အသုံးပြုသူ:Nathan XIII

ဝီကီပီးဒီးယား မှ

တောင်ပေါ်ခွေး

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းတောင်တန်းတလျောက် မှ သဘာဝအတိုင်းလှပနေသော တောင်ပေါ်ခွေး များအားရှာဖွေချင်း

တောင်ပေါ်ခွေး
အိမ်မွေးမျိုးစိတ်
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Carnivora
မျိုးရင်း:
Canidae
မျိုးစု:
Canis
မျိုးစိတ်:
C. lupus
မျိုးစိတ်သေး:
Canis lupus familiaris
တြိနာမ
Canis lupus familiaris

အိမ်မွေးခွေးများ သမိုင်းကြောင်း

ခွေး သည် လူသားတို့၏ ယဉ်ပါးအောင် မွေးမြူခြင်းခံရသည့် ပထမဆုံး အိမ်မွေး တိရစ္ဆာန်တစ်မျိုးဖြစ်သည်။[၁][၂] လူတို့၏ မိတ်ဆွေစစ် ရှေးကျောက်ခေတ်ကတည်းက လူတို့သည် ခွေးကို မွေးမြူခဲ့ကြသည်။ ခွေးသည် သခင်ကို သစ္စာဖောက်၍ စွန့်ပစ်လေ့ မရှိချေ။ သခင်အတွက် အသက်ကိုပင် စွန့်တတ်သည်။ ကမ္ဘာပေါ်တွင် ခွေးအမျိုးမျိုးရှိရာ ယင်းတို့၏ တစ်မျိုးစီ အသုံးကျပေသည်။

လူတို့မွေးမြူအသုံးပြုသော တိရစ္ဆာန်များအနက် ခွေးသည် အားအကိုးရဆုံးသော မိတ်ဆွေ၊ သစ္စာ အရှိဆုံးသော ကျေးကျွန် မည်ပေသည်။ ရှေးကျောက်ခေတ်က လူတို့နေထိုင်ရာ ဂူလိုဏ်များကို တူးဖော်ကြည့်ရာတွင် လူရိုးနှင့် ခွေးရိုးများ အတူတကွ တွေ့ရှိခြင်းကို ထောက်ရှုသော် သမိုင်းမတင်မီ ခေတ်အခါကပင် ခွေးသည် လူတို့အတွက် ယဉ်ပါးလာသောတိရစ္ဆာန် ဖြစ်၏ဟု ဆိုရပေမည်။ အိမ်ခွေးတို့သည် ဝံပုလွေနှင့် ခွေးအများ အထူးသဖြင့် ဝံပုလွေများမှ တစ်စတစ်စ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ယူဆကြသည်။ ယင်းသိပ္ပံသုတေသီတို့၏ အဆိုအရ ရှေးခေတ်လူတို့သည် ရှေးဦးစွာ မိမိတို့ဒေသ ပတ်ဝန်းကျင်ရှိ ဝံပုလွေအရိုင်းများကို အမဲလိုက်ရာတွင် အသုံးပြုရန် မွေးမြူကြသည်။ ထို့နောက် လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်း တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အမဲလိုက်ရန်တစ်ခုတည်းအတွက် မဟုတ်ဘဲ သီးခြားကိစ္စအလိုက် မွေးမြူလေ့ကျင့်ပေးခဲ့ရာမှ အိမ်ခွေးအမျိုးမျိုး ပေါ်ပေါက်လာသည်ဟု ဆိုသည်။

