အသုံးပြုသူ:Morgan Of Mandalay
နိဒါန်း
[ပြင်ဆင်ရန်]
မန္တလေးမြို့သားမောခန့်(Morgan Of Mandalay) my သည် ဗမာဝီကီပိဒျန်တစ်ဦး ဖြစ်၏။ဗမာဝီကီပိဒိနှင့် အင်္ဂလိပ်ဝီကီပိဒိတို့တွင် တည်းဖြတ်သောသူတစ်ဦးလည်း ဖြစ်၏။ဗမာဘာသာကို ဒေသခံအဆင့်ပြောတတ်၍ အင်္ဂလိပ်ဘာသာကိုလည်း ကျွမ်းကျင်တတ်မြောက်စွာ ပြောတတ်သည်။လတင်၊ရုရှား၊အီစပရီရန်တို၊ဂျာမန်တို့ကိုလည်း အနည်းငယ် (သို့)အခြေခံအဆင့်မျှ ပြောတတ်၏။
Wikipedia:Babel | |||||||||
---|---|---|---|---|---|---|---|---|---|
| |||||||||
ဘဝကိုယ်ရေးရာဇဝင်
[ပြင်ဆင်ရန်]ဘဝအစ၊မွေးဖွားခြင်း
[ပြင်ဆင်ရန်]မောခန့်၏ နာမည်အရင်းကား မောင်မြတ်ဘုန်းခန့်ဖြစ်၏။သူသည် ခရစ်သက္ကရာဇ် ၂၀၁၀ခုနှစ်၊အောက်တိုဘာလ၊၁၄ရက်နေ့ (၁၃၇၂ခုနှစ်၊သီတင်းကျွတ်၊လဆန်း၆ရက်)ကြာသာပတေးနေ့ ၅နာရီ မန္တလေးမြို့ မန္တလာဆေးရုံ၌ မွေးဖွားခဲ့သည်။သူ၏မိဘနှစ်ဦးကား ဒေါ်ဇာခြည်ဝင့်(သူနာပြု)နှင့် ဦးဖြိုးမင်းသိန်း(အင်ဂျင်နီယာ)တို့ ဖြစ်၏။မောခန့်၌ ညီမတစ်ဦးသာ ရှိ၏။သူသည် မောခန့်၅နှစ်အသက်အရွယ်မှ မွေးဖွားလေ၏။

ငယ်ဘဝ၊ပညာရေး
[ပြင်ဆင်ရန်]မောခန့်သည် အသက်၂ နှစ်အရွယ်ကပင် စကားစပြောတတ်ပြီး အသက်၄နှစ်အရွယ်မှ စကားကောင်းစွာပြောတတ်၏။မောခန့်သည် အသက်လေးနှစ်အရွယ်တွင် Bravoကိုယ်ပိုင်မူလတန်းကျောင်း၌ စတင်ပညာသင်ခဲ့၏။အသက်ခြောက်နှစ်ခန့်ရောက်သော် မန္တလေးနိုင်ငံတကာအကယ်ဒမီသို့ ပြောင်းရွှေ့ပညာသင်ခဲ့၏။ပထမတန်းကိုကား ဦးခင်မောင်ချို၏ကျောင်း၌ လေ့လာခဲ့၏။ထိုအချိန်၌ မောခန့်သည် ခုနစ်နှစ်အရွယ်ပင်ဖြစ်၏။ဒုတိယတန်းမှစ၍ ရွှေမြင့်မိုရ်ခေါ် ကျွမ်းကျင်သူများပညာရေးစင်တာ (Proffesionals' Education Centre)၌ ပညာလေ့လာခဲ့၏။ပထမတန်းပြီး ဒုတိယတန်းမတက်မီ ဆရာအာလင်၏ နွေရာသီသင်တန်း၌ သွားရောက်ခဲ့ဖူး၏။










မောခန့်၏မုန့်လက်ရာများ
[ပြင်ဆင်ရန်]မောခန့်သည် ကိုယ်ပိုင်အစားအစာများကိုလည်း ဖန်တီးခဲ့ဖူး၏။၎င်းတို့ကို အောက်၌ပြထားသည်။။



ဂိမ်းဘဝ
