အသုံးပြုသူ:ThamanaThukha

ဝီကီပီးဒီးယား မှ

“ဦးသာသန၏အထုပ္ပတ္တိအကျဉ်း" ဦးသာသနကို ခမည်းတော် ဦးမြစံ + မယ်တော်ဒေါ်မင်းကလေးတို့မှ၁၃၄၅-ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်သောကြာနေ့တွင်မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ကန်ဆင့်ကျေးရွာတွင်မီးရှူးသန့်စင်ဖွားမြင်တော်မူသည်။

၁၃၅၅- ခုနှစ်တွင် အဖိုး ဦးမြကြီး+ အဖွား(ဒေါ်အုန်းမေ) တို့၏ပစ္စယာနုဂ္ဂဟဖြင့် ကန်ဆင့် ကျေးရွာ၊ဓမ္မသီတဂူကျောင်း၊ ကျေးဇူးတော်ရှင်သက်တော်ရှည် ဆရာတော်ဘုရားကြီးဘဒ္ဒန္တဩဘာသမဟာထေရ်မြတ်ကိုဥပဇ္ဈာယ်ပြု၍ပထမအကြိမ်ရှင်သာမဏေပြုသည်။

ဘွဲ့တော်မှာ ရှင်သာသနဖြစ်သည်။

၁၃၅၈- ခုနှစ်တွင် အဖိုး.(ဦးအောင်မေ) +

အဖွားဒေါ်လှသိန်း၊ခမည်းတော်.ဦးမြစံ+မယ်တော်,

ဒေါ်မင်းကလေး တို့၏ ပစ္စယာနုဂ္ဂဟဖြင့်မြင်းခြံမြို့၊

ကိုးဆောင်ကျောင်းတိုက်၊ဇေယျသုခဘ/ကကျောင်းကျေးဇူးတော်အရှင် သက်တော်ရှည် ဆရာတော်

ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်မြတ် ကို ဥပဇ္ဈာယ်ပြု၍ ဒုတိယအကြိမ် ရှင်သာမဏေအဖြစ်သို့ရောက်ရှိသည်။

၁၃၆၆-ခုနှစ်တွင် မန္တလေးမြို့နေ ဦးစိန်အောင် +

ဒေါ်တင်တင်ရီမိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့်

မြေဖြူကုန်းကျေးရွာ၊ ကျေးဇူးတော်ရှင်သက်တော်ရှည် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တနန္ဒမဟာထေရ် မြတ်ကိုဥပဇ္ဈာယ်ပြု၍ရဟန်းအဖြစ်သို့ရောက်ရှိသည်။

၁၃၅၈- ၁၃၇၈ သာသနာ့ဝန်ထမ်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အနေဖြင့် မိမိကိုယ်တိုင်ဖြေပေးထားသော ဓမ္မအမေးအဖြေများကိုဓမ္မဒါနပြုမျှဝေသည်။

“ဝေနေယျသတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ”

ဦးသာသန

ဇေယျသုခကျောင်းကိုးဆောာင်ကျောင်းတိုက်

အမှတ်(၁၀)ရပ်ကွက်၊ မြင်းခြံမြို့၊

မန္တလေးတိုင်းဒေသကြီး၊

2016-11:05 PM

“နိဒါန်း”

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဓမ္မအသိများတိုးပွားကြစေရန် မေတ္တာစေတနာထား၍ ဓမ္မအသိနှင့် သက်ဆိုင်သောအကြောင်းအရာတို့ကို Groupတစ်ခု ပြုလုပ်၍

ဓမ္မအသိများမျှဝေပေးရလျှင် မိမိကိုယ်တိုင် Facebook အသုံးပြုရတာလည်းအကျိုးရှိFacebook အသုံးပြုကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့လည်း

ဓမ္မအသိများတိုးပွား၍ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အဓွန့်ရှည်ကြာစွာထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။ ဓမ္မအသိများ တိုးပွားပါစေ ဟူသော စိတ်ဆန္ဒဖြင့်

ဓမ္မအကြောင်းသိချင်တာမေး ဖြေပေးမည်ဟူသော အမည်ဖြင့် Groupတစ်ခုပြုလုပ်ခဲ့ပါသည်။ ထို Group ထဲ၌ မေးထားသော အမေးများကိုအဖြေများနှင့်တကွ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ဓမ္မအသိများရရှိစေရန်ဟူသောစိတ်ဆန္ဒဖြင့် ကွန်ပျူတာ စာစီ၍ ဓမ္မအကြောင်း သိချင်တာမေးပေးမည်Facebook Group ၌ဖြေပေးထားသောအမေးနှင့်အဖြေများကိုဓမ္မဒါနပြုပါသည်။

အမေးများကို ဖြေပေးထားသောအဖြေများသည် မိမိတစ်ဦးတည်း၏ပိဋကအမြင်ဖြင့်သာဖြေပေးထားသောအဖြေများဖြစ်သည့်အတွက် အမှားများပါဝင်မှုရှိက မိမိ၏ပိဋကအမြင်အားနည်းမှုကြောင့်ဖြစ်သော ဖြေပေးသူ၏ လိုအပ်ချက်များသာဖြစ်ပါသည်။

လိုအပ်ချက်မှားယွင်းချက်များတွေ့ရှိက ပေးပို့သော အကြံဉာဏ်များကို နာခံမှတ်သားပြင်ဆင်သွားမည်ဖြစ်ပါသည်။ မူရင်းအမေး နှင့် အဖြေများကို ဓမ္မအကြောင်း

သိချင်တာမေးဖြေပေးမည် Facebook Group တွင် ဝင်ရောက်ကြည့်ရှု၍ဓမ္မပုစ္ဆာများကို အဖြေရှာကြပါစို့။

ဒို့ဘိုးဒို့ဘွား ဒို့မျိုးများက

ဒို့သွေးဒို့သား ဒို့မျိုးများတွက်

ကိုးကွယ်ဖို့ရာ သာသနာကို

ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၍

ဒို့လက်ရာက်လာ ဒို့ဘာသာကို

ညီညာဖြဖြ စောင့်ရှောက်ကြမှ

အမျိုးဘာသာ သာသနာသည်

ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း။

ဝေနေယျ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဦးသာသန

ဇေယျသုခကျောင်း၊ကိုးဆောင်ကျောင်းတိုက်

အမှတ်(၁၀)ရပ်ကွက်၊မြင်းခြံမြို့၊

မန္တလေးတိုင်းဒေသကြီး။

၁၃၇၈-ခု၊ ကဆုန်လပြည့်ကျော်(၇)ရက်။

စနေနေ့။

နမော တဿ ဘဂ၀တော အရဟတော

သမ္မာသမ္ဗုဒ္ဓဿ။

Yadanarzaw Minn

ဦးတင်ပါ၏ ဦးဇင်းဘုရား၊ ဦးဇင်းမှ သိလိုတာမေး ဖြေပေးမည်လို့လမ်းဖွင့်ပေးထားလို့ ဝမ်းမြောက်ပါ၏ဘုရား။

တပည့်တော်သိလိုသည့်အချက်တစ်ခုမှာ ယခုမြတ်စွာဘုရား သာသနာနောက်ပိုင်းမှာ သစ္စာသိမြင်ပြီး၍သောတာပန်တည်သွားကြသော ပုဂ္ဂိုလ်များ ခုနှစ်ဘဝကျန်ရှိနေပါသေးသည်ဘုရား။ ထိုခုနှစ်ဘဝသည် နောက်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရားသာသနာနှင့် သွားဆက်ပါသေးသလားဘုရား သို့မဟုတ် ကျန်နေသောခုနှစ်ဘ၀သည် ဂေါတမမြတ်စွာဘုရားသာသနာအတွင်းမှာပဲ ကျွတ်တမ်းဝင်ကြရပါသလား ဆိုတာ တပည့်တော်သိချင်ပါသည်။ အရှင်ဘုရား၏ အဖြေအားတပည့်တော်ကို ချီးမြှင့်ပေးတော်မူပါ။

။ ။ဦးသာသန

သောတာပန်အမျိုးအစားတွေကို ဦးစွာသိဖို့လိုပါတယ်။ သောတာပန်သုံးမျိုးရှိတယ်။

၁။ဧကဗီဇသောတာပန် -ယခုဘဝသောတာပန်ဖြစ်ပြီး၍နောက်ဘဝလူသို့မဟုတ် နတ်ဘဝဖြစ်ပြီးရဟန္တာဖြစ်ပရိနိဗ္ဗာန်ပြုသည်။

၂။ကောလံကောလသောတာပန် - အမျိုးကောင်းတစ်မျိုးမှအမျိုးကောင်းတစ်မျိုးသို့ပြောင်း၍ ပဋိသန္ဓေ နေသူ လူ သို့မဟုတ် နတ်၌နှစ်ဘဝမှ ခြောက်ဘဝအထိ ဖြစ်နိုင်၊ ခြောက်ဘဝပြည့်က ရဟန္တာဖြစ်ပရိနိဗ္ဗာန်ပြုသည်။

၃။သတ္တခတ္တုပရမသာတာပန်-ကာမသုဂတိဘုံခေါ်လူသို့မဟုတ်နတ်၌ ခုနှစ်ဘဝဖြစ်ပြီးရဟန္တာဖြစ် ပရိနိဗ္ဗာန်ပြုသည်။

ကာမသုဂတိဘုံလို့ ခေါ်တဲ့ လူ့ပြည်နဲ့ နတ်ပြည်ဟာ၊ ဗြဟ္မာများအသက်တမ်းနဲ့နှိုင်းယှဉ်လျှင် အသက်တမ်းများစွာလျော့နည်း၍ ဗြဟ္မာများအသက်တမ်းကလွန်စွာရှည်ကြာနေသည့်အတွက်သောတာပန်အဖြစ်နဲ့လူ့ပြည်နဲ့နတ်ပြည်ပြန်ဖြစ်ပါကခုနှစ်ဘဝဆိုသောကာမဘုံသက်တမ်းသည် လွန်စွာ နည်းပါးနေသောကြောင့်လည်းကောင်း၊သောတာပန်ဖြစ်ပြီးသူများသည်အထက်မဂ်သုံးပါးကိုရယူလိုကလွယ်ကူစွာပင်ရယူနိုင်သောကြောင့်လည်းကောင်း၊ကာမသုဂတိဘုံသားသောတာပန်ပုဂ်ဂိုလ်သည်နောက်ပွင့်တော်မူမည့်အရိမေတ်တေယျမြတ်စွာဘုရားသာသနာတော်နှင့်သွားမဆက်တော့ပါ၊ဂေါတမမြတ်စွာဘုရားသာသနာမှာသာပရိနိဗ်ဗာန်စံဝင်တော်မူရမှာပါ။

သောတာပန်အဖြစ်နဲ့ဗြဟ်မပြည်ရောက်ရှိခဲ့လျင်တော့နောက်ပွင့်တော်မူမည့်အရိမေတ်တေယျမြတ်စွာဘုရားသာသနာတော်နှင့်သွားဆက်နိုင်ပါသေးကြောင်းကိုကဿပမြတ်စွာဘုရားသာသနာတော်နောက်ပိုင်းမှာအသက်ကိုစွန့်၍တောင်ထိပ်တက်တရားအားထုတ်ကြသောရဟန်းတော်ခုနှစ်ပါးတို့တွင်အကြီးဆုံးမထေရ်ကြီးရဟန်တာဖြစ်ပရိနိဗ်ဗာန်ပြု၊ဒုတိယမထေရ်အနာဂါမ်တည်ဗြဟ်မပြည်ရောက်၊ကျန်ငါးဦးပုထုဇဥ်အဖြစ်နဲ့နတ်ပြည်ရောက်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ

(၁)ကုမာရကဿပ

(၂)မလ်လမင်းသားဒဗ်ဗ

(၃)ပက်ကုသာတိမင်း

(၄)ဗာဟိယဒါရုစိရိယ

(၅)သုပ်ပိယပရိဗိုလ်တို့ ဖြစ်လာကြကာအရဟတ္တဖိုလ် ရရှိ၍ နိဗ္ဗာန်ရောက်ကြသည်။

ထိုငါးဦးထဲတွင်အယူမှားနေသော ဗာဟိယဒါရုစိရိယကို ကဿပ မြတ်စွာဘုရားသာသနာတော်နောက်ပိုင်း တရားအတူအားထုတ် အနာမ်တည်၍ဗြဟ်မပြည်ရောက်သွားသောပုရာဏလောဟိတဗြဟ္မာမင်းကြီးက ဗာဟိယဒါရုစရိယ၏ အယူမှားကို ပယ်စွန့်ပြီး မြတ်စွာဘုရားတရားတော်ကို နာယူရန် လမ်းမှန်ညွန်ပြပေးပါသည်။

ထိုဒေသနာတော်ကိုသာဓကပြဖြေပေးပါသည်။

Yadanarzaw Minn

ဦးပဉ္စင်းမှ ပြန်လည်ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါသည်ဘုရား။

ဘုရားတပည့်တော် စိတ်ထဲပေါ်လာတာလေးတွေရှိတဲ့အခါမေးပါမည်ဘုရား။ ဦးသုံးကြိမ်တင်ပါသည် ဘုရား။

18-05-2016 22:13pm

Yadanarzaw Minn

သောတာပန်ဖြစ်မဖြစ်သိနိုင်ဖို့တရားအားထုတ်နေရင်းနဲ့ဖြစ်ပျက်တွေမြင်၊ဖြစ်ပျက်မုန်းဖြစ်ပျက်အဆုံးမြင်တဲ့မဂ်ဉာဏ်ရောက်ရင်သောတာပန်တည်တယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးကဟောလေ့ရှိပါတယ်ဘုရား။

တပည့်တော်သိချင်တာကတပည့်တော်ကဝန်ထမ်းဖြစ်လို့တာဝန်ကတဖက်ဆိုပေမယ့်မနက်တစ်နာရီ၊ညတစ်နာရီ မိုးကုတ်ဆရာတော်ဘုရားကြီးတရားခွေဖွင့်ပြီးတရားနေ့စဉ်ထိုင်ဖြစ်တာ၂၀၁၂ခုနှစ်ကတည်းကပါဘုရား တရားနာရင်းနဲ့လည်းဖြစ်ပျက်အဆုံးမှာမဖြစ်မပျက်တဲ့အသင်္ခတဘက်ကိုတဒင်္ဂခဏလေးဖြစ်ဖြစ်ဉာဏ်ရောက်သွားတတ်ပါတယ်။

မိမိအလုပ်ထဲမှာလည်းသင်္ခတဒုက္ခတွေပဲလို့မြင်လိုက်မိရင်မိမိရှုနေကျဉာဏ်ကအသင်္ခတဘက်လှည့်ပြီးအာရုံရောက်သွားတတ်ပါတယ်။

ဒါလည်းတဒင်္ဂခဏပါဘုရား။အလုပ်လုပ်နေရင်းနဲ့တော့ ဖြစ်ပျက်မြင်တဲ့ယထာဘူတဉာဏ်ကတော့အရှုခံနဲ့အရှုဉာဏ်တည့်နေရင်မြင်ပါတယ်ဘုရား။

နိိန္ဒဉာဏ်နဲ့ ရှုနေရင်းနဲ့ ဉာဏ်အောက်မှာအဖြစ်နဲ့အပျက်ရှာမတွေ့အောင်ခန္ဓာပါပျောက်သွားတဲ့အမြင်မျိုးထိမရောက်သေးပါဘူးဘုရား။

တပည့်တော်အထက်ကလျှောက်ထားခဲ့တဲ့အသင်္ခတကိုတဒင်္ဂဉာဏ်အမြင်လေးရှိယုံနဲ့ မဂ်ဉာဏ်အစစ်မဟုတ်သေးဘူးလို့ ဆိုရမှာလားဘုရား။ဆက်အားထုတ်ရဦးမယ်ထင်ပါတယ်ဘုရား။ဆုံးမတည့်မတ်ပေးတော်မူပါဘုရား။

။ ။ ဦးသာသန

နေရာတိုင်းမှာအစစ်ရှိရင်အတုရှိစမြဲပါပဲ။မဂ်အတုဆိုတာ ရှိသေးတယ်။

နာမ်ရုပ်တို့၏ ဖြစ်ပျက်ကို ရှုဖန်များလျှင် ဥပါဒ်ခဏ ဘင်ခဏအားဖြင့်အဖြစ်အပျက်တွေအလိုလိုထင်လာတယ်။

ထိုအခါအကြောင်းတရားကို မစဉ်းစားတော့ပဲ ဥပါဒ်ခဏ ဘင်ခဏကိုသာ သတိထား၍ ခဏနုပဿနာနည်းဖြင့်ကြိုးစားပွားများ၍နေသောအခါအဖြစ်အပျက်တွေအလွန်ထင်ရှားသည့်အတွက်စိတ်အားထက်ကြွ၍ စိတ်အလွန်ကြည်လင်ရကားဥဒယဗ္ဗယဉာဏ်အဆုံးမသတ်လမ်းခုလတ်မှာပင်သြဘာသ- ပီတိ - ပဿဒ္ဓိ - အဓိမောက္ခ- ပဂ္ဂဟ-သုခ-ဉာဏ-ဥပဋ္ဌာန - ဥပေက္ခာ-နိကန္တိ ဆိုသော တရားများ မဂ်ဟုထင်မှား စေရန်ဖြစ်ပေါ်လာတယ်။

ထိုအပြစ်တို့ကို အပြစ်ဟုမမြင်သော နိကန္တိက အဓိကကျတယ် သူကမဂ်အတုဟု သတ်မှတ်ခြင်းကို ပယ် မဂ်အစစ်ပါဟုထင်မှတ်နေတယ်။

ထိုဩဘာသစသည်ဖြင့် တန်ဆာဆင်အပ်သောဝိပဿနာဉာဏ်ကိုနှစ်သက်နေမှုကို နိကန္တိခေါ်တယ်။ ထိုတဏှာသည် အလွန်သိမ်မွေ့ရကားတဏှာမှန်းပင်မသိရချေ။ ဝိပဿနာ၌ မွေ့လျော်မှုဟုသာ ယောဂီက ထင်မှတ်နေသည် ။

ဆက်လက်အားထုတ်ပါ။ ဆက်လက်အားမထုတ်ပဲသာယာမှုဖြစ်နေပါမူ ငါမှာရှေးဤကဲ့သို့ ပီတိပဿဒ္ဓိစသည်တို့ မဖြစ်ဘူး၊ ငါသည်မဂ်ရပြီဟု အထင်ကြီးက ဝိပဿနာလမ်းလွဲ၍ သာယာမှုတဏှာ ၊ အထင်ကြီးမှု မာန၊ စွဲလမ်းမှု ဒိဋ္ဌိကို အင်ဖြစ်လေကုန်၏။ ထိုတဏှာ၊မာနဒိဋ္ဌိတို့ကား ဝိပဿနာ၏ဘေးရန် အစစ်တည်း။

ဒါကြောင့်အသင်္ခတကိုတဒင်္ဂဉာဏ်အမြင်ဖြစ်ယုံမျှဖြင့် မဂ်ဉာဏ်အစစ်မဟုတ်သေးဘူးအစဉ်အတိုင်း ဆက်လက်၍ တိုးတက်အားထုတ်မှုသည်သာ မဂ်ဖိုလ်ရကြောင်းလမ်းကောင်းမွန်ဖြစ်၍ မဂ်အစစ်ကိုတွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း ဖြေပေးပါတယ်။

Yadanarzaw Minn

သာဓု သာဓု သာဓုပါဘုရား၊ အရှင်ဘုရားအဖြေပေးခဲ့သလို ဩဘာသ -ပီတိ - ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိတွေကာလအတော်ကြာသည်အထိ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကမှ မိုးကုတ်ဆရာတော်ဘုရားကြီး၏မဂ်တု(၁၀)ပါး နာကြားရလို့ ဆင်ခြင်မိတာရယ်။အခုဆရာတော်နဲ့ တွေ့လို့အဖြေရတာကြောင့် မဂ်တုဆိုတာ ရှင်းရှင်းလင်းလင်းသိရလို့ အထူးကျေးဇူးတင်ပါသည် ဘုရား။

တပည့်တော် အားထုတ်နေကြဝိပဿနာ ဘာဝနာကိုဆက်လက်လုပ်ပါမည့် အကြောင်း လျှောက်တင်ပါသည် ဘုရား။

27-6-2016- 06:51 AM

Yadanarzaw Minn

ဦးပဉ္စင်းဘုရားမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အင်္ဂါလေးပါးနှင့်ပြည့်စုံလျှင် ဒုတိယဘဝမှာ ကိစ္စပြီးပုံသောတနာသုတ် အရင်က အသံဖိုင်တွေဖြစ်ပြီး နှစ်တွေကြာလာတော့ အသံတွေမရှင်းလို့ ဦးပဉ္စင်းမှ ပြန်ရှင်းပြပေးပါဘုရား။

ဆရာတော်ဘုရားကြီးက အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်နာဂတသုတ်လို့ညွှန်းပါတယ်ဘုရား။

။ ။ဦးသာသန

အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်မှာ သောတနာဂတသုတ်လို့မရှိပါ။သောတာနုဂတသုတ်လို့သာ ရှိပါသည်။ ဒုတိယဘဝမှာ ကိစ္စပြီးဖို့ ယခုဘဝမှာအင်္ဂါလေးပါးနှင့် ပြည့်စုံဖို့လိုပါသည်။ ၄င်းအင်္ဂါလေးပါးမှာ

၁။ဓမျမဿဝန၂။ဓမ်မပရိစိတ

၃။ဓမျမံမနသာ နုပက်ေခိတ

၄။ဒိဋ္ဌိယာသု ပဋိဝိဒ်ဓတို့ဖြစ်သည်။

၄င်းအင်္ဂါလေးပါးနှင့် ပြည့်စုံကဒုတိယဘဝမှာ ကိစ္စပြီးမှာ ဖြစ်ပါတယ်။

ကိစ္စပြီးပုံကို ဒေသနာတော်မှာဟောကြားထားတာကတော့ လူ့ဘဝမှာ နေစဉ်တုန်းကနေ့စဉ် တရားတော်ကို