အိမ်ခွေးများသည် လူတို့နှင့်အတူ နေထိုင်ယဉ်ပါးနေပြီဟု ဆိုရသော်လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက်မှ မျိုးရိုးဇာတိစရိုက် အချို့ကိုမူ ယနေ့တိုင်အောင် မဖျောက်နိုင်ကြသေးပေ။ ခွေးသည် မွေးစအရွယ်မှစ၍ အမဲလိုက်ရန် ဝါသနာထုံခဲ့သည့်အတိုင်း အငယ်ဆုံးသော ခွေးကလေးမျိုးပင်ဖြစ်စေကာမူ ပြေးလွှားနေ သည့်ကြက်၊ ငှက်ကြွက်ကြောင်မှစ၍ ယုန်သိုးဆိတ်ဝက်သမင်ဒရယ်ချေဆတ် စသည်တို့ကို မြင်ရုံနှင့် အပြေးလိုက်တတ်သည်။ ခွေးသည် အိပ်ခါနီး နှစ်ပတ် သုံးပတ်လှည့်ပြီးမှ အိပ်တတ်သည်။ ဤအကျင့်မှာ ရှေ့တွင်ဖော်ပြခဲ့သော မျိုးရိုးဇာတိစရိုက်ပင် ဖြစ်၏။ မယဉ်ပါးသေးသော အချိန်က ခွေးရိုင်းများသည် လုံခြုံသော ကိုင်းတော မြက်တောများ၌ အိပ်ရန်ကြံသောအခါ အိပ်မည့်နေရာရှိ မြက်နှင့် သစ်ရွက်များကို ပထမ သုံး၊ လေးပတ်မျှ လှည့်၍ နင်းပေးပြီး အိပ်ရာနေရာကို ပြင်လေ့ရှိသည်။ ညဖက်တွင် ခွေးများအူတတ်သည့် အကျင့်မှာလည်း ယင်းတို့၏ မျိုးရိုးဖြစ်သော ဝံပုလွေများသည် အစာရှာထွက်ချိန်၌ ဝံပုလွေအုပ်ကို အူ၍ ခေါ်သော အလေ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အိမ်ခွေးများသည် မည်သည့်ရန်သူမျှ မရှိစေကာမူ မိမိတို့၏ အစာဖြစ်သော အရိုးများကို ဝှက်ထားတတ်သည်။ ဤအကျင့်မှာလည်း ရှေးခွေးရိုင်းများသည် မိမိတို့၏အစာကို ရန်သူ မတွေ့နိုင်အောင် ဝှက်ထားတတ်သည့် အလေ့မှ ဆင်းသက်ခဲ့ပေသည်။ ထိုမှတစ်ပါး အနံ့ခံ ကောင်းခြင်း၊ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ ချွန်ထက်သော သွားများရှိခြင်း၊ ပြေးလွှားနိုင်ရန် သန်စွမ်းသော ခြေထောက်များရှိခြင်း၊ ကိုယ်တွင် အမွေးကြမ်းများ ဖုံးလွှမ်းပါရှိခြင်း၊ သေးသွယ်၍ ကြံ့ခိုင်တောင့်တင်း သောကိုယ် ရှိခြင်း စသည်တို့မှာလည်း မုဆိုးများနှင့်အတူ အမဲလိုက်ရာ၌ သင့်တော်အောင် သဘာဝက ဖန်တီးပေးခဲ့သော ရှေးခွေးရိုင်းများမှ ဆက်ခံခဲ့သည့် မျိုးရိုးဇာတိအမွေများပေတည်း။ ခွေးတို့သည် လူသားတို့လက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်းခံရသည့် တစ်ခုတည်းသော မျိုးစိပ်ပင် ဖြစ်သည်။ [၃]

ချင်းတောင်ပေါ်ခွေး[ပြင်ဆင်ရန်]

ချင်းခွေးတွေကို ချင်းပြည်နယ် မှာသာမက မြေပြန့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြတာကို အခုနောက်ပိုင်းသတိထားမိလာတယ် ဘာကြောင့် ချင်းတောင်းတန်းက ခွေးတွေကိုသယ်ယူလာပြီး မွေးမြူဖြစ်ခဲ့ကြပုံကို တက်နိုင်သလောက်စုဆောင်းမေးမြန်းတင်ဆက်လိုက်ပါတယ်။

