုင်း၊တောင်ငူမြို့၊၁၆ရပ် ကွက်၌ဆောက်လုပ်ထားသော(၂)ထပ်တိုက်အရှေ့ဘက်အစွန်းမြေညီထပ်အခန်း(၂)ခန်း၌ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်း၌- (၁)ဦးကျော်ထွန်းသည်အချင်းဖြစ်တိုက်ခန်း(၂)ခန်း၏ တည်ရာတိုက်အမှတ်(၃၆၆)ကိုတစ်ဦးတည်းပိုင်ဆိုင်မှု ရှိ/မရှိ။ (၂)ဦးကျော်ထွန်းကဆရာတော်ဦးဉာဏိန္ဒာလင်္ကာရအား လှူဒါန်းခြင်းသည်မြတ်စွာဘုရား၏ဝိနည်းစည်းကမ်း၊ ဝိနည်းဥပဒေတော်နှင့်ညီညွတ်စေလျက်သုဒိန်န၊ သုဂ္ဂဟိတမြောက်လှူဒါန်းမှုဖြစ်/မဖြစ်။ (၃)မူလစုဒိတကဦးခင်မောင်ဆွေ၏လိုအင်ဆန္ဒသည် တရားတော်နှင့်ညီညွတ်ရှိ/မရှိ- ဟူသောအချက်အလက်တို့ကိုအဖန်ဖန်အထပ်ထပ် လေ့လာသုံးသပ်ကြပြီးလျှင်နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးများသည်ပဲခူးတိုင်း၊တောင်ငူမြို့၊(၁၆)ရပ် ကွက်၌ဆောက်လုပ်ထားအပ်သော(၂)ထပ်တိုက်အရှေ့ဘက်အစွန်းရှိမြေညီထပ်အခန်း(၂)ခန်း၌ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်းကိုယထာဘူတဓမ္မဝိနယအားဖြင့်ပြီး ပြတ်ငြိမ်းအေးစေရန်ရည်စိတ်သန်၍သတိသမ္ပဇဉ်အမြဲယှဉ်ပြီးလျှင်အကြိမ်ကြိမ်အဖန်ဖန်နှိုင်းချိန်ကြကုန်လျက် ဘုရားရှင်၏မျက်နှာတော်ကိုသာရှုမျှော်ကြကာအဂတိ လေးပါးမလိုက်စားကြပဲသုံးသပ်ဆုံးဖြတ်ကြကုန်အံ့။ ။ (၁)ဦးကျော်ထွန်းသည်အချင်းဖြစ်တိုက်ခန်း(၂)ခန်း၏ တည်ရာတိုက်အမှတ်(၃၆၆)ကိုတစ်ဦးတည်းပိုင်ဆိုင်မှု ရှိ/မရှိ။ [တိုင်းဝိနိစ္ဆယအဖွဲ့၏စစ်ဆေးချက်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

သဘာပတိမေး=အချင်းဖြစ်တိုက်ခန်းများကိုဒကာကြီးတစ်ဦးတည်းပိုင်ဆိုင်တယ်လို့ဆိုထားပါတယ်၊ပိုင်ဆိုင်ပုံကိုအကျဉ်းချုပ်ပြောပြပါ။ စောပြ(၁)ဖြေ=ဗိုလ်ကြီးမောင်မောင်ကဒီနေရာမြေလွတ်နေတယ်၊ဂရန်လျှောက်ပါလာပြောသဖြင့်တပည့်တော် ဂရန်လျှောက်ပါသည်၊ဒေါ်စိန်၊နောက်ပြီးချစ်တီးကုလားတွေနဲ့ပြိုင်ပြီးလျှောက်ရတာပါ၊ခရိုင်မှာတပည့်တော် အနိုင်ရပါတယ်၊တိုင်းမှာရှုံးပါတယ်၊ဗဟိုဘဏ္ဍာတော် မင်းကြီးရုံးရောက်မှတပည့်တော်နိုင်ပါတယ်၊တပည့်တော် ဂရန်ရတော့မှဒီတိုက်ကြီးကိုတပည့်တော်ဆောက်လုပ်ခဲ့ ပါတယ်ဘုရား။ သဘာပတိမေး=ဒကာကြီးမှာအမွေဆက်ခံမယ့် သားသမီးရှိပါသလား။ စောပြ(၁)ဖြေ=မရှိပါဘုရား။ သဘာပတိမေး=တိုက်ခန်းများလှူဒါန်းတဲ့အချိန်မှာ ဇနီးစတဲ့ပူးတွဲပိုင်ဆိုင်မှုများကောရှိပါသလား။ စောပြ(၁)ဖြေ=မရှိပါဘုရား၊၁၉၉၇ခုနှစ်ကဇနီးဆုံးသွားပါပြီဘုရား။ သဘာပတိမေး=အမွေဆိုင်ပုဂ္ဂိုလ်များကောရှိပါသလား။ စောပြ(၁)ဖြေ=မရှိပါ၊တပည့်တော်တစ်ဦးတည်း ပိုင်ပါဘုရား။ အထက်ဖော်ပြပါအမေးအဖြေတို့တွင်အဖြေစကားရပ်များသည်အချင်းဖြစ်တိုက်ခန်း(၂)ခန်းကိုလှူဒါန်းသူအလှူရှင်ဒကာကြီးဦးကျော်ထွန်းကိုယ်တိုင်တိုင်းသံဃ ဝိနိစ္ဆယရုံးတော်တွင်ထွက်ဆိုချက်များဖြစ်ပေသည်။ ကိုယ်တိုင်မြေဂရန်ရအောင်ပြုလုပ်၍ထိုဂရန်ရမြေလွတ်ပေါ်တွင်(၂)ထပ်တိုက်ကြီးကိုဆောက်လုပ်ခဲ့ပါသည်။ အမွေဆက်ခံမည့်သူ့သားသမီးမရှိပါ၊၎င်းတိုက်တွင် အရှေ့အစွန်း၌တည်ရှိသောတိုက်ခန်း(၂)ခန်းကိုလှူဒါန်းတဲ့အချိန်မှာဇနီးစတဲ့ပူးတွဲပိုင်ဆိုင်သူနှင့်အမွေဆိုင်ပုဂ္ဂိုလ်များလည်းမရှိပါ၊တပည့်တော်တစ်ဦးတည်းပိုင်ပါသည်ဟု အလှူရှင်ဒါယကာဦးကျော်ထွန်းကတိတိကျကျထွက်ဆိုလျှောက်ထားသည်။ ထိုသို့ရုံးတော်တွင်ထွက်ဆိုချိန်၌မျက်မှောက်အထင် အရှားရှိနေသောဦးခင်မောင်ဆွေသည်ဦးကျော်ထွန်း၏ ထွက်ဆိုချက်ကိုခိုင်လုံသောသက်သေသာဓကပြ၍ ငြင်းဆိုနိုင်ခြင်းမရှိခဲ့ချေ။ဦးကျော်ထွန်းကမြေနေရာရရှိသည့်အတွက်မူလကတိစကားအတိုင်းအပိုင်ပေးသည်ကို တပည့်တော်၏ဖခင်ကခွင့်မပြုဘဲ၊အိမ်လခပေး၍အိမ် ရှင်အိမ်ငှားအဖြစ်နေထိုင်ခဲ့ခြင်းဖြစ်ပါသည်ဟုမူလ စုဒိတက၏သောဓနာလွှာ၌မူလစုဒိတကအားအပိုင်ပေး ထားသည်ဟုသောဓနာထားသည်ကိုတွေ့ရပေသည်။ သဘာပတိဆရာတော်ကြီးကအပိုင်ပေးမည်ဟုကတိပေးခဲ့ကြောင်း၊ခိုင်လုံတဲ့သက်သေအထောက်အထားများ ရှိပါသလားဟုမေးသောအခါ၌မူဦးခင်မောင်ဆွေက ရှိပါတယ်၊အခုတော့သေကုန်ကြပါပြီဟူ၍သေသူများကို သက်သေညွှန်ပြနေပေသည်။သေသူကားသက်သေပေးသော်လည်းသက်သေအရာမမြောက်ပါချေ။ ထို့ပြင်မူလစောဒကပြသက်သေ(၁)၏ထွက်ဆိုချက်များကိုဖော်ပြပါဦးမည်- မူလစောဒကပြန်မေး=ဒကာကြီးဦးကျော်ထွန်းက ဦးခင်မောင်ဆွေအားတိုက်ခန်းအပိုင်ပေးမယ်လို့ကတိပေးခဲ့တဲ့ကိစ္စရှင်းလင်းသွားစေရန်စောဒကသက်သေ ဦးကျော်ထွန်းအားဟုတ်/မဟုတ်မေးမြန်းပေးတော်မူပါဘုရား။ သဘာပတိမေး=ဒကာကြီးဦးကျော်ထွန်းတိုက်ခန်းပေးမယ်လို့ကတိပေးခဲ့တယ်ဆိုတာဟုတ်/မဟုတ်ဖြေကြားပေးပါ။ စော/ပြဦးကျော်ထွန်းဖြေ=ကတိပေးခဲ့တာမဟုတ်ပါဘုရား၊ဦးခင်မောင်ဆွေအနေနဲ့၎င်း၏ဖခင်(ခရိုင်ဝန်)ထံ ပြောပြကူညီခဲ့တာအမှန်ပါ၊ဒီလိုကူညီတဲ့အတွက် (ပြောရမှာတော့ရှက်စရာပါဘုရား)ဦးခင်မောင်ဆွေကို တပည့်တော်ငွေပေးခဲ့ရပါတယ်။ ဦးခင်မောင်ဆွေကများပြားပါတယ်ဆိုပြီးတပည့်တစ်ချို့တစ်ဝက်ပြန်ပေးပါတယ်ဘုရား၊သူကူညီတဲ့အတွက်တပည့်တော်ကျေးဇူး ဆပ်ပြီးပါပြီ၊ ဦးခင်မောင်ဆွေကထီရောင်းချချင်တယ် ဆိုပြီးခွင့်တောင်းလာလို့တပည့်တော်ခွင့်ပေးခဲ့တာပါ ဘုရား။ စုဒိတကပြန်ဖြေ=ဒါတွေပြောနေစရာမလိုပါဘုရား။ အထက်ဖော်ပြပါစစ်ဆေးချက်စကားများ၏အဓိပ္ပာယ်မှာ-ဦးကျော်ထွန်းကစုဒိတကဦးခင်မောင်ဆွေအား အိမ်ခန်းများကိုအပိုင်ပေးရန်ကတိမပြုခဲ့ပါ၊အိမ်ဂရန်ရဖို့ရန်အကူအညီပေးသည့်အတွက်ငွေများပေး၍ကျေးဇူး ဆပ်ပြီးပါပြီ၊ဂရန်မြေရပြီး(၂)ထပ်တိုက်ဆောက်ပြီးသော အခါမှာဦးခင်မောင်ဆွေကထီရောင်းချချင်တယ်ဆိုပြီး နေခွင့်တောင်းလာလို့ တပည့်တော်ကသူ့အားနေထိုင်ခွင့်ပေးခဲ့ပါသည်။အိမ်ခန်းများကိုအပိုင်ပေးခြင်းမဟုတ်ပါဟုဦးကျော်ထွန်းကရုံးတော်တွင်ထွက်ဆိုခဲ့သည်။ စုဒိတကဦးခင်မောင်ဆွေပြန်ဖြေသောစကား၌ဒါတွေပြောနေစရာမလိုပါဘုရားဟူသောဦးခင်မောင်ဆွေစကားထဲမှာအဓိပ္ပာယ်များစွာပါရှိနေပေသည်။ဤစကားဖြင့် ဦးကျော်ထွန်းပြောစကားများသည်အားလုံးမှန်ကန်ပါ သည်ဘုရားဟုဝန်ခံရာရောက်သည်။ မြေဂရန်ရရှိရန်ကြိုးစားစဉ်ကတပည့်တော်တို့နှစ်ဦးသာ သိသင့်ကြသည့်လျှို့ဝှက်ချက်တွေညောင်မြစ်တူးပုတ် သင်ဥပေါ်ဆိုသောမြန်မာစကားပုံကဲ့သို့အားလုံးပေါ်ကုန် ပါလိမ့်မည်၊ဒါတွေကိုနောက်ကြောင်းလှန်ဖော်ပြရန်မလို တော့ပါဘုရားဟုလျှောက်တင်လိုခြင်းဖြစ်သည်။ ဖခင်ကြီးမှာကြားချက်အရစတင်နေထိုင်သည့်၁၉၆၂ ခုနှစ်ခန့်ကဆိုင်လခ(၁၂၆/-)ပေး၍အိမ်ရှင်အိမ်ငှားအဖြစ်သာနေထိုင်ကြောင်း၁၉၉၀ခုနှစ်တွင်လခ(၂၅ဝိ/-)၊၁၉၉၁ ခုနှစ်၊(၃)လပိုင်းမှစ၍လခ(၅၀ဝိ/-)၊၁၉၉၅ခု၊(၂)လပိုင်းမှစ၍လခ(၁ဝဝဝိ/-)၊၁၉၉၉ခုနှစ်(၆)လပိုင်းမှစ၍(၁၅ဝဝိ/-) ကိုအခန်းလခပေးခဲ့သည်။ ၁၉၉၉(၇)လပိုင်းမှစ၍ပိုင်ရှင်ဦးကျော်ထွန်းကခေတ် ကာလပေါက်သည့်အိမ်ငှားခတန်ကြေးမပေး၍လက်မခံ တော့ကြောင်းပြောကြားခဲ့သည်။ပိုင်ရှင်လက်မခံသော အခါထေထွေ/အုပ်ဦးစီးဌာနသို့အိမ်ငှားရမ်းခတစ်လ (၁၅ဝဝိ/-)နှုန်းဖြင့်ဦးခင်မောင်ဆွေကပေးသွင်းခဲ့သည်။ (၁၀-၁၁-၉၉) ခုနှစ်တောင်ငူမြို့တွင်အိမ်ငှားခပေါက်ဈေးမှာစဘော်(၂)သိန်းခွဲ၊တစ်လငှားခ(၁ဝဝဝဝိ/-)ကျပ်ဖြစ်သည်။ ၁၉၆၂ခုကပေးခဲ့ရသောအိမ်ငှားခတစ်လ(၁၂/-)ဖြစ်သော်လည်းဆန်ပြည်ပေါင်း(၂၅၀)ဝယ်၍ရနိုင်သည်။ ၁၉၉၉ခုနှစ်အိမ်လခ(၁ဝဝဝဝိ/-)ကျပ်၊စဘော်(၂)သိန်းခွဲ မှာဘဏ်အတိုးနှုန်းတစ်လ(၂၅၀ဝိ/-)ခန့်နှင့်ပေါင်းလျှင် အိမ်ရှင်မှာ(၁၂၅ဝဝိ/-)ကျပ်ရနိုင်သည်။၎င်းငွေဖြင့် ဆန်ပြည်ပေါင်း(၅ဝ)ပြည်သာဝယ်၍ရနိုင်သည်ကို သတိပြု၍နှစ်ဦးနှစ်ဝညှိနှိုင်းပြီးပြေလည်သင့်သည်ကို ပြေလည်အောင်မပြုနိုင်ခဲ့ကြချေ။ မူလစုဒိတကဦးခင်မောင်ဆွေသည်၁၉၆၂ခုနှစ်မှစတင်နေထိုင်လာသည်ဖြစ်၍နှစ်ပေါင်း(၃၀)ကျော်(၄၀)နီးပါး နေထိုင်လာရကား ဆောင်=ဝတ္ထုကာမ သဘာ၀ကား ကာလရှည်ကြာ ♥♥♥သုံးမိပါက သူ့ဟာကိုပင် ကိုယ့်ဟာထင်၏ ဟူသောပညာရှိတို့၏နီတိစကားနှင့်အညီကြာကြာနေထိုင်လာခဲ့သဖြင့်ကိုယ့်ဟာထင်၍ငါပိုင်သည်ဟုပြောသည်မှတပါးအခြားအကြောင်းမရှိနိုင်ချေ။ ထို့ကြောင့်အန္တဉာဏိန္ဒာလင်္ကာရအားမလှူဒါန်းမီရှေးအခါ ၌အချင်းဖြစ်တိုက်ခန်း(၂)ခန်းကိုဦးကျော်ထွန်းတစ်ဦးတည်းသာပိုင်ဆိုင်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာ တော်ကြီးများကတညီတညွတ်တည်းသုံးသပ်တော် မူကြသည်။ ၂။ဦးကျော်ထွန်းကဆရာတော်ဦးဥာဏိန်ဒါလင်္ကာရအား လှူဒါန်းခြင်းသည်မြတ်စွာဘုရား၏ဝိနည်းစည်းကမ်း ဥပဒေနှင့်ညီညွတ်စေလျက်သုဒိန်န၊သုဂ်ဂဟိတမြောက် လှူဒါန်းမှုဖြစ်/မဖြစ် [သက်သေခံလှူဒါန်းစာချုပ်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ယနေ့ကောဇာသက္ကရာဇ်(၁၃၆၃)ခုနှစ်၊ပြာသိုလဆန်း-၅ ရက်နေ့ခရစ်သက္ကရာဇ်၂၀၀၂ခုနှစ်၊ဇန်နဝါရီလ(၁၈)ရက်နေ့တွင်တောင်ငူမြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ လှူဒါန်းစာချုပ်ကိုချုပ်ဆိုကြပါသည်။ချုပ်ဆိုသည်မှာ- ဆက်ကပ်လှူဒါန်းသူ=ဦးကျော်ထွန်း (ဘ) ဦးလှဘော် အမျိုးသားမှတ်ပုံတင်အမှတ်၊ တီဗွီ-၀၁၇၃၉၂ အမှတ်(၃၆၆)ကန်လမ်း(၁၆)ရပ်ကွက် တောင်ငူမြို့၊ ပဲခူးတိုင်း။ ဆက်ကပ်လှူဒါန်းခြင်းကိုအလှူခံသူ= ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရ သာသနာဝင်အမှတ်၊အမှတ်စဉ် ၇/ဇာန(သ)၀၀၀၁၈၄၈ စည်ပင်ဂိုဏ်းအုပ်ပရိယတ္တိစာသင်တိုက်၊(၇)ရပ်ကွက်၊ တောင်ငူမြို့ ပဲခူးတိုင်း။ နေ့စွဲ= အထက်ဖော်ပြပါဒါယကာဦးကျော်ထွန်းသည် အောက်ဇယားတွင်သေချာစွာဖော်ပြထားသောပစ္စည်း အရပ်ရပ်တို့ကို(၎င်းတစ်ဦးတည်းသာ)တရားဝင်ပိုင်ဆိုင်ခဲ့သောပိုင်ရှင်ဖြစ်ပါသည်။ အောက်ပါဇယားတွင်သေချာစွာကျနစွာဖော်ပြထားသော ဂရုဘဏ်စသည်ထိုက်သောပစ္စည်းအရပ်ရပ်နှင့်ပိုင်ဆိုင် ခွင့်စာချုပ်အရပ်ရပ်တို့ကိုဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရအားအလှူရှင်ဒါယကာဦးကျော်ထွန်းကပုဂ္ဂလိက၊ သာဟတ္ထိကဒါနမြောက်အောင်လှူဒါန်းပါကုန်၏။ (ဒါန်းပါ၏)အရှင်ဘုရား။ လက်မှတ် [လှူဒါန်းစာချုပ်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တပည့်တော်က-ပိုင်ဆိုင်ခွင့်စာချုပ်အရပ်ရပ်အရဥယျာဉ် ဝတ္ထုအစုစုတို့ကိုကျေးဇူးရှင်ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရအားကပ္ပိယနဝကမ္မကိုပြုစိမ့်သောငှါအာလယ ပြတ်စွန့်လွှတ်လျက်သုဒိန္နမြောက်အောင်လက်ရောက်ဆက်ကပ်လှူဒါန်းပါကုန်၏(ပါ၏)အရှင်ဘုရား၊ကျေးဇူး ရှင်အရှင်မြတ်ကမေတ္တာရှေ့ထားသနားသောအားဖြင့် အလှူခံတော်မူမည့်အကြောင်းခြေတော်ဦးခိုက်လျောက် ထားခဲ့ပါသည်ဘုရား။ [အလှူခံယူခြင်း]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

“ဣတ်ထန်နာမဿ ဒေမိ၊ဒဒါမိ၊ဩဇေမိ၊ ပရိစ္စဇာမိ(ပ)ဒိန်နံယေဝ ဟောတိဒါယကာဦးကျော်ထွန်းက-လှူဒါန်းသောအရံဥယျာဉ်ဝတ္ထုအစုစုတို့ကို အလှူခံရယူပါ၏။လကခွံပါ၏။ အကျွန်ုပ်ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရသည် အောက်ဇယားတွင်သေချာစွာဖော်ပြထားသောပစ္စည်းအရပ်ရပ်စာချုပ်စာတမ်းများအရံဥယျာဉ်ဝတ္ထုအစုစုတို့ကိုတပည့်ဒါယကာ၏စေတနာကိုငဲ့ကွက်၍သာသနာတော်လုပ်ငန်းအတွက်သုဂ္ဂဟိတမြောက်၊ပုဂ္ဂလိကအဖြစ် လက်ရောက်အလှူခံပါ၏။၂ဦးလက်မှတ် [လှူဒါန်းစာချုပ်နှင့်လှူဒါန်းသည့်ပစ္စည်းစာရင်းဇယား]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

တောင်ငူမြို့(၁၆)ရပ်ကွက်၊ကန်လမ်း၊မြေစာရင်းအမှတ် (၆)၊ဦးပိုင်အမှတ်ခ/၁၂ဧရိယာ(၀.၁၈၁)ဧကရှိ ဦးကျော်ထွန်းအမည်ပေါက်ပိုင်ဆိုင်သည့်ဂရန်မြေပေါ်တွင်ဆောက်လုပ်ထားသော(၅၄+၃၆)ပေရှိကန်လမ်းဘက်သို့မျက်နှာမူထားသောတိုက်အမှတ်-၃၆၆၊နှစ်ထပ်တိုက် ၏အရှေ့ဘက်အစွန်မြေညီထပ်တိုက်ခန်း(၂)ခန်း (၁၈ ပေx၃၆ ပေ)အခန်းများနှင့်၎င်းအခန်းနှင့်ပတ်သက် သောအကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ဖြစ်ပါသည်။ (ပူးတွဲပါအိမ်ပုံစံတွင်ဖော်ပြထားသော(အေ)(ဘီ)(စီ)(ဒီ) အတွင်းရှိအခန်းများ) ၁။အသိသက်သေများ ဦးမောင်မောင်ရှင် မှတ်ပုံတင်အမှတ် ၇/တငန(နိုင်)၀၁ ၂၉၇၉ နေရပ်လိပ်စာ ဦးမောင်မောင်ရှင် တရားရုံးချုပ်ရှေ့နေ(၁၈၅၆) ဘီ-အေ-အလ်အေဒဗလျုအလ်အလ်ဘီ ၄/၆၇၊ဦးပန်းဖြူလမ်း၊တောင်ငူမြို့ (ဘဒ်ဒန်တဥာဏိန္ဒာလင်္ကာရ) အလှူခံသူ ၂။ဦးကျော်လှ မှတ်ပုံတင်အမှတ်၊ပီအာယူ၁၃၆၁၁၀ နေရပ်လိပ်စာ- ဦးကျော်လှ(သတင်းထောက်)သမာဓိစတိုး (ကျော်ထွန်း) လှူဒါန်းသူ ကုန်သည်ကြီးလမ်း၊တောင်ငူမြို့။ ၂၀၀၂-ခုနှစ်၊စာချုပ်အမှတ်၉စာချုပ်စာတမ်းမှတ်ပုံတင် စာအုပ်အမှတ်-၁-အတွဲ-၆-နှာ၊စာအမှတ်-၃၄၁-တွင် မှတ်ပုံတင်ထားသည်။ ဦးစီးအရာရှိမြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်ဌာန၊ တောင်ငူမြို့ [တိုက်ခန်းလှူစာချုပ်ကိုစိစစ်သုံးသပ်ခြင်း]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

အထက်ဖော်ပြပါစာချုပ်တွင်-အောက်ဇယားတွင်သေချာကျနစွာဖော်ပြထားသောဂရုဘဏ်စသည်ထိုက်သော ပစ္စည်းအရပ်ရပ်နှင့်ပိုင်ဆိုင်ခွင့်စာချုပ်အရပ်ရပ်တို့ကို ဟူသောစကားရပ်ဖြင့် ဣဒံ တုယှံ ဒမေီတိ ဝဒတီတိ ဣဒံ တိဝင်ျဂသမ်ပန်နံ ဒါနလက္ခဏံ ဟောတီတိ ယောဇနာ။တတ္ထ ဣဒန္တိ ဒေယျဓမ္မနိဒဿနံ၊တုယှန္တိ ပဋိဂ္ဂါဟကနိဒဿနံ၊ ဒေမီတိဒါယကနိဒဿနံ။ဟူသောဝိနယာလင်္ကာရဋီကာ၊ ပဌမ၊၁၅၆နှင့်အညီဒေယျဓမ္မနိဒဿနလှူဘွယ်ဝတ္ထု ပစ္စည်းကိုပြ၏။ ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရအားဟူသောသမ္မဒါန်စကားရပ်ဖြင့်ပဋိဂ်ဂါဟကနိဒဿနအလှူခံပုဂ္ဂိုလ်ကို ပြ၏။ လှူဒါန်းပါကုန်၏အရှင်ဘုရားဟူသောစကားရပ်ဖြင့် ဒါယကနိဒဿနတိုက်ခန်းလှူဒါန်းသူဒါယကာကိုပြ၏၊ ဤသို့ဒေယျဓမ္မဝတ္ထု၊ပဋိဂ်ဂါဟက၊ဒါယကာဟူသော အင်္ဂါ(၃)ပါးနှင့်ပြည့်စုံစေလျက်ပေးလှူဒါန်းသော အလှူသည်တိဝင်္ဂသမ္ပန္နဒါနလက္ခဏာရှိသောအလှူဒါနမည်၏။ ဤသို့ဒါနလက္ခဏာနှင့်ညီညွတ်စေလျက်ပေးလှူခြင်းသည်သုဒိန္နမြောက်အောင်ပေးလှူဒါန်းသည်မည်၏။ တတှိဒံ ဒါနလကခှဏံ-ဣဒံ တုယှံ ဒမေိ ဒဒါမိ ဒဇဇှာမိ ဩဏာဇမေိ ပရိစ်စဇာမိ ဝိသဇ်ဇာမီတိ ဝါ “ဣတ်ထန်ဒာမဿဒမေိ(ပ)ဝိဿဇ်ဇာမီတိ ဝါ ဝဒတိ၊ သမ္မုခါ ပရခါပိ ဒိန္နံယေဝ ဟောတိ”(ဝိ၊သင်္ဂဟ-၇ဝ) ဟူသောအဋ္ဌကထာ၌-သမ္ဗုခါ ပရမ္မခါပိ ဒိန်နံယေဝ ဟောတိဟူ၍ဆိုသောကြောင့်လည်းကောင်း၊ ဣတျထနျနာမဿ ဒမျမီတိ ပန ပစ်စုပ်ပနျနတ်ေထ ပဝတ်တာယ ဝတ်တမာန ဝိဘတ်တိယာ ဝုတ်တတ်တာ တတော ပဌာယ ပဋိဂ္ဂါဟကဿဝ သန္တကံ ဟောတိ၊ [ဝိ၊သင်္ဂဟ၊ဋီ-၁၊၁၅၇]၌ဆိုသောကြောင့်လည်းကောင်း၊ သုဂ္ဂဟိတမြောက်ပြီးဖြစ်သည်၊အလှူခံကယူပါ၏။ လက်ခံပါ၏-ဟုနှုတ်ဖြင့်မယူသော်လည်းအလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်ပြီးဖြစ်နေပေသည်။ ထို့ကြောင့်(ဝိ၊ သင်္ဂဟ-၇၀)၌ဣတ္ထန္ဒာမဿ ဒမ္မီတိ ဒိန္နံ ပန ယဿ ပဟိယတိ တဿ သန္တကံဟုမိန့်တော်မူသည်။ သို့သော်လည်းဤတိုက်ခန်းလှူဒါန်းစာခုပ်ကားအပေး အယူ(၂)မျိုးလုံးပါရှိသည်၊မြဲရာသံပတ်ဟူသကဲ့သို့ မှတ်ရပေမည်။ [စကား(၂)ရပ်တစ်ထပ်တည်းနှီးနှောပုံကိုနှိုင်းယှဉ်ခြင်း]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စာချုပ်ပါ (က)အောက်ဇယားတွင်သေချာကျနစွာဖော်ပြထားသော ပစ်စည်းအရပ်ရပ်နှင့်ပိုင်ဆိုင်ခွင့်စာချုပ်အရပ်ရပ်တို့ကို (ခ)ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရအား (ဂ)လှူဒါန်းပါကုန်၏ဟူသောမြန်မာစကားနှင့် အဋ္ဌကထာလာ(က)ဣဒံ(ခ)တုယှံ(ဂ)ဒေမိဟူသော ပါဠိစကားရပ်တို့သည်အဓိပ္ပာယ်အားဖြင့်၊ဝါ၊ဒါနလက်ခ ဏာကိုပြသောအားဖြင့်တူညီကြပေသည်။ တုယှံဒေမိဟုနှုတ်ဖြင့်ဆိုကာဂတ်တမာန်ဝိဘတ်တျန္တပုဒ်ဖြင့်မျက်မှောက်ပေးလှူရာ၌အာလယပြတ်စွန့်လှူသော ကြောင့်လှူဖွယ်ပစ္စည်းကိုစိတ်ဖြင့်မခံယူသော်လည်းအလှူခံပုဂ္ဂိုလ်၏ဥစ္စာဖြစ်သည်။အလိုရှိရာအချိန်အခါ၌ ရယူနိုင်သည်။ထို့ကြောင့်ဝိမတိဋီကာ၌ တုယှံ ဒေမီတိအာဒီသု ပရိစ္စတ်တတ်တာ မနသာ အသမ္ပဋိစ္ဆန္တေပိ သမ်ပဒါနဘုတသေဝ သန္ထတံ ဟောတိ၊ သော ဣစ်ဆိတက္ခဏေ ဂဟေတုံ ဝတ္တတိ(ဝိ၊၃၁၇)ဟု မိန့်ဆိုတော်မူ၏။ ဤအမှုတွဲတွင်ပါရှိသောမှတ်ပုံတင်စာချုပ်ဖြင့် ဦးကျော်ထွန်းကဘဒ္ဒန္တဉာဏိန္ဒာလင်္ကာတိုက်ခန်း(၂)ခန်းကိုဝိမတိ၊ဋီကာ(၁+၃၁၇)လာနည်းအတိုင်းပေးလှူဒါန်းထားသောလှူပြီးသောနေ့မှစ၍ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရဆရာတော်သည်ပုဂ္ဂလိကတိုက်ခန်းအဖြစ်အပိုင်ရသူ ဖြစ်နေပေသည်။ ထိုသို့အလှူရှင်ကလှူ၍ရထားသောတိုက်ခန်းများကို အငှားနေသူလည်းမပိုင်ဆိုင်ငှားနေသူ၏မိသားစုများလဲ မပိုင်ဆိုင်စကားကုန်ပြောရပါလျှင်လှူဒါန်းထားသော တိုက်ခန်း(၂)အလှူရှင်ဦးကျော်ထွန်းလည်းပိုင်ဆိုင်မှုမရှိ၊ ၎င်းတိုက်ခန်းအပေါ်၌စီမံခန့်ခွဲခြင်းကိစ္စကိုမပြုလုပ်နိုင်တော့ချေ။ထို့ကြောင့်ဝိနယာလင်္ကာရဋီကာ၌- သံဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါ ဒိန်နကာလတော ပဌာယ သံဃာဒယော ပဋိဂ္ဂါဟကာ ဧဝ ဝိစာရေတုံ ဣဿရာ၊န ဒါယကော၊(ဝိ၊ လင်၊ ဋီ-၂၊ ၅၈)ဟူ၍ မိန့်ဆိုတော်မူ၏။ ဦးကျော်ထွန်းတိုက်ခန်းအလှူရှင်ဒကာကြီးကမှတ်ပုံတင်စာချုပ်ချုပ်၍လှူဒါန်းခြင်းတစ်မျိုး၊ဆွမ်းကပ်ပွဲကျင်းပရေစက်ချ၍လှူဒါန်းခြင်းတစ်ဖုံမျိုးစုံပြုလုပ်၍ မူလစောဒကဆရာတော်ဦးဥာဏိန်ဒါလင်္ကာရအား သုဒိန်န၊သုဂ္ဂဟိတမြောက်ဝိနည်းတရားတော်နှင့်အညီ လှူဒါန်းထားသည်မှာမှန်ကန်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ် (၂၂/၂၀၀၃)အဖွဲ့ဆရာတော်ကြီးများကတစ်ညီတစ်ညွတ်တည်းသုံးသပ်တော်မူကြသည်။ ဒါနန်တိ အတ္တနော သန္ကဿ စီဝရာဒိပရိက္ခာရဿ သဒ္ဓိဝိဟာရိကာဒီသု ယဿ ကဿစိ ဒါနံ။(ဝိ၊သင်္ဂဟ-၇ဝ) ဟူသောဝိနည်းတရားတော်၊တိဏ္ဏံ သမ္မုခီဘာဝါ ကုသလံ ဟောတီတိ စ။(ဝိ၊ သင်္ဂဟ၊ ဋီ-၁၊ ၁၅၆)ဟူသော တရားတော်တို့နှင့်အညီမိမိပိုင်သောပစ္စည်းများကိုအလှူခံ ပုဂ္ဂိုလ်တို့အားလှူဒါန်းသင့်ခြင်း၊အလှူမြောက်ခြင်းကိုလည်းကောင်း၊ဒါနလက္ခဏာအင်္ဂါသုံးပါးညီညွတ်အောင် လှူဒါန်းတတ်မှသာလျှင်အလှူခံပုဂ္ဂိုလ်လည်းလှူဖွယ်ပစ္စည်းအပိုင်ရသည်၊အလှူဒါယကာအားလည်း အကျိုး ကြီးမားသောသိုလ်တရားများရရှိပေသည်။ မပေးတတ်မလှူတတ်ပါကကျေးကားကျေး၏မဝ၊ ပေးကားပေး၏မရဟူသောစကားကဲ့သို့အလှူခံပုဂ္ဂိုလ်မှာ လှူဘွယ်ပစ္စည်းများမရရှိနိုင်ပေ။ထို့ကြောင့် အဋ္ဌကထာ(ဝိ၊ သင်္ဂဟ-၇၀)၌-တဝ သန်တကံ ကရောဟိ၊ တဝ သန္တကံ ဟောတု၊တဝ သန္တကံ ဟောတီတိ ဝုတ္တေ မမ သန်တကံ ကရောမိ၊မမ သန်တကံ ဟောတု။ မမ သန်တကံ ကရိဿာမီတိ ဝဒတိ၊ဒုဒိန်နံ ဒုဂ္ဂဟိတဉ္စ၊နေဝ ဒါတာ ဒါတုံ ဇာနာတိ၊န ဣတရော ဂဟေတုံ-စသည်ဖြင့်မိန့်ဆိုတော်မူသည်။ ထို့ကြောင့်အိမ်ငှားနေထိုင်သူများနှင့်မူလစုဒိတကတို့က အခန်းပိုင်ဆိုင်သူအဖြစ်ရောက်ရှိနေသောဘဒ္ဒန္တဉာဏိန္ဒာ လင်္ကာရအားတစ်ကြိမ်တစ်ခါမျှပိုင်ရှင်အဖြစ်လက် ရောက်ရယူနိုင်ခြင်းလည်းမရှိပါဟူ၍လည်းကောင်း။ တစ်ဖက်အိမ်ငှားဖြစ်သူတပည့်တော်တို့မိသားစုများ စိတ်ဆင်းရဲကြီးစွာဖြင့်အတိဒုက္ခရောက်၍အလှူခံရယူခြင်းသည်မွန်မြတ်သောအလှူဒါနမြောက်မည်မဟုတ်နိုင်ကြောင်းပါဘုရားဟူ၍လည်းကောင်းစွပ်စွဲခြင်းများကို အထက်ဖော်ပြပါဝိနည်းဥပဒေတော်များကအားနည်းအောင်ပြုလုပ်ချေဖျက်၍အမှန်ကို ဖော်ထုတ်ပေးနိုင်ခဲ့ ပေသည်။ ၃။မူလစုဒိတကဦးခင်မောင်ဆွေ၏လိုအင်ဆန္ဒသည် တရားတော်နှင့်ညီညွတ်မှုရှိ/မရှိ အချင်းဖြစ်တိုက်ခန်း၌စတင်နေထိုင်ရန်ရည်ရွယ်စဉ်ကပင်(၂)ဦး(၂)ဖက်ထားရှိသည့်ကတိအတိုင်းအိမ်ရှင်-အိမ်ငှားအဖြစ်တစ်သက်သာနေထိုင်ရန်ဖြစ်ပါသည်။ ဆရာတော်ဦးဉာဏိန္ဒာလင်္ကာရကအချင်းဖြစ်တိုက်မှ ဖယ်ရှားပြောင်းရွေ့ပေးရန်အကြောင်းကြားခဲ့သည်မှာ မှန်သော်လည်းတပည့်တော်တို့မှာစတင်ငှားရမ်းနေထိုင်စဉ်ကတည်းကအချင်းဖြစ်တိုက်ခန်း၌ပင်တစ်သက်တာလုံးနေထိုင်ရန်ရည်ရွယ်ခဲ့သည်။ အထက်ဖော်ပြပါမူလစုဒိတက၏နှလုံးသွင်းသည် မြတ်စွာဘုရား၏ဝိနယနယူပဒေသလာစည်းကမ်းနှင့် ကိုက်ညီမှုမရှိချေ။ငှားရမ်းသူတို့နှလုံးသွင်းစိတ်ထားရမည်မှာငှားရမ်းပျက်စီးသွားမည်ပျောက်ဆုံးသွားမည် ဆိုပါကအစားပြန်ပေးမည်ဟုနှလုံးဘွင်းရမည့်အစား (ပိုင်ရှင်)ဦးဉာဏိလင်္ကာရကအချင်းဖြစ်တိုက်ခန်းမှ ဖယ်ရှားပြောင်းရွှေ့ပေးရန်အကြောင်းကြားခဲ့သည်မှာ မှန်သော်လဲတပည့်တော်တို့မှာစတင်ငှားရမ်းနေထိုင်စဉ်ကတည်းကအချင်းဖြစ်တိုက်ခန်း၌ပင်တသက်လုံးနေထိုင် ရန်ရည်ရွယ်ခဲ့သည်ဟုနှလုံးသွင်းခဲ့သည်။ ဤနှလုံးသွင်းမှု၊အငှားပစ္စည်းပြန်လည်မပေးအပ်ချင် ခြင်းတို့သည်ဝိနည်းတော်လုပ်ထုံးထုံးလုပ်နည်းများနှင့်အညီဝိနိစ္ဆယဆုံးဖြတ်ချက်ချပေးတော်မူပါဟူသော မူလစုဒိတက၏တောင်းဆိုချက်နှင့်ညီညွတ်မှုမရှိသည့်အပြင်အောက်ဖော်ပြပါဝိနယနယူပဒေသနှင့်လည်း ညီညွှတ်မှုမရှိချေ။ “ပဋိဒဿာမိ ပဋိကရိဿာမီ”တိ ဧဝံ ဂဏှန္တဿ တာဝကာလိကပေိ ဂဟဏေ အနာပတတွိ ဂဟိတံ ပန သစေ ဘဏ္ဍသာမိတော ပုဂ္ဂလော ဝါ ဂဏော ဝါ “တုယှဝတေံ ဟောတူ”တိ အနုဇာနာတိ၊ဣစ်ဆတေံ ကုသလံ၊ နော စေ အနုဇာနာတိ အာဟရာပေန္တေ ဒါတဗ်ဗံ၊ (ဝိ ၊ဋ္ဌ-၁၊၃၂၇)အနုဇာနေယျ၊ဝဋ်ဋတိ၊နာနုဇာနေယျ၊ န ဂဏယွေ၊ဒါတဗျဗံ၊အဒနျတေဿ ဥဘိနနြံ ဓုရနိက်ခပေနေ ပါရာဇိတံ၊(ဝိနိစ်ဆယ၊ဋီ-၁၊၁၂၉) ရဟန်းတော်များသူများပစ္စည်းပြန်မပေးပါကသာသနာတော်မှလျောကျဆုံးရှုံးရသည်လူပုဂ္ဂိုလ်များမှာမူ သံသရာကြွေးတင်လျက်ဆပ်၍မကုန်နိုင်ခြင်းအပြစ်များ ရရှိနိုင်ပေသည်၊သံဃာအားလှူဒါန်းထား၍သံဃာပိုင်သောပစ္စည်းကိုသံဃာကသာစီမံခန့်ခွဲခွင့်ရှိသည်၊ ဂိုဏ်းပိုင်ပစ္စည်းကိုဂိုဏ်းသားပုဂ္ဂိုလ်များကသာစီမံခန့်ခွဲခွင့်ရှိသည်။ပုဂ္ဂိုလ်အားလှူဒါန်းထား၍ ပုဂ္ဂိုလ်ပိုင်ဆိုင် သောပစ္စည်းကိုပုဂ္ဂိုလ်ကသာစီမံခန့်ခွဲခွင့်ရှိသည်။ ထို့ကြောင့်ဘဒ္ဒန္တဉာဏိန္ဒာလင်္ကာရပိုင်ဆိုင်သောတိုက်ခန်း (၂)ခန်းကိုသူ၏စိတ်ကြိုက်စီမံခန့်ခွဲခြင်းသည်အထက်ဖော်ပြပါဝိနည်းတရားတော်နှင့်ညီညွတ်လျော်ကန်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ အထက်ဖော်ပြပါဝိနည်းတရားတော်အရဦးခင်မောင်ဆွေသည်အငြင်းပွားဝတ္ထုတိုက်ခန်း(၂)ခန်း၌ယခင်တိုက်ခန်းပိုင်အလှူရှင်ဦးကျော်ထွန်းထံမှငှားရမ်းပြီးအိမ်လခပေးလျက်နေထိုင်ခဲ့သည်မှာမှန်ကန်ငြားသော်လည်းတိုက်ခန်း ပိုင်ဆိုင်ခွင့်ပြောင်းလွဲသွားပြီးဖြစ်၍တိုက်ခန်းပိုင်ရှင်ဖြစ်သူဘဒ်ဒန်တဉာဏိန္ဒာလင်္ကာရ၏ခွင့်ပြုချက်ရပြီးမှသာ ဆက်လက်နေထိုင်ရမည်ဖြစ်ပေသည်။ခွင့်မပြုကနေထိုင် ခွင့်မရှိချေ။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)မလှူမီရှေးအခါကအငြင်းပွားတိုက်ခန်း(၂)ခန်းကို အလှူရှင်ဦးကျော်ထွန်းတစ်ဦးတည်းပိုင်ဆိုင်သည်မှာ မှန်ကန်ခြင်း။ (ခ)ဦးကျော်ထွန်းကဆရာတော်ဦးညကိန်ဒါလင်ကာရအား ဒါနလက္ခဏာ(၃)ပါးနှင့်ညီညွတ်စေလျက်သုဒိန္န၊ သုဂ်ဂဟိတမြောက်လှူဒါန်းထားသည်မှာမှန်ကန်ခြင်း၊ (ဂ)ဦးခင်မောင်ဆွေ၏မိမိအလိုဆန္ဒအတိုင်းပိုင်ရှင်ရှိတိုက်ခန်း၌ဆက်လက်နေထိုင်ခြင်းသည်ဝိနည်းတရား တော်နှင့်မညီညွတ်ခြင်း။ (ဃ)မူလစုဒိတကဦးခင်မောင်ဆွေသည်အချင်းဖြစ်တိုက်ခန်း(၂)ခန်းကိုမိမိပိုင်ဆိုင်ကြောင်းခိုင်လုံသော သက်သေအထောက်အထားများမတင်ပြနိုင်ခြင်း၊ အထက်ဖော်ပြပါအကြောင်းအချက်အလက်များကို စစ်ဆေးတွေ့ရှိရသောကြောင့်ပဲခူးတိုင်း၊တောင်ငူမြို့၊ ၁၆-ရပ်ကွက်၊တိုက်အမှတ်-(၃၆၆)(၂)ထပ်တိုက်မြေညီ ထပ်တိုက်ခန်း(၂)ခန်းပိုင်ဆိုင်ခွင့်အငြင်းပွားမှုဝိဝါဒါဓိ ကရုဏ်းမှုခင်းကိုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၂၂/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်ကြီးများက ဝိနည်းတရားတော်နှင့်အညီ ကိုယ်တိုင်လက်မှတ်ထိုး၍ အောက်ပါအတိုင်းဆုံးဖြတ်ချက်ချလိုက်သည်။ [ဆုံးဖြတ်ချက်]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။အငြင်းပွားဖြစ်သောတိုက်ခန်း(၂)ခန်းကိုအလှူရှင် ဦးကျော်ထွန်း၏လှူဒါန်းခြင်း၊အလှူခံဦးဉာဏိန္ဒာလင်္ကာရ ၏အလှူခံခြင်းတို့သည်သုဒိန္န၊သုဂ္ဂဟိတမြောက်ကြသည် ထို့ကြောင့်တောင်ငူမြို့၊၁၆-ရပ်ကွက်၊ကန်လမ်း၊အကွက်အမှတ်(၆)၊ဦးပိုင်အမှတ်ခ/၁၂ဧရိယာ(၀. ၁၈၁)ဧကရှိ ဦးကျော်ထွန်းအမည်ပေါက်ဂရမ်မြေပေါ်မှတိုက်အမှတ် (၃၆၆)အရှေ့အစွန်းမြေညီထပ်တိုက်ခန်း (၂)ခန်းကို မူလစောဒကဦးဉာဏိန္ဒာလင်္ကာရအပိုင်ဖြစ်သည်။ ၂။အငြင်းပွားဝတ္ထုတိုက်ခန်း(၂)ခန်း၌နေထိုင်လျက်ရှိ ကြသောမူလစုဒိတကဦးခင်မောင်ဆွေပါပုဂ္ဂိုလ်အားလုံးတို့သည်ပိုင်ရှင်ဦးဉာဏိန္ဒာလင်္ကာရ၏ခွင့်ပြုချက်မရရှိပါက၎င်းတိုက်ခန်းများမှပြောင်းရွှေ့ဖယ်ရှားပေးကြရမည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဥ်/ဘွဲ့တော်/ကျောင်းတိုက်/မြို့။ ၁။ဘဒ်ဒန်တခမေိကာဘိဝံသ ခေမာဝင်းကျောင်း၊မြတောင်တိုက်၊မန္တလေး။ ၂။ဘဒ္ဒန္တဝရုဏ(အဖွဲ့ဝင်) တုတ်လှမ်းကျောင်း၊မန္တလေး။ ၃။ဘဒ္ဒန္တဝိမလ(အဖွဲ့ဝင်) ရွှေမင်းဝန်ကျောင်း၊ညောင်ဦး။ ၄။ဘဒ္ဒန္တကေဝလ(အဖွဲ့ဝင်) မဟာဝိဇိတာရာမကျောင်းတိုက်၊မန္တလေး။ ၅။ဘဒ္ဓန္တစန္ဒောဘာသာဘိဝံသ မဟာဝိသုဒ္ဓါရုံကျောင်း၊မန္တလေး

                               ပြီးပါပြီ။
၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၆)

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊သောတာပန်ရပ်ကွက်၌ ဖြစ်ပွားသောမပဝရဉာဏီပါ(၄)ဦးနှင့်ဒေါ်ဝရေသီတို့၏ မတ္တရာဇရပ်-ဝိဝါဒါဓိကရုဏ်းမှုခင်း [ဖွားစော(ခ)မတ္တရာဇရပ်သမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မူလစောဒကဒေါ်ဝရေသီသည်ဂူနီချောင်တွင်ဖွားစောဇရပ်(ခ)မတ္တရာဇရပ်၌(၉)နှစ်ကစ၍သီလရှင်ဝတ်ဖြင့် ဇရပ်ပိုင်ဖွားစောနှင့်အတူနေထိုင်ခဲ့သည်။ အသက်(၄၀)နှစ်တွင်ဖွားစောသေဆုံးခဲ့သည်အထိ နှစ်ပေါင်း(၃၀)ကျော်နေထိုင်ခဲ့သည်။ ထိုအတွင်းရင်းနှီးကျွမ်းဝင်သူ၊အိမ်ထောင်ပျက်မအေးမိကိုသီလရှင်ဝတ်ပေး၍မကေသာရီဘွဲ့အမည်ပေးကာ ဝေပုလ္လဆရာတော်၏အကြံပေးချက်အရ(၉-၁၀)နှစ်တိုင် မတ္တရာဇရပ်တွင်မိမိနှင့်အတူနေထိုင်စေခဲ့သည်။ (၂၆-၇-၆၈)နေ့စွဲပါစာချုပ်ဖြင့်ဒေါ်ကေသာရီသည် သီလရှင်ဘဝတစ်သက်တာဖွားစေညဇရပ်(ခ)မတ္တရာ ဇရပ်၌နေထိုင်ခွင့်ရရှိခဲ့သည်။ ၄င်းအားနေထိုင်ခွင့်ပေးပြီးနောက်(ဒေါ်ဝရေသီ)သည် (၅၅)နှစ်အရွယ်တွင်ဒေါ်မိဇရပ်၌ပြောင်းရွှေ့နေထိုင် ခဲ့သည်။ ဒေါ်မိဇရပ်သို့ဒေါ်ဝရေသီပြောင်းသွားသောအခါ ဒေါ်ကေသာရီသည်မတ္တရာဇရပ်ကိုပြုပြင်ဆောက်လုပ်နေထိုင်ခဲ့ပြီးအသက်ကြီးရင့်လာပြီဖြစ်၍ပြုစုစောင့် ရှောက်သူလိုအပ်လာသဖြင့်ဒေါ်ဥမ်မာနှင့်ဒေါ်ဧသုစာရီပါ (၄)ပါးတို့ကိုခေါ်ယူလက်ခံနေထိုင်စေခဲ့သည်။ ထိုသို့ခေါ်ယူလက်ခံထားသည်ဒေါ်ဝရေသီသိသော်လည်း ဒေါ်ကေသာရီကိုယ်တိုင်ကစာချုပ်ဖြင့်နေထိုင်ရသူဖြစ်ပြီး သူ၏လုပ်ရပ်နှင့်ပတ်သက်၍တစ်စုံတစ်ရာပြဿနာ မပေါ်ပေါက်နိုင်ဟုရိုးသားစွာယူဆသည့်အတွက် ဘာမျှပြောဆိုကန့်ကွက်ခြင်းမပြုဘဲဒေါ်ဥမ္မာတို့တစ်စုနေထိုင်ခြင်းကိုခွင့်ပြုခဲ့ပေသည်။ ထို့နောက်ဒေါ်ကေသာရီသည်အငှားကြာတော့အပိုင်ထင် ဆိုသကဲ့သို့မိမိပြုပြင်ဆောက်လုပ်ထားသောဇရပ် မိမိပိုင်ထင်မှတ်ကာဒေါ်ဥမ္မာ၊ဒေါ်ကေသီတို့အား စာချုပ်ဖြင့်လွှဲအပ်ပြောင်းပေးသည်။ ထိုအခါဒေါ်ဝရေသီသည်မိမိအားအသိမပေးဘဲယခုလိုပြုလုပ်သည်ကိုမကျေမနပ်ဖြစ်ကာမိမိပိုင်မတ္တရာဇရပ်ကို မဂုဏေသီအားလွှဲပေးတော့၏။ ထိုအချိန်မှစ၍ဤမှုခင်းပြဿနာဖြစ်ပေါ်ခဲ့သည်။ စောဒကဒေါ်ဝရေသီကဒေါ်ဧသုစာရီပါ(၄)ပါးတို့အား ဝိဝါဒါဓိကရုဏ်းကိုအာစာရဝိပ္ပတ္တိဖြင့်အနုဝါဒါဓိကရုဏ်းပြုကာစွဲဆိုသဖြင့်မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂ဝဝဝသီးခြား)ကလွဲမှားစွာဆောင်ရွက် ခဲ့သည်။ တရားရှုံးဒေါ်ဧသုစာရီပါ(၄)ဦးတို့ကနိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သို့အသနားခံသဖြင့်ယင်းမြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ဆောင်ရွက်ချက်များကို နိုင်ငံတော်ကပယ်ဖျက်၍သီလရှင်လုပ်ထုံးလုပ်နည်းများ အခန်း(၉)၊အပိုဒ်(၈၉)(၉၀)တို့နှင့်အညီဆောင်ရွက်စေ ခဲ့သည်။ ယင်းသီလရှင်လုပ်ထုံးအရစစ်ကိုင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၀၂)ကအောက်ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့၏- [ဆုံးဖြတ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)စောဒကပုဂ္ဂိုလ်ထွက်ဆိုချက်များသက်သေမခိုင်လုံ သံသယဖြစ်ဖွယ်မရှိသောကြောင့်လည်းကောင်း၊ (၂)ဇရပ်ကိုပြုပြင်၍အနှစ်(၄၀)ကျော်နေထိုင်သွားသော ဒေါ်ကေသာရီကိုယ်တိုင်ထားခဲ့သောသီလရှင်များဖြစ်သောကြောင့်လည်းကောင်း၊ဒေါ်ဧသုစာရီပါ(၄)ဦးတို့အား မတ္တရာဇရပ်၌ဆက်လက်နေထိုင်ခွင့်ပြုကြောင်းဆုံးဖြတ်ထားသည်။ မြို့နယ်ဆုံးဖြတ်ချက်သည်သုံးသပ်ချက်မပါသော ကြောင့်ဝိ-လုပ်ထုံးနှင့်မညီ၍ပယ်ဖျက်ပေးပါရန် ဒေါ်ဝရေသီကစစ်ကိုင်းတိုင်းသို့အယူခံဝင်ခဲ့သည်။ စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၀၂)က ဖော်ပြပါအတိုင်းဆုံးဖြတ်ခဲ့သည်။ [ဆုံးဖြတ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၂)၏ ဆုံးဖြတ်ချက်ကို(ပလပ်)ပယ်ချလိုက်သည်။ (၂)ဂူနီချောင်အတွင်းရှိမတ္တရာဇရပ်ကိုစောဒကဆရာကြီး ဒေါ်ဝရေသီပိုင်ဖြစ်သည်။ (၃)စုဒိတကဒေါ်ဧသုစာရီပါ(၄)ဦးတို့သည်ဝိသဘာဂပုဂ္ဂိုလ်များဖြစ်ကြသည့်အတွက်၎င်းမတ္တရာဇရပ်မှ ထွက်ခွာပေးရမည်။ တစ်ဖက်စုဒိတကတို့ကလည်းတိုင်းဝိနိစ္ဆယဆုံးဖြတ်ချက်ကိုမကျေနပ်ပြန်သောကြောင့်မပဝရဉာဏီကဦးဆောင်စောဒကပြုလုပ်၍နိုင်ငံတော်သို့အယူခံဝင်ပြန်ရာ ဤနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၂၀၀၃)သို့ ရောက်လာခြင်းဖြစ်ပါသည်။ [ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကိုပိုင်ဆိုင်မှုသုံးသပ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

(က)ဒေါ်ဝရေသီသည်ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကို ပိုင်ပါသည်ဟုထွက်ဆိုထားသည်။ (ခ)စော-ပြသက်သေဦးကိုကြီး၏ထွက်ဆိုချက်အရ အဖိုးဖြစ်သူဦးပန်းဆိုင်မှပထမတစ်လုံးဆောက်လှူ၊ မီးလောင်သွား၊ဒုတိတစ်လုံးဆောက်လုပ်လှူပြန်လည်း မီးလောင်သွား၍တတိယတစ်လုံးထပ်မံဆောက်လုပ်လှူဒါန်းထားပါသည်။၁၃ဝဝပြည့်နှစ်ကဖြစ်ပါသည် ဟုဆိုသည်။ ယင်းထွက်ဆိုချက်အရဒေါ်ဝရေသီပိုင်သည်ဆိုသော ဖွားစောဇရပ်(ခ)မတ္တရာဇရပ်သည်မီးလောင်ရာတွင်ပါသွားသည့်ဇရပ်လေလောသို့မဟုတ်၁၃၀၀ပြည့်နှစ်မှာ ဆောက်သည့်ဇရပ်လေလောဟုယုံမှားဖွယ်ဖြစ်နေသည်။ (ဂ)ဒေါ်ဝရေသီသည်(၉)နှစ်သမီးအရွယ်ကသီလရှင်ဝတ် ၍ဖွားစောနှင့်အတူနေခဲ့သည်။ယခုအသက်(၈၉)နှစ်ရှိပါပြီမိမိအသက်(၄၀)မှာဖွားစောသေသည်ဟုဆိုသည်။ ယင်းထွက်ချက်အရတွက်ယူရလျှင် - ၁၃၆၃-ခုနှစ်ဝါခေါင်လပြည့်ကျော်(၁၁)ရက်အမှုစတင်ဖြစ်သည့်နေ့။ ဖွားစောနှင့်အတူစတင်နေသည့်နှစ်၊၁၂၈၃-ခုနှစ်၊ ဖွားစောသေဆုံးသည့်နှစ်၁၃၂၃ခုနှစ် အတူနေခဲ့သည့်နှစ်ပေါင်းအနှစ်(၄၀) ဒေါ်ဝရေသီနှင့်ဖွားစောတို့မတ္တရာဇရပ်၌စတင်နေထိုင် ခဲ့သည့်ခုနှစ်မှာ၁၂၈၃-ခုနှစ်ဖြစ်ကြောင်းတွေ့ရှိရသည်။ ယင်းတွေ့ရှိချက်အရဖွားစောနှင့်အတူစတင်နေခဲ့သည့် မတ္တရာဇရပ်သည်ယခုအခါမီးလောင်ရာတွင်ပါသွားပြီဖြစ်သည်ဟုယူဆရပါသည်။ ၁၃ဝဝ-ပြည့်နှစ်တတိယအကြိမ်ဆောက်လုပ်သော မတ္တရာဇရပ်မဟုတ်ကြောင်းပေါ်လွင်နေသည်။ ဤအချက်ကိုကြည့်လျှင်ဒေါ်ဝရေသီသည်ပိုင်ဆိုင်မှုကို စွန့်လွှတ်ရပေလိမ့်မည်။ (ဤအချက်ကိုမြို့နယ်နှင့် တိုင်းဝိနိစ္ဆယတို့ကသုံးသပ်မပြချေ) [ဖွားစောဇရပ်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ရှိစေဦးတော့ဖွားစောနေသောဇရပ်ဟုဆိုထားပြန်သဖြင့် ဖွားစောသည်၁၃၀၀ပြည့်နှစ်၌ဆောက်လုပ်သောဇရပ်၌ “နေသည်”ဟုဆိုလျှင်မနေပါမဟုတ်ပါဟုမည်သူက ကန့်ကွက်သနည်း၊မကန့်ကွက်ပါ၊ကန့်ကွက်ရန်အထောက် အထားလည်းမရှိစုဒိတကတို့ဘက်မှလည်းတစ်ဦးတစ် ယောက်မျှငြင်းဆိုသူမရှိချေ။ မိမိအသက်(၄၀)မှာဖွားစောသေပါသည်။ ဖွားစောသေသည့်ခုနှစ်မှာ၁၃၂၃-ခုနှစ်ဖြစ်သောကြောင့် ဖွားစောသည်ယင်း၁၃ဝဝ-ပြည့်နှစ်ကဆောက်ဘုပ်သော မတ္တရာဇရပ်ပေါ်၌သေသည်ဟုယူဆပြန်သည်။ ထို့ကြောင့်၁၃ဝဝပြည့်နှစ်ကဆောက်သောဇရပ်သည် ဖွားစောဇရပ်၊ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ဟု ယူဆရပေသည်။ [မတ္တရာဇရပ်ဒေါ်ဝရေသီပိုင်သည်ဟုလက်ခံရဖွယ်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဆက်ဦးအံ့ (က)ဖွားစောသေသည့်အခါဒေါ်ဝရေသီတစ်ဦးတည်သာ ရှိပါသည်။တခြားမည်သူမျှမရှိပါ။ (ခ)ဖွားစောကမိမိအားမတ္တရာဇရပ်ကိုနှုတ်ကတိဖြင့်ပေးခဲ့သဖြင့်မိမိပိုင်ပါသည်ဟုဆိုသည်ကိုလည်းမည်သူ တစ်ဦးတစ်ယောက်ကမျှကန့်ကွက်ခြင်းမရှိချေ။ (ဂ)ဝေပုလ္လဆရာတော်၏အကြံပေးချက်အရဒေါ်ဝရေသီကဒေါ်ကေသာရီကိုပင်သီလရှင်ဝတ်ပေးခဲ့ပြီးထိုမတ္တရာ ဇရပ်ပေါ်၌သီလရှင်ဘဝတသက်တာ(တာဝကာလိက) နေထိုင်ခွင့်ပြုသည်။ထိုစဉ်ကလည်းမည်သူတစ်ဦး တစ်ယောက်မျှလာရောက်ကန့်ကွက်တာကိုမတွေ့ရချေ။ (ဃ)ဒေါ်ဝရေသီသည်ထိုဖွားစောဇရပ်(ခ)မတ္တရာဇရပ်ပေါ်၌အသက်(၅၅)နှစ်တိုင်နေထိုင်စဉ်မှာလည်းကန့်ကွက်သူတစ်ဦးတစ်ယောက်မျှမပေါ်ပေါက်ခဲ့ချေ။ ဤအချက်အလက်များကိုတွေ့ရှိရခြင်းအားဖြင့် ဒေါ်ဝရေသီပိုင်ပါသည်ဟုဆိုသည်ကိုလက်ခံရဖွယ် ရှိပေသည်။ ပုဂ္ဂလိက ဝိဟာရောပိ ယဒိ သော ပဋိဂ္ဂဟကပုဂ္ဂလာ အတ္တနော ဇီဝမာနကာလေယေဝ သဒ်ဓိဝိဟာရိကာဒီနံ ဒေတိအရဒေါ်ဝရေသီပိုင်ဟုသာဆိုရပေမည်။ အကယ်၍ဒေါ်ဝရေသီကဝိဿာသဂ္ဂါဟဖြင့်ယူပါသည်ဟု ဆိုလျှင်မူလည်း။“ကောစိ ဝါ တဿ ဝိဿာသေန တံ ဝိဟာရံ အဂ္ဂဟေသိ တဿ သန်တကော ဟောတိ။ ဒေါ်ဝရေသီပိုင်ဟုသာဆိုရပေမည်။(ဝိလင်ဋီ၊ဒု၊၇၅) (င)ဒေါ်စာရုဝတီ(စော-ပြသက်သေ)ကလည်းဖွားစောကွယ်လွန်ပြီးနောက်ဒေါ်ဝရေသီဆက်လက်နေထိုင်ခဲ့သောကြောင့်ဒေါ်ဝရေသီဇရပ်ဟုအများကခေါ်ဆိုကြကြောင်းထွက်ဆိုထားသည်။ စောဒကပြသက်သေအားလုံးတို့က ဒေါ်ဝရေသီပိုင်ကြောင်းမထွက်ဆိုကြ၊စုဒိတကနှင့်စု-ပြသက်သေ အားလုံးတို့ကလည်းဒေါ်ဝရေသီမပိုင်ဟုကန့်ကွက်ထွက်ဆိုခြင်းမပြုကြချေ။ [မသိလို့လက်မှတ်ထိုးခဲ့]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(စ)စု-ပြသက်သေဦးပညာသီရိ(နိုင်/ဗဟို)ဇေယျသိန်ဆရာတော်ကလည်းဒေါ်ဝရေသီပိုင်တယ်ဆိုတာ မကှားဖူးပါ၊မသိဖူးပါ။ ဒေါ်ကေသာရီကဒေါ်ဥမ္မာအားပေးသောစာချုပ်၌ မသိလို့လက်မှတ်ထိုးခဲ့ပါသည်။သိရင်လက်မှတ်မထိုးပါဟုထွက်ဆိုထားသည်။ ဒေါ်ဝရေသီမတ္တရာဇရပ်ကိုမပိုင်ပါဟုခိုင်မာသော အထောက်အထားနှင့်တိတိကျကျထွက်ဆိုနိုင်ခြင်းမရှိပါ။ [ဆိတ်ဆိတ်နေ၍ကြည်ဖြူလက်ခံ]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(ဆ)ဂူနီချောင်ရှိချောင်ဆရာနာယကကြီးများကလည်း ၎င်းတို့အနေဖြင့်မတ္တရာဇရပ်ပြဿနာတွင်ပါဝင်စွက်ဖက်ခြင်းမရှိပါကြောင်း၊မြို့နယ်ဝိနိစ္ဆယနှင့်တိုင်းသံဃနာယကအဖွဲ့သို့(တဏှီဘာဝ)ဖော်ပြထားသည်။ တသမာ ယဿ နက္ခမတိ သော ဘာသေယျာတိ တိက္ခတ္တုံ ဝုစ္စနမာနေပိ သံဃော တုဏှီ နိရဝေ အဟောသိ၊ တသမာ ခမတိ သံဃဿာတိ အတ္တော။ (မဟာဝါ-ဥပသမ္ပဒကမ္မဝါအဖွင့်)ဆိုစကားနှင့်ညှိယူရလျှင်ဒေါ်ဝရေသီသည်မတ္တရာဇရပ်ကိုပိုင်ဆိုင်ပါသည် ဆိုသည်ကိုယင်းတို့အနေဖြင့်သည်းခံခွင့်ပြု၍ (တဏှီဘာဝ)ပါဝင်စွက်ဖက်ခြင်းမရှိပါကြောင်းဟု ဖော်ပြနေဟန်ရှိပါသည်။ (ဇ)ဒေါ်ဝရေသီသည်မတ်တရာဇရပ်၌နှစ်ပေါင်း(၄၀) နေထိုင်လာခဲ့သည်ဖြစ်ရာယခုမူလွဲမရှောင်သာပြဿနာ ဖြစ်လာကာမှနှုတ်ကတိဖြင့်ပေးခဲ့တာဖြစ်လို့ဒေါ်ဝရေသီ မပိုင်ပါဟုသူတစ်ပါးတို့ကဆိုရုံမျှဖြင့်ဒေါ်ဝရေသီမပိုင်ဟု ယူဆရန်မဖြစ်နိုင်ချေ။ သေခါနီးမှာလည်းမည်သူမျှမရှိပါဟုဆိုသဖြင့်ဖွားစောအားသေသည့်တိုင်အောင်ဒေါ်ဝရေသီစောင့်ရှောက်ခဲ့ကြောင်းထင်ရှားရကားဂိလာနုပဌာကပုဂ္ဂိုလ်အနေဖြင့်လည်းမတ္တရာဇရပ်ကိုဒေါ်ဝရေသီပိုင်ဆိုင်ထိုက်သည်။ “ဂိလာနုပဋ္ဌကောနာမ ဂီဟိ ဝါ ဟောတု၊ပဗ္ဗဇိတော ဝါ။ အန္တမသော မာတုဂါမောပိ သဗ်ဗေ ဘာဂံ လဘန်တိ။ (ဝိ/ဋ္ဌ/၃/၄၁၅)ဖော်ပြခဲ့ပြီးသောသုံးသပ်ချက်အရ ဒေါ်ဝရေသီမတ္တရာဇရပ်ကိုပိုင်ဆိုင်သည်ဟူသော အဆိုသည်အကြောင်းခိုင်လုံသည်။ ဝိနယာနုလောမနှင့်ညီညွတ်သည်ဟုနိုင်ငံတော်သံဃ ဝိနိစ်ဆယအဖွဲ့အမှတ်(၁၇/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်ကြီးများကသတ်မှတ်တော်မူကြသည်။ ဒေါ်ဝရေသီနှင့်ဒေါ်ကေသာရီတို့နှစ်ဦးသဘောတူ [ချုပ်ဆိုသည့်စာချုပ်-သုံးသပ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဒေါ်ဝရေသီသည်မတ္တရာစက်ထိပ်ရွာမှဒေါ်အေးမိဆိုသူနှင့် ရင်းနှီးကျွမ်းဝင်၏မအေးမိအသက်(၅၅)နှစ်မှာအိမ် ထောင်ပျက်လာ၍သီလရှင်ဝတ်ရန်၎င်းထံလာရောက်ခြင်းဖြစ်သည်ဒေါ်ဝရေသီသည်မအေးမိအား၁၃၁၆-ခု၊ ဝါခေါင်လဆန်း(၁၀)ရက်နေ့ကသီလရှင်ဝတ်ပေးခဲ့သည်။ မကေသရီဟုဘွဲ့မည်သတ်မှတ်ပညတ်ခေါ်တွင်စေခဲ့သည် သီလရှင်ဝတ်ပေးသည့်အပြင်မိမိပိုင်မတ္တရာဇရပ်၌လည်း နေထိုင်ခွင့်ပြုခဲ့သည်။ ထိုသို့နေထိုင်ခွင့်ပြုရာတွင်နောင်ရေးရှုတ်ထွေးမှုမရှိ စေရန်ရည်ရွယ်လျက်၁၃၃၀-ခု၊ဝါခေါင်လဆန်း(၂)ရက်နေ့တွင်စစ်ကိုင်းမြို့၊တိုက်နယ်ဥက္ကဋ္ဌနှင့်မိမိဒေါ်ဝရေသီ နှစ်ဦးတို့၏ရှေ့မှောက်ဒေါ်ကေသာရီအားလက်မှတ်ရေးထိုးစေ၍နေထိုင်ခွင့်ပြုခဲ့သည်။ သီလရှင်ဝတ်ပေးသည့်နှစ်နှင့်စာချုပ်ဖြင့်နေထိုင်ခွင့်ပေးသည့်နှစ်မှာ(၁၄)နှစ်ကွာခြားသော်လည်းရှေ့နောက်ဆန့်ကျင်သည်ဟုမဆိုနိုင်၊စာချုပ်လိမ်ဟုလည်းစွပ်စွဲရန် မဖြစ်နိုင်ချေ။ ဒေါ်ကေသာရီအားဝန်ခံကတိဖြင့်သီလရှင်ဘဝတစ်သက်တာ(တာဝကာလိက)နေထိုင်ခွင့်ပြုကသင့်လျော်ကြောင်း ဝေပုလ္လဆရာတော်၏အကြံပေးချက်အရခွင့်ပြုခဲ့ရ၏။ လွန်ခဲ့သည့်အနှစ်(၃၀)ခန့်ကဟုခန့်မှန်းပြောဆိုသဖြင့် အနှစ်(၃၀)အတွင်းမှာပင်စော၍ပေးထားသည်ဟုမှတ်ရမည်။ ထို့ပြင်ဒေါ်ဝရေသီကနိုင်ငံတော်အယူခံသောဓနာလွှာ၌ ဒေါ်ကေသာရီအားမိမိပိုင်မတ္တရာဇရပ်ကိုပေးသူနှင့်ခံယူကာနှစ်ဦးသဘောတူလက်မှတ်ထိုးထားသောကြောင့် လိမ်လည်တင်ပြထားသောစာချုပ်မဟုတ်ကြောင်း သောဓနာထားသည်ဆရာ့စိတ်ဓါတ်၊ဆရာ့စေတနာ မေတ်တာကြီးမားပုံပေါ်လွင်နေသည်။ စာချုပ်၌ဒေါ်ဝရေသီသဘောမတူဘဲပြုပြင်ခြင်း၊ ရောင်းချခြင်း၊အခြားသူတစ်ဦးတစ်ယောက်အားလွှဲပြောင်းနေထိုင်စေခြင်းမပြုပါဟုဝန်ခံချက်ပေး၍ ဒေါ်ကေသာရီကြက်ခြေလက်မှတ်ထိုးထားသည်ကို တွေ့ရသည်။ ဝေပုလ္လဆရာတော်၏အကြံပေးချက်အရစစ်ကိုင်းတိုက်နယ်ဥက္ကဋ္ဌဦးဘဂျမ်းနှင့်ဒေါ်ဝရေသီနှစ်ဦးတို့၏ရှေ့မှောက် ၌ဒေါ်ကေသာရီလက်မှတ်ထိုးထားသောကြောင့်နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုထားသောစာချုပ်သည်တရား ဝင်စာချုပ်ဖြစ်သည်။မတ္တရာဇရပ်ကိုဒေါ်ဝရေသီပိုင်သည် ဒေါ်ကေသာရီမပိုင်ကြောင်းထင်ရှားသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည် ဒေါ်ကေသာရီကမဥမ္မာမကေသီတို့အားလွှဲပြောင်းပေး [သည့်စာချုပ်သုံးသပ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဒေါ်ကေသာရီသည်မတ္တရာဇရပ်ကိုပြုပြင်ဆောက်လုပ်နေထိုင်ခဲ့သောကြောင့်အငှားကြာအပိုင်ထင်ဆိုသကဲ့သို့ မိမိပိုင်ဟုမှတ်ထင်ခဲ့သည်၊သို့သော်လည်းဒေါ်ဝရေသီနှင့် တိုက်နယ်ဥက္ကဋ္ဌဦးဘဂျမ်းတို့ထံမိမိကတိဝန်ခံချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်ကိုလည်းကောင်း၊မိမိမပိုင်ဆိုင်ကြောင်းကိုလည်းကောင်းသတိမပြုနိုင်တော့ချေ။ အတ္တစွဲဖြင့်အမှားမမြင်နိုင်တော့ဘဲမတ္တရာဇရပ်ကို မိမိပိုင်ဟုဆိုကာမဥမ္မာနှင့်မကေသီတို့အားစာချုပ်ဖြင့် လွှဲပြောင်းပေးသည်။ ဒေါ်ကေသာရီသည်မိမိမပိုင်သောဇရပ်ကိုလွှဲပြောင်းပေးသောကြောင့်အရင်းလဲကအဖျားထင်းဖြစ်သလိုမူလကပင်ပျက်ပြယ်နေသည်။တရားမဝင်သောစာချုပ်ဟုမှတ်ယူသည်။ ထပ်ဆင့်၍ဒေါ်ဥမ္မာကမပဝရဉာဏီအားလွှဲအပ်သည့်စာချုပ်သည်လည်းတရားမဝင်ကြောင်းနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည် ဒေါ်ဝရေသီကမဂုဏေသီအားလွှဲပြောင်းပေးသော [စာချုပ်ကိုသုံးသပ်ခြင်း]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဒေါ်ကေသာရီကမတ္တရာဇရပ်ကိုမိမိပိုင်ဟုဆိုကာမဥမ္မာနှင့် မကေသီတို့အားစာချုပ်ဖြင့်အပ်သည်ကိုသိရသောအခါ၊ ဒေါ်ဝရေသီကလည်းမိမိပိုင်မတ္တရာဇရပ်ကိုမဂုဏေသီအားချောင်ဆရာနာယကကြီးများ၏ရှေ့မှောက်၌စာချုပ်ဖြင့်လွှဲအပ်ပြန်၏။ [ဒေါ်ဝရေသီသတိထားရန်] ဤပိုင်ဆိုင်မှုအငြင်းပွားရာ၌ဒေါ်ဝရေသီအထူးသတိထားရမည့်အချက်များစွာတွင်သတိပြုရမည့်အဓိက(၂)ချက်ရှိသည်။ ၁။မိမိပိုင်ဇရပ်ကိုမဂုဏေသီအားလွှဲအပ်ပြီးကာမှကိုယ် တိုင်စောဒကပြုလုပ်၍ဝိနည်းဓိုရ်ဆရာတော်များရှေ့ မှောက်၌မတ်တရာဇရပ်ကိုတပည့်တော်ပိုင်ပါသည်ဟု ထွက်ဆိုခဲ့သည်မှာခါးတောင်ကျိုက်တခြားဖင်တခြား ဖြစ်မနေပေဘူးလား၊မိမိပိုင်ပါသည်ဟုဆိုကာတရားနည်း အမှန်ဖြစ်နိုင်ပါမည်လား၊လုံးဝမဖြစ်နိုင်တော့ချေ။ ၂။နောက်တစ်ချက်သတိပြုရမည်မှာ။ ဒေါ်ဝရေသီကမဂုဏေသီအားလွှဲအပ်သည့်စာချုပ်ကို လေ့လာကြည့်သည့်အခါ(၇-၉-၉၅)နေ့ဖြင့်ဂူနီချောင် ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကိုမိမိ၏မြေးဖြစ်သူ မဂုဏေသီအားဂူနီချောင်ဆရာကြီးများနှင့်နာယကကြီးများ၏ရှေ့မှောက်၌လက်မှတ်ရေးထိုးလွဲအပ်ပါသည်ဟု တွေ့ရသည်။ သေချာစွာစိစစ်ကြည့်သောအခါစောဒကဒေါ်ဝရေသီ ဝိနည်းဓိုရ်ဆရာတော်များရှေ့မှောက်ထွက်ဆိုချက်၌ “၎င်းမတ္တရာဇရပ်ကိုတူမဖြစ်သူမဂုဏေသီအားလွှဲအပ်ထားပါသည်။ပါရှိရာရှေ့စကားနောက်စကားမညီမညွတ် ဖြစ်နေသည်။ စောဒကဒေါ်ဝရေသီသည်ဗာလစောဒကပုဂ်ဂိုလ်ဖြစ်နေ သည်။ဤသို့ရှေ့စကားနောက်စကားမညီညွတ်သော စာချုပ်စာတမ်းတို့သည်ပိုင်ဆိုင်မှုအငြင်းပွားရာ၌များစွာရှုပ်ထွေးပွေလီသောကြောင့်ဝိနည်းဓိုရ်ဆရာတော်ကြီးများကတရားဝင်စာချုပ်ဟုလက်ခံရန်မဖြစ်နိုင်။ ပြခဲ့ပြီးသုံးသပ်ချက်အရဒေါ်ဝရေသီကမဂုဏေသီအား လွှဲအပ်သည့်စာချုပ်သည်မပီပြင်အထမမြောက်၊တရား မဝင်၊လက်မခံနိုင်သောစာချုပ်ဖြစ်သည်။ အထမမြောက်တရားမဝင်သောစာချုပ်ဖြစ်သောကြောင့် ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကိုဒေါ်ဝရေသီပိုင်သည်ဟုသာနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကမှတ်ယူသုံးသပ်တော်မူကြသည်။ ဒေါ်ဧသုစာရီပါ(၄)ဦးတို့အားမတ္တရာဇရပ်မှ [နှင်ထုတ်သင့်/မထုတ်သင့်သုံးသပ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဒေါ်ကေသာရီသည်မတ္တရာဇရပ်၌(၂၆-၇-၆၈)နေ့စွဲပါ ကတိဝန်ခံစာချုပ်ဖြင့်သီလရှင်ဘဝတစ်သက်တာနေထိုင်ခွင့်ရရှိခဲ့သူဖြစ်သည်(နောက်ဆက်တွဲ-က)ဝေပုလ္လ ဆရာတော်(စော-ပြသက်သေ)၏အကြံပေးချက်အရ ဆောင်ရွက်ခဲ့သဖြင့်ယင်းစာချုပ်သည်ခိုင်မာသည်။ (က)ဒေါ်ကေသာရီက၎င်းအားစောင့်ရှောက်ရန် ဒေါ်ဧသုစာရီပါ(၄)ဦးတို့အားခေါ်ယူ၍မတ္တရာဇရပ်၌ လက်ခံထားရှိသည်။ဒေါ်ဝရေသီအားအသိပေးလက်ခံဆောင်ရွက်ခြင်းမရှိချေ။ သို့သော်လည်း-စောဒကဒေါ်ဝရေသီထွက်ဆိုချက်၌- ၁။၁၃၆၁-ခုနှစ်၊ကဆုန်လလောက်မှာဒေါ်ဧသုစာရီပါ(၄) ဦးတို့ဝင်ရောက်နေထိုင်တာတွေ့ရပါသည်။ ၂။၎င်းတို့(၄)ဦးမတ္တရာဇရပ်ရောက်လာနေထိုင်ခြင်းနှင့် ပတ်သက်၍ဒေါ်ကေသာရီအားကတိဝန်ခံချုပ်နှင့်ထားခဲ့ပြီးဖြစ်၍မမေးမိမပြောမိပါ။ (က)ယင်းထွက်ချက်အရဒေါ်ဧသုစာရီပါ(၄)ဦးတို့ကို တပည့်ကြီးဒေါ်ကေသာရီကဲ့သို့ကတိဝန်ခံချုပ်နှင့်နေက နေထိုင်ခွင့်ပြုသည်။ကန့်ကွက်တားမြစ်ရန်မရှိ၍ မေးနေစရာမလိုမမေးမိ၊ပြောစရာမလို၍မပြောမိပါဟူသောအဓိပ္ပါယ်မျိုးပေါ်လွင်နေပေသည်။ (ခ)ထို့အပြင်ဒေါ်ဧသုစာရီပါ(၄)ဦးတို့သည်ဒေါ်ကေသာရီ လက်ထက်ကစ၍ကတိဝန်ခံချက်နှင့်အညီမတ္တရာဇရပ်၌ နေထိုင်ခဲ့သောတပည့်အဆက်ဆက်(သိဿာနုသိဿ) များဖြစ်ကြသည်။ ဒေါ်ဧသုစာရီပါ(၄)ဦးတို့၏ဆရာကဒေါ်ကေသာရီ၊ ဒေါ်ကေသာရီဆရာကဒေါ်ဝရေသီဖြစ်သဖြင့်ဒေါ်ဝရေသီသည်ဆရာ၏ဆရာ(အာစရိယာပါစရိယ)ဖြစ်သည်။ ဒေါ်ဝရေသီသည်ဒေါ်ဧသုစာရီပါ(၄)ဦးတို့အားတပည့်ကြီး၏တပည့်မများဖြစ်ကြသည်ဟုသဘောထားရ ပေမည်။ (ဂ)ဂူနီချောင်ချောင်ဆရာကြီးနှင့်ချောင်နာယကကြီးတို့က ၁၃၆၃-ခု၊တော်သလင်းလပြည့်ကျော်(၆)ရက်နေ့စွဲဖြင့် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့သဘာပတိထံသို့၎င်းတို့၏ သဘောထားကိုလျှောက်ထားရာမှာ - တပည့်တော်တို့အသက်အရွယ်ကြီးရင့်ပြီးကျန်းမာရေး မကောင်းသဖြင့်ကိုယ်တိုင်မလာရောက်နိုင်ခြင်းကို ခွင့်လွှတ်တော်မူပါဘုရား။ တပည့်တော်တို့ချောင်စည်းကမ်းအရကတိဝန်ခံစာဖြင့် ထားခဲ့ရသောမတ္တရာဇရပ်နေဆရာကြီးဆရာလေးများ သည်ဝန်ခံကတိအတိုင်းနေထိုင်ဆဲဖြစ်၍တပည့်တော်တို့အနေနဲ့၎င်းတို့ကိုနှင်ထုတ်ခြင်းမပြုနိုင်ကြပါဘုရား။ ချောင်စည်းကမ်းဖောက်ဖျက်မှသာချောင်စည်းကမ်းအရ နှင်ထုတ်ရမည်ဖြစ်ပါသည်ဘုရား။နှင်ထုတ်ရလောက်အောင်အပြစ်ကျူးလွန်မှုမရှိသေးပါဘုရား။ ထို့ကြောင့်တပည့်တော်များကနှင်ထုတ်ခြင်းမပြုနိုင်ပါဘုရားဟုလျှောက်ထားကာချောင်ဆရာကြီးချောင်နာယကကြီးများလက်မှတ်ရေးထိုးထားကြသည်ကို တွေ့ရသည်။ ချောင်ဆရာကြီး ဒေါ်ဉာဏဝတီ ချောင်နာယကကြီးဒေါ်စာရုဝတီ (စော-ပြသက်သေ)တို့ လက်မှတ်ရေးထိုးထားသည်။ (ဃ)ထို့အပြင်နောက်တစ်ကြိမ်၁၃၂၆-ခုနှစ်၊နယုန်လ ပြည့်ကျော်(၁၂)ရက်(၂၈-၆-၂၀၀၁)နေ့စွဲဖြင့်စစ်ကိုင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံသို့ဂူနီချောင်မတ္တရာ ဇရပ်နှင့်စပ်လျဉ်း၍ချောင်ဆရာကြီး၊ချောင်နာယကကြီးတို့က၎င်းတို့၏သဘောဆန္ဒကိုထပ်မံလျှောက်ထားသည်ကိုတွေ့မြင်ရပြန်သည်။ လျှောက်ထားပုံလိုရင်းမှာ-မတ္တရာဇရပ်၌နေထိုင်ဆဲဖြစ်ကြသောဆရာလေးများသည်ဒေါ်ကေသာရီအသက်ထင်ရှားရှိစဉ်ကစ၍နေထိုင်ခဲ့ကြပါသည်။ ဒေါ်ကေသာရီကွယ်လွန်ပြီးနောက်လည်းချောင်ဆရာနှင့် နာယကကြီး(၄)ပါးတို့၏ဝန်ခံစာချုပ်ဖြင့်ဆက်လက်နေ ထိုင်ခွင့်ရခဲ့ကြပါသည်ဘုရား။ ထိုကတိဝန်ခံစာချုပ်ပါအတိုင်းချောင်စည်းကမ်းများကို ချိုးဖောက်မှုမပြုကြဘဲ၊ချောင်စည်းကမ်းအတိုင်း လိုက်နာနေထိုင်ဆဲဖြစ်ပါသည်။ ချောင်ဆရာနှင့်ချောင်နာယကကြီးများထံပေးထားသော ကတိဝန်ခံချက်အတိုင်းနေထိုင်ဆဲဖြစ်သောဆရာလေး များဖြစ်၍ချောင်ဆရာနှင့်အောက်ပါနာယကကြီးများက နှင်ထုတ်ခြင်းမပြုကြပါဘုရားဟုလျှောက်ထားကာ ချောင်ဆရာကြီး ဒေါ်ဉာဏဝတီ နာယကကြီးဒေါ်စာရုဝတီ(စော-ပြသက်သေ) ဒေါ်သညာဝတီ ဒေါ်ကေတုဝတီ(ဂူနီချောင်) စစ်ကိုင်းတောင်ရိုးဟုလက်မှတ်ရေးထိုးလျှောက်ထားသည်ကိုလည်းတွေ့ရှိရပါသည်။ (င)ယင်းဖော်ပြခဲ့သောသုံးသပ်ချက်များအရလည်း ကောင်း၊ဂူနီချောင်ဆရာကြီးတို့၏သဘောထားဆန္ဒ လျောက်ထားချက်အရလည်းကောင်းဒေါ်ဧသုစာရီ မပဝရဉာဏီ၊မသုနန္ဒာရီ၊မကုမာရီ)ဒေါ်ဧသုစာရီပါ(၄)ဦးတို့ကိုနှင်ထုတ်ရန်အကြောင်းမရှိ၍နှင်မထုတ်ရ၊မတ္တရာ ဇရပ်၌ဆက်လက်၍(တာဝကာလိက)နေထိုင်ခွင့်ရှိသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများအခိုင်အမာ သုံးသပ်တော်မူကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဤပိုင်ဆိုင်မှုအငြင်းပွားဝတ္ထုကိုပေါင်းရုံးသုံးသပ်ရသော် ၁။ဒေါ်ဝရေသီသည်ဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကို ဖွားစောကနှုတ်ကတိဖြင့်ပေးခဲ့ပါသည်ဟုဆိုရာ ခိုင်လုံသောအကြောင်းများနှင့်ပိုင်ဆိုင်ခွင့်ကိုတွေ့ရသော ကြောင့်၎င်းဇရပ်ကိုဒေါ်ဝရေသီပိုင်ဆိုင်သည်မှာ ထင်ရှားခြင်း။ ၂။ဒေါ်ဝရေသီကမိမိပိုင်မတ္တရာဇရပ်ကိုဒေါ်ကေသာရီအားသီလရှင်ဘဝတစ်သက်တာ(တာဝကာလိက) နေထိုင်ခွင့်ပေးစဉ်အခါနှစ်ဦးသဘောတူချုပ်ဆိုသော စာချုပ်သည်ခိုင်မာ၍တရားဝင်သည့်စာချုပ်ဖြစ်ခြင်း။ ၃။ဒေါ်ကေသာသည်မတ္တရာဇရပ်ကိုပြုပြင်၍နေထိုင်ခဲ့သောကြောင့်မိမိပိုင်ဇရပ်ဟုထင်မှတ်ကာမဥမ္မာ၊မကေသီတို့အားစာချုပ်ဖြင့်လွှဲပြောင်းပေးရာ၌ဒေါ်ဝရေသီထံမှ ခွင့်ပြုချက်မရရှိသောကြောင့်အပေးမမြောက်၊တရားဝင်စာချုပ်မဖြစ်ခြင်း။ ၄။မဥမ္မာကမပဝရဏီအားထပ်မံလွှဲပြောင်းပေးသောစာချုပ်သည်လည်းအရင်းလဲအဖျားထင်းဖြစ်ပမာ မူလကပင်အထမမြောက်၊ပျက်ပြယ်နေခြင်း။ ၅။ဒေါ်ဝရေသီကမဂုဏေသီအားလွှဲပြောင်းပေးသောစာချုပ်သည်လည်းရှေ့စကားနောက်စကားမညီရှုတ် ထွေးပွေလီသောကြောင့်တရားဝင်စာချုပ်မဟုတ်ခြင်း ၆။ဖော်ပြပါ၁၊ ၃၊ ၄၊ ၅အပိုဒ်တို့အရလည်းမတ္တရာဇရပ်ကို ဒေါ် ဝရေသီသာပိုင်ဆိုင်လျက်ရှိခြင်း။ ၇။ဒေါ်ဧသုစာရီပါ(၄)ဦးတို့သည်ဒေါ်ကေသာရီလက်ခံထားခဲ့ချိန်မှစ၍မတ္တရာဇရပ်နှင့်ကတိဝန်ခံချက် ချောင်စည်းကမ်းနှင့်အညီယနေ့အထိနေထိုင်ဆဲဖြစ်ခြင်းကြောင့်နှင်ထုတ်ရမည့်သူများမဟုတ်ခြင်း။ ၈။ဒေါ်ကေသာရီလက်ထက်မှစ၍မတ္တရာဇရပ်၌ကတိ ဝန်ခံချက်နှင့်အညီနေထိုင်သဖြင့်ဒေါ်ဧသုစာရီပါ(၄)ဦး (ဒေါ် ဧသုစာရီ၊မပဝရဉာဏီ၊မသုနန္ဒာရီ၊မကုမာရီ)တို့ သည်ချောင်ဆရာ၊ချောင်နာယကကြီးတို့၏ဆုံးမဩဝါဒကိုနာခံလျက်ယင်းမတ္တရာဇရပ်၌ဆက်လက်နေထိုင်လိုက နေထိုင်ခွင့်ရှိခြင်း။ ၉။ဒေါ်ဧသုစာရီပါ(၄)ဦးတို့သည်ဒေါ်ဝရေသီအပါအဝင် ချောင်ဆရာ၊ချောင်နာယကကြီးများအားပြောမှားဆိုမှားပြစ်မှားမိသည်များကိုပြေပျောက်စေရန်၊ကြီးပွားကောင်း စားလိုသူတို့ကျင့်ရာသောကျင့်ဝတ်နှင့်အညီကန်တော့ဝန်ချတောင်းပန်ထိုက်ခြင်း။ ဖော်ပြခဲ့ပြီးသောအကျယ်သုံးသပ်ချက်၊အကျဉ်းသုံးသပ်ချက်တို့အရနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁၇/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၉/၂၀၀၂)၏ ဆုံးဖြတ်ချက်(၁)နှင့်(၃)တို့ကိုပယ်ဖျက်၍အောက်ပါအတိုင်းဖြည့်စွက်ဆုံးဖြတ်ချက်ချလိုက်သည် - [ဆုံးဖြတ်ချက်]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ဂူနီချောင်အတွင်းရှိဖွားစောဇရပ်(ခ)မတ္တရာဇရပ်ကို စောဒကဆရာကြီးဒေါ်ဝရေသီကပိုင်ဆိုင်သည်။ ၂။ဒျေါကသောရီလကျထကျကစ၍မတ်တရာဇရပျ၌ကတိ ဝန်ခံချက်နှင့်အညီနေထိုင်ဆဲဖြစ်သောဒေါ်ဧသုစာရီပါ (၄)ဦးတို့သည်ချောင်ဆရာ၊ချောင်နာယကကြီးတို့၏ ဆိုဆုံးမမှုကိုနာခံလျက်၎င်းမတ္တရာဇရပ်၌ဆက်လက် (တာဝကာလိက)နေထိုင်ခွင့်ရှိသည်။ ၃။ဒေါ်သုစာရီပါ(၄)ဦးတို့သည်ဒေါ်ဝရေသီအပါအဝင် ချောင်နာယကချောင်ဆရာကြီးများအားကန်တော့ဝန်ချတောင်းပန်ကြရမည်။ [နိုင်ငံတော်ဝိနည်းမိုရ်ဆရာတော်ကြီးများ]

၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက်/မြို့ ၁။ဘဒ္ဒန္တပညာဇောတ(သဘာပတိ) ရွှေဟင်္သာတောရကျောင်း၊ညောင်တုန်းမြို့။ ၂။ဘဒ္ဒန္တဉာဏိက(အဖွဲ့ဝင်) ဒက္ခိဏာရာမကျောင်း၊တာချီလိတ်မြို့။ ၃။ဘဒ္ဒန္တဥတ္တရ(အဖွဲ့ဝင်) ဘန့်ဘွေးကျောင်း၊နောင်ချိုမြို့။ ၄။ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ(အဖွဲ့ဝင်) စွန်းလွန်းဂူကမ္မဌာန်းကျောင်း၊တောင်ကြီးမြို့။ ၅။ဘဒ္ဒန္တသောဘိတ(အဖွဲ့ဝင်) ပြည်သိန်းတန်(သာ/ပြု)ပရိယတ္တိစာသင်တိုက်၊ဟိုပန်မြို့

                             ပြီးပါပြီ။
၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၇)

မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်(၁၀)ရပ်ကွက်၌ ဖြစ်ပွားသောဒေါ်ခင်ဥပါ(၄)ဦးနှင့်ဦးတိလောက၊ဦး အာစိဏ္ဏတို့၏မြေအငြင်းပွါးခြင်းဝိဝါဒါဓိကရုဏ်းမှုခင်း [မြေအငြင်းပွားမှု-မှုခင်းဖြစ်စဉ်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အလှူရှင်ဒေါ်တင်တင်ကမိမိဘိုးဘွားပိုင်မြေကို(၁၉၇၉)ခုနှစ်မှာရေစက်ချ၍လည်းကောင်း၊စာချုပ်ချုပ်ဆို၍ လည်းကောင်း၊မန္တလေးတိုင်း၊မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက်၊ဇေယျသုခကျောင်း၊ဆရာတော်ကြီး ဦးတိလောကအားဝိနည်းတရားတော်နှင့်အညီလှူဒါန်းခဲ့သည်။ ဆရာတော်ဦးတိလောကမှတပည့်ဖြစ်သူဦးအာစိဏ္ဏအား (၁၉၈၇)ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်နေ့မှာစာချုပ်ချုပ်ဆို၍စွန့်လွှတ်လှူဒါန်းခဲ့သည်။ ထိုသို့စွန့်လွှတ်လှူဒါန်းပြီးနောက်၄င်းအချင်းဖြစ်မြေပေါ်မှာနေထိုင်ကြသောမူလစုဒိတကများက/မူလစောဒက များထံခွင့်ပြုချက်မယူဘဲအိမ်များကိုပြင်ဆင်မွမ်းမံသည့်အတွက်တားမြစ်ရာမှစ၍ထိုမြေအငြင်းပွားမှုခင်း ဖြစ်ပေါ်လာခဲ့ပေသည်။ ထိုမြေအငြင်းပွားမှုဝိဝါဒါဓိကရုဏ်းမှုခင်းကိုဝိနည်းတရားတော်နှင့်အညီစစ်ဆေးသုံးသပ်ဆုံးဖြတ်ပေးရန် အတွက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကရွေးချယ်ဖွဲ့စည်းပေးအပ်သည့်မန္တလေးတိုင်း၊ဂိုဏ်းပေါင်းစုံ တိုင်းသံဃဝိနိစ္ဆယအဖွဲ့(ဒုက-၂၂)ကို၂၁-၉-၈၇ရက် တနင်္လာနေ့တွင်ဖွဲ့စည်းပေးအပ်လိုက်ပါသည်။ [တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။အကွက်အမှတ်(၁၆)ဦးပိုင်အမှတ်(၁၁၇/က)၀.၁၈၉ ဧကရှိမြေသည်စောဒကဦးအာစိဏ္ဏပိုင်ဆိုင်သောမြေဖြစ်သည်။ ၂။ထိုမြေကိုသာသနာတော်အကျိုးအတွက်စောဒက ဦးအာစိဏ္ဏစီမံပိုင်ခွင့်ရှိသည်။ ထိုမန္တလေးတိုင်းဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်၍အယူခံစောဒကဒေါ်ခင်ဥပါ (၄)ဦးကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒနာလွှာတင်သွင်းခဲ့ပါသည်။ ယင်းအယူခံစောဒနာလွှာအရနိုင်ငံတော်သံဃမဟာနာယကအဖွဲ့က၄င်းမြေအငြင်းပွါးမှုဝိဝါဒါဓိကရုဏ်းမှုခင်းကိုအပြီးသတ်ဖြေရှင်းဆုံးဖြတ်ပေးရန်နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၃၀/၈၈)သို့လွှဲအပ်ပေးတော် မူခဲ့ပါသည်။ ဤမြေအငြင်းပွားမှုဝိဝါဒါဓိကရုဏ်းမှုခင်း၌စောဒက စုဒိတကနှင့်ယင်းတို့၏သက်သေထွက်ဆိုချက်များ စောဒနာလွှာ၊သောဓနာလွှာများနှင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့များ၏သုံးသပ်ချက်ဆုံးဖြတ်ချက်များကိုအကြိမ်ကြိမ် အဖန်ဖန်လေ့လာကြည့်ရှု၍ဝေဖန်သုံးသပ်ဆုံးဖြတ် ကြပါကုန်အံ့။ [၁။ဘိုးဘွားပိုင်မြေနှင့်စပ်၍စိစစ်သုံးသပ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁၈၈၅-ခုနှစ်မှာအင်္ဂလိပ်အစိုးရများကဘိုးဘွားပိုင်သတ်မှတ်ခဲ့သည်ဟုအယူခံစောဒနာဝင်တို့ကဆိုထား သော်လည်းထိုဘိုးဘွားပိုင်မြေများမှာကာလကြာမြင့်လာသောအခါသား၊မြေး၊ဆွေမျိုးအဆက်ဆက်ပြောင်းရွှေ့ လာသဖြင့် (က)တစ်လုံးတစ်စည်းတည်းမခွဲဘဲတည်နေသောမြေမျိုး၊ (ခ)သားမြေးဆွေစဉ်မျိုးဆက်အဆင့်ဆင့်ခွဲဝေစိတ်ဖြာ၍ မိမိတို့၏ပိုင်ဆိုင်မှုနာမည်အသီးသီးဖြင့်သိမ်းပိုက်လာခဲ့ကြသောမြေမျိုးစသည်များဖြင့်အမျိုးမျိုးကွဲပြားနေတတ်ကြပါသည်။ထိုတွင် (က)အမျိုးအစားမြေများသာအယူခံစောဒနာဝင်တို့ ဆိုသည့်အတိုင်းအနည်းငယ်သာဖြစ်သင့်နိုင်ရန်ရှိသော် လည်းအလွန်ရှားပါးပါလိမ့်မည်။ (ခ)အမျိုးအစားပါမြေများကားအထက်အောက်မြန်မာ ပြည်အနှံ့မှာပြုလုပ်သုံးစွဲနေကြသည်ကိုများစွာတွေ့ရှိ ကြရပါသည်။ ထိုသို့အဆင့်ဆင့်ပြောင်းလဲလာသောမြေမျိုးမှာစာချုပ်ဖြင့်ပြုလုပ်ရိုးမရှိဘဲဆွေစဥ်မျိုးဆက်အမွေရအားဖြင့်သာလျှင်ပိုင်ဆိုင်သိမ်းပိုက်နေလာခဲ့ကြပါသည်။ ရောင်းဝယ်လှူဒါန်းပြောင်းလဲပြုလုပ်လာခဲ့ကြပါသည်။ အငြင်းပွားနေသောမြေ၌ဒေါ်ရင်နာမည်ပေါက်နေခြင်းမှာလည်းဆိုခဲ့ပြီး(ခ)အမျိုးအစားအားဖြင့်ပေါ်ပေါက်လာ၊ အမည်တွင်လာသည့်မြေမဟုတ်ဟူ၍အတိအကျ မဆိုနိုင်ပါ။ တစ်နည်းအားဖြင့်ဒုတိယကမ္ဘာစစ်အတွင်းကမြေပုံများကိုပြန်လည်၍စိစစ်သောအခါမြေပိုင်အစိုးရများက ဒေါ်ရင်ဟူသောပင်ရင်းနာမည်ရှိနေ၍ဖြစ်စေ၊ယင်းမြေကိုပိုင်ဆိုင်ဆဲဖြစ်နေ၍ဖြစ်စေဒေါ်ရင်နာမည်ကိုဖော်ထုတ်လိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။ သို့မဟုတ်တည်ရှိဆဲဥပဒေအရ(တစ်နည်း)လိုက်နာပြုကျင့်ဆဲဥပဒေအရဒေါ်ရင်ပိုင်ဆိုသောအမွေရမြေမျိုးဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့်(၁၉၄၉)ခုနှစ်လောက်မှစ၍ယင်းမြေကွက်၊ မြေပုံ၌ဒေါ်ရင်၏နာမည်ပေါက်ပါဝင်နေခြင်းမှာမည်သည့်တံဆိပ်ခေါင်းကပ်မှု၊အမိန့်ခံမှတ်ပုံတင်ပြောင်းလဲမှုများ မလိုတော့ဘဲအလျောက်ပင်တရားဝင်အမည်ပေါက်နေခြင်းသာဖြစ်နေပေသည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယ (၃၀/၈၈)အဖွဲ့ဝင်ဆရာတော်များကစိစစ်သုံးသပ်တော် မူကြသည်။ ၂။ဒေါ်ရင်မှညီမအရင်းဒေါ်တင်တင်သို့ရောက်ရှိဆက်ခံလာမှုနှင့်ဒေါ်တင်တင်မှဦးတိလောကအားလှူခြင်းများ [တရားဝင်ဖြစ်ပုံ]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(က)ဒေါ်ရင်၏နာမည်ပေါက်၍တည်ဆဲလုပ်ထုံးအရ ပိုင်ဆိုင်ခဲ့သောမြေမှာလည်းအစ်မဖြစ်သည့်ဒေါ်ရင်မရှိသည့်နောက်ပိုင်း၌ညီမအရင်းဖြစ်သူဒေါ်တင်တင်မှာလည်းရှေးကဒေါ်ရင်နည်းတူယင်းမြေကိုပိုင်ဆိုင်ခွင့်ရှိသူ ယခုလည်းအမွေခံအမွေပိုင်ဆိုင်ခွင့်ရှိသူအလိုအလျောက်ပင်ဖြစ်သွားနိုင်ပေတော့သည်ဟူ၍လည်းကောင်း။ (ခ)၎င်းအပြင်ဆရာတော်ဦးတိလောကအားထပ်မံလှူဒါန်း ခြင်းသည်လည်းယခုသုံးစွဲဆဲရေစစ္စတြီစာချုပ်အမှတ် (၃/၇၆)အရတန်ဖိုးငွေ(၁ဝဝဝိ)တစ်ထောင်ကျပ်တန်ဖိုးဖြင့်အပြီးအပိုင်လှူဒါန်းပြီးဖြစ်သောကြောင့်၎င်း။ (ဂ)ယခုမျက်မြင်လိုက်နာပြုကျင့်ဆဲဥပဒေအရ (၅)ငါးကျပ်တန်တံဆိပ်ခေါင်းပါသောစာချုပ်စာတမ်း စာရွက်တို့နှင့်တကွဦးပိုင်အသုံးပြုဆဲမြေပုံမှတ်ပုံတင်စာရင်းစာရွက်တို့ဖြင့်ခိုင်လုံစွာပြုလုပ်၍ ဒေါ်တင်တင်မှအမွေခံပိုင်ဆိုင်သူအဖြစ်ဖြင့်လှူဒါန်းထားခြင်းသည်တရားဝင်ဖြစ်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်များကစိစစ်သုံးသပ်တော်မူကြသည်။ ၃။ဦးတိလောကမှတပည့်ဦးအာစိဏ္ဏသို့ [တရားဝင်စွန့်လွှတ်ပုံ]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အထက်၌ဒေါ်တင်တင်၏ပိုင်ဆိုင်လှူဒါန်းမှုများတရားဝင်အခိုင်အလုံဖြစ်သွားသဖြင့်အလှူခံပြီးသူဦးတိလောကမှ တပည့်ဖြစ်သူဦးအာစိဏ္ဏအားတဆင့်လှူဒါန်းခြင်းမှာလည်းတရားဝင်ဖြစ်သည့်အပြင်ရောက်ဆဲခေတ်ကာလပြုလုပ်နည်းဥပဒေများအရတစ်ဆယ်(၁ဝိ)တန်တံဆိပ် ခေါင်းပါသောစာချုပ်စာရွက်များဖြင့်လည်းကောင်း၊ ဦးပိုင်သုံးစွဲဆဲမြေပုံမှတ်ပုံတင်စာရွက်တို့ဖြင့်လည်း ကောင်း၊အခိုင်အမာပြုလုပ်လျက်စွန့်လှူဒါန်းခြင်း ဖြစ်ပြန်ရာအလွန်တရားဝင်ဖြစ်သွားပါတော့သည်ဟု စိစစ်သုံးသပ်တော်မူကြသည်။ သတိပြုကြရန်ဘုရားလက်ထက်ကဘိုးဘွားပိုင်ပစ္စည်းများလှူဒါန်းရာ၌အလှူမြောက်ပုံ(သာဓက)ကိုထုတ်ပြ ပေအံ့။မြတ်စွာဘုရားရှင်လက်ထက်တော်ကဒါယကာတစ်ဦးမှာသားတစ်ယောက်၊တူတစ်ယောက်အမွေခံမည့်သူများနှစ်ယောက်ရှိလေရာဒါယကာအသက်ရှင်ဆဲမှာပင် “တပည့်တော်ကွယ်လွန်သွားပြီးနောက်သားနှင့်တူအမွေခံတို့တွင်သဒ္ဓါထက်၍သာသနာတော်ကျေးဇူးများမည့်သူ အားသာအမွေများပေးစေပါရန်”အရှင်အဇ္ဇုကအား လျှောက်ထားခဲ့လေသည်။ ဒါယကာကွယ်လွန်သွားသောအခါ၌လျှောက်ထားခြင်း ခံရသောရဟန္တာအရှင်အဇ္ဇုကမထေရ်ကြီးသည် ယထာ ဒါယကာ ၀ဒန္တိ၊တထာ ပဋိပဇ်ဇိတဗ်ဗံဟူသော ဝိနည်းဒေသနာညွှန်ကြားချက်ဥပဒေအရသဒ္ဓါထက်၍ သာသနာတော်အတွက်ကျေးဇူးများသောတူဖြစ်သူအားသာလျှင်ကျန်ရစ်သောအမွေပစ္စည်းများကိုပေးစေတော် မူလေသည်တို့ကိုမကျေနပ်၍သားဖြစ်သူကအရှင်အာနန္ဒာမှတစ်ဆင့်အရှင်ဥပါလိအထံအဆုံးအဖြတ် ခံယူလေရာရဟန္တာမထေရ်ကြီးကဒကာမှာထားသည့်အတိုင်းမှန်ကန်စွာဆောင်ရွက်ပေးသဖြင့်မထေရ်ကြီးသာ အနိုင်ရဖူးကြောင်းဝိနည်းပါရာဇိကဏ်ပါဠိ(၈၄)ကျမ်းဂန်များ၌လာရှိသဖြင့်သာသနာရေးနှင့်လောကီရေးရှုပ်ထွေးနေရာတို့၌အထူးသတိပြုသင့်ကြပေသည်။ ၄။အယူခံစောဒနာဝင်လွှာပါတင်ပြချက်တို့ကို [စိစစ်သုံးသပ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အယူခံစောဒနာဝင်ဒေါ်ခင်ဥပါ(၄)ဦးတို့သည်တိုင်းသံဃ ဝိနိစ္ဆယရုံး၌မြေရှင်ဒေါ်ရင်ဒေါ်တင်တင်တို့နှင့်ဆွေမျိုးတော်ကြောင်း၊အမွေဆိုင်ဖြစ်ကြောင်းပြောဆိုတင်ပြမှု မရှိခဲ့ကြသော်လည်းယခုအယူခံစောဒနာဝင်လွှာတင်ကာမှဆွေမျိုးတော်စပ်ပုံအမွေဆိုင်ဖြစ်ပုံများကိုရှေ့တန်းတင် ၍လျှောက်ထားခဲ့ရာ၌ရှေ့နောက်မညီညွတ်လွဲမှားပုံကိုလည်းကောင်း၊ အယူခံစောဒနာဝင်ဦးကျော်၏ဖခင်မှာဦးစမဟုတ်၊ ဦးချမ်းငြိမ်းဖြစ်ပုံ၊ဒေါ်မိုး၏မိခင်မှာဒေါ်သင်းသုံမဟုတ်၊ ဒေါ်အေးဖြစ်ပုံများကိုမြင်းခြံမြို့၊လူဝင်မှုကြီးကြပ်ရေးဌာနမှစုံစမ်းသိရှိရသဖြင့်လိမ်လည်မှုထင်ရှားကြောင်း၊ ဦးကျော်နှင့်ဒေါ်မိုးတို့မှာညောင်ဦးမြို့မှပြောင်းရွှေ့လာ ကြပြီးမြေငှားနေသူများဖြစ်ကြောင်းစသည်ဖြင့်အမွေခံမဟုတ်ဘဲလိမ်လည်တင်ပြမှုများကိုတွေ့ရှိရကြောင်း အယူခံသောဓနာဘက်မှချေပထားသည်ကိုလည်းကောင်း ဒေါ်ခင်ဥမှာမြေရှင်များနှင့်ဆွေမျိုးတော်သော်လည်း မြေရှင်ဒေါ်တင်တင်တို့အထံအမွေခွဲဝေပေးရန်တောင်းဆိုခြင်း၊အမွေဆိုင်ဖြစ်၍တရားရုံးများမှာစွဲဆိုရင်ဆိုင်မှုမရှိဖူးကြောင်းနှင့်အယူခံစောဒနာဝင်လွှာတွင်ခိုင်လုံသော အထောက်အထားများမပြနိုင်ခဲ့ကြောင်းစသည်ဖြင့်- အယူခံသောဓနာဘက်မှခိုင်လုံစွာချေပသွားသည်ကို တွေ့ရပါသည်။ ထိုအကြောင်းများကိုထောက်ရှုခြင်းအားဖြင့်အယူခံစောဒကများ၏စောဒနာချက်များမှာအပြည့်အစုံမှန်ကန်မှုမရှိနိုင်ဟူ၍နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့(၃၀/၈၈)အဖွဲ့ဝင်ဆရာတော်များကသုံးသပ်တော်မူကြသည်။ ၅။အယူခံစောဒနာဝင်လွှာစာမျက်နှာ၈-၉-၁ဝများမှာ သုံးသပ်ချက်(၁)တွင်အကျုံးဝင်သွားပြီးဖြစ်၍ထပ်မံ၍ သုံးသပ်ရန်မလိုတော့ပေ။ ၆။အယူခံစောဒနာလွှာစာမျက်နှာ(၁၀-၁၁)များမှာ သုံးသပ်ချက်(၁)၌အကျုံးဝင်ပြီးဖြစ်သော်လည်းအယူခံ စောဒကဒေါ်ခင်ဥပါ(၄)ဦးတို့သည်(၁၈၈၅/၈၆)ခုနှစ်များမှစ၍သတ်မှတ်ခဲ့သောအနှစ်တစ်ရာကျော်မှဥပဒေဟောင်းကြီးကိုစွဲမြဲကိုင်တွယ်လျက်ဒေါ်ရင်ဒေါ်တင်တင် စသူတို့မပိုင်ထိုက်ပုံကိုအကြောင်းအမျိုးမျိုးပြ၍ စောဒနာခဲ့ကြ၏။ သို့သော်အစစ်ခံချက်၌၎င်းမြေကိုမပိုင်ပါဟူ၍လည်း ကောင်း၊ယခုတပည့်တော်တို့နေတဲ့ဒေါ်ရင်၊ဒေါ်တင်တင်တို့၏အစ်ကိုဦးလူကလေးပိုင်မြေဖြစ်တယ်လို့သိရပါတယ်ဟူ၍လည်းကောင်းဒေါ်ခင်ဥကိုယ်တိုင်ထွက်ဆိုထားသည်ကိုတွေ့ရှိရ၏။၎င်းစကားများရှေ့နောက်မညီ ဆန့်ကျင်သည်ကိုတွေ့ရှိရသောအားဖြင့်အငြင်းပွားမြေ နှင့်စပ်၍သံသယဖြစ်တော်မူကြပေသည်။ ဦးလူကလေး၏ထံတွင်ဆရာတော်ကြီးတစ်ပါးက ယင်းမြေကိုအလှူခံစဉ်ဘိုးဘွားပိုင်မြေ၊လှူလည်းမလှူနိုင်ပါ၊ရောင်းလည်းမရောင်းနိုင်ပါဟူ၍လျှောက်ထားရာ၌ လည်းသဒ္ဓါမပေါက်အကြောင်းမသင့်၍ဤကဲ့သို့ လျှောက်ထားခဲ့လေသလားဟုယူဆရန်ရှိလေသည်။ အထက်ပါအကြောင်းများကြောင့်ရှေးနံပါတ်(၁)မှ သုံးသပ်ချက်အတိုင်း(၁၉၄၉)ခုနှစ်လောက်မှစ၍ မြန်မာ့တိုင်းပြည်သစ်မြေပိုင်အစိုးရများကဒေါ်ရင်အား အမွေဆက်ထိန်းသိမ်းပိုင်ဆိုင်သူအဖြစ်ပေးထားခဲ့သောမြေဖြစ်သည်ဟူ၍နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်များက သုံးသပ်ကြသည်။ ၇။အယူခံစောဒနာဝင်လွှာ၌မြင်းခြံမြို့နယ်၊(န-လ-က)အဖွဲ့ရုံး၌နှစ်ဦးနှစ်ဘက်ပဋိညာဉ်ဝန်ခံကတိပေးခဲ့သည့်ကိစ္စ၌ လည်းအယူခံစောဒနာဝင်များကအချင်းဖြစ်သည်အမွေဆိုင်မြေဖြစ်လျှင်သက်ဆိုင်ရာရုံးမှာစကားပြောကြပါ၊ တရားမဝင်အမည်ပေါက်ထားခြင်းဖြစ်လျှင်လည်း တရားဥပဒေအရသာဆောင်ရွက်ကြပါ၊ယခုလက်ရှိနေထိုင်သူများအားနှင်ထုတ်ခြင်း၊ကန့်ကွက်ခြင်း မပြုကြရန်နှင့်သင့်တော်သောမြေခများကိုပေး၍ နေကြရန်ဆုံးဖြတ်ပေးပြီးနှစ်ဘက်သဘောတူကြောင်းပဋိညာဉ်ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးပြီးငြိမ်းစေ ခဲ့သည်ဟုရေးသားတင်ပြထားသော်လည်းထို(န-လ-က) ရုံးရောက်စဉ်ကပါဝင်သောမူလစုဒိတကသက်သေ ဦးဘသော်၏ထွက်ဆိုချက်၌ကားမြေပိုင်ရှင်ကလည်းပိုင်ဆိုင်မှုကိုမပြောင်းစေရ၊နေထိုင်သူများကလည်း သင့်တင့်သောအခကြေးငွေပေး၍နေရမည်ဟူ၍ ဆုံးဖြတ်ခဲ့ပါသည်ဟုထွက်ဆိုအစစ်ခံခဲ့လေသည်။ ထို၌လည်း(န-လ-က)အဖွဲ့၏စီရင်ဖျန်ဖြေချက်ကို ဦးဘသော်ကတစ်မျိုး၊အယူခံစောဒနာဝင်များ စောဒနာဝင်လွှာတင်ထားတာကတစ်မျိုးတစ်ဖုံဖြစ်နေ ကြရာ(စဉ်းစားဖွယ်၊သံသယဖြစ်ဖွယ်ပင်) ထိုအချက်များကိုထောက်ရှုလျှင်အယူခံစောဒနာဝင်များသည်၊မူလတင်ရင်းစွဲနှင့်ဘောင်ဝင်အောင်သာရေးသားကြ၍၊အစစ်ခံဦးဘသော်မှာ၊ထိုခေတ်ကာလဖြစ်စဉ်အမှန်အတိုင်းသာထွက်ဆိုထားသည်ဟူ၍ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်များကဆင်ခြင် သုံးသပ်တော်မူကြသည် [သတိပြုဖွယ်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဤနေရာ၌အယူခံဝင်လွှာသောဓနာဘက်မှမြင်းခြံမြို့၊ (န-လ-က)ရုံးသို့ရောက်ရခြင်းမှာမြေရှင်မြေကိစ္စဖြစ် ကြောင်း၊မြေငှားများအားမြေရောင်းလို၍ဖယ်ပေးရန် နှင်ထုတ်ခြင်းကြောင့်ဖြစ်ကြောင်း၊အယူခံစောဒနာဝင် ဒေါ်ခင်ဥမှာအမွေဆိုင်၍နေခြင်းမဟုတ်၊မြေငှားအဖြစ် နေကြောင်းကိုသူ၏ညီမအရင်း၊မောင်ရင်းများ၏ တခြားရပ်ကွက်များမှာနေထိုင်ကြပုံစသည်များကို သာဓကပြ၍အခိုင်အမာပယ်ချထားသည်ကို တွေ့ရပါသည်။ [မှတ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ထို(န-လ-က)ခေတ်ကမြေရှင်မြေငှားအိမ်ရှင်အိမ်ငှားများမှာလက်ရှိနေထိုင်သူပိုင်ဆိုင်မှုဥပဒေများခေတ်စားနေသဖြင့်အယူခံဝင်စောဒကများ၏ပြုမူဆောင်ရွက်ချက်များမှာမြေပိုင်ရှင်များအားပစ်ပယ်ဖီဆန်သောဆောင် ရွက်မှုများကိုလုပ်နေကြသည်မှာထင်ရှားလှပေသည်။ စောဒကများသည်ဘိုးဘွားပိုင်ကိုသာအခိုင်အမာကိုင်၍ စောဒနာနေကြခြင်း- ထိုဘိုးဘွားများမှာအနှစ်တစ်ရာကျော်လောက်မှစတင်၍ သတ်မှတ်ခဲ့သည်ဖြစ်ရာမည်သည့်ဘိုးဘွားများမည်သူတို့၏ဘိုးဘွားများဟူ၍အတိအကျမသိနိုင်ကြပါ၊ ထိုဘိုးဘွားများမှာအယူခံစောဒကဒေါ်ခင်ဥတို့၏ဘိုးဘွား ဦးဘိုးဆောင်တို့ဖြစ်လျှင်ဘောင်ဝင်နိုင်စရာရှိသော်လည်း ဦးဘိုးဆောင်တို့၏ဘိုးဘွားများဖြစ်ခဲ့ပါလျှင်ကား ဒေါ်ခင်ဥတို့၏ဘိုးဘွားများမဟုတ်နိုင်တော့ပါ၊အဆက် ပြတ်သွားပါပြီ၊သို့သော်အစဉ်အလာသက်ဆင်းခေါ်တွင်လာသော​မြေအမည်အားဖြင့်ကားဘိုးဘွားပိုင်ဟုခေါ်တွင်နိုင်ပါသေးသည်၊သို့သော်ပိုင်ဆိုင်မှုကားဒေါ်ခင်ဥတို့မှာ မရှိနိုင်တော့ပါ။ အကြောင်းကားဦးဘိုးဆိုင်ဦးဘိုးဆောင်တို့သည်မိမိတို့၏ ဘိုးဘွားပိုင်မြေကိုအမွေခွဲဝေ၍မိမိတို့ပိုင်အသီးသီးခွဲဝေသတ်မှတ်ယူပြီးဖြစ်နိုင်သောကြောင့်ပေတည်း။ထိုကဲ့သို့ ဒေါ်ခင်ဥတို့၏ဘိုးဘွားပိုင်အမည်မဟုတ်ခဲ့သော်ဘယ်ဘိုးဘွားနာမည်ဖြင့်တရားရုံးမှာစကားပြောနိုင်ကြပါမည်နည်း။ဘိုးဘွားပိုင်သတ်မှတ်စဉ်ကနာမည်ပါဘိုးဘွားအစစ်ကိုဖော်ထုတ်သင့်ပါသည်။ ထိုသို့ဖော်ထုတ်ရာ၌လည်းစတင်သတ်မှတ်ခဲ့သည့် အင်္ဂလိပ်မင်းအစိုးရများမရှိတော့ပါစွန့်လွှတ်သွားကြ ပါပြီ၊မင်းများမရှိတော့လျှင်မင်းပြုစုဥပဒေများလည်း ရှိနိုင်တော့မည်မဟုတ်ပါ၊နာမည်ခံယူသူများကိုလည်း မည်သူဟူ၍မပြုနိုင်တော့ပါ။မင်းများနှင့်အတူပျက်ပြယ်သွားပြီဟူ၍ယူဆသင့်ပါသည်။ ယခုအခါ၌မူကားမြန်မာပြည်လွတ်လပ်ရေးရစဉ်အခါမှစ၍မြန်မာ့အစိုးရများဖြစ်နေပါသည်။ထိုမြန်မာအာဏာ ပိုင်အစိုးရများကမြေပုံဟောင်းပျောက်ဆုံးပျက်စီးသွားသဖြင့်မြေပုံအသစ်ကိုပြန်လည်သတ်မှတ်ရာ၌(က/၂) မြေပုံအမည်ပေါက်စာရင်းတွင်ဒေါ်ရင်၏အမည်ပေါက်ပေးလိုက်ခြင်းမှာမြန်မာပြည်သစ်အစိုးရများကပင် ပေါက်ပေးလိုက်ခြင်းပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်ဟုယူဆသင့်ပါသည်။ ထို့ကြောင့်ဒေါ်ရင်၏(က/၂)မြေပုံ၌အမည်စာရင်း ပေါက်နေခြင်းမှာမြေတိုင်းစာရေးစသည်မျှဖြင့်မဟုတ်ဘဲ မြေပိုင်ခွင့်လွှဲပြောင်းအာဏာပေးနိုင်ခွင့်ရှိသူအစိုးရများသာဖြစ်နိုင်ရကားဒေါ်ရင်း၏မြေပုံနာမည်ပေါက်နေခြင်းမှာဧကန်ပင်တရားဝင်ဖြစ်နေပါသည်။အမှတ်(က/၁)မြေပုံရာဇဝင်တွင်သူမှာပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသာဖြစ်သင့်ပါသည်။ ဒေါ်ရင်၏မြေပုံရာဇဝင်နာမည်ပေါက်(တရားဝင်ဖြစ်သွားလျှင်၊အမြစ်ပြတ်လျှင်၊အပင်ထင်းဖြစ်)ဆိုသည့်ရှေးလာစကားအတိုင်းဤအမှုတွဲပါအားလုံးအချက်များမှာ တရားဝင်ကြောင်းသိသာရှင်းလင်းသွားကြမည် ဖြစ်ပါသည်။ ဒေါ်ရင်၏နာမည်ပေါက်တရားဝင်ဖြစ်သွားလျှင် ဒေါ်တင်တင်၏အမည်မှာလည်းအစ်မရင်းဒေါ်ရင်၏ အမွေခံအမွေစားအဖြစ်ရရှိသွားကာယခုခေတ်တည်ဆဲအစိုးရများ၏လက်ထက်၌ပြုလုပ်နေကြသည့်ထုံးစံအရ ရောင်းဝယ်လှူဒါန်းပြောင်းလဲနေကြသည်မှာဒိဌ၊သုတအားဖြင့်များစွာပင်မြင်တွေ့နေရသည်ကိုထောက်ရှုခြင်းအားဖြင့်တရားမဝင်ဟုဆိုရန်(ယူဆရန်)အလွန်ခဲယဉ်း ပါလိမ့်မည်။ ဤနေရာ၌ခေတ်ပေါ် နိုင်ငံတော်အစိုးရမင်းများ၏ မျက်မြင်ပြုလုပ်ကြရိုးအစဉ်အလာအားဖြင့်တရားဥပဒေ သတ်မှတ်ချက်နှင့်ညီမညီမသိရသော်လည်းတရားမဝင် ဟူ၍ဆိုရန်ခဲယဥ်းပါလိမ့်မည်။ ၎င်းအပြင်ယခုခေတ်ပေါ်ခေတ်သစ်အချိန်အခါမှာမြေရှင် မြေငှား၊အိမ်ရှင်အိမ်ငှားများမှာပင်လက်ရှိလုပ်ကိုင်သူ၊ နေထိုင်သူများသာပိုင်ဆိုင်သည်ဟူ၍ပင်ပြုလုပ်ဆောင် ရွက်နေကြသည်ကိုမျက်မြင်ပင်တွေ့ရှိနေကြရသည် မဟုတ်ပါလောအထူးသတိပြုသင့်ကြပါသည်။ အယူခံစောဒနာဝင်စောဒကများပင်ဤဥပဒေအမြွက်ကို လက်ကိုင်၍ပြုလုပ်ဆောင်ရွက်သွားခဲ့ကြသည်မှာ မဟုတ်ပါဟုငြင်းဆိုနိုင်ကြပါမည်လော။ အယူခံစောဒနာလွှာဂိုဏ်းပေါင်းစုံတိုင်းဝိနိစ္ဆယတင်ပြချက်နှင့်စပ်လျဉ်း၍မန္တလေးတိုင်းဂိုဏ်းပေါင်းစုံဝိနည်း ဓိုရ်ဆရာတော်ကြီးများမှာရောက်ဆဲမျက်မှောက်ခေတ်လုပ်ထုံးတွင်တည်ရှိနေသည့်အားလျော်စွာရှေ့နောက် စိစစ်သုံးသပ်ပြီးမှဆုံးဖြတ်တော်မူကြသည်ဖြစ်သဖြင့် တိုင်းဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်ကိုအထူးစိစစ် သုံးသပ်ရန်မလိုတော့ဟူ၍အယူခံစောဒနာဝင်လွှာ စာမျက်နှာ(၃၀-၃၁-၃၂)တို့နှင့်စပ်၍သောဓနာဝင်လွှာတွင် စုဒိတကဦးအာစိဏ္ဏကမိမိသည်တရားဥပဒေမဲ့ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ဒေါ်တင်တင်လှူထားပြီးသာသနာ့ မြေတွင်း၌နေစဉ်သေဆုံးသွားပြီး၍ထိန်းသိမ်းသူမရှိသော ဒေါ်သိန်းတင်၏အိမ်ဟောင်းကိုဝင်းထရံခတ်ကာရန် သက်ဆိုင်ရာ(၁၀)ရပ်ကွက်ပြည်သူ့ကောင်စီသို့အခွင့်တောင်းပြီးအခွင့်ရရှိမှပြုလုပ်ကြောင်းခွင့်တောင်းလွှာနှင့် ပူးတွဲပြသောဓနာသဖြင့်တရားဝင်ဖြစ်ကြောင်းသုံးသပ်ကြပြီးလျှင်- အောက်ပါသာဓကပြဘုရားလက်ထက်တော်ကဖြစ်ရပ်မှန်ကိုတင်ပြကာနှစ်ဖက်လုံးပင်သည်းခံမှုလောဘဒေါသ အကုသိုလ်ကင်းပါးကုသိုလ်ပွားကြစေရန်သနားညှာတာ ရှေ့ထားပြုကြလျက်မေတ္တာရပ်ခံကြပါသည်။ မြတ်စွာဘုရားသာသနာတွင်လှူရာ၌သက်သေ [စာချုပ်မပါဘဲအလှူပြီးမြောက်ပုံ]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

မြတ်စွာဘုရားလက်ထက်တော်ကမြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌နေတော်မူစဉ်ဒကာ တစ်ယောက်ကဘိက္ခုနီသံဃာအားဘဏ္ဍာတိုက် အိမ်တစ်လုံးကိုလှူဒါန်းထားပြီးကွယ်လွန်သွားလေသည်။ ကျန်ရစ်သောသားနှစ်ယောက်အမွေခွဲဝေကြရာ၌ဘဏ္ဍာ တိုက်အိမ်ကိုသာသနာမကြည်ညိုသောသားကရရှိသဖြင့် မိမိအမွေရသည်ဟုပြောဆိုကာဘိက္ခုနီရဟန်းမတို့အား ဘဏ္ဍာတိုက်အိမ်မှနှင်ချလေသည်။ ထိုအကြောင်းစုံကိုဘိက္ခုနီများကတရားရေးရာအမတ်ကြီးတို့အားပြောပြတိုင်တန်းကြသည်။ တရားရေးအမတ်ကြီးများကဘဏ္ဍာတိုက်အိမ်လှူဒါန်းစဉ်အခါကအသိသက်သေများရှိပါသလားမေးမြန်းလေရာ ဘဏ္ဍာတိုက်အိမ်စသည်ကိုသာသနာအားလှူဒါန်းရာ၌ အသိသက်သေစာချုပ်စသည်ဖြင့်လှူဒါန်းကြသည်ကို တွေ့မြင်ကြပါသည်ဟူ၍ဘိက္ခုနီမတို့ကပြောကြားမေး မြန်းသဖြင့်တရားရေးရာအမတ်ကြီးများကဘိက္ခုနီမတို့အားအနိုင်ပေးလေသည်။ တရားရှုံးသူသားကဘိက္ခုနီမတို့အားကဲ့ရဲ့ပြစ်တင်လေသည်။ထိုအကြောင်းကြောင့်တရားရှုံးကဲ့ရဲ့သူအား ငွေဒဏ်တပ်လေသည်။ ထိုအကြောင်းကိုသိရှိရသဖြင့်ဘိက္ခုနီမတို့အားတရား မစွဲရဟူ၍တားမြစ်ကာသိက်ခါပုဒ်တော်ကိုမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ဝိနည်းပါစိတ်ပါဠိတော်စာမျက်နှာ (၂၈၈/၉)၌ပညတ်တော်မူခဲ့လေသည်။

ထိုမြတ်စွာဘုရားလက်ထက်တော်ကဖြစ်ရပ်မှန်ကို 

ဝိနိစ္ဆယအဖွဲ့ဝင်များကဆင်ခြင်တော်မူကြကာယင်းအမှုကိုလက်ခံ၍အစစ်ဆေးခိုင်းတော်မူကြသောနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၏သီလသမာဓိပညာဂုဏ်ကိုလည်းကောင်း၊သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများကချမှတ်ဖွဲ့စည်းတာဝန်ပေး ခဲ့သည့်အတိုင်းယင်းအမှုကြီးကိုလက်ခံဆုံးဖြတ်ခဲ့ကြပြီး သောမန်းတလေးတိုင်းမြင်းခြံမြို့နယ်မှဂိုဏ်းပေါင်းစုံ တိုင်းဝိနည်းဓိုရ်ဆရာတော်ကြီးများ၏သီလသမာဓိပညာဂုဏ်ကိုလည်းကောင်း၊ယုံကြည်လေးစားကြသည့်အပြင် ဝိနည်းတရားတော်နှင့်ညီညွတ်သည်ဟူ၍လည်းအသိ ဉာဏ်ရှေ့ထားကြလျက်အမှုတွဲကိုမပယ်ဖျက်ကြဘဲထားကြသည်ကိုသဘောပေါက်အလျော့ပေးသည်းခံကြကာ တစ်ဧက၏၅-ပုံ၁-ပုံမျှသာရှိသဖြင့်မပြောပလောက်သော တန်ဖိုးများစွာမရှိသောမြေကွက်ကလေးကိုအကြောင်း ပြုကာယခုမျက်မြင်ခေတ်၌ပြုရိုးစဉ်လာအတိုင်းပြုလုပ် ပြောင်းလဲနေကြသည်ကိုအကြောင်းအမျိုးမျိုးပြကာ ဧကန်ဧကမသိနိုင်သောအနှစ်တစ်ရာကျော်လောက်စီက ဥပဒေဟောင်းကိုစွဲကိုင်ကာ၊မရေရာသောအကြောင်းများပြလျက်ကန့်ကွက်ခြင်းများကိုရပ်တန့်ကြပြီးသာသနာ တွင်းသို့လှူပြီးသောမြေကိုမဆုံးရှုံးစေကြရန်နှင့်စောဒကမိမိတို့လည်းအကုသိုလ်မဖြစ်ပွားကုသိုလ်များပြားစေကြရန်လိုက်လျောသည်းခံသင့်ကြပေသည်ဟူ၍ နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့(၃၀/၈၈)အဖွဲ့ဝင် ဆရာတော်ကြီးများကသနားမှုကရုဏာသန်သန်ဖြင့် မေတ္တာရပ်ခံလိုက်ကြပေသည်။ [ပေါင်းရုံးခြုံငုံသုံးသပ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။အယူခံစောဒကများသည်အချင်းဖြစ်မြေကိုမိမိတို့ပိုင်ဆိုင်ကြောင်းမြေပုံစာချုပ်စာတမ်းအထောက်အထားများကိုလုံးဝတင်ပြနိုင်မှုမရှိခြင်း၊ ၂။အယူခံစောဒကများသည်အခင်းဖြစ်မြေကို ဘိုးဘွားပိုင်မြေဟုပြောဆိုကြသော်လည်းမည်သည့် ဘိုးဘွားများကပိုင်ဆိုင်သည်ကိုအတိအကျမပြောဆို နိုင်ခြင်း၊ ၃။အယူခံစောဒကများသည်အခင်းဖြစ်မြေ၌မြေရှင် မြေငှားသဘောမျိုးဖြင့်သာနေထိုင်ရကြောင်းကို တိုင်းသောနာလွှာတွင်တင်ပြထားသော်လည်း နိုင်ငံတော်ကြမှအမွေပိုင်ဟုတင်ပြလာခြင်း။ ၄။ဒေါ်ရင်ရင်သည်(က/၂)မြေပုံ၌အမည်ပေါက်နေခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးမင်းများကအထောက်အထားခိုင်လုံစွာလျှောက်ထားသူကိုသာ အမည်ပေါက်ပေးလိုက်ခြင်းကိုသိရခြင်း၊ ၅။အယူခံစောဒကများသည်ဒေါ်တင်တင်နှင့်ဆွေမျိုးတော်စပ်ကြသည်ဟုတင်ပြကြသော်လည်းအမွေခံ အမွေစားထိုက်လောက်သောဆွေမျိုးတော်စပ်သူများ မဟုတ်သည်ကိုခိုင်လုံစွာတွေ့ရှိရခြင်း၊ ၆။မြေပုံစာချုပ်တွင်ကွင်းနံပါတ်(၁၆)ဦးပိုင်နံပါတ် (၁၁၇/၇)ဟုခေါ်တွင်သောဘိုးဘွားပိုင်မြေသည် ဦးပိုင်အမှတ်ပုံစံစာရင်း/စာရင်းစာအုပ်၁(က)အရ ဒေါ်တင်တင်ပိုင်မြေဟုဖော်ပြထားခြင်း၊ ၇။ဒေါ်ရင်ရင်ဒေါ်တင်တင်ညီမအရင်းနှစ်ဦးတရားဝင်အမည်ပေါက်ပိုင်ဆိုင်သောမြေဖြစ်ကြောင်းကိုမြင်းခြံမြို့၊ မြေစာရင်းဦးစီးဌာနမှမြေပုံစာရင်းစာအုပ်များတင်ပြထားသည်ကိုတွေ့ရှိခြင်း၊ ၈။ဒေါ်ရင်ရင်ကွယ်လွန်ခဲ့လျှင်ဒေါ်တင်တင်သာအခင်းဖြစ် မြေ၏အမည်ပေါက်မြေပိုင်ရှင်ဖြစ်နိုင်ခွင့်ရှိခြင်း၊ ၉။မြေပုံစာချုပ်စာတမ်းများ၌မြေပိုင်ရှင်မှာဒေါ်တင်တင်ဖြစ်သည်ကိုတွေ့ရှိရခြင်း၊ယင်းမြေသည်လှူဒါန်းနိုင်သော ဘိုးဘွားပိုင်မြေဖြစ်နေသည်ကိုတွေ့ရှိရခြင်း၊ ၁၀။မြေပိုင်ရှင်ဒေါ်တင်တင်မှဆရာတော်ဦးတိလောကအားလူသိရှင်ကြားရေစက်ချပြီးလှူဒါန်းစဉ်ကလည်း ကောင်း၊ဗိုလ်တထောင်သတင်းစာ၌ရဟန်းရှင်လူများ သိရှိကြ၍ဝမ်းမြောက်နုမော်သာဓုခေါ်ကြစေရန် ကြေညာစဉ်ကလည်းကောင်းမိမိတို့အမှန်တကယ် အမွေပိုင်ဖြစ်ခဲ့လျှင်တရားဝင်ကန့်ကွက်ကြရမည်ကို မကန့်ကွက်ခြင်း၊ ၁၁။ဆရာတော်ဦးတိလောကမှဦးအာစိဏ္ဏအား ဝိနည်းတရားတော်နှင့်အညီစွန့်လွှတ်လှူဒါန်းသည်ကို တွေ့ရှိရခြင်း၊ ၁၂။မန္တလေးတိုင်းဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်ကြီးများသည်ယခုတည်ဆဲတရားဥပဒေနှင့် လည်းကောင်း၊ဝိနည်းတရားတော်နှင့်လည်းကောင်း ညီညွတ်စွာသုံးသပ်ဆုံးဖြတ်ချက်ချထားသည်ကို တွေ့ရှိရခြင်း။ အထက်ဖော်ပြပါအကြောင်းများကြောင့်အကွက်အမှတ် (၁၆)ဦးပိုင်အမှတ်(၁၁၇/က)၀.၁၈၉ဧကရှိမြေသည် အယူခံစုဒိတကဦးအာစိဏ္ဏပိုင်ဆိုင်သောမြေဖြစ်သည်ဟူ၍လည်းကောင်း၊သာသနာတော်အကျိုးအတွက် ဦးအာစိဏ္ဏစီမံလုပ်ပိုင်ခွင့်ရှိသောမြေဟူ၍လည်းကောင်း၊ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့(၃၀/၈၈)ဝိနည်းဓိုရ် ဆရာတော်များကခြုံငုံသုံးသပ်တော်မူကြပြီး အောက်ပါအတိုင်းတညီတညွတ်တည်းဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ [ဆုံးဖြတ်ချက်]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)မန္တလေးတိုင်းဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့ဆုံးဖြတ်ချက်ကိုပလပ်ပယ်ချပေးရန်ဟူသောနိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒနာဝင်လွှာကို ပယ်ဖျက်၍ (ခ)၁။အကွက်အမှတ်(၁၆)ဦးပိုင်အမှတ်(၁၁၇/က) ၀.၁၈၉ဧကရှိမြေသည်စောဒကဦးအာစိဏ်ဏပိုင်ဆိုင် သောမြေဖြစ်သည်ဟုလည်းကောင်း၊ (ခ)၂။ထိုမြေကိုသာသနာတော်အကျိုးအတွက် စောဒကဦးအာစိဏ္ဏပိုင်ဆိုင်ခွင့်ရှိသည်ဟုလည်းကောင်း ဝိနည်းဓိုရ်ဆရာတော်အားလုံးကတညီတညွတ်တည်း ဆုံးဖြတ်တော်မူခဲ့ကြသည်ဟူသောမန္တလေးတိုင်း ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့ဝိနည်းဓိုရ်ဆရာ တော်များ၏ဆုံးဖြတ်ချက်ကိုနိုင်ငံတော်သံဃဝိနိစ္ဆယ ဝိနည်းဓိုရ်ဆရာတော်ကြီးများအဖွဲ့အမှတ်(၃၀/၈၈)အဖွဲ့ ဝင်ဆရာတော်များကကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဝိနည်းတရားတော်နှင့်အညီထပ်မံအတည်ပြုလိုက်သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက်/မြို့ ၁။ဘဒ္ဒန္တပညာဇောတ(သဘာပတိ) သာသနမဏ္ဍိုင်ကျောင်းတိုက်၊ပဲခူးမြို့။ ၂။ဘဒ္ဒန္တညေယျ(အဖွဲ့ဝင်) မောနားကျောင်းတိုက်၊သနပင်မြို့။ ၃။ဘဒ္ဒန္တသုမနဇောတိ(အဖွဲ့ဝင်) ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၊ကျုံပျော်မြို့။ ၄။ဘဒ်ဒန်တပုပ်ဖရမ္မ(အဖွဲ့ဝင်) နိတုံကျောင်းဟောင်း၊ကျိက်မရောမြို့နယ်။ ၅။ဘဒ်ဒန်တဥာဏဝရ(အဖွဲ့ဝင်) မင်းကျောင်း၊မြိုင်မြို့နယ်။

                            ပြီးပါပြီ။
၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၂:၅၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၈)

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၁၀/တောင်ရပ်ကွက်၌ ဖြစ်သွားသောဦးကေလာသ(၂)ဦးနှင့်ဒေါ်သစ်သစ်တင့်တို့၏ပုံတော်တိုက်-ဝိဝါဒါဓိကရုဏ်းမှုခင်း [ဆင်ဖြူတောင်ကျောင်းသမိုင်းအကျဉ်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မြန်မာနိုင်ငံအနောက်ရိုးမဆင်ဖြူတောင်ရှိကျောက်လိုဏ်ဂူတွင်ဆရာတော်ဦးအာသဖနှင့်တပည့်ဦးသာသန တို့သီတင်းသုံးကြသည်။ ၁၃၂၃-ခုနှစ်တွင်ဆရာတော်ဦးအာသဖသည်ရန်ကုန်၌ ကုက္ကိုပင်ညောင်ပတ်အောင်ဓာတ်ရမြေရှိသည်။ ယင်းအရပ်တွင်ဘုရားတည်ကျောင်းဆောက်ရန် ဦးသာသနအားစေလွှတ်လိုက်သည်။ ဦးသာသနသည်ရန်ကုန်မြို့၊သာကေတမြို့နယ်တွင် အောင်ဓာတ်ရမြေကိုတွေ့ရှိသည်။ ထိုမြေကိုဦးသာသန၏သိမ်ထပ်ရဟန်းအမဒေါ်မေခက ဝယ်ပြီးဦးသာသနအား လှူခဲ့သည်။ မြေအကျယ်အဝန်း(၃-၂၆)ရှိသည်ဟု ဆို၏။ ဆရာတော်ဦးသာသနသည်ယင်းမြေကိုဘုရားမြေ ကျောင်းမြေဟုပိုင်းခြားသတ်မှတ်ပြီးကျောင်းမြေ ဘက်တွင်ယာယီကျောင်းဆောက်ပြီးနေသည်။ ဘုရားမြေဘက်တွင်(၁၀၈)တောင်စေတီတည်သည်။ ၁၀၈-တောင်မဟာဗောဓိစွယ်တော်ရှင်ဆံတော်ရှင်စေတီဟုဘွဲ့အမည်ပေးခဲ့သည်။ ကျောင်းမြေအပိုင်းဘက်တွင်ကျောင်းတစ်လုံးဆောက်ပြီး ဦးသာသနနေထိုင်သည်။ ၁၃၂၄-ခုနှစ်သီတင်းကျွတ်လ၌ကျောင်းရေစက်ချသည်။ ကျောင်းအမည်ကိုဆင်ဖြူတောင်ကျောင်းဟုအမည် ပေးခဲ့သည်။ထိုအချိန်မှစ၍ဆင်ဖြူတောင်ကျောင်းဟု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင်ကျောင်းမြေဘက်အပိုင်းတွင်- (က)ကျောင်းမြေအနောက်ခြမ်း၌မူလသစ်သားကျောင်း၊ ရှမ်းတိုက်ကျောင်း (ခ)ယင်းတို့၏အရှေ့ဘက်၌ကျားတိုက်ကျောင်း၊ ဆင်ဖြူတောင်ကျောင်း (ဂ)ယင်းတို့၏အရှေ့ဘက်၌သိမ်အဆောက်အဦ (ဃ)သိမ်အရှေ့ဘက်၌ပေ၈၀xပေ ၄ဝမြေကွက်ဟူ၍ ဖြစ်ပေါ်လာသည်။ ထို့နောက်(ဃ)အမှတ်ပြမြေကွက်ပေါ်၌ ဦးအာသဖ၏ ပုံတော်တိုက်ကိုတည်ဆောက်သည်။ မှတ်ချက်။ယခုအမှုအခင်းသည်(ဃ)အမှတ်ပြမြေနှင့် ပုံတော်တိုက်ဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်သည်။ ၁၃၄၀-ပြည့်နှစ်၊တန်းခူးလပြည့်ကျော်(၄)ရက်(၂၆-၄-၇၈) နေ့တွင်ဦးသာသနသည်ဟင်္သာတအတွင်းပတ္တမြား ကျောင်းတိုက်ဦးစီးနာယကဦးတိက္ခိန္ဒိယနှင့်တိုက်အုပ် ဦးအရိယဝံသတို့အားဆင်ဖြူတောင်ကျောင်းအချို့ အဝက်နှင့်ယင်းအာရာမ်မြေကိုလှူခဲ့သည်။ နှစ်နှစ်သုံးနှစ်ခန့်ကြာသေအာခါဦးသာသနနှင့် ဦးတိက်ခိန္ဒိယပါ(၃)ပါးတို့ကျောင်းဝိဝါဒါဓိကရုဏ်း ဖြစ်ခဲ့ရာနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆၀/၈၃)က (၃၀-၁၀-၈၃)နေ့တွင် (က)ဦးတိက္ခိန္ဒိယ၊ဦးအရိယဝံသတို့သည်သစ်သားကျောင်း၊ရှမ်းကျောင်းနှင့်ယင်းတို့၏အာရာမ်ဥပစာမြေ၊ သီမန္တရိတ်နယ်နိမိတ်အတွင်းရှိသိမ်တိုက်ကိုပိုင်ကြစေ။ (ခ)ဦးသာသနသည်ကျားတိုက်ကျောင်း၊ဆင်ဖြူတောင်ကျောင်းနှင့်ယင်းကျောင်းတို့၏အာရာမ်ဥပစာများ ပိုင်စေဟုဆုံးဖြတ်သည်။ ထိုအချိန်မှစ၍ဟင်္သာတအတွင်းပတ္တမြားကျောင်း၊ ဆင်ဖြူတောင်ကျောင်းဟုသိသာခြားနာထင်ရှားလာ ခဲ့ပေသည်။ ထို့နောက်ဆရာတော်ဦးသာသနသည်အင်းစိန်မြို့နယ်၊ တောင်တွင်းဆရာတော်ဦးသျှမ်းထက်ဆိုသူပရိသုဒ္ဓ ပြုခံရသဖြင့်၄င်း၏တပည့်များဖြစ်ကြသောဦးဝိစိတ္တ၊ ဦးတိက္ခ၊ရွှေမန်းရဟန်းသုံးပါးတို့ကိုမိမိ၏ဆင်ဖြူတောင်ကျောင်းသို့နေခွင့်ပြုခဲ့သည်။ ထိုရဟန်းသုံးပါးတို့နှင့်ဆင်ဖြူတောင်ကျောင်း၊ ဝိဝါဒါဓိကရုဏ်းဖြစ်ပြန်သည်။ ထိုအမှုကိုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၅/၉၂)က (၂၉-၆-၉၂)နေ့တွင်ဆရာတော်ဦးသာသနကိုအနိုင်ပေး၍ ဝိနိစ္ဆယဆုံးဖြတ်ပါသည်။ ဆရာတော်ဦးသာသနသည်ယင်းအမှုကိုရင်ဆိုင်နေရချိန်တွင်ကျောင်းအပြင်သို့ထွက်နေရပြီးအမှုကိုအပြင်မှပင် ရင်ဆိုင်ရပါသည်။ အမှုနိုင်ဝိနိစ္ဆယကိုအကောင်အထည်ဖော်သည့်(၇-၅-၉၃) နေ့တွင်မှဆင်ဖြူတောင်ကျောင်းသို့ပြန်လည်သီးတင်း သုံးရသည်။ ဆရာတော်ဦးသာသနသည်ခြေဖနောင့်ပွန်းပဲ့သည့် ဒဏ်ရာမှအစပြုကာမကျန်းမမာဖြစ်ပြီး(၁၀-၆-၉၃)ရက်နေ့တွင်ပျံလွန်ခဲ့သည်။ ဆရာတော်ဦးသာသနပျံလွန်သည့်အခါဗဟန်းမြို့နယ်၊ ညောင်တန်းပါဠိတက္ကသိုလ်ကျောင်းတိုက်၊ပတ္တမြားကျောင်းဦးကေလာသသည်ဆင်ဖြူတောင်ကျောင်းသို့ ကြွရောက်လာပြီးတပည့်ဖြစ်သူဦးဂုဏိန္ဒနှင့်ရဟန်းသာမဏေတို့ကိုထားသည်။ ဆရာတော်ဦးသာသန၏တပည့်ဒကာ/ဒကာမများကလည်းဆွမ်းကွမ်းဝေယျာဝစ္စများဆောင်ရွက်သည်။ သိမ်တိုက်အရှေ့ဘက်မြေကွက်၌ (ဆရာတော်ဦးအာသဖနှင့်ဆရာတော်ဦးသာသနတို့၏) ပုံတော်များထားရာပုံတော်တိုက်တည်ဆောက်ပြီးစီးအောင်မြင်ခဲ့သည်။ ၂၀၀၀-ပြည့်နှစ်သို့ရောက်သည့်အခါဆရာတော် ဦးသာသန၏တပည့်ဒကာ၊ဒကာမများဖြစ်ကြသော ဒေါ်သစ်သစ်တင့်ခေါင်းဆောင်သည့်သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့နှင့်ဦးကေလာသ၊ဦးဂုဏိန္ဒတို့သည် ပုံတော်တိုက်နှင့်အာရာမ်ကိုပိုင်ဆိုင်ရယူလိုမှု ဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ကြရာရန်ကုန်တိုင်းဂိုဏ်း ပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/၂ဝဝဝ)က ဒေါ်သစ်သစ်တင့်ဦးဆောင်သည့်အဖွဲ့အားအနိုင်ပေးဆုံးဖြတ်ဝိနိစ္ဆယချခဲ့သည်။ [တိုင်း-ဆုံးဖြတ်ချက်]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

(၁)ဦးအာသဖပုံတော်တိုက်နှင့်အာရာမ်မြေကို (ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ကိုယ်စား)စောဒကသည်ဆက်လက် ၍ပြုပြင်ခြင်း+မွမ်းမံ+ထိန်းသိမ်း+စောင့်ရှောက်ပိုင်ခွင့် ရှိသည်။ (၂)စုဒိတကတို့၏တောင်းဆိုချက်ကို(ပလပ်)ပယ်ချသည် အယူခံစောဒကဦးကေလာသ၏ရယူလိုသော [အဆုံးအဖြတ်]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။တိုင်းသံဃဝိနိစ္ဆယ၏အဆုံးအဖြတ်ကိုမကျေနပ်သဖြင့် ဦးကေလာသသည်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ အယူခံဝင်ပြီး - (၁)ဂိုဏ်းပေါင်းစုံရန်ကုန်တိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇/ ၂၀၀၀)၏ဆုံးဖြတ်ချက်များကိုဝိနည်း တရားတော်များနှင့်ဖြောင့်ဖြောင့်ဆန့်ကျင်နေသဖြင့် ပလပ်ပယ်ဖျက်ရန်၊ (၂)ဦးအာသဖပုံတော်တိုက်နှင့်အာရာမ်မြေသည်ဒွိသန္တကစာချုပ်အရဆရာတော်ဦးကေလာသပိုင်သည်။ (၃)ဦးအာသဖပုံတော်တိုက်သို့ကျူးကျော်လာသူ ဒေါ်သစ်သစ်တင့်ပါတရားမဝင်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၏ ဆောင်ရွက်မှုများကိုဖယ်ရှားပေးရန်ဟုတောင်းဆို စောဒနာခဲ့ပါသည်။ [အယူခံစောဒနာ၏အဓိကကျသောအချက်များ]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၂။နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဝိနည်းဓိုရ်ဆရာတော်များသည်အယူခံစောဒနာနှင့်ပတ် သက်၍အဓိကကျသောအချက်များကိုစိစစ်ရှာဖွေ၍ သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ အဓိကကျသောအချက်များမှာ - ၁/တိုင်းဝိနိစ္ဆယဆုံးဖြတ်ချက်သည်ဝိနည်းတရားတော်နှင့်ဖြောင့်ဖြောင့်ဆန့်ကျင်မှုရှိ/မရှိ ၂/ဒွိသန္တကစာချုပ်အရဦးအာသဖပုံတော်တိုက်နှင့် အာရာမ်မြေကိုအယူခံစောဒကတို့ပိုင်ဆိုင်ခွင့် ရှိ/မရှိ ဟူသောအချက်များဖြစ်သည်။ [“တိုင်းဝိနိစ္ဆယအဖွဲ့ကသန္တကစာချုပ်ကို”သုံးသပ်ပုံ]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။(၂၀-၂-၉၃)နေ့တွင်ဆရာတော်ဦးသာသနနှင့် ဦးကေလာသတို့ဆင်ဖြူတောင်ကျောင်းဒွိသန္တကစာချုပ်၌ (က)တစ်ရာ့ရှစ်တောင်ကျောင်းနှင့်ကျောင်းအဆောက် အဦ၊ဂရုဘဏ်၊လဟုဘဏ်ဟုသုံးစွဲထားခြင်း။ အပ်နှံသည့် (၇-၅-၉၃) ရက်ထက် စောနေခြင်း။ (ခ)ဒွိသန္တကစာချုပ်သည့်(၂၀-၂-၉၃)ရက်သည် ဦးသာသနလက်သို့ဆင်ဖြူတောင်ကျောင်းအပ်နှံသည့် (၇-၅-၉၃)ရက်ထက်စောနေခြင်း။ ဟူသောအဓိကအချက်များကိုထောက်၍ဒွိသန္တကစာချုပ်သည်ယုတ္တိကင်းမဲ့သောစာချုပ်ဖြစ်သည်ဟု တိုင်းသံဃဝိနစ္ဆယအဖွဲ့အမှတ်(၁၇/၂၀၀၀)ကသုံးသပ်ထားသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဆရာတော်ကြီးများသည်တိုင်းဝိနိစ္ဆယ၏ထိုသုံးသပ်ချက်များကိုမှန်ကန်မှု ရှိ/မရှိအစဉ်အတိုင်းတစ်ခုစီစိစစ်သွားမည်ဖြစ်သည်။ [(၁၀၈)တောင်အမည်ဖြင့်စာချုပ်ခြင်းကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁။ဒွိသန္တကစာချုပ်သည်ဆင်ဖြူတောင်ကျောင်းဒွိသန္တကစာချုပ်ဖြစ်သည်ကိုအယူခံစောဒကဦးကေလာသသည် ကြိမ်ဖန်များစွာဝန်ခံထွက်ဆိုထားပြီးဖြစ်သည်၊ ထို့ကြောင့်ယင်းအချက်သည်အငြင်းပွားစရာမလိုသည့် အချက်ဖြစ်သည်။ ယင်းဒွိသန္တကစာချုပ်သည်ဤအမှု၌အလွန်အရေးပါ အဓိကကျသည့်စာချုပ်ဖြစ်သည်။ အယူခံစောဒကတို့၏အားကိုးအားထားပြုသည့်စာချုပ်လည်းဖြစ်သည်။မှန်ပေသည်၊ယင်းစာချုပ်သည်ပုံတော် တိုက်နှင့်အာရာမ်မြေပိုင်ဆိုင်ခွင့်ရစေနိုင်သကဲ့သို့ဆုံးရှုံးမှုလည်းဖြစ်စေနိုင်သည်၊(ဝါ)အမှုအရှုံးအနိုင်ကိုအဆုံး အဖြတ်ပေးမည့်စာချုပ်ဖြစ်သောကြောင့်နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/ ၂၀၀၁)ဝိနည်းဓိုရ် ဆရာတော်ကြီးများသည်သတိသမ္ပဇဉ်ဉာဏ်ယှဉ်ပြီး အဖန်ဖန်အထပ်ထပ်စိစစ်တော်မူကြသည်။ ၂။ဒွိသန္တာစာချုပ်၌တစ်ရာ့ရှစ်တောင်ကျောင်းမြေနှင့် ကျောင်းအဆောက်အဦး၊ဂရုဘဏ်၊လဟုဘဏ်ဟုချုပ်ဆို ရခြင်းကိုအယူခံစောဒကတို့၏စောဒနာ၌ - (က)တစ်ရာ့ရှစ်တောင်ဘုရားကိုအစွဲပြု၍တစ်ရာ့ရှစ်တောင်ကျောင်းဟုသုံးစွဲခြင်းဖြစ်သည်။ (ခ)တစ်ရာ့ရှစ်တောင်ကျောင်းအမည်ဖြင့်စာချုပ်မှာသာ ဆရာတော်ဦးသာသနပိုင်ကျားတိုက်ကျောင်း၊ဆင်ဖြူတောင်ကျောင်းနှင့်အာရာမ်မြေများအားလုံးအကျုံးဝင်မည်ဖြစ်သည်။ (ဂ)“ဆင်ဖြူတောင်ကျောင်း”အမည်ဖြင့်သုံးစွဲလျှင် ဆင်ဖြူတောင်ကျောင်းနှင့်ကျန်အာရာမ်မြေများပါဝင်မည်မဟုတ်ပေ။ (ဃ)မှုခင်းအဆင့်ဆင့်ဖြစ်ပွါးရသောဆင်ဖြူတောင်ကျောင်းအမည်ကိုပြောင်းလို၍ဖြစ်သည်ဟူသော အကြောင်းများကြောင့်ဒွိသန္တကစာချုပ်၌တစ်ရာ့ရှစ်တောင်ကျောင်းဟုဆရာတော်ဦးသာသနကိုယ်တိုင် အမည်ပေးခြင်းဖြစ်သည်ဟုစောဒနာထားပါသည်။ [(က)အကြောင်းပြချက်ကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၃။ဆရာတော်ဦးသာသနသည်၎င်းတို့ယုံကြည်ချက်အရ “အောင်ဓါတ်ရမြေ”နေရာကိုဘုရားမြေ၊ကျောင်းမြေဟု ခွဲခြားပြီးလျှင်ဘုရားမြေဘက်၌ဘုရားတည်သည်၊ ထိုဘုရားကို “တစ်ရာ့ရှစ်တောင်ဘုရား"ဟုဘွဲ့တော်သတ်မှတ်သည်၊ဘုရားပြီးသည့်အခါကျောင်းမြေဘက်၌ ကျောင်းဆောက်သည်။ထိုကျောင်းကိုမိမိ(ဦးသာသန)နှင့် ဆရာဦးအာသဖတို့နေခဲ့သည့်ဆင်ဖြူတောင်ကိုအစွဲပြု၍ “ဆင်ဖြူတောင်ကျောင်း"ဟုမှည့်ခေါ်ခဲ့သည်။ အယူခံစောဒကတို့ပြောသကဲ့သို့တစ်ရာ့ရှစ်တောင်ဘုရားကိုစွဲ၍“တစ်ရာ့ရှစ်တောင်ကျောင်း"အမည်ပေးမည်ဆိုလျှင်ဘုရားတည်ပြီးခါစကျောင်းဆောက်လုပ်သည့် ထိုအချိန်ကပင်“တစ်ရာရှစ်တောင်ကျောင်းဟုအမည်ပေး ခဲ့မည်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော်-၎င်းတို့ယုံကြည်ချက်အရ “ကုက္ကိုပင်ညောင်ပတ်အောင်ဓာတ်ရ”မြေပေါ်၌တည်ခဲ့ရခြင်းကြောင့်မိမိတို့ဘုရားပေါ်လွန်စွာကြည်ညိုဝမ်း မြောက်ဝမ်းသာပီတိဖြစ်နေသည့်အချိန်ဖြစ်သည်၊ ဘုရားကြီး၏အရှိန်အဝါသည်လည်းဆရာတော် ဦးသာသနတို့အပေါ် နက်နက်ရှိုင်းရှိုင်းလွှမ်းမိုးနေသည့် အချိန်ဖြစ်သည်။တစ်ရာ့ရှစ်တောင်ဘုရားကိုအစွဲပြုပြီး တစ်ရာ့ရှစ်တောင်ကျောင်းဟုအမည်ပေးလိုက ယင်းအချိန်ကပင်ပေးခဲ့ရမည်ဖြစ်သည်။ သို့သော်ပေးကားမပေးခဲ့ပေ၊ဦးကေလာသတို့နှင့်ဒွိသန္တကစာချုပ်သည်ဆိုသည့်အချိန်မှဘုရားကိုအစွဲပြုပြီး “တစ်ရာ့ရှစ်တောင်ကျောင်း”ဟုဆရာတော်ဦးသာသနကိုယ်တိုင်အမည်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုခြင်းသည် ယုတ္တိမတန်သည့်စောဒနာခြင်းဖြစ်သည်ဟုသုံးသပ်တော်မူကြသည်။ [(ခ)(ဂ)အကြောင်းပြချက်များကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၄။အယူခံစောဒကသည်“တစ်ရာ့ရှစ်တောင်ကျောင်း”ဟု ဆိုမှဆရာတော်ဦးသာသနပိုင်ကျောင်းအာရာမ်မြေအား လုံးအကျုံးဝင်သည်၊ဆင်ဖြူတောင်ကျောင်းဟုဆိုလျှင် အားလုံးအကျုံးမဝင်ဟုဆိုပါသည်။ စောဒကဦးကေလာသအလိုအရ - တစ်ရာ့ရှစ်တောင်ကျောင်း။ ။ကျားတိုက်ကျောင်း၊ ဆင်ဖြူတောင်ကျောင်းနှင့်ဦးသာသနပိုင်အာရာမ် အားလုံးဖြစ်သည်။ ဆင်ဖြူတောင်ကျောင်း။ ။ဆင်ဖြူတောင်ကျောင်း၊ ယင်းကျောင်းအာရာမ်မြေဖြစ်သည်။ (ကျားတိုက်ကျောင်းနှင့်ကျန်အာရာမ်များမပါ)ဟု ဆိုလိုသည်။ ထိုအကြောင်းပြချက်ခိုင်လုံစေရန်အတွက်နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆၀/၈၃)၏ဝိနိစ္ဆယအဆုံး အဖြတ်ကိုသက်သေတင်ကာစောဒနာခဲ့ခြင်း ဖြစ်လေသည်၊အမှတ်(၆၀/၈၃)၏ဝိနိစ္ဆယကိုလေ့လာ သည့်အခါဦးကေလာသဆိုသကဲ့သို့“တစ်ရာ့ရှစ်တောင်ကျောင်း”သတ်မှတ်ထားသောကျောင်းအာရာမ်မြေတို့ကို မတွေ့ရပေ၊“ဆင်ဖြူတောင်ကျောင်း”ဟုသတ်မှတ်ထားသောကျောင်း၊အာရာမ်မြေတို့ကိုသာတွေ့ရပေသည်။ ဦးကေလာသတင်ပြသောသက်သေ(၁)နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆၀/၈၃)၏ဝိနိစ္ဆယဆုံးဖြတ် ချက်၌- (၁)မူလစောဒက(ပ)ဆင်ဖြူတောင်ကျောင်းတိုက် အတွင်းရှိ(က)သစ်သားကျောင်းကြီး (ပ)ပိုင်ဆိုင်တော်မူကြပေကုန်၏။ (ခ)ရှမ်းတိုက်ကျောင်း(ပ)ပိုင်ဆိုင်တော်မူကြပေကုန်၏။ (ဂ)သိမ်တိုက်ကျောင်း(ပ)ပိုင်ဆိုင်တော်မူကြပေကုန်၏။ (၂)---(ပ)---ကျားတိုက်ကျောင်း၊ဆင်ဖြူတောင်ကျောင်း (ပ)ပိုင်ဆိုင်တော်မူကြပေ၏။ဟုအတိအကျဖော်ပြပြီး ဆုံးဖြတ်ထားသည်ကိုတွေ့ရပေသည်။ ၅။နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆၀/၈၃)ဝိနိစ္ဆယ ဆုံးဖြတ်သည့်အချိန်တွင်“ဆင်ဖြူတောင်ကျောင်း”၌ ၁/သစ်သားကျောင်း၂/ရှမ်းတိုက်ကျောင်း ၃/သိမ်တိုက်ကျောင်း၄/ကျားတိုက်ကျောင်း ၅/ဆင်ဖြူတောင်ကျောင်းဟုရှိခဲ့သည်။ ဝိနိစ္ဆယကိုအကောင်အထည်ဖော်ပြီးသည့်အခါ - ဦးတိက္ခိန္ဒိယ၊ဦးအရိယဝံသတို့သည်သစ်သားကျောင်း၊ ရှမ်းတိုက်ကျောင်းနှင့်ယင်းတို့၏အာရာမ်မြေ၊သီမန္တရိက်မြေနှင့်တကွသိမ်တိုက်တို့ကိုပိုင်ဆိုင်ပြီးထိုအဆောက် အဦများနှင့်အာရာမ်မြေများပါဝင်သည့်ကျောင်းသည် “အတွင်းပတ္တမြားကျောင်း”ဟုထင်ရှားဖြစ်ပေါ်လာခဲ့သည် ဆရာတော်ဦးသာသနသည်ကားတိုက်ကျောင်း၊ဆင်ဖြူတောင်ကျောင်း၊ယင်းတို့၏အာရာမ်မြေများကိုပိုင်ဆိုင် ပြီးထိုအဆောက်အဦများနှင့်အာရာမ်မြေများသည် “ဆင်ဖြူတောင်ကျောင်း"ဟုထင်ထင်ရှားရှားကွဲကွဲပြား ပြားဖြစ်ပေါ်လာခဲ့သည်ကိုတွေ့ရသည်။ ၆။ထို့ကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၆၀/၈၃)၏ဝိနိစ္ဆယဆုံးဖြတ်ချက်အရဆင်ဖြူတောင် ကျောင်း၌ကျားတိုက်ကျောင်း၊ဆင်ဖြူတောင်ကျောင်းနှင့် ယင်းတို့၏အာရာမ်မြေများပါဝင်လျက်ဆရာတော် ဦးသာသနပိုင်ကျောင်းနှင့်အာရာမ်မြေအားလုံးမပါဝင်မှာ စိုးရိမ်၍တစ်ရာ့ရှစ်တောင်ကျောင်းဟုဆရာတော် ဦးသာသနကိုယ်တိုင်အသုံးပြုပါသည်ဟူသောစောဒနာသည်အသင့်ယုတ္တိမရှိသည့်စောဒနာဖြစ်သည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၆၀/၈၃)၏ဝိနိစ္ဆယသည်အတွင်းပတ္တမြားကျောင်း“ဆင်ဖြူတောင်ကျောင်း” ဟုသီးခြားစီခွဲထားပေးရာသာရောက်သည်။ “အတွင်းပတ္တမြားကျောင်း"“တစ်ရာ့ရှစ်တောင်ကျောင်း” ဟုခွဲခြားထားပေးရာမရောက်ပေ၊ဤသို့အမှတ်(၆၀/၈၃) ဝိနည်းဓိုရ်ဆရာတော်ကြီးများကတိကျစွာခွဲထားဆုံးဖြတ်ထားပါလျက်ထိုဆရာတော်ကြီးများ၏ဆုံးဖြတ်ချက်ကိုပင်ထင်ယောင်ထင်မှားဖြစ်အောင်စောဒနာထားခြင်းဖြစ် သည်။ ၇။ထို့ပြင်ဆရာတော်ဦးသာသနနှင့်ဦးဝိစိတ္တပါ(၃)ဦးတို့ ဝိဝါဒါဓိကရုဏ်းမှုခင်းကိုနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ် (၁၅/၉၂)ဆရာတော်ကြီးများက - (၃)ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဆင်ဖြူတောင်ကျောင်းကန်အာရာမ်သစ်သီးပင်များသည်မူလပိုင်ရှင် ဦးသာသန၏ပုဂ္ဂလိကပိုင်များဖြစ်သည်ဟုဆုံးဖြတ်တော်မူခဲ့သည် ယင်းဆုံးဖြတ်ချက်သည်“ဆင်ဖြူတောင်ကျောင်း” အမည်ဖြင့်ပင်ဖြစ်သည်၊ထို“ဆင်ဖြူတောင်ကျောင်း” အမည်ဖြင့်အနိုင်ရသည့်အတွက်ဆရာတော်ဦးသာသနသည်ကျားတိုက်ကျောင်းရောဆင်ဖြူတောင်ကျောင်းပါ ပိုင်ဆိုင်ခဲ့သည်၊“တစ်ရာ့ရှစ်တောင်ကျောင်း”အမည်ဖြင့် လုံးဝ(လုံးဝ)မဟုတ်ပါ၊ယင်းကိုထောက်၍ “တစ်ရာ့ရှစ်တောင်ကျောင်း”ဟုမရှိခြင်းမှာမြဲရာသံပတ်ကဲ့သို့ပင်ဖြစ်လေသည်။ ထိုဆိုခဲ့ပြီးအရပ်ရပ်တို့ကိုထောက်၍ “တစ်ရာ့ရှစ်တောင်ကျောင်း”ဟူသည်မရှိခဲ့ပေ။ မရှိသော(တစ်ရာ့ရှစ်တောင်)ကျောင်းကိုဒွိသန္တကပြု၍ ယူခြင်းသည်“မရှိကျောင်း”ကိုပိုင်ဆိုင်ရုံသာရှိသည်။ [(ဃ)အကြောင်းပြချက်ကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁/အယူခံစောဒကဦးကေလာသသည်မူခင်းအဆင့်ဆင့် ဖြစ်ပွါးသည့်အတွက်ဆင်ဖြူတောင်ကျောင်းအမည်ကို ဖျောက်လို၍“တစ်ရာ့ရှစ်တောင်ကျောင်း”ဟုဦးသာသနကိုယ်တိုင်အမည်ပြောင်းခြင်းဖြစ်ပေသည်”ဟူသော စောဒနာချက်ကိုသုံးသပ်ကြပေအံ့။ အကယ်၍ဆရာတော်ဦးသာသနသည်အဆိုပါသဘော ထားရှိခဲ့လျှင်ဒွိသန္တကစာချုပ်ချုပ်သည်ဆိုစဥ်က ဦးကေလာသရေတပည့်တော်ရဲ့ဆင်ဖြူတောင်ကျောင်းကိုအမှုအခင်းအဆင့်ဆင့်ဖြစ်ခဲ့တယ်၊တပည့်တော် ဒီ “ဆင်ဖြူတောင်ကျောင်းဆိုတဲ့အမည်ကိုဖျောက်ပြီး တစ်ရာရှစ်တောင်ကျောင်းအမည်နဲ့စာချုပ်ကြရအောင်၊ နောင်ကိုလဲတစ်ရာ့ရှစ်တောင်ကျောင်းလို့သုံးစွဲကြရ အောင်”ဟုအမိန့်ရှိခဲ့မည်သေချာသည်၊ဦးကေလာသကလည်းလက်ခံပြီးတစ်ရာ့ရှစ်တောင်ကျောင်းအမည်ကိုပင် သုံးစွဲမည်သာဖြစ်သည်။ သို့သော်ဦးကေလာသကိုယ်တိုင်ကပင်“တစ်ရာ့ရှစ်တောင်ကျောင်း”အမည်ကိုယခုတိုင်မသုံးစွဲဘဲ“ဆင်ဖြူတောင်ကျောင်း”ဟူသောအမည်ကိုသာရေလဲနှင့်သုံးစွဲနေပေသည်၊သို့ဖြစ်၍ဦးကေလာသ၏အမှုအခင်းအဆင့်ဆင့်ဖြစ်၍အမည်ပြောင်းခြင်းဖြစ်ပေသည်ဟူသောစောဒနာခြင်းသည်အဓမ်မစောဒနာသာဖြစ်သည်ဟုသုံးသပ်တော်မူကြသည်။ “တစ်ရာ့ရှစ်တောင်ကျောင်း”ဟုသုံးစွဲခြင်းအပေါ် [တိုင်းဝိနိစ္ဆယ၏သုံးသပ်မှုကိုစိစစ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁/ဆရာတော်ဦးသာသနနှင့်ဦးကေလာသတို့၏ဒွိသန္တကစာချုပ်၌“တစ်ရာ့ရှစ်တောင်ကျောင်း”ဟုသုံးစွဲထားခြင်းအပေါ် ဂိုဏ်းပေါင်းစုံရန်ကုန်တိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁၇/၂ဝဝဝ)၏သုံးသပ်ချက်များကိုနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)များသည်အထပ် ထပ်ကြည့်ရှုဆင်ခြင်နှိုင်းကြည့်ကြသည့်အခါ (က)၁၃၄၂-ခုနှစ်၊သီတင်းကျွတ်လဆန်း(၂)ရက်၊ တနင်္ဂနွေနေ့ကျောင်းရေစက်ချပွဲပြုသည့်အချိန်မှစ၍ “ဆင်ဖြူတောင်ကျောင်း”ဟုကမ္ပည်းတင်အမည် ပေးခဲ့ခြင်း။ (ခ)(မူလ)စုဒိတကတို့တင်ပြသည့်နိုင်/ဝိအမှတ်(၆၀/၈၃) ဝိနိစ္ဆယ၌ပင်“ဆင်ဖြူတောင်ကျောင်း”ဝိနိစ္ဆယပြုခြင်း။ (ဂ)ဒွိသန္တကလှူဒါန်းခြင်းသည်ကလေးကစားသည့်အရာ မဟုတ်ခြင်း။ စသောအကြောင်းတို့ကြောင့်ဒွိသန္တကစာချုပ်သည် ဆရာတော်ဦးသာသနနှင့်ဦးကေလာသတို့ညှိနှိုင်း တိုင်ပင်ရေးသားထားသည့်စာချုပ်မဖြစ်နိုင်၊ယုတ္တိကင်းမဲ့သောစာချုပ်ဖြစ်သည်ဟုသုံးသပ်ထားသည်ကိုတွေ့ရသည်။ နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)က [ထပ်ဆင့်သုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၂/ဆင်ဖြူတောင်ကျောင်းအမည်သည်၁၃၄၂-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၂)ရက်မှစတင်ခဲ့သည်မှာ မူလစောဒနာ၊နိုင်ငံတော်သောဓနာတို့၌ပြဆိုချက်အရ လည်းကောင်း၊ထိုတင်ပြချက်ကိုမူလစုဒိတကတို့သည် အငြင်းမထွက်သောကြောင့်လည်းကောင်းသေချာခိုင်မာသည့်အမည်ဖြစ်သည်။ သာသနာတော်၌(အထူးသဖြင့် ယခုခေတ်၌)စာချုပ်ပြု လုပ်၍ဒွိသန္တကပြုလုပ်ခြင်းသည်အလွန်သတိထားလေး စားရသည့်အလုပ်ဖြစ်သည်။ထိုလေးစားရသည့်အလုပ်ကိုပြုလုပ်ရာ၌စကားလုံးအသုံးအနှုန်း၊အမည်ဝေါဟာရကကစတိကျသေချာရပြီးအမှားအယွင်းမရှိရန်အရေး တကြီးဂရုစိုက်ရပေသည်၊ယခုဒွိသန္တကပြုလုပ်သည်ဆိုရာ၌ - ဒွိသန္တကလှူဒါန်းသူဆရာတော်သည်သာသနာပြုအဓိပတိဆရာတော်၊အရပ်ရပ်လှည့်လည်သာသနာပြုနေသည့် အတွေ့အကြုံများသည့်ဆရာတော်၊ယခုဆင်ဖြူတောင်နှင့်ပတ်သတ်ပြီးဝိဝါဒါဓိကရုဏ်းမှုခင်း(၂)ကြိမ်တောင် ကြုံဖူးထားပြီးဖြစ်သဖြင့်(၂)ခါသေဘူး၍ပျဉ်ဖိုးနားလည် ရုံတင်သာမကလက်ခကိုပါနားလည်ထားသည့် ဆရာတော်ဖြစ်ပေသည်။ ဒွိသန္တကအလှူခံသူဆရာတော်သည်ရန်ကုန်တိုင်း၊ တိုင်းသံဃနာယကအဖွဲ့၊အကျိုးတော်ဆောင်ဆရာတော်၊ မိမိတိုင်းအတွင်းသာသနာရေး၊ဘာသာရေးများကို အဓိကထားအကောင်အထည်ဖော်ဆောင်ပေးနေရသည့် ဆရာတော်၊အမှုအခင်းများစွာကိုကိုင်တွယ်ဖြေရှင်းပေးနေရသည့်ဆရာတောဖြစ်ပေသည်။ ထိုကဲ့သို့သောဆရာတော်ကြီး(၂)ပါးပြုလုပ်သည့်စာချုပ်ဖြစ်လျှင်တိကျရမည်။သေချာရမည်၊အမှားအယွင်းမရှိ ဖြစ်ရမည်မှာသံသယဖြစ်ဖွယ်မရှိပေ။ ၃။သို့သော်ယခုစာချုပ်သည်ကား-စာချုပ်ပြုလုပ်သည့်ကျောင်း၏အမည်သည်ပင်မှန်ကန်မှုမရှိသည်ကို ထောက်ရှုလျှင်ပေးသူဆရာတော်ဦးသာသန၊ယူသူ ဦးကေလာသတို့ညှိနှိုင်းတိုင်ပင်ပြုလုပ်သည့်စာချုပ် မဟုတ်သည်မှာလယ်ပြင်ဆင်သွားသည်ထက်ထင်ရှားလှပေသည်၊ထိုစာချုပ်ကပင်ဒွိသန်တကမဖြစ်ခဲ့ဟုသက်သေ ခံရာရောက်နေသဖြင့်စောဒကော ပရိဂ္ဂဟေတဗ္ဗာ။ (ဝိ၊၅၊၂၈၈)စောဒကော ပရိဂ္ဂဟေတဗ်ဗောတိ “ဓမ္မစောဒကော နု ခေါ နော"တိ ဧဝံ စောဒကော ပရိဂ်ဂဟေတဗ်ဗော(ဝိ၊ဋ္ဌ၊၄၊၂၀၆)အမိန့်တော်အမှာစကားအရနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဆရာတော်ကြီးများသည်ဓမ္မစောဒကလောအဓမ်မ စောဒကလောဟုစိစစ်တော်မူရာဘူတေန ဝဒါမိ၊ နော အဘူတေန၊စောဒကကျင့်ဝတ်လာသည့်အတိုင်း၊ အမှန်ကိုအမှန်အတိုင်း၊အရှိကိုအရှိအတိုင်း၊မစောဒနာဘဲ ကလိန်စေ့ငြမ်းဆင်ထင်ရှားမြင်ရာမဟုတ်မမှန်ရာကို စောဒနာသဖြင့်ယင်း၏စောဒနာခြင်းသည်အဓမ္မစောဒနာဖြစ်သည်၊တိုင်းဝိနိစ္ဆယ၏သုံးသပ်ခြင်းသည်ဓမ္မဝိနယနှင့် အညီဖြစ်စေသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကတစ်ညီတစ်ညွတ်တည်းထပ်ဆင့်သုံးသပ်တော် မူကြသည်။ ဒွိသန္တကစာချုပ်(၂၀-၂-၉၃)ရက်တွင်ချုပ်ဆိုမှုကို [သုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁/ယခုအခါဒွိသန္တကစာချုပ်(၂၀-၂-၉၃)ရက်နေ့တွင် ချုပ်ဆိုခြင်းနှင့်ပတ်သက်သည်များကိုဆက်လက်သုံး သပ်မည်ဖြစ်သည်။ဆင်ဖြူတောင်ကျောင်းဆရာတော် ဦးသာသနနှင့်ဦးဝိစိတ္တပါ(၃)ပါးတို့သည်ဆင်ဖြူတောင်ကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ကြရာယင်းဝိဝါဒါ ဓိကရုဏ်းမှုခင်းကိုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁၅/၉၂)ဆရာတော်များသည် - (၂၉-၂-၉၂)ရက်နေ့၌ဆရာတော်ဦးသာသနအားအနိုင် ပေး၍ဝိနိစ္ဆယဆုံးဖြတ်ချက်တော်မူသည်။ (၉-၄-၉၃)နေ့၌နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရန်ကုန်တိုင်းသံဃနာယကအဖွဲ့သို့အကောင်အထည် ဖော်ရန်ညွှန်ကြားခဲ့သည်။ (၃ဝ-၄-၉၃)နေ့၌ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ရန်ကုန်တိုင်းသာသနာရေးမှူးသို့အကောင်အထည် ဖော်ရန်ညွှန်ကြားခဲ့သည်။ (၇-၅-၉၃)ရက်နေ့၌တိုင်းသာသနာရေးမှူးသည် (ဝိနိစ္ဆယကို)အကောင်အထည်ဖော်ခဲ့သည်။ (၂၀-၂-၉၃)နေ့၌ဒွိသန္တကစာချုပ်ချုပ်ဆိုကြသည်။ ဟုဆိုသည်။ အထက်ပါဖြစ်စဉ်ကိုကြည့်လျှင်ဒွိသန္တကစာချုပ်သည် အကောင်အထည်ဖော်သည့်ရက်(ဆင်ဖြူတောင်ကျောင်း ကိုဆရာတော်ဦးသာသနပြန်လည်ပိုင်ဆိုင်သည့်ရက်) ထက်(၂)လ(၁၆)ရက်စောနေသဖြင့်အကယ်၍ဒွိသန္တကပြုခဲ့သည်ဆိုငြားအံ့ဆရာတော်ဦးသာသနပိုင်ဆိုင်မှုမရှိသေးသောကျောင်းကိုဒွိသန္တကပြုခြင်းဖြစ်သောကြောင့် တရားမဝင်သောစာချုပ်ဖြစ်သည်ဟုသုံးသပ်တော် မူကြသည်။ ဆိုသည်။ ယင်းသုံးသပ်ချက်ကိုအကျယ်ချဲ့၍သုံးသပ်ပါမည် - ပြည်ထောင်စုမြန်မာနိုင်ငံတော်သံဃာ့အဖွဲ့အစည်းအသီး သီးတို့သည်သာသနာတော်ဆိုင်ရာအမှုကိစ္စများကို ဆောင်ရွက်ရာ၌ဓမ္မဝိနယနှင့်အညီဆောင်ရွက်ရသကဲ့သို့ အဖွဲ့အစည်းအသီးသီးတို့၏လုပ်ထုံးလုပ်နည်းများနှင့်အညီလည်းဆောင်ရွက်ရသည်၊ထိုအဖွဲ့အစည်းအသီးသီးတို့၏ဓမ္မဝိနယ၊လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်မှုကိုသက်ဆိုင်ရာကာယကံရှင်များကလည်းတိကျစွာလိုက်နာရသည်သာဖြစ်ပေသည်။ [သံဃာ့အဖွဲ့အစည်းအသီးသီးဆောင်ရွက်ပုံ]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်ဝိနိစ္ဆယလက်စွဲ အခန်း(၁၂)၊အပိုဒ်(၂၉၅)နှင့်အညီအယူခံပြီးပြတ်သောအမှုများကိုဝိ/လုပ်ထုံးလုပ်နည်းများ(ပြင်ဆင်ဖြည့်စွက်ချက်)အပိုဒ် (၅၆)(ဂ)အရဆောင်ရွက်ဖွယ်ရှိ/မရှိစိစစ်ရပါသည်၊ထိုသို့ စိစစ်သည့်အခါ - ဝိနိစ္ဆယဆုံးဖြတ်ချက်များသည်ဝိနည်းတရားတော်နှင့် လည်းကောင်း၊လုပ်ထုံးလုပ်နည်းများနှင့်လည်းကောင်း၊ ဝိနိစ္ဆယလက်စွဲနှင့်လည်းကောင်းဖြောင့်ဖြောင့်ဆန့်ကျင်နေကြောင်း၊ထင်ရှားစွာတွေ့ရှိလျှင်ယင်းဝိနိစ္ဆယဆုံးဖြတ် ချက်များကိုနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေးကအနည်းဆုံး(၇၅)ရာခိုင်နှုန်းရှိသော လျှို့ဝှက်ဆန္ဒမဲဖြင့်ပယ်ဖျက်ရသည်။ ယင်းပယ်ဖျက်သည့်မှုခင်းကိုလိုအပ်ပါကဝိ/လုပ်ထုံး လုပ်နည်းများ(ပြင်ဆင်ဖြည့်စွက်ချက်)(၅၆-ဃ)အရ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့်စစ်ဆေးဆုံးဖြတ် ရပါသည်။ ဝိ/လုပ်ထုံးလုပ်နည်း(အပိုဒ်-၅၆(ဂ)အရဆောင်ရွက်ဖွယ် မရှိပါကဝိနိစ္ဆယဆုံးဖြတ်ချက်ကိုအကောင်အထည် ဖော်နိုင်ရန်ပြည်နယ်/တိုင်းသံဃနာယကအဖွဲ့သို့ညွှန်ကြားရပါသည်။ထိုညွှန်ကြားချက်ကိုလက်ခံရရှိလျှင် ပြည်နယ်/တိုင်းသာသနာရေးမှူးအားညွှန်ကြားရပါသည်။ ထိုညွှန်ကြားချက်ကိုရရှိသောပြည်နယ်/တိုင်းသာသနာရေးမှူးသည်ဝိနိစ္ဆယဆုံးဖြတ်ချက်ကိုအကောင်အထည် ဖော်ရပါသည်။ထိုသို့အကောင်အထည်ဖော်ပြီးမှသာ သက်ဆိုင်ရာစောဒက၊စုဒိတကတို့သည်မိမိတို့ရပိုင်ခွင့်များကိုတရားဝင်ရရှိပိုင်ဆိုင်ပါသည်။အကောင်အထည် မဖော်မီကာလ၌တရားဝင်ရရှိခြင်းမရှိသေးပေ။ [ဒွိသန္တကဖြစ်/မဖြစ်စစ်တမ်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ယခုဆင်ဖြူတောင်ကျောင်းကို(၂၀-၂-၉၃)နေ့ကဒွိသန္တကပြုပါသည်ဟူသောစာချုပ်သည်အကောင်အထည် ဖော်သည့်(၇-၅-၉၃)ရက်ထက်နှစ်လကျော်စောနေသဖြင့် ဆင်ဖြူတောင်ကျောင်းဆရာတော်ဦးသာသနသည် တရားဝင်ပိုင်ဆိုင်မှုမရှိသေးပေ၊မိမိမပိုင်သေးသောကျောင်းကိုဆရာတော်ဦးသာသနကပေးခြင်း၊ ဦးကေလာသကယူခြင်းဟူသောဒွိသန္တကပြုခြင်းသည် အပေးအယူမြောက်/မမြောဒွိသန္တကဖြစ်/မဖြစ် စိစစ်ရန်လိုပေသည်။ ဒါနန်တိ အတ္တနော သန္တကဿ စီဝရာဒ်ပရိက်ခါရဿ သဒဓှိဝိဟာရိကာဒီသု ယဿ ကဿစိ ဒါနံ။ တတှိဒံ ဒါနလကခှဏံ၊ “ဣဒံ တုယှံ ဒမေိ ဒဒါမိ ဒဇဇှာမိ ဩဏာဇေမိ ပရိစ္စာမိ။(ဝိ-သင်္ဂဟ-ဋ္ဌ-နှာ-၇၀) ဣဒံ တိဝင်္ဂသမ္ပန်နံ ဒါနလက္ခဏံ ဟောတီတိ ယာဇနာ။ တတ္ထ ဣဒန်တိ ဒေယျဓမ္မနိဒဿနံ၊တုယှန္တိ ပဋိဂ္ဂါဟကနိဒဿနံ၊ဒေမီတိ ဒါယကနိဒဿနံ၊ (ဝိလင်ဋီ/နှာ/၁၅၆) ပေးခြင်းဟူသည်မိမိပိုင်ဆိုင်သည့်ပစ္စည်းကိုသူတစ်ပါးအားပေးခြင်းဖြစ်သည်၊ထိုသို့ပေးရာ၌၁/အလှူပစ္စည်း ၂/အလှူခံပုဂ္ဂိုလ်၃/အလှူပေးပုဂ္ဂိုလ်ဟုအင်္ဂါသုံးချက် ပြည့်စုံမှသာအပေးမြောက်သည်။ ဆရာတော်ဦးသာသနနှင့်ဦးကေလာသတို့ ပေးခြင်း/ယူခြင်းဒွိသန္တကသည်အလှူပစ္စည်းဟူသော အင်္ဂါချို့တဲ့နေသည်။ထို့ကြောင့် - အကောင်အထည်ဖော်မှုအပေါ် အယူခံစောဒက၏ [စောဒနာမှုကိုပြဆိုခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။အယူခံစောဒကဦးကေလာသသည် - (က)အကောင်အထည်ဖော်မှုပြုလုပ်ရာ၌လည်း သဘောမျှဆောင်ရွက်ခြင်းသာဖြစ်သည်။ (ခ)အကောင်အထည်ဖော်မှုသည်တစ်ဘက်အမှုသည် ဆန့်ကျင်မှုရှိမှဆောင်ရွက်ရမည်။ ဟုသဘောထားလျက်စောဒနာပါသည်။ [အယူခံစောဒက၏သဘောထားကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၂။အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ဝိနိစ္ဆယလက်စွဲ အခန်း(၁၂)အပိုဒ်(၂၉၄)မှ(၃၀၀)အထိပြထားသည်ကို ကြည့်ခြင်းအားဖြင့်အကောင်အထည်ဖော်မှု၏အရေးကြီး ပုံကိုသိသာလှပေသည်။ ဤသို့အလွန်အရေးကြီးသည့်ပြဌာန်းချက်ဥပဒေများကို အကောင်အထည်ဖော်မှုသည်သဘောမျှဖြစ်သည်ဟု တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင်တစ်ပါး ဖြစ်ပါလျက်ဆိုဝံ့သည်မှာအလွန်အံ့သြဖွယ်ကောင်းလှ ပေသည်၊ယခုအမှုကိုအကောင်အထည်ဖော်ရာ၌ မိမိ(ဦးကေလာသ)ကိုယ်တိုင်တာဝန်ရှိပါလျက်ယခုကဲ့သို့ တာဝန်မဲ့ပြောဆိုခြင်းသည်မြန်မာပြည်ရှိ(၃)သိန်းကျော် သံဃာတော်တို့သဘော၊ဆန္ဒကိုရယူပြီးဓမ္မဝိနယနှင့်အညီ ရေးဆွဲထားသည့်ဥပဒေကိုမျက်ကွယ်ပြုရာရောက်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများက သုံးသပ်တော်မူကြပါသည်။ ၃။ဆရာတော်ဦးသာသနနှင့်ဦးဝိစိတ္တတို့၏အမှုဝိနိစ္ဆယဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ရန်လို/မလို ဆိုသည့်အချက်ကိုထိုအချိန်ကတိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဖြစ်သည့်အယူခံစောဒကသည် အသိဆုံးဖြစ်ပေသည်၊တရားနိုင်ဆရာတော်ဦးသာသနသည်အနိုင်ဝိနိစ္ဆယအမိန့်သည့်(၂၄-၆-၉၂)မှ(၇-၅-၉၃) အထိတစ်နှစ်ခန့်ကာလကြာသည့်တိုင်မိမိကျောင်းပေါ်သို့ ပြန်လည်နေထိုင်မှုမရှိသည်ကိုလည်းကောင်း၊တရားရှုံး ဦးဝိစိတ္တတို့သည်ဆင်ဖြူတောင်ကျောင်းပေါ်မှ ထွက်ခွာဆင်းပေးခြင်းမရှိဘဲအကောင်အထည်ဖော်သည့်နေ့တိုင်အောင်နေထိုင်လျက်ရှိသည်ကိုလည်းကောင်း၊ အနိုင်ဝိနိစ္ဆယချပြီး(၁၀)လခန့်ကြာမှနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကရန်ကုန်တိုင်းသံဃနာယကအဖွဲ့ (ဦးကေလာသတို့)ထံသို့အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည်ကိုလည်းကောင်း၊ရန်ကုန်တိုင်း သာသနာရေးမှူး၏တာဝန်ပေးချက်အရလက်ထောက်သာသနာရေးမှူးကိုယ်တိုင်အကောင်အထည်ဖော်ပေးခဲ့ ခြင်းကိုလည်းကောင်း၊ကြည့်ခြင်းအားဖြင့်အကောင် အထည်ဖော်ရန်အလွန်လိုအပ်သည့်မှုခင်းဖြစ်သည်၊ ထို့ကြောင့်ပင်ထိုစဉ်ကတိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဖြစ်သည့်အယူခံစောဒက ဦးကေလာသပါဝင်သည့်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၏ညွှန်ကြားချက်ဖြင့်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်ကိုအယူခံစောဒကသည်အများမေးစရာမလို ကိုယ်တွေ့ဖြစ်ပေသည်။ ၄။ထိုသို့ အကောင်အထည်ဖော်ရန်လိုအပ်သည်ကို အကောင်အထည်ဖော်သည့်ကာလတိုင်အောင်မစောင့်ဘဲ ဒွိသန္တကပြုလုပ်လျှင်ဝိနိစ္ဆယလက်စွဲအခန်း (၁၆)အပိုဒ် (၃၆၄)အရအယူခံစောဒကဦးကေလာသသာလျှင် နစ်နာဆုံးရှုံးမှုဖြစ်သည်ဟုသုံးသပ်တော်မူကြပါသည်။ [မပြေးသော်ကန်ရာရှိ]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၅။နိုင်ငံတော်အယူခံစောဒက၏စောဒနာလွှာ၌ - (က)ဆရာတော်ဦးသာသနသည်စာသင်တိုက်တစ်ခုခုကို လှူလိုကြောင်းတိုင်ပင်ပါသည်။ သီရိဝေလာဆရာတော်ကမိမိအားလှူစေလိုပါသည်။ သို့ရာတွင်ဆရာတော်ဦးသာသနသည်တပည့်တော် ဦးကေလာသအားလှူဒါန်းပါသည်။ တိုင်းသံဃနာယကဥက္ကဌ(သီရိဝေလာ)ဆရာတော်ပင် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ (ခ)သီရိဝေလာဆရာတော်မသိအောင်ရက်တစ်ရက် သတ်မှတ်ပြီးတပည့်တော်ကျောင်းတွင်ဒွိသန္တကကိစ္စကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ တပည်တော်နှင့်တိုးတိုးတိတ်တိတ်ဒွိသန္တကပြုလုပ်ခဲ့မှုသာဖြစ်သည်။ (ဂ)မည်သို့ပင်ဖြစ်စေဆရာတော်ဦးသာသနသည် အကောင်အထည်ဖော်ဆောင်ရွက်မှုအထက်ပါအတိုင်း စောဒနာထားသည်များကိုထောက်၍အနိုင်ရပြီးအကောင် အထည်ဖော်ဆောင်ရွက်မှုရရှိရေးအတွက်လာဘ်ထိုးခြင်းဆိုဆိုမိမိစေတနာအရင်းခံအရပြုလုပ်ခြင်းဖြစ်သည်ပြော ပြောဒွိသန်တကစာချုပ်အမှန်တကယ်ပြုလုပ်ပြီးဖြစ်ပါ သည်။ အထက်ပါအတိုင်းစောဒနာထားသည်များကိုထောက်၍ အထည်အနိုင်ရပြီးအကောင်အထည်မဖော်ရသေးသဖြင့် မိမိကျောင်းကိုပြန်မရသေးသော၊အကောင်အထည် အမြန်ဖော်စေလိုသောအခက်ကြုံ၍သောကဗျာပါဒ ရောက်နေရရှာသောဆရာတော်ဦးသာသနမတတ်သာသည့်အဆုံးမိမိကျောင်းကိုပင်အပေးအယူလုပ်ရတော့ မည့်ကိန်းဆိုက်ခဲ့ရသည့်ဆရာတော်ဦးသာသန၊မိမိအား ကျောင်းကိုလှူစေလိုသော်လည်းမလှူသည့်အတွက် စိတ်မကောင်းဖြစ်ရရှာသောတိုင်းသံဃနာယကအဖွဲ့ ဥက်ကဋ္ဌသိရိလေလာဆရာတော်။ ကျောင်းအလှူကုသိုလ်ကိုပင်သီရိဝေလာဆရာတော် မသိအောင်တိုးတိုးတိတ်တိတ်ဒွိသန္တကပြုရရှာသော တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဦးကေလာသထိုဆရာတော်သုံးပါးသုံးပွင့်ဆိုင်မှ ထွက်ပေါ်လာသောဒွိသန္တကပြုလုပ်သည့်စာချုပ်ဖြစ် သည်ကိုညောင်မြစ်တူးရာပုတ်သင်ဥပေါ် သကဲ့သို့ ဘွားဘွားကြီးပေါ်ခဲ့ပြီမို့၊မပြေးသော်ကန်ရာရှိဆိုသည့် ကိန်းဆိုက်ခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေအကောင်အထည်ဖော်ဆောင်ရွက်မှု ရရှိရေးအတွက်လာဒ်ထိုးခြင်းအနေဖြင့်ချုပ်သည်ဟု ဆိုဆို၊မိမိစေတနာအရင်းခံအရချုပ်သည်ဟုပြောပြော အကောင်အထည်မဖော်ရသေးသည်ကိုသိပါလျက် အကောင်အထည်ဖော်သည့်ကာလအထိမစောင့်ဘဲ ချုပ်ဆိုခြင်းဖြစ်သောကြောင့်ဝိနိစ်ဆလက်စွဲအခန်း(၁၆) အပိုဒ်(၃၆၄)အရအယူခံစောဒကဦးကေလာသသည်သာ ဆုံးရှုံးနစ်နာရမည်ဧကန်ဖြစ်သည်ဟုနိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဆရာတော်ကြီးများက တညီတညွတ်ထည်းသုံးသပ်တော်မူကြပါသည်။ မူလစောဒက(အယူခံစုဒိတက)၏ [ထွက်ဆိုချက်များကိုသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)အဖွဲ့ဝိနည်းဓိုရ်ဆရာတော်များသည်မူလစုဒိတက(အယူခံစောဒက)၏ ထွက်ဆိုချက်များကိုသုံးသပ်တော်မူကြပြီး၍ယခုအခါ မူလစောဒက(အယူခံစုဒိတက)၏ထွက်ဆိုချက်များကို သုံးသပ်တော်မူကြမည်ဖြစ်သည်။ မူလစောဒကထွက်ဆိုချက်များကိုသုံးသပ်ကြရာ၌လည်း က/သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ရှိ/မရှိ ခ/ယင်းအဖွဲ့အားဆရာတော်ဦးသာသနသည် ပုံတော်တိုက်နှင့်အာရာမ်မြေပေး/မပေးဟူသောအဓိက ကျသည့်အချက်များကိုသုံးသပ်တော်မူမည်ဖြစ်သည်။ [(က)သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ရှိ/မရှိသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁/မူလစောဒကဒေါ်သစ်သစ်တင့်သည် - တစ်ရာ့ရှစ်တောင်ငွေရတုသဘင်ပွဲကျင်းပပြီးနောက် (သာသနာပြုဗုဒ်ဓဝေယျာဝစ်စအဖွဲ့)ကိုဆရာတော် ဦးသာသနကိုယ်တိုင်ဖွဲ့ပေးခဲ့ကြောင်းတင်ပြ ထွက်ဆိုထားသည်။ ယင်းသာသနာပြုဗုဒ္ဓဝေယျာဝစ္စရှိကြောင်းကိုလည်း တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏အမေးတို့ကိုဒေါ်သစ်သစ်တင့် (မူလစောဒက)၊ဒေါ်ခင်မေနှင်း(စောပြသက်သေ- ၁) ဒေါ်ခင်သိန်းရွှေ(စောပြသက်သေ-၂) တို့ကလည်း “ဗုဒ္ဓဝေယျာဝစ္စအဖွဲ့”ရှိကြောင်းကိုထောက်ခံထွက်ဆို ထားပါသည်။ မူလစုဒိတကဦးကေလာသသည်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ကို ဆရာတော်ဦးသာသနဖွဲ့စည်းခဲ့သည်မှာမဟုတ်မမှန်ကြောင်း၊စနစ်တကျဖွဲ့စည်းထားခြင်းလည်းမရှိ၊သက်ဆိုင် ရာသို့တင်ပြထားခြင်းလည်းမရှိကြောင်း၊ထို့ကြောင့် တရားဝင်အသင်းမဟုတ်ပါ၊ဦးသာသန၏သာသနာပြုလုပ်ငန်းများကိုဝိုင်းဝန်းဆောင်ရွက်ပေးနေကြသော ဒကာ၊ဒကာမများသာဖြစ်သည်ဟုကန့်ကွက်ထွက်ဆိုပါသည်။ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ မှတ်ပုံတင်ခြင်းမရှိကြောင်းကိုမူလစောဒကပြသက်သေများကလည်းဖြေကြားထွက်ဆိုထားပါသည်။ ၂/ဆရာတော်ဦးသာသနသည်သာသနာပြုဆရာတော်တစ်ပါးဖြစ်သည့်အားလျော်စွာမိမိနှင့်အတူလက်တွဲပြီး သာသနာပြုရန်အတွက်သာသနာပြုအဖွဲ့အစည်းဖွဲ့စည်း ခဲ့မည်မှာသေချာပေသည်၊ထိုကဲ့သို့ဖွဲ့သောအဖွဲ့အစည်းများသည်ခေတ်အားလျော်စွာဖွဲ့စည်းပေါ်ပေါက်ခဲ့မြဲ ဖြစ်ပေသည်။ သိကြားမင်းဦးမာဃတို့ခေတ်၌မာဃလုလင်ဦးဆောင်သော(၃၃)ယောက်သောအသင်းသားများပါဝင်သည့်အဖွဲ့ ဘုရားရှင်လက်ထက်တော်၌လည်းသာဝတ္ထိမြို့တွင်လမ်းအလိုက်၊ရပ်ကွက်အလိုက်စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များရှိခဲ့သည်ကိုပိဋကတ်ကျမ်းများ၌မှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုအဖွဲ့များသည်သာသနာရေး၊လူမှုရေး၊ကုသိုလ်ရေးများ ဆောင်ရွက်သည့်အဖွဲ့များဖြစ်သည်ကိုတွေ့ရပေသည်။ ယခုခေတ်အခါမှာလည်းသာသနာရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများဖွဲ့ပြီးဘာသာရေး၊လူမှုရေး ကောင်းမှုကုသိုလ်များဆောင်ရွက်နေကြသည်ကို တွေ့ရပေသည်။ ထိုဘာသာရေး၊လူမှုရေးအဖွဲ့များကိုမှတ်ပုံမတင်ရင် မနေရဟုနိုင်ငံတော်ကပြဌာန်းထားခြင်းမရှိပါ၊အဖွဲ့၏ သဘောဆန္ဒအတိုင်းမှတ်ပုံတင်လိုကတင်နိုင်ပြီးမတင်လိုကမတင်ဘဲနေနိုင်ခွင့်ရှိပေသည်၊ထိုသို့မှတ်ပုံတင်သော သက်ဆိုင်ရာသို့တင်ပြမထားသောဘာသာရေး၊လူမှုရေးအဖွဲ့များကိုမရှိ/မသိ/တရားမဝင်ဟုပြစ်ပယ်၍မရပေ။ ၃/သေဒဏ်ချမှတ်ခံရသောခိုးသူမကိုဘိက္ခုနီမဝတ်ပေးလိုလျှင်ထိုကဲ့သို့သောအဖွဲ့/အသင်းများကိုပန်ကြားရမည်ဟုဘုရားရှင်ကိုယ်တော်တိုင်အသိအမှတ်ပြုတော်မူသည်ကိုထောက်ရှု၍မှတ်ပုံမတင်သော်လည်းကောင်း၊သက် ဆိုင်ရာသို့တင်ပြခြင်းမရှိသော်လည်းကောင်း၊ကုသိုလ်ကောင်းမှုစုပေါင်းပြုကြသည့်(သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့)ရှိသည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၅/၂၀၀၁)ဆရာတော်များကသုံးသပ်တော်မူကြသည်။ ယာပန ဘိက်ခုနီ ဇာနံ စောရီ (ပ) အညတွ တပ်ပါ ဝုဋ္ဌာပေယျ (ဝိ/၂- နှာ- ၂၉၁)ဂဏံဝါတိ မလ္လဂဏ ဘဋိပုတ္တ ဂဏာဒိကံ (ဝိ-ဋ္ဌ /၂ - နှာ - ၁၈၃) (ခ)ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အားဦးအာသဖပုံတော်တိုက်နှင့် [အာရာမ်မြေပေး/မပေးသုံးသပ်ခြင်း]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁။မူလစောဒက(အယူခံစုဒိတက)ဒေါ်သစ်သစ်တင့်သည် ဆင်ဖြူတောင်ကျောင်းကိုမိမိ(ဒေါ် သစ်သစ်တင့်) ဦးဆောင်သည့်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ပေးခဲ့ခြင်းမဟုတ်ပါ၊ ဆရာတော်ဦးအာသဖပုံတော်တိုက်နှင့်အာရာမ်မြေကိုသာ ပေးခဲ့ခြင်းဖြစ်ပါသည်၊ထိုသို့ပေးခဲ့ခြင်းမှာဦးဝိစိတ္တတို့နှင့် ဖြစ်သည့်အမှုဝိနိစ္ဆယကိုအကောင်အထည်ဖော်ပြီး ဆင်ဖြူတောင်ကျောင်းသို့ဆရာတော်ဦးသာသနပြန်လည် သီတင်းသုံးပြီးနောက်ပေးခဲ့ခြင်းဖြစ်ပါသည်၊ထိုသို့ ပေးရာ၌လည်းနှုတ်ဖြင့်ပေးခြင်းဖြစ်ပါသည်ဟုထွက်ဆို ခဲ့ပါသည်။ ယင်းထွက်ဆိုချက်ကိုမူလစုဒိတက(အယူခံစောဒက) ဦးကေလာသသည်တရားဝင်စာချုပ်စာတမ်းများတင်ပြ နိုင်မှုမရှိခြင်း၊မည်သူ့ကို၊မည်သည့်နေရာ၊မည်သည့်ရက်၊ မည်သူတို့၏ရှောက်မှောက်တွင်ပေးခဲ့သည်ဟုမပါခြင်း၊ ခိုင်လုံသောသက်သေအထောက်အထားမရှိခြင်းတို့ကြောင့်ဒေါ်သစ်သစ်တင့်ဦးဆောင်သည့်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အားပုံတော်တိုက်နှင့်အာရာမ်ကိုပေးခဲ့ခြင်းမှာမဟုတ်မမှန်ဟုချေပထွက်ဆိုပါသည်။ ၂။နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် အထက်ပါနှစ်ဖက်ထွက်ဆိုချက်များကိုစိစစ်လေ့လာ ကြသည့်အခါ- မူလစောဒကသည်ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အားပုံတော်တိုက်နှင့်အာရာမ်မြေကိုပေးခဲ့ခြင်းမှာဆရာတော်ဦးသာသနက နှုတ်ဖြင့်သာပေးခဲ့ခြင်းဖြစ်သည်ဟုထွက်ဆိုပြီးစာချုပ် စာတမ်းသက်သေတင်ပြနိုင်ခြင်းမရှိပေ။သို့သော် -- အပိနာယျော တုမှေဟိ ဒိဋ္ဌံဝါ သုတံဝါ သက္ခိံ ဌပယိတွာ ဒါနံ ဒိယျမာနန္တိ (ဝိ-ပါ-၂-နှာ-၂၈၈)ဟူသောပါဠိတော်အလာကိုထောက်၍နှုတ်ဖြင့်ပေးခြင်းသည်စာချုပ် စာတမ်းသက်သေမရှိသော်လည်းအပေးအယူမြောက် သည်သာဖြစ်သည်၊စာချုပ်စာတမ်းရှိမှအပေးအယူမြောက်သည်မဟုတ်ခြင်း။ (၂၂-၅-၉၃)ရက်တွင်သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ဝင် တပည့်၊ဒါယကာ၊ဒါယိကာမများအစုံရောက်ရှိသည့်နေ့၊ နေ့လည်(၁)နာရီတွင်သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ပိုင် ပစ္စည်းအဖြစ်စွန့်လွှတ်လှူဒါန်းကြောင်းမူလစောဒက၏ တင်ပြချက်၌ပေးလှူသည့်နေရာ၊နေ့ရက်၊မည်သူ့ကို ပေးခဲ့သည်ဟုအတိအကျဖော်ပြပါရှိခြင်း။ ပုံတော်တိုက်နှင့်အာရာမ်ကိုဗုဒ္ဓဝေယျာဝစ္စအဖွဲ့အား ပေးမှုရှိ/မရှိကိုတိုင်းဝိနိစ္ဆယအဖွဲ့ကမေးမြန်းရာ၌- ဦးအာသဖပုံတော်တိုက်ကိုဗုဒ္ဓဝေယျာဝစ္စအဖွဲ့အား ပေးခဲ့တယ်ဆိုတာမှန်ပါတယ်ဘုရား၊နှုတ်ဖြင့်ပေးတာပါဘုရား။သက်သေရှိပါတယ်ဘုရားဟုစောဒကသက်သေ (၃)ကထွက်ဆိုထားခြင်း၊ထို့ပြင်မူလစောဒက ဒေါ်သစ်သစ်တင့်အားဗုဒ်ဓဝေယျာဝစ္စအဖွဲ့ကိုယ်စားလှယ် လွှဲစာကိုသက်သေခံ(၁)အဖြစ်တင်ပြထားပါသည်။ ထိုတင်ပြသည့်သက်သေခံ(၁)ကိုယ်စားလှယ်လွှဲစာ၌ - ဆရာတော်ဦးသာသနသည်ယခုလက်ရှိဦးအာသဖ ပုံတော်တိုက်မြေနေရာကိုတပည့်တော်များသာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့သို့ပေးအပ်ပြီးဟုဖော်ပြလျက်အရွယ်အသီးသီး၊အလွှာအသီးသီးပါဝင်သည့်(၅၃)ယောက်တို့က ကိုယ်တိုင်လက်မှတ်ထိုးဖြင့်ထောက်ခံထားခြင်းတို့ကို တွေ့ရသဖြင့်ခိုင်လုံသောသက်ရှိသက်သေများထင်ရှား ရှိခြင်း၊ဤဆိုခဲ့ပြီးအကြောင်းတို့ကိုထောက်၍ဆရာတော်ဦးသာသနသည်သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့အား ပုံတော်တိုက်နှင့်အာရာမ်မြေကိုပေးခဲ့သည်မှာထင်ရှားသည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁) ဆရာတော်များကတစ်ညီတစ်ညွတ်တည်းသုံးသပ်တော် မူကြသည်။ ၃။ပုံတော်တိုက်နှင့်အာရာမ်ကိုဆရာတော်ဦးသာသနသည် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့အားပေးသည်ဟုဆိုရာ၌ဗုဒ္ဓဝေယျာ ဝစ္စအဖွဲ့ကလည်းကောင်း၊သို့မဟုတ်အဖွဲ့ဝင်တစ်ဦးဦးကသော်လည်းကောင်း၊ပုံတော်တိုက်နှင့်အာရာမ်မြေကို သာသနာပြုလုပ်ငန်းများမလုပ်ဘဲအပိုင်သိမ်းဆည်းခွင့် ရှိသည်ဟုဆိုလိုသည်မဟုတ်ပေ။ ငါမရှိသည့်နောက်လွတ်လပ်စွာသာသနာရေးကိစ္စဆောင် ရွက်နိုင်ရန်ပုံတော်တိုက်မြေနေရာကိုအဖွဲ့အားပေးပါကြောင်းဟူ၍မိမိတို့၏ဆရာတော်အမှာအထားရှိသည့် အတိုင်း"သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့”အမည်နှင့်အညီ ပုံတော်တိုက်နှင့်အာရာမ်မြေကိုသာသနာရေးကိစ္စဆောင် ရွက်ရန်၊ဗုဒ္ဓဝေယျာဝစ္စဆောင်ရွက်ရန်၊မိမိတို့ဆရာတော် ဦးသာသန၏သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် ဌာနသောဖြစ်သည်ဟုသန္နိဋ္ဌာန်ချမှတ်ယူသုံးစွဲရမည်ဖြစ်သည်။ [ပေါင်းစုံသုံးသပ်ချက်]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁/အယူခံစောဒကဦးကေလာသသည်ဒွိသန္တကပြုလုပ် သည်မှာ“ဆင်ဖြူတောင်ကျောင်း”ဖြစ်၍စာချုပ်၌ “တစ်ရာ့ရှစ်တောင်ကျောင်း”ဟုဖော်ပြချုပ်ဆိုထားခြင်း၊ ၂/ဒွိသန္တကစာချုပ်သည်ဒွိသန္တကပေးသူဆရာတော် ဦးသာသနပိုင်ဆိုင်မှုမရမီချုပ်ဆိုထားခြင်း၊ ၃/ဒွိသန္တကစာချုပ်သည်ဝိနိစ္ဆယအဆုံးအဖြတ်အကောင် အထည်မပေါ်မီချုပ်ဆိုထားသဖြင့်ဓမ္မဝိနယနှင့်လည်း ကောင်း၊လုပ်ထုံးလုပ်နည်းများနှင့်လည်းကောင်း ဆန့်ကျင်နေခြင်း၊ ၄/သာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ရှိသည်မှာမှန်ကန်ခြင်း၊ ၅/ယင်းသာသနာပြုဗုဒ်ဓဝေယျာဝစ်စအဖွဲ့သည် ဆရာတော်ဦးသာသနနှင့်လက်တွဲ၍သာသနာပြုသည့်အဖွဲ့ဖြစ်ခြင်း၊ ၆/ဆရာတော်ဦးသာသနသာသနာပြုဗုဒ္ဓဝေယျာဝစ္စအဖွဲ့ အားပုံတော်တိုက်နှင်အာရာမ်မြေကိုသာသနာပြုဌာနအဖြစ်သတ်မှတ်၍ပေးခဲ့သည်မှာမှန်ကန်ခြင်း၊ စသောအကြောင်းများကြောင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၅/၂၀၀၁)ဝိနည်းဓိုရ်ဆရာတော်ကြီးများ သည်ဂိုဏ်းပေါင်းစုံရန်ကုန်တိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁၇/၂၀၀၀)၏ဆုံးဖြတ်ချက်ကိုထပ်မံအတည် ပြုလျက်ဖော်ပြပါအတိုင်းဆုံးဖြတ်တော်မူကြသည် - [ဆုံးဖြတ်ချက်]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။အယူခံစောဒကဦးကေလာသပါ(၂)ဦးတို့၏ အယူခံစောဒနာလွှာကို(ပလပ်)ပယ်ချလိုက်သည်။ ၂။ရန်ကုန်တိုင်း၊ဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့ (၁၇/၂၀၀၀)၏ဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြုသည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/တာဝန်/ကျောင်းတိုက် ၁။ဘဒ္ဒန္တပဏ္ဍဝံသ(သဘာပတိဆရာတော်) မြစည်းခုံစာသင်တိုက်။ ၂။ဘဒ္ဒန္တဝဇိရာဉာဏ(အဖွဲ့ဝင်) မင်းကျောင်းစာသင်တိုက်။ ၃။ဘဒ္ဒန္တပဏ္ဍိတ(အဖွဲ့ဝင်) မဟာသုဒဿနာရာမတိုက်။ ၄။ဘဒ္ဒန္တသီရိန္ဒ(အဖွဲ့ဝင်) သာသနာ့မဏ္ဍိုင်ကျောင်းတိုက်။ ၅။ဘဒ္ဒန္တလက္ခဏ(အဖွဲ့ဝင်) မဟာပညာဗိမာန်စာသင်တိုက်။

