မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ ဆွေးနွေးချက်:Chan Lart Sar Ram

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Chan Lart Sar Ram !

[ပြင်ဆင်ရန်]

--Welcome-Bot (ဆွေးနွေး) ၀၁:၅၁၊ ၁၃ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

Mr.Chan Chan Lart Sar Ram (ဆွေးနွေး) ၀၂:၂၉၊ ၂၉ ဇွန် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ခေါင်လန်ဖူးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ

[ပြင်ဆင်ရန်]

ခေါင်လန်ဖူးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ ===============

ဒေသသမိုင်းအကျဉ်း

ခေါင်လန်ဖူးမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၂-၉၇ ရက်စွဲပါ စာအမှတ်၊၂/၃၁၂/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ကိုလိုနီခေတ်တွင် တောအုပ်ရုံးကို ခေါင်လန်ဖူးတွင် ရုံးစိုက်ပြီး နယ်ခြားခေတ်တွင် ဗိုလ်ကြီးသူရကျော်စွာမှ ခေါ်ဘူဒဲသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ၁၁-၄-၉၅ရက်နေ့နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ခေါ်ဘူဒဲမြို့အား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်စေမည့် ခေါင်လန်ဖူးဒေသသို့ မြို့ပြောင်းရွှေ့ရန်လမ်းညွှန်ခဲ့သဖြင့် ၁-၁၂-၉၅ရက်နေ့တွင် ‌ခေါ်ဘူဒဲမှ ခေါင်လန်ဖူးသို့ မြို့ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ခေါင်လန်ဖူးကို ရဝမ်ဘာသာစကားဖြင့် ရဝဲအဒမ်းဟု ခေါ်ဆိုခဲ့ပြီး ခေါင်လန်ဖူးဆိုသည်မှာ ချိုင့်ဝှမ်းဟု အဓိပ္ပာယ်ရပြီး တောင်ကုန်းတောင်ဆွယ်ကြားမှ ချိုင့်ဝှမ်းမြို့ဟု အဓိပ္ပာယ် ရပါသည်။ တည်နေရာ အကျယ်အဝန်း

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် ရှိပြီး ပူတာအို ခရိုင်တွင် တည်ရှိပါသည်။ ခေါင်လန်ဖူးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၆ဒီဂရီနှင့်၂၇ဒီဂရီကြား၊အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီနှင့်၉၈ ဒီဂရီကြားတွင် တည်ရှိပြီ အကျယ်အဝန်းအားဖြင့် ၂၀၈၃.၃၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။အရှေ့မှ အနောက်သို့ (၃၁)မိုင်ရှိပြီး တောင်မှမြောက်သို့(၅၆)မိုင် ရှည်လျားပါသည်။ နယ်နိမိတ်

ခေါင်လန်ဖူးမြို့နယ်၏ အရှေ့ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် မချမ်းဘော့မြို့နယ်၊နောင်မွန်မြို့နယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့်နောင်မွန်မြို့နယ်၊ တောင်ဘက်တွင်ဆော့လော်မြို့နယ်နှင့်ဆွမ်ပရာဘွမ် မြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိပါသည်။ မြေမျက်နှာသွင်ပြင်

ခေါင်လန်ဖူးမြို့နယ်သည် ပင်လယ်ပြင်ရေမျက်နှာပြင် အထက် အမြင့်ပေ (၄၆၈၀)တွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများ ထူထပ်သော မြို့နယ်ဖြစ်သည်။ ရေဆင်း

ခေါင်လန်ဖူးမြို့နယ်တွင် မေခမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိပြီး အချန်ခချောင်းတို့မှာ ခေါင်လန်ဖူးမြို့၏ တောင်ဘက်(၃)မိုင်အကွာတွင် မေခမြစ်နား အတွင်း စီးဝင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ခေါင်လန်ဖူးမြို့နယ်တွင် ပင်လယ်ရေမျက်နှာ အထက်ပျှမ်းမျှအမြင့် (၄၆၈၀)ပေ အထက်တွင် တည်ရှိပါသည်။ခန့်မှန်းမြေပုံညွှန်း MK-၃၆၈၉၂၉ တွင် တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့မှ (၁၃၂)မိုင်အကွာတွင် တည်ရှိပါသည်။ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်

