အသုံးပြုသူ:Zaw KK

ဝီကီပီးဒီးယား မှ
Zaw KK
— Wikipedian —
အမည်ဇော်ကိုကို (ဗိသုကာ)
နိုင်ငံသား မြန်မာ
လူမျိုးစုဗမာ
ပညာရေးနှင့် အလုပ်အကိုင်
အလုပ်အကိုင်စာရေးဆရာ
ပညာရေးဒဿနိကဗေဒ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၁၉၆၈)
အထက်တန်းကျောင်းအ.ထ.က (၆) ဗိုလ်တထောင် ( ယခင် စိန်ပေါလ်)
ဝါသနာနှင့် ကိုးကွယ်ယုံကြည်မှု
ကိုးကွယ်သည့် ဘာသာဗုဒ္ဓဘာသာ

စာရေးသူ၏ အမည်ရင်းမှာ ဇော်ကိုကို ဖြစ်ပြီး ၁၉၉၂ ခုနစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အဖ ဦးအေးကို (ဆ.သ.ရ၊ ငြိမ်း)၊ အမိ ဒေါ် ခင်လေးကြူ (သမဝါယမဝန်ကြီးဌာန၊ ငြိမ်း) တို့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၌ ‌မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်ရှိသည့်အနက် အငယ်ဆုံးသား ဖြစ်သည်။ အ.ထ.က (၆) ဗိုလ်တထောင် ( ယခင် စိန်ပေါလ်) ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင် ဇီဝဗေဒ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်ကာ ဗိသုကာ အထူးပြု ဘာသာရပ်ဖြင့် နည်းပညာတက္ကသိုလ် (သန်လျင်) တွင် တပ်ရောက် ပညာသင်ကြားခဲ့ပါသည်။ ၂၀၁၄ ခုနစ်တွင် ဗိသုကာဘွဲ့ ( B. Arch ) ကို ရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၉ ခုနစ်တွင် စီးပွားရေး စီမံ ခန့်ခွဲမှု မဟာဘွဲ့ ( MBA ) ကို Malaysia နိုင်ငံ၊ UCSI University မှလည်းကောင်း၊ နိုင်ငံရေး သိပ္ပံ ဒီပလိုမာဘွဲ့ကို ရန်ကုန်တက္ကသိုလ် မှ လည်းကောင်း ရရှိခဲ့ပါသည်။

ဗိသုကာဘွဲ့ရပြီးနောက် နည်းပညာတက္ကသိုလ် (သန်လျင်)၊ ဗိသုကာဌာနတွင် လုပ်အားပေးဆရာ အဖြစ် တစ်နှစ်ခွဲ ခန့် လုပ်ကိုင်ခဲ့ပါသည်။ တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက ကဗျာ နှင့် ဝတ္ထုတိုတို့ကို ရေးသားခဲ့ပြီး စာပေနယ်ထဲသို့ ၃၁.၅.၂၀၁၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာ တွင် ပါရှိခဲ့သော " ရောင်နီလာချိန်" အမည်ရှိ ပညာရေး ဆောင်းပါးဖြင့် စာပေလောကထဲသို့ စတင်ရောက်ရှိလာခဲ့ပါသည်။ STI Myanmar University တွင် Assistant Lecturer အဖြစ် ဗိသုကာပညာရပ်များကို သင်ကြားပြသလျက်ရှိပြီး ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။