အသုံးပြုသူ ဆွေးနွေးချက်:Buddhawyhara Siradoor
အကြောင်းအရာအသစ် ထပ်ထည့်ရန်မိုးကုတ်ဆရာတော်ဘုရားကြီး၏ဥပနိဿယ - ကမ္ဘာ့သာသနာပြု ၊ ရန်ကုန်ဗုဒ္ဓဝိဟာရဆရာတော်ဆုပေးနည်း
[ပြင်ဆင်ရန်]
ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ် နှင့်တကွ (အမေ ၊ အဖေ)မိဘ ဆရာသမား အနန္တော အနန္တ ၅ပါးတို့၏ ကျေးဇူးတွေအနန္တ၊ ဂုဏ်တော်တွေ အနန္တတွေကို ရှိခိုးကြောင်းဖြစ်သော
ပူဇဝန္တ၊ ပဏာမ စေတနာ ၊ သဒ္ဓါ ပညာ ဝီရိယတို့ကြောင့် မိမိတို့အလိုရှိအပ်၊ တောင့်တအပ်သော အသက်ရှည်စွာ ၊ အနာမဲ့ရေး ၊ ရန်ဘေးကင်းကြောင်း ကောင်းမှု့မင်္ဂလာ အဖြာဖြာသို့လည်းကောင်း။
မအိုမသေ အမြဲနေသော နိဗ္ဗာန်သို့၎င်း။ ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့၎င်း။ တစ်ထောင့်ငါးရာ ကိလေသာ အပူဓာတ်၊ အလောင်ဓာတ်တို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်သော နိဗ္ဗာန်သို့၎င်း။
မိမိတို့အားထုတ်ဆဲဖြစ်သော ဒါန ၊ သီလ ၊ စေတနာကံ နှင့်တကွ ဝိပဿနာဉာဏ်သည်၊ လျှင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ ရလွယ် ၊ ရောက်လွယ် ၊ မျက်မှောက် ပြုလွယ်နိုင်ကြသည်ဖြစ်စေ......။ — Buddhawyhara Siradoor (ဆွေးနွေး • ပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 16:31, 31 January 2021