ရာသီဥတု

ခေါင်လန်ဖူးမြို့နယ်သည် မိုးရာသီနှင့်ဆောင်းရာသီ(၂)ခုသာ ရှိပြီး အမြင့်ဆုံးအပူချိန် (၃၀.၄.C)နှင့် အနိမ့်ဆုံး အပူချိန်မှာ (၀၁.၅.C)ဖြစ်ပါသည်။ သဘာဝပေါက်ပင်များ

ခေါင်လန်ဖူးမြို့နယ်အတွင်း သစ်ကောင်း သစ်မာ ပေါက်ရောက်မှု မရှိဘဲ သစ်ပွများဖြစ်သော ထင်းရှူး ၊ ဝါး အမျိုးမျိုးတို့ ပေါက်ရောက်ပြီး သစ်ခွမျိုးစုံနှင့် အဖိုးတန်ဆေးဘက်ဝင်အပင်များ ပေါက်ရောက်ပါသည်။ တောရိုင်းတိရစ္ဆာန်များ

ခေါင်လန်ဖူးမြို့နယ်တွင် တွေ့ရှိရသော တောရိုင်း တိရိစ္ဆာန်များမှာ ကတိုး၊သားမင်း(သာကင်)၊ တောင်ဆိတ်၊ပြောင်၊ဝက်ဝံ၊ကျား၊ဆတ်၊ချေ၊ဒရယ်၊ မျောက်လွဲကျော်၊မျောက်မြီးရှည်၊တောကြောင်၊မြွေ၊နွားနောက်၊လား၊မြင်း စသည်တို့ နေထိုင်ကျက်စားလျှက်ရှိပါသည် သဘာဝပတ်ဝန်းကျင် လက်ရှိအခြေအနေ

ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံများ၏ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုစနစ်ကြောင့် မြို့နှင့်(၅)မိုင်ခန့်အတွင်းနှင့်ကျေးရွာများ အနီးတဝိုက်တွင် သစ်တောများ အနည်းငယ် ပြုန်းတီးလျှက်ရှိပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ

ခေါင်လန်ဖူးမြို့နယ်သည် ရွှေ့ပြောင်းတောင်ယာစနစ်မှ လယ်ယာမြေစနစ်သို့ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် တောပြုန်းတီးမှုမှ ကာကွယ်လျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကျရောက်မှု

ခေါင်လန်ဖူးမြို့နယ်သည် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်မှုများကြောင့် မြေပြို၊တောင်ပြို၊ လမ်းပိတ်ဆို့မှု ရှိနိုင်ပါသည်။ လူဦးရေဆိုင်ရာအချက်အလက်များ

နေထိုင်သည့် တိုင်းရင်းသားလူမျိုးစုများ

ခေါင်လန်ဖူးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများမှာ - ၁။ကချင် .....၁၄၂၃၈ဦး ၂။ချင်း.......... ........၆ ဦး ၃။ဗမာ.................၅၂ ဦး ၄။ရှမ်း...................၈ ဦး မြို့နယ်ချုပ် ..၁၄၃၀၄ ဦး အိမ်ခြေ၊အိမ်ထောင်စု

ခေါင်လန်ဖူးမြို့နယ်တွင် မြို့ပေါ်ရှိအိမ်ခြေ (၈၇)အိမ်၊အိမ်ထောင်စု (၇၉)စုရှိပြီး ကျေးလက်နေအိမ်ခြေ (၂၀၆၇)အိမ်၊ အိမ်ထောင်စု(၁၈၈၀)စုရှိရာ စုစုပေါင်း အိမ်ခြေ(၂၁၅၄)အိမ်နှင့် အိမ်ထောင်စု(၁၉၅၉)စု ရှိပါသည်။ လူဦးရေ