ကိုညီလေးညို နှင့်မေးမြန်းချင်း

ချင်းခွေးရဲ့စံကတော့ ခုထိမသတ်မှတ်ရသေးဘူးဗျချင်းပြည်နယ်မှာတောင် ဆောယော နဲ့မင်းတပ် မင်းတပ်နဲ့ကန်ပက်လက်မျိုးတွေ နည်းနည်းကွဲတယ်ခြုံကြည့်ရင်တော့ ၂မျိုးထွက်တယ်.. FOX TYPE နဲ့ WOLF TYPE ပေါ့ သူတို့တွေက အခုမှ အရိုင်းသာသာပဲရှိဦးမယ် ဒေသခံတွေက သေချာကျွေးမွေးပြုစုထားသူရှားတယတောထဲသဘာဝအတိုင်းနေတဲ့ ဝံပုလွေနဲ့ တောခွေး ခွေးအတို့ကနေဆင်းသက်လာတယ်လို့ယူဆရတယ် ​ဒါကြောင့် ခုချိန်ထိ wolf နဲ့ fox ရုပ်တွေ ရောမသွားသေးပဲ သိသိသာသာကွဲပြားတုန်း wolf type ကို စစချင်းခေတ်စားခါစက အမျိုးမျိုးခေါ်ကြတယ်.. Bear face Monkey face စသဖြင့်ပေါ့ ငယ်တုန်းကဝက်ဝံရုပ်လေးနဲ့တူပါတယ် အမွှေးလဲချိန်ကျတော့ ဘာဘွန်းမျောက်မျက်နှာနဲ့တူပါတယ် အရွယ်ရောက်တဲ့အခါကျ ဝံပုလွေပုံပေါ်လာပါတယ်.. Wolf type တွေက အကောင်ထွားတတ်ပါတယ်.. ခြေဆစ်လက်ဆစ်ကြီးတတ်ကြပါတယ်.. fox type ကတော့ ငယ်ကတည်းက စုတ်ချွန်းချွန်းနဲ့ fox ရုပ်သိသာပါတယ်.. ကြီးတဲ့အခါ အကောင်ညက်တတ်ပါတယ်.. Fox type ရဲ့ထူးခြားမှုက အမြီးမွှေး အလွန်လှပါတယ်.. တချို့နေရာတေဠမှာတော့ နှစ်မျိုးပေါင်း ရုပ်တွေ ထွက်နေပါပြီ စရိုက်ကတော့ တောခွေးစရိုက်မပျောက်သေးပါ မြေတူးမြေဆွ ကြွက်လိုက်ငှက်လိုက်ဗီဇတွေတွေ့ရတယ် မြေကျင်းတူးပြီး နေချင်ကြပါတယ် ချင်းခွေးက medium size ခွေးမျိုးဖြစ်ပါတယ် အရွယ်ရောက်ပြီးချင်းခွေးထီးတွေက ရှေ့လက်ကနေ ပုခုန်းကိုတိုင်းရင် ၁၈လက္မကနေ ၂၀လက္မအထိ ရှိတတ်ကြပါတယ် တကိုယ်လုံး ၁လက္မကျော်ရှည်တဲ့အမွှေးနှစ်ထပ် ရှိပြီး လည်ဆံမွှေး ​ကျောမွှေး တင်ပါးမွှေး အမြီးမွှေးတို့ဟာ ခန္ဒာကိုယ်ရှိ သူမာန်အမွှေးထက်မဖြစ်မနေ ပိုရှည်ပါတယ် နားရွက်ကတော့ ချွန်ပြီးထောင်တာ အတွေ့များပြီး နားကုပ်တွေလည်း ညှပ်ပြီးမွေးဖွားလာတတ်ပါတယ် ခွေးမတွေကတော့ အထီးထက်အနည်းငယ်ပုပါတယ်.. ခွေးမတွေက ၈လသားခန့်မှာ ပထမမြိုင်ကျပါတယ်.. သားမတင်ရင် ၄လဝန်းကျင်တစ်ခါ မြိုင်ကျတတ်ပါတယ်.. အချို့က ၆လ၈လတစ်ခါမြိုင်ကျတတ်ပါတယ် သားပေါက်ခါနီးရင် မြေကျင်းတူးပြီးကျင်းထဲ ပေါက်တတ်ကြပါတယ်.. အုပ်သင်းဖွဲ့ရတာသဘောကျပြီး တိရိစ္ဆာန်ချင်း ရန်လိုတာများပါတယ်.. ယေဘုယျပြောရရင် Hunting dog အမျိုးအစားအဖြစ်သုံးလို့ရပါတယ်.. တောင်ပေါ်တွေကုပ်ကပ်တက်ဖို့ ခြေချောင်းအပိုတွေပါလာတတ်ကြပါတယ် တောင်ပေါ်ကမွေးတဲ့ကောင်တွေက ရေကြောက်တတ်ကြပါတယ်...

