အသုံးပြုသူ:Lin Myanmar
အနန္တရိယကံ သည် ငါးပါး ရှိသည်။ ပဉ္စာနန္တရိယကံ ဟုလည်း ခေါ်ကြသည်။ ကြီးလေးသောကံတရားဖြစ်ပြီး ကျူးလွန်မိသောသူအား ကြီးလေးသော အပြစ်အန္တရာယ်များ ကျရောက်စေသည်။[၁][၂] အနန္တရိယဟု ခေါ်ဆိုခြင်းမှာ 'အ' (မရှိ)၊ 'နန္တရ' (ကြားကာလ) ဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ကျူးလွန်သူသည် ကြားကာလမရှိဘဲ နောက်ဘဝ၌ ချက်ချင်း ထိုကံ၏ ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကျူးလွန်သူသည် အဝီစိငရဲပြည်သို့ သေချာပေါက်ရောက်မည် ဖြစ်သည်။[၃] ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ ကြီးလေးသည့် အန္တရိယကံကို ကျူးလွန်သူအား ထိုဘဝ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာ စသည့်အရိယာများ ဖြစ်ခွင့်မရှိအောင်ပင် ပိတ်ပင်တားဆီးသည်။[၄] အန္တရိယကံ ငါးမျိုးတို့မှာ အောက်ပါတို ဖြစ်သည် - [၅][၆][၇] * (၁) မာတုဃာတက - အမိရင်းကိုသတ်သူ၊ * (၂) ပိတုဃာတက - အဖရင်းကိုသတ်သူ၊ * (၃)အရဟန္တဃာတက - ရဟန္တာကိုသတ်သူ၊ * (၄) လောဟိတုပ္ပါဒက - ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊ * (၅) သံဃဘေဒက - သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ၊ ဤအန္တရိယကံကို ကျူးလွန်သူငါးဦးတို့သည် ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့က အဝီစိငရဲ စသည်သို့မုချသွားရောက် ခံစားရမည် ဖြစ်သည်။