မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:Mg La Pyae

ဝီကီပီးဒီးယား မှ

ဘိုးဘွား အဆက်ဆက် တည်ရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ကွင်းလျားကျေးရွာ အိုးလုပ်ငန်း ^^^^^^^^^^^^^^^^^ ရေကြည်မြို့နယ် ကွင်းလျားကျေးရွာတွင် ရပ်ကွက် ၉ ရပ်ကွက် ဖြင့်ဖွဲ့စည်းထားပြီး ထိုရပ်ကွက်များထဲမှ ဆားတော်ရပ်ကွက်၊ငါးရာကျော်ရပ်ကွက်၊ကွင်းပေါက်ရပ်ကွက် နှင့် ဘုရားကိုးဆူ ရပ်ကွက်စသည့် ရပ်ကွက် လေးခုတို့သည် ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးရပ်တည် နေကြကာအိုးလုပ်ငန်း ဆင့်ဆင့်တိုင်းအား ရပ်ကွက်ရှိလူတိုင်း နီးပါး သိရှိလုပ်ကိုင်ကြ​ပါသည်။ အိုးလုပ်ငန်းသုံးမြေသား အချွဲ၊ မြေသားအကြမ်းနှစ်မျိုးသာလိုကြောင်း မြေအမျိုးအစားကိုလည်း ရွာ၏ အနောက်ဘက် မြေတူးချိုင့်များတွင် သွားရောက် မြေတူး ယူခြင်း၊ ထော်လာဂျီ(ဂွန်ဒေါင်း)တစ်စီးကျပ်နှစ်သောင်း ဖြင့်ဝယ်ယူခြင်းတို့ဖြင့် အိုးလုပ်ရန်မြေသား စုဆောင်း ထားကြ​ရပါသည်။

ကွင်းလျားကျေးရွာသူ/သားတိုင်း အိုးလုပ်ရန် အိုးပြင်လှည့်စက်ကိုလှည့်တတ်ကြပြီး အိုးအမျိုးမျိုး အား ပုံဖော်သူ(အိုးထွင်းသူ) အိုးပညာရှင်မှာ အမျိုးသမီးများသာ အိုးပုံဖော်သူရှိနေပြီး အမျိုးသား များက မြေနယ်ခြင်း၊ အိုးပြင်စက်လှည့်ခြင်း၊ မြေသယ်ခြင်း၊ လုပ်ငန်းများကို လုပ်ကိုင်ကြ​ရပါသည်။ အိုးလုပ်ငန်း စတင်လုပ်ကိုင်သည့် နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလ များသည် အိုးလုပ်ငန်း လှိုင်လှိုင်လုပ်ကိုင်သည့်လများဖြစ်ပြီး ရေကြည်မြို့နယ် ကွင်းလျားကျေးရွာထွက် သောက်ရေအိုးနှင့် အတာအိုးတို့မှာ နာမည်ရ အိုးလုပ်ငန်း၏ အမှတ်အသားပင်ဖြစ်​၍ ပတ်ဝန်းကျင် ဒေသများမှ လာရောက်ဝယ်ယူကြရာ ငါးသိုင်းချောင်းမြို့ ၊ ကွင်းချောင်း ၊ဖန်းခါးပင်၊ ရေစမ်း တောင်စမ်း မြောက်စမ်း ကွင်းကြီး ဒွါရစု ကညင်ငူ ငပိဆိပ် ဘုရားကုန်း စသည့် ရွာများသည် ကွင်းလျားကျေးရွာမှ ထွက်ရှိသည့် အိုးတို့ကိုသာ အသုံးများကြပါသည်။ ဒါအပြင် ရရှိလာသော အိုးများကို ပုသိမ် ၊လပ္ပတ္တာ ၊ငပုတော၊ မြောင်းမြ၊ ဘိုကလေး ၊ဖျာပုံ ၊ကျုံပျော် ၊ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ အထောင် ၊သောင်ကြီး ၊အင်းရဲကြီး၊ သာပေါင်း၊ ကန်ကြီးထောင့် ၊ကျိုက်လတ် စသည့် မြို့ရွာများရှိ အိုးအရောင်းဆိုင်များသို့လဲ ရောင်းချကြရပါသည်။

ကွင်းလျားကျေးရွာတွင် အိုးဖုတ်ကုန်းအများအပြားရှိကြ၍ တချို့ရပ်ကွက်တွင် စုပေါင်းအိုးဖုတ် (အိုးဖို) ကုန်းနေရာရှိပြီးမဲနှိုက်ကာ မဲကျသည့် အိုးဖုတ် (အိုးဖို) ကုန်းတွင်သာ အိုးဖိုကြကြောင်း၊ အိုးတခါဖုတ်လျှင် အိုးလုပ်ငန်းလုပ်ကိုင်သူ သုံးဦးထိ အိုးဖိုးကြကာ သူသာသည်၊ကိုယ်သာသည် သဘောမထားပဲအိုး ဖုတ်ကြကြောင်း ကွင်းလျား ကျေးရွာထွက် အိုးအမျိုးမျိုးသည် ပါးလွှာပြီးခိုင်ခန့်သည့်အတွက် လူကြိုက်များကြသည်။ ကွင်းလျားးကျေးရွာမှ သဲ အိုး ရေအိုး ထမင်းအိုး ဟင်းအိုး အတာအိုး အရိုးကောက်အိုး သောက်ရေအိုး၊ ကောက်ညှင်းပေါင်းအိုး၊ ရိုးရာအရက်ချက်ပေါင်းအိုး၊ မြေပန်းအိုး၊ မြေသား စုဘူး၊ မြေသားဘုရားပန်းအိုး၊ မြေသားမီးဖို၊ ဆားထည့်အိုးငယ်၊ အိုးပုတ်ချိုးရုပ်များ လုပ်ကိုင်ကြ ကြောင်း ဖော်ပြလိုပါသည်။

  1. ကွင်းလျားကျေးရွာ
  2. ရေကြည်မြို့နယ်
  3. ဧရာဝတီတိုင်း