                                ပြီးပါပြီ။
၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)
၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)[အကြောင်းပြန်ရန်]

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၁၉)

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ဓမ်မာယတနကျောင်း၌ဖြစ်ပွားသောဒေါ်သိန်းနှင့် ဦးဓမ္မဝံသတို့၏ရတနာပစ္စည်း-ဝိဝါဒါဓိအရုဏ်းမှုခင်း [ဒေါ်အေးကြွယ်၏အတ္ထုပ္ပတ္တိနှင့်မှုခင်းဖြစ်စဉ်]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရတနာများနှင့်ပတ်သက်သောဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပေါ်လာရခြင်းမှာဒေါ်အေးကြွယ်သည်အကြောင်းရင်း ဖြစ်သောကြောင့်၎င်း၏အတ္ထုပ္ပတ္တိကိုရှေးဦးစွာပြဆို ရပေလိမ့်မည်။ ဒေါ်အေးကြွယ်သည်ဦးလူသစ်+ဒေါ်ခြူးတို့၏သားသမီးခြောက်ယောက်တို့တွင်အငယ်ဆုံးဖြစ်၍အမကြီး ဒေါ်ဖွားချစ်နှင့်အတူကောမာရဗြဟ္မစာရီညီအမတို့သည် ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ ရွှေဘိုလမ်း၊အိမ်အမှတ်(၈)၌ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်ကြသည်။ ၎င်းညီအမတို့သည်ခြောက်ထပ်ကြီးဘုရားကြီးကျောင်း တိုက်အတွင်း၌ဓမ္မာယတနကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ကြသောကျောင်းအမများဖြစ်သည့်ပြင် ဓမ္မာယတနကျောင်း၊ကျောင်းဘုန်းကြီးဦးဓမ္မဝံသကိုလဲ သိမ်ထပ်(ရဟန်းခံ)ထားသောရဟန်းအမများ ဖြစ်ကြလေသည်။ အမကြီးဒေါ်ဖွားချစ်ကွယ်လွန်ပြီးနောက်အိမ်ကိုရောင်းချ ၍ခြောက်ထပ်ကြီးကျောင်းတိုက်၊ဓမ္မာရာမကျောင်း (ဆွမ်းစားကျောင်း)ကလေး၌အဖီချဆောက်လုပ်ပြီး ၁၃၄၄-ခုနှစ်၊ဝါခေါင်လဆန်း(၁၀)ရက်နေ့ကျောင်းသို့ပြောင်းရွှေ့လာလျက်ဝါခေါင်လဆုတ်(၂)ရက်နေ့မှာ ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဇောတထံရေစက်ချလှူပြီးမိမိတစ်သက်တာ နေထိုင်ခွင့်ပြုရန်ခွင့်တောင်းခါမိမိပစ္စည်းများအားလုံး ကျောင်းသို့သယ်ယူလျက်၎င်းကျောင်းအဖီကလေး၌ နေခဲ့လေသည်။ (၁၈)လခန့်ကြာသော၁၃၄၅-ခုနှစ်၊တပို့တွဲလဆန်း(၃)ရက်နေ့၌တာမွေ၊ကျောက်မြောင်းသြဘာလမ်း၊အိမ်နံပါတ် (၂၃)ဒေါ်ခင်လှ၏ခင်ပွန်းနှစ်ပတ်လည်ဆွမ်းကျွေးအတွက်ဖိတ်ကြား၍သွားရာမှမကျန်းမာသဖြင့်ကျောင်းသို့ပြန်လိုက်၊အိမ်သို့ပြန်လိုက်ဖြင့်၎င်းဒေါ်ခင်လှအိမ်၌ပင် (၁၈)လခန့်ကြာသော်၁၃၄၇-ခုနှစ်၊ဒုတိယဝါဆိုလဆန်း (၁)ရက်နေ့မှာဘဝတစ်ပါးပြောင်းသွားကွယ်လွန် ခဲ့လေသည်။ ဒေါ်အေးကြွယ်သည်အမကြီးကွယ်လွန်ပြီးနောက် အိမ်ကိုရောင်းပြီးမိမိပိုင်ပစ္စည်းများသယ်ဆောင်လျက် ကျောင်းသို့ပြောင်းရွှေ့နေသောအခါ(ဤသို့မိမိပိုင်ပစ္စည်းများအုန်းမှုတ်ခွက်၊နို့ဆီဘူးခွံမှအစမိမိသေဆုံးပြီးတဲ့နောက်ကျောင်းသုံးအတွက်လှူဒါန်းပြီးဖြစ်အောင်ယူ ဆောင်လာခဲ့ပါသည်)ဟုအခါခါပြောခဲ့ပါသည်။ ပစ္စည်းများထဲမှတန်ဖိုးနည်းသောပစ္စည်းများကို မိမိနေသောအဖီကျောင်းကလေးမှာထားပြီးရတနာများ ထည့်ထားသောသေတ္တာကိုလုံခြုံစိတ်ချရသောမိမိဆောက်လှူထားသည့်ဓမ္မာယတနကျောင်းဘုန်းကြီး ဦးဓမ္မဝံသ၏အခန်းထဲမှာအပ်နှံထားခဲ့လေသည်။ ဒေါ်အေးကြွယ်၏မိတ်ဆွေဒေါ်ခင်လှ၏ခင်ပွန်းနှစ်ပတ် လည်ဆွမ်းကျွေးပွဲသို့သွားရင်းနေမကောင်းဖြစ်ခါ ဒေါ်ခင်လှတို့မရှိခိုက်မျက်နှာချင်းဆိုင်အိမ်နေမိတ်ဆွေဒေါ်သိန်းမြင့်အားသော့များအပ်ခါ(ဒီသော့များကို ဦးဓမ္မဝံသအားလှူလိုက်ပါ)စသည်ပြောပြီးနာရီဝက်ခန့် အကြာကွယ်လွန်သွားခဲ့လေသည်။ ဦးဓမ္မဝံသသည် ယမိမိရရှိသောသော့များဖြင့်သေတ္တာကိုဖွင့်စေရာ- (၁)တစ်ဖက်စိန်ကိုးလုံးပါစိန်နားကပ်(၁)ရံ။ (၂)ရွှေဘီး(၁)ချောင်း။ (၃)ရွှေလက်ကောက်(၁၈)ကွင်း။ (၄)ရွှေကြယ်သီး(၁)စုံ။ (၅)ငှစေက်ကူ(၁၅၀၀)။ (၆)ငွေဒင်္ဂါး(ဝေလ)(၇၅)ပြား။ (၇)နှစ်ထပ်ခြင်္သေ့ဒင်္ဂါး၇-ပြားတို့ကို တွေ့ရှိပြီးအဖီကျောင်းကလေးကိုတံခါးသော့ဖွင့်၍ ရှာရာငွေစက္ကူ(၁ဝဝဝိ)ကျပ်တို့ကိုတွေ့ရလေသည်။ ငွေစက္ကူ(၂၅ဝဝိ)ကျပ်ကိုဒေါ်အေးကြွယ်၏အသုဘကိစ္စ ၌စိုက်ထုတ်အသုံးပြုပြီးရတနာများကိုဦးဓမ္မဝံသက သိမ်းထားလေသည်။ ထိုအခါဒေါ်အေးကြွယ်နှင့်ဝမ်းကွဲညီအမတော်စပ်သူ ဒေါ်သိန်းကဒေါ်အေးကြွယ်၌အမွေဆက်ခံမည့်ဆွေမျိုးရင်းခြားမရှိပါ၊မိမိသည်ဒေါ်အေးကြွယ်၏မိခင် ဒေါ်ခြူး၏မောင်ဦးရွှေဝ၏သမီးဖြစ်၍ဒေါ်အေးကြွယ်နှင့်ဝမ်းကွဲညီမတော်စပ်သူဖြစ်၍မိမိသာအမွေဆက်ခံခွင့်ရှိသောကြောင့်ဒေါ်အေးကြွယ်၏ကျန်ရှိခဲ့သောရတနာများကိုရပိုင်လိုကြောင်းမိမိသည်လေရောဂါဖြစ်နေရကား လမ်းမသွားနိုင်တော့၍သားဖြစ်သူမောင်ခင်ညွန့်နှင့်တူ ဦးအေးဖေတူမဒေါ်မြင့်မြင့်ဋ္ဌေးတို့ကိုကိုယ်စားလှယ်လွှဲခါ ဦးဓမ္မဝံသထံရတနာများကိုတောင်းခံစေသည်။ ဦးဓမ္မဝံသကလည်းကျောင်းအမကြီးဒေါ်အေးကြွယ်သည် ကျောင်းသို့ပြောင်းရွှေ့လာတုန်းကသူ၏ပစ္စည်းများ သူသေသောအခါကျောင်းအတွက်လှူပြီးဖြစ်အောင် အားလုံးယူခဲ့ပါသည်။ကျောင်းပြင်ရန်ရည်ရွယ်ချက် ရှိထားခဲ့ပါသည်။ နာယကဆရာတော်များကပေးလိုက်ဟု ခွင့်ပြုခဲ့သော်ပေးမည်ဟုပြောပြီးနာယကဆရာတော်များထံခေါ်သွား၍အကျိုးအကြောင်းလျှောက်ထားရာ- နာယကဆရာတော်ကဒို့ကတော့ပေးလိုက်လို့လဲမညွှန်ကြားရဲဘူး၊မပေးနဲ့လို့လည်းမတားဆီးရဲဘူး၊သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်အတိုင်းလိုက်နာကြရင်ကောင်းမယ်ဟုအမိန့်ရှိသဖြင့်သံဃနာယကအဖွဲ့အဆင့်ဆင့်သို့တင်ရာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှတိုင်းသံဃဝိနိစ္ဆယအဖွဲ့ကိုဖွဲ့စည်းပေးပြီးစောဒက၊စောဒကသက်သေများ၊ စုဒိတက၊စုဒိတကသက်သေများနှင့်ရုံးခေါ်သက်သေများ ၏ထွက်ဆိုချက်များကိုအဖန်ဖန်သုံးသပ်တော်မူကြလျက် အောက်ပါအတိုင်းဆုံးဖြတ်ချက်ချခဲ့ပါသည်- [တိုင်းထုံးဖြတ်ချက်]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(၁)ဒေါ်အေးကြွယ်ကျန်ရှိသောရတနာပစ္စည်းမှန်သမျှ ခြောက်ထပ်ကြီးကျောင်းတိုက်သံဃိကဖြစ်စေ၊ (၂)ထိုရတနာပစ္စည်းမှန်သမျှဖြစ်ပေါ်လာသော နဝကမ္မသည်ခြောက်ထပ်ကြီးကျောင်းတိုက်၏ ပစ္စည်းလေးပါးအတွက်ဖြစ်စေ။ ယင်းသို့ဆုံးဖြတ်ချက်ချမှတ်သည်ကိုစောဒကများက မကျေနပ်သဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံလွှာတင်သွင်းလာခဲ့သောဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်ပါသည်။ [ပေါင်းသုံးသပ်ရာ၌မေတ္တာရပ်ခံချက်]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ပေါင်းရုံးမသုံးသပ်မီနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများအားလုံးတို့သည်စောဒက၊စုဒိတကဖြစ်သူများကို မသိဘူးမမြင်ကြဘူးပါ၊နိုင်ငံတော်သံဃမဟာနာယကဆရာတော်များကလည်းအတ္တာနုဝါဒဘေး၊ပရာနုဝါဒဘေးတို့ကင်းအောင်ဆောင်ရွက်နိုင်ရန်အထူးစီမံကြီးကြပ်ပေးကြသဖြင့်ဝိနည်းဓိုရ်ဆရာတော်ကြီးများအနေဖြင့် ကျေးဇူးတင်လဲမခံယူလိုပါ၊အငြိုငြင်လဲမခံလိုပါ၊ သာသနာတော်အတွက်ငဲ့ကွက်၍ထွက်ဆိုတင်ပြချက် တို့ကိုသုတ္တ၊သုတ္တာနုလောမ၊ဓမ္မဝိနယတို့နှင့်လျော်ညီ အောင်သာဆောင်ရွက်ကြမည်ဖြစ်သောကြောင့်စောဒက၊ စုဒိတကတို့အနေဖြင့်(သာသည်ဖြစ်စေ၊နာသည်ဖြစ်စေ) သောမနဿဒေါမနဿသဘောတို့သို့မသက်ဝင်ကြပါရန် မေတ္တာရပ်ခံပါသည်။ ဆောင်=ဝိနိစ္ဆယကမ် စက္ခုဉာဏ်ဖြင့် ဖန်ဖန်ကြည့်ရှု ♥♥♥လေ့လာပြုက အကုဒေါသ မနောမှလျှင် ♥♥♥ကင်းပစင်လိမ့် အယူခံစောဒနာ+သောဓနာနှင့်တိုင်းဝိနိစ္ဆယတို့ကို [ပေါင်းရုံးသုံးသပ်ခြင်း]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စောဒကများကဒေါ်အေးကြွယ်၏ရတနာပစ္စည်းများ သည်သံဃာ့အာရာမ်တွင်းသို့ရောက်နေသော်လည်းလူ၏ပစ္စည်းဖြစ်သောကြောင့်မတသန္တကသံဃိကမဖြစ်နိုင်၊ဆွေမျိုးများသာပိုင်သည်ဟုဝိနည်းသိက္ခာကျွမ်းကျင်သောဆရာတော်ကြီးများကပြော၍ဒေါ်အေးကြွယ်ပိုင်ပစ္စည်းများကိုရလိုပါကြောင်းဟူသောစောဒနာလွှာနှင့် ဒေါ်အေးကြွယ်သည်(တပည့်တော်မှာသားသမီးကျော ထောက်နောက်ခံမရှိပါဘုရား၊သို့အတွက်တပည့်တော်ပိုင်ပစ္စည်းမှန်သမျှအုတ်မှုတ်ခွက်၊နို့ဆီဘူးခွံကအစတပည့် တော်သေဆုံးပြီးတဲ့နောက်ကျောင်းသုံးအတွက်လှူဒါန်းပြီးဖြစ်ပါတယ်။ကျောင်းအတွက်လှူဒါန်းပြီးဖြစ်အောင်ဆိုပြီးတပည့်တော်ပိုင်ပစ္စည်းအားလုံးကိုပြောင်းရွှေ့သယ် ဆောင်လာခြင်းဖြစ်သည်)ဟုမိမိ(ဦးဓမ္မဝံသ)ကိုလည်း ကောင်း၊ခြောက်ထပ်ကြီးကျောင်းတိုက်၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဇောတ အစရှိသောရဟန်းတော်များနှင့်အခြားသောသူများကိုလည်းကောင်း၊မကြာမကြာလျှောက်ထားခဲ့သည်ဟူသောသောဓနာလွှာတင်ကြခြင်းတို့နှင့်ပတ်သက်၍- ဒေါ်သိန်းသည်ဒေါ်အေးကြွယ်နှင့်ဝမ်းကွဲညီမသွေးသားတော်စပ်နေ၍အမွေဆက်ခံထိုက်သောကြောင့်တောင်းခြင်းသည်(အမကြီးကအမိအရာ)ဟူသောစကားအရ အမကြီးဖြစ်သူဒေါ်အေးကြွယ်သည်ညီမဝမ်းကွဲ ဒေါ်သိန်း၏အမိအရာ၌တည်နေရကား(ဒါယဇ်ဇံ အထ ဝါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမိ။) (မွေခံထိုက်စေလှူမျှဝေအံ့)ဟူသောပါထိကဝဂ်ဂပါဠိတော် (၁၅၄)အရရည်ရွယ်ချက်ကောင်းကောင်းဖြင့်အမွေ တောင်းခံခြင်းဖြစ်နိုင်ရာပါသည်။ ထို့ပြင်(အရေးကြီးကသွေးနီးမှ)ဟူသောစကားအရ ရွာတစ်ရွာမှာညီအကိုနှစ်ရှိရာကိုယ့်အိမ်ထောင်နှင့်ကိုယ်ဖြစ်ပြီး၊အမွေခွဲအဆင်မပြေသဖြင့်ညီအကိုမသင့်မတင့်ဖြစ်နေကြစဥ်ညီဖြစ်သူမှာညီအကိုအရင်းလောက်မက သူ့ရှိကိုယ်စား၊ကိုယ့်ရှိသူစားအလွန်ရင်းနှီးခင်မင်သော မိတ်ဆွေတစ်ယောက်ရှိလေသည်။ တစ်နေ့သောအခါညီဖြစ်သူသည်တောထဲသို့ထင်းခုတ်သွားရာတောဝက်ကြီးနှင့်တွေ့၍သူနိုင်ကိုယ်နိုင်တိုက်ကြလျှင်တောဝက်ကြီးဗုန်းဗုန်းလဲသေပွဲဝင်သောအခါ မိတ်ဆွေအကြောင်း၊ဆွေမျိုးတွေအကြောင်းသိချင်သူ ညီသည်တွင်းတူးကာတောဝက်အသေကောင်ကြီးကို ထည့်၍အပေါ်မှမြေသဲဖို့ပြီးရွာသို့ပြန်လျက်မိတ်ဆွေထံ ငါလူတစ်ယောက်ကိုသတ်မိခဲ့တယ်၊ရာဇဝတ်ဒဏ်မှ လွတ်အောင်တွင်းတူးမြှုပ်ပစ်ချင်တယ်၊ကူညီပါဟု အကူအညီတောင်းရာအခြားဘယ်ကိစ္စမျိုးကိုမဆို ကူညီနိုင်ပါတယ်၊ဒီကိစ္စကလူသတ်မှုဖြစ်နေလို့မကူညီပါရစေနဲ့ဟုတာဝန်ရှောင်လိုက်သဖြင့်သွေးသားမတော်စပ် သူ၏သဘောကိုသိရပြီးအစ်ကို၏အိမ်ကိုသွားရာ ညီလာသည်ကိုမြင်သောအစ်ကိုကအိမ်သို့မလာရန် ပြောလျက်ဒေါသထနေစဉ်ညီလေးမှာအတင်းအစ်ကိုအနားကပ်ပြီးအစ်ကိုရယ်ကျွန်တော်လူတစ်ယောက်ကို သတ်မိခဲ့ပါတယ်၊အစ်ကိုကူညီပါလို့ပြောလိုက်ရာ အရေးကြီးကသွေးနီးလေတော့အစ်ကိုမှာပါးစပ် အဟောင်းသားဖြင့်ဒီလိုဆိုမင်းသွားနှင့်ဘယ်သူမှ မသိစေနဲ့၊ငါနောက်ကလိုက်ခဲ့မယ်ဟုပြောပြီးသွားကြကာ တောထဲရောက်တော့မှဆွေးမျိုးနှင့်သူစိမ်းတကယ့်အရေးမှာဘယ်သူကကူညီသည်ကိုသိရှိရလျက်တောဝက်အသေကြီးကိုညီအစ်ကိုနှစ်ယောက်တို့ထမ်း၍ပြန်လာကြပြီး တစ်သက်လုံးသင့်တင့်သွားခဲ့ကြဘူးလေသည်မှာ (အရေးကြီးကသွေးနီးမှ)ဟူသောစကားအရဖြစ်သဖြင့် ဒေါ်သိန်း၏အမွေတောင်းခံခြင်းသည်အရေးကြီးလို့ သွေးနီးခြင်းဖြစ်ပေလိမ့်မည်ဟုယူတော်မူကြသည်။ စောဒကဒကာဒကာမများကတပည့်တော်တို့သည် သမ္မာဆန္ဒဖြူစင်မှန်ကန်သောအယူရှိကြသည့်ဗုဒ်ဓ ဘာသာဝင်များဖြစ်ကြပါသည်။ (ပ)လှူဒါန်းထားသောပစ်စည်းများဖြစ်နေပါကတပည့် တော်တို့သည်တို့ကိုယခုကဲ့သို့ပြန်လည်ရယူလိုကြောင်း လျောက်ထားကြမည်မဟုတ်ပါဘုရားဟုလျှောက်ဆိုကြ သည်ကိုထောက်၍တရားလမ်းမှန်အတိုင်းသာလိုလားနှစ်သက်တရားလမ်းမှန်ကိုလက်ခံကြမည့်ဒကာမများ ဖြစ်ကြသည်ဟုယူဆကြသည်။ တပည့်တော်၏ပစ္စည်းမှန်သမျှတပည့်တော်သေဆုံးပြီးနောက်ကျောင်းအတွက်လှူပြီးဖြစ်ပါတယ်ဟူသော ဒေါ်အေးကြွယ်၏မကြာမကြာလျှောက်ထားခြင်းသည် ၎င်းပစ္စည်းအားလုံးကိုကျောင်းသို့သယ်ဆောင်လာကာ ဓမ္မာယတနကျောင်းဘုန်းကြီးဦးဓမ္မဝံသထံအပ်နှံထားခြင်းသည်လည်းကောင်း၊ (ပရိဏတံ နာမ ဒဿာမ ကရိဿာမာတိ ဝါစာ ဘိနနှာ ဟောတိ)(ညီညွတ်ခြင်းမည်သည်ပေးလှူပါကုန်အံ့ ပြုပါကုန်အံ့ဟုနှုတ်မြွက်တည်း)ဟုပါရာဇိကဏ်ပါဠိတော် (၃၈၀)၌မိန့်ဆိုသောကြောင့်လည်းကောင်း၊ (ပရိဏတံ နာမ ဒဿာမ ကရိဿာမာတိ ဝစီဘေဒေန ဝါ ဟတ္ထမုဒ္ဒါယ ဝါ သံဃဿ နိန်နံ ဟုတွာ ဌိတံ)(ညွတ်၏ဟူ သည်ပေးလှူပါကုန်အံ၊ပြုပါကုန်အံ့ဟုနုတ်မြွတ်သော အားဖြင့်၎င်း၊လက်ဆုပ်ပြခြင်းဖြင့်လည်းကောင်း၊ သံဃာအားကိုင်းညွတ်သည်ဖြစ်၍တည်ခြင်း)ဟု ကင်္ခါအဋ္ဌကထာ(၁၈၈)၌ဆိုသောကြောင့်လည်းကောင်း၊ (သော ဟိ သံဃဿ ပရိဏတတ္တာ ဟတ်ထေ အနာရုဠှောပိ ဧကနေ ပရိယာယေန သံဃဿ သန္တကော ဟောတိ)(ထိုဥစ္စာသည်သံဃာအားညွတ်ပြီးဖြစ်သော ကြောင့်လက်သို့မရောက်သေးသော်လည်းတစ်ခုသော ပရိယာယ်ဝေဝုစ်ဖြင့်သံဃာ၏ဥစ္စာဖြစ်၏)ဟု ပါရာဇိကဏ်အဋ္ဌကလာဒုတိယအုပ်(၃၁၀) ကင်္ခါအဋ္ဌကထာ(၁၈၈)တို့၌ဆိုသောကြောင့်လည်း ကောင်း၊ညီညွတ်ခြင်းသည်အလှူမြောက်သည်ဟု ယူဆတော်မူကြသည်။ တပည့်တော်သေပြီးနောက်လှူပြီးဖြစ်၍ဟူသောစကားသည်အစ္စယဒါနဖြစ်ခြင်းနှင့်ပတ်သက်၍(န ဟိ ပဉ္စန်နံ သဟဓမ္မိကာနံ အစ္စယဒါနံ ရုဟတိ၊ဂိဟီနံ ပန ရုဟတိ) (သီတင်းသုံးဖော်ငါးယောက်တို့၏ငါသေလျှင်လှူ၏ ဟူသောအစ္စယဒါနသည်အလှူမမြောက်၊လူတို့၏ငါသေလွန်လျှင်လှူ၏ဟူသောအစ္စယဒါနသည်အလှူမြောက် ၏)ဟုစူဠဝဂဂှအဋဌှကထာ(၁၃၀)၌ဆိုထားသညကှို (ဂိဟိနံ ပန သန္တကံ အစ္စယဒါနံ ရုဟတိတိ သမ်ဗန်ဓော ကာတ​ေဗ္ဗာ)(လူတို့၏ဥစ္စာဖြစ်သောအစ္စယဒါနသည် အလှူမြောက်၏)ဟု ဝိနယာလင်္ကာရဋီကာဒုတိယအုပ် (၆၆)၌အယူအဆမှန်အောင်လူတို့၏ဥစ္စာဟုအစပ်နှင့်တကွဖွင့်ပြသောကြောင့်ဒေါ်အေးကြွယ်၏ “တပည့်တော်သေလွန်ပြီးလှူကြီးဖြစ်”ဟူသော စကားသည်အလှူမြောက်၏ဟုယူဆတော်မူကြသည်။ ထို့ပြင်ဒေါ်အေးကြွယ်သည်မကွယ်လွန်မီနာရီဝက်ခန့်အလို၌(သူ့ရောဂါအခြေအနေကိုခန့်မှန်းမိလို့ထင့်)အိမ်ရှင်ဒေါ်ခင်လှတို့အိမ်၌မရှိသဖြင့်မျက်နှာချင်းဆိုင်အိမ်မှ ဒေါ်မြင့်သန်းကိုအကယ်၍မိမိသေဆုံးခဲ့သော်မိမိပိုင်ရတနာပစ္စည်းများထည့်ထားသောသေတ္တာသော့နှင့် မိမိနေသောကျောင်းကလေးဆော့များကိုဦးဓမ္မဝံသအား လှူဒါန်းအပ်နှံလိုက်ပါဟူသောစကားသည်- (ဃတတ္ထိကဿ ဃဋမာနယ)(ထောပတ်ကိုအလိုရှိသူတို့ ထောပတ်ခွက်ကိုဆောင်ယူခဲ့)ဟုဆိုရာ၌မကင်းရာဖြစ်သောဃဋမာနယ(ထောပတ်ခွက်ကိုယူခဲ့)ဟုဆိုသဖြင့် မကင်းတတ်သောထောပတ်ကိုလည်းယူရသောနာနန္တရိကနည်းအားဖြင့်(မကင်းရာဖြစ်သောရတနာသေတ္တာ - ဖွင့်စရာသော့ကိုလှူဒါန်းအပ်နှံသဖြင့်မကင်းတတ်သော ရတနာများကိုလည်းလှူဒါန်းအပ်နှံရာရောက်လေတော့ သည်။) [ရတနာများပိုင်ဆိုင်သင့်သူကိုစိစစ်ခြင်း]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဒေါ်အေးကြွယ်သည်ညီမဝမ်းကွဲနှင့်ဝမ်းကွဲတူ၊တူမများ ရှိနေပါလျက်ကျောင်းအတွက်ဟုလျှောက်ထားပြောဆိုခြင်းသည်(မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကဝေသာလီပြည်ဝယ်အရှင်အဇ်ဇုက၏အလုပ်အကြွေးသူကြွယ်ဒကာမှာသားနှင့်တူတို့ရှိကြရာသူကြွယ်ဒကာ မကျန်းမမာဖြစ်တော့အရှင်အဇ်ဇုကကိုအရှင်ဘုရားတပည့်တော်ပစ္စည်းအမွေခံခွင့်ကိုသားနှင့်တူတို့တွင် သဒ္ဓါတရားရှိပြီးရတနာသုံးပါးကြည်ညိုသူကိုပြောကြား လိုက်ပါဘုရားဟုလျှောက်ထားပြီး(ကွယ်လွန်ခဲ့ရာ) အရှင်အဇ္ဇုကကသဒ္ဓါတရားရှိပြီးရတနာသုံးပါးကြည်ညိုသောတူအားအမွေခံခွင့်ကိုပြောကြားသဖြင့်သားဖြစ်သူ မကျေနပ်၍အရှင်အာနန္ဒာအားအရှင်ဘုရားအဖ၏ အမွေကိုသားနှင့်တူတို့တွင်အဘယ်သူခံယူရပါမည်နည်းဘုရားဟုလျှောက်ထားမေးမြန်းရာအရှင်အာနန္ဒက သားသည်သာအဖအမွေကို ခံယူရမည်ဟုမိန့်သဖြင့် သားဖြစ်သူကအရှင်အဇ်ဇုကသည်ကျွန်ုပ်၏အမွေဥစ္စာနှစ်ကိုအကျွန်ုပ်၏ဝမ်းကွဲညီအကိုအပေါင်းအသင်းအား ပြောကြား၏၊အရှင်အဇ္ဈုကဟာရဟန်းမဟုတ်တော့ဟု စွပ်စွဲပြောကြားသဖြင့်အရှင်အဇ္ဇုကကငါ့ရှင်အာနန္ဒာ တပည့်တော်အားအဆုံးအဖြတ်လျှောက်သောအခါ၌၊ အရှင်ဥပါလိရှိနေသဖြင့်အရှင်ဥပါလိကအရှင်အာနန္ဒာကို ငါ့ရှင်အာနန်ဒါဥစ္စာရှင်သည်ဤအမွေဥစ္စာခံစားခွင့်ကို ဤမည်သောသူအားပြောကြားလိုက်ပါဟုပြောဆိုသည် ဖြစ်၍ထိုသူအားပြောကြားရာ၌ထိုပြောကြားသူသည် အဘယ်အပြစ်သို့ရောက်ပါသနည်းဟုမေးရာ အရှင်အာနန္ဒာကအရှင်ဘုရားစိုးစဉ်းတစုံတခုသောအပြစ်သို့မရောက်ပါအောက်ထစ်ဆုံး(ကုန်ကုန်ပြောလိုက်ပါ့မယ်)ဒုက္ကဋ်အပြစ်သို့မျှလည်းမရောက်ပါဘုရားဟုလျှောက်ထားလျှင်ငါ့ရှင်ဤအရှင်အဇ်ဇုကဟာဥစ္စာရှင်က ဤအမွေဥစ္စာခံစားခွင့်ကိုဤမည်သောသူအားပြောကြား လိုက်ပါဘုရားဟုလျှောက်ထား၍ထိုသူအားပြောကြားခြင်းဖြစ်သောကြောင့်အရှင်အဇ္ဇုကအားအာပတ်မသင့် ဟုပါရာဇိကဏ်ပါဠိတော်(၈၄)၌မိန့်ဆိုသည်ကိုထောက်၍ ဒေါ်အေးကြွယ်၏ရတနာပစ္စည်းများကိုဝမ်းကွဲညီမနှင့်ဝမ်းကွဲတူ၊တူမများမရသင့်ဟုယူဆတော်မူကြသည်။ ထို့ပြင်ဒေါ်အေးကြွယ်သည်ကျောင်းသုံးအတွက် လှူပြီးဖြစ်ပါတယ်ဘုရား။ကျောင်းအတွက်လှူပြီး ဖြစ်အောင်ဆိုပြီးစသည်ဖြင့်အဖန်ဖန်လျှောက်ထားချက်များသည်ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် သံဃာတော်များအတွက်ဟုမလျောက်ဘဲကျောင်း အတွက်ဟုသာလျှောက်ဆိုသဖြင့်ဒေါ်အေးကြွယ်သည် ဓမ္မာယတနကျောင်းအမဖြစ်ရကားအလှူရှင်တို့၏ သဘောသည်မိမိလှူထားသည်ကိုသာစိတ်ညွတ်မည်မှာ ဓမ္မတာဖြစ်လေသောကြောင့်ဒေါ်အေးကြွယ်စိတ်ညွတ်လှူဒါန်းအပ်နှံထားခဲ့သောရတနာများသည်ဒေါ်အေးကြွယ်ဆောက်လုပ်လှူဒါန်းထားသောဓမ္မာယတနကျောင်းပိုင်ဖြစ်ဟုယူဆတော်မူကြသည်။ (မှတ်ချက်)ဤနေရာ၌ဆုံးဖြတ်ချက်ချရန်ဖြစ်သော်လည်း အသုံးပြုသင့်ပုံနိဿဂ္ဂိဖြစ်၊မဖြစ်စိစစ်ပုံ၊စွန့်ပုံတို့ကို ထည့်သွင်းပြသင့်သောကြောင့်ထည့်သွင်း၍ပြဆိုပါမည်။ [ရတနာများအသုံးပြုသင့်ပုံကိုညွှန်ကြားခြင်း]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဒေါ်အေးကြွယ်သည်ကျောင်းအတွက်ရည်ရွယ်ခါလှူဒါန်းအပ်နှံခဲ့ရကား(သေနာသနတ္ထာယ ဒိန်နံ ပန သေနာသနဿ ဂရုဘဏ္ဍတ္တာ သေနာသနေယေဝ ဥပနေတဗ်ဗံ)ကျောင်း အတွက်လှူအပ်သောဥစ္စာ၊ကျောင်း၏ဂရုဘဏ်ပစ္စည်းဖြစ်သောကြောင့်ကျောင်း၌သာလျှင်သုံးဆောင်ရမည် ပါရာဇိကဏ်အဋ္ဌကထာဒုတိယအုပ်(၂၅၇)ဝိနယသင်္ဂဟအဋ္ဌကထာ(၅၆)တို့မိန့်ဆိုသောကြောင့်ရတနာများကို ဓမ္မာယတနကျောင်းအတွက်သာအသုံးပြုရမည်။ [နိဿဂ္ဂိယဝတ္ထုဖြစ်၊မဖြစ်စိစစ်ချက်]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရွှေငွေရတနာများကိုခံယူရာ၌(ယော ပန ဘိက္ခု ဇာတရူပရဇတံ ဥဂ္ဂဏေယျ ဥဂ္ဂဏှာပေယျ ဝါ ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ နိဿဂ္ဂိယံ ပါစိတ္တိယံ။) ဟူသောသိက္ခာပုဒ်အရစွန့်ပစ်ရမည့်ဝတ္ထုပစ္စည်းများ ဖြစ်သောကြောင့်ပါစိတ် အာပတ်လည်းသင့်၊ပစ္စည်းကိုလည်းစွန့်ရမည်။ (သစေ ပန သံဃံ ဝါ ဂဏံ ဝါ ပုဂ္ဂလံ ဝါ အနာမသိတွာ “ဣဒံ ဟိရည သုဝဏဏှံ စတေိယဿ ဒမေ ဝိဟာရဿ ဒမေ နဝကမ်မဿ ဒမော”တိ ဝဒန်တိ၊ ပရိကခြိပိတုံ န ဝဋတိ၊) (အကယ်၍ကားသံဃာကိုလည်းကောင်း၊ဂိုဏ်းကိုလည်းကောင်း၊ပုဂ္ဂိုလ်ကိုလည်းကောင်းမသုံးသပ်ဘဲ ဤရွှေငွေကိုစေတီအားလှူပါကုန်၏၊ကျောင်းအားလှူပါကုန်၏၊အမှုသစ်အားလှူပါကုန်၏ဟုဆိုကုန်ငြားအံ့ မပယ်အပ်)ဟုပါရာဇိကဏ်အဋ္ဌကထာဒုတိယအုပ်(၂၅၇)၊ ဝိနယသင်္ဂဟအဋ္ဌကထာ(၅၆)တို့၌ မိန့်ဆိုသောကြောင့် ဒေါ်အေးကြွယ်၏ကျောင်းအတွက်ညွတ်၍လှူဒါန်းထားသောရတနာများကိုမပယ်အပ်ပါ၊မပယ်အပ်သော်လည်း ရဟန်းများကိုယ်တိုင်ခံယူရမည်တော့မဟုတ်ပေ၊ (န တွေ ဝါဟံ ဘိက္ခဝေ ကေနစိ ပရိယာယေန ဇာတရူပံ သာဒိယိတဗ်ဗံ ပရိယေသိတဗ်ဗံ)(တစုံတခုသောပရိယာယ်ဖြင့်ရွှေငွေကိုမသာယာမရှာမှီးအပ်)ဟု ဝိနည်းမဟာဝါပါဠိတော်(၃၄၂)၌မိန့်တော်မူသောကြောင့် မခံယူအပ်ခံယူခဲ့သော်နိဿဂ္ဂိပါစိတ်အာပတ်သင့်ပါသည် ထိုကြောင့်ရွှေငွေရတနာများသည်နိဿဂ္ဂိဝတ္ထု ဖြစ်လေသည်။ [ရတနာများကိုခံယူမိသောရဟန်း၌ဖြစ်သောအပြစ်]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဦးဓမ္မဝံသသည်ရတနာများအတွက်ကပ္ပိယကာရက ညွှန်ကြားရမည်ဖြစ်ပါလျက်မညွှန်ကြားဘဲကိုယ်တိုင် ခံယူထားမိရကားနိဿဂ္ဂိပါစိတ်အာပတ်သင့်သောကြောင့် ရတနာများကိုစွန့်ပြီးပါစိတ်အာပတ်ကိုဒေသနာ ကြားရမည်။ [နိဿဂ္ဂိယဖြစ်သောရတနာများကိုစွန့်ပုံ]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(ယသမာ ရူပိယံနာမ အကပ်ပိယံ၊တသမာ နိဿဇဇှိတဗဗှံ သံဃဿ ဝါ ဂဏဿ ဝါ ပုဂ်ဂလဿ ဝါတိ န ဝုတ်တံ၊ယသမာ ပန တံ ပဋိဂ်ဂဟိတမတ်တမဝေ၊န တနေ ကိဥျစိ အကပျပိယဘဏျဍံ စတောပိတံ၊တသမာ ဥပါယနေ ပရိဘောဂဒဿနတ်ထံ သံဃမဇ်ဈေ နိဿဇ်ဇိတဗ်ဗန်တိဝုတ်တံ) (ရွှေငွေသည်ရဟန်းတို့အားမအပ်သောကြောင့် သံဃာဂိုဏ်းရဟန်းပုဂ္ဂိုလ်အားစွန့်ရမည်ဟုမဟောပါ၊ ရွှေငွေကိုခံယူရုံမျှသာဖြစ်တယ်၊ထိုရွှေငွေဖြင့်တစ်စုံ တစ်ခုသောကပ္ပိယဘဏ္ဍာကိုမဝယ်ကောင်းရကား ဥပါယ်တမည်ဖြင့်သုံးဆောင်နိုင်ပုံကိုပြလိုသောကြောင့် သံဃာ့အလယ်၌စွန့်ရမည်ဟုဆိုအပ်၏။)ဟူ၍ ပါရာဇိကဏ်အဋ္ဌကထာဒုတိယအုပ်(၂၇၀)၌ဆိုသော ကြောင့်စွန့်သောအခါသံဃာ့အလယ်၌စွန့်ရမည်။ စွန့်သောအခါ (အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ဣဒံ မေ နိဿဂ္ဂိယံ၊ ဣမာဟံ ကပပြိယကာရနံ နိဿဇဇွာမိ။) ဟုဆို၍သံဃာ့အလယ်၌ခြောက်ထပ်ကြီးကျောင်းတိုက်ဂေါပကအဖွဲ့ကပ္ပိယကာရကဒါယကာများအားစွန့်ပြီး ပါစိတ်အာပတ်ကိုဒေသနာကြားရမည်။ ဂေါပကအဖွဲ့ဒါယကာများကလည်း (အနုဇာနာမိ ဘိက္ခဝေ ယံ တတော ကပ္ပိယံ၊တံ သာဒိတုံ) (ထိုစွန့်သောရွှေငွေမှဖြစ်ပေါ် လာသောအပ်စပ်သောပစ္စည်းကိုသာယာသုံးဆောင်ခြင်းငှာခွင့်ပြုတော်မူ၏) ဟူသောဝိနည်းမဟာဝါပါဠိတော်(၃၄၂)အရမိမိတို့ဂေါပကအဖွဲ့အားစွန့်ပြီးသောရွှေငွေရတနာများဖြင့် ကျောင်းအမကြီးဒေါ်အေးကြွယ်ရည်ရွယ်ရင်းညွတ်ရင်းဖြစ်သောခြောက်ထပ်ကြီးကျောင်းတိုက်သံဃာပိုင် ဓမ္မာယတနကျောင်းကိုပြုပြင်မွမ်းမံကြရမည်။ အကယ်၍ရွှေငွေခံယူသောရဟန်းကဝိနည်းကံအရ မစွန့်ခဲ့သော်(၁)ဆန္ဒာဂတိသို့မလိုက်ခြင်း၊ (၂)ဒေါသာဂတိမလိုက်ခြင်း၊(၃)မောဟာဂတိသို့မလိုက်ခြင်း(၄)ဘယာဂတိသို့မလိုက်ခြင်း(၅)စွန့်အပ်/မစွန့်အပ်ကိုသိခြင်းအားဖြင့်အင်္ဂါငါးပါးနှင့်ပြည့်စုံသောရဟန်းကို ရူပိယဆဋ်ဋ​ကရွှေငွေကိုစွန့်တတ်သော)ရဟန်းဟူ၍ သမုတ်ရမည်။ ဗျတ္တပဋိဗလဖြစ်သောရဟန်းသည် (သုဏာတု မေ ဘန္တေ သံယော၊ယဒိ သံဃဿ ပတ္တကလ်လံ သံဃော၊(အာယသမန်တံ တိဿံ)ဘိက္ခုံ ရူပိယ ဆဋ်ဋကံ သမ်မနေယျ၊ဧသာ ဉတ္တိ။ သုတုဏာတု မေ ဘန်တေ သံဃော၊သံဃော (အာယသ္မန်တံ တိဿံ)ဘိက္ခုံ ရူပိယဆဋ်ဋကံ သမ္မန်န္တိ၊ ယဿာ ယသမတော ခမတိ၊အာယသမတော တိဿဿ ဘိက်ခုနော ရူပိယဆဋ်ဋကဿ သမ်မုတိ၊သော တုဏှဿ ယဿ နက္ခမတိ၊သော ဘာသေယျ။ သမ္မတော သံဃေန (အာယသမာ တိသော)ဘိက္ခု ရူပိယဆဋကော ခမတိ သံဃဿ တသမာ တုဏှိ ဧ၀မတေံ ဓာရယာမိ။ ဤသို့ဉတ်တိဒုတိယကမ်မဝါစာဖွငျ့ရူပိယဆဋက သမ်မုတိပေးရမည်။ ရူပိယဆဋ်ဋကသမ္မုတိရသောရဟန်းက (အာယသ္မာ ဓမ္မဝံသော)ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိ၊ တံ တဿ နိဿဂဂြိယံ၊အဟံ ကပပြိယကာရကာနံ နိဿဇ်ဇာမိ)ဟုဆို၍စွန့်ရမည်။ ဤသို့သောဝိနယူပဒေသအရဆောင်ရွက်ခဲ့သော် ကျောင်းကိုညွှတ်ပြီးကျောင်းအတွက်အစ်စယဒါန မြောက်ပြီးသောရတနာများနှင့်ပတ်သက်၍အပြစ် ကင်းစင်လေတော့သည်။ နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ရည်ရွယ်ချက်

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

အမှာကံ ဂဏော န ဟောတိ အမှာကံ ဝံသော(ပ) ဂဏာဒိဘာဝေါ ဟိ အပ္ပမာဏံ)(ငါတို့ဂိုဏ်း၊ငါတို့အနွယ်စသည်မဟုတ်ဟူ၍မပယ်မြစ်အပ်၊ဂိုဏ်းအနွယ်စသော အဖြစ်သည်ပမာဏမဟုတ်)ဟူ၍ဝိနယာလင်္ကာရဋီကာဒုတိယအုပ်(၈၅)၌မိန့်ကြားထားသည်ကိုဂိုဏ်းပေါင်းစုံ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၇)ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်နှလုံးထားတော်မူကြ၍ သူ့ဂိုဏ်းကိုယ့်ဂိုဏ်းသူ့တိုင်းကိုယ့်တိုင်း၊သူ့ပြည်နယ် ကိုယ့်ပြည်နယ်၊သူ့အနွယ်ကိုယ့်အနွယ်ဟုအစွဲမထားဘဲ အယူခံစောဒနာလွှာသောဓနာလွှာတိုင်းဝိနိစ္ဆယတို့ကို ပါဠိအဋ္ဌကထာဋီကာအာဂမယုတ္တိသဘာဝယုတ္တိတို့ဖြင့် ရှုမျှော်လျက်အယူခံစောဒနာဝင်(ဒေါ်သိန်း၏ကိုယ်စား လှယ်များဖြစ်ကြသော)သားမောင်ခင်ညွန့်တူဦးအေးဖေ၊ တူမဒေါ်မြင့်မြင့်ဌေးတို့၏ဒေါ်အေးကြွယ်ကျန်ရှိသော ရတနာများကို ပိုင်ဆိုင်ရလိုကြောင်းဝိဝါဒါဓိကရုဏ်းမှုခင်း၌စောဒက၊စောဒကသက်သေ၊စုဒိတက၊စုဒိတကသက်သေနှင့်ရုံးခေါ် သက်သေများ၏ထွက်ဆိုချက်တို့ကို ဒေသနာတော်နှင့်ညှိ၊အဖန်ဖန်ကြည့်ရှုတော်မူကြပြီး ဓမ္မဝိနယနှင့်အညီဖော်ပြပါဝိနိစ္ဆယဆုံးဖြတ်ချက်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး၍ချမှတ်တော်မူကြသည်။ [ဆုံးဖြတ်ချက်(ဝိနိစ္ဆယအမိန့်)] (၁)တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏(ဒေါ်အေးကြွယ်ကျန်ရှိသော ရတနာပစ္စည်းမှန်သမျှခြောက်ထပ်ကြီးကျောင်းတိုက် သံ​ဃိကဖြစ်စေ)ဟူသောဆုံးဖြတ်ချက်အစားဦးဓမ္မဝံသ ၏အထံ၌ဒေါ်အေးကြွယ်အပ်နှံထားခဲ့သောရတနာပစ္စည်းမှန်သမျှဓမ္မာယတနကျောင်းအားညွတ်ပြီးအစ္စယဒါန မြောက်ပြီးဖြစ်သောကြောင့်ဒေါ်အေးကြွယ်တို့ညီအစ်မဆောက်လုပ်ထားသော(ဓမ္မာယတနကျောင်းပိုင်)ပစ္စည်းများဖြစ်စေရမည်။ (၂)ထိုရတနာပစ္စည်းများကိုလက်ခံထားသူဓမ္မာယတနကျောင်းဘုန်းကြီးဦးဓမ္မဝံသသည်ဝိနည်းတော်နှင့်လျော် ညီအောင်နိဿဂ္ဂိယဝတ္ထုများကိုသံဃာ့အလယ်၌ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက်ဂေါပကအဖွဲ့ကပ္ပိယကာရကဒါယကာများထံစွန့်ရမည်။ (၃)တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏(ထိုရတနာပစ္စည်းမှန်သမျှမှဖြစ်ပေါ်လာသောနဝကမ္မသည်ခြောက်ထပ်ကြီးကျောင်း တိုက်၏ပစ္စည်းလေးပါးအတွက်ဖြစ်စေ)ဟူသော ဆုံးဖြတ်ချက်အစားဂေါပကအဖွဲ့ကပ္ပိယကာရကဒါယကာများကအပ်စပ်အောင်ပြုလုပ်၍ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်သံဃာပိုင်ဓမ္မာယတနကျောင်းကိုပြုပြင်မွမ်းမံရမည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက် ၁။ဘဒ္ဒန္တစန္ဒောဘာသ ရွှေတောင်ကျောင်းတိုက်၊ပဲခူးမြို့။ ၂။ဘဒ်ဒန်တဇာဂရ ကန်ဦးကျောင်းတိုက်၊ပြည်မြို့။ ၃။ဘဒ္ဒန္တသုမင်္ဂလ ဘုရားကြီးကျောင်းတိုက်၊လက်ပံတန်းမြို့။ ၄။ဘဒ်ဒန်တအဂ်ဂဝံသ ဂန္ဓာရုံကျောင်းတိုက်၊ရွှေတောင်မြို့။ ၅။ဘဒ်ဒန်တကုဏ္ဍလ ဇောတိကာရုံကျောင်းတိုက်၊ပြည်မြို့။

                            ပြီးပါပြီ။
၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၀)