(၁)နာကြားသူများ၊

(၂)နုတ်ဖြင့်တရားတော်ကို ရွတ်ဖတ်ပူဇော်သူများ၊

(၃)စိတ်ဖြင့်တရားတော်ကို အဖန်ဖန်ဉာဏ်ပညာဖြင့်နှလုံးသွင်း ဆင်ခြင်သူများ

(၄)ထိုသူများသည်ဉာဏ်ပညာဖြင့် အကျိုးအကြောင်း ကောင်းစွာ သိမြင်သောကြောင့် လေးမျိုးကုန်သော အကျိုးအာနိသင် ဂုဏ်သတ္တိတို့ကို ရရှိနိုင်ပါသည်။

၁။လူပြည်မှ စုတေ၍ သေသောအခါ နတ်ပြည်၌ ဖြစ်ရပါသည်။ထိုအခါမိမိလူ့ဘဝရရှိစဉ်က နေ့စဉ်နာကြားရွတ်ဆိုမှတ်သားခဲ့သော ဓမ္မအသိ တို့ကိုပြန်သတိရ၍ဓမ္မအသိများအလိုလိုဖြစ်ပေါ်လာပါသည်။ထိုဓမ်မအသိတို့ကိုရရှိ၍ဒုတိယဘဝမှာအရိယာဖြစ်ကိစ်စပြီးသည်။

၂။လူ့ပြည်မှစုတေ၍သေသောအခါနတ်ပြည်၌ဖြစ်ရပါသည်။ထိုအခါမိမိလူ့ဘဝရရှိစဥ်ကနေ့စဥ်ကြားနာရွတ်ဆိုမှတ်သားဘူခဲ့သောဓမ်မအသိများကိုမမှတ်မိလူ့ပြည်မှအရှင်မောဂ္ဂလာန်ကဲ့သို့သောရဟန်းတာမထေရ်မြတ်ကြီးများနတ်ပြည်တရားလာဟော၍နာကြားခွင့်ရရှိမှ ဒီ​တရားတွေဟာလူ့ဘဝရရှိနေစဥ်ကငါသိခဲ့တဲ့တရားတွေပဲဟုဓမ်မအသိတို့ကိုရရှိ၍ဒုတိယဘဝမှာအရိယာဖြစ်ကိစ်စပြီးသည်။

၃။လူပြည်မှစုတေ၍သေသောအခါနတ်ပြည်၌ဖြစ်ရပါသည်။ထိုအခါမိမိလူ့ဘ၀ရရှိစဉ်ကနေ့စဉ်နာကြားရွတ်ဆိုမှတ်သားခဲ့သောဓမ်မအသိများကိုမမှတ်မိ။ နတ်ပြည်ကဓမ္မကထိကနတ်သားဟောကြားသောတရားကိုနာကြားခွင့်ရရှိမှဒီတရားတွေဟာလူဘဝရရှိနေစဥ်ကငါသိခဲ့တရားတွေဘဲဟုဓမ်မအသိတို့ကိုရရှိ၍ဒုတိယဘဝမှာအရိယာဖြစ်ကိစ်စပြီးသည်။

၄။လူပြည်မှစုတေ၍သေသောအခါနတ်၌ဖြစ်ရပါသည်။ထိုအခါမိမိလူ့ဘဝရရှိစဉ်ကနေ့စဉ်နာကြားရွတ်ဆိုမှတ်သားခဲ့သောဓမ်မအသိများကိုမမှတ်မိနတ်သားအချင်းချင်းလူ့ဘဝကပြုခဲ့သောကုသိုလ်ကံကြောင့်နတ်စည်းစိမ်ခံစားပုံသတိပေးစကားပြောကြားသံကိုနာကြားခွင့်ရှိမှဒီတရားတွေဟာလူ့ဘဝရှိနေစဉ်ကငါသိခဲ့တဲ့ဓမ်မအသိတွေဘဲဟုဓမ်မအသိတို့ကိုရရှိ၍ဒုတိယဘဝမှာအရိယာဖြစ်ကိစ်စပြီးသည်။

မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးသည် ၄င်းဒေသနာတော်ကိုအမှတ်အသားပြု၍ရဟန်းဘဝမှစုတေပျံလွန်တော်မူသောအခါနောက်ဘဝနတ်ပြည်၌ဖြစ်ကာထိုနတ်ပြည်၌ဓမ်မဓရနတ်သားအဖြစ်နဲ့သောတာပန်တည်၍နိဗ္ဗာန်ရရပါလို၏ဟုဆုတောင်းရှိခဲ့ဘူးအားကို တဆင့်စကားကြားဘူးပါတယ်။

၄င်းနည်းဖြင့်ပင်နောက်ဘဝနတ်ပြည်၌သို့မဟုတ်ဒုတိယဘဝအရိယာဖြစ်ပရိနိဗ္ဗာန်ပြုပါကြောင်းဖြေပေးပါသည်။

1-6-2016.22:01- AM

Chit Ko Chit Ko

တရားထိုင်လျှင်ဘယ်အရာကိုဦးတည်ပြီးလုပ်ရမလဲဘုရား။

။ ။ ဦးသာဘန

ဝင်လေထွက်လေကိုသမာဓိရရှိအောင်ဦးတည်ပြီးလုပ်ရမည်။

Chit Ko Chit Ko

ဦးတင်ပါသည်ဘုရား။ဝင်လေထွက်လေကိုဘယ်လိုမှတ်ရမလဲဘုရား။

။ ။ဦးသာသန

ဝင်လေထွက်လေတစ်၊၀င်လေထွက်လေနှစ်၊ဝင်လေထွက်လေသုံး၊ဝင်လေထွက်လေလေး၊ဝင်လေထွက်လေငါးထိရေတွက်ပါ။ငါးခါပြည့်ပြီးမှတစ်ကနေခြောက်ထိရေတွက်ပါ။ခြောက်ခါပြီးမှတစ်ကနေခုနှစ်ထိရေတွက်ပါ။ခုနှစ်ခါပြည့်ပြီးမှတစ်ကနေရှစ်ထိရေတွက်ပါ။ရှစ်ခါပြည့်ပြီးမှတစ်ကနေကိုးထိရေတွက်ပါ။ကိုးခါပြည့်ပြီးမှတစ်ကနေ့တစ်ဆယ်ထိရေတွက်ပါ။

၎င်းနည်းအတိုင်းအကြိမ်ရေတစ်ဆယ်အနည်းဆုံးရအောင်ရေတွက်၍ရှုမှတ်ရပါသည်။၎င်းနည်းအတိုင်းအကြိမ်ရေတစ်ဆယ်အနည်းဆုံးရအောင်ရေတွက်၍ရှုမှတ်ရပါသည်။အမှတ်သတိမေ့ခဲ့ပါကအစမှပြန်၍ရေတွက်ပါ။အောင်မြင်ပြီဆိုမှအဖြစ်

အပျက်သဘောကိုဉာဏ်ဖြင့်ဆင်ခြင်၍ဝိပဿနာသို့ကူးပြောင်းပါ။ထူးခြားမှုရှိလာမည်။

Chit Ko Chit Ko

ဦးတင်ပါသည်ဘုရား။နည်းနည်းတော့သဘောနားလည်လာပါတယ်ဘုရား။သမာဓိမရခင်ရောဂါဝင်တယ်ဘုရား၊ဘယ်လိုလုပ်ရမလဲဘုရား။

။ ။ဦးဘာဘန

ရောဂါဝင်လျှင်ဝိပဿနာနည်းကိုတစ်ခါတည်းစရှုပါ။သမာဓိကနေစပြီးမရှုပါနဲ့။ရောဂါဝင်ကရောဂါသဘောဖြစ်တဲ့နာတာကျင်တာတွေတွေ့လာမှာပါ။

၄င်းသဘောတွေကိုစိတ်နဲ့မှတ်ထားပါ။နာတဲ့ကျင်တဲ့ သဘောမမြဲခြင်းတွေမြင်လာပါမည်။၄င်းနည်းလမ်းအတိုင်းသက်သက်သာသာရှုမှတ်ပါ။ထူးခြားမှုရှိမည်။

Chit Ko Chit Ko

ဦးထိပ်တင်ပါတယ်ဘုရားကျေးဇူးအထူးတင်ရှိပါသည်ဘုရား။

1-6-2016-19:13.AM

Khaing Su Hlaing

Groupထဲဝင်ရတဲ့အတွက်ဓမ္မအကြောင်းသိချင်တာမေးခွင့်ရတာဝမ်းသာတယ်။ဆရာတော်ဘုရားတရားထိုင်နေရင်းတစ်ကိုယ်လုံးယိမ်းယိုင်လှုပ်ရှားနေရင်သူ့ရဲ့တရားအဆင့်ကဘာလဲ ဘုရား။ဆရာတော်တွေနဲ့လည်းစကားပြောရတယ်။

။ ။ဦးသာသန

သန္တိသုခဆိုတာတရားရဲ့အနှစ်သာရပဲ။တစ်ကိုယ်လုံးယိမ်းယိုင်နေသူမှာသုခတရားရှိဖို့အင်မတန်ခဲယဉ်းပါတယ်။ဒါကြောင့်မဟာသတိပဋ္ဌာနသုတ်တော်လာ

ဒေသနာတော်နှင့်အညီသတိထားရှုမှတ်နည်းများရအောင် တည်ငြိမ်သောသမာဓိဖြင့်တရားအားထုတ်အလုပ်လုပ်ပါ

13-5-2016-22:25 PM

Paingmin Phyo

တပည့်တော်နာရီဝက်တရားထိုင်ပါတယ်ဘုရားတရားရှုမှတ်ရသည်များကိုနည်းနည်းလောက်မိန့်တော်မူပေးပါဘုရား။

။ ။ဦးသာသန

တရားရှုမှတ်တဲ့အခါ

၁။သံဝေဂတရားကိုမူထားရှုမှတ်နည်း

(သမ္မသနဉာဏ်မှ အစပြုရှုမှတ်သည်)

၂။သမာဓိတရားကိုမူထားရှုမှတ်နည်း

(ကသိုဏ်းစသောကမ္မဋ္ဌာန်းများထဲမှမိမိနှစ်သက်သော ကမ္မဋ္ဌာန်းတစ်ခုခုကိုအစရှုမှတ်သည်)ဆိုပြီးတရားရှုမှတ်နည်းနှစ်မျိုးရှိတယ်။

ကိုယ်ကဘယ်နည်းမှာပိုအားကောင်းသလဲဆိုတာသိအောင်အရင်လုပ်ပါ။သိပြီးမှကိုယ်နှင့်သင့်တော်သောကမ္မဋ္ဌာန်းကိုရှုမှတ်ရတာစိတ်အေးချမ်းသာမှုရရှိပါသည်။ ကိုယ်နဲ့သင့်တော်သောနည်းကိုမသိပဲရှုမှတ်ခဲ့လျှင်အလုပ်နဲ့စိတ်မကိုက်ညီတဲ့အတွက်စိတ်အေးချမ်းမှုလုပ်သလောက်မခံစားရဘူး။နောက်ဆုံးလုပ်တိုင်းမဖြစ်ကအလကားပါဆိုပြီးထင်သွားနိုင်ပါတယ်။

25-5-2016- 09:00 PM

QSu Su Hlaing

အရှင်ဘုရားတရားအားထုတ်နေသူတို့ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်မဖြစ်သိနိုင်ပါသလားဘုရား။

။ ။ဦးသာသန

သောတာပန်ဖြစ်ပါကနိဗ္ဗာန်ကိုကိုယ်တိုင်သိမြင်ခွင့်ရရှိသွားပြီးသန္တိသုခကိုအာရုံပြုနိုင်သွားပါပြီ။ သောတာပတ္တိမဂ်မရခင်ဂေါတြဘုဆိုတာဖြစ်တယ်။မြန်မာလိုတော့ ပုထုဇဉ်အဖြစ်ကိုပယ်အရိယာအဖြစ်သို့ကူးခြင်းလို့

အဓိပ္ပါယ်ရပါတယ်။ဒါကြောင့်တရားအားထုတ်နေသူဟာကိုယ်ကိုတိုင်သောတာပန်ဖြစ်ပြီးမှသာလျှင်သောတာပန်အဖြစ်ကိုသိနိုင်ပါတယ်။သောတာပန်မဖြစ်သေးကမသိနိုင်ပါ။

Su Su Hlaing

မှတ်သားထားပါမယ်ဘုရား။တပည့်တော်မကလက်ရှိ တရားကိုကြိုးစားအားထုတ်နေသူပါဘုရား။လောကီကိုတော့မစွန့်ရသေးပါဘုရား။သာမန်လူတစ်ယောက်အနေဖြင့်အားထုတ်လျှင်သောတာပန်တည်နိုင်ပါသလားဘုရား။

။ ။ ဦးသာသန

မြတ်စွာဘုရားရှင်လက်ထက်တော်တုန်းကရာဇဂြိုဟ်ပြည့်ရှင်ဘုရင်ဗိမ္ဗိသာရ၊ကျောင်းဒါယကာအနာထပိဏ်သူဌေး၊ကျောင်းဒါယိကာမဝိသာခါတို့ဆိုတာလောကီလူမှုရေးရာများကိုမစွန့်နိုင်ကြသောကြောင့်ယခုဘဝမှာနိဗ္ဗာန်စံဝင်မည်ဆိုကအခွင့်အခါကောင်းများစွာရှိပါလျှက် သောတာပန်အဖြစ်နဲ့သာကျေနပ်ရပါသည်။

ဒါကြောင့်သာမာန်လူတစ်ယောက်အနေဖြင့်တရားအားထုတ်လျှင်သောတာပန်တည်နိုင်ပါတယ်။သို့ပေမယ့် ဘဝဇာတ်ချုပ်ငြိမ်းဖို့ရာကတော့ဖြင့်ယခုဘဝမှာဖြစ်နိုင်ခွင့်မရှိသလောက်နည်းပါးသွားပါကြောင်းပေးပါသည်။

27-5-2016-06:12 AM

Htike Ko Ko

အရှင်ဘုရားတပည့်တော်သိချင်တာလေးမေးပါရစေဘုရား။တလောကfacebookပေါ်မှာဆရာတော်တစ်ပါးနဲ့ မိခင်တို့အပြန်အလှန်ရှိခိုးဦးချနေတဲ့ပုံပေါ်မှာဝိုင်းဝန်းမှတ်ချက်ပေးကြရာမှာထောက်ခံသူအရမ်းများနေပါတယ်၊တပည့်တော်သိချင်တာကသံဃာတော်တစ်ပါးဟာ မယ်တော်၊ခမည်းတော်တို့ကိုရှိခိုးကန်တော့လို့ရပါသလား အရှင်ဘုရားကျေးဇူးပြု၍ဖြေကြားပေးစေလိုပါသည်။အရှင်ဘုရားဘေးရန်ကင်းပါစေ။

။ ။ဦးသာသန

ရဟန်းတော်များမရှိခိုးအပ်သောပုဂ္ဂိုလ်များကို မြတ်စွာဘုရားကဝိနည်းစူဠဝါပါဠိတော်တွင်ဟောကြားထားသောပုဂ္ဂိုလ်(၁၀)မျိုးရှိတယ်။၄င်းတို့မှာ

၁။ပစ္ဆာဥပသမ္ပန္နော အဝန္ဒိယော။

၂။အနုပသမ်ပန်ေနာ အဝန်ဒိယော။

၃။ဝုဎ်ဍတရော အဓမ္မဝါဒီ နာနာသံဝါသကော

အဝန္ဒိယော။

၄။မာတုဂါမော အဝန္ဒိယော။

၅။ပဏ္ဍကော အဝန္ဒိယော။

၆။ပါရိဝါသိကာ အဝန္ဒိယော။

၇။မူလာယ ပဋိကဿနာရဟော အဝန္ဒိယော။

၈။မာနတ္တရဟော အဝန္ဒိယော

၉။မာနတ္တစရိတော အဝန္ဒိယော။

၁၀။အဗ်ဘနာရဟာ အဝန္ဒိယော။

တို့ဖြစ်သည်။၎င်းဟောကြားသောဒေသနာတော် ထဲမှာမာတုဂါမော အဝန္ဒိယောပါဝင်နေသည့်အတွက်ရဟန်းဖြစ်ပါက မယ်တော်ကိုမရှိခိုးကျောင်းပါ။

အနုပသမ္ပ​ေန္နာဆိုတာလူကိုပြောတာပါရဟန်းဖြစ်ပါကခမည်းတော်ကိုမရှိခိုးကောင်းပါ။

Htike Ko Ko

ယခုလိုရှင်းလင်းဖြေကြားပေးတဲ့အတွက်ကျေးဇူးကြီးလှပါတယ်ဘုရား။

7-5-2016- 09:03 AM

Kularakkhita

သာသနာ့ဝန်ထမ်းရဟန်း၊သာမဏေ၊သူတော်၊သီလရှင်များခေါင်းတုံးရခြင်းအကြောင်းကိုဖြေကြားပေးတော်မူပါဘုရား။

။ ။ ဦးသာသန

ငါ၏ကိုယ်မှာ၊ နံ့သာမွေးကြိုင်၊ မှီခိုင်လှစွာ၊

ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွေးရှိ၍၊

ရှိသည့်လက်သည်း၊ ခြေအသည်းနှင့်၊

သွားလည်းတထွေ၊အရေတစ်မျိုး၊ အနံ့ဆိုးသည်၊

အသိုးအပုတ်ချည်းပါတကား။

မိမိခန္ဓာမှာရွံရှာဖွယ်အာရုံအများအပြားရှိပါသည်။ရွံရှာဖွယ်အာရုံတွေကိုရွံရှာမှုမရှိပဲနှစ်သက်စွဲလမ်းနေပါကတရားအသိတည်ရှိနေအောင်ကြိုးစားအားထုတ်နိုင်မည်မဟုတ်ပါ။

မြတ်စွာဘုရားလက်ထက်တော်ကသာသနာ့ဝန်ထမ်းရှင်ရဟန်းများသည်ခန္ဓာကိုယ်မှရွံရှာဖွယ်အာရုံများကို ရွံရှာဖွယ်အာရုံအနေဖြင့်ရှုပွားဆင်ခြင်သတိပြုမိတာနှင့်ပင်တရားအသိများပိုင်ဆိုင်ခွင့်ရရှိကြပါသည်။

ဒါ့ကြောင့်တရားအသိများရရှိစေရန်ရည်ရွယ်၍ရဟန်းသာမဏေသူတော်သီလရှင်တို့ဆံတော်ကိုပယ်ရိပ်ရပါကြောင်းဖြေပေးပါသည်။

Kularakkhita

မှန်ပါဘုရား။ကျေးဇူးတင်ပါတယ်။တပည့်တော်သိချင်တာကိုအားမနာတမ်းလျှောက်တင်ရပါလျှင်တပည့်တော်သိလိုသည်ကားကျမ်းဂန်အထောက်အထား အကိုးအကားများကိုသိလိုခြင်းပါဘုရား။

ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာအမျိုးမျိုး ရှိကြရာတွင် အယူအဆအကျင့်တို့အမျိုးမျိုးကွဲပြားကြပါသော်လည်း မကွဲပြားမခြားနားသည်မှာခေါင်းတုံးခြင်းတစ်ခုသာဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်ဘုရား။

ဤအကြောင်းအရာနှင့်ပတ်သက်ပြီးတပည့်တော်၏ စာပေလေ့လာမှုအားနည်းမှုကြောင့်အဘယ့်ကြောင့်သာသနာ့ဝန်ထမ်းဘုန်းတော်ကြီးအစ၊သူတော်အဆုံး ခေါင်းတုံးခေါင်းရိပ်ကြရသည်ကိုကား၊ရေရာသေချာသောအထောက်ထားများကိုမတွေ့ဘူး၍လျှောက်ထားခြင်းဖြစ်ပါသည် ဘုရား။ကူညီပေးတော်မူပါဘုရား။

။ ။ဦးသာသန

ဆံပင်ရဲ့ပလိဗောဓများကိုရေးပေးပါမည်။

၁။ တန်ဆာဆင်ရခြင်း၊

၂။ ဆီလိမ်းရခြင်း၊

၃။ ဆံထုံးရခြင်း၊

၄။ ခေါင်းလျှော်ရခြင်း၊

၅။ ပန်းပန်ရခြင်း၊

၆။ အမွှေးအကြိုင်လိမ်းရခြင်း၊

၇။တရော်ကင်ပွန်းစသည်တို့ထုထောင်း၍ရေစိမ်ရခြင်း၊

၈။ ဖန်ခါးသီးရှာရခြင်း၊

၉။ သျှစ်သျှာသီးရှာရခြင်း၊

၁၀။ဆံနက်အောင်ဆေးဆိုးရခြင်း၊

၁၁။ ဘီးဖီးရခြင်း၊

၁၂။ ဆတ္တာသည်တို့ဖြင့် ပြုပြင်ရခြင်း၊

၁၃။ ဆံထုံးကိုဖြေရခြင်း၊

၁၄။ သန်းရှာရခြင်း၊

၁၅။ ဆံကျွတ်ကသောကဖြစ်ရခြင်းတို့ဖြစ်သည်။

၁၆။ဆံကိုချောမွေ့အောင်ပြုရခြင်း၊

မိလိန္ဒပါဠိ -(၁၁)

Kularakkhita

မှန်ပါဘုရား။ကျေးဇူးကြီးပါတယ်

27-5-2016-12:34 PM

Thamudaya Thit Sar

တစ်ခုလောက်မေးချင်ပါတယ်ဘုရား။လူသားစင်စစ် ဘုရားဖြစ်တာဆိုပြီးအရပ်တော်တွေအင်မတန်ကွာခြားနေတာယုတ္တိမရှိဘူးထင်လို့ပါ။အဲဒါလေးဖြေကြားပေးပါ။

။ ။ဦးသာသန

မြတ်စွာဘုရားပါရမီတော် ဘုန်းတော်ကြောင့်ဖြစ်တာပါ။အရပ်ကသာမာန်လူနဲ့အတူတူပါ။မြတ်စွာဘုရားဟာလူသားပါ။နတ်ဗြဟ္မာမဟုတ်ပါ။လက္ခဏာတော်ဖွင့်ဆိုချက်များရေးနေရလျှင်များသောကြောင်းအရာများရေးသားနေရမှာဖြစ်တဲ့အတွက်ဤမျှဖြင့်ကျေနပ်ပါ။

