အသုံးပြုသူ ဆွေးနွေးချက်:"Setkon (Pyay)"

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် "Setkon (Pyay)" ![ပြင်ဆင်ရန်]

--Welcome-Bot (ဆွေးနွေး) ၀၅:၂၃၊ ၈ မတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ပြည်တက္ကသိုလ် ၏ခြောက်ခြားဖွယ်ရာသမိုင်းကြောင်း[ပြင်ဆင်ရန်]

ပဒုတိယကမ္ဘာစစ်ကာလအတွင်းက ယခုပြည်တက္ကသိုလ်နေရာသည် ခြုံနွယ်များပြည့်နှက်‌‌ေန‌ေသာမြေကွက်လပ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီး ရွှေတောင်တိုက်ပွဲကို ကြားသိဖူးကြပေမည်။ ရွှေတောင်တိုက်ပွဲတွင် ဖမ်းဆီးရမိသော သုံ့ပန်းတစ်ချို့အား ပြည်တက္ကသိုလ်၀င်းနေရာတွင် ထားကြသည် (ဗြိတိသျှသုံ့ပန်းများအား ဂျပန်စစ်သည်တို့မှ ဦးခေါင်းအားရိုက်နှက်ကာသေဒဏ်ပေးခြင်းဖြစ်သည်)။ သတ်ဖြတ်ခဲ့ခြင်းများလဲရှိခဲ့သည်။ ယခုချိန်ထိမကျွတ်မလွတ်ပဲ ရှိနေသည် ကျောင်းထဲနေ ၀န်ထမ်းတချို့မြင်ဖူးကြပေသည်။ ပြည်တက္ကသိုလ်မဆောက်ခင်က ထိုနေရာသည် ထောင်လယ်မြေ နောက်ပိုင်းတွင် တရုတ်စုစာသင်ကျောင်း(ကျောင်းဆောင်အဟောင်းကို ၂၀၂၀ခုနှစ်ကမှ ဖျက်လိုက်ပြီး ယခုအဆောင်သစ်ဆောက်ထားသည် အဝေးသင်ပေါက်နားက အဆောင်သစ်ဖြစ်သည်)။ ထောင်လယ်မြေဖြစ်ခဲ့စဥ်ကကလဲ ထောင်သားအချင်းချင်းပြသနာဖြစ်၍ လူသတ်မှုများရှိခဲ့ဖူးသည်။ အစိမ်းသေဖြစ်၍ မကျွတ်မလွတ်ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခု ဓမ္မာရုံခေါင်းရင်းက သစ်ပင်စုစုရှိရာနေရာသည် မြေကြမ်းသည်။ မဆင်မခြင်လုပ်ဖူး‌ေသာ ကျောင်းသားများ စာမေးပွဲဖြေခါနီးတွင် ကျန်းမာရေးမကောင်းဖြစ်လွန်း၍ ဆိုင်ရာကိုပြန်တောင်းပန်ရတဲ့အထိဖြစ်ခဲ့လေသည်။ ရေကန်တွေသည်လဲ သမိုင်းကြောင်းနဲ့ပင်။ ကန်ထဲမဆင်မခြင်ခြေဆေးသော သူပင် ဆိုင်ကယ် accidentဖြစ်ပွားခဲ့သည် (၂၀၁၇ခုနှစ်ကဖြစ်သည်။) လေးထပ်ဆောင် အဆောင်နီကြီး၏အောက်ထပ် မိန်းကလေး toiletထဲတွင် ကျောင်းသူတစ်ယောက် ဆွဲကြိုးချအဆုံးစီရင်ခဲ့ဖူးသည်( ၂၀၀၄ခုနှစ် အဝေးသင်စာမေးပွဲကာလ၌ ဖြစ်ပျက်ခဲ့သည်) အချို့ညဘက်များတွင် ဆံပင်ဖားလျားနှင့် မိန်းကလေးတစ်ဦး ၄ထပ်ဆောင်ကော်ရစ်တာတွင် လမ်းလျှောက်နေတာကို ကျောင်းထဲရှိ ၀န်ထမ်းတွေ မြင်ဖူးကြတတ်သည်။(အထူးသဖြင့် သူသေဆုံးခဲ့သော ဧပြီလနားနီးလာသောအခါ မကြာခဏ မြင်ရတတ်ပါသည်) ဓမ္မာရုံဘေးရှိ ရေကန်ထဲမှ ကျွန်းလေးတွင် ရှိသော အပင်ကလဲ 'ဇ' မသေးလှ‌ေပ။ ကျောင်းသားတစ်ဦး မူးပြီး အပေါ့စွန့်မိကာ သိပ်မကြာခင်တွင် ခန္ဓာကိုယ်တခြမ်းလေဖြန်းသလိုဖြစ်သွားဖူးပါသည်။ Chemistryအဆောင်‌ရှေ့နားရှိ အနက်ရောင်ကားပျက်တစ်စီး(accidentဖြစ်တဲ့ကားပါ)ကိုမြင်ဖူးကြမည်ထင်သည်။ ယခုထိ အပျက်အစီးတွေကိုပြန်ပြင်၍မရပဲ အပျက်အစီးတိုင်း အ့ရှေ့မှာရပ်ထားရပါသည်။ Accidentဖြစ်စဉ်က လူ၂ဦး သေဆုံးခဲ့ဖူးသည် ထိုကားပျက်မှ အော်သံများကို တခါတရံညဘက် ကြားသိရသည်မှာ ကျောင်း၏ယခင်လုံခြုံရေး‌ေဟာင်းများ(ယခု security companyမတိုင်ခင်က ၀န်ထမ်းများ) အသိပင်ဖြစ်သည်။ ထို့အပြင် ဇာတ်လမ်းဆန်ဆန်ဖြစ်ရပ်တစ်ခုလဲဖြစ်ပွားခဲ့ဖူးသည်။ ပညာသင်နေစဉ် လူငယ်သဘာ၀ ချစ်ကြိုက်ခဲ့ဖူးသော ချစ်သူရည်းစားစုံတွဲတစ်တွဲရှိခဲ့သည်။ ကျောင်းပြီးလျှင် လက်ထပ်ရန်အထိ ရည်ရွယ်ထားခဲ့ကြသည်။ သို့ရာတွင် မိန်းကလေး၏ မိဘများမှ ယောင်္ကျားလေးအား သဘောမကျ၍ ၎င်းတို့အသိ ဒုဗိုလ်တစ်ဦးဖြင့် ကျောင်းပြီးချိန်တွင် လက်ထပ်ပေးခဲ့သည်။ ထိုမိန်းကလေး၏ ချစ်သူကောင်လေးမှာ ကျောင်းပြီးချိန်တွင် companyတစ်ခု၌ အလုပ်၀င်ခဲ့သည်။ အလုပ်ကိစ္စဖြင့် နယ်ဆင်းရာ ချောင်းထဲရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားရှာသည်။ သူ့အား တခါတရံ သူကျောင်းတတ်စဉ်က ချစ်သူနှင့်သွားလာတတ်သော ကျောင်းထဲရှိနေရာများတွင် တွေ့ရတတ်သည်ဟု ပြောဆိုသံများကြားရသည်။ ထို့အပြင် ပြည်တက္ကသိုလ်၀င်းထဲရှိ သူသိနည်းသော ရေကန်တစ်ခု(ယခု ဒုပါချုပ်အိမ်ရှေ့/ဖူဆယ်ကွင်းဘေး ဆရာအဆောင်၏ရှေ့)၏အဖြစ်လဲရှိသေးသည်။ ယခင်ထိုအဆောင်များမရှိခင်က ထိုနေရာသည် ခြုံနွယ်သစ်ပင်ထူထပ်သော နေရာတစ်ခုသာဖြစ်သည်။ ထိုရေကန်ထဲသို့ ညအချိန် လူတစ်ဦး(အရက်သောက်ထသူဟုယူဆရ) ဆင်းမိရာမှ သေဆုံးခဲ့ဖူးသည်။ သို့သော် ထိုသတင်းသည် သိပ်မထင်ရှားခဲ့ပေ။ သို့သော်လည်း တခါတရံ ညဘက် ထိုရေကန်နားရှိ အပင်များအောက်မှ သစ်ရွက်ခြောက်များကို လူတတ်နင်းသကဲ့သို့သော အသံများ ကြားရကြောင်း သတင်းများထွက်ပေါ်ဖူးသည်။

ဤသည်ကား ပြည်တက္ကသိုလ်၏ ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းအချို့ဖြစ်သည်။ အခြားဇာတ်လမ်းများလဲရှိသေးသော်လည်း ထင်ရှားသော အရာများကိုသာ ဖော်ပြခဲ့ခြင်းဖြစ်ပေသည်။ "ယုံချင်ယုံ မယုံချင်နေ"ဆိုသော စကားရှိသော်လည်း ပရလောကဆိုသည်ကို လျော့မတွက်သင့်ပေ။

                                                                                                                                             စပ်ကွန်(ပြည်)