[ပြင်ဆင်ရန်]မောခန့်သည် အသက် ၁၁နှစ်အရွယ်၊ ၁၂အရွယ်က YouTube၌ သူဂိမ်းကစားသည်တို့ကို တင်ပြလေ့ရှိ၏။ ၎င်း၏channelများကို အောက်၌ချပြပေးထား၏။ [၁] မောခန့်ပထမchannel [၂] မောခန့်ဒုတိယChannel [၃]မောခန့်နောက်ဆုံး Channel
မောခန့်၏ကဗျာများ
[ပြင်ဆင်ရန်]မောခန့်သည် ယခင်က ကဗျာရေးဖူး၏။ဒွေးချိုး၊လေးချိုး၊တြိချိုး၊လင်္ကာ၊သံပေါက်၊ရတုတည်းယူသော ကဗျာအမျိုးအစားများကို ရေးတတ်၏။ နေ့စဉ်ဘဝဖြစ်ရက်များအကြောင်းလည်း ကဗျာရေးဖွဲ့ဖူးခဲ့၏။သို့သော် ၎င်းကဗျာများသည် စာရွက်များပေါ်၌ ရေးထားသည်ဖြစ်၍ ပျောက်ဆုံးသွားသောကြောင့် ရှာမတွေ့တော့။



မောခန့်၏ စာအုပ်များ
[ပြင်ဆင်ရန်]မောခန့်သည် ငယ်စဉ်ကတည်းက စာရေးဝါသနာပါ၏။သို့သော် လက်ရေးကားမလှ။စာလုံးပေါင်းကားမမှန်။အကြံကားမရှိ။မောခန့်သည် (၂၀၂၄-၂၀၂၅)ပညာသင်နှစ်အဆောပိုင်းမှစ၍ ဓမ္မစာပေနှင့် သုတစာပေများကို စတင်ရေးသားလာ၏။
ဘုရားသခင်ကို စတင်ယုံကြည်ခြင်း
[ပြင်ဆင်ရန်]မောခန့်သည် ၁၃၈၆ခုနှစ်(၂၀၂၄ခရစ်သက္ကရာဇ်)မတိုင်မီ လောကကိုဖန်ဆင်းသောသူ မရှိဟု ယူဆမိခဲ့၏။ထိုနှစ်သင်္ကြန်မှ ဘုရားသခင်ကို စတင်ယုံကြည်လာလေ၏။သို့သော် ဗုဒ္ဓဘာသာကိုကား မှားသည်ဟု မမြင်။ဗုဒ္ဓမြတ်ဆိုဘုရားကိုလည်း ကြည်ညိုလေးစားလျက်ရှိ၏။
မောခန့် | |
---|---|
![]() မောခန့်၏ပုံပန်းချီကား | |
ဇာတိ အမည် | မောင်မြတ်ဘုန်းခန့် |
အသံထွက် | màɰ̃dəlé mɔːkæn |
မွေးဖွား | ၂၀၁၀၊၁၀၊၁၄ မန္တလေးမြို့၊မန္တလာဆေးရုံ |
နိုင်ငံလူမျိုး | ![]() |
အခြား အမည်များ | မောဂ၊မောဂန်၊တမ် |
မိဘများ |
|
ဆွေမျိုးသားချင်း | ဗိန္နောဆြာကြီးဦးထွန်းလင်း(ဘီ)lဦးလှိုင် (ဘေး)၊အရီးညွှန့်(ဘိုး၏အစ်မ)၊ဦးဆိုးလှိုင်(ဘိုး)၊ဒေါ်လှလှ(ဘွား)၊အရီးဆန်း(အရီး)၊ဒေါ်သိန်းသိန်းဆင့်(အဒေါ်)lကိုအောင်မိုး(ဦးလေး)၊ဒေါ်ဇာခြည်ဝင့်(အမိ)၊ဖြိုးမင်းသိန်း(အဖ)၊အောင်ဝေဖြိုး၊ကျော်ထွန်း၊အောင်ကျော်ထွန်း၊သန့်ဆင်ထွန်း(ဝမ်းခွဲအစ်ကိုများ)၊အေးမွန်(ဝမ်းခွဲအစ်မ)၊ဧရိကာ(ညီမ)၊သူရိမ်မိုး(တူ)၊ဘိုဘို(တူ) |
YouTube