7-5-2016-10:16 AM

Paingnin Phayo

အရှင်ဘုရားမမေးလျှောက်ပါသည်ဘုရား။မကောင်းတာမှန်သမျှမပြုလုပ်လျှင်အပါယ်လွတ်ပါသလားဘုရား။

။ ။ဦးသာသန

ပုထုဇဉ်ဖြစ်ပါကမကောင်းတာမှန်သမျှမပြုလုပ်သော်ငြားလည်းအပါယ်ကျနိုင်ပါသေးသည်။ သောတာပန်ဖြစ်မှအပါယ်တံခါးပိတ်ပါသည်။

7-5-2016-07:50 AM

ဒေါ်တင်မာကြည်

ဘုန်းဘုန်းဘုရားတပည့်တော်အနေနဲ့ဘုန်းကြီးကျောင်းမှာသွားပြီးသီလမယူနိုင်လျှင်တောင်တပည့်တော်တို့မိမိအိမ်မှာသူတစ်ပါးပျက်စီးရာပျက်စီးကြောင်းမပြောဘူး၊မလုပ်ဘူး၊ကိုယ့်သီလနဲ့ကိုနေလျှင်ကောရပါသလားဘုရား။

။ ။ဦးသာသန

သီလဆောက်တည်တယ်ဆိုတာမိမိကိုယ်နုတ်တို့ကိုမကောင်းမှုမပြုမိအောင်မပြောမိမကောင်းမှုမှရှောင်ကြဉ်တာကိုခေါ်ပါသည်။

ရှောင်ကြဉ်ပုံရှောင်ကြဉ်နည်းကသုံးမျိုးရှိတယ်။ ဒါကိုပိဋကစာပေမှာဝိရတီသုံးမျိုးခေါ်တယ်။

၁။သမာဒါနဝိရတီ-သိက္ခာပုဒ်ကိုခံယူဆောက်တည်၍ လွန်ကျူးဖွယ်အပြစ်တို့မှရှောင်ကြဉ်ခြင်း၊

၂။သမ်ပတ်တဝိရတီ-သိက္ခာပုဒ်ကိုခံယူဆောက်တည်မထားဘဲလွန်ကျူးဖွယ်အာရုံတွေ့မှရှောင်ကြဉ်ခြင်း။

၃။သမုစ္ဆေဒဝိရတီ-အရိယာတို့၌သာတည်ရှိသောဒုစရိုက်တို့ကိုအကြွင်းမဲ့ရှောင်ကြဉ်ခြင်း၊

၄င်းသုံးမျိုးသောသီလဆောက်တည်မှုအမျိုးအစားထဲမှ မိမိအိမ်မှာလွန်ကျူးဖွယ်အာရုံတွေ့ ကြုံကမလွန်ကျူးပဲနေခြင်းသည်ဆောက်တည်ခံယူထားသောသမာဒါနဝိရတီသီလထက်အဆင့်မြင့်သောသမ်ပတ္တဝိရတီသီလအမျိုးအစားဖြစ်သည့်အတွက်စစ်မှန်သောရှောင်ကြည်မှုဖြစ်ပါကမိမိအိမ်မှာပဲကိုယ့်သီလန့်ကိုနေလျှင်ရပါကြောင်းဖြေပေးပါသည်။

17-5-2016-08:01 AM

Aung Naing Oo

တချို့ကဥပုသ်စောင့်တယ်။ဒါပေမယ့်အလုပ်လည်းဆင်းနေရတယ်၊အဲဒီဥပုသ်ကပျက်မပျက်၊ဖြေကြားပေးတော်မူပါအရှင်ဘုရား။ ရုံးအလုပ်လုပ်သူအချို့ကများသောအားဖြင့်အလုပ်လုပ်ရင်းစောင့်နေကြတာ။

။ ။ဦးသာသန

သီလဆိုတာစည်းကမ်းပါ။တနည်း၊လူ့ကျင့်ဝတ်ဥပဒေပါ။ မကျူးလွန်မဖောက်ဖျက်ကမပျက်ပါ။ကျူးလွန်ဖောက်ဖျက်က၊အလုပ်ဆင်းသည်ဖြစ်စေအလုပ်မဆင်းသည်ဖြစ်စေ၊ဥပုဒ်ပျက်ပါသည်။အလုပ်ရှိလည်းဥပုဒ်စောင့်သုံး နိုင်ပါသည်။

21-5-2016-21:10 PM

Moon Moon

စိတ်သည်မျက်စိတမှိတ်မှာ၊ကုဋေတစ်သိန်းဖြစ်ပျက်သည်ရုပ်သည်ကုဋေငါးထောင်ဖြစ်ပျက်သည်။ရုပ်ခန္ဓာ၊နာမ်ခန္ဓာတို့သည်ဖြစ်အတူပျက်အတူလို့ လည်းပြောပါသည်ဘုရား၊အဲဒီအချက်ကိုရှင်းပေးစေလိုပါသည်ဘုရား။

။ ။ ဦးသာသန

စိတ်နဲ့ရုပ်ဖြစ်တာပျက်တာမတူပါ။ဥပ်ပါဒဋ်ဌိတိဘင်ျဂဝသနေ ခဏတ်တယံ ဧကစိတ်တခဏံနာမပါဠိစကားအရစိတ်တစ်ခုသည်ခဏငယ်သုံးခု၊ခဏကြီးတစ်ခုသာအသက်ရှည်သည်။

သတ္တရသတာနိစိတ္တခဏနိရူပဓမ္မာနံပါဠိစကားအရရုပ်ဖြစ်ပျက်ခြင်းသည်စိတ်၏အသက်ခဏငယ်ငါးဆယ့်တစ်ခု၊ခဏကြီးတစ်ဆယ့်ခုနှစ်ခု၊ဖြစ်ပျက်ပြီးမှရုပ်ကတစ်ကြိမ်ပဲဖြစ်ပျက်သည်။

ဒါကြောင့်စိတ်နဲ့ရုပ်တစ်ပြိုင်နက်ဖြစ်အတူပျက်အတူမဟုတ်ပါ။

Moon Moon

ဥပပတ္တိဘဝရဲ့အဓိပ္ပါယ်ကိုသိလိုပါသည်အရှင်ဘုရား

။ ။ဦးသာသန

ဘဝဟောင်းမှခုန်၍ဘဝသစ်၌ဘွားကနဲကျလာသကဲ့သို့ ခန္ဓာကိုယ်အထင်အရှားဖြစ်သူကိုဥပပတ္တိဘဝလို့ခေါ်သည်။

ကမ္ဘာဦးလူသား၊ငရဲသားနှင့်နတ်ဗြဟ္မာတွေဟာထင်ရှားသည့်သက်သေများဖြစ်သည်။

Moon Moon

အလွန်ကျေးဇူးတင်ပါသည်အရှင်ဘုရား

5-5-2016- 9:36 AM

Aung Kyawzaw

တပည့်တော်သည်ဗုဒ္ဓဘာသာဝင်မျိုးရိုးမှဆင်းသက်လာသောဗုဒ္ဓဘာသာဝင်တစ်ဦးပင်ဖြစ်ပါသည်။ ရတနာသုံးပါးဖြစ်သောဘုရား၊တရား၊သံဃာတို့ကိုလည်း အခါအားလျော်စွာဆည်းကပ်ပါ၏။

နှစ်ရှည်လများတပည့်တော်စိတ်ထဲမှာမတင်မကျဖြစ်နေသောအကြောင်းအရာတစ်ခုရှိပါသည်။ရုပ်နာမ်အတွဲမှာရုပ်ထဲကနာမ်ထွက်သွားလျှင်ရုပ်မှာ ပုတ်သိုးသွားရပါသည်။ဒီထွက်သွားတဲ့နာမ်ကနောက်ထပ်ရုပ်ပေါင်းဘယ်လောက်ထပ်ပြီးဖြစ်တည်စေနိုင်ပါသလဲ။

တပည့်တော်မေးချင်တာကနာမ်တစ်ခုဟာ၊ရုပ်တစ်ခုဘဲဖြစ်တည်ရတာလား၊ဒါမှမဟုတ်မရေမတွက်နိုင်အောင် ဖြစ်တည်ရတာလားဆိုတာပါဘဲ။

တပည့်တော်တို့မြတ်စွာဘုရားသည်လေ့လာလို့ရသလိုလေ့လာခွင့်လည်းအပြည့်ပေးထားတာဟာအင်မတန်မွန်မြတ်တယ်လို့ထင်ပါသည်ဘုရား။

ဆရာတော်ဘေးရန်ကင်းပါစေ။ဆရာတော်ခန်ဓာ့ဝန်ကို၊သာသနာ့ဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေ။ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ။

။ ။ ဦးသာသန

ဣစ်စဝေံမတသတ်တာနံ၊ ပုနဒဝေဘဝန်တရေ။

ပဋိသန်ဓိ မုပါဒါယ၊ တထာရူပံ ပဝတ်တတိ။

ဟူသောပါဠိစကားအရသေပြီးသောပုဂ္ဂိုလ်များဘဝသစ် ပဋိသန္ဓေစိတ်၏အစပထမ၊ဥပါဒ်မှစ၍အစဉ်အတိုင်း ကမ္မဇရုပ်၊စိတ္တဇရုပ်၊ဥတုဇရုပ်၊အာဟာရရုပ်တို့ဆက်ကာ ဆက်ကာဖြစ်ပျက်နေသည်။ အကျယ်ပြောရင်အသေးစိတ်ဖြေပေးရမှာဖြစ်သောကြောင့်ဤမျှဖြင့်ကျေနပ်ပါ။

Aung Kyaw zaw

ကျေးဇူးကြီးလှပါသည်ဘုရား။ဒါပေမယ့်တပည့်တော် အမေးရှိရတာဟာဗုဒ္ဓဘာသာရဲ့အခိုင်အမာဆုံးဇစ်မြစ်ကို သိချင်လို့ပါ။

တပည့်တော်ဟာဘာသာသုံးမျိုးကိုထိထိမိမိလေ့လာထားပါတယ်။ဟိန္ဒူဘာသာကိုတော့မလေ့လာမိပါဘူး။ တပည့်တော်မှာအကျပ်ရိုက်နေလို့ပါ။ဖြစ်နိုင်ရင်နည်းနည်းချင်းဖြေပေးပါဘုရား။

ရုပ်ထဲကထွက်သွားတဲ့နာမ်ဟာတစ်ခုတည်းလား၊ဒါမှမဟုတ်အများလား၊မြတ်စွာဘုရားအဟောလူပြည်ကအပ်တစ်စင်းနဲ့ဗြဟ္မပြည်ကအပ်တစ်စင်းထိဖို့ထက်လူဖြစ်ရတာဖြစ်နိုင်ချေပိုနည်းတယ်မဟုတ်လားဘုရားတနည်းလူ့ဘဝရခဲတယ်ပေါ့။ဆရာတော်အခက်အခဲရှိလျှင်လည်း တပည့်တော်အမေးအားမဖြေပါနဲ့ဘုရား။

။ ။ ဦးသာသန

ဗုဒ္ဓရဲ့အခိုင်မာဆုံးဇစ်မြစ်ကအနတ္တဖြစ်သည်။ရုပ်တရား၊နာမ်တရားများဟာကျောက်တောင်ကဲ့သို့၊အခိုင်အခန့်တည်မြဲနေတာမရှိဘူး၊ရုပ်ထဲကနာမ်ထွက်သွားတယ်ဆိုတာမရှိပါဘူး။ဖြစ်ပြီး၍ပျက်ခဲ့ခြင်းသာဖြစ်ပါသည်။ အရူပဗြဟ္မာနှင့်အသညသတ်ဗြဟ္မာတို့မှတစ်ပါးသောသတ်တဝါတွေဟာရုပ်နာမ်တွဲကာဖြစ်ပျက်နေတာဖြစ်သည်။

နာမ်ကတော့တစ်ခုနာထဲပါပဲ။ဖြစ်ပျက်နေတဲ့နာမ်ကတော့ မရေမတွက် နိုင်အောင်များပါသည်။ဒီလောက်ဆိုသဘောသိမည်ထင်ပါသည်။

Aung Kyaw zaw

တင်ပါဘုရား။လူဂွစာတွေနဲ့ပြောဆိုတဲ့အခါ၊သူတို့ပြောတာကရခဲလှတဲ့လူ့ဘဝမှာဗုဒ္ဓအဆိုအမိန့်အတိုင်းကျင့်ကြံနေထိုင်ပြီးသေဆုံးသွားသောသူကများသလား။လောဘ၊ဒေါသ၊မောဟများနဲ့သေဆုံးသူကများသလား၊မြတ်စွာဘုရားပွင့်တော်မူချိန်မှကမ္ဘာ့လူဦးရေးနဲ့လက်ရှိကမ္ဘာ့လူဦးရေဟာဘယ်အချိန်ကနည်းပြီး၊ဘယ်အချိန်ကများနေသလဲ။

ဒီအမေးတွေနဲ့တပည့်တော်တစ်ခါတစ်ရံကြုံရပါသည်ဘုရား။တပည့်တော်လက်လှမ်းမှီသမျှကိုလည်းမေးဖူးပါသည်ဘုရား။ဒါပေမယ့်ဆရာတော်ဖြေသလိုပါပဲ။ ဆရာတော်စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။

6-5-2016- 8:53 AM

Doe Glay

သတ္တဝါတစ်ဦးသည်သေသွားသောအခါ၊ရုပ်ကာနာမ်ကောချုပ်သွားပြီးဖြစ်ပါလျှက်၊သတ္တဝါသည်နောက်ဘဝတစ်ခုပြန်ဖြစ်သည်ဟုဆိုရာမည်ကဲ့သို့ဖြစ်ပါသနည်း။

။ ။ဦးသာသန

စုတိစိတ်ပဋိသန္ဓေစိတ်ဆိုတာနာမည်ပဲကွာတယ်၊စိတ်ကအတူတူပဲဖြစ်သည်။စုတိစိတ်ဖြစ်တုံးကကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်သုံးမျိုးတို့တွင်တစ်မျိုးမျိုးဖြစ်တယ်။အဲဒီဖြစ်တဲ့နိမိတ်အတိုင်းနောက်ဘဝပဋိသန္ဓေဆိုတာဖြစ်တာ၊မီးဇာကုန်ဆီခမ်းနေသောဖယောင်းတိုင်ကိုမီးမငြိမ်းခင်အခြားတစ်တိုင်ဖြင့်မီးကူးယူခြင်း၊ဥပမာနည်းတူပဲဖြစ်သည်။ ဘဝသစ်ဆိုတာစုတိစိတ်ဖြစ်ပြီးပဋိသန္ဓေစိတ်ဆိုတာ စက္ကန့်မိနစ်မခြားဖြစ်တာပဲဖြစ်သည်။

သတ္တဝါတစ်ဦးသေသွားသောအခါရုပ်ကောနာမ်ကော ချုပ်သွားပြီဆိုတာဗုဒ္ဓဝါဒကိုသိနားလည်ခြင်းအားနည်းသေးလို့ဖြစ်ပါသည်။ချုပ်သွားချုပ်သည့်ရုပ်နာမ်များဟာစက္ကန့်မိနစ်မခြားပြန်ဖြစ်နေတာပါ။

ရုပ်နာမ်ဖြစ်ပုံချုပ်ပုံတော့မြစ်ထဲမှာစီးဆင်းနေတဲ့ရေနဲ့ဥပမာပြုပါသည်။မိမိရှေ့မှာစီးဆင်းနေတဲ့မြစ်ရေတွေကိုရှေ့ရေနောက်ရေခွဲခြားဖို့ခက်ပါသည်။ဘာဖြစ်လို့ခွဲခြားရခက်သလဲ၊သူ့သဘာဝကိုကခွဲခြားလို့ရသောသဘောမျိုး မဟုတ်ပါ။

ဒီသဘောပါဘဲ။ရုပ်နာမ်ဆိုတာဖြစ်ပြီးပျက်နေတာ၊ ရှေ့ဖြစ်ပျက်နဲ့နောက်ဖြစ်ပျက်ခွဲခြားဖို့ဝိပဿနာဉာဏ်ရင့်သန်မှုမရှိကမသိနိုင်ပါ။

ဘဝသစ်တစ်ခုဖြစ်ပုံကတော့ဦးစွာပဋိသန္ဓေစိတ်ဖြစ်၊ ၄င်းပဋိသန္ဓေစိတ်၏ဖြစ်ဆဲခဏမှစ၍ခဏတိုင်းကမ်မဇရုပ်များဖြစ်သည်။ထိုပဋိသန္ဓေစိတ်ကိုထောက်ဆ၍ ထိုပဋိသန္ဓေစိတ်နောက်ဆုံးပထမတွင်ကစပြီး၊ဒုတိယစိတ်ခေါ်တယ်။ထိုပထမဘွင်စိတ်ဖြစ်တတိုင်းစိတ္တဇရုပ်များဖြစ်သည်။ထိုပဋိသန္ဓေစိတ်၏တည်ဆဲကာလမှစ၍ဥတုဇရုပ်ဖြစ်သည်။ထိုနောက်အာဟာရရှိချိန်မှစ၍ အာဟာရဇရုပ်များဖြစ်သည်။၄င်းနည်းဖြင့်ပင်ဘဝသစ်တစ်ခုဖြစ်တည်ရပါကြောင်းဖြေပေးပါသည်။

25-5-2016- 6:17 AM

Mg Nyar

အရှင်ဘုရားတပည့်တော်နားမရှင်းတာလေးရှိလို့ပါဘုရား။အချို့ဘာသာတွေမှာဝိညာဉ်ဆိုတာရှိတယ်၊ ဗုဒ္ဓဘာသာမှာဝိညာဉ်ဆိုတာရှိမရှိသိလိုပါသည်။တပည့်တော်ဖတ်မိသလောက်နားလည်ထားတာက ဗုဒ္ဓဘာသာမှာဝိညာဉ်ဆိုတာမရှိဘူး။ပြိတ္တာဘဝပဲရှိသည်ဟုနားလည်ထားပါသည်ဘုရား။

နောက်တစ်ခုကလူတွေဟာနောက်ဘဝကူးရင်ဒီဘဝနဲ့ တိုက်ရိုက်ပတ်နေသည်ဟုအယူရှိပါသည်ဘုရား။ ဆိုလိုချင်တာကလူတစ်ယောက်သေတော့မယ်ဆိုရင် ဒီဘဝဝိညာဉ်ကပဲနောက်ခန္ဓာထဲဝင်သွားသလိုအထင်ရှိကြပါသည်တပည့်တော်ဖတ်မိသလောက်လူတွေသေရင်ယခုဘဝနဲ့ နောက်ဘဝဘာမှမသက်ဆိုင်ဘူး။သစ်ပင်ရဲ့မျိုးစေ့များလိုနောက်ဘဝနောက်ခန္ဓာနောက်စိတ်အသစ်ဖြစ်သည်လို့ သိရှိရပါသည်။ယခုဘဝခန္ဓာချုပ်တာနဲ့စိတ်လည်းပြိုင်တူချုပ်သည်လို့ နားလည်ထားပါသည်။

ဒါန၊သီလ၊ဘာဝနာကတော့မျိုးစေ့အနေနဲ့မျိုးစေ့အောင်လျှင်အောင်သလိုမျိုးစေ့ညံ့လျှင်ညံ့သလိုနောက်ဘဝအကျိုးဆက်ဖြစ်သည်လို့နားလည်ထားပါသည်။ တပည့်တော်အားသနားသဖြင့်ပြည့်စုံအောင်ဉာဏ်အလင်းပြတော်မူပါဘုရား။နားလည်ထားတာအမှားပါလျှင်သင်ကြားပေးတော်မူပါဘုရား။

။ ။ ဦးသာသန

ဗုဒ္ဓဘာသာမှာဝိညာဉ်ဆိုတာမရှိဘူး၊ပြိတ္တာဘဝပဲရှိသည်လို့နားလည်သဘောပေါက်သူများဟာဗုဒ္ဓဝါဒကိုသိနားလည်ခြင်း အားနည်းသေးသည့်ဗုဒ္ဓဘာသာဝင် ကလေးငယ်များ၏အယူအဆမျိုးသာဖြစ်ပါသည်။ ဗုဒ္ဓဝါဒဟာအနတ္တဝါဒဖြစ်သည့်အတွက်အတ္တကောင်လို့ ယူဆနိုင်သည့် ဝိညာဉ်၊လိပ်ပြာဆိုတာဗုဒ္ဓဘာသာမှာမရှိဘူး၊ယခုဘဝကနာမ်တရားဟာနောက်ဘဝခန္ဓာထဲတော့

ဝင်မသွားဘူး။တစ်ဘဝနဲ့တစ်ဘဝဆက်နွယ်မှုရှိပါသည်။ ပဋိသန္ဓေဆိုတာမြန်မာလိုအဓိပ္ပါယ်ပြန်တော့ဘဝဟောင်းနဲ့ဘဝသစ်တို့တစ်ဘဝနဲ့တစ်ဘဝဆက်စပ်နေတာကိုခေါ်ပါသည်။သေခါနီးသတ္တဝါသည်မသေခင်ဖြစ်ပေါ်သောကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်အတိုင်းဘဝသစ်၌ဖြစ်တည်ရပါသည်။

စိတ်အသစ်တွေကတော့ဘဝမပြောင်းလည်းဖြစ်နေတာပါ။ဘဝပြောင်းမှစိတ်သစ်ဖြစ်တာမဟုတ်ပါ။ဘဝခန္ဓာချုပ်တာနဲ့၊စိတ်ချုပ်တယ်ဆိုတာနားလည်မှုလွဲမှားခြင်း သာဖြစ်ပါသည်။စာပေမှာစုတိစိတ်နဲ့ပဋိသန္ဓေစိတ်ဆိုတာ အတူတူပါ။ဒါ့ကြောင့်စုတိစိတ်ချုပ်သည်နှင့်တစ်ပြိုင်နက်ပဋိသန္ဓေစိတ်စက္ကန့် မိနစ်မခြားဖြစ်ပါသည်။

ဒီဘဝခန္ဓာကြီးကတော့မြေချ၊မီးလောင်ပြီးတာတောင် ဥတုဇရုပ်ကြီးကတော့ဆက်ကာဆက်ကာကမ္ဘာပျက်သည့်တိုင်အောင်ဖြစ်နေပါဦးမည်။

