မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:Mgmgmyintmaw

ဝီကီပီးဒီးယား မှ

သီးစုံ ပဲကုလားဟင်း


၁-ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစ်ိမ်းမှုန့်ဆီသတ်ပါ။ ( ပျော့လာရင် )


၂-ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာ ထည့်၍

အနံ့မွှေးပီး ရွလာသည်အထိဆီသတ်ပီးရင်


၃-အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီထည့်ပါ။


၎- ပဲပြုတ်စေ့နဲ့ ပဲပြုတ်ရည်ထည့်

ရေနွေးထည့်ပီး မိနစ် ၂၀ ခန့် အဖုံးအုပ်ထားပါ။


၅- ခရမ်းသီး,ပန်းဂေါ်ဖီထည့်ပါ။(ရေလိုရင်ရေနွေးထည့်ပေးပါ)

( ၁၀ မိနစ်နစ်ကြာရင် )


၆- ရုံးပတီသီး, ငရုတ်သီးစိမ်းခွဲခြမ်းထည့်မွှေပီး အရသာမြည်းပါ။


၇- မကျည်းရည်,ဆား,ဟင်းခပ်မှုန့်ထည့်ပီး

၅ မိနစ်ခန့်ကြာရင်တော့ အိုးချလို့ရပါပီ။


👉 ဟင်းရည် အပျစ်အကျဲ,အသီးအနှံ နူးတဲ့အနေအထားနဲ့

အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။


_____________________________________________


ပဲကတော့ ညတည်းကရေစိမ်ထားပီး

မနက်ကျမှ ဆားလဖက်စားဇွန်း ၁ ဇွန်းထည့်ပြုတ်ရင်

ခဏလေးနဲ့နူးပါတယ်။


အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီ

ခရမ်းသီး,ပန်းဂေါ်ဖီ

ရုံးပတီသီး

အသီးအနှံ ၉ မျိုးကထွက်တဲ့အချိုဓါတ်တွေနဲ့

ဟင်းခပ်မှုန့်တောင် သိပ်မလိုပါဘူး။

ဒါကြောင့် နောက်ဆုံး အရသာမြည်းပီးမှ

အရသာလိုတာလေး ဖြည့်စွက်ထည့်ပေးပါ။


မကျည်းရည်လည်း နောက်ဆုံးမှပဲထည့်ပါ။

ခပ်စောစောထည့်လိုက်ရင် အသီးအနှံတွေ

တော်တော်နဲ့မနူးတော့လို့ပါ။


Credit

စား​ကောင်း​စေချင်​တယ်

သီးစုံ ပဲကုလားဟင်း