အသက်(၁၈)နှစ်အထက်

မြို့ပေါ်နေ ကျား(၁၃၃)ဦး၊မ(၁၂၀)ဦး၊ စုစုပေါင်း(၂၅၃)ဦး ကျေးလက်နေကျား(၃၅၉၁)ဦး၊မ(၃၃၆၃)ဦး စုစုပေါင်း (၆၉၅၄)ဦး မြို့နယ်အတွင်း ကျား(၃၇၂၄)ဦး၊မ(၃၄၈၃)ဦး စုစုပေါင်း (၇၂၀၇)ဦး အသက်(၁၈)နှစ်အောက်

မြို့ပေါ်နေ ကျား(၁၃၇)ဦး၊မ(၁၃၅)ဦး၊ စုစုပေါင်း(၂၇၂)ဦး ကျေးလက်နေကျား(၃၄၀၈)ဦး၊မ(၃၄၁၇)ဦး စုစုပေါင်း (၆၈၂၅)ဦး မြို့နယ်အတွင်း ကျား(၃၅၄၅)ဦး၊မ(၃၅၅၂)ဦး စုစုပေါင်း (၇၀၉၇)ဦး မြို့နယ်ချုပ်

မြို့ပေါ်နေကျား(၁၃၃+၁၃၇)ဦး=၂၇၀ ဦး မြို့ပေါ်နေ မ (၁၂၀+၁၃၅)ဦး=၂၅၅ ဦး ကျေးလက်နေကျား(၃၅၉၁+၃၄၀၈)=၆၉၉၉ ဦး ကျေးလက်နေမ (၃၃၆၃+၃၄၁၇)=၆၇၈၀ မြိနယ်အတွင်း ကျား(၇၂၆၉)ဦး၊မ(၇၀၃၅)ဦး စုစုပေါင်း(၁၄၃၀၄)ဦး ကိုးကွယ်သည့်ဘာသာ

ခေါင်လန်ဖူးမြို့နယ်တွင် နေထိုင်ကြသူများ၏ ကိုးကွယ် သည့်ဘာသာအလိုက် လူဦးရေမှာ ဗုဒ္ဓဘာသာ (၆၆)ဦး၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ (၁၄၂၃၈)ဦး ဖြစ်ပါသည်။ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များ

==========================

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

ရပ်ကွက်(၄)ရပ်ကွက် ကျေးရွာအုပ်စု (၂၄)အုပ်စု ကျေးရွာပေါင်း(၁၄၁)ရွာ

အုပ်ချုပ်ရေးမှူးရုံးများ

မြို့နယ်အုပ်ချုပ်ရေးမှူး(၁)ဦး မြို့နယ်ရုံး(၁)ရုံး ရပ်ကွက်ရုံး(၄)ရုံး ကျေးရွာအုပ်စုရုံး(၂၃)ရုံး ခေါင်လန်ဖူးမြို့နယ်ရှိဌာနဆိုင်ရာများ

၁။မြို့နယ်ထွေ/အုပ် ဌာန ၂။မြို့နယ်တရားရုံး ၃။မြို့နယ်ဥပဒေရုံး ၄။မြို့နယ်ကော်မရှင်ရုံး ၅။မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၆။စည်ပင်သာယာရေးအဖွဲ့ ၇။ပြန်/ဆက်ဦးစီးဌာန ၈။စိုက်ပျိုး‌ရေးလုပ်ငန်း ၉။မြေစာရင်းဦးစီးဌာန ၁၀။တိ/မွေး/ကု ၁၁။ဆက်သွယ်ရေး ၁၂။လျှပ်စစ် ၁၃။လဝက ၁၄။ပညာရေး ၁၅။ကျန်းမာရေး ၁၆။ကျေးလက်ဖွံ့ဖြိုးရေး ၁၇။စီမံကိန်း ၁၈။ဆောက်လုပ်ရေး နိုင်ငံရေးပါတီများ

၁။ပြည်ခိုင်ဖြိုး ၂။တစည ၃။ဒီ/ချုပ် ရွေးချယ်ခံရသော လွတ်တော်ကိုယ်စားလှယ်များ

ပြည်သူ့လွတ်တော်


ဦးအာမိုးဆီ ၊ လီဆူ(ဒူးလေး)ပါတီ

အမျိုးသားလွတ်တော်


ဦးဂျေယောဝူ၊တစည

ပြည်နယ်လွတ်တော်


ဦးအားခီဆာ၊အမျိုးသားဒီမိုကရေစီ ဦးရွှေလေး၊ လီဆူ (ဒူးလေး)ပါတီ စီးပွားရေးဆိုင်ရာအချက်အလက်