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ခမုံဆိပ်အုပ်စုကြည်ကုန်း ရွာ၌ဖြစ်ပွားသောဦးစိန်တိတနှင့်ဦးစိန္တာမယပါ(၂)ပါးတို့၏အသောကာရုံကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်း [အသောကာရုံကျောင်းသမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ခမုံဆိပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းရွာ၊အသောကာရုံကျောင်းကို(၁၂၅၅)ခုနှစ်တွင်ဒွါရဂိုဏ်းသာသနာပိုင်အုတ်ဖိုဆရာတော်ကြီး၏ တပည့်ဖြစ်သောစစ်ကွင်းဆရာတော်နှင့်မီးလောင်ကုန်း ဆရာတော်တို့၏တပည့်မဟာဒွါရဂိုဏ်းဝင်ဝုဎ်ဍပဗ်ဗဇ်ဇိ တတောထွက်ရဟန်းကြီးကစတင်တည်ထောင်ခဲ့ပါသည်။ ယင်းရဟန်းကြီးသည်(၁၂၈၈)ခုနှစ်တွင်ပျံလွန်တော်မူ ခဲ့ပါသည်။ ပျံလွန်တော်မူပြီးနောက်ဦးရွှေနုခေါ်ဆရာတော်ကျောင်းထိုင်ပြီး(၁၂၉၀)ခုနှစ်လောက်တွင်ရွှေညောင်ပင်ဦးသီလအဆက်ရွှေမျက်မှန်ဆရာတော်ကျောင်းတိုင်ခဲ့ပါသည်။ (၁၂၉၃)ခုနှစ်လောက်တွင်ထားဝယ်ဇေယျဝတီအဆက် ဦးကောသလ္လကျောင်းထိုင်ခဲ့ပါသည်။ဦးကောသလ္လ (၇)ဝါခန့်နေပြီးနောက်လူဝတ်လဲခဲ့ပါသည်။ထို့နောက် ဦးနန္ဒိယ(၇)ဝါခန့်ကျောင်းထိုင်ခဲ့ပါသည်။ဦးနန္ဒိယလည်း လူဝတ်ခဲ့သည်။ ထို့နောက်(၁၃၆၀)ခုနှစ်လောက်တွင်ဦးဉာဏာဘာသ ပျံလွန်တော်မူပြီးနောက်ဂိုဏ်း၏ရှေးအစဥ်အလာအရ မဟာဒွါရဂိုဏ်းကဦးမေဓာကိုကျောင်းထိုင်တင်မြှောက် ခဲ့ပါသည်။သို့ရာတွင်ဦးမေဓာသည်မဟာဒွါရဂိုဏ်း ဆရာတော်ကြီးများ၏ဆုံးမဩဝါဒကိုနာခံမှုမရှိသဖြင့် မဟာဒွါရဂိုဏ်းဆရာတော်ကြီးများကအာဏာပိုင်အဖွဲ့အစည်းများဖြင့်ဦးမေဓာအားအသောကာရုံကျောင်းမှ ဖယ်ရှားခဲ့သည်။ ယင်းအသောကာရုံကျောင်း၌ကျောင်းထိုင်ဘုန်းကြီးလစ်လပ်နေသဖြင့်မဟာဒွါရဂိုဏ်းဝင်ဦးစိန္တာမယအား လက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)က (၁၃၄၉) ခုနှစ်ဝါဆိုလဆန်း(၈)ရက်(၃-၇-၈၇)နေ့တွင် ကျောင်းစောင့်ယာယီအဖြစ်တစ်ဝါသာထားခဲ့သည်။ ထိုသို့ဦးစိန္တာမယကျောင်းထိုင်စဉ်ကြည်ကုန်းရွာနှင့် ခမုံဆိပ်ကျေးရွာရှိရွာသူရွာသားများသည်ဦးစိန္တာမယ၏ အာစာရဝိပတ္တိအာဇီ၀ိပတ္တိကိုအကြောင်းပြု၍စိတ်ဝမ်း ကွဲလာကြသဖြင့်မဟာဒွါရဂိုဏ်းဆရာတော်ကြီးများက ဦးစိန္တာမယအားအဆင့်ဆင့်ခေါ်ယူဆွေးနွေးမဩဝါဒ ပေးခဲ့ရာမလိုက်နာသဖြင့်မဟာဒွါရဂိုဏ်းဝင်(၁၂)ကျောင်းရှိကျောင်းထိုင်းကျောင်းပိုင်းဆရာတော်များကိုယ်တိုင်လက်မှတ်ထိုးလျက်အာမိသသမ္ဘာဂ၊ဓမ္မသမ္ဘောဂမဆက် ဆံနိုင်ကြောင်းဤကျောင်းတိုက်မှထွက်ခွာပေးရန်တင်ပြ တောင်းဆိုလာပါသည်။ နောက်ဆုံးမဟာဒွါရဂိုဏ်း၏ဗဟိုဖြစ်သောဧရာဝတီတိုင်း ဟင်္သာတမြို့ရှိမဟိတာရုံကျောင်းတိုက်တွင် ဓမ်မညနုဓမ်မမဟာဒွါရနိကာယဗဟိုအနုရက္ခိတအဖွဲ့ ဆရာတော်ကြီးများရှေ့မှောက်၌ဦးစိန္တာမယက အသောကာရုံကျောင်းမှထွက်ခွာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပြီး(၁၃၆၃)ခု၊ဒုတိယဝါဆိုလဆန်း(၅)ရက် နေ့မှစ၍ဗဟိုဆရာတော်ကြီးများ၏မေတ္တာရပ်ခံချက်အရ မိမိသဘောဖြင့်အသောကာရုံကျောင်းမှအပြီးအပိုင် ထွက်ခွာသွားခဲ့ပါသည်။ ထိုသို့ဦးစိန္တာမယထွက်ခွာသွားပြီးနောက်ကျောင်းထိုင်တစ်ပါးတင်မြှောက်ရန်မြို့နယ်နာယက(မဟာဒါရ)က စီစဉ်သည့်အခါနှစ်ပက်ခကွဲနေသည့်ကျေးရွာဒကာ/ဒကာမများကကျောင်းထိုင်တင်မြောက်မှုကိုအခြေခံ၍ ခိုက်ရန်ဒေါသဖြစ်ပွားရန်အခြေအနေရှိလာသဖြင့်ကျေး ရွာဒကာ/ဒကာမများနှစ်ဖက်ညီညွတ်မှုမရသေးမီကာလအတွင်းအချင်းဖြစ်ကြောင်းကိုသော့ခတ်ချိတ်ပိတ်ထား ရန်နှင့်ညီညွတ်မှုရှိလာမှသာကျောင်းချိပ်ပိတ်မှုကိုဖွင့်၍ ကျောင်းထိုင်တစ်ပါးတင်မြောက်ရန်မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)၏အစည်းအဝေးဆုံးဖြတ်ချက်အရ(၁၃၆၃)ခု၊ဒုတိယဝါဆိုလဆန်း(၇)ရက်နေ့မှစ၍ အသောကာရုံကျောင်းကိုသော့ခတ်ချိပ်ပိတ်ခဲ့ပါသည်။ (မူလကျောင်းဆောင်ကြီးကိုချိပ်ပိတ်၍သိမ်ကျောင်းကိုမူ ချိပ်မပိတ်ဘဲလက်ရှိနေလျက်ရှိသောတောထွက်ရဟန်းကြီးဦးပညာဝံသ(၇၆)နှစ်(၁၂)ဝါကိုမြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ကဆက်လက်နေထိုင်စေခဲ့သည်။ ထိုသို့ချိပ်ပိတ်ပြီးနောက်(၃)လခန့်အကြာတွင်ဦးစိန္တာမယသည်မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)နှင့်မဟာဒွါရဂိုဏ်းဆရာတော်ကြီးများ၏ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲအသောကာရုံကျောင်းတိုက်ရှိသိမ်ကျောင်းအတွင်းသို့အဓမ္မဝင်ရောက်နေထိုင်ခဲ့သည်မှာယနေ့အထိဖြစ်ပါသည်။ ဦးစိန္တာမယဝင်ရောက်နေထိုင်ပြီးနောက်ဦးစိန္တာမယ၏ ပက္ခဖြစ်သောဒကာ/ဒကာမများကအချင်းဖြစ်ကျောင်းကိုပြန်လည်ချိတ်ဖွင့်၍အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံတင်ပြလျှောက် ထားချက်အရနိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ချိတ်ပိတ်သော့ခတ်ထားမှုကိုပြန်လည်ဖွင့်လှစ်၍ ပိုင်ဆိုင်လိုသူကစောဒကပြုလုပ်စွဲဆိုစေရန်ဟုဆုံးဖြတ်ညွှန်ကြားခဲ့သဖြင့်မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)က ကျောင်းကိုပြန်လည်ချိပ်ဖွင့်ခဲ့ပါသည်။ ထိုသို့ဂိုဏ်းတစ်ပါး၏ဆောင်ရွက်ချက်ကိုဂိုဏ်းတစ်ပါးက ဝင်ရောက်နှောင့်ယှက်မှုကိုပြုသောမြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)၏ချိပ်ပြန်လည်ဖွင့်မှုကိုကျေနပ်မှုမရှိသော မြို့နယ်သံဃနာယက(မဟာဒွါရ)ကအချင်းဖြစ်ကျောင်း သည်မဟာဒွါရဂိုဏ်းဝင်မဟာဒွါရဂဏရက္ခိတသံဃိကကျောင်းဖြစ်ခြင်းကြောင့်မဟာဒွါရဂိုဏ်းကသာအစဉ် အလာအရဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့် ကြောင်းနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံတင်ပြလျှောက်ထားချက်အရနိုင်ငံတော်သံဃမဟာနာယက (ဒုတိယအဖွဲ့ခွဲ)က(၄၇)ပါးစုံညီဆဋ္ဌအစည်းအဝေးသို့တင်ပြရာယင်းအစည်းအဝေးကပိုင်ဆိုင်လိုသူကစောဒက ပြုလုပ်စွဲဆိုစေရန်ဟုထပ်မံဆုံးဖြတ်ညွန်ကြားခဲ့သဖြင့် ယင်းညွှန်ကြားချက်အရမြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ)ထံဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ မူလစောဒနာလွှာတင်သွင်းဆက်ကပ်လျှောက်ထား မှုမှစ၍ဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်းစတင် ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းမှုခင်းကိုပဲခူးတိုင်းဂိုဏ်းပေါင်းစုံသံဃဝိနိစ္ဆယအဖွဲ့ကဖော်ပြပါအတိုင်းဆုံးဖြတ်ခဲ့ပါသည်- [ဆုံးဖြတ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)အခင်းဖြစ်အသောကာရုံကျောင်းတိုက်သည် မဟာဒွါရဂဏရက္ခိတသံဃိကကျောင်းဖြစ်သည်။ (ခ)မဟာဒွါရဂိုဏ်းပိုင်ကျောင်းဖြစ်သောကြောင့် မဟာဒွါရဂိုဏ်းကသာဆက်လက်စောင့်ရှောက်စေ၊ ဂိုဏ်းစည်းမျဉ်းအတိုင်းအုပ်ချုပ်စေ။ (ဂ)ရှေးယခင်ကနှင်ထုတ်ထွက်ခွာပြီးသောယခုကျူး ကျော်ဝင်ရောက်နေထိုင်သည့်စုဒိတကဦးစိန္တာမယနှင့် အပေါင်းပါဦးပညာဝံသတို့သည်အသောကာရုံကျောင်း တိုက်မှလျင်လျင်မြန်မြန်ထွက်ခွါသွားစေ၊ ယင်းဆုံးဖြတ်ချက်ကိုမူလစုဒိတကဦးစိန္တာမယက မကျေနပ်သဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံစောဒနာဝင်ရောက်ခဲ့ရာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂၄/၀၄)ကို ဖွဲ့စည်းစစ်ဆေးစေသောမှုခင်းဖြစ်သည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဆရာတော်များသည် မိမိတို့လက်ခံရရှိသောယင်းအမှုတွဲကိုမှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရေးအတွက်စုပေါင်းလျက်လေ့လာဖတ် ရှုတော်မူကြသည်၊လေ့လာဖတ်ရှု၍တွေ့ရှိချက်ကို၊ ဓမ္မဝိနယလမ်းကြောင်းပေါ်၌တည့်မတ်စွာရပ်တည်လျက် အဂတိကင်းရှင်းစွာဖြင့်သုံးသပ်ဆုံးဖြတ်တော်မူကြမည်ဖြစ်ပါသည်။ [ကျောင်းဆိုင်ရာသုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မူလစောဒနာလွှာတွင်မူလစောဒကဦးစိန္တိတကအချင်းဖြစ် မဟာဒွါရဂဏရက္ခိတသံဃိကအသောကာရုံကျောင်းကို (၁၂၅၅)ခုနှစ်တွင်ဒွါရသာသနာပိုင်အုတ်ဖိုဆရာတော်ကြီး ၏တပည့်ဖြစ်သောစစ်ကွင်းဆရာတော်နှင့်မီးလောင်ကုန်း ဆရာတော်တို့၏တပည့်မဟာဒွါရဂိုဏ်းဝင်ဝုဎ်ဍပဗ္ဗဇိတ တောထွက်ရဟန်းကြီးကစတင်တည်ထောင်ခဲ့ပါသည် ဟူ၍ထွက်ဆိုခဲ့သည်။ မူလသောဓနာလွှာစာမျက်နှာ(၄)တွင်မူလစုဒိတက ဦးစိန္တာမယကဝုဎ်ဍပဗ္ဗဇိတတောထွက်ရဟန်းကြီးပျံလွန် တော်မူသည့်(၁၂၈၈)ခုနှစ်မှစ၍"မတသန္တကသံဃိကကျောင်းအစစ်အမှန်ဧကန်ဖြစ်သွားပါသည်” ဟူ၍တင်ပြထွက်ဆိုထားပါသည်။ ။ ပဲခူးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၃)ကလည်း “မဟာဒွါရဂဏရက္ခိတသံဃိကကျောင်း”ဖြစ်သည်ဟု ဆုံးဖြတ်တော်မူခဲ့ကြသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၄/၂၀၀၄)ကလည်း မူလစောဒကစုဒိတကများတင်ပြထွက်ဆိုသော “သံဃိကကျောင်း”ဟူသောအဆိုကိုပင်လက်ခံအတည် ပြုပါသည်။ မူလစောဒကနှင့်စုဒိတကတို့ထွက်ဆိုရာ၌“သံဃိကျောင်း” ဟူသောထွက်ဆိုချက်တူညီနေခြင်းကြောင့်သက်သေများ ၏ထွက်ဆိုချက်များကိုလေ့လာသုံးသပ်ရန်မလိုတော့ပါ။ သံဃိကကျောင်းအဖြစ်ထွက်ဆိုချက်တူညီနေသော်လဲ မဟာဒွါရဂိုဏ်းကစောင့်ရှောက်သောဂဏရက္ခိတသံဃိကနှင့်မတသန္တကသံဃိကဟုကွဲလွဲနေသည်ကိုတွေ့ရှိရ ပါသည်။ မူလစောဒကဦးစိန်ဒိတက"မဟာဒှါရဂဏရက်ခိတ”ဟု ထွက်ဆိုပြီးမူလစုဒိတကကအချင်းဖြစ်ကျောင်းသည် ကျောင်းစတင်တည်ထောင်ခဲ့သည့်(၁၂၅၅)ခုနှစ်မှစ၍ ယနေ့အထိမဟာဒွါရဂဏရက္ခိတကျောင်းဖြစ်ခဲ့သည် မဟုတ်ပါဟုချေပထွက်ဆိုထားသည်ကိုလေ့လာတွေ့ရှိရပါသည်။ ဤသို့အဆိုကွဲလွဲနေသဖြင့်အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက်နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဆရာတော်များက စောဒကစုဒိတကနှင့်သက်သေတို့၏ထွက်ဆိုချက်နှင့် သက်သေခံအဖြစ်တင်ပြထားသောစာရွက်စာတမ်းများကိုစေ့စေ့စပ်စပ်လေ့လာဖို့လိုအပ်လာပါသည်။ [မဟာဒွါရဂဏရက္ခိတသုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မူလစောဒကဦးစိန္တိတကအသောကာရုံကျောင်းကို ၁၂၅၅-ခု၊မဟာဒွါရဂိုဏ်းဝင်တောထွက်ရဟန်းကြီးတည် ထောင်သည်မှမဟာဒွါရဂိုဏ်းဝင်ဦးစိန္တာမယကို လက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)က ကျောင်းစောင့်ယာယီထားသည်အထိအသောကာရုံကျောင်း၏ကျောင်းထိုင်ပေအစဉ်အဆက်ကို တင်ပြထားပါသည်။ ထိုသို့ကျောင်းတိုက်သမိုင်းနှင့်ကျောင်းထိုင်ဆရာတော် အစဉ်အဆက်ကိုတင်ပြရာ၌(၁၃၆၁)ခုနှစ်မှစ၍ အသောကာရုံကျောင်းတွင်(၃၈)နှစ်တိတိသီတင်းသုံးနေထိုင်ခဲ့သောဆရာတော်ဦးဉာဏာဘာသ၏လက်ရေးမူ ကိုယ်ရေးမှတ်တမ်းမိတ္တူကိုသက်သေခံအဖြစ်တင်ပြထားပါသည်၊ထို့ပြင်(၁၃၁၆)ခုနှစ်မှစ၍(၁၃၆၄)ခုနှစ်အထိဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်းလုံးဆိုင်ရာသံဃာ့ အစည်းအဝေးကြီးမှတ်တမ်းပေါင်းချုပ်နှင့်ဝါဆိုသံဃာစာရင်းအချုပ်စာအုပ်များကိုသက်သေခံအဖြစ် တင်ပြထားပါသည်။ထိုသက်သေခံတင်ပြသော ဝါဆိုစာရင်းမှတ်တမ်းတွင်အသောကာရုံကျောင်း၊ခမုံဆိပ် ဟုအထင်အရှားပါရှိနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ မူလစုဒိတကဦးစိန္တာမယကမတသန္တကသံဃိကဖြစ်ပုံကို တင်ပြထွက်ဆိုရာ၌အသောကာရုံကျောင်းကို စတင်တည်ထောင်သူအဖြစ်မူလစောဒကဦးစိန္တိတ၏ တောထွက်ရဟန်းကြီးကိုပင်ဝန်ခံထွက်ဆိုထားသည်ကို တွေ့ရှိရသည်။ မူလစောဒကဦးစိန္တိတတင်ပြထွက်ဆိုသောမဟာဒွါရဂိုဏ်းဝင်တောထွက်ရဟန်းကြီးကိုချေဖျက်၍ သုဓမ္မာဂိုဏ်းဝင်ရဟန်းတပါးကအသောကာရုံကျောင်းကို တည်ထောင်ခဲ့ကြောင်းမထွက်ဆိုနိုင်ခဲ့ပါ။ သံဃိကကျောင်းတိုက်၌မဟာဒွါရဂိုဏ်းကရှေးဦးစွာ သီတင်းသုံးနေထိုင်ခဲ့သော်လည်းနောက်ပိုင်း၌မဟာဒွါရဂိုဏ်းသံဃာတော်များအဆက်ပြတ်ပြီးနောက်သုဓမ္မာဂိုဏ်းဝင်သံဃာတော်များဝင်ရောက်လျက်အစဉ်အဆက်ထိန်းသိမ်းခဲ့ပါသည်ဟူသောသဘောမျိုးသက်ရောက်အောင်လည်းမထွက်ဆိုနိုင်ခဲ့ပါ။ ဂိုဏ်းကူးပြောင်းရန်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ (သုဓမ္မာ)သို့မူလစုဒိတက(၂)တောထွက်ရဟန်းကြီး ဦးပညာဝံသကတင်ပြသောဂိုဏ်းကူးပြောင်းခွင့်လျှောက် လွှာတွင်အသောကာရုံကျောင်းကိုလွန်ခဲ့သော(၈၅)နှစ်ခန့်ကခမုံဆိပ်ရွာကြည်ကုန်းရွာဒါယကာဒါယိကာမတို့က ကျောင်းဆောက်လုပ်ပြီးသောအခါဘွဲ့အမည်မမှတ်မိ၊ ဆရာတော်ဦးမီးလောင်(သုဓမ္မာ)အားကျောင်းထိုင်စေ၍ ကိုးကွယ်ခဲ့ကြပါသည်ဟူ၍ထွက်ဆိုခဲ့ပါသည်။ ထိုသို့မူလစောဒကဦးစိန္တိတ၏အဆိုကိုချေဖျက်ထွက်ဆိုသော်လည်းမူလစောဒကဆရာတော်ကကျောင်းတည် နှစ်ကိုလွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ဟုထွက်ဆိုပြီး မူလစုဒိတက(၂)ဦးပညာဝံသကလွန်ခဲ့သောနှစ်ပေါင်း (၈၅)နှစ်ခန့်ကဟုထွက်ဆိုသဖြင့်ကျောင်းတည်နှစ်နောက် ကျနေခြင်းကြောင့်မူလစောဒက၏အဆိုကိုမလွှမ်းမိုး နိုင်ခဲ့ပါ။ မူလစုဒိတကဦးစိန္တာမယနှင့်ဦးပညာဝံသ၏ထွက်ဆိုချက် သည်မူလစောဒကဦးစိန္တိတ၏အဆိုကိုချေဖျက်နိုင်သော စွမ်းအားမရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ (က)ကျောင်းသမိုင်းနှင့်ကျောင်းထိုင်ဆရာတော်အစဉ် အဆက်ကိုတင်ပြရာ၌လွန်ခဲ့သော(၁၃၀၆)ခုနှစ်မှစ အသောကာရုံကျောင်း၌(၃၈)နှစ်တိတိသီတင်းသုံးနေထိုင်ခဲ့သောဆရာတော်ဦးဉာဏာဘာသ၏လက်ရေးမူမှတ် တမ်းမိတ္တူကိုသက်သေခံအဖြစ်တင်ပြထားခြင်း၊ (ခ)အသောကာရုံကျောင်း၏မဟာဒွါရဂိုဏ်းဝင်မှန်ကန် ကြောင်းထင်ရှားစေရန်(၁၃၁၆)ခုမှ(၁၃၆၄)ခုနှစ်အထိ ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်းလုံးဆိုင်ရာသံဃာ့အစည်းအဝေးကြီးမှတ်တမ်းပေါင်းချုပ်နှင့်ဝါဆိုသံဃာစာရင်းချုပ်စာအုပ်များကိုသက်သေခံအဖြစ် တင်ပြထားခြင်း၊ (ဂ)အသောကာရုံကျောင်းသည်မဟာဒွါရဂိုဏ်းဝင် အမှန်ဖြစ်ပါကြောင်းနှင့်မဟာဒွါရဂိုဏ်းဝင်ကျောင်းများနှင့်ကျောင်းအာရာမ်အားလုံးကိုမဟာဒွါရဂိုဏ်းကြီးအား “ရက္ခိတဂေါပိတ”အဖြစ်စောင့်ရှောက်ရန်အချင်းချင်း အပြန်အလှန်လွှဲအပ်လှူဒါန်းထားကြောင်းဓမ္မာနုဓမ္မ မဟာဒွါရနိကာယသာသနာပိုင်ဆရာတော် ဘဒ္ဒန္တဣနြိယာသဘကထောက်ခံတင်ပြထားခြင်း၊ (ဃ)အသောကာရုံကျောင်းသည်မဟာဒွါရဂိုဏ်းဝင် တောထွက်ရဟန်းကြီးကစတင်ထောင်တည်ခဲ့သည်ဟူသောမူလစောဒကဦးစိန္တိတ၏အဆိုကိုမူလစုဒိတက ဦးစိန္တာမယကဝန်ခံရာရောက်နေခြင်း။ ဤသို့စသောအကြောင်းအရာများကိုထောက်ရှု၍ အသောကာရုံကျောင်းကိုမဟာဒွါရဂိုဏ်းဝင်တောထွက်ရဟန်းကြီးကတည်ထောင်ပြီးမူလစုဒိတကဦးစိန္တာမယလက်ထက်အထိမဟာဒွါရဂိုဏ်းဝင်သံဃာတော်များ ထိန်းသိမ်းစောင့်ရှောက်သည်ဟူသောမူလစောဒက ဦးစိန္တိတ၏အဆိုသည်လွန်စွာခိုင်မာလှသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့်အခင်းဖြစ်အသောကာရုံကျောင်းသည် မဟာဒွါရဂိုဏ်းဝင်တောထွက်ရဟန်းကြီးကတည်ထောင် ပြီးမဟာဒွါရဂိုဏ်းကပင်အစဉ်အဆက်ထိန်းသိမ်းစောင့် ရှောက်လာခဲ့သောသံဃိကကျောင်းဖြစ်သည်ဟု နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဆရာတော်များကအညီ အညွှတ်သုံးသပ်တော်မူကြပါ၏။ ဦးစိန္တာမယ၏ကျောင်းထိုင်ဖြစ်လာပုံနှင့်ပတ်သက်၍ [ကောက်နုတ်သုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မူလစောဒနာတွင်အသောကာရုံကျောင်း၌ကျောင်းထိုင်ဘုန်းကြီးလစ်လပ်နေသဖြင့်မဟာဒွါရဂိုဏ်းဝင် ဦးစိန္တာမယကိုလက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့ (မဟာဒွါရ)က(၁၃၄၉)ခုနှစ်၊ဝါဆိုလဆန်း(၈)ရက်နေ့တွင် ကျောင်းစောင့်ယာယီအဖြစ်(၁)ဝါသာထားခဲ့ပါသည်ဟူ၍ မူလစောဒကဦးစိန္တိကတင်ပြထွက်ဆိုထားပါသည်။ ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌ယခုစုဒိတက ဦးစိန္တာမယကိုမည်သူတွေကသွားရောက်ပင့်ဆောင်ခဲ့ပါ သလဲဟုမူလစောဒကဦးစိန္တိတကိုသဘာပတိဆရာတော်ကမေးမြန်းသောအခါအောက်ပါအတိုင်းထွက်ဆိုထား သည်ကိုတွေ့ရပါသည်။ မင်္ဂလာဇေယျကျောင်းဆရာတော်ဦးမေဃိယမှပင့်ဆောင်ထားပြီးထိုမှတစ်ဆင့်ကြည်ကုန်းကျောင်းမှဒကာများကိုခေါ်ပြ၍သဘောကျသဖြင့်ရက်ချိန်းပေး၍(၁၃၄၉)ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်နေ့မှာမြို့နယ်မဟာဒွါရဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဦးမေဃိယနှစ်ပါးအကြီးအမှူးပြုပြီးယာယီကျောင်းစောင့်အဖြစ်(၁)ဝါဟုဆိုကာအပ်နှံထားခဲ့ပါသည် ဟုထွက်ဆိုခဲ့ပါသည်။ ထိုမူလစောဒက၏အဆိုကိုစောဒကပြသက်သေအမှတ် (၁)ဦးဝရသာမိ(၂)ဦးမေဃိယ(၄)ဦးရီဝင်းတို့ကထောက်ခံထွက်ဆိုထားပါသည်၊အမှတ်(၃)ဦးထွန်းငွေနှင့်အမှတ် (၅)သက်သေဦးခင်မောင်ကိုသဘာပတိဆရာတော်က မေးခြင်းကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်း ထွက်ဆိုခဲ့သည်ကိုမတွေ့ရပါ။ မူလသောဓနာတွင်မူလစုဒိတကဦးစိန္တာမယကအောက်ပါအတိုင်းချေပထွက်ဆိုထားသည့်တွေ့ရှိရပါသည်။ စောဒက၏အထက်ပါစောဒနာချက်များသည်ဝိနည်းဓိုရ်ဆရာတော်များအားလိမ်လည်လှည့်ဖျား၍ရေးသား စောဒနာခဲ့သောမမှန်ကန်သောအဓမ္မ၊အဘူတ၊စောဒနာစကားရပ်များသာဖြစ်ပါသည်ဘုရား။ (၁၃၄၉)ခုနှစ်မတိုင်မီကမူလစုဒိတကတပည့်တော် ဦးစိန္တာမယသည်သာယာဝတီမြို့နယ်၊ဝမ်းတွင်းကျေးရွာ စမ်းတွင်းကျောင်း၌နေထိုင်ခဲ့ပါသည်ဘုရား။ ထိုသို့နေထိုင်စဉ်အတွင်းသာယာဝတီမြို့နယ်ဇိမ်သာကျေးရွာ၊အရှေ့ကျောင်းဆရာတော်ပျံလွန်တော်မူသဖြင့် ဈာပနသို့သွားရောက်ခဲ့ပါသည်။ ဈာပနပွဲသို့ကြွရောက်လာသောလက်ပံတန်းမြို့နယ်၊ မိုးအိုင်ကျေးရွာ၊မင်္ဂလာဇေယျကျောင်းဘုန်းကြီး ဦးမေဃိယနှင့်တွေ့ဆုံခဲ့ရာခမုံဆိပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းရွာ၊အသောကာရုံကျောင်းတိုက်၌ထိန်းသိမ်းစောင့်ရှောက်သည့်သံဃာကင်းပြတ်နေ၍ကျောင်းထိုင်ရန် ဆန္ဒရှိပါကသွားရောက်ကြည့်ရှုလေ့လာရန်အကြံပေးသဖြင့်အချင်းဖြစ်အသောကာရုံကျောင်းသို့သွားရောက် ကြည့်ရှုလေ့လာခဲ့ပါသည်ဘုရား။ ကျောင်းကိုထိန်းသိမ်းစောင့်ရှောက်နေကြသည့်ကျောင်းဒကာ(၅)ဦးကသမဏအသွင်ပီပြင်လှသောတပည့်တော် မူလစုဒိတက၏နေပုံထိုင်ပုံပြောဆိုဆက်ဆံပုံတို့ကို ကြည်ညိုကိုးကွယ်လိုကြဟန်တူ၍ရပ်ရွာဒကာ/ဒကာမများအားကုသိုလ်တရားတိုးပွားစေခြင်းငှာ ဤအသောကာရုံကျောင်း၌တစ်ဝါမျှအစမ်းသဘော လာရောက်သီတင်းသုံးနေထိုင်တော်မူပါရန်တောင်းပန်လျှောက်ထား၍ဒကာ/ဒကာမများအားသနားငဲ့ညှာ ထောက်ထားသောအားဖြင့်ရောက်ရှိနေထိုင်ခဲ့ခြင်းဖြစ် ပါသည်။ယနေ့အထိတရားဝင်ကျောင်းဘုန်းကြီးအဖြစ် စောင့်ရှောက်နေထိုင်လျက်ရှိပါသည်ဘုရား၊။ အသောကာရုံကျောင်းတိုက်သို့မူလစုဒိတကဦးစိန္တာမယ ရောက်လာပုံနှင့်ပတ်သက်၍- (က)မူလစောဒကဦးစိန္တိတ၏အဆိုကို၄င်း၏သက်သေ ဦးဝရသာမိ၊ဦးမေဃိယ၊ဦးရီဝင်းတို့ကထောက်ခံ ထွက်ဆိုခြင်း။ (ခ)မူလစုဒိတကဦးစိန္တာမယသည်မူလသောဓနာ ရှေးစကားရပ်ဖြင့်မူလစောဒက၏ထွက်ဆိုစောဒနာချက်ကိုမမှန်မကန်သောအဓမ္မအဘူတစောဒနာအဖြစ် ချေပထွက်ဆိုသော်လည်း-မူလသောဓနာပါနောက်စကားရပ်များဖြင့်မူလစောဒက၏အဆိုကိုသာဝန်ခံထွက်ဆိုရာ ရောက်နေခြင်း။ (ဂ)ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌ထွက်ဆိုရာ၌ လည်းမူလစုဒိတကဦးစိန္တာမယသည်မူလစောဒက၏ အဆိုကိုသာဝန်ခံထွက်ဆိုရာရောက်ခြင်း၊ (ဃ)မူလစုဒိတကသည်မဟာဒွါရဂိုဏ်းသံဃာတော်များကအသောကာရုံကျောင်း၌ထားပေးခြင်းကိုငြင်းဆိုသော် လည်းဦးမေဃိယအဆက်အသွယ်ဖြင့်ရောက်လာပါသည် စသည်ဖြင့်ထွက်ဆိုခြင်းကြောင့်မူလစောဒကဦးစိန္တိတ၏ အဆိုကိုဝန်ခံရာရောက်နေခြင်း။ (င)ယာယီတစ်ဝါမှသာထားပေးပါသည်ဟူသောမူလစောဒက၏အဆိုကိုလည်းဝန်ခံထွက်ဆိုရာရောက်နေခြင်း အသောကာရုံကျောင်းသို့စုဒိတကဦးစိန္တာမယရောက်ရှိ ကျောင်းထိုင်ခြင်းနှင့်စပ်လျဉ်း၍အထက်ပါအကြောင်း အရာများကိုတွေ့ရှိရပါသည်။ မူလစုဒိတကဦးစိန်တာမယသည်အသောကာရုံကျောင်း ၌မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ကယာယီအစောင့် အရှောက်အဖြစ်တစ်ဝါထားပေးသည်ဟူသောမူလစောဒက၏အဆိုကိုငြင်းဆိုခဲ့၏။ သို့သော်အောက်ပါမူလစောဒက၏စွဲဆိုချက်(၃)ချက်ကို ဝန်ခံရာရောက်နေတွေ့ရပါသည်။ (၁)ဦးမေဃိယအဆက်အသွယ်ဖြင့်အသောကာရုံကျောင်းသို့ရောက်လာပါသည်ဟုဝန်ခံထွက်ဆိုခြင်း။ (၂)တစ်မိုးတစ်ဝါမျှစမ်းနေကြည့်ပါဟုလျှောက်၍ ကျောင်းကိုအပ်နှံခဲ့ပါသည်ဟူ၍ထွက်ဆိုခြင်းကြောင့် ယာယီအစောင့်အရှောက်အဖြစ်တစ်ဝါထားပေးပါသည်ဟူသောမူလစောဒက၏အဆိုကိုဝန်ခံထွက်ဆိုရာရောက် ခြင်း။ (၃)လဆန်း(၈)ရက်နှင့်(၆)ရက်ကွဲပြားနေသော်လည်း (၁၃၄၉)ခုနှစ်ဝါဆိုလဆန်း(၆)ရက်(ပထမဝါဆို)က အသောကာရုံကျောင်းသို့ရောက်ရှိပါသည်ဟူ၍ ခုနှစ်နှင့်ဝါဆိုလဆန်းကိုဝန်ခံထွက်ဆိုခြင်း။ ဤအရေးပါလှသောအကြောင်းအရာသုံးချက်ကို - ဦးစိန္တာမယကဝန်ခံရာရောက်နေခြင်းကြောင့် မြို့နယ်သံဃနာယကအဖွဲ့ (မဟာဒွါရ)ကအသောကာရုံကျောင်း၌ယာယီတစ်မိုးတစ်ဝါ-အဖြစ်ထားပေးသည် ဟူသောမူလစောဒက၏အဆိုကိုအလိုအလျောက် ဝန်ခံပြီးဖြစ်ပါသည်။ ထို့ကြောင့်မူလစုဒိတကဦးစိန္တာမယကိုလက်ပံတန်းမြို့နယ်၊သံဃနာယကအဖွဲ့(မဟာဒွါရက)အသောကာရုံ ကျောင်း၌ကျောင်းစောင့်ယာယီအဖြစ်တစ်ဝါထားပေး ခဲ့သည်မှာမှန်ကန်ကြောင်းနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ ဆရာတော်များအညီအညွတ်သုံးသပ်တော်မူကြသည်။ ဦးစိန်တာမယ၏အာစာရဝိပတ်တိအာဇီဝဝိပတ်တိနှငျ့ [ပတ်သက်၍သုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မူလစုဒိတကဦးစိန္တာမယနေထိုင်စဉ်(သကဝိသယ)ခေါ်သော မိမိစည်းဘောင်အတွင်း၌ဝိနည်းနှင့်အညီနေလျက် မိမိလုပ်ငန်းများဖြစ်သောဂန္တဓုရ၊ဝိပဿနာဓုရကို မပြုလုပ်ဘဲလူမှုရေးကိစ်စများ၌ပါဝင်ပတ်သက်လာခြင်းကြောင့်ဦးစိန္တာမယကိုမကိုးကွယ်လိုသူများနှင့်ကိုးကွယ်လိုသူများအုပ်စုကွဲပြားလာကြသည်ကိုသက်ဆိုင်ရာပုဂ္ဂိုလ်များ၏ထွက်ဆိုချက်အရလေ့လာတွေ့ရှိရပါသည်။ ထိုကိစ္စရပ်များနှင့်စပ်လျဉ်း၍ဂိုဏ်းပေါင်းစုံတိုင်းသံဃ ဝိနိစ္ဆယအဖွဲ့၌မူလစောဒကဦးစိန်တိတက အောက်ပါအတိုင်းစောဒနာထားသည်ကိုတွေ့ရပါသည် - (၁)ဦးစိန္တာမယသည်အမျိုးသမီးများနှင့်ရှုပ်ထွေး သွားလာနေမှု (၂)ဒကာတစ်ဦးအားခေါင်းရိုက်ခွဲမှုလျော်ကြေးပေးရမှု၊ (၃)ရေနွေးအပူနှင့်လောင်းမှု။ (၄)လက်သီးနှင့်မျက်နှာကိုထိုး၍ဆေးရုံတက်ရသေဆုံးမှု။ (၅)အမျိုးသမီးငယ်များပါးနမ်းသားမြတ်ဆွဲမှု။ ထိုမူလစောဒက၏အဆိုကိုစောဒကပြသက်သေ ဦးဝရသာမိ၊ဦးမေဃိယ၊ဦးထွန်းငွေ၊ဦးရီဝင်း၊ဦးခင်မောင် တို့ကထောက်ခံထွက်ဆိုခဲ့ကြပါသည်။ စောဒကပြသက်သေအမှတ်(၄)ဦးရီဝင်းကမကုလားမကို နို့ဆွဲခြင်း၊ပါးနမ်းခြင်းကိစ္စများကိုဦးပဇင်းကုလားကြီး (ခ)ဦးပညာဒီပပြောပြ၍သိရပါသည်ဟုတိုင်းသံဃ ဝိနိစ္ဆယအဖွဲ့၌ထွက်ဆိုသွားခဲ့ပါသည်။ မူလသောဓနာတွင်စုဒိတကဦးစိန္တာမယကအောက်ပါအတိုင်းချေပထွက်ဆိုထားသည်ကိုတွေ့ရပါသည်။ ထိုသို့ကြံစည်လုပ်ဆောင်ကြရာ၌အခြေအမြစ်မရှိဘဲ အရွယ်မရောက်သေးသောအမျိုးသမီးငယ်တစ်ဦးနှင့် စွပ်စွဲခြင်းကျောင်းပစ္စည်းများကိုရောင်းစားမှု၊ကျောင်းရှိ သာမဏေတစ်ပါးကိုရေနွေးနှင့်လောင်းမှုစသည်ဖြင့် မဟုတ်မဟတ်လုပ်ဇာတ်ခင်းစွပ်စွဲခဲ့ပါသည်ဟူ၍ ချေပထွက်ဆိုခဲ့ပါသည်။ ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌ထွက်ဆိုရာတွင် အောက်ပါအတိုင်းထွက်ဆိုထားသည်ကိုတွေ့ရပါသည်- မာတုဂါမနှင့်စွပ်စွဲခြင်း၊ရေနွေးပူနှင့်လောင်းခြင်း၊ ဦးပဉ္စင်းကြီးကိုလက်သီးနှင့်ထိုးမှု၊မောင်ကံညွန့်ကို ရိုက်မှုများကိုအကြောင်းပြ၍ကြဉ်ဖယ်ခဲ့ကြပါသည်။ ရပ်ကျေးသံဃနာယကရုံး၌မောင်အောင်ထွန်းမှနေ၍ ကျောင်းသို့အရောင်းအဝယ်လုပ်ငန်းကိစ္စဖြင့်လာရောက်စဉ်-(၁၃)နှစ်(၁၄)နှစ်ခန့်အရွယ်ရှိသောမကုလားမနှင့် ချစ်လားကြိုက်လားစကားတို့ကိုဘုန်းကြီးမှပြောတာကိုတွေ့သည်ဟုထွက်ဆိုစွပ်စွဲခဲ့ပါသည်။ ၄င်းအဖြစ်အပျက်မှာ၁၃၆၁ခုနှစ်ကဖြစ်ပါသည်ဟူ၍ ဟူ၍ ထွက်ဆိုထားပါသည်။ မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ဥက္ကဋ္ဌဆရာတော်ထံသို့ခမုံဆိပ်ကျေးရွာဥက္ကဌထံမှပေးစာတွင် တွေ့ရှိရပါသည် - ဦးအေး၏သမီးဖြစ်သူမကုလားမ၏မွေးဖွားသက္ကရာဇ်မှာ အိမ်ထောင်စုစာရင်းအရမှန်ကန်ပါကြောင်းထောက်ခံထားသည်။(၁၃၄၂ခုနှစ်၊သီတင်းကျွတ်လဆုတ်-၁၂-ရက်) နို့ဆွဲမှုနှင့်ပတ်သက်၍စွပ်စွဲမှုသည်(၁၃၆၁)ခုနှစ်ကဖြစ်ပါသည်ဟုမူလစုဒိတကဦးစိန္တာမယ၏ထွက်ဆိုချက်နှင့် ကျေးရွာဥက္ကဌထံမှပေးစာတို့ကိုဆက်စပ်ကြည့်လျှင် နို့ဆွဲစဉ်နှင့်ချစ်လားကြိုက်လားပြောစဉ်ကမကုလားမ၏ အသက်သည်(၁၉)နှစ်ရှိနေပြီဖြစ်ပါသည်။ ထို့ပြင်လက်ပံတန်းမြို့နယ်၊ပေါက်တောအုပ်စု၊ မိုးကောင်းကျောင်း၌ကျေးရွာသံဃနာယကအဖွဲ့၏စစ် ဆေးတွေ့ရှိချက်၌မကုလားမကုလားထိုင်ပေါ်တွင်ထမင်း စားနေသည်ဆိုသည်မှာဟုတ်မှန်ပါသည်၊ဆရာတပည့် ဖြစ်နေသည့်အလျှောက်အချိန်အခါမရွေးစားသောက် နေသူတစ်ဦးဖြစ်ပါသည်။ထိုခလေးမ၏အပေါ်ချစ်ကြိုက် စကားမပြောကြားမိပါဟူ၍ဦးစိန်တာမယကထွက်ဆို တင်ပြထားသည်ကိုတွေ့ရှိရပါသည်။ (က)မူလစောဒကဦးစိန္တိတ၏စွဲဆိုချက်ကို၄င်း၏သက် သေများကထောက်ခံထွက်ဆိုကြခြင်း။ (ခ)မကုလားမနှင့်ချစ်ရေးကြိုက်ရေးပြောဆိုမှု၊နို့ဆွဲ ပါးနမ်းမှုဖြင့်စွဲဆိုချက်ကိုငြင်းဆိုသော်လည်းကျေးရွာဥက္ကဌ၏ပေးစာအရမကုလားမသည်အသက်(၁၉)နှစ် ရှိနေပြီဖြစ်၍ငြင်းဆိုရာမရောက်ဘဲဝန်ခံရာရောက်နေခြင်း။ (ဂ)မကုလားမသည်ဆရာတပည့်ဖြစ်နေခြင်းကြောင့် အချိန်အခါမရွေးလာရောက်စားသောက်နေသူဖြစ်သည် ဟုကျေးရွာအုပ်စုသံဃနာယကအဖွဲ့၌ဝန်ခံထွက်ဆိုခြင်း ဤသို့စသောအကြောင်းအရာများကိုလေ့လာတွေ့ရှိရပါသည်။ထိုကြောင့်အာစာရဝိပ်ပတ်တိ၊အာဇီဝဝိပတ္တိနှင့် ပတ်သက်၍မူလစောဒကဦးစိန္တိတ၏စွဲဆိုချက်များ မှန်ကန်သည်ဟုနိုင်ငံတော်ဖိနိစ္ဆယအဖွဲ့ဆရာတော်များ အညီအညွတ်သုံးသပ်တော်မူကြပါသည်။ အသောကာရုံကျောင်းမှဦးစိန္တာမယထွက်ခွါသွားခြင်းနှင့် [ပတ်သက်၍သုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ထိုသို့မူလစုဒိတကဦးစိန္တာမယ၏လွန်ကျူးသောပြစ်မှုများထင်ရှားနေခြင်းကြောင့်ကျေးရွာဒကာ/ဒကာမများမှာ ကိုးကွယ်လိုသူနှင့်မကိုးကွယ်လိုသူအုပ်စုနှစ်ခုကွဲပြားလာခဲ့ကြပါသည်။ ပတ်ဝန်းကျင်ကျောင်းများမှသံဃာတော်များကလည်း ဦးစိန္တာမယနှင့်ကံကြီးကံငယ်မပြုနိုင်တော့ကြောင်းဖြင့် အာမိသသမ္ဘောဂ၊ဓမ္မသမ္ဘောဂအဖြစ်မှကြဉ်ဖယ်ခဲ့ကြပါသည်။ထိုကိစ္စနှင့်ပတ်သက်၍မူလစောဒနာတွင် အောက်ပါအတိုင်းစောဒနာထားသည်ကိုတွေ့ရပါသည်။ မဟာဒွါရဂိုဏ်း၏ဗဟိုဖြစ်သောဧရာဝတီတိုင်း၊ဟင်္သာတမြို့မဟိတာရုံကျောင်းတိုက်ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဗဟိုအနုရက္ခိတအဖွဲ့ဆရာတော်ကြီးများရှေ့မှောက်၌ ဦးစိန္တာမယကအသောကာရုံကျောင်းမှထွက်ခွါပေးမည်ဖြစ်ကြောင်းဝန်ခံကတိပြုပြီး(၁၃၆၃)ခုနှစ်၊ဒုတိယဝါဆို လဆန်း(၅)ရက်နေ့မှစ၍အချင်းဖြစ်အသောကာရုံကျောင်းမှအပြီးအပိုင်ထွက်သွားခဲ့ပါသည်ဘုရားဟုစောဒနာထားပါသည်။ဂိုဏ်းပေါင်းစုံတိုင်းဝိနိစ္ဆယအဖွဲ့၌ လည်းထိုအတိုင်းပင်ထွက်ဆိုထားသည်ကိုတွေ့ရပါသည်။ တိုင်းသံဃဝိနိစ္ဆယအဖွဲ့၌မူလစုဒိတကဦးစိန္တာမယက အောက်ပါအတိုင်းထွက်ဆိုသွားသည် တွေ့ရပါသည်- (၁၃၆၃)ခုနှစ်ဝါဆိုလဆန်း(၅)ရက်(ဒုတိယဝါဆို)နေ့လည် (၂)နာရီအချိန်ဤအသောကကျောင်းတိုက်မှထွက်ခွါ သွားခဲ့ပါသည်ဘုရား၊ကျောင်းတိုက်မှာရှိသောပစ္စည်း ပစ္စယများကိုမထွက်ခွာမီလာရောက်စစ်ဆေးကြည့်ရှုလက်ခံသူများရှိပါသည်၊ကျောင်း၌ရှိသောဦးပညာဝံသနှင့်ဂေါပကဦးတင်အောင်၊ဦးသောင်းညွှန့်(၃)ဦးထံမှာ အပ်နှံထားခဲ့ပါသည်၊အသောကာရုံကျောင်းတိုက်မှ ထွက်ခွါခြင်းမှာမိမိသဘောဖြင့်ဆင်းသွားခြင်းဖြစ်ပါ သည်၊ဗဟိုဆရာတော်ကြီးများ၏မေတ္တာရပ်ခံချက်လည်းပါပါတယ်၊ကျောင်းမှထွက်ခွာသွားပြီးနောက်ရန်ကုန်မြို့၊ မြောက်ဥက္ကလာပရန်အောင်ကျောင်းတိုက်၊နန်းဦးကျောင်း မှာ(၃)လကျော်မျှသွားရောက်သီတင်းသုံးခဲ့ပါသည်။ ထို့ပြင်မူလစောဒကဦးစိန္တိတကသက်သေခံအဖြစ် တင်ပြသောမဟာဒွါရနိကာယဗဟိုအနုရက္ခိတအဖွဲ့​အစည်းအဝေးမှတ်တမ်းအရဦးစိန္တာမယသည် ဗဟိုဆရာတော်ကြီးများရှေ့မှောက်တွင်မိမိဆန္ဒအရ ထွက်ခွါပေးမည်ဟုဝန်ခံခဲ့ကြောင်းထင်ရှားသည်။ ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌ထွက်ဆိုသော အခါ၌လည်းအသောကာရုံကျောင်းမှမိမိသဘောဖြင့်ဆင်းသွားခြင်းဖြစ်ပါတယ်ဟုထွက်ဆိုခဲ့ပါသည်။ ထို့ကြောင့်ဦးစိန္တာမယသည်(၁၃)နှစ်အထိနေထိုင်လာ ခဲ့သောအသောကာရုံကျောင်းတိုက်မှအပြီးအပိုင်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းထင်ရှားသည်။ ဦးစိန္တာမယသည်အသောကာရုံကျောင်းမှမိမိသဘောဖြင့် အပြီးအပိုင်ထွက်ခွာပြီးရန်ကုန်မြို့၊မြောက်ဥက္ကလာပ ရန်အောင်ကျောင်းတိုက်၊နန်းဦးကျောင်းမှာဝါဆိုဝါကပ်လျက်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ မူလစောဒနာလွှာ၌မူလစောဒကဦးစိန္တိတ၏တင်ပြ ထွက်ဆိုချက်အရဦးစိန္တာမယထွက်ခွါသွားပြီးနောက်၊ မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ကအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်(၁၃၆၃)ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၇) ရက်နေ့တွင်အသောကာရုံကျောင်းကိုချိပ်ပိတ်ခဲ့ကြသည်။ အသောကာရုံကျောင်း၌အာလယပြတ်မှုရှိ/မရှိလေ့လာသောအခါအာလယပြတ်ကြောင်းလေ့လာတွေ့ရှိရသည်။ (၁)မဟာဒွါရဂိုဏ်း၊ဗဟိုဆရာတော်ကြီးများရှေ့မှောက်တွင်မိမိဆန္ဒသဘောထားဖြင့်ဂုဏ်ရှိစွာထွက်ခွါပေးပါမည်ဟုဝန်ခံကတိပေးခြင်း၊ (၂)ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌လည်းမိမိ သဘောဖြင့်အသောကာရုံကျောင်းမှဆင်းလာခဲ့ပါသည်ဟုအမှန်အတိုင်းရိုးသားစွာဝန်ခံထွက်ဆိုသွားခဲ့ခြင်း။ (၃)ဝန်ခံသည့်အတိုင်းလည်းအသောကာရုံကျောင်း ဥပစာအပြင်သို့ထွက်ခွါသွားပြီးရန်အောင်ကျောင်းတိုက်၊ နန်းဦးကျောင်းမှာဝါဆိုဝါကပ်နေထိုင်ခြင်း၊ ဤအကြောင်းအရာသုံးချက်ကိုလေ့လာတွေ့ရှိရသည်။ မိမိနှင့်ပတ်သက်၍ဖြစ်ပေါ်နေသောအခြေအနေများကို လေ့လာဆန်းစစ်ပြီးအသောကာရုံကျောင်း၌မနေသင့်တော့ဘူးဟုယူဆသောကြောင့်မိမိဆန္ဒအတိုင်းထွက်ခွါပေးပါမည်ဟုဗဟိုဆရာတော်ကြီးများရှေ့မှာကတိပေးခဲ့ခြင်းသာဖြစ်ပါသည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ ဆရာတော်များအညီအညွတ်သုံးသပ်တော်မူကြသည်။ ယော ပန ဧကသ္မိံ ဝိဟာရေ သေနာသနံ ဂဟေတွာ အညသမိံ ဝိဟာရေ ၀သိဿာမီတိ ဂစ္ဆတိ၊ တဿ ဥပစာရသီမာတိက္ကမေ သေနာသနဂ်ဂါဟော ပဋိပ္ပဿမ္ဘတိ။(ဝိ-ဋ္ဌ-၄၊ ၇၆) ရဟန်းတော်တစ်ပါးသည်မိမိသီတင်းသုံးနေထိုင်ရာကျောင်းတိုက်မှအခြားကျောင်းတိုက်၌နေမည်ဟူသောနှလုံးသွင်းဖြင့်ကျောင်းတိုက်ထဲမှထွက်ခွါသွားလျှင် ကျောင်းတိုက်ခြံစည်းရိုးကိုကျော်လွန်သွားပါက မူလနေထိုင်ခဲ့သောကျောင်းတိုက်၌ဝိနည်းတရားတော်အရပိုင်ဆိုင်ခွင့်အားလုံးလက်လွတ်ဆုံးရှုံးရပါသည်။ ရန်အောင်ကျောင်းတိုက်၊နန်းဦးကျောင်း၌နေမည်ဟူသော နှလုံးသွင်းဖြင့်သံဃိကအသောကရုံကျောင်းမှ ထွက်ခွါသွားရာကျောင်းခြံစည်းရိုးကိုကျော်လွန်ချိန်မှစ၍ အသောကာရုံကျောင်း၌ဦးစိန္တာမယ၏ပိုင်ဆိုင်ခွင့်အား လုံးငြိမ်းအေးသွားပြီးဖြစ်ပါသည်။ဆုံးရှုံးသွားပြီး ဖြစ်ပါသည်။ သူတစ်ပါးပစ္စည်းကိုခိုးရာ၌သူတစ်ပါးပစ္စည်းကို ယူသွားပြီးမှခိုးယူခြင်းမြောက်သည်မဟုတ်၊ခိုးယူလိုသောစိတ်ဖြင့်သူတစ်ပါးပစ္စည်းကိုကိုင်ကြည့်၍နေရာမှရွှေ့ရုံမျှဖြင့်ခိုးမှုမြောက်ပါသည်။ ထိုနည်းအတူအခြားကျောင်း၌နေမည်ဟူသောနှလုံးသွင်းဖြင့်ကျောင်းခြံစည်းရိုးကိုကျော်လွန်းလျှင်ဝိနည်းတရားတော်အရကျောင်းပိုင်ဆိုင်မှုအားလုံးဆုံးရှုံးသွားပြီး ဖြစ်ပါသည်။ ဦးစိန္တာမယသည်ဝိနည်းဥပဒေတော်နှင့်ဂိုဏ်းကူးပြောင်းမှုဆိုင်ရာစည်းမျဉ်းများကိုမူလကပင်ကျွမ်းကျင်နားလည်မှုရှိလျှင်၊အသောကာရုံကျောင်းမှထွက်ခွါသွားစရာ အကြောင်းမရှိပါ၊ရိုးသားစွာထွက်ခွါသွားပြီးနောက် ရန်ကုန်မှအကြံပေးသူရှိလာခြင်းကြောင့်သာ အသောကာရုံကျောင်းသို့ပြန်လည်ကြွလာပြီး ဂိုဏ်းကူးပြောင်းခြင်းသာဖြစ်သည်ဟုနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့ကသုံးသပ်တော်မူကြပါသည်။ [ဂိုဏ်းကူးပြောင်းမှုဆိုင်ရာသုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မူလသောဓနာလွှာလာဦးစိန္တာမယ၏တင်ပြထွက်ဆိုချက်အရမူလစုဒိတကဦးစိန္တာမယသည်(၁၃၆၃)ခုနှစ်သီတင်း ကျွတ်လဆန်း(၉)ရက်နေ့တွင်အသောကာရုံကျောင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့သည်။ မူလသောဓနာလွှာ၌ဦးစိန္တာမယ၏တင်ပြထွက်ဆိုချက် အရမြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ကချိပ်ပိတ်ထားသောကျောင်းကိုလက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့(သုဓမ်မာ)ကအာဏာပိုင်များ၏အကူအညီကိုရယူပြီးချိပ်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌မူလစုဒိတက ဦးစိန္တာမယက(၁၃၆၃)ခုနှစ်၊ပြာသိုလ်လမှသုဓမ္မာဂိုဏ်းသို့ ဝင်ခွင့်တောင်းခံခဲ့ပါသည်ဟုထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်အရအသောကာရုံကျောင်းကိုချိပ်ဖွင့် နေထိုင်ခဲ့ပြီးနောက်မှသာဂိုဏ်းကူးပြောင်းခွင့်တောင်းခံကြောင်းထင်ရှားသည်။ ဦးစိန္တာမယကိုသုဓမ္မာဂိုဏ်းသို့ဝင်ခွင့်ပြုစာကိုမတွေ့ရဘဲ၊ ခန်းနေဦးပညာဝံသကိုသုဓမ္မာဂိုဏ်းသို့ဝင်ခွင့်ပြုစာကို တွေ့ရှိရသည်။ မူလစုဒိတကဦးစိန္တာမယနှင့်ခန်းနေဦးပညာဝံသတို့ မဟာဒွါရဂိုဏ်းမှသုဓမ္မာဂိုဏ်းသို့ကူးပြောင်းကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကသတ်မှတ်ပေးထားသောဂိုဏ်းကူးပြောင်းမှုဆိုင်ရာစည်းမျဉ်းများနှင့်ညီ-မညီသုံးသပ်ရန်လိုအပ်လာပါသည်။ (၁)ဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းအခန်း(၁)အပိုဒ်(၂) (ခ)အရဂိုဏ်းကူးပြောင်းလိုသူသည်ကျောင်းထိုင် ကျောင်းပိုင်ပုဂ္ဂိုလ်များဖြစ်ခြင်း၊ (ခန်းနေဂ္ဂိုလ်များဂိုဏ်းကူးပြောင်းခွင့်မရှိပါ) (၂)အခန်း(၃)၊အပိုဒ်(၇)(က/ခ)အရပိုင်ဆိုင်မှု ဝိဝါဒါဓိကရုဏ်းကင်းရှင်းသူငြိမ်းအေးပြီးသူနှင့် အနုဝါဒါဓိကရုဏ်းကင်းရှင်းသူငြိမ်းအေးပြီးသူဖြစ်ခြင်း၊ (၃)အခန်း(၄)အပိုဒ်(၈/၉)အရမိမိနေမြဲမူလသံဃာ့ဂိုဏ်း ၏ရပ်ကွက်ကျေးရွာသံဃနာယကအဖွဲ့နှင့်မြို့နယ်သံဃနာယကအဖွဲ့များ၏သဘောတူခွင့်ပြုခြင်း၊ အထက်ပါအင်္ဂါသုံးရပ်နှင့်ပြည့်စုံပါမှဂိုဏ်းကူးပြောင်းခွင့်ရှိပါသည်။ထိုသို့အင်္ဂါသုံးရပ်နှင့်ပြည့်စုံ၍ဂိုဏ်းကူး ပြောင်းသော်လည်းဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းနောက် ဆက်တွဲဇယား(က)အမှတ်စဉ်(၄)အရဂိုဏ်းကစောင့် ရှောက်နေသောသံဃိကအာရာမ်သံဃိကကျောင်းဖြစ်လျှင်ပုဂ္ဂိုလ်သာဂိုဏ်းကူးပြောင်းခွင့်ရှိပါသည်။ မိမိသီတင်းသုံးနေထိုင်ရာကျောင်းကိုကူးပြောင်းယူခွင့် မရှိဘဲမူလဂိုဏ်းမှာပင်ထားခဲ့ရပါမည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှသတ်မှတ်ပေးထားသောဂိုဏ်းကူးပြောင်းခွင့်စည်းမျဉ်းများသည် သမာသမတ်ကျလှပါသည်။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၁၉) နောက်ဆက်တွဲ(က)၌ အသိအမှတ်ပြုပေးထားသော ဂိုဏ်း(၉)ဂိုဏ်းဖရိုဖရဲမဖြစ်ရအောင်တိကျခိုင်မာစွာ အကာအကွယ်ပေးထားပါသည်။ အခင်းဖြစ်အသောကာရုံကျောင်းကိုစောဒက/စုဒိတကနှစ်ဘက်လုံးကသံဃိကကျောင်းဟုထွက်ဆိုခဲ့ကြပါသည် ထိုသံဃိကကျောင်းကိုမဟာဒွါရဂိုဏ်းကပင်အစဉ် အဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်းကြောင့် မဟာဒွါရဂိုဏ်းကစောင့်ရှောက်နေသောသံဃိကကျောင်းဖြစ်သည်။ မူလစုဒိတကဦးစိန္တာမယသည်အသောကာရုံကျောင်းမှ အပြီးအပိုင်ထွက်ခွါသွားပြီးရန်ကုန်မြို့၊ရန်အောင်ကျောင်းတိုက်၊နန်းဦးကျောင်း၌တစ်ဝါနေထိုင်ခဲ့ခြင်းကြောင့်ဝိနည်းတရားတော်အရအသောကာရုံကျောင်း၌ ဦးစိန္တာမယ၏ပိုင်ဆိုင်ခွင့်လုံးဝမရှိတော့ပါ။ ထို့ကြောင့်မူလစုဒိတကဦးစိန္တာမယသည်သုဓမ္မာဂိုဏ်းသို့ ကူးပြောင်းပြီးအသောကာရုံကျောင်းကိုသုဓမ္မာဂိုဏ်းသို့ ကူးပြောင်းယူခြင်းသည်ဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းနောက်ဆက်တွဲဇယား(က)အမှတ်စဉ်(၄)နှင့်လုံးဝဆန့် ကျင်နေပါသည်။ ယင်းဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းအရအသောကာရုံ ကျောင်းကိုသုဓမ္မာဂိုဏ်းသို့လုံးဝယူဆောင်သွားခွင့်မရှိဟု နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဆရာတော်များကအညွ အညွတ်သုံးသပ်တော်မူကြပါသည်။ မူလစုဒိတကဦးစိန္တာမယသည်မိမိနေထိုင်ရာမဟာဒွါရဂိုဏ်းဆရာတော်ကြီးများကဦးစိန်တာမယ၏ အာစာရဝိပတ်တိ၊အာဇီဝဝိပတ်တိ၊သီလဝိပတ်တိကိုအခွခေံ၍အာမိသသမ်ဘောဂ၊ဓမ်မသမ်ဘောဂအဖြစ်မှကြဥ် ဖယ်ထားခြင်းကြောင့်မိမိဂိုဏ်းသံဃာတော်များနှင့်ယင်း အနုဝါဒါဓိကရုဏ်းကိုတရားသဖြင့်ငြိမ်းအေးအောင် မကြိုစားဘဲသုဓမ္မာဂိုဏ်းသို့ကူးပြောင်းခြင်းသည် ဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းအခန်း(၃)အပိုဒ်(၇)(ခ)နှင့် လုံးဝဆန့်ကျင်နေပါသည်။ အာမိသသမ္ဘောဂ၊ဓမ္မသမ္ဘောဂအဖြစ်မှကြဉ်ဖယ်ထားစဉ် ဂိုဏ်းကူးပြောင်းခြင်းကြောင့်ဂိုဏ်းကူးပြောင်းမှု ထမြောက်အောင်မြင်ခြင်းမရှိဟုနိုင်ငံတော်သံဃဝိနိစ္ဆယ အဖွဲ့ဆရာတော်များအညီအညွတ်သုံးသပ်တော်မူကြပါ သည်။ မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ကအသောကာရုံကျောင်းကိုချိပ်ပိတ်ထားခြင်းကြောင့်အသောကာရုံကျောင်းကိုမူလစုဒိတကအမှတ်(၂)တောထွက်ရဟန်းကြီး ဦးပညာဝံသအား မဟာဒွါရဂိုဏ်းကအပ်နှံမထားကြောင်းထင်ရှားသည်။ ထို့ကြောင့်ဦးပညာဝံသသည်အသောကာရုံကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးမဟုတ်ဘဲခန်းနေရဟန်းသာဖြစ် ကြောင်းထင်ရှားသည်။ဦးပညာဝံသသည်ခန်းနေပုဂ္ဂိုလ်သာဖြစ်၍ဂိုဏ်းကူးပြောင်းမှုစည်းမျဉ်းအခန်း(၁)အပိုဒ် (၂)(ခ)အရဂိုဏ်းကူးပြောင်းခွင့်မရှိပါ။ဂိုဏ်းကူးပြောင်း စည်းမျဉ်းစည်းကမ်းနှင့်ဆန့်ကျင်သောကြောင့် ဦးပညာဝံသ၏သုဓမ္မာဂိုဏ်းသို့ကူးပြောင်ခြင်းသည်လည်းထမြောက်အောင်မြင်ခြင်းမရှိခြင်းကြောင့် တရားမဝင်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဆရာတော်မှ အညီအညွတ်သုံးသပ်တော်မူကြပါသည်။ အသောကာရုံကျောင်းကိုစောင့်ရှောက်ခွင့်ဆိုင်ရာ [သုံးသပ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဝိနည်းဓိုရ်ပုဂ္ဂိုလ်များမှာသူတပါးကျောင်းကိုမိမိပေးလိုသောပုဂ္ဂိုလ်အားပေးနိုင်သောအခွင့်အလမ်းများမရှိပါ။ စောဒက/စုဒိတကနှင့်နှစ်ဘက်သက်သေတို့၏ထွက်ဆိုချက်အရ/စောင့်ရှောက်ခွင့်ရှိသူကိုစိစစ်ရှာဖွေပေးရုံသာ ပေးခွင့်ရှိပါသည်၊ထို့ကြောင့်အသောကာရုံကျောင်း စောင့်ရှောက်ခွင့်ရှိသူကိုစိစစ်ရှာဖွေရမည်သာဖြစ်ပါသည် နှစ်ဘက်ထွက်ဆိုချက်အရအထက်ကသုံးသပ်ပြခဲ့သည့်အတိုင်းဤမှုခင်း၌အောက်ပါအကြောင်းအရာများကို လေ့လာတွေ့ရှိရပါသည် - (၁)အသောကာရုံကျောင်းကိုမဟာဒွါရဂိုဏ်းဝင် တောထွက်ရဟန်းကြီးတစ်ပါးကစတင်တည်ထောင်ပြီး မဟာဒွါရဂိုဏ်းကပင်အစဉ်အဆက်ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လာခဲ့ခြင်း။ (၂)အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပုံ ထင်ရှားအောင်ဝါဆိုသံဃာစာရင်းမှတ်တမ်းစာအုပ်စာစောင်များကိုသက်သေအဖြစ်တင်ပြနိုင်ခြင်း။ (၃)မူလစုဒိတကဦးစိန္တာမယကိုယ်တိုင်ကတပည့်တော် ကြွမလာမီကအသောကာရုံကျောင်းတိုက်သည် မဟာဒွါရဂိုဏ်းတွင်ပါဝင်ပါသည်ဟုတိုင်းသံဃဝိနိစ္ဆယအဖွဲ့၌ဝန်ခံထွက်ဆိုခြင်း။ (၄)စုဒိတကဦးစိန်တယမယကိုလည်းဦးမေဃိယစသော မဟာဒွါရဂိုဏ်းဝင်သံဃာတော်များကအသောကာရုံကျောင်း၌ထားပေးပါသည်ဟုဝန်ခံထွက်ဆိုခြင်း၊ ဤသို့စသောအကြောင်းအရာများကိုထောက်၍ အသောကာရုံကျောင်းသည်မဟာဒွါရဂိုဏ်းကထိမ်းသိမ်း စောင့်ရှောက်နေသောသံဃိကကျောင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။ မူလစုဒိတကဦးစိန္တာမယကအသောကာရုံကျောင်း၌ ဓုဝဝါသအနုဌာပနီယ၊ရက္ခကဂေါပကထိန်းသိမ်းစောင့် ရှောက်ခွင့်ပေးပါရန်မူလသောဓနာလွှာ၌တောင်းဆို ထားပါသည်။ ခန်တီပရမံ တပေါ တိတိက္ခာ၊နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊ န ဟိ ပဗ်ဗဇ်ဇိတော ပရူပဃာတီ၊န သမဏာ ဟောတိ ပရံ ဝိဟဌေယန်တာ။(ဓမ်မပဒ-ပါဠိ-၁) သည်းခံခြင်းသည်အလွန်မွန်မြတ်သောအကျင့်ဖြစ်သည်၊ သူတပါးကိုသတ်ဖြတ်ညှဉ်းဆဲတတ်သူသည်ပဗ်ဗဇ်ဇိတ ရဟန်းမဟုတ်၊သူတပါးကိုညှဉ်းဆဲတတ်သူသည် ကိလေသာငြိမ်းအေးစေတတ်သောသမဏရဟန်းကောင်းမဟုတ်ဟုဗုဒ္ဓမိန့်ကြားတော်မူ၏။ ဦးစိန်တာမယသည်ဒကာတစ်ဦးကိုတုတ်ဖြင့်ခေါင်းကိုရိုက်ခွဲမှုနှင့်လျော်ကြေးပေးရခြင်း၊အခြားတဦးကို ရေနွေးပူဖြင့်လောင်းသဖြင့်ဆေးရုံတက်ရပြီးထိုသူကိုယနေ့တိုင်ရှာမတွေ့ဘဲ၊သေသည်ရှင်သည်မသိရခြင်း၊ အခြားဒကာတစ်ဦးကိုလက်သီးဖြင့်မျက်နှာကိုထိုးသဖြင့် ဆေးရုံတက်ရခြင်းစသောသူတပါးကိုညှင်းဆဲမှုများကို ပြုလုပ်နေကြောင်းထင်ရှားသည်။ ထို့ကြောင့်အထက်ပါဗုဒ်ဓစကားတော်အရဦးစိန္တာမယသည်ကိလေသာငြိမ်းအေးအောင်ကျင့်ကြံအားထုတ်နေသောရဟန်းကောင်းမဟုတ်ရဟန်းဆိုးဖြစ်သည်ဟု သုံးသပ်တော်မူကြပါသည်။ ထို့ပြင်ဦးစိန်တာမယသည်မဟာဒွါရဂိုဏ်းမှသုဓမ္မာဂိုဏ်းသို့ကူးပြောင်းပြီးဖြစ်ခြင်း၊မူလသောဓနာလွှာတွင်ဒွါရ လေသံဖြင့်ခက်ထန်မာကြောစွာပြောဆိုဆက်ဆံခြင်း စသည်ဖြင့်မိမိကိုမြင့်မြတ်သောရဟန်းဘဝသို့ပို့ပေးလိုက်သောကျေးဇူးရှင်မဟာဒွါရဂိုဏ်းဆရာတော်များအပေါ်၌ စော်ကားရိုင်းပြပြောဆိုဆက်ဆံခြင်းစသောအပြုအမူများကြောင့်မဟာဒွါရဂိုဏ်းဆရာတော်များထိန်းသိမ်း စောင့်ရှောက်ထားတက်သောအသောကာရုံကျောင်း၌ အစောင့်အရှောက်အဖြစ်လုံးဝမထားသင့်ဟုသုံးသပ် တော်မူကြပါသည်။ (၁)လူ့ဘောင်ကိုစွန့်ခွါ၍ရဟန်းအဖြစ်သို့ဝင်ရောက်ခဲ့သောနေရာ။ (၂)အဝိဇ္ဇာအမှောင်ထုကိုဖောက်ထွင်း၍သစ္စာလေးပါး အလင်းတရားကိုထိုးထွင်းသိမြင်ခဲ့သောနေရာ။ (၃)ကိလေသာအနှောင်အဖွဲ့မှလွတ်မြောက်ပြီးရဟန္တာဖြစ်ခဲ့သောနေရာ။(အံ-၁၊ ၁၀၅) ရဟန်းတော်များမှာဤနေရာသုံးမျိုးကိုအသက်ထက်ဆုံးမေ့ပျောက်မသွားစေဘဲအမြဲသတိရနေရမည်ဟုဗုဒ်ဓမိန့် မိန့်ကြားတော်မူခဲ့ပါသည်။ အသက်ထက်ဆုံးသတိရနေရမည်ဆိုသည်မှာအသက်ရှိနေစဉ်မှာထိုနေရာသုံးမျိုးနှင့်မကင်းကွာကောင်းဟုဆိုလို ခြင်းဖြစ်ပါသည်။ ဦးစိန္တာမယသည်မိမိကိုမြင့်မြတ်သောရှင်ရဟန်းအဖြစ်သို့ ချီးမြှင့်ပေးလိုက်ကြသောမဟာဒွါရဂိုဏ်းဝင်ကျေးဇူးရှင်ဆရာသမားများကိုပြစ်မှားနေခြင်းသည်ဗုဒ်ဓ၏အလို ဆန္ဒနှင့်ဆန့်ကျင်နေပါသည်။ ရေသောက်မြစ်ခိုင်မာလေသစ်ပင်ရှင်သန်ကြီးထွား စည်ပင်ပြန့်ပြောလေဖြစ်ပါသည်။ ရဟန်းသာမဏေတိုင်းမှာလည်းသာသနာတော်၌ ကြီးပွားတိုးတက်စေရန်ရေသောက်မြစ်နှင့်တူသောမိမိ၏ အခြေခံဆရာသမားပတ်ဝန်းကျင်ခိုင်မာနေအောင် မမေ့ကောင်းသောနေရာသုံးမျိုးကိုဗုဒ္ဓကသင်ပြပေးထားတော်မူခြင်းဖြစ်ပါသည်။ ဦးစိန္တာမယသည်မိမိ၏အခြေခံနှင့်ကင်းကွာနေခြင်း ကြောင့်ခြေရင်းပြတ်သောအဆောက်အအုံနှင့်အလားတူ နေပါသည်။ မူလသောဓနာလွှာတွင်အစဉ်အလာသည်ဝိနည်းဥပဒေတော်ကိုမလွှမ်းမိုးနိုင်ပါပေ၊ထိုအစဉ်အလာသည်ဝိနည်းဥပဒေတော်အောက်၌ကျရောက်ပျောက်ကွယ်သွားမည်သာဖြစ်ပါသည်၊ဦးစိန္တိတ၏တင်ပြသောအစဉ်အလာသည်ဝိနိစ္ဆယဆုံးဖြတ်ချက်ချရာ၌အထောက်အကူ မပြုနိုင်သောအချည်းနှီးသောအစဉ်အလာသာဖြစ်ပါကြောင်းစသည်ဖြင့်ချေပထွက်ဆိုထားသည်ကို တွေ့ရပါသည်။ ဤထွက်ဆိုချက်အရဦးစိန္တာမယသည်အစဉ်အလာကို တော်လှန်၍ထာဝစဉ်အသစ်အသစ်ပြောင်းလဲဖြစ်ထွန်းလာသောခေတ်ရေစီးကြောင်းပေါ်၌မျောပါနေသူဖြစ် ကြောင်းထင်ရှားပါသည်။ မြန်မာနိုင်ငံသည်လူမျိုးခြားဘာသာခြားအောက်သို့ကျရောက်ချိန်မှစ၍မြန်မာနိုင်ငံ၌ခေတ်အမျိုးမျိုးပြောင်းလဲသွားသော်လည်းခေတ်နောက်သို့ပြောင်းလဲမလိုက်ဘဲ မိမိတို့ပင်ကိုအသိဖြင့်တည်တည်ငြိမ်ငြိမ်နေထိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုရှိသည်ကိုဦးစိန္တာမယသတိထားမိဟန်မတူပါ၊ယင်းအဖွဲ့အစည်းကားအခြားမဟုတ်သံဃာ့အဖွဲ့အစည်းပင်ဖြစ်ပါသည်။ ဘုရားရှင်သည်သူတစ်ပါးပစ္စည်းကိုမတရားမယူရန် ဒုတိယပါရာဇိကသိက္ခာပုဒ်တော်ကိုပညတ်တော်မူလျက် ကာကွယ်ပေးတော်မူခဲ့ပါသည်။ ဝိနည်းတရားတော်၌ပုဂ္ဂလိကပစ္စည်းဂဏိကပစ်စည်း သံယိကပစ္စည်းဟုပစ္စည်းသုံးမျိုးတည်ရှိခွင့်ကို ပေးထားပါသည်။ ပုဂ္ဂိုလ်တစ်ဦး၏ပစ်စည်းကိုပိုင်ရှင်ကမပေးလျှင်အခြားပုဂ္ဂိုလ်တစ်ဦးကယူသုံးစွဲခွင့်မရှိသကဲ့သို့ဂိုဏ်းတစ်ဂိုဏ်း ၏ပစ္စည်းကိုအခြားဂိုဏ်းတခုကသုံးစွဲရန်မသင့်ပါ။ အချင်းဖြစ်အသောကာရုံကျောင်းသည်သံဃိကကျောင်းဖြစ်သော်လည်းမဟာဒွါရဂိဏ်းကစတင်တည်ထောင် လျက်မဟာဒွါရဂိုဏ်းကပင်စောင့်ရှောက်ထားသော ကျောင်းဖြစ်ပါသည်။ အသောကာရုံကျောင်းကိုစတင်တည်ထောင်သူက သူ့ကျောင်း၌သူ့အနွယ်ကိုသာနေစေလိုသောဆန္ဒရှိနေမည်မှာသေချာလှပါသည်၊ဆန္ဒရှိသည့်အတိုင်းလည်း သူ့အနွယ်ဖြစ်သောမဟာဒွါရဂိုဏ်းက ထိုအစဉ်အလာအတိုင်းမဟာဒွါရဂိုဏ်းကပင်ဆက်လက်စောင့်ရှောက်လျက်ရှိနေပါသည်။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၂)အပိုဒ် (၇/၁၀)တို့၌လည်းသံဃာ့ဂိုဏ်း(၉)ခုနှင့်မိမိတို့ဂိုဏ်း စည်းကမ်းအတိုင်းလိုက်နာကျင့်သုံးခွင့်ပေးထားပါသည်။ ထို့ကြောင့်အသောကာရုံကျောင်းကိုအစဉ်အလာအတိုင်း မဟာဒွါရဂိုဏ်းကပင်ဆက်လက်စောင့်ရှောက်ထိန်းသိမ်းခွင့်ရှိပါသည်။ (၁)မူလစောဒကဦးစိန္တိတကမူလစုဒိတကဦးစိန္တာမယအပေါ် စွဲဆိုထားသောအာစာရဝိပတ္တိ၊အာဇီဝဝိပတ္တိပြစ်မှုများထင်ရှား၍အလဇ်ဇိသဘောသက်ရောက်ခြင်း။ (၂)မူလမိမိနေထိုင်ရာမဟာဒွါရဂိုဏ်းမှအာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂအဖြစ်မှကြဉ်ဖယ်လျက်အသောကာရုံကျောင်းမှနှင်ထုတ်ထားပြီးဖြစ်ခြင်း၊ (၃)ဦးစိန္တာမယသည်အသောကာရုံကျောင်းမှအပြီးအပိုင် ထွက်သွားပြီးဖြစ်၍အသောကာရုံကျောင်း၌ပိုင်ဆိုင်ထိန်းသိမ်းခွင့်လက်လွတ်ဆုံးရှုံးပြီးဖြစ်နေခြင်း။ (၄)မဟာဒွါရဂိုဏ်းဆိုင်ရာဆရာတော်များအပေါ်၌ ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့ခြင်း။ (၅)ဦးစိန္တာမယနှင့်ဦးပညာဝံသတို့သည်မဟာဒွါရဂိုဏ်းဆိုင်ရာဆရာတော်များနှင့်အငြင်းပွားစကားများလျက် ဂိုဏ်းတစ်ပါးသို့ကူးပြောင်းပြီးဖြစ်ခြင်း။ (၆)ဦးစိန္တာမယနှင့်ဦးပညာဝံသတို့ကိုအကြောင်းပြု၍ ကျေးရွာ၌အုပ်စုနှစ်ခုကွဲပြားသွားခြင်း။ ဤသို့စသောအကြောင်းအရာများကိုထောက်၍ မူလစုဒိတကဦးစိန္တာမယနှင့်နောက်လိုက်ဦးပညာဝံသ တို့ကိုအောက်ပါဝိနည်းတရားတော်အရအသောကာရုံကျောင်းမှဖယ်ရှားခွင့်ရှိပါသည်။ အနာပတ်တိ အလဇ်ဇိံ နိကဎျဍတိ ဝါ နိကဎျဍာပတေိ ဝါ၊ ဘဏျဍနကာရကံ ကလဟကာရကံ ဝိဝါဒကာရကံ ဘဿကာရကံ သံဃေ အဓိကရဏကာရကံ နိကဎျဍတိ ဝါ နိကဎျဍာပတေိ ဝါ၊အနျတဝေါသိကံ ဝါ သဒ်ဓိဝိဟာရိကံ ဝါ န သမ်မာဝတ်တန်တံ နိကဎ်ဍတိ ဝါ နိကဎျဍာပတေိ ဝါ၊တဿ ပရိက်ခာရံ နိကဎျဍတိ ဝါ နိကဎ်ဍာပေတိ ဝါ။(ဝိ၊၂၊၆၅) ဂိုဏ်းကစောင့်ရှောက်နေသောသံဃိကကျောင်း၌ ဂန္ထဓုရဝိပဿနာဓုရတာဝန်ကိုဆောင်ရွက်နေသော ရဟန်းကောင်းများကိုမနာလို၍စိတ်ဆိုးလျက် ဒေါသအာဃာတစိတ်ဖြင့်ဖယ်ရှားခွင့်မရှိသော်လည်း မိမိတာဝန်နှစ်မျိုးကိုမပြုလုပ်ဘဲဓမ္မဝိနယစည်းအပြင်သို့ ထွက်လျက်နိုင်ငံရေးလူမှုရေးစီးပွားရေးအလုပ်တစ်မျိုးမျိုးကိုပြုလုပ်ကာအကျင့်ပျက်နေသောရဟန်းဆိုးများကို သံဃိကကျောင်းမှဖယ်ရှားခွင့်ရှိပါသည်။ ထို့ကြောင့်မူလစုဒိတကဦးစိန္တာမယနှင့်ဦးပညာဝံသ တို့သည်အသောကာရုံကျောင်း၌နေထိုင်ခွင့်မရှိဟု သုံးသပ်တော်မူကြပါသည်။ အသောကာရုံကျောင်း၌အန္တောသီမဋ္ဌကသံဃာကင်းပြတ်နေသဖြင့်"အာဂန်တွာ အန္တောသီမေ ဌိတဿ ဒါတဗ္ဗာ” ဟူသောဝိနယာလင်္ကာရဋီကာဒုတိယတွဲစာမျက်နှာ(၈၁) လာစကားရပ်ကိုထောက်၍ဗဟိသီမဋ္ဌကဖြစ်သော မဟာဒွါရဂိုဏ်းဝင်ဆရာတော်များကအသောကာရုံကျောင်းတိုက်သို့ကြွရောက်၍အင်္ဂယုတ္တဖြစ်သော ဗဟိသီမဋ္ဌကရဟန်းကိုအသောကာရုံကျောင်းတိုက်ထဲသို့ ပင့်ယူလျက်ကျောင်းထိုင်တင်မြှောက်ကာအစဉ်အလာအတိုင်းစောင့်ရှောက်ခွင့်ရှိပါသည်။ ပဲခူးတိုင်းဂိုဏ်းပေါင်းစုံတိုင်းသံဃဝိနိစ္ဆယအဖွဲ့(၂/၂၀၀၃) ၏သုံးသပ်ဆုံးဖြတ်ချက်သည်၊ဝိနည်းတရားတော်နှင့်လည်းကောင်း၊ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းနှင့်လည်းကောင်း၊ညီညွတ်နေသည်ကိုတွေ့ရ၍၊ ယင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်တွင် စကားအသုံးအနှုန်းအချို့ကိုပြင်ဆင်ဖြည့်စွက်လျက် ဖော်ပြပါအတိုင်းဆုံးဖြတ်ကြပါသည်- [ဆုံးဖြတ်ချက်]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)အခင်းဖြစ်အသောကာရုံကျောင်းတိုက်သည် “သံဃိက”ကျောင်းဖြစ်သည်။ (ခ)အသောကာရုံကျောင်းတိုက်ကိုမဟာဒွါရဂိုဏ်းက ရှေးအစဉ်အလာအတိုင်းဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည်။ (ဂ)မူလစုဒိတကဦးစိန္တာမယနှင့်အပေါင်းပါဦးပညာဝံသတို့သည်ကျောင်းတိုက်၌နေထိုင်ခွင့်မရှိ။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)ဘဒ်ဒန်တသံဝရ(သဘာပတိ) မြစိမ်းရောင်ကျောင်း၊ဘိုကလေးမြို့။ (ခ)ဘဒ္ဒန္တဂုဏိဿရ(အဖွဲ့ဝင်) တိုက်သစ်ပဇောတာရုံ၊မြောင်းမြမြို့။ (ဂ)ဘဒ္ဒန္တသံဝရာဘိဝံသ(အဖွဲ့ဝင်) ရွှေရေးဆောင်တိုက်၊ငါးသိုင်းချောင်းမြို့။ (ဃ)ဘဒ္ဒန္တခေမိန္ဒ(အဖွဲ့ဝင်) ပစ္ဆိမာရုံကျောင်းတိုက်၊ပုသိမ်မြို့။ (င)ဘဒ္ဒန္တသုဓမ္မိဿရ(အဖွဲ့ဝင်) သီတာရုံကျောင်းတိုက်၊ရေကြည်မြို့။

                           ပြီးပါပြီ။
၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၀၇၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၁)

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊မိုးကောင်းကျောင်း၌ ဖြစ်ပွားဒသာဒေါ်စိန်ခင်နှင့်ဦးကုမာရတို့၏စိတ္တသုခဇရပ် ဝိဝါဒါဓိကရုဏ်းမှုခင်း [စိတ္တသုခဇရပ်သမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ယခု၁၃၄၉ခုနှစ်လွန်ခဲ့သောနှစ်ပေါင်း(၄၀)နီးပါးခန့် လွတ်လပ်ရေးရပြီးစအချိန်ကလူနေအိမ်ခြေယခုလောက် မထူထပ်သေးရကားရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊ မိုးကောင်းကျောင်းဆရာတော်ဦးစန်ဒိမာသည်မိမိ၏ မိုးကောင်းကျောင်းတိုက်နှင့်နီးစပ်နေသောနေ+ယာမြေ +ခြံမြေမဖြစ်သေးသောမြေလွတ်မြေရိုင်းအစိုးရမြေများကိုဆရာတော် ဦးစန္ဒိမာသည်သာသနာတော်အတွက်လည်းအသုံးမပြုသဖြင့်ခင်မင်နီးစပ်ရာသီလရှင်များ လူများကပန်ကြားလျှောက်ထားခွင့်တောင်းယူကြလျှင် သင့်တော်လျောက်ပတ်ရုံမျှသာခွင့်ပြုခဲ့လေသည်။ ၁၃၁၄ခုနှစ်၌ပေ(၁၀၀)ပတ်လည်ရှိမြေကွက်အတွင်းဝယ် သွပ်မိုးပျဉ်ခင်းရှေ့ဘက်ပျဉ်ကာကျန်သုံးဘက်ထရံကာ အလျားပေ(၄၀)အနံပေ(၂၀)ရှိလေးပင်ငါးပင်ဇရပ်တစ်ခုဖြစ်ပေါ်လာပြီးစိတ်တသုခဇရပ်ဟုအမည်ပေးကာ သီလရှင်ဒေါ်မေဓာဝီနေထိုင်လျက်ရှိလေသည်။ စိတ်တသုခဇရပျနေဒေါ်မေဓာဝီသည်အိမ်ငှားအနေဖြင့် လူများထားခဲ့ရာ၁၃၃၅ခုနှစ်၌သာကေတ(၉)ရပ်ကွက် ကျောင်းတစ်ကျောင်းမှဒေါ်မေဓာဝီနှင့်သိကျွမ်းသော ရဟန်းတော်ဦးအဂ္ဂဝံသကရောက်လာပြီးကျောင်းနေရာရှာရင်းခေတ္တနေခွင့်တောင်းကာနေခဲ့လေသည်။ ရွှေတိဂုံဘုရားလမ်းနေဒေါ်စိန်ခင်ကမြေကွက်ကို မိမိသာလျှင်မိုးကောင်းဆရာတော်ထံမှခွင့်တောင်း၍ ယူထားကြောင်းဇရပ်မှလည်းမိမိဆောက်လုပ်ကာ ထားသောဇရပ်ဖြစ်ပြီးဒေါ်မေဓာဝီအားအစောင့်အရှောက်အနေယာယီခေတ္တအပ်နှံထားခြင်းဖြစ်၍ရဟန်းအားဇရပ်ပေါ်၌တင်ထားခြင်းကိုစာတစ်တန်ပေတစ်တန်ဖြင့် မဟုတ်ဘဲနှုတ်စကားဖြင့်ဒေါ်မေဓာဝီအားမထားရန်ပြောကြားလေရာခေတ္တခဏကျောင်းနေရာရှာတုန်းသာ နေခွင့်ပြုထားသည်ဆို၍နောက်ထပ်ဘာမှမပြောဘဲ နေခဲ့သည်။ အနေကြာလာခဲ့သော်ဦးအဂ္ဂဝံသိကသည်သီလရှင်နှင့် ရဟန်းအတူနေ၍မသင့်လျော်ဟုအကြောင်းပြကောင်း ကောင်းဖြင့်၎င်းဝင်းခြံ၏အတွင်းထဲ၌သီးသန့်ကျောင်းတစ်ဆောင်ဆောက်ကာဒေါ်မေဓာဝီကိုရွှေ့ပြောင်းနေစေပြီးသံဃာတော်များနှင့်လူပရိသတ်များပင့်ဖိတ်မုန့်ဟင်း ခါးကျွေးလျက်ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအား စိတ္တသုခကျောင်းလှူပွဲဟုဆိုကာစာချုပ်၌ဒေါ်မေဓာဝီကို လက်မှတ်ထိုးခိုင်းလျက်ကျောင်းအပ်လှူပွဲကျင်းပပြီး မကြာမှီဦးအဂ္ဂဝံသိကကအငှားနေသူများကိုဖယ်ရှား ပြစ်လေသည်။ ထို့နောက်ဒေါ်မေဓာဝီကသူနေသောဇရပ်ကျောင်းကလေး ၏ပတ်ဝန်းကျင်မှာဝင်းထရံကာရံလိုခြင်းသစ်သီးများကို ရောင်းချခြင်းတို့မှစ၍အချင်းချင်းမသင့်မမြတ်ဖြစ်ကြရပြီး၁၉၇၈ခုနှစ်၌၎င်းဝင်းအတွင်း၌ပင်နှစ်ထပ်ကျောင်းဆောက်လုပ်ပြန်ရကားဒေါ်စိန်ခင်ကသက်ဆိုင်ရာ ပြည်သူ့ကောင်စီသို့တားမြစ်ပေးရန်တိုင်ကြားသဖြင့် သက်ဆိုင်ရာပြည်သူ့ကောင်စီမှတားမြစ်ခံရပြီး မဟာဝံသိကာရုံကျောင်းတိုက်ဟုဆိုင်းဘုတ်တင်ထား လေသည်။ ၁၃၄၅ခုနှစ်(၇-၈-၈၃)နေ့၌ဦးအဂ္ဂဝံသိကသည်မိမိ၏ ဆရာဖြစ်သောဦးကုမာရအားမဟာဝံသိကာရုံကျောင်း တိုက်ကိုစာချုပ်စာတမ်းနှင့်တကွလှူဒါန်းပြီး(၁၃-၉-၈၃) နေ့တွင်ဦးအဂ္ဂဝံသိကပျံလွန်တော်မူလေသည်။ ထို့နောက်ဦးအဂ္ဂဝံသိကနှင့်အတူနေခဲ့သောဦးတိလောက အပြင်ဦးကုမာရ၏တပည့်ရဟန်းများ၊ကိုရင်များပါ ရောက်ရှိလာကြပြီးအတူနေကြရာဒေါ်မေဓာဝီနှင့်မသင့် တင့်မှုကြီးထွားလာသဖြင့်ဒေါ်စိန်ခင်+ဒေါ်မေဓာဝီတို့က သံဃနာယကအဖွဲ့သို့တင်သွင်းလျှောက်ထားသဖြင့် အမှုတွဲကိုတိုင်းသံဃနာယက(ရွှေကျင်)မှနိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သို့(၉-၁-၈၄)နေ့၌တင်သွင်းလေသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှအမှုတွဲကိုလက်ခံရရှိပြီး၃၁-၁-၈၄နေ့တွင်ကျင်းပသောနိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏စတုတ္ထအကြိမ် နဝမအစည်းအဝေးသို့တင်ပြဆွေးနွေးတော်မူကြပြီး (ပိုင်ဆိုင်ခွင့်ရှိသူများကိုခေါ်ယူမေးမြန်းစစ်ဆေးကြည့်ရာတွင်မပိုင်ဆိုင်သူဒေါ်မေဓာဝီထံမှအလှူခံယူထားသည့် ဦးအဂ္ဂဝံသိကအနေဖြင့်ပိုင်ဆိုင်ခွင့်မရှိသဖြင့်တစ်ဆင့်ဆက်ခံသောသူဦးကုမာရအနေဖြင့်လည်းပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစွာတင်ပြနိုင်ခြင်းမရှိသော ကြောင့်ဦးတပည့်ရှင်သာမဏေများအားစိတ္တသုခသီလ ရှင်ဇရပ်မှဖယ်ရှားပေးရေးကိုသက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့ကဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ပေးပါရန်)ဟုဆုံးဖြတ်တော်မူကြပြီး ၎င်း ဆုံးဖြတ်ချက်ကို(၁၅-၂-၈၅)ရက်စွဲဖြင့်တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်)ထံသို့ပေးပို့လေသည်။ တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်)၏ညွှန်ကြားချက်ဖြင့် မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်)မှဝိနည်းဓိုရ်များဖြင့် စစ်ဆေးစေရာ(စိတ္တသုခဇရပ်)ကိုမူလပိုင်ရှင်ဒေါ်စိန်ခင်သာပိုင်သည်။ ဒေါ်မေဓာဝီမှာအစိုးရဆီကကျူးကျော်မြေပေါ်မှဖယ်ပေးရန်တစ်စုံတစ်ရာအမိန့်မလာမချင်းစိတ္တသုခခြံဝင်း၌ နေရန်နှင့်ဦးကုမာရသည်ဦးအဂ္ဂဝံသိကဆောက်ထားသော ကျောင်းများကိုဖျက်ယူ၍မိမိ၏တပည့်များကိုပြန်ခေါ်ယူရန်ဟုဆုံးဖြတ်ထားလေသည်။ ဤသို့မြို့နယ်ဝိနိစ္ဆယ(ရွှေကျင်)မှဆုံးဖြတ်ချက်ချမှတ်ပေးခြင်းသည်ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်)အခန်း(၂)အပိုဒ်(၄)(ခ)(၁)ပါ ရဟန်းသာမဏေနှင့်အခြားပုဂ္ဂိုလ်နှင့်ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်းမှုခင်း(၃)ပါသာသနာ့မြေပြင်ပ၌ရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများပိုင်ဆိုင်ခွင့်အငြင်းပွားသည့်ဝိဝါဒါဓိကရုဏ်းမှုခင်းတို့ကိုသံဃဝိနိစ္ဆယအဖွဲ့ ဖွဲ့စည်းခြင်းမပြုဘဲနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အမှုတွဲနှင့်တကွလွဲပြောင်းပေးပို့ရမည်ဟူသောလုပ်ထုံး လုပ်နည်းနှင့်ဆန့်ကျင်နေရကားထပ်၍စောဒနာလွှာ သောဓနာလွာများတင်ခိုင်းသောကြောင့်သက်ဆိုင်ရာသို့ စောဒနာလွာ၊သောဓနာလွာများထပ်၍တင်ကြလေသည်။ ထို့နောက်ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကနိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ညွှန်ကြားမှုဖြင့်တ​ငြ်းသံဃ ဝိနစ်ဆယအဖွဲ့ဖွဲ့စည်းပေးပြီးစစ်ဆေးစေရာတိုင်းသံဃ ဝိနိစ္ဆယအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ် ခဲ့သည်။ [တိုင်းဆုံးဖြတ်ချက်]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(က)နိုင်ငံတော်အစိုးရမှအမှတ်(၁၁၅၀)မြေကွက်ကို မသိမ်းယူသမျှကာလပတ်လုံးမြေကိုဒေါ်စိန်ခင်ပိုင်၍ စိတ္တသုခသီလရှင်ဇရပ်ကိုလည်းဒေါ်စိန်ခင်ပိုင်စေ၊ (ခ)ဒေါ်စိန်ခင်ပိုင်သောဝင်းအတွင်းဦးအဂ္ဂဝံသိက ကျူးကျော်ဆောက်လုပ်ထားသောအဆောက်အဦများနှင့် ရဟန်းသာမဏေများကိုစိတ္တသုခဇရပ်ဝင်းအတွင်းမှ စုဒိတကကဖယ်ရှားစေ။ ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည်ကိုဦးကုမာရက မကျေနပ်သဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံစောဒနာလွှာတင်သွင်းလာသောဝိဝါဒါဓိကရုဏ်းမှုခင်းဖြစ်လေသည်။ [ပေါင်းရုံးသုံးသပ်ခြင်း]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ယခု၁၃၄၉ခုနှစ်မှလွန်ခဲ့သောနှစ်ပေါင်း(၄၀)နီးပါးခန့် လွတ်လပ်ရေးရပြီးစအချိန်ကလူနေအိမ်ခြေမများသေးသဖြင့်ရန်ကုန်မြို့ထဲနှင့်ဝေးသောနေရာများ၌နေမည့်သူ များမရှိသေးရကားခြံမြေယာမြေမဟုတ်သောမြေလွတ်မြေရိုင်းအစိုးရမြေများကိုနီးစပ်ရာသူများကသတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပြီးယူကြရာရန်ကင်းမြို့နယ်၊ မိုးကောင်းကျောင်းဆရာတော်ဦးစန္ဒိမာသည်လည်း မိမိ၏မိုးကောင်းကျောင်းနှင့်နီးစပ်နေသောမြေလွတ်မြေရိုင်းများကိုထိန်းသိမ်းစောင့်ရှောက်ထားခြင်းသာ ဖြစ်ပေလိမ့်မည်၊ဆရာတော်ဦးစန်ဒိမာပိုင်တော့မဟုတ် နိုင်ငံတော်အစိုးရပိုင်သာဖြစ်ချေသည်။ ၂။မြို့ထဲနေအချို့သောသူများကမြို့ထဲမှာလူမှုရေးစီးပွားရေးတို့လုပ်ကိုင်နေကြရသော်လည်းအလုပ်အကိုင် အားလပ်ခဲ့သော်အေးချမ်းမှုကိုရှာကြမြဲအပန်းဖြေလို့လဲ ဖြစ်အောင်မြို့ထဲနှင့်အလှမ်းဝေးသောအေးချမ်းသည့်နေရာများမှာဈေးပေါပေါဖြင့်ခြံမြေများကိုအချို့လည်း ဘိုးဘွားပိုင်ခြံမြေယာမြေ၊အချို့လည်းအစိုးရမြေမြေ လွတ်မြေရိုင်းတို့ကိုထိန်းသိမ်းထားသူများထံမှဝယ်ယူကာ အေးချမ်းမှုရှာလျက်နေလာကြလေသည်။ ၃။မိုးကောင်းဆရာတော်ထိန်းသိမ်းထားသောမြေကွက်များကိုဆရာတော်သည်သာသနာတော်အတွက်အသုံးမပြုဘဲထားသဖြင့်ခင်မင်နီးစပ်ရာသီလရှင်များလူများက ခွင့်ပန်လျှောက်ထားတောင်းယူနေကြကာမိမိတို့နေသာရုံသတ်မှတ်၍နေကြသည်။ ၄။မိုးကောင်းဆရာတော်ဦးစန္ဒိမာထံခွင့်ပန်လျှောက်ထားတောင်းယူကြသောသူများထဲတွင်(အယူခံစောဒက ဦးကုမာရ၏အဆိုအရဒေါ်စန္ဒာရီကတောင်းယူပြီး ဒေါ်ဣန္ဒဝတီနှင့်ဒေါ်မောဝီတို့ကိုခြားခွဲဝေပေး၏)ဟု ထွက်ဆိုထားလေသည်။ဤထွက်ဆိုချက်အရယခုအချင်းဖြစ်မြေကွက်သည်မူလမိုးကောင်းဆရာတော်၊ ထို့နောက်ဒေါ်စန္ဒာရီထို့နောက်ဒေါ်မေဓာဝီထိန်းသိမ်းစောင့်ရှောက်ထားသောမြေကွက်ဖြစ်သည်ဟု စောဒနာထားသည်။ ၅။(အယူခံစုဒိတကဒေါ်စိန်ခင်၏အဆိုအရမိမိဒေါ်ခင်စိန် ကိုယ်တိုင်မိုးကောင်းဆရာတော်ဦးစန္ဒိမာထံဥပုသ်သီတင်းစောင့်ရန်လည်းကောင်း၊သီလရှင်များနေဖို့ဇရပ်ဆောက် ရန်အတွက်လည်းကောင်းခွင့်ပန်တောင်းယူခဲ့ပါသည်)ဟု ထွက်ဆိုထားလေသည်။ ဤထွက်ဆိုချက်အရယခုအချင်းဖြစ်မြေကွက်သည် မူလမိုးကောင်းဆရာတော်ထို့နောက်ဒေါ်စိန်ခင်ထိန်းသိမ်း စောင့်ရှောက်ထားသောမြေကွက်ဖြစ်သည်ဟုသောဓနာ ထားသည်။ ၆။(အယူခံစောဒကဦးကုမာရကဇရပ်သည်ဒေါ်မေဓာဝီ၏ ငွေဖြင့်ဆောက်ထားသောဇရပ်ဖြစ်ကြောင်းကို ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကသို့ပေးစာ၌(တပည့်တော်မ ၏ချွေးနည်းစာဖြင့်ရှာဖွေစုဆောင်းပြီးဆောက်လုပ်ထားသောကိုယ်ပိုင်ကျောင်းဖြစ်ပါသည်)ဟူသောစကားကိုလည်းကောင်း၊ဦးကုမာရ၏သက်သေဒေါ်သိန်းရှင်၏ (ဒေါ်မေဓာဝီမှသူ့ဇရပ်လို့ပြောလို့သိရပါသည်)ဟူသော ထွက်ဆိုချက်နှင့်ဇရပ်၌အငှားနေသူမောင်မြင့်၏ (သီလရှင်ဒေါ်မေဓာဝီ၏စိတ္တသုခဇရပ်တွင်ငှားရမ်းနေ ထိုင်လာခဲ့ရာ(ပ)တရားဝင်ဇရပ်ပိုင်ရှင်မှာဒေါ်မေဓာဝီဖြစ်ပါသည်)ဟူသောပေးစာများကိုလည်းကောင်း၊သက်သေထူ၍ဇရပ်သည်ဒေါ်မေဓာဝီပိုင်ဇရပ်ဖြစ်၏ဟုစောဒနာသည်။ ၇။(အယူခံစုဒိတကဒေါ်စိန်ခင်ကဇရပ်ကိုဒါယကာနှင့်ဆောက်လုပ်ပါသည်၊ဇရပ်ဆောက်တာကတော့တပည့် တော်ကိုယ်တိုင်ကြပ်မတ်၍ဆောက်ခဲ့ပါသည်၊၂၆၀ဝိ/- ကျပ်ကျော်ကုန်ကျခဲ့ပါသည်ဟူသောဒေါ်မေဓာဝီ၏ ထွက်ဆိုချက်ကိုလည်းကောင်း၊ရန်ကုန်တိုင်းရွှေကျင် ဆရာတော်များ၏ရှေ့မှောက်၌ဒေါ်စိန်ခင်နှင့်ဒေါ်မေဓာဝီတို့ထံမှဦးကုမာရကစိတ္တသုခဇရပ်နှင့်မြေကိုအလှူခံတာ မှန်ပါသည်ဟူသောရွှေဟင်္သာဆရာတော်ဦးသုစိတ္တသာရ ၏ထွက်ဆိုချက်ကိုလည်းကောင်းသက်သေထူ၍မိမိ ဒေါ်စိန်ခင်ပိုင်ဇရပ်ဖြစ်၏ဟုသောဓနာ(ထုချေ)သည်။ ၈။အယူခံစောဒကဦးကုမာရကဇရပ်သည်ဒေါ်မေဓာဝီပိုင် ဇရပ်ဖြစ်၍ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအား(ကျောင်းအပ်စာချုပ်စာတမ်းကိုတင်ပြ၍)လှူကြောင်းကိုလည်း ကောင်း၊ဦးအဂ္ဂဝံသိကကမိမိ(ဦးကုမာရ)အားလွှဲအပ်လှူဒါန်းသည်ကို(ငါးကျပ်တန်အခွန်တံဆိပ်ခေါင်းဖြင့် လွှဲအပ်လှူဒါန်းသောစာချုပ်တင်ပြ၍)အခိုင်အမာပြုလုပ်တင်ပြပြီးပိုင်ရှင်ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအားလှူ၊ ဦးအဂ္ဂဝံသိကကမိမိဦးကုမာရအားလှူသဖြင့်ကျူးကျော်မြေကွက်နှင့်စိတ္တသုခဇရပ်သည်မိမိ(ဦးကုမာရ)ပိုင်ဖြစ် သည်ဟုစောဒနာသည်။ ၉။(အယူခံစုဒိတကဒေါ်စိန်ခင်က)မြေမှာအစိုးရပိုင်မြေဖြစ်၍လှူသော်လည်းအလှူမမြောက်ပါဇရပ်မှာလည်း မိမိ(ဒေါ်စိန်ခင်)ပိုင်၍မပိုင်သောဒေါ်မေဓာဝီက ဦးအဂ္ဂဝံသိကအားလှူခြင်းသည်အလှူမမြောက် အလှူမမြောက်၍မပိုင်သောဦးအဂ္ဂဝံသိကကဦးကုမာရအားလှူခြင်းသည်ဘယ်နည်းနှင့်မျှအလှူမမြောက်ပါ မိမိ(ဒေါ်စိန်ခင်)ပိုင်ဇရပ်သာဖြစ်ပါသည်။ဦးကုမာရမပိုင်ပါဟုသောဓနာထားသည်။ ၁၀။၎င်းတို့၏ထွက်ဆိုချက်များကိုသုံးသပ်ဝေဘန်ခဲ့သော်ဦးကုမာရ၏ထွက်ဆိုချက်များသည်မိုးကောင်း ဆရာတော်ထံမှဒေါ်စန္ဒာရီရယူပုံအခြင်းအရာအထောက် အထားသက်သေခံဘာမျှမပြနိုင်ပါဒေါ်စိန်ခင်၏ထွက်ဆိုချက်များသည်သီတင်းသီလဆောက်တည်ရန်နှင့်သီလ ရှင်များအတွက်ဆိုလျှင်ငါခွင့်ပြုမယ်သံဃာတော်များ၏ အတွက်ဆိုလျှင်ငါခွင့်မပြုစသည်ဖြင့်မိုးကောင်းဆရာ တော်မိန့်ကြားပုံများအပြည့်အစုံတို့နှင့်တကွဒေါ်စိန်ခင် မူလရယူထားကြောင်းကိုဒေါ်ဣန္ဒဝတီ၊ဒေါ်မေဓာဝီတို့ကလည်းဟုတ်မှန်ကြောင်းထွက်ဆိုထားလေသည်။ ထို့ပြင်မိမိ(ဒေါ်စိန်ခင်)စောင့်ရှောက်ထိန်းသိမ်းပိုင်ခွင့်ရှိကြောင်းကိုအချင်းဖြစ်မြေကွက်၌ဦးအဂ်ဂဝံသိကမှထပ် ၍တိုးချဲ့အဆောက်အဦများဆောက်နေခြင်းကိုတားမြစ်ပေးပါရန်သက်ဆိုင်ရာရပ်ကွက်ပြည်သူ့ကောင်စီသို့ တိုင်ကြားသဖြင့်ရပ်ကွက်ပြည်သူ့ကောင်စီမှ တားမြစ်အမိန့်စာများကိုတင်ပြ၍ထွက်ဆိုထားလေသည်။ ၁၁။ဆိုခဲ့ပြီးသည်တို့ကိုထောက်ဆ၍ဒေါ်စိန်ခင်သည် မြို့ထဲမှာလူမှုရေး၊စီးပွားရေးအရနေရပေမယ့်တစ်ခါ တစ်ရံအေးအေးချမ်းချမ်းကုသိုလ်လည်းရအပန်းဖြေကျန်းမာရေးအတွက်လည်းဖြစ်စေတော့ဟုရည်ရွယ်ကာ မြေကွက်ကိုရသည့်နည်းဖြင့်တောင်းယူလျက်ဇရပ်ဆောက်ပြီးအစောင့်အရှောက်မရှိပါကစိတ်မချရသဖြင့် ဓမ္မမိတ်ဆွေဖြစ်သောဒေါ်မေဓာဝီကိုခြံစောင့်ဇရပ်စောင့် သဘောမျိုးယာယီခေတ္တအပ်နှံထားခဲ့ခြင်းဖြစ်လိမ့်မည်ဟုယူဆတော်မူကြသည်။ ၁၂။အစိုးရကလည်းမြေလွတ်မြေရိုင်းများကိုခုတ်ထွင်ရှင်းလင်းကာခြံမြေ၊ယာမြေ၊အိမ်မြေအဖြစ်အသုံးပြုနေကြသည်ကိုတားလည်းမတားမြစ်၊ခွင့်လည်းမပြုအစိုးရအနေဖြင့်(ရေကြည်ရာမြက်နုရာမှီခိုဆိုသလို)မြို့များမှာ လူနေများလာ၍လူမှုရေးအရ(အသုံးပြုချိန်မတန်သေးက)ဖြစ်မြဲတိုင်းနေမြဲတိုင်းသာလစ်လျူရထားပေလိမ့် မည်။ဤသို့လျစ်လျူရှုထားသော်လည်းပိုင်ရှင်မှာ နိုင်ငံတော်အစိုးရသာဖြစ်လေသည်။ ၁၃။မြေကွက်ကိုဦးစန္ဒိမာ(ပထမ)စောင့်ရှောက်သည်၊ ဒေါ်စိန်ခင်(ဒုတိယ)စောင့်ရှောက်သည်၊ဘယ်သူမျှမပိုင် ဒေါ်မေဓာဝီမှာဘယ်လိုမှဆက်စပ်မှုမရှိပါ၊ဒေါ်မေဓာဝီ၏ ပေးစာ၌(ယခုနေဆဲဖြစ်သောမြေကြီးသည်အစိုးရ၏ မြေကြီးဖြစ်ပါသည်၊တပည့်တော်၏လက်ထဲမှာဂရန်မရှိပါ၍လှူပိုင်ခွင့်မရှိပါ၊မဟာပထဝီမြေကြီးကိုခိုးလှူပါက အပါယ်ကျမှာကြောက်၍မလှူဝံ့ပါ)ဟူသောစာအရ ဒေါ်မေဓာဝီကမလှူကြောင်းထင်ရှားသည်။ လှူသော်လည်းအစိုးရဖြစ်ရကား- အတ်တနော ဝိဇ်ဇမာနဝတ်ထုံ ပရိစ်စဇနဝသပ်ပဝတ်တ စတေနာ ဒါနံ နာမ။(မိမိကိုယ်ပိုင်ဖြစ်၍ထင်ရှားသောဝတ္ထုကိုစွန့်လှူသည်၏ အစွမ်းဖြင့်ဖြစ်သောစေတနာသည်ဒါနမည်၏။ဝါ။လှူသည်မည်၏)ဟူသောအဘိဓမ္မတ္ထဝိဘာဝနီ ဋီကာကျော်အရ၁၃၃၅ခု၊နတ်တော်လပြည့်ကျော်(၄)ရက် (၁၃-၁၂-၇၃)ရက်စွဲပါစာချုပ်ဖြင့်ပေ(၁၀၀)ပတ်လည်ရှိမြေကွက်ကိုဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအားလှူခြင်းသည်ဒေါ်မေဓာဝီ၏ကိုယ်ပိုင်မြေကွက်မဟုတ်သော ကြောင့်အလှူမမြောက်လှူမမြောက်ခဲ့သော်ဦးအဂ္ဂဝံသိက မပိုင်ပါ၊၁၃၄၅ခု၊ဝါဆိုလပြည့်ကျော်(၈)ရက်(၁-၈-၈၃) တနင်္လာနေ့ရက်စွဲပါစာချုပ်ဖြင့်မဟာဝံသိကာရုံကျောင်း တိုက်ဟူသောပေ(၁၀၀)ပတ်လည်ရှိမြေကွက်ကိုမပိုင်သောဦးအဂ်ဂဝံသိကကနိမ္မိတာရုံဘုန်းကြီးဦးကုမာရအား လွှဲအပ်လှူဒါန်းခြင်းသည်လည်းဘယ်မှာအလှူမြောက်ပါ တော့အံ့နည်း၊ဘယ်လိုနည်းနှင့်မျှဦးကုမာရမပိုင်တော့ပါ၊ အစိုးရပိုင်မြေသာဖြစ်၏ဟုတိကျစွာယူဆတော် မူကြသည်။ ဝတ်လုံရှေ့နေကြီးတို့၏နယ်ပယ်၌ ဆောင်=ပေးသူယူသူ ဤနှစ်လူ ယူသူသတိရှိစေမင်း။ ဟူသောဆောင်ပုဒ်ရှိနေလေသည်။ ဒေသနာတော်နည်းအရလှူသူသည်အဓမ်မိကဒါနအလှူ ခံသူသည်အဓမ္မိကပရိဂ္ဂဟဖြစ်တတ်လေသည်။ ၁၄။စိတ်တသုခဇရပ်ကိုဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအား လှူပြီးဦးအဂ္ဂဝံသိကကဦးကုမာရအားလှူဟူသောထွက်ဆိုချက်ကိုသုံးသပ်ခဲ့သော်ဤပြဿနာတက်လာရခြင်းမှာ ဒေါ်မေဓာဝီကဦးအဂ်ဂဝံသိကအားလှူသောကြောင့်တက် လာရခြင်းဖြစ်သည်။အကယ်၍မလှူခဲ့သော်ဤပြဿနာ တက်မလာပါ။ ၄င်းနှင့်ပတ်သက်၍မြို့နယ်ဝိနိစ္ဆယ(ရွှေကျင်)ကအိမ်ငှားပြဿနာကြောင့်မလှူမဖြစ်လို့လှူခြင်းဟုသုံးသပ်ထားလေသည်၎င်းသုံးသပ်ချက်သည်လည်းဖြစ်နိုင်ကောင်းပါ၏၊ သေသေချာချာစဉ်းစားဝေဖန်ခဲ့သော်ယခုခေတ်မှာ ကျောင်းလှူပါတယ်ဆိုတာတွေနဲ့ပတ်သက်လို့များသော အားဖြင့်ဖြစ်နေတာကကျောင်းကိုရဟန်းရှင်လှူများ ရှေ့မှောက်မှာအကျွေးအမွေးစာချုပ်စာတမ်းတွေနဲ့လူသိ ရှင်ကြားလက်မှတ်ထိုးပြီးလှူပါတယ်၊အလှူခံပါတယ်လို့ ကြေညာလျက်နောက်ကွယ်ကတော့အရောင်းအဝယ်သဘောငွေနှင့်အလုပ်လုပ်နေကြတာတွေကိုဦးအဂ္ဂဝံသိကသည်(ကျောင်းနေရာရှာရန်ရောက်လာပါသည်) ဟူသောထွက်ဆိုချက်(အငှားနေသူ၏စဘော်တင်ထားသောငွေ(၂၀၀၀)ကျပ်ကိုဦးအဂ္ဂဝံသိကကစိုက်၍ ပေးလိုက်ရသည်)ဟူသောထွက်ချက်(ကျောင်းလှူပွဲမှာ မုန့်ဟင်းခါးကျွေးရန်ဒေါ်မေဓာဝီအားဦးအဂ္ဂဝံသိကက ငွေ(၁၀၀)ကျပ်ချေးရပါသည်)ဟူသောထွက်ချက်တို့ကိုထောက်ဆ၍ယခုလည်းဒေါ်မေဓာဝီကဦးအဂ္ဂဝံသိက အားမိမိမပိုင်သောဇရပ်ကိုမလိမ့်တပတ်ရောင်းစားလိုက် ခြင်းဖြစ်လို့ပင်ဦးအဂ္ဂဝံသိကကတစ်ဆင့်လှူလို့အလှူခံထားသောဦးကုမာရသည်ဘာမဟုတ်သည့်ဇရပ်ကလေး ကိုမရမနေမခံမရပ်နိုင်ဖြစ်ပြီးအဆင့်ဆင့်တရားဆင်နေခြင်းသာဖြစ်၏ဟုယူဆတော်မူကြသည်။ ဆောင်=ရောင်းသူဝယ်သူ ထိုနှစ်လူဝယ်သူသတိရှိစေမင်း ဟူသောဝတ်လုံရှေ့နေကြီးတို့၏ဆောင်ပုဒ်အရအထူးသတိပြုရပေလိမ့်မည်။ လောကကြောင်းအရသူတစ်ပါးပစ္စည်းကိုမတရားယူပြီး ရောင်းတာကိုဝယ်သူလက်ခံထားသည်ကိုအလွဲသုံးစားလုပ်ပါကယုံမှတ်အပ်နှံထားသည်ကိုအလွဲသုံးစားလုပ်မှုဖြင့်တရားစွဲဆိုခံတတ်လေသည်။ ၁၅။ဇရပ်ကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍စစ်တမ်းထုတ်ခဲ့သော်ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကကိုလှူတယ်၊ ဦးအဂ္ဂဝံသိကကဦးကုမာရအားလှူတယ်ဆိုတော့ ဤနေရာမှာအရေးအကြီးဆုံးကအစဆုံးလှူတဲ့ ဒေါ်မေဓာဝီသည်အဓိကဖြစ်သည်၊ဒေါ်မေဓာဝီသည် စာချုပ်၌လက်မှတ်ထိုး၍လှူသည်ဆိုသော်လည်း ယခုမှုခင်းဖြစ်သောအခါ၌သူကိုယ်တိုင်မူလစောဒက (၂)အနေပါဝင်နေလျက်(ဇရပ်သည်သူပိုင်မဟုတ်ပါ ဒေါ်စိန်ခင်ပိုင်ဖြစ်ပါသည်)ဟူသောစကားကိုထွက်ဆိုထားသည်တစ်ကြောင်း၊(ဆွမ်းကျွေးပွဲတွင်ဦးအဂ္ဂဝံသိက တို့တစ်ဖက်လှည့်ရေးသားထားသောစာရွက်ကိုအမှုမဲ့ဖြင့် အခြားကိစ္စထင်၍လက်မှတ်ရေးထိုးခဲ့မိကြောင်း)ဟူသော စကားကိုထွက်ဆိုထားသည်တစ်ကြောင်းတို့ကြောင့်- (ဒါနန်တိ အတ်တနော သန်တကဿ စီဝရာဒိ ပရိက်ခာရဿ သဝိဟာရိကာဒီသု ယဿ ကဿစိ ဒါနံ) (လှူ၏ဟူသည်-မိမိပိုင်ပစ္စည်းသက်န်းစသောပရိက္ခရာကို အတူနေတပည့်စသူတို့တွင်အမှတ်မရှိသောသူအား ပေးခြင်းပင်တည်း)ဟူသောဝိနယသင်္ဂဟအဌကထာ (၇၀)အရလှူဒါန်းသူဒေါ်မေဓာဝီ၏ဥစ္စာမဟုတ်သော ကြောင့်လည်းကောင်း- (အဓိပ်ပါယံ ဥတှာတိ ဧတ်ထ ယဿ ဒါနံ ပဋိဂ်ဂဏှန်တိ ဘိက်ခုံ ဘာဝံ ဝါ သာမိကာ န ရက်ခန်တိ၊နဒဏျဍနျေတိ၊တဿ ဒါနံ အပ်ပဋိစ်ဆာဒတှော ဂဟတေုံ ဝဋျဋတီတိ ဣဓသနျနိဌာနံ) (အကြင်သူ၏ပေးခြင်းကိုခံယူသောရဟန်းကိုလည်း ကောင်း၊ အဘို့ကိုလည်းကောင်း၊ပိုင်ရှင်တို့သည်မစောင့် ရှောက်ကြမတားမြစ်ကြပါကထိုသူ၏ပေးခြင်းကို မဖုံးလွှမ်းဘဲခံယူခြင်းငှာအပ်၏)ဟူ၍ဝဇီရဗုဒ်ဓိဋီကာ (၁၄၄)၊ဝိနယာလင်္ကာရဋီကာ၊ဒုတိယ(၃၂၈)တို့၌ဆိုရကား ယခုမူလပိုင်ရှင်ဒေါ်စိန်ခင်သည်ဦးအဂ္ဂဝံသိကအား လက်မခံရန်မေဓာဝီကိုနှုတ်ဖြင့်တားမြစ်ခဲ့ခြင်း၊ ဒေါ်မေဓာဝီကဦးအဂ္ဂဝံသိကအားလှူသည်ကိုသက်ဆိုင်ရာတို့သို့တရားဝင်တိုင်ကြားစာများပေးခဲ့ခြင်းတို့ကြောင့် ဒေါ်မေဓာဝီသည်မိမိပိုင်မဟုတ်သောဇရပ်ကိုလှူခြင်းသည်လောကကြောင်းအရမိမိအားယုံမှတ်အပ်နှံထား သည်ကိုအလွဲသုံးစားပြုလုပ်ရာရောက်နေလေသည်။ (ပတ်တစီဝရ ပရိဝဏောဒိ အတ်ထာယ ပန ပဋိရူပံ သက်ခိံ လဘိတှာ ကာတဗ်ဗော)သပိတ်သင်္ကန်း ပရိက်ခရာစသည်တို့အကျိုးငှာသင့်တင့်လျောက်ပတ်သောသက်သေရခဲ့သော်အဆုံးအဖြတ်ဝိန်စ်ဆယကို ပြုအပ်၏)ဟူသောအဋ္ဌကထာဝိနယနယူပဒေသအရ လှူမှု၌အဓိကမူလဖြစ်သောဒေါ်မေဓာဝီမပိုင်ရကား တစ်ဆင့်အလှူခံယူသူအယူခံစောဒကဦးကုမာရမပိုင်ဟု ဝိနည်းဓိုရ်ဆရာတော်ကြီးများအားလုံးယူဆတော် မူကြသည်။ [ဝိနည်းဓိုရ်ဆရာတော်ကြီးများရည်ရွယ်ချက်]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အယူခံစောဒနာလွှာသောဓနာလွှာတိုင်းဝိနိစ္ဆယတို့ကို ပါဠိ၊အဋ္ဌကထာ၊ဋီကာ၊အာဂမယုတ္တိတို့သဘာဝယုတ္တိတို့ဖြင့်ရှုမျှော်လျက်အယူခံစောဒနာဝင်ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ဘူတာရုံလမ်း၊စိတ္တသုခဇရပ်မြေ (မဟာဝံသိကာရုံကျောင်းတိုက်)ပိုင်ဆိုင်လိုမှုဝိဝါဒါဓိ ကရုဏ်းမှုခင်း၌စောဒကစောဒကသက်သေ၊စုဒိတက စုဒိတကသက်သေတို့၏ထွက်ဆိုချက်တို့ကိုဒေသနာတော်နှင့်ညှိအဖန်ဖန်ကြည့်တော်မူကြပြီး(ဥဘောအနုက္ခိပ​ေန္တာပဋိညာနုသန္ဒိတေန ကာရယေ)(တရားလိုတရားပြိုင် နှစ်ဖက်လုံးတို့ကိုဘယ်ဘက်မှဦးစားမပေးဘဲဝန်ခံမှု ပဋိညာဉ်ရှေ့နောက်စကားအဆက်အစပ်ဖြင့်ဆုံးဖြတ်ခြင်းကို ပြုရမည်)ဟူသောပရိဝါပါဠိတော်(၂၈၈) အမိန့်တော်အရဖော်ပြပါဝိနိစ္ဆယဆုံးဖြတ်ချက်ကို ချမှတ်တော်မူကြသည်။ [ဆုံးဖြတ်ချက်]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)အချင်းဖြစ်မြေကွက်ကိုအစိုးရမှဖယ်ပေးရန် အမိန့်မလာမချင်းမူလစောင့်ရှောက်ထိန်းသိမ်းခွင့် ရရှိပြီးသူဒေါ်စိန်ခင်ပင်စောင့်ရှောက်ထိန်းသိမ်းရမည်။ (၂)အချင်းဖြစ်စိတ္တသုခဇရပ်သည်မူလပိုင်ရှင်ဒေါ်စိန်ခင်ပိုင်ဇရပ်ဖြစ်သည်။ (၃)ဒေါ်စိန်ခင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိထားသော အချင်းဖြစ်မြေကွက်အတွင်းရှိ(စိတ္တသုခဇရပ်မှတပါးသော)အဆောက်အဦများကိုပိုင်ဆိုင်သူများကမိမိတို့ နှစ်သက်ရာအခြားအရပ်သို့ ယူသွားကြရမည်။ (၄)ဒေါ်စိန်ခင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိထားသော မြေကွက်အတွင်းရှိအဆောက်အဦးတို့၌နေထိုင်ကြသူ ရှင်ရဟန်းအားလုံးတို့သည်မိမိတို့ဆရာသမားရှိရာအခြား အရပ်သို့ပြောင်းရွှေ့ကြရမည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စဉ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက် (၁)ဘဒ္ဒန္တစန္ဒောဘာသ(သဘာပတိ) ရွှေတောင်ကျောင်းတိုက်၊ပဲခူးမြို့။ (၂)ဘဒ္ဒန္တဇာဂရ(အဖွဲ့ဝင်) ကန်ဦးကျောင်းတိုက်၊ပြည်မြို့။ (၃)ဘဒ္ဒန္တသုမင်္ဂလ(အဖွဲ့ဝင်) ဘုရားကြီးကျောင်းတိုက်၊လက်ပံတန်း။ (၄)ဘဒ္ဓန္တအဂ္ဂဝံသ(အဖွဲ့ဝင်) ဂန္ဓာရုံကျောင်းတိုက်၊ရွှေတောင်မြို့။ (၅)ဘဒ္ဒန္တကုဏ္ဍလ(အဖွဲ့ဝင်) ဇောတိကာရုံကျောင်းတိုက်၊ပြည်မြို့။

