မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:Komyintoo09

ဝီကီပီးဒီးယား မှ

***ဉာဏ်ရည်ဉာဏ်သွေး (၉)မျိုး***

၃၁ ဘုံလောကမှာ ရှိရှိသမျှသော သတ္တဝါ ဟူသမျှမှာ

ခန္ဓာနဲ့အသက်ဝိဉာဥ် ရှိရင် ကြုံရာ ကျရာဘဝမှာ ရှင်သန်ရပ်တည်ဖို့အတွက်

ဉာဏ်ရည်ဉာဏ်သွေးတွေ ပါရှိလာပါတယ်။ ဒါပေမယ့် တစ်ဦးချင်း၊ တစ်ယောက်ချင်း

သတ္တဝါတစ်ကောင်ချင်းတော့ ဉာဏ်ရည်ချင်း မတူညီကြပါဘူး။

ကံ၊ကံ၏အကျိုးအလိုက် ဖြစ်တည်လာရတဲ့ ဘုံဘဝတွေ မတူညီကြသလို

ဘုံဘဝတူသော်လည်း ပါရမီအလျောက် ဉာဏ်ရည်တွေက မတူညီကြပြန်ဘူး။

လူဘုံ လူလောကထဲမှာတော့ လူသားတွေမှာ ရှိတဲ့ ဉာဏ်ရည်ကို (၉)မျိူး (၉)စား ခွဲခြားတွေ့ရပါတယ်။

အဲဒီ ဉာဏ်ရည် (၉) မျိုးထဲမှာ မှ လူတစ်ယောက်ချင်းဆီမှာ တည်ရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေး

အမျိုးအစား နဲ့ အရေအတွက်တို့ မတူကြပြန်ဘူး။

တချို့ ဉာဏ် ၂ မျိုး ပိုင်ဆိုင်တယ်။ တချို့ ဉာဏ် ၃ မျိုး ၄ မျိုး ၅ မျိူး အစရှိသည် ပိုင်ဆိုင်ကြတယ်။

လူသားတွေမှာ ရှိတတ်တဲ့ ဉာဏ်ရည်ထဲက ကိုယ်ဟာ ဘယ်လိုဉာဏ်ရည်မျိုး ရှိနေတယ် ဆိုတာ

မိမိကိုယ်မိမိ စမ်းစစ်ကြည့်တတ်ဖို့ လိုပါတယ်။

ဒါမှသာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းရာမှာ၊ ဘဝရပ်တည်ရာမှာ

ပိုမို လွယ်ကူ အဆင်ပြေပြီး သူတကာထက် သာလွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ကဲ....ဉာဏ်ရည်လေးတွေ စမ်းစစ်ကြည့်ရအောင်ဗျာ။

#နံပတ်(၁)-သဘာဝတရားကြီးကိုသိတဲ့ဉာဏ်(Naturalistic Intelligence)

#နံပတ်(၂)-ယုတ္တိနဲ့သင်္ချာဉာဏ်( Logical & Mathematical Intelligence)

#နံပတ်(၃)-ဂီတဉာဏ်( Musical Intelligence)

#နံပတ်(၄)-ဘဝဉာဏ်( Existential Intelligence)

#နံပတ်(၅)- ပုဂ္ဂလဉာဏ်( Interpersonal Intelligence)

#နံပတ်(၆)- ခန္ဓဉာဏ်( Bodily Kinesthetic Intelligence)

#နံပတ်(၇)- ဘာသာဗေဒဉာဏ်( Linguistic Intelligence)

#နံပတ်(၈)- စိတ်ကူးဉာဏ်( Spatial Intelligence)

#နံပတ်(၉)- အဇ္ဈတ္တဉာဏ် (Intra Personal Intelligence)

ဉာဏ်ရည်ဉာဏ်သွေး ၉ မျိုးအနက် မိမိကိုယ်ကို မိမိသိတဲ့

အဇ္ဈတ္တဉာဏ် (Intra Personal Intelligence) ကသာလျှင်

အကောင်းဆုံး၊ အထက်မြက်ဆုံး၊ တန်ဘိုးအရှိဆုံး ဉာဏ်လို့ ဆိုပါတယ်။

ဉာဏ်ရည် နံပတ်စဥ် တစ်ခုချင်း ဆက်လက်ရှင်းလင်းတင်ပြပေးပါမည်။

ဉာဏ်ရည်ဉာဏ်သွေးကောင်းများ ဖော်ထုတ်ပိုင်ဆိုင်နိုင်ကြပါစေ။     

“မှတ်စုမှတ်တမ်း ဆင့်ကမ်းမျှဝေသူ”

Komyintoo.

komyintoo@mail2max.com

Dt. 05thJuly, 2024 (Fri)

Source/Reference: MD share (006/ Dt.11.10.2023)