ချင်းတောင်ပေါ်ခွေး များစတင်မွေးမြူလာကြပုံ[ပြင်ဆင်ရန်]

ချင်းခွေးတွေကို ချင်းပြည်နယ် မှာသာမက မြေပြန့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြတာကို အခုနောက်ပိုင်းသတိထားမိလာတယ် ဘာကြောင့် ချင်းတောင်းတန်းက ခွေးတွေကိုသယ်ယူလာပြီး စတင်မွေးမြူဖြစ်ခဲ့ကြပုံကို တက်နိုင်သလောက်စုဆောင်းမေးမြန်းတင်ဆက်လိုက်ပါတယ်။

ကိုညီလေးညို နှင့်မေးမြန်းချင်း


ကျနော်က ချင်းခွေးစမွေးတဲ့အထဲမှာပါတော့ သူများမွေးတာကြိုက်ပြီး မွေးခဲ့တယ်လို့ပြောမရဘူး ပထမဆုံး ၉၆မှာစမွေးတာက ချင်းပြည်မှာတာဝန်ကျတဲ့ အဖေ့မိတ်ဆွေက ခေါ်လာပေးလို့စမွေးဖြစ်တာပါ..နောက် ၂၀၁၇ထင်တယ် အဲ့မှာစမွေးဖြစ်တာက ချင်းတောင်ပေါ်မှာ နတ်တင်သတ်စားမဲ့ခွေးလေးတွေကို ကယ်ရင်းစမွေးဖြစ်တယ်အဲဒါကံထူးပေါ့ နောက်တစ်နှစ်ကယ်စရာများလာပြီး ကိုယ်လည်းမမွေးနိင်လို့ ခွေးသယ်စာရိတ်တောင်းပြီး မန်းလေးက လူတွေကို သခင်ရှာပေးရင်း ချင်းခွေးခေတ်စားလာပါတယ် ပထမနှစ်မှာ အရောင်းအဝယ်အဆင့်ထိရောက်ခဲ့လို့ နတ်တင်ခါနီးခွေးလေးတွေကယ်ရင်း စျေးချိုချိုနဲ့ ရောင်းဖြစ်ခဲ့ပါတယ် အဲ့နှစ် အကောင်ရာကျော်ကယ်ပေးခဲ့နိုင်ပါတယ် နောက်နှစ်တော့ ချင်းခွေးအရမ်းခေတ်စား လာပြီး တောင်ပေါ်မှာလည်း သတ်စားတဲ့ဓလေ့ပျောက်လုလုဖြစ်လာလို့ ကျနော်​ေ ွးမရောင်းဖြစ်ပါ အဲ့တာကတော့ အခြားခွေးမျိုးထဲကချင်းခွေးဘာလို့မွေးဖြစ်ရောင်းဖြစ်ခဲ့လည်းဆိုတာပေါ့ ကျနော်က ကယ်ချင်လို့စမွေးတယ် ကယ်ချင်လို့သူများကိုပေးတယ် လိုချင်သူများလာလို့ ကယ်ရင်းရောင်းရင်းလုပ်ခဲ့တယ် လက်ရှိ ချင်း၆ကောင်ရှိတယ် ထီး၃မ၃ ကြီးတဲ့အချိန်တော့ အမွှေးစုံချိန် ဓာတ်ပုံရိုက်ထားတဲ့ ချင်းခွေးတိုင်းလှကြပါတယ်သိပ်အကွာကြီးမဟုတ်ပါဘူး.. ကိုက်တာဖဲ့တာနဲ့ အရေပြားရောဂါရှိရင်တော့ အမွှေးတုံးပြီး သိပ်မလှသလိုဖြစ်တတ်ပါတယ်၆ အဖြူပါ ရှားလည်းရှားပါတယ် ဆင်စွယ်ရောင်အဖြူတွေရှိပေမယ့် အဖြူဆွတ်ဆွတ်က ရှားပါတယ် ။

ချင်းတောင်ပေါ်ခွေး နှင့် ပတ်သတ်သောအမေးအဖြေများ[ပြင်ဆင်ရန်]

ချင်းခွေးတွေကို ချင်းပြည်နယ် မှာသာမက မြေပြန့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြတာကို အခုနောက်ပိုင်းသတိထားမိလာတယ် ဘာကြောင့် ချင်းတောင်းတန်းက ခွေးတွေကိုသယ်ယူလာပြီး မွေးမြူဖြစ်ခဲ့ကြပုံကို တက်နိုင်သလောက်စုဆောင်းမေးမြန်းတင်ဆက်လိုက်ပါတယ်။

ချင်းတောင်ပေါ်ခွေး လှလှ ဓာတ်ပုံများ[ပြင်ဆင်ရန်]