[ပြင်ဆင်ရန်]မောခန့်သည် YouTube တွင်လည်း ညီငယ်ညီမငယ်များအတွက် အထောက်အကူဖြစ်စေရန် channelတစ်ခုထောင်ထား၏။၎င်းကိုအောက်၌ချပြပေးထားသည်။ [၄]မောခန့်၏Channel
မောခန့်၏ သင်္ချာပညာ
[ပြင်ဆင်ရန်]မောခန့်သည် သင်္ချာဥပဒေသအနည်းငယ်ကို ထုတ်ဖော်ခဲ့ဖူး၏။၎င်းတို့မှာ-
- မောခန့်ဥပဒေ
- မောဂန်ဥပဒေ
- မောခန္တဥပဒေ-တို့ဖြစ်၏။
မောခန့်ဥပဒေ
[ပြင်ဆင်ရန်]ကိန်းနှစ်လုံးကိုမြောက်ရာ၌ ယင်းကိန်းနှစ်လုံးတို့၏ နောက်ဆုံးဂဏန်းအချင်းချင်းတို့ကိုဖြစ်စေ၊ရှေ့ဆုံးဂဏန်းအချင်းချင်းတို့ကိုဖြစ်စေ၊ဖလှယ်ပြီးမှမြောက်လျှင် မူလမြောက်လာဒ်နှင့် ဖလှယ်ပြီးမြောက်၍ ရလာသောမြောက်လာဒ်တို့၏ ခြားနားချက်သည် ဖလှယ်လိုက်သောဂဏန်းတို့တန်ဖိုးခြားနားချက်နှင့် မဖလှယ်ဘဲထားခဲ့သောဂဏန်းတို့တန်ဖိုးခြားနားချက်တို့၏ မြောက်လာဒ်နှင့်ညီ၏။ x>y, u>vဖြစ်လျှင် (x+u)(y+v)-(x+v)(y+u)=(x-y)(u-v) ဥပမာ- ၁၆×၅တွင် နောက်ဂဏန်းများဖြစ်သည့် ၆နှင့်၅တို့ကို ဖလှယ်၍မြောက်လျှင် ယင်းမြောက်လာဒ်နှင့် မူလမြောက်လဒ်တို့အကြား ခြားနားချက်သည် မဖလှယ်ဘဲထားခဲ့သောဂဏန်း ၁နှင့်၀တို့(၁၏တန်ဖိုးသည်၁၀)တန်းဖိုးခြားနားချက်နှင့် ဖလှယ်သောဂဏန်း နှင့်၅တို့တန်ဖိုးခြားနားချက်တို့၏ မြောက်လာဒ်နှင့်ညီမျှ၏။အကြောင်းမူကား- ၁နှင့်၀အကြားရှိတန်ဖိုးခြားနားချက်=၁၀(၁၏တန်ဖိုး=၁၀) ၆နှင့်၅အကြားရှိတန်ဖိုးခြားနားချက်=၁ မြောက်လာဒ်=၁၀။ ၁၆×၅=၈၀ ၁၅×၆= ၉၀ ၉ဝနှင့်၈ဝအကြားခြားနားချက်=၁၀ ထို့ကြောင့်- (၁၅×၆)-(၁၆×၅)=(၁၀-၀)(၆-၅)
မောဂန်ဥပဒေ
[ပြင်ဆင်ရန်]ကိန်းနှစ်လုံးတို့ကို နုတ်ရာ၌ ယင်းတို့၏ ရှေ့ဆုံးဂဏန်းတို့ကိုဖြစ်စေ၊နောက်ဆုံးဂဏန်းတို့ကိုဖြစ်စေ ဖလှယ်၍နုတ်လျှင် မူလနုတ်လာဒ်နှင့် ဖလှယ်ပြီးနုတ်၍ရလာသောရလာဒ်တို့၏ ခြားနားချက်သည် ဖလှယ်သောဂဏန်းတို့တန်၏ဖိုးခြားချက်ကို နှစ်ဆပြုခြင်းနှင့် ညီ၏။ x>y, u>vဖြစ်လျှင် [(x+u)-(y+v)]-[(x+v)-(x+u)]=2(u-v) ဥပမာ- ၂၅-၁တွင် နောက်ဂဏန်းများဖြစ်သည့် ၁နှင့်၅တို့ကို ဖလှယ်၍မြောက်လျှင် ယင်းမြောက်လာဒ်နှင့် မူလမြောက်လဒ်တို့အကြား