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

ခေါင်လန်ဖူးမြို့နယ်သည် ပူတာအိုခရိုင်အတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု မရှိသော မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ လူထုသည် တောင်ယာ၊လှေကားထစ်လုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြသည်။ စည်ပင်သာယာရေးလုပ်ငန်းများ

ခေါင်လန်ဖူးမြို့နယ်တွင် စည်ပင်သာယာဈေး(၁)ခု ရှိပြီး ဆိုင်ခန်းအရေအတွက် (၁၂)ခန်းရှိပါသည်။

မြေအသုံးချမှု

၁။အသားတင်စိုက်ပျိုးမြေ(၈၄၅၅၆)ဧက (က)လယ်မြေ (၁၃၀၀)ဧက (ခ) ယာမြေ (၄၄၄၃)ဧက (ဂ)ဥယျာဉ်မြေ( ၂၆၈)ဧက ၂။လှပ်ထားမြေဧရိယာ( ၅၁၃)ဧက ၃။ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာ (၆၁၉၇၉)ဧက ၄။တောရိုင်း(၉၆၂၅၀၃)ဧက ၅။မြေရိုင်း(၇၄၈၉၀)ဧက ၆။စိုက်ပျိုးခြင်း မပြုနိုင်သောဧရိယာ(၁၈၇၇၅)ဧက စိုက်ပျိုးရေးလုပ်ငန်း

ခေါင်လန်ဖူးမြို့နယ်အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ(၂)မျိုးမှာစပါး၊နှမ်းတို့ဖြစ်သည်။ သစ်တောများ

ခေါင် လန်ဖူးမြို့နယ်သစ်တောကြိုးဝိုင်းသည် (၆၁၉၇၉)ဧက ကျယ်ဝန်းပြီး ထင်းရှူး ၊ ဝါး အမျိုးမျိုးတို့ ပေါက်ရောက်ပြီး သစ်ခွမျိုးစုံနှင့် အဖိုးတန်ဆေးဘက်ဝင်အပင်များပေါက်ရောက်ပါသည်။

ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

====================
[ပြင်ဆင်ရန်]

တံတားများ

ပေ(၁၈၀)အထက်တံတားများ

၁။ငါ့လုံဒမ်းတံတား(၂၆၀ပေ၊ကြိုးတံတား) ၂။အစုဝမ်တံတား(၁၉၈ပေ၊ကြိုးတံတား) ၃။ရီဒမ်းတံတား(၃၆၀ပေ၊ကြိုးတံတား) ၄။ဒဂုံတံတား(၂၉၀ပေ၊ကြိုးတံတား) ၅။နမ်ရဲတံတား(၁၈၀ပေ၊ကြိုးတံတား) ၆။ထီနူးတံတား(၄၄၀ပေ၊ကြိုးတံတား) ၇။ထီရှိန်တံတား(၂၄၀ပေ၊ကြိုးတံတား) ပေ(၁၈၀)အောက်တံတားများ

၁။ငါ့လုံဒမ်းတံတား(၁၆၀ပေ၊သံမဏိကြိုးတံတား) ၂။နုဝ်မ်တံတား(၁၀၀ပေ၊သံမဏိကြိုးတံတား) ၃။ထလားလော်တံတား(၄၅ပေ၊သံမဏိကြိုးတံတား) ၄။ဆရမ်ဖာတံတား(၁၃၂ပေ၊သံမဏိကြိုးတံတား) ၅။အဘွမ်ထန်တံတား(၁၂၈ပေ၊သံမဏိကြိုးတံတား) ၆။ချီထုဖန်တံတား(၁၁၂ပေ၊သံမဏိကြိုးတံတား) ၇။ချီလာတံတား(၁၁၀ပေ၊သံမဏိကြိုးတံတား) ၈။ဆာရာချှီတံတား(၆၅ပေ၊သံမဏိကြိုးတံတား)