ဒါန၊သီလ၊ဘာဝနာကုသိုလ်အကျိုးပေးခြင်းသည်

၁။ဒိဋ္ဌဓမ္မဝေဒနိယကံ

၂။ဥပပဇ်ဇဝဒေနိယကံ၊

၃။အပရာပရိယဝေဒနိယကံ

၄။အဟောသိကံ

ဟုဆိုအပ်သောကံလေးပါးအားလျှော်စွာအကျိုးပေးသွားမှာဖြစ်ပါကြောင်းပေးပါသည်။

Mg Nyar

ကျေးဇူးကြီးမားလှကြောင်းပါအရှင်သူမြတ်ဘုရား။

7-5-2016-10:07 AM

Thamudaya Thit Sar

အရှင်ဘုရားလျှောက်ထားအပ်ပါသည်။အရှေ့ကျွန်း၊ အနောက်ကျွန်း၊မြောက်ကျွန်းတို့ကသီးသန့်တည်ရှိနေကြတာလားဘုရား။

။ ။ဦးသာသန

အရှေ့ကျွန်း၊အနောက်ကျွန်း၊မြောက်ကျွန်းတို့သည် သီးသန့်တည်ရှိနေတာပဲဖြစ်သည်။ဘုန်းကံကြီးသော ပုဂ္ဂိုလ်တို့သည်သာလျှင်သွားရောက်နိုင်ပါသည်။

မြတ်စွာဘုရားတာဝတိံသာနတ်ပြည်၌အဘိဓမ္မာတရား ဟောစဉ်အခါမြောက်ကျွန်းကိုဆွမ်းခံကြွတော်မူကြောင်း ပိဋကမှတ်တမ်းများရှိပါသည်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကဇောတိကသဌေး၏ဇနီးမယားသည်မြောက်ကျွန်းသူဖြစ်ပါသည်။ ဇောတိကသူဌေးရဟန်းပြုတော့၊မြောက်ကျွန်းပြန်ဖြစ်ပါသည်။သူတို့တစ်တွေဟာကမ္မဇိဒ္ဓိပိုင်ရှင်များဖြစ်ပါသည်။ ဤမျှသာဖြေပေးပါမည်။သိလိုတာကျန်နေသေးကမေးပေးပါ။

Thamudaya Thit Sar

ထိုဘုံများသည်လူ့ဘုံတွေပဲလားဘုရား။

။ ။ဦးသာသန

လူ့ဘုံဟုတ်ပါသည်။အသက်တမ်းကအနောက်ကျွန်း(၅၀၀)၊အရှေ့ကျွန်း(၇၀၀)၊မြောက်ကျွန်း(၁၀၀၀)အသက်ရှည်ကြပါသည်။

Thamudaya Thit Sar

တည်နေရာသိချင်ပါသည်ဘုရား။

။ ။ဦးသာသန

တည်နေရာသိဖို့ကဘုန်းကံနဲ့ဆိုင်ပါသည်။ဘုန်းကံတရားကြီးမားသူတို့သည်သာလျှင်တည်နေရာကိုသိနိုင်ပါသည်။ ဒီစကြာဝဠာအလယ်တည့်တည့်မှာနယ်ခြားတောင်ရှိပါသည်။၄င်းတောင်ကိုအမှတ်အသားပြု၍နယ်မြေသတ်မှတ်ပါသည်။

ကိုယ့်ဉာဏ်ကလက္ခံနိုင်သောဉာဏ်ပညာရှိမှလက္ခံနိုင်သောဉာဏ်ပညာမရှိကမသိတာပိုကောင်းပါသည်။

Thamudaya Thit Sar

မြင့်မိုရ်တောင်၏အရှေ့၊အနောက်၊မြောက်ဖက်တို့မှာ ဖြစ်တည်သည်လို့ဖတ်ဘူးပါသည်ဘုရား၊အဲဒီလိုတော့ သိပါသည်ဘုရား။

။ ။ဦးသာသန

သုတ္တနိပါတ်အဋ္ဌကတာနှင့်ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့မှာတော့အဲဒီလိုပဲရှိပါသည်။

25-5-2016-06:33 AM

Doe Glay

အရှင်ဘုရားရောဂါပိုးများသည်သတ္တဝါမည်ပါသလားဘုရား။သူတို့မှာအကြောင်းကံတရားရှိပါသလား။ ထိုပိုးများသည်လူကိုသေစေသည်အထိဖြစ်တတ်ပါသည်။ ထိုပိုးများအလိုလိုမသေ၊ ပွားပြီးဆက်ပွားတတ်ပါသည်။သမားတော်သည်ပိုးသတ်ဆေးဖြင့်သတ်နိုင်သည်။ထိုအခါသမားတော်သည်ကံထိုက်ပါသလား။

။ ။ဦးသာသန

ကာမဘုံ၌ဖြစ်ရသောသတ္တဝါမှန်သမျှရုပ်နာမ်နှစ်ပါးယှဉ်တွဲလျှက်ဖြစ်နေရပါမည်။သိပ္ပံနည်းကျစစ်ဆေးလို့ ရုပ်နာမ်ပြည့်စုံနေသည်ဆိုလျှင်သတ္တဝါမည်ပါသည်။ ရုပ်တရား၊နာမ်တရားနှစ်ပါးမပြည့်စုံလျှင်သတ္တဝါမမည်ပါ။ရုပ်နာမ်အတွဲရှိကသတ်တဝါမည်၏။သတ္တဝါမည်သော သူသည်အကြောင်းကံလည်းရှိပါသည်။ကံ၊စိတ်၊ဥတု၊အာဟာရအကြောင်းတရားတွေညီညွတ်ကသတ်တဝါတစ်ယောက်အဖြစ်တည်ရှိနေနိုင်ပါသည်။

လူနာကိုရောဂါမှာဝေဒနာသက်သာစေဟူသောစေတနာဖြင့်ပိုးသတ္တဝါတို့ကိုသေစေရာ၌ပိုးသတ်တဝါတို့ကိုသေစေလိုသောစေတနာမရှိကကံမထိုက်ပါ။လူ့ခန်ဓာကိုယ်အနာများမှမျက်စိဖြင့်မြင်တွေ့နေရသော ပိုးလောက်တို့ကိုလူနာသက်သာစေဟူသောစိတ်ဆန္ဒမျိုးမဟုတ်ပဲပိုးလောက်များသေစေဟူသောစိတ်စေတနာဖြင့်ပိုးသတ်ဆေးဖြန်းလို့ပိုးလောက်များသေပါကသမားတော်လည်းကံထိုက်ပါသည်။သေစေလိုသောစေတနာလည်းမရှိ၊သေလည်းမသေက၊ကံမထိုက်ပါ။

ပါဏာတိပါတကံဖြစ်ဖို့သေစေလိုသောစေတနာနှင့် ထိုစေတနာကြောင့်သေခြင်း၄င်းနှစ်ပါးဟာကံဖြစ်ဖို့အတွက်အဓိကကျပါသည်။

Doe Glay

သာဓုပါဘုရား။ကျေနပ်ပါသည်။

2-5-2016-17:15 AM

Aung Naing Oo

လူခန္ဓာဆိုကြပါစို့။ပိုးမျိုးက(၈၀)ရှိသည်လို့မှတ်သားခဲ့ဖူးပါသည်။တစ်မျိုးဆိုလျှင်ပဲတော်တော်များနေပါပြီ။ ဒီတော့လူခန္ဓာကြီးကလူဆိုတဲ့ဘဝတစ်ခုတင်မကဘူး။ ပိုးပေါင်းမြောက်များစွာတို့၏တည်ရာမှီရာဖြစ်နေပါသလားအရှင်ဘုရား။

။ ။ ဦးသာသန

လူခန္ဓာဆိုတာရုပ်နာမ်ခွဲခြားလျှင်ရုပ်တရားကြီးအသိစိတ်ကသာနာမ်တရားလူခန္ဓာထဲမှာတည်ရှိနေသောပိုးများဟာအသိဉာဏ်နာမ်တရားပါဝင်မှုရှိပါသလား။မရှိနိုင်ပါ။ ထို့ကြောင့်လူ့ခန္ဓာမှာတည်ရှိနေသောပိုးများသည်ရုပ်(၂၈)ပါးတွင်အပါအဝင်ဖြစ်သောရုပ်ကလာပ်(၂၁)စည်းတို့၏အစုအဖွဲ့ဖြင့်ဖွဲ့စည်းထားသောရုပ်ကလာပ်အစုများသာဖြစ်ပါကြောင်းပေးပါသည်။နားလည်မှုမရှိကမေးပါ။

Aung Naing Oo

လူ့ခန္ဓာသည်ဥပမာ-မျက်စိဖြင့်မြင်နိုင်သောသံကောင်၊တုတ်ကောင်တို့သည်တည်ရှိနေကြပါသည်။ထိုသံကောင်၊တုတ်ကောင်တို့သည်ဇီဝရှိ၍နာမ်တရားများမရှိဘူးလားဘုရား။

။ ။ဦးသာဘန

ရုပ်တရား၊နာမ်တရားဖြစ်တည်ပုံကိုမြတ်စွာဘုရားရှင် ကတိကျစွာဟောကြားထားသောဒေသနာများစွာရှိပါသည်။လူ့ခန္ဓာ၌ဖြစ်သောမျက်စိဖြင့်မြင်နိုင်သော သံကောင်၊အနာပေါက်ကပိုးလောက်တို့ဖြစ်တည်လာခြင်းသည်အဏ်ဍဇ၊ဇလာဘုဇရုပ်ဖြစ်စဉ်နှင့်အညီဖြစ်ပေါ်လာသောရုပ်နာမ်များဖြစ်ကြောင်းပေးပါသည်။

Aung Naing Oo

အခုလိုကြေကြားပေးတာ၊ကျေးဇူးတင်ပါသည်ဘုရား။

17-5-2016-22:24 AM

Aung Naing Oo

တပည့်တော်မေးပါရစေဘုရား။သတ္တလောကမှာလူသည် မွေးသောအခါတစ်ယောက်၊နှစ်ယောက်၊သုံးယောက် စသည်ဖြင့်မွေးဖွားကြရာ၊တစ်ယောက်ဆိုလျှင်ရုပ်နာမ် တစ်ခုကျထားပါ။သုံးယောက်မွေးလျှင်ရုပ်နာမ်သုံးခုဆိုပါစို့။ပုရွက်ဆိတ်၊ခြ၊ဖား၊ငါး၊တီ၊ပိုးဖလန် အစရှိသည့် သတ္တဝါများသည်တစ်ခါမွေးသားပေါက်ကလေးများ သာမာန်မျက်စိနဲ့တင်မရေတွက်နိုင်ကြပါဘုရား။သားပေါက်များတော့ဘဝဖြစ်သည့်အကောင်အရေအတွက်ရုပ်နာမ်တွေများပါသည်။အဲဒီရုပ်နာမ်တွေက ဘယ်ဘဝမှစုတေ၍လာကြသည်မသိများပြားလိုက်တာ တပည့်တော်အဲဒါမရှင်းလို့သိပါရစေအရှင်ဘုရား။

လူတစ်ယောက်စုတေတော့မည်ဆိုလျှင်ဂတိငါးမျိုးကို ပြန်တယ်။စုတေတော့ဂတိငါးမျိုးထဲကတစ်ခုကိုရောက်ရသည်။အထက်ကပြောခဲ့သည့်သတ္တဝါများကြတော့ ဘယ်ဘဝတစ်ကစုတေ၍အဲဒီသတ္တဝါတွေဆီမှာလာပြီး ပဋိသန္ဓေနေကြသည်ကိုမရှင်းလို့ပါဘုရား၊ကျေးဇူးကြီးမားပါတယ်ဘုရား။

။ ။ဦးသာသန

မြတ်စွာဘုရားရှင်ဒေသနာတော်တရားတပုဒ်မှာမြတ်စွာဘုရားကအရှင်အာနန္ဒာအမေးကိုကြားတော်မူထားတာရှိပါသည်။အရှင်အာနမေးလျှောက်တာကမြတ်စွာဘုရား လောကမှာသတ္တဝါတွေဟာဘဝတစ်ခုချုပ်၍ဘဝအသစ်ဖြစ်ကြရပြီဆိုလျှင်သုဂတိဘဝနဲ့ဒုဂ္ဂတိဘဝဘယ်ဘဝ အဖြစ်များသလဲမေးလျှောက်သည့်အမေးကိုမြတ်စွာဘုရားရှင်ကသိသာထင်ရှားအောင်ဥပမာပပြ၍ဖြေတော်မူပါသည်။

ချစ်သားအာနန္ဒာငါတို့ရပ်နေတော်မူသည့်ခြေတော်အောက်ကမြေကြီးကိုလက်နဲ့ဆုတ်ယူလိုက်ပါ။သင်ချစ်သားလက်ထဲပါသည့်မြေနဲ့ငါတို့ရပ်နေသောခြေတော်အောက်ကမြေ၊ဘယ်မြေကများသလဲမြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာကိုတဖန်မေးတော်မူပါသည်။

ထိုအရှင်အာနန္ဒာကဘုန်းတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရား၊ဘုရားတပည့်တော်၏လက်တော်၌ တည်ရှိနေသောမြေသည်အနည်းငယ်မျှသာတပည့်တော်တို့ခြေတော်အောက်ကျန်ရှိနေသောမဟာပထဝီမြေကြီးကတော့ဖြင့်မရေမတွက်နိုင်အောင်များလှပါသည်ဘုရားလို့လျှောက်ထားသည်။

ထိုအခါမြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာအမေးကို ဖြေပေးတော်မူပါသည်။ဒီဥပမာလိုပဲချစ်သားအာနန္ဒာ သတ္တဝါများဘဝတစ်ခုချုပ်လို့ဘဝအသစ်ဖြစ်ပြီဆိုလျှင် သုဂတိဘဝရရှိသည့်သူများကသင်ချစ်သားလက်ပေါ် ၌တည်ရှိနေသောမြေမျှသာရှိပါသည်။ဒုဂ္ဂတိဘ၀ရရှိကြသည့်သတ္တဝါများကငါတို့ခြေတော်အောက်၌ကျန်ရှိနေသောမြေထုပမာဏမျှရှိတော်မူသည်ဟူသောဒေသနာတော်ကိုနာယူကြည်ညိုသတိသံဝေဂရသောအနေဖြင့် ဖြေပေးရလျှင်မန္တလေးကပုရွက်ဆိတ်များအစုလိုက်တပြိုင်နက်စုတေ၍၊ရန်ကုန်မှာအစုလိုက်ပုရွက်ဆိတ်ဘဝသစ်ကိုပြန်ရကြောင်းအပြုသဘောဆောင်၍ဖြေပေးပါသည်။

16-5-2016-19:01 PM

Aung Naing Oo

အရှင်ဘုရားမြတ်စွာဘုရားရှင်သည်ရှေ့ဖြစ်မည့်အကြောင်းအရာများကိုလည်းသိမြင်တော်မူပါသည်။ တပည့်တော်သိချင်တာကယခုဘာသာတရားများ အကြောင်း၊ဘာသာကြီးလေးမျိုးအကြောင်းနှင့်ထိုဘာသာများဘယ်အချိန်ပေါ်မည်ဘယ်အချိန်ပျောက်ကွယ်မည်စသည်ဖြင့်ဟောကြားတော်မူခဲ့ပါသလား၊တခြားအကြောင်းများရှိကလည်းသိချင်ဘုရား။

။ ။ဦးသာသန

ဘာသာကြီးလေးမျိုးကိုတူရာပေါင်းလျှင်နှစ်မျိုးပဲရှိပါသည်။အိုနာသမရှိသာအတ္တဝါဒထာဝရဘုရားနဲ့ ပါရမီ(၁၀)ပါး၊အပြား(၃၀)တို့ကိုပြုခဲ့သောကြောင့် ဖြစ်တော်မူသောအို၊နာ၊သေရှိ၍မမြဲသောအနတ္တဝါဒလူသားစစ်စစ်ဘုရားဆိုပြီးရှိပါသည်။ဤမျှဖြင့်ဘာသာကြီးလေးမျိုးနဲ့ပတ်သက်ပြီးအကျဉ်းမှတ်သားထားရမည်။

ထိုဘာသာများဘယ်အချိန်မှာပေါ်၍ဘယ်အချိန်မှာကွယ်ပျောက်မလဲဆိုတာသိရှိရန်သုတ်တန်တပိဋက၊သီလက်ခန်ဓဝဂ်ဂပါဠိ၊ဗြဟ္မဇာလသုတ်တော်မှာအတ္တဝါဒခေါ်မိစ္ဆာတရားများဖြစ်ပေါ်လာပုံနှင့်ချုပ်ငြိမ်းပုံကိုမြတ်စွာဘုရားတိကျစွာဟောကြားထားပါသည်။

မိစ္ဆာတရားများဟာကွယ်ပျောက်ရိုးထုံးစံမရှိထာဝရဘုရားဆိုသည်နှင့်အညီမိစ္ဆာတရားများထာဝရတည်ရှိနေမည်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာကတော့မြတ်စွာဘုရားပွင့်တော်မူသောအချိန်မှစ၍ဖြစ်ပေါ်ပြီးယောဝေါအာနန္ဒ သောဝေါ မမစ္စယေန သတ္တာဟူသောဒေသနာတော်နှင့်လျော်ညီစွာမြတ်စွာဘုရားဒေသနာတော်ကိုသင်ယူနာကြားလိုက်နာကျင့်ကြံပွားများအားထုတ်သူမရှိသောအချိန်အခါမှသာဗုဒ္ဓဘာသာကွယ်ပျောက်မည်ဖြစ်ပါကြောင်းဖြေပေးပါသည်။

Aung Naing Oo

သာဓု သာဓု သာဓုပါ အရှင်ဘုရား။

10-5-2016- 7:34 AM

Aung Naing Oo

(၃၁)ဘုံမှာကာမ၊ရူပ၊အရူပဟုသတ်မှတ်ထားကြောင်းသိရပါသည်အရှင်ဘုရား။

ရူပဘုံသည်ရုပ်သက်သက်ဖြစ်သည်။၄င်းရုပ်တို့ပျက်စီး၍ ကာမဘုံသို့ပြန်ဆင်းသော်နာမ်တရားသည်အဘယ်သို့ကပ်ပါလာပါသနည်း။မည်သို့ဖြစ်ပေါ်လာပါသလဲ အရှင်ဘုရား။တပည့်တော်မရှင်းလင်းလို့ပါဘုရား။ ကရုဏာသက်၍တပည့်တော်အားရှင်းပြပေးတော်မူပါ အရှင်ဘုရား၊ကျေးဇူးကြီးမားပါသည်အရှင်ဘုရား။

။ ။ဦးသာသန

ကာမ(၁၁)ဘုံ၊ရှုပ(၁၆)ဘုံ၊အရူပ(၄)ဘုံပေါင်း(၃၁)ဘုံဖြစ်သည်။ထို(၃၀)ဘုံတို့တွင်ကာမ(၁၁)ဘုံနှင့်ရှုပ(၁၅)ဘုံ ပေါင်း(၂၆)သည်ရုပ်နာမ်တွဲလျက်ဖြစ်ပါသည်။

အသညသတ်ဆိုသည်ရူပဘုံတစ်ဘုံတည်းသာရုပ်သက်သက်ဖြစ်ပါသည်။အရူပလေးဘုံသည်နာမ်သက်သက်ဖြစ်သည်။

ဘဝသစ်တစ်ခုဖြစ်တော့မည်ဆိုလျှင်ဘဝဟောင်းနှင့် ဘဝသစ်ဆက်ပေးသောပဋိသန္ဓေဆိုတာရှိပါသည်။ ၄င်းပဋိသန္ဓေဟာစုတိစိတ်ဖြစ်စဉ်ကကံနိမိတ်၊ကံမနိမိတ်၊ ဂတိနိမိတ်ဆိုသည့်နိမိတ်သုံးမျိုးတို့တွင်တစ်မျိုးမျိုးထင်လာသည်။ထိုထင်လာသောနိမိတ်အတိုင်းဘဝသစ်တစ်ခု အစဖြစ်ပေါ်လာရပါသည်။

ကာမဘုံသို့ပြန်ဖြစ်လျှင်နတ်ဖြစ်ကနတ်ပဋိသန္ဓေဖြစ်စဉ် လူဖြစ်ကလူပဋိသန္ဓေဖြစ်စဉ်အတိုင်းဖြစ်တည်လာရမည်ဖြစ်ပါကြောင်းနှင့်နာမ်တရားပါလာပုံကတော့နာမ်တရားကိုမုန်းလို့ရုပ်တရားကိုနှစ်သက်လို့ရုပ်တရားသက်သက်ဖြစ်သည်တို့ကိုအာရုံပြုကာဈာန်တရားရအောင်လုပ်ရပါသည်။၄င်းဈာန်တရားနဲ့ရုပ်ဇီဝိတနာမ်ဇီဝိတနှစ်မျိုးတို့တွင်ရုပ်ဇီဝိတတစ်မျိုးတည်းဖြင့်အသက်ရှင်နေထိုင်ခဲ့ပါသည်။၄င်းရုပ်ဇီဝိတသက်တမ်းကုန်ဆုံးသည့်အခါမူလဈာန်တရားကိုအာရုံပြုပြီးပြန်ဖြစ်ရသည့်အတွက် ကာမဘုံ၌ပြန်ဖြစ်သောအခါမူလနာမ်တရားနှင့်တွဲစပ်၍ဖြစ်ပေါ်လာပါကြောင်းနားလည်အောင်ဖြေပေးပါသည်။

Aung Naing Oo

ကျေးဇူးကြီးပါသည်အရှင်ဘုရား။

11-5-2016- 08:16 AM

Aung Naing Oo

ခန္ဓာငါးပါးသည်အနိစ္စ၊ဒုက္ခ၊အနတ္တဟုတပည့်တော်တို့ သိနေပါသည်။အနိစ္စ၊ဒုက္ခ၊အနတ္တသည်၊ခန္ဓာငါးပါးသည်မျက်စိတမှိတ်အတွင်းနာမ်ခန္ဓာကုဋေတစ်သိန်း၊ရုပ်ခန္ဓာကုဋေငါးထောင်ရှစ်ရာရှစ်ဆယ်ကျော်ပျက်စီးနေသည့်အပေါ်ကိုရည်ရွယ်ပြီးဟောကြားပါသလားဆိုတာတပည့်တော်သိလိုပါသည်။

