အသုံးပြုသူ:U Tharthana
ဟေတုပစ္စယော-ရေသောက်မြစ်လျှင်, ယင်းသစ်ပင်ကို စိမ်းရွှင်ညွန့်ဝေ, စည်ပင်စေထ, ဆောက်ပံ့မသို့, သဟဇာတံ, ရုပ်နှင့်နာမ်ကို သန္ဓေပဝတ်, မလွတ်စေရ သဘာဂတာ, ဆယ့်နှစ်ဖြာတွင် ကောင်းစွာ ခိုင်ကြည်, တည်သည်၏အဖြစ်ကို, သိစေတတ်သော, ဟေတုသတ္တိထူးဖြင့်, ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်း တရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ,ထင်ရှားရှိပါပေသည်တကား။
ရေသောက်မြစ်ပမာ ဟိတ် ၆ ဖြာ။ ။ ဒီဟေတုပစ္စည်းကို ရှေးဆရာတော်များက (ဆိုပါတော့ အဋ္ဌကထာဆရာတော်များက) ဘာနဲ့ ဥပမာ ပြောသလဲဆိုတော့ ရေသောက်မြစ်နဲ့တူတယ်လို့ ပြောကြတယ်၊ ရေသောက်မြစ်ဟာ ရေသောက်မြစ် ကောင်းသလောက်သစ်ပင်ခိုင်မာတယ်၊ ရေသောက်မြစ်အတွင်း နက်နက်စိုက်သလောက်သစ်ပင်ခိုင်မာတယ်၊ ရေသောက်မြစ်က အောက်က ဓာတ်မြေတွေ ရေတွေကို စုပ်ယူနိုင်သလောက် သစ်ပင်ဟာ သန့်ရှင်း သန်မာကြီးထွားစိမ်းစိုပြီးတော့ လာပါတယ်၊ဟေတုပစ္စည်းလို့ဆိုတဲ့ တရားက ဘယ်လိုတုန်းလို့ဆိုတော့ လောဘ, ဒေါသ,မောဟ အကုသိုလ်ဖက်က အမြစ်သုံးမျိုး၊ အလောဘ, အဒေါသ, အမောဟကုသိုလ်ဖက်, ကိရိယာဖက်, ဝိပါက်ဖက်က သုံးမျိုး၊ လိုရင်းတော့ မကောင်းအမြစ်သုံးသွယ် ရှိတယ်၊ အဲဒီ မကောင်းအမြစ်သုံးသွယ်ဆိုတဲ့လောဘ,ဒေါသ,မောဟ အမြစ်တွေက သူနဲ့ဆိုင်လို့ အတူဖြစ်ဖက် တရားတွေကို သူကပဲကျေးဇူးပြုထားလို့ လောဘကြီးသလောက် လောဘနှင့် အတူဖြစ်တဲ့ စိတ်စေတသိက်တွေ လောဘ အလိုအတိုင်း လိုချင် လိုချင် လိုချင်” ဒီလိုဖြစ်ရတယ်၊ လောဘကြီးသလောက် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ“လိုချင်လိုချင်လိုချင်”တဲ့ ရုပ်တွေ ဖြစ်ပေါ်လာတယ်။ပဌာန်းတရား နာရတာဟာ အင်မတန်ကောင်းတယ်၊ ကိုယ်ရေး ကိုယ်တာကိုလဲ စဉ်းစားလို့ရှိရင် လောဘအမြစ် တွယ်လိုက်ပြီဆိုမှဖြင့် သူနှင့် အတူဖြစ်တဲ့စိတ်စေတသိက်တွေဟာ လောဘနောက် လိုက်ပြီးတော့ လောဘအလိုအတိုင်းစည်ပင်ကြရတယ်၊ တစ်ခါ အဲဒီ စိတ် စေတသိက်ကြောင့် ဖြစ်တဲ့ ရုပ်တွေ(စိတ္တဇရုပ်တွေ)ကလဲ လောဘအတိုင်း လိုက်ပြီးတော့ တကတဲ ဖြစ်ရတာပဲ။အင်မတန် ဘုန်းကြီးတို့ လူတွေ, ရဟန်းတော်တွေ စဉ်းစားဖို့ တယ်ကောင်းတယ်၊ဘာလုပ်နေတယ်ဆိုတာ ဘုန်းကြီးတို့ အတိအကျ ပြောနိုင်တယ်၊ ဘာစိတ်ဖြစ်နေတယ်, ဘာစိတ် ဦးစီးနေတယ်ဆိုတာ အတိအကျ ပြောနိုင်တယ်။