                           ပြီးပါပြီ။
၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယ၏အဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၂)

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ဇီးဖြူကုန်းရွာမ၌ ဖြစ်ပွားသောဦးချစ်အောင်ပါ(-)ဦးနှင့်ဦးစက္ကာဝုဓပါ(၆)ဦး တို့၏စေတိယသန္တက-ဝိဝါဒါဓိကရုဏ်းခင်း [သာသနာ့မြေဖြစ်ပေါ်လာပုံနှင့်မှုခင်းဖြစ်စဉ်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဒွါရဂိုဏ်းကြီး၏ပထမသာသနာပိုင်ဖြစ်တော်မူသော အုတ်ဖိုရ်ဆရာတော်ဘဒ္ဒန္တဥက္ကံသမာလာသည်၁၂၄၉- ခုနှစ်၊(၁၈၈၈)တွင်သီဟိုဠ်နိုင်ငံသို့ဘုရားဖူးကြွရောက်တော်မူပြီးလျှင်အပြန်တွင်ဗုဒ်ဓ၏စွယ်တော်ပွားတစ်ဆူကိုမြန်မာနိုင်ငံသို့ပင့်ဆောင်တော်မူခဲ့ပါသည်။ ထိုစွယ်တော်မြတ်ကိုပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ လက်ပံလှရွာ၊အဇိနာရာမကျောင်းတိုက်၌အုတ်ဖိုရ်ဆရာ တော်ဘုရားကြီးပူဇော်ထားရာမှအုတ်ဖိုရ်ဆရာတော်ပျံလွန်တော်မူပြီးနောက်တပည့်အဆက်ဆက်စောင့် ရှောက်ပူဇော်ခဲ့ပြီးလျှင်လက်ပံတန်းမြို့နယ်၊ဇီးဖြူကုန်းရွာ၊နိဗြောဓာရုံကျောင်းဆရာတော်ဦးဇေဌဝံသထံသို့ ရောက်ရှိခဲ့ပါသည်။ ဆရာတော်ဦးဇေဋ္ဌဝံသပျံလွန်တော်မူပြီးသောအခါ နိဗြောဓာရုံဆရာတော်ဦးဟိတေသကထံမှတစ်ဆင့် ဇီးဖြူကုန်းရွာနေဦးသာချောင်(ခ)ရသေ့ကြီး ဦးအာလောကထံသို့ရောက်ရှိခဲ့ပါသည်။ ရသေ့ကြီးဦးအာလောကသည်နိဂြောဓာရုံကျောင်းတိုက်အနီးတွင်ဦးဘသင်ဆိုသူ၏လယ်မြေတစ်ကွက်ကို ဝယ်ယူ၍၁၃၁၄-ခုနှစ်၊(၁၉၅၃)တပေါင်းလပြည့်နေ့တွင် စတင်ပန္နက်ချလျက်စွယ်တော်တိုက်ကိုဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ရသေ့ကြီးဦးအာလောကသည်စွယ်တော်တိုက်အပြင် အခြားသာသနာရေးဆိုင်ရာအဆောက်အအုံများကို တည်ဆောက်နိုင်ရန်အတွက်ဦးဘသင်မြေကိုထပ်မံဝယ် ယူခြင်း၊ဦးဘားဖတီးလယ်မြေကိုဝယ်ယူခြင်းတို့ဖြင့် မူလသာသနာ့မြေကိုတိုးချဲ့၍ဝယ်ယူခဲ့ပါသည်။ ထို့နောက်ရသေ့ကြီးဦးအာလောကသည်မိမိပိုင်မြေ၌ (၀•၅၂)ဧကကိုဂေါပကအဖွဲ့သို့စွယ်တော်နှင့်တကွမြေကိုပါလွှဲအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်မိမိနေထိုင်သည့်(၂•၅၃)ဧကမြေကို(၁၃၅၄) (၁၉၉၃)ခုနှစ်ဦးအဂ္ဂဝံသ(ခ)ဦးခန်တီဇောတအား ဇမ္ဗူထိန်လင်းလေးကျွန်းအောင်စင်္ကြာစေတီတော်နှင့်တကွအစောင့်အရှောက်အဖြစ်ဖြင့်လှူဒါန်းခဲ့ရာမှစတင်၍ ဝိဝါဒါဓိကရုဏ်းမှုခင်းကြီးဖြစ်ပေါ်လာပါသည်။ မူလစောဒနာချက်(၆)ရပ်တို့တွင်ဒါန်သားငွေစေတီတော် ကိုဖျက်ဆီးမှုနှင့်ပတ်သက်၍စိစစ်သုံးသပ်ခြင်း ရသေ့ကြီးဦးအာလောကနှင့်တပည့်သားသမီးများ ဦးဆောင်မတည်လျက်စေတနာရှင်များစုပေါင်းလှူဒါန်းထားသောနှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားပုံတော်များပါဝင် တည်ရှိသည့်ဒါန်သားငွေစေတီတော်ကိုဖျက်ဆီးရောင်းစားမှုကာလတန်ဖိုးကျပ်တစ်သိန်းနှစ်သောင်းဆို [သည့်အချက်နှင့်ပတ်သက်၍ဖြေကြားရပါလျင်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

လက်ရှိစွယ်တော်ဂေါပကအဖွဲ့မတိုင်မီဂေါပကအဖွဲ့ (ဥက္ကဌဦးဌေးဝင်းကွယ်လွန်)မှဦးဆောင်၍ရှစ်မိုင် တေဇစက်ကီဆရာတော်ဦးရာဇိဒ္ဓိကအစီအမံဖြင့် စွယ်တော်တိုက်၏အထက်တွင်ပဋ္ဌာန်း(၂၄)ပစ္စည်း စေတီတော်ပုံတစ်ဆူသွန်းလုပ်လှူဒါန်းရာတွင်အဆိုပါ ဒါန်သားငွေစေတီတော်မှဒါနသတ်ထုများကိုအသုံးပြုခဲ့ ပါသည်။ဒါန်သတ္တုအပိုင်းအစအကြွင်းအကျန်များကို လက်ရှိဂေါပကအဖွဲ့မှထိန်းသိမ်းစောင့်ရှောက်ထားပါ သည်။ အများဆုံးဖြတ်ချက်ဖြင့်ပြုလုပ်လှူဒါန်းသောအထက်ပါ (၂၄)ပစ္စည်းစေတီတော်ဓာတ်ပုံပါပူးတွဲတင်ပြပါသည်အရှင်ဘုရား။လက်ရှိစုဒိတကပုဂ္ဂိုလ်(သို့)လက်ရှိစွယ်တော်ဂေါပကအဖွဲ့မှတာဝန်မရှိ၊ဖြေရှင်းရန်ပင်မလို အပ်ပါဘုရား။စောဒက-ဦးချစ်အောင်ကိုယ်တိုင်သိပြီးသားဖြစ်ပါလျက်မသိချင်ယောင်ဆောင်၍လုပ်ကြံတိုင် ကြားခြင်းသာဖြစ်ပါသည်။ထို့ပြင်ဤအချက်နှင့်ပက်သပ် ၍၎င်းတို့မှဦးရှိန်းမောင်ကမြို့နယ်သာသနာရေးမှူးသို့ တင်ပြတိုင်ကြားခဲ့ဘူးပြီး၊မြို့နယ်သာသနာရေးမှူး ဦးခင်မောင်နှင့်အဖွဲ့လာရောက်စစ်ဆေးပြီးမဟုတ်မမှန်တိုင်ကြားခြင်းသာဖြစ်ကြောင်းပေါ်ပေါက်ပြီးသား ဖြစ်ပါသည်ဘုရား။(သောဓနာလွှာ) အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်ကို စိစစ်သုံးသပ်သော်ဒါန်သားငွေစေတီတော်ကိုဖျက်ဆီးမှုနှင့်ပတ်သက်၍တေဇစက္တဆရာတော်ဦးရာဇိဒ္ဓိကအစီအမံ ဖြင့်စွယ်တော်တိုက်၏အထက်တွင်ပဋ္ဌာန်း(၂၄)ပစ္စည်းစေတီတော်ပုံတစ်ဆူသွန်းလုပ်လှူဒါန်းခဲ့သည်ဟုဖြေဆို ထားသည်ကိုသုံးသပ်သောအားဖြင့်၎င်းငွေစေတီဖျက် ဆီးမှုသည်ဘဏ္ဍာစားပေးရန်မလိုဟုနိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်တော်မူသည်။ နိဂြောဓာရုံဆရာတော်ဦးဇေဌဝံသရုပ်ထုတော်အား [ဖျက်ဆီးမှုနှင့်ပတ်သက်၍စိစစ်သုံးသပ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဒါန်သားသတ္တုဖြင့်စေတနာရှင်များစုပေါင်းပြုလုပ်လှူဒါန်းထားသောနိဂြောဓာရုံကျောင်းဆရာတော် ဦးဇေဋ္ဌဝံသပုံတော်ရုပ်ထုတော်အားဖျက်ဆီးရောင်းစားမှု ကာလတန်ဖိုး၁၅၀၀၀/(ကျပ်တစ်သောင်းငါးထောင်)နှင့် ပတ်သက်၍ဖြေကြားလျှောက်ထားရပါလျှင် - လက်ရှိစွယ်တော်ဂေါပကအဖွဲ့မတိုင်မှီဂေါပကအဖွဲ့ဥက္ကဌ ဦးဌေးဝင်း(ကွယ်လွန်)လက်ထက်နိဂြောဓာရုံကျောင်းဆရာတော်ဦးအပရာဇိတ၊ထိုအချိန်မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ပျံလွန်)မှပုံတော်မှာဆရာတော်ဦးဇေဋ္ဌဝံသနှင့် နည်းနည်းမျှမတူ၍သုံးရာကျပ်နှင့်ရောင်းပြီးအဆိုပါငွေ ဖြင့်ဆရာတော်ဦးသေဋ္ဌဝံသပန်းချီကားပုံတော်မှန်ဘောင် သွင်းပန်ချီကားတစ်ချပ်ကိုငွေများအလှူခံလျက်ပြုလုပ် သွားသည်ဟုသိရှိရပြီးယခုအချိန်တွင်အဆိုပါမှန်ဘောင် သွင်းပန်းချီကားမှာနိဂြောဓာရုံကျောင်းတွင်အထင်အရှားရှိနေသည်ကိုတပည့်တော်တို့လက်ရှိဂေါပကအဖွဲ့နှင့် စုဒိတကပုဂ္ဂိုလ်များကမြင်တွေ့ရပါသည်ဘုရား။ တပည့်တော်တို့နှင့်မသက်ဆိုင်ကြောင်း၊ထို့အပြင်ထိုဖြစ် ရပ်ကိုစောဒကပုဂ္ဂိုလ်ဦးချစ်အောင်နှင့်အဖွဲ့မှသိပါလျက် နှင့်မမှန်မကန်လုပ်ကြံရေးသားလျှောက်ထားချက်တစ်ရပ် သာဖြစ်ပါသည်ဘုရား။ အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်တို့ကိုစိစစ်သုံးသပ်သော်ရုပ်ထုတော်အားဖျက်ဆီးမှုနှင့်ပတ်သတ်၍ ဥက္ကဋ္ဌဦးဌေးဝင်း(ကွယ်လွန်)လက်ထက်နိဂြောဓာရုံ ကျောင်းဆရာတော်ဦးအပရာဇိက(ထိုအချိန်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ)(ပျံလွန်)မှပုံတော်မှာဆရာတော် ဦးဇေဌဝံသနှင့်နည်းနည်းမှမတူ၍သုံးရာကျပ်နှင့်ရောင်းပြီးအဆိုပါငွေဖြင့်ဆရာတော်ဦးဇေဌဝံသပန်းချီကားပုံတော်မှန်ဘောင်သွင်းပန်းချီကားတစ်ချပ်ကိုထိုငွေများအလှူခံလျက်ပြုလုပ်သွားသည်ဟုဖြေဆိုထားသည်ကို သုံးသပ်သောအားဖြင့်ဆရာတော်ဦးဇေဌဝံသပုံတော်ကို ဖျက်ဆီးမှုသည်ဘဏ္ဍာစားပေးဆောင်ရန်မလိုဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်တော် မူသည်။ ရတနာပစ္စည်း(၁၂)မျိုးကိုသုံးစွဲမှုနှင့်ပတ်သက်၍ [စိစစ်သုံးသပ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စွယ်တော်မြတ်အားအများပြည်သူလှူဒါန်းပူဇော်ထားသည့်ရတနာစုံပစ္စည်း(၁၂)မျိုးကိုထုခွဲရောင်းချသုံးစွဲမှု၊ ကာလတန်ဖိုး၁၂ဝဝဝဝိ/-(ကျပ်တစ်သိန်းနှစ်သောင်း) ဆိုသည့်အချက်နှင့်ပတ်သက်၍ဖြေကြားလျှောက်ထား ရပါလျှင် - လက်ရှိစွယ်တော်ဂေါပကအဖွဲ့မတိုင်မီဂေါပကဥက္ကဌ ဦးဌေးဝင်း(ကွယ်လွန်)လက်ထက်ဂေါပကအဖွဲ့နှင့် ဩဝါဒါစရိယဆရာတော်များ၊နာယကများအပါအဝင် ကျေးရွာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏(၁၃-၃-၈၉)နေ့စွဲပါအများသဘောတူ ဆုံးဖြတ်ချက်အရစွယ်တော်တိုက်ကြီး၏အထက်မှ မဟာဗောဓိစေတီတော်တည်ဆောက်ရာတွင်ရွှေထည်ပစ္စည်းများထုခွဲရောင်းချ၍အသုံးပြုကြောင်းအစည်း အဝေးမှတ်တမ်းအရသိရှိရပါသည်အရှင်ဘုရား။ အစည်းအဝေးမှတ်တမ်း(ဓါတ်ပုံမိတ္တူကိုပူးတွဲဆက်ကပ်တင်ပြပါသည်အရှင်ဘုရား)ထိုအကြောင်းကိုစောဒကပုဂ္ဂိုလ်ဦးချစ်အောင်နှင့်အဖွဲ့မှသိလျက်မြင်လျက်ဖြစ်ပါ၍ မသိချင်ယောင်ဆောင်လျက်လုပ်ကြံလျှောက်ထားခြင်း ဖြစ်ပါသည်အရှင်ဘုရား။ ဘုရားတပည့်တော်စုဒိတကပုဂ္ဂိုလ်များနှင့်မသက်ဆိုင်ပါဘုရား။တပည့်တော်တို့လည်းပူးတွဲပါအစည်းအဝေးမှတ်တမ်းကျန်ရှိ၍သာလျှောက်ထားနိုင်ခြင်းဖြစ်ပါသည်။ စောဒကတင်ပြသည့်ပစ္စည်းအလှူရှင်(၁၂)ဦးဖော်ပြထား သည်မှာလည်းတပည့်တော်တို့မသိပါဘုရား။တချို့မှာ ကွယ်လွန်သွားကြပြီးဟုသာသိရပါသည်ဘုရား။ အထက်ပါစောဒနာလွှာ၊သောဓနာလွှာတို့ကိုစိစစ်သုံးသပ်သော်ရတနာပစ္စည်း(၁၂)မျိုးသုံးစွဲမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌဦးဌေးဝင်း(ကွယ်လွန်)လက်ထက်ဂေါပကအဖွဲ့နှင့် ဩဝါဒါစရိယဆရာတော်များ၊နာယကများအပါအဝင် ကျေးရွာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏(၁၃-၃-၈၉)နေ့စွဲပါအများသဘောတူဆုံးဖြတ်ချက်အရစွယ်တော်တိုက်ကြီး၏အထက်မှာ မဟာဗောဓိစေတီတော်တည်ဆောက်ရာတွင်ရွှေထည်ပစ္စည်းဖြင့်၎င်းရတနာပစ္စည်းများအစားဘဏ်ဍာစားပေး ရန်မလိုဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များအဖွဲ့ကသုံးသပ်တော်မူကြသည်။ထို့ကြောင့် - တတ်ထ ကထံ ပဋိပဇျဇိတဗ်ဗန်တိ မာလာဂန်ဓာဒီနိ တာဝ စေ​တိယေ အာရောပေတဗ်ဗာနိ ဝတ်ထေဟိ ပဋကာ တလေနေ ပဒီပါ ကာတဗျဗာ။ ပိဏျဍပါတမဓုဖာဏိတာဒီနိပန ယော နိဗဒ်ဓစေတိယဇဂ်ဂကော ဟောတိ၊ ပဗ်ဗဇ်ဇိတော ဝါ ဂဟဋ္ဌော ဝါ တဿဝ ဒါတဗ္ဗာနိ။ နိဗဒ္ဓဇဂ္ဂကေ အသတိ အာဟဋဘတ္တံ ဌပေတွာ ဝတ္တံ ကတွာ ပရိဘုဉ္စိတုံ ဝဋ်ဋတိ၊ဥပကဋ္ဌေ ကာလေ ဘုဥ်ဇိတွာ ပစ္ဆာပိ ဝတ်တံ ကာတုံ ဝဋတိယ၀။(ဝိ၊ဋ္ဌ၊၃၊၄၂၄) ဘုရားအားလှူပြီးသောစေတိယသန္တကကိုအသုံးပြုရာ၌ ပန်းနံ့သာစသည်တို့ကိုစေတီ၌ကပ်လှူရာ၏။အဝတ်ပုဆိုးတို့ကိုတံခွန်ကုက္ကာပြုအပ်၏၊ဆီတို့ဖြင့်စေတီ၌မီးထွန်းအပ်၏။ဆွမ်း၊ဟင်း၊အချို၊ပျား၊တင်းလဲစသည်တို့အား စေတီကိုအမြဲစောင့်ရှောက်ရသောရဟန်းအားဖြစ်စေ၊ လူအားဖြစ်စေပေးစွန့်အပ်ကုန်၏။စေတီကိုအမြဲစောင့် ရှောက်သူမရှိသော်ဆောင်အပ်သောဆွမ်းကိုထား၍ စေတီ၌တံမြက်လှဲခြင်းစသောဝတ်ကိုပြုပြီး၍ဆောင်ခဲ့သောရဟန်း၊လူသည်ပင် စားသောက်ခြင်းငှာအပ်၏။ ဝိကာလဘောဇနကိုရှောင်ကြဉ်သောသူဖြစ်မူကား မွန်းမတည့်မီထိုစေတီစသည်၏ဆွမ်းကိုစားပြီး၍ နောက်မှလည်းတံမြက်လှဲခြင်းစသောဝတ်ကိုပြုခြင်းငှာသာလျှင်အပ်၏။ဟူသောစကားအရ ဒါန်သားငွေစေတီကို(၂၄)ပစ္စည်းစေတီတော်အားပြန်လည်အသုံးပြုခြင်း။ ဆရာတော်ဦးဇေဌဝံသ၏ရုပ်ထုတော်ကိုပန်းချီကားပုံတော်မှန်ဘောင်သွင်း၍အစားပြုလုပ်ခြင်း။ ရတနာပစ္စည်း(၁၂)မျိုးကိုမဟာဗောဓိစေတီတော် တည်ဆောက်ရာ၌အသုံးပြုခြင်း။ တို့ဖြစ်သဖြင့်ဘဏ္ဍာစားပေးဆောင်ရန်မလိုဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များအဖွဲ့ကသဘောတူ ဆုံးဖြတ်လိုက်သည်။ မဏ္ဍပ်ကြီး(၆)လုံးနှင့်ရေတွင်းတစ်လုံးဖျက်ဆီးမှုနှင့် [စပ်လျဉ်း၍စိစစ်သုံးသပ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁၃၅၇-ခုနှစ်၊ဇမ္ဗူထိန်လင်းလေးကျွန်းအောင်စကြာ စေတီတော်ပြန်လည်တည်ဆောက်ရေးဖွင့်လှစ်ပွဲကြီးတွင် ဓမ္မစေတီနှင့် နန်းဦးဆရာကြီးဦးစံမြင့်(ရသေ့ကြီး ဦးခန္တီဇောတ)နှင့်ဂိုဏ်းပေါင်းစုံသံဃာများဆောက်လုပ်လှူဒါန်းထားသည့်မဏ္ဍပ်ကြီး(၆)လုံးနှင့်စက်ရေတွင်း တစ်လုံးဖျက်ဆီးမှုကာလတန်ဖိုး၁၂၀၀၀ဝိ/- (ကျပ်တစ်သိန်းနှစ်သောင်း)ဆိုသည့်အချက်နှင့်ပတ်သက် ၍ဖြေကြားလျှောက်ထားရပါလျှင်မဏ္ဍပ်ကြီး(၆)လုံးမှာ ကျူးကျော်ဆောက်လုပ်ခြင်းဖြစ်၍ပြစ်မှုဆိုင်ရာ ဥပဒေများအရလက်ရှိအရာရှိတရားရုံးအဆင့်ဆင့်တွင် စောဒကပုဂ္ဂိုလ်ဦးချစ်အောင်အပါအဝင်ဦးအောင်ပွင့်၊ ဦးရှိန်းမောင်၊ဦးညွှန်စံ(ခ)ဦးအဂ္ဂဝံသ(နန်းဦးဆရာကြီး ခေါ်)တို့မှာတရားခံဘဝနှင့်အမှုရင်ဆိုင်နေရသူများ ဖြစ်ပါသည်။ စက်ရေတွင်းတစ်လုံးဆိုသည်မှာလက်ရှိစောဒကပုဂ္ဂိုလ်များလက်မှစွယ်တော်တိုက်မြေအတွင်းနေထိုင်သည့် ဦးရှိန်းမောင်ဆိုသူ၏အိမ်ခေါင်းရင်းဘက်တွင်တည်ရှိ နေပါသည်။ပျက်စီးသည်မပျက်စီးသည်ကိုတပည့်တော်တို့စုဒိတကပုဂ္ဂိုလ်နှင့်မသက်ဆိုင်၍မသိနိုင်ပါဘုရား။ အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်တို့ကိုစိစစ်သုံးသပ်သော်မဏ္ဍပ်ကြီး(၆)လုံးဖျက်မှုနှင့်ပတ်သက်၍ စုဒိတကသောဓနာလွှာ၌ချေပထားခြင်းမတွေ့ရှိရပေ။ ကျူးကျော်ဆောက်လုပ်ခြင်းဖြစ်၍သာဖော်ပြခဲ့ပါသည်။ သို့သော်၁၉၉၃-ခုနှစ်၊ဖေဖော်ဝါရီလ(၂၃)ရက်စွဲပါ ညွှန်ကြားစာအမှတ်၊၂၃၄/၄-၁၀/ခငက(သ-ယ-ဝ-က)တွင် မည်သည့်ပွဲလမ်းသဘင်မှမပြုလုပ်ရေးဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ထိုညွှန်ကြားချက်အရမြို့နယ်သာသနာရေးမှူးနှင့်ရဲတပ်ဖွဲ့တို့အားမြို့နယ်ငြိမ်ဝပ်ပိပြားမှုသည် ဆောက်လုပ်ရေးအဖွဲ့မှတာဝန်ပေးသဖြင့်ကွင်းဆင်းစစ်ဆေးရာတွင်မဇ်ဈိမထိန်လင်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ထွက်ဆိုချက်များမှာအောက်ပါအတိုင်းဖြစ်သည် အဆောက်အဦများကိုကျွန်တော်တို့ဂေါပကအဖွဲ့အနေ ဖြင့်ဖျက်ဆီးမပေးနိုင်ပါ။အခြားသူများဖျက်ဆီးပါက ကျွန်တော်များအနေဖြင့်တရားဥပဒေအရဆောင်ရွက်ခြင်းကိုမည်သို့မျှတားမြစ်ခြင်းမပြုလိုကြောင်းသိရှိဝန်ခံ လက်မှတ်ရေးထိုးပါသည်။ ၎င်းထွက်ဆိုချက်အရဇမ္ဗူထိန်လင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးချစ်အောင်၊အတွင်းရေးမှူးဦးအောင်ပွင့်ဝန်ခံကတိထွက်ဆိုထားသည့်အတွက်မဏ္ဍပ်ကြီး(၆)လုံးဖျက်ဆီးမှုနှင့်ပတ်သက်၍ဘဏ္ဍာစားပေးလျော်ရန်မလိုဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်တော် မူကြသည်။ စက်ရေတွင်းတစ်လုံးဆိုသည်မှာလက်ရှိစောဒကပုဂ္ဂိုလ်များဘက်မှစွယ်တော်တိုက်အတွင်းနေထိုင်သည့် ဦးရှိန်းမောင်ဆိုသူ၏အိမ်ခေါင်းရင်းဘက်တွင်တည်ရှိ နေပါသည်။ပျက်စီးသည်မပျက်စီးသည်ကိုတပည့်တော်တို့စုဒိတကပုဂ္ဂိုလ်နှင့်မသက်ဆိုင်ပါဟုထွက်ဆိုထားသည်စကားအရစက်ရေတွင်းပျက်စီးမှုသည်ဦးရှိန်းမောင်၏ အိမ်ခေါင်းရင်းဘက်တွင်တည်ရှိသဖြင့်ဦးရှိန်းမောင်သိရှိရမည်ဖြစ်ရာမသိရှိသဖြင့်စုဒိတကတို့ဘဏ္ဍာစားပေးလျော်ရန်မလိုဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က သုံးသပ်တော်မူကြသည်။ ဘိလပ်မြေ(၂၇)အိတ်ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ [စိစစ်သုံးသပ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စုဒိတကများနှောင့်ယှက်ကြ၍စေတီတော်တည်ဆောက်ရေးရပ်တန့်ထားရသဖြင့်တည်ဆောက်ပစ္စည်းဘိလပ် မြေအိတ်(၂၇)အိတ်ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုး၁၃၅၀၀ (ကျပ်တစ်သောင်းသုံးထောင့်ငါးရာ)ဆိုသည့်အချက်နှင့်ပတ်သက်၍ဖြေကြားလျှောက်ထားရပါလျှင်လွန်ခဲ့သော (၁၅)နှစ်(၁၆)နှစ်ကတည်းကဘုရားတည်မည်၊စေတီလုပ်မည်ဆိုပြီးစောဒကပုဂ္ဂိုလ်ဘက်မှဆောင်ရွက်နေသူများသည်သက်ဆိုင်ရာသာသနာရေးဌာန၊မြို့နယ်အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့၏ခွင့်ပြုချက်မရဘဲလုပ်နေ သောလုပ်ငန်းများသာဖြစ်၍ယခုအချိန်ထိစေတီတော် တစ်ဆူမျှပင်မပြီးစီးနိုင်သေးသည်မှာအထင်အရှား ဖြစ်ပါလျက်ဘိလပ်မြေအိတ်များကိုရောင်းစားပြီး ကိုယ်ကျိုးသုံးစွဲကြကြောင်းအထင်အရှားဖြစ်ပါသည်။ (သောဓနာလွှာ) အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်ကိုစိစစ်သုံးသပ်သော်ဘိလပ်မြေအိတ်(၂၇)အိတ်ပျက်စီးဆုံးရှုံးမှုသည်လွန်ခဲ့သော(၁၅)နှစ်(၁၆)နှစ်ကတည်းကဘုရား တည်မည်၊စေတီလုပ်မည်ဆိုပြီးစောဒကပုဂ္ဂိုလ်ဘက်မှ ဆောင်ရွက်နေသူများသည်သက်ဆိုင်ရာသာသနာရေးဌာန၊မြို့နယ်အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ခွင့်ပြုချက်မရဘဲလုပ်နေသောလုပ်ငန်းများသာဖြစ်၍ ထွက်ဆိုထားသည်ကို တွေ့ရပါသည်။ ထိုထွက်ဆိုချက်အရစောင့်ရှောက်ထိန်းသိမ်းမှုတာဝန်ရှိ သောတည်ဆောက်ရေးဂေါပကများ၏တာဝန်ပေါ့ဆမှု၊ တာဝန်မကျေမှုများကြောင့်သာပျက်စီးဆုံးရှုံးမှုဖြစ်ရ သဖြင့်ဘိလပ်မြေများပျက်စီးဆုံးရှုံးရခြင်းသည် စေတီတော်တည်ဆောက်ရေးဂေါပကအဖွဲ့တွင်သာ တာဝန်ရှိ၍စုဒိတကတို့နှင့်မသက်ဆိုင်သည့်အတွက် ဘဏ္ဍာစားပေးဆောင်ရန်မလိုဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့စိစစ်သုံးသပ်တော်မူကြသည်။ စွယ်တော်တိုက်သာသနာ့မြေအဖြစ်အဓမ္မသိမ်းသွင်း၍ [သာသနာ့ဂရန်လျှောက်ထားမှုကိုစိစစ်သုံးသပ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နန်းဦးဓမ္မစေတီဆရာတော်အရှင်အဂ္ဂဝံသ၊လူအမည် ဦးစံမြင့်ယခု(ရသေ့ကြီးဦးခန္တီဇောတ)အားစွယ်တော်တိုက်ဒါယကာရသေ့ကြီးဦးအာလောကမှလှူဒါန်းပေးအပ်ထားသောဇမ္ဗူထိန်လင်းလေးကျွန်းအောင်စင်္ကြာစေတီတော်တည်ရာမြေဧရိယာ(၂- ၅၃)ဧကကိုစွယ်တော်တိုက်သာသနာ့မြေအဖြစ်အဓမ္မသိမ်းသွင်း၍သာသနာ့မြေဂရန်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ တပည့်တော်တို့သည်သာသနာတော်တွင်နေလိုလလို သာသနာ့အကျိုးထမ်းဆောင်ရွက်တော်မူခဲ့သည့်အုတ်ဖိုရ်ဆရာတော်ကြီး၏ကြိုးပမ်းမှုများ၏ရလဒ်တစ်ခုဖြစ်သည့်ဗုဒ္ဓ၏လက်ဝဲအောက်စွယ်တော်မြတ်ကိန်းဝပ်စံပယ်ရာစွယ်တော်တိုက်တည်ရှိသည့်သာသနာ့မြေတွင် သာသနာ့အကျိိုးကိုဦးထိပ်ပန်ရွက်ကာအတတ်နိုင်ဆုံး ဆောင်ရွက်နေကြသူများဖြစ်ပါသည်အရှင်ဘုရား။ စောဒကဘက်မှစေတီဘုရားဟူ၍မရှိသကဲ့သို့ဂေါပကဟူ၍လည်းတရားဝင်အသိအမှတ်ပြုအဖွဲ့အစည်း မရှိပါဘုရား။ထို့ပြင်သာသနာ့မြေကိုအမွေဆက်ခံမှုနှင့် ပတ်သက်သည့်သဖွယ်ရေးသားပြောဆိုမှုများသည်လဲ နိုင်ငံတော်တရားရုံး၏အမိန့်တစ်ရပ်ပေါ် မထေမဲ့မြင်ပြုရာရောက်ပါသည်ဘုရား။ အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်ကိုစိစစ်သုံးသပ်သော်ဇမ္ဗူထိန်လင်းလေးကျွန်းအောင်စကြာစေတီတော်တည်ထားရာမြေဧရိယာ(၂•၅၃)ဧကကို စွယ်တော်တိုက်သာသနာ့မြေအဖြစ်အဓမ္မသိမ်းသွင်းမှုနှင့်ပတ်သက်၍အုတ်ဖိုရ်ဆရာတော်ဘုရားကြီး၏ကြိုးပမ်းမှုများ၏ရလာဒ်တစ်ခုဖြစ်သည့်ဗုဒ္ဓ၏လက်ဝဲအောက်စွယ်တော်မြတ်ကိန်းဝပ်စံပယ်ရာစွယ်တော်တိုက်တည် ရှိသည့်သာသနာ့မြေဖြစ်သည်။ စောဒကပုဂ္ဂိုလ်မှစေတီဘုရားဟူ၍တရားဝင်မရှိသကဲ့သို့ ဂေါပကဟူ၍လည်းတရားဝင်အသိအမှတ်ပြုအဖွဲ့အစည်းမရှိပါဘုရားဟူ၍ထွက်ဆိုခဲ့သည်။ထိုထွက်ဆိုချက်ကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကဇမ္ဗူထိန်လင်းအောင်စင်္ကြာစေတီတော်တည်ထားရာမြေမရှိဟုသုံးသပ်မိပါ သည်။ထိုသို့ပင်သုံးသပ်မိသော်လည်း - [စောဒကဦးချစ်အောင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဘာပြုလို့ ဦးတင်မောင်ကိုတောင်းခိုင်းရတာလဲ။ သူတို့ကိုမယုံမှာစိုးလို့မယုံလို့ပါဘုရား၊အဲဒီတော့မှ ဦးတင်မောင်ကဇီးဖြူကုန်းကဘယ်ရွေ့စေ (မရောက်စေ)ရပါဘူးလို့အာမခံပြီးတောင်းပါတယ်။ စွယ်တော်အဆောက်အဦးပိုပြီးကြီးပွားလာရင်ပိုမကောင်းပေဘူးလားလို့ဦးတင်မောင်ကပြောတော့အဲဒီလိုဆိုရင် ပိုပြီးကြိုက်တာပေါ့ဆိုပြီးအဲဒီစွယ်တော်တိုက်အောက်က (၀. ၅၂)မြေကတော့မင်းတို့ကိုငါလှူတာမဟုတ်ဘူး၊ စွယ်တော်ကိုလှူလိုက်တာ။ [စောဒကပြသက်သေဦးအောင်ပွင့်ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စွယ်တော်ကိုဦးသာမြိုင်ကိုအပ်စဉ်ကနှစ်ယောက်ချင်းအပ်သလား။ပရိသတ်ရှေ့မှာအခမ်းအနားနှင့်အပ်သလား ပရိသတ်ရှေ့မှာအခမ်းအနားနှင့်အပ်ပါသည်။ [စောဒကပြသက်သေဦးအောင်လွင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဦးရသေ့ကဘယ်သူ့ကိုစွယ်တော်အပ်တယ်ဆိုဒါသိသလား။သိပါတယ်ဘုရား၊ဥက္ကဋ္ဌဦးသာမြိုင်နှင့် အတွင်းရေးမှူးဦးအောင်မြကျော်တို့ဦးဆောင်သော ဂေါပကအဖွဲ့ကိုအပ်ပါသည်ဘုရား။ [စောဒကပြသက်သေဦးမြင်မင်း၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စွယ်တော်တိုက်ကိုမည့်သူကိုအပ်ပါသလဲ၊အဲဒီတုန်းကဘယ်ဂေါပကအဖွဲ့လဲ။ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးသာမြိုင်ကိုအပ်ပါသည်ဘုရား။ ဘာကိုအပ်ပါသလဲ၊မြေကြီးပါသလား။စွယ်တော်ကိုသာအပ်ပါတယ်။မြေကြီးမပါပါ၊စွယ်တော်အောက်ကမြေသည်စွယ်တော်မြေပေါ့ကွာလို့ရသေ့ကြီးကပြောပါသည်ဘုရား။ [စောဒကပြသက်သေဦးအောင်မြ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ရသေ့ကစွယ်တော်ဘယ်သူ့အပ်ခဲ့သလဲ။အများပြည်သူကိုအပ်ခဲ့ပါတယ်။ဘယ်သူဦးဆောင်မှုပြု၍အပ်ခဲ့ပါသလဲ စေတီတော်ဥက္ကဋ္ဌဦးသာမြိုင်၊အတွင်းရေးမှူးတပည့်တော်တို့ဦးဆောင်သောအဖွဲ့မှတောင်း၍တပည့်တော်တို့အဖွဲ့ကို အပ်နှင်းခဲ့ပါသည်။စွယ်တော်အပ်စဉ်ကစွယ်တော်တင်လား၊မြေရောပါသေးလား။မြေမပါပါ၊စွယ်တော်တင်ပါဘုရား။လက်မှတ်ထိုးပြီးအပ်ခဲ့သလား၊လက်မှတ်ထိုးပြီး မအပ်ပါ။ပရိသတ်ရှေ့မှာအပ်ခဲ့တာပါ။ (သီးခြားစာရွက်တင်ပြ) [စောဒကပြသက်သေဦးအေးလွင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စွယ်တော်အပ်တုံးကလူထုအစည်းအဝေး(၁၅ဝ)ခန့်နဲ့ အပ်တယ်တိုတာဟုတ်သလား၊ဟုတ်ပါတယ်။ အဲဒီစွယ်တော်အပ်တာဆရာတော်တွေကိုအပ်တာလား၊ ဂေါပကအဖွဲ့ကလူတစ်ဦးကိုအပ်တာလား။ဂေါပကအဖွဲ့ကိုအပ်တာပါဘုရား။ [စုဒိတကဦးဩသဓ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရသေ့ကြီးဦးသာချောကစွယ်တော်ကိုမည်သူ့လက်သို့အပ်ခဲ့ပါသလဲ။ဘုရားထဲဆရာတော်ကြီးသို့အပ်ခဲ့ပါတယ် ဘယ်သူဂေါပကအဖွဲ့လဲ။ဦးဌေးဝင်းကဂေါပကဥက္ကဌပါဘုရား။အဲဒီဂေါပကအဖွဲ့ထဲမှာဒကာကြီးပါပါသလား။ တပည့်တော်အခုထိနာယကပါဘုရား။ အဲဒီတုံးကဆရာတော်ကိုအပ်ခဲ့တဲ့အထောက်အထားများရှိပါသလား။ရှိပါတယ်ဘုရား။အတွင်းရေးမှူးထိန်းသိမ်းထားပါသည်ဘုရား။ အထက်ပါစောဒက၊စောဒကပြသက်သေ၊စုဒိတက၊ စုဒိတကပြသက်သေတို့၏ထွက်ဆိုချက်များကိုသုံးသပ်သော်စွယ်တော်သည်၁၃၃၇-ခုနှစ်၊တန်ဆောင်မုန်းလဆန်း (၂)ရက်၊စွယ်တော်တိုက်ဂေါပကအဖွဲ့သို့အများပြည်သူတို့၏ရှေ့မှောက်၌အပ်ထားပြီး၎င်းစွယ်တော်အောက်၌ (၀.၅၂)ဧကမြေကိုလည်းစွယ်တော်သန္တကမြေဖြစ်သည်ဟုထွက်ဆိုထားသည်ကိုတွေ့ရှိရပါသည့်အတွက်(၁.၅၂) ဧကမြေသည်စွယ်တော်မြေဖြစ်သည်ဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကသုံးသပ်တော်မူကြသည်။ ရသေ့ကြီးဦးအာလောကသည်၁၃၄၅-ခုနှစ်၊နတ်တော် လဆန်း(၁၀)ရက်နေ့တွင်မိမိ၏ကျန်းမာရေးအခြေအနေစိတ်မချတော့သဖြင့်မိမိမရှိသည့်နောက်တွင်မိမိပိုင်မြေအတွင်း၌ သာသနာပြုလုပ်ငန်းများသာသနိကအဆောက် အအုံများကိုဦးစီးစီမံပြုလုပ်ရန်အတွက်ဦးဆောင်နိုင်အရည်အချင်းရှိသူကိုစဉ်းစားဝေဖန်လျက်ရှာဖွေသော အခါပဲခူးမြို့၊ဓမ္မစေတီ၊နန်းဦးကျောင်းဆရာတော် အရှင်အဂ္ဂဝံသအားယုံကြည်အားထား၍တွေ့မြင်သိရှိ လာသဖြင့်မှတ်တမ်းများ၊စာချုပ်စာတမ်းများရေးသား၍ သက်သေများရှေ့မှောက်တွင်စွယ်တော်တိုက်တည်ရာမြေဧရိယာ(၀. ၅၂)အားချန်လှပ်၍ကျန်မြေအားလုံးဧရိယာ (၂.၅၃)ဧကိုပိုင်းခြားသတ်မှတ်လျက်ဓမ္မစေတီနန်းဦးဆရာတော်အရှင်အဂ္ဂဝံသ(ယခု ရသေ့ကြီးဦးခန္တီဇောတ) အားစေတနာထက်သန်စွာပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင်သာသနာ့မြေကိုအမွေဆက်ခံမှုနှင့်ပတ်သက်သည့်သဖွယ်ရေးသားပြောဆိုမှုများသည်လည်းနိုင်ငံတော်တရားရုံး၏အမိန့်တော်ရပ်အပေါ် မထေမဲ့မြင်ပြုရာရောက်ပါသည်ဘုရား။ အထက်ပါစောဒနာလွှာ၊သောဓနာလွှာနှစ်ရပ်ကိုစိစစ်သုံးသပ်လျင်(၂.၅၃)မြေဧကကိုဓမ္မစေတီနန်းဦးဆရာတော်အရှင်အဂ္ဂဝံသအားစေတနာထက်သန်စွာပေးအပ်လှူဒါန်းခဲ့ပါသည်ဟူသောစောဒနာလွှာစကားရပ် မြေအမွေဆက်ခံမှုနှင့်ပတ်သက်သည့်သဖွယ်ရေးသားပြောဆိုမှုများဖြစ်သည်။သောဓနာလွှာဖြေဆိုထားသည်ကိုသုံးသပ်သောအားဖြင့်(၂.၅၃)မြေဧကကိုဇမ္ဗူထိန်လင်းသန္တကမြေဟုသုံးသပ်မိပါသည်။ ထိုသို့ပင်သုံးသပ်မိသော်လည်း - [စုဒိတကဦးဝရဝံသ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ယခုအငြင်းပွားတဲ့မြေထဲမှာရှေးအခါကဘုရားပွဲများကျင်းပခဲ့ဘူးပါလား။နှစ်စဉ်စွယ်တော်ဖွင့်ပွဲပြုလုပ်တယ်။ ဇမ္ဗူထိန်လင်းဘုရားပွဲဆိုဒါတော့မရှိပါ။ [စုဒိတကဦးသံဝရ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ယခုအငြင်းပွားနေတဲ့(၃.၀၅)ဧကထဲမှ(၂.၅၃)ဧကကို ရသေ့ကြီးဦးအာလောကမှအခြားပုဂ္ဂိုလ်တစ်ယောက် ယောက်ကိုစာချုပ်ချုပ်၍လှူတယ်ဆိုဒါကြားဘူးပါသလား။မကြားဖူးပါဘုရား။ [စုဒိတကဦးကဝိဓဇ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စွယ်တော်တိုက်ပတ်ဝန်းကျင်းမှာဇမ္ဗူထိန်လင်းဘုရားဆိုဒါရှိပါသလား။စွယ်တော်ပိုင်မြေထဲမှာကျူးကျော်ဆောက်လုပ်ထားသောအဆောက်အဦးတစ်ခုရှိပါသည်။ အဲဒါကိုသူတို့ကစေတီလို့သုံးနေပါသည်။ ၁၃၃၆ခုနှစ်ကဇမ္ဗူထိန်လင်းအုတ်မြစ်ချပွဲ၊ရဟန်းခံရှင်ပြုပွဲကကျင်းပခဲ့တယ်ဆိုတာကြားဘူးပါသလား။ ကြားဘူးပါသည်။ ယခုအငြင်းပွားနေတဲ့(၃.၀၅)ဧကထဲက(၂.၅၃)ဧကကို ရသေ့ကြီးဦးအာလောကမှအခြားပုဂ္ဂိုလ်တစ်ယောက် ယောက်ကိုစာချုပ်ချုပ်၍လှူတယ်ဆိုဒါကြားဘူးပါသလား။မကြားဘူးပါ။ [စုဒိတကဦးဩသဓ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စွယ်တော်တိုက်ပတ်ဝန်းကျင်မှာလေးကျွန်းအောင်စကြာစေတီဆိုဒါရှိပါသလား။ဘုရားရယ်လို့အထင်အရှားမရှိသေးပါ၊အမည်သာရှိပါသည်။ ယခုအငြင်းပွားနေတဲ့(၃.၀၅)ဧကထဲက(၂.၅၃)ဧကကို ရသေ့ကြီးဦးအာလောကမှအခြားပုဂ္ဂိုလ်တစ်ယောက် ယောက်ကိုစာချုပ်ချုပ်၍လှူတယ်လို့ကြားဘူးပါသလား၊ မကွားဘူးပါဘုရား။ [စုဒိတကဦးမြရှင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ရသေ့ကြီးဦးသာချောက(၂.၅၃)ဧကမြေကိုဇမ္ဗူထိန်လင်းအတွက်မြေကိုဦးခန်တီဇောတကိုလှူသည်ကိုသိပါသလား မသိပါ။ အထက်ပါစုဒိတကပုဂ္ဂိုလ်တို့၏ထွက်ဆိုချက်ကိုသုံးသပ်သော်(၂. ၅၃)ဧကမြေကိုရသေ့ကြီးဦးအာလောကက စာချုပ်ချုပ်၍လှူတယ်ဆိုမကြားဘူးပါ။ ဇမ္ဗူထိန်လင်းအုတ်မြစ်ချပွဲကျင်းပတယ်ဆိုတာကြားဘူးပါတယ်လို့ထွက်ဆိုသည်ကိုထောက်ထားသောအားဖြင့် (၂.၅၃)ဧကမြေကိုဇမ္ဗူထိန်လင်းသန္တကမြေဟုသုံးသပ် မိပါသည်။ ၁၃၄၅-ခုနှစ်၊နတ်တော်လဆန်း(၁၀)ရက် [လွှဲပြောင်းအပ်နှင်းခြင်းကတိစာချုပ်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဆီးဖြူကုန်းကွင်းအမှတ်(၁၀၂၂)၊ဦးပိုင်အမှတ်(၇၅/၅)၊ ဧရိယာ(၂.၅၃)ဧကရှိလုပ်ကိုင်သူဦးရသေ့(ခ) ဦးအာလောက၊ဦးသာချောပိုင်သောအိမ်ခြံမြေကို ဦးအဂ္ဂဝံသ(ခ)ဦးစံမြင့်အား(၂.၅၃)ဧကကိုလွှဲပြောင်းအပ်နှံလိုက်ပြီး၊နောင်သာသနာပွင့်ထွန်းတည်ရှိပူဇော်တော်မူနိုင်ခြင်းငှာရည်ရွယ်၍ယုံကြည်စိတ်ချလေးမြတ်စွာဖြင့်ဗုဒ္ဓဘုရား၏ဝတ္တကမြေမြတ်အဖြစ်တည်ရှိသွားစေခြင်းငှာ၎င်းဦးအဂ္ဂဝံသထံအပြီးအပိုင်လွှဲပြောင်းအပ်နှံလှူဒါန်းလိုက်ခြင်းကိစ္စ။ အထက်ပါမှတ်တမ်းစာချုပ်စကားရပ်ကိုထောက်ဆသောအားဖြင့်(၂.၅၃)ဧကမြေကိုဗုဒ်ဓဘုရား၏ဝတ္တကမြေအဖြစ်တည်ရှိသွားစေခြင်းငှာအပ်နှံထားသည့်အတွက်လည်းကောင်း - [ဦးချစ်အောင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဒီမြေကိုလှူတာကမသေခင်လှူဒါလား၊သေပြီးမှလှူဒါလား မသေခင်လှူဒါပါ။ဒီစာချုပ်ကိုချုပ်တဲ့အခါမှာအခမ်း အနားနဲ့လား၊နှစ်ဦးထဲချုပ်ဒါလား။သက်သေတွေရှိပါတယ်။လက်မှတ်တွေလဲထိုးထားပါတယ်။ [စော/ပြဦးရှိန်းမောင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဦးသာချောကဒီမြေကိုဘယ်သူ့ကိုပေးခဲ့သလဲ။ ဦးအဂ္ဂဝံသကိုပေးခဲ့ပါတယ်၊စာချုပ်ရှိပါတယ်။ စာချုပ်ဟာအစစ်လား၊အတုလား။အစစ်ပါဘုရား။ [စော/ပြဦးအောင်ပွင့်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးခန္တီဇောတကိုဦးအာလောကကဘယ်နှစ်ခုနှစ်ကလှူဒါန်းပါသလဲ။(၂.၅၃)ဧကကို၁၃၄၅-ခုနှစ်ကလှူဒါန်းပါတယ်။ [စော/ပြဦးမြမင်း၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

အဲဒီနန်းဦးစေတီဦးခန္တီဇောကကိုမြေလှူတယ်ဆိုဒါသိပါသလား။သိပါတယ်။စာချုပ်ကိုလဲတပည့်တော်ဖတ်ဖူး ပါတယ်။ဦးခန္တီဇောတကိုလှူတဲ့မြေဘယ်လောက်ပါလဲ။ တပည့်တော်သိတာတော့(၂.၅၃)ဧကလို့သိပါတယ်။ [စော/ပြဦးအောင်မြကျော်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဦးရသေ့မှဦးအဂ္ဂဝံသ(ခ)ဦးခန္တီဇာတကိုပေးခဲ့တယ်ဆိုတာဟုတ်သလား။သိပါတယ်။ဟုတ်ပါတယ်။ဦးခန္တီဇောတက ကိုပေးတာဘယ်နှစ်ဧကလဲ။(၂.၅၃)ဧကပါဘုရား။ [စော/ပြဦးဟန်ရှိန်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဦးအာလောကကလှူတယ်လို့ကြားတယ်ဟုတ်သလား။ မြေကိုလှူဒါပါဘုရား။ [စော/ပြဦးမျောက်ကြီး၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးသာချောမှဦးအဂ္ဂဝံသအားမြေလှူသည့်စာချုပ်ကို ဖတ်ပြပြီး၊၎င်းစာချုပ်သည်ဒကာကြီးရေးသောစာချုပ်မှန်ပါသလား။မှန်ပါသည်ဘုရား။ ရုံးခေါ်သက်သေဦးခန္တီဇောတ(ခ)ဦးစံမြင့်၏ထွက်ဆိုချက်

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးအာလောကမှဦးခန္တီဇောတအား(၂.၅၃)ဧကရှိမြေကွက်ကိုလှူတယ်ဆိုတာမှန်ပါသလား။မှန်ပါတယ်ဘုရား။ မှန်လျှင်သက်သေအထောက်အထားများတင်ပြနိုင်ပါသလား။စာချုပ်ပူးတွဲတင်ပြထားပါသည်ဘုရား။ လှူဒါန်းစဉ်ကရသေ့ဝတ်လား၊ရဟန်းဝတ်လား။ ရဟန်းဝတ်ပါဘုရား။လှူဒါန်းစဉ်ကအခမ်းအနားနဲ့လှူတာလား၊နှစ်ယောက်ချင်းလှူတာလား။အခမ်းအနားနဲ့လှူတာပါ။ပရိသတ်တစ်သောင်းလောက်ရှိသောပွဲတော်မှာလှူတာ ပါ။အဲဒီတုန်းကဘယ်သူမှမကန့်ကွက်ဘူးလား။ ကန့်ကွက်သူမရှိပါဘုရား။ [ရုံးခေါ်သက်သေဦးကြည်ဖေ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးအဂ္ဂဝံသအားမြေဧရိယာ(၂.၅၃)ဧကကိုစာချုပ်စာတမ်း ဖြင့်လွှဲအပ်လှူဒါန်းခဲ့သည်ကိုအစီရင်ခံစာမူနှင့်ပတ်သက်ပြီးဦးအဂ္ဂဝံသအားစာချုပ်ဖြင့်ပေးအပ်လှူဒါန်းခြင်းကို ဓမ္မိကဒါနလို့ဒကာကြီးဦးစီးမှူးအနေဖြင့်မြင်ပါသလား။ မြင်ပါတယ်ဘုရား။တပည့်တော်ထပ်လျှောက်ပါဦးမည်ဘုရား။ဦးရသေ့ဟာသူပိုင်တဲ့ပစ္စည်းများကိုလှူဒါန်းခွင့်ရှိလို့စာချုပ်စာတမ်းပြုပြီးအသိသက်သေများရှေ့မှောက်တွင်လှူဒါန်းတာဖြစ်၍ဓမ္မိကဒါနဖြစ်သည်ဟုလျှောက် ထားခြင်းဖြစ်ပါသည်ဘုရား။ အထက်ပါစောဒက၊စောဒကသက်သေ၊ရုံးခေါ်သက်သေ ထွက်ဆိုသောစကားရပ်တို့ကိုစိစစ်သုံးသပ်ရသော်ရသေ့ဦးအာလောကသည်(၂.၅၃)ဧကမြေကိုဦးအဂ္ဂဝံသအား ဓမ္မိကဒါနပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊(၂.၅၃)ဧကရှိဇမ္ဗူထိန်လင်းလေးကျွန်းအောင်စကြာစေတီတော်၏ဝတ္တကမြေကိုဦးအဂ္ဂဝံသအား စောင့်ရှောက်အပ်နှံလှူဒါန်းခြင်းဖြစ်သည်ဟုနိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့စိစစ်သုံးသပ်တော်မူသည်။ ထို့ကြောင့်-အထာပိ နံ ကုက္ကုစ်စာယန္တံ ဥပါသကာ ၀ဒန္တိ၊ သံဃောပိ အမှေဟိ ဒိန္နမေဝ လဘတိ ဂဏှထ ဘန်တေတိ ဧဝံမ်ပိ ဝဋ်ဋတိ။(ဝိ-၅-၂-၃၁၁) သံဃာအားညွှတ်ပြီးသည်ကိုပင်ပစ္စည်းရှင်ကပုဂ္ဂလိကလှူရာ၌အလှူခံရဟန်းအပြစ်မရှိဟုပရိဏကအဋ္ဌကထာစကားအရ။(၂.၅၃)ဧကမြေကိုဇမ္ဗူထိန်လင်းလေးကျွန်းအောင်စင်္ကြာစေတီတော်၏ဝတ္တကသာဖြစ်၍ဦးအဂ္ဂဝံသ (ခ)ဦးခန္တီဇောတအားလှူဒါန်း၍အစောင့်အရှောက် ရက်ခကဂေါပိတအဖြစ်ဖြင့်သာအပ်နှံခြင်းမြောက်သည်ဟုနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်တော် မူသည်။ [အမိန့်ကြော်ငြာစာ]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်မြို့၊၁၃၅၄-ခုနှစ်၊နတ်တော်လပြည့်ကျော်(၁)ရက် (၁၉၉၂-ခုနှစ်၊ဒီဇင်ဘာလ၁၀ရက်) ပဲခူးတိုင်းဒေသကြီး၊လက်ပံတန်းမြို့နယ်၊ဇီးဖြူကုန်းရွာ၊ ကွင်းအမှတ်-၁၀၂၂၊ဇီးဖြူကုန်းအနောက်ကွင်း၊ဦးပိုင် အမှတ်၊၇၅/၅၊မြေဧရိယာ(၀.၅၂)ဧက၊စုစုပေါင်းမြေ ဧရိယာ(၂.၅၃)ဧက၊ဦးပိုင်အမှတ်(၈၂/၂)မှမြေဧရိယာ (၀.၅၂)ဧက၊စုစုပေါင်းမြေဧရိယာ(၃.၀၅)ဧကကို ဗုဒ္ဓမြတ်စွာဘုရားဗုဒ်ဓသာသနာ့မြေအဖြစ်အသုံးပြုရန် မြေနှင့်အခွန်နည်းဥပဒေ (၃၂)နှင့်အညီဗုဒ္ဓမြတ်စွယ်တော်ဂေါပကဥက်ကဌအဖွဲ့ဦးမြရွှင်အားအခွန်လွတ်မြေဂရန်ထုတ်ပေးခွင့်ပြုလိုက်သည်။ အောင်သိမ်း ညွှန်ကြားရေးမှူး [စုဒိတကဦးမြင်ရွှင်၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

အဲဒီမြေသာသနာ့မြေမဖြစ်ခင်ကသာသနာ့မြေမလျှောက်ခင်ကဘယ်သူမြေဖြစ်သလဲ။လက်ရှိတည်ထားသော စွယ်တော်မြေကစွယ်တော်အမည်ပေါက်သည်။ ဇမ်ဗူထိန်လင်းတည်ထားသည့်မြေကဦးရသေ့အမည် ပေါက်သည်။ အထက်ပါအခွန်လွတ်သာသနာ့မြေသည်စွယ်တော်ဘုရား ဗုဒ္ဓသာသနာ့မြေအဖြစ်သာပေါက်သည်။ဇမ္ဗူထိန်လင်းသာသနာ့မြေအမည်မပေါက်သည်အတွက်ကြောင့်လည်း ကောင်း၊ဦးမြင်ရွှင်ထွက်ဆိုရာ၌သာသနာ့မြေမဖြစ်ခင်က လက်ရှိတည်ထားသောစွယ်တော်မြေကိုစွယ်တော်မြေပေါက်သည်။ဇမ္ဗူထိန်လင်းတည်ထားသည့်မြေက ဦးရသေ့အမည်ပေါက်သည်ဟူ၍ထွက်ဆိုထားသည့် အတွက်ကြောင့်လည်းကောင်း၊ဇမ်ဗူထိန်လင်းဝတ္တကမြေကိုမြတ်စွယ်တော်သာသနာ့မြေအဖြစ်အမည်ပေါက်သော ကြောင့်ဇမ်ဗူထိန်လင်းလေးကျွန်းအောင်စကြာစေတီတော်တည်ထားရာဧရိယာ(၂.၅၃)ဧကကိုစွယ်တော် သာသနာ့မြေအဖြစ်အဓမ္မသိမ်းသွင်းခြင်းဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်လိုက် သည်။ အခွန်လွတ်သာသနာ့မြေစိစစ်သုံးသပ်ခြင်းရုံးခေါ်သက် [သေဦးကြည်ဖေ၏ထွက်ဆိုချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဦးအဂ္ဂဝံသအားစာချုပ်စာတမ်းအသိသက်သေများဖြင့်လှူဒါန်းသည့်အတွက်ဓမ်မိကဒါနလို့မြင်တယ်ဆိုရင် အခွန်လွတ်သာသနာ့မြေပေးခြင်းကိုတော့တိုင်းဦးစီးမှူးအနေနှင့်ဘယ်လိုယူဆပါသလဲ။ အခွန်လွတ်သာသနာ့မြေပေးတာကိုတော့ပေးထိုက်ပါတယ်။အခွန်လွတ်သာသနာ့မြေထဲမှာစွယ်တော်တိုက်ပိုင်တစ်ပိုင်း၊ဦးအဂ္ဂဝံသပိုင်တစ်ပိုင်းဟုခွဲပြီးလုပ်ပိုင်ခွင့်အနေနဲ့ခွဲခြားပြီးပေးထိုက်ပါတယ်။အဲဒီလိုပေးလို့အခွန်လွတ်သာသနာ့မြေကိုမထိခိုက်နိုင်ပါဟုမြင်ပါတယ်။ ၁၃၃၇-ခုနှစ်၊တန်ဆောင်မုန်းလဆုတ်(၂)ရက်နေ့၊ ဩဝါဒါစရိယသံဃာ့ဥပတ္ထမ္ဘကသံဃာတော်တို့၏ သြဝါဒခံဂေါပကအဖွဲ့သို့ဗုဒ္ဓစွယ်တော်မြတ်နှင့်တကွ စွယ်တော်တိုက်ကြီးပစ္စည်းအားလုံးကိုရသေ့ကြီးမှ လွှဲအပ်လှူဒါန်းလိုက်သည်။ [လျောက်ထားပေးအပ်သည့်ခုနှစ်၊လ၊ရက်များ]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

(က)၁၃၃၆-ခုနှစ်၊ကဆုန်လဆန်း(၁၂)ရက်မှကဆုန်လပြည့်ကျော်(၆)ရက်နေ့အထိတိုင်းနယ်ပြည်နယ်အသီးသီးမှပါဝင်သောသာသနာ့အကျိုးတော်ဆောင်များနှင့် ကျေးရွာရှိလုပ်သားပြည်သူများဦးအဂ္ဂဝံသဦးဆောင်ပြုလုပ်သောပွဲတော်ရက်များတွင်ကိုယ်တိုင်လျှောက်ထားအပ်နှင်းခြင်း။ (ခ)၁၃၃၇-ခုနှစ်၊ကဆုန်လဆန်း(၁၄)ရက်နေ့မှကဆုန် လဆုတ်(၈)ရက်အထိပြုလုပ်သည့်ဗုဒ္ဓပူဇနိယပွဲတော် ရက်များတွင်လည်းကောင်း၊ (ဂ)၁၃၃၈-ခုနှစ်၊တန်ခူးလပြည့်ကျော်(၅)ရက်မှတန်ခူး လပြည့်ကျော်(၁၄)ရက်အထိဗုဒ္ဓပူဇနိယပွဲတော် ရက်နေ့များတွင်လည်းကောင်း၊ (ဃ)နောက်ဆုံးလွှဲပြောင်းပေးအပ်သည့်၁၃၄၅-ခုနှစ်၊ နတ်တော်လဆန်း(၁၀)ရက်အောက်ပါအသိသက်သေများဖြင့်ကွင်းအမှတ်(၁၀၂၂)၊ဦးပိုင်အမှတ်(၇၅/၅)ဧရိယာ (၂.၅၃)ဧကမြေကိုပြေစာနှင့်အတူမိခင်၊ဖခင်၊ဆရာသခင် အနန္တောအနန္တကျေးဇူးရှင်များအမှူးထား၍ကောင်းမှုကုသိုလ်ပွားစေမှုပေးအပ်လှူဒါန်းလိုက်ပါသည်။ အထက်ပါရုံးခေါ်သက်သေထွက်ဆိုသောစကားရပ်နှင့် စောဒနာလွှာ၊သေညဓနာလွှာ၌တင်ပြထားသောသက်သေ များကိုစိစစ်သုံးသပ်သော်အခွန်လွတ်သာသနာ့မြေထဲမှာ စွယ်တော်တိုက်ပိုင်တပိုင်း၊ဦးအဂ္ဂဝံပိုင်တစ်ပိုင်းဟုခွဲပြီး လုပ်ပိုင်ခွင့်အနေနဲ့ခွဲခြားပြီးပေးထိုက်၍အခွန်လွတ်သာသနာ့မြေပေးထိုက်သည်ဟုထွက်ဆိုသောစကားအရ ရသေ့ကြီးဦးအာလောကသည်မိမိပိုင်သော(၃.၀၅)ဧက ​မြေတွင်(၀.၅၂)ဧကမြေကို၁၃၃၇-ခုနှစ်တန်ဆောင်မုန်း လဆုတ်(၂)ရက်နေ့ဩဝါဒါစရိယသံဃာ၊ဥပတ်ထမ်ဘက သံဃာတော်တို့၏သြဝါဒခံဂေါပကဖွဲ့သို့စွယ်တော်နှင့် တကွဝတ္တကမြေအဖြစ်ဖြင့်သုဒိန္နသုဂ်ဂဟိတလှူဒါန်းပေးခဲ့ပြီး၊(၂.၅၃)မြေဧကကို၁၃၃၆-ခုနှစ်၊တစ်ကြိမ်၊၁၃၃၇- ခုနှစ်၊တစ်ကြိမ်၁၃၃၈-ခုနှစ်၊တစ်ကြိမ်၊၁၃၄၅-ခုနှစ်၊ နတ်တော်လဆန်း(၁၀)ရက်အောက်ပါအသိသက်သေများဖြင့်ကွင်းအမှတ်(၁၀၂၂)ဦးပိုင်အမှတ်(၇၅/၅)၊ဧရိယာ (၂.၅၃)ဧကမြေကိုပြေစာနှင့်အတူဇမ္ဗူထိန်လင်းဝတ္တက မြေအဖြစ်ဦးအဂ်ဂဝံသအားသုဒိသုဂ္ဂဟိတလှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ရာ - ၁၃၅၄-ခုနှစ်၊(၁၉၉၂)ခုနှစ်၌အခွန်လွတ်သာသနာ့မြေ ဂရန်ကျခြင်းသည်သာသနာ့မြေမြောက်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ကစိစစ်သုံးသပ်ဆုံးဖြတ်တော်မူသည်။ [ခြုံငုံသုံးသပ်၍ဆုံးဖြတ်ခြင်း] ၁။ဒါန်သားငွေစေတီတော်ကိုဖျက်ဆီးခဲ့ရာ၌ဥက္ကဋ္ဌ ဦးဌေးဝင်း(ကွယ်လွန်)လက်ထက်ပဋ္ဌာန်း(၂၄)ပစ္စည်း စေတီပုံတစ်ဆူသွန်းလုပ်ရာတွင်အသုံးပြုခဲ့သဖြင့် ဘဏ္ဍာစားပေးရန်မလို။ ၂။ဆရာတော်ဦးဇေဋ္ဌဝံသရုပ်ထုအားဖျက်ဆီးခဲ့ရာ၌ ဥက္ကဋ္ဌဦးဌေးဝင်း(ကွယ်လွန်)လက်ထက်ပန်းချီကားပုံတော်ပြန်လည်ပြုလုပ်ထားသဖြင့်ဘဏ္ဍာစားပေးရန်မလို။ ၃။ရတနာပစ္စည်း(၁၂)မျိုးတိုထုခွဲရောင်းချရာ၌ဦးဌေးဝင်း (ကွယ်လွန်)လက်ထက်ဂေါပကအဖွဲ့နှင့်ဩဝါဒါစရိယဆရာတော်ကြီးများ၊နာယကများအပါအဝင်ကျေးရွာငြိမ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင်များ၏(၁၃-၁၃-၈၉) နေ့စွဲပါအများသဘောတူဆုံးဖြတ်ချက်အရစွယ်တော် တိုတ်၏မဟာဗောဓိစေတီတော်တည်ဆောက်ရာတွင် အသုံးပြုသဖြင့်ဘဏ်ဍာစားပေးရန်မလို။ ၄။မဏ္ဍပ်ကြီး(၆)လုံးဖျက်ဆီးရာ၌ညွှန်ကြားချက်အရလည်းကောင်းတည်ဆဲဥပဒေအရလည်းကောင်း၊ ဥက္ကဋ္ဌဦးခင်အောင်နှင့်အတွင်းရေးမှူးဦးအောင်ပွင့် ကတိဝန်ခံထားပြီးဖြစ်သဖြင့်ဘဏ်ဍာစားပေးရန်မလို။ ၅။စက်ရေတွင်းပုတ်ရာ၌ဦးရှိန်းမောင်၏နေအိမ်ခေါင်း ရင်းဘက်တွင်တည်ရှိသဖြင့်ဦးရှိန်းမောင်ကပျက်စီးမှုကို လုံခြုံအောင်မစောင့်ရှောက်သဖြင့်ဘဏ္ဍာစားပေးရန်မလို ၆။ဘိလပ်မြေ(၂၇)အိတ်ပျက်စီးရာတွင်စောင့်ရှောက်မှုတာဝန်ရှိသောတည်ဆောက်ဂေါပကအဖွဲ့၏တာဝန် မကျေပွန်မှုများဖြစ်သဖြင့်ဘဏ္ဍာစားရန်မလို။ ၇။၁၃၃၇-ခုနှစ်၌စွယ်တော်နှင့်တကွ(၀.၅၂)ဧကမြေကို ဂေါပကအဖွဲ့သို့ဝတ္ထကမြေအဖြစ်ဖြင့်သုဒိန္နသုဂ်ဂဟိတလှူဒါန်းအပ်နှံခဲ့၍စွယ်တော်ဝတ္တကမြေဖြစ်သည်။ ၉။(၂.၅၃)ဧကဇမ္ဗူထိန်လင်းဝတ္တကမြေကိုစွယ်တော်တိုက်သာသနာ့မြေအမည်ဖြင့်ကျရောက်၍အဓမ္မသိမ်း သွင်းခြင်းဖြစ်သည်။ ၁၀။စွယ်တော်တိုက်ဝတ်တကမြေနှင့်ဇမ်ဗူထိန်လင်း ဝတ္တကမြေကိုသုဒိန္နသုဂဟိတမြေဖြစ်၍သာသနာ့မြေ မြောက်သည်။ ၁၁။ဇမိယ်ဗူထိန်လင်းဗုဒ္ဓသန္တကများနှင့်စပ်လျဉ်း၍ ဂိုဏ်းပေါင်းစုံဩဝါဒါစရိယဆရာတော်ကြီးများဩဝါဒဖြင့်ဂေါပကအဖွဲ့သစ်ကိုပြန်လည်ဖွဲ့စည်းပြီးထိန်းသိမ်းစောင့်ရှောက်ရမည်။ ၁၂။ဇမ္ဗူထိန်လင်းဝတ္တကမြေကိုသာသနာ့မြေဖြစ်သည့်အလျောက်၎င်းသာသနာ့မြေ၌နေထိုင်သူအားလုံး လုပ်ထုံးလုပ်နည်း၊ညွှန်ကြားလွှာတို့နှင့်အညီဖယ်ရှားရန် ဆောင်ရွက်ရမည်။ [ဆုံးဖြတ်ချက်ချမှတ်ခြင်း]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ထို့ကြောင့်နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၇/၉၆)ကအောက်ပါဆုံးဖြတ်ချက်အတိုင်းအတည်ပြု ချမှတ်လိုက်သည် - [ဆုံးဖြတ်ချက်]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စောဒကဦးချစ်အောင်၏စောဒနာ(၁၊ ၂၊ ၃၊ ၄၊ ၅)ကို ဘဏ္ဍာစားပေးဆောင်ရန်မလို။ ၂။ဇမ်ဗူထိန်လင်းစေတီတော်ဗုဒ္ဓသန္တကများနှင့်စပ်လျဉ်း ၍ဂိုဏ်းပေါင်းစုံသြဝါဒါစရိယဆရာတော်များပါဝင်ပြီး ဂေါပကအဖွဲ့အသစ်ကိုဖွဲ့လျက်ထိုအဖွဲ့မှဗုဒ္ဓသန္တက သာသနိကအဆောက်အဦးများကိုစည်းမျဉ်းနှင့်အညီ ဩဝါဒါစရိယဆရာတော်များ၏ဩဝါဒအတိုင်း ထိန်းသိမ်းစောင့်ရှောက်စေ။ [နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဥ်/ဘွဲ့တော်/ကျောင်း/ကျောင်းတိုက်/မြို့။ ၁။ဘဒ်ဒန်တနာဂဝံသ (သဘာပတိ) မွန်ပရိယတ္တိစာသင်တိုက်၊ဘားအံမြို့။ ၂။ဘဒ္ဒန္တယောနက(အဖွဲ့ဝင်) မဲလမကျောင်း၊လှိုင်းဘွဲ့မြို့။ ၃။ဘန္တသုဇာတ(အဖွဲ့ဝင်) ခလယ်တောင်ပတ်ကျောင်း၊ကြာအင်းဆိပ်ကြီး။ ၄။ဘဒ္ဓန္တအာဒိစ္စဝံသ (အဖွဲ့ဝင်) သီရိမဏ္ဍိုင်စာသင်တိုက်၊ဘားအံမြို့။ ၅။ဘဒ်ဒန္တဇာနေယျ(အဖွဲ့ဝင်) ခေမာရာမကျောင်း၊ဘားအံမြို့။

                            ပြီးပါပြီ။
၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၃)