ခြားနားချက်သည် ဖလှယ်လိုက်သောဂဏန်းများဖြစ်သည့် ၁နှင့်၅အကြားတန်ဖိုးခြားနားချက်၏ နှစ်ဆနှင့်ညီ၏။အကြောင်းမူကား- ၁နှင့် ၅အကြားတန်ဖိုးခြားနားချက်=၄ ၄၏နှစ်ဆ= ၈ ၂၅-၁=၂၄ ၂၁-၅=၁၆ ယင်းတို့အကြားခြားနားချက်=၈ ထို့ကြောင့်- [(၂၀+၅)-(၀+၁)]-[(၂၀+၁)-(၀+၅)]=၂(၅-၁)
မောခန္တဥပဒေ
[ပြင်ဆင်ရန်]အပိုင်းကိန်းနှစ်ခုကို ပေါင်းရာ၌ ပိုင်းဝေကိုသာမပေါင်းဘဲ ပိုင်းခြေကိုပါထည့်ပေါင်းလျှင် ယင်းပေါင်းလာဒ်သည် မူလပေါင်းလာဒ်၏ တစ်ဝက်နှင့်ညီ၏။
မောခန့်၏စကားပုံနှင့် အပြောအဆိုများ
[ပြင်ဆင်ရန်]- အမှောင်ခန်းထဲနေပြီး တစ်လောကလုံးမှောင်တယ်ထင်
- ညမှာလင်းတာကိုအကြောင်းပြုပြီး နေ့မှာမှောင်တယ်လို့ပြော။
- ရဲသူလက်နတ်၊စကား။မိုက်သူလက်နတ်၊ဓား။
- နတ်ဆိုး၊ကိုးကွယ်၊အပါယ်လေးပါး၊ထိပ်တိုက်သွား။
- အကြောင်းမရှိ၊အမိလိုက်ဆဲ။
- မကောင်းမှုဖန်၊ ပြစ်ဒဏ်အသင့်ဓားအသင့်။
- ရွှေရှာရင်းစိန်တွေ့
- မကောင်းကြိုက်၊လေတိုက်တောင်လန့်။
- မကောင်းကြံ၊သတ်ခံရမည်ကိုဆိုး။
- မသိပါက၊မပြောရ။
- ကိုယ့်ပညာ၊သူ့ဟာလို့ပြော။
- ခွေးရူးရာထူးတင်၊ထင်ရာရှောက်လုပ်။
- အလင်းကိုမြင်ဖူးမှ အမှောင်ကိုသိမည်။အမှောင်ကို မြင်ဖူးမှ အလင်းကိုသိမည်။
- တွင်းထဲကြနေတဲ့မိမိက မိမိကိုပြန်ကယ်၍မရ။အထက်ကသူကယ်မှရ၏။
- အများထက်ထူး၊ကိုယ်အရူးဖြစ်။
- သမ္မာနှင့်ညှိ၊ကိုယ့်အသိ။
- အမှားသိရင်၊အမှန်ပြင်၊အောင်မြင်သူကြီးဖြစ်လိမ့်မည်။
- အမှန်ဟူသည်မပြောင်း။အကောင်းဟူသည်မပုပ်။
- လူဟူသည် ကြိုက်သည်ကိုလည်းမပြော။ပြောသည်ကိုလည်းမကြိုက်။
- မတတ်သူ၊တတ်သူကိုညစ်တယ်ပြော။
- အကြင်သူအမုန်းပွား၊ထိုသူအရှုံးများ။
- အကြင်သူအရှုံးများ။ထိုသူအမုန်းပွား။
- အဘပြစ်မှု၊သားလိုက်ပြု။
- အဘအမွေ၊သားရစေ။
- ခဲတစ်လုံး၊ငုံးနှစ်ကောင်။
- မူးယစ်ကိုလည်းမလိုက်နှင့်။မကောင်းမှုကိုလည်းမကြိုက်နှင့်။
- လိုလျှင်တောင်းတ၊ချက်ချင်းရ။
- မောင်းသံကိုဆောင်းသံထင်။
- ဘုရားပေါ်၊ဘော်လီနှင့်တက်။
- အရူးအနှမ်း၊ဘုရားဆွမ်းမကပ်သင့်။