။ ။ဦးသာသန

အနိစ်စဆိုတာဘာလဲ၊ဒုက်ခဆိုတာဘာလဲ၊အနတ်တဆိုတာဘာလဲ။၄င်းသဘောတွေကိုသိနားလည်နေလျှင် မေးခွန်းရဲ့အဖြေကိုဖြေပြီးသားဖြစ်မှာပါ။

အနိစ်စဆိုတာဘာလဲ-အနိစ္စဆိုတာ

၁။ရုပ်တရားနာမ်တရားတို့ဥပါဒ်၊ဌီ၊ဘင်ဖြစ်ပြီးလျှင်

ပျက်ရခြင်းဥပ္ပါဒဝယ။

၂။ရုပ်တရားနာမ်တရားတို့သည်တခဏမျှသာအသက်

ရှည်ခြင်းတာဝကာလိ။

၃။ရုပ်တရားနာမ်တရားတို့သည်ဥပါဒ်၊ဌီ၊ဘင်တို့ဖြင့်

ဖေါက်ပြန်ပျက်စီးခြင်းဝိပရိဏာမ။

၄။ပုထုဇဉ်တို့ထင်မှတ်နေသည့်နိစ္စသဘောကိုပယ်ခြင်း၊ နိစ္စပဋိက္ခေပ။ ၄င်းသဘောလေးမျိုးတို့ကိုအနိစ္စခေါ်ပါသည်။

ဒုက္ခဆိုတာဘာလဲ-ဒုက္ခအမျိုးအစားဘယ်နှစ်မျိုးရှိသလဲ။ သိရမည်။ဒုက္ခအမျိုးအစားသုံးမျိုးရှိပါသည်။

၁။ဆင်းရဲခြင်းကြောင့်ကိုယ်၌ဖြစ်သောစိတ်၌ဖြစ်သော ဒုက္ခဝေဒနာကိုဒုက္ခဒုက္ခ၊

၂။ဥပါဒ်၊ဌီ၊ဘင်ဖြစ်ခြင်းပျက်ခြင်းနှိပ်စက်သောကြောင့် ဥပေက္ခာဝေဒနာနှင့်တေဘူမကသင်္ခါရတရားသည်

သင်္ခါရဒုက္ခ။

၃။သုခဝေဒနာမှဖောက်ပြန်သဖြင့်ဆင်းရဲခြင်း

ဝိပရိဏာမဒုက္ခဆိုပြီးဒုက္ခသုံးမျိုးရှိပါသည်။

ဒုက်ခဆိုတာ

၁။ထိုဒုက္ခသုံးမျိုးတို့ဖြင့်အမြဲပူပန်စေတတ်သော

ကြောင့်သန္တာပ။

၂။ထိုဒုက္ခသုံးမျိုးတို့နှင့်ဆက်ဆံနေရသည့်အတွက် အခံရခက်သောကြောင့်ဒုက္ခ။

၃။ထိုဒုက္ခသုံးမျိုးတို့၏တည်နေရာဖြစ်သောဒုက္ခဝတ္ထု။

၄။သုခသဘောထင်မှတ်နေသည့်ရုပ်နာမ်ကိုအမြဲပယ်ခြင်းသုခပဋိက္ခေပ။၄င်းလေးမျိုးသောသဘောကိုဒုက္ခခေါ်ပါသည်။

အနတ်တဆိုတာဘာလဲ။

၁။ဖြစ်ဆဲခန္ဓာမအို၊မနာ၊မသေရပါစေနဲ့လို့မည်သို့ပင်

ဆိုဆိုမိမိဆိုတိုင်းမဖြစ်ခြင်းအသဝတ္တန။

၂။ဖြစ်ဆဲခန္ဓာကိုငါပိုင်ဟုမည်သို့ဆိုစေကာမူပြောဆိုနေစဉ်ပင်ချုပ်ပျောက်၍အပိုင်မရှိခြင်းအသာမိက။

၃။ဖြစ်ဆဲခန္ဓာကိုကံ၊စိတ်၊ဥတု၊အာဟာရအကြောင်း

တရားလေးပါးမှတပါးသောပြုလုပ်သူဖန်ဆင်းရှင်မရှိသောသုညတ။

၄။ဖြစ်ဆဲခန္ဓာအပေါ်၌အစမထင်သံသရာတစ်ခွင်က အမြင်မှားဖြစ်ခဲ့ကြသောဝိညာဉ်၊အတ္တ၊လိပ်ပြာသဘောကိုပယ်ခြင်းအတ္တပဋိက္ခေပ။၄င်းလေးမျိုးသောသဘောကိုအနတ္တခေါ်ပါသည်။

ဤကဲ့သို့အနိစ်စ၊ဒုက်ခ၊အနတ်တတို့သဘောလက်ခဏာပိဋကစာပေမှာရှိသောကြောင့်အမေးကိုဟုတ်မှန်ကြောင်း ဖြေပေးပါသည်။

Aung Naing Oo

သာဓုသာဓုသာဓုပါအရှင်ဘုရား။နောင်လည်းမရှင်းတာလေးများရှိလျှင်မေးပါရစေဘုရား။

16-5-2016- 20:50 PM

Aung Naing Oo

အရှင်ဘုရား၊ဘုရား၊ပုထိုး၊စေတီများနှင့်ပိဋကတ်စာပေမှတ်တမ်းများဘယ်ခေတ်၊ဘယ်အချိန်၊ဘယ်မင်းလက်ထက်၌စတင်ပေါ်ပေါက်ခဲ့ပါသနည်း။ကရုဏထား ဖြေကြားတော်မူပါအရှင်ဘုရား။

။ ။ဦးသာသန

ဘုရား၊ပုထိုး၊စေတီများအစပြုဖြစ်ပေါ်လာခြင်းသည် ဘုရားရှင်လက်ထက်တော်ကစတယ်လို့ဆိုရမည်။

သာဓကတစ်ခုပြောရလျှင်မြတ်စွာဘုရားရှင်ဒေသစာရီခရီးကြွတော်မူသောအခါမြတ်စွာဘုရားရှင်ကိုအနယ်နယ်အရပ်ရပ်ကလာရောက်ဖူးမျှော်ကြသူများမြတ်စွာဘုရားမရှိသည့်အတွက်ဘုရားရှင်ကိုဖူးမျှော်ခွင့်မရကြပဲ၊မိမိတို့ နေထိုင်ရာဒေသသို့ပြန်ကြရလေသည်။

ထိုအကြောင်းအချင်းအရာကိုသိမြင်တွေ့နေရသောအခါ ကျောင်းဒါယကာအနာထပိဏ်သူဌေးကြီးကမြတ်စွာဘုရား၏အလုပ်အကြွေးဖြစ်သောအရှင်အာနန္ဒာကို အကြောင်းအချင်းအရာတို့ကိုလျှောက်ထားပါသည်။

ထိုလျှောက်ထားချက်ကိုအကြောင်းပြု၍အလုပ်အကြွေးဖြစ်သောအရှင်အာနန္ဒာမှာအကြံတစ်ခုဖြစ်ပေါ်လာရပါသည်။၄င်းဖြစ်ပေါ်လာသောအကြံကတော့မြတ်စွာဘုရားရှင် မရှိငြားသော်လည်းမြတ်စွာဘုရားကိုလာရောက်ဖူးမျှော်သူတို့ဖူးမျှော်ခွင့်ရရှိရန်မြတ်စွာဘုရားကိုမေးလျှောက်ရမည်ဟုအကြံဖြစ်ပါသည်။

မြတ်စွာဘုရားရှင်ဒေသစာရီခရီးမှပြန်ရောက်သောအခါအရှင်အာနန္ဒာမထေရ်မြတ်ကမြတ်စွာဘုရားရှင်ကိုမိမိကြံစည်ထားသောအကြံစည်ကိုမေးလျှောက်ပါသည်။ ကတိ နုခေါ ဘန္တစေတိယာနိ တီဏီအာနန်ဒ၊ကတမာနိ တီဏိ သာရီရိကံ ပရိဘောဂိကံ ဥဒ္ဒိဿကန္တိဟူသော ပါဠိစကားအရသုံးမျိုးသောပူဇော်မှုကိုခွင့်ပြုတော်မူပါသည်။ဤသို့တိကျသောဒေသနာတော်ဟောကြားချက်ရှိသောကြောင့်မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဥ်ကပင်ဘုရားစေတီပုထိုးများပေါ်ပေါက်ခဲ့ပါကြောင်းနှင့်ပိဋကတ်စာပေမှတ်တမ်းများပေါ်ပေါက်လာရာအချိန်ကာလကတော့ဖြင့်မြတ်စွာဘုရားပရိနိဗ်ဗာန်စံတော်မူပြီးသာသနာတော်နှစ်(၄၄၅)နှစ်အရောက်တွင် သီဟိုရ်မင်းဆက်တစ်ဆယ့်ရှစ်ဆက်မြောက်သဒ္ဓါတိဿ မင်းကြီး၏သားတော်ဝဋ်ဋဂါမဏိမင်းကြီးတဖန်ထီးနန်းစည်းစိမ်ကိုပြန်ရ၍ဒုတိယနန်းစံခြောက်နှစ်မြောက်၌ နောင်သောအခါသတ်တဝါတို့သည်သတိ၊ပညာ၊သမာဓိယုတ်လျော့သဖြင့်ပိဋကတ်တောိများကိုနုတ်၌ထား၍မဆောင်နိုင်ကြကုန်လတ္တံ့ဟုသိမြင်တော်မူကြသောရဟန္တာမထေရ်မြတ်(၅၀၀)တို့သည်ဝဋ်ဋဂါမဏိမင်းကြီးကိုအမှီပြု၍သီဟိုဠ်ကျွန်းမလယဇနပုဒ်၊အာလောက မည်သောလှိုင်၌အဋ္ဌကထာနှင့်တကွသောပိဋကတ်တော်တို့ကိုသာသနာတော်နှစ်(၄၅၀)နှစ်အရှိတွင်ပေပေါ်၌အက္ခရာရေးသား၍တင်ထားတော်မူကြကုန်၏။

ပေထက်အက္ခရာတင်ကြပြီးလျှင်အကြိမ်(၁၀၀)တိုင်တိုင် တိုက်ဆိုင်သုတ်သင်တည်းဖြစ်၍ထားတော်မူကြသည်။

Aung Naing Oo

အရှင်ဘုရားပေထက်အက္ခရာနှင့်ကျောက်ထက်အက္ခရာဘယ်အက္ခရာအရင်လည်းဘုရား။

။ ။ဦးသာသန

ပေထက်အက္ခရာကအရင်ဖြစ်ပါသည်။ကျောက်ထက်အက္ခရာကမြန်မာနိုင်ငံမင်းတုန်းမင်းကြီးလက်ထက်မှာဖြစ်ပါသည်။

25-5-201- 6:20 AM

Yadanarzaw Minn

ဦးဇင်းဘုရားမူလပဏ္ဏာသပါဠိတော်၊ကောသမ္ဗိသုတ်၊ မဟာပစ္စဝေက္ခဏခုနှစ်ချက်၊သောတာပန်နှင့်ပုထုဇဉ် ကွာခြားချက်ကိုအရှင်ဘုရားတပည့်တော်ကိုဗဟုသုတဖြစ်စေရန်စာပေအရှိထုတ်နှုတ်၍ဖြေကြားပေးပါရန် လျှောက်ထားပါသည်အရှင်ဘုရား။

။ ။ဦးသာသန

ပုထုဇဥ်နှင့်မဆက်ဆံသောသောတာပန်ပုဂ္ဂိုလ်၏ မဟာပစ္စဏာဥာဏ်(၇)မျိုး

၁။မိမိခန္ဓာကိုယ်၌ထကြွသောကိလေသာစိတ်များကို ဟုတ်တိုင်းမှန်စွာမိမိမသိမမြင်နိုင်လောက်သောအဇ္ဈတ္တ၌ မပယ်ရသေးသောထကြွမှုမျိုးသည်ငါ့အားမရှိသစ္စာသိရန်ငါသည်စိတ်ကိုကောင်းစွာထားပြီးပြီဟုသိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထစဉ်နှင့်မဆက်ဆံသောပထမဥာဏ်ရပြီ။

၂။ငါသည်ဝိပဿနာဘာဝနာအလုပ်ပွားများအားထုတ်သည်ရှိသော်မိမိစိတ်၏ငြိမ်သက်ခြင်း၊မိမိစိတ်၏ငြိမ်းခြင်းကိုရလေသလောဟုဆင်ခြသောအခါငါသည် ဝိပဿနာဘာဝနာအလုပ်ပွားများအားထုတ်သည်ဖြစ်မိမိစိတ်၏ငြိမ်သက်ခြင်း၊မိမိစိတ်၏ငြိမ်းခြင်းကိုရသည်ဟုသိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့်မဆက်ဆံသောဒုတိယဉာဏ်ကိုရပြီ။

၃။ဤသာသနာတော်မှအပ၌မိမိပွားများအားထုတ်သောဝိပဿနာနှင့်မိမိသိမြင်သည့်သစ္စာလေးပါးတရားတို့ကို သိမြင်သောသမဏဗြဟ္မဏတို့ရှိသေးသလောဟု ဆင်ခြင်သောခါဤသာသနာတော်မှအပ၌မိမိပွားများအားထုတ်နေသောဝိပဿနာနှင့်မိမိသိမြင်သည့်သစ္စာလေးပါးတရားတို့ကိုသိမြင်သောသမဏ၊ဗြဟ္မဏတို့မရှိဟုသိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့်မဆက်ဆံသောတတိယဉာဏ်ကိုရပြီ။

၄။ရဟန်းတို့အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်အာပတ်မှထနိုင်လောက်သောအာပတ်မျိုးသို့ရောက်စေကာမူ၊ ထိုအာပတ်ကိုလျှင်မြန်စွာပင်မြတ်စွာဘုရားထံဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေဒေသနာကြားသည်ဒေသနာကြားပြီး၍နောင်အခါစောင့်စည်းခြင်းသို့ရောက်၏။ဤကားအယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အစဉ်အလာတည်း။အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အစဉ်အလာနှင့်မိမိလည်းပြည့်စုံလေသလောဟုဆင်ခြင်သောအခါအယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အစဉ်အလာနှင့်မိမိလည်းပြည့်စုံကြောင်းသိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့် မဆက်ဆံသောစတုတ္ထဉာဏ်ကိုရပြီ။

၅။ရဟန်းတို့အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်သီတင်းသုံးဖော်တို့၏ထိုထိုဤဤအမှုကြီးငယ်တို့၌ကြောင့်ကြစိုကျနစေကောမူ၊အဓိသီလသိက်ခာ၊အဓိစိတ်တသိက်ခာ၊အဓိပညာသိက္ခာတို့၌အလွန်ငဲ့ကွက်ခြင်းရှိသည်။ဤကားအယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အစဉ်အလာပင်တည်း။ အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အစဉ်အလာနှင့်မိမိလည်း ပြည့်စုံလေသလောဟုဆင်ခြင်သောအခါအယူနှင့်ပြည်စုံသောပုဂ်ဂိုလ်၏အစဥ်အလာနှင့်မိမိလည်းပြည့်စုံကြောင်း သိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့်မဆက်ဆံသောပဉ္စမဉာဏ်ကိုရပြီ။

၆။ရဟန်းတို့အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်မြတ်စွာဘုရားဟောသောဝိနည်းတရားကိုဟောကြားလတ်သော် အလိုရှိသည်ကိုပြု၍နှလုံးသွင်း၍အလုံးစုံစိတ်ဖြင့်မှတ်သား၍နားစိုက်လျှက်တရားကိုနာသည်။ဤသည်ကား အယူနှင့်ပြည့်စုံသောပုဂ္ဂိုမ်၏အားတည်း။မိမိလည်း အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အားနှင့်ပြည့်စုံလေသလောဟုဆင်ခြင်သေအခါအယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏အားနှင့်မိမိလည်းပြည့်စုံကြောင်းသိသောသောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့်မဆက်ဆံသောဆဋ္ဌမဉာဏ်ကိုရပြီ။

၇။ရဟန်းတို့အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်မြတ်စွာဘုရားဟောသောဝိနည်းတရားကိုဟောကြားတော်မူလတ်သော်အနက်အဓိပ္ပါယ်နားလည်မှုကိုရ၏။စကားနားလည်မှုကိုရ၏။တရားနှင့်ဆက်စပ်သောဝမ်းမြောက်မှုကိုရ၏။ ဤကားအယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အားတည်း။အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏အားနှင့်မိမိလည်းပြည့်စုံလေသောဟုဆင်ခြင်သောအခါအယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏အားနှင့်မိမိလည်းပြည့်စုံကြောင်းသိသော သောတာပန်ပုဂ္ဂိုလ်သည်ပုထုဇဉ်နှင့်မဆက်ဆံသောသတ္တဉာဏ်ကိုရပြီ။

ဤအင်္ဂါ(၇)ပါးနှင့်ပြည့်စုံသောမြတ်စွာဘုရား၏တပည့်သာဝကသည်သောတာပတ္တိဖိုလ်နှင့်ပြည့်စုံသူဖြစ်သည်။ ဤသို့ဖြေပေးပါသည်။

4-6-2016- 23:13 PM

Aung Naing Oo

ဂေါတမမြတ်စွာဘုရားသည်လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပါသည်။ဒီပင်္ကရာမြတ်စွာဘုရားမှကဿပမြတ်စွာဘုရားလက်ထက်တော်အထိဘုရားပေါင်းမည်မျှပွင့်ခဲ့ပါသလဲ။

လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတာဘယ်လိုအတိုင်းအတာပါလဲ၊ကြားဖူးသမျှကတော့မတူညီတာတွေတွေ့နေရပါသည်။

။ ။ဦးသာသန

ဒီပင်္ကရာမြတ်စွာဘုရားမှကဿပမြတ်စွာဘုရားအထိမြတ်စွာဘုရားပေါင်း(၂၄)ဆူပွင့်တော်မူပါသည်။

လင်္ကာဆောင်ပုဒ်-လေးသင်္ချေနှင့် သိန်းနေစွန်းမြတ်ရေတွက်လက်မူ မည်မှတ်နာမ သင်္ချေယျကား သေလ-ဘာသ ဇေယျ-ရုစိ လေးပါးရှိ၏အာဒိသေလ သင်္ချေယျတွင် သာရမဏ္ဍ ကမ္ဘာမထပ် ဇိနဘုန်းထင် တဏှင်္ကရာတာ မဟာမေဓင် သရဏင်နှင့် ဒီပင်္ကရာ မြတ်စွာလေးဆူ ပွင့်တော်မူ၏။

နတ်လူတို့မှူး သုံးဦးဘုရား ဖူးပါငြားလည်း ညွတ်တွားကော်ရော် ဗျာဒိတ်တော်ကို ရှစ်ဖော်အင်္ဂါမစုံပါ၍ မနာလိုကျရ။

၁။နောက်စွန်းမှလျှင် ဖြူစွဉာဏ်ပါ သုမေဓာဟု ကျေညာကျော်လှစ် ရသေ့ဖြစ်၍ ရှင်ချစ်ဘုရားဆွမ်းခံသွားက ဖဝါးတော်ဦး ထိမူးမူးဝယ် သံကျူးမိန့်ရွတ် ဗျာဒိက်လွှတ်၏။

၂။မည်မှတ်သေလ သုဉ်းလေမှလျှင် သာရကမ္ဘာ ပေါ်သောခါဝယ် မည်သာကောဏ္ဍည သုံးလူဘ၌ဘုရားအလောင်း မင်းကောင်းစကြဝတေး နီးဝေးခေါ်ညိ ဝိဇိတာဂဝီဖြစ်ကြိုက် ဖူးလိုက်ကြည်အေး လှူကြီးပေးကာ ရှေးနှင့်တမျှ ဗျာဒိတ်ရ၏။

၃။ဘာသသင်္ချေ သုဉ်းပြန်လေမှ တည်ထွေကပ်မွန် သာရမဏ်၌ ဘုန်းသန်မင်္ဂလာ ပွင့်သောခါဝယ် မည်သာရုစိ ကိတ္တိထင်ရှား ပုဏ္ဏားဖြစ်တုံ စေစုံလှူတမ်း ဗျာဒိက်မွမ်း၏။

၄။ငြိမ်းချမ်းသုခ ပေးဝေငှသား သုမနဘုရားတခြားဆက်ကာ ဖြစ်သောခါလည်း မဟာနာဂအတုလဟု ဒေဝရေနတ် ဘုရားမြတ်၌ ဝတ်သန့်ရှင်း  ဗျာဒိတ်နှင်း၏။

၅။မည်ရင်းရေဝတ မြတ်ဇိန၌ တွင်ထမည်ရှိ အတိဒေဝ ဗြဟ္မဏလျှင် များလှကံကျွေး အလှူပေး၍ သံလေးဗျာဒိတ် ကျွန်းလုံးထိတ်၏။

၆။အမြိတ်ဆက်ထ သောဘိတဟု မည်ရဘုန်းတင် ပွင့်ခါတွင်လည်း လုလင်အဇိတ ဗြဟ္မဏဟု ကြီးလှလှူဆက် ဗျာဒိတ်ပြွတ်၏။

၇။ထိုထက်သုဉ်းက ဇေယျသင်္ချေ လွန်လေပညတ်ဝရကပ်ထက် သုံးရပ်ဦးစွန်း မည်မှန်းပေါက်ပြအနောမဒဿီ သိညီသစ္စာ ပွင့်သောခါဝယ် သေနာဒိဗ္ဗယက္ခအမှူး ဘီလူးဖြစ်ကြိုက် ဖူးရလိုက်၍ ကောင်းမြတ်လှူကြီး ဗျာဒိတ်ချီး၏။

