အသုံးပြုသူ:Hein Nyi Nyi786
ကျေးမြီးပြာ (Blue-rumped parrot)
Psittinus cyanurus
အရွယ်အစား ၁၈ စင်တီမီတာသာရှိသဖြင့် သေးငယ်သော ကြက်တူရွေးမျိုးစိတ်ဖြစ်၍ အစိမ်းရောင်ရှိသည်။ အတောင်အောက်ဘက်တွင် တောက်ပသော အနီရောင်ရှိသည်။ ပုခုံး အနီရောင်ကွက်ရှိသည်။ တောင်ပံအနားသတ်များသည် အဝါရောင်ဖြစ်သည်။ အမများသည် မီးခိုးညိုရောင် ဦးခေါင်းရှိသည်။ အထီးများသည် တောင်ပံမှ အမြီးအထိ အနက်ရောင်ဖြစ်ပြီး နှုတ်သီးအပေါ်ဘက် အနီရောင် ဦးခေါင်း နှင့် တင်ပါး အပြာရောင် ရှိသည်။
ယင်းတို့ကို မြန်မာနိုင်ငံတောင်ဘက်စွန်းပိုင်း၊ ယိုးဒယားကျွန်းဆွယ်၊ မလေးရှား၊ ဘော်နီယို၊ ဆူမတြား နှင့် ၄င်းအနီးတဝိုက်ရှိ ကျွန်းသယ်များတွင် တွေ့ရသည်။
ယင်းသည် Psittinus မျိုးစုဧ။် တစ်ခုတည်းသော မျိုးစိတ်ဖြစ်သော်လည်း Birdlife international မှနေ၍ Simeulue parrot ကို သူမျိုးစိတ်ခွဲ တစ်ခု ( Abbottii) အဖြစ်အသိအမှတ်ပြုခဲ့သည်။
မျိုးစိတ်ခွဲ ၂ ခု တို့မှာ..
၁။ P.c.cyanurus ... မြန်မာ၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်္ကာပူ ဘော်နီယိုကျွန်း ဆုမတြားကျွန်းတို့တွင် တွေ့ရသည်။
၂။ P.c.pontius....မန်တာဝီကျွန်း တောင်စူးစူးမှ စီဘီရုအထိ တွေ့ရသည်။
သူတို့ကို မီတာ ၇၀၀ အောက်နိမ့်သော အနိမ့်ပိုင်းတောအုပ်များ၊ သစ်သီးခြံများ၊ ဥယျာဉ်စိုက်ခင်းများ၊ လမုတောများ၊ ထနောင်းတောများ၊ အုန်းစိုက်ခင်းများ တွင်တွေ့ရသည်။ တစ်အုပ်လျှင် အကောင် ၂၀ ခန့် ပျမ်းမျှရှိကြသည်။ သူတို့သည် သစ်သီး သစ်စေ့များ ပန်းပွင့်များ စသည်တို့ကို စားသုံးကြသည်။ ကျေးမြီးပြာက မျိုးတုန်းစာရင်းထဲ၀င်သွားပါပြီ
ကိုးကား
#wikipedia
#expressiveWildLife
#ကျေးမြီးပြာ_Blue_rumped_parrot
#AboutWildLifePage