ျားချင်းခွေးတွေကို ချင်းပြည်နယ် မှာသာမက မြေပြန့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြတာကို အခုနောက်ပိုင်းသတိထားမိလာတယ် ဘာကြောင့် ချင်းတောင်းတန်းက ခွေးတွေကိုသယ်ယူလာပြီး မွေးမြူဖြစ်ခဲ့ကြပုံကို တက်နိုင်သလောက်စုဆောင်းမေးမြန်းတင်ဆက်လိုက်ပါတယ်။

Chin Mountain Dog Photo Gallery
Owner Tun Min Aung
Owner Aung Naing Htwe
Owner Villa Kennel
Owner Phoe Zin
Owner May Myat Phuu

ချင်းတောင်ပေါ်ခွေး မျိုးစစ်မျိုးမှန် ရောင်းချသော ခွေးခြံများ[ပြင်ဆင်ရန်]

ျားချင်းခွေးတွေကို ချင်းပြည်နယ် မှာသာမက မြေပြန့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြတာကို အခုနောက်ပိုင်းသတိထားမိလာတယ် ဘာကြောင့် ချင်းတောင်းတန်းက ခွေးတွေကိုသယ်ယူလာပြီး မွေးမြူဖြစ်ခဲ့ကြပုံကို တက်နိုင်သလောက်စုဆောင်းမေးမြန်းတင်ဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ အတွေ့ရများသော ခွေးများမှာ ခွေးဝင်စားများ ဖြစ်ကြသည်။ ထိုခွေးဝင်စားများအပြင် နိုင်ငံခြားခွေးမျိုးများကိုလည်း မွေးမြူတတ်ကြ၏။ နိုင်ငံခြားခွေးများနှင့် မြန်မာခွေးများ စပ်ရာမှ ပေါက်ပွားလာသော ခွေးဗန္ဓတ်မျိုးများလည်း ရှိသေးသည်။ မြန်မာတို့ မွေးမြူလေ့ရှိသော ခွေးမျိုးများမှာ သင်္ဘောခွေးအင်းခွေးကမာဘီခွေးသမင်ပွေလီခွေးဘီလူး စသည်တို့ ဖြစ်ကြသည်။ ထို့ပြင် ချင်းခွေးမျိုးဖြစ်သော ခွေးပုကလေးများကိုလည်း အလှမွေးမြူတတ်ကြသည်။

အင်္ဂလန်အမေရိကန်နှင့် ဥရောပတိုက်ရှိ အချို့နိုင်ငံများတွင် ခွေးများကို ဂရုတစိုက် မွေးမြူကြသည်။ အသင်းအပင်းများ ဖွဲ့စည်း၍ ပြပွဲပြိုင်ပွဲများ ကျင်းပကာ အမျိုးမျိုး အားပေးကြသည်။ ခွေးသမင်အပြေးပြိုင်ပွဲမှာ အချို့နိုင်ငံ၌ မြင်းပွဲတစ်မျှပင် ခေတ်စားလျက်ရှိပေသည်။

ခွေးသည် အလွန်အားကိုးရသည်။ အလွန်လိမ်မာသည်ဟုဆိုသော်လည်း ကျွေးမွေးထားရုံနှင့် မလိမ်မာချေ။ ခွေးမွေးလိုသူတို့သည် ရှေးဦးစွာ မိမိတို့အလိုရှိသော ခွေးမျိုးသန့်သန့်ကို ရွေးချယ်၍ လသားအရွယ်က စတင်မွေးမြူသင့်သည်။ ထို့နောက် ဂရုတစိုက်စောင့်ရှောက်ပြုစု၍ ပြောစကား နားလည်စေရန်၊ ခိုင်းသည့်အတိုင်း လုပ်စေရန်၊ စည်းကမ်းရှိစေရန် စသည်တို့ကို စံနစ်တကျ စိတ်ရှည်လက်ရှည် လေ့ကျင့်သင်ကြားပေးရန် လိုပေသည်။ [၄]

ချင်းတောင်ပေါ်ခွေး ချစ်သူများ[ပြင်ဆင်ရန်]

  1. "How Much Is That in Dog Years? The Advent of Canine Population Genomics" (2014). PLOS Genetics 10 (1): e1004093. doi:10.1371/journal.pgen.1004093. PMID 24453989. 
  2. "A wolf in dog's clothing: Initial dog domestication and Pleistocene wolf variation" (2016). Journal of Archaeological Science 68: 1. doi:10.1016/j.jas.2016.02.003. 
  3. Cosmos: A Spacetime Odyssey 2014
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)