၈။တသီစပ်ထ ပဒုမဟု လောကတန်ဆောင် ငါးမာရ်အောင်၍ တောတောင်ရန်လှစ် ခြင်္သေ့ဖြစ်၍ ကြည်ချစ်ရိုခ ဗျာဒိတ်ရ၏။

၉။နာရဒဘုန်းထင် ဆက်ကာပင်တည့် ပွင့်စင်တုံ၍ရေသေ့ဖြစ်ခါ ဖူးရပါက များစွာလုပ်ကျွေးဗျာဒိတ်ပေးသည် ကြော့သွေးပွဲနှံ့ မိန့်သတည်း။

၁၀။ထို့နောက်ရုစိ မည်ရှိသင်္ချေ သုဉ်းပြန်လေမှခေါ်ထွေသာရ ကမ္ဘာမထက် ပဒုမုတ္တရ ကြီးတေဇနှင့် ပွင့်ထသစ္စာ ထိုရောခါဝယ် မဟာသေန ဇဋိလဟုမည်ရသူဌေး အလှူပေး၍ စည်းဝေးပွဲပြင်ဗျာဒိတ်ထင်၏။

၁၁။ထိုတွင်ဆင့်လောင်း သုံးသောင်းကပ်ပသုဉ်းလေမှလျှင် မဏ္ဍကမ်ဘာ ပေါ်သောခါဝယ်သုမေဓာဘုရား ထင်ရှားဖြစ်က ဥတ္တရဟု နာမမည်စစ်လုလင်ဖြစ်၍ ကြည်ချစ်လှူကပ် ဗျာဒိတ်ထပ်၏။

၁၂။မလပ်ဆင့်ကာ သုဇာတာဟု မြတ်စွာဘုန်းရှိပွင့်တုံပြီးလည်း ကြီးဘိတန်ခိုး လေးကျွန်းစိုးသားဘုန်းဖြိုးသနင်း စကြာမင်းလျှင် သတင်းနီးဝေးလှူကြီးပေး၍ မြတ်လေးရွှင်လန်း ဗျာဒိတ်ညွှန်း၏။

၁၃။တခန်းစင်စစ် တဆယ့်ရှစ်လျှင် သုဉ်းလစ်တုံထွန် ကမ္ဘာလွန်က တတန်ဝရ ကမ္ဘာမထက် ပိယဒဿီ ပွင့်ချိန်ဆီဝယ် အညီခေါ်ကြ ကဿပ-ဟု ဗြဟ္မဏစစ် ပုဏ္ဏားဖြစ်၍ အလှစ်ဥစ္စာ လှူပြီးစွာမှ တခါလည်းကောင်းဗျာဒိတ်လောင်း၏။

၁၄။ထိုနှောင်းအတ္ထ ဒဿီမှလည်း သုသိမရသေ့ ဖြစ်၍လှူလှူ ပူဇော်ပြုက အောင်ဆုပေးတုံ ဗျာဒိတ်ပုံ၏။

၁၅။ကြိုက်ဆုံနောက်မှ ဓမ္မဒဿီ နှစ်ပါးညီဝယ် မိုးဆီတောင်ထွဋ် သိကြားနတ်ရှင် ကြည်ညွတ်ပူဇော် ဗျာဒိတ်ဖော်၏။

၁၆။ထိုရော်နောက်မှာ လေးကမ္ဘာလျှင် သုဉ်းရှာလေမှ သာရကပ်တွင် မည်ထင်သိဒ္ဓတ် ပွင့်ပေလတ်ကကြီးမြတ်တန်ခိုး ကျော်ဟိုးမည်သာ မင်္ဂလာရသေ့ဖူး၍ကြည်ဖြူ အလှူပေးထွန် ဗျာဒိတ်ပြန်၏။

၁၇။တတန်လွန်ခဲ့ ကိုးဆယ့်နှစ်ကမ္ဘာ သုဉ်းပြီးစွာမှ မည်သာပညတ် မဏ္ဍကပ်ထက် လူ့ရပ်ပေါက်ပြ တိဿမည်ဇာစ် ဘုရားဖြစ်က ဧကရာဇ်မင်းထန်ပြင်းအာဏာ သုဇာတာဟု ထိုခါဖြစ်ပြီး အလှူကြီးဖြင့် ဆုသီးရည်စောင် ဗျာဒိတ်ဆောင်၏။

၁၈။ထိုနောင်ဖုဿ ပွင့်လေကလည်း ဝိဇိတာဝီ လျှံညီသတင်း ပြည့်ရှင်မင်းလျှင် လှူခြင်းဆန်းထူး ဗျာဒိတ်ကျူးသည် ကျေးဇူးထွန်းပ မြူးစံတည်း။

၁၉။ဤကမ္ဘာမှ ဧကန်လွန်လေ ကိုးဆယ်ထွေ၌ခေါ်ထွေတွင်ထ ကပ်သာရထက် လောကအထွဋ်ဝိပဿီမည်ထင် ပွင့်ထုံကျင်သော် ရေတွင်ပိုင်သအစိုးရသား အတုလမည်ရင်း နဂါးမင်းလျှင်ညွတ်ခြင်းပူဇော် ဗျာဒိတ်ကျော်၏။

၂၀။ထိုရော်သုဉ်းပြန် ခြောက်ဆယ်လွန်၍ကပ်ကျန်သုံးဆယ် တစ်ခုဝယ်၌ ခေါ်ဖွယ်မည်ရကပ်မဏ္ဍထက် လောကထွက်တင် သိခီတွင်သားချစ်ရှင်မြတ်စွာ ဖြစ်သောခါ၌ ရာဇာအရိန္ဒမကြီးလှလှူမျိုး ဗျာဒိတ်ပျိုး၏။

၂၁။တန်ခိုးကြီးထူ ဝေဿဘူဟု နတ်လူဦးစွန်းဆက်ကာထွန်းက မည်မှန်းခေါ်မှတ် သုဒဿန နရိန္ဒဟု ဖြစ်ထတုံထွန် အလှူသန်၍ တတန်ပေးထပ်ဗျာဒိတ်အပ်၏။

၂၂။အလပ်ထို့နောက် သုံးဆယ်မြောက်သားချိန်ရောက်ကမ်ဘာ သုဥ်းပြီးစွာမှ မဟာဘဒ်ဒ ကပ်ပမြတ်စွာ ဤကမ်ဘာထက် မည်သာကျော်ဝှန်းကကုသန်ဟု မြတ်မွန်ရှင်ချစ် ပွင့်ပေလစ်က ကျော်လှစ်ခေမာ မင်းမြတ်စွာလျင် လှူရာစေ့စုံအကုန်ပြန်ပြော ဗျာဒိတ်ဟော၏။

၂၃။ရှင်စောဖုံဖုံ ကောဏဂုံလျှင် ပွင့်ထိုကာလ ပဗ္ဗတဟု နရရန်နှင်း လူမင်းစောထီး အလှူကြီးဖြင့်ကောင်းချီးပေးတင့် ဗျာဒိတ်ဆင့်၏။

၂၄။ဘုန်းရင့်မြတ်လှ ကဿပဟု လူဘထွက်ခေါင်ငါးမာရ်အောင်က ပွဲအောင်နှံ့သိ ဇောတိပါလ ဗြဟ္မဏဟု မည်ရလုလင် ဖူးတွေ့မြင်၍ ကြည်ရွှင်ရိုသေ ရှင်ပြုလေသော် ပေးထွေမကျန် ဗျာဒိတ်စွန်ဖြင့်ပွင့်ရန်ချိန်ထောက် အပြီးရောက်၏။

ဤကားဒီင်္ကရာမြတ်စွာဘုရားမှကဿပမြတ်စွာဘုရားအထိပွင့်တော်မူခဲ့သောမြတ်စွာဘုရားများဖြစ်သည်။

လေးအသင်္ချေဆိုတာ

၁။သေလအသင်္ချေ။

၂။ဘာသအသင်္ချေ။

၃။ဇေယျအသင်္ချေ။

၄။ရုစီအသင်္ချေတို့ဖြစ်သည်။

၄င်းအသင်္ချေများကိုရေတွက်လိုက်သောအခါလူအများတို့လွယ်ကူစွာမှတ်သားနိုင်စေရန်ဆရာများကမိန့်ဆိုခဲ့သောနည်းများထဲမှနည်း(၃)မျိုးကိုဖော်ပြပေးပါမည်။

၁။ကမ္ဘာအကုဋေတို့ဖြင့်ကုဋေတစ်ရာကုဋေတစ်ထောင်ကုဋေတစ်သောင်းကုဋေတစ်သိန်းကုဋေတစ်သန်းဟူ၍ မရေတွက်နိုင်အောင်သဒ္ဒါကျမ်း၌တစ်နောက်သုညတစ်ရာ့လေးဆယ်ဂဏန်းသင်္ချာဖွဲ့၍ရေတွက်မှသာလျှင် တစ်သင်္ချေဖြစ်သည်။

၂။အစောက်ယူဇနာရှစ်သောင်းနှစ်ထောင်၊အဝန်းယူဇနာသုံးသန်းခြောက်သိန်းတစ်သောင်းသုံးရာ့ငါးဆယ်ရှိစကြာဝဠာတိုက်ပြည့်အောင်သုံးနှစ်တိုင်တိုင်နေ့ညဉ့်မစဲရွာသောမိုးရေပေါက်နှင့်အမျှသည်တစ်သင်္ချေဖြစ်သည်။

၃။အလျားအရှည်အဝန်းအားဖြင့်ကောက်နယ်တလင်း အတိုင်းအရှည်အားဖြင့်ယူဇနာနှစ်သိန်းလေးသောင်းရှိသောမြေကြီးကိုပရမာဏုမြူမျှသာပြု၍ထိုထိုမြူမှုန်နှင့် အမျှသည်တစ်သင်္ချေဖြစ်သည်။ဤသို့တိုင်းတာရေတွက်ပါသည်။

Aung Naing Oo

တပည့်တော်နားလည်တာကကမ္ဘာတစ်သိန်းနှင့်လေးအသင်္ချေဆိုတာအခုဘဒ္ဒကမ္ဘာသက်တမ်းမှာလေးသင်္ချေ ပါရမီဖြည့်တာလို့ထင်မိတာပါ။

ကမ္ဘာတစ်သိန်းအတွင်းမှာ(၂၄)ဆူပွင့်တာဖြစ်နိုင်ပါတယ်။ ကမ္ဘာလေးသင်္ချေနှင့်တစ်သိန်းလို့သူများတွေပြောတာ သဘာဝမကျသလိုဖြစ်နေလို့မရှင်းလို့မေးတာပါဘုရား။

20-6-2016-09:10 AM

ရွှေမြသာ

အရှင်မဟာကဿပရဲ့ဓုတင်တစ်ဆယ့်သုံးပါးအကြောင်းရှင်းပြပေးပါဘုရား။

။ ။ဦးသာသန

၁။ပံသုကူဓုတင်

ဒါယကာတို့လှူသောသင်္ကန်းကိုပယ်၍မြေပုံမှာလွှားမြေမှုံအားနှယ်စက်ဆုပ်ဖွယ်သို့ရောက်သောသင်္ကန်းကိုဆောင်ခြင်း။

၂။တိစီဝရိတ်ဓုတင်

ဝတ်လောက်ရုံလောက်သောလေးထည်မြောက်သင်္ကန်းကို ပယ်၍သင်းပိုင်၊ဧကသီ၊ဒုကုဋ်ဟူသောသင်္ကန်းသုံးထည်ကိုသာဆောင်ခြင်း။

၃။ပိဏ္ဍပါတ်ဓုတင်

ဆွမ်းဘောဇဉ်မှအပိုအလွန်ဖြစ်သောလာဒ်ကိုပယ်၍ စားဖွယ်ဘောဇဉ်အပေါင်း၏သပိတ်၌ကျခြင်း၊ဆွမ်းအလို့ငှါသွားလာလှည့်လည်ခြင်း၊အကျင့်ရှိသောသူ၏ အကြောင်းဆောက်တည်မှုစေတနာကိုဆောင်ခြင်း။

၄။သပဒါနစာရိကဓုတင်

အိမ်စဉ်ဖြတ်ကျော်လျှက်ပေါ်သွားခြင်းကိုပယ်၍ အိမ်စဉ်ဆွမ်းရပ်ခြင်းအလေ့အကျင့်ရှိခြင်း။

၅။ဧကာသနိတ်ဓုတင်

လှည့်လည်ကူးပြောင်းအထူးထူးသောနေရာ၌စားခြင်းကိုပယ်၍တစ်နေရာတည်း၌စားခြင်း။

၆။ပတ္တပိုဏ်ဓုတင်

တနှစ်ခုမြောက်သောသပိတ်ခွက်ကိုပယ်၍၊တစ်ခွက်တည်း၌သာဆွမ်းကိုခံယူခြင်း။

၇။ခလုပစ်ဆာဘတ်တိကဓုတငျ

ဂိလာနပုဂ္ဂိုလ်၊ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ပိုလွန်ကြွင်းကျန်သောဘောဇဉ်ကိုပယ်၍ပယ်မြစ်ရာကာလ၏နောက်မှရအပ်သောဆွမ်းကိုစားလေ့မရှိခြင်း။

၈။အာရညကဓုတင်

ရွာနီးကျောင်းကိုပယ်၍တောကျောင်း၌နေခြင်း။

၉။ရုက္ခမူဓုတင်

ကျောက်၊သစ်ရွက်၊မြက်၊အင်္ဂတေ၊အုတ်ဟူသောအမိုးပယ်၍သစ်ပင်ရင်း၌နေခြင်း။

၁၀။အဗ်ဘောကာသိဓုတင်

ကျောက်၊သစ်ရွက်၊မြက်၊ အင်္ဂတေ၊အုတ်ဟူသောအမိုးတို့ကို၎င်း၊သစ်ပင်၏အနီးအောက်ကို၄င်းပယ်၍လွင်တီးခေါင်ဟင်းလင်းပြင်၌နေခြင်း။

၁၁။သောသာနိကဓုတင်

သချိုင်းမဟုတ်သောအရပ်ကိုပယ်၍သချိုင်း၌နေခြင်း။

၁၂။ယထာသျန္တိဓုတင်

တစေထုံရှောင်းကောင်းမကောင်းစုံစမ်းမေးမြန်းခြင်းကြည့်ရှုခြင်းဟူသောကျောင်း၌လျှပ်ပေါ်ခြင်းကို ပယ်၍ခင်းထားတိုင်းသောနေရာအလားရှေ့ဖျားညွန်းပြချထားတိုင်းသောကျောင်း၌နေခြင်း။

၁၃။နေသရွိကဓုတင်

လျှောင်းအိပ်ခြင်းကိုပယ်၍နေခြင်းတို့ဖြစ်သည်။

7-6-2016-22:48 PM

Yadanarzaw Minn

ဦးဇင်းသာသနမင်္ဂလာပါဘုရား။တပည့်တော်ပုဂ္ဂိုလ်(၄)မျိုးနဲ့သာသနာကျန်ခဲ့ပုံကိုဆက်စပ်ပြီးသိချင်ပါသည်ဘုရား။၄င်းပုဂ္ဂိုလ်(၄)မျိုးကတော့

၁။ ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်

၃။ နေယျပုဂ္ဂိုလ်

၄။ ပဒပရမပုဂ္ဂိုလ်

။ ။ဦးသာသန

၁။ဥဂ္ဃါဋိတညူပုဂ္ဂိုလ်-တစ်နေရာတည်း၌တရားတော်ကို အကျဉ်းနာကာမျှဖြင့်သစ္စာသိမဂ်ဖိုလ်ရသောပုဂ္ဂိုလ်။

၂။ဝိပဉ္စိတညူပုဂ္ဂိုလ်-တစ်နေရာတည်း၌တရားတော်ကို အကျယ်နာကာမျှဖြင့်သစ္စာသိမဂ်ဖိုလ်ရသောပုဂ္ဂိုလ်။

၃။နေယျပုဂ္ဂိုလ်-တနေရာတည်း၌တရားတော်ကိုအကျဉ်းအကျယ်နာကာမှုဖြင့်သစ္စာသိမြင်မှုမရှိ၊ယခုဘဝမှာကလျာဏမိတ်ဆည်းကပ်တရားနာအဖန်ဖန်တရားအလုပ်အားထုတ်ပါမှယခုဘဝမှာပင်သစ္စာသိမဂ်ဖိုလ်ရသော ဂေပုဂ္ဂိုလ်၄င်းတတိယမြောက်နေယျပုဂ္ဂိုလ်များကျန်ရှိနေသေးသောကြောင့်သာသနာတည်ရှိနေခြင်းဖြစ်ပါသည်။ နေယျပုဂ္ဂိုလ်များမရှိတော့လျှင်တည်ရှိနေသောသာသနာကွယ်ပါမည်။

၄။ပဒပရမပုဂ္ဂိုလ်-ဂေါတမမြတ်စွာဘုရားသာသနာတော်မှာအကျွတ်တရားမရ၊သစ္စာမသိ၊မဂ်ဖိုလ်မရသော သံသရာခရီးသည်များသာဖြစ်ကြောင်းဖြေပေးပါသည်။

Yadanarzaw Minn

သာဓု သာဓု သာဓု။

8-6-2016 00:2 PM

Yadanarzaw Minn

ဦးဇင်းဘုရားအနုဗောဓဉာဏ်နှင့်ပဋိဝေဓဉာဏ်ကို အကျယ်ဝိတ္တာရအားဖြင့်ရှင်းပြပေးတော်မူပါအရှင်ဘုရား။

။ ။ဦးသာသန

အနုလောမဉာဏ်ဆိုတာရှိသည်။အနုဗောဉာဏ်ဆိုတာ သီးသန့်နာမည်မရှိပါ။အဆင့်ဆင့်သိလာသောဉာဏ်ကို အနုဗောဉာဏ်ဟုခေါ်ဝေါ်သုံးစွဲခြင်းသာဖြစ်ပါသည်။ အဆင့်ဆင့်သိပုံမှာသမ္မသနဉာဏ်မှအနုလောမဉာဏ်အထိသိလာသောဝိပဿနာဉာဏ်စဉ်များဖြစ်ပါသည်။ အနုလောမဉာဏ်ဆိုတာသင်္ခါရုပေက္ခာဉာဏ်ဖြင့်သင်္ခါရတို့၌လျစ်လျူရှုကာအနိစ္စ၊ဒုက္ခ၊အနတ္တဟုရှုဖန်များလက်သော်သင်္ခါရတို့ကိုအာရုံမပြုလိုပဲသင်္ခါရတို့မှတွန့်ဆုတ်လျှက်သင်ခါရကင်းရာနိဗ္ဗာန်ကိုသာစိတ်ကညွှတ်နေတော့သည်။သို့သော်နိဗ္ဗာန်ကိုတိုက်ရိုက်မမြင်ရသေးသဖြင့်နိဗ္ဗာန်ကိုရှာဖွေရင်းဖြင့်သင်္ခါရတို့ကိုအာရုံပြုနေရသေးသည်။နိဗ္ဗာန်ကိုမြင်နိုင်လောက်သောအကြိမ်၌ကား ပရိကံ၊ဥပစာ၊အနုလုံဟုအနုလောမဉာဏ်ပေါ်လာသည်။ ထိုဉာဏ်ကိုအနုလောမဉာဏ်ခေါ်ပါသည်။

ပဋိဝေဓဥာဏ်ဆိုတာသီးသန့်နာမည်မရှိပါဘူး။မဂ်ဉာဏ်ကိုပင်ပဋိဝေဓဉာဏ်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ အနုလောမဉာဏ်ဖြစ်ပြီးတာနဲ့ဂေါတြဘုဉာဏ်ဖြစ်ပါသည်။ဂေါတြဘုဉာဏ်ဖြစ်ပြီးကမဂ်ဉာဏ်ဖြစ်ပေါ်လာပါသည်။ထိုဖြစ်ပေါ်လာသောမဂ်ဉာဏ်ကိုပဋိဝေဓဉာဏ်ဟုခေါ်ဆိုကြောင်းဖြေပေးပါသည်။

Yadanarzaw Minn

ကျေးဇူးတင်ပါသည်ဘုရား။မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားသောတရားထဲမှရှင်းလင်းသေချာစွာ သိလို၍ဖြစ်ပါသည်။ဆရာတော်ဘုရားကြီးဟောထားတာက၁။အနုဗောဓဉာဏ်၂။ပဋိဝေဓဥာဏ်အနုဗောဓဉာဏ်ဟာဆရာသမားဆီကဥပမာခန္ဓာအနိစ္စလို့ ဟောလိုက်တော့မိမိကလည်းခန္ဓာအနိစ္စလို့မြင်ရတာကို၊ ဉာဏ်စဉ်လျှောက်ကြီးတဆင့်စကားနဲ့မြင်ရတာကိုပြောပါသည်။ပဋိဝေဓဉာဏ်ကတော့ဆရာသမားဟောကြားထားသည့်အတိုင်းခန္ဓာဉာဏ်ရောက်အားထုတ်လိုက်လို့ဒုက္ခအဆုံးမြင်တဲ့ဥာဏ်လို့ပြောပါသည်။ဒါကြောင့်ဦးဇင်းဖြေတဲ့မဂ်ဥာဏ်နဲ့အတူတူဖြစ်နေတာကိုသိရပါသည်။

အနုဗောဓဉာဏ်ကလည်းဦးဇင်းဖြေသောအ၀းဆင့်ဆင့် သိသောဥာဏ်ဆို၍ဆရာတော်ဘုရားကြီးကလည်းဆရာသမားဆီကနည်းနာယူ၍ခန္ဓာဉာဏ်စဉ်လျှောက်သည်ကို

ဆိုသဖြင့်တူပါ၏ဘုရား။

သာဓု...သာဓု...သာဓုပါဘုရား။

7-6-2016-10:18AM

Yadanarzaw Minn

ဦးဇင်းကျန်းမာပါစေဘုရား။တပည့်တော်တခုလောက်မေးပါရစေဘုရား။မြတ်စွာဘုရားပရိနိဗ္ဗာန်စံကာနီးမှာ သက္ကတိုင်းနာတိကရွာမှာဘုရားကဓမ္မဒါသမှန်တရားဟောခဲ့ပါတယ်။၄င်းမှန်တရားအကြောင်းရယ်၊ပရိနိဗ္ဗာန်မစံမီ လအလိုလား၊ရက်အလိုလား၊ခန့်မှန်းလား၊သဲကွဲစွာသိ ချင်ပါသည်ဘုရား။ပရိနိဗ္ဗာန်မပြုမှီတခြားတိုင်းတွေရော၊ တရားဟောကြွခဲ့သေးသလားသိချင်ပါသည်ဘုရား။ ဓမ္မဒါသကတော့မဟာပရိနိဗ္ဗာနသုတ်ကလို့သိရပါသည်ဘုရား။

