အသုံးပြုသူ:MyanmarLiteratureAid/Sandbox
| လက်ဝဲသုန္ဒရ ဦးမြတ်စံ[၁] | |
|---|---|
| မွေးဖွား | မြန်မာသက္ကရာဇ် ၁၀၈၉-ခုနှစ်[၁] ရွှေဘိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ မန်ကျည်းတုံရွာ |
| နိုင်ငံလူမျိုး | မြန်မာ |
| အခြား အမည်များ | ဘယရန္တမိတ်၊ လက်ဝဲနန္ဒမိတ်၊ သရေသင်္ခယာ၊ လက်ဝဲဘိနန်သူ |
| လူမျိုး | မြင်းစီးမျိုး ရိုးရာ |
| မိခင်ကျောင်း | ရတနာပူရ အင်းဝမြို့ |
| အလုပ်အကိုင် | စာဆိုတော်၊ အမတ်ကြီး[၂] |
| ခေတ် | ကုန်းဘောင်ခေတ် |
| ကျော်ကြားမှုအရင်းခံ | မဲဇာတောင်ခြေ ရတု (ရေးသားသူ) |
| ထင်ရှားသည့် လုပ်ဆောင်မှု | မဲဇာတောင်ခြေ ရတု၊ နန္ဒီသေနပျို့ |
| ဇာတိ | ရွှေဘိုမြို့ |
| ရှေ့လူ | ဦးမြတ်သာနေ |
လက်ဝဲသုန္ဒရ သည် ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားကြီးက ချီးမြှင့်သော ဘွဲ့တစ်ခု၏ အမည် ဖြစ်သည်။ လက်ဝဲသုန္ဒရဘွဲ့ဖြင့် ထင်ရှားသူမှာ ဦးမြတ်စံ ([ʔú mjaʔ sàɴ]; ၁၀၈၉ ဖွား) ဖြစ်သည်။[၃] အမတ်ကြီး ရေးသားခဲ့သော စာပေများအနက် မဲဇာတောင်ခြေချီ ရတုမှာ အထင်ရှားဆုံးဖြစ်ပြီး သာဓိနပျို့မှာ အကောင်းဆုံးဖြစ်သည်။[၄]
လက်ဝဲသုန္ဒရ (၁၀၈၉ ဖွား) သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသော ပညာရှိ အမတ်ကြီးနှင့် စာဆိုတော်တစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးမြတ်စံ ဖြစ်ပြီး မဲဇာတောင်ခြေ ရတု ရေးသားသူအဖြစ် ကျော်ကြားသည်။ ၎င်းအား ရှေးဦးစွာ ဘွဲ့ရရှိခဲ့ဖူးသည့် လက်ဝဲနော်ရထာ (ဦးနေ) နှင့် ခွဲခြားရန်အတွက် စာပေသမိုင်းတွင် နောက်လူလက်ဝဲသုန္ဒရ ဟုလည်း ခေါ်ဆိုကြသည်။[၅]
လက်ဝဲသုန္ဒရ နှစ်ဦး
[ပြင်ဆင်ရန်]မြန်မာနာမည်
[ပြင်ဆင်ရန်]လက်ဝဲသုန္ဒရ (ခေါ်) ဦးမြတ်စံ သည် အသက်အရွယ်အရ လည်းကောင်း၊ ရရှိထားသည့် အဆင့်အတန်းအရ လည်းကောင်း ဦး ဟု ခေါ်ဆိုရန် ထိုက်တန်သူ ဖြစ်သည်။ မိမိကိုယ်ကို မောင် ဟု နှိမ့်ချ၍ သုံးနှုန်းခြင်း၊ တခြားသူများက လူငယ်ဘဝတွင် မောင် ဟုခေါ်ဆိုခြင်း၊ ထိုမှတစ်ဆင့် ကို ဟု ခေါ်ဆိုကြခြင်းများမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရသာ ဖြစ်သော်လည်း စွယ်စုံကျမ်း မှတ်တမ်းများတွင် ဂုဏ်ပြုသောအားဖြင့် ဦး ဟု သုံးနှုန်းခြင်းက ပိုမိုသင့်တော်သည်။[၆]
ဘဝဖြစ်စဉ်
[ပြင်ဆင်ရန်]လက်ဝဲသုန္ဒရကို အလောင်းမင်းတရား လက်ထက်တွင် မွေးဖွားခဲ့သည်။ ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် အမှားတစ်ခုကြောင့် မဲဇာအရပ်သို့ အဝေးမြို့သို့ အပို့ခံခဲ့ရသည်။
မဲဇာတောင်ခြေ ရတု
[ပြင်ဆင်ရန်]မဲဇာအရပ်သို့ ရောက်ရှိနေစဉ် မင်းကြီးကို လွမ်းဆွတ်ကြောင်းနှင့် မိမိ၏ ဆင်းရဲဒုက္ခကို ဖော်ပြသည့် "မဲဇာတောင်ခြေ" ချီ ရတုနှစ်ပိုဒ်ကို ရေးသားဆက်သွင်းခဲ့ရာ မင်းကြီးက သနားကရုဏာသက်သဖြင့် နေပြည်တော်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ [၇]
ရေးသားခဲ့သော စာပေများ
[ပြင်ဆင်ရန်]- မဲဇာတောင်ခြေ ရတု
- ဝေယန္တာကျောင်းတော် မော်ကွန်း
- 1 2 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၆၉-၁၇၀
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၇၁
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၆၉
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၇၁
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၆၉-၁၇၀
- ↑ Khaing၊ Mi Mi (February 1958)။ "Burmese Names: A guide"။ The Atlantic။
- ↑ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ (ဒီဇင်ဘာ ၂၀၁၄)။ မြန်မာကဗျာလက်ရွေးစင် (ဒသမတန်း၊ Grade 11) (၂၀၁၅-၂၀၁၆ ပညာသင်နှစ် ed.)။ ရန်ကုန်: ပညာရေးဝန်ကြီးဌာန။