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့၊လွှစင်ကုန်းရပ်ကွက်၌ ဖြစ်ပွားသောဦးဓမ်မိကပါ(၂)ဦးနှင့်ဦးသုဘောဂ၀ရပါ (၂)ဦးတို့၏လွှစင်ကုန်းကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်း [လွှစင်ကုန်းကျောင်းသမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဗန်းမောက်မြို့၊လွှစင်ကုန်းကျောင်းကို၁၂၉၉-ခုနှစ်ခန့်က ဗန်းမောက်တောင်ကျောင်းဟုခေါ်တွင်ပြီးမြို့မကျောင်းကိုမူဗန်းမောက်မြောက်ကျောင်းဟုခေါ်ဆိုကြကြောင်း၊ ၁၂၉၉-ခုနှစ်တွင်ဒယူးကျောင်းသိမ်၌ရဟန်းဖြစ်သော ဗန်းမောက်မြို့၊မြို့မကျောင်းဆရာတော်ဘဒ္ဒန္တပဏ္ဍိတ မထေရ်၏ရဟန်းဖြစ်ရက်ချုပ်မှတ်စာအရသိရပါသည်ဟု ဆိုသည်။ ထိုလွှစင်ကုန်းကျောင်းကိုမည်သည့်ခုနှစ်၊မည်သည့်ခေတ် မည်သည့်အချိန်အခါ၊မည်သည့်ပုဂ္ဂိုလ်များကစတင်တည်ထောင်လှူဒါန်း၍မည်သည့်ဆရာတော်ကစတင်ကျောင်းထိုင်ခဲ့သည်ဟုမသိရှိရပေ။ လွှစင်ကုန်းကျောင်းသည်ယခင်အခါကကျေးရွာကျောင်းတစ်ကျောင်းဖြစ်ခဲ့သော်လည်းယခုအခါတွင်လွှစင်ကုန်းရွာကိုရပ်ကွက်တစ်ခုအဖြစ်တိုးချဲ့လိုက်ရာဗန်းမောက်မြို့၏မြို့ကျောင်းတစ်ကျောင်းဖြစ်လာခဲ့ပေသည်။ လွှစင်ကုန်းကျောင်းစတင်ပေါ်ပေါက်လာသည်မှစပြုကာ နေထိုင်လာခဲ့ကြသောကျောင်းထိုင်ဘုန်းကြီးအစဉ် အဆက်ကိုမည်သူမျှကုန်စင်အောင်မသိရှိကြပေ။ သိရှိသမျှသောကျောင်းထိုင်ဘုန်းကြီးအစဉ်အဆက်မှာ ဆရာတော်တော်ဦးဥတ္တမ၊ဆရာတော်ဦးဝိလာသ ဆရာတော်ဦးသုဇာတ၊ဆရာတော်ဦးကေသရ၊ ဆရာတော်ဦးတိဏ်ဏာစာရတို့ဖြစ်ကြသည်။ ဆရာတော်ဦးဝိလာသပြောင်းရွှေ့သွားပြီးနောက်ပိုင်း ဆရာတော်ဦးဥတ္တမ၏ဥပဇ္ဈာယ်ယူတပည့်ဖြစ်သော ဗန်းမောက်မြို့၊မြို့မကျောင်းဆရာတော်ဦးပဏ္ဍိတမှ ဘုန်းတော်ကြီးဦးမြတ်ခိုင်(ခေါ်) ဦးသုဇာတကိုလွှစင်ကုန်းကျောင်း၌ကျောင်းထိုင်ဘုန်းကြီးအဖြစ်တင်မြှောက်ပေးခဲ့သည်။ ဆရာတော်ဦးသုဇာတလက်ထက်၌ကျောင်းဟောင်း မီးလောင်ပျက်စီးခဲ့ရသည်။ယင်းဆရာတော်ဦးသုဇာတ သည်ယာယီကျောင်းမှာပင်ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ဦးသုဇာတကပျံလွန်တော်မူပြီးနောက်ကျောင်း ထိုင်ဘုန်းကြီးလစ်လပ်လျက်ရှိသောလွှစင်ကုန်းကျောင်း ၌နန်းလင်းရွာဇာတိဖြစ်၍ပေကုန်းကျောင်းဆရာတော် ဦးဝိဇယ၏တပည့်ဖြစ်သောဦးကေသရကိုဗန်းမောက်မြို့ ဆရာတော်ဦးပဏ္ဍိတကပင်၁၃၂၁-ခုနှစ်၌ကျောင်းတင်ပေးခဲ့ပြန်သည်။ ဆရာတော်ဦးကေသရလက်ထက်၌ရပ်သူ၊ရွာသားများက ကျောင်းကြီးတစ်ဆောင်စုပေါင်းဆောက်လုပ်၍လှူဒါန်းခဲ့သည်။ယင်းကျောင်းမှာယခုတိုင်တည်ရှိနေသောကျောင်းကြီးဖြစ်သည်ဟုသိရသည်။ ဆရာတော်ဦးကေသရသည်၁၃၅၆-ခုနှစ်၊သီတင်းကျွတ် လဆန်း(၁၀)ရက်နေ့၌တီဘီရောဂါဖြင့်ပျံလွန်တော်မူခဲ့သည်။ဆရာတော်ဦးကေသရပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးကေသရ၏မြေးတပည့်ဖြစ်သူ ဦးတိဏ်ဏာစာရအားမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဖြစ်သောမြို့မဆရာတော်ဦးပဏ္ဍိတကပင်ကျောင်းထိုင်ဘုန်းကြီးအဖြစ်ကျောင်းတင်ပေးခဲ့သည်။ မြို့မဆရာတော်ကြီးဦးပဏ္ဍိတသည်ဦးသုဇာတ၊ ဦးကေသရ၊ဦးတိဏ်ဏာစာရတို့ကိုလွှစင်ကုန်းကျောင်း၌ ကျောင်းထိုင်အဖြစ်တင်မြှောက်ပေးခဲ့လေသည်။ ဦးတိဏ်ဏာစာရသည်၁၃၅၆-ခုနှစ်မှ၁၃၆၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်နေ့အထိကျောင်းထိုင်ဘုန်းကြီးအဖြစ်သီတင်းသုံးနေထိုင်ခဲ့သည်။ ဦးတိစ္ဆာစာရသည်၁၃၆၃-ခုနှစ်၊သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့တွင်လွှစင်ကုန်းရွာသူမကြည်စိန်နှင့်အတူ လွှစင်ကုန်းကျောင်းမှထွက်ခွာသွားသဖြင့်လွှစင်ကုန်းကျောင်း၌ကျောင်းထိုင်ဘုန်းကြီးလစ်လပ်ခဲ့ပြန်သည်။ အချင်းဖြစ်လွှစင်ကုန်းကျောင်း၌ကျောင်းထိုင်ဘုန်းကြီး လစ်လပ်သွားသဖြင့်ရယကဥက္ကဌဦးအောင်မြင့်ဦးဆောင် သောကျေးရွာရှိဒါယကာ(၁၄)ဦးတို့သည်၁၃၆၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့တွင်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊မြနန္ဒာကျောင်းဆရာတော် ဦးသုဘောဂဝရထံသွားရောက်ကြ၍ကျောင်းစောင့်၊ ကျောင်းထိုင်သံဃာတစ်ပါးချမှတ်ပေးရန်လျှောက်ထားကြသည်။လျှောက်ထားလွှာ၌လည်း(၁၄)ဦးစုံညီလက် မှတ်ရေးထိုး၍တောင်းခံခဲ့ကြသည်။ ထိုလျှောက်ထားချက်အရမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်မြို့မဆရာတော်တို့သည် ၁၃၆၃-ခုနှစ်၊သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် မြို့မကျောင်းတိုက်မှသိက္ခာ(၁၅)ဝါရှိဦးဣန္ဒာစာရ (ဓမ္မာစရိယ)အားလွှစင်ကုန်းကျောင်း၌ကျောင်းစောင့်၊ ကျောင်းထိုင်အဖြစ်တာဝန်ပေးအပ်ခဲ့လေသည်။ ဦးဣန္ဒာစာရကျောင်းထိုင်ရန်ကြွလာစဉ်ရွာသူ/ရွာသားများကအိုးစည်၊ဗုံ၊မောင်းတီးခတ်ကြိုဆိုကြသည်ဟု ဆိုသည်။ ကော့မှူးမြို့၌နေထိုင်သောလွှစင်ကုန်းအရပ်သား ဦးစန္ဒာသိရီ(သိက္ခာ-၁-ဝါ)သည်၁၃၆၃-ခုနှစ်၊တန်ဆောင် မုန်းလဆန်း(၁၁)ရက်နေ့တွင်လွှစင်ကုန်းကျောင်းသို့ ပြန်လည်ရောက်ရှိလာသည်။ ဦးစန္ဒာဝရကဦးစန္ဒာသိရီထက်ရက်စော၍ပြန်ရောက်သည်ဟုဆိုသည်။မည်သည့်ရက်ကပြန်ရောက်သည်ကိုမူအတိအကျမသိရပေ။ လွှစင်ကုန်းအရပ်သားဦးပဉ္စင်း(၂)ပါးပြန်ရောက်သည့်နေ့၌မြို့နယ်ဥပတ္ထမ္ဘကဂေါပကမှ(၂၉-၁၁-၂၀၀၁)နေ့စွဲဖြင့်ဦးပဉ္စင်း(၂)ပါးသည်သဘောရိုးဖြင့်လာဟန်မတူကြောင်းလိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးပါရန်မြို့နယ်သာသနာရေးမှူးထံတင်ပြခဲ့သည်။ မြို့နယ်သာသနာရေးမှူး၏လျှောက်ထားချက်အရ မြို့နယ်သံဃနာယကအဖွဲ့သည်တန်ဆောင်မုန်းလဆန်း (၁၄)ရက်၊(၂၉-၁၀-၂၀၀၁)၊ည(၈)နာရီ(၁၅)မိနစ်အချိန်တွင်မြို့မကျောင်းသို့ရောက်ရှိနေသည့်အဖွဲ့ဝင်(၅)ပါးတို့ ညှိနှိုင်းစည်းဝေးကြလျက်အောက်ဖော်ပြပါဆုံးဖြတ်ချက် (၃)ရပ်ချမှတ်ခဲ့ကြသည် - (က)မြို့နယ်သံဃနာယကအဖွဲ့မှအများသဘောဆန္ဒအရ လွှစင်ကုန်းဘုန်းကြီးအဖြစ်အတည်ပြုဆုံးဖြတ်ခဲ့ကြရာ တွင်ဦးဣန္ဒာစာရကိုကျောင်းထိုင်အဖြစ်တာဝန်ပေးအပ် ကြသည်။ (ခ)(၂၇-၁၁-၂၀၀၁)နေ့တွင်ရောက်ရှိနေသောယခင်ကျောင်းထိုင်ဘုန်းကြီးဦးတိဏ်ဏာစာရ၏တပည့်ဦးပဉ္စင်း(၂)ပါးအားမြို့နယ်သံဃနာယကဥက္ကဌမှဆုံးမဩဝါဒပေးရန်ဆုံးဖြတ်ကြပါသည်။ ယင်းဆုံးဖြတ်ချက်အရတန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်၊(၂-၁၂-၂၀၀၁)နေ့၊နံနက်ပိုင်းတွင်လွှစင်ကုန်းကျောင်း၌ရ.ယ.ကလူကြီးများ၊ဂေါပကများ၊ရပ်မိရပ်ဖများ၊သာသနာရေးမှူးတို့တက်ရောက်စေလျက်မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်မှဦးဣန္ဒာစာရနှင့်ဦးပဉ္စင်းငယ်(၂)ပါးတို့အားဆရာတပည့်သဘောထား၍နေထိုင်သွားကြရန်ဩဝါဒပေးခဲ့ပါသည်။ယင်းဩဝါဒပေးမှာ နံနက် (၁၀)နာရီအချိန်တွင်ပြီးဆုံးခဲ့သည်။ နံနက်(၁၀)နာရီ(၁၅)မိနစ်ခန့်အချိန်လောက်တွင် စက်တောကုန်းရိုးကြီးဆရာတော်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဦးပဏ္ဍဝံသ၊ပေကုန်းကျောင်းဆရာတော် ဦးနန္ဒမာ၊နာယကကျောင်းဘုန်းကြီးဦးဓမ္မိကမူလစောဒက တို့ရောက်ရှိလာကြပြီးဗဟိုဝန်ဆောင်ဆရာတော်မှ မ.ယ.ကဥက္ကဋ္ဌ၊မြို့ရဲမှူး၊မြို့နယ်ဆရာဝန်ကြီး၊သာသနာရေးမှူးတို့ကိုခေါ်ယူ၍စတုသန္တကစာချုပ်ကိုအခိုင်အမာ ပြု၍သန္တကဝင်ဦးဓမ္မိကနှင့်ဦးစန္ဒာသိရီတို့ရှိပါလျက် ကျောင်းထိုင်တင်မြှောက်ခြင်းသည်မတရားကြောင်း စသည်ဖြင့်အဓိကရုဏ်းဖြစ်ဖွယ်စကားများကိုပြောဆိုခဲ့ပေသည်။ ထိုသို့ပြောဆိုချက်ကြောင့်တစ်ဖက်တစ်ဖက်ဆူပူအော်ဟစ်မှုများဖြစ်ပွားခဲ့ပြီးမယကဥက္ကဋ္ဌမှတားမြစ်ခဲ့ရပေသည်။ မြို့နယ်သံဃနာယကဥက္ကဌဆရာတော်မှဆုံးဖြတ်ပြီးဖြစ်၍ပြန်လည်ပြင်ဆင်မှုမပြုနိုင်ပါကြောင်းစတုသန္တကစာချုပ်မှာလည်းတရားမဝင်ပါကြောင်းလျှောက်ထားခဲ့လေသည်။ထိုသို့လျှောက်ထားခဲ့သဖြင့်နာယကဘုန်းကြီး ဦးဓမ်မိကသည်(၂၈-၁-၂၀၀၂)နေ့စွဲပါစာဖြင့်လွှစင်ကုန်းကျောင်းကိုမိမိတို့ပိုင်ဆိုင်ကြောင်းရေးသားလျက် တိုင်းသံဃနာယကအဖွဲ့သို့ညှိနှိုင်းပေးပါရန်တင်ပြလျှောက်ထားခဲ့သည်။ စစ်ကိုင်းတိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်မှ (၃၁-၁-၂၀၀၂)နေ့စွဲပါစာဖြင့်ဗန်းမောက်မြို့နယ်သံဃနာယကအဖွဲ့အနေဖြင့်စတုသန္တကဝင်များ၏ဆန္ဒကိုရယူခြင်းမရှိဘဲကျောင်းထိုင်တင်မြှောက်ရန်ဆုံးဖြတ်ခြင်းသည်သံဃနာယကအဖွဲ့အစည်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ရာရောက်ကြောင်းတင်မြှောက်ထားသော ကျောင်းထိုင်ဘုန်းကြီးကိုအမြန်ပြန်လည်ဖယ်ရှား၍ သန္တကဝင်တို့အားလွှစင်ကုန်းကျောင်းကိုပြန်လည်ပေးအပ်ရန်နှင့်ပြန်လည်ရုပ်သိမ်းခြင်းမပြုပါက ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းအရသံဃနာယကအဖွဲ့ဥက္ကဋ္ဌအားစုဒိတကအဖြစ်ထားရှိကာတရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်သံဃနာယကဥက္ကဋ္ဌထံအကြောင်းကြားခဲ့ပေသည်။ ယင်းသို့အကြောင်းကြားပြီးနောက်မြို့နယ်သံဃနာယကဥက္ကဌဆရာတော်မှဦးဣန္ဒာစာရကိုလွှစင်ကုန်းကျောင်းမှ ပြန်လည်ရုပ်သိမ်းမှုမပြုသဖြင့်နာယကကျောင်းဘုန်းကြီး ဦးဓမ္မိကနှင့်ဦးစန္ဒာသိရီတို့က(၁-၅-၂၀၀၂)ခုနှစ်နေ့စွဲဖြင့် စစ်ကိုင်းတိုင်းသံဃနာယကအဖွဲ့သို့လွှစင်ကုန်းကျောင်း ပိုင်ဆိုင်လိုမှုစောဒနာလွှာတင်သွင်းလာသဖြင့်ဤဝိဝါဒါ ဓိကရုဏ်းမှုခင်းစတင်ဖြစ်ပွားပေါ်ပေါက်ခဲ့ရပေသည်။ [မြို့နယ်ဆုံးဖြတ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့၊လွှစင်ကုန်းရပ်၊ လွှစင်ကုန်းကျောင်းတိုက်သည်သံဃိကကျောင်းတိုက်ဖြစ်သည်။ (ခ)ဦးတိဏ်ဏာစာရလူထွက်သွားပြီးနောက်အစောင့် အရှောက်ကင်းမဲ့ချိန်၌၎င်းကျောင်းကိုဦးဣန္ဒာစာရအား ဓုဝဝါသအနုဌာပနီယပြု၍ကျောင်းစောင့်၊ကျောင်းထိုင်အဖြစ်အပ်နှံခြင်းသည်တရားဝင်သည်။ (ဂ)ဦးဣန္ဒာစာရကိုလွှစင်ကုန်းကျောင်းတိုက်၏ရက္ခကဂေါပကကျောင်းထိုင်ဘုန်းကြီးအဖြစ်အသိအမှတ်ပြုသည်။ [တိုင်း-ဆုံးဖြတ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

(က)စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့၊လွှစင်ကုန်းရပ်၊ လွှစင်ကုန်းကျောင်းသည်သံဃိကကျောင်းတိုက်ဖြစ်သည်ဟူသောမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ အဆုံးအဖြတ်ကိုအတည်ပြုတော်မူကြသည်။ (ခ)လွှစင်ကုန်းကျောင်းတိုက်၌အန္တောသီမဋ္ဌကဖြစ်သော ဦးစန္ဒာသီရိသည်ဗဟုပကာရဂုဏ်၊ဂုဏဝိသိဌဂုဏ်တို့တွင် (၂)ပါးစလုံးနှင့်ဖြစ်စေ၊တစ်ပါးပါးနှင့်ဖြစ်စေပြည့်စုံသောသံဃာသံဃာတော်တစ်ပါးပါးအားအပလောကနကံဖြင့် ရက္ခတဂေါပကအဖြစ်ဖြင့်အပ်နှံရမည်။ (ဂ)မအပ်နှံရသေးမီကာလအတွင်းဦးစန္ဒာသီရိသည် လွှစင်ကုန်းကျောင်းတိုက်၌ဓုဝဝါသအနုဌာပနီယအဖြစ်ဖြင့်အေးချမ်းစွာသီတင်းသုံးနေထိုင်နိုင်သည်။ (ဃ)ဦးဣန္ဒာစာရသည်အန္တောသီမဋ္ဌကမဟုတ် ဗဟိသီမဋ္ဌကသာဖြစ်သည့်အတွက်သံဃိကဖြစ်သော လွှစင်ကုန်းကျောင်းတိုက်၌အန္တောသီမဋ္ဌကပုဂ္ဂိုလ်၏ ဆန္ဒအတိုင်းသာနေထိုင်ရမည်။ (င)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၂)၏ ဆုံးဖြတ်ချက်(၂)(၃)တို့ကိုပလပ်ပယ်ဖျက်တော်မူကြသည်။ ယင်းဆုံးဖြတ်ချက်တို့တွင်အပိုဒ် (ခ-ဂ-ဃ-င)တို့ကို မူလစုဒိတကများကကျေနပ်မှုမရှိကြပြန်သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒနာ တင်သွင်းခဲ့ကြရာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၃)ကို ဖွဲ့စည်းလျက်ဤမှုခင်းကိုစစ်ဆေးသုံးသပ်ဆုံးဖြတ်စေခဲ့သည်။ ၆။နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၁၀၃)၏ [သဘောထားရပ်တည်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၃)ဝိနည်း ဓိုရ်ဆရာတော်များသည်မူလစောဒက၊မူလစုဒိတကတို့၏ စောဒနာသောဓနာထွက်ဆိုချက်များနှင့်သက်သေခံစာရွက်စာတမ်းများနှစ်ဘက်သက်သေတို့၏ထွက်ဆိုချက်များ၊အယူခံစောဒနာ၊သောဓနာများ၊ကောလင်းမြို့နယ်သံဃဝိနိစ်ဆယအဖွဲ့အမှတ်(၁/၂၀၀၂)နှင့် စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၃)တို့၏ သုံးသပ်ချက်၊ဆုံးဖြတ်ချက်များကိုသဘာဝကျ/မကျ အသင့်ယုတ္တိရှိ/မရှိဝိနယဓမ္မနှင့်ညီ/မညီအကြိမ်ကြိမ် လေ့လာစစ်ဆေးကြည့်ရှုကြ၍အညီအညွတ်ဆွေးနွေးညှိနှိုင်းကြလျက်ပုဂ္ဂလ-အာမိသနှစ်ဌာနသို့မသက်ဝင် မကပ်ရောက်စေမူ၍အဂတိလေးဖြာကင်းစင်စွာဖြင့် သတိသမ္ပဇဉ်တရားလက်ကိုင်ထားကြကာဝိနည်းတရားတော်နှင့်အညီဤလွှစင်ကုန်းကျောင်းတိုက်ဝိဝါဒါဓိ ကရုဏ်းမှုခင်းကိုစစ်ဆေးသုံးသပ်လျက်ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ (က) ဗန်းမောက်မြို့၊ လွှစင်ကုန်းရပ်၊ လွှစင်ကုန်းကျောင်းကို တပည့်တော်ဓမ္မိကနှင့် စန္ဒာ ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ ၇။မူလစာဒက၊စုဒိတကတို့၏ရယူလိုသောအဆုံးအဖြတ်

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မူလစောဒကဦးဓမ္မိကနှင့်ဦးစန္ဒာသိရီတို့၏ရယူလိုသော အဆုံးအဖြတ်မှာ- (က)ဗန်းမောက်မြို့၊လွှစင်ကုန်းရပ်၊လွှစင်ကုန်းကျောင်းကိုတပည့်တော်ဓမ္မိကနှင့်ဦးစန္ဒာတို့(ဒွိသန္တက)(၂)ပါးပိုင်ကျောင်းအဖြစ်အဆုံးအဖြတ်ချပေးတော်မူပါရန်၊ (ခ)ဗန်းမောက်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်မှမိမိပိုင်ကျောင်းမဟုတ်ဘဲလွှစင်ကုန်းကျောင်းတွင်ကျောင်းတင်ထားသောဦးဣန္ဒာစာရအား ၎င်းဥက္ကဋ္ဌကိုယ်လွှစင်ကုန်းကျောင်းမှပြန်လည်ရုပ်သိမ်းပြီးတပည့်တော်ဥွးဓမ္မိကနှင့်ဦးစန္ဒာသိရိတို့ထံ၌အပ်နှံရမည်ဟုအဆုံးအဖြတ်ပေးတော်မူပါရန်ဟူ၍ဖြစ်ပေသည်။ မူလစုဒိတကဦးသုဘောဂဝရနှင့်ဦးဝိစိတ္တတို့ရယူလိုသော အဆုံးအဖြတ်လိုရင်းမှာ - သံဃိကဖြစ်သောလွှစင်ကုန်းကျောင်းအန္တောသီမ၌ သံဃာတစ်ပါးမျှမရှိသဖြင့်လွှစင်ကုန်းရပ်ကွက်ဒကာများကကျောင်းစောင့်၊ကျောင်းပိုင်သံဃာတစ်ပါးပေးပါရန် တောင်းခံချက်အရကျောင်းထိုင်အင်္ဂါပြည့်ဝ၍ကျောင်းစောင့်၊ကျောင်းထိုင်တင်ထားသောဦးဣန္ဒာစာရအား လွှစင်ကုန်းကျောင်း၊ကျောင်းစောင့်ကျောင်းထိုင်အဖြစ် ထပ်ဆင့်အသိအမှတ်ပြုပေးတော်မူပါရန်ဟူ၍ဖြစ်ပေသည်။ [စတုသန်တကစာချုပ်ကိုစိစစ်သုံးသပ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မူလစောဒကများကဆရာတော်ဦးကေသရပုဂ္ဂလိကပိုင် လွှစင်ကုန်းကျောင်းကိုဆရာတော်ဦးကေသရအပါအဝင် ဦးဓမ္မက၊ဦးတိဏ်ဏာစာရ၊ရှင်စန္ဒာသိရီတို့(၄)ပါးပိုင် စတုသန္တကအဖြစ်၁၃၅၆-ခုနှစ်၊ဝါခေါင်လဆုတ်(၇)ရက်၊ (၂၈-၈-၉၄)နေ့ကပြုလုပ်ခဲ့ပါသည်။ သက်သေများအဖြစ်-(က)နာယကဆရာတော်ဦးဂုဏ၊ (ခ)စက်တောကုန်းရိုးကြီးဆရာတော်၊(ဂ)ပေကုန်း ဆရာတော်၊(ဃ)နာယကကျောင်းဦးကဝိန္ဒနှင့်ရဝတ လွှစင်ကုန်းဂေါပကများရှေ့မှောက်တွင်သုဒိန်န္သုဂ္ဂဟိတမြောက်ပြုလုပ်ထားပါသည်ဟုစောဒနာလျက်စတုသန္တက စာချုပ်ကိုသက်သေခံတင်ပြထားလေသည်။ ယင်းစောဒနာချက်ကိုကောလင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၁၀၂)ကအကျယ်အဝင့်ပြည့်ပြည့်စုံစုံ စိစစ်သုံးသပ်ပြီးလျှင်အချက်(၂၁)ချက်ထောက်ပြလျက် မူလစောဒကတို့တင်ပြသောစတုသန္တကစာချုပ်သည် တရားမဝင်သောစာချုပ်ဖြစ်သည်။မအောင်မြင်သော စတုသန္တကပြုလုပ်ခြင်းဖြစ်သည်ဟုသုံးသပ်ဆုံးဖြတ်ထားသည်။ မြို့နယ်နှင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့များကစတုသန္တကချုပ် အထမမြောက်၊မအောင်မြင်ပုံကိုရှုထောင့်စုံမှစိစစ်ဝေဖန်သုံးသပ်ထားသည်များမှာသဘာဝလည်းကျ၊ဝိနယဓမ္မနှင့်လည်းညီညွတ်လှသည်ကိုတွေ့ရှိရသဖြင့်နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်ထိုအချက်ကိုအကျယ် ချဲ့လျက်သုံးသပ်ပြရန်မလိုအပ်တော့ပေ၊လိုရင်းကို ထုတ်နှုတ်သုံးသပ်ရပါလျှင်- မူလစောဒကများသည်စတုသန္တကစာချုပ်ကိုအခိုင်အမာ ပြုလျက်သန္တကဝင်များဖြစ်ကြသည့်မိမိတို့သာအချင်း ဖြစ်လွှစင်ကုန်းကျောင်းကိုပိုင်ဆိုင်ပါသည်ဟုစောဒနာထားသော်လည်းကျောင်းစတင်တည်ထောင်သည့် ခုနှစ်၊လှူဒါန်းသည့်ဒါယကာ၊လှူဒါန်းပုံအခြင်းအရာ ဆရာတော်အဆင့်ဆင့်ပြောင်းလဲပိုင်ဆိုင်ခဲ့ပုံတို့ကို မိမိရရတင်ပြထွက်ဆိုနိုင်ခြင်းမရှိချေ။ စောဒကပြသက်သေများကလည်း စောဒကတို့၏ စောဒနာချက်ကိုခိုင်မာအောင်ထွက်ဆိုတင်ပြနိုင်မှုမရှိကြ။ လွှစင်ကုန်းကျောင်းတိုက်ကိုစတင်တည်ထောင်သည့် ခုနှစ်နှင့်ကျောင်းထိုင်အဆက်ဆက်ကိုပင်ကုန်စင်အောင် တိတိကျကျမသိရှိဘဲခါးလယ်မှဖြတ်ခါဆရာတော် ဦးကေသရပုဂ္ဂလိကပိုင်ဖြစ်သည်။ဆရာတော်ဦးကေသရကစတုသန္တကပြုလုပ်ပေးအပ်ခဲ့သဖြင့်ယခုအခါမိမိတို့ပိုင်ဖြစ်ပါသည်ဟုဆိုခြင်းသည်လေထဲတိုက်အိမ်ဆောက်သကဲ့သို့ဖြစ်နေချေပြီ။ မူလစောဒကများနှင့်စောဒကပြသက်သေတို့၏တစ်ဦး၌ တစ်ဦးမတူကွဲပြားလွှဲမှားသောထွက်ဆိုတင်ပြချက်များကိုထောက်ဆ၍နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်သက်သေခံစတုသန္တကစာချုပ်သည်မှန်ကန်သောစာချုပ်ဖြစ်သည်ဟုပင်ယုံကြည်ရန်ခက်ခဲလှပေသည်။အချင်းဖြစ်လွှစင်ကုန်းကျောင်းသည်ဆရာတော် ဦးကေသရအမှန်ပင်ပုဂ္ဂလိကပိုင်ဖြစ်၍သက်သေခံ စတုသန်တကစာချုပ်သည်လည်းမှန်ကန်သောစာချုပ်ဖြစ်သည်ဆိုစေကာမူထိုစာချုပ်ပေါ်တွင်ရေးသားထားသောကျောင်းပေးအပ်ပုံစကားရပ်များသည် ဒါနလက္ခဏာအင်္ဂါသုံးနှင့်ပြည့်စုံညီညွတ်မှုမရှိသဖြင့် အပေးမြောက်သောစာချုပ်မဟုတ်အပေးမမြောက်သဖြင့်မူလစောဒကဦးဓမ္မိကနှင့်ဦးစန္ဒာသိရီတို့ပိုင်ဆိုင်ခွင့် မပြန်ပေ။ ထို့ပြင်ကောလင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ထံ၌ မူလစောဒကဦးဓမ္မိကနှင့်စောဒကပြသက်သေဦးနန္ဒမာတို့၏ထွက်ဆိုချက်များကလည်းစတုသန္တကထမြောက်အောင်မှုမရှိကြောင်းအတိအကျထုတ်ဖော်ဝန်ခံလျက်ရှိနေပြန်သည်။ထိုထွက်ဆိုချက်တို့ကိုထုတ်နှုတ်၍ သုံးသပ်ပြပေအံ့။ [မူလစာဒကဦးဓမ္မိက၏ထွက်ဆိုချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဝစီဘေဒဖြင့်နှုတ်မြွက်ပြီးဘယ်လိုပေးခဲ့တာလဲ။ တပည့်တော်မရှိသည့်နောက်ပိုင်းစတုသန္တကပုဂ္ဂိုလ်များကထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှုတ်မြွက်ပြီး ပေးခဲ့ပါသည်။ ထိန်းသိမ်းစောင့်ရှောက်သွားဖို့ဆိုတာဘာကိုဆိုလိုတာလဲ။ လွှစင်ကုန်းကျောင်းကိုစောင့်ရှောက်သွားကြဖို့ဆိုလိုပါ သည်။ [စောပြသက်သေ(၁)ဦးနန္ဒမာ၏ထွက်ဆိုချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စတုသန္တကပြုလုပ်ပုံပြုလုပ်နည်းအရှင့်မျက်မြင်အမိန့်ရှိစမ်းပါ။ဦးကေသရကတပည့်တော်ပျံလွန်တော်မူသွားလျှင်လွှစင်ကုန်းကျောင်းကိုထိန်းထားစောင့်ရှောက်သွားကြဖို့အမိန့်ရှိပါသည်။ ဖော်ပြပါထွက်ဆိုချက်များကဦးဓမ္မကနှင့်ဦးနန္ဒမာတို့ ညှိနှိုင်းတိုင်ပင်ထွက်ဆိုကြသည်ကိုညွှန်ပြနေ၏။ တပည့်တော်မရှိသည့်နောက်ပိုင်းတပည့်တော်ပျံလွန်တော်မူသွားလျှင်ဟူသောစကားရပ်များကသေလွန်သောအခါဖြင့်မှတ်၍ပေးခြင်းအစ္စယဒါနဖြစ်ခြင်းကြောင့် စတုသန်တကအပေးမမြောက်ကြောင်းကိုလည်းအထင် အရှားဖော်ပြနေပြန်သည်။ ထိန်းသိမ်းစောင့်ရှောက်ဟာသောစကားရပ်ဖြင့် လွှစင်ကုန်းကျောင်းသည်ပုဂ္ဂလိကပိုင်ကျောင်းမဟုတ် သံဃိကကျောင်းတိုက်ဖြစ်ကြောင်းကိုလည်းဝန်ခံရာရောက်နေပြန်သည်။ ဖော်ပြခဲ့ပြီးသောအချက်တို့ကိုလေ့လာစိစစ်ကြည့်ရုံမျှဖြင့်ပင်စတုသန္တကစာချုပ်သည်အထမြောက်အောင်မြင်မှုမရှိဘဲလိုရာမပြီးအချည်းနှီးသောစာချုပ်တစ်ခုဖြစ် ကြောင်းအလွန်ပင်ထင်ရှားနေပေသည်။ ထို့ကြောင့်ကောလင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၂)နှင့်စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယဖွဲ့အမှတ် (၁/ ၂၀၀၃)တို့၏စတုသန္တကစာချုပ်သည်အပေး မမြောက်အောင်မြင်မှုမရှိသောစာချုပ်ဖြစ်သည်ဟူသော သုံးသပ်ချက်၊ဆုံးဖြတ်ချက်သည်မှန်ကန်သောသုံးသပ်ဆုံးဖြတ်ချက်ဖြစ်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၂၁/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်ကြပါသည်။ ၉။လွှစင်ကုန်းကျောင်းသည်သံဃိကကျောင်းမှန်/မမှန် [စိစစ်သုံးသပ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ကောလင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၂) နှင့်စစ်ကိုင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၃) တို့ကအချင်းဖြစ်လွှစင်ကုန်းကျောင်းတိုက်သည်သံဃိကကျောင်းဖြစ်သည်ဟုဆုံးဖြတ်ထားပေသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၂)ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်အချင်းဖြစ်လွှစင်ကုန်းကျောင်း သည်မည်သည့်ကျောင်းအမျိုးအစားဖြစ်သည်ကို လေ့လာစိစစ်ကြရာ- (က)ဆရာတော်ဦးကေသရလက်ထက်တွင်စတင်တည် ထောင်ဆောက်လုပ်လှူဒါန်းခဲ့သောကျောင်းမဟုတ်ခြင်း၊ (ခ)ရှေးယခင်နှစ်ပေါင်းများစွာကပင်တည်ထောင်ခဲ့သော ကျောင်းတိုက်ဖြစ်ခြင်း၊ (ဂ)ကျောင်းတိုက်စတင်တည်ထောင်သည့်ခုနှစ်၊ အလှူဒါယကာလှူဒါန်းပုံအခြင်းအရာစတင်ကျောင်းထိုင်ခဲ့သောဆရာတော်နှင့်ကျောင်းထိုင်ဘုန်းကြီးအစဉ်အဆက်တို့ကိုမည်သူမျှတိတိကျကျသိရှိတင်ပြနိုင်မှုမရှိခြင်း၊ (ဃ)မူလစောကဒများကပုဂ္ဂလိကပိုင်ဖြစ်သည်ဟု စောဒနာထားသော်လည်းပိုင်ဆိုင်သမျှအစဉ်အဆက်ကို ပိုင်ဆိုင်ပုံအခြင်းအရာနှင့်သက်သေအထောက်အထား တစ်စုံတစ်ရာကိုမျှတင်ပြထွက်ဆိုနိုင်မှုမရှိခြင်း၊ (င)ကျောင်းထိုင်ဘုန်းကြီးအစဉ်အဆက်ပုဂ္ဂလိကဖြစ် သည်ဆိုခြင်းမှာမှန်ကန်စေကာမူသက်သေခံစတုသန္တကစာချုပ်သည်အပေးမမြောက်မအောင်မြင်သောစာချုပ်ဖြစ်နေခြင်း၊ (စ)နှုတ်မြွက်၍ပေးသည်ယူသည်ဟုထွက်ဆိုထားသော် လည်းအပေးမမြောက်သောအစ္စယဒါနသာဖြစ်နေခြင်း၊ (ဆ)ဆရာတော်ဦးကေသရအားဗန်းမောက်မြို့မကျောင်း ဆရာတော်ဦးပဏ္ဍိတကတာဝကာလိကအပ်နှံထားခြင်းကို သက်သေခံတင်ပြထားသောဆရာတော်ဦးပဏ္ဍိတ၏ မှတ်တမ်းလွှာမိတ္တူအရသိရှိရခြင်းတို့ကိုစစ်ဆေးလေ့လာ သိရှိရပေသည်။ ဖော်ပြခဲ့ပြီးသောအကြောင်းချက်တို့ကိုလေ့လာတွေ့ရှိရသဖြင့်အချင်းဖြစ်လွှစင်ကုန်းကျောင်းသည်ပုဂ္ဂလိကကျောင်းမဟုတ်။မူလသံယိက(သို့)မတသန္တကသံဃိကကျောင်းတိုက်ဖြစ်သည်မှာအလွန်ပင်ပေါ်လွင်ထင်ရှားပေသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်ကြသည်။ ၁၀။ရက္ခက-ဂေါပကကျောင်းထိုင်တင်မြောက်မှုကို [စိစစ်သုံးသပ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

အချင်းဖြစ်လွှစင်ကုန်းကျောင်းတိုက်၌ကျောင်းထိုင် ဦးတိဏ္ဏစာရ၊မကြည်စိန်နှင့်ထွက်ခွာသွားသဖြင့်သံဃာ ကင်းပြတ်ခဲ့သည်။လွှကုန်းရပ်ကွက်ရှိရ.ယ.ကဥက်ကဋ္ဌ ဦးဆောင်သောဒါယကာ(၁၄)ဦးတို့ကဗန်းမောက်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံကျောင်းစောင့်၊ ကျောင်းထိုင်ချထားပေးရန်လျှောက်ထားတောင်းဆိုခဲ့ကြသည်။ ထိုလျှောက်ထားတောင်းဆိုချက်အရမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊မြနန္ဒာဆရာတော်ဦးသုဘောဂဝရ (မူလစုဒိတက)ကဗဟိသီမဋ္ဌကဖြစ်သောဦးဣန္ဒာစာရအားကျောင်းစောင့်၊ကျောင်းထိုင်အဖြစ်တင်မြှောက် ခဲ့သည်။ကောလင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၂)ကအကျယ်သုံးသပ်လျက်ဦးဣန္ဒာစာရအား ကျောင်းထိုင်အဖြစ်အသိအမှတ်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ချက်သည်ဝိနည်းတရားတော်နှင့်လျော်ကန် ညီညွတ်မှုရှိ/မရှိစိစစ်လေ့လာသုံးသပ်လျက်ဆုံးဖြတ်ရမည်ဖြစ်ပေသည်။ သံဃိကကျောင်းတိုက်၊သံဃိကမြေနှင့်စပ်လျဉ်း၍ ဝိနည်းပိဋကတ်တော်၌အကျယ်တဝင့်ပညတ်ထားသော စည်းကမ်း၊နည်းလမ်းဥပဒေများအထင်အရှားရှိပေ၏။ ဤမှုခင်းနှင့်သက်ဆိုင်သောဝိနည်းစည်းကမ်းနည်းလမ်းတို့ကိုသာရွေးထုတ်တင်ပြသုံးသပ်ကြပေအံ့- ဥပစာရသိမ်ဟုခေါ်သောကျောင်းတိုက်အတွင်း၌ အာဝါသိကရဟန်းတော်များရှိကြသော်လည်းထိုရဟန်းတို့တွင်အင်္ဂယုတ္တပုဂ္ဂိုလ်မရှိခဲ့သော်ကျောင်းတိုက်အတွင်း ကြွလာသောအာဂန္တုကရဟန်းတော်ပင်ဖြစ်စေကာမူ လဇ္ဇီပေသလသိက္ခာကာမဗဟုသုတဂုဏ်နှင့်ပြည့်စုံအံ့၊ ထိုအာဂန္တကရဟန်းအားအာဝါသိကရဟန်းတို့ကအရပ် တစ်ပါးသို့မသွားစေဘဲ၊ချီးမြှောက်မှုပြု၍ထိုကျောင်းကို ပေးထိုက်၏။(ဝိ-လင်ဋီ-၈၂) သံဃာ့ထေရ်သည်စကားတစ်စုံတရာမဆိုမူ၍ပျံလွန်တော်မူခဲ့အံ့၊ကျောင်းတိုက်အတွင်းရှိသံဃာသည်လည်းတစ်စုံ တစ်ခုမပြု၊မစီမံအံ့၊ထိုအခြေအနေမျိုးကြုံခဲ့သော် အနီးအနားရှိသာသနာစိတ်ထက်သန်သောဆရာသမားတစ်ဦးဦးကကျောင်းတိုက်အတွင်းရှိအန္တောသီမဋ္ဌက ရဟန်းတော်များထဲမှအင်္ဂယုတ္တရဟန်းတော်ကိုရွေးချယ်ပေးအပ်တိုက်တွန်းရမည်။ကျောင်းတွင်းရှိအန္တော သီမဋ္ဌကရဟန်းတော်များထဲမှာရွေးချယ်၍မရလျှင် ဗဟိသီမဋ္ဌကရဟန်းတော်များထဲမှရွေးချယ်၍ ယင်းရဟန်းတော်ကိုကျောင်းတိုက်အတွင်းဦးစွာသွင်းပြီး အန္တောသီမဋ္ဌကသံဃာ၏အဆိုဆန္ဒအတိုင်းအပလောကန ကံဖြင့်ဓု၀ဝါသအနုဌာပနီယပြု၍ပေးရမည်။ဝိလင်ဋီ၊၈၇၊ ဤသည်တို့ကားလွှစင်ကုန်းကျောင်းတိုက်၊ကျောင်းထိုင်တင်မြှောက်မှုအငြင်းပွားချက်၌စံထား၍သုံးသပ်ဆုံးဖြတ်ရမည့်ဝိနယဥပဒေသတို့ဖြစ်ပေသည်။ ထိုအဆိုအမိန့်များကသံဃိကကျောင်းတိုက်အတွင်း အန္တောသီမဋ္ဌကရဟန်းတော်များရှိကြသော်လည်း အင်္ဂယုတ္တရဟန်းမရှိခဲ့ပါလျှင်ဗဟိသီမဋ္ဌကအင်္ဂယုတ္တရဟန်းအားကျောင်းပေးထိုက်ပုံကိုလည်းကောင်း၊ အာဝါသိကအန္တောသီမဋ္ဌကသံဃာများကြောင့်ကြမဲ့နေကြလျှင်အနီးရှိသာသနာစိတ်ပြည့်ဝသောရဟန်းတော်က စီမံထိုက်ကြောင်းကိုလည်းကောင်းအတိအလင်းညွှန်ပြနေ၏။ ထိုအဆိုအမိန့်များကိုထောက်ဆ၍အာဝါသိကအန္တော သီမဋ္ဌကသံဃာတစ်ပါးမျှမရှိသောသံဃိကကျောင်းတိုက် ၌ဗဟိသီမဋ္ဌကအင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်၍ဓုဝါသ အနုဌာပနီယပြုကာကျောင်းထိုင်တင်မြှောက်ရမည်ဆိုသည်ကိုလည်းအတိအကျမှတ်ယူရမည်ဖြစ်ပေသည်။ ထိုဝိနယဥပဒေကိုထောက်ဆ၍အာဝါသိကအန္တောသီမဋ္ဌကသံဃာတစ်ပါးမျှမရှိသောသံဃိကလွှစင်ကုန်းကျောင်း တိုက်၌သာသနာတော်ကြီးပွားတိုးတက်စေလိုသဖြင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမြနန္ဒာကျောင်းတိုက်ဆရာတော်ဦးသုဘောဂဝရ(မူလစုဒိတက)မှဗဟိသီမဋ္ဌက အင်္ဂသုတ္တဖြစ်သောမြို့မကျောင်းတိုက်မှသိက္ခာ(၁၅)ဝါရှိ ဦးဣန္ဒာစာရ(ဓမ္မာစရိယ)အားရွေးချယ်၍ကျောင်းထိုင်တင်မြှောက်ခြင်းကိုဝိနည်းစည်းကမ်းနည်းလမ်းနှင့်မညီသောဆောင်ရွက်ချက်ဟုမဆိုနိုင်ချေ။ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်မှအင်္ဂယုတ္တမဟုတ်သောဗဟိသီမဋ္ဌကရဟန်းတစ်ပါးပါးကိုသံဃိကလွှစင်ကုန်းကျောင်း၌ကျောင်းထိုင်တင်မြှောက်ခဲ့လျှင်သော်လည်းကောင်း၊အာဝါသိကအန္တောသီမဋ္ဌကရဟန်းများရှိနေပါလျက်အင်္ဂဝိမုတ္တဗဟိသီမဋ္ဌကရဟန်းတစ်ပါးပါးကိုရွေးချယ်ကာအာဝါသိကအန္တောသီမဋ္ဌကရဟန်းတို့၏အလိုဆန္ဒမဟုတ်ဘဲကျောင်းထိုင်တင်မြှောက်ထား ခဲ့သော်လည်းကောင်း၊ထိုဆောင်ရွက်မှုမျိုးကိုသာ ဝိနည်းစည်းကမ်းကိုသွေဖည်ချိုးဖောက်ဆောင်ရွက်သော အဓမ္မကံမျိုးဟုခေါ်ဆိုသတ်မှတ်ရမည်ဖြစ်ပေသည်။ ယခုမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ကျောင်းထိုင်တင်မြှောက်မှုဆောင်ရွက်ချက်သည် ဝိနည်းစည်းကမ်းနည်းလမ်းနှင့်လျော်ကန်ညီညွတ်သော ဆောင်ရွက်ချက်ဖြစ်သည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကသုံးသပ်ကြပါသည်။ ဤနေရာ၌သံဃိကကျောင်းကိုသံဃာကသာအစိုးတရ စီမံခွင့်ရှိသည်ဖြစ်ရာသံဃိကလွှစင်ကုန်းကျောင်း၌ ကျောင်းထိုင်တင်မြှောက်ရာတွင်မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ဦးသုဘောဂဝရ၊မြို့မကျောင်းဆရာတော်ဦးဝိစိတ္တ၊ဦးဣန္ဒာစာရတို့ (၃)ပါးသာကျောင်းတိုက်အတွင်းတည်ရှိနေကြသဖြင့်သံဃာကစီမံခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ကစီမံခြင်းသဘောသက်ရောက်နေရာထိုသို့ဆောင် ရွက်ခြင်းသည်ဝိနည်းတရားတော်နှင့်ဆန့်ကျင်နေသည်မဟုတ်ပါလောဟုစောဒနာဖွယ်ရှိ၏။ဆန့်ကျင်မှုမရှိကြောင်းဖော်ပြလတ္တံ့ပါဝိနယာလင်္ကာရမိန့်ဆိုချက်က အထင်အရှားညွှန်ပြနေ၏ - သံဃာသည်သင်္ကန်းစသောအာမိသတစ်စုံတစ်ခုကိုရ၍ အင်္ဂယုတ္တမဟုတ်သောရဟန်းအားကျောင်းပေးအပ်လို၏ ပုဂ္ဂိုလ်သည်ကားမြတ်စွာဘုရား၏အလိုအားလျော်စွာ အင်္ဂယုတ္တရဟန်းအားကျောင်းပေးလို၏။ ထိုအခြေအနေမျိုး၌ပုဂ္ဂိုလ်သည်လည်းသံဃာ၌ပါဝင်သည်သာဖြစ်သောကြောင့်ဓမ္မကံကိုပြုလုပ်သောပုဂ္ဂိုလ်၏အလိုဆန္ဒအားဖြင့်ကျောင်းကိုပေးထိုက်၏။ သံဃာ၏အလိုဆန္ဒဖြင့်ကျောင်းကိုမပေးထိုက်။ (ဝိ-လင်-ဋီ-၈၇) အချင်းဖြစ်သံဃိကလွှစင်ကုန်းကျောင်းတိုက်ကို ဂေါစရဂါမ်သံဃာများဖြစ်ကြသောဗဟိုဝန်ဆောင် စက်တောကုန်းရိုးကြီးဆရာတော်ပေကုန်းဦးနန္ဒမာ၊ နာယကကျောင်းဦးဓမ္မိကတို့ကဗဟိသီမဋ္ဌကဖြစ်သော လွှစင်ကုန်းရွာဇာတိဦးစန္ဒာသီရိ(၁)ဝါရအားကျောင်းတိုက်ကိုလွှဲအပ်လိုသောဆန္ဒ၊ပိုင်ဆိုင်စေလိုသောဆန္ဒများအပြည့်အဝရှိကြ၏။စတုသန္တကစာချုပ်ကိုအခိုင်အမာပြုလျက်သံဃိကပုဂ္ဂလိကအငြင်းပွားချက်ကသက်သေခံနေသည်။ ထိုသို့သံဃိကကျောင်းကိုအင်္ဂယုတ္တမဟုတ်သော ဦးစန္ဒာသီရိအားစောင့်ရှောက်ခွင့်ပေးလိုခြင်းပြောဆိုပြု လုပ်ဆောင်ရွက်ခြင်းတို့သည်ဗုဒ္ဓအလိုကျဓမ္မကံကို ပြုလုပ်ဆောင်ရွက်သည်မမည်ချေ။ဓမ်မကံမဟုတ်သော ကြောင့်ဂေါစရဂါမ်သံဃာ၏အလိုဆန္ဒအတိုင်းကျောင်းကိုမပေးထိုက်ပေ။ထို့အတူပင်မြို့နယ်သံဃနနာယကဥက္ကဌသည်လည်းမြတ်စွာဘုရား၏အလိုကိုဆန့်ကျင်လျက်အင်္ဂယုတ္တမဟုတ်သောပုဂ္ဂိုလ်ကိုကျောင်းပေးအပ်ခဲ့သော်ထိုဥက္ကဌ၏ဆောင်ရွက်မှုကိုလည်းအဓမ္မကံဟုပင် ဆိုရပေလိမ့်မည်။ ယခုမူသံဃိကလွှစင်ကုန်းကျောင်းတိုက်၌မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌမြနန္ဒာကျောင်းဆရာတော်ဦးသုဘောဂဝရကမိမိ၏တပည့်မဟုတ်သောအင်္ဂယုတ္တဦးဣန္ဒာစာရ၊ သိက္ခာ(၁၅)ဝါ(ဓမ္မာစရိယ)အားကျောင်းထိုင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းသည်မြတ်ဗုဒ္ဓ၏အလိုဆန္ဒနှင့်အညီအင်္ဂသုတ္တပုဂ္ဂိုလ်ကိုရက္ခကဂေါပကအဖြစ်ကျောင်းပေးအပ်ခြင်းဖြစ်ရကားဓမ္မကံကိုပြုလုပ်ဆောင်ရွက်သည် မည်ပေသည်။ဓမ္မကံပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် သံဃာ၌ပါဝင်နေသောဦးသုဘောဂဝရ၏ကျောင်းထိုင်ရွေးချယ်တင်မြှောက်မှုသည်ဝိနယဓမ္မနှင့်ဆန့်ကျင်မှုမရှိ ဝိနည်းတရားတော်နှင့်လျော်ညီသောဆောင်ရွက်မှုမျိုးဖြစ်သည်မှာထင်ရှားလှပေ၏။ တစ်နည်းအားဖြင့်ဝေဖန်သုံးသပ်ရပါလျှင်မြို့နယ်သံဃနာယကအဖွဲ့ဟူသည်သက်ဆိုင်ရာမြို့နယ်အတွင်းရှိ သံဃာတော်များကသံဃာ့ကိစ္စဆောင်ရွက်ရန်သဘောတူရွေးချယ်တင်မြှောက်ထားသောဆရာတော်များဖြစ်သည်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိသံဃာတော်များကသမ္မုတိပေးလျက်အဆင့်ဆင့်ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကဗန်းမောက်မြို့နယ် နာယကအဖွဲ့ကိုအတည်ပြုထားပြီးဖြစ်ပေသည်။ သို့ဖြစ်ရာသံဃာလုံးဝမရှိသောလွှစင်ကုန်ကျောင်းတိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမြနန္ဒာကျောင်းဆရာတော်ဦးသုဘောဂဝရအနေဖြင့်ဗဟိသီမဋ္ဌကအင်ဂယုတ္တဖြစ်သောဦးဣန္ဒာစာရအားကျောင်းတိုက်အတွင်းသွင်းလျက်ကျောင်းထိုင်တာဝန်ပေးအပ်ခြင်းသည်သံဃာအားလုံး၏ကိုယ်စားဆောင်ရွက်ရာရောက်သည်။ သံဃိကလွှစင်ကုန်းကျောင်းကျောင်းထိုင်ရွေးချယ်တင်မြှောက်မှုကိုဥက္ကဋ္ဌ၊ဦးသုဘောဂဝရကမိမိသဘော ဆန္ဒဖြင့်စီမံဆောင်ရွက်သည်မှန်သော်လည်းသံဃာကိုယ်စားဆောင်ရွက်ရာရောက်သဖြင့်ပုဂ္ဂိုလ်ကစီမံသည်ဟုမဆိုနိုင်သံဃာကစီမံဆောင်ရွက်သည်။သံဃာသည် ပင်ရက္ခကဂေါပကအဖြစ်ကျောင်းထိုင်ရွေးချယ်တင် မြှောက်သည်ဟုဆိုရပေမည်။ အာဝါသိကအန္တောသီမဋ္ဌကသံဃာအများရှိနေသော သံဃိကကျောင်းတိုက်ဖြစ်လျှင်မူကားကျောင်းတိုက်ရှိ အန္တောသီမဋ္ဌကသံဃာများကသာစီမံပိုင်ခွင့်ရှိသည်။ ဥက္ကဌဆရာတော်၏သဘောဆန္ဒဖြင့်စီမံဆောင်ရွက်ခွင့် မရှိပေ။ထို့ကြောင့်သံဃာလုံးဝမရှိသောသံဃိက လွှစင်ကုန်းကျောင်း၌မြို့နယ်သံဃနာယကဥက္ကဌအနေ ဖြင့်အင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေးချယ်၍ကျောင်းထိုင်တင် မြှောက်ခြင်းသည်သံဃာသည်ပင်စီမံဆောင်ရွက်သည့် သဘောသို့အထင်အရှားသက်ရောက်နေရကားဝိနည်းတရားတော်နှင့်ဆန့်ကျင်မှုမရှိ၊ဝိနယဓမ္မနှင့်လျော်ကန်သောဆောင်ရွက်မှုမျိုးသာဖြစ်ပေသည်။ အချုပ်အားဖြင့်မြို့နယ်သံဃနာယကဥက္ကဌဦးသုဘောဂဝရ၊အဖွဲ့ဝင်ဦးဝိစိတ္တနှင့်အင်္ဂယုတ္တဖြစ်သောဦးဣန္ဒာစာရတို့သည်သံဃိကလွှစင်ကုန်းကျောင်းတိုက်အန္တောသီမအတွင်းသက်ရောက်တည်ရှိကြ၍ဦးဣန္ဒာစာရအား ကျောင်းထိုင်တင်မြှောက်ခြင်းသည်-ယ​သမိံဝိဟာရေ ဒွေတယောဇနာ ၀သန္တိ၊တေဟိ နိသီဒိတွာ ကတမ္ပိ သံဃေန ကတသဒိသမေ၀။(ဝိ-ဋ္ဌ-၄၊၂၅၄) (၂)ပါး၊(၃)ပါးပြုအပ်သောကံသည်လည်းသံဃာပြုအပ်သည်နှင့်တူသည်သာဟူသောမိန့်မှာချက်အရထမြောက်အောင်မြင်သောကံဖြစ်သောကြောင့်ဦးဣန္ဒာစာရ (ဓမ္မာစရိယ)အားလွှစင်ကုန်းကျောင်းတိုက်၌ရက္ခက ဂေါပကဓုဝဝါသအနုဌာပနီယကျောင်းထိုင်အဖြစ်အတည်ပြုထိုက်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၃)ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်ကြသည်။ [ပေါင်းရှုံးသုံးသပ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

(က)အချင်းဖြစ်လွှစင်ကုန်းကျောင်းတိုက်သည် ရှေးယခင်ကပင်တည်ရှိခဲ့၍စတင်တည်ထောင်သည့်ခုနှစ် လှူဒါန်းသူဒါယကာ၊ကျောင်းထိုင်အစဉ်အဆက်တို့ကိုတိတိကျကျခိုင်ခိုင်မာမာတင်ပြထွက်ဆိုနိုင်မှုမရှိခြင်း (ခ)မူလစောဒကများကပုဂ္ဂလိကဟုစောဒနာသော်လည်း ပိုင်ဆိုင်မှုအစဉ်အဆက်ကိုပိုင်ဆိုင်ပုံအခြင်းအရာ သက်သေအထောက်အထားတစ်စုံတစ်ရာကိုမျှ တင်ပြထွက်ဆိုနိုင်မှုမရှိသည်ကိုတွေ့ရှိရခြင်း၊ (ဂ)ဆရာတော်ဦးကေသရပုဂ္ဂလိကပိုင်မှန်စေကာမူ စတုသန္တကစာချုပ်သည်အပေးအယူမမြောက်သော စာချုပ်ဖြစ်နေသည်ကိုတွေ့ရှိရခြင်း၊နှုတ်ဖြင့်ပေးသည် ယူသည်ဟုထွက်ဆိုထားသော်လည်းအပေးမမြောက်သောအစ္စယဒါနသာဖြစ်နေသဖြင့်မူလသံဃိက (သို့)မတသန္တကသံယိကကျောင်းတိုက်ဖြစ်သည်မှာ ထင်ရှားလျက်ရှိခြင်း၊ (ဃ)မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ ဝင်မြို့မဆရာတော်တို့ကဗဟိသီမဋ္ဌကအင်္ဂယုတ္တ ဖြစ်သောဦးဣန္ဒာစာရ(ဓမ္မာစရိယ)အားအာဝါသိက အန်တောသီမဋ္ဌကသံဃာလုံးဝမရှိသောလွှစင်ကုန်းကျောင်းတိုက်အန္တာသီမအတွင်းသက်ရောက်တည် ရှိနေကြလျက်အပလောကနကံဖြင့်ဓုဝဝါသအနုဌာပနီယပြု၍ကျောင်းထိုင်တင်မြှောက်ခြင်းသည်ဝိနည်းတရားတော်နှင့်လျော်ကန်ညီညွတ်သည်ကိုစစ်ဆေးတွေ့ရှိရခြင်း၊ (င)မူလစောဒကဦးဓမ္မိကသည်နာယကကျောင်း၌ အမြဲနေထိုင်သောအမြဲနေထိုင်သောပုဂ်ဂိုလ်ဖြစ်၍ လွှစင်ကုန်းကျောင်းတိုက်ကိုခံယူခွင့်ငြိမ်းပြီးဖြစ်ခြင်း၊ (စ)မူလစောဒက(၂)ဦးစန္ဒာသီရိသည်လွှစင်ကုန်းဇာတိ၊ လွှစင်ကုန်းကျောင်း၌ယခင်ကနေထိုင်ခဲ့သည်မှန်သော် လည်း၁၃၅၈-ခုနှစ်ခန့်ကပင်လွှစင်ကုန်းကျောင်းတိုက်မှ ဖဲခွာ၍အခြားမြို့ရွာကျောင်းတိုက်တို့၏အမြဲနေထိုင်သူ ဖြစ်နေသည်ကိုတွေ့ရှိခြင်း (ဆ)လွှစင်ကုန်းကျောင်းတိုက်၌ရဟန်းသံဃာကင်းပြတ်နေခြင်းကြောင့်ဗဟိသီမဋ္ဌကအင်္ဂယုတ္တပုဂ္ဂိုလ်ကိုရွေး ချယ်ပေးအပ်ရမည်ဖြစ်ရာမူလစောဒကဦးစန္ဒာသီရိသည် အင်္ဂယုတ္တ-ပရိသုပဌာကဂုဏ်အင်္ဂါများနှင့်ပြည့်စုံမှုမရှိသဖြင့်ရက္ခက-ဂေါပကအဖြစ်ဖြင့်ကျောင်းပေးမှု မပြုထိုက်ခြင်း၊ (ဇ)မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၀၂)၏ သုံးသပ်ဆုံးဖြတ်ချက်များသည်ဝိနည်းတရားတော်နှင့် လျော်ကန်ညီညွတ်မှုရှိသည်ကိုစစ်ဆေးတွေ့ရှိခြင်း၊ (ဈ)စစ်ကိုင်းတိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၃)၏ဆုံးဖြတ်ချက်အပိုဒ်(၂)(၃)(၄)(၅)နှင့်သုံး သပ်ချက်များသည်ဝိနယဓမ္မနှင့်လုံးဝလျော်ကန် ညီညွတ်မှုမရှိသည်ကိုစစ်ဆေးတွေ့ရှိရခြင်း၊ ထိုသို့သောအကြောင်းအခြင်းအရာအချက်အလက်တို့အရနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၁/၂၀၀၃) ဝိနည်းဓိုရ်ဆရာတော်များသည်ဤဝိဝါဒါဓိကရုဏ်းမှုခင်းကိုဝိနယဓမ္မနှင့်အညီတညီတညွတ်တည်းကိုယ်တိုင်လက်မှတ်ရေးထိုးကြလျက်ဖော်ပြလတ္တံ့ပါအတိုင်း ဆုံးဖြတ်တော်မူကြသည် - [ဆုံးဖြတ်ချက်]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)စစ်ကိုင်းတိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၀၃)၏ဆုံးဖြတ်ချက်အပိုဒ်(၂)(၃)(၄)(၅)တို့ကို ပယ်ဖျက်လိုက်သည်။ (ခ)စစ်ကိုင်းတိုင်၊ဗန်းမောက်မြို့၊လွှစင်ကုန်းရပ်၊ လွှစင်ကုန်းကျောင်းတိုက်သည်သံဃိကကျောင်းတိုက်ဖြစ်သည်။ (ဂ)ဦးဣန္ဒစာရအားဓု၀ဝါသာအနုဌာပနီယပြု၍ ကျောင်းစောင့်/ကျောင်းထိုင်အပ်နှံခြင်းသည်တရားဝင် သည်။ (ဃ)ဦးဣန္ဒာစာရကိုလွှစင်ကုန်းကျောင်းတိုက်၏ ရက္ခက-ဂေါပကကျောင်းထိုင်ဘုန်းကြီးအဖြစ် အတည်ပြုသည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဥ်/ဘွဲ့တော်/တာဝန်/ကျောင်း/ကျောင်းတိုက်/မြို့။ ၁။ဘဒ်ဒန်တနာဂဝံသ(သဘာပတိ) မွန်ပရိယတ္တိကျောင်း၊ဘားအံမြို့။ ၂။ဘဒ်ဒန်တအာဒိစ္စဝံသ(အဖွဲ့ဝင်) သီရိမဏ္ဍိုင်ကျောင်း၊ဘားအံမြို့။ ၃။ဘဒ္ဒန္တတေဇိန္ဒ(အဖွဲ့ဝင်) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ဘားအံမြို့။ ၄။ဘဒ္ဓန္တခေမိန္ဒာစာရ(အဖွဲ့ဝင်) မဟာသတိပဌာန်ကျောင်း၊မအူပင်မြို့။ ၅။ဘဒ္ဒန္တဉာဏိန္ဒ(အဖွဲ့ဝင်) သဖန်းကုန်းရွာကျောင်း၊ဟုမ္မလင်းမြို့။

                               ပြီးပါပြီ။
၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~
၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၆၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၄)

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊သရက်တာဆိုက်၌ ဖြစ်ပွားသောဦးကဝိန္ဒပါ(၃)ဦးနှင့်ဦးကုဏ္ဍလပါ(၄)ဦးတို့၏အနောက်စကားဝါပင်ကျောင်းဝါဒါဓိကရှုဏ်းမှုခင်း [အနောက်စကားဝါပင်ကျောင်းသမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊သရက်တောကျောင်း တိုက်အတွင်းရှိအနောက်စကားဝါပင်ကျောင်း၌ စတုသန်တကလေးပါးပိုင်အဖြစ်မှတစ်ပါးတည်းကျန်ရစ်ခဲ့သည်ဖြစ်၍ယင်းစကားဝါပင်ကျောင်း၌ကျောင်းထိုင်အဖြစ်သီတင်းသုံးနေထိုင်တော်မူသောဆရာတော်ကြီး ဦးဝိသုခသည်၁၃၅၇-ခုနှစ်၊တပေါင်းလပြည့်ကျော်(၇) ရက်၊(၁၀-၃-၉၆)တနင်္ဂနွေနေ့တွင်ပျံလွန်တော်မူသွားရာ ယင်းအနောက်စကားဝါပင်ကျောင်းတွင်သီတင်းသုံးနေထိုင်ကြသောရဟန်းတော်များထဲမှဦးကုဏ္ဍလ၊ ဦးပညောဘာသတို့ကိုအနောက်စကားဝါပင်ကျောင်း၏ ပဓာန၊ပထမနာယက၊ဒုတိယနာယကအဖြစ်တင်မြှောက်ကာလမ်းမတော်မြို့နယ်သံဃနာယကအဖွဲ့သို့အသိ အမှတ်ပြုပေးရန်တင်ပြလာသည်ကိုသိရသဖြင့် ယင်းသရက်တောကျောင်းတိုက်အတွင်းရှိစက်တွင်းကျောင်းတွင်သီတင်းသုံးနေထိုင်သောဆရာတော်ဦးကဝိန္ဒကအနောက်စကားဝါပင်ကျောင်းသည်ဆရာတော်ကြီး ဦးဝိသုခထံမှပျံလွန်တော်မမူမီဝိဿာသဂ်ဂါဟအဖြစ်ဖြင့် ခံယူထားသောကြောင့်မိမိပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည်ဟုကန့်ကွက်ပြောဆိုကာ၊လမ်းမတော်မြို့နယ်သံဃနာယကအဖွဲ့သို့အနောက်စကားဝါပင်ကျောင်းသည်မိမိပုဂ္ဂလိကပိုင်ကျောင်းဖြစ်သည်ဟုစောဒနာလွှာတင်သွင်း လာသဖြင့်ဝိဝါဒါဓိကရုဏ်းမှုခင်းစတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ [လမ်းမတော်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ဆုံးဖြတ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

(၁)သရက်တောကျောင်းတိုက်အတွင်းရှိအနောက်စကားဝါပင်ကျောင်းနှင့်ဂရုဘဏ်လဟုဘဏ်ပစ္စည်းများကို ဦးကဝိန္ဒဝိဿာသဂ္ဂါဟယူခြင်းသည်အယူမြောက်၍ ဦးကဝိန္ဒပုဂ္ဂလိကပိုင်ဖြစ်သည်။ (၂)ဦးကုဏ္ဍလပါစုဒိတကများကိုဝိသဂ္ဂဟအဖြစ်ပိုင်ဆိုင်သောဦးကဝိန်ဒ၏သဘောဆန္ဒအတိုင်းစီမံပိုင်ခွင့်ရှိသည်။ [ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့ဆုံးဖြတ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

(၁)လမ်းမတော်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ဆုံးဖြတ်ချက်အမှတ်(၁)ကိုပြင်ဆင်၍ဤသရက်တောကျောင်းတိုက်အတွင်းရှိဆရာတော် ဦးဝိသုခပိုင်သောအနောက် စကားဝါပင်ကျောင်းဂရုဘဏ်၊လဟုဘဏ်ပစ္စည်းများကို ဦးကဝိန္ဒဝိသာသဂ်ဂါဟဖြင့်ယူခြင်းသည်အယူမြောက်၍ ဦးကဝိန္ဒပုဂ္ဂလိကပိုင်ဖြစ်သည်။ (၂)ဆရာတော်ဦးဝိသုခစောင့်ရှောက်ထားသောသံဃိကအဖို့ကိုလည်းဦးကဝိန္ဒစောင့်ရှောက်စီမံပိုင်ခွင့်ရှိသည်။ (၃)လမ်းမတော်မြို့နယ်သံဃဝိနိစ္ဆယဆုံးဖြတ်ချက် အမှတ်(၂)ကိုပြင်ဆင်၍အမှတ်(၃)အဖြစ်ဖြင့်ဝိသာသဂ္ဂါဟဖြင့်ပိုင်ဆိုင်သောဦးကဝိန္ဒသည်အနောက်စကားဝါပင် ကျောင်းကိုမိမိသဘောဆန္ဒအတိုင်းစီမံနိုင်ခွင့်ရှိသည်။ ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၉၇)၏ အဆုံးအဖြတ်ကိုမူလစုဒိတကဦးကုဏ္ဍလ(၄)ပါးတို့ကကျေနပ်မှုမရှိကြ၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံဝင်ရောက်ခဲ့သဖြင့်နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)ကိုဖွဲ့စည်း၍စစ်ဆေးဆုံးဖြတ်စေ ခဲ့သောမှုခင်းဖြစ်သည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)၏ [နှလုံးသွင်းအာသီသ]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ရန်ကုန်မြို့၊သရက်တောကျောင်းတိုက်အတွင်းရှိအနောက် စကားဝါပင်ကျောင်း၏သူနိုင်ကိုယ်နိုင်အပြိုင်ဖြစ်လာသောဝိဟာရအဓိကရုဏ်းမှုခင်းသည်မိမိတို့ထံသို့အမှန်ပင်ရောက်ရှိလာပြီးဖြစ်ပေသည်။ ဤသို့ရောက်ရှိလာသောတာဝန်ကိုမိမိတို့သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)ကလည်းမလွဲမသွေဧကန်အမှန်အားဖြင့်ဆုံးဖြတ်ချက်၊ဝေဖန်ချက်ပေးမှုအဖုံဖုံဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ပေသည်။ ယင်းသို့ထမ်းဆောင်ရာ၌န ဆန္ဒာဂတိ ဂန်တဗ္ဗံစသော ဝိနယဒေသနာကိုရှုဆင်ခြင်၍လည်းကောင်း၊ပုဂ္ဂလ အာမိသနှစ်ဌာနကိုငဲ့ကွက်ရည်သန်စိတ်မထားမူ၍ ဓမ္မသဘာဝရှေးရှုကာဖြင့်လည်းကောင်း၊စောဒက၊ စုဒိတကနှစ်ပက္ခတို့မှအသီးသီးတင်ပြထွက်ဆိုကြသော အဆိုတင်လွှာ၊ချေပလွှာထွက်ဆိုချက်တို့ကိုအရှိအတိုင်းညှိနှိုင်းဝေဖန်ထောက်ဆလေ့လာဖတ်ရှုကြပြီးလျှင် စောဒက၊စုဒိတကတို့အပေါ်၌နစ်နာစေသောသဘော မထားဖြူစင်သောမေတ္တာတရားကရုဏာတရားများထားလျှက်စိစစ်သုံးသပ်ဆုံးဖြတ်ကြပေအံ့။ [စိစစ်သုံးသပ်ပုံအခြင်းအရာ]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

ဤခင်း၌စောဒကနှင့်စောဒကပြသက်သေ၊စုဒိတကနှင့် စုဒိတကပြသက်သေတို့၏စောဒနာလွှာ၊သောဓနာလွှာများနှင့်ထွက်ဆိုအစစ်ခံချက်တို့ကို မြို့နယ်သံဃဝိနိစ္ဆယ၊ တိုင်းသံဃဝိနိစ္ဆယတို့၌အကျယ်အားဖြင့်စိစစ်သုံးသပ်ကြပြီးဖြစ်၍နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇) ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်အကျယ်အားဖြင့်ထပ်မံသုံးသပ်နေလျှင်ဆုံးနိုင်ဖွယ်ရှိမည်မဟုတ်ရကား အဓိကကျလိုရင်းအချက်များကိုသာစစ်သုံးသပ်ဆုံးဖြတ်ကြပါမည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)ဝိနည်းဓိုရ်ဆရာတော်များသည်မြို့နယ်အဆင့်၊တိုင်းအဆင့်တို့၌ စောဒက၏စောဒနာထွက်ဆိုချက်စုဒိတက၏သောဓနာထွက်ဆိုချက်များနှင့်နှစ်ဖက်သက်သေများ၏ထွက်ဆိုတင်ပြချက်များကိုအကြိမ်ကြိမ်အခါခါလေ့လာဖတ်ရှုပြီးနောက်စကားဝါပင်ကျောင်းဝိဝါဒါဓိကရုဏ်းမှုခင်းကို စိစစ်သုံးသပ်ဆုံးဖြတ်ချက်ချပါမည်။ဤဝိဝါဒါဓိကရုဏ်း မှုခင်းကိုလိုရင်းအားဖြင့်စဉ်းစားလျှင်မူလစောဒက ဦးကဝိန္ဒ၏ဝိဿာသဂ္ဂါဟယူခြင်းသည်- ၁။ဝိဿာသဂ္ဂါဟမြောက်/မမြောက် ၂။မတသန္တကသံဃိကအဖြစ်သို့ရောက်မရောက် ဤအချက်တို့ကိုရှေးဦးစွာစဉ်းစားရမည်ဖြစ်ပေသည်။ ထို့တွင်(၁)အချက်ဖြစ်သောဝိဿာသဂ္ဂါဟမြောက်/ မမြောက်ကိုစိစစ်ဖို့ရန်မှာကျမ်းဂန်လာဝိဿာသဂ္ဂါဟသဘောကိုပထမပြဆိုအပ်ပေ၏။ယင်းတို့မှာ- ၁။သန္ဒိဋ္ဌ=မြင်ဖူးကာမျှဖြစ်သောအဆွေခင်ပွန်း ၂။သမ်ဘတ္တ=မြဲမြံသောအဆွေခင်ပွန်း ၃။အာလပိတ=ပန်ကြားပြောဆိုဖွယ်မလိုငါ့ဥစ္စာကို အလိုရှိတဲ့အခါယူလော့ဟုပြောဆိုအပ်ဖူးသော အဆွေခင်ပွန်း။ ၄။ဇီဝတိ=အိပ်ရာ၌လဲနေသော်လည်းဇီဝိတိန်ဒရေမချုပ် မပျက်သေးသမျှကာလပတ်လုံး။ ၅။ဂဟိတေအတ္တမန=ယူသည်ရှိသော်နှစ်သက်တတ်သောစိတ်ရှိသောသူအားဖြင့်အင်္ဂါ(၅)ပါးရှိလေ၏။ သို့ရာတွင်ပြီးမြောက်နိုင်မှုသဘောအားဖြင့်ကား၊ သန္ဒိဋ္ဌ၊သမ္ဘတ္တ၊အာလပိတ၊တစ်ပါးပါးနှင့်ဇီဝတိ၊ ဂဟိတေအတ္တမနနှစ်ပါးတို့ကိုတွဲယူသောအားဖြင့်- (၁)သန္ဒိဌ-ဇီဝတိ-ဂဟိတေအတ္တမန-သုံးပါးပြည့်စုံလျှင်လည်းကောင်း(သို့မဟုတ်) (၂)သမ္ဘတ္တ-ဇီဝတိ၊ဂဟိတေအတ္တမန- သုံးပါးပြည့်စုံလျှင်လည်းကောင်း(သို့မဟုတ်) (၃)အာလပိတ-ဇီဝတိ-ဂဟိတေအတ္တမန-သုံးပါးပြည့်စုံလျှင်လည်းကောင်းကိစ္စပြီးမြောက်၏။ ဝါ-ပြည့်စုံပြီးဖြစ်လေ၏ဟုမှတ်ရပေမည်။ ဘုရားရှင်ကိုယ်တော်တိုင်ခွင့်ပြုချက်ပေးဟောကြားအပ် သောဝိသာသဂ္ဂါဟယူနည်းကိုယခုခေတ်အခါ၌ သေလွန်ခါနီးအချိန်ကျောင်းယူမှု၌သာအထင်အရှား အသုံးပြုနေကြ၏။ အမှန်အားဖြင့်ကားအချိန်အခါမရွေးဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေး၊ရဟန်းတော်အသုံးအဆောင်ပစ္စည်းအားလုံး၌ကုက္ကုစ္စသံသယမဖြစ်စေရန်ခွင့်ပြုပါသည် ဟူသောအဖြစ်ကိုကားမှတ်ရပေမည်။ ယင်းအထက်ပါအကြောင်းအရာတို့ကိုမှတ်သားပြီးနောက် ဝိဿာသဂ္ဂါဟများတွင်သိရန်လွယ်ကူသောအင်္ဂါတို့ကို မပြဆိုတော့ဘဲတစ်ဦးတစ်ယောက်သောသူ၏စိတ်ဝယ်ဝမ်းမြောက်၏ဝမ်းမမြောက်ပါဟူသောအချက်ကို၊ တပါးသူသိရန်အမှန်ခက်ရကားယင်းဂဟိတေအတ္တမန အင်ဂါ၏ပြီးမြောက်မှုကိုရှာဖွေရန်လိုအပ်သဖြင့် ယင်းအင်္ဂါကိုဆက်ပြဆိုပေအံ့။ ထို၌ဥစ္စာရှင်နှစ်သက်သောအခါ၌သာယူအပ်သလော၊ ဥစ္စာရှင်နှစ်သက်မှသာယူသူရရှိပိုင်ဆိုင်ပါသလော ဤအချက်ကိုနှလုံးထားပြီးလျှင်- (က)ဂဟိတေ အတ္တမနောတိ-ဂဟိတေ တုဌစိတ်တော ဟောတိ(ယူအပ်သည်ရှိသော်နှစ်သက်ဝမ်းမြောက်သောစိတ်ရှိ၏)ဤစကားရပ်ဖြင့်ဂတိတေအတ္တမန-အင်ဂါကို ပြသည်ဟုဆိုအပ်၏။ဝါ-ဥစ္စာရှင်ဝမ်းမြောက်ရမည်ဟု ဆိုပါသည်။ (ခ)ဧဝရူပဿသန္တကံ ဂဟိတေ မေ အတ္တမနော ဘဝိဿတိ ဇာနန်တေန ဂဟေတုံ ဝဋ်ဋတိ။ (ဤသို့နှစ်သက်ဝမ်းမြောက်သောသူ၏ဥစ္စာကိုငါယူသည် ရှိသော်ငါ့အားဝမ်းမြောက်သောစိတ်ဖြစ်လတ္တံ့) ဤစကားရပ်ဖြင့်ယူလိုသောသူ၏နှလုံးသွင်းနှလုံးထားကိုပြသည်ဟုဆိုအပ်၏။ ထို့ကြောင့်ဥစ္စာရှင်နှစ်သက်သောအခါ၌သာယူအပ်သည် မဟုတ်ဥစ္စာရှင်နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေငါယူသည်ရှိသော်နှစ်သက်လတ္တံ့ဟုသိလျှင် ပင်ယူအပ်၏။ဝါ။ယူနိုင်၏။ တစ်ဖန်မျက်ကွယ်ယူခြင်း၊မျက်မှောက်ယူခြင်းဟူ၍ လည်းနှစ်မျိုးခွဲခြားနိုင်ရာ၏။ မျက်ကွယ်ယူခြင်း၌ဥစ္စာရှင်သိ၍မနှစ်သက်သော် ဥစ္စာရှင်သေအံ့၊ထိုပစ္စည်းကိုအစိုးရသောသူတို့အားပေးအပ်၏။မသေအံ့ဥစ္စာရှင်အားပြန်ပေးအပ်၏၊နှစ်သက်မူကားအမျက်ထွက်ခြင်းတစ်ဖန်တောင်းသော်လည်းပြန် မပေးအပ်- မျက်မှောက်ယူရာ၌မနှစ်သက်သော်နှုတ်မြွက်၍ တားမြစ်သော်၎င်းမတားမြစ်ခြင်းကြောင့်တစ်ဖန်ပြန်၍ တောင်းခြင်းငှါမရ- ယော ပန န ဇီဝတိ(လ)ပစ္စဟရာပေတုံ နလဘတိ။ (မျက်ကွယ်သာဓက) ယော ပိ အဒါတုကာမော(လ)အယံပစ္စာဟရာပေတုံ လဘတိ(မျက်မှောက်သာဓက)(ဝိ-၁-ဌ-၃၂၇) ဤသို့လျှင်-ဒေသနာစဉ်ကိုမှီငြမ်း၍အမှုတွဲပါအကြောင်း အရာတို့ကိုစိစစ်သုံးသပ်သောအခါ- ဦးကဝိန်ဒ၏ဝိဿာသဒ်ဓါဟယူရာ၌- [သန္ဒိဋ္ဌ-သမ္ဘတ္တ-အာလပိတတို့ကိုစိစစ်သုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

မူလစောဒကဖြစ်သူဦးကဝိန္ဒ၏စောဒနာလွှာ၌ ရန်ကုန်တိုင်း၊လမ်းမတော်၊သရက်တောကျောင်းတိုက်တွင်းရှိအနောက်စကားဝါပင်ကျောင်းသည်ဆရာတော်ကြီးဦးဝိသုခပုဂ္ဂလိကပိုင်ဖြစ်ကြောင်းစာချုပ်ပါပူးတွဲတင်ပြထားသည်။ တပည့်တော်ကဝိန္ဒသည်ဆရာတော်ကြီးဦးဝိသုခ၏ တပည့်ကြီးဖြစ်ပြီး(၄၃)နှစ်ကျော်တိုင်တိုင်အတူနေ၍ ဝတ်ကြီးဝတ်ငယ်ပြုပြီးပျက်စီးနေသောကျောင်းအမိုးများကိုပြုပြင်ခဲ့သည်။ ကျောင်းသံဃပရိဘောဂများကိုလည်းဆရာတော်ကြီး စိတ်တိုင်းကျဖြစ်စေရန်ဆောင်ရွက်ပေးခဲ့ကြောင်း စုဒိတကဦးကုဏ္ဍလပါ(၄)ပါးတို့အားကျောင်းမှနှင်ထုတ်ထားသည်၊သို့ရာတွင်ထွက်ခွာသွားခြင်းမပြုပါကြောင်း အနောက်စကားဝါပင်ကျောင်းမှဆရာတော်ကြီးဦးဝိသုခ သဘောတူခွင့်ပြုချက်အရစစ်ကွင်းကျောင်းကိုလက်ခံပြီးပြောင်းရွှေ့နေထိုင်ကြောင်း၊စစ်ကွင်းကျောင်းသို့ခေါင်း ရိတ်ရန်ကြွလာပြီးရွှေကြိုးကျောင်းဆရာတော် ဦးအာလောကနှင့်ဦးသိန်းနိုင်တို့ရှေ့၌စိတ်ညစ်ကြောင်း ငြီးညူပြောဆိုသည်။ ထိုအခါဦးကဝိန္ဒကစိတ်မညစ်ပါနဲ့တပည့်တော်ရဲ့ ကျောင်းဟာလဲဆရာတော်ရဲ့ကျောင်းဘဲဆရာတော်ကျောင်းဟာလဲတပည့်တော်ရဲ့ကျောင်းဘဲ၊စိတ်ချမ်းသာသလိုသီတင်းသုံးပါဟုလျှောက်ထားရာဆရာတော်ကြီးက အေးငါလဲဒီလိုဘဲသဘောထားကြောင်းဟုဆရာတော်၏ သဘောထားကိုပြဆိုထားကြောင်းဆရာတော်ကြီး ပုဂ္ဂလိကပိုင်နောက်စကားဝါပင်ကျောင်းအာရာမ်ဂရုဘဏ် ၊လဟုဘဏ်ပစ္စည်းများကိုတပည့်တော်ကဝိန္ဒကအသိသက်သေများရှေ့မှောက်၌ဝိသာသဂ္ဂါဟအဖြစ်အလှူခံယူခဲ့သည်။ထိုအချိန်တွင်ဆရာတော်ကြီးသည်သတိ ကောင်းစွာရပါကြောင်းကျောင်းသို့ရောက်၍မကြာမီပျံလွန်ကြောင်းတပည့်တော်ကဝိန္ဒသည်ပင်ဆရာတော် များကိုပင့်ဆောင်၍ဈာပနကိစ္စအဝဝကိုဆောင်ရွက်ခဲ့ကြောင်း၊ရက်လည်ဆွမ်းကပ်လှူပွဲ၌ဆရာတော်သံဃာ တော်နှင့်ဒါယကာများရှေ့မှောက်၌ ဝိဿာသဂ္ဂါဟ ယူထားကြောင်းလျှောက်ထားရာကန်ကွက်သူမရှိ သာဓုသုံးကြိမ်ခေါ်ဆိုအတည်ပြုခဲ့ပြီးဖြစ်ကြောင်း ဦးကုဏ္ဍလပါ(၄)ဦးတို့သည်ဆရာတော်ကြီး၏ဝေယျာဝစ္စများကိုအသက်ရှိစဉ်ကလည်းဆောင်ရွက်ခြင်းမရှိဆေးရုံပို့ရာ၌လည်းပါဝင်ခြင်းမရှိ၊ဈာပန၌လည်းပါဝင်ခြင်းမရှိကြောင်းဦးကုဏ္ဍလပါစုဒိတကများသည်ဆရာတော်ကြီးအသက်ရှိစဉ်ကကျောင်းမှနှင်ထုတ်ထားကြောင်း၎င်းတို့ကိုယ်တိုင်လည်းသံဃနာယကများရှေ့မှောက်၌ဝန်ခံထားပြီးဖြစ်ကြောင်းတင်ပြသည်။ဤသို့လျှင်မူလစောဒက ဦးကဝိန္ဒ၏စောဒနာတင်ပြချက်များကိုတွေ့ရမည်ဖြစ်ပေသည်။ [စောဒက၂-ဖြစ်သူဦးတိလောက၏ထွက်ဆိုချက်၌]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စော-၁နှင့်ဆရာတော်တို့နေထိုင်ဆက်ဆံမှုပုဂ္ဂလသပ္ပါယ မျှတမှုရှိ/မရှိသိသလောက်ပြောပြပါ။ စော-၁နှင့်ဆရာတော်ကြီးသည်ပုဂ္ဂလသပ္ပါယအထူးမျှတမှုရှိကြပါသည်။ ဆရာတော်ကြီးမပျံလွန်မီနှစ်များနှင့်ပျံလွန်ပြီးနောက်ပိုင်း စော-၁ကဆရာတော်ကြီးကျောင်းတွင်ဦးဆောင်၍မည်သို့ပြုမူဆောင်ရွက်အကူအညီပေးခဲ့ပါသည်။ စော-၂ရောက်ရှိသောနေ့မှစ၍စော-၁သည်ဆရာတော်ကြီး၏ဝေယျာဝစ္စ၊ကျောင်း၏ဝေယျာဝစ္စများကိုအထူးတလည်ဆောင်ရွက်ခဲ့ပါသည်။ ပျံလွန်တော်မူပြီးနောက်ပိုင်းမှာလဲဘဲစော-၁ကသာဦးဆောင်၍ကုန်ကျသမျှအဝဝကိုတာဝန်ယူဆောင်ရွက် ပေးခဲ့ပါသည်။ စော-၁၏စောဒနာလွှာအရစော-၁ကိုဆရာတော်ကြီးက ကျောင်းဝေယျာဝစ္စအားလုံးကိုအပ်နှံထားသည်ဟုဆိုရာ ဆရာတော်ကြီး၏လာဘ်လာဘ၊နဝကမ္မဝတ္ထုအဆောင်အားလုံးကိုပါအပ်နှံ၍အတွင်းနေတပည့်အရာမှာထားပါသလား။စော၂သိသလောက်ပြောပြပါ။ ဆရာတော်ကြီး၏အရေးကြီးသောဝတ္ထုပစ္စည်းများကို စော-၁အားအပ်နှံ၍အတွင်းနေတပည့်ကြီးအရာမှာလည်းထားပါသည်ဘုရား။ ဆရာတော်ကြီးဈာပနကိစ္စတွင်စု-၁နှင့်အပေါင်းပါပုဂ္ဂိုလ်များအားမည်သည့်တာဝန်ထမ်းဆောင်စေမှုကိုပေးခဲ့ပါသေးသလား။ မည်သည့်တာဝန်ထမ်းဆောင်မှုကိုမျှမပေးခဲ့ပါ၊ ကျောင်းရှိသံဃာအားလုံးတို့သည်ကိုယ့်အသိနှင့်ကိုယ်သာဆောင်ရွက်ခဲ့ကြပါသည်ဘုရား- ဤသို့ထောက်ခံထွက်ဆိုထားပါသည်။ [စော/ပြသက်သေ(၁)ဖြစ်သူဦးဇော်ထွက်ချက်၌]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အနောက်စကားဝါပင်ကျောင်းသို့ရောက်တာ(၄)နှစ်ကြာပြီ ဖြစ်တော့ဆရာတောကြီးနှင့်စော-၁ဆရာတော်ကြီးနှင့်စု-၁ တို့ဆက်ဆံနေထိုင်ရေးအဆင်ပြေမပြေကိုသင်သိပါသ လား၊သိသလောက်ပြောပြပါ။ ဆရာတော်ကြီးနှင့်စော-၁ကတော့အဆင်ပြေမှုရှိပါသည် ဆရာတော်ကြီးနှင့်စု-၁ကတော့တခါတရံအဆင်ပြေမှုမရှိပါ။ဤသို့ထောက်ခံထွက်ဆိုထားပြီး စောပြသက်သေ၂ဖြစ်သူမောင်စိုးတင့်၏ထွက်ဆိုချက်၌

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

သင်ရောက်ရှိချိန်မှစ၍ဆရာတော်ကြီးနှင့်စော-၁ ဆရာ တော်ကြီးနှင့်စု-၁တို့ဆက်ဆံနေထိုင်ရေးအဆင်ပြေမပြေကိုသင်သိလောက်ပြောပြပါ။ တပည့်တော်ရောက်ချိန်မှစ၍ဆရာတော်ကြီးနှင့်စော-၁တို့ အဆင်ပြေမှုရှိပါသည်။စု-၁နှင့်ကတော့သိပ်ပြီးအဆင် ပြေမှုမရှိပါ၊ဤသို့ထောက်ခံထွက်ဆိုထားသည်ကို တွေ့ရပေမည်။ စုဒိတကဦးကုဏ္ဍလ၊ဦးပညောဘာသတို့ကဦးကဝိန်ဒ၏ စောဒနာလွှာကိုဤကိစ်စများသည်လုံးဝမဟုတ်ပါ၊ လိမ်ညာထားခြင်းသာဖြစ်ကြောင်းသောဓနာထားကြ သော်လည်းမှန်ကန်သောအကြောင်းပြချက်သက်သေ ထောက်ခံချက်ကိုကားမတွေ့ရပါ။ အစစ်ခံထွက်ဆိုချက်၌ကား- စု-၁၏ပြောဆိုမှုအရဝိဿာသဂ္ဂါဟခံယူရာအင်္ဂါမညီ ညွတ်၍မမြောက်ဘူးဟုဆိုရာစော-၁ဝိဿာသဂ်ဂါဟယူချိန်၌စု-၁ ရှိပါသလား။မရှိပါဘုရား။ စော-၁ဝိဿာသဂ္ဂါဟခံယူစဉ်စု-၂အနီးနားမှာရှိပါသလား၊ အနီးမှာမရှိပါ ဤသို့ထွက်ဆိုချက်ကိုမြင်သောအားဖြင့်စုဒိတက ဦးကုဏဍြလ၊ဦးပညောဘာသတို့သညဝြိသာသဂျဂါဟ ယူချိန်မည်သို့မျှအနီး၌မရှိမသိကြဟုမှတ်ရပေသည်။ ထို့ပြင်လည်းမူလစုဒိတကတို့သည်ဆရာတော်ကြီးကို ဆေးရုံတင်စဉ်အနီးကပ်ဆောင်ရွက်မှုကိုထင်ထင်ရှားရှားမတွေ့ရတဆင့်ပြီးတဆင့်ပြောကိုယူ၍ထွက်ဆိုကြသည်ကိုသာတွေ့နိုင်ပေသည်။ ဆရာဝန်၏ပြောကြားချက်ဆိုသည်မှာလည်း၎င်းနေ့က ဆရာဝန်ကြီးသည်အရေးပေါ် ဌာနတွင်တာဝန်ကျပြီး ဆရာတော်ပျံလွန်တော်မူပြီးနောက်တစ်ရက်မှာဆရာဝန်ကြီးသည်ဆေးကုသဆောင်(၁၁-၁၂)မှာတာဝန်ကျနေစဉ် ရေးပေးလိုက်ပါသည်။ ဤစုဒိတကတို့၏ထွက်ချက်အရကြည့်ကအဖြစ်အပျက်ကိုတစ်နေ့ခြားပြီးမှရေးပေးသဖြင့်တိကျခိုင်လုံမှုအပြည့် အဝရှိမရှိကိုယူဆရန်မဖြစ်နိုင်၊နီးစပ်မှုသဘောကိုသာ စဉ်းစားရပေမည်။ ဤသို့အထက်ပါစောဒကတို့၏တင်ပြထွက်ဆိုချက်တို့သည်ခိုင်လုံမှုရှိကြောင်းစုဒိတကတို့၏တင်ပြထွက်ဆိုချက်တို့သည်မရေရာမှုမခိုင်လုံမှုတို့ကိုတွေ့ရသဖြင့် ဝိသာသဂ္ဂါဟယူသူဦးကဝိန္ဒနှင့်ဆရာတော်ကြီးဦးဝိသုခတို့သည်(၄၃)နှစ်တိုင်တိုင်အတူနေ၍ဆရာတော်ကြီး၏ ဝေယျာဝစ္စကျောင်းဝေယျာဝစ္စတို့ကိုသပ္ပါယမျှတစွာ ပြုလုပ်အားထုတ်မှုတို့ဖြင့်တစ်ဦးနှင့်တစ်ဦးသည် သန္ဒိဌသဘောပြည့်စုံလုံလောက်မှုရှိသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်သုံးသပ်ယူဆရပေတော့သည်။ [ဇီဝတိနှင့်ဂဟိတေအတ္တမနသုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