အာရမ္မဏပစ္စယော-တောင်ဝှေးကြိုးတန်း, သူမစွမ်းကို မပန်းရလေ, ထိုင်ထ စေဖို့, စိတ်စေလေးတန်, နာမက္ခန်ကို, ဖြစ်ဟန်တူစွာ,ရှစ်သဘာတွင်, ဆွဲ ထောက်ရာအာရုံ ၏ အဖြစ်တည်းဟူသော အာရမ္မဏသတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရုံ၆ပါးပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပါသည်တကား။
တောင်ဝှေး ကြိုးတန်းပမာ အာရုံ ၆-ဖြာ ဆိုကြစို့ရဲ့ ၊ လူကမစွမ်းမသန် ဖြစ်နေတယ်၊ အသက်အရွယ် ကြီးရင့်လိုမင်းလို့ မစွမ်းမသန်ရင်လဲ ဖြစ်နေတယ်။ ရောဂါဘယကြောင့်မစွမ်းမသန်ရင်လဲ ဖြစ်နေတယ်။ အဲဒီလူဟာ တောင်ဝှေးကလေး ကိုင်လို့၊ကြိုးတန်းကလေး ကိုင်လို့၊ အဲသလိုမှ သူထနိုင်တယ်။ ထိုင်နိုင်တယ်။ သွားနိုင်တယ်။မသန်မစွမ်းတဲ့သူဟာ တောင်ဝှေး ကြိုးတန်းကို အားပြုနေရသလို (ဒီရှေးဆရာမြတ်တွေကလဲလေ သေချာလိုက်တာ) တောင်ဝှေးဆိုတာက တစ်ခုပဲ၊ကြိုးကျတော့ ကြိုးမျှင်တွေ အများကြီး စုပေါင်းထားတယ်၊ တောင်ဝှေးကဘာနဲ့ တူတုန်းဆိုတော့ကို နာမ်တရားအာရုံတွေနဲ့တူတယ်။ စိတ်တို့ စေတသိက်တို့ သူတို့က တစ်ခုချင်း တစ်ခုချင်း ဖြစ်ကြတယ်။ ကြိုးက ဘာနဲ့တူတုန်းဆိုတော့ရုပ်တရားတွေ၊ ရုပ်တရားတွေဆိုတာ စုပြီးတော့ ဖြစ်နေကြတယ်။အဲဒီတော့ စိတ်ရဲ့ အာရုံတွေ, စေတသိက် အာရုံတွေက တောင်ဝှေးနဲ့တူတယ်၊ ရုပ်အာရုံတွေက ကြိုးတန်းနဲ့တူတယ်၊ ကြိုးမျှင်ပေါင်းစပ်တဲ့ ကြိုးတန်းနဲ့တူတယ်၊ အဲဒီခုနက မစွမ်းမသန်ဖြစ်နေတဲ့ အဘိုးကြီး သို့မဟုတ် လူမမာဟာတောင်ဝှေးရင်လဲ ပါရပါမယ်၊ ကြိုးတန်းရင်လဲ ကိုင်ရပါမယ်။ တောင်ဝှေးကြိုးတန်း မပါဘဲနဲ့ မထနိုင်မထိုင်နိုင်,မသွားနိုင်သလို၊ စိတ်, စေတသိက်ဆိုတဲ့တရားတွေဟာလိပ် အာရုံမပါဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး၊ ဘယ်အခါမှမဖြစ်နိုင်ပါဘူး။
အဓိပတိပစ္စယော-စကြာဘုန်းငူ, များဗိုလ်လူတို့ ပြိုင်သူမရှိအုပ်စိုးဘိသို့, မိမိဆိုင်ရာ, နာမ်ခန္ဓာဝယ်, ကောင်းစွာစိုးဘိ, သတ္တိရှိသော,အဓိပတိလေးပါး, သဟဇာတ, ပစ္စည်းတရားနှင့် ခြောက်ပါးအာရုံ, အဖုံဖုံသော, အာရမ္မဏာဓိပတိ, ပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်သတ္တဝါ, သူငါမနှော, တရားသဘောသာ, ထင်ရှားရှိပေသည်တကား။
