အသုံးပြုသူ:Vol Naing
စိတ်ထားကောင်းဖို့ အဓိက
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူ များပါတယ်။ ဗုဒ္ဓလမ်းစဉ်က အင်မတန် မွန်မြတ်ကောင်းမွန်တဲ့ လမ်းစဉ်ပါပဲ။
တကယ်ကျင့်ကြံအားထုတ်ပြီး တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်လိုက်နာအားထုတ်သလောက် အကျိုးရရှိမှာ အသေချာပါပဲ။
သို့ပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် သိလျှက်နှင့်လည်း လိုက်နာကျင့်ကြံမှုအပိုင်းမှာ အလွန်အားနည်းပါတယ်။ လူဆိုတာ မကောင်းတဲ့ သာယာမှုကို တပ်မတ်ကြတာ များပါတယ်။
မလုပ်အပ်၊ မကြံအပ်၊ မတွေးအပ် တဲ့ အရာတွေကိုမှ ရွေးလုပ်ချင်ကြတယ်။ ယခုလို ဆုတ်ကပ်ကာလထဲမှာ သူတော်ကောင်းဆိုတာ အတော်ရှားသွားပြီ။
သူ့ထက်ငါ ဘယ်လိုလှည့်စားရမလဲဆိုတာဘဲ အကြံထုတ်နေတဲ့သူက အများသား။ သူ့ကို ငါဘယ်လိုရှင်းထုတ်ရမလဲ၊ ဘယ်လိုချောက်တွန်းရမလဲ ဒါပဲ စဉ်းစားကြတာများပါတယ်။
သူ့ထက်သာအောင် ငါဘယ်လို ပိုကြိုးစားရမယ်ဆိုတဲ့ အတွေးမျိုးကို မစဉ်းစားကြတာ များပါတယ်။ ဒါကြောင့် မူလအစအခြေခံစိတ်ဓါတ်တွေကလည်း တစ်ဖြည်းဖြည်း ယုတ်လျော့ညံ့ဖျင်း လာပါတော့တယ်။ ဒီလိုအရင်းခံစိတ်ဓါတ်တွေ ညံ့ဖျင်းလာလေလေပျက်စီးခြင်း သဘောတွေဆီ ဦးတည်လေလေ ပါပဲ။
အဲတော့ ကျွန်တော်တို့တတွေဟာ ကိုယ်စီကိုယ်စီ အခြေခံစိတ်ကောင်းလေးတွေ ထားပြီး ပေါင်းသင်းဆက်ဆံကြမယ်ဆိုရင်သာယာလှပတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်ခမျ။ ကျွန်တော့် ယူဆချက်အမှားပါခဲ့ရင်လဲ ခွင့်လွတ်ပေးပါလို့ တောင်းဆိုပါရစေ..
မေတ္တာမှန် အသွားအပြန် ရှိစမြဲ
Vol Naing