ပညာရေးကဏ္ဍ

အခြေခံပညာ

အထကကျောင်းများ

စဉ်၊ ကျောင်းအမည်၊ တည်နေရာ


၁။ အထက၊ခေါင်လန်ဖူး( ရပ်ကွက်-၄) ၂၊ အထက၊ဇန်ယော့(ဇန်ယော့ရွာ)

အလကကျောင်းများ

စဉ်၊ ကျောင်းအမည်၊ တည်နေရာ


၁။ အလက၊မထီဆွတ်( မထီဆွတ်ရွာ) ၂။ အလက၊ဖန်တုံ( ရနင်ထီအုပ်စု)) ၃။ အလက၊ခေါ်ဘူဒဲ(ခေါ်လာဒါဟို အုပ်စု)

အလကကျောင်းခွဲများ

စဉ်၊ ကျောင်းအမည်၊ တည်နေရာ


၁။ အလက(ခွဲ)ရီဒမ် (ကောင်လိုလပ်အုပ်စု) ၂။ အလက(ခွဲ)နမ်ချိန်( နမ်ချိန်အုပ်စု) ၃။ အလက(ခွဲ)ချီလာဝါဒီ(ဇီးထန်အုပ်စု) ၄။ အလက(ခွဲ)အတာတော် ( ဇီးထန်အုပ်စု)

မူလတန်းလွန်ကျောင်းများ

(၁)ကျောင်းရှိပါသည်။

အမကကျောင်းများ

(၅၉) ကျောင်းရှိပါသည်။

မူလတန်းကြိုကျောင်း

စဉ်၊ ကျောင်းအမည်၊ တည်နေရာ


၁။ ဘန်နီ(ရပ်ကွက်-၃) ၂။ ဆာမူအယ် (ရပ်ကွက်-၄)

ကျန်းမာရေးကဏ္ဍ

ဆေးရုံများ

စဉ်၊ ဆေးရုံအမည်၊ တည်နေရာ


၁။ ပြည်သူ့ဆေးရုံ၊ရပ်ကွက်(၁)

ဆေးပေးခန်းများ

စဉ်၊ အမည်၊ တည်နေရာ၊ ကုသသည့်ရောဂါ


၁။ ဇန်ယော့၊ဇန်ယော့ရွာ၊( အထွေထွေ) ၂။ ခေါ်ဘူဒဲ၊ခေါ်ဘူဒဲရွာ၊(အထွေထွေ)

ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ

စဉ်၊ ကျေးလက်ကျန်းမာရေးဌာနအမည်၊တည်နေရာ


၁။ ရီဒမ်၊ရီဒမ်ရွာ ၂ ။ညီဝမ်ထန်၊ဒီးလာဝါဒီ ၃။ ရနင်ထီ၊ဖန်တုံ ၄။ ဇီးထန်၊ချီလာဝါဒီ ၅။ ထဖုံး၊ထဖုံးရှာ ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ

ငှက်ဖျား၊ ဝမ်း၊ တီဘီ ၊ဝမ်းကိုက် ၊ အသည်း ဘာသာရေးဆိုင်ရာအချက်အလက်များ

ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦ

ဘုန်းကြီးကျောင်း(၁)ကျောင်း စဉ်၊ ဘုရား၊ စေတီ


၁။ထိုင်တော်မူရုပ်ပွားတော်မြတ်ဘုရား၊ကောမလဝန္ဒနာစေတီ

အခြားဘာသာရေးအဆောက်အဦများ

ခရစ်ယာန်ဘာသာ(ဘုရားကျောင်း)


မြို့ပေါ် (၄)ကျောင်း ကျေးလက် (၁၁၀)ကျောင်း

မှတ်ချက်။၂၀၁၉ခုနှစ်၊စက်တင်ဘာလအထိupdateစာရင်းဖြစ်ပါသည်။ Chan Lart Sar Ram (ဆွေးနွေး) ၀၂:၂၈၊ ၂၉ ဇွန် ၂၀၂၀ (UTC)အကြောင်းပြန်ရန်