အဓိပတိပစ္စည်းကို ဘုန်းကြီးတို့ဆရာတော်များက ဘုန်းကြီးတို့ရှေ့က သွားနေတဲ့အဋ္ဌကထာဆရာတော်များက ဘယ်လိုများ ဥပမာ ပြကြတုန်းဆိုတော့ စကြာမင်းဟာ အားလုံး မင်းရော,လူရော အပြိုင်မရှိအုပ်စိုးတဲ့ စကြာမင်း၊ သူတစ်ပါးတည်း ကမ္ဘာမှာ သူတစ်ယောက်တည်းအုပ်စိုးနေရမယ့် စကြာမင်း၊ အဲဒီလိုပဲ စိတ်ရော,စေတသိက်ရော အတူတူဖြစ်တဲ့အချိန်မှာ “အဓိပတိ တပ်ပြီတဲ့ ဟေ့, အဓိပတိ တပ်ပြီတဲ့ ဟေ့”ဆိုလျှင်စိတ်တွေ, စေတသိက်တွေ တစ်ပြိုင်နက်ဆိုပါတော့၊ သုံးဆယ်နဲ့ခြောက်ပါးလောက်ဖြစ်နိုင်တယ်။အဲဒီ သုံးဆယ်ခြောက်ပါးလောက်ထဲမှာ အဓိပတိပါပြီဆိုရင် ကျန်တဲ့ဟာတွေကို စကြာမင်းရဲ့ လက်အောက်ခံဖြစ်သလိုပဲ အားလုံး စိတ်,စေတသိက်တွေဟာ အဓိပတိရဲ့ အလိုကျ ဖြစ်ရပါတယ်၊ အဲဒီ အဓိပတိဟာ နှစ်မျိုးရှိတယ်၊ အတူဖြစ်ဖက်ဆိုတဲ့ သဟဇာတအဓိပတိတစ်မျိုး အာရုံဆိုတဲ့ အာရမ္မဏာဓိပတိတစ်မျိုး၊ အဲဒီနှစ်မျိုးကို ရှေးဆရာတော်များက ပါဠိတော်ကြီးများကြည့်ပြီးတော့ စကြာမင်းကြီးများ အုပ်စိုးသလိုမိမိနှင့် အတူဖြစ်ဖက် စိတ်,စေတသိက်,ရုပ်တရားတွေကို အုပ်စိုးနိုင်တယ်လို့ ဆိုပါတယ်။
အနန္တရပစ္စယော-ပျော်စံနတ်ရွာ, စကြာမင်းဖျား သားကြီးအားသို့ အခြားမဲ့နေ, စိတ်နှင့်စေကို, မသွေတူစွာ, ဖြစ်စိမ့်ငှာဖြင့် လျော်စွာသတ္တိ အစွမ်းရှိသား, ရှေးရှေးသော နာမ်ခန္ဓာလေးပါး အနန္တရပစ္စည်းတရား သည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူ ငါမနှော, တရားသဘောသာ,ထင်ရှားရှိပေသည်တကား။
သမနန္တရပစ္စယော-စည်းစိမ် မမက်, တောကြီးထွက်သည့် စက်ကဝတ်မင်းဖျား သားကြီးအားသို့, အခြားမဲ့နေ, စိတ်နှင့်စေကို, မသွေသိပ်သဲ,တစ်စိတ်တဲသို့, အကွဲအပြား, အကြားမရှိ မိမိနှင့်တူစွာ, ကျေးဇူးပြုနိုင်သော သတ္တိရှိသော သမနန္တရပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ် သတ္တဝါ, သူ ငါမနှော, တရားသဘောသာ,ထင်ရှားရှိပေသည်တကား။
အနန်တရ-သမနန္တရ အဓိပ္ပာယ်က ဒီလိုလေ၊ စိတ်ဟာ ပုံသဏ္ဌာန် မရှိဘူး၊ စိတ်ဟာဘယ်လိုရယ်လို့ ပုံသဏ္ဌာန် မရှိဘူး၊ ပုံသဏ္ဌာန် မရှိလို့ ကိုယ့်ဟာကိုယ် စိတ်ကိုအာရုံ ပြုကြည့်လိုက်ရင် ဘာစိတ် ဖြစ်နေတယ်၊ နည်းနည်း စဉ်းစားတတ်လို့ရှိရင်အကုသိုလ်စိတ် ဖြစ်နေတယ်၊ စိတ် မဖြစ်ဘဲ မနေဘူး၊ အချိန်ရှိသရွေ့ စိတ်ဟာဖြစ်နေတယ်၊ အကုသိုလ်စိတ် ဖြစ်နေတယ်၊ အဲ အကုသိုလ်စိတ် ဖြစ်နေတယ်။ပြီးတော့ သူ့ဟာသူ သိတယ်၊ အဲဒီ စိတ်တွေဟာ ပုံသဏ္ဌာန် အလုံးလား,အဝိုင်းလား မဟုတ်ဘူး၊ ပုံသဏ္ဌာန် မရှိဘူး၊ ဒါဖြင့် စိတ်နှစ်ခု