။ ။ဦးသာသန

သက္ကတိုင်းဆိုတာမြတ်စွာဘုရားဖွားတော်မူရာကပိလ၀တ်နေပြည်တော်တည်ရှိနေသောတိုင်းဖြစ်ပါသည်။နာတိကရွာကသက္ကတိုင်းအတွင်းမှာပါဝင်သောရွာမဟုတ်ပါ။ဝဇ္ဇီတိုင်းမှာပါဝင်ပါသည်။ဒီဃနိကာယ်၊ဇဝနသဘသုတ်၌ဟောကြားသောနာတိကရွာသည်အရိယာများစွာတို့နေထိုင်သောရွာကြီးဖြစ်သည်။

၄င်းနာတိကရွာ၌အနာဂါမ်တည်ပြီးသူ(၅၀)၊သကဒါဂါမ်တည်ပြီးသူ(၉၀)၊သောတာပန်တည်ပြီးသူ(၅၀၀)တို့ နေထိုင်သောရွာကြီးဖြစ်ပါသည်။

မြတ်စွာဘုရားဝဇ္ဇီတိုင်းဒေသစာရီခရီးစဉ်ကြွတော်မူသောအခါကောဋိရွာ၌ကျွတ်ထိုက်သောသတ္တဝါတို့အလိုက်နေထိုက်သမျှနေတော်မူပြီးနာတိကရွာသို့ ကြွတော်မူသည်။

ထိုရွာ၌သီတင်းသုံးနေတော်မူစဉ်အရှင်အာနန္ဒာသည် ကွယ်လွန်ပြီးသောရဟန်းယောက်ျား၊ရဟန်းမိန်းမ ဥပါသကာ၊ဥပါသိကာမတို့၏ရောက်ရာဂတိကိုမြတ်စွာဘုရားအားမေးလျှောက်သည်။

မြတ်စွာဘုရားကထိုပုဂ္ဂိုလ်တို့၏ရောက်ရာဂတိကိုဖြေတော်မူသည်။ဖြေတော်မူပြီးသောအခါမြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာကိုမိန့်တော်မူပါသည်။ချစ်သားအာနန္ဒာကွယ်လွန်တိုင်းသောပုဂ္ဂိုလ်တို့၏ရောက်ရာဂတိကိုမေးကြလျှင်ဖြေပေးရသော ငါဘုရားကိုယ်တော်မြတ်ပင်ပန်းရုံသာရှိသည်။ မည်သူကိုမျှမမေးရပဲမိမိကိုယ်ကိုမိမိရောက်ရာဂတိကိုဆုံးဖြတ်နိုင်ဖို့ဓမ္မဒါသကိုငါဘုရားဟောကြားပြသတော်မူမည်။

၁။ဗုဒ်ဓအဝစ်ေစပသာဒ

၂။ဓမျမအေဝစျစေပသာဒ

၃။သံဃအေဝစ်ေစပသာဒ

၄။သီလသမ္ပတ္တိ၄င်းလေးပါးသောအင်္ဂါနှင့်ပြည့်စုံသောရဟန်းယောက်ျား၊ရဟန်းမိန်းမ၊ဥပါသကာ၊ဥပါသိကာမ တို့သည်မိမိကိုယ်ကိုမိမိစဉ်းစား၍ကြည့်သောအခါငါငရဲမှလွတ်ပြီဟုသိမြင်နိုင်သောတရားမှန်ဖြစ်သည်။

၄င်းတရားမှန်ကိုကြည့်၍မိမိကိုယ်ကိုငရဲဘဝကုန်ပြီ၊ တိရစ္ဆာန်ဘဝကုန်ပြီ၊ပြိတ္တာဘဝကုန်ပြီ၊သောတာပန်ဖြစ်ပြီဟုဖြေနိုင်သည်။ ဤကဲ့သို့သောဒေသနာတော်ကိုဟောကြားတော်မူခဲ့ပါသည်။

၄င်းဒေသနာတော်ကိုပရိနိဗ္ဗာန်မပြုမှီလပိုင်းအလိုလောက်မှာဟောကြားကြောင်းဆိုင်ရာသာဓကများကိုထောက်ဆခန့်မှန်းပါသည်။ပရိနိဗ္ဗာန်ပြုကာနီးကာလများ၌ဝဇ္ဇီတိုင်းမှတစ်ပါးသောတိုင်းများသို့ဒေသစာရီခရီးကြွချီ၍ တရားဟောတော်မမူပါ။ပရိနိဗ္ဗာန်မပြုမှီအာယုသင်္ခါရလွှတ်ချိန်မှစ၍သုံးလအတွင်းဒေသစာရီသွားခဲ့သော နေရာများမှာဝေသာလီပြည်စာပါလစေတီ၊ မဟာဝုန်တောကူဋဂါရသာလာ၊ဘဏ်ဍရှာ၊ဟတ်ထိရှာ၊အမျဗရှာ၊ဇမ္ဗူရွာ၊ဘောဂမြို့အာနန္ဒာစေတီ၊ပါဝါမြို့မှတဆင့် ကုသိနာရုံသို့ဒေသစာရီခရီးကြွတော်မူပါသည်။

ပြီးပါပြီ။

8-6-2016- 4-21-25 AM

၁။ ပုဗ္ဗကိစ္စ ၁၀-ပါး

၁။ နာမဂ္ဂါဟကိစ္စ ဥပဇ္ဈာယ်ဆရာတော်နှင့် ရဟန်းလောင်းတို့အား အမည်မှည့်ခြင်း၊

၂။ ဥပဇ္ဈာယဂ်ဂါဟနကိစ္စ ဥပဇ္ဈာယ်ယူခြင်း၊

၃။ ပတ္တစီဝရာစိက္ခနကိစ္စ

၄။ ဟတ္ထပါသတော ဗဟိကရဏကိစ္စ =

၅။ အနုသောသကသမ္မုတိကိစ္စ

၆။ အနုသာသနကိစ္စ •

၇။ သြသာရဏကိစ္စ •

၈။ ဥပသမ္ပဒါယာစာပနကိစ္စ =

၉။ အန္တရာယိကဓမ္မ ပုစ္ဆကသမ္မုတိကိစ္စ -

၁၀။ သမ္မတေန ပုစ္ဆနကိစ္စ

ရဟန်းလောင်း ဆုံးမခန်း

၁။ နာမဂ်ဂါဟနကိစ္စ=ဥပဇ္ဈာယ်ဆရာတော်နှင့်ရဟန်းလောင်းတို့ကိုအမည်မှည့်ခြင်း ကိစ္စ။

ယခုအခါ၌ဥပသမ္ပဒကံလွယ်လွယ်ကူကူရွက်ဆောင်ရန်အကျိုးငှာဥပဇ္ဈာယ်ဆရာတော် အဖြစ် ဆောင်ရွက်တော်မူမည့်ဆရာတော်ဘုရား ကြီး၏ အမည်ကို “အရှင်တိဿမဟာထေရ်”ဟုမှည့်ပါ၏၊ ဥပသမ္ပဒဥတ်, ကမ္မဝါစာရွတ်ဖတ်ရာ၌ “အာယသမတော တိဿ,အာယသမတာ တိဿနေ”ဟုရွတ်ဖတ်လျှင် ရဟန်းလောင်းက မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီး၏ အမည် ကို ဖတ်သည်ဟုမှတ်၊ ဥပဇ္ဈာယ်ဆရာတော်ဘုရားနှင့် ကာရကသံဃာတော်များကလည်း ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီး၏အမည်ကို ဖတ်သည်ဟု မှတ်တော်မူကြပါဘုရား၊

ရဟန်းလောင်း၏အမည်ကို “နာဂ”ဟု မှည့်ပါ၏၊ ဥပသမ္ပဒဥတ်,ကမ္မဝါတရွတ်ဖတ်ရာ၌ - “နာဂေါ, နာဂံ, နာဂဿ”ဟု ရွတ်ဖတ်သည်ရှိသော်ရဟန်းလောင်းက မိမိ၏နာမည်ကို ဖတ်သည်ဟု မှတ်ပါ ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီးနှင့်တကွ ကာရကသံဃာတော် အရှင်မြတ်များကလည်း ထို့အတူမှတ်တော်မူကြပါဘုရား၊

၂။ ဥပဇ္ဈာယဂ္ဂါဟဏကိစ္စ = ဥပဇ္ဈာယ်ဆရာတော်အဖြစ် ဆောင်ရွက်ပေးဖို့လျှောက်ထားခြင်းကိစ္စ။

ပဌမံ ဥပဇ်ဈံ ဂါဟာပေတဗ္ဗာ-ဟူသော ဒေသနာတော်အရ ငါ့ရှင် ရဟန်းလောင်း "ဥပဇ္ဈာယ်ဆရာမရှိသော ရဟန်းများသည် ဥပဇ္ဈာယ်ဆရာတော်၏ပစ္စယာနုဂ္ဂဟ,ဓမ္မာနုဂ္ဂဟတို့ဖြင့် ချီးမြှောက်မှုကို မရရှိသဖြင့် ဝတ်ရုံပုံ စားသောက်ပုံနေထိုင်ပုံမှ စ၍ အစစအရာရာ အချိုး မကျ အဆင်မပြေ ကြည်ညိုဖွယ်ဂုဏ်ကိုမဆောင်နိုင်ကြ၊ ဒကာ, ဒကာမများ၏ ကြည်ညိုလေးစားမှုကို ဖခံယူကြရသဖြင့်သာသနာတော်၌ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ဖြင့် ကြီးပွားခြင်းမရှိကြသောကြောင့် ဘုရားရှင်က “ဥပဇ္ဈာယ်ဆရာမရှိသောရဟန်လောင်းကို ရဟန်းခံမပေးရ"ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့တယ်။ အဲဒါကြောင့်ဆရာတော်ဘုရားကြီးကို “ဥပဇ္ဈာယ်ဆရာတော်အဖြစ်ဆောင်ရွက်ပေးတော်မူပါဘုရား”လို့ လျှောက်ထားပါ။

အရှင်မြတ်ဘုရား ... ဆရာတော်ဘုရားသည် တပည့်တော်ကို အပြစ်ကြီး,အပြစ်ငယ်တို့ကို မတွယ်မကပ်ရအောင် အမြဲမပြတ် ကြည့်ရှုဆုံးမတော်မူသည့် ဥပဇ္ဈာယ်ဆရာတော်အဖြစ် ဆောင်ရွက်ပေးတော်မူပါဘုရား။

(သုံးခေါက် လျှောက်ပါ)

ဒကာ, ဒကာမများဖူးမြင်ရလျှင် ကြည်ညိုဖွယ်ကို ခံယူနိုင်သည့် ကိုယ်အမူအရာ, နှုတ်အမူအရာတို့ဖြင့် အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပြည့်စုံအောင် ဖြည့်ကျင့်နေရမည်။

နေထိုင်ပါမည်ဘုရား။

၃။ ပတ္တစီဝရာစိက္ခနကိစ္စ = သပိတ်, သင်္ကန်း ပြောကြားခြင်းကိစ္စ။

ဥပဇ်ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗ ံဟူသောဒေသနာတော်အရ ဥပဇ္ဈာယ်ဆရာတော်အဖြစ် ဆောင်ရွက်ပေးဖို့ လျှောက်ထားပြီးနောက် “ငါ့ရှင် ရဟန်းလောင်း၏ ကိုယ်ပိုင် သပိတ်, သင်္ကန်းမရှိလျှင်ရဟန်းခံမပေးရ”-ဟု ဘုရားရှင်က မိန့်ကြားတော်မူခဲ့တယ်။ အဲဒါကြောင့်ငါ့ရှင်ပိုင်ဆိုင်ထိုက်တဲ့ ကိုယ်ပိုင်သပိတ်, သင်္ကန်းကို ပြောကြားပါမယ်။

အယံ တေ ပ​ေတ္တာ =ငါ့ ရှင် ရဟန်းလောင်း ငါ့ရှင်ရှေ့၌ရှိသော ဤသပိတ်သည် ရဟန်းဒါယကာ ဦးရဟန်းဒါယိကာမ ဒေါ်မိသားစုတို့က နိဗ္ဗာန်ကိုရည်မှန်း၍ငါ့ရှင်အား သဒ်ဓာကြည်ဖြူ ပေးလှူပြီးဖြစ်သောကြောင့် လိုတိုင်းပြုနိုင် များမဆိုသည့် ငါ့ရှင်၏ ကိုယ်ပိုင် သပိတ်ပေတည်း။ ကိုယ်ပိုင်သပိတ်ဟု မှတ်ထားပါ။

( အာမ ဘန္တ)

အယံ သံဃာဋိ = နှစ်လွှာနှစ်ထပ် ချင်းချင်းစပ်၍ချုပ်ထားအပ်သော ဤဒုကုဋ်သင်္ကန်းကြီးသည်နိဗ္ဗာန်ကိုရည်မှန်း၍ငါ့ရှင်အား သဒဓာကြည်ဖြူပေးလှူပြီးဖြစ်သောကြောင့် ငါ့ရှင်ပိုင်ဆိုင်သည့် ကိုယ်ပိုင်နှစ်ထပ်သင်္ကန်းကြီးဟု မှတ်ထားပါ။

အယံ ဥတ္တရာသ​ေင်္ဂါ = ငါ့ရှင် ရဟန်းလောင်း ငါ့ရှင်ပခုံးပေါ်၌ တင်လွှမ်း၍ ဆင်မြန်းဝတ်ရုံထားသည့် ဤဧကသီ သင်္ကန်းသည်နိဗ္ဗာန်ကိုရည်မှန်း၍ငါ့ရှင်အား သဒ္ဓါကြည်ဖြူ ပေးလှူပြီး ဖြစ်သောကြောင့် ငါ့ရှင် ပိုင်ဆိုင်သည့်ကိုယ်ပိုင်ဧကသီသင်္ကန်းဟု မှတ်ထားပါ။

အယံ အန္တရဝါသကော = ငါ့ရှင် ရဟန်းလောင်းငါ့ရှင်၏ ခါးအရပ်၌ဝတ်ထားအပ်သော အစချင်းဆိုင် ဤသင်းပိုင်သည်နိဗ္ဗာန်ကိုရည်မှန်း၍ငါ့ရှင်အား သဒ်ဓာကြည်ဖြူ ပေးလှူပြီးဖြစ်သောကြောင့် ငါ့ရှင်ပိုင်ဆိုင်သည့် ကိုယ်ပိုင်သင်းပိုင်သင်္ကန်းဟု မှတ်ထားရမည်။

( အာမ ဘန္တ)

၄။ ဟတ္ထပါသဗတိကရဏကိစ္စ -

ဂစ္ဆ အမုမှိ ဩကာသေ တိဌာဟိ = ငါ့ရှင် ရဟန်းလောင်း ငါ့ရှင်ကိုရဟန်းခံပေးရာ၌ ငါ့ရှင်၏ ခန္ဓာကိုယ်၌ ငါ့ရှင်၏ ရဟန်းဖြစ်/မဖြစ် ဥပဇ္ဈာယ်ဆရာတော်ဘုရားနှင့် ကာရကသံဃာတော်များအားဝိနည်းဒေသနာတော်အရ အပြစ်လွတ်မလွတ်, အပြစ်များ ရှိ/မရှိကို သံဃာ့အလယ်၌ စစ်ဆေး မေးမြန်းတော်မူလိမ့်မည်။ စစ်ဆေးမေးမြန်းသည့်အခါလွယ်လွယ်ကူကူ ဖြေဆိုနိုင်ဖို့အတွက် ဘုရားရှင်က ရဟန်းလောင်းကိုသင့်လျှော်ရာနေရာသို့ ခေါ်သွားပြီး မေးပုံ ဖြေနည်းကို သင်ကြားပေရမည်-ဟု မိန့်ကြားတော်မူခဲ့ပါတယ်။ မေးပုံ,ဖြေ နည်း သင်ကြားပေးဖို့အတွက်ဥပသမ္ပဒ ကံစီမံဆောင်ရွက်ရန် စည်းဝေးနေတော်မူသည့် သံဃာတော်များမှနှစ်ကွာဟတ္ထပါသ်လွတ်လောက်ရာ ထိုပြင်ပအရပ်သို့ သံဃာတော်ကိုရှေးရှေ့မျက်နှာမူ လက်အုပ်ချီ၍ နောက်ဆုတ် နောက်ဆုတ် သွားပြီးတတ်ရပ်စောင့်နေပါ။ အနုသာသနဥတ် ပြီးဆုံးလတ်သော် ဆတ်ဆတ်မသွေ လိုက်လာခဲ့ပါမယ်။

၁။ အနုသာသကကိစ္စ =မေးပုံဖြေနည်းသင်ကြားပေးခြင်းကိစ္စ။

(က) သုဏသိ ဥပသမ္ပဒါပေက္ခ = ငါ့ရှင်ရဟန်းလောင်း နားစိုက်၍ထောင်ပါ။

(ခ) အယံ တေ သစ်စကာလော ဘူတကာလော = ဥပသမ္ပဒကံစီမံဆောင်ရွက်ရန် နီးကပ်နေရာ ဤအချိန်အခါသည်ကားငါ့ရှင်ရဟန်းလောင်း၏ ရှိသမျှ ဟုတ်သမျှ ဖြစ်သမျှသဘာဝကို မထိန်မချန်ပဲ မှန်ရာ, ဟုတ်ရာကိုသာ လျှောက်ထားရမည့်အခါဖြစ်တယ်။

(ဂ) ယံ ဇာတံ၊ တံ သံဃမ​ဇ်ဈေ ပုစ်ဆ​ေန္တ သန္တံ အတ္ထီတိဝတ္တဗ်ဗံ = သံဃာ့အလယ်ရောက်သည့်အခါ ပုစ်ဆကသမ်မုတိရရဟန်းတော်က ငါ့ရှင်၏ ခန္ဓာကိုယ်မှာ ငါ့ရှင် ရဟန်းဖြစ်/မဖြစ်၊ ငါ့ရှင်ကို ရဟန်းခံပေးသည့် ဥပဇ္ဈာယ်ဆရာတော်ဘုရားနှင့် ကာရကသံဃာတော် များမှာ ဝိနည်းဒေသနာတော်အရ အာပတ် သင့် / မသင့် အပြစ်များ ရှိ/မရှိကိုစစ်ဆေးမေးမြန်းတော်မူ လိမ့်မည်။ အဲဒီလို စစ်ဆေးမေးမြန်းတော်မူသည့်အခါလေးပါးဓာတ်ခို ငါ့ရှင်၏ခန္ဓာကိုယ်မှာ ရှေး အတိတ်ကံပြုစီမံသဖြင့် အမှန်ပကတိ ထိုအပြစ်များ ရှိခဲ့ ဖြစ်ခဲ့လို့ရှိလျှင် အာမ ဘန္တေ = ရှိပါသည်၊ ဖြစ်ပါသည်၊ ဟုတ်ပါသည်ဘုရားဟု ရိုးရိုးသားသား အကျိုးများအောင် အမှန်အတိုင်း လျှောက်ထားပါ။

(ဃ) အသန္တံ နတ္ထီတိ ဝတ္တဗ်ဗံ = မရှိခဲ့၊ မဖြစ်ခဲ့၊ မဟုတ်ခဲ့လို့ရှိလျှင်လည်း နတ္ထိ ဘန္တေ= မရှိပါ၊ မဖြစ်ပါ။ မဟုတ်ပါဘုရားဟု ရှင်းလင်း ပြတ်သား လုံးစုံကြားအောင် လျှောက်ထားပါ။

(င) မာ ခေါ ဝိတ်ထာယိ= သံဃာ့အလယ်၌လျှောက်ထားရမည်ဖြစ်လို့ တချို့ ရဟန်းလောင်းများ ကြောက် ကြောက်လန့်လန့် ဖြစ်တတ်ကြတယ်။ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ရဲရဲတင်းတင်း ကြောက်စိတ်ကင်းလျက် ရှင်းလင်းပြတ်သား လုံးစုံကြားအောင် လျှောက်ထားပါ။

(စ) မာ ခေါ မင်ကု အဟောသိ = ရှိ/မရှိ အပြစ်ဘေးကိုမျက်မြင်အနေအားဖြင့် သိနိုင်လျက်သားနဲ့ အထပ်ထပ်စစ်ဆေး မေးမြန်းရမည်လားဟု နှလုံးထားပြီး တချို့ရဟန်းလောင်းများ မျက်နှာပျက်တတ်ကြတယ်။ မျက်နှာမပျက်ပဲ လပြည့်ဝန်းကဲ့သို့ မျက်နှာ ကြည်ကြည် လင်လင်ထားပြီး လျှောက်ထားပါ။

(ဆ) ဧဝံ တံ ပုစ္ဆဿန္တိ = ပုစ္ဆကသမ်မုတိရ ရဟန်းတော်ကငါ့ရှင်ကို ဤကဲ့သို့ မေးမြန်းတော်မူလိမ့်မည်။

(ဇ) သန္တိ ဧဝရူပါအာဗာဓာ= ငါ့ရှင်၏ခန္ဓာကိုယ်မှာကျင်နာခံခက် ကိုယ်လုံးပျက်အောင် နှိပ်စက်တတ် သောဤသို့သော အနာရောဂါဆိုးများ ရှိပါသလား။

(ဈ) ကု​ဋ္ဌံ အတ္ထိ = နူနာရောဂါဆိုတဲ့ အနာကြီးရောဂါရှိပါသလားလို့ ပေးလိမ့်မယ်။(မရှိလျှင်) နတ္ထိ ဘန္တေ = မရှိပါဘုရားလို့ လျှောက်ထားပါ။

