အသုံးပြုသူ ဆွေးနွေးချက်:Htet Wai Zaw
အကြောင်းအရာအသစ် ထပ်ထည့်ရန်ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Htet Wai Zaw !
[ပြင်ဆင်ရန်]|
ဝီကီပီးဒီးယားရဲ့ လမ်းစဉ်ငါးရပ်ကို ဦးစွာဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ အကောင့်ကို မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက် ကျူတိုရီရယ် နှင့် မေးလေ့ရှိသော မေးခွန်းများ က သင့်ကို အများကြီး အကူအညီပေးပါလိမ့်မယ်။ သူတို့တွေက ဝီကီပီးဒီးယားမှာ တည်းဖြတ်နည်းနဲ့ ရေးသားဟန်တွေ၊ အခြား သိသင့်တာတွေကို ပြောပြပေးသွားပါလိမ့်မယ်။ ဝီကီပီးဒီးယားမှာ ပါဝင်ဖို့ သင့်မှာ နည်းပညာဆိုင်ရာတွေ တတ်ကျွမ်းနေဖို့ မလိုပါဘူး။ ပါဝင်ဆောင်ရွက်တဲ့နေရာမှာ သတ္တိရှိပါ။ ပြီးတော့ တခြားသူတွေအပေါ်မှာ ရိုးရိုးသားသား ပြုမူဆက်ဆံပါ။ ဒီနေရာဟာ ဝီကီ ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပါတယ်။
|
|
ရှင်ပင်လာဘမံဘုရား
[ပြင်ဆင်ရန်]ရှင်ပင်မဟာလာဘမံဘုရားကြီးသည် စလေမြို့ရုပ်စုံကျောင်းတော်ကြီး၏ တောင်ဘက် ၊ ရွှေစည်းခုံစေတီ၏ အရှေ့ဘက်တွင် တည်ရှိသည်။ ရှင်ပင်မဟာလာဘမံဘုရားကြီးသည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံးနှင့် အကြီးဆုံး မံဆင်းတုတော်ဘုရားကြီး (ဘုရားဆင်းတု ထုလုပ်ရာမှထွက်သော လွှစ သစ်စတို့နှင့် သစ်စေးသရိုးနယ်၍ ပြုလုပ်ထားသော ရုပ်ပွားတော်)ဖြစ်ပါသည်။ စလေတွင်မံ ၊ ပုဂံတွင်ဘုရား ၊ ပခန်းတွင်ကျောင်း ဟူ၍ အဆိုရှိခဲ့ပါသည်။ ရှင်ပင်မဟာလာဘမံဘုရားကြီးသည် မံဘုရား အမျိုးအစား(၃)မျိုးထဲမှ လွှစာမံဘုရား ဖြစ်ပါသည်။ ပုံပန်းသဏ္ဌာန်အရ ပုဂံခေတ် အေဒီ၁၃ရာစု လက်ရာဖြစ်ပြီး မည်သူယက်လုပ် ပူဇော်ခဲ့သည်ဆိုတာကိုတော့ အခုထက်ထိ မသိရသေးပါ။ ဉာဏ်တော်အမြင့် (၁၈)ပေ ၊ ဒူးတော်ဝိုင်း ဗြက်(၁၄)ပေခွဲ ၊ ဒူးတော်ဝိုင်း ဒု(၁၁)ပေ ရှိပြီး မံဘုရား၏ ပုလ္လင်အောင်ခြေတွက် လိုဏ်တခု ဖောက်ထားပါသည်။ လိုဏ်အတွင်းသို့ ဝင်၍ ရင်ငွေ့တော် ခိုလှုံခွင့် ပြုထားပါသည်။
မြန်မာသက္ကရာစ် ၁၂၅၀ခုနှစ် (ခရစ်သက္ကရာစ် ၁၈၈၈ခုနှစ်) ခန့်တွင် ဧရာဝတီမြစ်ရေကြီးချိန်တွင် မြစ်ရေနှင့်အတူ မျှောပါလာပြီး စလေမြို့ အုတ်ကန်ဇလဲ့အင်းထဲတွင် ဆက်မျောပါသွားခြင်း မရှိဘဲ တန့်လို့နေပါသည်။ ဆရာတော် ဦးဗိုင် နှင့် ဆရာတော် ဦးရွှဲ ညီနောင်နှစ်ပါး ဦးစီးပြီး စလေမြို့နေ ရဟန်းရှင်လူအပေါင်းမှ ဆယ်ယူပြီး အုတ်ကန်ဇလဲ့အင်းတွင် ယာယီစံစေခဲ့ပါသည်။ တိုင်ပင်ဆွေးနွေးပြီး ထိုမှတဆင့် လက်ရှိကုန်းတော်ပေါ်သို့ ပင့်ဆောင်ပြီး ကျောင်းဆောင်ဖြင့် တည်ထား ကိုးကွယ်ကြပါသည်။ ဘုရားကြီး တည်ထားကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ခန့်ရှိပြီ ဖြစ်ပါသည်။