တွဲပြီးတော့တစ်ပြိုင်နက် ဖြစ်သလား, မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခုမှ တစ်ခုပြီးမှ တစ်ခု၊ပုံသဏ္ဌာန်လဲ မရှိဘူး၊ ပူးတွဲပြီးတော့လဲ မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခုဖြစ်တယ်။ဘယ့်နှယ်သဘောကြောင့် ဒီလိုဖြစ်နေသတုန်း, ဒါ စိတ္တနိယာမပဲ၊ အနန္တရသတ္တိနဲ့ကျေးဇူးပြုသွားတယ်၊ ဘာနဲ့တူသတုန်းလို့ဆိုတော့ စကြာမင်းပေါ့လေ၊ စကြာမင်းနတ်ရွာစံရင် သားကြီး ဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဘယ်သူကမှ ဘာမှ ပြောမနေနဲ့၊စကြာမင်း နတ်ရွာစံသွားတယ်၊ သားကြီးဘုရင် ဖြစ်ဖို့သေချာတယ်၊ ဒါအနန္တရသတ္တိက ကျေးဇူးပြုနေသလိုပဲ၊ တစ်ခါ စကြာမင်း တောထွက်သွားတယ်၊သားကြီး ဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဒါ ပြောနေဖို့ မလိုဘူး။ဘယ်သူကမှ မြှောက်ပင့်ပြောနေဖို့ မလိုဘူး၊ အဲသလို ဒီစိတ်ပြီးရင် ဒီစိတ်ဖြစ်ရမယ်ဆိုတာ သေချာတယ်၊ စိတ္တနိယာမနဲ့ ကျေးဇူးပြုပြီးတော့ ဒီစိတ်ပြီးတော့ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ် ဖြစ်နေတယ်။အဲဒီဖြစ်တဲ့ စိတ်နှစ်စိတ်ဟာ ပုံသဏ္ဌာန်က မရှိတော့ ကြားထဲမှာ ဘာမှမခြားဘူး၊ ဘာမှ မခြားပဲနဲ့ ဆက်ဖြစ်တယ်။ဆက်တာမှ ဘယ်လောက် ဆက်တာတုန်းဆိုတော့ နှစ်စိတ်မှ ဟုတ်ရဲ့လား၊တစ်စိတ်တည်းများ ဖြစ်နေသလား၊ အဲသလောက် ဆက်တယ်, သမနန္တရ၊အလွန်ကို အကြားမရှိအောင် ကျေးဇူးပြုပါတယ်။
သဟဇာတပစ္စယော-အလင်းဖြစ်မှု, ဆီမီးပြုသည့် တန်တုပမာ,သဟဇာတ, နာမနှင့်ရုပ်, ဘူတုပ္ပါဒါ, သန္ဓေခါလည်း, ဝိပါဝတ္ထု ယင်းခြောက်ခုအား, တူငြားအဋ္ဌ, သဘာဂတွင်, တကွမကွေဖြစ်စေခြင်းဟူသော သဟဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်မဟာဘု, ဝတ္တု, ဝိပါက သဟဇာတခြောက်ပါးပစ္စည်းတရားသည်၊ အတ္ထိ-ပုဂ္ဂိုလ်, သတ္တဝါ, သူငါမနှော, တရား သဘောသာ ထင်ရှားရှိပါသည်တကား။
ဒီီီသဟဇာတပစ်စည်းကိုအဋ္ဌကထာဆရာများနဲ့ရှေးဆရာတော်များကဘယ်လိုဥပမာ ပြထားသလဲဆိုတော့ ဆီမီးနဲ့ဥပမာပြထားပါတယ်တဲ့၊ ယခုခေတ် ဓာတ်မီးပြောပါတော့၊ ဓာတ်မီးနှင့်အလင်းကို မီးထွန်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးရောင် ပေါ်လာတယ်။မီးနှင့်မီးရောင် ဘယ်ဟာက အရင်တုန်း, ဘယ်ဟာက အရင်ကျသတုန်း၊ မီးထွန်းလိုက်သည်နှင့်တစ်ပြိုင်နက် မီးရောင်ပေါ်လာတယ်၊ ဘယ်ဟာက