မူလစောဒကဦးကဝိန္ဒ၏စောဒနာလွှာ၌ဆရာတော်ကြီး ပုဂ္ဂလိကပိုင်အနောက်စကားဝါပင်ကျောင်းအာရာမ်၊ ဂရုဘဏ်၊လဟုဘဏ်ပစ္စည်းများကိုတပည့်တော်ကဝိန္ဒက အသိသက်သေများရှေ့မှောက်၌ဝိသာသဟအဖြစ်ခံယူခဲ့ပါသည်။ဝိသာသဂ္ဂဟအဖြစ်ခံယူချိန်တွင်ဆရာတော်ကြီး သည်သတိကောင်းစွာရရှိနေပါသည်ဘုရားဟုစာတမ်းနှင့်တကွတင်ပြသည်။ [အစစ်ခံထွက်ဆိုချက်၌လည်း]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စော-၁၊ဆေးရုံသို့ရောက်ပြီး၊အနောက်စကားဝါပင်ကျောင်းကိုဝိဿာသဂ္ဂါဟယူနေစဉ်ဆရာတော်ကြီး အသက်ထင်ရှားရှိနေသည်(သို့ )ပျံလွန်ပြီးမှယူသလား။အသက်ထင်ရှားရှိစဉ်ယူပါသည်။ ဝိဿာသဂ္ဂါဟယူရာ၌အနီးအနားတွင်အသိသက်သေ ရှိပါသလား၊ရှိလျှင်မည်သူနည်း၊။ ရှိပါသည်အသိသက်သေများမှာမောင်လှတင့်၊ မောင်စိုးတင့်၊မောင်မြတ်ဇော်တို့ရှိပါသည်။ စော-၁သည်ဆရာတော်ကြီး၏ဂရုဘဏ်၊လဟုဘဏ်ပစ္စည်းများကိုအလှူခံရာ၌ဆရာတော်ကြီးကမည်သို့ ပြောသနည်း။ စော-၁ဖြေဆရာတော်ကြီးကခေါင်းညိတ်ပြီး(အင်း)ဟုပြောပါသည်။ ဆရာတော်ကြီး၏အမူအရာကိုကြည့်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟုထင်သလား(သို့)ဝမ်းနည်းနေသည်ဟုထင်သလား။ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟုထင်ပါသည်။ ဤသို့ထွက်ဆိုချက်များကို တွေ့ရပေမည်။ [စောပြသက်သေဦးမြဇော်ထွက်ဆိုချက်၌]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စော-၁ဆရာတော်ကြီးထံမှဝိဿာသဂ္ဂါဟခံယူတော့ ဘယ်အချိန်ဘယ်နေရာမှယူ၍ကောင်းစွာသတိရစကား ပြောနိုင်ပါသေးသလား။ (၇)နာရီ၊(၅)မိနစ်အချိန်အရေးပေါ်ဌာနမှာပင်ယူ၍ ကောင်းစွာသတိရစကားပြောနိုင်ပါသေးသည်။ ဆရာတော်ကြီးကမည်သို့တုံ့ပြန်၍ပြောနိုင်ပါသေးသလဲ အသံနဲ့လား၊အမူအယာနဲ့လား။ ခေါင်းညိတ်၍(အင်း)ဟုပြောဆိုပါသေးသည်။ ဤသို့လျှင်စောပြသက်သေ-၁နှင့်၂တို့ကလည်းအလား တူစွာထွက်ဆိုထားကြပါသည်။ မူလစုဒိတကများအနေနှင့်ကတော့ ဦးကုဏ္ဍလ၏ထွက်ဆိုချက်၌(၇)နာရီမိနစ်(၂၀)ခန့်ဆေးရုံသို့ရောက်ကြောင်း၊ဦးညာဘာသ၏ထွက်ချက်၌(၇)နာရီ ၃၀မိနစ်ခန့်ဆေးရုံသို့ရောက်ကြောင်းကိုလည်းကောင်း၊ ဝိဿာသဂ်ဂါဟယူသည်ကိုမသိကြောင်းကိုလည်း ကောင်း၊အသီးသီးထွက်ဆိုမှုပြုထားကြသဖြင့်ဝိဿာ သဂ်ဂါဟယူချိန်မရောက်လာသေးယူသည်ကိုမသိကြ သဖြင့်ဇီဝတိ ဂဟေတေ အတ်တမနအင်ဂါနှင့်စပ်ဆိုင်၍ မပြောမဆိုမကန့်ကွက်နိုင်ကြောင်းကိုသာတွေ့ရသည်။ ဤသို့သောစော-၁နှင့်တကွသက်သေအသီးသီးတို့၏ ထွက်ဆိုတင်ပြစောက်ခံချက်တို့ကိုကြည့်သောအားဖြင့် ဦးကဝိန္ဒ၏ဝိသာသဂ္ဂါဟယူခြင်းသည်ဇီဝတိ ဂဟိတေ အတ္တမနအင်္ဂါများနှင့်လည်းညီညွှတ်ပြည့်စုံကြောင်းကို သာတွေ့ရပေသည်။ ဤသို့သောစော-၁နှင့်တကွသက်သေအသီးသီတို့၏ထွက် ဆိုတင်ပြထောက်ခံချက်တို့ကိုကြည့်သောအားဖြင့် ဦးကဝိန္ဒ၏ဝိဿာသဂ္ဂါဟယူခြင်းသည်ဇီဝတိ ဂဟိတေ အတ္တမနအင်္ဂါများနှင့်လည်းညီညွတ်ကြောင်းကိုသာတွေ့ရပေမည်။ ထို့ကြောင့်ဦးကဝိန္ဒ၏အနောက်စကားဝါပင်ကျောင်းကို ဆရာတော်ဦးဝိသုခထံမှဝိသာသဂ္ဂါဟအင်္ဂါအရှိတို့နှင့် ညီစှာသန်ဒိဌ၊သမျဘတ်တ၊အာလပိတ၊ဇီဝတိ၊ဂဟိတေ အတ္တမနပြည့်စုံမှုတို့ဖြင့်ယူထားခြင်းကြောင့်အနောက်စကားဝါပင်ကျောင်းအာရာမ်၊ဂရုဘဏ်၊လဟုဘဏ်ပစ္စည်းအရပ်ရပ်သည်ဦးကဝိန္ဒကပိုင်ဖြစ်ကြောင်းကို ဝိနိစ္ဆယဆရာတော်များကမှတ်ယူသုံးသပ်ကြပါသည်။ မတသန္တကသံဃိကအဖြစ်သို့ရောက်မရောက် [သုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ယင်းမှုခင်းဖြစ်သရက်တောကျောင်းတိုက်အနောက်စကားဝါပင်ကျောင်းသည်အထက်ပါသုံးသပ်ချက်တို့ဖြင့် ဦးကဝိန္ဒ၏ဝိသာသဂ္ဂါဟမှုအင်္ဂါပြည့်စုံပြီးမြောက်ခြင်းကြောင့်ပျံလွန်ဆရာတော်ကြီးဦးဝိသုခပုဂ္ဂလိကပိုင်အဖြစ်မှဦးကဝိန္ဒ၏ပုဂ္ဂလိကပိုင်အဖြစ်သို့အမှန်ရောက်ရှိရကား မူလစုဒိတကများတောင်းဆိုသောမတသန္တကသံဃိက ကျောင်းအဖြစ်သည်မည်သို့မျှမဖြစ်နိုင်မရနိုင်ဟုသာ မှတ်ယူသုံးသပ်ကြပါသည်။ ဥပဎဍှသံဃိကဘာဂဝိဟာရဝတထွုမှကေို [စောင့်ရှောက်နိုင်ပုံ]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၉၇) ဆရာတော်များအနေဖြင့်သရက်တောကျောင်းတိုက်မြေကိုစိစစ်သုံးသပ်ရာ၌ဂရန်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသောဆရာတော်များသည်ဂရန်မြကိုမပိုင်ကြစင်စစ် ဤသရက်တောကျောင်းတိုက်သည်သံဃာသာပိုင်သောသံဃိကမြေဖြစ်ကြောင်း- ယင်းသံယိကမြေပေါ်တွင်ကျောင်းဒါယကာဦးထွန်းရင် မိမိပိုင်ပစ္စည်းဖြင့်ဆောက်လုပ်၍ဆရာတော်ဦးဇဝနအား လှူဒါန်းရာကျောင်းသည်ဥပဎ်ဍပုဂ္ဂလိကကျောင်းသာဖြစ်သည်။ တစ်ဖန်ဆရာတော်ဦးဇဝနသည်မိမိပိုင်အနောက်စကားဝါပင်အမည်ရှိကျောင်းကိုဝိနည်းအရာကျွမ်းကျင်လိမ္မာကြသောအောက်မြန်မာနိုင်ငံအထက်မြန်မာနိုင်ငံဝိနိစ္ဆယဌာန တာဝန်ခံဆရာတော်ကြီးနှစ်ပါးအသိသက်သေအဖြစ် လက်မှတ်ထိုးစေ၍ဆရာတော်ဦးဝိသုဒ္ဓ(ဦးဝိသုခ) ဦးစိကြ၊ဦးကုသလတို့နှင့်လေးပါးပိုင်စာချုပ်ထားခြင်းသည်ဝိနည်းကံနှင့်အညီမှန်ကန်ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ ဤသို့စတုသန္တကထဲမှနောက်ဆုံးဦးဝိသုဒ္ဓတစ်ပါးသာကျန်သည်ဖြစ်၍ဥပဎ်ဍပုဂ်ဂလိကကအဘို့ကိုဦးဝိသုဒ္ဓတစ်ပါးတည်းပိုင်ဖြစ်ကြောင်းကိုလည်းကောင်း၊နောက် ထပ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝိနိစ္ဆယလက်စွဲနောက်ဆက်တွဲစာမျက်နှာ(၁၀၈)၌ဥပဎ်ဍသံဃိက ဥပဎ်ဍပုဂ္ဂလိကမူအရဥပဎ်ဍပုဂ်ဂလိကအဖို့အစုကို ပုဂ္ဂလိကနည်းဖြင့်ဝိနည်းကံမြောက်ဝိဿာသဂ္ဂါဟအဖြစ်ဖြင့်ယူလျှင်ရကြောင်းစိစစ်သုံးသပ်ထားခြင်းသည်ဝိနည်းကံနှင့်ညီစွာမှန်ကန်စွာဖြင့်ကျောင်းသမိုင်းဖြစ်စဉ်ကို ပြဆိုထားသည်ဟုသာနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကမှတ်ယူသုံးသပ်ကြပါသည်။ အထက်ပါကျောင်းသမိုင်းဖြစ်စဉ်များအရဥပဎ်ဍသံဃိကဥပဎ်ဍပုဂ္ဂလိကခွဲခြားသောအားဖြင့်ပထမဆရာတော် ဦးဇဝနဒုတိယဆရာတော်ဦးဝိသုခအစဉ်သဖြင့်ရက္ခိတဂေါပိတပုဂ္ဂလိကပိုင်စောင့်ရှောက်သည့်သဘာဝအတိုင်းပင်ယခုဦးကဝိန္ဒစောင့်ရှောက်နိုင်ကြောင်းကိုသာမှတ်ယူကြရပါတော့သည်။ [ဦးကုဏ္ဍလပါ-စုဒိတကများအပေါ်စိစစ်သုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

မူလစုဒိတကများဖြစ်ကြသောဦးကုဏ္ဍလပါပုဂ္ဂိုလ်တို့သည်ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ် ဆရာတော်ကြီးနှင့်လည်းသပ္ပါယဖြစ်ကြသည်မဟုတ်၊ နှင်ထုတ်ခံထားရသောပုဂ္ဂိုလ်များအဖြစ်တည်ရှိနေကြပါသည်။ ယခုအနောက်စကားဝါပင်ကျောင်းကိုဝိဿာသဂ္ဂါဟအဖြစ်ခံယူထားသောဦးကဝိန္ဒနှင့်လည်းဆန့်ကျင်နေထိုင်သောပုဂ္ဂိုလ်များဖြစ်ကြပေသည်။ ဦးကဝိန္ဒသည်မိမိပိုင်ဆိုင်ပြီးဖြစ်သောအနောက်စကားဝါပင်ကျောင်းကိုစီမံစိုးပိုင်အုပ်ချုပ်နိုင်ပေသည်။ ဦးကုဏ္ဍလပါစုဒိတကပုဂ္ဂိုလ်တို့သည်အနောက်စကားဝါပင်ကျောင်းကိုစီမံနိုးပိုင်အုပ်ချုပ်ခွင့်ရှိသောဦးကဝိန္ဒ၏ သဘောဆန္ဒအတိုင်းသာနေထိုင်ရမည်ဟုနိုင်ငံတော် ဝိနိစ်ဆအဖွဲ့အမှတ်(၂၃/၉၇)ဆရာတော်ကတညီတညွတ်တည်းစိစစ်သုံးသပ်တော်မူကြသည်။ [မြို့နယ်တိုင်းဝိနိစ္ဆယများအပေါ် စိစစ်သုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

လမ်းမတော်မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၉၇)နှင့်ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၉၇)တို့၏ ဝိနိစ္ဆယတို့သည်ဓမ္မဝိနယနှင့်ညီစွာမှန်ကန်သောစိစစ်သုံးသပ်ဆုံးဖြတ်ထားသောဝိနိစ်ဆယများဖြစ်ကြသည်ဟုနိုင်ငံတော်ဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)ဆရာတော်က ထပ်မံစိစစ်သုံးသပ်မှုပြုကြသည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စောဒကဦးကဝိန္ဒနှင့်သက်သေတို့၏တင်ပြချက်အစစ်ခံထွက်ဆိုချက်တို့သည်ညီညွတ်တိုက်ဆိုင်မှုရှိကြောင်းတွေ့ရှိရခြင်း၊ ၂။စုဒိတကဦးကုဏ္ဍလပါပုဂ္ဂိုလ်များ၏တင်ပြအစစ်ခံ ထွက်ဆိုချက်များသည်နီးစပ်သောအသိမဖြစ်တစ်ဆင့် ကြားတို့ဖြင့်အမျိုးမျိုးအဖုံဖုံမညီမညွတ်ဖြစ်ကြောင်း ကိုသာတွေ့ရခြင်း၊ ၃။အနောက်စကားဝါပင်ကျောင်းသည်ဥပဎ်ဍ သံဃိကဘာဂ၊ဥပဎ်ဍပုဂ္ဂလိကဘာဂကျောင်းအဖြစ် တွေ့ရခြင်း။ ၄။ဥပဎ်ဍပုဂ္ဂလိကဘာဂကိုယခုအဆက်ဆက်ဝိဿာ သဂ္ဂါဟအဖြစ်ယူခြင်းတိုင်အောင်လွှဲပြောင်းယူခြင်းသည်ဓမ္မဝိနယနှင့်ညီစွာဖြစ်ခဲ့ကြောင်းကိုတွေ့ရခြင်း၊ ၅။မြို့နယ်တိုင်းသံဃဝိနိစ္ဆယအဆင့်ဆင့်တို့သည် ဓမ္မဝိနယနှင့်ညီညွတ်မှန်ကန်စွာစိစစ်သုံးသပ်ဆုံးဖြတ် ထားကြခြင်း။ ဤသို့အထက်ပါစိစစ်သုံးသပ်ဆုံးဖြတ်ချက်တို့ကို ကြည့်ရှုဆင်ခြင်သောအားဖြင့်ရန်ကုန်တိုင်း၊လမ်းမတော် မြို့နယ်၊သရက်တောကျောင်းတိုက်စစ်ကွင်းကျောင်းနေ မူလစောဒကဦးကဝိန္ဒပါ(၃)ဦးနှင့်သရက်တောကျောင်း တိုက်အနောက်စကားဝါပင်ကျောင်းနေမူလစုဒိတက ဦးကုဏ္ဍလပါ(၄)ဦးတို့၏အနောက်စကားဝါပင်ကျောင်း၌ ဖြစ်ပွားသောဝိဟာရဝိဝါဒါဓိကရုဏ်းမှုခင်းကိုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၃/၉၇)ဝိနည်းဓိုရ်ဆရာတော်များသည်အောက်ပါအတိုင်းဆုံးဖြတ်ချက်ကို တညီတညွတ်တည်းဆုံးဖြတ်တော်မူကြပါသည်- [ဆုံးဖြတ်ချက်]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(က)နိုင်ငံတော်အယူခံစောဒက(မူလစုဒိတက) ဦးကုဏ္ဍလပါ(၄)ဦးတို့၏အယူခံစောဒနာလွှာကို ပလပ်ပယ်ချလိုက်သည်။ (ခ)ရန်ကုန်တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁၀/၉၇)၏ ဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြုလိုက်သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

၁။ဘဒ်ဒန်တသီလတဇေ(သဘာပတိ) သိမ်ကျောင်း၊သံဖြူဇရပ်မြို့။ ၂။ဘဒ္ဒန္တဣန္ဒက(အဖွဲ့ဝင်) ကျောင်းကြီးကျောင်း၊ချောင်းဆုံမြို့။ ၃။ဘဒ္ဒန္တသုမန(အဖွဲ့ဝင်) နတ်မှော်ကျောင်း၊မော်လမြိုင်မြို့။ ၄။ဘဒ္ဒန္တကောသိယ(အဖွဲ့ဝင်) မဏ္ဍလာဇေယျကျောင်း၊ကျိုက်မရောမြို့။ ၅။ဘဒ္ဒန္တသောမသိရီ(အဖွဲ့ဝင်) ပညာသိဂီကျောင်း၊ဘီးလင်းမြို့။

                          ပြီးပါပြီ။
၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၁၉၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၅)

မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲရွာ၌ဖြစ်ပွားသောဦးစန္ဒိမာနှင့်ဦးကုမာရပါ(၄) ပါးတို့၏သိမ်းတော်မြောက်ကြောင်းဝိဝါဒါဓိကရုဏ်းခင်း [သိမ်တော်မြောက်ကျောင်းသမိုင်းနှင့်မှုခင်းဖြစ်စဉ်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နှစ်ကျပ်ခွဲကျေးရွာသည်၊မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်ပါဝင်သည်။ နှစ်ကျပ်ခွဲကျေးရွာရှိသိမ်တော်ဘုရားသည်မြို့နယ်တွင်းတန်ခိုးကြီးစေတီတစ်ဆူဖြစ်တော်မူသည်။ သာသနာပြုပုဂံမင်းတို့တည်ထားကိုးကွယ်ခဲ့သည်။ ရဟန္တာအရှင်မြတ်တို့ကဦးစီးနာယကပြုတော်မူကြသည်။ စေတီတော်သည်ကြည်ညိုဖွယ်အပြည့်ဖြစ်သည်။ ဖိနပ်တော်အစခေါင်းလောင်းပုံငှက်မြတ်နားစိန်ဖူးတော်အဆုံးအားလုံးပါသာဒိကဂုဏ်ကိုဆောင်သည်။ အဗ်ဘုတခြင်းရာအစ်ဆရိယခြင်းရာတွေလည်းများစွာရှိသည်။ခေါင်းလောင်းပုံအထက်တက်၍လှုပ်ကြည့်လျှင်စေတီတော်တစ်ဆူလုံးလိုလိုလှုပ်နေသည်ကိုမြင်တွေ့နိုင် သည်။သို့သော်အုတ်၊အင်္ဂတေများအက်ခြင်းမရှိကွဲခြင်း မရှိပကတိပုံမပျက်ပင်တည်နေတော်မူသည်။ စေတီတော်၏ဝန်းကျင်ကပြန့်ပြူးသည်၊ကျယ်ပြောသည် ဝတ္တကမြေပမာဏမှာ(၈.၈၄၀)(၉)ဧကနီးပါးရှိသည်။ သာသနာတော်တွင်အရေးအကြီးဆုံးမှာသိမ်ဖြစ်သည်။ သိမ်သည်အဓိကတည်း၊သိမ်သည်ပဓာနတည်း၊သိမ်ရှိမှသာသနာတော်တည်သည်မည်ပါသည်။ သို့ဖြစ်ပါ၍စေတီ၏ဝန်းကျင်တွင်ရဟန္တာထေရ်အရှင်တို့ကသိမ်တော်တစ်လုံးကိုသမုတ်ခဲ့ကြသည်။ ရှေးခေတ်အားလျော်စွာအင်ကြင်းကျောက်တိုင်ကြီးတို့ကို နိမိတ်တိုင်အဖြစ်ခမ်းခမ်းနားနားစိုက်ထူသွားကြသည်။ ထိုသိမ်တော်ကိုအစွဲပြု၍ဘုရားကိုသိမ်တော်ဘုရားဟုခေါ်တွင်ခဲ့ကြခြင်းဖြစ်ပေသည်။ စေတီတော်ကြီးကလဲ ဆန်းပြားသည်၊သိမ်တော်ကြီးကလည်းခမ်းနားသည်။ ထို့ကြောင့်မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာကသိမ်တော်ဘုရားကိုမြန်မာပြည်အရပ်ရပ်မှလာရောက်ဖူးမြော်ကြည်ညိုကြသူတို့မှာ ယနေ့တိုင်မစဲနိုင်ရှိနေခဲ့ပေသည်။ သိမ်တော်ဘုရားဝတ္တကမြေပေါ်တွင်သိမ်တော်တောင် ကျောင်း၊သိမ်တော်မြောက်ကျောင်းအားဖြင့်ကျောင်း နှစ်ကျောင်းရှိသည်။ (၁)၁၂၄၇-ခုနှစ်ဝန်းကျင်တွင်ဆရာတော်ဦးမဉ္ဇူသည် သိမ်တော်မြောက်ကျောင်းကိုစတင်တည်ထောင်သီတင်းသုံးတော်မူသည်။ (၂)၁၂၅ဝပြည့်နှစ်တွင်ဆရာတော်ဦးလက္ခဏကအရံကျောင်းငယ်တစ်ဆောင်ဆောက်၍ဆရာတော်ဦးမဥ်ဇူနှင့် အတူသီတင်းသုံးတော်မူသည်။ (၃)၁၂၈၁-ခုနှစ်တွင်ဆရာတော်ဦးမညူပျံလွန်တော်မူသည်။ဆရာတော်ဦးလက်ခဏကဆက်လက်၍ သီတင်းသုံးတော်မူသည်။ ထို့နှစ်မှာပင်ဆရာတော်ဦးဥယျကဆရာတော်ဦးလက္ခဏထံခွင့်ပန်၍သိမ်တော်ဘုရားအားထီးတော်တင်လှူသည်။ သုံးနှစ်တိတိဆရာတော်ဦးလက္ခဏနှင့်အတူသီတင်းသုံးပြီးဆရာတော်ဦးညေယျပြန်ကြွသွားပါသည်။ (၄)၁၂၈၄-ခုနှစ်တွင်ဆရာတော်ဦးဝိဇယသိမ်တော် မြောက်ကျောင်းသို့ကြွရောက်လာသည်ကျောင်းဒါယကာ ဦးရန်ရှင်း၊ဦးဆား၊ဦးဖိုးခွားတို့ကသုံးဆောင်တွဲကျောင်းကြီးတစ်ကျောင်းဆောက်ကြသည်။ ဆရာတော်ဦးဝိဇယသည်ရှေးဆရာတော်ဦးဝိဇယသည် ရှေးဆရာတော်ဦးမဥ်ဇူ၊ဦးလက္ခဏတို့သီင်းသုံးခဲ့ကြသော ကျောင်းဟောင်းကိုဘုရားကျောင်းဆောင်အဖြစ်ပြုပြင်ဆောက်လုပ်ကြသည်။ သို့သော်နှစ်ပေါင်ကြော၍ဆွေးမြေ့ဟောင်းမြင်းပြီး ဖြစ်ရကားယခုအခါကျောင်းဟူသောသမူဟပညတ်ကား နိဂုံးသက်သွားချေပြီတကား။ ၅။၁၂၉၅-ခုနှစ်တွင်ဆရာတော်ဦးဝိဇယပျံလွန်တော်မူ သည်။ပျံလွန်တော်မမူမီဆရာတော်ဦးဝိဇယဆရာတော် ဦးဇာဂရအားမိမိပုဂ္ဂလိကပိုင်သုံးဆောင်တွဲကျောင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ သို့ဖြင့်ဆရာတော်ဦးဇာဂရသည်အဆိုပါသုံးဆောင်တွဲ ကျောင်းကိုတစ်ကျောင်းတည်းအဖြစ်ပေါင်းပစ်သည်။ ဦးမထည်၊ဦးဘိုးငွေတို့ကပြုပြင်မွမ်းမံသူဒါယကာများဖြစ်သည်။ (၆)၁၃၁၅-ခုနှစ်တွင်ဆရာတော်ဦးဇာဂရပျံလွန်တော်မူသည်။ပျံလွန်တော်မမူမီဆရာတော်ဦးဇာဂရကဆရာတော်ဦးသုမနုအားမိမိပုဂ္ဂလိကပိုင်ကျောင်းကို နှုတ်ဖြင့်လွှဲပြောင်းပေးခဲ့သည်။ထိုနှစ်မှစ၍ဦးသုမနသီတင်းသုံးပါသည်။ (၇)၁၃၄၄-ခုနှစ်၊ဝါခေါင်လပြည့်ကျော်(၈)ရက်နံနက်(၆) နာရီအချိန်တွင်ဆရာတော်ဦးသုမနသည်မိမိအပါအဝင် ဦးကုမာရ၊ဦးအာစရ၊ဦးကောဏ္ဍည၊ဦးကောဝိဒလေးပါး တို့နှင့်အတူမိမိပိုင်ပစ္စည်းအရပ်ရပ်နှင့်သိမ်တော် မြောက်ကျောင်းကိုသမာနပရိက်ခါရပဉ္စသန္တကအဖြစ် နှုတ်ဖြင့်ပြုလုပ်တော်မူသည်။နှုတ်ဖြင့်ပြုလုပ်သော်ငြားရပ်သိရွာသိဆိုသလိုဖြစ်သည်၊ အချို၊အချဥ်ပွဲတွေနှင့် ဧည့်ခံသည်။ ဦးလွန်၊ဦးထူး၊ဦးချစ်စသောသူတို့ရှေ့မှောက်တွင် ပဉ္စသန္တကပြုလုပ်ခဲ့သည်။ ၁၃၄၄-ခုနှစ်၊တော်သလင်းလဆန်း(၉)ရက်၊နံနက်(၄)နာရီအချိန်တွင်ဆရာတော်ဦးသုနေပျံလွန်တော်မူသဖြင့် သိမ်တော်မြောက်ကျောင်းသည်ယခုအခါစတုသန္တက ဖြစ်လျက်ရှိပါသည်။ [“ကျောင်းစောင့်ဦးစန္ဒိမာ”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ဆရာတော်ဦးသုမနမရှိတော့သည့်နောက်တွင်သိမ်တော်မြောက်ကျောင်းကိုစတုသန္တကဝင်အရှင်တို့က စောင့်ရှောက်ထားကြသည်။ကျောင်းကိုအလုံအခြုံ ပိတ်ထားသည်။ကျောင်းရှိပစ္စည်းတို့ကိုစာရင်းပြုစု၍ ယစတုသန္တကဝင်ဦးကောဝိဒထံအပ်နှံသိမ်းဆည်းထားသည် ၁၃၄၅-ခုနှစ်၊ဝါဆိုလဆန်း(၁၂)ရက်နေ့တွင်ကျေးရွာ ပါတီကောင်စီနှင့်ဂေါပကလူကြီးတို့က ကျောက်ပန်းတောင်းမြို့၊စိတ္တပါလကျောင်းမှဦးစန္ဒိမာကို ကျောင်းတင်ရန်ကြိုးစားကြသည်။ စတုသန္တကဝင်အရှင်တို့ကမူသဘောမတူငြင်းဆန်ကြသည်။ထိုအခြေအနေတွင်ဦးစန္ဒိမာ၏ဆရာမင်းကွန်းဆရာတော်ကြီးဦးသိန်ဓဝကကျောင်းစောင့်အဖြစ်တော့ ဦးစန္ဒိမာအားတစ်နှစ်တစ်ဝါမျှထားပါရန်ဆိုလာသည်။ သို့ဖြင့်သန္တကဝင်အရှင်တို့ကအောက်ပါစည်းကမ်း ငါးချက်တို့ကိုနှုတ်ဖြင့်မြွက်ကြား၍ဦးစန္ဒိမာအား ကျောင်းစောင့်အဖြစ်တာဝန်ပေးလိုက်ပါသည်။ စည်းကမ်းငါးချက်တို့မှာ- (၁)စတုသန္တကပိုင်ကျောင်းကြီးကိုဖျက်ဆီးခြင်း ရွှေ့ပြောင်းခြင်းမပြုရ။ (၂)စတုသန္တကပိုင်ပစ္စည်းများကိုပေးကမ်းခြင်း၊ ရောင်းချခြင်း၊ပေါင်နှံခြင်းမပြုရ။ (၃)စတုသန္တကကျောင်း၌ကျောင်းစောင့်အဖြစ်မနေလို၍ ဖြစ်စေ၊အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ မနေထိုင်လိုပါကကျောင်းတွင်စာရင်းအရရှိပစ္စည်းတို့မှ တပါးမိမိပိုင်ပစ္စည်းတို့ကိုတစ်ပါးတည်းယူဆောင်သွားရမည်၊မယူနိုင်သောပစ္စည်းတို့ကိုနောက်ထပ်တစ်ဖန်ပြန်လည်ယူဆောင်ခြင်းမပြုရ။ (၄)ကျေးရွာရှိမထေရ်ကြီးတို့၏ဩဝါဒကိုအမြဲတစေနာခံ၍နေထိုင်ရမည်။ (၅)ယခုသတ်မှတ်ထားသောစည်းကမ်းချက်တို့ကို ချိုးဖောက်ပါကကျောင်းစောင့်အဖြစ်မှဖယ်ရှားခြင်း ခံရမည်ဟူ၍ဖြစ်ပါသည်။ ထိုစည်းကမ်းငါးချက်တို့ကိုကျေးရွာသံဃနာယကဥက္ကဌနှင့်အကျိုးဆောင်ဆရာတော်တို့လည်းသိကြသည်။ ပါတီကောင်စီ၊ဂေါပကလူကြီးတို့လည်းသိကြသည်။ စတုသန္တကဝင်အရှင်တို့ကရဟန်းနှင့်လူအများ ပရိသတ်တို့ရှေ့မှောက်တွင်နှုတ်ဖြင့်မြွက်ကြား၍ စည်းကမ်းငါးချက်တို့ကိုချမှတ်ပေးကြပါသည်။ ကျောင်းစောင့်ဦးစန္ဒိမာသည်သိမ်တော်မြောက်ကျောင်း၌ တစ်နှစ်တစ်ဝါမကနှစ်နှစ်တာရာသီရောက်ခဲ့ပြီ၊ထိုကာလအတွင်းအငြင်းပွားမှုတွေမကြာမကြာဖြစ်သည်၊ ပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်ခဲ့သည်။ ချမှတ်ထားသောစည်းကမ်းချက်တို့ကို ဖောက်ဖျက်ခဲ့ပါသည်။ စတုသန္တက၀င်ဆရာတော်ဦးကုမာရ၊ဦးအာစရ၊ ဦးကောဏ္ဍည၊ဦးကောဝိဒလေးပါးတို့သည်ကျောင်းစောင့် ဦးစန္ဒိမာ၏အပြုအမူကိုလည်းကောင်း၊အပြောအဆိုကိုလည်းကောင်း၊အနေအထိုင်ကိုလည်းကောင်းအမြဲလေ့လာနေကြသည်။မျက်ခြေပြတ်မခံပဲအကဲခတ် နေကြသည်။ ဦးစန္ဒိမာ၏လုပ်ဆောင်ချက်တို့မှာကျေနပ်စရာမရှိ အဂါရဝ၊အပ္ပဋိဿဝသဘောတွေထူပြောခဲ့သည်။ သို့ဖြင့်စတုသန္တကဝင်အရှင်တို့ကစောဒကပြုလုပ်၍ ၁၃၄၈-ခုနှစ်တော်သလင်းလပြည့်ကျော်(၈)ရက် (၂၆-၉-၈၆) နေ့တွင်ကျောက်ပန်းတောင်းမြို့နယ်သံဃနာယကအဖွဲ့သို့အောက်ပါအတိုင်းတိုင်ကြား လျှောက်ထားကြပါသည်- (၁)စတုသန္တကလေးပါးဆိုင်ကျောင်းကြီးကိုမူလနေရာသို့ ပြောင်းရွေ့ပေးစေရန်။ (၂)ဤနေရာ၊ဤဝတ္တကနယ်မြေမှအမြန်ဆုံးပြောင်းရွေ့သွားစေရန်ဟူ၍ဖြစ်သည်။ ယင်းတိုင်ကြားလျှောက်ထားချက်အရမြို့နယ်သံဃနာယကအဖွဲ့ကမြို့နယ်ဝိနိစ္ဆယအဖွဲ့အမှတ်(၂)ကို ဖွဲ့စည်းပေးခဲ့ပါသည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၂)ဝိနည်းဓိုရ်ဆရာတော်ကြီးများကအဆိုပါတိုင်ကြားလျှောက်ထားလွှာကိုဤသို့ဝိနိစ္ဆယချမှတ်ဆုံးဖြတ်တော်မူကြပါသည်။ [ဆုံးဖြတ်ချက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)သိမ်တော်မြောက်ကျောင်းသည်မတသန္တကသံဃိကဖြစ်၍မိမိကျောင်းတိုက်အတွင်းမှာပင်နေရာရွှေ့ပြောင်းဆောက်လုပ်သည်ဖြစ်သောကြောင့်သံဃိကအဖြစ်ဖြင့် နေရာပြောင်းဆောက်လုပ်နိုင်သည်။ (၂)ဦးစန္ဒိမာသည်နှစ်ကျပ်ခွဲကျေးရွာရှိဆရာတော်ကြီး တို့ကိုရိုသေမှုဂါရဝတရား၊ကျိုးနွံတုပ်ဝပ်မှုသပ်ပဋိဿဝ တရားများကိုလိုက်နာကျင့်သုံး၍သိမ်တော်မြောက်ကျောင်း၌ရက္ခက+ဂေါပကအဖြစ်နေထိုင်ရန်ဟူ၍ ဆုံးဖြတ်ကြပါသည်။ စတုသန္တက၀င်အရှင်တို့သည်ကျောက်ပန်းတောင်းမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂)၏ဆုံးဖြတ်ချက်ကိုမနှစ်သက်သဖြင့်မန္တလေးတိုင်းသံဃနာယကအဖွဲ့သို့ တစ်ဆင့်တက်သည်။ အယူခံဝင်ကာစောဒနာစကားတိုင်ကြားလျှောက်ထား ပြန်ပါသည်။ယင်းတိုင်ကြားချက်အရမန္တလေးတိုင်း သံဃနာယကအဖွဲ့မှမန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(ဒု/က-၁၅)ကိုဖွဲ့စည်း၍ဆုံးဖြတ်စေခဲ့ပါသည်။ ဆုံးဖြတ်ချက်မှာဤသို့ဖြစ်ပါသည်- [ဆုံးဖြတ်ချက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

(၁)ကျောင်းမြေသည်စေတိယသန္တကဖြစ်သည်။ (၂)သိမ်တော်မြောက်ကျောင်းသည်ဦးကုမာရ၊ဦးအာစရ၊ ဦးကောဏ္ဍည၊ဦးကောဝိဒတို့လေးပါးပိုင်စတုသန္တကကျောင်းဖြစ်သည်။ (၃)ဦးစန္ဒိမာသည်ဤသိမ်တော်နောက်ကျောင်း၌ စတုသန္တက၀င်ဆရာတော်များကဆက်လက်၍ ထားလိုပါမှနေထိုင်ခွင့်ရှိသည်၊အကယ်၍မထားလိုက မိမိပိုင်ပုဂ္ဂလိကပစ္စည်းများကိုသာယူဆောင်၍ ထွက်သွားရမည်။ (၄)ကျောင်းသစ်ဆောက်လုပ်ရန်အလှူခံထားသော မိမိလက်ထက်ပွားသစ်၊သံ၊ဘိလပ်မြေ၊အုတ်စသောအဆောက်အဦပစ္စည်းများသည်ပုဂ္ဂလိကအလှူခံ ထားသောပစ္စည်းဖြစ်ပါကယူဆောင်၍သွားနိုင်သည်။ ကျောင်းသံယိကပစ္စည်းများဖြစ်ပါကထားခဲ့ရမည်ဟူ၍ ဖြစ်ပါသည်။ [“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

မူလစုဒိတကဦးစန္ဒိမာသည်မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့၏အထက်ပါဆုံးဖြတ်ချက်တို့ကိုမနှစ်သက်သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့တစ်ဆင့်တက်ခဲ့သည်။(၁၆-၁၁-၈၇)နေ့စွဲဖြင့်အောက်ပါအချက်တို့ကို ထောက်ပြပြီးအယူခံစောဒနာလွှာတင်သွင်းခဲ့ပါသည်။ မူလစုဒိတကက(အယူခံစောဒက)ဦးစန္ဒိမာ၏ စောဒနာချက်များမှာ- (၁)မတသန္တကသိမ်တော်မြောက်ကျောင်းကိုပုဂ္ဂလိကဟုဆုံးဖြတ်ထားခြင်း၊ (၂)အထောက်အထားမရှိသည့်စတုသန္တကကို အခိုင်အမာယူ၍ဆုံးဖြတ်ခြင်း၊ (၃)စုဒိတကနှင့်စုဒိတကပြသက်သေတို့၏ ထွက်ချက်များကိုသာသုံးသပ်ခြင်း၊ (၄)စောဒကပြသက်သေတို့ကိုသာရုံးခေါ်သက်သေပြုလုပ်၍စုဒိတက၏ရန်သူကူဋသက်ခိတို့၏စကားကို ပဓာနထား၍သုံးသပ်ဆုံးဖြတ်ခြင်း၊ (၅)ဝိနည်းဓိုရ်ဆရာတော်များကွင်းဆင်း၍တွင်းမဆရာတော်ကြီးအားစစ်ဆေးရာတွင်မျက်ကွယ်၌ စစ်ဆေးပြီး၊ထိုတွင်းမဆရာတော်ကြီး၏စကားကို ပဓာနထား၍ဆုံးဖြတ်ခြင်း၊ (၆)သံဃိကကျောင်းမှအန္တာသီမဋ္ဌကကိုနှင်ထုတ်ခြင်းဟူ၍ဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်အဆိုပါမန္တလေးတိုင်းကျောက်ပန်းတောင်းမြို့နယ်၊နှစ်ကျပ်ခွဲ ကျေးရွာသိမ်တော်မြောက်ကျောင်း၌ဖြစ်ပွားသော စတုသန်တကသံဃိကဝိဟာရအငြင်းပွားဝိဝါဒါဓိ ကရုဏ်းမှုခင်းကိုအပြီးသတ်ရှင်းဆုံးဖြတ်ပေးရန် (၃၀-၃-၈၈)နေ့ကနိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့အမှတ် (၂၆/၈၈)ကိုအမှုတွဲနှင့်တကွလွှဲပြောင်းပေးအပ်တော်မူ ခဲ့ပါသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈)က ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်လည်း န စ အာမိသံ နိဿယ၊ န စ နိဿယ ပုဂ္ဂလံ။ ဥဘော ဧတေ ဝိဝဇ်ဇေတွာ၊ ယထာ ဓမ္မော တထာ ကရေ။ တံစိုးလက်ဆောင်အာမိသကိုမှီ၍မဆုံးဖြတ်ရာ၊ဥပဇ္ဈာယ်စသောပုဂ္ဂိုလ်ကိုမှီ၍မဆုံးဖြတ်ရာထိုအာမိသ၊ပုဂ်ဂလ နှစ်ပါးတို့ကိုကြဉ်ထား၍ဟုတ်မှန်သောသဘောတည်နိုင်လောက်သောအခြင်းအရာအားဖြင့်ဆုံးဖြတ်ရာ၏ ဟူသောပရိဝါပါဠိတော်(၂၀၄)နှင့်အညီပစ္စယအာမိသနှင့် ပုဂ္ဂလမငဲ့အဂတိတရားလေးပါးကြဉ်ဖယ်ထားကြကုန်လျက်ယထာဓမ္မဝိနယနှင့်အညီသာသုံးသပ်ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ ဤအချင်းဖြစ်မှုခင်းကိုသုံးသပ်ဆုံးဖြတ်ရာ၌တိုင်းသံဃဝိနိစ္ဆယအဖွဲ့နှင့်မြို့နယ်သံဃဝိနိစ်ဆယအဖွဲ့တို့၌စောဒက စုဒိတကသက်သေတို့၏ထွက်ဆိုချက်များမှပဓာနအဓိက ကျသောအချက်များထွက်ပေါ်လာသည်ယင်းတို့မှာ (၁)ကျောင်းမြေသည်စေတိယသန္တကမြေဖြစ်သည်ဟုသောဆုံးဖြတ်ချက်ကိုထည့်သွင်းဆုံးဖြတ်သင့်/မသင့် (၂)သိမ်တော်မြောက်ကြောင်းသည်စတုသန္တကကျောင်းဖြစ်သည်ဟုဆုံးဖြတ်သင့်/မသင့် (၃)ဦးစန္ဒိမာကိုနှင်ထုတ်သင့်/မသင့်ဟူ၍ဖြစ်သည်။ [“အမှတ်(၁)ကိုစိစစ်သုံးသပ်ချက်”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(ဒု/က-၁၅)သည် သိမ်တော်မြောက်ကျောင်း၏တည်ရာမြေကိုစေတိယ သန္တကမြေဟုထည့်သွင်းဆုံးဖြတ်ထားသည်။ ယင်းဆုံးဖြတ်ချက်သည်မူလစောဒနာတွင်မပါဝင်၊ မပါဝင်သောကြောင့်အယူခံစောဒကဦးစန္ဒိမာကအပိုဟုအထင်ရှိခဲ့ပေသည်။ မြေသည်ထာဝရဖြစ်၍ကျောင်းသည်ဇင်္ဂမဖြစ်သည်၊ မြေသည်ဌာနဖြစ်၍ကျောင်းသည်ဌာနီဖြစ်သည်။ ဌာနီဟူသည်ဌာနနှင့်မကင်းနိုင်၊ကျောင်းသည်မြေနှင့် မကင်းနိုင်၊ကျောင်းတည်းဟူသောမကင်းတက်သည်ကို ဆိုသဖြင့်မြေတည်းဟူသောမကင်းရာကိုလည်းရရှိနိုင်သောကြောင့်အဝိနာဘာဝနည်းအားဖြင့်သိမ်တော်မြောက်ကျောင်း၏ဝိဝါဒါဓိကရုဏ်းမှုခင်းတွင်ထာဝရလည်းဖြစ်၊ ဌာနလည်းဖြစ်မကင်းရာလည်းဖြစ်သောတည်ရာမြေအရပ်ကိုချန်လှပ်မထားသင့်ပေ။ ထို့ကြောင့်စေတိယသန္တကမြေဟုထည့်သွင်းဆုံးဖြတ်ထားသောမန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့၏အဆုံး အဖြတ်သည်အပိုမဟုတ်၊ထည့်သွင်းဆုံးဖြတ်သင့်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈) ဝိနည်းဓိုရ်ဆရာတော်တို့ကတညီတညွတ်တည်း သုံးသပ်တော်မူကြသည်။ [“စေတိယသန္တကဟူသည်”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စေတိယဿ ပဒီပတ္ထာယ ဝါ ခဏ္ဍဖုလ္လပဋိသင်္ခါ ရဏတ္ထာယ ဝါ ဒိ​ေန္နာ အာရာမောပိ ပဋိဇဂ်ဂိတဗ်ဗော၊ ဝေတနံ ဒတွာပိ ဇဂ်ဂါပေတဗ်​ဗော၊ဝေတနဉ္စ ပနေတ္ထ စတေိယသန်တကမျပိ သံဃသန်တကမွှေ ဒါတုံ ဝဋတိ။ စေတီတော်အားဆီမီးပူဇော်ခြင်းအကျိုးငှာလည်းကောင်း ကျိုးသည်ပြတ်သည်တို့ကိုပြုပြင်ခြင်းအကျိုးငှာလည်း ကောင်း၊ပေးလှူအပ်သောအာရာမ်ကိုလည်းသုတ်သင်ရှင်းလင်းအပ်၏။အဖိုးအခကိုပေး၍သော်လည်းသုတ်သင်ရှင်းလင်းစေအပ်၏။အဖိုးအခကိုပေး၍ သုတ်သင်ရှင်းလင်းစေရာ၌စေတီတော်၏ဥစ္စာကိုလည်း ကောင်း၊သံဃာတော်၏ဥစ္စာကိုလည်းကောင်းပေးခြင်းငှါအပ်၏။ စေတီတော်ကိုမွမ်းမံပြုပြင်ရန်အတွက်ရဟန်းတို့သည် ထိန်းသိမ်းစောင့်ရှောက်အပ်၊လုံခြုံစေအပ်၏။ငါ၏ဥစ္စာဟူ၍မမြတ်နိုးအပ်၊မည်သူတစ်ဦးတစ်ယောက်မျှမသုံးစွဲအပ်မသုံးသင့်သောသန်တကဖြစ်သည်။ထို့ကြောင့် “အတ္ထိ ပရိက္ခာရော ရက္ခိတ​ေဗ္ဗာ ဂေါပေတဗ္ဗော န မမာယိတဗ္ဗော နပရိဘုဉ္စိတဗ်ဗော"ဟု(ပရိဝါ၊ပါ၊၂၂၅) စေတိယသန္တကနှင့်ပတ်သတ်၍ရှင်တော်ဗုဒ္ဓဟောပြတော်မူအပ်ပြီ။မှန်ပါသည်၊၊ တတိယော စေတိယသန္တကော(ဝိ၊ဋ္ဌ၊၄၊၁၆၈)၌ သုံးခုမြောက်သောပရိက္ခရာသည်စေတီတော်၏ ပရိက္ခရာတည်းဟုအဋ္ဌကထာဆရာဖွင့်ပြတော် မူအပ်ပါသည်။ [“စေတိယသကကိုဝေဖန်သုံးစွဲပုံ”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

(က)ဘိက်ခုသံဃဿ စ တုယှဥ်စ စေတိယဿ စာတိ ဝုတ်တေပိ စေတိယ​သေဝ လဗ်ဘတိ၊န ပုဂ္ဂလဿ။ (ဝိ၊ဌ၊၃၊၄၂၃) ရဟန်းသံဃာအားလည်းကောင်း၊အရှင်ဘုရားအားလည်းကောင်း၊စေတီတော်အားလည်းကောင်း၊လှူပါ၏ ဟုဆိုသော်လည်းစေတီတော်သာရထိုက်သည် ရဟန်းသံဃာပုဂ္ဂိုလ်အားမရလိုက်။ ပစ္စည်းဖြစ်ခဲ့သော် သံဃာအားပန်ကြား၍သော်မှလည်း သံဃာ့ကိစ္စကိုပြုလုပ်ရန်မအပ်ဟု စေတိယသကကို (ခ)သ​ဃိကေန ဟိ အပလောကေတွာ စေတိယကိစ်စံ ကာတုံ ဝဋ်ဋတိ စေတိယဿ သန်တကေန အပလောကေတွာပိ သံဃကိစ်စံ ကာတုံ န ဝဋ်ဋတိ။ (ဝိ၊ဌ၊၄၊၂၅၄) သံဃာ၏ဥစ္စာဖြင့်သံဃာကိုပန်ကြား၍စေတီတော်အတွက်ပြုလုပ်ခြင်းငှာအပ်၏။ စေတီတော်ပိုင်ပစ္စည်းဖြစ်ခဲ့သော်သံဃာအားပန်ကြား၍ သော်မှလည်းသံဃာ့ကိစ္စကိုပြုလုပ်ရန်မအပ်ဟု စေတိယသန်တကကိုဝေဖန်သုံးစွဲရမည့်အစီအရင်ကို ဖွင့်ပြထားပါသည်။ [“ဝိနယဓမ္မတာတစ်ရပ်”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဝိနယဝိနိစ္ဆယေ ဟိ အာဂတေ ဂရုကေ ဌာတဗ်ဗံ။ ဧသာ ဝိနယဓမ္မတာ။(ဝိ၊ဌ၊၁၊၂၇၅)ဟူသောလမ်းညွှန်ပြ ဥပဒေနှင့်အညီသံဃသန္တကထက်စေတိယသန္တကသည်သာပိုမိုလေးနက်သောဂရုကအရာ၌တည်သည်ဖြစ်ရကား စေတိယသန္တကဟုဆုံးဖြတ်ထားခြင်းသည်အထက်ပါ ပါဠိအဋ္ဌကထာစကားတို့နှင့်တစ်သားတည်းကျညီညွတ်လှသောကြောင့်လည်းကောင်း၊ဦးကောဏ္ဍည၊ဦးပုည တို့ကဝတ်တကမြေဟုသိရပါသည်ဘုရားဟုထွက်ဆိုထား သောကြောင့်လည်းကောင်း၊မြေတိုင်းဌာနမှရေးကူးသောနှစ်ကျပ်ခွဲတွင်းမြေပုံတွင်သိမ်တော်ဘုရားအပြင် သိမ်တော်အမည်တူခံယူထားကြသည့်သိမ်တော်တောင်ကျောင်းနှင့်သိမ်တော်မြောက်ကျောင်း၊ကျောင်းနှစ်ကျောင်းတို့ကိုလည်းတွေ့မြင်ရသဖြင့်ဘုရားစေတီနှင့်သိမ်တော်သည်ပထမတည်ရှိပြီးဘုရားဝတ္တကမြေပေါ်၌ နှောက်မှကျောင်းဆောက်လုပ်ထားသည်မှာယုံမှားစရာ မရှိသောကြောင့်လည်းကောင်း၊မန္တလေးတိုင်းသံဃ ဝိနိစ်ဆယအဖွဲ့၏ကျောင်းမြေသည်စေတိယသန္တကမြေဖြစ်သည်ဟုဆုံးဖြတ်ခြင်းသည်ယထာဓမ္မယထာဝိနယ ဂျကျနမှန်ကန်သည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ် (၂၆/၈၈)ဝိနည်းဓိုရ်ဆရာတော်များစိစစ်သုံးသပ်တော် မူကြသည်။ [“အမှတ်(၂)ကိုစိစစ်သုံးသပ်ချက်”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

သာသနာပြုပုဂံမင်းများတည်ထားကိုးကွယ်ခဲ့သည့် သိမ်တော်ဘုရား၏စေတိယသန္တကမြေပေါ်တွင်၁၂၄၇- ခုနှစ်ဝန်းကျင်၌ဆရာတော်ဦးမဉ္ဇူသည်သိမ်တော်မြောက် ကျောင်းကိုစတင်တည်ထောင်သီတင်းသုံးတော်မူသည်။ ယင်းသို့သီတင်းသုံးနေတော်မူစဉ်၁၂၅၀-ပြည့်နှစ်တွင် ဆရာတော်ဦးလက္ခဏသည်ဆရာတော်ဦးမဥ်ဇူ၏တပည့်အဖြစ်ခံယူကာဆရာတော်ဦးမဥ်ဇူနှင့်အတူသီတင်းသုံးတော်မူလာသည်။ ၁၂၈၁-ခုနှစ်တွင်ပျံလွန်တော်မူသောဆရာတော်ဦးမဉ္ဇူသည်မိမိထံမှောက်သို့၁၂၅ဝပြည့်နှစ်ကရောက်ရှိနေခဲ့သောတပည့်ဖြစ်သူဦးလက္ခဏအားမိမိပုဂ္ဂလိကပိုင် သိမ်တော်မြောက်ကျောင်းကိုပျံလွန်တော်မမူမီကပင် အပ်နှင်းခဲ့ပါသည်။ ဆရာတော်ဦးလက္ခဏသည်ဆရာတော်ဦးမဥ်ဇူပျံလွန်တော်မူပြီးသည့်နောက်၁၂၈၁-ခုနှစ်လောက်မှစ၍ သိမ်တော်မြောက်ကျောင်း၌ကျောင်းထိုင်ခဲ့သည်။ ထိုကာလတွင်ဆရာတော်ဦးညေယျကြွလာသည်။ ဆရာတော်ဦးလက္ခဏအားခွင့်ပန်၍သိမ်တော်ဘုရားအားထီးတော်တင်လှူသည်။ သုံးနှစ်တိတိသီတင်းသုံးသည်။နောက်ဦးဥယျပြန်ကြွသွားသည်။ ၁၂၄၇-ခုနှစ်ဆရာတော်ဦးမဉ္စူသီတင်းသုံးတော်မူသည်မှ ၁၂၈၃-ခုနှစ်ဆရာတော်ဦးလက်ခဏသီတင်းသုံးတော် မူသည့်အထိဦးမဥ်ဇူကဦးလက္ခဏအားသိမ်တော်မြောက်ကျောင်းကိုလှူဒါန်းအပ်နှင်းခဲ့လျှင်ပုဂ္ဂလိကကျောင်းဖြစ်သည်။မလှူဒါန်းမအပ်နှင်းခဲ့လျှင်မတသန္တကကျောင်းဖြစ်တော့သည်။ထိုကြောင့် သော ပုဂ္ဂလော အတ္တနော ဇီဝမနက္ခဏေယေဝ သဒ္ဓိဝိဟာရိကာနံ နိဿဇ်ဇိတွာ ဒေတိ၊တဒါ တေ သဒ္ဓိဝိဟာရိကာဒယော သာမိကာ ဟောန္တိ၊ပရိဘုဉ္စိတုံ ဝါ အညဿ ဒါတုံ ဝါ ဣဿရာ။ယဒိပန ကဿစိ အဒတွာဝ ကာလံ ကရောတိ၊တဒါ သံဃောဝ တဿ ဝိဟာရဿ သာမိကော ဟောတိ။(ဝိနယာလင်ကာရဋီ၊ဒု၊၆၇)၌မိန်ဆို အပ်ပြီ။ ယင်းသို့သိမ်တော်မြောက်ကျောင်းသည်သံဃိက ပုဂ္ဂလိကနှစ်မျိုးဖြစ်နိုင်သော်ငြားလည်း- (၁)မူလစုဒိတကဦးစန္ဒိမာ၏ဤကျောင်းကိုသံဃိကကျောင်းဟုထင်ပါသည်ဟူသောထွက်ဆိုချက်။ (၂)မူလစုဒိတကပြသက်သေဦးလာဘ၏သံဃိကဟုကြားဖူးပါသည်ဟူသောထွက်ဆိုချက်၊ (၃)မူလစုဒိတကပြသက်သေဦးပုည၏သံဃိကကျောင်းသိရပါသည်ဟူသောထွက်ဆိုချက်။ (၄)မူလစုဒိတကပြသက်သေဦးအောင်မှတ်၏သံဃိကကျောင်းဟုလျှောက်ထားပင့်ပါသည်ဟူသောထွက်ဆိုချက်။ အဆိုပါထွက်ဆိုချက်တို့ကိုထောက်ဆ၍ဝိနယဝိနိစ္ဆယချမှတ်ရာဝယ်ဂရုကအရာ၌တည်ရမည်ရမည်ဖြစ်ရကား ပုဂ္ဂလိကထက်သံဃိကလေးနက်သောကြောင့်ဆရာတော်ဦးမဉ္ဇူသီတင်းသုံးသည့်၁၂၄၇-ခုနှစ်မှဆရာတော် ဦးလက္ခဏသီတင်းသုံးသည့်၁၂၈၃-ခုနှစ်အထိသိမ်တော်မြောက်ကျောင်းသည်သံဃိကဖြစ်သည်ဟုစိစစ်သုံးသပ်တော်မူကြသည်။ [“၁၂၈၄-ခုနှစ်သို့ရောက်ခဲ့ပြီ”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁၂၈၄-ခုနှစ်တွင်ဆရာတော်ဦးဝိဇယသည်သိမ်တော်မြောက်ကျောင်း၌သီတင်းသုံးတော်မူသည်။ ထိုစဉ်ဦးရန်ရှင်း၊ဦးဆား၊ဦးဖိုးခွားတို့သုံးဦးကသုံးဆောင်တွဲကျောင်းကြီးတစ်ဆောင်ဆောက်သည်။ဦးဝိဇယအား ပုဂ္ဂလိကအဖြစ်လှူသည်။ ဆရာတော်ဦးဝိဇယသည်ရှေးဆရာတော်ဦးမဥ်ဇူ၊ ဦးလက္ခဏတို့သီတင်းသုံးခဲ့သောကျောင်းဟောင်းကို ဘုရားဆောင်အဖြစ်ပြုပြင်ဆောက်လုပ်သည်။သို့သော် နှစ်ကာလကြာညောင်းလှပြီဖြစ်ရကားကျောင်းဟူသောသမူဟပညတ်သည်အဆုံးသတ်သွားချေပြီတည်း။ ဆရာတော်ဦးဝိဇယအားအဆိုပါသုံးဆောင်တွဲကျောင်းကြီးကိုကျောင်းဒါယကာဒါယိကာမများဖြစ်ကြသော ဦးရန်ရှင်း+ဒေါ်အေးပေါ်၊ဦးဆား+ဒေါ်ကွင်း၊ဦးဖိုးခွား+ ဒေါ်သာယာတို့ကပုဂ္ဂလိကအဖြစ်ဖြင့်လှူဒါန်းပါသည်ဟု ဦးကောဏ္ဍညကဆရာတော်ဦးစန္ဒာဝရကိုသက်သေထား ၍ထွက်ဆိုသည်။ [“နောက်၁၂၉၅-ခုနှစ်သို့ရောက်ခဲ့ပြီ”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁၂၉၅-ခုနှစ်တွင်ဆရာတော်ဦးဝိဇယပျံလွန်တော်မူသည်။ ပျံလွန်တော်မမူမီမိမိပုဂ္ဂလိကပိုင်သုံးဆောင်တွဲကျောင်းကြီးကိုဦးဇာဂရအားနှုတ်ဖြင့်အပ်နှင်းလှူဒါန်းခဲ့သည်။ ဆရာတော်ဦးဇာဂရလက်ထက်တွင်သုံးဆောင်တွဲကျောင်းကြီးကိုတစ်ဆောင်တည်းအဖြစ်ဦးမထည်၊ ဦးဘိုးငွေတို့ကပြုပြင်မွမ်းမံကြသည်။ ဆရာတော်ဦးဇာဂရလက်ထက်သိမ်တော်မြောက်ကျောင်းနှင့်ပတ်သက်၍ဦးဝိဇယကဦးဇာဂရအားပုဂ္ဂလိကအဖြစ်အပ်နှင်းလှူဒါန်းသည်ကိုမမီ၍မသိရပါ။ဆရာတော်ကြီးများအဆင့်ဆင့်ပြောကြား၍သိရပါသည်ဟု ဦးကောဏ္ဍညကထွက်ဆိုသည်။ထို့ပြင်သက်တော်ရှည် တွင်းမဆရာတော်ဦးဇနိန်ဒကဘုန်းကြီးနှစ်ဆက်သုံးဆက်ရှိသွားပြီတစ်လက်မှတစ်လက်ပုဂ္ဂလိကအပ်သွားကြသည်ဟုမိန့်တော်မူသည်။ အဆိုပါမိန့်ကြားထွက်ဆိုသောစကားတို့ကိုထောက်ထား ၍သိမ်တော်မြောက်ကျောင်းသည်ဆရာတော်ဦးဇာဂရလက်ထက်တွင်လည်းပုဂ္ဂလိကစစ်စစ်ဖြစ်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များကအညီအညွတ်စိစစ်သုံးသပ်တော်မူကြသည်။ [“နောက်၁၃၁၅-ခုနှစ်သို့ရောက်ခဲ့ပြီ”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

၁၃၁၅-ခုနှစ်တွင်ဆရာတော်ဦးဇာဂရပျံလွန်တော်မူသည် ပျံလွန်တော်မမူမီတပည့်ဖြစ်သူဦးသုမနသားမိမိပိုင်ပုဂ္ဂလိကကျောင်းကိုနှုတ်ဖြင့်ပေးအပ်လှူဒါန်းခဲ့သည်။ ထိုနှစ်မှစ၍ဦးသုမနသည်သိပ်တော်မြောက်ကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့သည်။ ဆရာတော်ဦးဇာဂရကဦးသုမနအားပုဂ္ဂလိကအဖြစ်ပေးအပ်လှူဒါန်းသည်ကိုဦးကုမာရ၊ဦးအာစရတို့သိကြကြောင်းဦးကောဏ္ဍညကထွက်ဆိုသည်။ယင်းထွက်ဆိုချက်ကိုထောက်ဆ၍ဆရာတော်ဦးဇာဂရကဦးသုမနအား ပုဂ်ဂလိကအဖြစ်ပေးအပ်လှူဒါန်းခဲ့သည်မှာယုံမှားသံသယစိုးစင်းမျှရှိစရာမလိုပေ။ ထို့ကြောင့်ဆရာတော်ဦးသုမန၏လက်ထက်တွင် သိမ်တော်မြောက်ကျောင်းသည်ပုဂ်ဂလိကစစ်စစ်ဖြစ်၏ ဟုဝိနည်းဓိုရ်ဆရာတော်များအားလုံးသဘောချင်းမျှ စိစစ်သုံးသပ်တော်မူကြသည်။ ယင်းသို့တစ်ဆင့်တစ်ဆင့်လွှဲပြောင်းအပ်နှံကြရာ၌ ကျေးလက်တောရွာများတွင်ကျောင်းလွဲအပ်မှုဓလေ့ထုံးစံသည်ဝိနည်းတော်နှင့်အညီနှုတ်မြွက်၍အပ်နှံရိုးထုံးစံသာ လျှင်ရာနှုန်းပြည့်ရှိခဲ့သည်။ အစဥ်အဆက်ဆရာတော်ကြီးတို့၏သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့အရယင်းဖြင့်လွှဲအပ်မှုမျိုးကို ယုံယုံကြည်ကြည်လက်ခံကြသဖြင့်ပြဿနာဖြစ်မှုမျိုး အလွန်နည်းပါးလှပါသည်။ အထက်ပါအကြောင်းအရာတို့ကိုပေါင်းရုံး၍ နိဂုံးချုပ်လိုက်သော်- (၁)ဆရာတော်ဦးမဥ်ဇူနှင့်ဦးလက္ခဏတို့လက်ထက်တွင် သိမ်တော်မြောက်ကျောင်းသည်သံဃိက၊ယင်းသံဃိကသိမ်တော်မြောက်ကျောင်းသည်နှစ်ပေါင်းရာကျော်ရှိပြီး ဆွေးမြည့်ဟောင်းမြင်း၊ထင်းအဖြစ်ရောက်သွားပြီ၊ သံဃိကအဆက်အနွယ်လည်းပြတ်သွားပြီ။ (၂)ဆရာတော်ဦးဝိဇယ၊ဆရာတော်ဦးဇာဂရ၊ဆရာတော်ဦးသုမနလက်ထက်တွင်အသစ်ဆောက်လုပ်သောသိမ်တော်မြောက်ကျောင်းသည်ကားပုဂ္ဂလိကဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များစိစစ်သုံးသပ်တော် မူကြသည်။ [“ပုဂ္ဂလိကမှပဉ္စသန္တကသို့”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

၁၃၄၄-ခုနှစ်၊ဝါခေါင်လပြည့်ကျော်(၈)ရက်၊နံနက်(၆)နာရီအချိန်တွင်ဆရာတော်ဦးသုမနသည်ဦးကုမာရ၊ဦးအာစရ၊ ဦးကောဏ္ဍည၊ဦးကောဝိဒတို့ကိုသိမ်တော်မြောက်ကျောင်းသို့ပင့်သည်။မိမိမှာအိုမင်းမစွမ်းကျန်းမာရေး မကောင်းတော့သဖြင့်မိမိအပါအဝင်ဆိုခဲ့ပြီးလေးပါးတို့နှင့်အတူပဉ္စသန္တကပြုလုပ်လိုကြောင်းအမိန့်ရှိသည်။ အချိုပွဲ၊အချဉ်ပွဲတွေနှင့်ဧည့်ခံသည်။ဦးလွန်၊ဦးထူး၊ ဦးချစ်ဖေစသောပုဂ္ဂိုလ်တို့ရှေ့မှောက်တွင်နှုတ်မြွက်၍ ပဉ္စသန္တကပြုလုပ်သည်။ ယင်းသို့နှုတ်မြွက်၍ပဉ္စသန္တကပြုလုပ်ခဲ့ကြောင်းကို အသက်(၈၇)နှစ်အရွယ်ရှိဒေါ်ငယ်ထွေး၊အသက်(၆၇)နှစ်အရွယ်ရှိဦးဘအေး၊အသက်(၅၆)နှစ်အရွယ်ရှိဦးညိုပု၊ အသက်(၅၉)နှစ်အရွယ်ရှိကျေးရွာကောင်စီဥက္ကဌဦးလွန်၊ အသက်(၄၃)အရွယ်ရှိဦးချစ်ဖေ၊အသက်(၄၇)နှစ်အရွယ် ရှိဦးစိန်ချုပ်၊အသက်(၅၁)နှစ်အရွယ်ရှိဦးမောင်ထူးတို့က အခိုင်အမာထွက်ဆိုကြသည်။ ပဉ္စသန္တက၀င်ဆရာတော်ကြီးများကိုယ်တိုင်ကလည်း မူလပုဂ္ဂလိကပိုင်ရှင်ဖြစ်သောဆရာတော်ဦးသုမနမှစ၍ တပည့်တော်သုမနပိုင်ဆိုင်သည့်ဖြစ်ဆဲ၊ဖြစ်လတ္တံ့သော သိမ်တော်မြောက်ကျောင်းနှင့်တကွပစ်စည်းအရပ်ရပ်သည်၊အထက်ကန်ကျောင်းဆရာတော်ဦးကုမာရ၊ အထက်ကန်ကျောင်းဦးကောဏ္ဍည၊သရက်ပင်ကျောင်း ဆရာတော်ဦးအာစရ၊သိမ်တော်တောင်ကျောင်း ဆရာတော်ဦးကောဝိဒအရှင်တို့အားလည်းကောင်း၊ တပည့်တော်သုမနအားလည်းကောင်းဖြစ်စေသတည်းဟု နှုတ်မြွက်၍သမာနပရိက္ခာရပဉ္စသန်တကအဖြစ်ဦးလွန်၊ ဦးချစ်ဖေ၊ဦးထူး၊ဦးဘအေး၊ဦးညိုပု၊ဦးစိန်ချစ်တို့၏ ရှေ့မှောက်တွင်ပြုလုပ်သည်ဟုထွက်ဆိုကြသည်။ အဆိုပါထွက်ဆိုချက်တို့ကိုထောက်ထား၍သိမ်တော်မြောက်ကျောင်းကိုပဉ္စသန္တကပြုလုပ်ခဲ့ကြခြင်းသည်၊ မန္တလေးတိုင်း၊သံဃဝိနိစ္ဆယအဖွဲ့အမှတ်(ဒု/က-၁၅) ဝိနည်းဓိုရ်ဆရာတော်များနည်းတူနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈)ဝိနည်းဓိုရ်ဆရာတော်တို့ကလည်း ယုံမှားသံသယမရှိဧကန်မုချပဉ္စသန္တကပြုလုပ်ခဲ့ကြသည်ဟုတညီတညွတ်တည်းစိစစ်သုံးသပ်တော်မူကြသည်။ [မှတ်ချက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ပဉ္စသန္တကပြုလုပ်ရာ၌သက်သေတို့၏ထွက်ဆိုချက်တို့တွင်နံနက်(၆)နာရီဟုလည်းကောင်း၊နံနက်(၈)နာရီခွဲဟုလည်းကောင်းအချိန်နာရီကွဲပြားမှုရှိနေခြင်းသည် ပဓာနကျသောအကြောင်းအရာမဟုတ်၊တောရွာများ၌ အချိန်ကိုဆွမ်းခံဝင်ချိန်နေထန်းတဖျားစသည်ဖြင့် သုံးနှုန်းသတ်မှတ်လေ့ရှိပြီးနာရီကိုမူခန့်မှန်းခြေအားဖြင့်သာတွက်ဆသတ်မှတ်တတ်ကြသည်။ ထို့ကြောင့်တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏သုံးသပ်ဆုံးဖြတ်ချက်သည်ဓမ္မဝိနယနှင့်မညီဟုမဆိုနိုင်။ [ပဉ္စသန္တကမြောက်/မမြောက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ပဉ္စသန္တက၀င်ဆရာတော်တို့သည်သိမ်တော်မြောက်ကျောင်းကိုပဉ္စသန္တကပြုလုပ်ခဲ့ကြသည်ဟုဆိုရာ၌ ပဉ္စသန္တကပြုလုပ်ပုံခြင်းရာသည်ကျမ်းဂန်နှင့်ညီမညီ စိစစ်ရန်ရှိနေပေသည်။ပဉ္စသန္တကမြောက်/မမြောက်သုံးသပ်ရန်လိုအပ်ပေသည်။ မူလပိုင်ရှင်ဦးသုမန၊အထက်ကန်ကျောင်းဆရာတော် ဦးကုမာရ၊အထက်ကန်ကျောင်းဦးကောဏ္ဍညသရက်ပင်ကျောင်းဦးအာစရ၊သိမ်တော်တောင်ကျောင်းဦးကောဝိဒ ငါးပါးတို့သည်တစ်ပါးစီတစ်ပါးစီနှုတ်မြွက်၍ သမာနပရိက္ခာရပဉ္စသန္တကပြုလုပ်ခဲ့ကြပုံကိုတိုင်းဝိနိစ္ဆယ ၌အနုစိတ်ဖော်ပြထားသည်။ ပဉ္စသန္တက၀င်ဆရာတော်တို့၏ထွက်ဆိုချက်အသီးသီးကို အခြေခံ၍ပဉ္စသန္တကမြောက်/မမြောက်စိစစ်သော် (၁)မိုင်းခိုင်းဆရာတော်၏တိပိဋကဝိနိစ္ဆယကျမ်း၌ ဒွိသန္တကပြုလိုသည်ဖြစ်အံ့ရှိဆဲပစ္စည်းကိုပြုလိုလျှင်ရှိဆဲပစ္စည်းကိုပိုင်းခြားပြောဆို၍ရှိလတ္တံ့ပစ္စည်းကိုပါပြုလိုလျှင်ရှိဆဲရှိလတ်တံ့ပစ်စည်းကိုပိုင်းခြားပြောဆို၍နှစ်ဦး သောရဟန်းတို့တွင်တဦးသောရဟန်းအား မမ သန်တကံ တဝ စ မမ စ ဟောတုဟုဦးစွာဆိုရမည်။ တစ်ဖန်ကျန်ရဟန်းတစ်ဦးကလည်းမမ သန္တကံ တဝ စ မမ စဟောတုဟုဆို၍သမာန ပရိက္ခာရ ဒွိသန္တကပြုအပ်ပြုထိုက်-ပြုသင့်၏။ ငါပိုင်ထိုက်သည့်ဖြစ်ဆဲဖြစ်လတ္တံ့သောဂရုဘဏ်၊လဟု ဘဏ်ပစ္စည်းဥစ္စာသည်သင့်အားလည်းကောင်း၊ငါ့အားလည်းကောင်းဖြစ်စေသတည်း။တပည့်တော်ပိုင်ထိုက်သည့်ဖြစ်ဆဲဖြစ်လတ္တံ့သောဂရုဘဏ်၊လဟုဘဏ်ပစ္စည်း ဥစ္စာသည်အရှင်ဘုရားအားလည်းကောင်း၊တပည့်တော်အားလည်းကောင်းဖြစ်စေသတည်း၊ဤသို့မြန်မာဘာသာအားဖြင့်ဒွိသန္တကပြုလိုမူလည်းပြုအပ်၏။ ရှိဆဲပစ္စည်းကိုသာပြုလိုလျှင်ဖြင့်“လတ္တံ့”ဟူသောစကားကိုချန်၍ဆိုလေ။သမာနပရိက္ခာရပြုလိုသောသုံးပါး၊ လေးပါးစသောရဟန်းတို့တွင်တစ်ပါးပါးသောရဟန်း သမာနပရိက္ခာပြုလိုသောရဟန်းများအထံ၌မမ သန္တကံ တုမှာကဥ်စ မမ စ ဟောတုဟုဆို၍မပြုမဆိုရသေးသော ရဟန်းတို့ကလည်းတစ်ပါးစီတစ်ပါးစီအသီးသီးမိမိမှကြွင်းသောရဟန်းတို့ထံ၌မမ သန်တကံ တုမှာကဥ်စ မမ စ ဟောတုဟုဆို၍သမာနပရိက်ခါရတိသန်တက စသည်ပြုအပ်၏။(တိပိဋကဝိနိစ္ဆယကျမ်း၊ပ၊၃၃၆၊၇) (၂)ဣမံ တုယှံ ဒေမိ ဒဒါမိ ဒဇ္ဇာမိ ဩဏာဇေမိ ပရိစ္စဇာမိ ဝိဿဇ္ဇာမိ၊နိဿဇ်ဇာမီတိ ဝါ၊ဣတ်ထန်နာမဿ ဒမေိ(ပ) နိဿဇ်ဇာမီတိဝါ ၀ဒတိ၊သမ်မုခါဝါ ပရမ်မုခါ ဝါ ဝုတ္တေ ဒိန်နံယေဝ ဟောတီတိ ဒါနလက္ခဏဿ စ တုယှံ ဂဏှာဟီတိ ဝုတ်တေ“မယှံ ဂဏှာမီ”တိ ဝဒတိ၊ သုဒိနနှသုဂဂွဟိတဥစှာ တိ “ဂဟဏလကခွဏဿ စ ဝုတ်တတ်တာ မမ သန်တကံ တဝ စ မမ စ ဟောတူတိ ဧဝမာဒိဝစနေ သမာနပရိကခှါရံ ကာတုံ ဝဋဋှတီတိ အာစရိယာတိ လိခိတံ။(ဝဇိရဗုဒဓှိဋီကာ၄၉၉၊၅၀၀) သိမ်တော်မြောက်ကျောင်းပဉ္စသန္တက၀င်ဆရာတော်တို့၏ ပဉ္စသန္တကလုပ်ပုံအစီအရင်သည်ဝဇိရဗုဒ်ဓိဋီကာဆရာ၏ အဆိုအမိန့်နှင့်လည်းထပ်တူထပ်မျှဖြစ်သကဲ့သို့မိုင်းခိုင်းဆရာတော်၏အဆိုအမိန့်နှင့်လည်းထပ်တူထပ်မျှဖြစ်နေပေသည်။ ထို့ကြောင့်သိမ်တော်မြောက်ကျောင်း၏ပဉ္စသန္တကပြုလုပ်ပုံအခြင်းအရာပြုလုပ်ပုံအစီအရင်သည် ပဉ္စသန္တကမုချထမြောက်အောင်မြင်ပါသည်။ နောက်၁၃၄၄-ခုနှစ်၊တော်သလင်းလဆန်း(၉)ရက်နေ့သို့ရောက်ခဲ့ပြီး၊ထိုနေ့နံနက်(၄)နာရီအချိန်တွင်ဆရာတော် ဦးသုမနပျံလွန်တော်မူသည်။ သို့ဖြင့်ယခုအခါသိမ်တော်မြောက်ကျောင်းသည် ဆရာတော်ဦးကုမာရ၊ဆရာတော်ဦးအာစရ၊ဆရာတော် ဦးကောဏ္ဍည၊ဆရာတော်ဦးကောဝိဒလေးပါးပိုင် စတုသန္တကကျောင်းဖြစ်သွားသည်။ ထို့ကြောင့်သိမ်တော်မြောက်ကျောင်းသည်မတသန္တက သံဃိကကျောင်းမဟုတ်၊သိမ်တော်မြောက်ကျောင်းကို လေးပါးပိုင်စတုသန္တကကျောင်းဟူ၍သာဆုံးဖြတ်အပ် ဆုံးဖြတ်ထိုက်၊ဆုံးဖြတ်သင့်၏ဟုဝိနည်းဓိုရ်ဆရာတော်ကြီးများအားလုံးစိစစ်သုံးသပ်တော်မူကြသည်။ [အမှတ်(၃)ကိုစိစစ်သုံးသပ်ချက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

မူလစောဒကဆရာတော်ကြီးလေးပါးကဦးစန္ဒိမာအား တာဝကာလိကအဖြစ်ထားသည်ဟူ၍လည်းကောင်း၊ မူလစုဒိတကဆရာတော်ဦးစန္ဒိမာကမူရက္ခကဂေါပကအဖြစ်ထားသည်ဟူ၍လည်းကောင်းအဆိုနှစ်ရပ် ရှိခဲ့သည်။ ထိုနှစ်ရပ်အနက်မူလစောဒကဆရာတော်တို့၏ တာဝကာလိကဟူသောထွက်ဆိုချက်ကို စိစစ်သည်ရှိသော်- (က)မူလစောဒကဦးကောဏ္ဍညကဦးစန္ဒိမာအား ယာယီဟုပြောပြီး-(၁)ဤကျောင်းကိုမဖျက်ဆီးရ၊ (၂)မရွှေ့ပြောင်းရ၊(၃)ရောင်းစားခြင်း၊ပေါင်နှံခြင်းမပြုရ၊ (၄)ဤကျောင်း၌မပျော်ပိုက်သည့်နေ့မှစ၍ထွက်သွားနိုင်သည်၊(၅)ဤစည်းကမ်းတို့ကိုချိုးဖျက်လျှင်မိမိအရပ်သို့ပြန်ကြွဟုတိုင်းဝိနိစ္ဆယဆရာတော်များရှေ့မှောက်၌ ထွက်ဆိုသည်။ (ခ)ဆရာတော်ဦးကုမာရကဦးစန္ဒိမာအားကျောင်းပစ္စည်းတို့ကိုပုဂ္ဂလိကပိုင်အဖြစ်မလုပ်ရ၊မရောင်းရ၊မပေါင်ရ၊ ပေးကမ်းခြင်းမပြုရမနေနိုင်သည့်နေ့တွင်ကိုယ်ပိုင် ပစ္စည်းတို့ကိုယူ၍၊ကျန်ပစ္စည်းသန္တကပိုင်ဖြစ်ရမည်ဟု မြို့နယ်ဝိနည်းဓိုရ်ဆရာတော်တို့ရှေ့မှောက်၌ထွက်ဆိုသည်။ (ဂ)သက်တော်(၇၃)နှစ်ရှိဆရာတော်ဦးအာစရကဦးစန္ဒိမာကိုကျောင်းတင်စဉ်တာဝကာလိကအခိုက်အတန့်သာဖြစ်သည်။ဩဝါဒကိုနာခံရမည်၊မနာခံကကျောင်းစောင့်အဖြစ်မှရုပ်သိမ်းမည်၊နာခံလျှင်ဆက်ထားမည်၊ ထို့ပြင်ကျောင်းအနီးအပါး၌မည်သည့်အဆောက်အအုံ ကိုမျှမဆောက်ရ၊အမိန့်မရဘဲသိမ်တော်မြေအတွင်းဘာမျှမပြုလုပ်ရဟုထွက်ဆိုသည်။ (ဃ)သက်တော်ရှည်တွင်းမဆရာတော်ကြီးကဦးစန္ဒိမာအားတာဝကာလိကအဖြစ်အပ်ထားခြင်းသာဖြစ်သည်။ သန္တကပိုင်ဆရာတော်လေးပါးတို့ကခေတ္တခဏထားခြင်းသာဖြစ်သည်ဟုမိန့်တော်မူသည်။ တစ်ဖန်မူလစုဒိကဦးစန္ဒိမာ၏ရက္ခကဂေါပကအဖြစ် ထားပါသည်ဟူသောအဆိုကိုစိစစ်သည်ရှိသော်- စုဒိတကဦးစန္ဒိမာကမိမိအားကျောင်းအပ်သောအခါ ခေတ္တအပ်ခြင်းမဟုတ်၊တစ်ခါတည်းအပ်ခြင်းဖြစ်သည်ဟုတိုင်းဝိနည်းဓိုရ်ဆရာတော်တို့ရှေ့မှောက်၌ထွက်ဆိုသည်။ ဆရာတော်ဦးကုမာရကသံဃိကကျောင်းဖြစ်သည့် အတွက်ပုဂ္ဂလိကပိုင်မပေးနိုင်၊သံဃိကပစ္စည်းတို့ကိုသူတစ်ပါးအားမပေးရ။မရောင်းရ၊မပေါင်ရ၊မနေလို၍ ထွက်သွားသောအခါမိမိပိုင်ပုဂ္ဂလိကပစ္စည်းကိုယူဆောင် ၍ထွက်သွားနိုင်သည်ဟုဩဝါဒပေးကြောင်း၊ဆရာတော်ဦးကုမာရကဦးကောဝိဒနှင့်ဦးစန္ဒိမာတို့သင့်တင့်ညီညွတ်စွာနေထိုင်ကြရန်ဩဝါဒပေးကြောင်း၊ ဤကျောင်း၌ရှိသောသံဃိကပစ္စည်းတို့ကိုထိန်းသိမ်းရန်၊ ထို့ပြင်ကျောင်းဝိုင်းအတွင်းမှထွက်သောထန်း၊မန်ကျည်းသီးတို့ကိုခွဲဝေစားကြ၊ဘုရားနှင့်အနီးဆုံးဖြစ်သည့် အတွက်ဆိုးမွေလည်းခံကောင်းမွေလည်းစံ၊ခြံမြေဥယျာဉ် မြေတို့ကိုမူမပေးရ၊မပေါင်ရ၊မရောင်းရ၊ထို့ပြင်မပျော်လျှင်တစ်ဝါ-ပျော်လျှင်တစ်သက်လုံးဟုမိန့်ကြားကြောင်းမြို့နယ်ဝိနည်းဓိုရ်ဆရာတော်တို့၏ရှေ့မှောက်၌ မူလစုဒိတကဦးစန်ဒိမာကထွက်ဆိုသည်။ အဆိုပါစောဒက၊စုဒိတကတို့၏ထွက်ဆိုချက်နှစ်ရပ်တို့အနက်ယာယီပြောပြီးစည်းကမ်းနှင့်အပ်ပါသည်ဟူ၍ ဦးကောဏ္ဍည၏ထွက်ဆိုချက်သည်လည်းကောင်း- တာဝကာလိကအခိုက်အတန့်သြဝါဒကိုနာခံပါက ဆက်လက်ထားရှိပြီးမနာခံပါကကျောင်းစောင့်အဖြစ်မှ ရုပ်သိမ်းမည်ဟူ၍ဆရာတော်ဦးအာစာရ၏ထွက်ဆိုချက်သည်လည်းကောင်း၊ဦးစန္ဒိမာကိုခေတ္တအပ်ထားခြင်းသာဖြစ်သည်။သန္တကပိုင်ဆရာတော်လေးပါးတို့က ခေတ္တအပ်ထားခြင်းသာဖြစ်သည်ဟူ၍သက်တော်ရှည် တွင်းမဆရာတော်ဘုရားကြီး၏မိန့်ဆိုချက်သည်လည်း ကောင်းတာဝကာလိကအပ်သည်ဆိုသောစကားအခိုင် အမာထောက်ခံရာရောက်သည်။ ခေတ္တခဏမအပ်ပါ၊တစ်ခါတည်းအပ်ပါသည်ဟူ၍လည်း ကောင်း၊မပျော်လျှင်တစ်ဝါ၊ပျော်လျင်တစ်သက်လုံးဟူ၍ လည်းကောင်း-မူလစုဒိတကဦးစန္ဒိမာ၏ထွက်ဆိုချက် သည်ရက္ခကဂေါပကအဖြစ်ထားပါသည်ဟူသောစကားကိုအခိုင်အမာထောက်ခံရာရောက်သည်။ (သို့သော်)(၁)ဦးကုမာရသက်တော် (၇၆)သိက္ခာ-(၅၅)၊ ဦးအာစရ-သက်တော်(၇၃)သိက္ခာ(၅၃)၊ဦးကောဏ္ဍည- သက်တော်(၅၁)သိက္ခာ(၃၁)၊ဦးကောဝိဒ-သက်တော်(၆၅) သိက္ခာ(၃၀)တို့သည်အသက်+သိက္ခာမထေရ်ကြီးများ ဖြစ်ကြပါသည်။ ယင်းသို့အသက်သိက္ခာကြီးမားထေရ်အရှင်ကြီးများ ဖြစ်ကြပါလျက်-“သီလံနာမဘိက်ခုဿအာယု”ဟူသည်နှင့်အညီသီလသည်ရဟန်းတော်၏အသက်သွေးခဲ ဖြစ်ရကားအဖိုးမတန်သောနဂိုမူလကပင်လောဘတစိ- မကပ်ငြိဘဲ-မလိုချင်၍ပစ်ထားသောဤသိမ်တော်မြောက်ကျောင်းမျှလောက်သောပစ္စည်းဖြင့်တန်ဖိုးမဖြတ်နိုင်သောမိမိတို့၏အဓိသီလကိုအပျက်ခံပြီးသံဃိကကျောင်းကိုစတုသန္တပိုင်ကျောင်းဖြစ်ပါသည်ဟုထွက်ဆိုကြမည်မဟုတ်၊ပြောဆိုကြမည်မဟုတ်ဟုအနုမာနသဒ္ဓိနည်းဖြင့် သိရသောကြောင့်လည်းကောင်း။ (၂)ဦးစန္ဒိမာကိုကျောင်းတင်စဉ်ကာလကရက္ခိတဂေါပိတအဖြစ်ဖြင့်တင်ပြထားသောစာချုပ်၌မူလစောဒကဆရာတော်ကြီးတို့ကိုယ်တိုင်ရေးထိုးထားသောလက်မှတ်မပါလက်မှတ်မရှိသည်ကိုပစ္စက္ခသိဒ္ဓိနည်းဖြင့်မျက် မှောက်ထင်ထင်လက်တွေ့မြင်နေရသောကြောင့်လည်း ကောင်း၊ (၃)ဤသိမ်တော်မြောက်ကျောင်းကိုဦးစန္ဒိမာအား ယာယီကျောင်းစောင့်အဖြစ်ထားခဲ့သည်ဆိုသောစကားသာဖြစ်နိုင်သည်ဟုဝိနည်းဓိုရ်ဆရာတော်(၅)ပါးစုံညီ သုံးသပ်တော်မူကြသည်ဟုမြို့နယ်ဝိနည်းဓိုရ်ဆရာတော်ကြီးတို့ကသုံးသပ်ထားကြသောကြောင့်လည်းကောင်း ရက္ခိတဂေါပိတအဖြစ်မအပ်နိုင်။ ယဒိ ပုဂ္ဂလဿ၊ဣမံ ဝိဟာရံ အာယသမတော ဒမ်မီတိ ဒါတ​ေဗ္ဗာ။(ဝိနယာလင်ကာရဋီကာ၊ဒု၊၅၂)အရပုဂ္ဂလိကပေးနည်းနှင့်မညီညွတ်၊မညီညွတ်သောကြောင့်အပိုင်ပေးသည်ဟုမဆိုနိုင်။ ထို့ပြင်ကျောင်းတင်ပွဲပြုလုပ်စဉ်စတုသန္တဝင်ဆရာတော်ကြီးလေးပါးတို့ကနှုတ်ဖြင့်သြဝါဒပေးပြီးကျောင်းတင်ထားသည်ဖြစ်သောကြောင့်ဆရာတော်ကြီးတို့၏ဩဝါဒနှင့်စည်းကမ်းချက်ကိုလိုက်နာကျင့်ကြံနေနိုင်ပါမှ ဤသိမ်တော်မြောက်ကျောင်း၌ဆက်လက်သီတင်းသုံးနေထိုင်သင့်သည်။ ဆရာတော်ကြီးတို့၏ဩဝါဒနှင့်အညီမနေနိုင်ပါက ဤသိမ်တော်မြောက်ကျောင်း၌ဆက်လက်သီတင်းသုံး မနေထိုင်သင့်မိမိ၏တာဝကာလိကအဖြစ်ကိုသဘော ပိုက်၍နှစ်ခြိုက်စွာထွက်ခွာသွားသင့်​သည်ဟုနိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈)ဝိနည်းဓိုရ်ဆရာတော်ကြီးများအားလုံးကစိစစ်သုံးသပ်တော်မူကြသည်။ အကယ်၍စတုသန္တက၀င်ဆရာတော်ကြီးတို့၏ဩဝါဒကိုလည်းမလိုက်နာ၊စည်းကမ်းကိုလည်းချိုးဖျက်ပြီး သိမ်တော်မြောက်ကျောင်း၌ဆက်နေခဲ့လျှင်- (က)ဝိရုဒ်ဓသနောသနံ နာမ အညသံ သီမာယ ရာဇဝလ်လဘဟေိ ကတသနောသနံ ဝုစ်စတိ။ (ဝိ၊ဌ၊၁၊၂၅၄၊ဝိသင်္ဂဟ၊၈) သူတစ်ပါးတို့ကျောင်းတိုက်အတွင်း၌ရာဇဝလ္လဘ မင်းကျွမ်းဝင်သူအလဇ်ဇီရဟန်းတို့ဆောက်လုပ်အပ် သောကျောင်းသည်ဝိရုဒ္ဓသေနာသနမည်၏။ (ခ)မာ အမှာကံ ဥပေါသထပဝါရဏာနံ အန္တရာယမကတ္တ၊ မာ သာမဂ်ဂိံ ဘိန္ဒိတ်ထ၊တုမှာကံ သေနာသနံ ကတမ္ပိ ကတဌာနေ န ဌဿတိ။(ဝိ၊ဌ၊၁၊၂၅၄၊ဝိသင်ဂဟ၊၈) ထိုဝိရုဒ်ဓသေနာသနကျောင်းမျိုးကိုဆက်လက်ကျူး ကျော်ဆောက်လုပ်နေလျှင်တပည့်တော်တို့၏ဥပုဒ်အန္တရာယ်၊ပဝါရဏာအန္တရာယ်ကိုမပြုပါကုန်လင့်၊သံဃာ၏ညီညွတ်မှုကိုမဖျက်ဆီးပါကုန်လင့်၊အရှင်ဘုရားတို့၏ကျောင်းဆောက်ပြီးသော်ငြား၊ဆောက်ထားသည့်အတိုင်းတည်လိမ့်မည်မဟုတ်ပါ။ (ဂ)သစေ ဗလက္ကာရေန ကရောန္တိယေဝ၊ယဒါ တေသံ လဇ္ဇီ ပရိသာ ဥဿန်နာ ဟောတိ၊သက္ကာစ ဟောတိ လဒ်ဓုံ ဓမ္မိကော ဝိနိစ္ဆယော၊တဒါ တေသံ ပေသေတဗ္ဗံ “တုမှာကံ အာဝါသံ ဟရထာ”တိ။ (ဝိ၊ဌ၊၁၊၂၅၄၊ဝိသင်္ဂဟ၊၈) အကယ်၍အနိုင်အထက်ဆက်ဆောက်နေခဲ့လျှင် အကြင်အခါလဇ္ဇီပရိသတ်များလာ၍တရားနှင့်ညီသောအဆုံးအဖြတ်ကိုရနိုင်အံ့၊ထိုအခါယင်းရဟန်းတို့၏ အထံသို့“အရှင်ဘုရားတို့၏ကျောင်းကိုဖယ်ရှားပေးကြ ပါကုန်”ဟုစေလွှတ်ရမည်။ (ဃ)သစေ ယာဝတတိယံ ပေသိတေ ဟရန္တိ၊သာဓု နော စေ ဟရန္တိ၊ဌပေတွာ ဗောဓိဥ်စ စေတိယဉ္စ အဝသသေသနောသနာနိ ဘိန်ဒိတဗ်ဗာနိ။ (ဝိ၊ဌ၊၁၊၂၅၄၊ဝိသင်္ဂဟ၊၈) သုံးကြိမ်တိုင်တိုင်စေလွှတ်သဖြင့်ဖယ်ရှားပေးလျှင်ကောင်း၏ဖယ်ရှားမပေးဘဲပေကတ်လုပ်နေလျင် ဗောဓိပင်နှင့်စေတီကိုချန်ပြီးကျန်ကျောင်းတို့ကို ဖျက်ဆီးသင့်ဖျက်ဆီးထိုက်ကုန်၏။ (င)နလဗ်ဘာ စောဒေတုံ “တုမှေဟိ အမှာကံ ဒဗ္ဗသမ္ဘာရာ နာသိတာ”တိဝါ“တုမှာကံ ဂီဝါတိဝါ”(ဝိ၊ဌ၊၁၊၂၅၅။) ထိုသို့ဖျက်ဆီးခြင်းကြောင့်ဘဏ္ဍာစားလည်းမထိုက် သင်တို့သည်ကျွန်နုပ်တို့အဆောက်အဦတို့ကိုဖျက်ဆီး အပ်ကုန်ပြီဟူ၍လည်းမစောဒနာထိုက်။ (စ)ယံပန သီမသာမိကဟေိ ဘိကခှူဟိ ကတံ တံ သုကတမေဝ ဟောတိ။(ဝိ၊ဋ္ဌ၊၁၊၂၅၅) ကျောင်းဝိုင်းပိုင်ရှင်ရဟန်းတို့ဖျက်ဆီးပစ်မှုသည် ကောင်းသောဖျက်ဆီးမှုပင်ဖြစ်ပါသည်ဟုအဋ္ဌကထာ ဆရာမိန့်ဆိုထားသည်။ (ဆ)သုကတမဝေါတိ အညသံ သန်တကပေိ အတ်တနော သီမာယ အန္တော ဝုတ်တဝိဓိနာကတံ သုကတမေဝ။ (သာရတ်ထဋီကာ၊ဒု၊၁၂၂) (ဇ)သဗ်ဗဥ်စေတံ သုကတမေဝ အလဇ္ဇီနိဂ္ဂဟတ်ထာယ ပဝတ္တိတဗ်ဗတော။(ဝိမတိဋီကာ၊၁၊၁၉၆) အထက်၌ဆိုခဲ့ပြီးအဋ္ဌကထာဆရာ၏မိန့်ဆိုချက်ကိုသူတစ်ပါးတို့၏ဥစ္စာဖြစ်သော်ငြားလည်းမိမိ၏ကျောင်း ဝိုင်းအတွင်း၌အဋ္ဌကထာဝယ်မည်သို့မည်ပုံဖျက်ဆီးပစ်ရမည်ဟုဆိုအပ်ခဲ့သောအစီအစဥ်ဖြင့်ပြုလုပ်ခဲ့လျှင်ကောင်းသောပြုလုပ်မှုပင်ဖြစ်၏။အကြောင်းမှာ အလဇ္ဇီကိုနှိပ်ကွပ်ဖို့ရန်ဖြစ်စေအပ်ပြုလုပ်အပ်သော ကြောင့်တည်းဟုဋီကာဆရာများဖွင့်ဆိုထောက်ခံထား ကြပါသည်။ [“ဆက်ဦးမည်”]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဤအချင်းဖြစ်မှုခင်း၌ဝိရုဒ်ဓသေနာသနဖြစ်/မဖြစ် စိစစ်လျှင်- (၁)ဦးစန္ဒိမာရောက်လာသည့်နေ့မှစ၍ခဏအကြာတွင်ကျေးရွာမှဒါယကာ၊ဒါယိကာမများစိတ်ဝမ်းကွဲပြီး ကျေးရွာစည်းလုံးမှုညီညွတ်မှုပျက်ပြားခဲ့ရသည်။ (မြို့နယ်စောဒနာ) (၂)ဦးစန္ဒိမာသည်“လူအဖွဲ့အစည်းတို့တွင်မပါဝင်ရ” ဆိုသော်လည်းမနောစိတ္တဂိုဏ်းဝင်ပြီးစွက်ဖက်လုပ်ကိုင်နေခဲ့သည်။ (၃)ဒါယကာ/ဒါယိကာမများကကြည်ညိုကန်တော့မှု ပြုကြရာတွင်မနောစိတ္တုပ်ပါဒ်အဖွဲ့ဝင်တို့ပါဝင်ကောင်း ပါဝင်ကြပါမည်။တပည့်တော်ကလည်းပဋိသန္ဓာရစကား သာဖြစ်ပါသည်။(ဦးစန္ဒိမာ၏သောဓနာလွှာ) (၄)ဦးပုညသည်ကျန်းမားရေးပြည့်စုံရန်မနောစိတ္တပ္ပါဒ်ဂိုဏ်းတွင်ပါဝင်သည်။ဂိုဏ်းဆရာကြီးဦးအောင်ဆန်းနှင့်ဦးနုထွေးတို့ကျောင်းသို့လာကြသည်။ယခုမှုခင်းဖြစ်နေသောကျောင်းကို“သံဃိက”ဟုထွက်ဆိုရန်တိုက်တွန်းကြသည်။သံဃိကဟုမထွက်ဆိုလျှင်ဂ်ုဏ်းမှနှင်ထုတ်ပစ်မည်ဟုလည်းပြောကြသည်။ထို့ကြောင့်သံဃိကဟုမမှန်မကန် ထွက်ဆိုခဲ့ကြောင်းဦးပုညလျှောက်ထားသည်။ (ဦးပုည၏နိုင်ငံတော်သို့လျှောက်ထားလွှာ) (၅)၁၃၄၇-ခုနှစ်၊ဝါဆိုလပြည့်နေ့တွင်ဦးစန္ဒိမာနှင့်ဒါယကာတစ်စုကသိမ်တော်ဘုရားဂေါပကအတွင်းရေးမှူးဦးညိုပုအားကားဖြင့်တိုက်သတ်ရန်ကြံရွယ်ကြသည်။ ဦးစန်ဒိမာကမတားမြစ်မဆုံးမ၊ပြောင်ပြောင်တင်းတင်း ပင်အားပေးအားမြှောက်ပြုခဲ့သည်။ (၆)ဗဟိုဝန်ဆောင်ဆရာတော်၊မြို့နယ်သံဃနာယကဥက္ကဌဆရာတော်၊အကျိုးတော်ဆောင်ဆရာတော်တို့နှင့်ကျေးရွာပါတီကောင်စီ၊သိမ်တော်ဘုရားဂေါပကဥက္ကဋ္ဌ၊ အတွင်းရေးမှုးစသောအဖွဲ့အစည်းအသီးသီးတို့က ချမှတ်ခဲ့သောဆုံးဖြတ်ချက်(၄)ရပ်တို့မှာ- (က)ဦးစန္ဒိမာသည်ယနေ့မှစ၍လူ့အဖွဲ့အစည်းတို့တွင် မပါဝင်မစွက်ဖက်ရန်၊ (ခ)ဦးစန္ဒိမာသည်ကျေးရွာသံဃနာယကအဖွဲ့ဝင် ဆရာတော်တို့၏ဩဝါဒကိုခံယူပြီးသိမ်တော်မြောက်ကျောင်း၌ဆက်လက်သီတင်းသုံးနေထိုင်ရန်၊ (ဂ)သိမ်တော်ဘုရားနှင့်ပတ်သက်၍တိုးတက်ရာတိုးတက်ကြောင်းတို့ကိုသိမ်တော်ဘုရားဂေါပကအဖွဲ့ကသာ ဆက်လက်ဆောင်ရွက်ရန်၊ (ဃ)ဘုရားဂေါပကအဖွဲ့သည်လည်းကျေးရွာသံဃနာယကဆရာတော်တို့၏ဩဝါဒကိုခံယူပြီးဆက်လက်ဆောင်ရွက်သွားရန်၊ (၇)(က)၁၄-၅-၈၆နေ့စွဲဖြင့်သိမ်တော်ဘုရားပိုင်ဝတ္တကမြေပေါ်၌တိုက်ကျောင်းသစ်ဆောက်လုပ်ရန်ပြင်ဆင်ခြင်းကိစ္စဆောက်လုပ်ရန်ကြံစည်ခြင်းကိစ္စတို့ကိုတားမြစ်ခြင်း၊ (ကျေးရွာသံဃနာယကအဖွဲ့၏တားမြစ်စာ) (ခ)၁၅-၅-၈၆နေ့စွဲဖြင့်ကျေးရွာပြည်သူ့ကောင်စီမှ မြို့နယ်ပြည်သူ့ကောင်စီသို့ဦးစန္ဒိမာ၏အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည့်လက်ရှိအခြေအနေကိုတင်ပြအစီရင်ခံစာ (ဂ)၁၉-၅-၈၆နေ့စွဲဖြင့်ကျေးရွာသံဃနာယကအဖွဲ့က စတုသန္တကပိုင်ကျောင်းကြီးကိုအဓမ္မစနစ်ဖြင့်ဦးစန္ဒိမာ၏ ဖျက်ဆီးပစ်သောအချက်ကိုကျေးရွာပြည့်သူကောင်စီ သို့တိုင်ကြားစာ၊ (ဃ)၁၉-၅-၈၆နေ့စွဲဖြင့်ကျေးရွာပြည့်သူကောင်စီမှ မြို့နယ်ပြည်သူ့ကောင်စီထံဖျက်လက်စသိမ်တော်မြောက်ကျောင်းကြီးကိုမဖျက်ဖို့တားမြစ်ပေးရန်အစီရင်ခံစာ။ (င)၄-၆-၈၆နေ့စွဲဖြင့်မြို့နယ်ပြည်သူ့ကောင်စီမှကျေးရွာပြည်သူ့ကောင်စီထံမြို့နယ်သံဃနာယကအဖွဲ့မှနှစ်ကြိမ်တိုင်တိုင်ညှိနှိုင်းမှုပြုလုပ်ခဲ့သော်လည်းပြေငြိမ်းမှုမရရှိသဖြင့်ငြိမ်ဝပ်ပိပြားရေးအတွက်တာဝန်ယူဆောင်ရွက်ပေးရန်အကြောင်းကြားစာ၊ (စ)၆-၇-၈၇နေ့စွဲဖြင့်ကျေးရွာပြည်သူ့ကောင်စီမှမြို့နယ်ပြည်သူ့ကောင်စီထံဦးစန္ဒိမာသည်ဆူပူမှုဖြစ်အောင်ဖန်တီးနေသဖြင့်ကျေးရွာငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်အရေးယူပေးပါရန်တင်ပြစာ၊ (ဆ)၁၁-၇-၈၇နေ့စွဲဖြင့်ကျေးရွာသံဃနာယကအဖွဲ့မှ ကျေးရွာပြည်သူ့ကောင်စီထံသိမ်တော်မြောက်ကျောင်း၌ လာရောက်ဝါဆိုမည့်ရဟန်းသာမဏေများကိုဖယ်ရှားပေးပါရန်မေတ္တာရပ်ခံစာ၊ (ဇ)၅-၈-၈၇နေ့စွဲဖြင့်မန္တလေးတိုင်းသံဃနာယကအဖွဲ့မှ ကျောက်ပန်းတောင်းမြို့နယ်သံဃနာယကအဖွဲ့ထံ သိမ်တော်မြောက်ကျောင်း၌ဦးစန္ဒိမာလက်ခံထားသော နောက်တိုးသံဃာများကိုဖယ်ရှားပေးရေးအတွက် မြို့နယ်ပြည်သူ့ကောင်စီအားလမ်းညွှန်ဆောင်ရွက်သွားရန်ညွှန်ကြားစာ၊ (၅)၇-၈-၈၇နေ့စွဲဖြင့်မြို့နယ်သံဃနာယကအဖွဲ့မှမြို့နယ်ပြည်သူ့ကောင်စီသိမ်တော်မြောက်ကျောင်း၌နောက်တိုးသံဃာများဖယ်ရှားပေးရေးအတွက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအကြောင်းကြားစာ။ အထက်ပါအကြောင်းအရာတို့ကိုထောက်ဆ၍ဦးစန္ဒိမာ ၏အပြုအမူမှန်သမျှသည် ဆန့်ကျင်ဘက်ကိစ္စများကိုသာတစ်ခုပြီးတစ်ခုပြုလုပ်ဆောင်ရွက်နေကြောင်းထင်ရှားသည်။ ကျေးရွာ၊ဒါယကာ၊ဒါယိကာမများစိတ်ဝမ်းကွဲပြီးကျေးရွာ စည်းလုံးမှုညီညွတ်မှုပျက်ပြားခဲ့ရကြောင်းမြင်သာသည်။ သံဃသာမဂ္ဂီအမှုတို့ကိုလည်းဖျက်ဆီးနေကြောင်းသိသာသည်။ ယင်းသို့ဆန့်ကျင်ဘက်ကိစ္စများကိုတစ်ခုပြီးတစ်ခုပြုလုပ်ဆောင်ရွက်ကာဒါယကာ၊ဒါယိကာမတို့ညီညွတ်ရေးနှင့် သံဃာ့ညီညွတ်ရေးကိုဖျက်ဆီးတတ်သူဦးစန္ဒိမာ၏ ကျောင်းဟောင်းကြီးကိုအတင်းအဓမ္မရွှေ့ပြောင်းဆောက် လုပ်ခြင်းတိုက်ကျောင်းသစ်ကိုတားမြစ်နေကြသည့်ကြားမှမဖြစ်မနေဆောက်လုပ်နေခြင်းသည်ဝိရုဒ္ဓသေနာသနအဖြစ်ပေါ်လွင်သည်။ ညီညွတ်မှုကိုဖျက်ဆီးတတ်သူဦးစန္ဒိမာ၏ကျူးကျော်ဆောက်လုပ်ထားသောကျောင်းများဆက်လက်တည်ရှိနေလျှင်နှစ်ကျပ်ခွဲကျေးရွာဒါယကာ၊ဒါယိကာမများနှင့် ယင်းတို့၏သားစဉ်မြေးဆက်တို့သည်ဆက်ကာဆက်ကာ အကုသိုလ်တရားပွားစည်းနေကြမည်သာဖြစ်သော ကြောင့်ဦးစန္ဒိမာဝိရုဒ္ဓသေနာသနကျောင်းကိုအထက်ပါအဋ္ဌကထာဋီကာတို့၌လာသောနည်းလမ်းအတိုင်းဆောင် ရွက်နိုင်ပေသည်။ သိမ်တော်မြောက်ကျောင်းသည်မတသန္တကသံဃိကမဟုတ်၊စတုသန္တကပိုင်ကျောင်းဖြစ်သည့်အတွက် ဦးစန္ဒိမာကိုစတုသန္တကပိုင်ဆရာတော်တို့ကနှင်ထုတ်ပစ်နိုင်သည်။ ဦးစန္ဒိမာ၏အပြုအမူကြောင့်ဝိရုဒ်ဓသေနာသနအဖြစ်သို့ရောက်နေရကားအဌကထာဋီကာတို့နှင့်အညီပြုလုပ်ဆောင်ရွက်နိုင်ကြသည်ဟုနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈)ဝိနည်းဓိုရ်ဆရာတော်များက တညီတညွတ်တည်းသုံးသပ်စိစစ်တော်မူကြသည်။ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂၆/၈၈)ဝိနည်းဓိုရ်ဆရာတော်(၅)ပါးတို့သည်အထက်ဖော်ပြပါအတိုင်း အကြိမ်ကြိမ်အဖန်ဖန်လေ့လာသုံးသပ်ကြပြီး ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီမန္တလေးတိုင်း သံဃဝိနိစ္ဆယအဖွဲ့အမှတ်(ဒု/က-၁၅)၏ဆုံးဖြတ်ချက်ကို အတည်ပြုဆုံးဖြတ်တော်မူကြသည်။ [ဆုံးဖြတ်ချက်]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။မူလစုဒိတကဦးစန္ဒိမာ၏အယူခံလွှာကိုပလပ် ပယ်ချလိုက်သည်။ ၂။မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(ဒု/က-၁၅)၏ ဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်သည်။ [ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စဥ်/ဘွဲ့တော်/ကျောင်း/ကျောင်းဟိုက် ၁။ဘဒ်ဒန်တဣန္ဒာဝုဓာဘိဝံသ(သဘာပတိ) ပစ္ဆိမာရုံစာသင်တိုက် ၂။ဘဒ္ဒန္တဥတ္တမသာရ(အဖွဲ့ဝင်) ကျိုက္ကလို့ကျောင်း ၃။ဘဒ္ဓန္တဝိသုတ(အဖွဲ့ဝင်) ဓမ္မသီတဂူအေးရွာကျောင်း ၄။ဘဒ္ဒန္တသူရိယ(အဖွဲ့ဝင်) မဟာမြိုင်ကျောင်းတိုက် ၅။ဘဒ္ဒန္တရေဝတ(အဖွဲ့ဝင်) ငွေကြာရံပရိယတ္တိစာသင်တိုက်