- မသိလို့မေး၊ဖြေပေး။
- မသိလျှင်မေး၊သိလျှင်ပေး။
- အဘနာသားမှသက်သာ။
- အဘသက်သာ၊သားတို့နာ။
- အဘခံစေ၊သားဆန်စေ။
- ရဲသူမှန်၊လှံမလို။
မောခန့်၏ဘိုးစဉ်ဘောင်ဆက်(အမိဘက်မှ)
[ပြင်ဆင်ရန်]မောခန့်၏ ဘိုးစဉ်ဘောင်ဆက်စာရင်းဟူမူကား ဘုရားသခင်မှ စ၏။ဘုရားသခင်၏သားကား အာဒံ။အာဒံသည် အသက်တစ်ရာသုံးဆယ်ရှိသော်၊သားရှေသကိုမြင်လေ၏။ရှေသသည် အသက်တစ်ရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကို မြင်လေ၏။ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။ မဟာလေလသည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။ယာရက်သည် အသက်တစ်ရာခြောက်ဆယ်နှစ်နှစ်ရှိသော် သားဧနောက်ကို မြင်လေ၏။ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။မသုရှလသည် အသက်တစ်ရာရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကို မြင်လေ၏။ လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားနောဧကိုမြင်လေ၏။နောဧ၏သားကား၊ ရှေမ။ရှေမ၏သားကား ဧလံ။ဧလံ၏သမီးကား ရှုရှန်။ရှုရှန်၏သမီးကား ရာရွှေယ။ရှောဒျန်မင်းကြီးသည် ရာရွှေယ၏ မျိုးဆက်သစ်ဖြစ်၏။(ရှောဒျန်မင်းကြီးနှင့် ရာရွှေယအကြားရှိ မျိုးနွယ်တို့ကို စာရင်းပြုစုထားသည်ကိုကား မတွေ့ရ။)ရှောဒျန်မင်းကြီး၏သားကား ဧကရာဇ်ကြီးယန်။ဧကရာဇ်မင်းကြီးယန်၏ သားသမီးတို့ကား ကီယန်းလူမျိုးတို့ ဖြစ်ကြ၏။(ဧကရာဇ်မင်းကြီးယန်၏ သားသမီး၏အမည်များကို ဖော်ပြထားခြင်းမရှိ။)ကီယန်းလူမျိုးတို့မှ တိဗက်လူမျိုးများဖြစ်ပေါ်လာ၏။တိဗက်လူမျိုးတို့မှ ဗမာလူမျိုးများဖြစ်ပေါ်လာ၏။နှစ်ပေါင်းများစွာကြာသော် ဦးထွန်းလင်းအမည်ရှိသော ဗမာဘိန္ဒောဆြာကြီး ပေါ်ပေါက်လာ၏။ဦးထွန်းလင်း၏သားကား ဦးလှိုင်။ဦးလှိုင်၏သမီးကား ဒေါ်လှလှ။ဒေါ်လှလှ၏သမီးကား ဒေါ်ဇာခြည်ဝင့်။ဒေါ်ဇာခြည်ဝင့်၏သားကား မောခန့်ဖြစ်၏။
မောခန့်၏ဓာတ်ပုံများ
[ပြင်ဆင်ရန်]မောခန့်သည် ငယ်စဉ်ကတည်းက ဓာတ်ပုံရိုက်ကူး ခြင်းကို ဝါသနာပါ၏။[၅] မောခန့်ရိုက်ကူးထားသောဓာတ်ပုံများကိုရှု