အရင်တုန်း၊တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုလိုက်တာ၊ မီးရောင်ကြောင့် အလင်းကို မြင်, မီးကိုမြင်ရတယ်၊ မီးရောင်ကြောင့် မီးကို မြင်ရတယ်ဆိုပါတော့၊ မီးထွန်း ထားတဲ့မီးတောက်ကို မြင်ရတယ်၊ မီးကြောင့်, မီးတောက်ကြောင့် မီးရောင် မြင်ရတယ်။အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ အပြန်အလှန် ကျေးဇူးပြု နေတယ်၊ အဲဒီလိုဘဲနာမ်ခန္ဓာ လေးပါးဟာလေ တစ်ပါးတစ်ပါး ကျေးဇူးပြုနေလိုက်တာ၊ “ခန္ဓာသုံးပါးကို ခန္ဓာတစ်ပါးက ကျေးဇူးပြု. ခန္ဓာတစ်ပါးကို ခန္ဓာသုံးပါးက ပြန်ပြီးတော့ ကျေးဇူးပြု. ခန္ဓာနှစ်ပါးကို ခန္ဓာနှစ်ပါးက ကျေးဇူးပြု” ဒီလိုပေါ့လေ၊ကျေးဇူးပြုနေလိုက်တာ တစ်ပြိုင်တည်းတစ်ပြိုင်တည်း ဖြစ်တုန်းကအတူတူဖြစ်ပြီးတော့ကျေးဇူးပြုနေတာဖြစ်သည်။
အညမညပစ္စယော-သစ်သားသုံးခွ၊ ချင်းချင်းမသို့, ဥပကာရာ,ထောက်ပံ့လာသော, နာမ်မဟာဘု, ဝတ္ထုနာမ်အား, တူရှစ်ပါးတွင်ထောက်ထားလှန်ပင်း, အချင်းချင်းဟူသော, အညမညသတ္တိထူးဖြင့်ကျေးဇူးပြုခြင်း လက္ခဏာရှိသောနာမ်, မဟာဘု, ဝတ္တုပါက,အညမညသုံးပါး, ပစ္စည်းတရားသည်၊ အတ္ထိ- ပုဂ္ဂိုလ် သတ္တဝါ သူငါမနှောတရားသဘောသာ, ထင်ရှားရှိပါသည်တကား။
သုံးချောင်းထောက်ဥပမာ=သုံးချောင်းထောက်ခွေးခြေဟာဟိုတစ်ချောင်းကနှစ်ချောင်းကိုကျေးဇူးပြု၊နှစ်ချောင်းကတစ်ချောင်းကိုကျေးဇူးပြု၊ခွဲလို့မရဘူး၊ခွဲလို့မရဘူး။သူတို့သုံးချောင်းကတစ်ချောင်းလဲသွားရင်ကျန်နှစ်ချောင်းစလုံးဘဲလဲတယ်၊ဒါအပြန်အလှန်အင်မတန် အကျိုးကျေးဇူးပြုနေတာ၊နည်းနည်းမှတစ်ခုပျက်လို့မရဘူး။အဲဒီလိုပဲနာမ်ခန္ဓာလေးပါးအတူဖြစ်ကြတယ်၊ တစ်ပါးကသုံးပါးကိုသုံးပါးကတစ်ပါးကိုအပြန်အလှန် ကျေးဇူးပြုတာ၊တစ်ပါးမှပြောင်းလို့လွှဲလို့မရဘူး၊ ပဋိသန္ဓေအခါမှာနာမ်နဲ့ရုပ်နဲ့ ခုနကပြောတဲ့ဟာနာမ်က ရုပ်ကိုကျေးဇူးမပြုရင်ရုပ်ကနာမ်ကိုကျေးဇူးမပြုဘူး၊ အချင်းချင်းအပြန်အလှန်ကျေးဇူးမပြုဘဲနဲ့တစ်ပါးတည်းနဲ့ မရဘူး။ဒါကြောင့်သစ်သားသုံးခွဟာတစ်ခုနဲ့တစ်ခုထောက်မပြီးတော့မလဲအောင်,ပြိုမကျအောင် ကျေးဇူးပြုနေသလိုပဲ၊နာမ်ခန္ဓာတရားတွေ,ပဋိသန္ဓေကမ္မဇရုပ်နဲ့၊နာမ်ခန္ဓာတရားတွေမဟာဘုတ်လေးပါးတွေ အချင်းချင်းထောက်ပြီးတော့ကျေးဇူးပြုနေတာပဲတဲ့၊ ဗုဒ္ဓမြတ်စွာကဟောတော်မူတဲ့အတိုင်းလေရှေးအဋ္ဌကထာ ဆရာတော်တို့ကစပြီးတော့ပုဂ္ဂိုလ်ကြီးတွေကဥပမာ ပြောထားတယ်နော်။