အသုံးပြုသူ:Snow Angel20/မီရှဲလ် အိုဘားမား

ဝီကီပီးဒီးယား မှ
Michelle Obama
Michelle Obama in February 2013
First Lady of the United States
In role
January 20, 2009 – January 20, 2017
သမ္မတBarack Obama
ယခင်လူLaura Bush
ဆက်ခံသူMelania Trump
ကိုယ်ရေး အချက်အလက်များ
မွေးဖွားMichelle LaVaughn Robinson
(1964-01-17) ဇန်နဝါရီ ၁၇၊ ၁၉၆၄ (အသက် ၆၀)
Chicago, Illinois, U.S.
နိုင်ငံရေးပါတီDemocratic
ကြင်ဖော်(များ)Barack Obama (လက်ထပ် ၁၉၉၂)
သားသမီး
မိဘ
ဆွေမျိုးသားချင်းCraig Robinson (brother)
ပညာရေးPrinceton University (AB)
Harvard University (JD)
လက်မှတ်

Michelle LaVaughn Robinson Obama (၁၉၆၄၊ ဇန်နဝါရီ ၁၇ ဖွား) သည် အမေရိကန်ရှေ့နေ၊ တက္ကသိုလ်အမှုထမ်းနှင့် စာရေးဆရာမဖြစ်ပြီး အမေရိကန်သမ္မတကတော်အဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ တာဝန်ထမ်းခဲ့သည်။ သူသည် ၄၄ ဆက်မြောက် အမေရိကန်သမ္မတ ဘာရက် အိုဘားမား နှင့် လက်ထပ်ခဲ့ပြီး ပထမဆုံး အာဖရိကန်-အမေရိကန်သမ္မတကတော် ဖြစ်သည်။  အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂို တောင်ဘက်ခြမ်းတွင် မွေးဖွားခဲ့သည့် မီရှဲလ်သည် Princeton University နှင့် Harvard Law School တို့တွင် တက်ရောက်ခဲ့သည်။ သူ့ ပထမဆုံးအလုပ်အကိုင်မှာ Sidley Austin ဥပဒေလုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းတွင် ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ သူသည် နောက်ပိုင်းတွင် အကျိုးအမြတ်မမျှော်ကိုးသည့် လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး ရှီကာဂိုတက္ကသိုလ် (University of Chicago) တွင် လက်ထောက်အဆောင်မှူးတာဝန်နှင့် University of Chicago Medical Center တွင် ကွန်မြူနတီနှင့် ပြင်ပရေးရာဌာနလက်ထောက်အုပ်ချုပ်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မီရှဲလ်သည် ၁၉၉၂ ခုနှစ်တွင် ဘာရက်နှင့် လက်ထပ်ပြီး သမီးနှစ်ဉီး ထွန်းကားသည်။

မီရှဲလ်သည် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်းခင်ပွန်းဖြစ်သူ၏ သမ္မတဖြစ်ရေး မဲဆွယ်မှု (presidential bid)အတွက် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2008 Democratic National Convention)တွင် အရေးပါသောမိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။  သူသည် ၂၀၁၂ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2012 Democratic National Conven[]tion)  တွင်လည်း ခင်ပွန်းဖြစ်သူအတွက် မိန့်ခွန်းပြောကြားခဲ့သည်။ ဖီလာဒဲလ်ဖီးယားမြို့တွင် ပြုလုပ်သည့် ၂၀၁၆ ဒီမိုကရက်တစ် အမျိုးသား ကွန်ဗင်းရှင်း (2016 Democratic National Convention) တွင် သမ္မတကတော်ဟောင်းတစ်ဉီးဖြစ်သည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် အား ထောက်ခံသည့် မိန့်ခွန်းတစ်ခုကို  ပြောကြားခဲ့သည်။

