အသုံးပြုသူ:Kyaw Zinn Thant/sandbox
ကျွန်တော်လား
ကျွန်တော့နာမည်က ကျော်ဇင်သန့် (ခ) Joe ပါ
၁၉၉၇ခုနစ် စစ်ကိုင်းတိုင်းရဲ့ နယ်မြို့လေးတခုမှာ
ဖွားမြင်ခဲ့ပါတယ်။ ဖခင်က သာမာန်အစိုးရဝန်ထမ်းလေးမို့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ရပါတယ်။
၂၀၀၈ခုနစ်မှာ ဖခင်၏ ရာထူးတိုးမှုအပေါ် မန္တလေး မြို့သို့ ပြောင်းရွေ့ခဲ့ရပါတယ်။
၂၀၀၈မှာ သိတဲ့အတိုင်း နာဂစ်ကလည်းဖြစ် ဧရာဝတီတိုင်းမှာလည်း လူတော်တော်များများသေဆုံးပြီး အာဏာရှင်ရဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေ စတင်ထုတ်ခဲ့တဲ့ နှစ်ပေါ့...
ဒီလိုနဲ့ ဘာမှန်းမသိတဲ့ အစိုးရပညာရေးအပြီး
ဖခင်ရဲ့ အစိုးရဝန်ထမ်းဘဝထဲ ကျွန်တော်ပါ အစိုးရဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
တကယ်တော့ဗျာ ဝန်ထမ်းသားက ဝန်ထမ်းဖြစ်တာ မဆန်းပါဘူး
သူတို့ဥပဒေမှာက ၃မျိုးပဲရှိတယ် ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ဦးစားပေးခန့်အပ်
၁.ကွယ်လွန်သူဝန်ထမ်း၏ သားသမီး
၂.ပင်စင်ယူသွားသောဝန်ထမ်း၏ သားသမီး
၃.လက်ရှိတာဝန်ထမ်းဆောင်စဲ ဝန်ထမ်း၏ သားသမီး
ဒါနဲ့ပဲ ဝန်ထမ်းဖြစ်ခဲ့တာ အခြေခံလစာ ၁၂၀၀၀၀လေးနဲ့ပေါ့ နောက် ၆လနေတော့
၁၄၄၀၀၀ဆိုတဲ့ရာထူးတခုတိုး စစ်ကိုင်းတိုင်းတခုရဲ့ ရွာလေးတရွာမှာ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
၂၀၁၉ခုနစ် ဝူဟန်ဗိုင်းရပ် (Corona Virus (or) Covid 19)ကြောင့် တာဝန်တွေ ခေတ္တခဏပေါ့သွားချိန်
၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်၏ကာကွယ်ရေးဝန်ကြီးချုပ် မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် ၈.၂.၂၀၂၁မှာ
Civil Disobedience Movement ခေါ် CDM လူထုအခြေပြု အမိန့်မနာခံ လှုပ်ရှားမှုမှာ ကိုယ်တိုင် မိမိဆန္ဒသဘောဖြင့် ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ထို့နောက် အာဏာရှင်၏ စေခိုင်းမှုဖြင့် CDMဝန်ထမ်းများကို ဖမ်းဆီး အကျဥ်းချ၊ခံဝန်လက်မှတ်ပြန်ထိုး အတင်းအကြပ် အလုပ်ခိုင်းစေမှုများရှိခဲ့တာကြောင့် ရွာလေးတစ်ရွာမှာ မိသားစုလိုက် ခဏ သွားရောက်ပုန်းခိုခဲ့ရပါသေးတယ်။
ဒီကြားထဲ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာ တွေ၊ညသပိတ်တွေမှာ ဦးဆောင်ခဲ့တာတွေ၊ ရပ်ကွက်လုံခြုံရေးကင်းစောင့်ခဲ့တာတွေ အကျယ်မချဲ့တော့ပါဘူး။
၂၅.၅.၂၀၂၁ လူငယ်တချို့၏ ဖော်ချက်ဖြင့် CDMတွင် ပါဝင်လှုပ်ရှားသူ အဖြစ် မန္တလေးတိုင်း မြို့နယ်တခုတွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူ ခံခဲ့ရပါတယ်။
အိမ်ကိုလာရောက်ဖမ်းဆီးစဥ်မှာ ရဲနှင့်အရပ်ဖက် ပူးပေါင်းအဖွဲ့များက ရုပ်ရှင်ဆန်ဆန် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အိမ်ထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ဝင်ရှာဖွေတာ ခံခဲ့ရပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစပါ။
ထို့နောက် ဖမ်းဆီခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းရာတွင် ဝန်မခံမချင်း ဒဏ်ရာမပေါ်အောင် ညဥ်းဆဲနှိပ်ဆက်မှုဟာ ဘဝမှာ ဒုတိယငရဲရောက်သွားသလို့ ထင်မှတ်မိပါတယ်
ထို့နောက်သူတို့ဝတ္တရားအတိုင်း အမှုဖွင့်ပြီး မန္တလေး အိုးဘိုထောင်သို့ နိုင်ငံရေးအကျဥ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင်တာ ခံခဲ့ရပါတယ်