အသုံးပြုသူ ဆွေးနွေးချက်:ဝဏ္ဏ (တောင်သာ)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် ဝဏ္ဏ (တောင်သာ) ![ပြင်ဆင်ရန်]

--Welcome-Bot (ဆွေးနွေး) ၀၅:၁၀၊ ၂၄ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

မင်္ဂလာပါ။ မြန်မာဝီကီမှာ ဝင်ရောက်ရေးသားတဲ့အတွက် ကျေးဇူးပါ။ လူသစ်ဆိုတော့ မသိသေးတာတွေ ရှိသေးလို့ နည်းနည်းလောက် လမ်းညွှန်ပါရစေ။

  • ဆောင်းပါးတစ်ခုထဲမှာ လင့်ခ်တစ်ခုထဲဆီကို ထပ်ခါတလဲလဲ ချိတ်ဆက်စရာ မလိုပါဘူး။ ယေဘုယျအားဖြင့် လင့်ခ်တစ်ခုဟာ ဆောင်းပါးတစ်ခုမှာ တစ်ကြိမ်သာ ပါဝင်သင့်ပါတယ်။ (အသေးစိတ်ကို MOS:DUPLINK မှာ ရှင်းပြထားပါတယ်။)
  • ခုနှစ်၊ ရက်၊ လ စတဲ့ ရက်စွဲတစ်ခုခုဟာ ဆောင်းပါးတစ်ခုရဲ့ အကြောင်းအရာနဲ့ သိသာထင်ရှားစွာ ဆက်စပ်ခြင်းမရှိဘူးဆိုရင် ဆောင်းပါးထဲမှာ ရက်စွဲ၊ ခုနှစ်၊ ရက်၊ လ တွေကို လင့်ခ်မချိတ်သင့်ပါဘူး။ (WP:DATELINK မှာ ကြည့်နိုင်ပါတယ်။)
  • ဖတ်ရှုသူတွေ နေ့စဉ်နားလည်နေနိုင်တဲ့ အသုံးအနှုန်းတွေ (ဥပမာ အမျိုးသား၊ အမျိုးသမီး) ကို ဆောင်းပါးနဲ့ တိုက်ရိုက်ဆက်စပ်နေခြင်း မရှိရင် လင့်ခ်ချိတ်ဆက်စရာမလိုပါဘူး။ (WP:OLINK မှာ ရှင်းပြထားပါတယ်။)
  • သတင်းဆောင်းပါးဝက်ဘ်ဆိုဒ်တွေကနေ ကိုးကားတဲ့အခါမှာ သတင်းစာသားတွေဟာ သတင်းဌာနရဲ့ မူပိုင်ဖြစ်တဲ့အတွက် စာသားတွေကို တိုက်ရိုက်ကူးယူရေးသားခြင်းကို ရှောင်စေလိုပါတယ်။ ကိုယ်ပိုင်စကားလုံး စာသားနဲ့ရေးသားပြီး သတင်းလင့်ခ်ကို ကိုးကားပေးနိုင်ပါတယ်။

မြန်မာဘာသာနဲ့ ရှင်းလင်းထားတာ လတ်တလောမှာ မရှိသေးတဲ့အတွက် အင်္ဂလိပ်ဝီကီဖက်ကို ညွှန်းရတာကို နားလည်စေလိုပါတယ်။ မရှင်းလင်းတာရှိရင် ဒီအောက်မှာ ဒါမှမဟုတ် ကျွန်တော့ရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ မေးမြန်းနိုင်ပါတယ်။ ဝီကီမှာ ပျော်ရွှင်ပါစေဗျာ။ NinjaStrikers «» ၁၀:၄၁၊ ၂၇ ဇူလိုင် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]