သမ္မတကတော်အနေဖြင့် မီရှဲလ်သည် အမျိုးသမီးများအတွက် စံပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုအား သတိပြုမိရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာစွာ စားသုံးရေးတို့ကို လှုံ့ဆော်သူတစ်ဉီးအဖြစ် လုပ်ဆောင်ခဲ့သည်။သူသည် အမေရိကန်ဒီဇိုင်နာများကို အားပေးပြီး ဖက်ရှင်သင်္ကေတတစ်ဉီးအဖြစ် မှတ်ယူခံရသူဖြစ်သည်။[၁][၂]

မိသားစုနှင့်ပညာရေး[ပြင်ဆင်ရန်]

ငယ်ဘဝနှင့်မျိုးရိုး[ပြင်ဆင်ရန်]

Michelle LaVaughn Robinson ကို ၁၉၆၄ ခု၊ ဇန်နဝါရီ ၁၇ တွင် အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂိုမြို့တွင် Fraser Robinson III, အမည်ရ မြို့တော်ရေပေးဝေရေးဌာနဝန်ထမ်းနှင့်  Spiegel's catalog store မှ အတွင်းရေးမှူး Marian Shields Robinson တို့က မွေးဖွားသည်။ [၃] မိခင်ဖြစ်သူသည် မီရှဲလ် အထက်တန်းရောက်သည်အထိ အချိန်ပြည့်အိမ်ထောင်ရှင်မဖြစ်သည်။[၄]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူ့ဖခင် Fraser C. Robinson III သည် ၁၉၉၁ မတ်လတွင် ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။[၅] သူ့ဖခင်ကို "ကျွန်မနှလုံးသားထဲက အပေါက်တစ်ခု" နှင့် "ကျွန်မဒဏ်ရာထဲက ဆုံးရှုံးမှုတစ်ခု"ဟု နောက်ပိုင်းတွင် ရည်ညွှန်းခဲ့သော်လည်း သူ့ဖခင်ကိုအမှတ်ရမှုကြောင့် ထိုကာလနောက်ပိုင်း သူသည် စိတ်အားတက်ကြွမှုများ ရရှိခဲ့သည်။ သူ့သူငယ်ချင်း ဆူဇန် အယ်လီလီ သည်လည်း ထိုအချိန်တစ်ဝိုက်တွင် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။ ထိုသို့ဆုံးရှုံးမှုများကြောင့် သူသည် လူမှုအသိုင်းအဝိုင်းအပေါ် အကျိုးပြုရန်နှင့် ဥပဒေကျောင်းဆင်းပြီးနောက် ပထမဆုံးအလုပ်တွင်သူ့ဉပဒေလုပ်ငန်းမှတဆင့် ကမ္ဘာကြီးကို မည်မျှသြဇာလွှမ်းမိုးနိုင်ကြောင်း အလေးအနက်တွေးခေါ်လာခဲ့သည်။သူက ထိုအရာကို အချိုးအကွေ့တစ်ခုအဖြစ် မှတ်ယူခဲ့သည်။[၆]

References[ပြင်ဆင်ရန်]

  1. Donahue၊ Wendy။ "Michelle Obama emerges as an American fashion icon"၊ Chicago Tribune။ June 4, 2011 တွင် ပြန်စစ်ပြီး 
  2. Bellantoni၊ Christina (April 10, 2009)။ Michelle Obama settling in as a role modelThe Washington Times။ June 4, 2011 တွင် ပြန်စစ်ပြီး။
  3. Rossi, Rosalind။ "The woman behind Obama"၊ Chicago Sun-Times၊ January 20, 2007။ January 22, 2008 တွင် ပြန်စစ်ပြီး။ Archived from the original on February 15, 2008။ 
  4. Slevin, Peter (March 18, 2009). "Mrs. Obama goes to Washington". Princeton Alumni Weekly 109 (10): 18–22. 
  5. "Michelle's Life"၊ nymag.com၊ March 15, 2009။ 
  6. Lightfoot, p. 53.

[[Category:၁၉၆၄ မွေးဖွားသူများ]] [[Category:သက်ရှိထင်ရှားပုဂ္ဂိုလ်များ]]