(ည) ဂဏ်ဍော အတ္ထိ- ဒကာ, ဒကာမများ အကြည်ညိုပျက်စေတတ်သော မြင်းဖုရောဂါ ရှိပါသလားလို့ မေးလိမ့်မယ်။(မရှိလျှင်) နတ္ထိ ဘန္တ = မရှိပါဘုရားလို့ လျှောက်ထားပါ။

(ဋ) ကိလာသော အတ္ထိ - ပွေး ညှင်, တင်းတိတ်, ခရုသင်း၊ရောဂါ ရှိပါသလားလို့ ပေးလိမ့်မယ်။(မရှိလျှင်)နတ္ထိ ဘန္တေ - မရှိပါဘုရားလို့ လျှောက် ထားပါ။

(ဌ) သောသော အတ္ထိ = အသွေးအသားကို ခေါင်းပါးစေတတ်သော ချောင်းဆိုးသွေးပါ မြစ်ချောက်နာတီဘီခေါ်တဲ့ ကူးစက်တတ်သောအဆုတ်နာရောဂါရှိပါသလားလို့ မေးလိမ့်မယ်။(မရှိလျှင်) နတ္ထိ ဘ​ေန္တ = မရှိပါဘုရားလို့ လျှောက်ထားပါ။

(ဍ) အပမာရော အတ္ထိ = သည်းချေပျက်ရူး နတ်, စုန်း,ဘီလူး ဖမ်းစားပူးခြင်းကြောင့်ဖြစ်သော “အရူး ရောဂါ”ရှိပါသလားလို့ မေးလိမ့်မယ်။(မရှိလျှင်) နတ္ထိ ဘန္တေ= မရှိပါဘုရားလို့လျှောက်ထားပါ။

(အဲဒီ အနာရောဂါဆိုးမျိုးရှိသူများကို ရဟန်းခံမပေးရ ရဟန်းခံပေးလျှင် ဒုက္ကဋ်အာပတ် သင့်စေလို့မြတ်စွာဘုရား သိက္ခာပုဒ်ပညတ်တော်မူခဲ့တယ်၊ ရဟန်းခံပေးလျှင် ရဟန်းဖြစ်ပါတယ်။ ရဟန်းခံပေးတဲ့ သံဃာတော်မှာဒုက္ကဋ်အာပတ် သင့်ပါတယ်။)

(ဎ) မနုသောသိ = လူယောင်ဖန်ဆင်းနိုင်တဲ့ တန်ခိုး ရှိကြတဲ့နတ်, နဂါး, သိကြား, ဂဠုန်, ကုမ္ဘာန်, ရက္ခိုသ်များကို ရဟန်းခံမပေးရ၊ ရဟန်းခံ ပေးသော်လည်း ရဟန်းမဖြစ်၊ရဟန်းခံပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေ လို့မြတ်စွာဘုရားသိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် ငါ့ရှင်သည်လူကမွေးဖွားသည့် လူသားစင်စစ် ဖြစ်ပါသ​ေလာလို့မေးတော်မူလိမ့်မည်။ ဟုတ်လျှင် အာမ ဘ​ေန္တ - လူသားစင်စစ် ဟုတ်မှန်ပါသည် ဘုရားလို့ လျှောက်ထားပါ။

(ဏ) ပုရိသောသိ=ငါ့ရှင် ရဟန်းလောင်း ..... တချိန်ကယောက်ျားမဟုတ်သူများ သာသနာတော်သို့ ဝင်ရောက်လာကြတယ်။ ယောက်ျားမဟုတ်သူများကို အကြောင်းပြုပြီးသာသနာတော်ကို မကြည်ညိုသူများက မဆင်မခြင် စွပ်စွဲကြတဲ့အတွက် ဘုရားရှင်က ယောက်ျားမဟုတ်သူကိုရဟန်းခံ မပေးရ၊ ရဟန်းခံပေးလျှင် ရဟန်းလည်းမဖြစ်၊ရဟန်းခံပေးသော ရဟန်းများလည်း ဒုက္ကဋ်အာပတ်သင့်စေလို့ ပညတ်တော်မူထားတဲ့အတွက် - ငါ့ရှင်သည် ပုံးဘောထင်ရှား ယောက်ျားစင်စစ်ဟုတ်ပါ၏လော-ဟု မေးတော်မူလိမ့်မယ်။ယောဟုတ်လျှင် အာမ ဘန္တေ = ယောက်ျားစင်စစ် ဖဟုတ်ပါသည်ဘုရားဟု လျှောက်ထားပါ။

(တ) ဘုဇိ​ေသာသိ ကျွန်ဖြစ်သူကို ရဟန်းခံမပေးရ၊ ရဟန်းခံပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေလို့ ဘုရားရှင် သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ ရဟန်းခံပေးလျှင် ရဟန်းတော့ဖြစ်ပါတယ်၊ ရဟန်းခံပေးတဲ့ သံဃာတော်မှာ ဒုက္ကဋ်အာပတ်သင့်ပါတယ်။ ကျွန်ဖြစ်သူကို ရဟန်းခံပေးလိုလျှင် ရှေးဦးစွာကျွန်အဖြစ်ကကင်းလွတ်အောင် ပြုလုပ်ပေးပြီးမှ ရဟန်းခံပေးရပါတယ်။ သို့မဟုတ်လျှင် ကျွန်ပိုင်ရှင်များ၏ နောက်ယှက်မှုကို ခံရပါတယ်။ ဒါကြောင့် ငါ့ရှင်သည် သူ့ကျွန်အဖြစ်မှ လွတ်ကင်းသူ ဟုတ်ပါ၏လောဟုမေးတော်မူလိမ့်မည်။ဟုတ်လျှင်အာမလန်တေ = သူကျွန်မဟုတ်သူ ဟုတ်ပါသည်ဘုရားဟု လျှောက်ထားပါ။

(ထ) အဏဏောသိ = ကြွေးရှိသူ သာသနာတော်သို့ ဝင်ရောက်ပြီး သာသနာ့လုပ်ငန်းများကို အားထုတ် တဲ့အခါအနှောက်အယှက်များ ဖြစ်တဲ့အတွက် ကြွေးရှိသူများကိုရဟန်းခံ မပေးရ၊ ရဟန်းခံ ပေးလျှင်ရဟန်းခံပေးတဲ့ရဟန်းတော် များမှာ ဒုက္ကဋ်အာပတ်သင့်စေ-လို့ ဘုရားရှင် သိက္ခာပုဒ် ပညတ်တော်မူထား တယ်။ရဟန်းကတော့ ဖြစ်ပါတယ်၊ အကယ်၍ ကြွေးရှိသူများရဟန်ခံချင်လို့ရှိလျှင် ကြွေးကင်း အောင် ပြုလုပ်ပြီးမှရဟန်းခံပေးရမည်ဖြစ်ပါတယ်။ ဒါ ကြောင့် ““ငါ့ရှင်သည်ကြွေးကင်းသူမှန်ရဲ့လား”လို့ မေးမြန်းပါလိမ့်မယ်။ကြွေးကင်းသူဖြစ်လျှင် အာမ ဘန္တေ = ကြွေးကင်း သူမှန်ပါသည်ဘုရားလို့ လျှောက်ထားရမယ်။

(ဒ) နသိ ရာဇဘဋော = သာသနာတော်ကို မကြည်ညိုကြတဲ့ အစိုးရမင်းများကြောင့် ရဟန်းတော်များအကျိုးစီးပွားပျက် စီးနိုင်ပါတယ်။ အဲဒါကြောင့် အစိုးရ အမှုထမ်းကိုရဟန်း ခံမပေးရ၊ ရဟန်းခံပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေလို့ ဘုရားရှင် ပညတ်တော်မူထားပါတယ်။ ရဟန်းတော့ဖြစ်ပါတယ်၊ အကယ်၍ အစိုးရအမှုထမ်းဖြစ်လျှင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံ ရဟန်းပြုခွင့်တောင်းပြီးရဟန်း ပြုခွင့်ရမှ ရဟန်းပြုရမှာဖြစ်ပါတယ်။ ရဟန်း ပြုခွင့်ရထားတဲ့အချိန်မှာ အစိုးရအမှုထမ်းအဖြစ် ကင်းလွတ်ပါတယ်၊ ဒါကြောင့် ““ငါ့ရှင်သည် အစိုးရ မင်းအမှုထမ်းမဟုတ်သူမှန်ရဲ့လားလို့မေးလိမ့်မယ်။အာမ ဘန်တေ = အစိုးရအမှုထမ်း၊ မဟုတ်သူ မှန်ပါသည်ဘုရားလို့ လျှောက်ထားပါ။

(ဓ) အနုညာ​ေတာသိ မာတာပိတူဟိ။ မိဖတို့က ခွင့်မပြုသောသားသမီးကို ရှင်, ရဟန်းပြုပပရ၊ ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေလို့ ဘုရားရှင် ပညတ်တော်မူခြင်းကြောင့်“ငါ့ရှင်သည် မိဖ နှစ်ပါး တို့က ရဟန်းပြုခွင့် ပေးလိုက်သူမှန်ရဲ့လား”လို့ မေးတော်မူလိမ့်မယ်။ငါ့ရှင်သည် မိဖနှစ်ပါးတို့က ရဟန်းပြုခွင့်ပေးသူ မှန်လျှင် အာမ ဘန်​ေတ - မိဖတို့က ရဟန်းပြုခွင့်ပေးလိုက်ပါသည် ဘုရားလို့ လျှောက် ထားပါ။

(ပ) ပရိပုဏ္ဏသတိဝသောသိ = အသက်နှစ်ဆယ် မပြည့်သေးတဲ့သူသည် အပူဒဏ်, အအေးဒဏ်ကိုလည်း ကြံ့ကြံ့မခံနိုင်သေးဘူး၊ သူတပါးပြောကြားတဲ့ စကားကိုလည်းအမှား, အမှန် ဝေဖန်ပြီးမသိတတ်သေးဘူး၊ ထမင်းဆာလောင်မှုဒဏ်ကိုလည်း မခံနိုင်သေးလို့ ရဟန်းတရားကိုပြည့်ပြည့်ဝဝ အားမထုတ်နိုင်သေးတဲ့အတွက် အသက်နှစ်ဆယ် မပြည့်သေး သူကို ရဟန်းခံမပေးရ၊ ရဟန်းခံပေးလျှင်လည်း ရဟန်းမဖြစ်ဖူး၊ ဥပဇ္ဈာယ်ဆရာတော် ပါစိတ်အာပတ်၊ ကာရကသံဃာ ဒုက္ကဋ် အာပတ်သင့်ပါတယ်။အဲဒါကြောင့် “ငါ့ရှင်သည် ပဋိသန္ဓေ နေ့သည့်နေ့ကစ၍ရေတွက်သည်ရှိသော် အသက်နှစ်ဆယ် ပြည့် ကြွယ်ပြီးသူမှန်ရဲ့လား”လို့ မေးမြန်းတော်မူလိမ့်မယ်။အသက် နှစ်ဆယ်ပြည့်ပြီးလျှင် အာမ ဘန္တေ = အသက်နှစ်ဆယ်ပြည့်ပြီးပါပြီဘုရားလို့ လျှောက်ထားပါ။

(ဖ) ပရိပုဏ်ဏံ တေ ပတ္တစီဝရံ = ကိုယ်ပိုင် သပိတ်, သင်္ကန်းမပါလျှင် ရဟန်းခံမပေးရ၊ ရဟန်းခံပေးလျှင်ဒုက္ကဋ် အာပတ်သင့်ဝေလို့ ဘုရားရှင် ပညတ်တော်မူခဲ့ ပါတယ်။ အဲဒါကြောင့်“ငါ့ရှင်မှာ ကိုယ်ပိုင် သပိတ်, သင်္ကန်း ပြည့်စုံပြီ လား”လို့ပေးတော်မူလိမ့်မယ်။ ငါ့ရှင် ရဟန်းလောင်း ငါ့ရှင်အားရဟန်းဒါယကာ----တို့ကနိဗ္ဗာန်ကိုရည်မှန်းပြီး သပိတ်, သင်္ကန်း ပေးလှူထားပြီးဖြစ်တဲ့အတွက် အာမ ဘ​ေန္တ = သပိတ်, သင်္ကန်း ပြည့်စုံပါပြီဘုရားလို့ လျှောက်ထားပါ။

(ဗ) ကိံ နာမောသိ = အခြားတနေရာရောက်တဲ့အခါ သင်နာမည် ဘယ်လိုခေါ်သလဲလို့ မေးမြန်းသလို ယခုလဲသင်နာမည်ကို မေးမြန်းတော်မူလိမ့်မယ်။အဟံ ဘန္တေ နာဂေါ နာမ = တပည့်တော်၏အမည်နာဂ-ပါဘုရားလို့ လျှောက်ထားပါ။

(ဘ) ကော နာမော တေ ဥပဇ္ဈာယော = ငါ့ရှင်၏နာမည်ကိုမေးမြန်းပြီးသည့်အခါ ငါ့ရှင်၏ မိဖ နာမည်ကို မေးမြန်းကြသလို ယခုလည်း ငါ့ရှင်ကို အပြစ်ကြီး, အပြစ်ငယ်မတွယ် မကပ်ရအောင် အမြဲမပြတ် ကြည့်ရှုဆုံးမတော်မူသည့် မိဖသဖွယ်ဥပဇ္ဈာယ်ဆရာတော်ဘုရား၏ ဘွဲ့အမည်တော် ဘယ်လိုခေါ်ပါသလဲလို့ မေးမြန်းတော်မူလိမ့်မယ်။အဲဒီလို မေးမြန်းတဲ့အခါ “ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿထွေရော နာမ = တပည့်တော်၏ဥပဇ္ဈာယ်ဆရာတော်သည် သက်တော်ရာကျော် ရှည်တော်မှလတ္တံ့ဖြစ်သော အရှင်တိဿထေရ် အမည် ရှိပါ၏ဘုရားလို့လျှောက်ထားပါ။

ငါ့ရှင်ရဟန်းလောင်း ငါ့ရှင်ကို သံဃာ့အလယ်မှာ မေးမြန်း စီစစ်သည့် အခါ ယခု ငါသွန်သင်ပြ၍ နည်းလမ်းပေးခဲ့သည့်အတိုင်း လျှောက်ထားပါ။

ယခုအခါ သင်နှင့်အတူတကွ ငါသည် သံဃာ့အလယ်သို့ သွားရောက်ရန် မသင့်လျော်သေးချေ။ သင့်ကို အန္တရာယိကဓမ္မကို ဖြေကြားတတ်စေရန် သွင်သင်ပြ နည်းလမ်းပြပြီးကြောင်း လျှောက်ထားပြီး အဗ်ဘာနဥတ် မိန့်တော်မြတ်ဖြင့် ခေါ်လိုက်သည့်အခါ လက်သည်အပေါင်း ထိပ်ဝယ်ညောင်းလျက် ဦးခေါင်းတင်ခါ လိုက်လာခဲ့ပါလေ။

အာယာစနကိစ္စ =ရဟန်းပြုပေးရန် လျှောက်ထား တောင်း ပန်ခြင်း ကိစ္စ။

အရပ်ထဲမှာ အလုပ်လုပ်ချင်လျှင် လျှောက်လွှာ တင်ပြီး လျှောက်ထားရတယ်။ အခုလည်း ရဟန်းပြုပေးပါရန် သံဃာတော်ကို ဦးတိုက် ပြီး လျှောက်ထားရမယ်။

အရှင်ဘုရားတို့ တပည့်တော်သည် သံဃာတော်ကို မြင့်မြတ်သော ရဟန်းအဖြစ်ကို ပြုပေးတော်မူပါရန် ရိုသေစွာ လျှောက်ထား တောင်းပန်ပါ၏ဘုရား။

အရှင်ဘုရားတို့ သံဃာတော်သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှထုတ်နှုတ်၍ မြင့်မြတ်သောရဟန်းအဖြစ်၌ တည်စေတော်မူပါဘုရား။မြင့်မြတ်သော ရဟန်းပြုပေးတော်မူပါဘုရား။

အရှင်ဘုရားတို့ ထို့အတူ နှစ်ကြိမ်မြောက် နောက်ထပ် တဖန်လည်းရဟန်းပြုပေးတော်မူပါရန် ရိုသေစွာ လျှောက်ထား တောင်းပန်ပါ၏ဘုရား။

အရှင်ဘုရားတို့ ထို့အတူ သုံးကြိမ်မြောက် နောက်ထပ် တဖန်လည်း ရဟန်းပြုပေးတော်မူပါရန် ရိုသေစွာ လျှောက်ထား တောင်းပန်ပါ၏ဘုရား။

အန္တရာယိကဓမ္မ ပုစ္ဆနကိစ္စ = အန္တရာယိကဓမ္မတို့ကို မေးမြန်း စိစစ်ခြင်းကိစ္စ။

- သုဏဥပသမ္ပဒါ​ေပက္ခ = ရဟန်းလောင်း နားစိုက်၍ ထောင်ပါ။

- အယံ တေ သစ္စကာလော = ဥပသမ္ပဒကံ စီမံဆောင်ရွက်ရန် အချိန်နီးကပ်နေရာ ဤအချိန်အခါသည်ကား ငါ့ရှင် ရဟန်းလောင်း၏မှန်ရာကိုသာ လျှောက်ထားရမည့် အခါ ဖြစ်တယ်။

- ဘူတကာလော = ရှိသမျှ၊ ဖြစ်သမျှ၊ ဟုတ်သမျှ သဘာဝကိုသာ လျောက်ထားရမည့် အခါဖြစ်တယ်။

ယံ ဇာတံ၊ တံ ပုစ္ဆာမိ - ငါ့ရှင်၏ခန္ဓာကိုယ်မှာ ငါ့ရှင် ရဟန်းဖြစ်/မဖြစ်။ငါ့ရှင်ကို ရဟန်းခံပေးသည့် သံဃာတော်မှာ အပြစ် လွတ်မလွတ်အပြစ်များ ရှိ/မရှိကို စစ်ဆေးမေးမြန်းပါမယ်။

သန်တံ အတ္ထီတိ ဝတ်တဗ်ဗံ - ရှိခဲ့၊ ဖြစ်ခဲ့၊ ဟုတ်ခဲ့လို့ရှိလျှင် “အာမ ဘ​ေန္တ =ရှိပါသည်၊ ဖြစ်ပါသည်၊ ဟုတ်ပါသည် ဘုရား”လို့ ရိုးရိုးသားသားလျှောက်ထားပါ။

အသန်တံ နတိထီတိ ဝတ္တဗ်ဗံ = မရှိခဲ့၊ မဖြစ်ခဲ့၊ မဟုက်ခဲ့လို့ရှိလျှင် “နတ္ထိ ဘန်တေ - မရှိပါ၊ မဖြစ်ပါ၊ မဟုတ်ပါဘုရား” လို့ ရှင်းရှင်း လင်းလင်းပြတ်ပြတ်သားသား လျှောက်ထားပါ။

သန္တိ တေ ဧ၀ရူပါ အာဗာဓာ = ငါ့ရှင်၏ခန္ဓာကိုယ်မှာ ဤကဲ့သို့ဆိုးဝါးသည့် အနာရောဂါဆိုးများရှိပါသလား?

- ကုဋ္ဌံ= နူနာဆိုတဲ့ အနာကြီးရောဂါ ရှိပါသလား?

ဂဏ်ဍော = ဒကာ, ဒကာမများကို အကြည်ညို ပျက်စေတတ်သည့် မြင်းဖု ရောဂါ ရှိပါသလား?

ကိလာသော= ပွေး ညှင်း, တင်းတိတ်, ခရုသင်းရောဂါရှိပါသလား?

သောသော = အသွေးအသားကို ခမ်းခြောက်စေတတ်သည့်တီဘီခေါ်သည့် အဆုတ်နာရောဂါ ရှိပါသလား?

အပမာရော = သည်းခြေပျက်ရူး နတ်၊ စုန်း၊ ဘီလူး ဖမ်းစားပူးသည့် အရူးရောဂါ ရှိပါသလား။

မနု​ေသာသိ - ငါ့ရှင်သည် လူကမွေးဖွားသည့် လူသား

စင်စစ်ကော ဟုတ်ပါရဲ့လား?

ပုရိသောသိ - ငါ့ရှင်သည် ပုံးဘောထင်ရှား ယောက်ျား ဟုတ်ပါရဲ့လား?

ဘုဇိ​ေသာသိ= ငါ့ရှင်သည် သူတစ်ပါးကျွန်အဖြစ်မှ လွတ်ကင်းသန့်ရှင်းစင်ကြယ်သူ ဟုတ်ပါရဲ့လား?

အဏဏောသိ= ငါ့ရှင်သည် ချေးငှားယူထား ကြွေးမြီများ ကင်းရဲ့လား?

နသိ ရာဇဘဋော=ငါ့ရှင်သည် မင်း၏ရိက္ခာ လစာကို ယူထား သုံးစားမင်းမှုထမ်းယောက်ျား အစိုးရ အမှုထမ်းမဟုတ်သူ မှန်ရဲ့လား?

ပရိပုဏ္ဏဝီသတိဝဿာသိ = ငါ့ရှင်သည် ပဋိသန္ဓေနေသည့်ရက်မှ စ၍ရေတွက်သည်ရှိသော် အသက်နှစ်ဆယ် ပြည့်ပြီးပြီလား?

အနုညာတောသိ မာတာပိတုဟိ = ငါ့ရှင်ကို မိဘနှစ်ပါးတို့က ရဟန်းပြုရန်အတွက် ခွင့်ပြုလိုက်ပါ၏လော။

ပရိပုဏ်ဏံ တေ ပတ္တစီဝရံ = ငါ့ရှင်မှာ သပိတ်တစ်လုံး သင်္ကန်းသုံးထည်ပြည့်စုံပြီလော။

ကိံ နာမောသိ=ငါ့ရှင်၏နာမည် ဘယ်လိုခေါ်ပါသလဲ။

ကော နာမော တေ ဥပဇ္ဈာယော = ကြီးငယ်နှစ်ပါး အပြစ်များကိုမြစ်တားသမှု ဝန်ကြီးပြု၍ အမြဲမပြတ် ကြည့်ရှုဆုံးမတတ်သည့် ငါ့ရှင်၏ ဥပဇ္ဈာယ် ဆရာတော်၏အမည်က ဘယ်လိုခေါ်ပါသလဲ။