                            ပြီးပါပြီ။
၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~
၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၂၁၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၆)

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်၊ကွန်ဒိုင်းကျောင်း၌ဖြစ်ပွား သောဒေါ်ပိုပါ၂ဦးနှင့်ဦးစန္ဒသိရီတို့၏ပထမပါရာဇိက- အနုဝါဒါဓိကရုဏ်းမှုခင်း [မှုခင်းဖြစ်စဉ်]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်အတွင်းကွန်ဒိုင်းရွာတွင် ရွာနှင့်အနည်းငယ်မျှကွာဝေးလျက်အရှေ့ဘက်တွင် ကွန်ဒိုင်းဘုန်းတော်ကြီးကျောင်းတည်ရှိပါသည်။ ဘုန်းတော်ကြီးကျောင်းနှင့်ရွာသုံးရွာတို့ကိုအုန်းပင်တန်းလမ်းများဖြင့်ဆက်သွယ်ထား၏။အရေအတွက်(၁၀၀၀) ကျော်ရှိသောလူနေအိမ်များနှင့်ဘုန်းတော်ကြီးကျောင်း သည်မနီးလွန်းမဝေးလွန်းဘဲပစ္စယာမိသကိုအားထား၍ တရားဘာဝနာအားထုတ်နေထိုင်ရန်သင့်လျော်သောကျောင်းတစ်ကျောင်းဟုယူဆရပေသည်။ ယင်းကွန်ဒိုင်းကျောင်းတွင်(၁၃၄၇)ခုနှစ်မတိုင်မီက ဆရာတော်ဦးတေဇိန္ဒသည်ဘာသာသာသနာတိုးတက်ပြန့်ပွားရေး၊ဒကာဒကာမများသုဂတိနိဗ္ဗာန်အကျိုးဖြစ် ထွန်းစေရေးရှေးရှုပြီး"သာရာဂါအနာဂါရာစ၊ဥဘော အညောညနိဿိတာ”ဟူသည်နှင့်အညီကွန်ဒိုင်းရွာ ဒကာဒကာမများလက်တွဲညီညီသာသနာပြုဆောင်ရွက် ခဲ့ပါသည်။ ၁၃၄၇-ခုနှစ်သို့ရောက်သောအခါဆရာတော်ဦးတေဇိန္ဒမှ ကွန်ဒိုင်းရွာဒကာ၊ဒကာမများအတွက်ဘာသာရေး၊ သာသနာရေးအားကိုရမည်ထင်မိသောဦးစန္ဒနသိရီကို အထက်အညာဒေသမှခေါ်ယူခဲ့ပြီးကွန်ဒိုင်းကျောင်းကို လွှဲအပ်စောင့်ရှောက်စေခဲ့ပါသည်။ ဆရာတော်ဦးစန္ဒနသိရီသည်ဓမ္မာစရိယအောင်မြင်ခြင်း၊ တိုင်းရင်းဆေးပညာစာမေးပွဲအောင်မြင်ခြင်းတို့ကြောင့် ကျေးရွာရှိဒကာဒကာမများအားတရားဟောပြောပေးခြင်း၊သာမှုနာမှုကိစ္စတို့ကိုဆောင်ရွက်ပေးခြင်းတို့အပြင် ကျေးရွာလူထု၏ကျန်းမာရေး၊အတွက်ဆေးဝါးများ ကုသပေးခဲ့ရာဆေးရုံဆေးပေးခန်းနှင့်အလှမ်းဝေးသော ကျေးရွာလူထု၏အားကိုးရာဖြစ်ခဲ့သည်။ ယင်းသို့ဆေးကုပေးခြင်းဟူသောအနေသနမှုကြောင့်ပင် ကွန်ဒိုင်းရွာသူမုဆိုးမဒေါ်ပိုဆိုသူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့သည်။ထိုသို့ကျွမ်းဝင်လာသဖြင့်ကွန်ဒိုင်းဘုန်းတော်ကြီးကျောင်းသို့အဝင်အထွက်များလာရကားကျေးရွာလူထုမှမသင်္ကာတော့၍ကျေးရွာတာဝန်ရှိသူများ၏ သတိပေးမှုအရအသွားအလာကြဲသွားခဲ့သည်။ တစ်ဖန်ကွန်ဒိုင်းရွာမှငယ်ရွယ်သူ(၁၀)တန်းကျောင်းသူ မသင်းသင်းနီကိုဦးစန္ဒနသိရီ၏အိပ်ရာခန်းအတွင်း၌ အင်္ဂလိပ်ဘာသာစာပြပေးမှုအစပြု၍တစ်စတစ်စအသွား အလာများလာပြန်ရာဒေါ်ပိုနှင့်တကွကျေးရွာလူထု၏ မသင်္ကာမှု၊မယုံကြည်နိုင်မှုတို့ကြောင့်တာဝန်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးစစ်ဆေးခံရသည့်အထိဖြစ်လာခဲ့ရပြန်သည်။ ထိုသို့လူသိရှင်ကြားဖြစ်လာခဲ့ပြီးသည့်အခါဒေါ်ပိုနှင့် မသင်းသင်းနီတို့က၄င်းတို့နှင့်ဦးစန္ဒနသိရီသည် ကာမစပ်ယှက်မှုကျူးလွန်ကြသဖြင့်ဦးစန္ဒနသိရီအား အရေးယူပေးပေးပါရန်ဖျာပုံမြို့နယ်သံဃနာယကအဖွဲ့သို့ စောဒကပြုလုပ်စွဲဆိုတိုင်ကြားကြသောကြောင့် ဤပထမပါရာဇိကအနုဝါဒါဓိကရုဏ်းမှုခင်း ဖြစ်ပေါ်လာရပါသည်။ [နိုင်ငံတော်သို့ရောက်ရှိလာခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ယင်းမှုခင်းကိုဖျာပုံမြို့နယ်သံဃနာယကအဖွဲ့က ဖျာပုံမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၁/၆၂)ကိုဖွဲ့စည်း၍စစ်ဆေးဆုံးဖြတ်စေခဲ့ရာယင်းဝိနိစ္ဆယအဖွဲ့ အမှတ်(၁/၆၂)ကစုဒိတကဦးစန္ဒနသီရီအားနေဝသုဒ်ဓ နာသုဒ္ဓအဖြစ်ဆုံးဖြတ်ခဲ့သည်။ ၎င်းဆုံးဖြတ်ချက်ကိုမကျေနပ်သောဦးစန္ဒနသိရီက ဧရာဝတီတိုင်းသံဃနာယကအဖွဲ့သို့တိုင်းအယူခံစောဒကပြု၍စွဲဆိုတိုင်ကြားလာပြန်ရာဧရာဝတီတိုင်းသံဃနာယကအဖွဲ့ကဧရာဝတီတိုင်းသံဃဝိနိစ်ဆယအဖွဲ့ အမှတ်(၄/၂ဝဝဝ)ကမြို့နယ်ဝိနိစ္ဆယကိုပယ်ဖျက်၍ အယူခံစောဒကဦးစန္ဒနသိရီအား“သုဒ္ဓ”ဟုဆုံးဖြတ် ပေးခဲ့သည်။ ယင်းတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(၄/ ၂ဝဝဝ)၏ ဆုံးဖြတ်ချက်ကိုမကျေနပ်ကြသောမူလစောဒက (၁)ဒေါ်ပို၊စောဒက(၂) မသင်းသင်းနီတို့ကနိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့အယူခံစောဒကပြုကြ၍ စောဒနာလွှာတင်သွင်းလာကြသဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၇/၂၀၀၂)ကိုဖွဲ့စည်း၍အမှုတွဲကိုစစ်ဆေးဆုံးဖြတ်ပေးရန်လွှဲအပ်ခဲ့ပါသဖြင့်နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော် များထံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။ အဖွဲ့အမှတ်(၇/၂၀၀၂)နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော် [ကြီးများ၏သဘောထား]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

လောက၌အမှန်ရှိလျှင်အမှားရှိသည်၊အစစ်ရှိလျှင်အတုရှိသည်၊နိစ္စရှိလျှင်အနိစ္စရှိသည်၊အနိုင်ရှိလျှင်အရှုံးရှိသည်ဆိုတာလူတိုင်းပုဂ္ဂိုလ်တိုင်းသိမြင်ကြပါသည်။ ဤသဘောတရားကိုစောဒက၊စုဒိတကတို့ကိုယ်တိုင်သိ၍ ကျင့်သုံးနေကြသည်၊မိမိပြောတာအမှန်ဟုယူဆကာ ဝိနည်းဓိုရ်ဆရာတော်ကြီးများထံတင်ပြ၍အဆုံးအဖြတ်ခံယူနေကြသည်။ စောဒက၊စုဒိတကတို့၏တင်ပြချက်စကားများကို မြတ်စွာဘုရားဝိနည်းဥပဒေ၊သဘာဝယုတ္တိချိန်ခွင်ဖြင့် မှန်ကန်မှုရှိ-မရှိချိန်တွယ်ကြည့်ရပေမည်၊ရွှေစစ်-မစစ် မှတ်ကျောက်တင်၍စစ်ဆေး၏သို့အဂတိလေးပါးမလိုက် စားဘဲရင်ဝယ်ပေါက်ဖွားသမီးသားကဲ့သို့သဘောထား ကာစောဒက၊စုဒိတကသက်သေစကားများကို ဝိနယူပဒေသမှတ်ကျောက်ရောက်အောင်တင်၍တိကျမှန်ကန်စွာနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်၍ဆုံးဖြတ်ပေးကြမည်ဖြစ်ပေသည်၊ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်စောဒနာလွှာ၊သောဓနာလွှာ၊ သက်သေတို့၏ထွက်ဆိုချက်တို့ကိုခြုံငုံသုံးသပ်၍ စောဒက၊စုဒိတကနှစ်ဦးတို့တွင်တစ်ယောက်အား မှန်သောဆုံးဖြတ်ချက်ကိုပေးမည်၊ကျန်တစ်ယောက်ကို မှန်သောဆုံးဖြတ်ချက်ကိုပေးလို့မရနိုင်တော့ချေ။ အမှန်ကိုအမှန်ဟုသိရှိလက်ခံနိုင်သူ၊အမှားကိုအမှားဟု သိရှိလက်ခံနိုင်သူဧကန်တပညာရှိအဖြစ်ခံယူ၍မိမိကိုယ်ကိုအကုသိုလ်တရားမှစင်ကြယ်အောင်ရွက်ဆောင်နိုင်ပါစေ-ဟုဆန်ဒပြုအပ်ပါသတည်း။ [စောဒက(၁)နှင့်(၂)တို့၏စောဒနာလွှာကိုသုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

စောဒက(၁)၏မူလစောဒနာလွှာနှင့်ဖြည့်စွက်စောဒနာချက်များမှာနေ့ရက်အစဉ်လွဲသည်များရှိသော်လည်း သဘောသွားမှာညီညွတ်မှုရှိသည်ကိုတွေ့ရသည်။ မျက်မြင်သက်သေအဖြစ်တင်ပြသောစောဒက(၁)၏ သက်သေကိုရင်ဣန္ဒက(အေးကို)မှလည်းရဝတအာဏာ ပိုင်အဖွဲ့နှင့်ရပ်မိရပ်ဖများရှေ့မှောက်၌အကြောင်းအရာ တိကျခိုင်လုံစွာထွက်ဆိုမှုကိုတွေ့ရခြင်း၊ယင်းထွက်ဆိုမှု၏ခိုင်လုံမှုကိုထောက်ပြရသော်-ရဝတအဖွဲ့နှင့်ရပ်မိ ရပ်ဖစစ်ဆေးသူ(၈)ဦးတို့၏ကိုယ်တိုင်လက်မှတ်များနှင့် တင်ပြထားရကားတိကျခိုင်လုံသောထွက်ဆိုမှုဖြစ်သည်ဟုယူဆရပေသည်၊စောဒက(၁)ပြမျက်မြင်သက်သေ နောက်တစ်ဦးဖြစ်သူဦးဝင်းလှိုင်၏တွေ့မြင်ပုံစောဒနာနှင့် ဦးဝင်းလှိုင်ကိုယ်တိုင်ထွက်ဆိုချက်များမှာရှေ့နောက်ညီညွတ်မှုရှိနေပေသည်။ စောဒက(၂)၏မူလစောဒနာလွှာနှင့်ဖြည့်စွက်စောဒနာချက်များမှာလည်းစာသင်ပြပေးခြင်းငွေကြေးပေးကမ်းခြင်းတို့မှတစထက်တစတိုး၍ထိတ်ပုတ်ခေါင်းပုတ်စသည့်ထိကပါးရိကပါးပြုမူလာခဲ့ရာ(၁၃၅၉)ခုနှစ်ခန့်မှစ၍ မေထုနပဋိသဝနအမှုကျင့်သုံးကျူးလွန်လာကြပုံကို စောဒနာထားခြင်းမှာငယ်ရွယ်သူမိန်းမပျိုတစ်ဦးအနေနှင့် ခံစားချက်အမှန်အတိုင်းပင်ဖြစ်ပေလိမ့်မည်ဟုသုံးသပ် ရပေသည်။ စောဒက(၂)၏သက်သေဦးညွန့်စိန်၊ဦးသိန်းမြင့်၊ဦးသုမနတို့သိမြင်ကြောင်းမျက်မြင်သက်သေများကတဖန်ပြန် ပြောမှသိရကြောင်းကိုစောဒနာတင်သွင်းထားသည်နှင့် ယင်းသက်သေတို့၏ကိုယ်တိုင်ထွက်ဆိုချက်များမှာ ညီညွတ်မှုရှိနေပေသည်။ပဋိသန္ဓေတားဆေးထိုးပေးပါ သည်ဟူသောစောဒနာစကားသည်လည်းဆေးထိုးကျွမ်း ကျင်သောစုဒိတကမှငယ်ရွယ်သူမိန်းမပျိုဖြစ်၍လိုအပ်သောကိစ္စဖြစ်သောကြောင့်ကားဆေးထိုးပေးခြင်းမှာ ဖြစ်နိုင်သည်ဟုယူဆရပေသည်။ နိုင်ငံတော်အယူခံစောဒနာလွှာကိုစိစစ်ကြည့်သော် စောဒက(၁)သည်လည်းကောင်းစောဒက(၂)သည်လည်းကောင်းမူလစောဒနာ၊ဖြည့်စွက်စောဒနာများကိုသာ အတည်ပြုပါရန်အဓိကထားတင်သွင်းထားပြီးထူးခြားချက်များထပ်မံတွေ့ရှိရမှုမရှိပေ။ [စုဒိတကသောဓနာလွှာကိုသုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

စုဒိတက၏သောဓနာစကားရပ်များသည်စောဒနာများကို ငြင်းဆန်ရာတွင်တိကျသောငြင်းဆန်မှုခိုင်မာသောသက်သေအထောက်အထားများကိုမတွေ့ရပေ။ တီဗွီမှလာသောကျောင်းသင်ခန်းစာကြည့်ဖို့ဘုန်းကြီး၏ အိပ်ရာခန်းအတွင်းကြည့်စေသည်မှာမသင့်လျော်သော မရိုးသားသောလုပ်ရပ်ဖြစ်သည်ဟုသုံးသပ်မိပေသည်။ နိုင်ငံတော်အယူခံသောဓနာ၌ဇာတိရပ်ရွာမဟုတ်သော ကြောင့်ဤကဲ့သို့တမင်လုပ်ကြံကြခြင်းဖြစ်သည်- ဟူသောစကားသည်ဘုန်းတော်ကြီးကျောင်းတိုင်းမိမိဇာတိသားချည်းမဟုတ်ကြပေ၊ထို့ပြင်ကျေးရွာဒကာ၊ ဒကာမများကစုဒိတကအပေါ် အဘယ့်ကြောင့်မကျေ မနပ်ဖြစ်ကြသည်ဟူသောအချက်ကိုစုဒိတကမှအကြောင်းအရာဖော်ပြထားမှုမရှိခြင်းတို့ကြောင့် ယုတ္တိမဲ့သောစကားသာဖြစ်ပေသည်။ သောဓနာလွှာတွင်စောဒကများသည်တပည့်တော်၏ ကျေးဇူးပြုမှုနှင့်မကင်းကြသူများဖြစ်နေကြပါသည်- ဟူသောသောဓနာနှင့်မြို့နယ်ထွက်ဆိုချက်များဝယ် စောဒကများအားမုန့်ဖိုးတောင်မပေးဖူးပါဟူသောစကားသည်ဆန့်ကျင်နေရကားစုဒိတကကိုယုံကြည်ရန်ခဲယဉ်းနေပေသည်။ "ဦးသုမန၏တွေ့မြင်မှုမှာ၁၃၆၁-ခု၊ဝါဆိုလ”ဟုရှေ့နောက် ကွဲလွဲစွာထွက်ဆိုထားပါသည်-ဟူသောစကားရပ်ကို စိစစ်ကြည့်ရှုသော်မြို့နယ်ဝိနိစ္ဆယအဖွဲ့ရှေ့၌ဦးသုမန၏ ထွက်ဆိုချက်တွင်ဒုတိယဝါဆို၊၁၃၆၁-ခုဟုတွေ့ရသည်၊ ၎င်းကိုယှဉ်တွဲသုံးသပ်ရာဒုတိယဝါဟူသည်ဦးသုမန၏ ရဟန်းဖြစ်ပြီး(၂)ဝါမြောက်ဟုအဓိပ္ပာယ်ရသည်၊ ၁၃၆၂-ခု၊အမှုစစ်ဆေးခံရချိန်၌(၃)ဝါဟုအစစ်ခံထားရာ ၁၃၆၁-ခု၊ဦးသုမန၏ရဟန်းဖြစ်ပြီးဒုတိယဝါဟုအဓိပ္ပာယ်ရလေသည်။ဝါဆိုလ-ဟုမယူဆသင့်ပေ။ စောဒက(၂)အားပဋိသန္ဓေတားဆေးထိုးပေးခြင်းကိုလည်း“အင်္ဂလိပ်ဆေးမထိုးပါ၊မြန်မာပေါင်းဆေးရည်ကို ဆလင်းဖြင့်ထိုးပါသည်”-ဟူသောစုဒိတက၏စကားဖြင့် ငြင်းဆန်ပါသော်လည်းပျက်ပြယ်သွားအောင်ငြင်းဆန်ခြင်းမဟုတ်၊တစ်ဝက်ဝန်ခံထားသည့်သဘောသက်ဝင်နေသည်ဟုသုံးသပ်၍ရနေပေသည်။ ဤအချက်များမှအပအခြား-အမှုနှင့်တိုက်ရိုက်ဆက်စပ်မှုရှိသောသောဓနာစကားမတွေ့ရတော့ပေ။ ထို့ကြောင့်စုဒိတက၏မူလသောဓနာ၊အယူခံသောဓနာတို့သည်စောဒနာများကိုလုံးဝပျက်ပြယ်အောင်ချေဖျက်နိုင်စွမ်းမရှိသောသောဓနာများဖြစ်သည်ဟုသုံးသပ်တော်မူကြသည်။ စောဒက(၁)ဒေါ်ပို၏မြို့နယ်ဝိနိစ္ဆယအဖွဲ့ရှေ့မှောက်၌ [ထွက်ဆိုချက်ကိုစိစစ်သုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

အနုဝါဒါဓိကရုဏ်းမှုခင်းနှင့်တိုက်ရိုက်ဆက်စပ်သော ထွက်ဆိုချက်များကိုသာကောက်နုတ်၍သုံးသပ်ပါမည်။ မည်သည့်အတွက်ကြောင့်စုဒိတကအခန်းတွင်ရောက်နေပါသလဲ၊မည်သည့်အချိန်ကရောက်နေပါသလဲ။ ည(၇)နာရီစ၍စုဒိတကအခန်းအတွင်းရောက်နေရာ ကိုရင်အေးကိုနဲ့တွေ့သည့်အချိန်ကျမှပြင်ပသို့ထွက်လာ ခဲ့ပါသည်ဘုရား။ ထိုညကစုဒိတကနှင့်အကြင်လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံသည့်အကြိမ်မည်မျှရှိပါသလဲ။ (၁)ကြိမ်သာအကြင်လင်မယားအဖြစ်ဆက်ဆံကြပါသည် နှစ်ဦးသဘောတူဆက်ဆံကြပါသလား။ နှစ်ဦးသဘောတူဆက်ဆံကြခြင်းဖြစ်ပါသည်ဘုရား။ စုဒိတက၏ချေပလွှာတွင်ပန်းသေရောဂါရှိကြောင်း ချေပထားသည်ကိုမည်သို့ဖြေကြားနိုင်ပါသလဲ။ စုဒိတကတွင်ပန်းသေရောဂါအမှန်မရှိပါ၊ယောက်ျားတစ်ယောက်တွင်ပန်းသေရောဂါနှစ်ရှည်လများရှိမည်ဆိုပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်ဘုရား။ စုဒိတကမှမေးမြန်းရန်ရှိပါသလား။ စောဒက(၁)ဒေါ်ပိုအားမေးရန် မရှိပါဘုရား။ ဤထွက်ဆိုချက်တို့ကိုသုံးသပ်ရလျှင်စုဒိတကသည် စောဒက(၁)ဒေါ်ပိုနှင့်ကျူးလွန်သည်ကိုပြန်လှန်မေးခွန်းပင်မပေးနိုင်တော့ခြင်း၊စောဒက(၁)၏သက်သေ ဦးဝင်းလှိုင်၏ကိုယ်တိုင်မြင်တွေ့ပါသည်ဆိုသောထွက်ဆိုချက်ကိုစုဒိတကသည်ပြန်လှန်မေးမှုမရှိခြင်းတို့ကြောင့် စုဒိတကသည်စောဒက၏စွဲဆိုချက်ကိုကျူးလွန်မိကြောင်းဝန်ခံရာရောက်နေသည်ကိုတွေ့ရပေသည်။ စောဒက(၂)မသင်းသင်းနိုင်၏မြို့နယ်ဝိနိစ္ဆယအဖွဲ့ [ရှေ့မှောက်၌ထွက်ဆိုချက်များကိုစိစစ်သုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

စုဒိတကမှကော်ဖီမစ်ကွေကာအုပ်ကိုဘယ်အချိန်မှာ တိုကပွါသလဲ။ သားမယားအဖြစ်ပြုကျင့်ပြီးမှတိုက်ပါသည်။ စုဒိတကသည်သင်းသင်းနီကိုပြုကျင့်ရာတွင်ခန္ဓာကိုယ်ကို ချုပ်ကိုင်ပြုကျင့်ပါသလား။ ရုန်းကန်လှုပ်ရှား၍မရအောင်ခန္ဓာကိုယ်ကိုသိမ်းဖက်၍ ပြုကျင့်ရာတွင်စုဒိတက၏ကုတင်အောက်၌ပြုကျင့်ခြင်းဖြစ်ပါသည်။ ယခုလိုသင်းသင်းနီမှသဘောမတူကြောင်းငြင်းဆိုရာ စုဒိတကမှမည်သို့ဆောင်ရွက်ပါသလဲ။ စုဒိတကမှ(၂/၃)ကြိမ်ဆက်ဆံပြီးသောအခါကိုယ်ဝန်မရှိစေရန်အတွက်တားဆေးထိုးပေးပါသည်။သောက်ဆေးတော့မပေးပါ၊ဒီဆေးထိုးလျှင်ကိုယ်ဝန်မရှိနိုင်ကြောင်း ပြောပြီးဆေးထိုးပါသည်၊တပည့်တော်မှာကိုယ်ဝန်ရှိမည်စိုးကြောင်းပြောသည့်အတွက်စုဒိတကမှတားဆေးထိုးပေးခြင်းဖြစ်ပါသည်။ စုဒိတကမှကာမဆက်ဆံပြီးနောက်စုဒိတကထံသို့ မသွားလိုတော့ဘူးလား၊စိတ်ထဲတွင်မည်သို့ခံစားရပါသလဲ။ စုဒိတကနှင့်ကာမဆက်ဆံပြီးနောက်ပိုင်းမသွားဘဲမနေနိုင်သကဲ့သို့ကာမဆက်ဆံလိုသည့်စိတ်လည်းအလို အလျောက်ပေါ်ပေါက်လာ၍စုဒိတကမှာသည်ဖြစ်စေ၊ မမှာသည်ဖြစ်စေမိမိစိတ်ဆန္ဒအလိုလိုစုဒိတကထံ သွားပါသည်။သွားချင်စိတ်ပေါ်ပေါက်လာပါသည်။ စုဒိတက၏သောဓနာလွှာတွင်လည်းကောင်း၊စောဒက၏ စောဒနာလွှာတွင်လည်းကောင်း၊စုဒိတကတွင်ပန်းသေ ရောဂါရှိကြောင်းရေးသားထားသည့်အတွက် မသင်းသင်းနီအနေနှင့်တိုက်ရိုက်ကိုယ်တိုင်ကာမဆက်ဆံသည့်အတွက်စုဒိတကတွင်ပန်းသေရောဂါရှိ/မရှိသိနိုင်ပါသလား။ စုဒိတကနှင့်ကာမဆက်ဆံရာတွင်စုဒိတက၏လိင်သည် တပည့်တော်မိန်းမကိုယ်အတွင်းသို့ထိုးသွင်းရာတွင် မာကျောတောင့်တင်းမှုရှိသည်ကိုကိုယ်တိုင်သိပါသည်။ ဤသို့စောဒက(၂)မသင်းသင်းနီ၏စုဒိတကမှကိုင်တွယ်သုံးသပ်ပုံ၊ပြုကျင့်ပုံတို့ကိုပွင့်လင်းစွာတင်ပြ၍မိန်းမပျိုဖြစ်သည့်အတွက်ကိုယ်ဝန်ပြဿနာတက်လာနိုင်ရကား စောဒက၏စိုးရိမ်ပူပန်မှုပျောက်စေရန်စုဒိတကမှပဋိသန္ဓေတားဆေးထိုးပေးခြင်း၊နောက်ပိုင်းကာလ စောဒကကိုယ်တိုင်စိတ်ပါလက်ပါဖြစ်လာခြင်း၊စုဒိတကတွင်ပန်းသေရောဂါမရှိကြောင်းစောဒကမှကိုယ်တိုင် တွေ့ရှိခံစားရမှုသယံဝေဒယိတကိုထွက်ဆိုထားခြင်းတို့မှာ သဘာဝယုတ္တိသင့်ပေသည်ဟုသုံးသပ်တော်မူကြသည်။ ထိုထွက်ဆိုချက်များအပေါ်စုဒိတကမှပြန်လှန်မေးရာဝယ် ၁၃၅၉-ခု၊နေ့တစ်နေ့(၁)နာရီခန့်အချိန်တွင်အခန်းတွင်း၌ သားမယားအဖြစ်ကာမစပ်ယှက်သည်ကိုပထမဦးသုမန၊ ဒုတိယဦးညွန့်စိန်၊တတိယ-ဦးသိန်းမြင့်တို့သိတယ်ဆိုတာ မသင်းသင်းနီဘယ်လိုသိပါသလဲ။ ဦးသုမနရွာထဲမှတဆင့်ပြော၍သိပြီး၊ဦးညွန့်စိန်နဲ့ ဦးသိန်းမြင့်တို့ကတော့သူတို့ကိုယ်တိုင်ပြောလို့သိရပါသည်။ အထက်ပါမေး+ဖြေရာ၌ဦးသုမန၊ဦးညွန့်စိန်၊ဦးသိန်းမြင့်တို့မြင်တွေ့ပုံရှေ့နောက်အစဉ်မကျသည်ကိုမေးလိုရင်းဖြစ်ဟန်တူသည်။ပ-ဒု-တဟုအစဉ်ထိုး၍မေးထားသော ကြောင့်သုံးသပ်၍ရသည်။ထိုအစဉ်ပျက်မှု(ဝါ)မူမမှန်မှု သည်“စုဒိတကနှင့်စောဒက(၂)တို့ကျူးလွန်ကြပုံကို မြင်တွေ့ပါသည်”ဆိုသောပဓာနစကားရပ်ကိုပျက်ပြယ်အောင်ချေဖျက်နိုင်စွမ်းမရှိဖြစ်နေသည်၊မြင်တွေ့ပုံမှန်ကန်မှုသည်ပဓာနဖြစ်၏။ ထို့ကြောင့်စောဒက(၂)၏စွဲဆိုစောဒနာထွက်ဆိုချက်များလည်းအတည်ပြုရမည့်သဘောသက်ရောက်နေပေသည် ထို့ကြောင့်ဆက်လက်၍စုဒိတက၏ထွက်ဆိုချက်များကို ထုတ်နုတ်စိစစ်သုံးသပ်ကြရပေမည်။ စုဒိတကဦးစန္ဒနသိရီမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ရှေ့မှောက် [၌ထွက်ဆိုချက်ကိုသုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

စောဒကများထွက်ဆိုချက်မှန်ကန်ပါသလား။ မမှန်ပါ၊တမင်္ဂလာလုပ်ကြံထွက်ဆိုကြခြင်းသာ ဖြစ်ပါသည်။ ၆၁-ခု၊ပြာသိုလဆန်း(၆)ရက်နေ့ညကစောဒက(၂) ကျောင်းတွင်းအခန်း၌တစ်ညလုံးရှိနေသည်ဆိုလျှင် မှန်ပါသလား။ လုံးဝမမှန်ပါ၊အခန်းတွင်း၌လည်းမရှိပါ၊သားမယားအဖြစ်လည်း မပြုကျင့်ပါ။ သင်းသင်းနီကျောင်းခန်းတွင်း၌ရှိနေသည်ကိုရယကနှင့် တာဝန်ရှိသူများ(၆၁)ခု၊ပြာသိုလ်လဆန်း(၇)ရက်နေ့ကျောင်းကိုလာရှာကြသည်ဆိုတာမှန်သလား။ လာရှာတာမှန်ပါသည်၊သင်းသင်းနီမရှိပါ။ သင်းသင်းနီချောင်းဖြတ်ကူး၍တာဝန်ရှိသူများဖမ်းဆီးစစ်ဆေးသည့်သတင်းကိုကြားသိပါသလား။ ညနေစောင်းမှကြားပါသည်။ စုဒိတကသည်စောဒက၏စောဒနာကိုပျက်အောင်ချေဖျက်နိုင်ရမည်ဖြစ်သည်။ စောဒက(၂)နှင့်စုဒိတကတို့ရပ်သိရွာသိဖြစ်သွားသောကိစ္စကိုမေးရာအထက်ဖော်ပြပါကောက်နုတ်ချက်များအရအချို့ကိုဘူးတစ်လုံးဆောင်၍ငြင်းသော်လည်း ရယကများအဖွဲ့ကစောဒက(၂)ကိုလာရှာသည့်ကိစ္စ၊ ဖမ်းမိ၍စစ်ဆေးခံရကြောင်းကြားသိသည့်ကိစ္စတို့ကို ဟုတ်မှန်ကြောင်းဝန်ခံထွက်ဆိုထားသည်။ ရယကများအနေဖြင့်စောဒက(၂)ကျောင်းမှာမရှိဘဲ အရှိပြုလုပ်၍အဖွဲ့လိုက်ကြံစည်မှုတော့မဖြစ်နိုင်ဟု သုံးသပ်၍ရပေသည်။တဖန်စုဒိတက၏သက်သေ ဦးမှတ်ကြီးကိုစောဒက(၂)မှပြန်လှန်မေးရာတွင်- ဦးမှတ်ကြီးအနေနှင့်ကျမနှင့်တစ်ခါမှစကားမပြောဘူးပါ ဆိုတာမှန်ပါသလား။ဦးမှတ်ကြီး၊မှန်ပါသည်။ ဤအကြောင်းအရာသည်တစ်ရွာထဲနေသူများဖြစ်၍ တစ်ခါမှစကားမပြောဘူးပါဟုထွက်ဆိုခြင်းသည် ဦးမှတ်ကြီးအနေဖြင့်ယုံကြည်ထိုက်သောစကားရှိသူ မဟုတ်ကြောင်းထင်ရှားနေရကားသက်သေစာရင်းမှ ပယ်သင့်သောပုဂ္ဂိုလ်အဖြစ်စိစစ်တွေ့ရှိရပေသည်။ [မြို့နယ်ဝိနိစ္ဆယကိုသုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့(၁/၆၂)၏ သုံးသပ်ချက်များကိုကြည့်ရှုရာတွင်မိမိတို့မြို့နယ်အတွင်းဖြစ်သောမှုခင်းများကိုမြို့နယ်ဆရာတော်များက တိတိကျကျသိရှိနိုင်ပေမည်။ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော်များ၏ သီလသိက္ခာ၊သမာဓိသိက္ခာသည်အဓိကကျလှပေ၏။ ဒေသဌာနတို့ကိုကြည့်၍စစ်ဆေးသုံးသပ်ထားပုံမှာ သေသပ်မှုရှိပေသည်။သက်သေ(၄)မျိုး၊စောဒနာ(၂)မျိုးတို့ကိုခွဲခြားဝေဖန်၍စိစစ်ထားပုံ၊ယူဆသုံးသပ်ထားပုံတို့မှာကောင်းမွန်သဖြင့်နိုင်ငံတော်ဝိနည်းမိုရ်ဆရာတော်များအနေဖြင့်မြို့နယ်ဝိနိစ္ဆယကိုထပ်မံသုံးသပ်ခြင်းမပြုတော့ပေ။ [တိုင်းဝိနိစ္ဆယကိုသုံးသပ်ခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဧရာဝတီတိုင်းသံဃဝိနိစ္ဆယအဖွဲ့ (၄/၂ဝဝဝ)၏သုံးသပ်ချက်များကိုကြည့်ရှုရာတွင်ရှေ့စောဒနာ၊နောက်စောဒနာ၊ ထွက်ဆိုချက်များတွင်ရက်စွဲလွဲမှားသည်ကိုထောက်ဆပြီးအဓမ္မစောဒနာဟုသုံးသပ်ထားရာ- နှစ်ကာလရှည်ကြာသဖြင့်ရက်စွဲအနည်းငယ်ကွာခြားသည်မှာဖြစ်တတ်သော သဘောပင်ဖြစ်သည်။ဘာကြောင့်ပါလဲဆိုလျှင်-ပင်ကိုယ်အစကသဘောတူကြ၍ရက်စွဲများမှတ်သားထားဖွယ် မလိုသောကြောင့်ဖြစ်သည်ဟုသုံးသပ်ရပေမည်။ ကိုရင်အေးကို၏ဘွဲ့အမည်မသိပါနှင့်နောက်မှကိုရင် ဣန္ဒကဟုသိရှိရခြင်းသည်လည်းပဓာနမဟုတ်ချေ။ အေးကိုဖြစ်စေ၊ဣန္ဒကဖြစ်စေ၊မြင်တွေ့သည့်သက်သေဖြစ်ခြင်း၊ရယကများ၏လက်မှတ်နှင့်တကွတင်ပြထား၍ ခိုင်မာသောသက်သေဖြစ်ခြင်းတို့သည်သာပဓာနဖြစ်၍ စောဒကသက်သေအဖြစ်လုံလောက်သည်သာဖြစ်ပေသည်။ စောဒနာ၊သောဓနာလွှာများကိုသုံးသပ်ရာ၌လည်း ပဓာနမကျသောအချက်များကိုသာကောက်နုတ်စိစစ်ထားသည်ကိုတွေ့ရသည်။ စောဒကတို့၏ထွက်ဆိုချက်ကိုစုဒိတကမှပြန်လှန်မမေး နိုင်ခြင်းကိုကွယ်ဝှက်ထားသကဲ့သို့ဖြစ်နေသည်။ စောဒက(၂)မှပေးစာနှင့်စုဒိတကမှပေးစာ(၂)စောင်ကို ပေးစာ၊ပြန်စာအဖြစ်တဆက်တည်းသုံးသပ်ပုံမှာလည်း စာသားအဓိပ္ပာယ်ဆက်စပ်၍မရနိုင်သည်ကိုတိုင်းဝိနည်း ဓိုရ်ဆရာတော်များသတိမူမိဟန်မတူပေ။ စုဒိတက၏စာသည်ရဟန်းတစ်ပါးရေးသင့်သောစာမျိုး မဟုတ်ပေ။ဤကဲ့သို့သုံးသပ်မှုများကြောင့်တိုင်းဝိနိစ္ဆယသုံးသပ်ချက်သည်အားနည်းချက်များရှိနေသည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကတညီတညွတ်တည်းယူဆသုံးသပ်တော်မူကြသည်။ [စောဒနာကာလကိုသုံးသပ်ဝေဖန်ပြခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နိုင်ငံတော်သောဓနာလွှာ၌ဒေါ်ပို စွဲချက်သည်စွဲသင့်သောအချိန်၌မစွဲခဲ့ဘဲကာလကျော်လွန်မှစွဲခြင်းဖြစ်သော ကြောင့်ကာလေနဝက္ခာမိ၊နောအကာလေန-ဟူသော စောဒကအင်ဂါပျက်ယွင်းနေပါသည်ဟူသောစုဒိတက၏ စကားရပ်ကိုသုံးသပ်ပြရလျှင်- ဝိနိစ္ဆယလက်စွဲ၊နောက်ဆက်တွဲ(ခ)၌စုဒိတကပုဂ္ဂိုလ် ပရိသတ်အလယ်ရောက်နေစဉ်အခါကဲ့သို့သော မလျှောက်ပတ်သောအခါ၌စွဲဆိုစောဒနာခြင်းကို အဓမ္မစောဒနာဟုခေါ်ဆိုကြောင်းပြဆိုထားသည်။ မှုခင်းဖြစ်အချိန်ကာလလွန်ခဲ့ပြီးမှစောဒနာခြင်းကို အဓမ္မစောဒနာဟုခေါ်ဆိုရသည်မဟုတ်ပေ။ ယခုကဲ့သို့စောဒနာလွှာတင်သွင်းရခြင်းအကြောင်းကို သိသမျှဖြေပါ။ မသင်းသင်းနီနဲ့ဖြစ်ကြောင်းသိရ၍စုဒိတကအား အကြိမ်ကြိမ်ပြောဆိုမရသည့်အတွက်တပည့်တော်မှ ကျောင်းကိုခဲဖြင့်ပေါက်ရာမှမှုခင်းဖြစ်ပွားရခြင်းဖြစ်ပါသည်။မသင်းသင်းနီကိုမစော်ကားရန်ပြောရာစုဒိတကမှနားမထောင်ဘဲတပည့်တော်အားဓားဖြင့်ခုတ်မည်ဟု ကြိမ်းမောင်း၍တပည့်တော်မှနောက်ဆုတ်နေခဲ့ရပါသည်ဘုရား၊။ စုဒိတကမှကာမဆက်ဆံပြီးတိုင်းတရားဝင်ပေါင်းသင်းယူမည်ဟုပြောပြီးဆက်ဆံပါသလား၊သင်းသင်းနီက ဘာပြောသေးလဲ။ စုဒိတကမှတရားဝင်ပေါင်းသင်းယူမည်ဟုပြောပြီးကာမဆက်ဆံခြင်းပြုပါသည်။ကာမဆက်ဆံတိုင်းယူမည်ဟု ပြောပါသည်။ ဤထွက်ဆိုချက်များကိုကြည့်လျှင်စောဒက(၁)သည် မိမိနှင့်သဟဇာတဖြစ်ပြီးစောဒက(၂)ပေါ်မလာလျှင် အလိုဆန္ဒတူမျှစွာဖြင့်ဆက်ဆံကြပြီးတရားစွဲဆိုရန် ရည်ရွယ်ချက်ရှိဟန်မတူပေ။စောဒက(၂)ပေါ်လာလို့သာ လျှင်မိန်းမတို့သဘာဝမခံရပ်နိုင်ဖြစ်လာပြီးစွဲဆိုခြင်းဖြစ်နိုင်ပေသည်။စောဒက(၂)သည်လည်းလူထွက်၍ လက်ထပ်ယူမည့်သဘောပြောဆိုခြင်းကြောင့်ယုံကြည်ပြီးမစွဲဆိုခဲ့ဘဲစောဒက(၁)၏အားထုတ်မှုကြောင့်လူသိ ရှင်ကြားဖြစ်လာရာလက်ထပ်ယူမည့်သဘောမရှိတော့ ခြင်းကြောင့်စွဲဆိုတင်သွင်းတိုင်ကြားခဲ့၍အနုဝါဒါဓိ ကရုဏ်းမှုခင်းဖြစ်လာရခြင်းဖြစ်နိုင်ပေသည်။ ထိုသို့သောအကြောင်းများကိုထောက်ရှု၍ကာလေန ဝက္ခာမိ၊နော အကာလေန(ပရိဝါပါဠိ-၂၃၈)အရသင့်လျော် သောအခါ၌စွဲဆိုသည်သာဖြစ်သည်ဟုနိုင်ငံတော်ဝိနည်း ဓိုရ်ဆရာတော်ကြီးများသုံးသပ်တော်မူကြသည်။ ဝန်ခံမှုပြုမှသာအာပတ်ဖြင့်ဆုံးဖြတ်ရမည်ဆိုစကား [ရှင်းလင်းချက်]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)

နိုင်ငံတော်အယူခံသောဓနာတွင်သာရတ္ထဋီကာ၌လာသောစုဒိတကဝန်ခံမှသာအာပတ်ဖြင့်ဆုံးဖြတ်ရမည်-ဟူသော မိန့်ဆိုချက်ကိုထောက်၍နေဝသုဒ္ဓနာသုဒ္ဓဟုမဆုံးဖြတ် သင့်ကြောင်းစုဒိတကမှသောဓနာထားသည်ကိုတွေ့ရှိရပေသည်။ယင်းသောဓနာစကားရပ်နှင့်စပ်လျဉ်း၍သောဓနာလွှာတွင်စုဒိတကထုတ်ပြထားသော“ဝတ္တာနုသန်ဓိတေန ကာရယေ”ဟူသောစကားရပ်ဖြင့်ပင်ပြန်လည်ရှင်းလင်း သုံးသပ်၍ယူဆပြဦးမည်။ယင်းပါဠိဝါကျအပြည့်အစုံကို ပရိဝါပါဠိတော်၌အောက်ပါအတိုင်းတွေ့ရမည်ဖြစ်ပေသည်။ စောဒကော အာဟ အာပန္နောတိ၊စုဒိတကော အာဟ အနာပန္နောတိ။ဥဘော အနုက်ခိပန်တော၊ ပဋိညာနုသန္နိတေန ကာရယေ။ပဋိညာ လဇ်ဇီသု ကတာ၊ အလဇ်ဇီသု ဧဝံ န ဝိဇ်ဇတိ၊ဗဟုမ်ပိ အလဇ်ဇိ ဘာသေယျ ​ဝတ်တာနုသန်တတေနေ ကာရယေ။ ယင်းပါဠိတော်ကိုပရိဝါအဋ္ဌကထာနှာ(၂၀၁)၌ဖွင့်ပြ ဆိုပုံကား- ပဋိညာနုသန်ဒိတနေ ကာရဿတိ ဧတ်ထ အနုသန်ဓိတန်တိ ကထာနုသန်ဓိ ဝုစ်စတိ၊တသမာ ပဋိညာနုသန်ဓိနာ ကာရယေ။ကထာနုသန္တိံ သလ္လက်ခေတွာ ပဋိညာယ ကာရယေတိ အတ္တော။ အထဝါ ပဋိညာယစ အနုသန္ဒိတေန စ ကာယေ၊ လဇ်ဇိံ ပဋိညာယ ကာရယေ၊အလဇ္ဇိံ ဝတ်ဌာနုသန်ဓိနာတိ အတ်ထော။ ၎င်းပါဠိတော်တို့၏ဆိုလိုရင်းအဓိပ္ပာယ်မှာ- စုဒိတကပုဂ္ဂိုလ်သည်လဇ္ဇီပုဂ္ဂိုလ်ဖြစ်မှသာဝန်ခံသည့် အတိုင်းဆုံးဖြတ်ရာ၏။ အလဇ္ဇီပုဂ္ဂိုလ်သည်ကားအမှန်အတိုင်းမပြောဆိုကြပေ။ ထွက်ဆိုသည့်စကားအဆက်အစပ်ကိုကြည့်ရှု၍ဆုံးဖြတ်ရမည်ဟုဆိုလိုသည်။ ဒုတိယနည်းအားဖြင့်လဇ္ဇီပုဂ္ဂိုလ်အားဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်၊အလဇ္ဇီပုဂ္ဂိုလ်အားဝန်ခံသည့်အတိုင်း မဆုံးဖြတ်ဘဲထွက်ဆိုသောစကားအစဉ်အဆက် အကျင့်စာရိတ္တတို့နှင့်ဆက်စပ်ကြည့်ရှုပြီးမှဆုံးဖြတ်ရမည်။ ဥပမာ-အလဇ္ဇီပုဂ္ဂိုလ်ကသူ့ကိုယ်သူ“သုဒ္ဓ”ဟုဝန်ခံချက်ပေး၏။သို့သော်ထွက်ဆိုချက်စကားအကျင့်စာရိတ္တတို့နှင့် ဆက်စပ်၍မရနိုင်လျှင်ဝန်ခံသည့်အတိုင်း“သုဒ္ဓ”ဟု မဆုံးဖြတ်ရဟုဆိုလိုရင်းအဓိပ္ပာယ်ရှိသည်ကိုမှတ်သားလိုက်နာရပေမည်သာဖြစ်ပေသည်။ [အလဇ်ဇိလက္ခဏာကိုပြဆိုခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အထက်ကပြဆိုခဲ့သည့်အကြောင်းအရာဖြင့်အလဇ်ဇိလက္ခဏာရှိသူ/လဇ်ဇိလက္ခဏာရှိသူဟုခွဲခြားသိနိုင်ရန် ပြဆိုတဲ့တာဝန်ရှိလာရကားပရိဝါပါဠိတော်(နှာ-၂၇၉)လာစကားရပ်တို့ကိုထုတ်ပြဦးမည်။ အလဇ်ဇီ ကီဒိသော ဟောတိ၊ ပဋိညာ ယဿ န ရူဟတိ။ ဧတဉ္စ တာဟံ ပုစ္ဆာမိ၊ကီဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော။ သဥျစိစ်စ အာပတ်တိံ အာပဇ်ဇတိ၊အာပတ်တိံ ပရိဂူဟတိ။ အဂတိဂမနဥ်စ ဂစ္ဆတိ၊ဧဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော။ ဝန်ခံမှုပဋိညာသက်သက်ဖြင့်အဆုံးအဖြတ်ပေးခွင့်မရနိုင်သောအလဇ္ဇီပုဂ္ဂိုလ်ဆိုတာမည်ပါလဲဘုရား-ဟု အရှင်ဥပါလိမထေရ်ကဘုရားရှင်ကိုလျှောက်ထားမေးမြန်းရာတွင်- (၁)သဥ်စိစ္စ အာပတ္တိံ အာပဇ္ဇတိ-စေတနာနှင့်တကွ အာပတ်ကျူးလွန်သူ (၂)အာပတ္တိံ ပရိဂူဟတိ-သင့်ရောက်သောအာပတ်ကို မကုစားသူ (၃)အဂတိဂမနဉ်စ ဂစ်ဆတိ-အဂတိ(၄)ပါး လိုကျစားသူ ဤသုံးဦးတို့သည်အလဇ္ဇီပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ဘုရားရှင်မိန့်ကြားတော်မူခဲ့သည်။ [လဇ်ဇိလက္ခဏာကိုပြဆိုခြင်း]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

သစ်စံ အဟမ္ပိ ဇာနာမိ၊ဧဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော။ အညဉ္စ တာဟံ ပုစ္ဆာမိ၊ကီဒိသော ဝုစ္စတိ လဇ္ဇီပုဂ္ဂလော။ သဉ်စိစ်စ အာပတ်တိံ နာပဇ်ဇတိ၊အာပတ်တိံ န ပရိဂူဟတိ အဂတိဂမနံ န ဂစ္ဆတိ၊ဧဒိသော ဝုစ္စတိ လဇ္ဇီပုဂ္ဂလော။( ဝိ-ပါ-၅-၂၇၉) ဘုရားရှင်မိန့်ကြားတော်မူသည့်အတိုင်းအလဇ္ဇီကို တပည့်တော်သိရှိရပါပြီ။လဇ္ဇီပုဂ္ဂိုလ်၏လက္ခဏာကိုလည်းမိန့်ကြားတော်မူပါဦး-ဟုတောင်းပန်ပြန်ရကား- (၁)သဥ်စိစ္စ အာပတ္တိံ နာပဇ္ဇတိ-စေတနာနှင့်တကွအာပတ်ကိုမကျူးလွန်သူ (၂)အာပတ္တိံ န ပရိဂူဟတိ-သင့်ရောက်ခဲ့လျှင်အာပတ်ကို ကုစားသူ (၃)အဂတိဂမနံ နဂစ္ဆတိ-အဂတိလေးပါးလိုက်စားခြင်း မရှိသူ တို့သည်လဇ်ဇိသူမွန်များဖြစ်ကြသည်ဟုဘုရားရှင်မိန့်ကြားတော်မူခဲ့သည်တို့ကိုမှတ်သား၍မိမိကိုယ်ကိုယ် လဇ္ဇိလား၊အလဇ္ဇီလား-ဟုဝေဖန်စိစစ်နိုင်ကြပြီးလဇ်ဇိ သူမွန်သီလဝန်ဖြစ်အောင်ကြိုးစားကြရမည်ဖြစ်ပေသည် ယခုမှုခင်းဝယ်စုဒိတကပုဂ္ဂိုလ်သည်လဇ်ဇိသူမွန်မဖြစ်နိုင်ကြောင်းခြုံငုံသုံးသပ်၍ရနေသည်သာဖြစ်တော့သည်။ [ပေါင်းရုံးသုံးသပ်ချက်]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စုဒိတကသည်ဆေးကုခြင်း၊အရက်သောက်ခြင်း စသောအာပတ်ကျူးလွန်ပုံများကိုဖော်ပြခြင်း၊ ဆေးထိုးပေးခြင်းစသောရဟန်းတို့အားမလျှောက်ပတ်သောအနေသနမှုများပြုသည်တို့ကိုထောက်ဆ၍ဝိနည်းသိက္ခာကိုအလေးမထားသူဖြစ်နေရကားမူလစွဲဆိုမှုဖြစ်သောပထမပါရာဇိကအနုဝါဒါဓိကရုဏ်းမှုကျူးလွန်သူဖြစ်ကြောင်းအထောက်အကူပြုနေခြင်း။ ၂။စောဒက(၁)စောဒက(၂)တို့၏ပထမပါရာဇိက အနုဝါဒါဓိကရုဏ်းမှုခင်းစောဒနာလွှာများ၊ထွက်ဆိုချက်များမှာမျက်မြင်သက်သေများနှင့်တကွကိုယ်တိုင်ခံစားရမှုသယံဝေဒယိတကိုပေါ်လွင်ထင်ရှားခိုင်မာစွာစောဒနာထားခြင်း။ ၃။စုဒိတကသည်ယင်းသို့စောဒကများစွဲဆိုတင်ပြချက်များကိုပျက်ပြယ်အောင်မချေဖျက်နိုင်ခြင်း၊စစ်ဆေးထွက်ဆိုချက်တို့တွင်စောဒက(၁)အားပြန်လှန်မေးခွန်းပင် မမေးနိုင်ခြင်း။ ၄။စုဒိတကသည်မိမိတင်ပြထားသောသက်သေ(၇)ဦးမှ (၅)ဦးကိုကိုယ်တိုင်ဖျက်သိမ်းခဲ့ခြင်း၊ကျန်သက်သေ ဦးမှတ်ကြီး၏စကားမှာလောကသဘာဝနှင့်ဆန့်ကျင်နေရကားယုံကြည်ရန်မဖြစ်နိုင်ခြင်း။ ၅။အထက်ကပြဆိုခဲ့သောစောဒနာ၊သောဓနာထွက်ဆိုချက်တို့ကိုခြုံငုံသုံးသပ်ချက်အရစုဒိတကသည် မေထုနပဋိသေ၀နပထမပါရာဇိကအမှုကျူးလွန်ကြောင်း ထင်ရှားနေခြင်း၊ ၆။စုဒိတကကပဋိညာဉ်မပြုသော်လည်းပရိဝါပါဠိတော်၊ အဋ္ဌကထာတို့၌ညွှန်ပြသည်နှင့်လျော်စွာဝတ္တာနုသန်ဓိ ဖြင့်ဆုံးဖြတ်မှုပေးနိုင်သောအခွင့်ရှိနေခြင်း။ ဤအကြောင်းတို့ကြောင့်ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာ၊ကွန်ဒိုင်းကျောင်း၌ဖြစ်ပွားသော ပထမပါရာဇိကအနုဝါဒါဓိကရုဏ်း(အယူခံဝင်)မှုခင်းကို နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၇/၂၀၀၂)ဝိနည်းဓိုရ်ဆရာတော်ကြီးများကဝိနည်းတရားတော်နှင့်အညီ အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ [ဆုံးဖြတ်ချက်]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။ဧရာဝတီတိုင်း၊တိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ် (၄/၂၀၀၀)၏သုဒ္ဓဟုဆုံးဖြတ်ချက်ကိုပယ်ဖျက် လိုက်သည်။ ၂။ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်၊ကွန်ဒိုင်းကျေးရွာ၊ ကွန်ဒိုင်းကျောင်း၊ဘုန်းကြီးဦးစန်ဒါသီရိအား “အသုဒ်ဓ”ဟုဆုံးဖြတ်လိုက်သည်။ [နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စဉ်/ဘွဲ့တော်/တာဝန်/ကျောင်း/ကျောင်းတိုက်/မြို့။ ၁။ဘဒ်ဒန်တနာယကာဘိဝံသ(သဘာပတိ) ကိုးတောင်ပြည့်ကျောင်းတိုက်၊မြင်းခြံမြို့။ ၂။ဘဒ္ဒန္တပဏ္ဍိတ(အဖွဲ့ဝင်) ပရိယတ္တိမာမကကျောင်း၊ပျော်ဘွယ်မြို့။ ၃။ဘဒ္ဒန္တကေဝလ(အဖွဲ့ဝင်) မဟာဝိဇိတာရာမကျောင်း၊မန္တလေးမြို့။ ၄။ဘဒ္ဒန္တသံဝရ(အဖွဲ့ဝင်) သုခဝတီစာသင်တိုက်၊ကျောက်ပန်းတောင်းမြို့။ ၅။ဘဒ္ဒန္တသီလာစာရာဘိဝံသ(အဖွဲ့ဝင်) မိုးကောင်းတိုက်၊မန္တလေးမြို့။

                                  ပြီးပါပြီ။
၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၂၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~

နိုင်ငံတော်သံဃဝိနိစ်ဆယအဖွဲ့ဝိနည်းဓမ်မကံစီရင်ထုံး၊အမှတ်စဥ်(၂၇)

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ဆည်တောကျေးရွာ အုပ်စု၊ရွှေမန်းကျောင်း၌ဖြစ်ပွားသောဦးစီးအရာရှိ ဦးမြခိုင်နှင့်ဦးသုမနတို့၏ထေနကဖြစ်/မဖြစ် အနုဝါဒါဓိကရုဏ်းမှုခင်း [မှုခင်းဖြစ်စဉ်]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ပြစ်ဒဏ်မှလွတ်မြောက်လာပြီးသောဦးသုမန(ခ)ဦးစံပို သည်ညွှန်ကြားလွှာအမှတ်(၁၅)ကိုဆန့်ကျင်ပြီး(၁-၆-၉၉) နေ့တွင်မိမိသဘောဖြင့်သင်္ကန်းဝတ်ပြီးရတနာပုဂံတိုက်၊ အောင်မြေသုခကျောင်းတွင်နေထိုင်၍ရဟန်းတော်များနှင့်အတူပစ္စယသမ္ဘောဂ၊ဓမ္မသမ္ဘောဂပြုလျက်ရှိနေသည့် အတွက်ကြောင့်ညွှန်ကြားလွှာအမှတ်(၁၅)အရလည်း ကောင်း(၂၀-၆-၉၆)ရက်စွဲပါသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏စောဒကပြုလုပ်စွဲဆိုရန် ညွှန်ကြားချက်အရလည်းကောင်း၊မန္တလေးတိုင်း သာသနာရေးဦးစီးဌာနရုံးမှဦးစီးအရာရှိဦးမြခိုင်က စောဒကပြုလုပ်ပြီးရွှေမန်းကျောင်းဆရာတော်ဦးသုမန (ခ)ဦးစံပိုအား(အသုဒ္ဓထေနက)ဟုဆုံးဖြတ်ပေးပါရန် ပုသိမ်ကြီးမြို့နယ်သံဃနာယကအဖွဲ့သို့မူလစောဒနာလွှာ တင်သွင်းလျှောက်ထားသည်မှစ၍ဤအနုဝါဒါဓိကရုဏ်းမှုခင်းစတင်ဖြစ်ပေါ်လာခဲ့ရပေသည်။ ပုသိမ်ကြီးမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၉)နှင့် မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(စ-ခ/၄၃)တို့က ဖော်ပြပါအတိုင်းဆုံးဖြတ်ခဲ့ပါသည်- [မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~

ပုသိမ်ကြီးမြို့နယ်၊ဆည်တာကျေးရွာ၊ရွှေမန်းကျောင်း၌ နေထိုင်ခဲ့ဖူးသောဦးသုမန(ခ)ဦးစံပိုအားအသုဒ္ဓနှင့် ထေနကဖြစ်သည်ဟုတစ်ညီတစ်ညွတ်တည်းဆုံးဖြတ် ချက်ချလိုက်သည်။ [တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ဆုံးဖြတ်ချက်]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ပုသိမ်ကြီးမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၉၉)၏ ဦးသုမန(ခ)ဦးစံပိုအားအသုဒ္ဓနှင့်ထေနကဖြစ်သည်ဟူသောဆုံးဖြတ်ချက်ကိုအတည်ပြုသည်။ [နိုင်ငံတော်အဆင့်သို့ရောက်ရှိလာခြင်း]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဦးသုမန(ခ)ဦးစံပိုသည်မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့ အမှတ်(စ-ခ/၄၃)၏အထက်ပါဆုံးဖြတ်ချက်ကိုမကျေနပ်ပါသဖြင့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံအယူခံစောဒနာလွှာကိုတင်သွင်းဆက်ကပ်ခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သည်မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ဆည်တာရွာ၊ရွှေမန်းကျောင်း၌ ဖြစ်ပွားသောရွှေမန်းကျောင်းဘုန်းကြီးဦးသုမန(ခ)ဦးစံပို ၏ပထမပါရာဇိက၊အနုဝါဒါဓိကရုဏ်းမှုခင်းကိုလက်ခံတော်မူပြီးနိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၁) ကိုဖွဲ့စည်းပေးအပ်ကာအမှုကိုစစ်ဆေးဆုံးဖြတ်စေခဲ့ပါသည်။ ညွှန်ကြားလွှာ၊ဝိလက်စွဲ၊ဝိလုပ်ထုံးတို့နှင့်ဆန့်ကျင်နေခြင်း

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

ဤအနုဝါဒါဓိကရုဏ်းမှုခင်း၌သုံးသပ်ရန်အချက်(၃)ချက်သာရှိပေသည်။ယင်းတို့မှာ- ၁။ညွှန်ကြားလွှာ၊ဝိလက်စွဲ၊ဝိလုပ်ထုံးတို့နှင့်ဆန့်ကျင်နေမှု ၂။အသုဒ္ဓဖြစ်မှု၊ ၃။ထေနကဖြစ်မှုတို့ဖြစ်သည်။ ဖော်ပြပါအချက်(၃)ချက်မှအမှတ်(၁)အချက်ကိုသုံးသပ်ရလျှင်ရွှေမန်းကျောင်းဘုန်းကြီးဦးသုမနသည် ဝတ္ထုသည်မမခင်သီတာဆွေအားမေထုနပဋိသေ၀နအမှုကိုပြုကျင့်ပါသည်။ ဦးသုအားအသုဒ္ဓဟုဆုံးဖြတ်ပေးပါရန်စောဒက(၁) ဦးကျော်ညွှန့်နှင့်စောဒက(၂)မခင်သီတာဆွေတို့က (၁၃၅၆)ခုနှစ်၊နတ်တော်လဆန်း(၁၄)ရက်၊(၁၆-၁၂-၉၄) ရက်စွဲဖြင့်အောင်မြေသာစံမြို့နယ်သံဃနာယကအဖွဲ့ထံ မူလစောဒနာလွှာတင်သွင်းဆက်ကပ်ထားသည်ကို တွေ့ရှိရသည်။ တဖန်မြို့နယ်သံဃနာယကအဖွဲ့သည်မှုခင်းကိစ္စပြီးပြတ်စေရန်သက်သေတင်ပြခြင်းပြည့်စုံမှုမရှိပါသဖြင့် ပြည့်စုံစွာတင်သွင်းရန်(၂၆-၆-၉၅)ရက်စွဲဖြင့်စောဒက ဦးကျော်ညွှန့်နှင့်မခင်သီတာဆွေတို့ထံအကြောင်းကြားသော်လည်းသက်သေတင်သွင်းလာခြင်းမရှိ၍ အနုဝါဒါဓိကရုဏ်းမှုခင်းသည်မဟုတ်မမှန်လုပ်ကြံစွပ်စွဲသောမှုခင်းဖြစ်ကြောင်း၊ယင်းအဓိကရုဏ်းမှုခင်းသည် အလိုလိုပြီးငြိမ်းသွားပြီဖြစ်ကြောင်းစုဒိတကဦးသုမနက တင်ပြထားသည်ကိုတွေ့ရှိရသည်။ တစ်ဖန်(၁၃၅၈)ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်(၂၆-၄-၉၆) သောကြာနေ့ရက်စွဲဖြင့်စတုတ္ထအကြိမ်မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ဝန်ဆောင်အဖွဲ့ဒုတိယအစည်း အဝေးသို့တင်သွင်းသောမြို့နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာ၌သက်သေပြည့်စုံမှုမရှိ၍ပြည့်စုံစွာတင်ပြရန် မြို့(၂၆-၆-၉၅)ရက်စွဲဖြင့်အကြောင်းကြားသော်လည်း တစ်စုံတစ်ရာအကြောင်းကြားခြင်း၊သက်သေများ တင်သွင်းလာခြင်းမရှိသဖြင့်ဆည်တာကျေးရွာကျောင်း ဦးသုမန(စုဒိတက)နှင့်(၁)ဦးကျော်ညွှန့်၊ (၂)မခင်သီတာဆွေ(စောဒက)တို့စွပ်စွဲသောအနုဝါဒါ ဓိကရုဏ်းမှုသည်မဟုတ်မမှန်လုပ်ကြံစွပ်စွဲသော မှုခင်းဖြစ်ကြောင်း၊အလိုလိုပြီးငြိမ်းသွားကြောင်းလျှောက် ထားပါသည်ဟုတင်ပြထားသည်ကိုတွေ့ရှိရသည်။ ဦးသုမနသည်မြို့နယ်သံဃနာယကအဖွဲ့၏အထက်ပါတင်ပြချက်ကိုအဓိကလက်ကိုင်ထား၍မိမိအမှုသည် ပြီးငြိမ်းပြီးသောမှုခင်းဖြစ်သည်။ဝိ-လုပ်ထုံးအပိုဒ်(၂၃) အရပြီးငြိမ်းပြီးသောမှုခင်းကိုမည်သူမျှထပ်မံစွဲဆိုခြင်း မပြုရဟုပုံသေတွက်ကာတင်ပြငြင်းဆိုထားသည်ကိုလည်းတွေ့ရှိရသည်။ ထို့အပြင်ပြီးငြိမ်းပြီးသောမှုခင်းအဖြစ်သတ်မှတ်ထားပြီးဖြစ်၍မည်သည့်သံဃဝိနိစ္ဆယအဖွဲ့ကမျှလက်ခံစစ်ဆေးခြင်းမပြုရဟူသောအပိုဒ်ကိုအားကိုးပြုကာဖော်ပြထား သည်ကိုလည်းတွေ့ရှိရသည်။ အထက်ပါဆောင်ရွက်ချက်သည်ညွှန်ကြားလွှာအမှတ် (၁၅)နှင့်သွေဖီဆန့်ကျင်နေသည်၊သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၁၃)၊အပိုဒ်(၈၉)နှင့်သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများအခန်း(၁၆)အပိုဒ်(၁၃၁) အပိုဒ်ခွဲ(ခ)ပါလုပ်ပိုင်ခွင့်များအရနိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကပြစ်မှုကျူးလွန်သောရဟန်းသာမဏေများကိုဝိနည်းတရားတော်ဖြင့်အရေးယူခြင်းကိစ္စနှင့်ပတ်သက်ညွှန်ကြားထားသောညွှန်ကြားလွှာအမှတ်(၁၅)နှင့်ဝိနိစ္ဆယ လက်စွဲအပိုဒ်(၇၄)တို့တွင်-ပြစ်မှုဆိုင်ရာဥပဒေတစ်စုံ တစ်ရာကိုကျူးလွန်သောရဟန်းသာမဏေများအား ရှေးဦးစွာပြစ်မှုဆိုင်ရာဥပဒေပုဒ်မအရအရေးယူဆောင် ရွက်ပြီးနောက်ပြစ်မှုဥပဒေအရအပြစ်ဒဏ်ချမှတ်ခြင်း ခံရသည်ဖြစ်စေ၊မခံရသည်ဖြစ်စေပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်ကိုရရှိပြီးမှသာလျှင်သက်ဆိုင်ရာ သံဃနာယကအဖွဲ့ကဝိနည်းတရားတော်နှင့်အညီလိုအပ်သလိုစစ်ဆေးဆုံးဖြတ်ရန်ဟုညွှန်ကြားခဲ့ပါသည်။ ဝိနိစ္ဆယလက်စွဲအပိုဒ်(၇၂)၊ဝိ-လုပ်ထုံးအပိုဒ်(၂၁-ခ)တို့၌ လည်း-နိုင်ငံတော်ကတရားလိုပြုလုပ်စွဲဆိုရမည့် ဥပဒေပုဒ်မတစ်ခုခုနှင့်သက်ဆိုင်နေပါကတရားရုံးများ၌ စစ်ဆေးဆုံးဖြတ်ဆောင်ရွက်မှုပြီးပြတ်မှသာလုပ်ထုံး လုပ်နည်းအရဖွဲ့စည်းသည့်သံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေး ဆုံးဖြတ်ရမည်”ဟုဖော်ပြထားသည်။ မြို့နယ်သံဃနာယကအဖွဲ့သည်ပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်ကိုရရှိပြီးမှသာလျှင်ဆောင်ရွက်ရမည် ဖြစ်သည်။ဤမျှခင်းသည်ရှေးဦးစွာပြစ်မှုဆိုင်ရာဥပဒေပုဒ်မအရအရေးယူဆောင်ရွက်ရမည့်မှုခင်းဖြစ်သည်။ထို့ကြောင့်ဦးသုမနအားပြစ်မှုထင်ရှာသဖြင့်(၁၇-၃-၉၈)နေ့တွင်အောင်မြေသာစံမြို့နယ်တရားရုံးမှထောင်ဒဏ်(၃) နှစ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်သံဃနာယကအဖွဲ့သည်ပြည်သူ့တရားရုံး၏ အထက်ပါဆုံးဖြတ်ချက်ကိုမရရှိသေးဘဲလုပ်ကြံစွပ်စွဲသည့်မှုခင်းဖြစ်ကြောင်းပြီးငြိမ်းပြီးသောမှုခင်းဖြစ် ကြောင်းကြိုတင်၍ဆုံးဖြတ်အတည်ပြုတင်ပြခဲ့သည်။ ယင်းဆောင်ရွက်ချက်သည်ညွှန်ကြားလွှာ(၁၅)နှင့်လည်း ကောင်း၊ဝိနိစ္ဆယလက်စွဲအပိုဒ်(၇၂၊၇၄)နှင့်လည်းကောင်း၊ ဝိ-လုပ်ထုံးလုပ်နည်း(၂၁-ခ)နှင့်လည်းကောင်းဆန့်ကျင်နေသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ [အသုဒ္ဓဖြစ်မှု]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

မေထုနံ ဓမ္မံ ပဋိသေဝေယျ အန္တမသော တိရစ္ဆာန ဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော ဝိနည်းဥပဒေတော်အရမြင့်မြတ်သောရဟန်းတစ်ပါးသည်မေထုနပဋိသေ၀နအမှုကိုကျူးလွန်မိလျှင်ပါရာဇိကကျ၏သာသနာတော်မှဆုံးရှုံး၏ရဟန်းကောင်းတို့နှင့် အတူတကွပေါင်းဖော်ဆက်ဆံနေထိုင်ခြင်းမပြုရတော့ပေ။အမှန်စင်စစ်ထိုသူသည်ရဟန်းမဟုတ်တော့ပေ။ (အသမဏော)သာကီဝင်မင်းသားဘုရားသားတော်မဟုတ်တော့ပေ(အသကျပုတ္တိကော)လည်ဆစ်ပြတ်သောထန်းပင်၊ပြန်ဆက်မရသကဲ့သို့အသက်ရှင်သမျှကာလပတ်လုံးရဟန်းဘဝကိုတစ်ဖန်ပြန်မရနိုင်တော့ပေ။

ပုသိမ်ကြီးမြို့နယ်၊ဆည်တာရွာရွှေမန်းကျောင်းဘုန်းကြီးဦးသုမန(ခ)ဦးစံပိုနှင့်ပတ်သက်၍ဦးရဲအောင်တင်၏

စုံစမ်းတင်ပြချက်များ၊အလက(၁၉)ညောင်တွဲမှ မခင်သီတာဆွေ၏အတန်းပိုင်ဆရာမဒေါ်သောင်းတင်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမေ၊ရွှေမန်းကျောင်း ပရဟိတတွင်နေထိုင်သူမအန်မ်ကာ(လိုပြ-၁၁)၊ရွှေမန်းကျောင်းပရဟိတမှစေတနာလုပ်အားပေးဆရာမ ဒေါ်အေးအေးခိုင်(လိုပြ-၁၃)၊မခင်မမလွင်ဦးမတင်တင်မိုး (လိုပြ-၅)တို့၏ကိုယ်တိုင်မြင်တွေ့ကြုံကြိုက်သိရှိချက်များထွက်ဆိုချက်များကိုဆက်စပ်ကြည့်သည့်အခါ (၁၄)နှစ်မပြည့်သေးသောအခါမခင်သီတာဆွေ၏ တင်ပြထွက်ဆိုချက်များသည်အမှန်ဖြစ်ခဲ့သည်ဟု သုံးသပ်တော်မူကြသည်။ ဦးသုမန(ခ)ဦးစံပိုသည်အောင်မြေသာစံမြို့နယ်တရားရုံးတော်၌လည်းကောင်း၊မြို့နယ်သံဃဝိနိစ္ဆယရုံးတော်၌ လည်းကောင်းစစ်ဆေးမေးမြန်းသည့်အခါမခင်သီတာ ဆွေ၏စွပ်စွဲပြောဆိုချက်များကိုခိုင်လုံသောသက်သေအထောက်အထားတို့ဖြင့်ခိုင်ခိုင်မာမာပြန်လည်ချေပပြောဆိုနိုင်ခဲ့ခြင်းမရှိသည်ကိုတွေ့ရှိရသည်။ ထို့အပြင်ရွှေမန်းကျောင်းဘုန်းကြီးဦးသုမနသည် ဝိနည်းကျင့်ဝတ်နှင့်သီလသိက္ခာတို့ကိုမစောင့်ထိန်း၊ မလိုက်နာဘဲပထမပါရာဇိကအမှုကိုကျူးလွန်ကြောင်း သက်သေထွက်ဆိုချက်များအရပေါ်ပေါက်ပါသဖြင့် ဦးသုမနအားဝိနည်းဓမ္မကံဆိုင်ရာလုပ်ထုံးလုပ်နည်းများအရအရေးယူသင့်ပါကြောင်း၊ရွှေမန်းကျောင်းပရဟိတလုပ်ငန်းကိုဖျက်သိမ်းသင့်ကြောင်းဒုရဲမှူးမြင့်အောင် ဒုရဲမှူးဝင်းကြည်၊ရဲအုပ်လှအေးနှင့်သတင်းတပ်ဖွဲ့မှ ရဲအုပ်ဝင်းမောင်တို့ကမန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးထံ စစ်ဆေးတွေ့ရှိချက်များနှင့်အကြံပြုချက်များကို (လျှို့ဝှက်)တင်ပြထားသည့်စာအမှတ်၊၁၀၁၊မတရ/၃/ဦး-၁(၁၉၉၆)ခုနှစ်၊ဧပြီလ(၄)ရက်ရက်စွဲပါစုံစမ်းစစ်ဆေးတင်ပြစာ၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှမန္တလေးတိုင်းတပ်ဖွဲ့မှူးထံတင်ပြထားသည့်စာအမှတ်၊၁၀၁/ခ၇၇(မန်း)/၂/ဦး-၁(၁၉၉၆)ခုနှစ်၊ ဧပြီလ(၅)ရက်ရက်စွဲပါစုံစမ်းစစ်ဆေးတင်ပြစာ၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးမှမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထားသည့်စာအမှတ်၊၁၀၁/မတရ/၃)ဦး-၁(က)၊ (၁၉၉၆)ခုနှစ်၊ ဧပြီလ(၂၂)ရက်ရက်စွဲပါစုံစမ်းစစ်ဆေးတင်ပြစာ၊ စစ်ဆေးဖော်ထုတ်တွေ့ရှိချက်အရသာသနာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားရန် မန္တလေးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ အတွင်းရေးမှူးဒုတိယဗိုလ်မှူးကြီးအောင်ချစ်မှ တိုင်းသာသနာရေးဦးစီးမှူးထံစာအမှတ်၃/၂-၂၈/တဝတ (၂၅၉)၊(၁၉၉၆)မေလ(၁၀)ရက်နေ့ ရက်စွဲဖြင့်လမ်းညွှန်သည့်ညွှန်ကြားစာနှင့်အချင်းဖြစ်ကိစ္စသည်မခင်သီတာ ထွေးအနေဖြင့်အလိုတူသည်ဖြစ်စေမတူသည်ဖြစ်စေ အသက်(၁၄)နှစ်အောက်ဖြစ်ခြင်း၊ပြစ်မှုသည်အချိန်ကာလသတ်မှတ်ထားမှုမရှိခြင်းတို့ကြောင့်အသက်(၆၄) နှစ်ရှိတရားခံဦးသုမန(ခ)ဦးစံပိုအားပြစ်မှုဆိုင်ရာပုဒ်မ (၃၇၆)အရပြစ်မှုကျူးလွန်ခဲ့၍အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ကျခံစေဟုအမိန့်ချမှတ်လိုက်သောအောင်မြေသာစံမြို့နယ်တရားရုံး၏(၁၉၉၈)ခုနှစ်၊မတ်လ(၁၇)ရက်နေ့ ရက်စွဲပါမြစ်မှုဆိုင်ရာအကြီးအမှတ်(၃၀၅၄)အမိန့် စီရင်ချက်တို့သည်ခိုင်လုံသောအထောက်အထားများဖြစ်၍ရွှေမန်းကျောင်းဦးသုမန(ခ)ဦးစံပိုအားအသုဒ္ဓဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ [ထေနကမှုဖြစ်]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ရဟန်းသာမဏေများသာသနာတော်နှင့်မလျော်သောကိစ္စများကိုပြုလုပ်ဆောင်ရွက်သည်ကိုတွေ့ရှိသဖြင့်မြို့နယ်သံဃနာယကရှေ့မှောက်သို့ပင့်ဆောင်ရောက်ရှိလာသော ပုဂ္ဂိုလ်များကိုလူဝတ်လဲစေပြီးမှပြစ်မှုဆိုင်ရာဥပဒေအရ တရားရုံး၌ဖြေရှင်းသွားရန်နှင့်လူဝတ်လဲရာတွင်အောက်ပါအတိုင်းသုံးမျိုးသုံးစားခွဲခြင်းဆောင်ရွက်သွားရန်- (က)ပါရာဇိကအာပတ်နှင့်ငြိစွန်းသဖြင့်ဝန်ခံကတိပြုလက်မှတ်ရေးထိုးပြီးလူဝတ်လဲခြင်း၊ (ခ)သာသနာတော်ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အမှုများပြုလုပ်မိ၍မိမိဆန္ဒအတိုင်းသိက္ခာချလူဝတ်လဲခြင်း၊ (ဂ)သို့မဟုတ်၊သိက္ခာမချဘဲလူဝတ်လဲခြင်း၊ အထက်ပါသုံးမျိုးတွင်အပိုဒ်(ခ)(ဂ)အရပုဂ္ဂိုလ်များသည်တရားဥပဒေအရဖြေရှင်းပြီးနောက်သင်ကန်းပြန်ဝတ်လိုပါကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံလျှောက်ထားရမည်ဟု(၂၁-၁၀-၉၃)နေ့တွင်ကျင်းပသည့်တတိယအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ) စတုတ်ထအကြိမ်ပထမအထူးအစည်းအဝေးကအထက် ပါအတိုင်းဆုံးဖြတ်ထားပေသည်။ ဦးသုမနသည်အကျင့်ပျက်ရဟန်းကိုယ်ရေးမှတ်တမ်းဖြင့် (၇-၁၂-၉၆)နေ့ (၁၄:၄၅)နာရီတွင်မန်းတလေးတိုင်းသံဃနာယကအဖွဲ့ဥက္ကဌဆရာတော်နှင့်အကျိုးတော်ဆောင်ဆရာတော်တို့၏ရှေ့မှောက်၌ဝတ်လဲခဲ့ပြီးဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ဦးသုမန(ခ)ဦးစံပိုသည်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၇၆) အရပြစ်ဒဏ်(၃)နှစ်ကျခံခဲ့ပြီးထောင်မှလွတ်လာသော အခါ(၁-၆-၉၉)နေ့တွင်မိမိသဘောဖြင့်သင်္ကန်းပြန်ဝတ်ပြီး ရတနာပုံတိုက်၊အောင်မြေသုခကျောင်း၊ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်၍ရဟန်းကောင်းတို့နှင့်ပစ္စယ သမ္ဘောဂ၊ဓမ်မသမ္ဘောဂပြုလျက်ရှိနေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည်တရားဥပဒေအရဖြေရှင်းပြီးနောက်သင်္ကန်းပြန်ဝတ်လိုပါကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံလျှောက်ထားရမည်ဟူသောနိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ပထမအထူးအစည်းအဝေးဆုံးဖြတ်ချက်နှင့်ညွှန်ကြားလွှာအမှတ်(၁၅)တို့ကိုသွေဖီ ဆန့်ကျင်၍ပြုလုပ်ထားသည်ဟုနိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ ထို့ပြင်ဦးသုမန(ခ)ဦးစံပိုအား(၁၅-၉-၉၉)နေ့တွင် ပုသိမ်ကြီးမြို့နယ်သံဃနာယကအဖွဲ့ရုံးသို့ခေါ်ယူပြီး ထောင်မှလွတ်လာပြီးနောက်ဝိ/လုပ်ထုံးလုပ်နည်းနှင့်အညီသံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးဆုံးဖြတ်ချက်မရမီ မိမိသဘောဖြင့်သင်္ကန်းဝတ်ခွင့်မရှိကြောင်းညွှန်ကြားထားသည့်မန္တလေးတိုင်းသံဃနာယကအဖွဲ့၏(၂၃-၈-၉၉) ရက်စွဲပါညွှန်ကြားစာကိုဖတ်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဦးသုမန(ခ)ဦးစံပိုကိုယ်တိုင်ကသံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်မှုကိုသဘောတူပါကြောင်း၊ သံဃဝိနိစ္ဆယအဖွဲ့၏စစ်ဆေးဆုံးဖြတ်ချက်မရမီ မိမိသဘောဆန္ဒဖြင့်သင်္ကန်းပြန်မဝတ်တော့ပါကြောင်း သံဃဝိနိစ္ဆယအဖွဲ့၏အပြီးသတ်ဆုံးဖြတ်ချက်ရရှိပြီးမှသာဆုံးဖြတ်ချက်အတိုင်းလိုက်နာနေထိုင်မည်ဖြစ်ပါကြောင်း၊ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားသည်ကိုလည်းသက်သေခံ(ဂ)အရတွေ့ရှိရသည့်အတွက်ဦးသုမန (ခ)ဦးစံပိုသည်အပြစ်ဒဏ်ထောင်မှလွတ်မြောက်လာပြီးနောက်မိမိသဘောဖြင့်သင်္ကန်းပြန်ဝတ်ခဲ့သည်မှာမှန်ကန်ပေသည်၊ထို့ကြောင့်ဦးသုမနသည်ထေနကဖြစ်သည်ဟု နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကသုံးသပ်တော်မူကြသည်။ ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်အလဇ္ဇီပုဂ္ဂိုလ်များ အားကောင်းလာလျှင်သာသနာတော်ကြီးပျက်စီးပေလိမ့် မည်ဟူသောအချက်ကိုသတိမူ၍အနာဂတေ လဇ်ဇီ ရက္ခိဿတိအနာဂတ်ကာလ၌လဇ္ဇီရဟန်းသည်သာသနာတော်မြတ်ကြီးကိုစောင့်ရှောက်လတ္တံ့စောင့်ရှောက်နိုင်ပါစေဟုဆန္ဒပြုကာ (က)သာသနာတော်၏နောင်ရေးစိတ်အေးစေရန်၊ (ခ)မသူတော်တရားများမထွန်းကားစေရန်၊ (ဂ)အလဇ္ဇီပုဂ္ဂိုလ်များအားမကောင်းစေရန်၊ ဝိနည်းဥပဒေတော်ဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့အမှတ်(၂/၂၀၀၁)နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများကအောက်ပါအတိုင်းအတည်ပြု၍ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ [ဆုံးဖြတ်ချက်]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)  ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

၁။စောဒကဦးသုမန(ခ)ဦးစံပိုတင်သွင်းလာသောနိုင်ငံတော်အယူခံစောဒနာလွှာကိုပလပ်ပယ်ချလိုက်သည် ၂။မန္တလေးတိုင်းသံဃဝိနိစ္ဆယအဖွဲ့အမှတ်(စ-ခ/၄၃)၏ ဝိနိစ္ဆယဆုံးဖြတ်ချက်ကိုထပ်မံအတည်ပြုလိုက်သည်။ [ဝိနည်းဓိုရ်ဆရာတော်ကြီးများ]

၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)ThamanaThukha (ဆွေးနွေး)

၁။ဘဒ်ဓန်တပညာသာမိ(သဘာပတိ) ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ပလတ်ဝမြို့၊ချင်းပြည်နယ်၊ ၂။ဘဒ္ဒန္တဝိလာသ(အဖွဲ့ဝင်) ရန်အောင်မြင်ကျောင်းတိုက် ကျောက်မဲမြို့၊ ရှမ်းပြည်နယ်၊ ၃။ ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရ(အဖွဲ့ဝင်) အောင်မြေသာစည်ကျောင်းတိုက် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ ၄။ ဘဒ္ဒန္တကောသိယ(အဖွဲ့ဝင်) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း တောင်ကြီးမြို့၊ ၅။ ဘဒ္ဒန္တတေဇောသာရ(အဖွဲ့ဝင်) မြို့မသာသနာပြုစာသင်တိုက်၊ ဟားခါးမြို့၊ချင်းပြည်နယ်၊

                              ပြီးပါပြီ။
၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~
၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC) ၀၃:၄၄၊ ၁၀ ဇန်နဝါရီ ၂၀၂၁ (UTC)~~